🔥☕14🥃🔥

"ငါမေးချင်နေတာရှိတယ် HoSeok....."

အတန်းပြီးတာနဲ့ ကျောင်းပြင်တနေရာတွင် စကားဝိုင်းနေကျသော JiMinတို့အုပ်စု....။

"ညက....."

သေချာနားထောင်ပေးဖို့ စောင့်နေကျသော Rainတို့သည် နားစွင့်နေကျပေမဲ့ နားထင်ကိုလက်နဲ့ဖိကာ စကားဖြတ်ထားသော JiMinကို ပြူးပြဲကြည့်နေကျသည်.....။

"Honeyဘယ်လိုပြန်သွားလဲ....."

"ငါလိုက်ပို့လိုက်ရတယ်လေ....မပြောချငိဘူး ငါသေအောင်ဒေါသထွက်နေတာမင်းကို လူမှန်းမသိသူမှန်းမသိအောင်....."

ဆေးလိပ်တခုထုတ်ကာ မီးညှိနေသောJiMinလက်တွေ မသိမသာတုန်နေခြင်းကြောင့် ခက်ခက်ခဲခဲသုံးကြိမ်မြောက်အထိကြိုးစားလိုက်ရသည်.....။

No Smokingဆိုတဲ့ ဆိုင်းဘုတ်ရှေ့ ခပ်တည်တည်ဆေးလိပ်မီးညှိနေသော တက္ကသိုလ်ကျောင်းသားတယောက်သည် ဟော့ရမ်းလွန်းစွာ.....။

"Honeyဖုန်းက ပိတ်ထားတယ် သေချာသလောက်တော့ သူအဆူခံထိထားလောက်ပြီ...."

ဆေးလိပ်ငွေ့တွေ ဖြည်းဖြည်းချင်းမှုတ်ထုတ်ကာ JiMinသည် တွေးစစဖြင့်.....။

"​သူ့မန်နေဂျာလက် အပ်ခဲ့တာပဲ....."

"ငါ့ကိုရောဘယ်သူ ဘယ်သူ့လက်ထဲအပ်ခဲ့တာလဲ......"

JiMinသည် သုံးယောက်လုံးကို စေ့စေ့စပ်စပ်ကြည့်ကာ ဆေးလိပ်ညှပ်ထားသော လက်ဖြင့် ထိုးမေးလိုက်သည်......။

"ခွေးလက်ထဲ....."

MinYoonGiထံ ရောက်လာသော JiMinမျက်စောင်းသည်ဒိုင်းခနဲ....။

"ဘာ....!"

MinYooGiဆီ ခြေလှမ်းတို့ပြင်လိုက်စဥ် ရေသန့်ဘူးခွံတခုသည် JiMinရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက်.....။

ရေသန့်ဘူးခွံလာရာကို JiMinတို့အုပ်စု တပြိုက်နက်တည်း လှည့်ကြည့်လိုက်သည်....ဗလတောင့်တောင့် လူဆိုးလူမိုက်ပုံနည်းနည်းပေါက်သော လူ၇ ယောက်.....။

ပေစောင်းစောင်းနဲ့ JiMinတို့ရှိရာ ဦးတည်နေပုံသည် သေချာပေါက် တနေရာရာက ရန်စဖြစ်လိမ့်မည်ထင်ပါသည်.....။

JiMinတို့လဲ ခပ်မြန်မြန်လူစုကာ မလျှော့သော မျက်နှာတည်များဖြင့် ကိုယ်ကစစ သူများကစစ မှားတယ်မှန်တယ်မရှိ သူသေကိုယ်ရှင်ဆိူတဲ့ စိတ်ဓာတ်ကောင်းကောင်းလေးတွေကို သေချာမွေးမြူထားသော ကျောင်းရဲ့ချဥ်ဖက်အဖွဲ့ပင်ဖြစ်သည်....။

JiMinသည် ကားနောက်ဖုံးကို ကျောမှီကာ လက်ပိုက်၍ Rainတို့ Seokတို့က ဘေးတွင်ခါးထောက်ရပ်ကာ မိုက်ကန်းကန်းမျက်စိရှေ့ကအဖွဲ့သည် ဘာလက်နက်မှမပါပေမဲ့ လူအင်အားတောင့်နေတာမို့ Seokတို့အဖွဲ့စုစုရုံးရုံးဖြစ်ကာ လူညီရသည်....။

"Park JiMinက ဘယ်ကောင်လဲ....."

JiMinသည် မျက်ခုံးတန်းတွေမြင့်တက်သွားလျှက်....မာမီက တခါတရံ ဒေါသထွက်ရင်ဆောင့်ဆောင့်အော်တတ်တယ်....လူဆိုးကောင်က လှုပ်လှုပ်ခတ်ခတ်အခြေနေတွေဖြစ်လာရင် ParkJiMinလို့ တိုင်တည်တတ်ပေမဲ့....တခြား တခြားသော ဘယ်သူမှ နာမည်အပြည့်စုံကို တင်းတင်းမာမာမခေါ်ရဲကျ.....စိတ်ထဲဖျင်းခနဲ။

လက်ထဲက ဆေးလိပ်တိုကို ပလပ်ဖောင်းပေါ်ချကာ အနက်ရောက်ဖိနပ်ဦးဖြင့် ကြိတ်နင်းပြီး တခြမ်းရွဲ့စောင်းအပြုံးနဲ့ JiMinသည် ဒေါသအနည်းငယ်နဲ့.....။

"ငါလေ....."

မျက်ခုံးနားလေးကို လက်ညှိုးနဲ့အသာကုတ်ကာ ပြုံးပြရင်း တဖက်က ကြီးပေါလောလိုလို ခေါင်းဆောင်လိုလို လူကိုတည့်တည့်ကြည့်ဖြေလိုက်သည်....."

"အော်....ဒီရှေ့က လက်သန်းသာသာလောက်လေးဟာလား....နုနုဖတ်ဖတ်လေးပဲ တစစီလုပ်ပစ်ရမှာတောင် အားနာတယ်....."

ဘယ်ကရန်ငြိုးလဲ ၄ယောက်လုံးသေချာမသိပေမဲ့ ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ဇာတ်လမ်းလေးတွေစလာသည်.....နည်းနည်း ရှက်စရာကောင်းတာက တဖက်က အုပ်စုသည် လူအင်အားပြ ဖြဲခြောက်နေ​ခြင်းပဲ.....။

ကျားမြှီးလာဆွဲတဲ့ ကောင်တွေ.....အစွယ်တွေ ဘယ်လောက်ထက်သလဲ မသိကျတဲ့အခါ အမြင်အာရုံလေးနဲ့ ရန်စကားစဆိုလာသည်......။

"ကိုက်ချင်နေရတဲ့ အကြောင်းရင်းကိုအရင်လင်းစမ်းပါအုံး.....ကြေးစားလူမိုက်ရုပ်တွေနဲ့ ငါ့ဖိနပ်တိုက်မလား တသက်စာထိုင်စားရအောင် ပေးမယ်....."

လက်ထဲက မီးခြစ်အား မီးတောက်အောင် ခြစ်လိုက်ပြီး နှုတ်ခမ်းလေးထော်ပြီးမှုတ်လိုက်ကာ လူဆိုးလေးသည် အလွန်တရာ ဖိနှိပ်စကားတွေနဲ့စမိတ်ဆက်တော့သည်.....။

"လူနဲ့လေနဲ့ကတော့ တခြားစီပဲ အရေခွံစုတ်ရရင်တော့ သိပ်ကြည့်လို့လှမှာ ငွေပေါလို့ ငါတို့သူဌေးရဲ့ ကောင်မလေးကို ချုပ်ထားနိူင်တာဖြစ်မယ်....."

"ဟက်....ဘာတွေလား မဟုတ်မှလွဲ Honey အဆက်တွေ"

လက်ဆစ်တွေချိုးကာ ရွံစရာရုပ်နဲ့ ခေါင်းဆောင်လိုလူသည် ရှေ့သို့နှစ်လှမ်းလောက်ထပ်တိုးလာသည်.....။

"အင်အားများတယ် MinYoonGiပြေးမှာလား....ဘယ်လိုလဲ"

"​ပြေးစရာလား ရှက်စရာကြီးကွာ ချ....!

MinYoonGiကိုယ်တိုင်က အဆုံးဖြတ်ပေးလိုက်ပြီမို့ အဝါရောင်ပြိုင်ကားနောက်ဖုံးသည် ချက်ချင်းပွင့်လာကာ ကားနောက်ခန်းဆီက အသင့်စောင့်နေသော သံတုတ်တွေကို တယောက်တချောင်းဆွဲယူကာ တဖက်ကအင်အားပြရင် လက်နက်ပြမိုက်ရဲရမည်.....တရားသော မတရားသောတွေမရှိ ParkJiMinကို လာနွယ်ကတည်းက သေသင့်နေပြီ.....။

သံတုတ်ဆွဲကာ အရှေ့ကလူဆိုးထလုပ်သော JiMinသည် အရှေ့ဆုံးက မျက်နှာရူးကောင်ရဲ့ ရင်ဘတ်တည့်တည့်ကို ခြေထောက်ရဲ့ဆောင့်ကန်လိုက်တော့ ပစ်လက်စခတ် မြေပြင်ပေါ်လဲကျသွားသည်.....။

ခေါင်းဆောင်လိုကောင် လဲကျသွားသည်နဲ့ သူ့နောက်လိုက်ခွေးတွေနဲ့တူသော လူတွေသည်ချက်ချင်း JiMinကိုမဲကာ ပြန်လုပ်ဖို့ကြံတော့ Rainက သံတုတ်နဲ့ ရင်ဘတ်ကိုဆောင့်ထိုးလိုက်သညိ.....။

အကုန်လုံး သွေးဆူသွားကာ ပလုံးပထွေးနဲ့ ထိုးကျကြိတ်ကျရင်း တဖက်သည် တက္ကသိုလ်ကျောင်းသားလေးတွေဟုတွေးကာ လက်နက်မကိုင်ခဲ့ကျ.....အစွယ်တွေ အဖွေးသားနဲ့တက္ကသိုလ်ရဲ့Mainတွေသည် လက်ရဲဇက်ရဲရှိလွန်းကာ လက်သံ​ပြောင်ကြောင်း သက်သေပြတဲ့အခါ အလူးအလဲ.....။

အများနဲ့အနည်း လက်နက်ရှိနဲ့လက်နက်မဲ့ ရန်ပွဲတခုသည် ညနေဘက်အချိန် ကျောင်းဝန်းအပြင်တနေရာတွင် ပြင်းထန်လွန်းစွာ.....။

............,

"တွေ့မယ် တွေ့မယ်နဲ့အခုမှအေးဆေးစကားပြောဖြစ်တော့တယ်....အမှန်ဆိုအဲနေ့ Tae Hyungအကိုလာသွားကတည်းက သတင်းမေးချင်နေတာ မင်းကလဲ အလုပ်တဖက်နဲ့ ကျောင်းသိပ်မလာတာနဲ့မတ်ိုက်ဆိုင်နေတာ...."

"Hyungက နည်းနည်းတော့ ကျနော်နဲ့ပတ်သက်ရင်အတ္တကြီးတယ်....ဘာတွေလာပြောသွားလဲ ကျနော်မသိပေမဲ့ အားနာချင်စရာတွေဆိုရင်တော့ ကျနော်တောင်းပန်ချင်ပါတယ် Sam..."

"မဟုတ်တာကွာ....မင်းအကိုက မင်းကိုအရမ်းချစ်ပုံပဲ...."

