(Ch-17) /U+Z/

"ပူလိုက်တဲ့နေ..။"

အချိန်မှာနေ့ခင်း(၁၂)နာရီဖြစ်သည့်အလျောက် ကောင်းကင်ပေါ်ရှိနေမင်းကြီးသည်လည်း ပုံမှန်ထက်ပို၍လောင်မြိုက်လျက်။ ပူအိုက်မှုဒဏ်ကိုမခံနိုင်စွာငြီးငြူလိုက်သည်က နှစ်ယောက်မရှိသောဝူရှဲ့ပင်။ စီးကျလာနေသော နားထင်ပေါ်ရှိချွေးစများကို ခပ်မြန်မြန်ပင်လက်ဖမိုးဖြင့်ဖိသုတ်လိုက်ရင်း ဘေးနားတွင်အကောင်လိုက်ရပ်နေသောဝမ်ဖန့်ကျစ်ဆီ မျက်စောင်းတစ်ချက်ပို့လွှတ်မိသည်။

"အဟဲ.. ဝူရှဲ့လေး.. ပင်ပန်းနေပြီလား။"

"မင်း.... အပိုတွေလုပ်မနေစမ်းနဲ့။ အိမ်လိပ်စာကိုသာအာရုံစိုက်စမ်းပါ။ မြန်မြန်ပြီးချင်နေပြီ။"

"အေးပါကွာ...အေးပါ။ ပြီးရင်ငါမုန့်ဝယ်ကျွေးပါ့မယ်။"

ဒါပါပဲ။ ပူလွန်းတဲ့နေကိုအပြစ်တင်နေမိပေမယ့် အခုဝူရှဲ့ဒီနေရာမှာရှိနေရတဲ့အကြောင်းအရင်းရဲ့တကယ့်တရားခံက အစားအသောက်ကြောင့်။ ပင်ပန်းရမယ်ဆိုရင်တောင် ငတ်တဲ့စိတ်လေးကပျောက်မသွားတတ်တာမွေးရာပါဗီဇ။

ဟိုတစ်နေ့ကထူးခြားစွာဖုန်းဆက်လာတဲ့ဝတုတ်ဖန့်ကျစ်။ သူ့ကိုလဲသတိရနေမိတာကြောင့် ငါ့များလွမ်းလို့လားဟူသည့်အလွန်မဖြစ်နိုင်သောအတွေးစလေးကို ဆုပ်ကိုင်ကာဖုန်းကိုင်လိုက်မိချိန်။ ဆက်သွယ်တော်မူလာရခြင်းအကြောင်းအရင်းမှာ သူအချိန်ပိုင်းဝင်လုပ်ဖြစ်နေသည့်အလုပ်အတွက် အဖော်လိုက်ပေးရန်။

နှစ်ဝက်စာမေးပွဲပြီးကျောင်းပိတ်ရက်တွေဆိုလျှင် ဖန့်ကျစ်ကအချိန်ပိုင်းအလုပ်များဝင်လုပ်တတ်သည်။ အမှန်အတိုင်းပြောရလျှင် ဖန့်ကျစ်သည်သူ့မိသားစုအကြောင်းထုတ်ပြောလေ့မရှိ။ ဝူရှဲ့နှင့်အလွန်ခင်မင်သည်မှာအမှန်ဖြစ်သော်လည်း ဖန့်ကျစ်သည်အိမ်ကိစ္စများဆိုလျှင်အလွန်သိုဝှက်တတ်သည်လေ။ သူ့အကျင့်ကိုကတစ်ပါးသူကိုပဲဦးစားပေးနေတတ်ပြီး သူ့အတွက်ကတော့နောက်ဆုံးမှဖြစ်နေတတ်သည်ကိုး။

အပေါ်ယံကြည့်လျှင် အပျော်အပါးနှင့်အလေလိုက်ရန်သာ စိတ်ဝင်စားဟန်ရှိသော်လည်း တကယ်တမ်းဖန့်ကျစ်သည်ဝူရှဲ့တို့ထဲတွင် အလိမ္မာဆုံးဟုပင်နာမည်တပ်၍ရသည်။ ကျောင်းတွင်လဲဆရာအများစုက ဖန့်ကျစ်ကိုရင်းနှီးနေတတ်ကြပြီး လက်ထောက်အဖြစ်ယုံကြည်ခြင်းခံရတတ်သည်။ ကျောင်းရေးရာကိစ္စတချို့ကို ဦးဆောင်စေလိုတဲ့အထိဖန့်ကျစ်၏သေသပ်တိကျမှုသည် ဆရာတိုင်းကိုစိတ်ကျေနပ်စေတတ်သည်။

သေသပ်တိကျမှုထဲတွင် စေ့စပ်မှုတော့ပါမနေခဲ့ပေ။ နမော်နမဲ့နှင့်စာမတော်သော်လည်း စုတ်ပြတ်မနေသည့်အမှတ်များကြောင့် ချီးကျူးခံရသည်ကတော့မလွတ်။ လူကြီးသူမများအား ရိုးသားကြိုးစားဖိုးသခွားလေးအဖြစ် မြင်အောင်အချိန်တိုအတွင်းလုပ်ပြနိုင်သည့်စူပါပါဝါအားပိုင်ဆိုင်ထားသူတဖြစ်လဲ ဝမ်ဖန့်ကျစ်သည်အသုံးစရိတ်ကို ချင့်ချိန်တတ်မှုတွင်ဆရာတစ်ပါးပင်။

အချိန်ပိုင်းအလုပ်တွေ ကြိုးစားလုပ်သလို ရသမျှလစာကိုလဲဖြုန်းတီးခြင်းမရှိ။ ချွေတာစုဆောင်းရာတွင် အလွန်တိကျသော်လည်း နေရာတကာကပ်စေးနဲနေသည်တော့မဟုတ်ပေ။ သို့သော်ပိုက်ဆံကအရာရာဟုသည့်အချက်ကတော့ ဖန့်ကျစ်အတွက်အမြဲတမ်းအမှန်တရားတစ်ခုဖြစ်နေသေးသည်ပင်။ စာကလွဲရင်ကျန်တာကြိုးကြိုးစားစားအားထုတ်တတ်နေခြင်းသည် သူ၏ပင်ကိုစရိုက်ပင်။ ထိုထဲတွင်သူငယ်ချင်းများနှင့်ပျော်ပါးရန်က မပါမဖြစ်။

ကျောင်းတစ်ဖက်နှင့်အလုပ်လုပ်နေရသည်မှာ အိမ်ကအဆင်မပြေ၍လား.. ဘာလား.. ဝူရှဲ့မသိ။ တစ်ခါမှလဲမမေးဖူးပေ။ ဘာကြောင့်ဆိုတာကနောက် တခြားကျောင်းသားတွေနဲ့မတူဘဲ စာတစ်ဖက်အလုပ်တစ်ဖက်နှင့်ဖြစ်နေတတ်သော ဖန့်ကျစ်ကို အားကျနေရသည်ကအရင်ဖြစ်နေတတ်သည်။ ဝူရှဲ့လဲအလုပ်လုပ်ချင်သည်ပင်။ သို့သော်အိမ်ကခွင့်မပြုတာကြောင့်မလုပ်ရ။

လစာကိုမကြည့်ဘဲ အတွေ့အကြုံကိုသာမြင်တတ်သောဝူရှဲ့အတွက် ဖန့်ကျစ်ကတကယ်အားကျစရာကောင်းနေသည်လေ။ ထို့ကြောင့်ပင် တစ်ခါတရံလူမှု့ကိစ္စအဝဝတွင် ဖန့်ကျစ်ကပိုသိနေတတ်ပြီးဝူရှဲ့ကတော့ငတုံးလေးဖြစ်နေဆဲ။

"ရှာတွေ့ပြီ။"

