(Ch-14) /U+Z/

ခပ်ပါးပါးလေပြည်တစ်သိုက်က ဝူရှဲ့ရဲ့ဆံပင်စတွေကိုကလူးကြည်စဲနေကြသည်။ သဘာဝအရထွက်ပေါ်နေသော အကောင်ပလောင်အသံလေးတွေမှလွဲ၍ တိတ်ဆိတ်မှုကမှောင်မိုက်စွာလွှမ်းခြုံထားလျက်။ ဒီညမှထူးကဲစွာတိမ်ကင်းစင်နေပါသောလမင်းကြီးသည် ငေးမောမိသူတိုင်းကိုငွေရောင်တောက်နေသည့်ရောင်စဥ်များဖြင့်ဖြန့်ကျက်ပေးနေလေသည်။ ဘာရယ်မဟုတ်ဘဲ မော့ကြည့်နေမိသည့်အထီးကျန်လှသောလမင်းကြီးဘေးတွင် မှိန်ပြပြကြယ်မှုန်တို့ကို ဟိုတစသည်တစလှမ်းမြင်ရတော့ဝူရှဲ့ပြုံးလိုက်မိသည်။

ကျန်းအိမ်တော်ရဲ့လသာဆောင်နေရာမှာ တစ်ယောက်တည်းငြိမ်းငြိမ်းချမ်းချမ်းအခြေချနေမိတာ အချိန်အားဖြင့်နာရီဝက်ကျော်ကျော်။ အသေအချာရင်းနှီးရတဲ့သူငယ်ချင်းအိမ်တွင် အလည်လာအိပ်သကဲ့သို့အေးချမ်းနေပုံကိုဘဝင်မကျမဖြစ်စေလိုပါ။ ယခုကဲ့သို့ငြိမ်းအေးစွာမနေရခင် အခက်အခဲပေါင်းများစွာဖြတ်ကျော်ခဲ့ရခြင်းကြောင့်ပင်။

လန်ကောနှင့်စကားပြောကောင်းနေစဥ် လာရောက်ခေါ်ဆောင်သွားသောရှောင်စန်း၏ရည်ရွယ်ချက်မှာ သူကိုယ်တိုင်ကိုယ်ကျနေရာချကာ ပြန်လည်ပြင်ဆင်ထားသောဥယျာဥ်တစ်နေရာကိုပြသတော်မူရန်။ အတိအကျပြောရလျှင်ဝူရှဲ့နှင့်တွေ့ဆုံမိတ်ဆက်ပြီးကာမှ ဥယျာဥ်တော်ထဲအပြေးဆင်းကာ မနေ့ကယန်းယန်နှင့်အပင်များနေရာချရင်း စကားများလိုက်မြေကြီးပေါ်ထိုင်ချလိုက်ဆော့လိုက်ဖြင့် ဖရိုဖရဲဖြစ်ပြီးကျန်ရစ်ခဲ့ပါသောပျိုးခင်းနေရာလေးကို အလျင်အမြန်ပြုပြင်မွမ်းမံပြီးနောက်ဝူရှဲ့ကိုခေါ်ပြခြင်း။

သပ်ရပ်မနေပါသော်လည်း နေရာတကျလှပနေတာကြောင့် 'မိုက်တယ်..။တော်လိုက်တာ...။' ဟုချီးကျူးပေးလိုက်သည့်တိုင် မျောက်ပေါက်ကမကျေနပ်သေးပါဘဲ သူ့ပျိုးပင်များကြီးလာလျှင်မည်မျှပို၍လှပမည့်အကြောင်း ပေါက်ပေါက်ဖောက်တော်မူသည်။ သမိုင်းအကြောင်းစိတ်ဝင်စားသလောက် အပင်စိုက်ရန်ပျင်းရိလှပါသောဝူရှဲ့သည် ရှောင်စန်း၏အပင်ဒဿနဘာညာအကြောင်းကိုနားပူသည်အထိကြားနေရသော်လည်း တစ်လုံးတစ်ပါဒမျှခေါင်းထဲမရောက်။

နောက်ဆုံးတော့ဘာရယ်မရည်ရွယ်ဘဲတွေးတွေးဆဆပြောလိုက်မိသည့်စကားကြောင့် ရှောင်စန်းကသူ့အပင်သမိုင်းကိုတစ်ခန်းရပ်ကာရေချိုးတော့မည်ဟုဟစ်ကြွေးလျက် ဝူရှဲ့အနားမှစတင်ထွက်ခွာသွားတော့သည်။ ဝူရှဲ့ပြောလိုက်သည်က

"ရှောင်စန်းကအပင်စိုက်ဝါသနာအိုးပဲ။ အပင်တွေအတွက်ဆို တစ်ကိုယ်လုံးပေတူးနေတာတောင် ပျော်နေတာမလား။ ကိုယ်ကလဲစာပေအရူးဆိုတော့ နားလည်ပါတယ်... အဟက်။ အစ်ကိုလေးတို့ကျောင်းကိုစလာတဲ့အချိန်တုန်းကပေါ့... အဆောင်ဟောင်းရဲ့ဖုန်တက်နေတဲ့စာအုပ်စင်တွေကြားထဲအလုပ်ရှုပ်နေမိတာ.. ။ နောက်တော့ပေပွနေတဲ့အတိုင်း အစ်ကိုလေးနဲ့ဝင်တိုက်မိပါလေရော။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.. ဟက်ဟက်။ အဲ့တုန်းကတောင်းပန်တဲ့အနေနဲ့ အစ်ကိုလေးကျောင်းဝတ်စုံကိုပြန်လျှော်ပေးပါ့မယ်လို့ ပြောလိုက်မိတာ။ တုံးလိုက်တာဆိုတာ...။"

"တော်ပြီ။ ကျွန်တော်ရေသွားချိုးတော့မယ်။"

ဆူပုတ်ပုတ်မျက်နှာနှင့်အနားမှပျောက်သွားပါသော်လည်း တမျိုးနားအေးရတာကြောင့် စိတ်ဆိုးသွားလေသလားဟူ၍ ဝူရှဲ့စောဒကတက်ပြီးမေးခွန်းထုတ်မနေတော့။ ပြန်လည်ငြိမ်းချမ်းပြီအထင်နှင့် အိမ်တော်တွင်းခြေအချလန်ကောကဤသို့ဆိုလာလေသည်။

"ဝူရှဲ့.. ရေချိုးတော့မလို့လား။"

"အာ... လန်ကော အဲ့ဒါက။ ကျွန်တော့်မှာအဝတ်ပိုပါမလာတော့..။"

"ဟုတ်လား။ ဘာမှမဖြစ်ပါဘူး။ ကျန်းသခင်လေးရှိတာပဲ။"

"ဗျာ... ။"

"ခုနကသခင်လေးအခန်းကိုမှတ်မိတယ်မလား။ အဲ့ကိုတက်သွားလိုက်..။"

"ဒါပေမယ့်.. ကျွန်တော်ရေမချိုးတော့....."

"ညစာစားချိန်နောက်မကျအောင် အခုတည်းကရေချိုးထားလိုက်တာကောင်းပါတယ်။"
ဟူ၍ပြောပြောဆိုဆိုနှင့်အနားကထွက်သွားပါလေတော့သည်။

အဝတ်ပိုလဲမပါလာတာကြောင့် ဝေယျာဝေစ္စမများစေချင်၍မချိုးတော့လျှင်ကောင်းမလားဟုတွေးတောနေစဥ်မှာပင် လန်ကောမှထပ်မံလက်ဦးမှုရလိုက်ပြန်ပါပြီ။ နားမလည်သည်က ဒီလောက်ကျယ်ဝန်းသောအိမ်တော်ကြီးထဲတွင် ဧည့်သည်ခန်းရှိမည်မှာကျိန်းသေပါလျက် အဘယ်ကြောင့်အစ်ကိုလေးအခန်းသို့သွားရန်ပြောသည်ကို မမှန်းဆတတ်တော့ပါ။ သို့သော်လည်းကိုယ်ကဧည့်သည်ဖြစ်နေရသည်မို့ အိမ်ရှင်ပြုသမျှနုရမည်ပင်။ ဟိုလိုရောဒီလိုရောဟူ၍ အထွန့်မတက်ချင်။

အစ်ကိုလေးအခန်းရှေ့ရောက်သော်..