"ဟုတ်တယ်Sam Hyungမှာခင်တွယ်စရာဆိုလို့ကျနော်ကလွဲရင် မရှ်ိဘူးလေ...ချစ်သူရီးစားခုချိန်ထိမရှာပဲ အများကြီးချစ်ပေးတယ် Hyungက....."

လေးထောင့်မျက်မှန်နဲ့ Samသည် ပါးချိုင့်ခွက်တွေပေါ်တဲ့အထိပြုံးကာ Taeကိုစောင်းကြည့်လာသည် Singelဆိုတာ Confirmပေးလာပြီဆိုတော့
သေချာပေါက် အဲဒီလမင်းလေးတစင်းကကျနော်အတွက်ဖြစ်တည်လာခဲ့ခြင်းဖြစ်လိမ့်မည်.....။

ကျောင်းပြင်သို့ စကားတအေးအေးနဲ့ Samနဲ့Tae တူတူလမ်းလျှောက်ထွက်လာကျသည်.....။

"ဆရာကိုလဲ ကိုယ့်အကိုလို မိဘလိုသဘောထားပြီး လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ....ဘာပဲဖြစ်ဖြစ် နောက်ဆို ရင်နှီးလာရမဲ့ လူ....."

"Samဟိုမှာ ကျောင်းဘေးကြီး ရန်ဖြစ်နေကျတယ်...."

"ဟိတ် ကောင်တွေရပ်လိုက်စမ်း.....!"

အနိုင်အရှုံးသိပ်မကွဲပေမဲ့ တဖက်က ဒဏ်ရာဒဏ်ချက်တချို့နဲ့ အသေဆော်လို့ကောင်းနေစဥ် ကြားလိုက်ရသော အော်သံကြီးကြောင့် JiMinတို့အုပ်စု ခေါင်းကြိမ်းသွားရသည်.....။

"Sam....!"

လေးထောင့်မျက်မှန်ကြီးနဲ့ Samသည် စာရွက်စာတန်းတချို့ပိုက်လျှက် Kim Tae Hyungနဲ့အတူ သူတို့ရန်ပွဲနဲ့ မနီးမဝေးတွင် ရပ်လျှက် အံကြိတ်ပြီးကြည့်နေသညိ.....။

တဖက်ကလူတွေသညိ Samကိုမြင်သည်နဲ့ လစ်ခနဲ ထွက်ပြေးကုန်ကျသည်.....။

"ဟိတ်ကောင်တွေ Samလာပြီ ပြေး.....!!"

သံတုတ်တွေကိုကားနောက်ခန်းပစ်ထည့်ကာ တင်ပါးနဲ့ဖနောင့်တသားတည်းကျအောင်ပြေးပြီး ကားပေါ်တက်ကာ အရှိန်ကုန်မောင်းပြေးကျပေမဲ့ Seokတယောက်သည် နေရာတွင်ကြက်သေ သေကျန်နေခဲ့သည်....။

"Kim..!"

နှလုံးသားဆီမှ ခပ်တိုးတိုးရေရွက်လာတဲ့ နာမ်စားလှလှလေး.....။

ထင်တာမမှားခဲ့ရင် Maskအောက်က ကျနော်ကိုပြုံးကြည့်နေမှန်း သေချာပေါက်ခံစားလို့ရနေသည်....လောကကြီးသည်မကြာခင်က တုတ်တပြတ် ဓားတပြတ်အခြေနေနဲ့ရင်ဆိုင်နေရပြီး တချိန်တည်းမှာ လာဗင်ဒါပန်းတွေမျက်စိတဆုံးပွင့်နေပြန်ကာ အဆန်းလုပ်လွန်းသည်......။

"မင်းတို့အုပ်စုကို ငါဘယ်လိုထိန်းကျောင်းရမလဲ.....ငါ့မေဂျာကဆိုတဲ့ အသိနဲ့တင် ငါအကြိမ်ကြိမ်နှုတ်ထွက်ချင်စိတ်ကို ခဏတ်ိုင်းဖြစ်အောင်ကို ဆိုးလွန်းတယ်....."

Seokထွက်ပြေးဖို့အချိန်မရှိတော့ပါ မြောနေချိန် Samရော Kimပါသူ့အနားသို့ရောက်ရှိနေပြီလေ....ရိုးရိုးသားသားဝနမခံရရင် ထွက်လဲပြေးချင်မနေပဲ သေရေးရှင်ရေးဆိုရင်တောင် ဒီရပ်ဝန်းထဲပဲ ဘဝအဆုံးခံပစ်လိုက်ချင်သည်.....။

မျက်မှန်ကိုဆွဲချွတ်ပစ်ကာ တည်တည်ကြည်ကြည် Samမျက်နှာထက် စိတ်ကုန်ခြင်းတွေအပြည့်.....။

Taeသည် ခပ်ကောက်ကောက်ဆံပင်လေးအောက်က အဆန်းကြယ်ဆုံးမျက်လုံးလှလှတွေနဲ့ ငြိမ်ငြိမ်လေးကြည့်နေသည်.....။

"Sam ဟို....."

"ဘယ်ဟိုလဲ....သိပ်ဆင်ခြင်တတ်တဲ့ပါးစပ်တွေ....ဆုံးမမဲ့သူရှ်ိလားမေး မရှိဘူးပဲဖြစ်သလိုဖြေတဲ့ဟာတွေ...."

ရှိခဲ့ပါတယ် မဆုံးမပေးခဲ့ခြင်းကို Samနားလည်အောင် တချိန်တရက်ယူရှင်းပြချင်ပေမဲ့ သေချာပေါက် ဒါသည်လဲ Samအတွက် ဆင်ခြေသာသာတခုပဲမို့မထူးပါ စိတ်ရှ်ိသလိုသာ ဘောင်ခတ်ပါလေ ဒီလောကကြီးအတွက် Seokဘယ်သောအခါကမှ လိမ်မာမပေးချင်ခဲ့သောကြောင့်.....။

ဒါပေမဲ့ ရှက်သည် ရီးစားလောင်းလေးဘေးမှာရှိနေသည်မို့ ဆင်ခြေတွေကိုပဲ  အားနာနာနဲ့ပေးရတော့မည်.....။

"ကျောင်းပတ်ဝန်းကျင်မှာတောင် ရန်ဖြစ်ရဲတဲ့ကောင်တွေ....မင်းတို့ ကလေးတွေမဟုတ်တော့ တက္ကသိုလ်ကျောင်းသားတွေ....."

တယောက်ထဲသော Seokကို Samဖိဟောက်တော့ ကုတ်ကုတ်လေးဖြစ်သွားသော Seokသည် Crushလေးရှေ့မို့ စိတ်ထဲအီလည်လည်......။

"ရန်ဖြစ်တာမဟုတ်ဘူးSamရဲ့...."

"မျက်လုံးနဲ့တပ်အပ်မြင်နေတာတောင် ငြင်းချက်သေးရင် ငါလုပ်လိုက်ရင်နာမယ်....!"

လက်ထဲကစာအုပ်တွေနဲ့ထရွယ်တော့ ဘေးနားကTaeပင် မျက်လုံးတွေပြာသွားသည်.....။

ဇက်ကလေးပုဝင်သွားကာ Seokသည် ကျားရှေ့မှောက်ယက်လဲသွားမိခြင်းကို Taeမျက်လုံးထဲ တကယ့်ကလေးလေးဟုသာ မျက်လုံးထဲမြင်နေမိသည်.....။

"တကယ်ပြောတာပါ Samရယ် အဲတဖက်ကလူတွေက ကြေးစားလူမိုက်တွေဖြစ်ပုံရတယ် ကျနော်တို့စကားပြောနေတုန်း ဘလိုင်းကြီးပြသနာလာရှာတာ......"

"သူတို့ကရှာတဲ့ပြသနာမလို့သာပဲ....စုတ်ပြတ်သွားတာ မင်းပြောတဲ့ကြေးစားလူမိုက်တွေလေ....!"

အဲဒါမျိုးတွေရှိတတ်ပါတယ် Sam....ဘယ်လိုခေါ်မလဲ ငွေရမယ်ထင်လို့လုပ်ကျတာမျိုးပေါ့။

ကြားထဲက ဝင်ထောက်ခံနေသော Taeအား Samလှည့်ကြည့်ကာ နားလည်ပေးချင်သွားသည်.....Kimမျိုးနွယ်တွေရဲ့ စကားအရာသည် နှလုံးသားထဲလဲရောက်သလို ဦးနှောက်ထဲလဲရောက်တတ်ပါ၏.....။

"အဲဒါဆို မင်းအပေါင်းပါတွေ ဘာလို့ထွက်ပြေးကျတာလဲ....မင်းတို့မမှားရင် ကြောက်စရာလိုမလားကွ...."

Seokစိတ်ထဲကနေ ကျန်၄ကောင်ကိုကျိန်ဆဲလိုက်သည် ကိုယ်လွတ်ရုန်းတဲ့သူငယ်ချင်းကောင်းတွေ.....။

"Samကိုဆို မှန်လဲကြောက်ရတာ ကျနော်တို့တင်မဟုတ်ပါဘူး တကျောင်းလုံးပဲကို..
..."

"ကွယ်ရာလုပ်ချင်တာလုပ်လိုက်တာမျိုးကိုကြောက်တယ်မခေါ်ဘူး......"

Seokသည် နှုတ်ခမ်းကိုလက်နဲ့အုပ်ပြကာ ခေါင်းလေးငုံ့လျှက်......။

"တီတီ...."

နှာဖူးကြောတင်းတင်းနဲ့ အံကြိတ်ကာ ဆိုဆုံးမနေစဥ် Joonieအသက်နဲ့တန်းတူသက်တမ်းရှိပြီဖြစ်တဲ့ ကားဟောင်းကြီး၏ ဟွန်းသံသည် စည်ခနဲ.....။

ဟွန်းသံကအစ ခေတ်နောက်ကျလွန်းသော ကားကြီးကိုJoonieကြည့်မရနေပါ....အကြိမ်ကြိမ်လဲပေးဖို့ပြောလဲ သားဦးလက်ဆောင်ပေးထားတဲ့ ဖေဖေ့အမှတ်တရပစ္စည်းမို့ မေမေသညိ သစ္စာရှ်ိရှိ သုံးခိုင်းစဲ.....။

ဘယ်လိုလုပ် ဒီကားကြီးနဲ့က Crushကပြန်ကြိုက်မှာလဲ....ခက်တာပဲ ရင်ခုန်မိတာက ဆ်ိုးလ်ရဲ့ဒိတ်ဒိတ်ကြဲကိုပါဆို မေမေလုပ်ပုံနဲ့....အရှက်စကွဲတော့ ကိုယ့်ညီငယ်လေးရှေ့မို့ Joonie အိမ်ရောက်တာနဲ့ ဒီကားစုတ်ကိုမီးပုံရှို့ဖို့ဆုံးဖြတ်လိုက်သည်.....။

"Samအိမ်ကလား...."

Taeသည် Samကို လှည့်ကြည့်မေးလာတော့ ခေါင်းညိမ့်ပြရသည်.....။

"ကောင်းကောင်းပြန်ပါ Sam....."

ခါးတွေညွှတ်ကာ ရိုရိုသေသေလေးနှုတ်ဆက်လာသော Taeကြောင့် Samအရှက်နည်းနည်းပြေသွားကာ ခေါင်းညိမ့်ပြလိုက်သည်.....။

"ဂရုစိုက်ပြီး ပြန်ပါSam ခုခေတ်ကလူကောင်းတွေရှားတယ် သတိထားပါ...."

