(Ch-18) /U+Z/

"ဒါဆို.. နောက်အပတ်လောက်ပေါ့.."

ကျန်းချီစန်းရဲ့ဖုန်းပြောသံက ဧည့်ခန်းတစ်ခုလုံးအနှံ့နေရာယူထားနိုင်လောက်အောင် ကျယ်လောင်နေလေသည်။ အစေခံများအတွက်ဝမ်းနည်းစရာကောင်းသည်က ကျန်းချီလင်နှင့်လန်တို့နှစ်ယောက်လုံး အိမ်တော်မှာရှိမနေခြင်းပင်။

မနက်မိုးလင်းရုံရှိသေးသည် ရှောင်စန်း၏လွတ်လပ်ရေးနေ့အခမ်းအနားက စတင်ဖို့ပြင်ပြီးလေပြီ။ စားချင်သလိုစား.. နေချင်သလိုနေ.. ခြင်းဖြင့်သာ ကျင်းပနေသည်ဆိုပါသော်လည်း ယခုလုပ်ချင်သလိုလုပ်နေသူက ကလေးတစ်ယောက်မဟုတ်သည့်အပြင် ကျန်းချီစန်းဖြစ်နေ၍ကိုပိုမိုဆိုးဝါးနေခြင်းဖြစ်လေသည်။

အခြားအစေခံများမှာ နားမခံသာရုံမျက်စိနောက်ရုံသာရှိကြသော်လည်း ရှောင်စန်းဘေးနားအနီးကပ်နေရသည့်ယန်းယန်အတွက်ကတော့ သက်ပြင်းအခါခါချနေရသည့်နေ့ပင်။

"‌ထွေထွေထူးထူးလိုချင်တာမရှိပါဘူး...။အဖေရောနေကောင်းတယ်မလား..? Ok.. ဒါဆို နောက်မှတွေ့မယ်။"

"သခင်.. အယ်.. ရှောင်စန်း...."

မနေ့ကဒီလိုမနက်ပိုင်းအချိန်ကြီး သစ်တော်သီးစားချင်သည်ဟုဆိုကာ အိမ်တော်တစ်ခုလုံးကိုပြဿနာမိုးမွှန်အောင်ရှာထားသောရှောင်စန်းမှာယနေ့မနက်တွင်တော့သူမဟုတ်သလို။

ရှောင်စန်းပဲအကွက်ချရန်ရှာတာတော်သလား.. မိမိတို့ပဲကံဆိုးသည်လားမပြောတတ်။ မနေ့ကအိမ်တော်တွင် အသီးအနှံများပြတ်လပ်နေခဲ့သည်လေ။ ထိုအထဲတွင်အမောင်မျောက်လောင်းစားချင်သော သစ်တော်သီးလဲအပါအဝင်။

အိမ်တော်၏စားသောက်ကုန်များအတွက်ဈေးဝယ်ထွက်သည့်အချိန်မှာ ညနေပိုင်းပဲအမြဲဖြစ်တတ်ကြောင်းသိပါရက်နှင့် ရှိနေသောငှက်ပျောသီး၊ပန်းသီးတို့ကိုမစားဘဲ သစ်တော်သီးမှသစ်တော်ပဲသီးနေခဲ့သောရှောင်စန်းကြောင့် အတော်ပင်ခေါင်းနပန်းကြီးခဲ့ရလေသည်။ သွားဝယ်ပေးမည်ဆိုတော့လဲမဟုတ် အခုဆိုအခု။ ခဏတောင်မစောင့်ချင်။ ယန်းယန်ကိုလဲအပြင်ထွက်ခွင့်မပေးသလို မည်သူ့ကိုမှလဲသူ့အတွက်သွားဝယ်ပေးသည်မျိုးခွင့်မပြု။ မရှိသည့်အသီးကိုမှလိုချင်နေပြီး အပြင်ထွက်ခွင့်လဲပိတ်ပင်နေပါသောသခင်လေးသည် အိမ်တော်အတွင်းမှာပင် သစ်တော်သီးအားဖန်ဆင်းပေးမည်ကိုပဲလိုချင်နေသလားမသိပါ။

သူကပြဿနာရှာလို့ဝ၍ဂိမ်းသွားဆော့ကာ ဖြေဖျောက်ခဲ့လိုက်ပါသောမနေ့ကကိစ္စကို ယန်းယန်ကတော့မမေ့နိုင်။ မနေ့ညနေကပင်သူကိုယ်တိုင်သွားရောက်ဝယ်ယူထားသော သစ်တော်သီးများထဲမှနှစ်လုံးခန့်ကို အကျအနအခွံခွာပြင်ဆင်ကာ ယခုမျောက်လောင်းရှေ့မှောက်သို့ယူဆောင်လာခဲ့ပါပြီ။

ကဲ.. ရှောင်စန်း ဘာအထွန့်တက်ဦးမည်နည်း။

"အမယ်... သစ်တော်သီးတွေပါလား..."

ဆိုဖာပေါ်ထိုင်နေရင်းနှင့်ပင် ယန်းယန်လက်တွင်းရှိကြွေပန်းကန်ပြားပေါ်မှ အသီးတစ်စိတ်ကိုရှောင်စန်း စွေ့ခနဲလှမ်းယူသည်။ မြန်လိုက်သည်မှ သူ့လက်ထဲအသီးစိတ်လေးပါတော်မူပြီးကာမှ သူ့စကားကအဆုံးသတ်ခြင်း။

ဖြည်းဖြည်းမစားဘဲ တစ်စိတ်လုံးပါးစပ်ထဲထိုးထည့်ရင်းပေါ်လာသည့်ကျေနပ်ပြုံးကို အတင်းဖုံးဖိကာ သည်လိုဆိုလာပြန်သေးသည်..

"ယန်းယန်လေးကအလိုက်သိပေမဲ့လဲ ငါကိုယ်တော်ရဲ့ဆန္ဒက မနေ့ကတင်ချုပ်ငြိမ်းသွားခဲ့ပါပြီကွယ်...စိတ်ပျက်အလိုမကျစွာနဲ့ပေါ့။ နောက်ပြီးဒီနေ့မှာတော့ ကီဝီသီးစားချင်စိတ်ပြင်းပြနေမိပေမဲ့ အကြင်နာကြီးတဲ့ကိုယ်တော်ကပဲ ဒီသစ်တော်သီးလေးတွေကိုစားတော်မူပေးပါ့မယ်...ဟုတ်ပလား.."

ယန်းယန်မရယ်မိအောင်ချုပ်ထိန်းရင်း..

"ကျေးဇူးကြီးမြတ်လှပါတယ်..သခင်လေးခင်ဗျာ။ သခင်လေးရဲ့ကြင်နာမှုအတွက်လဲ ကျနော်မျိုးမဝံ့မရဲဖြစ်မိပါတယ်..ဒါပေမဲ့သခင်လေးအကြောင်းသိလို့ ကျနော်မျိုးမနေ့ညနေတည်းက အသီးတွေစုံလင်စွာဝယ်ယူလာခဲ့လို့ အခုကီဝီသီးစားချင်လျှင်လည်း ချက်ချင်းဆောင်ရွက်ပေးလို့ရကြောင်းပါ..."

ကျနော့်စကားကြားတော့ ရှောင်စန်းမျက်နှာပေါ်မှ မချိုမချဉ်ဖြစ်သွားမှုကိုတွေ့ဖြစ်အောင်တွေ့လိုက်ပါ‌သေးသည်။

"ငါ့နားနေတာများပြီး ငါ့လိုဉာဏ်များတတ်နေပြီပေါ့..။"

"အလိုက်သိတာမဟုတ်ဘူးလားဗျာ..."

"ဘာဖြစ်ဖြစ်အဲ့ဒါခဏထားပြီး ဒီနားလာထိုင်စမ်းပါ။ ငါနဲ့စကားပြောတဲ့လူက မိုးတိုးမတ်တပ်နဲ့ ငါနေရခက်တယ်။"

ရှောင်စန်းကအလိုမကျဖြစ်ဟန် သူ၏မျက်ခုံးနက်နက်တို့ကို တွန့်ချိုးစွာဆိုသည်။ သခင်လေးကိုစိတ်အလိုမကျမဖြစ်စေချင်ပါသော်လည်း အိမ်တော်တွင်းရှိဆိုဖာခုံများတွင် ထိုင်ရလောက်အောင်ထိ ယန်းယန်အတင့်မရဲတာတော့အမှန်။

သည်လိုဆိုတော့လည်း ရှောင်စန်း၏အမူအကျင့်များထဲမှတစ်ခုဖြစ်သော စကားလမ်းကြောင်းလွှဲရန်လွယ်သောအချက်ကို အလျင်အမြန်ဖိနင်းဖို့ကြံရပြန်သည်။ မဟုတ်လျှင်သူ့ကိုအတင်းကာရော ထိုင်ချခိုင်းနေမည်မှာသေချာသလောက်ပင်။

"သခင်လေးကျန်းချီရှန်း..ပြန်လာတော့မှာတဲ့လား"

သူရောက်မလာခင်လေးတင် အမီပြီးဆုံးသွားပါသောဖုန်းခေါ်ဆိုမှုကိုပြန်အစဖော်ရင်း မျက်စိရှေ့ရှိအန္တရာယ်မှကင်းလွတ်သွားပါသော်လည်း ရှောင်စန်းမှာကြည်ကြည်သာသာရှိ‌သည်တော့မဟုတ်။

"အေး...ရှန်းကောပြန်လာတော့မယ်။"

"ရှောင်စန်းပျော်နေမှာပေါ့.."

