(Ch-4) /U+Z/

"ရှောင်ဟွား... ရှောင်ဟွား..."

စာကြည့်တိုက်ထဲကအထွက် မထင်မှတ်ဘဲ ရှောင်နေတဲ့လူနဲ့မှ တည့်တည့်တိုးခဲ့ရသည်..။ ဒီတော့ဘာဖြစ်သေးလဲ.. ကျွန်တော်ပေါ်တင်ဘဲမမြင်ချင်ယောင်ဆောင်ပစ်လိုက်ပြီး ကန်တင်းဘက်ကို ထွက်ခဲ့လိုက်သည်။ လိုက်မလာတော့ဘူး..လို့ ထင်ထားခဲ့ပေမယ့် အခုထိအနောက်ကလိုက်လာပြီးနာမည်အော်ခေါ်နေတဲ့ ဟေးရန်..။ ဆက်ပြီးသာ မသိချင်​ယောင်ဆောင်နေရင် ဒီတက္ကသိုလ်ကြီးတစ်ခုလုံး ကျွန်တော့်နာမည်ကိုအလွတ်ရသွားနိုင်သည်..

"ဘာလဲ!"

လမ်းလျှောက်နေတာကို ရုတ်တရက်ရပ်ပစ်လိုက်ပြီး ဟေးရန်နဲ့မျက်နှာချင်းဆိုင်ရပ်ကာ သိပ်မကျယ်တဲ့ခပ်မာမာအသံနဲ့ ကျွန်တော်ပြန်ဖြေမိသည်။

"ရှောင်ဟွား..ငါ.."

စကားပြောရမှာ မဝံ့မရဲဖြစ်နေတဲ့သူ့ပုံစံကြောင့် ကျွန်တော်နည်းနည်းတင်းမာနေတဲ့ပုံပေါက်နေတာကို သတိထားလိုက်မိသည်။ ကျွန်တော်စိတ်ကိုပြန်ထိန်းလိုက်ရင်း...

"ငါ.. ဘာဖြစ်လဲ "

"ကျစ်.. မင်းငါ့ကို စိတ်ဆိုးနေတာလား?"

မေးသာမေးရတာ.. အခုသူတကယ်ထုတ်ပြောလိုက်တော့လည်း ကျွန်တော့်မှာဖြေစရာကမရှိပြန်...

"..."

ကျွန်တော်တိတ်ဆိတ်နေတာ ဟုတ်တယ်လို့ဝန်ခံနေတဲ့သဘောလို့ထင်ရင် မှားသွားမယ်..။တကယ်က ကျွန်တော်ပြန်မဖြေချင်လို့..။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်းမညာချင်ဘူး..။ မညာဘဲလည်း သူ့ကိုပြောမပြချင်ဘူး..။ ပြောပြခွင့်မရှိဘူးလို့ သုံးရင်ပိုမှန်မလား..။ အခုချိန်မှာ ကျွန်တော်သူနဲ့မျက်လုံးချင်းမဆုံမိအောင် ကြိုးစားနေရုံအပြင် တခြားတတ်နိုင်တာမရှိ..

"ရှောင်ဟွား.. ငါမေးတာဖြေလေ..။ အေး.. မင်းငါ့ကို စိတ်ဆိုးနေတယ်ဆိုရင် ငါဘာလုပ်မိလို့လဲဆိုတာကိုဖြေ..။ ဒီလိုတိုင်းဆက်နေနေမယ်ဆိုရင် ငါသည်းမခံနိုင်တော့ဘူးနော်..။"

ဘာလုပ်မိလို့လဲ...ဆိုတော့ ကျွန်​တော်ဘယ်လိုအဖြေကို ​ဖြေသင့်လဲ..။ တကယ်တမ်းပြောရရင် အဲ့ဒီ့နေ့က ကျွန်တော်စိတ်လွတ်သွားခဲ့တာ.. ကျွန်တော့်အပြုအမူတွေကို မဖော်ပြခဲ့သင့်မှန်း စိတ်တိုတိုနဲ့အိမ်ထိပြန်လာပြီးကာမှ တွေးမိသည်လေ..

နောက်ပြီးတော့.. သရဲဘောကြောင်စွာနဲ့ပဲ ကျွန်တော့်အပြုအမူအတွက် ဟေးရန်မေးလာမယ့် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကနေ ကျွန်တော်ရှောင်နိုင်သမျှရှောင်နေခဲ့တာ.. ဒီနေ့ထိပဲ..။ အခုတော့ကျွန်တော်တကယ်ကို အကြပ်ရိုက်နေပြီ..။ ကျွန်တော်ကိုယ်တိုင်တောင် မသေချာဘူးဘာလို့စိတ်ဆိုးလိုက်လဲဆိုတာ..။

"ငါ... ဘာမှမဖြစ်ဘူး ဟေးရန်.. ။ မင်းဘာတွေလာမေးနေတာလဲ.."

နောက်ဆုံးတော့ ကျွန်တော်ဟန်ဆောင်လိမ်ညာဖို့ကိုပဲ ရွေးချယ်ရတော့သည်။ ဘာမှမဖြစ်သလိုပုံစံနဲ့ပေါ့..။ ဒီလိုဟန်ဆောင်တယ်ဆိုတာက ကျွန်တော်နဲ့ငယ်ငယ်တည်းက အကျွမ်းတဝင်ရှိပြီးသားလေ..

"ရှောင်ဟွား...ငါဘာပြောနေလဲဆိုတာ မင်းသိပါတယ်..။ ဟန်ဆောင်မနေပါနဲ့... မင်းအဲ့လောက်မတော်ဘူး! "

ဟေးရန်စိတ်ဆိုးနေပြီဆိုတာ ကျွန်တော်သိသည်။ ဒါပေမယ့် ဒီဟန်ဆောင်မှုကသူ့ကိုမလိမ်ညာနိုင်ဘူးဆိုရင်တောင် ကျွန်တော့်မှာရပ်ဖို့စိတ်ကူးမရှိဘူး..။ ရပ်လို့လည်းမရဘူးလေ..။

"ဟေးရန်... ငါတကယ်ပြောနေတာ.. ငါဘာမှမဖြစ်ဘူး..။ အခုရက်ပိုင်းငါစာတွေလုပ်နေရတာနဲ့ ဘယ်သူနဲ့မှမတွေ့ဖြစ်ဘူး..။ အဲ့ဒါကြောင့် မင်းကိုရှောင်နေသလိုဖြစ်သွားတယ်ထင်တယ်..။ ငါ.."

ကျွန်တော်စကားဆုံးသည်အထိ ပြောခွင့်မရလိုက်..