မျက်မုန်းကျိုးနေလို့လားမသိ....စေတနာတွေ ဘာတွေလို့Samမသတ်မှတ်နိုင် Seokစကားကို လာရွဲ့နေခြင်းဟုသာ တွေးချနိုင်ပြီး ဝတ္တရားအရပင် ခေါင်းမညိမ့်မိပါပဲ ကြည့်မရတဲ့ကားကြီးပေါ် ခပ်မြန်မြန်တက်သွားသည်.....။

"Tae Hyung ဂရုစိုက်ပြီးပြန်နော် ဆရာစိတ်ချချင်တယ်...."

"ဟုတ်ကဲ့Sam....."

Sam သည် Kimကိုနှုတ်ဆက်စကားပြောပြီးသည်နဲ့ ဒရိုင်ဘာကိုအချက်ပြကာ မောင်းခိုင်းလိုက်တော့ ဟောင်းလွန်းသည့်ကားကြီးသည် တရွေ့ရွေ့....ဆရာတွေကမျက်နှာမလိုက်တတ်ပါဘူးဆိုတာ သွေးထွက်အောင် မှားလွန်းသည်.....။

"အိမ်ပြန်နောက်ကျပြန်ပြီ ပြီးတော့မင်းကအမြဲတယောက်ထဲ အန္တရာယ်များကများနဲ့....."

Tae ဒီလူနဲ့ဆုံတိုင်း စိတ်တွေတိမ်တွေပေါ်ရောက်နေသလို ပေါ့ပေါ့ပါးပါးရှိလွန်းလှသည်....ပြောင်ရှင်းရှင်းနှာဖူးပြင်သည် ကျနော်အိမ်ပြန်နောက်ကျနေခြင်းကိစ္စကို ပြောတဲ့အခါ တင်းမာနေပြန်သည် ဘယ်လိုလူလဲလို့အတွေးများရသည်.....။

"Samရုံးခန်းကိုဝင်နေလို့လေ ဒါနဲ့ဘာလို့ကျနော်ကို ဒေါသတွေထွက်နေပြန်တာလဲ....."

"ဒေါသ...တွေမဟုတ် မထွက်ပါဘူး....စိတ် စိတ်ပူလို့သတိပေးတာ"

ပြတ်တောင်း ပြတ်တောင်းလေသံတွေကို Taeဆွဲဆက်ပေးလိုက်ချင်ပါသည်....မရဲနေတာများ ကိုယ်ကကြောက်စရာကောင်းနေတဲ့အတ်ိုင်း Taeကချစ်စရာလေးဆိုတာ Maskတွေအုပ်ထားလို့မသိရတာနေမှာပါ.....။

ခြေညှပ်ဖိနပ်ထိပ်ဦးလေးနဲ့ ပလပ်ဖောင်းကိုပွတ်တိုက်ကန်ကာ Seokသည် မီးခိုးရောင်မျက်ဝန်းတွေကို တည့်တည့်မကြည့်ရဲခဲ့.....။

Taeသည် ပိုက်ဆံအိတ်သေးသေးလေးထဲက ကာတွန်းပုံလေးတွေပါတဲ့ အူယားစရာ အနာကပ်ပလာစတာတခုထုတ်လိုက်သည်.....။

"ခင်ဗျား မျက်ခုံးနားမှာ ဒဏ်ရာရထားတယ်....."

Taeက ခြေတလှမ်းတိုးလိုက်တော့ Seokခြေနှစ်လှမ်းနောက်ဆုတ်လိုက်သည်.....။

ဆံပင်လိမ်လိမ်လေးအောက်က မျက်ခုံးတန်းတွေ တွန့်ချိုးသွားကာ Taeသည် အရှေ့ကအူကြောင်ကြားရဲ့ ကြိုးသိုင်းလွယ်အိတ်ရဲ့ကြိုးကို ဆွဲချလိုက်တော့ ရင်ဘတ်ချင်းထိမိတဲ့အထိ ပါလာတဲ့သူ......။

"ဒဏ်ရာကို ကပ်ပေးမလို့လေ ဘာလို့ထွက်ပြေးနေတာလဲ ကျနော်လူကောင်းပါ စောစောက ခင်ဗျားတို့နဲ့ရန်ဖြစ်တဲ့လူဆိုးတွေမဟုတ်ဘူး....!"

လူကောင်းမှန်းသိသည်.....ဒီလူကောင်းလေးကို ဘယ်လောက်ထိ ဘယ်အတိုင်းတာတွေထိ ချစ်မိနေလဲ သေချာသ်ိတာမို့ နီးနီးကပ်ကပ်ရပ်မိရင်ကို အဆင်မပြေတာကြောင့် ယောင်ယမ်းနောက်ဆုတ်မိခဲ့ခြင်းပါ......။

မတိမ်းမယိမ်းအရပ်တခုနဲ့ သိပ်မကွာတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံနှစ်ခုသည် ယှဥ်ရပ်လိုက်တဲ့အခါ တကယ်ပနံသင့်လွန်းပါသည်......။

ပလာစတာကို ခွာနေသောလက်သွယ်သွယ်လေးတွေဆီ Seokငေးခနဲ.....ထိီပေါက်တာထက် ကံကောင်းလွန်းနေတယ်လို့မထင်ဘူးလား ထင်ကျစမ်းပါ ထင်ပေးကျပါ.....။

ဒီလိုအပြုစုခံရမယ်လို့ကြိုသိခဲ့ရင် သေချာပေါက်ကျနော်ချည်း ခံခဲ့လိုက်မှာ ရန်တောင်ပြန်ပြေးဖြစ်ချင်ပြန်ပြီ.....။

လက်တွေကဖယ်ခွာကာ ဒဏ်ရာကိုသေချာစူးစမ်းကြည့်နေသော မီးခိုးရောင်မျက်ဝန်းတွေဆိီ အကြည့်ရောက်သွားတဲ့အခါ Seo​ kဝင်လေနဲ့ထွက်လေ အရှူသွင်းတွေမှားကုန်တော့သည်......။

"အရမ်းတော့ မများပေမဲ့ မပေါ့ဆသင့်ဘူးမလား မျက်နှာဆိုတော့အရေးကြီးတယ်......"

"ယောင်္ကျားပဲဟာ ဘာမှမဖြစ်ပါဘူး....."

နောက်တခါထပ်ဆုတ်သွားမှာစိုးတာနဲ့ Taeရှပ်ကော်လံလေးကို အသာဆွဲထားလိုက်သည်.....။

ဒဏ်ရာကို သေချာဂရုစိုက်ကာ လုပ်ပေးလာသည်....ကျွမ်းကျင်နေတာမျိုးတော့မဟုတ်ပါ ဒီအတိုင်းစမ်းတဝါးဝါး  လုပ်ပေးနေတာပဲဖြစ်လိမ့်မည်.....။

​သေးငယ်တဲ့လှုပ်ခြားမှုတွေကိုငြိမ်ငြိမ်လေးလိုက်ကြည့်နေစဥ် Maskကို ဆွဲချွတ်လိုက်တာကြောင့် Seokကမ္ဘာကြီး ဇော်ထိုးမိုးမျှော်တွေဖြစ်ကုန်သည်....ပေါ်လာသော နှာရိုးမြင့်မြင့်လေးတွေသည် ဘယ်လိုဖန်တီးရှင်ရဲ့ ကျွမ်းကျင်မှုတွေဆီက ထုဆစ်ပေးခဲ့သလဲ....အသည်းပုံသဏ္ဍာန်နှုတ်ခမ်းတွေဆီ ကြည့်မိတဲ့အခါ Seokအသက်ရှုခြင်းကို ချက်ချင်းရပ်ပစ်လိုက်သည်......။

နှုတ်ခမ်းတွေကိုစုထော်ကာ Seokနှာဖူးနားထိတိုးလာပြီး စပ်မှာစိုးလို့ထင်ပါသည် တဖူးဖူးနဲ့မှုတ်ပေးလာသည်......။

"တော်....တော်ပြီ ရ....ရပြီလေ ဒီလောက်ဆို...."

ဒိီတကြိမ်တော့ နှစ်လှမ်းနဲ့မက သုံးလေးလှမ်းလောက် Seokနောက်ဆုတ်မိလိုက်သည်....နှလုံးခုန်နှုန်းတွေသည် ဘယ်လိုမှထိန်းချုပ်လို့မရနိုင်တော့ ခုန်ပေါက်နေခြင်းသည် မတော်တဆ အပြင်ဘက်သို့ခုန်ထွက်လာနိုင်သည်အထိ ပြင်းထန်လွန်းစွာ.....။

သတိထားမိသလောက်တော့ ဒီလူစကားနည်းနည်းထစ်လောက်မည်ဟု Taeစိတ်ထဲ တိတ်တိတ်လေး မှတ်ယူထားလိုက်သည်.....။

"ရန်မဖြစ်ပါနဲ့မကောင်းဘူး....ရန်ဖြစ်ရတာကောင်းရင်တောင် မျက်နှာမှာဒဏ်ရာရလာတာတော့ မကောင်းဘူးမလား....."

"ကိုယ်က ဒီကျောင်းရဲ့ချဥ်ဖတ် ပြီးတော့ ဆိုးတယ်ရန်ဖြစ်တယ် ဒဏ်ရာတွေဆို မျက်နှာမှာပြတ်တယ်လို့မရှိဘူး အဲလောက်ဆိုသိပြီမလား အဲတော့ စောစောကလိုအပြုမှုမျိုးကိုယ့်ကိုမှမဟုတ်ဘူးဘယ်သူကိုမှမလုပ်မိစေနဲ့ ဝေးဝေး​နေပါ  အန္တရာယ်များတယ်...."

"ဒီလောက်ဝေးဝေးဆို အဆင်ပြေပြီလား...."

လက်တကမ်းစာအနေထားလောက်တွင် ​ခြေစုံ သေချာရပ်ကာ Tae ခပ်ရွဲ့ရွဲ့မေးလိုက်တော့ မျက်စ်ိရှေ့ကလူကပြူးပြီးကြည့်​နေသည်......။

ဘယ်လိုလုပ်မလဲ....ဘယ်လိုလုပ်ရမလဲ လမ်းမကြီးပေါ် အသည်းယားစရာကောင်းအောင် လုပ်ပြနေတဲ့Kim တခြားသူ ကျနော်မဟုတ်တဲ့တခြားတယောက်သာဆို စိတ်မထိန်းနိုင်ပဲ ကောက်ပွေ့သွားရင် အသည်းတွေကိုဘယ်လိုပလန်ချကွဲရမှာလဲ.....။

"ကောင်းကောင်းပြန်တော့ နောက်ကျနေပြီ......"

အခန်းထဲ တယောက်တည်းစိတ်ကူးယဥ် တိမ်တွေပေါ် တိုက်တွေဆောက်ရတဲ့အချိန်တွေတုန်းကတော့ ဘယ်လိုချစ်ပစ်မှာ ဘယ်လိုနမ်းပစ်လိုက်မှာ ဘယ်လိုအသည်းယားပြီးထားသိုစရာမရှိအောင် မြတ်မြတ်နိုးနိုး ချစ်ပေးလိုက်မှာဆိုသော Planတွေသည် မျက်နှာလေးမြင်လိုက်ရချိန် သတ္တိတွေ ကြက်ပျောက်ငှက်ပျောက်.....။

တစိမ့်စိမ့်ထိုင်ကြည့်ချင်နေပေမဲ့ စကားမပြောတတ်သော မျက်တောင်မခတ်နိုင်သော အသက်မဲ့ဓာတ်ပုံတွေကိုပင် စက္ကန့်မျှလောက်စိုက်ကြည့်ဖို့ပင် မဝံ့ရဲခဲ့ပါ.....။

စကားလဲပြောသော မျက်တောင်လဲခတ်နေသော သက်ရှိအရုပ်လေးရှေ့တွင် ကြာကြာနေဖို့ ဦးနှောက်ကခွင့်ပြုမနေပါ....လှည့်ထွက်လာခဲ့သည် ဝေးဝေးကချစ်နေတော့ အဆင်ပြေသလိုလိုရှိပေမဲ့ အနီးကပ်ကြီးကျ နေသားမကျသေးပါ.....။

"HoSeok Shi....."