"ဒေါက်.. ဒေါက်.. အစ်ကိုလေး ကျွန်တော်ပါ။"

အထဲမှတုန့်ပြန်ချက်တစ်စုံတစ်ရာမရတာကြောင့်အစ်ကိုလေးအိပ်ပျော်နေသည်လားဟူသည့် ခပ်ကြောင်ကြောင်ထင်ကြေးဖြင့် ခေါင်းလေးပြူကာစပ်စုမိတော့ကုတင်ထက်တွင်ငြိမ်သက်နေသောခေါင်းအုံးများမှလွဲ၍ အစ်ကိုလေးရှိမနေ။ တံခါးဖွင့်ဝင်လိုက်ရင်း အခန်းထဲဟိုသည်ဝေ့ကြည့်မိတော့လဲမတွေ့ပါ။ အစ်ကိုလေးဘယ်များသွားနေပါလိမ့်ဟုတွေးနေစဥ်မှာပင် တံခါးဖွင့်သံတစ်ခုထွက်ပေါ်လာလေသည်။

ထိုပွင့်လာသောတံခါးသည် အခန်းတံခါးဖြစ်စေရန်ဆုတောင်းမိသည်မှာနောက်ကျသွားခဲ့ပါသည်။ အဖြူရောင်တဘက်လေးကို ခေါင်းပေါ်အုပ်ထားဆဲအနေအထားနှင့်လိုက်ဖက်စွာ အနက်ရောင်ဆံပင်စိုစိုများသည် ပုံမှန်တွေ့နေကျအချိန်နှင့်မတူ.. အစ်ကိုလေး၏နှဖူးပြင်ထက်ဝေ့ဝဲကျနေလျက်။ ယခုမှရေချိုးခန်းထဲကထွက်လာသူပီပီ သွေ့ခြောက်ခြင်းကင်းမဲ့သောဝင်းမွတ်လှသည့်ခန္ဓာကိုယ်သည် စီးကျနေဆဲရေစက်များဖြင့်ဆွဲဆောင်မှုရှိလှသည်မှာအတိုင်းထက်အလွန်။

သိသာလှသောဝမ်းဗိုက်ကြွက်သားအဖုအထစ်များသည် သူ့နေရာနှင့်သူစီစီရီရီဖြင့်သန်မာကြံ့ခိုင်မှုကိုသက်သေထူပေးနေလေသည်။ ကြည့်မိသူတိုင်းကို မနာလိုဖြစ်စေသည်အထိ အစ်ကိုလေးကိုယ်ပေါ်မှရေစက်များသည် တပျော်တပါးတွဲခိုလျှောဆင်းနေကြဆဲပင်။ အဝတ်ဆိုဘာအဝတ်မှဝတ်မထားပါဘဲ နက်ပြာရောင်တဘက်အသေးစားဖြင့်သာ ခါးတွင်ပတ်ထားပါသောကိုယ်တော်ကို အပြစ်ဆိုရမည်လားကျေးဇူးတင်ရမည်လားလမ်းပျောက်နေသောဝူရှဲ့သည် မိမိရှေ့တည့်တည့်သို့်လက်ပိုက်ကာအကောင်လိုက်လာရပ်ကြည့်နေသည်ကိုပင်သတိမထားမိချင်သေးပါ။

အချိန်ကိုက်ကာရောက်ချလာမိပါသော ဝူရှဲ့သည်ကိုယ့်ကိုယ်ကိုကျိန်ဆဲရင်းသာ ပြောစရာစကားတို့ပျောက်ဆုံးနေဆဲ။ စက္ကန့်သုံးဆယ်နီးပါးကြာသည့်တိုင် အကြည့်မလွှဲဘဲဘာသံမှထွက်မလာသေးသောဝူရှဲ့ကို အစ်ကိုလေးကခေါင်းလေးစောင်းရင်းမျက်ခုံးပင့်ပြသည်။ တဆက်တည်းမှာပင် ကာယကံရှင်ကိုယ်တိုင်က လျစ်လျူရှုထားမိပါသော လျှောကျနေသောမျက်မှန်ဝိုင်းလေးကို သူ၏သွယ်လျလျလက်ညှိုးလေးဖြင့်လာရောက်ပင့်တင့်ပေးလိုက်လေသောအခါ....

"အစ်....အစ်ကိုလေး....!"

အခုမှဝိဥာဥ်ပြန်ဝင်လာသကဲ့သို့ အလန့်တကြားအော်ရင်းအစ်ကိုလေးနှင့်ဆယ်ပေအကွာသို့အပြေးဆုတ်သွားပါသောဝူရှဲ့။

"အင်း... ဝူရှဲ့။"

"အ....အခုဘာလုပ်လိုက်တာလဲ....။ မဟုတ်ဘူး ဘယ်လိုဖြစ်လို့ရေချိုးခန်းထဲကထွက်လာတာလဲ....။"

"အခုမှရေချိုးပြီးလို့ထွက်လာတာ။ နောက်ပြီးဒါကကိုယ့်အခန်းဆိုတော့..."

"သြော်...အင်း။ အဲ့ဒါကတော့အဲ့ဒါပေမယ့် ထွက်မလာခင်အသံဘာလေးပေးသင့်တာပေါ့ဗျ။"

"မင်းရောက်နေတာကိုယ်မှမသိဘဲ။ ခါတိုင်းဆိုခွင့်ပြုချက်မရှိဘဲ ဘယ်သူမှဝင်မလာရဲတော့..."

"ကျွန်တော်မှားတာပါ။ ကျွန်တော်မှားတာပါ။ ဘာပဲဖြစ်ဖြစ်အကျီတစ်ခါတည်းဝတ်ပြီးမှ ထွက်လာသင့်တာပေါ့.. အစ်ကိုလေးရာ။"

"ရေတွေကမခြောက်သေးတော့ အရင်ခြောက်အောင်သုတ်မလို့... မဝတ်သေးတာ။ ကိုယ်ခေါင်းလျှော်ထားတယ်လေ။ အနံ့မရဘူးလား။"

"ဘာ...ဘာ အနံ့လဲ..။"

"ခေါင်းလျှော်ရည်အနံ့။"

"သြော်....ရ..ရသလိုပါပဲ။"

"မွှေးလား။"

"မွှေးလား....က။ အစ်ကိုလေးကလဲ ကိုယ်သုံးတဲ့အနံ့ကိုဘာလို့ကျွန်တော့်လာမေးနေတာလဲ။"

ခုနကအငမ်းလွန်.. အဟမ်း.. အကြည့်လွန်နေ၍ နှာခေါင်းနားဝေ့နေသောခပ်သင်းသင်းရနံ့ကို အာရုံမပြုလိုက်မိတာကျွန်တော်မှားလား။

"ဒီနေ့မှစမ်းသုံးတာမလို့..။ သေချာမရလိုက်ဘူးလား။"

"သတိမထားလိုက်မိဘူး။ မွှေးသလိုပါပဲ။"

"အနားလာနမ်းကြည့်လေ။"

"တော်...တော်ပါပြီ။ မွှေးပါတယ်ဆိုမှဗျာ...။"

"ဘာလို့ဟိုဘက်လှည့်နေတာလဲ။ ကိုယ့်ကိုမကြည့်ဘဲ..။"

"အစ်ကိုလေးရာ.. အရင်ရေခြောက်အောင်ပဲသုတ်လိုက်ပါဦး။ တော်ကြာကျွန်တော်နဲ့ရပ်စကားပြောနေလို့ နေမကောင်းဖြစ်ရင်လန်ကောစိတ်ပူနေရလိမ့်မယ်။ ကျွန်တော်အပြင်ထွက်နေပေးမယ်။"

"မလိုပါဘူး ။ ထိုင်နေလေ။"

"အစ်ကိုလေး မလွတ်လပ်မှာစိုး...။"

စကားကိုဆုံးအောင်ပြောခွင့်မပေးဘဲ ပုခုံးကနေထိန်းကိုင်ကာ ဆိုဖာပေါ်ထိုင်ချစေလိုက်သောကိုယ်တော်ကြောင့် ဝူရှဲ့ရဲ့စိတ်အစုံဟာပရမ်းပတာကိုဖြစ်လို့..။ ခုနကတည်းကရှက်စိတ်ကြောင့် နီရဲနေပါသောနားရွက်ဖျားများအား အစ်ကိုလေးသတိမထားမိစေရန်ဆုတောင်းနေမိသော်လည်းပြည့်မည့်ပုံမပေါ်ပါ။

ကျောခိုင်းထားသောမိမိနောက်တွင် စိတ်လွတ်ကိုယ်လွတ်အဘယ်ကြောင့်အဝတ်လဲနိုင်ရသနည်း။ အစ်ကိုလေးအစား တွေးရှက်နေပါသောဝူရှဲ့၏ ကိုယ်အပူချိန်သည်တရှိန်ရှိန်ထိုးတက်လျက်။ ရုတ်တရက် အစ်ကိုလေးအခန်းသို့တက်သွားရန်ပြောသောလန်ကောကို အရောက်ပို့လိုက်လေခြင်းဟူ၍ကြိတ်ဒေါသထွက်နေမိပါသေးသည်။

