(Ch-16) /U+Z/

"အဘွားကမစိုးရိမ်ရတော့ပါဘူး..။"

အခန်းထဲတစ်ဖန်ပြန်ဝင်လာသောဝူရှဲ့က ရှောင်ဟွားအနားလျှောက်လာရင်းဆိုလိုက်ခြင်း။ ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းအိပ်စက်နေပါသော အဘွားဖြစ်သူကိုကြည့်ရသည်မှာ အနည်းငယ်အားနည်းနေဟန်။

ဟေးရန်နှင့်အတူရောက်လာချိန်တွင် ဆရာဝန်ကပင်စစ်ဆေး၍ပြီးနေလေပြီ။ ရှောင်ဟွားကိုမြင်မြင်ချင်းဝူရှဲ့မှာ အဆင်ပြေသွားပြီဟုသာပြောခဲ့ရင်း ဆေးကောင်တာသွားလိုက်ဦးမည်ဟုဆိုကာ အပြေးထွက်သွားခဲ့သည်လေ။

ဖျော့တော့နေသောအဘွားမျက်နှာကို မြင်ရသည်မှာစိတ်မကောင်း။ ငယ်စဥ်ကတည်းကအရေးပါခဲ့သူတစ်ဦးဖြစ်တာကြောင့် အနည်းငယ်မျှပင်မထိခိုက်စေလိုသည်မှာအမှန်။ ရှောင်ဟွားဘဝတွင်အဘွားမရှိလို့မဖြစ်ပေ။

အဘွားဖြစ်သူ၏လက်လေးကိုတယုတယဆုပ်ကိုင်လိုက်ရင်း....

"ဘယ်လိုဖြစ်တာလဲကွာ..။"

ဝမ်းနည်းနေဟန်ရှိသောရှောင်ဟွားကြောင့် ဝူရှဲ့လဲစိတ်မကောင်းဖြစ်ရသည်။ ရှောင်ဟွားအဘွားကိုဝူရှဲ့ကိုယ်တိုင်လည်း ချစ်ခင်ရသည်ပင်။

"ဟင်း... ငါလဲပျင်းတာနဲ့မင်းဆီလာမလို့... အိမ်ထဲလဲရောက်ရော အဘွားကိုခေါ်ကြည့်တာအသံမကြားလို့ မီးဖိုချောင်ကိုသွားကြည့်တော့ ကြမ်းပြင်ပေါ်လဲကျနေတာတွေ့တာပဲ။ ကံကောင်းလို့ပေါ့... တစ်ခုခုနဲ့မရိုက်မိတာ။"

"ငါလဲအိမ်မှာမရှိဘူးလေ။ မင်းကိုဘယ်သူခြံတံခါးဖွင့်ပေးတာလဲ။"

"ကျော်ခွဝင်လာလိုက်တာ...။"

အမှန်တကယ်လည်းကျော်ခွခဲ့ခြင်း။ ဘေးချင်းကပ်နေသောရှောင်ဟွားတို့အိမ်ကို ငယ်ငယ်တည်းကခြံစည်းရိုးကျော်ပြီးဝင်တတ်တာအကျင့်တစ်ခုလို။ ရှောင်ဟွားကသိ၍တားတာကြောင့် အရှေ့အပေါက်ကသာပြောင်းဝင်ခဲ့သော်လည်း အကျင့်ကတော့မပျောက်ချင်တာကြောင့် လစ်ရင်လစ်သလိုကျော်ခွဝင်ခဲ့သည်ပင်။ အုတ်ခြံစည်းရိုးလေးကလည်း ခပ်နိမ့်နိမ့်လေးရယ်ကိုး။

"သြော်..အေးပါ။ သတိလဲထားဦး.. ကျိုးနေဦးမယ်။"

အကျင့်ကိုကအရင်အတိုင်းပဲဟူသည့် အကြည့်များဖြင့် ရွဲ့သလိုလိုနှင့်စိတ်ပူပေးနေပါသောရှောင်ဟွားကို ဝူရှဲ့မှာပြုံးပြရင်းသာစကားဆိုမိသည်။

"ဟဲဟဲ... ။ မင်းကလည်း ငါလုပ်နေကျပါ.. မပူပါနဲ့။"

"ဆရာဝန်ဘာပြောသေးလဲ။"

"အင်း... အဘွားကလည်း အသက်ရလာပြီဆိုတော့ သိပ်အပင်ပန်းခံခိုင်းလို့မဖြစ်ဘူးတဲ့။ အခုကလည်း အစားပုံမှန်မစားတာ.. စိတ်ဖိစီးတာတွေကြောင့် အားနည်းပြီးမူးလဲတာတဲ့။"

"ဟင်း... အဘွားကခေါင်းမာတယ်။ အခုတလောအစားအသောက်ပျက်နေတာ။ သေချာပြန်ဂရုစိုက်ရတော့မယ်။"

"အဘွားလည်းအသက်ကြီးလာပြီ။ အစစအရာရာဂရုစိုက်ပေးတာကောင်းတယ်။ ဒါနဲ့စိတ်ဖိစီးစရာက ဘာလဲ။ မင်းကြောင့်တော့မဟုတ်လောက်ပါဘူး။"

သိလျှင်ကူညီလို့ရစေရန် ဝူရှဲ့မေးမိသော်လည်း အဖြေစကားကြားတော့မှ နောင်တရလေတော့သည်။ ရှောင်ဟွားကို ပို၍စိတ်မကောင်းဖြစ်အောင်လုပ်မိပြန်ပါပြီ။

"ဘယ်သူတွေရှိဦးမှာလဲ။ ငါ့မိဘတွေကြောင့်ပဲပေါ့။ အဘွားကခေါင်းမာပြီးဒေါသကြီးသလိုဖြစ်နေပေမယ့် တကယ်တမ်းကျအရမ်းနူးညံ့တာ။ ဒါတွေသိမယ့်ပုံမပေါ်ပါဘူး.. အဖေတို့က။"

ခါတိုင်းနဲ့မတူစွာ ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာတဲ့ရှောင်ဟွားကြောင့် ဝူရှဲ့ဝမ်းသာသလိုဝမ်းနည်းရသည်။ ငယ်သူငယ်ချင်းတွေဖြစ်သည့်တိုင် ရှောင်ဟွားသည်သူ၏ခံစားချက်တိုင်းကို ဖော်ပြလေ့မရှိခဲ့ပေ။ အမြဲဟန်ဆောင်ကောင်းနေတတ်သောသူ့ကို ဝူရှဲ့မသိချင်ယောင်ဆောင်ပေးခြင်းဖြင့်သာ စိတ်သက်သာရာရစေခဲ့သည်။ သူထုတ်ပြောချိန်တိုင်းကိုသာ လိုလိုလားလားစောင့်ပေးဖြစ်သည်။ အတင်းအကြပ်သတိထားမိသလို မလုပ်ခဲ့ဖူးပေ။ ရှောင်ဟွားအကြောင်းကိုကောင်းကောင်းသိတာကြောင့် မည်သို့ဆက်ဆံရမည်ကိုဝူရှဲ့သိနေခဲ့သည်။