ရှိသမျှ အရာခပ်သိမ်း သိမ်းယူသွားသော အသံTone အနိမ့်အမြင့်မရှိ တဖြောင့်တည်းသော ရေပြင်ညီလိုငြိမ်ငြိမ်လေးနဲ့ ညိမ့်ညိမ့်လေး....။

Seokခေါင်းလေးပဲလှည့်ကြည့်လိုက်တော့ နေရာမှာပဲ ဘောင်းဘီအိတ်ထဲလက်နှစ်ဖကိထည့်ကာ ရပ်ကြည့်နေသည်.....။

"ဘာနဲ့ပြန်မှာလဲ ကားလဲမပါပဲ...."

"ခြေထောက်ပါတယ်လေ လမ်းလျှောက်ပြန်မှာ...."

"အာ့ဆိုလဲ တူတူလမ်းလျှောက်ပြန်ကျတာပေါ့...."

ခြေလှမ်းတဘုန်းဘုန်းနဲ့ပြေးလိုက်လာသောအခါ Seokရင်ထဲလှိုက်တက်လာသော ပျော်ရွှင်မှုအလုံးအရင်းလိုက်သညိ မြိုချလို့လည်းမရ ကြိတ်ပြုံးနေမိသည် သို့ပေမဲ့.....။

"လမ်းလျှောက်ပြန်တာ အဲလောက်လွယ်တယ်ထင်လို့လား ကားပါတာကားနဲ့ပြန်လေ...."

"ခင်ဗျားကို ပြန်လိုက်ပို့ပေးချင်လို့ လမ်းလျှောက်ဆိုလဲလမ်းလျှောက် ကားနဲ့ဆိုလဲကားနဲ့ပေါ့....."

"လူတွေကို အလွယ်မယုံသင့်ဘူးလေ Kim Tae Hyung အထူးသဖြင့်ကိုယ့်လိုလူဆိုးကို......"

"ခင်ဗျားက​  Taeကျေးဇူးရှင်လေ Taeလူတွေကိုမယုံပါဘူး ခင်ဗျားကိုတော့ယုံလို့ရမယ်ထင်လို့....."

ချစ်စရာလေးဗျ ပြီးတော့ပြောရဆိုရ ခပ်ခက်ခက်ကလေး ငုံ့ကြည့်မိတော့ ခြေဖဝါးလေးတွေသည် မြေကြီးနဲ့တခါမှမထိတွေ့ဖူးသေးမှန်း သိသာပါသည်.....ခြေအိတ်မပါပဲ ဒီအတ်ိုင်းလမ်းလျှောက်လို့ကတော့ မတွေးရဲစရာပါပဲ......။

"လိုက်ပို့ဖ်ို့က လမ်းမကြုံဘူးလေ....."

ဆိုးလ်မြို့ထဲမှာပဲရှိတာမလား အဲဒါဆိုကြုံနေပါပြီ.....Taeက နာမည်ကြီးတယောက်ပါ ကျေးဇူးသိတတ်လို့ ဒီလောက်ထိ ခယနေတယ်ဆိုတာတော့ သိထားစေချင်တယ် HoSeok Ssi....။

ကားတူတူလိုက်မစီးချင်ပဲမနေပါဘူး....စကြာဝဠာအဆုံးထိဆိုရင်တောင် လက်သွယ်သွယ်လေး ဆောင်ကျဥ်းရာနောက် ကောက်ကောက်ပါအောင် လိုက်ချင်ခဲ့တဲ့သူပါ ဒါပေမဲ့တွေလုပ်မနေပါဘူး လိုက်သွားလိုက်မယ်လေနော်.....။

"စေတနာနဲ့လိုက်ပို့တာဆို လက်ခံလိုက်မယ်ကျေးဇူးရှင်မလို့ ကျေးဇူးဆပ်တာဆိုရင်တော့ ကိုယ်မလိုက်ဘူးနော်....."

"ကဲစောစောက လူဆိုးကြေးစားတွေနဲ့ ထပ်တွေ့နေမှာစိုးလို့ စေတနာရှေ့ထားလိုက်ပိူ့ပေးတာပါဗျာ...."

HoSeokပြုံးလိုက်မိသည်....အတတ်တကာ့ အတတ်လေး....။

ဘောင်းဘီအ်ိတ်ထဲလက်နှိုက်ကာ ရှတတအသံလေးနဲ့ ဆံပင်လိမ်လိမ်တွေကြားက မျက်လုံးတွေသည် ထာဝရအသက်ရှည်ဆေးတွေဖြစ်ခဲ့သည်.....။

ပြုံးလိုက်တော့ လှစ်ခနဲပေါ်လာသော ပါးချိူင့်သေးသေးလေးကို Taeမြင်ဖြစ်အောင်မြင်သွားသည်
ဒီလူကြီး ပြုံးတတ်တာပဲ ပါးချိုင့် ပေါ် အောင်ကိုကောင်းကောင်းကြီးပြုံးတတ်ပါ၏.....။

အစိမ်းရောင်စိုစိုLongCoatလေးနဲ့ အရုပ်လေးက ကားတံခါးအသင့်ဖွင့်ပေးတော့ Seokတခါထဲဝင်ထိုင်လိုက်သည်.....။

ဒီဇင်ဘာညနေခင်းတခုပဲ သိပ်အေးချမ်းလွန်းစွာ ညိမ့်ညိမ့်လေးမောင်းနေသော ဝက်ဝံညိုလေးရဲ့ ကားလေးထဲ စကားစမြည်ပြောရင်း မရင်းနှီးကျပေမဲ့ စိမ်းသက်မနေကျပါ.....။

စရင်းနှီးခွင့်ရခဲ့သော ဒီဇင်ဘာ3ရက်နေ့ကို ရှုပ်ယှက်ပွခတ်နေသော အခန်းနံရံပေါ်တွင် Seokသေချာပေါက် Dateချရေးမယ်လို့ စာရေးသူက လောင်းကြေးထပ်ရဲပါ၏.....။

.............,

"သား.....ဒီမှာလာအုံး"

Jeonသည် ပြန်လာသည်နဲ့ ဓာတ်လှေကားထဲ နောက်ကတယောက်ယောက်လိုက်လာတယ်ဟု ထင်ရသောနှုန်းထဲ ပြေးဝင်မည်အလုပ် အမေဖြစ်သူခေါ်သံကြောင့် ခြေလှမ်းတွေတုန့်ခနဲ.....။

Jeonသည် ထမင်းစားခန်းသို့ လှမ်းကြည့်လိုက်စဥ် မေမေနဲ့အတူ တွဲဖက်မြင်လိုက်ရသောသူကြောင့် မျက်နှာတခုလုံးမီးဖြင့် ဟပ်ခံလိုက်ရသလို ပူရှိန်းတက်လာသည်......။

Jeonမတွေ့မိအောင် ကြိုးစားရှောင်ဖို့လုပ်နေတုန်းမှာပင် ဆိုက်ဆိုက်မြိုက်မြိုက်အရှေ့ရောက်လာခြင်းကြောင့် ငိုချင်လာမိသည်.....။

ကျနော်ရေတက်ချ်ိုးတော့မယ် မေမေ ညစာအပြင်က စားလာခဲ့လို့ မစားတော့ဘူး.....။

Jeonရအောင် ရှောင်ထွက်ဖို့ကိုပဲ ဦးစွာစဥ်းစားလိုက်ပြီ ပြောပြေး ပြေးဖို့ပြင်လိုက်သည်.....။

"မေမေကခေါ်နေရင် လာလေ ခုမှခရီးကပြန်ရောက်တဲ့အမေနဲ့လဲ မျက်နှာချင်းဆိုင်ချင်တဲ့စိတ်လေး မွေးပါအုံး...."

Jeon သက်ပြင်းခပ်လေးလေးချကာ ထမင်းစားခန်းသို့ မတတ်သာတဲ့အဆုံးဝင်လာရသည်......။

JiMinသည် မိမိအားတချက်မျှမကြည့်ပါပဲ ထမင်းစားခန်းထဲ ကိုယ်သွားတိုင်းစိတ်မပါလာသော Jeonကိုကြည့်ကာ ပြုံးစိစိ.....။

မိမိရဲ့အိမ်ထောင်ဘက်က မိမိကိုယ်တစက်မှကြည့်မရ မကြိုက်နိုင်နေတာလည်း ParkJiMinတို့က နည်းတဲ့ကုသိုလ်လား.....။

အရင်တုန်းကတော့ မတော်တဆ အိမ်မှာတွေ့မှမြင်မှ စိတ်မကြည်လင်လွန်းမှ မကောင်းသောစိတ်အခံလေးနဲ့ ဒုက္ခပေးချင်ရသော ရုပ်ဆိုးကောင်သည် အိမ်ကထွက်လမ်းမပေါ်တွေတိုင်းမှာ မုန်းစရာကောင်းအောင်စီးကြိုနေသော အ​ခြေနေထိ ရောက်လာခဲ့သည်.....။

မနည်းမနော အရှိန်ဟုန်တခုနဲ့ အောင်မြင်မှုတခုသည် န်ိုင်ငံနဲ့ချီပြီးရနေတာမှမဟုတ်ပဲ ကမ္ဘာနဲ့ချီပြီး ဝိုင်းသည်းသည်းလှုပ်နေကျတာမှ အထင်မကြီးစရာပါပဲ.....။

"ဘယ်လိုဖြစ်လို့ မျက်နှာကမကြည်မသာဖြစ်လာတာလဲ အဆင်မပြေဘူးလား ပင်ပန်းလို့လား မေမေပြောသားပဲ မလုပ်ဖို့ကိုအတန်တန်....."

"ကျနော်အလုပ်က ကျနော်ဘဝလေ မေမေ ​ပြေတယ် ပြေလွန်းနေတာ ခေါင်းမကြည်နေလို့ မျက်နှာကမကြည်တာ ဆိုင်မနေဘူးအလုပ်နဲ့....."

Jeonသည် စားပွဲပေါ် အနက်ရောင်အိတ်ကြီးကိုချကာ တွေ့တာနဲ့ ခရေစိတွင်းကျ ပြစ်ချက်ရှာချင်နေသော အမေဖြစ်သူကို စူပုတ်ပုတ်ကြည့်ကာပြောလိုက်သည်.....။

"မင်းဖေဖေ နေသိပ်မကောင်းလို့ မေမေမြန်မြန်ပြန်လာရတာ....အဲဒါကြောင့် သားကိုမေမေပြောတာပေါ့ Companyကိုပဲ ဝိုင်းကူပေးဖို့ကို မေမေတယောက်ထဲကျ ဘယ်လိုမှအဆင်​ပြေမနေဘူး....."

"မေမေ တွေ့တိုင်းဒါတွေပဲပြောနေ....ထူးလာတာလည်းမဟုတ်ပဲ....."

Jeonသည် ရေတခွက်မော့သောက်ကာ မျက်စောင်းထိုးနေရာတွင် ထိူင်နေသောသူထံ ယောင်လို့ပင်အကြည့်မရောက်....အရှောင်အတိမ်းသိပ်ကျွမ်းကျင်လွန်းသည်.....။

"ထူးလာမလားဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ပေါ့.....ပုံစံခွက်ချနေတာမျိုးမှမဟုတ်တာမေမေ အကူညီတောင်းတယ်လို့စိတ်ထားနိုင်ရင်ကို သားဒီလောက်ထိခါးသီးနေမှာမဟုတ်ဘူး....."