"ထွေထွေထူးထူးမခံစားရပါဘူးလေ..ငါ့အတွက်ပြန်လာတာမှမဟုတ်တာ။ သူ့ဘာသူကိစ္စရှိလို့နေမှာပေါ့။"

"ဪ..."

သူအနီးကပ်တာဝန်ထမ်းဆောင်ပေးရမည့် သခင်လေးကျန်းချီစန်းက အစ်ကိုလတ်ထက်အစ်ကိုကြီးကိုပိုခင်တွယ်သည်ဟုကြားထား၍ ဝမ်းသာနေမည်ဟုတွက်ဆကာမေးလိုက်မိသော်လည်း သူ့သခင်လေးမှာ ဂိမ်းအသစ်ဆော့ရသလို (သို့မဟုတ်) အပင်အသစ်စိုက်ပျိုးရသလို မျက်လုံးအရောင်များလက်မလာသောကြောင့် ဪရုံသာဪမိတော့လေသည်။

တစ်ခါတစ်ရံသူ့သခင်လေးမှာ ခန့်မှန်း၍မရသလို နားလည်ရခက်တတ်ကြောင်း ယန်းယန်သတိထားမိတာကြာပါပြီ။ အပေါ်ယံဆိုလျှင်တော့ သူ့အစ်ကိုများနှင့် စရိုက်လက္ခဏာကွဲသယောင်ရှိသော်လည်း အမှန်တွင်ကျန်းသခင်လေးသုံးသည်လဲ မထူးမခြားနား။ ဟန်ဆောင်ကောင်းသည်လား.. မကုန်ခမ်းနိုင်သောတက်ကြွမှုတို့ကိန်းဝပ်နေသည်လား.. မသိပေမဲ့ ယခုသူ့ရှေ့မှသခင်လေးသည်လည်း ကျန်းမျိုးရိုး၏မူဟန်တို့ကို လျှို့ဝှက်စွာပိုင်ဆိုင်ထားသည်ပင်။

ငယ်သွေးကြွနေ၍ထိန်းရခက်သည်မှာတော့ ငြင်းမရကြောင်းသူအတည်ပြုပြီးဖြစ်သည်။

"ဪမနေနဲ့... ငါအပြင်သွားမလို့လိုက်ဖို့ပြင်။"

အတွေးလွန်နေသောသူ့ကို ရှောင်စန်းကခပ်ဆတ်ဆတ်ပြောလာသည်။

"ဗျာ...ဟုတ်ကဲ့။ ဘယ်ကိုသွားမှာလဲခင်ဗျ..."

"ဟဲဟဲ...."

စပ်ဖြဲဖြဲရယ်သံတစ်ခု။
ယန်းယန်သင်္ကာမကင်းနိုင်တော့ပါ.. သူ၏သခင်လေးသည် အိမ်တော်တွင်းမှာပင်မကျေနပ်နိုင်တော့၍ အပြင်မှာပါပြဿနာမီးခွက်ထွန်းရှာတော့မည်လားမသိ။ ဘုရားကြိုတထားလျှင်တော့ အရှုံးမရှိပေ။ ဒီလိုမျက်နှာ ဒီလိုရယ်သံမျိုးက ရှောင်စန်းတစ်ယောက် ကြီးကြီးမားမားမွှေတော့မည့်ဆဲဆဲအခါမျိုးတွင် အသိပေးမောင်းခတ်လေ့ရှိသောအသံရုပ်ရည်အနေအထားမျိုးနှင့် ဆင်ဆင်တူနေသည်လေ။

ပိုဆိုးသည်မှာအထိန်းတော်လန်တို့ရှိမနေ၍ မျောက်လောင်းလေးရှောင်စန်းသည် အစီရင်ခံစရာ၊ခွင့်ပြုချက်တောင်းစရာတို့ကို ကွက်ကျော်ရိုက်ချင်တိုင်းရိုက်ကာ ခြေဆန့်ချင်ရာဆန့်တော့ပေမည်။ ပြောစကားဆိုလျှင် ဘယ်သူ့ပြောစကားမှမတိုးသောရှောင်စန်း၏ပြုသမျှကို နုရတော့မည့်ကိုယ်တော်လေးယန်းယန်မှာ ချွေးပြန်စပြုနေလေပြီ။

--- --- ---

ကျောင်းတွေပြန်ဖွင့်သည်နှင့် တက္ကသိုလ်ကျောင်းသားဘဝမှတ်တမ်းမှာ ပုံမှန်လည်ပတ်စပြုနေပြီဖြစ်သည်။ နိစ္စဓူဝလုပ်ငန်းစဉ်တို့မှာလဲ ကျောင်းသားတိုင်းရဲ့နောက်ကျောမှာ ကပ်ပါလို့လာနေပါပြီ။ နားရက်အပြည့်အဝရပြီးသည့်အတွက် ဘာလုပ်လုပ်အားမာန်အပြည့်ဖြင့် စိတ်အားတက်ကြွနေသူများရှိသလို ပိတ်ရက်ရှည်ကြီးအားသံယောဇဉ်မဖြတ်နိုင်သေးသော ပျင်းရိပျင်းတွဲကျောင်းသားများကိုလဲ ဟိုသည်တစ်စတစ်စတွေ့မြင်နိုင်ပါသေးသည်။

ပထမနှစ်ပြီးဆုံးရန်သိပ်မလိုတော့ပါ။
နှစ်ဝက်စာမေးပွဲအပြီး ကျောင်းပြန်တတ်ရခြင်းဖြစ်သော်လည်း နှစ်ဝက်စာမေးပွဲက နှစ်ဝက်ကျော်ကျော်လောက်မှာစစ်ခြင်းဖြစ်လေသည်။ အမှန်တကယ်နှစ်ဝက်သွားခဲ့သည်မှာ Tutorial များ Series လိုက်ဖြေကြားခြင်းမပြုခင်ကတည်းကဖြစ်သည်။ ထို့ကြောင့်ယခုတစ်ကြိမ်ကျောင်းပြန်တတ်ရခြင်းသည် ပထမနှစ်ပြီးဆုံးရန်မလိုတော့ကြောင်း သတိပေးလိုက်သလိုပင်။

သို့သော်လည်းပထမနှစ်ကျောင်းသားများမှာ လွမ်းလွမ်းဆွေးဆွေးဖြစ်နေပုံတစိုးတစိမျှမပေါ်ကြ။ နှစ်ကြီးသမားများကတော့ တိုးတိုးတိတ်တိတ်ကြိုတင်လွမ်းမောနေလောက်ပါပြီ။

အချစ်ငှက်ကလေးများမှာလဲကျောင်းကိုခြေချစက စိုက်ပျိုးထားကြ‌ပါသောအချစ်ပင်များကို နှုတ်ရမလိုသတ်ရမလိုနှင့်။ ကျောင်းအပြီးဘယ်လိုဇာတ်လမ်းဆက်ခင်းရမည်ကို ဒွိဟများစွာဖြင့်တိုင်ပင်ဆွေးနွေးရွေးချယ်ကြရပါတော့မည်။

ဤနှစ်ဆုံးခါနီးကာလလေးမှာ သမီးရည်းစားတို့စိတ်သဘောဆယ့်နှစ်ဖြာနီးပါးကွဲပြားတတ်ပါသေးသည်။

တစ်ကိုယ်တည်းသမားများမှာကတော့ ထိုဘေးရန်တို့မှလွတ်ကင်းသည့်တိုင် အထီးကျန်သလိုလိုသတိရသလိုလိုခပ်ဆွေးဆွေး လေးနေသည့်ဒဏ်ကိုတော့ခံရပေသည်ပဲလေ။

ကျောင်းတော်ကြီးကတော့ အကြောင်းသိ၍ခပ်ပြုံးပြုံးပါပင်။ နှစ်စဉ်နှစ်တိုင်းမှာလဲ ဤသို့ပင်အမျိုးအမည်မသိသောခံစားချက်အစုံအလင်ဖြင့် ကျောင်းသားတိုင်းရင်ထဲမှာ လွမ်းရင်းလွမ်းရင်းရှုပ်ရှုပ်ထွေးထွေးနှင့်ပင် စာသင်နှစ်တစ်နှစ်က ပြီးဆုံးသွားတတ်သည်ပဲမဟုတ်ပါလား။

ထိုအထဲတွင်ပထမနှစ်ပြီးဆုံးခါနီးကျောင်းသားလေးဝူရှဲ့မှာတော့ ခံစားချက်အဟုန်တို့၏ဘေးတွင်ထွက်ရပ်ကာ ဖျတ်လို့လတ်လို့တက်ကြွနေနိုင်ပါသေးသည်။အကြောင်းကတော့...

"ဘယ်လို... ကျောင်းဆောင်ဟောင်းတွေအခုထိမဖျက်ရသေးဘူးဟုတ်လား.."

အံ့ဩပျော်ရွှင်မှုတို့အချိုးကျစီးဝင်နေသောအသံဖြင့် ဖန့်ကျစ်စကားကိုထပ်မံအတည်ပြုကြည့်နေသည့်ဝူရှဲ့။

ပထမစာသင်ချိန်ပြီးဆုံး၍ နောက်တစ်ချိန်အတွက် ခဏတာစောင့်ဆိုင်းအနားယူနေရချိန် ဘေးတွင်ရှိသောသူငယ်ချင်းကောင်းကြီးနှင့်စကားစမြည်ပြောမိရာမှ အဆောင်ဟောင်းများအကြောင်းသိလိုက်ရလေသော်...

"အေးဟုတ်တယ်။
ပထမအစီအစဉ်အတိုင်းဆို နှစ်ဝက်ကျောင်းပိတ်ရက်အတွင်းအပြီးဖြိုရမှာမလား.."