အမြဲတစေဖုံးကွယ်ထားတတ်သောသူသည် ဖုံးကွယ်ခြင်းကိုရပ်ပြီးထုတ်ပြောလာသည့်အခါများမှာ နည်းလွန်း၍ ရင်ဖွင့်လာလျှင်ဝူရှဲ့ဝမ်းသာမိသလို ရင်ဖွင့်ရသည်အထိခံစားနေရသည်ကိုလည်း ဝူရှဲ့မှာစိတ်မကောင်းဖြစ်ရပြန်သည်။

"ဟူး... ခက်တော့တာပါပဲ။ သားသမီးတွေကအရင်ပြေလည်အောင်ကြိုးစားသင့်တာကို။"

"အချိန်တွေပဲကြာလာပြီ။ အခုထိအိမ်ပြန်လာဖို့အတွေးမဝင်ကြသေးဘူး။ ငါ့ကိုမကြည့်ရင်တောင်အဘွားအတွက် တွေးပေးသင့်တာ။ သူတို့အဝေးရောက်နေတဲ့အချိန် အဘွားတစ်ခုခုဖြစ်သွားမှာကိုတွေးမပူကြဘူးလားမသိဘူး။"

မိဘတွေထက်ပင်ပိုသာကာချစ်ရသောအဘွားကို ဆုံးရှုံးရမည်မှာရှောင်ဟွားအကြောက်ဆုံးအရာပင်။ တခြားသူတွေကို အမြဲစိတ်ပူပေးတတ်သောရှောင်ဟွားသည် ကိုယ့်အဘွားအတွက်ဘယ်လောက်စိုးရိမ်နေမည်နည်း။ စိတ်ပူလွန်းကာမပင်ပန်းစေလိုတော့တာကြောင့် ဝူရှဲ့နှစ်သိမ့်ရင်းစကားလမ်းကြောင်းလွှဲဖို့ပြင်ရသည်။ ရှောင်ဟွားဆက်ပြောနေမည်ကိုဒီအတိုင်းလွှတ်ထားမိလျှင် ပိုခံစားနေရလိမ့်မည်။

"အင်းလေ...။ မင်းလည်းအရမ်းစိတ်ပူမနေပါနဲ့ဦး။ ဆရာဝန်ပြောသွားတာတော့ အသက်အန္တရာယ်မရှိသေးပါဘူးတဲ့။ သေချာဂရုစိုက်ပေးရင် အဘွားသက်သာလာမှာပါ။ မင်းမိဘတွေကိုလည်း မင်းပဲဖျောင်းဖျကြည့်ပေါ့။ အဆင်ပြေသွားမှာပါ။"

"အင်း...။"

"ဒါနဲ့မင်းကိုဟေးရန်လိုက်ပို့ပေးတာလား။ အပြင်သွားတာ သူနဲ့တွေ့ဖို့လား။"

"ဟုတ်တယ်။"

"ဟေးရန်ရော.. ပြန်သွားပြီလား။"

"မပြန်သေးဘူး..ထင်တာပဲ။"

ရှောင်ဟွားအနားကပျောက်မသွားခင် ဘယ်သွားမလဲတော့ပြောသွားပေမယ့် မကြားမိလိုက်တာကြောင့်မရေမရာပင်ဖြေလိုက်ရသည်။

"ကျောင်းတွေပြန်ဖွင့်တော့မယ်။ ဖန့်ကျစ်နဲ့မတွေ့ရတာတောင်ကြာပြီ။"

"ဘာလိုလိုနဲ့နှစ်ဝက်တောင်ရောက်ပြီပဲ။"

"အင်း.... ဒီနှစ်ကနည်းနည်းကြောင်တောင်တောင်နိုင်သလိုပဲ။ အရင်နှစ်တွေနဲ့မတူဘူး။"

"မင်းကဘာတွေတွေးနေတာတုန်း။"

သူများကိုသာမေးခွန်းထုတ်လိုက်မိတာ.. ကိုယ်တိုင်ကလည်း ထူးခြားတဲ့နှစ်လို့သတ်မှတ်ထားမိသည်လေ။

"ဒီလိုပါပဲ...။"

"အမ်.... ငါ့ကိုသေချာပြောပြပါဦး။ ကျန်းအိမ်တော်ဇာတ်ကြောင်းလေး။"

ရှောင်ဟွားကမေးတော့ အတိအကျပြန်မြင်ယောင်လာမိသည့်ထိုတစ်နေ့တာကာလလေးထဲတွင် အစ်ကိုလေးရေချိုးခန်းထဲကထွက်လာသည့်အခိုက်အတန့်သည်မပါမဖြစ်ပင်။ ကိုယ့်ဘာသာမြင်ယောင်ရင်း ပြန်ရှက်လာရသည်မို့ကမန်းကတန်းအငြင်းစကားဆိုရသည့်အဖြစ်။

"ဘာ.... ဘာမှထွေထွေထူးထူးမရှိပါဘူးကွာ။ တစ်ညအိပ်ခဲ့ရုံပါပဲ။ အဲ့အကြောင်းမမေးပါနဲ့တော့.. နောက်လဲရောက်ဖြစ်မှာမှမဟုတ်တော့တာ။ သူနဲ့လည်းမတွေ့ဖြစ်တော့ဘူးလေ။"

"အေးပါ။ မင်းသိဖို့အရေးကြီးတယ်။"

ကျန်းချီလင်၏ညီအစ်ကိုများအကြောင်းကိုသတိရသော်လည်း ဝူရှဲ့ထုတ်မပြောဖြစ်။ ရှောင်ဟွားကသိချင်မည်လည်းမဟုတ်သလို သိလျှင်လည်းဘာမှထူးခြားသွားမည်မဟုတ်တာကြောင့် ဝူရှဲ့မပြောပြဖြစ်ခဲ့ခြင်းဖြစ်လေသည်။

ထိုစဥ်အခန်းထဲရုတ်တရက်ဝင်လာသော ဟေးရန်ကြောင့် အနည်းငယ်ပင်လန့်သွားရသေးသည်။

"ဟေးရန်... မင်းကလည်းအသံမပေးဘာမပေးနဲ့။"

ဝူရှဲ့ဆီမှခပ်တိုးတိုးအပြစ်တင်သံကို ဟေးရန်ကပြုံးဖြီးကာခံယူသည်။

"အဟဲ... ငါ့အမှားပါ။ လောသွားလို့။"

