(Ch-15) /U+Z/

"ကျစ်.. ဟေးရန်တစ်ယောက်ကတော့ ဖုန်းလဲမကိုင်ဘူး။"

ငါးခါမြောက်ဖုန်းခေါ်ဆိုမှုအပြီးမှာ ဝူရှဲ့စုတ်သပ်ရင်းဖုန်းကိုစားပွဲပေါ်ပစ်ချမိသည်။ ရှောင်ဟွားအကြောင်းသတင်းပေးရန် ဘေကုန်ခံခေါ်နေရသောမိမိကို ဟေးရန်မှာဖုန်းမဖြေခြင်းဖြင့်ကျေးဇူးဆပ်နေသောကြောင့် ဒေါသကထွက်ချင်နေလေပြီ။

ရေမခြောက်သေးသောကြောင့် စိုစွတ်နေသောဆံပင်များကိုသာ တဘက်ဖြင့်ဖိသုတ်နေလိုက်တော့သည်။ ပြီးပြီးရောအမြန်လုပ်နေလေရာ အိမ်နေရင်းဘောင်းဘီတိုဝတ်ထားသော ဝူရှဲ့၏ပေါင်တံဖြူဖြူများပေါ်သို့ ရေစက်များကခုန်ပေါက်လွင့်စင်နေသလို ဖုန်းမျက်နှာပြင်ပေါ်နှင့်စားပွဲပေါ်ရှိအနက်ရောင်စာအုပ်လေးပေါ်တွင်လဲထိုနည်းလည်းကောင်းပင်။

ဝူရှဲ့အိမ်ပြန်ရောက်တာသုံးရက်လောက်ကြာလေပြီ။ အကျင့်မကောင်းသောဟေးရန်မှာ သူ့အားကျန်းအိမ်တော်တွင်တစ်ညအိပ်စေခဲ့သော်လည်း နောက်နေ့မနက်တွင်တော့စောစီးစွာပင်ဖုန်းဆက်လာခဲ့သည်လေ။ နေ့လယ်ထမင်းစားချိန်အမှီပင် အိမ်သို့အရောက်ပို့ပေးခဲ့ပြီး 'သွားပြီ' တစ်ခွန်းအပြင်အပိုစကားမဆိုဘဲ သူ့စီးတော်ယာဥ်အားအရှိန်တင်ကာထွက်သွားသည့်နေ့ကတည်းက ဝူရှဲ့တို့ထပ်မဆုံဖြစ်ကြသေးပေ။

လိုက်ပို့ပေးသောသူငယ်ချင်းကို အိမ်ထဲခေါ်မလာ၍ အမေဆူတာပင်ခံလိုက်ရသေးသည်။ ဟေးရန်ကိုကြည့်ရသည်မှာ တိတ်ဆိတ်ကာအတွေးများနေပုံကြောင့် ဝူရှဲ့လဲအပြန်လမ်းတွင်စကားမများဖြစ်ဘဲ အိမ်ထဲဝင်ထိုင်ပါဦးဟုလဲမခေါ်ဖြစ်ခဲ့ခြင်း။ ရှောင်ဟွားကိုမေးမြန်းပြီးနောက်နေ့မှသာ ဖုန်းဆက်ပြောလိုက်မည်ဟုကြံရွယ်ထားသော်လည်း ယခုသူကဖုန်းပင်မကိုင်။

ခေါင်းလျှော်ခြင်းအမှုကိုပြုလေတော့ သူ့ခေါင်းလျှော်ရည်နံ့မွှေးလားဟူ၍ မဆီမဆိုင်စွာမေးခွန်းထုတ်ခဲ့ပါသော အစ်ကိုလေးကိုသတိတရဖြစ်မိသည်။ ကားဖြင့်လိုက်ပို့မည်ကိုငြင်းလိုက်တာကြောင့် စိတ်ဆိုးသယောင်ဖြစ်သွားသောကိုယ်တော်သည် မနက်စောစောတွင်လဲထပ်မံအတည်ပြုရန်ဝူရှဲ့ကိုနောက်တစ်ခေါက်မေးခဲ့ပါသေးသည်။

တစ်နေ့လုံးနီးပါးတည်းခိုခွင့်ပေးတာတင် အားနာစရာကောင်းနေသည်ကြောင့် ဝူရှဲ့တစ်ယောက်ဒီတစ်ခါတော့ခွင့်မပြုပေးခဲ့မိ။ အစ်ကိုလေးကိုခင်ပါတယ်.. ကျွန်တော်တို့ကသူစိမ်းတွေမဟုတ်ပါဘူး.. လို့သာ ကျေနပ်အောင်ပြောခဲ့ပြီးနှုတ်ဆက်ခဲ့လိုက်သည်။ မျောက်ပေါက်ရှောင်စန်းကတော့ အိပ်ချင်မူးတူးဖြင့်ထလာကာ နောက်မှပြန်တွေ့မည်ဟုအသေအချာလာပြောသွားသေးသည်။