"ကျနော်မအားဘူး....အားနေတဲ့သူကိုခိုင်းလေ"

JiMinသည်သူအား by nameအတပ်မခံရပေမဲ့ ဒီစကားဟာ သေချာပေါက် သူ့ကိုမန်းရှင်းသွားမှန်း အထူးအပါးနားလည်သူမို့ သေချာသိပါသည်.....။

သူက Cameraတခုနဲ့အလုပ်တခုထဲကိုများ....ParkJiMinရဲ့ တနေ့တာဟာ အချိန်ဇယားနဲ့မနည်းညှိရသော အလုပ်တွေကို စာရင်းချပြလိုက်ရင် ရုပ်ဆိုးကောင် နေရာတင် သွေးတက်သွားမှာသေချာပါသည်......။

"သားငယ်က ငယ်သေးတယ်....."

မရယ်ရတဲ့ ဟာသတွေကို မေမေရွေးပြောတတ်သည်....တစ်လလောက်သာ ငယ်သောသူကို 10နှစ်လောက်ပဲငယ်နေသလိုလို မျက်နှာလိုက်လိုက်ပြောပေးသည်.....။

"ဒါပဲဆိုလဲ ကျနော်အပေါ်တက်တော့မယ်...."

"ဘာမှဒါပဲမဟုတ်ဘူး....ဒီမှာ သားငယ်အတွက် ပုဇွန်အခွံခွာပေးခိုင်းမလို့ ဘယ်လိုဖြစ်လို့ အစောကြီးကိုဖင်မငြိမ်တာလဲ Jeon Jung Kookရဲ့....."

"ကျနော်က..."

Jeonသည် သူ့ကိုယ်သူလက်ညိုးထိုးပြကာ သမင်မျက်လုံးလေးလို ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေနဲ့ မယုံနိုင်သလို အမေဖြစ်သူအားမေးလိုက်သည်.....။

"ဟုတ်တယ်...."

"ဘာလို့ခွာကျွေးရမှာလဲ မကျွေးနိုင်ပါဘူး....ခြေလက်အကောင်းကြီးနဲ့ကို မေမေလွန်မလာပါနဲ့......!"

Jeonသည် အမေဖြစ်သူကို ဒေါသမထွက်စဖူးထွက်ကာ တချိန်လုံးရှောင်ဖယ်ထားတဲ့ ဘေးကကောင်ကိုလဲ စိတ်ထဲဖျင်းခနဲဖြစ်သွားတာမို့ လှည့်ကြည့်လိုက်သည်......။

ပတ်တီးအဖွေးသားနဲ့ လက်တဖက်ကိုမြှောက်ပြကာ စီးကြိုနေသော လူဆိုးသည် ရိုက်ပေါက်မျက်နှာနဲ့.....။

"ဒဏ်ရာရထားတယ် အဲဒါကြောင့်ခွာခိုင်းတာ....ခဲယဥ်းတာမှမဟုတ်တာ သားကလိမ်မာပါတယ် မေမေကလက်သည်းတွေရှည်နေလို့ပါ......"

"ဘာမှမလိမ်မာဘူး.....လုပ်မပေးန်ိုင်ဘူး တခြားဟာနဲ့စား"

Jeonဘူးခံငြင်းလိုက်သည်....မှန်ပါသည် လုပ်ပေးချင်မနေပါ ပင်ပင်ပန်းပန်းပြန်လာရလို့ ပြည့်ပြည့်ဝဝနားချင်နေသော Jeonသည် ဘာအလုပ်မှမရှိ ရန်ပွဲနဲ့လောင်းစကားကြား ကျင်လည်နေသူကို အလုပ်ကျွေးပြုရမယ်ဆိူတာ လူကြားလို့မှမကောင်းတာ......။

"Jeon Jung Kook!!!"

"နေပါ မားရယ် သူမလုပ်ပေးနိူင်ရင်ထားလိုက်ပါ သားမစားတော့ဘူး သွားအိပ်လိုက်မယ်...."

ချိုင်းကကိုင်ကာ ခြံပြင်ကိုလွှင့်ပစ်လိုက်ချင်စရာအကွက်တွေ ပန်းနုသွေးမျက်နှာနဲ့ အကယ်ဒမီရှော့တွေကို ပိီပီပြင်ပြင်မျက်နှာဖုံးတပ်ကာ ကူလီကူမာမျက်နှာနဲ့JiMinကို Jeonဒေါသတွေထပ်ထပ်ထွက် ရပါသည်.....။

"မရဘူး သားပဲစားချင်တယ်ပြောလို့ မားသေချာချက်ခိုင်းထားရတာ ဆေးသောက်ရမှာမလို့ မစားလို့မရဘူး Jeon မင်း မေမေကပြောရင် တခွန်းနဲ့ရစမ်းပါ....."

"မေမေအဲလောက်ဖြစ်နေရင် ကိုယ်တိုင်လုပ်ပေးလိုက်လေ......"

Jeonသညိ ငိုချတော့မဲ့မျက်နှာညှို့မှိုင်းမှိုင်းဖြင့် Jeonကတော်အား ပြောလာသည်.....။

"မာမီ ပဲရစ်ကနေ လက်သည်းအတုတပ်ထားလို့ပြောပြီးပြီလေ မဟုတ်ရင် မင်းကိုခိုင်းမနေဘူး မောလွန်းလို့......"

အညိုရောင်လက်သည်းရှည်တွေကိုထောင်ပြကာ မေမေသည် JiMinနဲ့ပတ်သက်ရင် ကျနော်အပေါ် လုံးဝမသက်ညှာမပေးခဲ့ပလ တခါတလေပေါင်းပြီးများ လုပ်ကြံနေသလားဟု ယောင်ယမ်းတွေးမိသည်အထိ.....။

"အလုပ်သမားတွေ ဒီလောက်ပေါတာ ကျနော်ဒီအိမ်က အလုပ်သမားတော့ မဟုတ်သေးဘူးမလား....."

Jeonသည် စိတ်ထဲတွင်အချဥ်ပေါက်လွန်းလို့ အမေဖြစ်သူထံ ရဲရဲကြည့်မေးလိုက်သည်....သ်ိပ်ဂရုစိုက်ပုံမရသော Mr,Jeonကတော်သည် ပုဇွန်တွေအပြည့်ထည့်ထားသော ပန်းကန်းအားJeonရှေ့သို့ တိုးပေးလာသည်.....။

ငယ်ငယ်ကတည်းက....ParkJiMinနဲ့ပတ်သက်ရင် ရွေးချယ်စရာမရှိခဲ့တာတွေ....ParkJiMinဟာ ကိုးကွယ်ရာတခုလို ကျနော့်အတွက်မေမေက သေချာပုံစံသွင်းပေးခဲ့တာ.....။

ငြိုငြင်တာမျိုး တွန့်ဆုတ်တာမျိုးမဟုတ်ပေမဲ့....ကျနော့်အသက်ပိုင်းခြားနဲ့ကျ မာနနဲ့သိက္ခာကို တိုက်ရိုက်လာထိသလိုခံစားရတော့ 12နှစ်သား Jeon Jung Kookလို အမြဲခေါင်းမညိမ့်နိုင်ကတည်းက ပြသနာစခဲ့သည်.....။

မျက်လုံးတွေနဲ့ပဲ မေမေကဖြေရှင်းပေးခဲ့သည်....နားထဲမဝင်ဝင်အောင် ဝင်ပြီးပြန်မထွက်တော့အောင် ရိုက်သွင်းခဲ့သည်.....။

ParkJiMinဆိုတာနဲ့ လှုပ်မရတော့တဲ့အကြောင်းအရာတွေဟာ အရိုးစွဲတဲ့အထိမြဲခဲ့သည်မို့ ဒီတခါလည်း Jeonဘက်ကပဲ သဘောထားကြီးပေးရပြန်သည်....။

Jeonသည် လက်အိတ်အကြည်လေးတွေကို လက်နှစ်ဖက်လုံးတွင်စွပ်ကာ ပုဇွန်လေးတွေကိုစကိုင်ခဲ့သည်....မကျွမ်းကျင်တာ မလုပ်တတ်တာမျိုးမရှိ မဖြစ်မနေတတ်ထားရသော အတတ်ပညာတခုလို Jeonသေချာသင်ယူထားခဲ့ရသည်.....။

ပုဇွန်အခွံတွေ သေချာပြောင်အောင်ခွာပြီး ပန်းကန်အလွတ်တခုထဲသို့ စီချနေသော Jeonအား Mr,Jeonကတော်ကျေကျေနပ်နပ်ကြည့်နေခဲ့သည်....ဘေးနားက ကောင်လေးသည်လဲ ငေးငေးလေးကြည့်နေသည်.....။

တိတ်ဆိတ်သွားသော ထမင်းစားပွဲတွင် Mr,Jeonကတော်ဖုန်းထံသို့ ဖုန်းဝင်လာခဲ့သည်.....။

"မင်းဖေဖေ ဆက်တာ....."

ပုဇွန်ခွာနေရင်းမှ မော့မကြည့်ပဲJeonကခေါင်းညိမ့်ပြလိုက်သည်.....။

"သားငယ် မားဖုန်းသွားပြောလိုက်အုံးမယ်....."

"ဟုတ်ကဲ့ပါ မား...."

Jeonသည် ပုဇွန်ခွာခြင်းအမှုကို စိတ်ပါလက်ပါပြုလုပ်နေသည်....Jeonကတော်ထွက်သွားတာလဲ စိတ်မဝင်စား ဒါလုပ်ဆိုတာနဲ့ သူလုပ်ပေးနိုင်တာဆို အဆုံးထိတာဝန်ကျေစွာလုပ်ပေးတတ်သည်က သူ့အကျင့်ကောင်းလေးတခု.....။

"ပန်းကန်ထဲမထည့်ပဲ ငါ့ပါးစပ်ထဲတခါတည်းထည့်ပေးပါလား....."

ဖြတ်ခနဲမော့ကြည့်လာသော Jeonမျက်လုံးတွေသည် 100%ကျေနပ်နေခြင်းတော့မဟုတ်နေပါ
အနိုင်ကျင့်ခံနေရသော ကလေးတယောက်လို မလုပ်ပေးပဲထထွက်သွားလို့ရရက်နဲ့ ပေကပ်လုပ်ပေးနေသည်ကို JiMin ထပ်ဆွပေးချင်လာသည်.....။

"ခွာပေးတာကို ကျေးဇူးတင်လိုက်....ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီလောက်တော့ယူစားလိုက်လို့ရတယ်မလား....."

"ဒီဘယ်ဘက်လက်ကလေ ဖဲချပ်ချိုးတာကလွဲရင် ဘာမှသုံးစားမရဘူး ငါကညာသန်....."

Jeonသည် ဘာမှပြန်မဖြေ ပုဇွန်ကိုပဲဆက်ခွာနေလိုက်သည်.....။

"ငါ့10နှစ်သားမဟုတ်တော့ဘူးJung Kook အရုပ်တွေနဲ့ ဆော့သေးတယ်ထင်တုန်းလား....."

ပုဇွန်ခွာနေတဲ့လက်တွေလှုပ်ခြားမှုရပ်သွားသည်.....မွေးနေ့ပွဲနေ့ကဟာတွေ ဦးနှောက်ထဲပြေးဝင်လာတော့ Jeonတကိုယ်လုံးကြက်သီးတို့ဖြန်းခနဲ.....။

မှတ်မိသွားပြီလားဆိုတဲ့ ပြေးကပ်လာတဲ့အသိတခုသည် Jeonခန္ဓာကိုယ်တခုလုံးကို ထုန်ခနဲ ကျင်ခနဲ....။

"နိုင်ငံကျော်Brandလောက်ဖြစ်ဖြစ် တတ်နိုင်ရင်ကမ္ဘာပေါ်Brandတခုလောက်ဆို အဆင်ပြေတာကို ကလေးကလား လက်ဆောင်က...."