"တော်တော့! ရှောင်ဟွား.. ။ မင်းဆက်ညာစရာမလိုတော့ဘူး။ မင်းဘာလို့ငါ့ကိုစိတ်ဆိုးရတာလဲ.. မင်းအဲ့လိုငါ့ကိုရှောင်နေတာ ငါအဆင်ပြေတယ်ထင်နေလား... အခုလည်း ငါ မင်းကိုတောင်းပန်ဖို့ လာရှာတာ.. မင်းကတော့ ငါ့ကိုမမြင်ချင်ယောင်ဆောင်တယ်..။ ငါပြောမယ်.. မင်းမှာငါ့ကိုအဲ့လိုစိတ်ဆိုးပိုင်ခွင့်ရှိလို့လား... ငါဘာများလုပ်မိလို့လဲ...ပြီးတော့"

ဟေးရန်စကားမဆုံးခင် ကျွန်တော်အတင်းဖြတ်ပြောလိုက်မိသည်။ ဆက်နားထောင်ဖို့အင်အားမရှိတော့သလို ကျွန်တော်ဒီနေရာမှာလည်းရပ်မနေချင်တော့ဘူး..

"မရှိပါဘူး..ငါ့မှာ မင်းကိုဒီလိုလုပ်ခွင့်မရှိဘူး..။ ဒါကြောင့်ပဲ ငါဘာမှမဖြစ်ဘူးလို့ပြောတာ..။ နောက်နေ့ကစပြီး ငါမင်းကိုမရှောင်တော့ပါဘူး.. ရပြီမလား..? ငါသွားတော့မယ်..ဟေးရန်။ ချိန်းထားတာလေးရှိလို့.."

ဟေးရန်စိတ်ဆိုးမယ်ဆိုတာသိပေမယ့် ဒီလောက်ထိပြောလိမ့်မယ်လို့ ကြိုမတွက်ထားမိဘူး..။ တကယ်ကြုံရတဲ့အခါမှာ စကားလုံးတွေက ကျွန်တော်တွေးထင်ထားတာထက် ပိုနာကျင်ရသည်။ ဒါပေမယ့် ကျွန်တော်မျက်နှာတစ်ချက်ပျက်မပြခဲ့ဘူး.. ခပ်ပါးပါးသာ ပြုံးပြပြီးနှုတ်ဆက်ထွက်ခဲ့လိုက်သည်..။ သူကတော့အဲ့နေရာမှာပဲ ရပ်ကျန်နေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ်
သူမမှားပါဘူး.. ဒါကျွန်တော်ခံရမယ့် အပြစ်ဒဏ်ပဲ..။

ကျွန်တော့်မိဘတွေကချမ်းသာတယ်.. နိုင်ငံခြားမှာ ကုမ္ပဏီခွဲပေါင်းများစွာပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ..။ နှစ်ယောက်လုံးကလူလတ်ပိုင်းအရွယ်ထဲက စီးပွားရေးလုပ်ဖို့စိတ်အားသန်ခဲ့ကြတာ.. သူတို့အိပ်မက်တွေကိုတကယ်ဖြစ်လာအောင် အကောင်ထည်ဖော်နိုင်ခဲ့ကြတယ်..။ ပြီးတော့ သူတို့အချင်းချင်း ရင်းနှီးမြုပ်နှံမှုတစ်ခုကနေစရင်းနှီးမိကြပြီး လက်ထပ်ဖို့ထိ ဖြစ်သွားခဲ့ကြတယ်..။

အဖေနဲ့အမေ့ရဲ့လက်ထပ်ခြင်းမှာ အချစ်ဆိုတဲ့အရာပါခဲ့လား မပါခဲ့လား ကျွန်တော်လည်းသေချာမသိဘူး..။ သေချာတာတစ်ခုကတော့ အဖေရော အမေရောက အတ္တကြီးတယ်.. အလုပ်တာဝန်တွေကို မိသားစုထက်ပိုအရေးပေးတယ်.. ရှိရှိသမျှအချိန်တွေကို အလုပ်လုပ်ရင်းနဲ့​ပဲ ကုန်ဆုံးတယ်..။

ကျွန်တော့်ကိုမွေးပြီးတော့ အဖေတို့က နိုင်ငံခြားမှာပဲစောင့်ရှောက်ဖို့လူငှားပြီး ပျိုးထောင်ဖို့လုပ်ခဲ့တာ..။ ရယ်စရာတော့ကောင်းတယ်.. သူတို့မှာကျွန်တော့်ကိုဂရုတစိုက်စောင့်ရှောက်ဖို့ အချိန်မရှိကြဘူးတဲ့လေ..။ ဒါအတွက်ကျွန်တော် အဖေတို့ကို အပြစ်တော့မတင်မိပါဘူး.. ။ကျွန်တော့်ကိုမွေးတဲ့အချိန်က စီးပွားရေးစလုပ်ပြီး သုံးလေးနှစ်လောက်ပဲကြာသေးတဲ့အချိန်ဖြစ်တာကြောင့် အလုပ်ကိုပဲဦးစားပေးသင့်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်..။ အဲ့အချိန်တုန်းကသာ ကျွန်တော့်ကိုစောင့်ရှောက်ဖို့မွေးရပ်မြေမှာပဲ နေလိုက်ရမယ်ဆိုရင် အခုဒီအခြေနေမှာရှိနေမှာမဟုတ်ဘူးလေ။

ဒါပေမယ့်ဒီကိစ္စကို အမေ့ရဲ့အမေ ကျွန်တော့်အဘွားက သိသွားတော့.. ခွင့်မပြုခဲ့ဘူး..။ အဖေတို့ကိုလည်း တအားစိတ်ဆိုးခဲ့တာ.. မွေးရပ်မြေကိုပြန်မလာကြနဲ့လို့တောင် မောင်းထုတ်လိုက်သေးတယ်..။ ကျွန်တော့်ကိုလည်းအဘွားကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ.. အဖေတို့ကငွေအားနဲ့ထောက်ပံ့ခဲ့တာပေါ့..။

နောက်ပြီး အဖေနဲ့အမေက ကျွန်တော့်ကိုကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်ပေးတယ်.. ဘာကိုမှဝင်မစွက်ဖက်ဘူး.. အကုန်ကျွန်တော့်သဘောပဲ.. ဒါကြောင့်လည်းနိုင်ငံခြားမှာကျောင်းမတက်ဘဲ ဒီမှာပဲဝူရှဲ့နဲ့အတူတူ တက္ကသိုလ်တက်မယ်ဆိုတာကိုခွင့်ပြုပေးခဲ့တာပေါ့..။ ကျွန်တော့်လုပ်ရပ်တွေမှားသွားမလား မှန်ရဲ့လားဆိုတာကို ဂရုစိုက်တဲ့တစ်ဦးတည်းသောလူသားက ကျွန်တော့်အဘွားပဲရှိတယ်..။ အဘွားကတော့ကျွန်တော့်ကို အမြဲဆုံးမတယ်.. ကျွန်တော်ကလည်းအဘွားကို ဘာကိစ္စမဆိုတိုင်ပင်ဖြစ်တယ်..။