ဖန့်ကျစ်ကကျွန်တော်ဘယ်လိုသိထားလဲကိုတိုက်ရိုက်မမေးဘဲ မေးခွန်းတစ်ခုဖြင့်စကားထောက်လိုက်ခြင်း။

"အေ့လေ..အဲ့ဒါကနေဘယ်လိုဖြစ်ရတာလဲ"

ကျွန်တော်သိထားတဲ့သတင်းကသူထင်သလိုသေချာသွားတော့မှ အခြေအနေအရပ်ရပ်ကိုရှင်းပြလာလေသည်။

"ငါသိရသလောက်တော့ အဆောင်လာဖျက်တဲ့ဆောက်လုပ်ရေးအဖွဲ့ကပြဿနာဖြစ်လို့တဲ့။"

"ပြဿနာဖြစ်တယ်...?"

"အတိအကျတော့မသိဘူးကွာ...ငါလဲဆရာတွေပြောသလောက်ပဲသိရတာ။ အဆောင်ဖျက်တာက ငါတို့နှစ်ဆုံးမှပဲဆက်လုပ်တော့မှာတဲ့...အေ့လေထူးမှမထူးတော့တာ နှစ်ပဲကုန်တော့မယ်"

"ဟာ...ဒါဆို..."

ကျွန်တော့်စကားမဆုံးလိုက်...။

"ဒါမဆိုနဲ့... မင်းဟိုအဆောင်ကိုသွားလို့မရတော့ဘူး။"

တိကျပြတ်သားသောတားမြစ်သတိပေးသံတစ်ခု။ ကျွန်တော့်၏ပျော်ရွှင်လှိုက်မောမှုအဟုန်တို့မှာ တိုးလိုးတန်းလန်းဖြင့်ရပ်တန့်သွားခဲ့ရလေပြီ။

"ဟာ ဘာလို့တုန်း။ မင်းပဲဘယ်အဆောင်မှမဖျက်ရသေးပါဘူးဆို"

မခံမရပ်နိုင်စွာမေးခွန်းထုတ်မိလေတော့...

"ဟုတ်တယ်လေ...ဒါပေမဲ့
မင်းသွားနေကျစာအုပ်ဟောင်းတွေရှိတဲ့အဆောင်ကနေ စဖျက်ကြတာတဲ့ဟ။ သူတို့ပြဿနာတက်တယ်ဆိုတာကလဲ လုပ်ငန်းစပြီးကာမှဖြစ်တာလေ။ အဲ့တော့မင်းအဆောင်ကြီးကနည်းနည်းတော့အဖျက်ခံရပြီးလောက်ပြီ။ အဲ့ဒါကြောင့်အန္တရာယ်များတယ်..မသွားနဲ့တော့။ ပြီးတော့အဆောင်ဟောင်းတွေရဲ့နေရာကိုလဲ တားမြစ်စည်းတွေတားထားပြီးပြီ။ ဖင်ယားပြီးဝင်ရင်ရုံးခန်းရောက်မယ်။"

ဖန့်ကျစ်ကထိုသို့ခြိမ်းခြောက်လာလေသည်။

သို့သော် ကျွန်တော်အလျှော့မပေးချင်သေးပါ။

"မင်းကလဲအကဲကိုပိုတယ်...
ခိုးဝင်တော့ဘာဖြစ်တုန်းကွာ.. ငါကဘာကောင်လဲ.."

"မင်းကဘာကောင်မှမဟုတ်.."

အဓိပ္ပာယ်ပါပါကြည့်ရင်းမေးမိတော့ ဖန့်ကျစ်ကမဆိုင်းမတွဖြေဖို့အပြင် ကျွန်တော့်လက်ချောင်းတွေနဲ့ သူ့ပါးစပ်ကြီးကိုလှမ်းပိတ်ချပစ်လိုက်ပါသည်။

နောက်.. ကျန်နေတဲ့ညာလက်ကလက်ညှိုးလေးကို ထောင်ကာ ဘယ်ညာအသာဝှေ့ယမ်းပြရင်း....

"ကျွတ် ကျွတ် ကျွတ်.. ပါးစပ်ကိုပိတ်။ ငါကပထမနှစ်ပြီးခါနီးကောင်ကွ။ မင်းစဉ်းစားကြည့်စမ်း... ကျောင်းပြီးခါနီး ကျောင်းသားတစ်ယောက်ကို တားမြစ်နေရာလေးခိုးဝင်မိရုံနဲ့ ကျောင်းထုတ်မလားကွာ...။ ကဲ ဘာကျန်သေးလဲ.. ကျောင်းထုတ်ခံရတာကလွဲပြီးငါကဘာမှမကြောက်ဘူး..ဟားဟား"

အဲ့ဒီမှာပဲ ကျွန်တော့်စကားဆုံးလျှင်ဆုံးချင်း

"ဖောင်း..!"
ခနဲ...နေအောင်အရိုက်ခံလိုက်ရပါပြီ။
ဟုတ်ပါတယ်..လက်သည်ကတော့ ဝတုတ်ဖန့်ကျစ်ပါ။

ပြောင်မြောက်လှတဲ့စာအုပ်ဖြတ်ရိုက်ချက်လေးဟာဆိုရင် စာသင်ခန်းတစ်ခန်းလုံးအနှံ့ကို ကျယ်ကျယ်လောင်လောင်နေရာယူလို့ထားလိုက်ပြီဖြစ်သည်။

လူမိုက်ငှားခံရပါသောကြားခံပစ္စည်းလေးမှာ မထူမပါးဗလာစာအုပ်လေးတစ်အုပ်သာသာဆိုပေမဲ့ အားကောင်း၍မောင်းသန်လှသောဝမ်ဖန့်ကျစ်၏ လက်မောင်းအားအဟုန်ဖြင့်ပေါင်းလိုက်လေသောအခါ....

အုံခဲကာကျိန်းစက်သွားသောမိမိခေါင်းအနောက်ခြမ်းလေး ပြားဝင်သွားပြီလားတောင်ထင်မှတ်မိသည်။ အရိုက်ခံရသောနေရာလေးကို လက်ဝါးဖြင့်ဖွဖွပွတ်နေရ၍ ချက်ချင်းပင်တုံ့ပြန်စကားမဆိုအားသည်ကိုအခွင့်ကောင်းယူကာ တရားခံဖြစ်သူကပင် စကားတွေတသီကြီးပြောလာပါလေတော့သည်။

"ပြောစကားဆိုစကားဆို ဘယ်တော့မှအေးဆေးသက်သာနားထောင်လိုက်တယ်ဆိုတာမရှိဘူး။ ငါ့လာပြီးပြူးတူးပြဲတဲကြည့်မနေနဲ့...။ နည်းတောင်နည်းသေးတယ်လို့မှတ်ထား.. မင်းတကယ်သွားရဲရင်သွားကြည့်စမ်းပါ.. အုတ်ပိမသေဘဲလွတ်လာရင်တောင် ငါ့လက်ချက်နဲ့ခေါင်းအဖြုတ်ခံရဖို့သာပြင်ထား...ကြားလား..."

တစ်စုံတစ်ရာထိခိုက်မည်ကိုစိတ်ပူ၍ပြောသောကြောင့် ဖန့်ကျစ်မှာဒေါသပင်စွက်လာသလို။

သူခင်မင်သည့်သူဆိုလျှင် အနိုင်ကျင့်သမျှ‌ခံပြီးအလိုလဲလိုက်တတ်ပါသောဖန့်ကျစ်သည် အသက်အန္တရာယ်နှင့်မလွတ်မကင်းသောကိစ္စများတွင်တော့ နည်းနည်းမှမလျှော့ပေးတတ်သလို အလွန်လဲအလေးအနက်ထားသူတစ်ယောက်။

အခုလဲသူချစ်ခင်ရင်းနှီးရသော သူ၏အချစ်ဆုံးသူငယ်ချင်းတစ်ဖြစ်လဲဝူရှဲ့ကို အနည်းငယ်မျှအထိအခိုက်မခံနိုင်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြောင်း ဝူရှဲ့အသေအချာနားလည်သည်။ သို့သော်လည်း ယခုကြားသိလိုက်ရတဲ့သတင်းကြောင့် မဆိုစလောက်လေးမယိုးမရွဖြစ်မိတာတော့အမှန်။

ပိတ်ရက်အတွင်းအဆောင်ဖျက်မယ်ကြားထား၍ ဝူရှဲ့ခမျာပိတ်ရက်မလာခင်ကတည်းက ကျေနပ်တင်းတိမ်ခြင်းမရှိပါဘဲနှမြောတသဖြစ်မှုတို့ကိုအဆုံးသတ်ပြီးနှုတ်ဆက်ခဲ့ရပါသောစာအုပ်ဟောင်းများရှိရာမြေအောက်ခန်းငယ်လေး။ စိတ်ပင်မပြတ်နိုင်သေးသည်ကို ယခုတော့သူ့ကိုလက်ယပ်ခေါ်နေပြီတဲ့လား။

သူ၏သမာဓိအားက မည်မျှကောင်းမည်ကို ဝူရှဲ့မတွက်ဆတတ်တော့ပါ။

"ချီးဘဲ....ခွေးကောင် နာတယ်ဟ။"

စကားပြောဖို့အာရုံပြန်ရတာနဲ့အရင်ဦးစွာ မဆိုင်းမတွထကာဆဲရပါသေးသည်။

အမှန်တွင်ကျွန်တော်မျိုးသည် သူတော်ကောင်းလေးတစ်ယောက်ဖြစ်ပါသည်။ အခုလိုဖြစ်နေရတာအားလုံးက ဒီဝတုတ်ဖန့်ကျစ်ကြောင့်ပါ။

"ဘာခွေးကောင်လဲ...ခွေးကောင်ကမင်း။"

သူကလဲမခေပါ။
ကျွန်တော့်နားနေတာများလို့ဖြစ်ပါလိမ့်မည်။

"ငါခွေးကောင်ဆို မင်းကချီးထုပ်ကောင်ပဲ.."

