"ဒီတစ်ညတာအတွက် ကျေးဇူးအထူးဗျာ.."
Barကောင်တာရှေ့မှာသူ့နေရာသူယူကာ အထာကျကျရှိနေတဲ့ထိုင်ခုံအဝိုင်းလေးတွေကလစ်လပ်လို့..။ ကောင်တာနောက်မှာတော့ရောင်စုံပုလင်းကြီးငယ်တို့က လှလှပပငြိမ်သက်နေကြသည်။ ခပ်မှောင်မှောင်ဖြစ်နေတဲ့ဆိုင်လေးအတွင်းမှာ ရောင်စုံမီးတို့ထွန်းထားဆဲပေမယ့် မျက်စိနောက်အောင်တော့လှုပ်ခတ်မနေဘူး။ လေထုထဲပျံ့လွင့်လာတဲ့သံစဥ်အေးအေးက သီးခြားစားပွဲဝိုင်းလေးတွေဆီပေါ့ပါးစွာကူးလူးသွားလာနေရင်း ငြိမ့်ညောင်းတဲ့အသိုက်အဝန်းတစ်ခုကိုကြိုးစားဖန်တီးနေလေရဲ့..။
ဒီအချိန်ကဆိုင်ပိတ်ချိန်။ ဆိုင်ပိုင်ရှင်ဖြစ်သူဂျွန်အဲလက်စ်နှင့်ဟေးရန်အပြင် မည်သူမှရှိမနေတော့။ ဂျွန်သည်တရုတ်ပြည်ဖွားနိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး သူ့အမေဆုံးပြီးကတည်းကမိခင်၏ဇာတိမြေဖြစ်တဲ့တရုတ်မှာပဲ ပြောင်းရွှေ့အခြေချဖို့ဆုံးဖြတ်လိုက်ခြင်း။ ထို့အပြင်ဂျွန်သည်ဝူရှဲ့တို့မြို့ရှိ ဟေးရန်သွားနေကျClubပိုင်ရှင်ဒေးဗစ်အဲလက်စ်နှင့် တူဝရီးတော်စပ်သည်လေ။
ဒေးဗစ်နှင့်ဟေးရန်သည်ဟိုးအရင်ကတည်းက ပေါင်းမိခဲ့ကြသည့်သူငယ်ချင်းတွေဖြစ်ပြီး ဒီရောက်မှဆုံကြခြင်းမဟုတ်။ လေးစားအားကျရသူအဖြစ်ခံယူထားသောသူ့ဦးလေးဂျွန်အကြောင်းကို စကားပြောတိုင်းမပါရင်မပြီးသောဒေးဗစ်ကြောင့် ဟေးရန်နာမည်နှင့်ပင်ရင်းနှီးနေတာအတော်ကြာခဲ့ပြီ..။ လူချင်းတွေ့ဖူးချင်သော်လည်းယခုမှအခွင့်အရေးရသည်ဟုဆိုရမည်။
ယခုလဲဟေးရန်အတွက်စောင်နှင့်ခေါင်းအုံးများသယ်လာကာ သူ့အခန်းတွင်းမှထွက်လာသောဂျွန်ကိုစကားစလိုက်ခြင်း။ ဂျွန်၏ဆိုင်လေးသည်အတန်မျှကျယ်ဝန်းသော်လည်း လူစည်ကားသောဆိုင်ကြီးကနားကြီးမဟုတ်ပါ။ ဒီအတိုင်းခပ်ငြိမ့်ငြိမ့်ခံစားချက်လေးနှင့် တစ်ယောက်တည်းအထီးကျန်ကျန်အရက်လာသောက်ရန် သင့်တော်လွန်းသောBarလေးတစ်ခုပဲဖြစ်လေသည်။ ထို့အပြင်ဝန်ထမ်းလဲများများမထားဘဲ အချိန်ပိုင်းလေးသာခန့်ပြီး အစစအရာရာသူပဲဦးဆောင်တာဝန်ယူထားသည်လေ။
"ဟားဟား.. ငါ့တူဖောက်သည်ကိုဒီလောက်တော့ဧည့်ဝတ်ကျေရမှာပေါ့ကွာ.. မဟုတ်ရင်ငါအပြောခံရမှာကွ.. "
ဟေးရန်ကျေးဇူးတင်သည်ကို ဂျွန်ကစာမဖွဲ့လိုဟန်နှင့်ရယ်ကျဲကျဲပြန်ဖြေရင်း ယူလာသည့်စောင်တို့ကို ဆက်ထားသောစားပွဲဝိုင်းလေးတွေအပေါ်ခင်းကျင်းကာနေရာချပေးနေလေသည်။
"ဒေးဗစ်ကစကားဆုံတိုင်းပြောပြထားလို့သာနာမည်ကိုရင်းနှီးနေတာ.. လူချင်းတွေ့လိုက်ရတော့ပိုသေချာသွားတယ်.."
သူကဧည့်ဝတ်ကျေချင်၍စကားသာထိုင်များနေရန် အစောတည်းကတောင်းဆိုထားသောကြောင့်
ဟေးရန်မှာဝင်ကူခွင့်မရှိဘဲ တိုင်ပင်ချင်သည့်ကိစ္စကိုသာပြောဖြစ်ရန်လမ်းကြောင်းဖော်နေလိုက်တော့သည်။
"ဘာသေချာသွားတာလဲ ဟေးရန်"
"ဒေးဗစ်ဦးလေးလို့မပြောရဘူး.. ပေါင်းရသင်းရအဆင်ကိုပြေချက်ပဲ.. ကီးကိုက်ဖို့သေချာသွားတာပေါ့ဗျာ.."
ဟေးရန်တစ်ယောက်စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်ခြင်းဖြစ်သည်။ စစကဒီအတိုင်းခဏဝင်တွေ့ကာ မိတ်ဆက်ချင်ရုံဖြစ်သော်လည်း စကားဖောင်ဖွဲ့မိပြီးမကြာဂျွန်၏ရင့်ကျက်မှုနှင့်သုံးသပ်နိုင်စွမ်းတို့ကိုဟေးရန်သဘောကျသွားလေသည်။ အကဲခတ်တော်လွန်းလှပြီး အစ်ကိုတစ်ယောက်ကဲ့သို့ယုံကြည်ရသလို ရွယ်တူလိုလဲပုခုံးဖက်ပေါင်းရလွယ်သည်။
ဂျွန်နှင့်မိတ်ဆွေဖွဲ့ပြီးပြီးချင်း ဟေးရန်ပထမဆုံးတွေးမိသည့်အကြံမှာ သူအဖြေထုတ်မရသောကိစ္စတစ်ခုကိုတိုင်ပင်ရန်ဖြစ်သည်။
သို့သော်...
ထိုအချိန်တုန်းက...
သူရောက်သွားသည့်အချိန်တွင် ဆိုင်မှာလူကျနေ၍စကားအေးဆေးပြောခွင့်မရ။ ဝူရှဲ့ကိုအကျင့်မယုတ်ချင်ပါသော်လည်း သူကိုယ်တိုင်ကကျွန်တော့်ဆီပြန်မလာသေးသည်ကိုး။
ကျန်းချီလင်နဲ့တွေ့ပြီးဘာတွေတိုင်ပင်နေလို့ အခုထိဖုန်းမလာသေးလဲမသိပေမယ့် ဒါကျွန်တော့်အတွက်အခွင့်ကောင်း။ အချိန်တွက်ကြည့်လျှင်လဲအပြန်လမ်းကမှောင်ချင်မှောင်နေမှာ.. အန္တရာယ်မကင်းနိုင်ဘူးဆိုတော့.. ကျွန်တော့်အကြံအစည်လေးကိုအကောင်အထည်ဖော်လိုက်တော့တာပေါ့..။
မိမိမှာသူတော်ကောင်းကြီးဖြစ်သော်လည်း ဆိုင်ကယ်ပျက်သွားကြောင်းညာပြောလိုက်ရသည်။ မဟုတ်လျှင်ဝူရှဲ့ကိုရှင်းပြချက်အရှည်ကြီးတွေတင်ပြနေရလိမ့်မည်လေ။ တိုတိုနဲ့လိုရင်းပဲရှင်းပြီး ကျွန်တော်ကပဲအကျင့်မကောင်းအပျော်အပါးမက်တဲ့သူအဖြစ်ခံမည်ဟုဆုံးဖြတ်ကာ ဖုန်းဆက်ပြောလိုက်တော့ဝူရှဲ့ကလဲသူ့အစ်ကိုလေးနဲ့ကြာကြာနေရမည်ဆိုတော့ပျော်သွားပုံရပါသည်။
ပျော်လွန်းလို့ကျွန်တော့်ကိုတောင်အသံကျယ်ကျယ်နဲ့ထအော်တာနားတောင်ကန်းတော့မလို့.. တကယ်ဆိုကျွန်တော်ကအခမဲ့အကျိုးဆောင်ပေးလိုက်တာမဟုတ်ဘူးလား..။
"မင်းလိုလူငယ်တစ်ယောက်က အသက်အရွယ်ကန့်သတ်ချက်တွေဘေးချိတ်ပြီးပေါင်းသင်းနိုင်တာလေးစားစရာပဲ.. နိုင်ငံခြားမှာတုန်းကလဲဒီလိုပဲလား.."