"မင်းဘယ်သွားတာလဲ။"

"ရှောင်ဟွား... အယ်... မင်းတို့စားဖို့မုန့်သွားဝယ်တာ။"

"အဟမ်း... အလိုက်တွေဘာတွေသိလို့ပါလား။"

"အယ်... မကြာခင်ပဲမှောင်တော့မယ်။ အစာလွန်ကုန်မှာစိုးလို့ပါကွာ။"

ပြောရင်းသူဝယ်လာသည့်ကြွပ်ကြွပ်အိတ်ထုပ်များကို စားပွဲပေါ်အသာတင်လိုက်သည်။

"ဟေးရန်... မင်းပြန်ချင်ပြန်လို့ရပြီ။ ငါကရတယ်။"

ဟေးရန်ရောက်လာပြီး ရှောင်ဟွားပထမဆုံးဝင်ပြောသည့်စကားက အားနာဟန်ရှိနေလေသည်။

"မင်းကလည်း ဘာလို့အတင်းနှင်ထုတ်နေတာတုန်း။"

"အေ့လေ...။ ငါနေလို့ရပါသေးတယ်။"

"ငါက.. သူအခက်တွေ့နေမှာစိုးလို့ပြောတာ..။ သဘောပဲ။"

ဝူရှဲ့တို့နှင့်မျက်နှာချင်းဆိုင်ဘက်တွင်ဝင်ထိုင်လိုက်ရင်း ဟေးရန်ကဝူရှဲ့ကိုကြည့်လာလေသည်။ ဝူရှဲ့ကလည်း ဘာလဲဆိုတဲ့သဘောနဲ့မျက်ခုံးပင့်ပြလေတော့.. ဟေးရန်မှာချောင်းဟန့်ရင်းရှောင်ဟွားကိုမျက်စပစ်ပြလာသည်။

ဖုန်းဆက်တော့ကျမကိုင်ဘူး... အခုမှလာသိချင်နေတယ်။ ဒီခွေးကောင်ကတော့...

မကျေမနပ်ပင်စိတ်ထဲကျိန်ဆဲလိုက်မိသော်လည်း အပြင်မှာတော့ထုတ်ပြောခွင့်မရှိသေးပေ။ ဟေးရန်နှင့်အပေးအယူကိစ္စ ရှောင်ဟွားသိလျှင်ဝူရှဲ့ဘဝမတွေးရဲစရာပင်။ မျက်မှောင်ကြုတ်ရင်းခေါင်းအသာခါပြသည်ကို ဟေးရန်ကသဘောမပေါက်ချင်သေးတာကြောင့် ရှောင်ဟွားမမြင်အောင်အနောက်သို့ဆုတ်ကာ ခြေဟန်လက်ဟန်ဖြင့်ပြောပြနေစဥ်...

"မင်းတို့နှစ်ကောင်...။ ဘာဖြစ်နေကြတာတုန်း??။ ပြောစရာရှိရင်လည်း အပြင်ထွက်ပြောကြ။"

ရှောင်ဟွား၏ခပ်မာမာသတိပေးသံကြောင့် အလန့်တကြားဖြစ်သွားရသည်လေ။

"အာဟား... အဲ့ကောင်နဲ့ငါကဘာပြောစရာရှိမှာလဲ။"

"အေးလေဟုတ်တယ်။"

"ဘာကိုဟုတ်နေတာလဲ..ဟေးရန်။ မင်းပဲအငြိမ်မနေနိုင်ဘူး။"

ရှောင်ဟွားဆိုသည်မှာလည်း ဟေးရန်နှင့်ဘယ်သူယှဥ်ယှဥ် ဟေးရန်ကိုသာအပြစ်မြင်နိုင်သူကြီး။

"အေး..အေးပါ။ ငါမှားတာပါ။ ဒီလိုဆိုမှမင်းအဘွားနဲ့ ဒါပထမဆုံးဆုံဖူးတာပဲ...။"

"အေးလေ။ မင်းမှရှောင်ဟွားအိမ်လာမလည်ဖူးတာ။"

"ငါကလာချင်ရင်တောင် သူကခွင့်ပြုမယ့်ပုံမပေါ်ဘူး။"

"အင်း.. မင်းမှန်တယ်။ ခွင့်မပြုဘူး... ။"

"ဟားဟား... သနားစရာ။ ငါဆိုအချိန်မရွေးတံခါးမရှိဓားမရှိပဲ... ။ နော်.. ရှောင်ဟွား။"

"မင်းကိုတော့ငါမနိုင်တာပါ။"

"ဒါနဲ့မင်းတို့ဘာလုပ်ဖို့တွေ့ကြတာလဲ။"

"ငါမသိပါဘူး။ သူခေါ်တာငါ့ကို။"

"အစကတော့ပြောစရာရှိလို့ပါပဲ။ အခုတော့မေ့သွားပြီမလို့... နောက်ကြုံမှပဲပြောပါတော့မယ်။"

"အမ်... ထူးဆန်းလိုက်တာဟေးရန်ရာ။ ကိုယ်ပြောမယ့်ကိစ္စကိုမေ့ရတယ်လို့ကွာ။"

"မင်းသဘောပဲ။"

ထိုညကရှောင်ဟွား၊ဝူရှဲ့တို့နှင့်အတူ ဟေးရန်လည်းဆေးရုံစောင့်ပေးခဲ့လေသည်။ တဖြည်းဖြည်းမှောင်လာသည်နှင့် ရှောင်ဟွားမှာခပ်ပြင်းပြင်းမောင်းထုတ်နေသော်လည်း ဟေးရန် ကိုယ်တိုင်ကအရေထူစွာပြုံးပြုံးနှင့်နေရာကမရွေ့ခဲ့ပေ။ ဝူရှဲ့ကတော့အဖော်ရသည်ဟုဆိုကာ ကူဆွဲထားလိုက်ပါသေးသည်။

ဤသို့ဖြင့်ဆေးရုံမှာတည်းက နှင်မရခဲ့သောဟေးရန်ကျင်းတစ်ယောက် ရှောင်ဟွားတို့အိမ်ပြန်ရောက်သည်အထိကပ်ပါလာလေတော့သည်။ ဒီတစ်ခါဘယ်သူ့ကြောင့်လဲမေးရင် အဘွားအပြင်လက်ညှိုးထိုးစရာမရှိပေ။ အဘွားကိုယ်တိုင်က လိုက်စေချင်နေ၍ ရှောင်ဟွားခမျာ ပြုံးရုံသာပြုံးနိုင်တော့ပေမယ့် ဝူရှဲ့နှင့်ဟေးရန်တို့ကတော့ လက်ဝါးချင်းရိုက်ကာပျော်ရွှင်နေကြသည်လေ။