တက်ကြွစွာပြောလာသော ဖန့်ကျစ်စကားအဆုံး ဝူရှဲ့မျက်လုံးများအရောင်တောက်သွားရသည်။

နောက်ဆုံးပါဆယ်ဟုထင်ရသော ပစ္စည်းကိုပို့ပေးအပြီးမှာတော့ အလုပ်ကိစ္စအဝဝပြီးဆုံးပြီဖြစ်လေသည်။ ထို့ကြောင့်ကတိစကားအတိုင်း ဝူရှဲ့တစ်ယောက်ဂုန်းဆင်းတော်မူရန် ကြာကြာပင်မစောင့်နိုင်တော့တာကြောင့် ရောက်နေရာရပ်ကွက်အတွင်းရှိနီးစပ်ရာဆိုင်တွင်သာ အမြန်စခန်းချရန်ဆုံးဖြတ်လိုက်ကြတော့သည်။

"ဒီဆိုင်က ဂဏာန်းဟင်းက နာမည်ကြီးဆိုပဲ။"

"မင်းကဘယ်လိုသိတာလဲ။"

အခုမှပထမဆုံးခြေချဖူးသောဆိုင်၏ Menuတစ်ခုကိုတတပ်တအားအကြံပြုနေသူမှာ ဝန်ထမ်းကောင်လေးဟုတ်မနေတာကြောင့် ဝူရှဲ့မေးခွန်းထုတ်မိရခြင်း။

"Pageမှာတော့ အဲ့လိုပြောထားတာပဲ။"

လက်ထဲကဖုန်းကို မျက်နှာရှေ့လာထောင်ပြရင်း ဖန့်ကျစ်ကဖြေသည်။

"ဒါဆိုလဲ ဟော့ပေါ့နဲ့အဲ့ဒါမှာလိုက်ပေါ့။"

"လာပြန်ပြီ... ဒီဟော့ပေါ့။"

"ဘာလဲ.... အချိန်တိုင်းဟော့ပေါ့စားချင်နေတာ အပြစ်လား။"

မျက်မှောင်ကြုတ်ကာကြည့်လာလေသောဝူရှဲ့ကို လန့်ရတာကြောင့်ဖန့်ကျစ်ဆက်မငြင်းတော့။

"အေးအေး.. မင်းကြိုက်သလိုပဲမှာပါတော့။"

ဝူရှဲ့တို့နှစ်ယောက်ကြား တောင့်တောင့်ကြီးရပ်နေရသောဝန်ထမ်းကောင်လေးမှာတော့ အေးခဲလျက်သားနှင့် ပြုံးရုံသာပြုံးနိုင်လေတော့သည်။

"ဒါနဲ့ဘာကိစ္စငါ့ကိုအဖော်ခေါ်ရတာလဲ.. ထွေထွေထူးထူးလဲမရှိတာကို။"

"ငါပျင်းလို့ပေါ့။"

"ပျင်းလို့...? မင်းကိုမင်းအချိန်ပိုင်းဆော့နေတယ်များထင်နေတာလား။"

"သြော်... မထင်ပါဘူးဟ။ ဒီလိုပါပဲ.. ငါတို့မတွေ့ရတာလဲ ကြာပြီလေ။"

"ရှေ့အပတ်ပဲကျောင်းပြန်တက်ရတော့မှာကိုကွာ။"

"အမှန်တော့ငါအပြန်ကျဝင်စရာနေရာတစ်ခုရှိတယ်။"

"ဘယ်ကိုလဲ။"

"မင်းအားတယ်မလား။"

"အားပါတယ်.. ဒီတစ်နေ့လုံးက။"

"အေး.. စားပြီးမှသွားရင်းပြောပြမယ်။"

--- ---

"ဘာ... ရှောင်းစစ်အိမ်ကိုသွားရမှာ... ဟုတ်လား။ မင်းပြောတဲ့ ရှောင်းစစ် က ဟို ရှောင်းစစ် မဟုတ်ဘူးလို့ငါ့ကိုပြောစမ်းပါ။"

စားပြီးသောက်ပြီးဆိုင်ကထွက်လာချိန်တွင် ညနေစောင်းချင်ချင်ဖြစ်နေလေပြီ။ သေချာတာပေါ့... မတွေ့တာအနည်းငယ်မဆိုစလောက်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ စကားဖောင်ဖွဲ့တော်မူခန်းကရှည်လျားပေများခဲ့သည်ကိုး။ ယခုကတော့သွားလိုရာကို ခရီးဆက်ရန်ဘက်စ်ကားစောင့်နေချိန်တွင် ဘယ်ကိုသွားရမည့်အကြောင်း အကျိုးအကြောင်းရှင်းပြမိရာကနေ အော်ခံရလုဆဲဆဲဖြစ်သွားရခြင်းပင်။

"အေး... အဲ့ဒီ့ရှောင်းစစ်ပဲ။"

"ဟာ... ဘာကိစ္စရှိလို့တုန်း။ ငါတို့နဲ့မှမသိတာ။ ပြီးတော့သူကဘယ်မှာနေတာမလို့လဲ။ အဝေးကြီးမဟုတ်ဘူးလား။"

"ငါလဲသေချာမသိဘူးလေ။ အခုသွားရမယ့်လိပ်စာကတော့ သိပ်မဝေးပါဘူး။ မဝေးတဲ့အပြင်ငါတို့ရင်းနှီးနေတဲ့နေရာပဲ။"

"ဘယ်နေရာမလို့လဲ။"

"ဟို Club နားကတဲ့။"

"မဖြစ်နိုင်တာ...။ သူ့ကျောင်းကအစ်ကိုလေးတို့မြို့မှာရှိတာလေ။"

အစ်ကိုလေးဆိုတာ ဟိုမာနတစ်ခွဲသားနဲ့ဝစီပိတ်ကျင့်နေတဲ့ခေါင်းဆောင်လိုလိုကောင်ကိုပြောနေတာများလား....

အဆီအငေါ်မတည့်သောမေးခွန်းကိုဖန့်ကျစ်တစ်ယောက် ထုတ်တော့မမေးဖြစ်လိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အခုကထိုသို့သောမေးခွန်းမျိုးအတွက်အချိန်ကောင်းမဟုတ်သည့်အပြင် တတ်နိုင်သလောက်ချိုချိုသာသာဆက်ဆံကာ ချော့ခေါ်ရမည့်အနေအထားတွင်ရောက်နေသောကြောင့်ပင်။

"သြော်... သူ့မှာအိမ်တစ်လုံးထဲရှိတယ်လို့ မင့်ဘယ်သူပြောလို့တုန်း။"

"ဘာလို့သွားမှာလဲ။ ငါနဲ့သိပ်ကြည်တာမဟုတ်ဘူး..အဲ့ကောင်က။"

"ဟိုတစ်နေ့ကငါ့ကို နည်းပြဆရာဖုန်းဆက်တယ်။သူတို့ကျောင်းက Scholarship အချက်အလက်တွေသွားယူပေးဖို့တဲ့။ ငါတို့နဲ့အနီးဆုံးရှိတာဆိုလို့ ရှောင်းစစ်အိမ်ပဲရှိတာတဲ့.. နောက်ပြီးတော့ သူကခေါင်းဆောင်လိုလိုကောင်နဲ့အနီးကပ်နေရတာဆိုတော့ ပိုအဆင်ပြေသွားတာဘာညာပေါ့။ ဆရာကလဲသွားယူဖို့ကျအဆင်မပြေဘူးလေ.. ကျောင်းကလဲဖွင့်တော့မှာဆိုတော့ ငါ့ကိုပဲအကူအညီတောင်းလိုက်ရတဲ့သဘော။"

"ဟင်း... မင်းကိုပဲအကူအညီတောင်းတာလေ။ ဘာကိစ္စငါကပါရမှာလဲ။"