မြို့ပင်ခြားနေသည်ကို အဘယ်ကြောင့်ထိုကောင်လေးက အတိအကျဆိုနိုင်သည်လဲဝူရှဲ့တွေးတောမနေတော့ဘဲ ပြုံးပြကာနှုတ်ဆိတ်နေလိုက်မိသည်။ လန်ကောကတော့ အချိန်မရွေးလာလည်နိုင်ကြောင်း သုံးခါထက်မနည်းပြောရင်းဝူရှဲ့ကိုပြန်လွှတ်ရမည်ကို ဝမ်းနည်းနေသည့်ပုံပင်။

ကျန်းအိမ်တော်ဆီရောက်ခဲ့သည်မှာ မထင်မှတ်ထားသည့်အဖြစ်အပျက်တစ်ခုလိုပင်။ ပိုင်ရှင်ကအပိုင်ပေးမည့်စာအုပ်ကို သွားပေးပါသောကျွန်တော်သည် အကြောင်းအရင်းရေရေရာရာမရှိပါဘဲ ကျန်းအိမ်တော်ကိုသွားလည်မိခဲ့သည်မဟုတ်ပါလား။ ဘယ်လိုပဲဖြစ်ဖြစ် များမကြာမီအချိန်အတွင်း ကျောင်းပိတ်ရက်ကာလတွေ အဆုံးသတ်တော့မှာဖြစ်တာကြောင့် အစ်ကိုလေးနှင့်အိမ်တော်အကြောင်းကိုမေ့ဖျောက်ထားရန်သာဝူရှဲ့ဆုံးဖြတ်လိုက်မိသည်။

--- ---

ပထမဆုံးခေါ်လာသည့်နေ့ကအတိုင်း ဆိုင်ခန်း၏ထောင့်ကျကျစားပွဲဝိုင်းလေးတွင် အခန့်သားထိုင်နေသောရှောင်ဟွားသည် ဖြူလွှလွှဆွယ်တာအပါးလေးနှင့်ရိုးရှင်းစွာငေးမောဖွယ်ကောင်းနေပြန်ပါပြီ။ ခပ်ဖွာဖွာဖြစ်နေသောဆံပင်နက်နက်များသည် ဂျယ်မသုံးထားသောကြောင့် နှဖူးပြင်ပေါ်သို့အချုပ်အနှောင်မဲ့စွာ ဝေ့ဝိုက်ကျနေသည်မှာချစ်စရာကောင်းသည့်အတိုင်းတာကိုကျော်လွန်နေလေပြီ။ တော်ဝင်မင်းသားလေးတစ်ပါးနှင့်တွေ့ဆုံရန် ချိန်းဆိုမှုပြုမိသည်လားဟူ၍ ဟေးရန်တစ်ယောက်မတွေးဘဲမနေနိုင်။

"ရှောင်ဟွား.."

သူ့နာမည်ခေါ်သံကြားတော့ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးကာ ကျွန်တော်အားလှည့်ကြည့်လာပါတော့သည်။ အရေးတကြီးပြောစရာရှိလို့ပါဟူ၍ အနူးအညွှတ်တောင်းဆိုမှုအပြီးမှာတော့ ဟိုတစ်ခါရေခဲမုန့်ဆိုင်လေးတွင်တွေ့ရန်ချိန်းနိုင်လိုက်ခဲ့သည်။ စတင်ချိန်းဆိုသူကျွန်တော်မျိုးက နောက်ကျနေသည့်အတွက် ရှောင်ဟွားစိတ်တိုနေမည်ကိုလမ်းမှာထဲကကြိုတွက်ထားပြီးဖြစ်သော်လည်း ယခုကိုယ်တွေ့ကြုံရတော့လွယ်ကူမနေပါ။

"ဟင်း.. ဟေးရန်မင်းနောက်ကျတယ်။"

"ဆောရီးပါကွာ..။ လာခါနီးမှ ဆိုင်ကယ်လေလျော့နေလို့..။"

အမှန်ကတွေဝေနေခဲ့ခြင်း။ ဂျွန်ပေးသည့်အကြံအတိုင်းလုပ်ဆောင်ရန် စိတ်အေးအေးဖြင့်တွေးတောအဖြေထုတ်ခဲ့သည်မှာသုံးရက်တာ။ ဒီနေ့တော့တုံ့ဆိုင်းခြင်းတွေမောင်းထုတ်ပစ်လိုက်ပြီး ရှောင်ဟွားဆီဖုန်းဆက်ကာတွေ့ရန်ချိန်းမိသည်။ လက်ခံမည့်ရာခိုင်နှုန်းမှာနည်းလှသော်လည်း ရှောင်ဟွားတစ်ယောက်ငြင်းဆိုခြင်းမရှိတာကြောင့် အပျော်လွန်ပြီးဖုန်းပင်မေ့ကျန်ခဲ့ပါသေးသည်။