ကျွန်တော့်မိဘတွေနဲ့တွေ့ရတဲ့အချိန်က အရမ်းမနည်းလှပေမယ့် များတယ်လို့လည်းပြောလို့မရဘူး..။ နှစ်တိုင်းကျွန်တော့်မွေးနေ့ရက်မှာ ပြန်လာပေးကြတယ်.. ကျွန်တော်ငယ်ငယ်ကဆို ကျောင်းတွေပိတ်တဲ့နွေရာသီတိုင်း အဖေတို့ဆီသွားလည်ရတယ်.. ဒါပေမယ့်..မိဘတွေနဲ့အတူရှိတဲ့အချိန်က အဘွားနဲ့နေရသလိုမျိုး သက်သောင့်သက်သာနဲ့လုံခြုံမှုရှိတဲ့ ခံစားချက်မျိုး ကျွန်တော်တစ်ခါမှမခံစားခဲ့ရဘူး..။ အမေတို့ကလည်းထုတ်မပြောပေမယ့် ကျွန်တော်တို့ သူစိမ်းဆန်နေတယ်ဆိုတာ ကျွန်တော်သတိထားမိတယ်..။

အတိုချုပ်ပြောရရင် ကျွန်တော်ကသူဌေးသား.. ပိုက်ဆံဆိုတာ အိမ်မှာရှိတဲ့အမှိုက်တွေထက်ပေါတယ်.. ကျွန်တော်လုပ်ချင်တာလုပ်လို့ရတယ်.. ။ တစ်ခုရှိတာကတော့ ကျွန်တော့်ရဲ့ငယ်ဘဝနဲ့ အချစ်ခံရခြင်းဆိုတာက လုံးဝမသက်ဆိုင်တဲ့အရာနှစ်ခု..။ ကျွန်တော်ဘယ်လိုအခြေနေမျိုးမှာမဆို နားလည်ပေးနိုင်တယ်.. ပြုံးထားနိုင်တယ်.. ကျွန်တော့်ရဲ့ခံစားချက်တွေကို ဘယ်တုန်းကမှဘယ်သူ့ကိုမှ ပေါ်တင်ထုတ်မပြခဲ့ဖူးဘူး..။ ဒီလိုပဲ ကျွန်တော့်ကိုအမှန်တကယ်နားလည်တဲ့သူဆိုတာ ရှားတယ်..။ ကျွန်တော်ကအမြဲပုံစံတကျဖြစ်အောင်နေတယ်.. ကျွန်တော့်ရဲ့ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်ဆိုတဲ့ ပုံရိပ်ကိုလုံးဝအထိခိုက်မခံခဲ့ဘူး..။

ဟေးရန်ကျင်း.. သူနဲ့စတွေ့တဲ့နေ့ကတည်းက ကျွန်တော့်ရဲ့ဘာဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတဲ့ပုံရိပ်က ထိခိုက်လာတော့တာပဲ..။ ကျွန်တော်သူရှေ့မှာဆို ဟန်ဆောင်လို့မရဘူး.. လိမ်လို့မရဘူး..။ သူနဲ့ဆို ကျွန်တော့်ခံစားချက်တွေကိုဖုံးကွယ်မထားနိုင်ဘူး.. ။ ကျွန်တော်ဝန်ခံတယ် ဝူရှဲ့ထက် သူ့အပေါ်ကိုပိုပွင့်လင်းမိတယ်.. ။ ဒီကမ္ဘာပေါ်မှာ အဘွားပြီးရင်ကျွန်တော်သက်တောင့်သက်သာပုံစံနဲ့ လွတ်လွတ်လပ်လပ်ဆက်ဆံလို့ရနိုင်တဲ့သူက ဟေးရန်ကျင်းပဲ..။ ဒါကျွန်တော်ရွေးချယ်ထားတာမဟုတ်သလို.. ဘာလို့ဒီလိုဖြစ်လဲဆိုတာ ကျွန်တော်လည်းမသိဘူး။ ဖြစ်နိုင်တာတစ်ခုက ဒါဟေးရန်ရဲ့မမြင်ရတဲ့ဆွဲငင်အားတစ်ခုကြောင့်.. မဟုတ်ရင်တော့ ကျွန်တော်လည်း ဘာကြောင့်လဲဆိုတာကို အဖြေရှာနေတုန်းပဲ..။

--- --- ---

"မား... ဟဲဟဲ"

"ကိုယ့်အမေကို ဘာတွေလာဟဲဟဲနေတာတုန်း အားရှဲ့.. ဘာလိုချင်လို့တုန်း"

မနေ့က ကျွန်တော်ကျောင်းမှာအာချောင်လိုက်မိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကူညီနိုင်မယ့်သူကို စဥ်းစားကြည့်လိုက်တဲ့အခါမှာ.. အဖြေထွက်လာတာက ကျွန်တော့်အမေ။

အဝတ်လျှော်တာက ကျွန်တော်ကိုယ်တိုင်လျှော်ပေးလို့ရပေမယ့် မီးပူတိုက်တဲ့ကိစ္စကကျတော့ ကျွန်တော်တကယ်မကျွမ်ဘူး..။ အရင်တစ်ခေါက်ကဆို အမေမအားလို့ ကိုယ့်ဘာကိုယ်တိုက်လိုက်တာ မီးကျွမ်းသွားလို့လေ..။ အဲ့တည်းက အမေကကျွန်တော့်ကိုမီးပူမကိုင်ခိုင်းတော့တာ..။

အဝတ်လျှော်တာတောင် အတွေ့ကြုံကရှိတာမဟုတ်ဘူး။ လျှော်တော့လျှော်လိုက်တာပဲ.. ဆပ်ပြာမှုန့်များသွားလို့ ရေစင်အောင်တော့ တော်တော်ဆေးယူလိုက်ရသည်..။ မီးပူသာတိုက်ပေးလိုက်လို့ကတော့ သူ့အင်းကျီကို ကျွန်တော်ပိုက်ဆံနဲ့လျော်ပေးနေရလိမ့်မည်။

"ဘာတွေပြုံးစိစိလုပ်နေပြန်ပြီတုန်း.. အားရှဲ့မေးနေတာမဖြေဘဲ.."

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိတာ.. အမေ့အရှေ့ရောက်နေတာတောင် မေ့သွားသည်အထိ..

"သြော်.. ဟိုလေ.. မီးပူတိုက်ပေးပါလားလို့ ။"

"အားရှဲ့ အင်းကျီတွေအကုန် မားတိုက်ပေးပြီးပြီလေ..။ ကျန်နေသေးလို့လား?"