"ဝူရှဲ့... ဖျားနေတာလား။"

"မ..မဖျားပါဘူး။"

ပေါ့ပေါ့ပါးပါးပြောင်ပိုးသားနက်ပြာရောင်လက်ရှည်ကို အနက်ရောင်ခပ်ပွပွဘောင်းဘီရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသောအစ်ကိုလေးသည် ဂျယ်မသုံးထားသောဆံပင်နက်နက်တို့ နှဖူးတစ်ဝိုက်ကပိုကရိုအထိန်းအကွပ်မရှိကျနေပုံနှင့် တော်ဝင်မင်းသားလေးတစ်ပါးအလား ချစ်စရာကောင်းလွန်းနေပါသည်။

"အင်း..။မျက်နှာတွေနီနေသလားလို့..။"

"လန်...လန်ကောက ရေချိုးဖို့ပြောလို့..။ အဲ့ဒါကျွန်တော်ကအဝတ်အပိုမပါဘူးပြောပေမယ့် ကောက အစ်ကိုလေးအခန်းဆီသွားဖို့ပြောလိုက်လို့...။"

"လန်ကောကတော့...။"

"အဲ့..အဲ့ဒါကြောင့် ကျွန်တော်ဝင်လာလိုက်တာပါ။ မရည်ရွယ်ပါဘူး.. အစ်ကိုလေးရေချိုးနေလိမ့်မယ်လို့မထင်ထားလို့ပါ။"

"ရပါတယ်..။ ကိစ္စမရှိပါဘူး။ ဒါဆို ဝူရှဲ့ကိုအကျီတချို့ငှားတာပေါ့။"

ပြောရင်းအဝတ်ဘီရိုဆီထထွက်သွားသော အစ်ကိုလေးသည် တွေဝေခြင်းအလျဥ်းမရှိပါဘဲ အဝတ်အစားတစ်စုံကိုထုတ်ယူလာလေသည်။ မသိလျှင်ဝူရှဲ့ဘီရိုထဲမှ အကျီထုတ်ပေးရသလိုပင်။

"ဒါနဲ့ဆိုအဆင်ပြေလောက်မယ်ထင်တယ်။"

"ဟုတ်.. ကျေးဇူးပါအစ်ကိုလေး။ ဒါဆိုကျွန်တော်..။"

"ဘယ်သွားမလို့လဲ။"

"ဟို... ဘယ်အခန်းမှာရေချိုးရမလဲသွားမေးမလို့ လန်ကောကို။"

"ဒီမှာပဲချိုးလေ။ သွားတိုက်တံအပိုတစ်ချောင်းရှိတယ်။"

"သြော်......ဟုတ်ကဲ့။ ဒါပေမယ့်အစ်ကိုလေး ညကျရင်တော့တခြားအခန်းမှာအိပ်ရမှာမလား။"

"ဒီမှာအိပ်ချင်လဲရတယ်။ ကုတင်ကအကျယ်ကြီး။"

"ဗျာ....။ အဲ့....အဲ့လိုပြောတာမဟုတ်ပါဘူး။ ဟို... သေချာအောင်မေးကြည့်တာပါ။ အစ်ကိုလေးကိုအခက်မတွေ့စေချင်ပါဘူး..ကျွန်တော့်ကြောင့်နဲ့။"

"အရင်ကတော့အမြဲတစ်ယောက်တည်းပဲအိပ်တာ။ ဒါပေမယ့်ဝူရှဲ့နဲ့အတူဆိုလဲအဆင်ပြေပါတယ်။ ကိုယ်ပြောတာက....အခက်မတွေ့ပါဘူး။"

"အာ...ရပါတယ်ဗျ။ အခုတောင်တော်တော်ကျေးဇူးတင်နေပါပြီ။ ဒါဆိုကျွန်တော်ရေချိုးလိုက်ပါဦးမယ်။"

ထိုသို့ဖြင့်မျောက်ပေါက်ဆီမှလွတ်မြောက်လာသော်လည်း အေးချမ်းခြင်းမရှိပါဘဲလန်ကော၏ ဆေးထိုးမှုကြောင့် ပရမ်းပတာဝရုန်းသုန်းကားဖြင့်ရေချိုးခြင်းအမှုကိုပြုခဲ့ရလေသည်။ ရေချိုးခန်းထဲကထွက်လာတော့ အစ်ကိုလေးကအခန်းတွင်းရှိမနေတော့ဘဲ ညစာသွားစားနေ၍သက်သာရာရသွားလေသည်။ မဟုတ်လျှင်ကျွန်တော့်သိက္ခာများအဖတ်ဆယ်မရနိုင်တော့သည်အထိဖြစ်ချင်ဖြစ်သွားနိုင်ပါသည်။ ညနေကအခြေအနေမျိုးနောက်ထပ်မကြုံချင်တော့ပါ။ အစ်ကိုလေးနှင့်လဲမျက်နှာချင်းဆိုင်ရမည်ကိုပင် ဝန်လေးလွန်းနေပါပြီ။

စဥ်းစားစရာကောင်းသည့်အချက်ကတော့ အစ်ကိုလေးငှားပေးသည့်အဝတ်အစားများသည် ကျွန်တော်နှင့်ကွက်တိဖြစ်နေခြင်းပင်။ အစ်ကိုလေးနှင့်ကျွန်တော်သည် အရပ်အမြင့်မဆိုစလောက်ကွာသလို ခန္ဓာကိုယ်အချိုးအစားချင်းလဲမတူပါ။ ဘာပဲဖြစ်ဖြစ်အဖြေထုတ်မနေချင်တော့။ မနက်ရောက်လျှင်ဒီအိမ်တော်ကြီးမှ လွတ်မြောက်ပြီးအစ်ကိုလေးနှင့်လဲထပ်တွေ့စရာအကြောင်းရယ်မရှိတော့တာကြောင့်ပင်။

ထိုထိုသောအခက်အခဲကြီးများကို ကျော်လွန်ပြီးမှ ညစာသုံးဆောင်တော်မူရလေသည်။ ထို့နောက်တွင်တော့ ရှောင်စန်းကသူ့ဂိမ်းနှင့်သူအလုပ်ရှုပ်နေ၍ ဝူရှဲ့လွတ်ငြိမ်းချမ်းသာခွင့်ရသွားရာကနေ ယခုကဲ့သို့လသာဆောင်တွင် တစ်ယောက်တည်းသာသာယာယာရှိနေရခြင်း။

ဒီလိုအေးအေးချမ်းချမ်းရှိနေရတော့လည်း ကျန်းအိမ်တော်ကြီးကထင်သလောက်မဆိုးလှပါ။ ခြောက်ကပ်တိတ်ဆိတ်နေပါသော်လည်း တမျိုးကောင်းသည်ဟုဝူရှဲ့တွေးမိလေသည်။ ဆိတ်ငြိမ်သောပတ်ဝန်းကျင်၏တွန်းအားပေးမှုကြောင့် စိတ်အစဥ်ကရွက်လွှင့်လို့ပျော်မြူးလိုလာသည်။ အတွေးတို့ကိုဖြန့်ကျက်လိုက်တော့ ဦးတည်ချက်ရေရေရာရာမရှိပါဘဲ Clubကလူအကြောင်းကဖျတ်ခနဲခေါင်းထဲပေါ်လာသည်လေ။

မလိုက်ဖက်လိုက်လေခြင်း။ ခမ်းနားတဲ့ကျန်းအိမ်တော်ရပ်ဝန်းထဲက ဖြူလွှလွှလသာဆောင်မှာအခန့်သားထိုင်ရင်း အတွေးထဲရောက်လာသည်က Clubကလူတစ်ဦးတဲ့လား။ ဘယ်လိုတောင်မမေ့နိုင်သေးရတာလဲ.. အချိန်တွေဘဲကြာလှပြီကို။ သူကတောင်ဝူရှဲ့ကိုမေ့လျော့နေလောက်ပြီလေ။

"ဟက်ဟက်.."