"လိုက်ခဲ့ပေးစမ်းပါကွာ။ အခုပဲဒီရောက်နေပြီကို။"

"မင်းကွာ.. အကျိုးကိုမပေးဘူး။"

ငြိုငြိုငြင်ငြင်ပြောလာပါသောဝူရှဲ့ကို ပိုပိုသာသာချော့ပြောယူရလေသည်။ အဲ့ဒီ့ကျောင်းနှင့်ရေစက်ကုန်ပြီမှတ်ထားကာမှ တစ်စက်နှစ်စက်ကျန်သေးပုံရ၍ စိတ်ပျက်ဖွယ်ရာရှိသော်လည်း အဖော်လေးပါရင်ခံသာပါတယ်ဟုစိတ်ဖြေထားရတာကြောင့် ဝူရှဲ့ကိုပင့်ဆောင်တော်မူနေရခြင်း။

"ငါလဲတစ်ယောက်တည်းမသွားချင်လို့ပါကွာ.. မင်းကလဲ။ ငါ့မှာအပူကပ်စရာဆိုလို့ သခင်လေးဝူရှဲ့တစ်ယောက်ပဲရှိတာ။"

"အေးပါကွာ..အေးပါ။"

မဲ့ကာရွဲ့ကာဖြေကြားလာသောဝူရှဲ့၏သဘောတူဟန်စကားကြောင့် ဖန့်ကျစ်တစ်ယောက်သွားဖြဲကာသာရယ်ပြမိလေတော့သည်။

--- ---

"ဒီအခန်းဖြစ်မယ်ထင်တယ်။"

၂၂ထပ်အမြင့်ရှိသောကွန်ဒိုတိုက်ခန်းတစ်ခု၏ တံခါးရှေ့တွင်ရပ်ကာဖန့်ကျစ်ကဆိုသည်။ ဖန့်ကျစ်ပြောသည့်အတိုင်း ဟိုတစ်ခါလာဖူးသော Club ဘေးတွင်ရှိသည့်ကွန်ဒိုတိုက်ခန်းဖြစ်လေသည်။ အမှန်အတိုင်းပြောရလျှင် Club ကိုလာခဲ့တုန်းက ညဘက်ဖြစ်နေ၍လား.. စိတ်မကြည်နေ၍လား.. တော့မသိ။ ဘေးနားတွင် ကြီးကြီးမားမားတည်ရှိနေသောယခုကွန်ဒိုအဆောက်အအုံကြီးကို မမြင်မိခဲ့ပေ။

လူခေါ်ဘဲလ်တီးပြီးသည့်တိုင် လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရတာကြောင့် ဖန့်ကျစ်မှာစိတ်ရှည်စွာထပ်တီးနေသော်လည်း ကျွန်တော်ကတော့လှည့်ပြန်ချင်နေလေပြီ။ ပြန်ကြရအောင်ဟု ဖန့်ကျစ်ကိုပြောရန်ပါးစပ်ဟတုန်းရှိသေး မျက်နှာချင်းဆိုင်ရှိတိုက်ခန်းတံခါးက မြန်ဆန်စွာပင်ပွင့်လာခဲ့သည်လေ။ ပထမဆုံးမြင်ကွင်းထဲပေါ်လာသော မျက်နှာတစ်ခုသည်ကျောင်းတုန်းကအတိုင်း ကျက်သရေတုံးနေဆဲပင်။

တုံ့ဆိုင်းခြင်းမရှိဘဲဖန့်ကျစ်က...

"နည်းပြဆရာလာယူခိုင်းတဲ့ Scholarship အချက်အလက်တွေလာယူတာ။ မှတ်မိတယ်မလား.. ငါတို့ကျောင်းကို။"

"သြော်... မှတ်မိပါတယ်။ မမှတ်မိဘဲနေပါ့မလား ဒီလောက်စိတ်အနှောင့်အယှက်ပေးတဲ့ကျောင်းကို။"

"စကားအပိုတွေပြောချင်သေးရင် နောက်မှငါ့ကိုဖုန်းဆက်ပြော။ အခုလောလောဆယ်တော့ ဆရာ့ကိုပေးရမယ့်စာရွက်တွေပဲပေးပါ။ ငါတို့လဲပြန်ရဦးမယ်။"

"ဖြေးဖြေးပေါ့...။ ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို အထဲဝင်ထိုင်ဖို့ခေါ်ပါရစေဦး။ မဟုတ်ရင်ငါရိုင်းရာကျနေပါဦးမယ်။"

သူရိုင်းမှန်းငါတို့နှစ်ယောက်လုံးသိပြီးသားပါ.. အလကားအပိုတွေပြော...။

ရုပ်ကိုကမချိုမချဥ်နဲ့... ထိုးမလို့လား..။

အပြင်တွင်တစ်ခွန်းတလေပင်ဝင်မပြောပါဘဲ ဘေးမှာရုပ်တည်နှင့်မတ်တပ်ရပ်နေသောဝူရှဲ့၏ စိတ်ထဲ၌ တိုးတိုးတိတ်တိတ်ရေရွတ်နေသည့်စကားများကတောင်လိုပုံနေလေပြီ။

"လာလေ...ဝင်ထိုင်ပါဦး။ ငါသွားယူရဦးမှာ.. ဖိုင်တွေက။"

"အေး... ဒီလိုဆိုတော့လဲ။"

ပြောရင်းဖန့်ကျစ်က ကျေနပ်အောင်ဝင်ထိုင်မှဖြစ်မည်ဟူသည့် အကြည့်မျိုးဖြင့်ကြည့်လာလေသည်။ အိမ်ရှေ့ထိရောက်နေပြီးမှတော့ တင်းခံနေလဲမထူးတော့သည်လေ။

"စကားလေးဘာလေးပြောကြရအောင်...။ ဒီကငါ့သူငယ်ချင်းချီလင်ရဲ့ အလေးပေးဆက်ဆံခံရတဲ့ဝူရှဲ့ဆိုတဲ့တစ်ယောက်နဲ့လဲတွေ့ချင်နေတာ..။"

"ကျွန်တော်ကတော့မတွေ့ချင်ဘူး။"

ဧည့်ခန်းမှာထိုင်ပြီးမကြာ မထိတထိဆိုလာတဲ့စကားကြောင့် ဖန့်ကျစ်ထက်အရင်ဝူရှဲ့ကပြန်ပြောပြီးလေပြီ။

"အေး... ပွင့်လင်းတာကောင်းပါတယ်။ ပြီးတော့ချီလင်နဲ့ကလဲ ထပ်ပတ်သက်စရာအကြောင်းမရှိတော့ဘူးဆိုတော့...။ သြော်.. အဲ့ဒါတော့မင်းသိတယ်မလား။"

"အကိုပြောပြစရာမလိုပါဘူး။"

"ငါကလဲပြောပြချင်လွန်းလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့်မင်းသာအကြောင်းမရှိအကြောင်းရှာ ပတ်သက်နေဦးမယ်ဆိုရင် မကြာခင်မှာအကိုချီရှန်းကလဲမင်းကိုတွေ့ချင်လာနိုင်တာကြောင့်လေ... ငါကပြောနေရတာ။ သူနဲ့ဆိုမင်းအဆင်ပြေနိုင်မှာမဟုတ်ဘူး။"

"အကိုကျတော့ရော အစ်ကိုလေးနဲ့တောင်အဆင်ပြေလို့လား။ ငါးနှစ်သားကလေးလဲမဟုတ်ဘူး... သူငယ်ချင်းတစ်ယောက်ကို ဂျူနီယာနဲ့ပြိုင်လုနေတာ.. အကိုအဖြစ်ရှိရင် ကျွန်တော်ကလုလို့တောင်ရမှာမဟုတ်ဘူး..။ သူ့အစ်ကိုကြီးလဲ ကျွန်တော်မကြောက်ဘူး။ ကျွန်တော်ကအားလုံးနဲ့အဆင်ပြေအောင်နေတတ်တယ်... စီနီယာရှောင်းစစ်။ စိတ်ပူပေးတာကျေးဇူးပဲဗျ။"