"ဆိုပါတော့ဗျာ.. အမှန်ဆိုကျွန်တော့်လူမှုဆက်ဆံရေးက နိုင်ငံခြားမှာနေခဲ့လို့ပိုကောင်းလာတယ်ဆိုရမှာ.."
တက္ကသိုလ်ကိုပထမနှစ်တဝက်နောက်ကျပြီးမှရောက်လာတယ်ဆိုတာ ဝူရှဲ့တို့သိပုံမရဘူး။ ကျွန်တော်ကသူတို့ထက်အသက်နှစ်နှစ်လောက်ပိုကြီးတာလဲ မသိကြပါဘူး။ ကျွန်တော့်မိဘနှစ်ပါးလုံးကတရုတ်လူမျိုးတွေဖြစ်ပြီး ကျွန်တော့်ကိုလဲဇာတိမြေမှာပဲမွေးဖွားပေးခဲ့ပေမယ့် ကနေဒါမှာကြီးပြင်းလာခဲ့ရတာ..။ ဒါတောင်LAမှာခန္ဓာဗေဒသင်ခဲ့ပြီးတာကိုထည့်မပြောရသေးဘူး။
ဖန့်ကျစ်တို့ဝူရှဲ့တို့ဆိုတာ ကျောင်းရောက်မှပေါင်းမိခင်မိကြတဲ့မိတ်ဆွေပေါက်စလေးတွေထက်မပိုဘူးလို့ပြောရမလိုပင်။ အမှန်တော့ကျွန်တော့်အကြောင်းကို ဒီကဘယ်သူမှဂဂနနမသိကြဘူးရယ်။ ကျွန်တော်ကိုယ်တိုင်ကလျှို့ဝှက်ထားတာလဲပါလိမ့်မည်။
"နိုင်ငံရပ်ခြားကိုတစ်ယောက်တည်း တုံးတိုက်တိုက်ကျားကိုက်ကိုက် ထွက်သွားတာ နည်းတဲ့သတ္တိတော့မဟုတ်ဘူး Brother.. "
"အဲ့တုန်းကအကြောင်းတွေပြန်တွေးရရင် ကျွန်တော်အဆက်မပြတ်ရယ်ချင်လာတော့တာပဲ..ဟားဟား.. ဒီပြန်လာပြီးတက္ကသိုလ်ကျောင်းသားလုပ်နေရတာ ရှယ်ပျင်းစရာကောင်းတာဗျ။"
"စာလုပ်ရလို့လို့တော့မပြောစမ်းနဲ့ကွာ.."
"ဟာ.. Broရာ.. မနောက်ပါနဲ့ဗျာ.."
"ဟားဟားဟား... ငါသိပါတယ်ကွ.. မင်းကကိုယ်လုပ်ချင်တာလုပ်တဲ့အကောင်.. မင်းအခုလုပ်နေတဲ့အရာတွေအကုန်မင်းဆန္ဒပါလို့ကြီးပဲ.. ဟုတ်တယ်မလား။"
"ဒီတစ်ကွက်တော့ချီးကျူးမယ်ဆရာ.. ဒေးဗစ်ထက်နှာတစ်ဖျားသာတာတော့ကျွန်တော်ဝန်ခံပြီ။"
"အဟား.. ဒါကအသက်အရွယ်ရဲ့အတွေ့အကြုံပဲလေ.. မင်းလဲအသက်ကြီးလာတဲ့တစ်နေ့ကျ လူတစ်ယောက်ရဲ့အတွင်းစိတ်ကိုပိုမြင်တတ်လာလိမ့်မယ်..။ နောက်ပြီးဒေးဗစ်ကငါနဲ့ဝါသနာတူအကျင့်စရိုက်တူပေမယ့် ငါ့ကိုတော့ကျော်ပါ့မလားကွာ.."
"အင်း.... လူတစ်ယောက်ရဲ့အတွင်းစိတ်ကတကယ်ကိုနားလည်ရခက်လွန်းတာ.. ကျွန်တော်ခန္ဓာဗေဒသင်ခဲ့တုန်းကတောင် ဒီလောက်မခက်ခဲခဲ့ဘူး.."
ကျွန်တော်ကတွေးတွေးဆဆစကားဆိုလိုက်တော့ ဂျွန်ကတန်းသဘောပေါက်သည်။ ကျွန်တော့်ပါးစပ်ကထုတ်ပြောပြီးအကြံတောင်းစရာတောင်မလိုတဲ့အထိ ပါးနပ်လှသောဂျွန်ကြောင့်ဒီကိစ္စကိုတိုင်ပင်ချင်ရခြင်း။
"ကောင်လေး.. မင်းဘာတွေဝေခွဲမရဖြစ်နေတာလဲ?"
"အမှန်တိုင်းပြောရရင် ကျွန်တော်အဖြေရှာမရတဲ့ပုစ္ဆာတစ်ပုဒ်နဲ့ ပက်ပင်းတိုးနေတာကြာပြီ.. ချောင်ထိုးထားလို့သာ အဖြေမရှာဘဲနေလို့ရနေတာ.. တကယ်ကကြာလေပိုဆိုးလေဖြစ်မယ့်အပေါက်။"
"မင်းလိုလူမျိုးက ဝေခွဲမရဖြစ်နေတယ်ဆိုတာတကယ့်ရှားပါးဖြစ်စဥ်ပဲ.. ။ ငါခန့်မှန်းပြောရရင် ဒီကိစ္စကပုံမှန်နဲ့တော့ကွဲထွက်နေလောက်တယ်။"
"ကွဲထွက်နေတာမှ ပုံမှန်ကိုမဟုတ်သလိုပဲ..။ နောက်ပြီးကျွန်တော်တစ်ယောက်တည်းပြီးမယ့်ကိစ္စမျိုးမဟုတ်ဘူး..။ အဲ့ဒါကြောင့်ပိုခက်ခဲနေတာ.. ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်တော့ဘူးဗျာ.."
"အင်း... တစ်ယောက်တည်းမပြီးဘူးဆိုရင်တော့ မင်းအလိုအပ်ဆုံးကအရိုးသားဆုံးပွင့်လင်းဖို့ပဲ။ ဘာလို့လဲဆိုတော့ ဘယ်အရာမှမတည်မြဲတဲ့လောကကြီးထဲမှာအချိန်ဆိုတာသိပ်အရေးပါတယ်.. အခုမင်းနဲ့နောင်ငါးနှစ်မင်းကတူချင်မှတူလိမ့်မယ်.. ဒီလိုပဲကိုယ့်ဘေးကလူတွေကလဲ ထွက်သွားတဲ့သူတွေရှိမယ် ကျန်နေခဲ့တဲ့သူတွေရှိဦးမယ်.. ပြောင်းလဲနေမှာပဲ..။ ဒီတော့နောင်တမရချင်ရင်အချိန်မဖြုန်းတာအကောင်းဆုံးပဲ.. ကိုယ့်ကိုယ်ကိုမညာမိဖို့တော့သတိထားပေါ့.. မဟုတ်ရင်ကိုယ်ပဲအနာကျင်ရဆုံးသူဖြစ်နေလိမ့်မယ်။"
"......"