အမှတ်တမဲ့တွေ့ဆုံခြင်းလေးကိုတောင် သတိတရရှိနေပါသေးသောကိုယ့်ကိုယ်ကို ဝူရှဲ့အသံထွက်လှောင်ရယ်လိုက်မိသည်။ ခေါင်းလေးအသာခါရင်း ထိုလူအကြောင်းကိုအတွေးထဲမှမောင်းထုတ်မိတော့ ပြန်ဝင်လာသည်ကအစ်ကိုလေးအကြောင်း။ နေ့လယ်ကလန်ကောပြောပြပုံအရ အစ်ကိုလေးသည်ခန့်မှန်းရခက်ခဲလှသောလူသားတစ်ဦးပင်။ ညီအစ်ကိုနှစ်ယောက်တောင် ပိုင်ဆိုင်ထားလိမ့်မည်ဟုလုံးဝမထင်ထားခဲ့တာအမှန်။

ဝူရှဲ့သည်တွေးကောင်းကောင်းနှင့်တွေးနေလိုက်တာ ခပ်အီအီမွှေးရနံ့ကိုရမှ ဘေးဘီကိုလှည့်ကြည့်ရန်အသိဝင်လေတော့သည်။ ထိုအခါမှခုံတွင်ဝင်မထိုင်ဘဲ သစ်သားတိုင်တန်းကိုမှီကာလက်ပိုက်ရင်း တိတ်တဆိတ်ငေးစိုက်ကြည့်နေပါသောအစ်ကိုလေးနှင့် တည့်တည့်တိုးလေသည်။

"အာ... အစ်ကိုလေး... ရောက်နေတာကြာပြီလား။"

"အင်း။"

မိမိဘေးနားမှနေရာလွတ်လေးကို လက်ဖြင့်ပုတ်ပြကာလာထိုင်ရန်ခေါ်မိတော့လည်း တစ်ခွန်းမငြင်းရှာသောအစ်ကိုလေးရယ်ပါ။

"မွှေးတယ်..။"

"ဟုတ်လား။"

"အင်း...။ အစ်ကိုလေးနဲ့လိုက်တယ်။"

"ထပ်ပြောင်းသုံးစရာမလိုတော့ဘူးပေါ့။"

ဝူရှဲ့ခေါင်းလေးငြိမ့်ကာ သဘောတူသည့်အနေဖြင့်ပြုံးပြမိတော့ အစ်ကိုလေးကတစ်ဖက်ကိုအကြည့်လွှဲရင်းအသာပြုံးနေလေတော့သည်။

ဘာတွေများကျေနပ်သွားပါလိမ့်။

"အစ်ကိုလေးကို အားကျလိုက်တာ..။"

"ဘာလို့..။"

"ညီအစ်ကိုတွေရှိတယ်လေ။ ကျွန်တော်ဆိုတစ်ယောက်တည်းရယ်။"

"သြော်...။"

"အစ်ကိုလေးရော မပျော်ဘူးလား။ အစ်ကိုတွေညီလေးတွေရှိတော့..။"

"အင်း....။"

"လန်ကောပြောပြတာ.. အစ်ကိုလေးတို့က နီးနီးကပ်ကပ်မနေခဲ့ရဘူးတဲ့။"

"......"

"ဒါဆိုအခုနေလို့ရပြီမလား..။ ညီအစ်ကိုတွေဆိုတာ ဘယ်အချိန်ချစ်ပေးပေးနောက်မကျပါဘူး။"

"......"

"သူတို့ကလည်း အစ်ကိုလေးကိုချစ်ကြမယ့်ပုံပါ။"

"မင်းကဘယ်လိုသိလဲ။"

"ဒါက မပြောင်းလဲတဲ့အမှန်တရားပဲလေ။ အမေတစ်ယောက်တည်းကမွေးလာတဲ့ မောင်နှမတွေပဲကို..။ မချစ်ဘဲနေပါ့မလားဗျာ။"

"........"

"အစ်ကိုလေးကို မချစ်ကြဘူးလို့ထင်နေတာတော့မဟုတ်ဘူးမလား။"

"အစ်ကိုက ကိုယ့်ကိုမချစ်ဘူး။"

"ဘာလို့သေချာနေရတာလဲ။"

"ဒီလိုပဲရှိတယ်။"

"ဟင်း.... အစ်ကိုလေး ကျွန်တော်ပြောပြမယ်။ တစ်ယောက်တည်းအမြင်နဲ့ယူဆချက်တွေက အမြဲလွဲနေတတ်တယ်။ ပွင့်ပွင့်လင်းလင်းထုတ်ပြောတာလောက် အရှင်းလင်းဆုံးသိနိုင်မယ့်နည်းမရှိသေးဘူး။"

"......"

"နှလုံးသားရဲ့ခံစားချက်နောက်ကိုပဲ လိုက်ကြည့်သင့်တယ်ဗျ။"

".... ခံစားချက်..။"

"အင်းလေ။ ရှောင်စန်းဆိုလည်း အစ်ကိုလေးနဲ့အနေနီးချင်နေရှာမှာ။ ဘယ်လိုညီကများအစ်ကိုနဲ့မရင်းနှီးချင်မှာတဲ့လဲ။"

"မပြောတတ်ဘူး။"

"အမ်... မပြောတတ်ဘူးမဟုတ်ဘူးလေ။ အစ်ကိုလေးကတော့ ခက်တော့တာပဲ။"

"မနက်ဖြန်ပြန်တော့မှာလား။"

"ဒါပေါ့။ တစ်ရက်လုံးနေလိုက်ရတာ မယုံနိုင်စရာပဲ။"

"ဟေးရန်ကျင်းလိုက်ပို့မှာလား။"

"ဟုတ်တယ်လေ။ သူနဲ့တူတူပြန်ရမှာ။ သူ့မှာဆိုင်ကယ်ပါတယ်။"

"အန္တရာယ်များတယ်။ အိမ်ကကားနဲ့လိုက်ပို့ပေးလို့ရတယ်။"

"မဟုတ်တာ..။ ရပါတယ် ကျွန်တော်အားနာလို့။"

"သူစိမ်းတွေလား။"

"အစ်ကိုလေးနဲ့ကလား။"

"အင်း။"

"သူစိမ်းတော့မဟုတ်ပေမယ့်.... စီနီယာဆိုတော့ အားနာလို့ပါ။"

".... အတူတူပဲ။"

"အယ်... ။"

ကျွန်တော့်ကိုကြည့်မနေပါဘဲ ထထွက်သွားဖို့ပြင်နေတဲ့အစ်ကိုလေးကြောင့် မဆီမဆိုင်ဗျာများသွားရလေပြီ။

စိတ်ဆိုးသွားတာလား.... အခုက။

"အစ်ကိုလေး နေပါဦး။"

"နောက်ကျနေပြီ။ မင်းလဲအိပ်တော့။"

"အမ်.... ။"

ထိုကိုယ်တော်ကတော့ ကျွန်တော်ပြောချင်သည်ကိုဆက်နားမထောင်တော့ဘဲ ထွက်သွားလေပြီ။ ဘာဖြစ်သွားမှန်း နားမလည်လိုက်တဲ့တခဏဝူရှဲ့ခေါင်းစားပြီးကျန်ခဲ့ရတော့လေသည်။




*** *** ***
To be continued.. 🖤🖤

Thank you all💙.
.
.
.
.
.
.
.
.
.(Zawgyi)

ခပ္ပါးပါးေလျပည္တစ္သိုက္က ဝူရွဲ႕ရဲ႕ဆံပင္စေတြကိုကလူးၾကည္စဲေနၾကသည္။ သဘာဝအရထြက္ေပၚေနေသာ အေကာင္ပေလာင္အသံေလးေတြမွလြဲ၍ တိတ္ဆိတ္မႈကေမွာင္မိုက္စြာလႊမ္းၿခဳံထားလ်က္။ ဒီညမွထူးကဲစြာတိမ္ကင္းစင္ေနပါေသာလမင္းႀကီးသည္ ေငးေမာမိသူတိုင္းကိုေငြေရာင္ေတာက္ေနသည့္ေရာင္စဥ္မ်ားျဖင့္ျဖန့္က်က္ေပးေနေလသည္။ ဘာရယ္မဟုတ္ဘဲ ေမာ့ၾကည့္ေနမိသည့္အထီးက်န္လွေသာလမင္းႀကီးေဘးတြင္ မွိန္ျပျပၾကယ္မႈန္တို႔ကို ဟိုတစသည္တစလွမ္းျမင္ရေတာ့ဝူရွဲ႕ၿပဳံးလိုက္မိသည္။

က်န္းအိမ္ေတာ္ရဲ႕လသာေဆာင္ေနရာမွာ တစ္ေယာက္တည္းၿငိမ္းၿငိမ္းခ်မ္းခ်မ္းအေျခခ်ေနမိတာ အခ်ိန္အားျဖင့္နာရီဝက္ေက်ာ္ေက်ာ္။ အေသအခ်ာရင္းႏွီးရတဲ့သူငယ္ခ်င္းအိမ္တြင္ အလည္လာအိပ္သကဲ့သို႔ေအးခ်မ္းေနပုံကိုဘဝင္မက်မျဖစ္ေစလိုပါ။ ယခုကဲ့သို႔ၿငိမ္းေအးစြာမေနရခင္ အခက္အခဲေပါင္းမ်ားစြာျဖတ္ေက်ာ္ခဲ့ရျခင္းေၾကာင့္ပင္။