အသက်ပင်မရှူဘဲတရစပ်ပြောသွားသော ဝူရှဲ့၏ထိုးနှက်ချက်များမှာအတော်အသင့်လှနေတာကြောင့် ဖန့်ကျစ်ဝင်တားရန်ပင်မေ့ကာဆွံ့အလျက်သား။ ခံရသူရှောင်းစစ်မှာတော့ နာလားစပ်လားမမေးရပါဘဲမျက်နှာကိုကြည့်ရုံနှင့်သိနိုင်သည်အထိရှုံ့မဲ့သွားလေပြီ။ သို့သော်သူကစုတ်တစ်ချက်သပ်ကာသာ နေရာမှထထွက်သွားပြီးပေးရမည့်ဖိုင်တွဲများကိုသွားယူဟန်ရှိသည်။

ခဏအကြာတွင်...

"ရော့.. ဒီမှာဒါတွေအကုန်ပဲ။"

ဖိုင်တွဲသုံးတွဲလောက်ကို ဖန့်ကျစ်လက်ထဲထိုးထည့်ပေးလာတဲ့ရှောင်းစစ်မှာ ဝူရှဲ့တို့ကိုအမြန်ဆုံးနည်းဖြင့်နှင်ထုတ်ချင်နေဟန်ရှိလေသည်။

ရယ်ချင်နေသော်လည်း ဖန့်ကျစ်ဆူမည်စိုး၍ထိန်းချုပ်နေရသောဝူရှဲ့တစ်ယောက် လွယ်ကူမနေခဲ့ပေ။ နောက်ဆုံးတွင်တော့ ပုပ်သိုးမည်းမှောင်နေသည့်ရှောင်းစစ်မျက်နှာကြီးကို ကျောခိုင်းလာရလေပြီ။ အခန်းတံခါးကိုအားဖြင့် မြန်ဆန်စွာပိတ်ချသွားအပြီးတွင်တော့ ဝူရှဲ့၏ရယ်သံများမှာ ကော်ရစ်ဒါတလျှောက်အထိန်းအကွပ်မဲ့စွာပျံ့လွင့်လာတော့သည်လေ။

"ဟားဟားဟားဟား...."

"ဟျောင့်.. မရယ်စမ်းနဲ့။"

"ဘာလဲ.. ငါရယ်တာမှားလို့လား။ မင်းလဲရယ်ချင်နေတာပဲမလား။"

"မင်းကွာ.. ကိုယ့်ထက်အကြီးကို ဘယ်လိုဖြစ်လို့သွားစွာနေတာတုန်း။"

"မင်းကလဲ.. သူ့လိုလူမျိုးက အဲ့လိုပြန်ပြောမှအေးမှာ။ အရသာကိုရှိနေရော်...။ မဟုတ်ရင်ပြီးတော့မှာမဟုတ်ဘူး။"

"မဟုတ်သေးပါဘူးကွာ... သူများအိမ်မှာအိမ်ရှင်ကိုစော်ကားရတယ်လို့ မင်း... တကယ်မနိုင်ဘူး။"

"ဘာဖြစ်လဲ။ သူကအရင်ငါ့လာပြောနေတာလေကွာ။"

"မင်းတို့က ကလေးတွေလဲမဟုတ်ဘူး။ ဘာမဟုတ်တဲ့ကောင်ကိုလုနေရတယ်လို့။"

"ငါဘယ်မှာလုနေလို့တုန်း... ။ စိတ်တောင်မဝင်စားပါဘူး။ ဒါပေမယ့် အစ်ကိုလေးကဘာမဟုတ်တဲ့ကောင်တော့မဟုတ်ပါဘူး ဖန့်ကျစ်ရ။"

"အေးပါကွာ...အေးပါ။ ငါမှားတယ်ပဲထားပါတော့။"

"မင်း... လာမရွဲ့နဲ့ ဝမ်ဖန့်ကျစ်။"

"အေးအေး.. ငါမရွဲ့တော့ဘူးဟုတ်ပြီလား..။ အခုတော့အောက်ဆင်းဖို့ ဓာတ်လှေကားဆီသွားရအောင်။ အိမ်ပြန်ရဦးမယ်လေ.. မင်းနောက်ကျလို့ငါပါအဆူခံနေရမယ်အန်တီ့ဆီကနေ။"

"ပြီးတာပဲ။"

မဖြစ်စလောက်လေးပြောမိသည်ကိုပင် ဆူခံရသကဲ့သို့မကျေမနပ်ဖြစ်ဟန်နှင့် ရှေ့ကိုဆောင့်ကြွားကြွားကျော်တက်သွားသောဝူရှဲ့ကို ငါးရာခြောက်ဆယ့်ရှစ်ကြိမ်နီးပါး ခေါင်းတွင်တွင်ခါမိရင်းသာဖန့်ကျစ်ပြောစရာစကားများပျောက်ဆုံးသွားရပြန်ပါသည်။

တကယ်မနိုင်ပါဘူး...။
ဝူရှဲ့ကိုဖန့်ကျစ်တကယ်မနိုင်ပါဘူး။
မူကြိုကျောင်းမှာအချိန်ပိုင်းဆရာဝင်လုပ်ရင်တောင် ဝူရှဲ့ကိုထိန်းရသလောက်ခက်ခဲမည်မဟုတ်ကြောင်းကို ယနေ့ညနေပိုင်းအချိန်တွင်ဖန့်ကျစ်သက်သေနှင့်တကွ အတည်ပြုပြီးစီးလေပြီ။



*** *** ***
To be continued.. 🖤🖤

Thank you all for waiting so long💙🖤
Cause I've Japanese class and some cases, Lost time on this section"(
I'm really sorry about that"(
Now.. I come back because all of you who still waiting for me even it isn't sure."3
I love u Guys.. 🖤💙 and Thanks for your waiting and caring.💛🖤
Take care My Sweethearts💖
.
.
.
.
.
.
.
.
.(Zawgyi)

"ပူလိုက္တဲ့ေန..။"

အခ်ိန္မွာေန႕ခင္း(၁၂)နာရီျဖစ္သည့္အေလ်ာက္ ေကာင္းကင္ေပၚရွိေနမင္းႀကီးသည္လည္း ပုံမွန္ထက္ပို၍ေလာင္ၿမိဳက္လ်က္။ ပူအိုက္မႈဒဏ္ကိုမခံနိုင္စြာၿငီးျငဴလိုက္သည္က ႏွစ္ေယာက္မရွိေသာဝူရွဲ႕ပင္။ စီးက်လာေနေသာ နားထင္ေပၚရွိေခြၽးစမ်ားကို ခပ္ျမန္ျမန္ပင္လက္ဖမိုးျဖင့္ဖိသုတ္လိုက္ရင္း ေဘးနားတြင္အေကာင္လိုက္ရပ္ေနေသာဝမ္ဖန့္က်စ္ဆီ မ်က္ေစာင္းတစ္ခ်က္ပို႔လႊတ္မိသည္။

"အဟဲ.. ဝူရွဲ႕ေလး.. ပင္ပန္းေနၿပီလား။"

"မင္း.... အပိုေတြလုပ္မေနစမ္းနဲ႕။ အိမ္လိပ္စာကိုသာအာ႐ုံစိုက္စမ္းပါ။ ျမန္ျမန္ၿပီးခ်င္ေနၿပီ။"

"ေအးပါကြာ...ေအးပါ။ ၿပီးရင္ငါမုန့္ဝယ္ေကြၽးပါ့မယ္။"