ပက်ခနဲပြန်ပြောအပြီးမှာ ဖန့်ကျစ်အတွက်အချိန်မရတော့တာကျွန်တော်ကံကောင်းသည်။ အကြောင်းကတော့ စာသင်ခန်းအတွင်းသို့ဆရာမဝင်လာပြီဖြစ်ရာ ဒုတိယစာသင်ချိန်စတင်တော့မည်ဖြစ်၍ပင်။

--- ---

ဖန့်ကျစ်တော့ငါ့ကိုမြင်ရင်ဆဲတော့မှာပဲ...
ဤသို့တိုးတိုးတိတ်တိတ်တွေးတောမိသည်။ ကျယ်ကျယ်လောင်လောင်ပင်တွေး၍မရပါ။ သူအခုရောက်ရှိနေရာသည် တားမြစ်နေရာ။

အချိန်မှာနေ့ခင်း(၁၂)နာရီ။
တစ်ကျောင်းလုံးရှိကျောင်းသားများမှာ ကန်တင်း (သို့မဟုတ်) ၎င်းတို့တွင်ပါလာသောထမင်းဘူးများဖြင့် ကိုယ်စီအလုပ်ရှုပ်နေကြချိန်။ ဖန့်ကျစ်သည်လည်း သူ့ဝမ်းဗိုက်တွင်းမှပေးအပ်လာသောမစ်ရှင်ကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်ထမ်းဆောင်နေရ၍ ကျွန်တော့်ကိုမျက်ခြည်ပြတ်သွားလေပြီ။

ဟုတ်သည်။
ကျွန်တော်သမာဓိအားမကောင်းခဲ့ပါ။ ဖန့်ကျစ်ကိုလဲကြောက်ပါသည်။ ထို့ကြောင့် ဘာမှမဖြစ်ခင်ပိပိရိရိသူ့အနားပြန်သွားရန်တော့ စီစဉ်ထားသည်။ အမှန်တကယ်ဘာမျှမဖြစ်ရန်တော့လိုသည်.. မဟုတ်လျှင်ထိမိခိုက်မိလို့နာတာနောက်ထား ဝမ်ဖန့်ကျစ်စိတ်ဆိုးတာကိုကျွန်တော်ခံရလိမ့်မည်။ အဲ့သလိုတော့မဖြစ်သေးပါ။

ကျွန်တော့်ကိုစာအုပ်ပိုးထတာလွန်လွန်းသည်ဟုတော့အပြစ်မတင်လိုက်ပါနှင့်။ တကယ်ဇာတ်လမ်းပြီးသွားပြီအထင်ဖြင့် နာနာကျင်ကျင်မေ့ဖျောက်ထားခဲ့ရ‌သောရည်းစားဟောင်းများကို လမ်းတွင်အမှတ်မထင်ဆုံမိပါလျှင် မပြတ်တောက်ချင်သေးသောသံယောဇဉ်အမျှင်တန်းလေးက ကွင်းခနဲကွက်ခနဲပြန်ပေါ်လာတတ်သည်ပဲမဟုတ်ပါလား။

အခုကျွန်တော့်အဖြစ်ကလဲ ထိုနည်းတူပါပင်။ သို့သော်ကျွန်တော်လောဘတော့မကြီးတော့ပါ။ ဖန့်ကျစ်ကိုကြောက်သောကြောင့် မကြီးအောင်လဲထိန်းထားရသည်လေ။ ကျွန်တော်နောက်ဆုံးယူသိမ်းထားမဲ့စာရင်းထဲကမှ မေ့ကျန်ရစ်ခဲ့ပါသောတစ်အုပ်တည်းသောစာအုပ်လေးကိုပဲ ပြန်ယူမှာဖြစ်သည်။
ထို့ကြောင့်မြန်ပါသည်။ ငါးမိနစ်ပင်ကြာမည်မထင်။

ဖန့်ကျစ်ပြောတာတကယ်အဟုတ်ပဲဟ...
တားမြစ်နေရာရောက်ရောက်ချင်းမှာပဲ ထိုသို့သောအတွေးကတန်းဝင်သည်။ သူပြောသလိုပင် ကျွန်တော်သွားနေကျအဆောင်မှာ တစ်ဝက်နီးနီးဖျက်လို့ပြီးထားလေပြီ။ အုတ်အကျိုးအပဲ့များနှင့် အန္တရာယ်တော့ခပ်များများ။ ဒါပေမဲ့အတွင်းဘက်မြေအောက်ခန်းကိုတော့မထိရသေး။ ထို့ကြောင့်ပင် ရောက်လာလက်စနှင့်မထူးတော့သည်မို့ အရင်အစီအစဉ်အတိုင်းဆက်လုပ်ရန်ဆုံးဖြတ်မိခြင်းဖြစ်လေသည်။ ဝင်ရပြုရတော့ခက်ခဲသည်မှာအမှန်။

အခုတော့ကျွန်တော်ဒီမြေအောက်ခန်းထဲရောက်နေတာ သုံးမိနစ်နီးပါးရှိနေပါပြီ။

"တွေ့ပြီ...."
ဝမ်းသာအားရရေရွတ်လိုက်မိခြင်း။

စာအုပ်လဲရပြီမို့ ခပ်သုတ်သုတ်ပြန်ဖို့ပြင်ရသည်။ မှန်းဆထားသည့်အတိုင်း ငါးမိနစ်မပြည့်ခင်စာအုပ်လက်ထဲ‌ရောက်လာပြီဖြစ်သော်လည်း သူ့အားဖန့်ကျစ်ရှာနေပေတော့မည်။

ငါ့မသင်္ကာလို့ဒီနားရောက်လာမှဖြင့်..
အမလေး ဘုရားဘုရား....
ကျွန်တော်ဆိုသည်မှာလဲ ကိုယ်လုပ်ချင်ရာလုပ်ပြီးမှ ဘုရားတတတ်သည့်အမျိုး။

တွေးရင်း ထည့်ရင်း(စာအုပ်ကိုလွယ်အိတ်ထဲထည့်) နှင့်ပင် ကြက်သီးများထလာရသည်။
သူမြန်မြန်ပြန်မှဖြစ်တော့မည်။

ကျူးလွန်ပြီးခါမှ အပြစ်သားဇောကပ်နေသော
ဝူရှဲ့တစ်ယောက် အလျင်အမြန်ပြန်ထွက်မည်အပြု...

မြေအောက်ခန်းရှိလှေကားထစ်တစ်နေရာတွင်...

အက်နေသောအုတ်တံတိုင်းအကျိုးတစ်ခုမှ ကွဲထွက်ခုန်စင်လာသောခပ်ကြီးကြီးအစိုင်အခဲတစ်ခုနှင့် ပက်ပင်းတိုးမိလေသောအခါ........။


*** *** ***
To be continued..🖤🖤

[A/N]
ဒါပေမဲ့ လို "မဲ့" နေရာမှာ ယခင်ကအထိ "မယ့်" လို့သုံးခဲ့ပြီး အခု "မဲ့" လို့ပြောင်းသုံးထားတာက Typing မှားတာမဟုတ်ပါဘူးနော်။ စာအရေးအသားပြောင်းထားတယ်ဆိုပြီး နွေဦး Post တစ်ခုမှာဖတ်ရလို့ ကိုယ်တိုင်ပြောင်းထားတာပါ။
အချစ်များစွာဖြင့်
ကျေးဇူးတင်လျက်။
.
.
.
.
.
.
.
.
.(Zawgyi)

"ဒါဆို.. ေနာက္အပတ္ေလာက္ေပါ့.."

က်န္းခ်ီစန္းရဲ႕ဖုန္းေျပာသံက ဧည့္ခန္းတစ္ခုလုံးအႏွံ႕ေနရာယူထားနိုင္ေလာက္ေအာင္ က်ယ္ေလာင္ေနေလသည္။ အေစခံမ်ားအတြက္ဝမ္းနည္းစရာေကာင္းသည္က က်န္းခ်ီလင္ႏွင့္လန္တို႔ႏွစ္ေယာက္လုံး အိမ္ေတာ္မွာရွိမေနျခင္းပင္။

မနက္မိုးလင္း႐ုံရွိေသးသည္ ေရွာင္စန္း၏လြတ္လပ္ေရးေန႕အခမ္းအနားက စတင္ဖို႔ျပင္ၿပီးေလၿပီ။ စားခ်င္သလိုစား.. ေနခ်င္သလိုေန.. ျခင္းျဖင့္သာ က်င္းပေနသည္ဆိုပါေသာ္လည္း ယခုလုပ္ခ်င္သလိုလုပ္ေနသူက ကေလးတစ္ေယာက္မဟုတ္သည့္အျပင္ က်န္းခ်ီစန္းျဖစ္ေန၍ကိုပိုမိုဆိုးဝါးေနျခင္းျဖစ္ေလသည္။

အျခားအေစခံမ်ားမွာ နားမခံသာ႐ုံမ်က္စိေနာက္႐ုံသာရွိၾကေသာ္လည္း ေရွာင္စန္းေဘးနားအနီးကပ္ေနရသည့္ယန္းယန္အတြက္ကေတာ့ သက္ျပင္းအခါခါခ်ေနရသည့္ေန႕ပင္။

"ေထြေထြထူးထူးလိုခ်င္တာမရွိပါဘူး...။အေဖေရာေနေကာင္းတယ္မလား..? Ok.. ဒါဆို ေနာက္မွေတြ႕မယ္။"

"သခင္.. အယ္.. ေရွာင္စန္း...."