လန္ေကာႏွင့္စကားေျပာေကာင္းေနစဥ္ လာေရာက္ေခၚေဆာင္သြားေသာေရွာင္စန္း၏ရည္႐ြယ္ခ်က္မွာ သူကိုယ္တိုင္ကိုယ္က်ေနရာခ်ကာ ျပန္လည္ျပင္ဆင္ထားေသာဥယ်ာဥ္တစ္ေနရာကိုျပသေတာ္မူရန္။ အတိအက်ေျပာရလွ်င္ဝူရွဲ႕ႏွင့္ေတြ႕ဆုံမိတ္ဆက္ၿပီးကာမွ ဥယ်ာဥ္ေတာ္ထဲအေျပးဆင္းကာ မေန႕ကယန္းယန္ႏွင့္အပင္မ်ားေနရာခ်ရင္း စကားမ်ားလိုက္ေျမႀကီးေပၚထိုင္ခ်လိဳက္ေဆာ့လိုက္ျဖင့္ ဖရိုဖရဲျဖစ္ၿပီးက်န္ရစ္ခဲ့ပါေသာပ်ိဳးခင္းေနရာေလးကို အလ်င္အျမန္ျပဳျပင္မြမ္းမံၿပီးေနာက္ဝူရွဲ႕ကိုေခၚျပျခင္း။

သပ္ရပ္မေနပါေသာ္လည္း ေနရာတက်လွပေနတာေၾကာင့္ 'မိုက္တယ္..။ေတာ္လိုက္တာ...။' ဟုခ်ီးက်ဴးေပးလိုက္သည့္တိုင္ ေမ်ာက္ေပါက္ကမေက်နပ္ေသးပါဘဲ သူ႕ပ်ိဳးပင္မ်ားႀကီးလာလွ်င္မည္မွ်ပို၍လွပမည့္အေၾကာင္း ေပါက္ေပါက္ေဖာက္ေတာ္မူသည္။ သမိုင္းအေၾကာင္းစိတ္ဝင္စားသေလာက္ အပင္စိုက္ရန္ပ်င္းရိလွပါေသာဝူရွဲ႕သည္ ေရွာင္စန္း၏အပင္ဒႆနဘာညာအေၾကာင္းကိုနားပူသည္အထိၾကားေနရေသာ္လည္း တစ္လုံးတစ္ပါဒမွ်ေခါင္းထဲမေရာက္။

ေနာက္ဆုံးေတာ့ဘာရယ္မရည္႐ြယ္ဘဲေတြးေတြးဆဆေျပာလိုက္မိသည့္စကားေၾကာင့္ ေရွာင္စန္းကသူ႕အပင္သမိုင္းကိုတစ္ခန္းရပ္ကာေရခ်ိဳးေတာ့မည္ဟုဟစ္ေႂကြးလ်က္ ဝူရွဲ႕အနားမွစတင္ထြက္ခြာသြားေတာ့သည္။ ဝူရွဲ႕ေျပာလိုက္သည္က

"ေရွာင္စန္းကအပင္စိုက္ဝါသနာအိုးပဲ။ အပင္ေတြအတြက္ဆို တစ္ကိုယ္လုံးေပတူးေနတာေတာင္ ေပ်ာ္ေနတာမလား။ ကိုယ္ကလဲစာေပအ႐ူးဆိုေတာ့ နားလည္ပါတယ္... အဟက္။ အစ္ကိုေလးတို႔ေက်ာင္းကိုစလာတဲ့အခ်ိန္တုန္းကေပါ့... အေဆာင္ေဟာင္းရဲ႕ဖုန္တက္ေနတဲ့စာအုပ္စင္ေတြၾကားထဲအလုပ္ရႈပ္ေနမိတာ.. ။ ေနာက္ေတာ့ေပပြေနတဲ့အတိုင္း အစ္ကိုေလးနဲ႕ဝင္တိုက္မိပါေလေရာ။ တိုက္တိုက္ဆိုင္ဆိုင္ပါပဲ.. ဟက္ဟက္။ အဲ့တုန္းကေတာင္းပန္တဲ့အေနနဲ႕ အစ္ကိုေလးေက်ာင္းဝတ္စုံကိုျပန္ေလွ်ာ္ေပးပါ့မယ္လို႔ ေျပာလိုက္မိတာ။ တုံးလိုက္တာဆိုတာ...။"

"ေတာ္ၿပီ။ ကြၽန္ေတာ္ေရသြားခ်ိဳးေတာ့မယ္။"

ဆူပုတ္ပုတ္မ်က္ႏွာႏွင့္အနားမွေပ်ာက္သြားပါေသာ္လည္း တမ်ိဳးနားေအးရတာေၾကာင့္ စိတ္ဆိုးသြားေလသလားဟူ၍ ဝူရွဲ႕ေစာဒကတက္ၿပီးေမးခြန္းထုတ္မေနေတာ့။ ျပန္လည္ၿငိမ္းခ်မ္းၿပီအထင္ႏွင့္ အိမ္ေတာ္တြင္းေျခအခ်လန္ေကာကဤသို႔ဆိုလာေလသည္။

"ဝူရွဲ႕.. ေရခ်ိဳးေတာ့မလို႔လား။"

"အာ... လန္ေကာ အဲ့ဒါက။ ကြၽန္ေတာ့္မွာအဝတ္ပိုပါမလာေတာ့..။"

"ဟုတ္လား။ ဘာမွမျဖစ္ပါဘူး။ က်န္းသခင္ေလးရွိတာပဲ။"

"ဗ်ာ... ။"

"ခုနကသခင္ေလးအခန္းကိုမွတ္မိတယ္မလား။ အဲ့ကိုတက္သြားလိုက္..။"

"ဒါေပမယ့္.. ကြၽန္ေတာ္ေရမခ်ိဳးေတာ့....."

"ညစာစားခ်ိန္ေနာက္မက်ေအာင္ အခုတည္းကေရခ်ိဳးထားလိုက္တာေကာင္းပါတယ္။"
ဟူ၍ေျပာေျပာဆိုဆိုႏွင့္အနားကထြက္သြားပါေလေတာ့သည္။

အဝတ္ပိုလဲမပါလာတာေၾကာင့္ ေဝယ်ာေဝစၥမမ်ားေစခ်င္၍မခ်ိဳးေတာ့လွ်င္ေကာင္းမလားဟုေတြးေတာေနစဥ္မွာပင္ လန္ေကာမွထပ္မံလက္ဦးမႈရလိုက္ျပန္ပါၿပီ။ နားမလည္သည္က ဒီေလာက္က်ယ္ဝန္းေသာအိမ္ေတာ္ႀကီးထဲတြင္ ဧည့္သည္ခန္းရွိမည္မွာက်ိန္းေသပါလ်က္ အဘယ္ေၾကာင့္အစ္ကိုေလးအခန္းသို႔သြားရန္ေျပာသည္ကို မမွန္းဆတတ္ေတာ့ပါ။ သို႔ေသာ္လည္းကိုယ္ကဧည့္သည္ျဖစ္ေနရသည္မို႔ အိမ္ရွင္ျပဳသမွ်ႏုရမည္ပင္။ ဟိုလိုေရာဒီလိုေရာဟူ၍ အထြန့္မတက္ခ်င္။

အစ္ကိုေလးအခန္းေရွ႕ေရာက္ေသာ္..