ဦးတည်ရာသည် Jeonစိုးရိမ်​​နေရသော အရာမဟုတ်တာကြောင့် ပုဇွန်ခေါင်းလေးခြွေလိုက်ရင်းမှ သက်ပြင်းလေးဆွဲချလိုက်သည်......။

"မလိုချင် လွှင့်ပစ်လိုက်ပေါ့ စကားများလိုက်တာ.....!"

"ပြောတာနောက်ကျနေသေး လွှင့်ပစ်လိုက်တာကြာပြီပေါ့....."

ဘယ်ဘက်လက်ပေါ်မေးထောက်ကာ သူ့ကိုစိုက်ကြည့်နေတာ သေချာသိလဲ Jeonမော့မကြည့်မိ ပုဇွန်တွေကိုသာ ဆက်ခွာနေလိုက်သည်......။

Jeonခွာပြီးတဲ့ ပုဇွန်ကွေးကွေးလေးကို ပန်းကန်ထဲထည့်ဖို့လှမ်းလိုက်စဥ် လက်ကိုလှမ်းဆွဲခြင်းခံလိုက်ရသည်......။

အဆိုးငယ်သည် Jeonလက်ကို သူ့လက်နဲ့ဆွဲယူကာ လက်ဖျားကပုဇွန်လေးကို ပါးစပ်ထဲထည့်လိုက်သည်.....။

နှုတ်ခမ်းဖူးဖူးတွေသည် လက်ဖျားတွေကိုစည်းကမ်းမဲ့စွာ ထိတွေ့လာမှုတွင် Jeon လက်တခုလုံး ဓာတ်စီးသွားသလို....ခပ်မြန်မြန်ပြန်ဆွဲရုတ်လိုက်တဲ့အခါ အကျင့်တစက်မှမကောင်းက ပြူးကာပြုံးပြီးကြည့်နေသည်.....။

Jeonမျက်လုံးဝိုင်းဝိုင်းကြီးတွေသည် ခပ်ဖူးဖူးနှုတ်ခမ်းလေးနဲ့ သူ့လက်ထဲက ပုဇွန့်တခုကိုဆွဲစားလိုက်သော မြင်ကွင်းတွင် ကြောင်အ သွားခဲ့သည်.....။

နှုတ်ခမ်းကို တမင်ထော်ကာ ပုဇွန်ကိုအရသာခံ စားပြနေသော JiMinကိုကြည့်ကာ ရေဆာလာသလိုလို သေးပေါက်ချင်တာလိုလို တကိုယ်လုံးပူစပ်ပူရှိန်းတွေဖြစ်လာကာ Jeonနေရ ထိုင်ရခက်ခဲလွန်းစွာ....။

ပူပူနွေးနွေး တနေ့ကဖြစ်ရပ်တွေသည် ခုတွေးကြည့်ခုထိ ကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှားရှ်ိနေစဲ
ဖူးကြွကြွ နှုတ်ခမ်းတွေသည် တကယ်ကြောက်စရာ အခုန်မြန်လာသော ရင်အစုံသည် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးပါ......။

"စားကောင်းတယ်....."

လက်မထောင်ပြကာ နှုတ်ခမ်းကိုလျှာနဲ့ယက်ပြီး ပြောလာသော လူဆိုးလေးကိုကြည့်ကာ Jeonမတ်တပ်စုံရပ်မိလိုက်သည်......။

တခါသုံးလက်အိတ်တွေ ဖြစ်သလိုဆွဲချွတ်ကာ Jeonသူ့အိတ်ဆွဲပြီး ထမင်းစားခန်းထဲမှ​​ပြေးထွက်သွားသည်.....။

ဘာလဲ စားကောင်းတယ်လို့ပဲ​ပြောတာကို ဘာတွေမြင်ပြီးလန့်ပြေးသွားရပြန်တာလဲ.....။

အဆိုးငယ်သည် ခေါင်းတချက်ကုတ်ကာ ပန်းကန်ထဲက ခွာပြီးသားပုဇွန်ကို လက်နဲ့နှိုက်ကာ ထပ်ယူစားလိုက်သည် ဇွန်းနဲ့သာ ဘယ်ဘက်ဘက်က မသန်တာ လက်ကြီးပဲဆို သန်မှသန်.....။

"ပြီးသွားပြီလား သား မြန်လိုက်တာ....."

ဖုန်းပြောပြီးလို့ပြန်ဝင်လာသော အမေဖြစ်သူအမေးကိုJeonမကြားတော့ ဓာတ်လှေကားထဲ အမေဖြစ်သူကို ဝင်မတိုက်ရုံတမယ် ရှောင်ပြေးကာ မြန်မြန်ပြေးဝင်သွားတော့သည်.....။

"ဒီကလေး....."

"ကော်ဖီတွေလျှော့သောက်မှဖြစ်မယ် ရင်တွေအရမ်းတုန်တာ သေတော့မလိုပဲ...."

ရင်ဘတ်တွေကိုဖိကာ မျက်လုံးစုံမှိတ်လျှက် Jeonသည် ဓာတ်လှေကားထဲ အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်.....။

>ဟင့်အင်း မဖြစ်ဘူး တသက်လုံးရှုံးရမဲ့ အရာတွေကို ဘယ်တော့မှမစတင်လိုက်ပါနဲ့ Jeon Jung Kook>

"ငါေမးခ်င္ေနတာရွိတယ္ HoSeok....."

အတန္းၿပီးတာနဲ႕ ေက်ာင္းျပင္တေနရာတြင္ စကားဝိုင္းေနက်ေသာ JiMinတို႔အုပ္စု....။

"ညက....."

ေသခ်ာနားေထာင္ေပးဖို႔ ေစာင့္ေနက်ေသာ Rainတို႔သည္ နားစြင့္ေနက်ေပမဲ့ နားထင္ကိုလက္နဲ႕ဖိကာ စကားျဖတ္ထားေသာ JiMinကို ျပဴးၿပဲၾကည့္ေနက်သည္.....။

"Honeyဘယ္လိုျပန္သြားလဲ....."

"ငါလိုက္ပို႔လိုက္ရတယ္ေလ....မေျပာခ်ငိဘူး ငါေသေအာင္ေဒါသထြက္ေနတာမင္းကို လူမွန္းမသိသူမွန္းမသိေအာင္....."

ေဆးလိပ္တခုထုတ္ကာ မီးညွိေနေသာJiMinလက္ေတြ မသိမသာတုန္ေနျခင္းေၾကာင့္ ခက္ခက္ခဲခဲသုံးႀကိမ္ေျမာက္အထိႀကိဳးစားလိုက္ရသည္.....။

No Smokingဆိုတဲ့ ဆိုင္းဘုတ္ေရွ႕ ခပ္တည္တည္ေဆးလိပ္မီးညွိေနေသာ တကၠသိုလ္ေက်ာင္းသားတေယာက္သည္ ေဟာ့ရမ္းလြန္းစြာ.....။

"Honeyဖုန္းက ပိတ္ထားတယ္ ေသခ်ာသေလာက္ေတာ့ သူအဆူခံထိထားေလာက္ၿပီ...."

ေဆးလိပ္ေငြ႕ေတြ ျဖည္းျဖည္းခ်င္းမႈတ္ထုတ္ကာ JiMinသည္ ေတြးစစျဖင့္.....။

"သူ႕မန္ေနဂ်ာလက္ အပ္ခဲ့တာပဲ....."

"ငါ့ကိုေရာဘယ္သူ ဘယ္သူ႕လက္ထဲအပ္ခဲ့တာလဲ......"

JiMinသည္ သုံးေယာက္လုံးကို ေစ့ေစ့စပ္စပ္ၾကည့္ကာ ေဆးလိပ္ညွပ္ထားေသာ လက္ျဖင့္ ထိုးေမးလိုက္သည္......။

"ေခြးလက္ထဲ....."

MinYoonGiထံ ေရာက္လာေသာ JiMinမ်က္ေစာင္းသည္ဒိုင္းခနဲ....။

"ဘာ....!"

MinYooGiဆီ ေျခလွမ္းတို႔ျပင္လိုက္စဥ္ ေရသန့္ဘူးခြံတခုသည္ JiMinေရွ႕တည့္တည့္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္.....။

ေရသန့္ဘူးခြံလာရာကို JiMinတို႔အုပ္စု တၿပိဳက္နက္တည္း လွည့္ၾကည့္လိုက္သည္....ဗလေတာင့္ေတာင့္ လူဆိုးလူမိုက္ပုံနည္းနည္းေပါက္ေသာ လူ၇ ေယာက္.....။

ေပေစာင္းေစာင္းနဲ႕ JiMinတို႔ရွိရာ ဦးတည္ေနပုံသည္ ေသခ်ာေပါက္ တေနရာရာက ရန္စျဖစ္လိမ့္မည္ထင္ပါသည္.....။

JiMinတို႔လဲ ခပ္ျမန္ျမန္လူစုကာ မေလွ်ာ့ေသာ မ်က္ႏွာတည္မ်ားျဖင့္ ကိုယ္ကစစ သူမ်ားကစစ မွားတယ္မွန္တယ္မရွိ သူေသကိုယ္ရွင္ဆိူတဲ့ စိတ္ဓာတ္ေကာင္းေကာင္းေလးေတြကို ေသခ်ာေမြးျမဴထားေသာ ေက်ာင္းရဲ႕ခ်ဥ္ဖက္အဖြဲ႕ပင္ျဖစ္သည္....။

JiMinသည္ ကားေနာက္ဖုံးကို ေက်ာမွီကာ လက္ပိုက္၍ Rainတို႔ Seokတို႔က ေဘးတြင္ခါးေထာက္ရပ္ကာ မိုက္ကန္းကန္းမ်က္စိေရွ႕ကအဖြဲ႕သည္ ဘာလက္နက္မွမပါေပမဲ့ လူအင္အားေတာင့္ေနတာမို႔ Seokတို႔အဖြဲ႕စုစု႐ုံး႐ုံးျဖစ္ကာ လူညီရသည္....။

"Park JiMinက ဘယ္ေကာင္လဲ....."

JiMinသည္ မ်က္ခုံးတန္းေတြျမင့္တက္သြားလွ်က္....မာမီက တခါတရံ ေဒါသထြက္ရင္ေဆာင့္ေဆာင့္ေအာ္တတ္တယ္....လူဆိုးေကာင္က လႈပ္လႈပ္ခတ္ခတ္အေျခေနေတြျဖစ္လာရင္ ParkJiMinလို႔ တိုင္တည္တတ္ေပမဲ့....တျခား တျခားေသာ ဘယ္သူမွ နာမည္အျပည့္စုံကို တင္းတင္းမာမာမေခၚရဲက်.....စိတ္ထဲဖ်င္းခနဲ။

လက္ထဲက ေဆးလိပ္တိုကို ပလပ္ေဖာင္းေပၚခ်ကာ အနက္ေရာက္ဖိနပ္ဦးျဖင့္ ႀကိတ္နင္းၿပီး တျခမ္း႐ြဲ႕ေစာင္းအၿပဳံးနဲ႕ JiMinသည္ ေဒါသအနည္းငယ္နဲ႕.....။

"ငါေလ....."

မ်က္ခုံးနားေလးကို လက္ညွိုးနဲ႕အသာကုတ္ကာ ၿပဳံးျပရင္း တဖက္က ႀကီးေပါေလာလိုလို ေခါင္းေဆာင္လိုလို လူကိုတည့္တည့္ၾကည့္ေျဖလိုက္သည္....."