မေန႕ကဒီလိုမနက္ပိုင္းအခ်ိန္ႀကီး သစ္ေတာ္သီးစားခ်င္သည္ဟုဆိုကာ အိမ္ေတာ္တစ္ခုလုံးကိုျပႆနာမိုးမႊန္ေအာင္ရွာထားေသာေရွာင္စန္းမွာယေန႕မနက္တြင္ေတာ့သူမဟုတ္သလို။

ေရွာင္စန္းပဲအကြက္ခ်ရန္ရွာတာေတာ္သလား.. မိမိတို႔ပဲကံဆိုးသည္လားမေျပာတတ္။ မေန႕ကအိမ္ေတာ္တြင္ အသီးအႏွံမ်ားျပတ္လပ္ေနခဲ့သည္ေလ။ ထိုအထဲတြင္အေမာင္ေမ်ာက္ေလာင္းစားခ်င္ေသာ သစ္ေတာ္သီးလဲအပါအဝင္။

အိမ္ေတာ္၏စားေသာက္ကုန္မ်ားအတြက္ေဈးဝယ္ထြက္သည့္အခ်ိန္မွာ ညေနပိုင္းပဲအၿမဲျဖစ္တတ္ေၾကာင္းသိပါရက္ႏွင့္ ရွိေနေသာငွက္ေပ်ာသီး၊ပန္းသီးတို႔ကိုမစားဘဲ သစ္ေတာ္သီးမွသစ္ေတာ္ပဲသီးေနခဲ့ေသာေရွာင္စန္းေၾကာင့္ အေတာ္ပင္ေခါင္းနပန္းႀကီးခဲ့ရေလသည္။ သြားဝယ္ေပးမည္ဆိုေတာ့လဲမဟုတ္ အခုဆိုအခု။ ခဏေတာင္မေစာင့္ခ်င္။ ယန္းယန္ကိုလဲအျပင္ထြက္ခြင့္မေပးသလို မည္သူ႕ကိုမွလဲသူ႕အတြက္သြားဝယ္ေပးသည္မ်ိဳးခြင့္မျပဳ။ မရွိသည့္အသီးကိုမွလိုခ်င္ေနၿပီး အျပင္ထြက္ခြင့္လဲပိတ္ပင္ေနပါေသာသခင္ေလးသည္ အိမ္ေတာ္အတြင္းမွာပင္ သစ္ေတာ္သီးအားဖန္ဆင္းေပးမည္ကိုပဲလိုခ်င္ေနသလားမသိပါ။

သူကျပႆနာရွာလို႔ဝ၍ဂိမ္းသြားေဆာ့ကာ ေျဖေဖ်ာက္ခဲ့လိုက္ပါေသာမေန႕ကကိစၥကို ယန္းယန္ကေတာ့မေမ့နိုင္။ မေန႕ညေနကပင္သူကိုယ္တိုင္သြားေရာက္ဝယ္ယူထားေသာ သစ္ေတာ္သီးမ်ားထဲမွႏွစ္လုံးခန႔္ကို အက်အနအခြံခြာျပင္ဆင္ကာ ယခုေမ်ာက္ေလာင္းေရွ႕ေမွာက္သို႔ယူေဆာင္လာခဲ့ပါၿပီ။

ကဲ.. ေရွာင္စန္း ဘာအထြန႔္တက္ဦးမည္နည္း။

"အမယ္... သစ္ေတာ္သီးေတြပါလား..."

ဆိုဖာေပၚထိုင္ေနရင္းႏွင့္ပင္ ယန္းယန္လက္တြင္းရွိေႂကြပန္းကန္ျပားေပၚမွ အသီးတစ္စိတ္ကိုေရွာင္စန္း ေစြ႕ခနဲလွမ္းယူသည္။ ျမန္လိုက္သည္မွ သူ႕လက္ထဲအသီးစိတ္ေလးပါေတာ္မူၿပီးကာမွ သူ႕စကားကအဆုံးသတ္ျခင္း။

ျဖည္းျဖည္းမစားဘဲ တစ္စိတ္လုံးပါးစပ္ထဲထိုးထည့္ရင္းေပၚလာသည့္ေက်နပ္ၿပဳံးကို အတင္းဖုံးဖိကာ သည္လိုဆိုလာျပန္ေသးသည္..

"ယန္းယန္ေလးကအလိုက္သိေပမဲ့လဲ ငါကိုယ္ေတာ္ရဲ႕ဆႏၵက မေန႕ကတင္ခ်ဳပ္ၿငိမ္းသြားခဲ့ပါၿပီကြယ္...စိတ္ပ်က္အလိုမက်စြာနဲ႕ေပါ့။ ေနာက္ၿပီးဒီေန႕မွာေတာ့ ကီဝီသီးစားခ်င္စိတ္ျပင္းျပေနမိေပမဲ့ အၾကင္နာႀကီးတဲ့ကိုယ္ေတာ္ကပဲ ဒီသစ္ေတာ္သီးေလးေတြကိုစားေတာ္မူေပးပါ့မယ္...ဟုတ္ပလား.."

ယန္းယန္မရယ္မိေအာင္ခ်ဳပ္ထိန္းရင္း..

"ေက်းဇူးႀကီးျမတ္လွပါတယ္..သခင္ေလးခင္ဗ်ာ။ သခင္ေလးရဲ႕ၾကင္နာမႈအတြက္လဲ က်ေနာ္မ်ိဳးမဝံ့မရဲျဖစ္မိပါတယ္..ဒါေပမဲ့သခင္ေလးအေၾကာင္းသိလို႔ က်ေနာ္မ်ိဳးမေန႕ညေနတည္းက အသီးေတြစုံလင္စြာဝယ္ယူလာခဲ့လို႔ အခုကီဝီသီးစားခ်င္လွ်င္လည္း ခ်က္ခ်င္းေဆာင္႐ြက္ေပးလို႔ရေၾကာင္းပါ..."

က်ေနာ့္စကားၾကားေတာ့ ေရွာင္စန္းမ်က္ႏွာေပၚမွ မခ်ိဳမခ်ဥ္ျဖစ္သြားမႈကိုေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ပါေသးသည္။

"ငါ့နားေနတာမ်ားၿပီး ငါ့လိုဉာဏ္မ်ားတတ္ေနၿပီေပါ့..။"

"အလိုက္သိတာမဟုတ္ဘူးလားဗ်ာ..."

"ဘာျဖစ္ျဖစ္အဲ့ဒါခဏထားၿပီး ဒီနားလာထိုင္စမ္းပါ။ ငါနဲ႕စကားေျပာတဲ့လူက မိုးတိုးမတ္တပ္နဲ႕ ငါေနရခက္တယ္။"

ေရွာင္စန္းကအလိုမက်ျဖစ္ဟန္ သူ၏မ်က္ခုံးနက္နက္တို႔ကို တြန႔္ခ်ိဳးစြာဆိုသည္။ သခင္ေလးကိုစိတ္အလိုမက်မျဖစ္ေစခ်င္ပါေသာ္လည္း အိမ္ေတာ္တြင္းရွိဆိုဖာခုံမ်ားတြင္ ထိုင္ရေလာက္ေအာင္ထိ ယန္းယန္အတင့္မရဲတာေတာ့အမွန္။

သည္လိုဆိုေတာ့လည္း ေရွာင္စန္း၏အမူအက်င့္မ်ားထဲမွတစ္ခုျဖစ္ေသာ စကားလမ္းေၾကာင္းလႊဲရန္လြယ္ေသာအခ်က္ကို အလ်င္အျမန္ဖိနင္းဖို႔ႀကံရျပန္သည္။ မဟုတ္လွ်င္သူ႕ကိုအတင္းကာေရာ ထိုင္ခ်ခိဳင္းေနမည္မွာေသခ်ာသေလာက္ပင္။

"သခင္ေလးက်န္းခ်ီရွန္း..ျပန္လာေတာ့မွာတဲ့လား"

သူေရာက္မလာခင္ေလးတင္ အမီၿပီးဆုံးသြားပါေသာဖုန္းေခၚဆိုမႈကိုျပန္အစေဖာ္ရင္း မ်က္စိေရွ႕ရွိအႏၱရာယ္မွကင္းလြတ္သြားပါေသာ္လည္း ေရွာင္စန္းမွာၾကည္ၾကည္သာသာရွိသည္ေတာ့မဟုတ္။

"ေအး...ရွန္းေကာျပန္လာေတာ့မယ္။"

"ေရွာင္စန္းေပ်ာ္ေနမွာေပါ့.."

"ေထြေထြထူးထူးမခံစားရပါဘူးေလ..ငါ့အတြက္ျပန္လာတာမွမဟုတ္တာ။ သူ႕ဘာသူကိစၥရွိလို႔ေနမွာေပါ့။"

"ဪ..."