အတွေးနက်လျက်ငြိမ်သက်နေသောဟေးရန်ဆီမှစကားပြန်ကိုမလိုတော့ကြောင်းဂျွန်သိသည်။ ထို့ကြောင့်ထိုင်နေရာမှအသာထရင်း ဟေးရန်ပုခုံးကိုဖွဖွပုတ်ကာ အိပ်ခန်းရှိရာသို့သာခြေဦးတည့်လိုက်လေတော့သည်။
--- --- ---
ကျွန်တော့်တစ်သက်တာလုံးတွင် ဒီအိမ်တော်မှာတစ်ညတာတည်းခိုရတဲ့အချိန်က အကြာဆုံးဖြစ်လိမ့်မည်ထင်သည်။ နေ့လယ်စာစားပြီးကတည်းက တရွေ့ရွေ့သွားနေပါသောနာရီလက်တံတွေကအစ လှုပ်စိလှုပ်စိနှင့်စိတ်မပါသလို။ ခရုတစ်ကောင်နှင့်ပြိုင်ရင်တောင်ရှုံးမည့်စတိုင်နှင့် လည်နေလိုက်တာ..တစ်နာရီတစ်နာရီကုန်ဆုံးဖို့ကို နှစ်တစ်ထောင်အလားကြာနေလေတော့သည်။
မားကိုစိတ်မပူစေရန် ဖုန်းဆက်အကြောင်းကြားပြီးကတည်းက လုပ်စရာအထွေအထူးမရှိတော့၍ လွယ်အိတ်ထဲကောက်ထည့်လာမိသောစာအုပ်လေးကိုသာ အချိန်ပေးနေလိုက်မိသည်။ တော်ပါသေးသည်.. ဘာရယ်မဟုတ်ဘဲစာအုပ်မပါရင်အပြင်ထွက်ဖို့လေးပင်တတ်သောကျွန်တော့်အကျင့်ကို ကျေးဇူးပင်တင်ရမလိုလို။
မဟုတ်လျှင်ဒီအိမ်တော်ကြီးထဲ... တစ်ယောက်တည်းကြောင်တောင်ကန်းနေမှာမြင်ယောင်နေပါသေးသည်။
ရှောင်စန်းဘယ်ရောက်သွားပါလိမ့်..
စာဖတ်နေရင်းရုတ်တရက်အတွေးထဲပေါ်လာသောကြောင့်လှည့်ပတ်ရှာကြည့်မိတော့...
"ရှောင်စန်းကဥယျာဥ်ထဲဆင်းသွားတယ် ။ ဒီအချိန်ကသူ့အပင်တွေကိုဂရုစိုက်နေကျအချိန်လေ..။"
ရုတ်တရက်ပြောရင်းဆိုရင်းအသီးပန်းကန်ဖြင့်အနားရောက်လာပါသောလန်ကောကြောင့် ကျွန်တော်လန့်ရပေါင်းလဲများပါပြီ။
"သြော်..ဟုတ်ကဲ့။"
"ဝူရှဲ့ကိုပြောမသွားဘူးလား..။ သူဘာတွေအလျင်လိုနေလို့ခပ်မြန်မြန်ထွက်သွားလဲမသိဘူး။ သူကအဲ့လိုပဲစိတ်မြန်လက်မြန်နဲ့။"
ကျွန်တော်ပျင်းမနေရအောင် အနားလာစကားပြောပေးနေတာလား.. ရှောင်စန်းအကြောင်းပြောပြချင်၍လား..မသိပေမယ့်အနည်းဆုံးလန်ကောရှိတော့တော်ပါသေးသည်။
"ရှောင်စန်းနဲ့အစ်ကိုလေးကတော်တော်ကွာတာပဲနော်.. လန်ကော။"
ကျွန်တော်ဒဲ့ပြောလိုက်မိတော့ လန်ကောကပြုံးပြရင်းဖြေသည်။
"ဟုတ်တယ်..။ သူတို့ကအနေလဲဝေးတယ်လေ ငယ်ငယ်က။ ရှောင်စန်းဒီကိုပြန်ရောက်တာမကြာသေးဘူး။ အရင်ကLAမှာ..."
"အို.... ဘာလို့အဲ့မှာပဲကျောင်းဆက်မတက်တာလဲ?"
"သူမှမတက်ချင်တာ..။ ရှောင်စန်းလေးကဟိုမှာတစ်ယောက်တည်းသွားနေရတာ..။ သနားပါတယ်..။"
"ခဏပဲဟာ..။ သူများတွေဆိုနိုင်ငံခြားမှာကျောင်းတက်ဖို့ စိတ်ပြင်းပြနေကြတာ.."
"အင်း.. ။ ဝူရှဲ့ထင်သလိုခဏပဲသွားရရင်တော့ ကောလဲမပြောတတ်ဘူး။ ဒါပေမယ့်ရှောင်စန်းက(၁၄)နှစ်လောက်တည်းကသွားနေရတာ။"
"တစ်ယောက်တည်းနေဖို့ငယ်သေးတာကို..။"
"ဟုတ်တယ်..။ ကျန်းသခင်လေးလဲတားဖို့ကြိုးစားပါသေးတယ်.. ဒါပေမယ့်သခင်ကြီးဆုံးဖြတ်ချက်ကိုလွန်ဆန်လို့မရတာကများတယ်..။ နောက်ပြီးရှောင်စန်းကပြဿနာရှာလိုက်တာလဲပါတာပေါ့။"
"အစ်ကိုလေးအဖေလား..? သခင်ကြီးဆိုတာက.."
"ဟုတ်တယ်.. သခင်ကြီးနာမည်က ကျန်းရိရှင်းတဲ့။ ကျန်းအိမ်တော်ရဲ့လက်ရှိအုပ်ထိန်းသူပေါ့။"
"သြော်... လန်ကောကအစ်ကိုလေးတို့ဆီမှာအလုပ်လုပ်တာကြာပြီလား.."
"အင်းပြောရရင်.. ကောအဖေကလဲသခင်ကြီးရဲ့လူယုံတစ်ယောက်ပဲ။ ကောတို့နဲ့အိမ်တော်ရဲ့ဆက်ဆံရေးက အလုပ်သဘောအရဆိုတာထက် ယုံကြည်မှုနဲ့တည်ဆောက်ထားတယ်ပြောရမယ်။"
"ကျွန်တော်သဘောပေါက်ပြီ..။ ခုနကမေးခွန်းကရိုင်းပျသလိုဖြစ်သွားရင်တောင်းပန်ပါတယ်..လန်ကော။"
"ရပါတယ်.. ဝူရှဲ့ပြောတာလဲမမှားဘူးလေ။"
"ဟုတ်.."
"ကောကသူတို့နဲ့ငယ်ငယ်ကတည်းကရင်းနှီးလာတာ..။"
"ဟုတ်လား..။ အဲ့ဒါကြောင့်ကောနဲ့ဆိုပိုအဆင်ပြေကြသလိုပဲ စကားပြောတာကအစ။"
"ဟုတ်တယ်..။ ဒါနဲ့ကျန်းသခင်လေးအပေါ်မှာ အစ်ကိုတစ်ယောက်ရှိသေးတယ်..။ သူ့နာမည်က ကျန်းချီရှန်း..။"
"ဗျာ... တကယ်ကြီးလား..။ ကျွန်တော်မထင်ထားဘူး.. အစ်ကိုလေးဆီမှာမွေးချင်းတွေရှိမယ်လို့.."
"အင်း...သူ့ပုံစံကအရမ်းအေးစက်နေလို့မလား။"
"အားမနာတမ်းပြောရရင်တော့.. ဟုတ်တယ်။ တစ်ဦးတည်းသောသားလို့ထင်နေတာ.."