"ေအာ္....ဒီေရွ႕က လက္သန္းသာသာေလာက္ေလးဟာလား....ႏုႏုဖတ္ဖတ္ေလးပဲ တစစီလုပ္ပစ္ရမွာေတာင္ အားနာတယ္....."

ဘယ္ကရန္ၿငိဳးလဲ ၄ေယာက္လုံးေသခ်ာမသိေပမဲ့ ပြဲႀကီးပြဲေကာင္းျဖစ္လာဖို႔ ဇာတ္လမ္းေလးေတြစလာသည္.....နည္းနည္း ရွက္စရာေကာင္းတာက တဖက္က အုပ္စုသည္ လူအင္အားျပ ၿဖဲေျခာက္ေနျခင္းပဲ.....။

က်ားျမႇီးလာဆြဲတဲ့ ေကာင္ေတြ.....အစြယ္ေတြ ဘယ္ေလာက္ထက္သလဲ မသိက်တဲ့အခါ အျမင္အာ႐ုံေလးနဲ႕ ရန္စကားစဆိုလာသည္......။

"ကိုက္ခ်င္ေနရတဲ့ အေၾကာင္းရင္းကိုအရင္လင္းစမ္းပါအုံး.....ေၾကးစားလူမိုက္႐ုပ္ေတြနဲ႕ ငါ့ဖိနပ္တိုက္မလား တသက္စာထိုင္စားရေအာင္ ေပးမယ္....."

လက္ထဲက မီးျခစ္အား မီးေတာက္ေအာင္ ျခစ္လိုက္ၿပီး ႏႈတ္ခမ္းေလးေထာ္ၿပီးမႈတ္လိုက္ကာ လူဆိုးေလးသည္ အလြန္တရာ ဖိႏွိပ္စကားေတြနဲ႕စမိတ္ဆက္ေတာ့သည္.....။

"လူနဲ႕ေလနဲ႕ကေတာ့ တျခားစီပဲ အေရခြံစုတ္ရရင္ေတာ့ သိပ္ၾကည့္လို႔လွမွာ ေငြေပါလို႔ ငါတို႔သူေဌးရဲ႕ ေကာင္မေလးကို ခ်ဳပ္ထားနိူင္တာျဖစ္မယ္....."

"ဟက္....ဘာေတြလား မဟုတ္မွလြဲ Honey အဆက္ေတြ"

လက္ဆစ္ေတြခ်ိဳးကာ ႐ြံစရာ႐ုပ္နဲ႕ ေခါင္းေဆာင္လိုလူသည္ ေရွ႕သို႔ႏွစ္လွမ္းေလာက္ထပ္တိုးလာသည္.....။

"အင္အားမ်ားတယ္ MinYoonGiေျပးမွာလား....ဘယ္လိုလဲ"

"ေျပးစရာလား ရွက္စရာႀကီးကြာ ခ်....!

MinYoonGiကိုယ္တိုင္က အဆုံးျဖတ္ေပးလိုက္ၿပီမို႔ အဝါေရာင္ၿပိဳင္ကားေနာက္ဖုံးသည္ ခ်က္ခ်င္းပြင့္လာကာ ကားေနာက္ခန္းဆီက အသင့္ေစာင့္ေနေသာ သံတုတ္ေတြကို တေယာက္တေခ်ာင္းဆြဲယူကာ တဖက္ကအင္အားျပရင္ လက္နက္ျပမိုက္ရဲရမည္.....တရားေသာ မတရားေသာေတြမရွိ ParkJiMinကို လာႏြယ္ကတည္းက ေသသင့္ေနၿပီ.....။

သံတုတ္ဆြဲကာ အေရွ႕ကလူဆိုးထလုပ္ေသာ JiMinသည္ အေရွ႕ဆုံးက မ်က္ႏွာ႐ူးေကာင္ရဲ႕ ရင္ဘတ္တည့္တည့္ကို ေျခေထာက္ရဲ႕ေဆာင့္ကန္လိုက္ေတာ့ ပစ္လက္စခတ္ ေျမျပင္ေပၚလဲက်သြားသည္.....။

ေခါင္းေဆာင္လိုေကာင္ လဲက်သြားသည္နဲ႕ သူ႕ေနာက္လိုက္ေခြးေတြနဲ႕တူေသာ လူေတြသည္ခ်က္ခ်င္း JiMinကိုမဲကာ ျပန္လုပ္ဖို႔ႀကံေတာ့ Rainက သံတုတ္နဲ႕ ရင္ဘတ္ကိုေဆာင့္ထိုးလိုက္သညိ.....။

အကုန္လုံး ေသြးဆူသြားကာ ပလုံးပေထြးနဲ႕ ထိုးက်ႀကိတ္က်ရင္း တဖက္သည္ တကၠသိုလ္ေက်ာင္းသားေလးေတြဟုေတြးကာ လက္နက္မကိုင္ခဲ့က်.....အစြယ္ေတြ အေဖြးသားနဲ႕တကၠသိုလ္ရဲ႕Mainေတြသည္ လက္ရဲဇက္ရဲရွိလြန္းကာ လက္သံေျပာင္ေၾကာင္း သက္ေသျပတဲ့အခါ အလူးအလဲ.....။

အမ်ားနဲ႕အနည္း လက္နက္ရွိနဲ႕လက္နက္မဲ့ ရန္ပြဲတခုသည္ ညေနဘက္အခ်ိန္ ေက်ာင္းဝန္းအျပင္တေနရာတြင္ ျပင္းထန္လြန္းစြာ.....။

............,

"ေတြ႕မယ္ ေတြ႕မယ္နဲ႕အခုမွေအးေဆးစကားေျပာျဖစ္ေတာ့တယ္....အမွန္ဆိုအဲေန႕ Tae Hyungအကိုလာသြားကတည္းက သတင္းေမးခ်င္ေနတာ မင္းကလဲ အလုပ္တဖက္နဲ႕ ကျောင်းသိပ်မလာတာနဲ့မတ်ိုက်ဆိုင်နေတာ...."

"Hyungက နည္းနည္းေတာ့ က်ေနာ္နဲ႕ပတ္သက္ရင္အတၱႀကီးတယ္....ဘာေတြလာေျပာသြားလဲ က်ေနာ္မသိေပမဲ့ အားနာခ်င္စရာေတြဆိုရင္ေတာ့ က်ေနာ္ေတာင္းပန္ခ်င္ပါတယ္ Sam..."

"မဟုတ္တာကြာ....မင္းအကိုက မင္းကိုအရမ္းခ်စ္ပုံပဲ...."

"ဟုတ္တယ္Sam Hyungမွာခင္တြယ္စရာဆိုလို႔က်ေနာ္ကလြဲရင္ မရှ်ိဘူးလေ...ခ်စ္သူရီးစားခုခ်ိန္ထိမရွာပဲ အမ်ားႀကီးခ်စ္ေပးတယ္ Hyungက....."

ေလးေထာင့္မ်က္မွန္နဲ႕ Samသည္ ပါးခ်ိဳင့္ခြက္ေတြေပၚတဲ့အထိၿပဳံးကာ Taeကိုေစာင္းၾကည့္လာသည္ Singelဆိုတာ Confirmေပးလာၿပီဆိုေတာ့
ေသခ်ာေပါက္ အဲဒီလမင္းေလးတစင္းကက်ေနာ္အတြက္ျဖစ္တည္လာခဲ့ျခင္းျဖစ္လိမ့္မည္.....။

ေက်ာင္းျပင္သို႔ စကားတေအးေအးနဲ႕ Samနဲ႕Tae တူတူလမ္းေလွ်ာက္ထြက္လာက်သည္.....။

"ဆရာကိုလဲ ကိုယ့္အကိုလို မိဘလိုသေဘာထားၿပီး လိုအပ္တာရွိရင္ ပြင့္ပြင့္လင္းလင္းတိုင္ပင္ပါ....ဘာပဲျဖစ္ျဖစ္ ေနာက္ဆို ရင္ႏွီးလာရမဲ့ လူ....."

"Samဟိုမွာ ေက်ာင္းေဘးႀကီး ရန္ျဖစ္ေနက်တယ္...."

"ဟိတ္ ေကာင္ေတြရပ္လိုက္စမ္း.....!"

အနိုင္အရႈံးသိပ္မကြဲေပမဲ့ တဖက္က ဒဏ္ရာဒဏ္ခ်က္တခ်ိဳ႕နဲ႕ အေသေဆာ္လို႔ေကာင္းေနစဥ္ ၾကားလိုက္ရေသာ ေအာ္သံႀကီးေၾကာင့္ JiMinတို႔အုပ္စု ေခါင္းႀကိမ္းသြားရသည္.....။

"Sam....!"

ေလးေထာင့္မ်က္မွန္ႀကီးနဲ႕ Samသည္ စာ႐ြက္စာတန္းတခ်ိဳ႕ပိုက္လွ်က္ Kim Tae Hyungနဲ႕အတူ သူတို႔ရန္ပြဲနဲ႕ မနီးမေဝးတြင္ ရပ္လွ်က္ အံႀကိတ္ၿပီးၾကည့္ေနသညိ.....။

တဖက္ကလူေတြသညိ Samကိုျမင္သည္နဲ႕ လစ္ခနဲ ထြက္ေျပးကုန္က်သည္.....။

"ဟိတ္ေကာင္ေတြ Samလာၿပီ ေျပး.....!!"

သံတုတ္ေတြကိုကားေနာက္ခန္းပစ္ထည့္ကာ တင္ပါးနဲ႕ဖေနာင့္တသားတည္းက်ေအာင္ေျပးၿပီး ကားေပၚတက္ကာ အရွိန္ကုန္ေမာင္းေျပးက်ေပမဲ့ Seokတေယာက္သည္ ေနရာတြင္ၾကက္ေသ ေသက်န္ေနခဲ့သည္....။

"Kim..!"

ႏွလုံးသားဆီမွ ခပ္တိုးတိုးေရ႐ြက္လာတဲ့ နာမ္စားလွလွေလး.....။

ထင္တာမမွားခဲ့ရင္ Maskေအာက္က က်ေနာ္ကိုၿပဳံးၾကည့္ေနမွန္း ေသခ်ာေပါက္ခံစားလို႔ရေနသည္....ေလာကႀကီးသည္မၾကာခင္က တုတ္တျပတ္ ဓားတျပတ္အေျခေနနဲ႕ရင္ဆိုင္ေနရၿပီး တခ်ိန္တည္းမွာ လာဗင္ဒါပန္းေတြမ်က္စိတဆုံးပြင့္ေနျပန္ကာ အဆန္းလုပ္လြန္းသည္......။

"မင္းတို႔အုပ္စုကို ငါဘယ္လိုထိန္းေက်ာင္းရမလဲ.....ငါ့ေမဂ်ာကဆိုတဲ့ အသိနဲ႕တင္ ငါအႀကိမ္ႀကိမ္ႏႈတ္ထြက္ခ်င္စိတ္ကို ခဏတ်ိုင်းဖြစ်အောင်ကို ဆိုးလြန္းတယ္....."

Seokထြက္ေျပးဖို႔အခ်ိန္မရွိေတာ့ပါ ေျမာေနခ်ိန္ Samေရာ Kimပါသူ႕အနားသို႔ေရာက္ရွိေနၿပီေလ....ရိုးရိုးသားသားဝနမခံရရင္ ထြက္လဲေျပးခ်င္မေနပဲ ေသေရးရွင္ေရးဆိုရင္ေတာင္ ဒီရပ္ဝန္းထဲပဲ ဘဝအဆုံးခံပစ္လိုက္ခ်င္သည္.....။

မ်က္မွန္ကိုဆြဲခြၽတ္ပစ္ကာ တည္တည္ၾကည္ၾကည္ Samမ်က္ႏွာထက္ စိတ္ကုန္ျခင္းေတြအျပည့္.....။

Taeသည္ ခပ္ေကာက္ေကာက္ဆံပင္ေလးေအာက္က အဆန္းၾကယ္ဆုံးမ်က္လုံးလွလွေတြနဲ႕ ၿငိမ္ၿငိမ္ေလးၾကည့္ေနသည္.....။

"Sam ဟို....."