သူအနီးကပ္တာဝန္ထမ္းေဆာင္ေပးရမည့္ သခင္ေလးက်န္းခ်ီစန္းက အစ္ကိုလတ္ထက္အစ္ကိုႀကီးကိုပိုခင္တြယ္သည္ဟုၾကားထား၍ ဝမ္းသာေနမည္ဟုတြက္ဆကာေမးလိုက္မိေသာ္လည္း သူ႕သခင္ေလးမွာ ဂိမ္းအသစ္ေဆာ့ရသလို (သို႔မဟုတ္) အပင္အသစ္စိုက္ပ်ိဳးရသလို မ်က္လုံးအေရာင္မ်ားလက္မလာေသာေၾကာင့္ ဪ႐ုံသာဪမိေတာ့ေလသည္။

တစ္ခါတစ္ရံသူ႕သခင္ေလးမွာ ခန႔္မွန္း၍မရသလို နားလည္ရခက္တတ္ေၾကာင္း ယန္းယန္သတိထားမိတာၾကာပါၿပီ။ အေပၚယံဆိုလွ်င္ေတာ့ သူ႕အစ္ကိုမ်ားႏွင့္ စရိုက္လကၡဏာကြဲသေယာင္ရွိေသာ္လည္း အမွန္တြင္က်န္းသခင္ေလးသုံးသည္လဲ မထူးမျခားနား။ ဟန္ေဆာင္ေကာင္းသည္လား.. မကုန္ခမ္းနိုင္ေသာတက္ႂကြမႈတို႔ကိန္းဝပ္ေနသည္လား.. မသိေပမဲ့ ယခုသူ႕ေရွ႕မွသခင္ေလးသည္လည္း က်န္းမ်ိဳးရိုး၏မူဟန္တို႔ကို လွ်ို႔ဝွက္စြာပိုင္ဆိုင္ထားသည္ပင္။

ငယ္ေသြးႂကြေန၍ထိန္းရခက္သည္မွာေတာ့ ျငင္းမရေၾကာင္းသူအတည္ျပဳၿပီးျဖစ္သည္။

"ဪမေနနဲ႕... ငါအျပင္သြားမလို႔လိုက္ဖို႔ျပင္။"

အေတြးလြန္ေနေသာသူ႕ကို ေရွာင္စန္းကခပ္ဆတ္ဆတ္ေျပာလာသည္။

"ဗ်ာ...ဟုတ္ကဲ့။ ဘယ္ကိုသြားမွာလဲခင္ဗ်..."

"ဟဲဟဲ...."

စပ္ၿဖဲၿဖဲရယ္သံတစ္ခု။
ယန္းယန္သကၤာမကင္းနိုင္ေတာ့ပါ.. သူ၏သခင္ေလးသည္ အိမ္ေတာ္တြင္းမွာပင္မေက်နပ္နိုင္ေတာ့၍ အျပင္မွာပါျပႆနာမီးခြက္ထြန္းရွာေတာ့မည္လားမသိ။ ဘုရားႀကိဳတထားလွ်င္ေတာ့ အရႈံးမရွိေပ။ ဒီလိုမ်က္ႏွာ ဒီလိုရယ္သံမ်ိဳးက ေရွာင္စန္းတစ္ေယာက္ ႀကီးႀကီးမားမားေမႊေတာ့မည့္ဆဲဆဲအခါမ်ိဳးတြင္ အသိေပးေမာင္းခတ္ေလ့ရွိေသာအသံ႐ုပ္ရည္အေနအထားမ်ိဳးႏွင့္ ဆင္ဆင္တူေနသည္ေလ။

ပိုဆိုးသည္မွာအထိန္းေတာ္လန္တို႔ရွိမေန၍ ေမ်ာက္ေလာင္းေလးေရွာင္စန္းသည္ အစီရင္ခံစရာ၊ခြင့္ျပဳခ်က္ေတာင္းစရာတို႔ကို ကြက္ေက်ာ္ရိုက္ခ်င္တိုင္းရိုက္ကာ ေျခဆန႔္ခ်င္ရာဆန႔္ေတာ့ေပမည္။ ေျပာစကားဆိုလွ်င္ ဘယ္သူ႕ေျပာစကားမွမတိုးေသာေရွာင္စန္း၏ျပဳသမွ်ကို ႏုရေတာ့မည့္ကိုယ္ေတာ္ေလးယန္းယန္မွာ ေခြၽးျပန္စျပဳေနေလၿပီ။

--- --- ---

ေက်ာင္းေတြျပန္ဖြင့္သည္ႏွင့္ တကၠသိုလ္ေက်ာင္းသားဘဝမွတ္တမ္းမွာ ပုံမွန္လည္ပတ္စျပဳေနၿပီျဖစ္သည္။ နိစၥဓူဝလုပ္ငန္းစဥ္တို႔မွာလဲ ေက်ာင္းသားတိုင္းရဲ႕ေနာက္ေက်ာမွာ ကပ္ပါလို႔လာေနပါၿပီ။ နားရက္အျပည့္အဝရၿပီးသည့္အတြက္ ဘာလုပ္လုပ္အားမာန္အျပည့္ျဖင့္ စိတ္အားတက္ႂကြေနသူမ်ားရွိသလို ပိတ္ရက္ရွည္ႀကီးအားသံေယာဇဥ္မျဖတ္နိုင္ေသးေသာ ပ်င္းရိပ်င္းတြဲေက်ာင္းသားမ်ားကိုလဲ ဟိုသည္တစ္စတစ္စေတြ႕ျမင္နိုင္ပါေသးသည္။

ပထမႏွစ္ၿပီးဆုံးရန္သိပ္မလိုေတာ့ပါ။
ႏွစ္ဝက္စာေမးပြဲအၿပီး ေက်ာင္းျပန္တတ္ရျခင္းျဖစ္ေသာ္လည္း ႏွစ္ဝက္စာေမးပြဲက ႏွစ္ဝက္ေက်ာ္ေက်ာ္ေလာက္မွာစစ္ျခင္းျဖစ္ေလသည္။ အမွန္တကယ္ႏွစ္ဝက္သြားခဲ့သည္မွာ Tutorial မ်ား Series လိုက္ေျဖၾကားျခင္းမျပဳခင္ကတည္းကျဖစ္သည္။ ထို႔ေၾကာင့္ယခုတစ္ႀကိမ္ေက်ာင္းျပန္တတ္ရျခင္းသည္ ပထမႏွစ္ၿပီးဆုံးရန္မလိုေတာ့ေၾကာင္း သတိေပးလိုက္သလိုပင္။

သို႔ေသာ္လည္းပထမႏွစ္ေက်ာင္းသားမ်ားမွာ လြမ္းလြမ္းေဆြးေဆြးျဖစ္ေနပုံတစိုးတစိမွ်မေပၚၾက။ ႏွစ္ႀကီးသမားမ်ားကေတာ့ တိုးတိုးတိတ္တိတ္ႀကိဳတင္လြမ္းေမာေနေလာက္ပါၿပီ။

အခ်စ္ငွက္ကေလးမ်ားမွာလဲေက်ာင္းကိုေျခခ်စက စိုက္ပ်ိဳးထားၾကပါေသာအခ်စ္ပင္မ်ားကို ႏႈတ္ရမလိုသတ္ရမလိုႏွင့္။ ေက်ာင္းအၿပီးဘယ္လိုဇာတ္လမ္းဆက္ခင္းရမည္ကို ဒြိဟမ်ားစြာျဖင့္တိုင္ပင္ေဆြးႏြေးေ႐ြးခ်ယ္ၾကရပါေတာ့မည္။

ဤႏွစ္ဆုံးခါနီးကာလေလးမွာ သမီးရည္းစားတို႔စိတ္သေဘာဆယ့္ႏွစ္ျဖာနီးပါးကြဲျပားတတ္ပါေသးသည္။

တစ္ကိုယ္တည္းသမားမ်ားမွာကေတာ့ ထိုေဘးရန္တို႔မွလြတ္ကင္းသည့္တိုင္ အထီးက်န္သလိုလိုသတိရသလိုလိုခပ္ေဆြးေဆြး ေလးေနသည့္ဒဏ္ကိုေတာ့ခံရေပသည္ပဲေလ။

ေက်ာင္းေတာ္ႀကီးကေတာ့ အေၾကာင္းသိ၍ခပ္ၿပဳံးၿပဳံးပါပင္။ ႏွစ္စဥ္ႏွစ္တိုင္းမွာလဲ ဤသို႔ပင္အမ်ိဳးအမည္မသိေသာခံစားခ်က္အစုံအလင္ျဖင့္ ေက်ာင္းသားတိုင္းရင္ထဲမွာ လြမ္းရင္းလြမ္းရင္းရႈပ္ရႈပ္ေထြးေထြးႏွင့္ပင္ စာသင္ႏွစ္တစ္ႏွစ္က ၿပီးဆုံးသြားတတ္သည္ပဲမဟုတ္ပါလား။

ထိုအထဲတြင္ပထမႏွစ္ၿပီးဆုံးခါနီးေက်ာင္းသားေလးဝူရွဲ႕မွာေတာ့ ခံစားခ်က္အဟုန္တို႔၏ေဘးတြင္ထြက္ရပ္ကာ ဖ်တ္လို႔လတ္လို႔တက္ႂကြေနနိုင္ပါေသးသည္။အေၾကာင္းကေတာ့...

"ဘယ္လို... ေက်ာင္းေဆာင္ေဟာင္းေတြအခုထိမဖ်က္ရေသးဘူးဟုတ္လား.."

အံ့ဩေပ်ာ္႐ႊင္မႈတို႔အခ်ိဳးက်စီးဝင္ေနေသာအသံျဖင့္ ဖန႔္က်စ္စကားကိုထပ္မံအတည္ျပဳၾကည့္ေနသည့္ဝူရွဲ႕။

ပထမစာသင္ခ်ိန္ၿပီးဆုံး၍ ေနာက္တစ္ခ်ိန္အတြက္ ခဏတာေစာင့္ဆိုင္းအနားယူေနရခ်ိန္ ေဘးတြင္ရွိေသာသူငယ္ခ်င္းေကာင္းႀကီးႏွင့္စကားစျမည္ေျပာမိရာမွ အေဆာင္ေဟာင္းမ်ားအေၾကာင္းသိလိုက္ရေလေသာ္...

"ေအးဟုတ္တယ္။
ပထမအစီအစဥ္အတိုင္းဆို ႏွစ္ဝက္ေက်ာင္းပိတ္ရက္အတြင္းအၿပီးၿဖိဳရမွာမလား.."