"အင်း.. ကျန်းသခင်လေးကရှောင်စန်းထက်ပိုတောင်သနားဖို့ကောင်းသေးတယ်။ သူ့မှာမွေးချင်းတွေရှိပေမယ့် ညီအစ်ကိုတွေကြားကအချစ်တွေသံယောဇဥ်ဆိုတာတွေသူမခံစားဖူးဘူး။ သူကအမြဲတစ်ယောက်တည်းပဲနေတာများတယ်.. သူမနေချင်လဲနေခဲ့ရတာဟိုးတုန်းကတည်းက..။"
"ဘာဖြစ်လို့လဲ..။ မတည့်ကြလို့လား..။"
မတည့်ကြလို့လားဟုပြောမိတော့ လန်ကောကရယ်သည်။ ညီအစ်ကိုတွေကြားပြဿနာက မတည့်တာအပြင်တခြားဘာရှိသေးလို့လဲ..။
"မတည့်ကြရအောင်လဲငါးနှစ်သားကလေးလေးတွေမှမဟုတ်တာ..ဝူရှဲ့ကတော့လေ။"
"လန်ကောကလဲ.. ညီအစ်ကိုမောင်နှမတွေဆိုတာ ဒီလိုပဲလေ.. ကလေးလေးတွေလိုပဲရန်ဖြစ်ကြမတည့်ကြလုကြနဲ့ အဲ့ဒါကမှမွေးချင်းအရသာလို့ခေါ်တာ..။ ကျွန်တော်ဆိုအရမ်းအားကျတာပဲ..။ ကျွန်တော်ကတစ်ဦးတည်းသောသားမလို့ အိမ်မှာဆိုအရမ်းပျင်းဖို့ကောင်းတာ.. ဆူဆူညံညံလဲမရှိဘူး... ကျွန်တော်နဲ့တလျှောက်လုံးရှိလာတာဆိုလို့ စာအုပ်တွေပဲရှိတယ်.. ဘယ်လောက်အထီးကျန်စရာကောင်းလိုက်သလဲ..။"
ငြီးငြီးငြူငြူနှင့် သူမှန်ကြောင်းသေချာရှင်းပြနေသောဝူရှဲ့ကို လန်ကောကချစ်စရာကောင်းသည်ဟုမြင်နေသည်လေ..။ ထို့ကြောင့်ခေါင်းကိုသာဖြည်းဖြည်းခါရင်း ပါးချိုင့်တွေပေါ်သည်အထိပြုံးနေလေတော့သည်။
လန်ကော၏ရွှင်ပျစွာပြုံးနေပုံကို ဝူရှဲ့မှင်သက်သွားရသည်။ ခြံတံခါးဝတွင်ပထမဆုံးဆုံမိစဥ်က စည်းကမ်းတင်းကြပ်ဟန်ရှိသော တည်တည်တံ့တံ့မျက်နှာထား၊ စေ့စေ့ပိတ်ထားသောနှုတ်ခမ်းပါးနှင့် လေးထောင့်ကျသောမေရိုးများကြောင့် ယခုလိုနှစ်လိုဖွယ်အသည်းယားစဖွယ်ပါးချိုင့်ငယ်နှစ်ခုကိုပါးတစ်ဖက်ဆီမှာသိုဝှက်ထားလိမ့်မယ်လို့ဘယ်သူထင်မိမှာလဲ..။
လူကြီးလူကောင်းဆန်ဆန်အရပ်အမောင်း၊ တောင့်တင်းသောခန္ဓာကိုယ်အချိုးအစား.. သေသပ်စွာဝတ်ဆင်ထားသောအနောက်တိုင်းဝတ်စုံတို့နှင့် အနည်းငယ်မျှမအပ်စပ်စွာစိတ်လိုလက်ရကလေးတစ်ယောက်လိုပြုံးနေပုံက မြင်သူတိုင်းကိုကြွေကျမြေခစေနိုင်သည်အထိ။
ဒီလို Gentleman typeနှင့် Cute typeတို့ကို ပေါင်းစပ်တွေ့လိုက်ရသောရှားပါးအခိုက်အတန့်ကြောင့် ဝူရှဲ့မျက်လုံးအဝိုင်းသားလေးဖြင့်ခဏတာငေးမောမိသွားလေသည်။
ထိုစဥ်ဘယ်ကဘယ်လိုပေါ်လာမှန်းမသိသောအသံတစ်သံကြောင့် ကျွန်တော့်၏ငေးမောခြင်းများအဆုံးမသတ်လိုက်ရပါဘဲ အလန့်တကြားရပ်တန့်သွားရလေတော့သည်။ တရားခံကတော့မြေကြီးများပေတလူးနေသော မျောက်ပေါက်ကျန်းချီစန်းပင်။
"ဝူရှဲ့!!!"
"ရှောင်စန်း... အနားရောက်နေပြီကို.. အော်ခေါ်ရသလား..။"
ရှောင်စန်း၏အော်သံကြောင့်လန်ကောကပင် ဝင်ပြောရသည်။ ကျွန်တော်ကတော့လွင့်တော့မည့်ဆဲဆဲလိပ်ပြာကိုပြန်သိမ်းနေရ၍ စကားပြန်မပြောအားပါ။
"ဝူရှဲ့ကလန်ကောကိုပဲအာရုံရောက်နေတာ.. ကျွန်တော်အနားရောက်တာတောင်လှည့်မကြည့်ဘူးလေ။"
"အာ... မဟုတ်ပါဘူး။ ရှောင်စန်းဘာဖြစ်လို့လဲအခုက။"
ရှောင်စန်းအပြောကြောင့် ကျွန်တော်အရှက်မရခင်အလျင်အမြန်စကားလမ်းကြောင်းလွှဲလိုက်ရသည်။
"လိုက်ခဲ့..။"
သူ့လက်တွေကရွံ့တွေပေနေ၍ ကျွန်တော်ဆောင့်ဆွဲခံရမည့်ဘေးမှလွတ်သွားခြင်းဖြစ်သည်။ သို့သော်လည်းစကားဖြင့်ပင် ကျွန်တော့်ကိုတစ်ခါတည်းထလာစေသည်လေ။ ထမလာလျှင်လည်း ဘာလုပ်မည်ကိုမခန့်မှန်းတတ်သောကြောင့် သူ့ဆန္ဒအတိုင်းလိုက်လျောရင်းသာလန်ကောကိုထားခဲ့လိုက်ရတော့သည်။
"ဝူရှဲ့ကိုညစ်ပတ်အောင်မလုပ်နဲ့နော်... ရှောင်စန်း။"
ရှောင်စန်းကိုလှမ်းပြောရင်း ဧည့်ခန်းတွင်ကျန်နေခဲ့ပါသောလန်ကော။ မိမိတို့စကားပြောနေသည်ကိုပင်ဂရုမစိုက်စွာ အတင်းအဓမ္မခေါ်ထုတ်သွားသောရှောင်စန်းကိုအပြစ်ယူပုံလဲမရပါ။
လန်ကောရေ... မကယ်တော့ဘူးလား...
ကျွန်တော့်ကိုစိတ်ပူပေးနေပါသေးသည့်လန်ကောအား စိတ်ထဲမှရေရွတ်အကူအညီတောင်းနေမိသော်လည်းသူမှမကြားရဘဲလေ။
*** *** ***
To be continued..🖤🖤
Xiao Ge နဲ့အခန်းက နောက်တစ်ပိုင်းမှသေချာလေးပါပါမယ်နော်...😁😁။ အခုထည့်လိုက်ရင်အရမ်းရှည်သွားမှာစိုးလို့ပါ။ ဖတ်ရတာပျင်းဖို့ကောင်းနေမှာစိုးလို့😗😗 တာ့တာ👋👋
💙💙
.
.
.
.
.
.
.
.(Zawgyi)
"ဒီတစ္ညတာအတြက္ ေက်းဇူးအထူးဗ်ာ.."