အခြေအနေကအရမ်းမဆိုးဝါးတာကြောင့် ယခုမနက်ကိုအိမ်ပြန်လာခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ်ရှောင်ဟွားကချက်ချင်းအလိုရှိလျှင် အိမ်သို့ဆရာဝန်ပင့်ဆောင်နိုင်သလို ဆေးရုံတက်ချင်လျှင်လဲ နှောင့်နှေးခြင်းရှိနိုင်မည်မဟုတ်တာကြောင့် အိမ်ပြန်ချင်နေသောအဘွားကိုအလိုလိုက်မိခဲ့လေသည်။

သို့သော် ထိုသို့အလိုလိုက်မိရာကနေ ဟေးရန်ကျင်းကို မိမိနေထိုင်ရာအိမ်သို့ခေါ်ဆောင်သွားရသည်အထိဖြစ်လာလိမ့်မည်ဟု ရှောင်ဟွားထင်မထားခဲ့။

"ဘာလို့လိုက်လာတာတုန်း။"

ပြန်ရောက်သည်နှင့် အဘွားစားရန်ပြင်ဆင်ထားချင်၍မီးဖိုချောင်ဝင်နေလေရာ ဟေးရန်ကအနောက်သို့လိုက်လာသည်လေ။

"အဘွားလိုက်ခိုင်းလို့ဟ။"

ဝူရှဲ့ကလည်း ဖုန်းလာလို့ဖုန်းသွားပြောနေလေရာ ဧည့်ခန်းတွင်တစ်ယောက်တည်း အထီးကျန်နေသောကျွန်တော့်ကို ရှောင်ဟွားအဘွားက ကြင်ကြင်နာနာပင် ရှောင်ဟွားနားကိုအရောက်ပို့လိုက်သည်။ အဘွားသည်ထူးထူးခြားခြားပင် ကျွန်တော့်ကိုခင်တွယ်ဟန်ရှိလေသည်။ ခေါင်းမာတတ်သောအကျင့်လေးမှာ ရှောင်ဟွားနှင့်တထပ်ရာတည်းမို့ ဟေးရန်နားလည်လွယ်ပါသည်။ လူမှုဆက်ဆံရေးအားကောင်းသောဟေးရန်ကို အဘွားကတစ်မနက်တည်းနှင့် ရင်းနှီးသွားသည်ဆိုလျှင်လဲဒါကပုံမှန်ဖြစ်စဥ်ပဲမဟုတ်လား။

"သွားထိုင်နေ...။"

"မင်းငါ့ကိုထမင်းကျွေးမှာလား။"

"မကျွေးဘူး။ ခဏနေပြန်တော့။"

"ရပါတယ်..မင်းမကျွေးလဲ ငါ့ဘာငါ ပြင်စားမှာပေါ့။"

"မင်းကိုဘယ်သူကမီးဖိုချောင်ငှားမယ်ပြောလို့တုန်း။"

"မင်းအဘွားကတော့ ငါဘာလုပ်လုပ်ရတယ်ပြောတယ်။"

"ငါကမရဘူးဆိုရင်ရော...။"

ကိုင်ထားတဲ့ဓားမကိုမြှောက်ပြလာလေတော့ ဟေးရန်လဲဆက်မစရဲတော့ပေ။ ရှောင်ဟွားဆိုသည်မှာလည်း ဟေးရန်နဲ့ဆိုစိတ်ကြီးတတ်လေတော့..။

သွားဖြီးပြရုံအပြင် ထပ်စကားမဆိုရဲတော့တာကြောင့် နံရံကိုအသာမှီရင်းလက်ပိုက်ကာ ရှောင်ဟွားလုပ်သမျှလိုက်ကြည့်နေမိသည်။ ပြန်ရောက်သည်နှင့် နားဖို့မလုပ်ဘဲ မီးဖိုချောင်ထဲအလုပ်များနေသောသူ့ပုံလေးမှာ အေးချမ်းမှုတို့ကိန်းဝပ်နေသည်။ ယခုလိုရှောင်ဟွားအနား တိတ်တဆိတ်ရပ်နေမိတိုင်း သူ့ဆီကဖြာထွက်လာတတ်သော နူးညံ့ညင်သာခြင်းတို့၏အရှိန်အဝါသည် ဟေးရန်ကိုလာဟပ်နေမြဲပင်။

နှစ်သက်ပါသည်။
သဘောကျပါသည်။
အသေးစိတ်စွာအနုပညာဆန်နေသော သူ့ရှေ့ကပန်းပုရုပ်ထုလေးကို ဟေးရန်နက်ရှိုင်းစွာ မြတ်နိုးနေမိတာသေချာနေပါပြီ။

ထိုသို့ဖြင့်...

အိမ်လေး၏မီးဖိုချောင်ခန်းလေးအတွင်းတွင် ကောင်လေးနှစ်ယောက်မှာ သူ့အကြောင်းနှင့်သူတိတ်ဆိတ်နေကြပါသော်လည်း...

အိမ်အပြင်ဘက်ခြံထဲတွင်တော့...

"ဘာ... မင်းအချိန်ပိုင်းအလုပ်ကိစ္စကို ငါကဘာလို့အဖော်လိုက်ပေးရမှာလဲ... ဝမ်ဖန့်ကျစ်!။"

ဝူရှဲ့တစ်ယောက်အကြီးအကျယ်ဆူညံစွာပင် ငြင်းဆိုရေးပြုလုပ်နေရသည်လေ။

*** *** ***
To be continued.. 🖤🖤

Thank you all💙💙.
.
.
.
.
.
.
.
.
.(Zawgyi)

"အဘြားကမစိုးရိမ္ရေတာ့ပါဘူး..။"

အခန္းထဲတစ္ဖန္ျပန္ဝင္လာေသာဝူရွဲ႕က ေရွာင္ဟြားအနားေလွ်ာက္လာရင္းဆိုလိုက္ျခင္း။ ေဆး႐ုံကုတင္ေပၚတြင္လဲေလ်ာင္းအိပ္စက္ေနပါေသာ အဘြားျဖစ္သူကိုၾကည့္ရသည္မွာ အနည္းငယ္အားနည္းေနဟန္။

ေဟးရန္ႏွင့္အတူေရာက္လာခ်ိန္တြင္ ဆရာဝန္ကပင္စစ္ေဆး၍ၿပီးေနေလၿပီ။ ေရွာင္ဟြားကိုျမင္ျမင္ခ်င္းဝူရွဲ႕မွာ အဆင္ေျပသြားၿပီဟုသာေျပာခဲ့ရင္း ေဆးေကာင္တာသြားလိုက္ဦးမည္ဟုဆိုကာ အေျပးထြက္သြားခဲ့သည္ေလ။

ေဖ်ာ့ေတာ့ေနေသာအဘြားမ်က္ႏွာကို ျမင္ရသည္မွာစိတ္မေကာင္း။ ငယ္စဥ္ကတည္းကအေရးပါခဲ့သူတစ္ဦးျဖစ္တာေၾကာင့္ အနည္းငယ္မွ်ပင္မထိခိုက္ေစလိုသည္မွာအမွန္။ ေရွာင္ဟြားဘဝတြင္အဘြားမရွိလို႔မျဖစ္ေပ။

အဘြားျဖစ္သူ၏လက္ေလးကိုတယုတယဆုပ္ကိုင္လိုက္ရင္း....