ဖန႔္က်စ္ကကြၽန္ေတာ္ဘယ္လိုသိထားလဲကိုတိုက္ရိုက္မေမးဘဲ ေမးခြန္းတစ္ခုျဖင့္စကားေထာက္လိုက္ျခင္း။

"ေအ့ေလ..အဲ့ဒါကေနဘယ္လိုျဖစ္ရတာလဲ"

ကြၽန္ေတာ္သိထားတဲ့သတင္းကသူထင္သလိုေသခ်ာသြားေတာ့မွ အေျခအေနအရပ္ရပ္ကိုရွင္းျပလာေလသည္။

"ငါသိရသေလာက္ေတာ့ အေဆာင္လာဖ်က္တဲ့ေဆာက္လုပ္ေရးအဖြဲ႕ကျပႆနာျဖစ္လို႔တဲ့။"

"ျပႆနာျဖစ္တယ္...?"

"အတိအက်ေတာ့မသိဘူးကြာ...ငါလဲဆရာေတြေျပာသေလာက္ပဲသိရတာ။ အေဆာင္ဖ်က္တာက ငါတို႔ႏွစ္ဆုံးမွပဲဆက္လုပ္ေတာ့မွာတဲ့...ေအ့ေလထူးမွမထူးေတာ့တာ ႏွစ္ပဲကုန္ေတာ့မယ္"

"ဟာ...ဒါဆို..."

ကြၽန္ေတာ့္စကားမဆုံးလိုက္...။

"ဒါမဆိုနဲ႕... မင္းဟိုအေဆာင္ကိုသြားလို႔မရေတာ့ဘူး။"

တိက်ျပတ္သားေသာတားျမစ္သတိေပးသံတစ္ခု။ ကြၽန္ေတာ့္၏ေပ်ာ္႐ႊင္လွိုက္ေမာမႈအဟုန္တို႔မွာ တိုးလိုးတန္းလန္းျဖင့္ရပ္တန႔္သြားခဲ့ရေလၿပီ။

"ဟာ ဘာလို႔တုန္း။ မင္းပဲဘယ္အေဆာင္မွမဖ်က္ရေသးပါဘူးဆို"

မခံမရပ္နိုင္စြာေမးခြန္းထုတ္မိေလေတာ့...

"ဟုတ္တယ္ေလ...ဒါေပမဲ့
မင္းသြားေနက်စာအုပ္ေဟာင္းေတြရွိတဲ့အေဆာင္ကေန စဖ်က္ၾကတာတဲ့ဟ။ သူတို႔ျပႆနာတက္တယ္ဆိုတာကလဲ လုပ္ငန္းစၿပီးကာမွျဖစ္တာေလ။ အဲ့ေတာ့မင္းအေဆာင္ႀကီးကနည္းနည္းေတာ့အဖ်က္ခံရၿပီးေလာက္ၿပီ။ အဲ့ဒါေၾကာင့္အႏၱရာယ္မ်ားတယ္..မသြားနဲ႕ေတာ့။ ၿပီးေတာ့အေဆာင္ေဟာင္းေတြရဲ႕ေနရာကိုလဲ တားျမစ္စည္းေတြတားထားၿပီးၿပီ။ ဖင္ယားၿပီးဝင္ရင္႐ုံးခန္းေရာက္မယ္။"

ဖန႔္က်စ္ကထိုသို႔ၿခိမ္းေျခာက္လာေလသည္။

သို႔ေသာ္ ကြၽန္ေတာ္အေလွ်ာ့မေပးခ်င္ေသးပါ။

"မင္းကလဲအကဲကိုပိုတယ္...
ခိုးဝင္ေတာ့ဘာျဖစ္တုန္းကြာ.. ငါကဘာေကာင္လဲ.."

"မင္းကဘာေကာင္မွမဟုတ္.."

အဓိပၸာယ္ပါပါၾကည့္ရင္းေမးမိေတာ့ ဖန႔္က်စ္ကမဆိုင္းမတြေျဖဖို႔အျပင္ ကြၽန္ေတာ့္လက္ေခ်ာင္းေတြနဲ႕ သူ႕ပါးစပ္ႀကီးကိုလွမ္းပိတ္ခ်ပစ္လိုက္ပါသည္။

ေနာက္.. က်န္ေနတဲ့ညာလက္ကလက္ညွိုးေလးကို ေထာင္ကာ ဘယ္ညာအသာေဝွ႕ယမ္းျပရင္း....

"ကြၽတ္ ကြၽတ္ ကြၽတ္.. ပါးစပ္ကိုပိတ္။ ငါကပထမႏွစ္ၿပီးခါနီးေကာင္ကြ။ မင္းစဥ္းစားၾကည့္စမ္း... ေက်ာင္းၿပီးခါနီး ေက်ာင္းသားတစ္ေယာက္ကို တားျမစ္ေနရာေလးခိုးဝင္မိ႐ုံနဲ႕ ေက်ာင္းထုတ္မလားကြာ...။ ကဲ ဘာက်န္ေသးလဲ.. ေက်ာင္းထုတ္ခံရတာကလြဲၿပီးငါကဘာမွမေၾကာက္ဘူး..ဟားဟား"

အဲ့ဒီမွာပဲ ကြၽန္ေတာ့္စကားဆုံးလွ်င္ဆုံးခ်င္း

"ေဖာင္း..!"
ခနဲ...ေနေအာင္အရိုက္ခံလိုက္ရပါၿပီ။
ဟုတ္ပါတယ္..လက္သည္ကေတာ့ ဝတုတ္ဖန႔္က်စ္ပါ။

ေျပာင္ေျမာက္လွတဲ့စာအုပ္ျဖတ္ရိုက္ခ်က္ေလးဟာဆိုရင္ စာသင္ခန္းတစ္ခန္းလုံးအႏွံ႕ကို က်ယ္က်ယ္ေလာင္ေလာင္ေနရာယူလို႔ထားလိုက္ၿပီျဖစ္သည္။

လူမိုက္ငွားခံရပါေသာၾကားခံပစၥည္းေလးမွာ မထူမပါးဗလာစာအုပ္ေလးတစ္အုပ္သာသာဆိုေပမဲ့ အားေကာင္း၍ေမာင္းသန္လွေသာဝမ္ဖန႔္က်စ္၏ လက္ေမာင္းအားအဟုန္ျဖင့္ေပါင္းလိုက္ေလေသာအခါ....

အုံခဲကာက်ိန္းစက္သြားေသာမိမိေခါင္းအေနာက္ျခမ္းေလး ျပားဝင္သြားၿပီလားေတာင္ထင္မွတ္မိသည္။ အရိုက္ခံရေသာေနရာေလးကို လက္ဝါးျဖင့္ဖြဖြပြတ္ေနရ၍ ခ်က္ခ်င္းပင္တုံ႕ျပန္စကားမဆိုအားသည္ကိုအခြင့္ေကာင္းယူကာ တရားခံျဖစ္သူကပင္ စကားေတြတသီႀကီးေျပာလာပါေလေတာ့သည္။

"ေျပာစကားဆိုစကားဆို ဘယ္ေတာ့မွေအးေဆးသက္သာနားေထာင္လိုက္တယ္ဆိုတာမရွိဘူး။ ငါ့လာၿပီးျပဴးတူးၿပဲတဲၾကည့္မေနနဲ႕...။ နည္းေတာင္နည္းေသးတယ္လို႔မွတ္ထား.. မင္းတကယ္သြားရဲရင္သြားၾကည့္စမ္းပါ.. အုတ္ပိမေသဘဲလြတ္လာရင္ေတာင္ ငါ့လက္ခ်က္နဲ႕ေခါင္းအျဖဳတ္ခံရဖို႔သာျပင္ထား...ၾကားလား..."

တစ္စုံတစ္ရာထိခိုက္မည္ကိုစိတ္ပူ၍ေျပာေသာေၾကာင့္ ဖန႔္က်စ္မွာေဒါသပင္စြက္လာသလို။

သူခင္မင္သည့္သူဆိုလွ်င္ အနိုင္က်င့္သမွ်ခံၿပီးအလိုလဲလိုက္တတ္ပါေသာဖန႔္က်စ္သည္ အသက္အႏၱရာယ္ႏွင့္မလြတ္မကင္းေသာကိစၥမ်ားတြင္ေတာ့ နည္းနည္းမွမေလွ်ာ့ေပးတတ္သလို အလြန္လဲအေလးအနက္ထားသူတစ္ေယာက္။

အခုလဲသူခ်စ္ခင္ရင္းႏွီးရေသာ သူ၏အခ်စ္ဆုံးသူငယ္ခ်င္းတစ္ျဖစ္လဲဝူရွဲ႕ကို အနည္းငယ္မွ်အထိအခိုက္မခံနိုင္၍ ျပင္းျပင္းထန္ထန္ကန႔္ကြက္ေနေၾကာင္း ဝူရွဲ႕အေသအခ်ာနားလည္သည္။ သို႔ေသာ္လည္း ယခုၾကားသိလိုက္ရတဲ့သတင္းေၾကာင့္ မဆိုစေလာက္ေလးမယိုးမ႐ြျဖစ္မိတာေတာ့အမွန္။

ပိတ္ရက္အတြင္းအေဆာင္ဖ်က္မယ္ၾကားထား၍ ဝူရွဲ႕ခမ်ာပိတ္ရက္မလာခင္ကတည္းက ေက်နပ္တင္းတိမ္ျခင္းမရွိပါဘဲႏွေျမာတသျဖစ္မႈတို႔ကိုအဆုံးသတ္ၿပီးႏႈတ္ဆက္ခဲ့ရပါေသာစာအုပ္ေဟာင္းမ်ားရွိရာေျမေအာက္ခန္းငယ္ေလး။ စိတ္ပင္မျပတ္နိုင္ေသးသည္ကို ယခုေတာ့သူ႕ကိုလက္ယပ္ေခၚေနၿပီတဲ့လား။

သူ၏သမာဓိအားက မည္မွ်ေကာင္းမည္ကို ဝူရွဲ႕မတြက္ဆတတ္ေတာ့ပါ။

"ခ်ီးဘဲ....ေခြးေကာင္ နာတယ္ဟ။"

စကားေျပာဖို႔အာ႐ုံျပန္ရတာနဲ႕အရင္ဦးစြာ မဆိုင္းမတြထကာဆဲရပါေသးသည္။

အမွန္တြင္ကြၽန္ေတာ္မ်ိဳးသည္ သူေတာ္ေကာင္းေလးတစ္ေယာက္ျဖစ္ပါသည္။ အခုလိုျဖစ္ေနရတာအားလုံးက ဒီဝတုတ္ဖန႔္က်စ္ေၾကာင့္ပါ။

"ဘာေခြးေကာင္လဲ...ေခြးေကာင္ကမင္း။"

သူကလဲမေခပါ။
ကြၽန္ေတာ့္နားေနတာမ်ားလို႔ျဖစ္ပါလိမ့္မည္။

"ငါေခြးေကာင္ဆို မင္းကခ်ီးထုပ္ေကာင္ပဲ.."