"ဘာပြောမလို့လဲ.. မြန်မြန်ပြော။"

"ဘာလို့လဲ.. မင်းသွားစရာရှိသေးလို့လား။"

ပြောဖို့တောင်အားယူရမှာကို.. မြန်မြန်ပြောတဲ့လား။

"မရှိပါဘူး။ ဒီလိုပဲ။"

"အင်း....။"

"အရေးတကြီးပြောစရာရှိတာ ဝူရှဲ့အကြောင်းများလား။"

"အမ်... ဘယ်ကသာ သူ့အကြောင်းဖြစ်ရမှာတုန်း။"

"မသိဘူးလေ။ မင်းတို့ကခရီးတွေဘာတွေတောင်တူတူသွားကြတာဆိုတော့...။"

မထင်မှတ်ထားသည့်ဂျစ်ကန်ကန်စကားတို့ကြောင့် ဟေးရန်ကျင်းတစ်ယောက်ကြောင်အသွားရလေသည်။

နေပါဦး.. ဝူရှဲ့နဲ့သွားတဲ့ကိစ္စသူဘယ်လိုသိတာတုန်း။ ဟိုကောင်ပြောလိုက်တာများလား။

"ခရီးသွားတာမဟုတ်ပါဘူးကွာ..။ သူ့ကျန်းချီလင်ဆီလိုက်ပို့ပေးတာပါ။"

"သြော်... လိုက်ပို့ပေးတာလား..။"

"မင်းဘယ်လိုသိတာလဲ။ ဝူရှဲ့ပြောပြတာလား။"

"သူမပြောပြလဲငါကသိပြီးသား။"

"ဘာလဲ.. မင်းကအကြားအမြင်တွေရနေတာလား။"

"အကြားအမြင်တော့မဟုတ်ဘူး။ အချိန်ကိုက်သွားတာ..။"

"ဘယ်လို..။"

"ငါ့ဘာငါဝရံတာထွက်ကြည့်တာ.. မထင်မှတ်ဘဲ ဆိုင်ကယ်ပေါ်ကအတွဲနဲ့တိုးရတယ်လို့..။"

"ဟားဟားဟား.... မင်းကတော့လေ။"

"ဘာရယ်နေတာလဲ။"

"ရယ်ချင်စရာကောင်းနေတာကိုး။ ဝူရှဲ့သာကြားရင်အူတက်သေမှာ။"

"ဝူရှဲ့ကိုဆွဲထည့်မနေနဲ့။ မင်းကိုကမဟုတ်တာ။"

"မင်းကရောကောင်မလေးနဲ့သာယာနေပြီးတော့..။"

"ဘယ်မှာလဲ..ကောင်မလေး။"

"ငါဘယ်သိမလဲ။ မင်းပဲသိမှာပေါ့။"

"ပေါက်ကရတွေလာပြောမနေနဲ့.. ဟေးရန်ကျင်း။"

"ဘာလဲ.. မင်းကလူပျိုကြီးလုပ်မလို့လား။ ရည်းစားမထားတော့ဘူးလား။"

"အလုပ်ရှုပ်တယ်..။ အချိန်မရှိဘူး အဲ့အတွက်။"

"အချိန်မရှိတာလား။ လာကြိုက်တဲ့သူမရှိတာလား..ဟက်ဟက်...။"

"မင်းပါးစပ်ပိတ်ထား..။ ငါတွဲချင်ရင်တွဲလို့ရတယ်.. မိန်းကလေးတွေမှဝိုင်းဝိုင်းလည်လို့။"

"ခွီး... အေးပါကွာ။"

"မင်း...။ ငါ့ကိုစိတ်တိုအောင်ပဲလုပ်တတ်တာလား.. ခွေးကောင်!"

"အေးပါ။ ငါမရယ်တော့ပါဘူး။"

"တွေ့ဖို့ချိန်းတာဒါတွေပြောဖို့လား။ တော်ပြီ ငါပြန်တော့မယ်။"

"အယ်... နေပါဦးဟ။ အတည်ပြောစရာရှိပါတယ်။"

"ပြော.."

"အဲ့ဒါက... "

"......"

"ငါ... "

မဝံ့မရဲဖြင့်စကားကိုတွန့်ဆုတ်တွန့်ဆုတ်လုပ်နေသောဟေးရန်ကြောင့် ရှောင်ဟွားမှာစိတ်မရှည်တော့၍ မြန်မြန်ပြောရန်ထအော်ခါနီး ဖုန်းဝင်လာတာကြောင့်စိတ်လျော့လိုက်ရသည်။

"ဟယ်လို.. ဝူရှဲ့ ။"

.......