"ဘယ္လိုျဖစ္တာလဲကြာ..။"

ဝမ္းနည္းေနဟန္ရွိေသာေရွာင္ဟြားေၾကာင့္ ဝူရွဲ႕လဲစိတ္မေကာင္းျဖစ္ရသည္။ ေရွာင္ဟြားအဘြားကိုဝူရွဲ႕ကိုယ္တိုင္လည္း ခ်စ္ခင္ရသည္ပင္။

"ဟင္း... ငါလဲပ်င္းတာနဲ႕မင္းဆီလာမလို႔... အိမ္ထဲလဲေရာက္ေရာ အဘြားကိုေခၚၾကည့္တာအသံမၾကားလို႔ မီးဖိုေခ်ာင္ကိုသြားၾကည့္ေတာ့ ၾကမ္းျပင္ေပၚလဲက်ေနတာေတြ႕တာပဲ။ ကံေကာင္းလို႔ေပါ့... တစ္ခုခုနဲ႕မရိုက္မိတာ။"

"ငါလဲအိမ္မွာမရွိဘူးေလ။ မင္းကိုဘယ္သူၿခံတံခါးဖြင့္ေပးတာလဲ။"

"ေက်ာ္ခြဝင္လာလိုက္တာ...။"

အမွန္တကယ္လည္းေက်ာ္ခြခဲ့ျခင္း။ ေဘးခ်င္းကပ္ေနေသာေရွာင္ဟြားတို႔အိမ္ကို ငယ္ငယ္တည္းကၿခံစည္းရိုးေက်ာ္ၿပီးဝင္တတ္တာအက်င့္တစ္ခုလို။ ေရွာင္ဟြားကသိ၍တားတာေၾကာင့္ အေရွ႕အေပါက္ကသာေျပာင္းဝင္ခဲ့ေသာ္လည္း အက်င့္ကေတာ့မေပ်ာက္ခ်င္တာေၾကာင့္ လစ္ရင္လစ္သလိုေက်ာ္ခြဝင္ခဲ့သည္ပင္။ အုတ္ၿခံစည္းရိုးေလးကလည္း ခပ္နိမ့္နိမ့္ေလးရယ္ကိုး။

"ေၾသာ္..ေအးပါ။ သတိလဲထားဦး.. က်ိဳးေနဦးမယ္။"

အက်င့္ကိုကအရင္အတိုင္းပဲဟူသည့္ အၾကည့္မ်ားျဖင့္ ႐ြဲ႕သလိုလိုႏွင့္စိတ္ပူေပးေနပါေသာေရွာင္ဟြားကို ဝူရွဲ႕မွာၿပဳံးျပရင္းသာစကားဆိုမိသည္။

"ဟဲဟဲ... ။ မင္းကလည္း ငါလုပ္ေနက်ပါ.. မပူပါနဲ႕။"

"ဆရာဝန္ဘာေျပာေသးလဲ။"

"အင္း... အဘြားကလည္း အသက္ရလာၿပီဆိုေတာ့ သိပ္အပင္ပန္းခံခိုင္းလို႔မျဖစ္ဘူးတဲ့။ အခုကလည္း အစားပုံမွန္မစားတာ.. စိတ္ဖိစီးတာေတြေၾကာင့္ အားနည္းၿပီးမူးလဲတာတဲ့။"

"ဟင္း... အဘြားကေခါင္းမာတယ္။ အခုတေလာအစားအေသာက္ပ်က္ေနတာ။ ေသခ်ာျပန္ဂ႐ုစိုက္ရေတာ့မယ္။"

"အဘြားလည္းအသက္ႀကီးလာၿပီ။ အစစအရာရာဂ႐ုစိုက္ေပးတာေကာင္းတယ္။ ဒါနဲ႕စိတ္ဖိစီးစရာက ဘာလဲ။ မင္းေၾကာင့္ေတာ့မဟုတ္ေလာက္ပါဘူး။"

သိလွ်င္ကူညီလို႔ရေစရန္ ဝူရွဲ႕ေမးမိေသာ္လည္း အေျဖစကားၾကားေတာ့မွ ေနာင္တရေလေတာ့သည္။ ေရွာင္ဟြားကို ပို၍စိတ္မေကာင္းျဖစ္ေအာင္လုပ္မိျပန္ပါၿပီ။

"ဘယ္သူေတြရွိဦးမွာလဲ။ ငါ့မိဘေတြေၾကာင့္ပဲေပါ့။ အဘြားကေခါင္းမာၿပီးေဒါသႀကီးသလိုျဖစ္ေနေပမယ့္ တကယ္တမ္းက်အရမ္းႏူးညံ့တာ။ ဒါေတြသိမယ့္ပုံမေပၚပါဘူး.. အေဖတို႔က။"

ခါတိုင္းနဲ႕မတူစြာ ပြင့္ပြင့္လင္းလင္းရင္ဖြင့္လာတဲ့ေရွာင္ဟြားေၾကာင့္ ဝူရွဲ႕ဝမ္းသာသလိုဝမ္းနည္းရသည္။ ငယ္သူငယ္ခ်င္းေတြျဖစ္သည့္တိုင္ ေရွာင္ဟြားသည္သူ၏ခံစားခ်က္တိုင္းကို ေဖာ္ျပေလ့မရွိခဲ့ေပ။ အၿမဲဟန္ေဆာင္ေကာင္းေနတတ္ေသာသူ႕ကို ဝူရွဲ႕မသိခ်င္ေယာင္ေဆာင္ေပးျခင္းျဖင့္သာ စိတ္သက္သာရာရေစခဲ့သည္။ သူထုတ္ေျပာခ်ိန္တိုင္းကိုသာ လိုလိုလားလားေစာင့္ေပးျဖစ္သည္။ အတင္းအၾကပ္သတိထားမိသလို မလုပ္ခဲ့ဖူးေပ။ ေရွာင္ဟြားအေၾကာင္းကိုေကာင္းေကာင္းသိတာေၾကာင့္ မည္သို႔ဆက္ဆံရမည္ကိုဝူရွဲ႕သိေနခဲ့သည္။