ဒါပါပဲ။ ပူလြန္းတဲ့ေနကိုအျပစ္တင္ေနမိေပမယ့္ အခုဝူရွဲ႕ဒီေနရာမွာရွိေနရတဲ့အေၾကာင္းအရင္းရဲ႕တကယ့္တရားခံက အစားအေသာက္ေၾကာင့္။ ပင္ပန္းရမယ္ဆိုရင္ေတာင္ ငတ္တဲ့စိတ္ေလးကေပ်ာက္မသြားတတ္တာေမြးရာပါဗီဇ။

ဟိုတစ္ေန႕ကထူးျခားစြာဖုန္းဆက္လာတဲ့ဝတုတ္ဖန့္က်စ္။ သူ႕ကိုလဲသတိရေနမိတာေၾကာင့္ ငါ့မ်ားလြမ္းလို႔လားဟူသည့္အလြန္မျဖစ္နိုင္ေသာအေတြးစေလးကို ဆုပ္ကိုင္ကာဖုန္းကိုင္လိုက္မိခ်ိန္။ ဆက္သြယ္ေတာ္မူလာရျခင္းအေၾကာင္းအရင္းမွာ သူအခ်ိန္ပိုင္းဝင္လုပ္ျဖစ္ေနသည့္အလုပ္အတြက္ အေဖာ္လိုက္ေပးရန္။

ႏွစ္ဝက္စာေမးပြဲၿပီးေက်ာင္းပိတ္ရက္ေတြဆိုလွ်င္ ဖန့္က်စ္ကအခ်ိန္ပိုင္းအလုပ္မ်ားဝင္လုပ္တတ္သည္။ အမွန္အတိုင္းေျပာရလွ်င္ ဖန့္က်စ္သည္သူ႕မိသားစုအေၾကာင္းထုတ္ေျပာေလ့မရွိ။ ဝူရွဲ႕ႏွင့္အလြန္ခင္မင္သည္မွာအမွန္ျဖစ္ေသာ္လည္း ဖန့္က်စ္သည္အိမ္ကိစၥမ်ားဆိုလွ်င္အလြန္သိုဝွက္တတ္သည္ေလ။ သူ႕အက်င့္ကိုကတစ္ပါးသူကိုပဲဦးစားေပးေနတတ္ၿပီး သူ႕အတြက္ကေတာ့ေနာက္ဆုံးမွျဖစ္ေနတတ္သည္ကိုး။

အေပၚယံၾကည့္လွ်င္ အေပ်ာ္အပါးႏွင့္အေလလိုက္ရန္သာ စိတ္ဝင္စားဟန္ရွိေသာ္လည္း တကယ္တမ္းဖန့္က်စ္သည္ဝူရွဲ႕တို႔ထဲတြင္ အလိမၼာဆုံးဟုပင္နာမည္တပ္၍ရသည္။ ေက်ာင္းတြင္လဲဆရာအမ်ားစုက ဖန့္က်စ္ကိုရင္းႏွီးေနတတ္ၾကၿပီး လက္ေထာက္အျဖစ္ယုံၾကည္ျခင္းခံရတတ္သည္။ ေက်ာင္းေရးရာကိစၥတခ်ိဳ႕ကို ဦးေဆာင္ေစလိုတဲ့အထိဖန့္က်စ္၏ေသသပ္တိက်မႈသည္ ဆရာတိုင္းကိုစိတ္ေက်နပ္ေစတတ္သည္။

ေသသပ္တိက်မႈထဲတြင္ ေစ့စပ္မႈေတာ့ပါမေနခဲ့ေပ။ နေမာ္နမဲ့ႏွင့္စာမေတာ္ေသာ္လည္း စုတ္ျပတ္မေနသည့္အမွတ္မ်ားေၾကာင့္ ခ်ီးက်ဴးခံရသည္ကေတာ့မလြတ္။ လူႀကီးသူမမ်ားအား ရိုးသားႀကိဳးစားဖိုးသခြားေလးအျဖစ္ ျမင္ေအာင္အခ်ိန္တိုအတြင္းလုပ္ျပနိုင္သည့္စူပါပါဝါအားပိုင္ဆိုင္ထားသူတျဖစ္လဲ ဝမ္ဖန့္က်စ္သည္အသုံးစရိတ္ကို ခ်င့္ခ်ိန္တတ္မႈတြင္ဆရာတစ္ပါးပင္။

အခ်ိန္ပိုင္းအလုပ္ေတြ ႀကိဳးစားလုပ္သလို ရသမွ်လစာကိုလဲျဖဳန္းတီးျခင္းမရွိ။ ေခြၽတာစုေဆာင္းရာတြင္ အလြန္တိက်ေသာ္လည္း ေနရာတကာကပ္ေစးနဲေနသည္ေတာ့မဟုတ္ေပ။ သို႔ေသာ္ပိုက္ဆံကအရာရာဟုသည့္အခ်က္ကေတာ့ ဖန့္က်စ္အတြက္အၿမဲတမ္းအမွန္တရားတစ္ခုျဖစ္ေနေသးသည္ပင္။ စာကလြဲရင္က်န္တာႀကိဳးႀကိဳးစားစားအားထုတ္တတ္ေနျခင္းသည္ သူ၏ပင္ကိုစရိုက္ပင္။ ထိုထဲတြင္သူငယ္ခ်င္းမ်ားႏွင့္ေပ်ာ္ပါးရန္က မပါမျဖစ္။

ေက်ာင္းတစ္ဖက္ႏွင့္အလုပ္လုပ္ေနရသည္မွာ အိမ္ကအဆင္မေျပ၍လား.. ဘာလား.. ဝူရွဲ႕မသိ။ တစ္ခါမွလဲမေမးဖူးေပ။ ဘာေၾကာင့္ဆိုတာကေနာက္ တျခားေက်ာင္းသားေတြနဲ႕မတူဘဲ စာတစ္ဖက္အလုပ္တစ္ဖက္ႏွင့္ျဖစ္ေနတတ္ေသာ ဖန့္က်စ္ကို အားက်ေနရသည္ကအရင္ျဖစ္ေနတတ္သည္။ ဝူရွဲ႕လဲအလုပ္လုပ္ခ်င္သည္ပင္။ သို႔ေသာ္အိမ္ကခြင့္မျပဳတာေၾကာင့္မလုပ္ရ။

လစာကိုမၾကည့္ဘဲ အေတြ႕အႀကဳံကိုသာျမင္တတ္ေသာဝူရွဲ႕အတြက္ ဖန့္က်စ္ကတကယ္အားက်စရာေကာင္းေနသည္ေလ။ ထို႔ေၾကာင့္ပင္ တစ္ခါတရံလူမႈ႕ကိစၥအဝဝတြင္ ဖန့္က်စ္ကပိုသိေနတတ္ၿပီးဝူရွဲ႕ကေတာ့ငတုံးေလးျဖစ္ေနဆဲ။

"ရွာေတြ႕ၿပီ။"

တက္ႂကြစြာေျပာလာေသာ ဖန့္က်စ္စကားအဆုံး ဝူရွဲ႕မ်က္လုံးမ်ားအေရာင္ေတာက္သြားရသည္။

ေနာက္ဆုံးပါဆယ္ဟုထင္ရေသာ ပစၥည္းကိုပို႔ေပးအၿပီးမွာေတာ့ အလုပ္ကိစၥအဝဝၿပီးဆုံးၿပီျဖစ္ေလသည္။ ထို႔ေၾကာင့္ကတိစကားအတိုင္း ဝူရွဲ႕တစ္ေယာက္ဂုန္းဆင္းေတာ္မူရန္ ၾကာၾကာပင္မေစာင့္နိုင္ေတာ့တာေၾကာင့္ ေရာက္ေနရာရပ္ကြက္အတြင္းရွိနီးစပ္ရာဆိုင္တြင္သာ အျမန္စခန္းခ်ရန္ဆုံးျဖတ္လိုက္ၾကေတာ့သည္။