"မဟုတ်ဘူးမား.. ။အခုဟာကလေ ဟို.. သား သူငယ်ချင်းတစ်ယောက်ရဲ့ အင်းကျီ မားရဲ့..။ အဲ့ဒါကျောင်းမှာတုန်းက သားကြောင့် ပေသွားလို့ လျှော်ပေးမယ်ဆိုပြီးအိမ်ယူလာခဲ့တာ.. အဲ့ဒါမီးပူတိုက်တဲ့အပိုင်းကျတော့ မလုပ်ပေးရဲလို့... ။ နော်လုပ်ပါမားရယ်..နော်.."

"သြော်ဟုတ်ပါပြီ.. လုပ်ပေးမယ်လုပ်ပေးမယ်.."

"ယေး... ဒါမှမားကွ.. ။ ဒီမှာ ဒီမှာ..။ ဒါနဲ့လေ မား.. သေချာလေးတိုက်ပေးပါနော်..။ သူကအသန့်အပြန့်ကြိုက်တတ်လို့ပါ..ပြီးတော့လေ မားပြီးအောင်အရင်တိုက်ပေးနော် အနောက်တွေဘာတွေထမသွားနဲ့ဦး.. တော်ကြာ တစ်ခုခုဖြစ်သွားမှာစိုးလို့ အင်းကျီ..။ ဟီး.."

အမေကလုပ်ပေးမယ်ဆိုတော့လည်း သူ့အင်းကျီလေးကို ပေးရင်း.. စကားတွေရှည်နေမိသည်။ အမေ့ကိုတော့ယုံပါရဲ့..။ဒါပေမယ့် သူကအလိုမကျဖြစ်နေရင် ကျွန်တော်နောက်တစ်ခါ ထပ်လုပ်ပေးနေရမှာစိုးသည်လေ..။

"အမလေး..အားရှဲ့..။ အားရှဲ့လိုများထင်နေလား မားကို.. တကယ်ပါပဲ.. ဘယ်သူ့ဟာမလို့ ဒီလောက်ထိ အဖြစ်သည်းနေရတာတုန်း.."

"ဟဲဟဲ.. မားကလည်း.. သားကစေတနာနဲ့ပါနော်..။ပြောပြတာ ပြောပြတာ.."

"ဟုတ်ပါပြီ.. ။ သေချာလေးတိုက်ပေးပါ့မယ် ကျေနပ်ပြီလား..။ သြော်ပြီးတော့ ကျောင်းမှာလည်း သတိထားနေဦးလေ.. ဘယ်လိုဖြစ်လို့ သူများအင်းကျီပေအောင်ထိ ဖြစ်ရတာတုန်း အားရှဲ့ရဲ့"

"သားက သတိထားနေပါတယ်နော်....။ သူကိုက မဟုတ်တာ... သရဲလိုပေါ်လာပြီး လူကိုစိုက်ကြည့်နေတာများ.. ဂြိုလ်သားကိုတွေ့သလိုလိုနဲ့.."

အဆုံးသတ်စကားလေးတွေကိုတော့ မကျေမနပ်နဲ့ ခပ်တိုးတိုးရေရွတ်မိရုံသာ..

"ဘာတွေပွစိပွစိလုပ်နေတာတုန်း.. သတိထားနေရင်လည်းပြီးတာပါပဲ.. အားရှဲ့ စိတ်ချမ်းသာဖို့အရေးကြီးတယ်.."

"ဟုတ်.. မားအကောင်းဆုံးပဲ..။ အဲ့ဒါကြောင့် မားကိုချစ်တာ.."

နည်းနည်းတော့ချွဲလိုက်ရမှ.. မဟုတ်ရင် ဆက်ဆူနေဦးမည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ.."

အမေကကျွန်တော့်စိတ်ကို ကြိုသိနေသလားအောက်မေ့ရသည်..။မီးပူတိုက်ပြီးတော့ သူ့အင်းကျီကို အိတ်လေးနဲ့ပါ သေချာထည့်ပေးထားသည်။

ကဲ.. ကျွန်တော်ကတော့ သေချာပြင်ဆင်ထားပြီးပြီနော်..။ ချီလင်ဆိုတဲ့ခင်ဗျားကြီး ကျေကျေနပ်နပ်နဲ့ပြန်လက်ခံဖို့ စောင့်နေလိုက်တော့...

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်အားရနေတဲ့ကျွန်တော်...။ မနက်ဖြန်ကျောင်းသွားဖို့ကို စိတ်လှုပ်ရှားနေမိပြီလေ..။

*** *** ***

ဖတ်ပေးတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်နော်..😊😊
Feedback ပေးတဲ့သူတွေကိုလည်း အရမ်းချစ်ပါတယ်လို့😘😁
နွေဦး အလုပ်တွေရှုပ်နေတာနဲ့ Update လေးကြာသွားလို့ တောင်းပန်ပါတယ်နော်..။😞😞
နောက်ပိုင်း အရမ်းမကြာစေရဘူးလို့ ကတိပေးပါတယ်နော်😗😗
ကြိုက်နှစ်သက်တယ်ဆိုရင် vote လေးနဲ့ Feedback အနေနဲ့ comments လေးတွေပေးခဲ့ပါဦးနော်..🤓🤓
တာ့တာ👋👋
နောက်တစ်ပိုင်းမှာတွေ့မယ်နော်👉👉
.
.
.
.
.
.
.
.(Zawgyi)

"ေရွာင္ဟြား... ေရွာင္ဟြား..."

စာၾကည့္တိုက္ထဲကအထြက္ မထင္မွတ္ဘဲ ေရွာင္ေနတဲ့လူနဲ႕မွ တည့္တည့္တိုးခဲ့ရသည္..။ ဒီေတာ့ဘာျဖစ္ေသးလဲ.. ကြၽန္ေတာ္ေပၚတင္ဘဲမျမင္ခ်င္ေယာင္ေဆာင္ပစ္လိုက္ၿပီး ကန္တင္းဘက္ကို ထြက္ခဲ့လိုက္သည္။ လိုက္မလာေတာ့ဘူး..လို႔ ထင္ထားခဲ့ေပမယ့္ အခုထိအေနာက္ကလိုက္လာၿပီးနာမည္ေအာ္ေခၚေနတဲ့ ေဟးရန္..။ ဆက္ၿပီးသာ မသိခ်င္ေယာင္ေဆာင္ေနရင္ ဒီတကၠသိုလ္ႀကီးတစ္ခုလုံး ကြၽန္ေတာ့္နာမည္ကိုအလြတ္ရသြားနိုင္သည္..

"ဘာလဲ!"

လမ္းေလွ်ာက္ေနတာကို ႐ုတ္တရက္ရပ္ပစ္လိုက္ၿပီး ေဟးရန္နဲ႕မ်က္ႏွာခ်င္းဆိုင္ရပ္ကာ သိပ္မက်ယ္တဲ့ခပ္မာမာအသံနဲ႕ ကြၽန္ေတာ္ျပန္ေျဖမိသည္။

"ေရွာင္ဟြား..ငါ.."