အၿမဲတေစဖုံးကြယ္ထားတတ္ေသာသူသည္ ဖုံးကြယ္ျခင္းကိုရပ္ၿပီးထုတ္ေျပာလာသည့္အခါမ်ားမွာ နည္းလြန္း၍ ရင္ဖြင့္လာလွ်င္ဝူရွဲ႕ဝမ္းသာမိသလို ရင္ဖြင့္ရသည္အထိခံစားေနရသည္ကိုလည္း ဝူရွဲ႕မွာစိတ္မေကာင္းျဖစ္ရျပန္သည္။

"ဟူး... ခက္ေတာ့တာပါပဲ။ သားသမီးေတြကအရင္ေျပလည္ေအာင္ႀကိဳးစားသင့္တာကို။"

"အခ်ိန္ေတြပဲၾကာလာၿပီ။ အခုထိအိမ္ျပန္လာဖို႔အေတြးမဝင္ၾကေသးဘူး။ ငါ့ကိုမၾကည့္ရင္ေတာင္အဘြားအတြက္ ေတြးေပးသင့္တာ။ သူတို႔အေဝးေရာက္ေနတဲ့အခ်ိန္ အဘြားတစ္ခုခုျဖစ္သြားမွာကိုေတြးမပူၾကဘူးလားမသိဘူး။"

မိဘေတြထက္ပင္ပိုသာကာခ်စ္ရေသာအဘြားကို ဆုံးရႈံးရမည္မွာေရွာင္ဟြားအေၾကာက္ဆုံးအရာပင္။ တျခားသူေတြကို အၿမဲစိတ္ပူေပးတတ္ေသာေရွာင္ဟြားသည္ ကိုယ့္အဘြားအတြက္ဘယ္ေလာက္စိုးရိမ္ေနမည္နည္း။ စိတ္ပူလြန္းကာမပင္ပန္းေစလိုေတာ့တာေၾကာင့္ ဝူရွဲ႕ႏွစ္သိမ့္ရင္းစကားလမ္းေၾကာင္းလႊဲဖို႔ျပင္ရသည္။ ေရွာင္ဟြားဆက္ေျပာေနမည္ကိုဒီအတိုင္းလႊတ္ထားမိလွ်င္ ပိုခံစားေနရလိမ့္မည္။

"အင္းေလ...။ မင္းလည္းအရမ္းစိတ္ပူမေနပါနဲ႕ဦး။ ဆရာဝန္ေျပာသြားတာေတာ့ အသက္အႏၱရာယ္မရွိေသးပါဘူးတဲ့။ ေသခ်ာဂ႐ုစိုက္ေပးရင္ အဘြားသက္သာလာမွာပါ။ မင္းမိဘေတြကိုလည္း မင္းပဲေဖ်ာင္းဖ်ၾကည့္ေပါ့။ အဆင္ေျပသြားမွာပါ။"

"အင္း...။"

"ဒါနဲ႕မင္းကိုေဟးရန္လိုက္ပို႔ေပးတာလား။ အျပင္သြားတာ သူနဲ႕ေတြ႕ဖို႔လား။"

"ဟုတ္တယ္။"

"ေဟးရန္ေရာ.. ျပန္သြားၿပီလား။"

"မျပန္ေသးဘူး..ထင္တာပဲ။"

ေရွာင္ဟြားအနားကေပ်ာက္မသြားခင္ ဘယ္သြားမလဲေတာ့ေျပာသြားေပမယ့္ မၾကားမိလိုက္တာေၾကာင့္မေရမရာပင္ေျဖလိုက္ရသည္။

"ေက်ာင္းေတြျပန္ဖြင့္ေတာ့မယ္။ ဖန့္က်စ္နဲ႕မေတြ႕ရတာေတာင္ၾကာၿပီ။"

"ဘာလိုလိုနဲ႕ႏွစ္ဝက္ေတာင္ေရာက္ၿပီပဲ။"

"အင္း.... ဒီႏွစ္ကနည္းနည္းေၾကာင္ေတာင္ေတာင္နိုင္သလိုပဲ။ အရင္ႏွစ္ေတြနဲ႕မတူဘူး။"

"မင္းကဘာေတြေတြးေနတာတုန္း။"

သူမ်ားကိုသာေမးခြန္းထုတ္လိုက္မိတာ.. ကိုယ္တိုင္ကလည္း ထူးျခားတဲ့ႏွစ္လို႔သတ္မွတ္ထားမိသည္ေလ။

"ဒီလိုပါပဲ...။"

"အမ္.... ငါ့ကိုေသခ်ာေျပာျပပါဦး။ က်န္းအိမ္ေတာ္ဇာတ္ေၾကာင္းေလး။"

ေရွာင္ဟြားကေမးေတာ့ အတိအက်ျပန္ျမင္ေယာင္လာမိသည့္ထိုတစ္ေန႕တာကာလေလးထဲတြင္ အစ္ကိုေလးေရခ်ိဳးခန္းထဲကထြက္လာသည့္အခိုက္အတန့္သည္မပါမျဖစ္ပင္။ ကိုယ့္ဘာသာျမင္ေယာင္ရင္း ျပန္ရွက္လာရသည္မို႔ကမန္းကတန္းအျငင္းစကားဆိုရသည့္အျဖစ္။

"ဘာ.... ဘာမွေထြေထြထူးထူးမရွိပါဘူးကြာ။ တစ္ညအိပ္ခဲ့႐ုံပါပဲ။ အဲ့အေၾကာင္းမေမးပါနဲ႕ေတာ့.. ေနာက္လဲေရာက္ျဖစ္မွာမွမဟုတ္ေတာ့တာ။ သူနဲ႕လည္းမေတြ႕ျဖစ္ေတာ့ဘူးေလ။"

"ေအးပါ။ မင္းသိဖို႔အေရးႀကီးတယ္။"

က်န္းခ်ီလင္၏ညီအစ္ကိုမ်ားအေၾကာင္းကိုသတိရေသာ္လည္း ဝူရွဲ႕ထုတ္မေျပာျဖစ္။ ေရွာင္ဟြားကသိခ်င္မည္လည္းမဟုတ္သလို သိလွ်င္လည္းဘာမွထူးျခားသြားမည္မဟုတ္တာေၾကာင့္ ဝူရွဲ႕မေျပာျပျဖစ္ခဲ့ျခင္းျဖစ္ေလသည္။

ထိုစဥ္အခန္းထဲ႐ုတ္တရက္ဝင္လာေသာ ေဟးရန္ေၾကာင့္ အနည္းငယ္ပင္လန့္သြားရေသးသည္။

"ေဟးရန္... မင္းကလည္းအသံမေပးဘာမေပးနဲ႕။"

ဝူရွဲ႕ဆီမွခပ္တိုးတိုးအျပစ္တင္သံကို ေဟးရန္ကၿပဳံးၿဖီးကာခံယူသည္။

"အဟဲ... ငါ့အမွားပါ။ ေလာသြားလို႔။"