"ဒီဆိုင္က ဂဏာန္းဟင္းက နာမည္ႀကီးဆိုပဲ။"

"မင္းကဘယ္လိုသိတာလဲ။"

အခုမွပထမဆုံးေျခခ်ဖဴးေသာဆိုင္၏ Menuတစ္ခုကိုတတပ္တအားအႀကံျပဳေနသူမွာ ဝန္ထမ္းေကာင္ေလးဟုတ္မေနတာေၾကာင့္ ဝူရွဲ႕ေမးခြန္းထုတ္မိရျခင္း။

"Pageမွာေတာ့ အဲ့လိုေျပာထားတာပဲ။"

လက္ထဲကဖုန္းကို မ်က္ႏွာေရွ႕လာေထာင္ျပရင္း ဖန့္က်စ္ကေျဖသည္။

"ဒါဆိုလဲ ေဟာ့ေပါ့နဲ႕အဲ့ဒါမွာလိုက္ေပါ့။"

"လာျပန္ၿပီ... ဒီေဟာ့ေပါ့။"

"ဘာလဲ.... အခ်ိန္တိုင္းေဟာ့ေပါ့စားခ်င္ေနတာ အျပစ္လား။"

မ်က္ေမွာင္ၾကဳတ္ကာၾကည့္လာေလေသာဝူရွဲ႕ကို လန့္ရတာေၾကာင့္ဖန့္က်စ္ဆက္မျငင္းေတာ့။

"ေအးေအး.. မင္းႀကိဳက္သလိုပဲမွာပါေတာ့။"

ဝူရွဲ႕တို႔ႏွစ္ေယာက္ၾကား ေတာင့္ေတာင့္ႀကီးရပ္ေနရေသာဝန္ထမ္းေကာင္ေလးမွာေတာ့ ေအးခဲလ်က္သားႏွင့္ ၿပဳံး႐ုံသာၿပဳံးနိုင္ေလေတာ့သည္။

"ဒါနဲ႕ဘာကိစၥငါ့ကိုအေဖာ္ေခၚရတာလဲ.. ေထြေထြထူးထူးလဲမရွိတာကို။"

"ငါပ်င္းလို႔ေပါ့။"

"ပ်င္းလို႔...? မင္းကိုမင္းအခ်ိန္ပိုင္းေဆာ့ေနတယ္မ်ားထင္ေနတာလား။"

"ေၾသာ္... မထင္ပါဘူးဟ။ ဒီလိုပါပဲ.. ငါတို႔မေတြ႕ရတာလဲ ၾကာၿပီေလ။"

"ေရွ႕အပတ္ပဲေက်ာင္းျပန္တက္ရေတာ့မွာကိုကြာ။"

"အမွန္ေတာ့ငါအျပန္က်ဝင္စရာေနရာတစ္ခုရွိတယ္။"

"ဘယ္ကိုလဲ။"

"မင္းအားတယ္မလား။"

"အားပါတယ္.. ဒီတစ္ေန႕လုံးက။"

"ေအး.. စားၿပီးမွသြားရင္းေျပာျပမယ္။"

--- ---

"ဘာ... ေရွာင္းစစ္အိမ္ကိုသြားရမွာ... ဟုတ္လား။ မင္းေျပာတဲ့ ေရွာင္းစစ္ က ဟို ေရွာင္းစစ္ မဟုတ္ဘူးလို႔ငါ့ကိုေျပာစမ္းပါ။"

စားၿပီးေသာက္ၿပီးဆိုင္ကထြက္လာခ်ိန္တြင္ ညေနေစာင္းခ်င္ခ်င္ျဖစ္ေနေလၿပီ။ ေသခ်ာတာေပါ့... မေတြ႕တာအနည္းငယ္မဆိုစေလာက္ၾကာေနၿပီျဖစ္တဲ့သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ စကားေဖာင္ဖြဲ႕ေတာ္မူခန္းကရွည္လ်ားေပမ်ားခဲ့သည္ကိုး။ ယခုကေတာ့သြားလိုရာကို ခရီးဆက္ရန္ဘက္စ္ကားေစာင့္ေနခ်ိန္တြင္ ဘယ္ကိုသြားရမည့္အေၾကာင္း အက်ိဳးအေၾကာင္းရွင္းျပမိရာကေန ေအာ္ခံရလုဆဲဆဲျဖစ္သြားရျခင္းပင္။

"ေအး... အဲ့ဒီ့ေရွာင္းစစ္ပဲ။"

"ဟာ... ဘာကိစၥရွိလို႔တုန္း။ ငါတို႔နဲ႕မွမသိတာ။ ၿပီးေတာ့သူကဘယ္မွာေနတာမလို႔လဲ။ အေဝးႀကီးမဟုတ္ဘူးလား။"

"ငါလဲေသခ်ာမသိဘူးေလ။ အခုသြားရမယ့္လိပ္စာကေတာ့ သိပ္မေဝးပါဘူး။ မေဝးတဲ့အျပင္ငါတို႔ရင္းႏွီးေနတဲ့ေနရာပဲ။"

"ဘယ္ေနရာမလို႔လဲ။"

"ဟို Club နားကတဲ့။"

"မျဖစ္နိုင္တာ...။ သူ႕ေက်ာင္းကအစ္ကိုေလးတို႔ၿမိဳ႕မွာရွိတာေလ။"

အစ္ကိုေလးဆိုတာ ဟိုမာနတစ္ခြဲသားနဲ႕ဝစီပိတ္က်င့္ေနတဲ့ေခါင္းေဆာင္လိုလိုေကာင္ကိုေျပာေနတာမ်ားလား....

အဆီအေငၚမတည့္ေသာေမးခြန္းကိုဖန့္က်စ္တစ္ေယာက္ ထုတ္ေတာ့မေမးျဖစ္လိုက္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ အခုကထိုသို႔ေသာေမးခြန္းမ်ိဳးအတြက္အခ်ိန္ေကာင္းမဟုတ္သည့္အျပင္ တတ္နိုင္သေလာက္ခ်ိဳခ်ိဳသာသာဆက္ဆံကာ ေခ်ာ့ေခၚရမည့္အေနအထားတြင္ေရာက္ေနေသာေၾကာင့္ပင္။

"ေၾသာ္... သူ႕မွာအိမ္တစ္လုံးထဲရွိတယ္လို႔ မင့္ဘယ္သူေျပာလို႔တုန္း။"

"ဘာလို႔သြားမွာလဲ။ ငါနဲ႕သိပ္ၾကည္တာမဟုတ္ဘူး..အဲ့ေကာင္က။"

"ဟိုတစ္ေန႕ကငါ့ကို နည္းျပဆရာဖုန္းဆက္တယ္။သူတို႔ေက်ာင္းက Scholarship အခ်က္အလက္ေတြသြားယူေပးဖို႔တဲ့။ ငါတို႔နဲ႕အနီးဆုံးရွိတာဆိုလို႔ ေရွာင္းစစ္အိမ္ပဲရွိတာတဲ့.. ေနာက္ၿပီးေတာ့ သူကေခါင္းေဆာင္လိုလိုေကာင္နဲ႕အနီးကပ္ေနရတာဆိုေတာ့ ပိုအဆင္ေျပသြားတာဘာညာေပါ့။ ဆရာကလဲသြားယူဖို႔က်အဆင္မေျပဘူးေလ.. ေက်ာင္းကလဲဖြင့္ေတာ့မွာဆိုေတာ့ ငါ့ကိုပဲအကူအညီေတာင္းလိုက္ရတဲ့သေဘာ။"