စကားေျပာရမွာ မဝံ့မရဲျဖစ္ေနတဲ့သူ႕ပုံစံေၾကာင့္ ကြၽန္ေတာ္နည္းနည္းတင္းမာေနတဲ့ပုံေပါက္ေနတာကို သတိထားလိုက္မိသည္။ ကြၽန္ေတာ္စိတ္ကိုျပန္ထိန္းလိုက္ရင္း...

"ငါ.. ဘာျဖစ္လဲ "

"က်စ္.. မင္းငါ့ကို စိတ္ဆိုးေနတာလား?"

ေမးသာေမးရတာ.. အခုသူတကယ္ထုတ္ေျပာလိုက္ေတာ့လည္း ကြၽန္ေတာ့္မွာေျဖစရာကမရွိျပန္...

"..."

ကြၽန္ေတာ္တိတ္ဆိတ္ေနတာ ဟုတ္တယ္လို႔ဝန္ခံေနတဲ့သေဘာလို႔ထင္ရင္ မွားသြားမယ္..။တကယ္က ကြၽန္ေတာ္ျပန္မေျဖခ်င္လို႔..။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုလည္းမညာခ်င္ဘူး..။ မညာဘဲလည္း သူ႕ကိုေျပာမျပခ်င္ဘူး..။ ေျပာျပခြင့္မရွိဘူးလို႔ သုံးရင္ပိုမွန္မလား..။ အခုခ်ိန္မွာ ကြၽန္ေတာ္သူနဲ႕မ်က္လုံးခ်င္းမဆုံမိေအာင္ ႀကိဳးစားေန႐ုံအျပင္ တျခားတတ္နိုင္တာမရွိ..

"ေရွာင္ဟြား.. ငါေမးတာေျဖေလ..။ ေအး.. မင္းငါ့ကို စိတ္ဆိုးေနတယ္ဆိုရင္ ငါဘာလုပ္မိလို႔လဲဆိုတာကိုေျဖ..။ ဒီလိုတိုင္းဆက္ေနေနမယ္ဆိုရင္ ငါသည္းမခံနိုင္ေတာ့ဘူးေနာ္..။"

ဘာလုပ္မိလို႔လဲ...ဆိုေတာ့ ကြၽန္ေတာ္ဘယ္လိုအေျဖကို ေျဖသင့္လဲ..။ တကယ္တမ္းေျပာရရင္ အဲ့ဒီ့ေန႕က ကြၽန္ေတာ္စိတ္လြတ္သြားခဲ့တာ.. ကြၽန္ေတာ့္အျပဳအမူေတြကို မေဖာ္ျပခဲ့သင့္မွန္း စိတ္တိုတိုနဲ႕အိမ္ထိျပန္လာၿပီးကာမွ ေတြးမိသည္ေလ..

ေနာက္ၿပီးေတာ့.. သရဲေဘာေၾကာင္စြာနဲ႕ပဲ ကြၽန္ေတာ့္အျပဳအမူအတြက္ ေဟးရန္ေမးလာမယ့္ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းကေန ကြၽန္ေတာ္ေရွာင္နိုင္သမွ်ေရွာင္ေနခဲ့တာ.. ဒီေန႕ထိပဲ..။ အခုေတာ့ကြၽန္ေတာ္တကယ္ကို အၾကပ္ရိုက္ေနၿပီ..။ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ မေသခ်ာဘူးဘာလို႔စိတ္ဆိုးလိုက္လဲဆိုတာ..။

"ငါ... ဘာမွမျဖစ္ဘူး ေဟးရန္.. ။ မင္းဘာေတြလာေမးေနတာလဲ.."

ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ဟန္ေဆာင္လိမ္ညာဖို႔ကိုပဲ ေ႐ြးခ်ယ္ရေတာ့သည္။ ဘာမွမျဖစ္သလိုပုံစံနဲ႕ေပါ့..။ ဒီလိုဟန္ေဆာင္တယ္ဆိုတာက ကြၽန္ေတာ္နဲ႕ငယ္ငယ္တည္းက အကြၽမ္းတဝင္ရွိၿပီးသားေလ..

"ေရွာင္ဟြား...ငါဘာေျပာေနလဲဆိုတာ မင္းသိပါတယ္..။ ဟန္ေဆာင္မေနပါနဲ႕... မင္းအဲ့ေလာက္မေတာ္ဘူး! "

ေဟးရန္စိတ္ဆိုးေနၿပီဆိုတာ ကြၽန္ေတာ္သိသည္။ ဒါေပမယ့္ ဒီဟန္ေဆာင္မႈကသူ႕ကိုမလိမ္ညာနိုင္ဘူးဆိုရင္ေတာင္ ကြၽန္ေတာ့္မွာရပ္ဖို႔စိတ္ကူးမရွိဘူး..။ ရပ္လို႔လည္းမရဘူးေလ..။

"ေဟးရန္... ငါတကယ္ေျပာေနတာ.. ငါဘာမွမျဖစ္ဘူး..။ အခုရက္ပိုင္းငါစာေတြလုပ္ေနရတာနဲ႕ ဘယ္သူနဲ႕မွမေတြ႕ျဖစ္ဘူး..။ အဲ့ဒါေၾကာင့္ မင္းကိုေရွာင္ေနသလိုျဖစ္သြားတယ္ထင္တယ္..။ ငါ.."

ကြၽန္ေတာ္စကားဆုံးသည္အထိ ေျပာခြင့္မရလိုက္..

"ေတာ္ေတာ့! ေရွာင္ဟြား.. ။ မင္းဆက္ညာစရာမလိုေတာ့ဘူး။ မင္းဘာလို႔ငါ့ကိုစိတ္ဆိုးရတာလဲ.. မင္းအဲ့လိုငါ့ကိုေရွာင္ေနတာ ငါအဆင္ေျပတယ္ထင္ေနလား... အခုလည္း ငါ မင္းကိုေတာင္းပန္ဖို႔ လာရွာတာ.. မင္းကေတာ့ ငါ့ကိုမျမင္ခ်င္ေယာင္ေဆာင္တယ္..။ ငါေျပာမယ္.. မင္းမွာငါ့ကိုအဲ့လိုစိတ္ဆိုးပိုင္ခြင့္ရွိလို႔လား... ငါဘာမ်ားလုပ္မိလို႔လဲ...ၿပီးေတာ့"

ေဟးရန္စကားမဆုံးခင္ ကြၽန္ေတာ္အတင္းျဖတ္ေျပာလိုက္မိသည္။ ဆက္နားေထာင္ဖို႔အင္အားမရွိေတာ့သလို ကြၽန္ေတာ္ဒီေနရာမွာလည္းရပ္မေနခ်င္ေတာ့ဘူး..