"ေဒါက္.. ေဒါက္.. အစ္ကိုေလး ကြၽန္ေတာ္ပါ။"

အထဲမွတုန့္ျပန္ခ်က္တစ္စုံတစ္ရာမရတာေၾကာင့္အစ္ကိုေလးအိပ္ေပ်ာ္ေနသည္လားဟူသည့္ ခပ္ေၾကာင္ေၾကာင္ထင္ေၾကးျဖင့္ ေခါင္းေလးျပဴကာစပ္စုမိေတာ့ကုတင္ထက္တြင္ၿငိမ္သက္ေနေသာေခါင္းအုံးမ်ားမွလြဲ၍ အစ္ကိုေလးရွိမေန။ တံခါးဖြင့္ဝင္လိုက္ရင္း အခန္းထဲဟိုသည္ေဝ့ၾကည့္မိေတာ့လဲမေတြ႕ပါ။ အစ္ကိုေလးဘယ္မ်ားသြားေနပါလိမ့္ဟုေတြးေနစဥ္မွာပင္ တံခါးဖြင့္သံတစ္ခုထြက္ေပၚလာေလသည္။

ထိုပြင့္လာေသာတံခါးသည္ အခန္းတံခါးျဖစ္ေစရန္ဆုေတာင္းမိသည္မွာေနာက္က်သြားခဲ့ပါသည္။ အျဖဴေရာင္တဘက္ေလးကို ေခါင္းေပၚအုပ္ထားဆဲအေနအထားႏွင့္လိုက္ဖက္စြာ အနက္ေရာင္ဆံပင္စိုစိုမ်ားသည္ ပုံမွန္ေတြ႕ေနက်အခ်ိန္ႏွင့္မတူ.. အစ္ကိုေလး၏ႏွဖူးျပင္ထက္ေဝ့ဝဲက်ေနလ်က္။ ယခုမွေရခ်ိဳးခန္းထဲကထြက္လာသူပီပီ ေသြ႕ေျခာက္ျခင္းကင္းမဲ့ေသာဝင္းမြတ္လွသည့္ခႏၶာကိုယ္သည္ စီးက်ေနဆဲေရစက္မ်ားျဖင့္ဆြဲေဆာင္မႈရွိလွသည္မွာအတိုင္းထက္အလြန္။

သိသာလွေသာဝမ္းဗိုက္ႂကြက္သားအဖုအထစ္မ်ားသည္ သူ႕ေနရာႏွင့္သူစီစီရီရီျဖင့္သန္မာႀကံ့ခိုင္မႈကိုသက္ေသထူေပးေနေလသည္။ ၾကည့္မိသူတိုင္းကို မနာလိုျဖစ္ေစသည္အထိ အစ္ကိုေလးကိုယ္ေပၚမွေရစက္မ်ားသည္ တေပ်ာ္တပါးတြဲခိုေလွ်ာဆင္းေနၾကဆဲပင္။ အဝတ္ဆိုဘာအဝတ္မွဝတ္မထားပါဘဲ နက္ျပာေရာင္တဘက္အေသးစားျဖင့္သာ ခါးတြင္ပတ္ထားပါေသာကိုယ္ေတာ္ကို အျပစ္ဆိုရမည္လားေက်းဇူးတင္ရမည္လားလမ္းေပ်ာက္ေနေသာဝူရွဲ႕သည္ မိမိေရွ႕တည့္တည့္သို႔္လက္ပိုက္ကာအေကာင္လိုက္လာရပ္ၾကည့္ေနသည္ကိုပင္သတိမထားမိခ်င္ေသးပါ။

အခ်ိန္ကိုက္ကာေရာက္ခ်လာမိပါေသာ ဝူရွဲ႕သည္ကိုယ့္ကိုယ္ကိုက်ိန္ဆဲရင္းသာ ေျပာစရာစကားတို႔ေပ်ာက္ဆုံးေနဆဲ။ စကၠန႔္သုံးဆယ္နီးပါးၾကာသည့္တိုင္ အၾကည့္မလႊဲဘဲဘာသံမွထြက္မလာေသးေသာဝူရွဲ႕ကို အစ္ကိုေလးကေခါင္းေလးေစာင္းရင္းမ်က္ခုံးပင့္ျပသည္။ တဆက္တည္းမွာပင္ ကာယကံရွင္ကိုယ္တိုင္က လ်စ္လ်ဴရႈထားမိပါေသာ ေလွ်ာက်ေနေသာမ်က္မွန္ဝိုင္းေလးကို သူ၏သြယ္လ်လ်လက္ညွိုးေလးျဖင့္လာေရာက္ပင့္တင့္ေပးလိုက္ေလေသာအခါ....

"အစ္....အစ္ကိုေလး....!"

အခုမွဝိဥာဥ္ျပန္ဝင္လာသကဲ့သို႔ အလန့္တၾကားေအာ္ရင္းအစ္ကိုေလးႏွင့္ဆယ္ေပအကြာသို႔အေျပးဆုတ္သြားပါေသာဝူရွဲ႕။

"အင္း... ဝူရွဲ႕။"

"အ....အခုဘာလုပ္လိုက္တာလဲ....။ မဟုတ္ဘူး ဘယ္လိုျဖစ္လို႔ေရခ်ိဳးခန္းထဲကထြက္လာတာလဲ....။"

"အခုမွေရခ်ိဳးၿပီးလို႔ထြက္လာတာ။ ေနာက္ၿပီးဒါကကိုယ့္အခန္းဆိုေတာ့..."

"ေၾသာ္...အင္း။ အဲ့ဒါကေတာ့အဲ့ဒါေပမယ့္ ထြက္မလာခင္အသံဘာေလးေပးသင့္တာေပါ့ဗ်။"

"မင္းေရာက္ေနတာကိုယ္မွမသိဘဲ။ ခါတိုင္းဆိုခြင့္ျပဳခ်က္မရွိဘဲ ဘယ္သူမွဝင္မလာရဲေတာ့..."

"ကြၽန္ေတာ္မွားတာပါ။ ကြၽန္ေတာ္မွားတာပါ။ ဘာပဲျဖစ္ျဖစ္အက်ီတစ္ခါတည္းဝတ္ၿပီးမွ ထြက္လာသင့္တာေပါ့.. အစ္ကိုေလးရာ။"

"ေရေတြကမေျခာက္ေသးေတာ့ အရင္ေျခာက္ေအာင္သုတ္မလို႔... မဝတ္ေသးတာ။ ကိုယ္ေခါင္းေလွ်ာ္ထားတယ္ေလ။ အနံ႕မရဘူးလား။"

"ဘာ...ဘာ အနံ႕လဲ..။"

"ေခါင္းေလွ်ာ္ရည္အနံ႕။"

"ေၾသာ္....ရ..ရသလိုပါပဲ။"

"ေမႊးလား။"

"ေမႊးလား....က။ အစ္ကိုေလးကလဲ ကိုယ္သုံးတဲ့အနံ႕ကိုဘာလို႔ကြၽန္ေတာ့္လာေမးေနတာလဲ။"

ခုနကအငမ္းလြန္.. အဟမ္း.. အၾကည့္လြန္ေန၍ ႏွာေခါင္းနားေဝ့ေနေသာခပ္သင္းသင္းရနံ႕ကို အာ႐ုံမျပဳလိုက္မိတာကြၽန္ေတာ္မွားလား။

"ဒီေန႕မွစမ္းသုံးတာမလို႔..။ ေသခ်ာမရလိုက္ဘူးလား။"

"သတိမထားလိုက္မိဘူး။ ေမႊးသလိုပါပဲ။"

"အနားလာနမ္းၾကည့္ေလ။"

"ေတာ္...ေတာ္ပါၿပီ။ ေမႊးပါတယ္ဆိုမွဗ်ာ...။"

"ဘာလို႔ဟိုဘက္လွည့္ေနတာလဲ။ ကိုယ့္ကိုမၾကည့္ဘဲ..။"

"အစ္ကိုေလးရာ.. အရင္ေရေျခာက္ေအာင္ပဲသုတ္လိုက္ပါဦး။ ေတာ္ၾကာကြၽန္ေတာ္နဲ႕ရပ္စကားေျပာေနလို႔ ေနမေကာင္းျဖစ္ရင္လန္ေကာစိတ္ပူေနရလိမ့္မယ္။ ကြၽန္ေတာ္အျပင္ထြက္ေနေပးမယ္။"

"မလိုပါဘူး ။ ထိုင္ေနေလ။"

"အစ္ကိုေလး မလြတ္လပ္မွာစိုး...။"

စကားကိုဆုံးေအာင္ေျပာခြင့္မေပးဘဲ ပုခုံးကေနထိန္းကိုင္ကာ ဆိုဖာေပၚထိုင္ခ်ေစလိုက္ေသာကိုယ္ေတာ္ေၾကာင့္ ဝူရွဲ႕ရဲ႕စိတ္အစုံဟာပရမ္းပတာကိုျဖစ္လို႔..။ ခုနကတည္းကရွက္စိတ္ေၾကာင့္ နီရဲေနပါေသာနား႐ြက္ဖ်ားမ်ားအား အစ္ကိုေလးသတိမထားမိေစရန္ဆုေတာင္းေနမိေသာ္လည္းျပည့္မည့္ပုံမေပၚပါ။