"ဟမ်... ဘယ်လိုဖြစ်တာလဲ..။"

.......

"အင်း..ငါအခုလာခဲ့မယ်။"

စိတ်ကိုတည်ငြိမ်အောင်ထားကာ နောက်ဆုံးထုတ်ပြောတော့မည့်အချိန်ကြမှ ဖုန်းကဝင်လာ၍ဟေးရန်မှာFeelပျက်သွားရသည်။ ဝူရှဲ့ဆက်လာသည်ကိုသိရတော့ ပို၍ပင်ဒေါသထွက်ချင်သွားပေမယ့် ဖုန်းပြောနေရင်းရှောင်ဟွား၏မျက်နှာအမူအရာကြောင့် စိတ်ပူခြင်းသာကြီးစိုးနိုင်တော့သည်လေ။

"ဘာဖြစ်တာလဲ...ရှောင်ဟွား။"

"...အဘွား.. မူးလဲလို့တဲ့..ဆေးရုံတင်ထားရတယ် ။ ငါ.. သွားတော့မယ်။"

"နေဦး..။ ငါလိုက်ပို့ပေးမယ်။"

ကြားလိုက်ရသည့်သတင်းကြောင့် အဘွားဖြစ်သူကိုစိတ်ပူရမည်မှန်သော်လည်း ဟေးရန်မှာစိုးရိမ်ထိတ်လန့်နေသည့်ရှောင်ဟွားကိုသာ ပြန်စိုးရိမ်နေမိလေသည်။ ပါလာသည့်ဆိုင်ကယ်ဖြင့် ဆေးရုံသို့သာဦးတည်လျက်။ သတိမထားမိချင်ပါသော်လည်း ခပ်ဖွဖွထိကိုင်လာသောရှောင်ဟွား၏လက်အစုံတို့သည် နဂိုထက်ပို၍အေးစက်နေသည်မှာအမှန်။

မျက်နှာတည့်တည့်သို့ သူ့ထက်ငါအပြိုင်တိုးဝှေ့နေကြသောလေပြင်းများသည် ဟေးရန်၏အမြန်နှုန်းကိုမပိတ်ပင်နိုင်ကြသလို...

ရှောင်ဟွား၏ပူလောင်နေသောရင်အစုံကိုလည်း ငြိမ်းအေးစေရန်မတတ်နိုင်ခဲ့ကြပေ။

ဘာမှဆိုးဆိုးဝါးဝါးမဖြစ်စေရန် ကြိတ်ဆုတောင်းပေးမိနေသောကောင်လေးနှင့် စိတ်ပူလွန်ကာတုန်လှုပ်နေမိသောကောင်လေးတို့သည် တရိပ်ရိပ်ကျန်နေခဲ့ပါသောကားများဆိုင်ကယ်များနှင့်ကတ္တရာလမ်းမကြီးတလျှောက် ခပ်မြန်မြန်ဖြတ်ပြေးနေသောဆိုင်ကယ်လေးတစ်စီးပေါ်တွင် နှစ်ဦးသားနီးကပ်တိတ်ဆိတ်လျက်။

ပုစွန်ဆီရောင်သန်းနေသောကောင်းကင်ကိုနောက်ခံထားကာ စက်ဝိုင်းခြမ်းပုံဝင်လက်စနေမင်းကြီးကတော့ ယင်းကောင်လေးနှစ်ယောက်ကို တိတ်တဆိတ်ပဲငုံ့ကြည့်နေခဲ့လေသည်။ လျှို့ဝှက်ထားသောသဘောထားများနှင့် ဖော်ထုတ်ရန်ကြိုးစားနေသောဆန္ဒများအား သူကနားလည်နှင့်ပြီးသားဖြစ်သည်မို့။

*** *** ***
To be continued.. 🖤🖤

Thank you all💙💙.
.
.
.
.
.
.
.
.
.
.
.(Zawgyi)

"က်စ္.. ေဟးရန္တစ္ေယာက္ကေတာ့ ဖုန္းလဲမကိုင္ဘူး။"

ငါးခါေျမာက္ဖုန္းေခၚဆိုမႈအၿပီးမွာ ဝူရွဲ႕စုတ္သပ္ရင္းဖုန္းကိုစားပြဲေပၚပစ္ခ်မိသည္။ ေရွာင္ဟြားအေၾကာင္းသတင္းေပးရန္ ေဘကုန္ခံေခၚေနရေသာမိမိကို ေဟးရန္မွာဖုန္းမေျဖျခင္းျဖင့္ေက်းဇူးဆပ္ေနေသာေၾကာင့္ ေဒါသကထြက္ခ်င္ေနေလၿပီ။