Barေကာင္တာေရွ႕မွာသူ႕ေနရာသူယူကာ အထာက်က်ရွိေနတဲ့ထိုင္ခုံအဝိုင္းေလးေတြကလစ္လပ္လို႔..။ ေကာင္တာေနာက္မွာေတာ့ေရာင္စုံပုလင္းႀကီးငယ္တို႔က လွလွပပၿငိမ္သက္ေနၾကသည္။ ခပ္ေမွာင္ေမွာင္ျဖစ္ေနတဲ့ဆိုင္ေလးအတြင္းမွာ ေရာင္စုံမီးတို႔ထြန္းထားဆဲေပမယ့္ မ်က္စိေနာက္ေအာင္ေတာ့လႈပ္ခတ္မေနဘူး။ ေလထုထဲပ်ံ့လြင့္လာတဲ့သံစဥ္ေအးေအးက သီးျခားစားပြဲဝိုင္းေလးေတြဆီေပါ့ပါးစြာကူးလူးသြားလာေနရင္း ၿငိမ့္ေညာင္းတဲ့အသိုက္အဝန္းတစ္ခုကိုႀကိဳးစားဖန္တီးေနေလရဲ႕..။
ဒီအခ်ိန္ကဆိုင္ပိတ္ခ်ိန္။ ဆိုင္ပိုင္ရွင္ျဖစ္သူဂြၽန္အဲလက္စ္ႏွင့္ေဟးရန္အျပင္ မည္သူမွရွိမေနေတာ့။ ဂြၽန္သည္တ႐ုတ္ျပည္ဖြားနိုင္ငံျခားသားတစ္ေယာက္ျဖစ္ၿပီး သူ႕အေမဆုံးၿပီးကတည္းကမိခင္၏ဇာတိေျမျဖစ္တဲ့တ႐ုတ္မွာပဲ ေျပာင္းေ႐ႊ႕အေျခခ်ဖိဳ႕ဆုံးျဖတ္လိုက္ျခင္း။ ထို႔အျပင္ဂြၽန္သည္ဝူရွဲ႕တို႔ၿမိဳ႕ရွိ ေဟးရန္သြားေနက်Clubပိုင္ရွင္ေဒးဗစ္အဲလက္စ္ႏွင့္ တူဝရီးေတာ္စပ္သည္ေလ။
ေဒးဗစ္ႏွင့္ေဟးရန္သည္ဟိုးအရင္ကတည္းက ေပါင္းမိခဲ့ၾကသည့္သူငယ္ခ်င္းေတြျဖစ္ၿပီး ဒီေရာက္မွဆုံၾကျခင္းမဟုတ္။ ေလးစားအားက်ရသူအျဖစ္ခံယူထားေသာသူ႕ဦးေလးဂြၽန္အေၾကာင္းကို စကားေျပာတိုင္းမပါရင္မၿပီးေသာေဒးဗစ္ေၾကာင့္ ေဟးရန္နာမည္ႏွင့္ပင္ရင္းႏွီးေနတာအေတာ္ၾကာခဲ့ၿပီ..။ လူခ်င္းေတြ႕ဖူးခ်င္ေသာ္လည္းယခုမွအခြင့္အေရးရသည္ဟုဆိုရမည္။
ယခုလဲေဟးရန္အတြက္ေစာင္ႏွင့္ေခါင္းအုံးမ်ားသယ္လာကာ သူ႕အခန္းတြင္းမွထြက္လာေသာဂြၽန္ကိုစကားစလိုက္ျခင္း။ ဂြၽန္၏ဆိုင္ေလးသည္အတန္မွ်က်ယ္ဝန္းေသာ္လည္း လူစည္ကားေသာဆိုင္ႀကီးကနားႀကီးမဟုတ္ပါ။ ဒီအတိုင္းခပ္ၿငိမ့္ၿငိမ့္ခံစားခ်က္ေလးႏွင့္ တစ္ေယာက္တည္းအထီးက်န္က်န္အရက္လာေသာက္ရန္ သင့္ေတာ္လြန္းေသာBarေလးတစ္ခုပဲျဖစ္ေလသည္။ ထို႔အျပင္ဝန္ထမ္းလဲမ်ားမ်ားမထားဘဲ အခ်ိန္ပိုင္းေလးသာခန့္ၿပီး အစစအရာရာသူပဲဦးေဆာင္တာဝန္ယူထားသည္ေလ။
"ဟားဟား.. ငါ့တူေဖာက္သည္ကိုဒီေလာက္ေတာ့ဧည့္ဝတ္ေက်ရမွာေပါ့ကြာ.. မဟုတ္ရင္ငါအေျပာခံရမွာကြ.. "
ေဟးရန္ေက်းဇူးတင္သည္ကို ဂြၽန္ကစာမဖြဲ႕လိုဟန္ႏွင့္ရယ္က်ဲက်ဲျပန္ေျဖရင္း ယူလာသည့္ေစာင္တို႔ကို ဆက္ထားေသာစားပြဲဝိုင္းေလးေတြအေပၚခင္းက်င္းကာေနရာခ်ေပးေနေလသည္။
"ေဒးဗစ္ကစကားဆုံတိုင္းေျပာျပထားလို႔သာနာမည္ကိုရင္းႏွီးေနတာ.. လူခ်င္းေတြ႕လိုက္ရေတာ့ပိုေသခ်ာသြားတယ္.."
သူကဧည့္ဝတ္ေက်ခ်င္၍စကားသာထိုင္မ်ားေနရန္ အေစာတည္းကေတာင္းဆိုထားေသာေၾကာင့္
ေဟးရန္မွာဝင္ကူခြင့္မရွိဘဲ တိုင္ပင္ခ်င္သည့္ကိစၥကိုသာေျပာျဖစ္ရန္လမ္းေၾကာင္းေဖာ္ေနလိုက္ေတာ့သည္။
"ဘာေသခ်ာသြားတာလဲ ေဟးရန္"
"ေဒးဗစ္ဦးေလးလို႔မေျပာရဘူး.. ေပါင္းရသင္းရအဆင္ကိုေျပခ်က္ပဲ.. ကီးကိုက္ဖို႔ေသခ်ာသြားတာေပါ့ဗ်ာ.."
ေဟးရန္တစ္ေယာက္စိတ္ထဲရွိတဲ့အတိုင္းေျပာလိုက္ျခင္းျဖစ္သည္။ စစကဒီအတိုင္းခဏဝင္ေတြ႕ကာ မိတ္ဆက္ခ်င္႐ုံျဖစ္ေသာ္လည္း စကားေဖာင္ဖြဲ႕မိၿပီးမၾကာဂြၽန္၏ရင့္က်က္မႈႏွင့္သုံးသပ္နိုင္စြမ္းတို႔ကိုေဟးရန္သေဘာက်သြားေလသည္။ အကဲခတ္ေတာ္လြန္းလွၿပီး အစ္ကိုတစ္ေယာက္ကဲ့သို႔ယုံၾကည္ရသလို ႐ြယ္တူလိုလဲပုခုံးဖက္ေပါင္းရလြယ္သည္။
ဂြၽန္ႏွင့္မိတ္ေဆြဖြဲ႕ၿပီးၿပီးခ်င္း ေဟးရန္ပထမဆုံးေတြးမိသည့္အႀကံမွာ သူအေျဖထုတ္မရေသာကိစၥတစ္ခုကိုတိုင္ပင္ရန္ျဖစ္သည္။
သို႔ေသာ္...
ထိုအခ်ိန္တုန္းက...
သူေရာက္သြားသည့္အခ်ိန္တြင္ ဆိုင္မွာလူက်ေန၍စကားေအးေဆးေျပာခြင့္မရ။ ဝူရွဲ႕ကိုအက်င့္မယုတ္ခ်င္ပါေသာ္လည္း သူကိုယ္တိုင္ကကြၽန္ေတာ့္ဆီျပန္မလာေသးသည္ကိုး။
က်န္းခ်ီလင္နဲ႕ေတြ႕ၿပီးဘာေတြတိုင္ပင္ေနလို႔ အခုထိဖုန္းမလာေသးလဲမသိေပမယ့္ ဒါကြၽန္ေတာ့္အတြက္အခြင့္ေကာင္း။ အခ်ိန္တြက္ၾကည့္လွ်င္လဲအျပန္လမ္းကေမွာင္ခ်င္ေမွာင္ေနမွာ.. အႏၱရာယ္မကင္းနိုင္ဘူးဆိုေတာ့.. ကြၽန္ေတာ့္အႀကံအစည္ေလးကိုအေကာင္အထည္ေဖာ္လိုက္ေတာ့တာေပါ့..။
မိမိမွာသူေတာ္ေကာင္းႀကီးျဖစ္ေသာ္လည္း ဆိုင္ကယ္ပ်က္သြားေၾကာင္းညာေျပာလိုက္ရသည္။ မဟုတ္လွ်င္ဝူရွဲ႕ကိုရွင္းျပခ်က္အရွည္ႀကီးေတြတင္ျပေနရလိမ့္မည္ေလ။ တိုတိုနဲ႕လိုရင္းပဲရွင္းၿပီး ကြၽန္ေတာ္ကပဲအက်င့္မေကာင္းအေပ်ာ္အပါးမက္တဲ့သူအျဖစ္ခံမည္ဟုဆုံးျဖတ္ကာ ဖုန္းဆက္ေျပာလိုက္ေတာ့ဝူရွဲ႕ကလဲသူ႕အစ္ကိုေလးနဲ႕ၾကာၾကာေနရမည္ဆိုေတာ့ေပ်ာ္သြားပုံရပါသည္။
ေပ်ာ္လြန္းလို႔ကြၽန္ေတာ့္ကိုေတာင္အသံက်ယ္က်ယ္နဲ႕ထေအာ္တာနားေတာင္ကန္းေတာ့မလို႔.. တကယ္ဆိုကြၽန္ေတာ္ကအခမဲ့အက်ိဳးေဆာင္ေပးလိုက္တာမဟုတ္ဘူးလား..။
"မင္းလိုလူငယ္တစ္ေယာက္က အသက္အ႐ြယ္ကန့္သတ္ခ်က္ေတြေဘးခ်ိတ္ၿပီးေပါင္းသင္းနိုင္တာေလးစားစရာပဲ.. နိုင္ငံျခားမွာတုန္းကလဲဒီလိုပဲလား.."