ေက်ာခိုင္းထားေသာမိမိေနာက္တြင္ စိတ္လြတ္ကိုယ္လြတ္အဘယ္ေၾကာင့္အဝတ္လဲနိုင္ရသနည္း။ အစ္ကိုေလးအစား ေတြးရွက္ေနပါေသာဝူရွဲ႕၏ ကိုယ္အပူခ်ိန္သည္တရွိန္ရွိန္ထိုးတက္လ်က္။ ႐ုတ္တရက္ အစ္ကိုေလးအခန္းသို႔တက္သြားရန္ေျပာေသာလန္ေကာကို အေရာက္ပို႔လိုက္ေလျခင္းဟူ၍ႀကိတ္ေဒါသထြက္ေနမိပါေသးသည္။

"ဝူရွဲ႕... ဖ်ားေနတာလား။"

"မ..မဖ်ားပါဘူး။"

ေပါ့ေပါ့ပါးပါးေျပာင္ပိုးသားနက္ျပာေရာင္လက္ရွည္ကို အနက္ေရာင္ခပ္ပြပြေဘာင္းဘီရွည္ႏွင့္တြဲဖက္ဝတ္ဆင္ထားေသာအစ္ကိုေလးသည္ ဂ်ယ္မသုံးထားေသာဆံပင္နက္နက္တို႔ ႏွဖူးတစ္ဝိုက္ကပိုကရိုအထိန္းအကြပ္မရွိက်ေနပုံႏွင့္ ေတာ္ဝင္မင္းသားေလးတစ္ပါးအလား ခ်စ္စရာေကာင္းလြန္းေနပါသည္။

"အင္း..။မ်က္ႏွာေတြနီေနသလားလို႔..။"

"လန္...လန္ေကာက ေရခ်ိဳးဖို႔ေျပာလို႔..။ အဲ့ဒါကြၽန္ေတာ္ကအဝတ္အပိုမပါဘူးေျပာေပမယ့္ ေကာက အစ္ကိုေလးအခန္းဆီသြားဖို႔ေျပာလိုက္လို႔...။"

"လန္ေကာကေတာ့...။"

"အဲ့..အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ဝင္လာလိုက္တာပါ။ မရည္႐ြယ္ပါဘူး.. အစ္ကိုေလးေရခ်ိဳးေနလိမ့္မယ္လို႔မထင္ထားလို႔ပါ။"

"ရပါတယ္..။ ကိစၥမရွိပါဘူး။ ဒါဆို ဝူရွဲ႕ကိုအက်ီတခ်ိဳ႕ငွားတာေပါ့။"

ေျပာရင္းအဝတ္ဘီရိုဆီထထြက္သြားေသာ အစ္ကိုေလးသည္ ေတြေဝျခင္းအလ်ဥ္းမရွိပါဘဲ အဝတ္အစားတစ္စုံကိုထုတ္ယူလာေလသည္။ မသိလွ်င္ဝူရွဲ႕ဘီရိုထဲမွ အက်ီထုတ္ေပးရသလိုပင္။

"ဒါနဲ႕ဆိုအဆင္ေျပေလာက္မယ္ထင္တယ္။"

"ဟုတ္.. ေက်းဇူးပါအစ္ကိုေလး။ ဒါဆိုကြၽန္ေတာ္..။"

"ဘယ္သြားမလို႔လဲ။"

"ဟို... ဘယ္အခန္းမွာေရခ်ိဳးရမလဲသြားေမးမလို႔ လန္ေကာကို။"

"ဒီမွာပဲခ်ိဳးေလ။ သြားတိုက္တံအပိုတစ္ေခ်ာင္းရွိတယ္။"

"ေၾသာ္......ဟုတ္ကဲ့။ ဒါေပမယ့္အစ္ကိုေလး ညက်ရင္ေတာ့တျခားအခန္းမွာအိပ္ရမွာမလား။"

"ဒီမွာအိပ္ခ်င္လဲရတယ္။ ကုတင္ကအက်ယ္ႀကီး။"

"ဗ်ာ....။ အဲ့....အဲ့လိုေျပာတာမဟုတ္ပါဘူး။ ဟို... ေသခ်ာေအာင္ေမးၾကည့္တာပါ။ အစ္ကိုေလးကိုအခက္မေတြ႕ေစခ်င္ပါဘူး..ကြၽန္ေတာ့္ေၾကာင့္နဲ႕။"

"အရင္ကေတာ့အၿမဲတစ္ေယာက္တည္းပဲအိပ္တာ။ ဒါေပမယ့္ဝူရွဲ႕နဲ႕အတူဆိုလဲအဆင္ေျပပါတယ္။ ကိုယ္ေျပာတာက....အခက္မေတြ႕ပါဘူး။"

"အာ...ရပါတယ္ဗ်။ အခုေတာင္ေတာ္ေတာ္ေက်းဇူးတင္ေနပါၿပီ။ ဒါဆိုကြၽန္ေတာ္ေရခ်ိဳးလိုက္ပါဦးမယ္။"

ထိုသို႔ျဖင့္ေမ်ာက္ေပါက္ဆီမွလြတ္ေျမာက္လာေသာ္လည္း ေအးခ်မ္းျခင္းမရွိပါဘဲလန္ေကာ၏ ေဆးထိုးမႈေၾကာင့္ ပရမ္းပတာဝ႐ုန္းသုန္းကားျဖင့္ေရခ်ိဳးျခင္းအမႈကိုျပဳခဲ့ရေလသည္။ ေရခ်ိဳးခန္းထဲကထြက္လာေတာ့ အစ္ကိုေလးကအခန္းတြင္းရွိမေနေတာ့ဘဲ ညစာသြားစားေန၍သက္သာရာရသြားေလသည္။ မဟုတ္လွ်င္ကြၽန္ေတာ့္သိကၡာမ်ားအဖတ္ဆယ္မရနိုင္ေတာ့သည္အထိျဖစ္ခ်င္ျဖစ္သြားနိုင္ပါသည္။ ညေနကအေျခအေနမ်ိဳးေနာက္ထပ္မႀကဳံခ်င္ေတာ့ပါ။ အစ္ကိုေလးႏွင့္လဲမ်က္ႏွာခ်င္းဆိုင္ရမည္ကိုပင္ ဝန္ေလးလြန္းေနပါၿပီ။

စဥ္းစားစရာေကာင္းသည့္အခ်က္ကေတာ့ အစ္ကိုေလးငွားေပးသည့္အဝတ္အစားမ်ားသည္ ကြၽန္ေတာ္ႏွင့္ကြက္တိျဖစ္ေနျခင္းပင္။ အစ္ကိုေလးႏွင့္ကြၽန္ေတာ္သည္ အရပ္အျမင့္မဆိုစေလာက္ကြာသလို ခႏၶာကိုယ္အခ်ိဳးအစားခ်င္းလဲမတူပါ။ ဘာပဲျဖစ္ျဖစ္အေျဖထုတ္မေနခ်င္ေတာ့။ မနက္ေရာက္လွ်င္ဒီအိမ္ေတာ္ႀကီးမွ လြတ္ေျမာက္ၿပီးအစ္ကိုေလးႏွင့္လဲထပ္ေတြ႕စရာအေၾကာင္းရယ္မရွိေတာ့တာေၾကာင့္ပင္။

ထိုထိုေသာအခက္အခဲႀကီးမ်ားကို ေက်ာ္လြန္ၿပီးမွ ညစာသုံးေဆာင္ေတာ္မူရေလသည္။ ထို႔ေနာက္တြင္ေတာ့ ေရွာင္စန္းကသူ႕ဂိမ္းႏွင့္သူအလုပ္ရႈပ္ေန၍ ဝူရွဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ရသြားရာကေန ယခုကဲ့သို႔လသာေဆာင္တြင္ တစ္ေယာက္တည္းသာသာယာယာရွိေနရျခင္း။

ဒီလိုေအးေအးခ်မ္းခ်မ္းရွိေနရေတာ့လည္း က်န္းအိမ္ေတာ္ႀကီးကထင္သေလာက္မဆိုးလွပါ။ ေျခာက္ကပ္တိတ္ဆိတ္ေနပါေသာ္လည္း တမ်ိဳးေကာင္းသည္ဟုဝူရွဲ႕ေတြးမိေလသည္။ ဆိတ္ၿငိမ္ေသာပတ္ဝန္းက်င္၏တြန္းအားေပးမႈေၾကာင့္ စိတ္အစဥ္က႐ြက္လႊင့္လို႔ေပ်ာ္ျမဴးလိုလာသည္။ အေတြးတို႔ကိုျဖန့္က်က္လိုက္ေတာ့ ဦးတည္ခ်က္ေရေရရာရာမရွိပါဘဲ Clubကလူအေၾကာင္းကဖ်တ္ခနဲေခါင္းထဲေပၚလာသည္ေလ။

မလိုက္ဖက္လိုက္ေလျခင္း။ ခမ္းနားတဲ့က်န္းအိမ္ေတာ္ရပ္ဝန္းထဲက ျဖဴလႊလႊလသာေဆာင္မွာအခန့္သားထိုင္ရင္း အေတြးထဲေရာက္လာသည္က Clubကလူတစ္ဦးတဲ့လား။ ဘယ္လိုေတာင္မေမ့နိုင္ေသးရတာလဲ.. အခ်ိန္ေတြဘဲၾကာလွၿပီကို။ သူကေတာင္ဝူရွဲ႕ကိုေမ့ေလ်ာ့ေနေလာက္ၿပီေလ။

"ဟက္ဟက္.."