ေရမေျခာက္ေသးေသာေၾကာင့္ စိုစြတ္ေနေသာဆံပင္မ်ားကိုသာ တဘက္ျဖင့္ဖိသုတ္ေနလိုက္ေတာ့သည္။ ၿပီးၿပီးေရာအျမန္လုပ္ေနေလရာ အိမ္ေနရင္းေဘာင္းဘီတိုဝတ္ထားေသာ ဝူရွဲ႕၏ေပါင္တံျဖဴျဖဴမ်ားေပၚသို႔ ေရစက္မ်ားကခုန္ေပါက္လြင့္စင္ေနသလို ဖုန္းမ်က္ႏွာျပင္ေပၚႏွင့္စားပြဲေပၚရွိအနက္ေရာင္စာအုပ္ေလးေပၚတြင္လဲထိုနည္းလည္းေကာင္းပင္။

ဝူရွဲ႕အိမ္ျပန္ေရာက္တာသုံးရက္ေလာက္ၾကာေလၿပီ။ အက်င့္မေကာင္းေသာေဟးရန္မွာ သူ႕အားက်န္းအိမ္ေတာ္တြင္တစ္ညအိပ္ေစခဲ့ေသာ္လည္း ေနာက္ေန႕မနက္တြင္ေတာ့ေစာစီးစြာပင္ဖုန္းဆက္လာခဲ့သည္ေလ။ ေန႕လယ္ထမင္းစားခ်ိန္အမွီပင္ အိမ္သို႔အေရာက္ပို႔ေပးခဲ့ၿပီး 'သြားၿပီ' တစ္ခြန္းအျပင္အပိုစကားမဆိုဘဲ သူ႕စီးေတာ္ယာဥ္အားအရွိန္တင္ကာထြက္သြားသည့္ေန႕ကတည္းက ဝူရွဲ႕တို႔ထပ္မဆုံျဖစ္ၾကေသးေပ။

လိုက္ပို႔ေပးေသာသူငယ္ခ်င္းကို အိမ္ထဲေခၚမလာ၍ အေမဆူတာပင္ခံလိုက္ရေသးသည္။ ေဟးရန္ကိုၾကည့္ရသည္မွာ တိတ္ဆိတ္ကာအေတြးမ်ားေနပုံေၾကာင့္ ဝူရွဲ႕လဲအျပန္လမ္းတြင္စကားမမ်ားျဖစ္ဘဲ အိမ္ထဲဝင္ထိုင္ပါဦးဟုလဲမေခၚျဖစ္ခဲ့ျခင္း။ ေရွာင္ဟြားကိုေမးျမန္းၿပီးေနာက္ေန႕မွသာ ဖုန္းဆက္ေျပာလိုက္မည္ဟုႀကံ႐ြယ္ထားေသာ္လည္း ယခုသူကဖုန္းပင္မကိုင္။

ေခါင္းေလွ်ာ္ျခင္းအမႈကိုျပဳေလေတာ့ သူ႕ေခါင္းေလွ်ာ္ရည္နံ႕ေမႊးလားဟူ၍ မဆီမဆိုင္စြာေမးခြန္းထုတ္ခဲ့ပါေသာ အစ္ကိုေလးကိုသတိတရျဖစ္မိသည္။ ကားျဖင့္လိုက္ပို႔မည္ကိုျငင္းလိုက္တာေၾကာင့္ စိတ္ဆိုးသေယာင္ျဖစ္သြားေသာကိုယ္ေတာ္သည္ မနက္ေစာေစာတြင္လဲထပ္မံအတည္ျပဳရန္ဝူရွဲ႕ကိုေနာက္တစ္ေခါက္ေမးခဲ့ပါေသးသည္။

တစ္ေန႕လုံးနီးပါးတည္းခိုခြင့္ေပးတာတင္ အားနာစရာေကာင္းေနသည္ေၾကာင့္ ဝူရွဲ႕တစ္ေယာက္ဒီတစ္ခါေတာ့ခြင့္မျပဳေပးခဲ့မိ။ အစ္ကိုေလးကိုခင္ပါတယ္.. ကြၽန္ေတာ္တို႔ကသူစိမ္းေတြမဟုတ္ပါဘူး.. လို႔သာ ေက်နပ္ေအာင္ေျပာခဲ့ၿပီးႏႈတ္ဆက္ခဲ့လိုက္သည္။ ေမ်ာက္ေပါက္ေရွာင္စန္းကေတာ့ အိပ္ခ်င္မူးတူးျဖင့္ထလာကာ ေနာက္မွျပန္ေတြ႕မည္ဟုအေသအခ်ာလာေျပာသြားေသးသည္။