"ဆိုပါေတာ့ဗ်ာ.. အမွန္ဆိုကြၽန္ေတာ့္လူမႈဆက္ဆံေရးက နိုင္ငံျခားမွာေနခဲ့လို႔ပိုေကာင္းလာတယ္ဆိုရမွာ.."
တကၠသိုလ္ကိုပထမႏွစ္တဝက္ေနာက္က်ၿပီးမွေရာက္လာတယ္ဆိုတာ ဝူရွဲ႕တို႔သိပုံမရဘူး။ ကြၽန္ေတာ္ကသူတို႔ထက္အသက္ႏွစ္ႏွစ္ေလာက္ပိုႀကီးတာလဲ မသိၾကပါဘူး။ ကြၽန္ေတာ့္မိဘႏွစ္ပါးလုံးကတ႐ုတ္လူမ်ိဳးေတြျဖစ္ၿပီး ကြၽန္ေတာ့္ကိုလဲဇာတိေျမမွာပဲေမြးဖြားေပးခဲ့ေပမယ့္ ကေနဒါမွာႀကီးျပင္းလာခဲ့ရတာ..။ ဒါေတာင္LAမွာခႏၶာေဗဒသင္ခဲ့ၿပီးတာကိုထည့္မေျပာရေသးဘူး။
ဖန့္က်စ္တို႔ဝူရွဲ႕တို႔ဆိုတာ ေက်ာင္းေရာက္မွေပါင္းမိခင္မိၾကတဲ့မိတ္ေဆြေပါက္စေလးေတြထက္မပိုဘူးလို႔ေျပာရမလိုပင္။ အမွန္ေတာ့ကြၽန္ေတာ့္အေၾကာင္းကို ဒီကဘယ္သူမွဂဂနနမသိၾကဘူးရယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလွ်ို႔ဝွက္ထားတာလဲပါလိမ့္မည္။
"နိုင္ငံရပ္ျခားကိုတစ္ေယာက္တည္း တုံးတိုက္တိုက္က်ားကိုက္ကိုက္ ထြက္သြားတာ နည္းတဲ့သတၱိေတာ့မဟုတ္ဘူး Brother.. "
"အဲ့တုန္းကအေၾကာင္းေတြျပန္ေတြးရရင္ ကြၽန္ေတာ္အဆက္မျပတ္ရယ္ခ်င္လာေတာ့တာပဲ..ဟားဟား.. ဒီျပန္လာၿပီးတကၠသိုလ္ေက်ာင္းသားလုပ္ေနရတာ ရွယ္ပ်င္းစရာေကာင္းတာဗ်။"
"စာလုပ္ရလို႔လို႔ေတာ့မေျပာစမ္းနဲ႕ကြာ.."
"ဟာ.. Broရာ.. မေနာက္ပါနဲ႕ဗ်ာ.."
"ဟားဟားဟား... ငါသိပါတယ္ကြ.. မင္းကကိုယ္လုပ္ခ်င္တာလုပ္တဲ့အေကာင္.. မင္းအခုလုပ္ေနတဲ့အရာေတြအကုန္မင္းဆႏၵပါလို႔ႀကီးပဲ.. ဟုတ္တယ္မလား။"
"ဒီတစ္ကြက္ေတာ့ခ်ီးက်ဴးမယ္ဆရာ.. ေဒးဗစ္ထက္ႏွာတစ္ဖ်ားသာတာေတာ့ကြၽန္ေတာ္ဝန္ခံၿပီ။"
"အဟား.. ဒါကအသက္အ႐ြယ္ရဲ႕အေတြ႕အႀကဳံပဲေလ.. မင္းလဲအသက္ႀကီးလာတဲ့တစ္ေန႕က် လူတစ္ေယာက္ရဲ႕အတြင္းစိတ္ကိုပိုျမင္တတ္လာလိမ့္မယ္..။ ေနာက္ၿပီးေဒးဗစ္ကငါနဲ႕ဝါသနာတူအက်င့္စရိုက္တူေပမယ့္ ငါ့ကိုေတာ့ေက်ာ္ပါ့မလားကြာ.."
"အင္း.... လူတစ္ေယာက္ရဲ႕အတြင္းစိတ္ကတကယ္ကိုနားလည္ရခက္လြန္းတာ.. ကြၽန္ေတာ္ခႏၶာေဗဒသင္ခဲ့တုန္းကေတာင္ ဒီေလာက္မခက္ခဲခဲ့ဘူး.."
ကြၽန္ေတာ္ကေတြးေတြးဆဆစကားဆိုလိုက္ေတာ့ ဂြၽန္ကတန္းသေဘာေပါက္သည္။ ကြၽန္ေတာ့္ပါးစပ္ကထုတ္ေျပာၿပီးအႀကံေတာင္းစရာေတာင္မလိုတဲ့အထိ ပါးနပ္လွေသာဂြၽန္ေၾကာင့္ဒီကိစၥကိုတိုင္ပင္ခ်င္ရျခင္း။
"ေကာင္ေလး.. မင္းဘာေတြေဝခြဲမရျဖစ္ေနတာလဲ?"
"အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္အေျဖရွာမရတဲ့ပုစ္ဆာတစ္ပုဒ္နဲ႕ ပက္ပင္းတိုးေနတာၾကာၿပီ.. ေခ်ာင္ထိုးထားလို႔သာ အေျဖမရွာဘဲေနလို႔ရေနတာ.. တကယ္ကၾကာေလပိုဆိုးေလျဖစ္မယ့္အေပါက္။"
"မင္းလိုလူမ်ိဳးက ေဝခြဲမရျဖစ္ေနတယ္ဆိုတာတကယ့္ရွားပါးျဖစ္စဥ္ပဲ.. ။ ငါခန့္မွန္းေျပာရရင္ ဒီကိစၥကပုံမွန္နဲ႕ေတာ့ကြဲထြက္ေနေလာက္တယ္။"
"ကြဲထြက္ေနတာမွ ပုံမွန္ကိုမဟုတ္သလိုပဲ..။ ေနာက္ၿပီးကြၽန္ေတာ္တစ္ေယာက္တည္းၿပီးမယ့္ကိစၥမ်ိဳးမဟုတ္ဘူး..။ အဲ့ဒါေၾကာင့္ပိုခက္ခဲေနတာ.. ကိုယ့္ကိုယ္ကိုေတာင္နားမလည္နိုင္ေတာ့ဘူးဗ်ာ.."
"အင္း... တစ္ေယာက္တည္းမၿပီးဘူးဆိုရင္ေတာ့ မင္းအလိုအပ္ဆုံးကအရိုးသားဆုံးပြင့္လင္းဖို႔ပဲ။ ဘာလို႔လဲဆိုေတာ့ ဘယ္အရာမွမတည္ၿမဲတဲ့ေလာကႀကီးထဲမွာအခ်ိန္ဆိုတာသိပ္အေရးပါတယ္.. အခုမင္းနဲ႕ေနာင္ငါးႏွစ္မင္းကတူခ်င္မွတူလိမ့္မယ္.. ဒီလိုပဲကိုယ့္ေဘးကလူေတြကလဲ ထြက္သြားတဲ့သူေတြရွိမယ္ က်န္ေနခဲ့တဲ့သူေတြရွိဦးမယ္.. ေျပာင္းလဲေနမွာပဲ..။ ဒီေတာ့ေနာင္တမရခ်င္ရင္အခ်ိန္မျဖဳန္းတာအေကာင္းဆုံးပဲ.. ကိုယ့္ကိုယ္ကိုမညာမိဖို႔ေတာ့သတိထားေပါ့.. မဟုတ္ရင္ကိုယ္ပဲအနာက်င္ရဆုံးသူျဖစ္ေနလိမ့္မယ္။"
"......"