"ဟင္း... မင္းကိုပဲအကူအညီေတာင္းတာေလ။ ဘာကိစၥငါကပါရမွာလဲ။"

"လိုက္ခဲ့ေပးစမ္းပါကြာ။ အခုပဲဒီေရာက္ေနၿပီကို။"

"မင္းကြာ.. အက်ိဳးကိုမေပးဘူး။"

ၿငိဳၿငိဳျငင္ျငင္ေျပာလာပါေသာဝူရွဲ႕ကို ပိုပိုသာသာေခ်ာ့ေျပာယူရေလသည္။ အဲ့ဒီ့ေက်ာင္းႏွင့္ေရစက္ကုန္ၿပီမွတ္ထားကာမွ တစ္စက္ႏွစ္စက္က်န္ေသးပုံရ၍ စိတ္ပ်က္ဖြယ္ရာရွိေသာ္လည္း အေဖာ္ေလးပါရင္ခံသာပါတယ္ဟုစိတ္ေျဖထားရတာေၾကာင့္ ဝူရွဲ႕ကိုပင့္ေဆာင္ေတာ္မူေနရျခင္း။

"ငါလဲတစ္ေယာက္တည္းမသြားခ်င္လို႔ပါကြာ.. မင္းကလဲ။ ငါ့မွာအပူကပ္စရာဆိုလို႔ သခင္ေလးဝူရွဲ႕တစ္ေယာက္ပဲရွိတာ။"

"ေအးပါကြာ..ေအးပါ။"

မဲ့ကာ႐ြဲ႕ကာေျဖၾကားလာေသာဝူရွဲ႕၏သေဘာတူဟန္စကားေၾကာင့္ ဖန့္က်စ္တစ္ေယာက္သြားၿဖဲကာသာရယ္ျပမိေလေတာ့သည္။

--- ---

"ဒီအခန္းျဖစ္မယ္ထင္တယ္။"

၂၂ထပ္အျမင့္ရွိေသာကြန္ဒိုတိုက္ခန္းတစ္ခု၏ တံခါးေရွ႕တြင္ရပ္ကာဖန့္က်စ္ကဆိုသည္။ ဖန့္က်စ္ေျပာသည့္အတိုင္း ဟိုတစ္ခါလာဖူးေသာ Club ေဘးတြင္ရွိသည့္ကြန္ဒိုတိုက္ခန္းျဖစ္ေလသည္။ အမွန္အတိုင္းေျပာရလွ်င္ Club ကိုလာခဲ့တုန္းက ညဘက္ျဖစ္ေန၍လား.. စိတ္မၾကည္ေန၍လား.. ေတာ့မသိ။ ေဘးနားတြင္ ႀကီးႀကီးမားမားတည္ရွိေနေသာယခုကြန္ဒိုအေဆာက္အအုံႀကီးကို မျမင္မိခဲ့ေပ။

လူေခၚဘဲလ္တီးၿပီးသည့္တိုင္ လႈပ္ရွားမႈတစ္စုံတစ္ရာမေတြ႕ရတာေၾကာင့္ ဖန့္က်စ္မွာစိတ္ရွည္စြာထပ္တီးေနေသာ္လည္း ကြၽန္ေတာ္ကေတာ့လွည့္ျပန္ခ်င္ေနေလၿပီ။ ျပန္ၾကရေအာင္ဟု ဖန့္က်စ္ကိုေျပာရန္ပါးစပ္ဟတုန္းရွိေသး မ်က္ႏွာခ်င္းဆိုင္ရွိတိုက္ခန္းတံခါးက ျမန္ဆန္စြာပင္ပြင့္လာခဲ့သည္ေလ။ ပထမဆုံးျမင္ကြင္းထဲေပၚလာေသာ မ်က္ႏွာတစ္ခုသည္ေက်ာင္းတုန္းကအတိုင္း က်က္သေရတုံးေနဆဲပင္။

တုံ႕ဆိုင္းျခင္းမရွိဘဲဖန့္က်စ္က...

"နည္းျပဆရာလာယူခိုင္းတဲ့ Scholarship အခ်က္အလက္ေတြလာယူတာ။ မွတ္မိတယ္မလား.. ငါတို႔ေက်ာင္းကို။"

"ေၾသာ္... မွတ္မိပါတယ္။ မမွတ္မိဘဲေနပါ့မလား ဒီေလာက္စိတ္အႏွောင့္အယွက္ေပးတဲ့ေက်ာင္းကို။"

"စကားအပိုေတြေျပာခ်င္ေသးရင္ ေနာက္မွငါ့ကိုဖုန္းဆက္ေျပာ။ အခုေလာေလာဆယ္ေတာ့ ဆရာ့ကိုေပးရမယ့္စာ႐ြက္ေတြပဲေပးပါ။ ငါတို႔လဲျပန္ရဦးမယ္။"

"ေျဖးေျဖးေပါ့...။ ကိုယ့္အိမ္လာတဲ့ဧည့္သည္ကို အထဲဝင္ထိုင္ဖို႔ေခၚပါရေစဦး။ မဟုတ္ရင္ငါရိုင္းရာက်ေနပါဦးမယ္။"

သူရိုင္းမွန္းငါတို႔ႏွစ္ေယာက္လုံးသိၿပီးသားပါ.. အလကားအပိုေတြေျပာ...။

႐ုပ္ကိုကမခ်ိဳမခ်ဥ္နဲ႕... ထိုးမလို႔လား..။

အျပင္တြင္တစ္ခြန္းတေလပင္ဝင္မေျပာပါဘဲ ေဘးမွာ႐ုပ္တည္ႏွင့္မတ္တပ္ရပ္ေနေသာဝူရွဲ႕၏ စိတ္ထဲ၌ တိုးတိုးတိတ္တိတ္ေရ႐ြတ္ေနသည့္စကားမ်ားကေတာင္လိုပုံေနေလၿပီ။

"လာေလ...ဝင္ထိုင္ပါဦး။ ငါသြားယူရဦးမွာ.. ဖိုင္ေတြက။"

"ေအး... ဒီလိုဆိုေတာ့လဲ။"

ေျပာရင္းဖန့္က်စ္က ေက်နပ္ေအာင္ဝင္ထိုင္မွျဖစ္မည္ဟူသည့္ အၾကည့္မ်ိဳးျဖင့္ၾကည့္လာေလသည္။ အိမ္ေရွ႕ထိေရာက္ေနၿပီးမွေတာ့ တင္းခံေနလဲမထူးေတာ့သည္ေလ။

"စကားေလးဘာေလးေျပာၾကရေအာင္...။ ဒီကငါ့သူငယ္ခ်င္းခ်ီလင္ရဲ႕ အေလးေပးဆက္ဆံခံရတဲ့ဝူရွဲ႕ဆိုတဲ့တစ္ေယာက္နဲ႕လဲေတြ႕ခ်င္ေနတာ..။"

"ကြၽန္ေတာ္ကေတာ့မေတြ႕ခ်င္ဘူး။"

ဧည့္ခန္းမွာထိုင္ၿပီးမၾကာ မထိတထိဆိုလာတဲ့စကားေၾကာင့္ ဖန့္က်စ္ထက္အရင္ဝူရွဲ႕ကျပန္ေျပာၿပီးေလၿပီ။

"ေအး... ပြင့္လင္းတာေကာင္းပါတယ္။ ၿပီးေတာ့ခ်ီလင္နဲ႕ကလဲ ထပ္ပတ္သက္စရာအေၾကာင္းမရွိေတာ့ဘူးဆိုေတာ့...။ ေၾသာ္.. အဲ့ဒါေတာ့မင္းသိတယ္မလား။"

"အကိုေျပာျပစရာမလိုပါဘူး။"