ပက္ခနဲျပန္ေျပာအၿပီးမွာ ဖန႔္က်စ္အတြက္အခ်ိန္မရေတာ့တာကြၽန္ေတာ္ကံေကာင္းသည္။ အေၾကာင္းကေတာ့ စာသင္ခန္းအတြင္းသို႔ဆရာမဝင္လာၿပီျဖစ္ရာ ဒုတိယစာသင္ခ်ိန္စတင္ေတာ့မည္ျဖစ္၍ပင္။

--- ---

ဖန႔္က်စ္ေတာ့ငါ့ကိုျမင္ရင္ဆဲေတာ့မွာပဲ...
ဤသို႔တိုးတိုးတိတ္တိတ္ေတြးေတာမိသည္။ က်ယ္က်ယ္ေလာင္ေလာင္ပင္ေတြး၍မရပါ။ သူအခုေရာက္ရွိေနရာသည္ တားျမစ္ေနရာ။

အခ်ိန္မွာေန႕ခင္း(၁၂)နာရီ။
တစ္ေက်ာင္းလုံးရွိေက်ာင္းသားမ်ားမွာ ကန္တင္း (သို႔မဟုတ္) ၎တို႔တြင္ပါလာေသာထမင္းဘူးမ်ားျဖင့္ ကိုယ္စီအလုပ္ရႈပ္ေနၾကခ်ိန္။ ဖန႔္က်စ္သည္လည္း သူ႕ဝမ္းဗိုက္တြင္းမွေပးအပ္လာေသာမစ္ရွင္ကို ျမန္ျမန္ဆန္ဆန္ၿပီးေျမာက္ေအာင္ထမ္းေဆာင္ေနရ၍ ကြၽန္ေတာ့္ကိုမ်က္ျခည္ျပတ္သြားေလၿပီ။

ဟုတ္သည္။
ကြၽန္ေတာ္သမာဓိအားမေကာင္းခဲ့ပါ။ ဖန႔္က်စ္ကိုလဲေၾကာက္ပါသည္။ ထို႔ေၾကာင့္ ဘာမွမျဖစ္ခင္ပိပိရိရိသူ႕အနားျပန္သြားရန္ေတာ့ စီစဥ္ထားသည္။ အမွန္တကယ္ဘာမွ်မျဖစ္ရန္ေတာ့လိုသည္.. မဟုတ္လွ်င္ထိမိခိုက္မိလို႔နာတာေနာက္ထား ဝမ္ဖန႔္က်စ္စိတ္ဆိုးတာကိုကြၽန္ေတာ္ခံရလိမ့္မည္။ အဲ့သလိုေတာ့မျဖစ္ေသးပါ။

ကြၽန္ေတာ့္ကိုစာအုပ္ပိုးထတာလြန္လြန္းသည္ဟုေတာ့အျပစ္မတင္လိုက္ပါႏွင့္။ တကယ္ဇာတ္လမ္းၿပီးသြားၿပီအထင္ျဖင့္ နာနာက်င္က်င္ေမ့ေဖ်ာက္ထားခဲ့ရေသာရည္းစားေဟာင္းမ်ားကို လမ္းတြင္အမွတ္မထင္ဆုံမိပါလွ်င္ မျပတ္ေတာက္ခ်င္ေသးေသာသံေယာဇဥ္အမွ်င္တန္းေလးက ကြင္းခနဲကြက္ခနဲျပန္ေပၚလာတတ္သည္ပဲမဟုတ္ပါလား။

အခုကြၽန္ေတာ့္အျဖစ္ကလဲ ထိုနည္းတူပါပင္။ သို႔ေသာ္ကြၽန္ေတာ္ေလာဘေတာ့မႀကီးေတာ့ပါ။ ဖန႔္က်စ္ကိုေၾကာက္ေသာေၾကာင့္ မႀကီးေအာင္လဲထိန္းထားရသည္ေလ။ ကြၽန္ေတာ္ေနာက္ဆုံးယူသိမ္းထားမဲ့စာရင္းထဲကမွ ေမ့က်န္ရစ္ခဲ့ပါေသာတစ္အုပ္တည္းေသာစာအုပ္ေလးကိုပဲ ျပန္ယူမွာျဖစ္သည္။
ထို႔ေၾကာင့္ျမန္ပါသည္။ ငါးမိနစ္ပင္ၾကာမည္မထင္။

ဖန႔္က်စ္ေျပာတာတကယ္အဟုတ္ပဲဟ...
တားျမစ္ေနရာေရာက္ေရာက္ခ်င္းမွာပဲ ထိုသို႔ေသာအေတြးကတန္းဝင္သည္။ သူေျပာသလိုပင္ ကြၽန္ေတာ္သြားေနက်အေဆာင္မွာ တစ္ဝက္နီးနီးဖ်က္လို႔ၿပီးထားေလၿပီ။ အုတ္အက်ိဳးအပဲ့မ်ားႏွင့္ အႏၱရာယ္ေတာ့ခပ္မ်ားမ်ား။ ဒါေပမဲ့အတြင္းဘက္ေျမေအာက္ခန္းကိုေတာ့မထိရေသး။ ထို႔ေၾကာင့္ပင္ ေရာက္လာလက္စႏွင့္မထူးေတာ့သည္မို႔ အရင္အစီအစဥ္အတိုင္းဆက္လုပ္ရန္ဆုံးျဖတ္မိျခင္းျဖစ္ေလသည္။ ဝင္ရျပဳရေတာ့ခက္ခဲသည္မွာအမွန္။

အခုေတာ့ကြၽန္ေတာ္ဒီေျမေအာက္ခန္းထဲေရာက္ေနတာ သုံးမိနစ္နီးပါးရွိေနပါၿပီ။

"ေတြ႕ၿပီ...."
ဝမ္းသာအားရေရ႐ြတ္လိုက္မိျခင္း။

စာအုပ္လဲရၿပီမို႔ ခပ္သုတ္သုတ္ျပန္ဖို႔ျပင္ရသည္။ မွန္းဆထားသည့္အတိုင္း ငါးမိနစ္မျပည့္ခင္စာအုပ္လက္ထဲေရာက္လာၿပီျဖစ္ေသာ္လည္း သူ႕အားဖန႔္က်စ္ရွာေနေပေတာ့မည္။

ငါ့မသကၤာလို႔ဒီနားေရာက္လာမွျဖင့္..
အမေလး ဘုရားဘုရား....
ကြၽန္ေတာ္ဆိုသည္မွာလဲ ကိုယ္လုပ္ခ်င္ရာလုပ္ၿပီးမွ ဘုရားတတတ္သည့္အမ်ိဳး။

ေတြးရင္း ထည့္ရင္း(စာအုပ္ကိုလြယ္အိတ္ထဲထည့္) ႏွင့္ပင္ ၾကက္သီးမ်ားထလာရသည္။
သူျမန္ျမန္ျပန္မွျဖစ္ေတာ့မည္။

က်ဴးလြန္ၿပီးခါမွ အျပစ္သားေဇာကပ္ေနေသာ
ဝူရွဲ႕တစ္ေယာက္ အလ်င္အျမန္ျပန္ထြက္မည္အျပဳ...

ေျမေအာက္ခန္းရွိေလွကားထစ္တစ္ေနရာတြင္...

အက္ေနေသာအုတ္တံတိုင္းအက်ိဳးတစ္ခုမွ ကြဲထြက္ခုန္စင္လာေသာခပ္ႀကီးႀကီးအစိုင္အခဲတစ္ခုႏွင့္ ပက္ပင္းတိုးမိေလေသာအခါ........။


*** *** ***
To be continued..🖤🖤

[A/N]
ဒါေပမဲ့ လို "မဲ့" ေနရာမွာ ယခင္ကအထိ "မယ့္" လို႔သုံးခဲ့ၿပီး အခု "မဲ့" လို႔ေျပာင္းသုံးထားတာက Typing မွားတာမဟုတ္ပါဘူးေနာ္။ စာအေရးအသားေျပာင္းထားတယ္ဆိုၿပီး ႏြေဦး Post တစ္ခုမွာဖတ္ရလို႔ ကိုယ္တိုင္ေျပာင္းထားတာပါ။
အခ်စ္မ်ားစြာျဖင့္
ေက်းဇူးတင္လ်က္။





Comment