အေတြးနက္လ်က္ၿငိမ္သက္ေနေသာေဟးရန္ဆီမွစကားျပန္ကိုမလိုေတာ့ေၾကာင္းဂြၽန္သိသည္။ ထို႔ေၾကာင့္ထိုင္ေနရာမွအသာထရင္း ေဟးရန္ပုခုံးကိုဖြဖြပုတ္ကာ အိပ္ခန္းရွိရာသို႔သာေျခဦးတည့္လိုက္ေလေတာ့သည္။
--- --- ---
ကြၽန္ေတာ့္တစ္သက္တာလုံးတြင္ ဒီအိမ္ေတာ္မွာတစ္ညတာတည္းခိုရတဲ့အခ်ိန္က အၾကာဆုံးျဖစ္လိမ့္မည္ထင္သည္။ ေန႕လယ္စာစားၿပီးကတည္းက တေ႐ြ႕ေ႐ြ႕သြားေနပါေသာနာရီလက္တံေတြကအစ လႈပ္စိလႈပ္စိႏွင့္စိတ္မပါသလို။ ခ႐ုတစ္ေကာင္ႏွင့္ၿပိဳင္ရင္ေတာင္ရႈံးမည့္စတိုင္ႏွင့္ လည္ေနလိုက္တာ..တစ္နာရီတစ္နာရီကုန္ဆုံးဖို႔ကို ႏွစ္တစ္ေထာင္အလားၾကာေနေလေတာ့သည္။
မားကိုစိတ္မပူေစရန္ ဖုန္းဆက္အေၾကာင္းၾကားၿပီးကတည္းက လုပ္စရာအေထြအထူးမရွိေတာ့၍ လြယ္အိတ္ထဲေကာက္ထည့္လာမိေသာစာအုပ္ေလးကိုသာ အခ်ိန္ေပးေနလိုက္မိသည္။ ေတာ္ပါေသးသည္.. ဘာရယ္မဟုတ္ဘဲစာအုပ္မပါရင္အျပင္ထြက္ဖို႔ေလးပင္တတ္ေသာကြၽန္ေတာ့္အက်င့္ကို ေက်းဇူးပင္တင္ရမလိုလို။
မဟုတ္လွ်င္ဒီအိမ္ေတာ္ႀကီးထဲ... တစ္ေယာက္တည္းေၾကာင္ေတာင္ကန္းေနမွာျမင္ေယာင္ေနပါေသးသည္။
ေရွာင္စန္းဘယ္ေရာက္သြားပါလိမ့္..
စာဖတ္ေနရင္း႐ုတ္တရက္အေတြးထဲေပၚလာေသာေၾကာင့္လွည့္ပတ္ရွာၾကည့္မိေတာ့...
"ေရွာင္စန္းကဥယ်ာဥ္ထဲဆင္းသြားတယ္ ။ ဒီအခ်ိန္ကသူ႕အပင္ေတြကိုဂ႐ုစိုက္ေနက်အခ်ိန္ေလ..။"
႐ုတ္တရက္ေျပာရင္းဆိုရင္းအသီးပန္းကန္ျဖင့္အနားေရာက္လာပါေသာလန္ေကာေၾကာင့္ ကြၽန္ေတာ္လန့္ရေပါင္းလဲမ်ားပါၿပီ။
"ေၾသာ္..ဟုတ္ကဲ့။"
"ဝူရွဲ႕ကိုေျပာမသြားဘူးလား..။ သူဘာေတြအလ်င္လိုေနလို႔ခပ္ျမန္ျမန္ထြက္သြားလဲမသိဘူး။ သူကအဲ့လိုပဲစိတ္ျမန္လက္ျမန္နဲ႕။"
ကြၽန္ေတာ္ပ်င္းမေနရေအာင္ အနားလာစကားေျပာေပးေနတာလား.. ေရွာင္စန္းအေၾကာင္းေျပာျပခ်င္၍လား..မသိေပမယ့္အနည္းဆုံးလန္ေကာရွိေတာ့ေတာ္ပါေသးသည္။
"ေရွာင္စန္းနဲ႕အစ္ကိုေလးကေတာ္ေတာ္ကြာတာပဲေနာ္.. လန္ေကာ။"
ကြၽန္ေတာ္ဒဲ့ေျပာလိုက္မိေတာ့ လန္ေကာကၿပဳံးျပရင္းေျဖသည္။
"ဟုတ္တယ္..။ သူတို႔ကအေနလဲေဝးတယ္ေလ ငယ္ငယ္က။ ေရွာင္စန္းဒီကိုျပန္ေရာက္တာမၾကာေသးဘူး။ အရင္ကLAမွာ..."
"အို.... ဘာလို႔အဲ့မွာပဲေက်ာင္းဆက္မတက္တာလဲ?"
"သူမွမတက္ခ်င္တာ..။ ေရွာင္စန္းေလးကဟိုမွာတစ္ေယာက္တည္းသြားေနရတာ..။ သနားပါတယ္..။"
"ခဏပဲဟာ..။ သူမ်ားေတြဆိုနိုင္ငံျခားမွာေက်ာင္းတက္ဖို႔ စိတ္ျပင္းျပေနၾကတာ.."
"အင္း.. ။ ဝူရွဲ႕ထင္သလိုခဏပဲသြားရရင္ေတာ့ ေကာလဲမေျပာတတ္ဘူး။ ဒါေပမယ့္ေရွာင္စန္းက(၁၄)ႏွစ္ေလာက္တည္းကသြားေနရတာ။"
"တစ္ေယာက္တည္းေနဖို႔ငယ္ေသးတာကို..။"
"ဟုတ္တယ္..။ က်န္းသခင္ေလးလဲတားဖို႔ႀကိဳးစားပါေသးတယ္.. ဒါေပမယ့္သခင္ႀကီးဆုံးျဖတ္ခ်က္ကိုလြန္ဆန္လို႔မရတာကမ်ားတယ္..။ ေနာက္ၿပီးေရွာင္စန္းကျပႆနာရွာလိုက္တာလဲပါတာေပါ့။"
"အစ္ကိုေလးအေဖလား..? သခင္ႀကီးဆိုတာက.."
"ဟုတ္တယ္.. သခင္ႀကီးနာမည္က က်န္းရိရွင္းတဲ့။ က်န္းအိမ္ေတာ္ရဲ႕လက္ရွိအုပ္ထိန္းသူေပါ့။"
"ေၾသာ္... လန္ေကာကအစ္ကိုေလးတို႔ဆီမွာအလုပ္လုပ္တာၾကာၿပီလား.."
"အင္းေျပာရရင္.. ေကာအေဖကလဲသခင္ႀကီးရဲ႕လူယုံတစ္ေယာက္ပဲ။ ေကာတို႔နဲ႕အိမ္ေတာ္ရဲ႕ဆက္ဆံေရးက အလုပ္သေဘာအရဆိုတာထက္ ယုံၾကည္မႈနဲ႕တည္ေဆာက္ထားတယ္ေျပာရမယ္။"
"ကြၽန္ေတာ္သေဘာေပါက္ၿပီ..။ ခုနကေမးခြန္းကရိုင္းပ်သလိုျဖစ္သြားရင္ေတာင္းပန္ပါတယ္..လန္ေကာ။"
"ရပါတယ္.. ဝူရွဲ႕ေျပာတာလဲမမွားဘူးေလ။"
"ဟုတ္.."
"ေကာကသူတို႔နဲ႕ငယ္ငယ္ကတည္းကရင္းႏွီးလာတာ..။"
"ဟုတ္လား..။ အဲ့ဒါေၾကာင့္ေကာနဲ႕ဆိုပိုအဆင္ေျပၾကသလိုပဲ စကားေျပာတာကအစ။"
"ဟုတ္တယ္..။ ဒါနဲ႕က်န္းသခင္ေလးအေပၚမွာ အစ္ကိုတစ္ေယာက္ရွိေသးတယ္..။ သူ႕နာမည္က က်န္းခ်ီရွန္း..။"
"ဗ်ာ... တကယ္ႀကီးလား..။ ကြၽန္ေတာ္မထင္ထားဘူး.. အစ္ကိုေလးဆီမွာေမြးခ်င္းေတြရွိမယ္လို႔.."
"အင္း...သူ႕ပုံစံကအရမ္းေအးစက္ေနလို႔မလား။"
"အားမနာတမ္းေျပာရရင္ေတာ့.. ဟုတ္တယ္။ တစ္ဦးတည္းေသာသားလို႔ထင္ေနတာ.."