အမွတ္တမဲ့ေတြ႕ဆုံျခင္းေလးကိုေတာင္ သတိတရရွိေနပါေသးေသာကိုယ့္ကိုယ္ကို ဝူရွဲ႕အသံထြက္ေလွာင္ရယ္လိုက္မိသည္။ ေခါင္းေလးအသာခါရင္း ထိုလူအေၾကာင္းကိုအေတြးထဲမွေမာင္းထုတ္မိေတာ့ ျပန္ဝင္လာသည္ကအစ္ကိုေလးအေၾကာင္း။ ေန႕လယ္ကလန္ေကာေျပာျပပုံအရ အစ္ကိုေလးသည္ခန့္မွန္းရခက္ခဲလွေသာလူသားတစ္ဦးပင္။ ညီအစ္ကိုႏွစ္ေယာက္ေတာင္ ပိုင္ဆိုင္ထားလိမ့္မည္ဟုလုံးဝမထင္ထားခဲ့တာအမွန္။

ဝူရွဲ႕သည္ေတြးေကာင္းေကာင္းႏွင့္ေတြးေနလိုက္တာ ခပ္အီအီေမႊးရနံ႕ကိုရမွ ေဘးဘီကိုလွည့္ၾကည့္ရန္အသိဝင္ေလေတာ့သည္။ ထိုအခါမွခုံတြင္ဝင္မထိုင္ဘဲ သစ္သားတိုင္တန္းကိုမွီကာလက္ပိုက္ရင္း တိတ္တဆိတ္ေငးစိုက္ၾကည့္ေနပါေသာအစ္ကိုေလးႏွင့္ တည့္တည့္တိုးေလသည္။

"အာ... အစ္ကိုေလး... ေရာက္ေနတာၾကာၿပီလား။"

"အင္း။"

မိမိေဘးနားမွေနရာလြတ္ေလးကို လက္ျဖင့္ပုတ္ျပကာလာထိုင္ရန္ေခၚမိေတာ့လည္း တစ္ခြန္းမျငင္းရွာေသာအစ္ကိုေလးရယ္ပါ။

"ေမႊးတယ္..။"

"ဟုတ္လား။"

"အင္း...။ အစ္ကိုေလးနဲ႕လိုက္တယ္။"

"ထပ္ေျပာင္းသုံးစရာမလိုေတာ့ဘူးေပါ့။"

ဝူရွဲ႕ေခါင္းေလးၿငိမ့္ကာ သေဘာတူသည့္အေနျဖင့္ၿပဳံးျပမိေတာ့ အစ္ကိုေလးကတစ္ဖက္ကိုအၾကည့္လႊဲရင္းအသာၿပဳံးေနေလေတာ့သည္။

ဘာေတြမ်ားေက်နပ္သြားပါလိမ့္။

"အစ္ကိုေလးကို အားက်လိဳက္တာ..။"

"ဘာလို႔..။"

"ညီအစ္ကိုေတြရွိတယ္ေလ။ ကြၽန္ေတာ္ဆိုတစ္ေယာက္တည္းရယ္။"

"ေၾသာ္...။"

"အစ္ကိုေလးေရာ မေပ်ာ္ဘူးလား။ အစ္ကိုေတြညီေလးေတြရွိေတာ့..။"

"အင္း....။"

"လန္ေကာေျပာျပတာ.. အစ္ကိုေလးတို႔က နီးနီးကပ္ကပ္မေနခဲ့ရဘူးတဲ့။"

"......"

"ဒါဆိုအခုေနလို႔ရၿပီမလား..။ ညီအစ္ကိုေတြဆိုတာ ဘယ္အခ်ိန္ခ်စ္ေပးေပးေနာက္မက်ပါဘူး။"

"......"

"သူတို႔ကလည္း အစ္ကိုေလးကိုခ်စ္ၾကမယ့္ပုံပါ။"

"မင္းကဘယ္လိုသိလဲ။"

"ဒါက မေျပာင္းလဲတဲ့အမွန္တရားပဲေလ။ အေမတစ္ေယာက္တည္းကေမြးလာတဲ့ ေမာင္ႏွမေတြပဲကို..။ မခ်စ္ဘဲေနပါ့မလားဗ်ာ။"

"........"

"အစ္ကိုေလးကို မခ်စ္ၾကဘူးလို႔ထင္ေနတာေတာ့မဟုတ္ဘူးမလား။"

"အစ္ကိုက ကိုယ့္ကိုမခ်စ္ဘူး။"

"ဘာလို႔ေသခ်ာေနရတာလဲ။"

"ဒီလိုပဲရွိတယ္။"

"ဟင္း.... အစ္ကိုေလး ကြၽန္ေတာ္ေျပာျပမယ္။ တစ္ေယာက္တည္းအျမင္နဲ႕ယူဆခ်က္ေတြက အၿမဲလြဲေနတတ္တယ္။ ပြင့္ပြင့္လင္းလင္းထုတ္ေျပာတာေလာက္ အရွင္းလင္းဆုံးသိနိုင္မယ့္နည္းမရွိေသးဘူး။"

"......"

"ႏွလုံးသားရဲ႕ခံစားခ်က္ေနာက္ကိုပဲ လိုက္ၾကည့္သင့္တယ္ဗ်။"

".... ခံစားခ်က္..။"

"အင္းေလ။ ေရွာင္စန္းဆိုလည္း အစ္ကိုေလးနဲ႕အေနနီးခ်င္ေနရွာမွာ။ ဘယ္လိုညီကမ်ားအစ္ကိုနဲ႕မရင္းႏွီးခ်င္မွာတဲ့လဲ။"

"မေျပာတတ္ဘူး။"

"အမ္... မေျပာတတ္ဘူးမဟုတ္ဘူးေလ။ အစ္ကိုေလးကေတာ့ ခက္ေတာ့တာပဲ။"

"မနက္ျဖန္ျပန္ေတာ့မွာလား။"

"ဒါေပါ့။ တစ္ရက္လုံးေနလိုက္ရတာ မယုံနိုင္စရာပဲ။"

"ေဟးရန္က်င္းလိုက္ပို႔မွာလား။"

"ဟုတ္တယ္ေလ။ သူနဲ႕တူတူျပန္ရမွာ။ သူ႕မွာဆိုင္ကယ္ပါတယ္။"

"အႏၱရာယ္မ်ားတယ္။ အိမ္ကကားနဲ႕လိုက္ပို႔ေပးလို႔ရတယ္။"

"မဟုတ္တာ..။ ရပါတယ္ ကြၽန္ေတာ္အားနာလို႔။"

"သူစိမ္းေတြလား။"

"အစ္ကိုေလးနဲ႕ကလား။"

"အင္း။"

"သူစိမ္းေတာ့မဟုတ္ေပမယ့္.... စီနီယာဆိုေတာ့ အားနာလို႔ပါ။"

".... အတူတူပဲ။"

"အယ္... ။"

ကြၽန္ေတာ့္ကိုၾကည့္မေနပါဘဲ ထထြက္သြားဖို႔ျပင္ေနတဲ့အစ္ကိုေလးေၾကာင့္ မဆီမဆိုင္ဗ်ာမ်ားသြားရေလၿပီ။

စိတ္ဆိုးသြားတာလား.... အခုက။

"အစ္ကိုေလး ေနပါဦး။"

"ေနာက္က်ေနၿပီ။ မင္းလဲအိပ္ေတာ့။"

"အမ္.... ။"

ထိုကိုယ္ေတာ္ကေတာ့ ကြၽန္ေတာ္ေျပာခ်င္သည္ကိုဆက္နားမေထာင္ေတာ့ဘဲ ထြက္သြားေလၿပီ။ ဘာျဖစ္သြားမွန္း နားမလည္လိုက္တဲ့တခဏဝူရွဲ႕ေခါင္းစားၿပီးက်န္ခဲ့ရေတာ့ေလသည္။




*** *** ***
To be continued.. 🖤🖤

Thank you all💙.

Comment