"မင္းဘယ္သြားတာလဲ။"

"ေရွာင္ဟြား... အယ္... မင္းတို႔စားဖို႔မုန့္သြားဝယ္တာ။"

"အဟမ္း... အလိုက္ေတြဘာေတြသိလို႔ပါလား။"

"အယ္... မၾကာခင္ပဲေမွာင္ေတာ့မယ္။ အစာလြန္ကုန္မွာစိုးလို႔ပါကြာ။"

ေျပာရင္းသူဝယ္လာသည့္ႂကြပ္ႂကြပ္အိတ္ထုပ္မ်ားကို စားပြဲေပၚအသာတင္လိုက္သည္။

"ေဟးရန္... မင္းျပန္ခ်င္ျပန္လို႔ရၿပီ။ ငါကရတယ္။"

ေဟးရန္ေရာက္လာၿပီး ေရွာင္ဟြားပထမဆုံးဝင္ေျပာသည့္စကားက အားနာဟန္ရွိေနေလသည္။

"မင္းကလည္း ဘာလို႔အတင္းႏွင္ထုတ္ေနတာတုန္း။"

"ေအ့ေလ...။ ငါေနလို႔ရပါေသးတယ္။"

"ငါက.. သူအခက္ေတြ႕ေနမွာစိုးလို႔ေျပာတာ..။ သေဘာပဲ။"

ဝူရွဲ႕တို႔ႏွင့္မ်က္ႏွာခ်င္းဆိုင္ဘက္တြင္ဝင္ထိုင္လိုက္ရင္း ေဟးရန္ကဝူရွဲ႕ကိုၾကည့္လာေလသည္။ ဝူရွဲ႕ကလည္း ဘာလဲဆိုတဲ့သေဘာနဲ႕မ်က္ခုံးပင့္ျပေလေတာ့.. ေဟးရန္မွာေခ်ာင္းဟန့္ရင္းေရွာင္ဟြားကိုမ်က္စပစ္ျပလာသည္။

ဖုန္းဆက္ေတာ့က်မကိုင္ဘူး... အခုမွလာသိခ်င္ေနတယ္။ ဒီေခြးေကာင္ကေတာ့...

မေက်မနပ္ပင္စိတ္ထဲက်ိန္ဆဲလိုက္မိေသာ္လည္း အျပင္မွာေတာ့ထုတ္ေျပာခြင့္မရွိေသးေပ။ ေဟးရန္ႏွင့္အေပးအယူကိစၥ ေရွာင္ဟြားသိလွ်င္ဝူရွဲ႕ဘဝမေတြးရဲစရာပင္။ မ်က္ေမွာင္ၾကဳတ္ရင္းေခါင္းအသာခါျပသည္ကို ေဟးရန္ကသေဘာမေပါက္ခ်င္ေသးတာေၾကာင့္ ေရွာင္ဟြားမျမင္ေအာင္အေနာက္သို႔ဆုတ္ကာ ေျခဟန္လက္ဟန္ျဖင့္ေျပာျပေနစဥ္...

"မင္းတို႔ႏွစ္ေကာင္...။ ဘာျဖစ္ေနၾကတာတုန္း??။ ေျပာစရာရွိရင္လည္း အျပင္ထြက္ေျပာၾက။"

ေရွာင္ဟြား၏ခပ္မာမာသတိေပးသံေၾကာင့္ အလန့္တၾကားျဖစ္သြားရသည္ေလ။

"အာဟား... အဲ့ေကာင္နဲ႕ငါကဘာေျပာစရာရွိမွာလဲ။"

"ေအးေလဟုတ္တယ္။"

"ဘာကိုဟုတ္ေနတာလဲ..ေဟးရန္။ မင္းပဲအၿငိမ္မေနနိုင္ဘူး။"

ေရွာင္ဟြားဆိုသည္မွာလည္း ေဟးရန္ႏွင့္ဘယ္သူယွဥ္ယွဥ္ ေဟးရန္ကိုသာအျပစ္ျမင္နိုင္သူႀကီး။

"ေအး..ေအးပါ။ ငါမွားတာပါ။ ဒီလိုဆိုမွမင္းအဘြားနဲ႕ ဒါပထမဆုံးဆုံဖူးတာပဲ...။"

"ေအးေလ။ မင္းမွေရွာင္ဟြားအိမ္လာမလည္ဖူးတာ။"

"ငါကလာခ်င္ရင္ေတာင္ သူကခြင့္ျပဳမယ့္ပုံမေပၚဘူး။"

"အင္း.. မင္းမွန္တယ္။ ခြင့္မျပဳဘူး... ။"

"ဟားဟား... သနားစရာ။ ငါဆိုအခ်ိန္မေ႐ြးတံခါးမရွိဓားမရွိပဲ... ။ ေနာ္.. ေရွာင္ဟြား။"

"မင္းကိုေတာ့ငါမနိုင္တာပါ။"

"ဒါနဲ႕မင္းတို႔ဘာလုပ္ဖို႔ေတြ႕ၾကတာလဲ။"

"ငါမသိပါဘူး။ သူေခၚတာငါ့ကို။"

"အစကေတာ့ေျပာစရာရွိလို႔ပါပဲ။ အခုေတာ့ေမ့သြားၿပီမလို႔... ေနာက္ႀကဳံမွပဲေျပာပါေတာ့မယ္။"

"အမ္... ထူးဆန္းလိုက္တာေဟးရန္ရာ။ ကိုယ္ေျပာမယ့္ကိစၥကိုေမ့ရတယ္လို႔ကြာ။"

"မင္းသေဘာပဲ။"

ထိုညကေရွာင္ဟြား၊ဝူရွဲ႕တို႔ႏွင့္အတူ ေဟးရန္လည္းေဆး႐ုံေစာင့္ေပးခဲ့ေလသည္။ တျဖည္းျဖည္းေမွာင္လာသည္ႏွင့္ ေရွာင္ဟြားမွာခပ္ျပင္းျပင္းေမာင္းထုတ္ေနေသာ္လည္း ေဟးရန္ ကိုယ္တိုင္ကအေရထူစြာၿပဳံးၿပဳံးႏွင့္ေနရာကမေ႐ြ႕ခဲ့ေပ။ ဝူရွဲ႕ကေတာ့အေဖာ္ရသည္ဟုဆိုကာ ကူဆြဲထားလိုက္ပါေသးသည္။