"ငါကလဲေျပာျပခ်င္လြန္းလို႔ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္မင္းသာအေၾကာင္းမရွိအေၾကာင္းရွာ ပတ္သက္ေနဦးမယ္ဆိုရင္ မၾကာခင္မွာအကိုခ်ီရွန္းကလဲမင္းကိုေတြ႕ခ်င္လာနိုင္တာေၾကာင့္ေလ... ငါကေျပာေနရတာ။ သူနဲ႕ဆိုမင္းအဆင္ေျပနိုင္မွာမဟုတ္ဘူး။"

"အကိုက်ေတာ့ေရာ အစ္ကိုေလးနဲ႕ေတာင္အဆင္ေျပလို႔လား။ ငါးႏွစ္သားကေလးလဲမဟုတ္ဘူး... သူငယ္ခ်င္းတစ္ေယာက္ကို ဂ်ဴနီယာနဲ႕ၿပိဳင္လုေနတာ.. အကိုအျဖစ္ရွိရင္ ကြၽန္ေတာ္ကလုလို႔ေတာင္ရမွာမဟုတ္ဘူး..။ သူ႕အစ္ကိုႀကီးလဲ ကြၽန္ေတာ္မေၾကာက္ဘူး။ ကြၽန္ေတာ္ကအားလုံးနဲ႕အဆင္ေျပေအာင္ေနတတ္တယ္... စီနီယာေရွာင္းစစ္။ စိတ္ပူေပးတာေက်းဇူးပဲဗ်။"

အသက္ပင္မရႉဘဲတရစပ္ေျပာသြားေသာ ဝူရွဲ႕၏ထိုးႏွက္ခ်က္မ်ားမွာအေတာ္အသင့္လွေနတာေၾကာင့္ ဖန့္က်စ္ဝင္တားရန္ပင္ေမ့ကာဆြံ႕အလ်က္သား။ ခံရသူေရွာင္းစစ္မွာေတာ့ နာလားစပ္လားမေမးရပါဘဲမ်က္ႏွာကိုၾကည့္႐ုံႏွင့္သိနိုင္သည္အထိရႈံ႕မဲ့သြားေလၿပီ။ သို႔ေသာ္သူကစုတ္တစ္ခ်က္သပ္ကာသာ ေနရာမွထထြက္သြားၿပီးေပးရမည့္ဖိုင္တြဲမ်ားကိုသြားယူဟန္ရွိသည္။

ခဏအၾကာတြင္...

"ေရာ့.. ဒီမွာဒါေတြအကုန္ပဲ။"

ဖိုင္တြဲသုံးတြဲေလာက္ကို ဖန့္က်စ္လက္ထဲထိုးထည့္ေပးလာတဲ့ေရွာင္းစစ္မွာ ဝူရွဲ႕တို႔ကိုအျမန္ဆုံးနည္းျဖင့္ႏွင္ထုတ္ခ်င္ေနဟန္ရွိေလသည္။

ရယ္ခ်င္ေနေသာ္လည္း ဖန့္က်စ္ဆူမည္စိုး၍ထိန္းခ်ဳပ္ေနရေသာဝူရွဲ႕တစ္ေယာက္ လြယ္ကူမေနခဲ့ေပ။ ေနာက္ဆုံးတြင္ေတာ့ ပုပ္သိုးမည္းေမွာင္ေနသည့္ေရွာင္းစစ္မ်က္ႏွာႀကီးကို ေက်ာခိုင္းလာရေလၿပီ။ အခန္းတံခါးကိုအားျဖင့္ ျမန္ဆန္စြာပိတ္ခ်သြားအၿပီးတြင္ေတာ့ ဝူရွဲ႕၏ရယ္သံမ်ားမွာ ေကာ္ရစ္ဒါတေလွ်ာက္အထိန္းအကြပ္မဲ့စြာပ်ံ့လြင့္လာေတာ့သည္ေလ။

"ဟားဟားဟားဟား...."

"ေဟ်ာင့္.. မရယ္စမ္းနဲ႕။"

"ဘာလဲ.. ငါရယ္တာမွားလို႔လား။ မင္းလဲရယ္ခ်င္ေနတာပဲမလား။"

"မင္းကြာ.. ကိုယ့္ထက္အႀကီးကို ဘယ္လိုျဖစ္လို႔သြားစြာေနတာတုန္း။"

"မင္းကလဲ.. သူ႕လိုလူမ်ိဳးက အဲ့လိုျပန္ေျပာမွေအးမွာ။ အရသာကိုရွိေနေရာ္...။ မဟုတ္ရင္ၿပီးေတာ့မွာမဟုတ္ဘူး။"

"မဟုတ္ေသးပါဘူးကြာ... သူမ်ားအိမ္မွာအိမ္ရွင္ကိုေစာ္ကားရတယ္လို႔ မင္း... တကယ္မနိုင္ဘူး။"

"ဘာျဖစ္လဲ။ သူကအရင္ငါ့လာေျပာေနတာေလကြာ။"

"မင္းတို႔က ကေလးေတြလဲမဟုတ္ဘူး။ ဘာမဟုတ္တဲ့ေကာင္ကိုလုေနရတယ္လို႔။"

"ငါဘယ္မွာလုေနလို႔တုန္း... ။ စိတ္ေတာင္မဝင္စားပါဘူး။ ဒါေပမယ့္ အစ္ကိုေလးကဘာမဟုတ္တဲ့ေကာင္ေတာ့မဟုတ္ပါဘူး ဖန့္က်စ္ရ။"

"ေအးပါကြာ...ေအးပါ။ ငါမွားတယ္ပဲထားပါေတာ့။"

"မင္း... လာမ႐ြဲ႕နဲ႕ ဝမ္ဖန့္က်စ္။"

"ေအးေအး.. ငါမ႐ြဲ႕ေတာ့ဘူးဟုတ္ၿပီလား..။ အခုေတာ့ေအာက္ဆင္းဖို႔ ဓာတ္ေလွကားဆီသြားရေအာင္။ အိမ္ျပန္ရဦးမယ္ေလ.. မင္းေနာက္က်လိဳ႕ငါပါအဆူခံေနရမယ္အန္တီ့ဆီကေန။"

"ၿပီးတာပဲ။"

မျဖစ္စေလာက္ေလးေျပာမိသည္ကိုပင္ ဆူခံရသကဲ့သို႔မေက်မနပ္ျဖစ္ဟန္ႏွင့္ ေရွ႕ကိုေဆာင့္ႂကြားႂကြားေက်ာ္တက္သြားေသာဝူရွဲ႕ကို ငါးရာေျခာက္ဆယ့္ရွစ္ႀကိမ္နီးပါး ေခါင္းတြင္တြင္ခါမိရင္းသာဖန့္က်စ္ေျပာစရာစကားမ်ားေပ်ာက္ဆုံးသြားရျပန္ပါသည္။

တကယ္မနိုင္ပါဘူး...။
ဝူရွဲ႕ကိုဖန့္က်စ္တကယ္မနိုင္ပါဘူး။
မူႀကိဳေက်ာင္းမွာအခ်ိန္ပိုင္းဆရာဝင္လုပ္ရင္ေတာင္ ဝူရွဲ႕ကိုထိန္းရသေလာက္ခက္ခဲမည္မဟုတ္ေၾကာင္းကို ယေန႕ညေနပိုင္းအခ်ိန္တြင္ဖန့္က်စ္သက္ေသႏွင့္တကြ အတည္ျပဳၿပီးစီးေလၿပီ။



*** *** ***
To be continued.. 🖤🖤

Thank you all for waiting so long🖤💙
Cause I've Japanese class and some cases, Lost time on this section"(
I'm really sorry about that"(
Now.. I come back because all of you who still waiting for me even it isn't sure."3
I love u Guys.. 🖤💙 and Thanks for your waiting and caring.💛🖤
Take care My Sweethearts💖






Comment