"မရွိပါဘူး..ငါ့မွာ မင္းကိုဒီလိုလုပ္ခြင့္မရွိဘူး..။ ဒါေၾကာင့္ပဲ ငါဘာမွမျဖစ္ဘူးလို႔ေျပာတာ..။ ေနာက္ေန႕ကစၿပီး ငါမင္းကိုမေရွာင္ေတာ့ပါဘူး.. ရၿပီမလား..? ငါသြားေတာ့မယ္..ေဟးရန္။ ခ်ိန္းထားတာေလးရွိလို႔.."

ေဟးရန္စိတ္ဆိုးမယ္ဆိုတာသိေပမယ့္ ဒီေလာက္ထိေျပာလိမ့္မယ္လို႔ ႀကိဳမတြက္ထားမိဘူး..။ တကယ္ႀကဳံရတဲ့အခါမွာ စကားလုံးေတြက ကြၽန္ေတာ္ေတြးထင္ထားတာထက္ ပိုနာက်င္ရသည္။ ဒါေပမယ့္ ကြၽန္ေတာ္မ်က္ႏွာတစ္ခ်က္ပ်က္မျပခဲ့ဘူး.. ခပ္ပါးပါးသာ ၿပဳံးျပၿပီးႏႈတ္ဆက္ထြက္ခဲ့လိုက္သည္..။ သူကေတာ့အဲ့ေနရာမွာပဲ ရပ္က်န္ေနခဲ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္
သူမမွားပါဘူး.. ဒါကြၽန္ေတာ္ခံရမယ့္ အျပစ္ဒဏ္ပဲ..။

ကြၽန္ေတာ့္မိဘေတြကခ်မ္းသာတယ္.. နိုင္ငံျခားမွာ ကုမၸဏီခြဲေပါင္းမ်ားစြာပိုင္ဆိုင္ထားတဲ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြ..။ ႏွစ္ေယာက္လုံးကလူလတ္ပိုင္းအ႐ြယ္ထဲက စီးပြားေရးလုပ္ဖို႔စိတ္အားသန္ခဲ့ၾကတာ.. သူတို႔အိပ္မက္ေတြကိုတကယ္ျဖစ္လာေအာင္ အေကာင္ထည္ေဖာ္နိုင္ခဲ့ၾကတယ္..။ ၿပီးေတာ့ သူတို႔အခ်င္းခ်င္း ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုကေနစရင္းႏွီးမိၾကၿပီး လက္ထပ္ဖို႔ထိ ျဖစ္သြားခဲ့ၾကတယ္..။

အေဖနဲ႕အေမ့ရဲ႕လက္ထပ္ျခင္းမွာ အခ်စ္ဆိုတဲ့အရာပါခဲ့လား မပါခဲ့လား ကြၽန္ေတာ္လည္းေသခ်ာမသိဘူး..။ ေသခ်ာတာတစ္ခုကေတာ့ အေဖေရာ အေမေရာက အတၱႀကီးတယ္.. အလုပ္တာဝန္ေတြကို မိသားစုထက္ပိုအေရးေပးတယ္.. ရွိရွိသမွ်အခ်ိန္ေတြကို အလုပ္လုပ္ရင္းနဲ႕ပဲ ကုန္ဆုံးတယ္..။

ကြၽန္ေတာ့္ကိုေမြးၿပီးေတာ့ အေဖတို႔က နိုင္ငံျခားမွာပဲေစာင့္ေရွာက္ဖို႔လူငွားၿပီး ပ်ိဳးေထာင္ဖို႔လုပ္ခဲ့တာ..။ ရယ္စရာေတာ့ေကာင္းတယ္.. သူတို႔မွာကြၽန္ေတာ့္ကိုဂ႐ုတစိုက္ေစာင့္ေရွာက္ဖို႔ အခ်ိန္မရွိၾကဘူးတဲ့ေလ..။ ဒါအတြက္ကြၽန္ေတာ္ အေဖတို႔ကို အျပစ္ေတာ့မတင္မိပါဘူး.. ။ကြၽန္ေတာ့္ကိုေမြးတဲ့အခ်ိန္က စီးပြားေရးစလုပ္ၿပီး သုံးေလးႏွစ္ေလာက္ပဲၾကာေသးတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အလုပ္ကိုပဲဦးစားေပးသင့္တယ္ဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္..။ အဲ့အခ်ိန္တုန္းကသာ ကြၽန္ေတာ့္ကိုေစာင့္ေရွာက္ဖို႔ေမြးရပ္ေျမမွာပဲ ေနလိုက္ရမယ္ဆိုရင္ အခုဒီအေျခေနမွာရွိေနမွာမဟုတ္ဘူးေလ။

ဒါေပမယ့္ဒီကိစၥကို အေမ့ရဲ႕အေမ ကြၽန္ေတာ့္အဘြားက သိသြားေတာ့.. ခြင့္မျပဳခဲ့ဘူး..။ အေဖတို႔ကိုလည္း တအားစိတ္ဆိုးခဲ့တာ.. ေမြးရပ္ေျမကိုျပန္မလာၾကနဲ႕လို႔ေတာင္ ေမာင္းထုတ္လိုက္ေသးတယ္..။ ကြၽန္ေတာ့္ကိုလည္းအဘြားကပဲ ျပဳစုပ်ိဳးေထာင္ေပးခဲ့တာ.. အေဖတို႔ကေငြအားနဲ႕ေထာက္ပံ့ခဲ့တာေပါ့..။

ေနာက္ၿပီး အေဖနဲ႕အေမက ကြၽန္ေတာ့္ကိုကိုယ္ပိုင္လြတ္လပ္ခြင့္အျပည့္ေပးတယ္.. ဘာကိုမွဝင္မစြက္ဖက္ဘူး.. အကုန္ကြၽန္ေတာ့္သေဘာပဲ.. ဒါေၾကာင့္လည္းနိုင္ငံျခားမွာေက်ာင္းမတက္ဘဲ ဒီမွာပဲဝူရွဲ႕နဲ႕အတူတူ တကၠသိုလ္တက္မယ္ဆိုတာကိုခြင့္ျပဳေပးခဲ့တာေပါ့..။ ကြၽန္ေတာ့္လုပ္ရပ္ေတြမွားသြားမလား မွန္ရဲ႕လားဆိုတာကို ဂ႐ုစိုက္တဲ့တစ္ဦးတည္းေသာလူသားက ကြၽန္ေတာ့္အဘြားပဲရွိတယ္..။ အဘြားကေတာ့ကြၽန္ေတာ့္ကို အၿမဲဆုံးမတယ္.. ကြၽန္ေတာ္ကလည္းအဘြားကို ဘာကိစၥမဆိုတိုင္ပင္ျဖစ္တယ္..။