ၿမိဳ႕ပင္ျခားေနသည္ကို အဘယ္ေၾကာင့္ထိုေကာင္ေလးက အတိအက်ဆိဳနိုင္သည္လဲဝူရွဲ႕ေတြးေတာမေနေတာ့ဘဲ ၿပဳံးျပကာႏႈတ္ဆိတ္ေနလိုက္မိသည္။ လန္ေကာကေတာ့ အခ်ိန္မေ႐ြးလာလည္နိုင္ေၾကာင္း သုံးခါထက္မနည္းေျပာရင္းဝူရွဲ႕ကိုျပန္လႊတ္ရမည္ကို ဝမ္းနည္းေနသည့္ပုံပင္။

က်န္းအိမ္ေတာ္ဆီေရာက္ခဲ့သည္မွာ မထင္မွတ္ထားသည့္အျဖစ္အပ်က္တစ္ခုလိုပင္။ ပိုင္ရွင္ကအပိုင္ေပးမည့္စာအုပ္ကို သြားေပးပါေသာကြၽန္ေတာ္သည္ အေၾကာင္းအရင္းေရေရရာရာမရွိပါဘဲ က်န္းအိမ္ေတာ္ကိုသြားလည္မိခဲ့သည္မဟုတ္ပါလား။ ဘယ္လိုပဲျဖစ္ျဖစ္ မ်ားမၾကာမီအခ်ိန္အတြင္း ေက်ာင္းပိတ္ရက္ကာလေတြ အဆုံးသတ္ေတာ့မွာျဖစ္တာေၾကာင့္ အစ္ကိုေလးႏွင့္အိမ္ေတာ္အေၾကာင္းကိုေမ့ေဖ်ာက္ထားရန္သာဝူရွဲ႕ဆုံးျဖတ္လိုက္မိသည္။

--- ---

ပထမဆုံးေခၚလာသည့္ေန႕ကအတိုင္း ဆိုင္ခန္း၏ေထာင့္က်က်စားပြဲဝိုင္းေလးတြင္ အခန့္သားထိုင္ေနေသာေရွာင္ဟြားသည္ ျဖဴလႊလႊဆြယ္တာအပါးေလးႏွင့္ရိုးရွင္းစြာေငးေမာဖြယ္ေကာင္းေနျပန္ပါၿပီ။ ခပ္ဖြာဖြာျဖစ္ေနေသာဆံပင္နက္နက္မ်ားသည္ ဂ်ယ္မသုံးထားေသာေၾကာင့္ ႏွဖူးျပင္ေပၚသို႔အခ်ဳပ္အႏွောင္မဲ့စြာ ေဝ့ဝိုက္က်ေနသည္မွာခ်စ္စရာေကာင္းသည့္အတိုင္းတာကိုေက်ာ္လြန္ေနေလၿပီ။ ေတာ္ဝင္မင္းသားေလးတစ္ပါးႏွင့္ေတြ႕ဆုံရန္ ခ်ိန္းဆိုမႈျပဳမိသည္လားဟူ၍ ေဟးရန္တစ္ေယာက္မေတြးဘဲမေနနိုင်။

"ေရွာင္ဟြား.."

သူ႕နာမည္ေခၚသံၾကားေတာ့ မ်က္ခုံးႏွစ္ဖက္ကိုတြန့္ခ်ိဳးကာ ကြၽန္ေတာ္အားလွည့္ၾကည့္လာပါေတာ့သည္။ အေရးတႀကီးေျပာစရာရွိလို႔ပါဟူ၍ အႏူးအၫႊတ္ေတာင္းဆိုမႈအၿပီးမွာေတာ့ ဟိုတစ္ခါေရခဲမုန့္ဆိုင္ေလးတြင္ေတြ႕ရန္ခ်ိန္းနိုင္လိုက္ခဲ့သည္။ စတင္ခ်ိန္းဆိုသူကြၽန္ေတာ္မ်ိဳးက ေနာက္က်ေနသည့္အတြက္ ေရွာင္ဟြားစိတ္တိုေနမည္ကိုလမ္းမွာထဲကႀကိဳတြက္ထားၿပီးျဖစ္ေသာ္လည္း ယခုကိုယ္ေတြ႕ႀကဳံရေတာ့လြယ္ကူမေနပါ။

"ဟင္း.. ေဟးရန္မင္းေနာက္က်တယ္။"

"ေဆာရီးပါကြာ..။ လာခါနီးမွ ဆိုင္ကယ္ေလေလ်ာ့ေနလို႔..။"

အမွန္ကေတြေဝေနခဲ့ျခင္း။ ဂြၽန္ေပးသည့္အႀကံအတိုင္းလုပ္ေဆာင္ရန္ စိတ္ေအးေအးျဖင့္ေတြးေတာအေျဖထုတ္ခဲ့သည္မွာသုံးရက္တာ။ ဒီေန႕ေတာ့တုံ႕ဆိုင္းျခင္းေတြေမာင္းထုတ္ပစ္လိုက္ၿပီး ေရွာင္ဟြားဆီဖုန္းဆက္ကာေတြ႕ရန္ခ်ိန္းမိသည္။ လက္ခံမည့္ရာခိုင္ႏႈန္းမွာနည္းလွေသာ္လည္း ေရွာင္ဟြားတစ္ေယာက္ျငင္းဆိုျခင္းမရွိတာေၾကာင့္ အေပ်ာ္လြန္ၿပီးဖုန္းပင္ေမ့က်န္ခဲ့ပါေသးသည္။