ဤသို႔ျဖင့္ေဆး႐ုံမွာတည္းက ႏွင္မရခဲ့ေသာေဟးရန္က်င္းတစ္ေယာက္ ေရွာင္ဟြားတို႔အိမ္ျပန္ေရာက္သည္အထိကပ္ပါလာေလေတာ့သည္။ ဒီတစ္ခါဘယ္သူ႕ေၾကာင့္လဲေမးရင္ အဘြားအျပင္လက္ညွိုးထိုးစရာမရွိေပ။ အဘြားကိုယ္တိုင္က လိုက္ေစခ်င္ေန၍ ေရွာင္ဟြားခမ်ာ ၿပဳံး႐ုံသာၿပဳံးနိုင္ေတာ့ေပမယ့္ ဝူရွဲ႕ႏွင့္ေဟးရန္တို႔ကေတာ့ လက္ဝါးခ်င္းရိုက္ကာေပ်ာ္႐ႊင္ေနၾကသည္ေလ။

အေျခအေနကအရမ္းမဆိုးဝါးတာေၾကာင့္ ယခုမနက္ကိုအိမ္ျပန္လာခြင့္ရခဲ့ျခင္းျဖစ္သည္။ ဘယ္လိုျဖစ္ျဖစ္ေရွာင္ဟြားကခ်က္ခ်င္းအလိုရွိလွ်င္ အိမ္သို႔ဆရာဝန္ပင့္ေဆာင္နိုင္သလို ေဆး႐ုံတက္ခ်င္လွ်င္လဲ ႏွောင့္ႏွေးျခင္းရွိနိုင္မည္မဟုတ္တာေၾကာင့္ အိမ္ျပန္ခ်င္ေနေသာအဘြားကိုအလိုလိုက္မိခဲ့ေလသည္။

သို႔ေသာ္ ထိုသို႔အလိုလိုက္မိရာကေန ေဟးရန္က်င္းကို မိမိေနထိုင္ရာအိမ္သို႔ေခၚေဆာင္သြားရသည္အထိျဖစ္လာလိမ့္မည္ဟု ေရွာင္ဟြားထင္မထားခဲ့။

"ဘာလို႔လိုက္လာတာတုန္း။"

ျပန္ေရာက္သည္ႏွင့္ အဘြားစားရန္ျပင္ဆင္ထားခ်င္၍မီးဖိုေခ်ာင္ဝင္ေနေလရာ ေဟးရန္ကအေနာက္သို႔လိုက္လာသည္ေလ။

"အဘြားလိုက္ခိုင္းလို႔ဟ။"

ဝူရွဲ႕ကလည္း ဖုန္းလာလို႔ဖုန္းသြားေျပာေနေလရာ ဧည့္ခန္းတြင္တစ္ေယာက္တည္း အထီးက်န္ေနေသာကြၽန္ေတာ့္ကို ေရွာင္ဟြားအဘြားက ၾကင္ၾကင္နာနာပင္ ေရွာင္ဟြားနားကိုအေရာက္ပို႔လိုက္သည္။ အဘြားသည္ထူးထူးျခားျခားပင္ ကြၽန္ေတာ့္ကိုခင္တြယ္ဟန္ရွိေလသည္။ ေခါင္းမာတတ္ေသာအက်င့္ေလးမွာ ေရွာင္ဟြားႏွင့္တထပ္ရာတည္းမို႔ ေဟးရန္နားလည္လြယ္ပါသည္။ လူမႈဆက္ဆံေရးအားေကာင္းေသာေဟးရန္ကို အဘြားကတစ္မနက္တည္းႏွင့္ ရင္းႏွီးသြားသည္ဆိုလွ်င္လဲဒါကပုံမွန္ျဖစ္စဥ္ပဲမဟုတ္လား။

"သြားထိုင္ေန...။"

"မင္းငါ့ကိုထမင္းေကြၽးမွာလား။"

"မေကြၽးဘူး။ ခဏေနျပန္ေတာ့။"

"ရပါတယ္..မင္းမေကြၽးလဲ ငါ့ဘာငါ ျပင္စားမွာေပါ့။"

"မင္းကိုဘယ္သူကမီးဖိုေခ်ာင္ငွားမယ္ေျပာလို႔တုန္း။"

"မင္းအဘြားကေတာ့ ငါဘာလုပ္လုပ္ရတယ္ေျပာတယ္။"

"ငါကမရဘူးဆိုရင္ေရာ...။"

ကိုင္ထားတဲ့ဓားမကိုျမႇောက္ျပလာေလေတာ့ ေဟးရန္လဲဆက္မစရဲေတာ့ေပ။ ေရွာင္ဟြားဆိုသည္မွာလည္း ေဟးရန္နဲ႕ဆိုစိတ္ႀကီးတတ္ေလေတာ့..။

သြားၿဖီးျပ႐ုံအျပင္ ထပ္စကားမဆိုရဲေတာ့တာေၾကာင့္ နံရံကိုအသာမွီရင္းလက္ပိုက္ကာ ေရွာင္ဟြားလုပ္သမွ်လိုက္ၾကည့္ေနမိသည္။ ျပန္ေရာက္သည္ႏွင့္ နားဖို႔မလုပ္ဘဲ မီးဖိုေခ်ာင္ထဲအလုပ္မ်ားေနေသာသူ႕ပုံေလးမွာ ေအးခ်မ္းမႈတို႔ကိန္းဝပ္ေနသည္။ ယခုလိုေရွာင္ဟြားအနား တိတ္တဆိတ္ရပ္ေနမိတိုင္း သူ႕ဆီကျဖာထြက္လာတတ္ေသာ ႏူးညံ့ညင္သာျခင္းတို႔၏အရွိန္အဝါသည္ ေဟးရန္ကိုလာဟပ္ေနၿမဲပင္။

ႏွစ္သက္ပါသည္။
သေဘာက်ပါသည္။
အေသးစိတ္စြာအႏုပညာဆန္ေနေသာ သူ႕ေရွ႕ကပန္းပု႐ုပ္ထုေလးကို ေဟးရန္နက္ရွိုင္းစြာ ျမတ္နိုးေနမိတာေသခ်ာေနပါၿပီ။

ထိုသို႔ျဖင့္...

အိမ္ေလး၏မီးဖိုေခ်ာင္ခန္းေလးအတြင္းတြင္ ေကာင္ေလးႏွစ္ေယာက္မွာ သူ႕အေၾကာင္းႏွင့္သူတိတ္ဆိတ္ေနၾကပါေသာ္လည္း...

အိမ္အျပင္ဘက္ၿခံထဲတြင္ေတာ့...

"ဘာ... မင္းအခ်ိန္ပိုင္းအလုပ္ကိစၥကို ငါကဘာလို႔အေဖာ္လိုက္ေပးရမွာလဲ... ဝမ္ဖန့္က်စ္!။"

ဝူရွဲ႕တစ္ေယာက္အႀကီးအက်ယ္ဆူညံစြာပင္ ျငင္းဆိုေရးျပဳလုပ္ေနရသည္ေလ။

*** *** ***
To be continued.. 🖤🖤

Thank you all.💙💙

Comment