ကြၽန္ေတာ့္မိဘေတြနဲ႕ေတြ႕ရတဲ့အခ်ိန္က အရမ္းမနည္းလွေပမယ့္ မ်ားတယ္လို႔လည္းေျပာလို႔မရဘူး..။ ႏွစ္တိုင္းကြၽန္ေတာ့္ေမြးေန႕ရက္မွာ ျပန္လာေပးၾကတယ္.. ကြၽန္ေတာ္ငယ္ငယ္ကဆို ေက်ာင္းေတြပိတ္တဲ့ႏြေရာသီတိုင္း အေဖတို႔ဆီသြားလည္ရတယ္.. ဒါေပမယ့္..မိဘေတြနဲ႕အတူရွိတဲ့အခ်ိန္က အဘြားနဲ႕ေနရသလိုမ်ိဳး သက္ေသာင့္သက္သာနဲ႕လုံၿခဳံမႈရွိတဲ့ ခံစားခ်က္မ်ိဳး ကြၽန္ေတာ္တစ္ခါမွမခံစားခဲ့ရဘူး..။ အေမတို႔ကလည္းထုတ္မေျပာေပမယ့္ ကြၽန္ေတာ္တို႔ သူစိမ္းဆန္ေနတယ္ဆိုတာ ကြၽန္ေတာ္သတိထားမိတယ္..။

အတိုခ်ဳပ္ေျပာရရင္ ကြၽန္ေတာ္ကသူေဌးသား.. ပိုက္ဆံဆိုတာ အိမ္မွာရွိတဲ့အမွိုက္ေတြထက္ေပါတယ္.. ကြၽန္ေတာ္လုပ္ခ်င္တာလုပ္လို႔ရတယ္.. ။ တစ္ခုရွိတာကေတာ့ ကြၽန္ေတာ့္ရဲ႕ငယ္ဘဝနဲ႕ အခ်စ္ခံရျခင္းဆိုတာက လုံးဝမသက္ဆိုင္တဲ့အရာႏွစ္ခု..။ ကြၽန္ေတာ္ဘယ္လိုအေျခေနမ်ိဳးမွာမဆို နားလည္ေပးနိုင္တယ္.. ၿပဳံးထားနိုင္တယ္.. ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ဘယ္တုန္းကမွဘယ္သူ႕ကိုမွ ေပၚတင္ထုတ္မျပခဲ့ဖူးဘူး..။ ဒီလိုပဲ ကြၽန္ေတာ့္ကိုအမွန္တကယ္နားလည္တဲ့သူဆိုတာ ရွားတယ္..။ ကြၽန္ေတာ္ကအၿမဲပုံစံတက်ျဖစ္ေအာင္ေနတယ္.. ကြၽန္ေတာ့္ရဲ႕ဘာျဖစ္ျဖစ္အဆင္ေျပပါတယ္ဆိုတဲ့ ပုံရိပ္ကိုလုံးဝအထိခိုက္မခံခဲ့ဘူး..။

ေဟးရန္က်င္း.. သူနဲ႕စေတြ႕တဲ့ေန႕ကတည္းက ကြၽန္ေတာ့္ရဲ႕ဘာျဖစ္ျဖစ္အဆင္ေျပတယ္ဆိုတဲ့ပုံရိပ္က ထိခိုက္လာေတာ့တာပဲ..။ ကြၽန္ေတာ္သူေရွ႕မွာဆို ဟန္ေဆာင္လို႔မရဘူး.. လိမ္လို႔မရဘူး..။ သူနဲ႕ဆို ကြၽန္ေတာ့္ခံစားခ်က္ေတြကိုဖုံးကြယ္မထားနိုင္ဘူး.. ။ ကြၽန္ေတာ္ဝန္ခံတယ္ ဝူရွဲ႕ထက္ သူ႕အေပၚကိုပိုပြင့္လင္းမိတယ္.. ။ ဒီကမၻာေပၚမွာ အဘြားၿပီးရင္ကြၽန္ေတာ္သက္ေတာင့္သက္သာပုံစံနဲ႕ လြတ္လြတ္လပ္လပ္ဆက္ဆံလို႔ရနိုင္တဲ့သူက ေဟးရန္က်င္းပဲ..။ ဒါကြၽန္ေတာ္ေ႐ြးခ်ယ္ထားတာမဟုတ္သလို.. ဘာလို႔ဒီလိုျဖစ္လဲဆိုတာ ကြၽန္ေတာ္လည္းမသိဘူး။ ျဖစ္နိုင္တာတစ္ခုက ဒါေဟးရန္ရဲ႕မျမင္ရတဲ့ဆြဲငင္အားတစ္ခုေၾကာင့္.. မဟုတ္ရင္ေတာ့ ကြၽန္ေတာ္လည္း ဘာေၾကာင့္လဲဆိုတာကို အေျဖရွာေနတုန္းပဲ..။

--- --- ---

"မား... ဟဲဟဲ"

"ကိုယ့္အေမကို ဘာေတြလာဟဲဟဲေနတာတုန္း အားရွဲ႕.. ဘာလိုခ်င္လို႔တုန္း"

မေန႕က ကြၽန္ေတာ္ေက်ာင္းမွာအာေခ်ာင္လိုက္မိတဲ့ကိစၥနဲ႕ပတ္သက္ၿပီး ကူညီနိုင္မယ့္သူကို စဥ္းစားၾကည့္လိုက္တဲ့အခါမွာ.. အေျဖထြက္လာတာက ကြၽန္ေတာ့္အေမ။

အဝတ္ေလွ်ာ္တာက ကြၽန္ေတာ္ကိုယ္တိုင္ေလွ်ာ္ေပးလို႔ရေပမယ့္ မီးပူတိုက္တဲ့ကိစၥကက်ေတာ့ ကြၽန္ေတာ္တကယ္မကြၽမ္ဘူး..။ အရင္တစ္ေခါက္ကဆို အေမမအားလို႔ ကိုယ့္ဘာကိုယ္တိုက္လိုက္တာ မီးကြၽမ္းသြားလို႔ေလ..။ အဲ့တည္းက အေမကကြၽန္ေတာ့္ကိုမီးပူမကိုင္ခိုင္းေတာ့တာ..။

အဝတ္ေလွ်ာ္တာေတာင္ အေတြ႕ႀကဳံကရွိတာမဟုတ္ဘူး။ ေလွ်ာ္ေတာ့ေလွ်ာ္လိုက္တာပဲ.. ဆပ္ျပာမႈန့္မ်ားသြားလို႔ ေရစင္ေအာင္ေတာ့ ေတာ္ေတာ္ေဆးယူလိုက္ရသည္..။ မီးပူသာတိုက္ေပးလိုက္လို႔ကေတာ့ သူ႕အင္းက်ီကို ကြၽန္ေတာ္ပိုက္ဆံနဲ႕ေလ်ာ္ေပးေနရလိမ့္မည္။

"ဘာေတြၿပဳံးစိစိလုပ္ေနျပန္ၿပီတုန္း.. အားရွဲ႕ေမးေနတာမေျဖဘဲ.."