"ဘာေျပာမလို႔လဲ.. ျမန္ျမန္ေျပာ။"

"ဘာလို႔လဲ.. မင္းသြားစရာရွိေသးလို႔လား။"

ေျပာဖို႔ေတာင္အားယူရမွာကို.. ျမန္ျမန္ေျပာတဲ့လား။

"မရွိပါဘူး။ ဒီလိုပဲ။"

"အင္း....။"

"အေရးတႀကီးေျပာစရာရွိတာ ဝူရွဲ႕အေၾကာင္းမ်ားလား။"

"အမ္... ဘယ္ကသာ သူ႕အေၾကာင္းျဖစ္ရမွာတုန္း။"

"မသိဘူးေလ။ မင္းတို႔ကခရီးေတြဘာေတြေတာင္တူတူသြားၾကတာဆိုေတာ့...။"

မထင္မွတ္ထားသည့္ဂ်စ္ကန္ကန္စကားတို႔ေၾကာင့္ ေဟးရန္က်င္းတစ္ေယာက္ေၾကာင္အသြားရေလသည္။

ေနပါဦး.. ဝူရွဲ႕နဲ႕သြားတဲ့ကိစၥသူဘယ္လိုသိတာတုန္း။ ဟိုေကာင္ေျပာလိုက္တာမ်ားလား။

"ခရီးသြားတာမဟုတ္ပါဘူးကြာ..။ သူ႕က်န္းခ်ီလင္ဆီလိုက္ပို႔ေပးတာပါ။"

"ေၾသာ္... လိုက္ပို႔ေပးတာလား..။"

"မင္းဘယ္လိုသိတာလဲ။ ဝူရွဲ႕ေျပာျပတာလား။"

"သူမေျပာျပလဲငါကသိၿပီးသား။"

"ဘာလဲ.. မင္းကအၾကားအျမင္ေတြရေနတာလား။"

"အၾကားအျမင္ေတာ့မဟုတ္ဘူး။ အခ်ိန္ကိုက္သြားတာ..။"

"ဘယ္လို..။"

"ငါ့ဘာငါဝရံတာထြက္ၾကည့္တာ.. မထင္မွတ္ဘဲ ဆိုင္ကယ္ေပၚကအတြဲနဲ႕တိုးရတယ္လို႔..။"

"ဟားဟားဟား.... မင္းကေတာ့ေလ။"

"ဘာရယ္ေနတာလဲ။"

"ရယ္ခ်င္စရာေကာင္းေနတာကိုး။ ဝူရွဲ႕သာၾကားရင္အူတက္ေသမွာ။"

"ဝူရွဲ႕ကိုဆြဲထည့္မေနနဲ႕။ မင္းကိုကမဟုတ္တာ။"

"မင္းကေရာေကာင္မေလးနဲ႕သာယာေနၿပီးေတာ့..။"

"ဘယ္မွာလဲ..ေကာင္မေလး။"

"ငါဘယ္သိမလဲ။ မင္းပဲသိမွာေပါ့။"

"ေပါက္ကရေတြလာေျပာမေနနဲ႕.. ေဟးရန္က်င္း။"

"ဘာလဲ.. မင္းကလူပ်ိဳႀကီးလုပ္မလို႔လား။ ရည္းစားမထားေတာ့ဘူးလား။"

"အလုပ္ရႈပ္တယ္..။ အခ်ိန္မရွိဘူး အဲ့အတြက္။"

"အခ်ိန္မရွိတာလား။ လာႀကိဳက္တဲ့သူမရွိတာလား..ဟက္ဟက္...။"

"မင္းပါးစပ္ပိတ္ထား..။ ငါတြဲခ်င္ရင္တြဲလို႔ရတယ္.. မိန္းကေလးေတြမွဝိုင္းဝိုင္းလည္လို႔။"

"ခြီး... ေအးပါကြာ။"

"မင္း...။ ငါ့ကိုစိတ္တိုေအာင္ပဲလုပ္တတ္တာလား.. ေခြးေကာင္!"

"ေအးပါ။ ငါမရယ္ေတာ့ပါဘူး။"

"ေတြ႕ဖို႔ခ်ိန္းတာဒါေတြေျပာဖို႔လား။ ေတာ္ၿပီ ငါျပန္ေတာ့မယ္။"

"အယ္... ေနပါဦးဟ။ အတည္ေျပာစရာရွိပါတယ္။"

"ေျပာ.."