"အင္း.. က်န္းသခင္ေလးကေရွာင္စန္းထက္ပိုေတာင္သနားဖို႔ေကာင္းေသးတယ္။ သူ႕မွာေမြးခ်င္းေတြရွိေပမယ့္ ညီအစ္ကိုေတြၾကားကအခ်စ္ေတြသံေယာဇဥ္ဆိုတာေတြသူမခံစားဖူးဘူး။ သူကအၿမဲတစ္ေယာက္တည္းပဲေနတာမ်ားတယ္.. သူမေနခ်င္လဲေနခဲ့ရတာဟိုးတုန္းကတည္းက..။"
"ဘာျဖစ္လို႔လဲ..။ မတည့္ၾကလို႔လား..။"
မတည့္ၾကလို႔လားဟုေျပာမိေတာ့ လန္ေကာကရယ္သည္။ ညီအစ္ကိုေတြၾကားျပႆနာက မတည့္တာအျပင္တျခားဘာရွိေသးလို႔လဲ..။
"မတည့္ၾကရေအာင္လဲငါးႏွစ္သားကေလးေလးေတြမွမဟုတ္တာ..ဝူရွဲ႕ကေတာ့ေလ။"
"လန္ေကာကလဲ.. ညီအစ္ကိုေမာင္ႏွမေတြဆိုတာ ဒီလိုပဲေလ.. ကေလးေလးေတြလိုပဲရန္ျဖစ္ၾကမတည့္ၾကလုၾကနဲ႕ အဲ့ဒါကမွေမြးခ်င္းအရသာလို႔ေခၚတာ..။ ကြၽန္ေတာ္ဆိုအရမ္းအားက်တာပဲ..။ ကြၽန္ေတာ္ကတစ္ဦးတည္းေသာသားမလို႔ အိမ္မွာဆိုအရမ္းပ်င္းဖို႔ေကာင္းတာ.. ဆူဆူညံညံလဲမရွိဘူး... ကြၽန္ေတာ္နဲ႕တေလွ်ာက္လုံးရွိလာတာဆိုလို႔ စာအုပ္ေတြပဲရွိတယ္.. ဘယ္ေလာက္အထီးက်န္စရာေကာင္းလိုက္သလဲ..။"
ၿငီးၿငီးျငဴျငဴႏွင့္ သူမွန္ေၾကာင္းေသခ်ာရွင္းျပေနေသာဝူရွဲ႕ကို လန္ေကာကခ်စ္စရာေကာင္းသည္ဟုျမင္ေနသည္ေလ..။ ထို႔ေၾကာင့္ေခါင္းကိုသာျဖည္းျဖည္းခါရင္း ပါးခ်ိဳင့္ေတြေပၚသည္အထိၿပဳံးေနေလေတာ့သည္။
လန္ေကာ၏႐ႊင္ပ်စြာၿပဳံးေနပုံကို ဝူရွဲ႕မွင္သက္သြားရသည္။ ၿခံတံခါးဝတြင္ပထမဆုံးဆုံမိစဥ္က စည္းကမ္းတင္းၾကပ္ဟန္ရွိေသာ တည္တည္တံ့တံ့မ်က္ႏွာထား၊ ေစ့ေစ့ပိတ္ထားေသာႏႈတ္ခမ္းပါးႏွင့္ ေလးေထာင့္က်ေသာေမရိုးမ်ားေၾကာင့္ ယခုလိုႏွစ္လိုဖြယ္အသည္းယားစဖြယ္ပါးခ်ိဳင့္ငယ္ႏွစ္ခုကိုပါးတစ္ဖက္ဆီမွာသိုဝွက္ထားလိမ့္မယ္လို႔ဘယ္သူထင္မိမွာလဲ..။
လူႀကီးလူေကာင္းဆန္ဆန္အရပ္အေမာင္း၊ ေတာင့္တင္းေသာခႏၶာကိုယ္အခ်ိဳးအစား.. ေသသပ္စြာဝတ္ဆင္ထားေသာအေနာက္တိုင္းဝတ္စုံတို႔ႏွင့္ အနည္းငယ္မွ်မအပ္စပ္စြာစိတ္လိုလက္ရကေလးတစ္ေယာက္လိုၿပဳံးေနပုံက ျမင္သူတိုင္းကိုေႂကြက်ေျမခေစနိုင္သည္အထိ။
ဒီလို Gentleman typeႏွင့္ Cute typeတို႔ကို ေပါင္းစပ္ေတြ႕လိုက္ရေသာရွားပါးအခိုက္အတန့္ေၾကာင့္ ဝူရွဲ႕မ်က္လုံးအဝိုင္းသားေလးျဖင့္ခဏတာေငးေမာမိသြားေလသည္။
ထိုစဥ္ဘယ္ကဘယ္လိုေပၚလာမွန္းမသိေသာအသံတစ္သံေၾကာင့္ ကြၽန္ေတာ့္၏ေငးေမာျခင္းမ်ားအဆုံးမသတ္လိုက္ရပါဘဲ အလန့္တၾကားရပ္တန့္သြားရေလေတာ့သည္။ တရားခံကေတာ့ေျမႀကီးမ်ားေပတလူးေနေသာ ေမ်ာက္ေပါက္က်န္းခ်ီစန္းပင္။
"ဝူရွဲ႕!!!"
"ေရွာင္စန္း... အနားေရာက္ေနၿပီကို.. ေအာ္ေခၚရသလား..။"
ေရွာင္စန္း၏ေအာ္သံေၾကာင့္လန္ေကာကပင္ ဝင္ေျပာရသည္။ ကြၽန္ေတာ္ကေတာ့လြင့္ေတာ့မည့္ဆဲဆဲလိပ္ျပာကိုျပန္သိမ္းေနရ၍ စကားပင္ျပန္မေျပာမအားပါ။
"ဝူရွဲ႕ကလန္ေကာကိုပဲအာ႐ုံေရာက္ေနတာ.. ကြၽန္ေတာ္အနားေရာက္တာေတာင္လွည့္မၾကည့္ဘူးေလ။"
"အာ... မဟုတ္ပါဘူး။ ေရွာင္စန္းဘာျဖစ္လို႔လဲအခုက။"
ေရွာင္စန္းအေျပာေၾကာင့္ ကြၽန္ေတာ္အရွက္မရခင္အလ်င္အျမန္စကားလမ္းေၾကာင္းလႊဲလိုက္ရသည္။
"လိုက္ခဲ့..။"
သူ႕လက္ေတြက႐ြံ႕ေတြေပေန၍ ကြၽန္ေတာ္ေဆာင့္ဆြဲခံရမည့္ေဘးမွလြတ္သြားျခင္းျဖစ္သည္။ သို႔ေသာ္လည္းစကားျဖင့္ပင္ ကြၽန္ေတာ့္ကိုတစ္ခါတည္းထလာေစသည္ေလ။ ထမလာလွ်င္လည္း ဘာလုပ္မည္ကိုမခန့္မွန္းတတ္ေသာေၾကာင့္ သူ႕ဆႏၵအတိုင္းလိုက္ေလ်ာရင္းသာလန္ေကာကိုထားခဲ့လိုက္ရေတာ့သည္။
"ဝူရွဲ႕ကိုညစ္ပတ္ေအာင္မလုပ္နဲ႕ေနာ္... ေရွာင္စန္း။"
ေရွာင္စန္းကိုလွမ္းေျပာရင္း ဧည့္ခန္းတြင္က်န္ေနခဲ့ပါေသာလန္ေကာ။ မိမိတို႔စကားေျပာေနသည္ကိုပင္ဂ႐ုမစိုက္စြာ အတင္းအဓမၼေခၚထုတ္သြားေသာေရွာင္စန္းကိုအျပစ္ယူပုံလဲမရပါ။
လန္ေကာေရ... မကယ္ေတာ့ဘူးလား...
ကြၽန္ေတာ့္ကိုစိတ္ပူေပးေနပါေသးသည့္လန္ေကာအား စိတ္ထဲမွေရ႐ြတ္အကူအညီေတာင္းေနမိေသာ္လည္းသူမွမၾကားရဘဲေလ။
*** *** ***
To be continued..🖤🖤
Xiao Ge နဲ႕အခန္းက ေနာက္တစ္ပိုင္းမွေသခ်ာေလးပါပါမယ္ေနာ္...😁😁။ အခုထည့္လိုက္ရင္အရမ္းရွည္သြားမွာစိုးလို႔ပါ။ ဖတ္ရတာပ်င္းဖို႔ေကာင္းေနမွာစိုးလို႔😗😗 တာ့တာ 👋👋
💙💙