ကိုယ့္အေတြးနဲ႕ကိုယ္ ၿပဳံးေနမိတာ.. အေမ့အေရွ႕ေရာက္ေနတာေတာင္ ေမ့သြားသည္အထိ..

"ေၾသာ္.. ဟိုေလ.. မီးပူတိုက္ေပးပါလားလို႔ ။"

"အားရွဲ႕ အင္းက်ီေတြအကုန္ မားတိုက္ေပးၿပီးၿပီေလ..။ က်န္ေနေသးလို႔လား?"

"မဟုတ္ဘူးမား.. ။အခုဟာကေလ ဟို.. သား သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အင္းက်ီ မားရဲ႕..။ အဲ့ဒါေက်ာင္းမွာတုန္းက သားေၾကာင့္ ေပသြားလို႔ ေလွ်ာ္ေပးမယ္ဆိုၿပီးအိမ္ယူလာခဲ့တာ.. အဲ့ဒါမီးပူတိုက္တဲ့အပိုင္းက်ေတာ့ မလုပ္ေပးရဲလို႔... ။ ေနာ္လုပ္ပါမားရယ္..ေနာ္.."

"ေၾသာ္ဟုတ္ပါၿပီ.. လုပ္ေပးမယ္လုပ္ေပးမယ္.."

"ေယး... ဒါမွမားကြ.. ။ ဒီမွာ ဒီမွာ..။ ဒါနဲ႕ေလ မား.. ေသခ်ာေလးတိုက္ေပးပါေနာ္..။ သူကအသန့္အျပန့္ႀကိဳက္တတ္လို႔ပါ..ၿပီးေတာ့ေလ မားၿပီးေအာင္အရင္တိုက္ေပးေနာ္ အေနာက္ေတြဘာေတြထမသြားနဲ႕ဦး.. ေတာ္ၾကာ တစ္ခုခုျဖစ္သြားမွာစိုးလို႔ အင္းက်ီ..။ ဟီး.."

အေမကလုပ္ေပးမယ္ဆိုေတာ့လည္း သူ႕အင္းက်ီေလးကို ေပးရင္း.. စကားေတြရွည္ေနမိသည္။ အေမ့ကိုေတာ့ယုံပါရဲ႕..။ဒါေပမယ့္ သူကအလိုမက်ျဖစ္ေနရင္ ကြၽန္ေတာ္ေနာက္တစ္ခါ ထပ္လုပ္ေပးေနရမွာစိုးသည္ေလ..။

"အမေလး..အားရွဲ႕..။ အားရွဲ႕လိုမ်ားထင္ေနလား မားကို.. တကယ္ပါပဲ.. ဘယ္သူ႕ဟာမလို႔ ဒီေလာက္ထိ အျဖစ္သည္းေနရတာတုန္း.."

"ဟဲဟဲ.. မားကလည္း.. သားကေစတနာနဲ႕ပါေနာ္..။ေျပာျပတာ ေျပာျပတာ.."

"ဟုတ္ပါၿပီ.. ။ ေသခ်ာေလးတိုက္ေပးပါ့မယ္ ေက်နပ္ၿပီလား..။ ေၾသာ္ၿပီးေတာ့ ေက်ာင္းမွာလည္း သတိထားေနဦးေလ.. ဘယ္လိုျဖစ္လို႔ သူမ်ားအင္းက်ီေပေအာင္ထိ ျဖစ္ရတာတုန္း အားရွဲ႕ရဲ႕"

"သားက သတိထားေနပါတယ္ေနာ္....။ သူကိုက မဟုတ္တာ... သရဲလိုေပၚလာၿပီး လူကိုစိုက္ၾကည့္ေနတာမ်ား.. ၿဂိဳလ္သားကိုေတြ႕သလိုလိုနဲ႕.."

အဆုံးသတ္စကားေလးေတြကိုေတာ့ မေက်မနပ္နဲ႕ ခပ္တိုးတိုးေရ႐ြတ္မိ႐ုံသာ..

"ဘာေတြပြစိပြစိလုပ္ေနတာတုန္း.. သတိထားေနရင္လည္းၿပီးတာပါပဲ.. အားရွဲ႕ စိတ္ခ်မ္းသာဖို႔အေရးႀကီးတယ္.."

"ဟုတ္.. မားအေကာင္းဆုံးပဲ..။ အဲ့ဒါေၾကာင့္ မားကိုခ်စ္တာ.."

နည္းနည္းေတာ့ခြၽဲလိုက္ရမွ.. မဟုတ္ရင္ ဆက္ဆူေနဦးမည္။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ.."

အေမကကြၽန္ေတာ့္စိတ္ကို ႀကိဳသိေနသလားေအာက္ေမ့ရသည္..။မီးပူတိုက္ၿပီးေတာ့ သူ႕အင္းက်ီကို အိတ္ေလးနဲ႕ပါ ေသခ်ာထည့္ေပးထားသည္။

ကဲ.. ကြၽန္ေတာ္ကေတာ့ ေသခ်ာျပင္ဆင္ထားၿပီးၿပီေနာ္..။ ခ်ီလင္ဆိုတဲ့ခင္ဗ်ားႀကီး ေက်ေက်နပ္နပ္နဲ႕ျပန္လက္ခံဖို႔ ေစာင့္ေနလိုက္ေတာ့...

ကိုယ့္အေတြးနဲ႕ကိုယ္ ေက်နပ္အားရေနတဲ့ကြၽန္ေတာ္...။ မနက္ျဖန္ေက်ာင္းသြားဖို႔ကို စိတ္လႈပ္ရွားေနမိၿပီေလ..။

*** *** ***

ဖတ္ေပးတဲ့သူေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္..😊😊
Feedback ေပးတဲ့သူေတြကိုလည္း အရမ္းခ်စ္ပါတယ္လို႔😘😁
ႏြေဦး အလုပ္ေတြရႈပ္ေနတာနဲ႕ Update ေလးၾကာသြားလို႔ ေတာင္းပန္ပါတယ္ေနာ္..။😞😞
ေနာက္ပိုင္း အရမ္းမၾကာေစရဘူးလို႔ ကတိေပးပါတယ္ေနာ္😗😗
ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote ေလးနဲ႕ Feedback အေနနဲ႕ comments ေလးေတြေပးခဲ့ပါဦးေနာ္..
တာ့တာ
ေနာက္တစ္ပိုင္းမွာေတြ႕မယ္ေနာ္

Comment