"အဲ့ဒါက... "

"......"

"ငါ... "

မဝံ့မရဲျဖင့္စကားကိုတြန့္ဆုတ္တြန့္ဆုတ္လုပ္ေနေသာေဟးရန္ေၾကာင့္ ေရွာင္ဟြားမွာစိတ္မရွည္ေတာ့၍ ျမန္ျမန္ေျပာရန္ထေအာ္ခါနီး ဖုန္းဝင္လာတာေၾကာင့္စိတ္ေလ်ာ့လိုက္ရသည္။

"ဟယ္လို.. ဝူရွဲ႕ ။"

.......

"ဟမ္... ဘယ္လိုျဖစ္တာလဲ..။"

.......

"အင္း..ငါအခုလာခဲ့မယ္။"

စိတ္ကိုတည္ၿငိမ္ေအာင္ထားကာ ေနာက္ဆုံးထုတ္ေျပာေတာ့မည့္အခ်ိန္ၾကမွ ဖုန္းကဝင္လာ၍ေဟးရန္မွာFeelပ်က္သြားရသည္။ ဝူရွဲ႕ဆက္လာသည္ကိုသိရေတာ့ ပို၍ပင္ေဒါသထြက္ခ်င္သြားေပမယ့္ ဖုန္းေျပာေနရင္းေရွာင္ဟြား၏မ်က္ႏွာအမူအရာေၾကာင့္ စိတ္ပူျခင္းသာႀကီးစိုးနိုင္ေတာ့သည္ေလ။

"ဘာျဖစ္တာလဲ...ေရွာင္ဟြား။"

"...အဘြား.. မူးလဲလို႔တဲ့..ေဆး႐ုံတင္ထားရတယ္ ။ ငါ.. သြားေတာ့မယ္။"

"ေနဦး..။ ငါလိုက္ပို႔ေပးမယ္။"

ၾကားလိုက္ရသည့္သတင္းေၾကာင့္ အဘြားျဖစ္သူကိုစိတ္ပူရမည္မွန္ေသာ္လည္း ေဟးရန္မွာစိုးရိမ္ထိတ္လန့္ေနသည့္ေရွာင္ဟြားကိုသာ ျပန္စိုးရိမ္ေနမိေလသည္။ ပါလာသည့္ဆိုင္ကယ္ျဖင့္ ေဆး႐ုံသို႔သာဦးတည္လ်က္။ သတိမထားမိခ်င္ပါေသာ္လည္း ခပ္ဖြဖြထိကိုင္လာေသာေရွာင္ဟြား၏လက္အစုံတို႔သည္ နဂိုထက္ပို၍ေအးစက္ေနသည္မွာအမွန္။

မ်က္ႏွာတည့္တည့္သို႔ သူ႕ထက္ငါအၿပိဳင္တိုးေဝွ႕ေနၾကေသာေလျပင္းမ်ားသည္ ေဟးရန္၏အျမန္ႏႈန္းကိုမပိတ္ပင္နိုင္ၾကသလို...

ေရွာင္ဟြား၏ပူေလာင္ေနေသာရင္အစုံကိုလည္း ၿငိမ္းေအးေစရန္မတတ္နိုင္ခဲ့ၾကေပ။

ဘာမွဆိုးဆိုးဝါးဝါးမျဖစ္ေစရန္ ႀကိတ္ဆုေတာင္းေပးမိေနေသာေကာင္ေလးႏွင့္ စိတ္ပူလြန္ကာတုန္လႈပ္ေနမိေသာေကာင္ေလးတို႔သည္ တရိပ္ရိပ္က်န္ေနခဲ့ပါေသာကားမ်ားဆိုင္ကယ္မ်ားႏွင့္ကတၱရာလမ္းမႀကီးတေလွ်ာက္ ခပ္ျမန္ျမန္ျဖတ္ေျပးေနေသာဆိုင္ကယ္ေလးတစ္စီးေပၚတြင္ ႏွစ္ဦးသားနီးကပ္တိတ္ဆိတ္လ်က္။

ပုစြန္ဆီေရာင္သန္းေနေသာေကာင္းကင္ကိုေနာက္ခံထားကာ စက္ဝိုင္းျခမ္းပုံဝင္လက္စေနမင္းႀကီးကေတာ့ ယင္းေကာင္ေလးႏွစ္ေယာက္ကို တိတ္တဆိတ္ပဲငုံ႕ၾကည့္ေနခဲ့ေလသည္။ လွ်ို႔ဝွက္ထားေသာသေဘာထားမ်ားႏွင့္ ေဖာ္ထုတ္ရန္ႀကိဳးစားေနေသာဆႏၵမ်ားအား သူကနားလည္ႏွင့္ၿပီးသားျဖစ္သည္မို႔။

*** *** ***
To be continued.. 🖤🖤

Thank you all💙💙.

Comment