"ဘယ္ဟိုလဲ....သိပ္ဆင္ျခင္တတ္တဲ့ပါးစပ္ေတြ....ဆုံးမမဲ့သူရှ်ိလားမေး မရွိဘူးပဲျဖစ္သလိုေျဖတဲ့ဟာေတြ...."

ရွိခဲ့ပါတယ္ မဆုံးမေပးခဲ့ျခင္းကို Samနားလည္ေအာင္ တခ်ိန္တရက္ယူရွင္းျပခ်င္ေပမဲ့ ေသခ်ာေပါက္ ဒါသည္လဲ Samအတြက္ ဆင္ေျခသာသာတခုပဲမို႔မထူးပါ စိတ်ရှ်ိသလိုသာ ေဘာင္ခတ္ပါေလ ဒီေလာကႀကီးအတြက္ Seokဘယ္ေသာအခါကမွ လိမ္မာမေပးခ်င္ခဲ့ေသာေၾကာင့္.....။

ဒါေပမဲ့ ရွက္သည္ ရီးစားေလာင္းေလးေဘးမွာရွိေနသည္မို႔ ဆင္ေျခေတြကိုပဲ အားနာနာနဲ႕ေပးရေတာ့မည္.....။

"ေက်ာင္းပတ္ဝန္းက်င္မွာေတာင္ ရန္ျဖစ္ရဲတဲ့ေကာင္ေတြ....မင္းတို႔ ကေလးေတြမဟုတ္ေတာ့ တကၠသိုလ္ေက်ာင္းသားေတြ....."

တေယာက္ထဲေသာ Seokကို Samဖိေဟာက္ေတာ့ ကုတ္ကုတ္ေလးျဖစ္သြားေသာ Seokသည္ Crushေလးေရွ႕မို႔ စိတ္ထဲအီလည္လည္......။

"ရန္ျဖစ္တာမဟုတ္ဘူးSamရဲ႕...."

"မ်က္လုံးနဲ႕တပ္အပ္ျမင္ေနတာေတာင္ ျငင္းခ်က္ေသးရင္ ငါလုပ္လိုက္ရင္နာမယ္....!"

လက္ထဲကစာအုပ္ေတြနဲ႕ထ႐ြယ္ေတာ့ ေဘးနားကTaeပင္ မ်က္လုံးေတြျပာသြားသည္.....။

ဇက္ကေလးပုဝင္သြားကာ Seokသည္ က်ားေရွ႕ေမွာက္ယက္လဲသြားမိျခင္းကို Taeမ်က္လုံးထဲ တကယ့္ကေလးေလးဟုသာ မ်က္လုံးထဲျမင္ေနမိသည္.....။

"တကယ္ေျပာတာပါ Samရယ္ အဲတဖက္ကလူေတြက ေၾကးစားလူမိုက္ေတြျဖစ္ပုံရတယ္ က်ေနာ္တို႔စကားေျပာေနတုန္း ဘလိုင္းႀကီးျပသနာလာရွာတာ......"

"သူတို႔ကရွာတဲ့ျပသနာမလို႔သာပဲ....စုတ္ျပတ္သြားတာ မင္းေျပာတဲ့ေၾကးစားလူမိုက္ေတြေလ....!"

အဲဒါမ်ိဳးေတြရွိတတ္ပါတယ္ Sam....ဘယ္လိုေခၚမလဲ ေငြရမယ္ထင္လို႔လုပ္က်တာမ်ိဳးေပါ့။

ၾကားထဲက ဝင္ေထာက္ခံေနေသာ Taeအား Samလွည့္ၾကည့္ကာ နားလည္ေပးခ်င္သြားသည္.....Kimမ်ိဳးႏြယ္ေတြရဲ႕ စကားအရာသည္ ႏွလုံးသားထဲလဲေရာက္သလို ဦးႏွောက္ထဲလဲေရာက္တတ္ပါ၏.....။

"အဲဒါဆို မင္းအေပါင္းပါေတြ ဘာလို႔ထြက္ေျပးက်တာလဲ....မင္းတို႔မမွားရင္ ေၾကာက္စရာလိုမလားကြ...."

Seokစိတ္ထဲကေန က်န္၄ေကာင္ကိုက်ိန္ဆဲလိုက္သည္ ကိုယ္လြတ္႐ုန္းတဲ့သူငယ္ခ်င္းေကာင္းေတြ.....။

"Samကိုဆို မွန္လဲေၾကာက္ရတာ က်ေနာ္တို႔တင္မဟုတ္ပါဘူး တေက်ာင္းလုံးပဲကို..
..."

"ကြယ္ရာလုပ္ခ်င္တာလုပ္လိုက္တာမ်ိဳးကိုေၾကာက္တယ္မေခၚဘူး......"

Seokသည္ ႏႈတ္ခမ္းကိုလက္နဲ႕အုပ္ျပကာ ေခါင္းေလးငုံ႕လွ်က္......။

"တီတီ...."

ႏွာဖူးေၾကာတင္းတင္းနဲ႕ အံႀကိတ္ကာ ဆိုဆုံးမေနစဥ္ Joonieအသက္နဲ႕တန္းတူသက္တမ္းရွိၿပီျဖစ္တဲ့ ကားေဟာင္းႀကီး၏ ဟြန္းသံသည္ စည္ခနဲ.....။

ဟြန္းသံကအစ ေခတ္ေနာက္က်လြန္းေသာ ကားႀကီးကိုJoonieၾကည့္မရေနပါ....အႀကိမ္ႀကိမ္လဲေပးဖို႔ေျပာလဲ သားဦးလက္ေဆာင္ေပးထားတဲ့ ေဖေဖ့အမွတ္တရပစၥည္းမို႔ ေမေမသညိ သစ္စာရှ်ိရှိ သုံးခိုင္းစဲ.....။

ဘယ္လိုလုပ္ ဒီကားႀကီးနဲ႕က Crushကျပန္ႀကိဳက္မွာလဲ....ခက္တာပဲ ရင္ခုန္မိတာက ဆ်ိုးလ်ရဲ့ဒိတ်ဒိတ်ကြဲကိုပါဆို ေမေမလုပ္ပုံနဲ႕....အရွက္စကြဲေတာ့ ကိုယ့္ညီငယ္ေလးေရွ႕မို႔ Joonie အိမ္ေရာက္တာနဲ႕ ဒီကားစုတ္ကိုမီးပုံရွို႔ဖို႔ဆုံးျဖတ္လိုက္သည္.....။

"Samအိမ္ကလား...."

Taeသည္ Samကို လွည့္ၾကည့္ေမးလာေတာ့ ေခါင္းညိမ့္ျပရသည္.....။

"ေကာင္းေကာင္းျပန္ပါ Sam....."

ခါးေတြၫႊတ္ကာ ရိုရိုေသေသေလးႏႈတ္ဆက္လာေသာ Taeေၾကာင့္ Samအရွက္နည္းနည္းေျပသြားကာ ေခါင္းညိမ့္ျပလိုက္သည္.....။

"ဂ႐ုစိုက္ၿပီး ျပန္ပါSam ခုေခတ္ကလူေကာင္းေတြရွားတယ္ သတိထားပါ...."

မ်က္မုန္းက်ိဳးေနလို႔လားမသိ....ေစတနာေတြ ဘာေတြလို႔Samမသတ္မွတ္နိုင္ Seokစကားကို လာ႐ြဲ႕ေနျခင္းဟုသာ ေတြးခ်နိဳင္ၿပီး ဝတၱရားအရပင္ ေခါင္းမညိမ့္မိပါပဲ ၾကည့္မရတဲ့ကားႀကီးေပၚ ခပ္ျမန္ျမန္တက္သြားသည္.....။

"Tae Hyung ဂ႐ုစိုက္ၿပီးျပန္ေနာ္ ဆရာစိတ္ခ်ခ်င္တယ္...."

"ဟုတ္ကဲ့Sam....."

Sam သည္ Kimကိုႏႈတ္ဆက္စကားေျပာၿပီးသည္နဲ႕ ဒရိုင္ဘာကိုအခ်က္ျပကာ ေမာင္းခိုင္းလိုက္ေတာ့ ေဟာင္းလြန္းသည့္ကားႀကီးသည္ တေ႐ြ႕ေ႐ြ႕....ဆရာေတြကမ်က္ႏွာမလိုက္တတ္ပါဘူးဆိုတာ ေသြးထြက္ေအာင္ မွားလြန္းသည္.....။

"အိမ္ျပန္ေနာက္က်ျပန္ၿပီ ၿပီးေတာ့မင္းကအၿမဲတေယာက္ထဲ အႏၱရာယ္မ်ားကမ်ားနဲ႕....."

Tae ဒီလူနဲ႕ဆုံတိုင္း စိတ္ေတြတိမ္ေတြေပၚေရာက္ေနသလို ေပါ့ေပါ့ပါးပါးရွိလြန္းလွသည္....ေျပာင္ရွင္းရွင္းႏွာဖူးျပင္သည္ က်ေနာ္အိမ္ျပန္ေနာက္က်ေနျခင္းကိစၥကို ေျပာတဲ့အခါ တင္းမာေနျပန္သည္ ဘယ္လိုလူလဲလို႔အေတြးမ်ားရသည္.....။

"Sam႐ုံးခန္းကိုဝင္ေနလို႔ေလ ဒါနဲ႕ဘာလို႔က်ေနာ္ကို ေဒါသေတြထြက္ေနျပန္တာလဲ....."

"ေဒါသ...ေတြမဟုတ္ မထြက္ပါဘူး....စိတ္ စိတ္ပူလို႔သတိေပးတာ"

ျပတ္ေတာင္း ျပတ္ေတာင္းေလသံေတြကို Taeဆြဲဆက္ေပးလိုက္ခ်င္ပါသည္....မရဲေနတာမ်ား ကိုယ်ကကြောက်စရာကောင်းနေတဲ့အတ်ိုင်း Taeကခ်စ္စရာေလးဆိုတာ Maskေတြအုပ္ထားလို႔မသိရတာေနမွာပါ.....။

ေျခညွပ္ဖိနပ္ထိပ္ဦးေလးနဲ႕ ပလပ္ေဖာင္းကိုပြတ္တိုက္ကန္ကာ Seokသည္ မီးခိုးေရာင္မ်က္ဝန္းေတြကို တည့္တည့္မၾကည့္ရဲခဲ့.....။

Taeသည္ ပိုက္ဆံအိတ္ေသးေသးေလးထဲက ကာတြန္းပုံေလးေတြပါတဲ့ အူယားစရာ အနာကပ္ပလာစတာတခုထုတ္လိုက္သည္.....။

"ခင္ဗ်ား မ်က္ခုံးနားမွာ ဒဏ္ရာရထားတယ္....."

Taeက ေျခတလွမ္းတိုးလိုက္ေတာ့ Seokေျခႏွစ္လွမ္းေနာက္ဆုတ္လိုက္သည္.....။

ဆံပင္လိမ္လိမ္ေလးေအာက္က မ်က္ခုံးတန္းေတြ တြန့္ခ်ိဳးသြားကာ Taeသည္ အေရွ႕ကအူေၾကာင္ၾကားရဲ႕ ႀကိဳးသိုင္းလြယ္အိတ္ရဲ႕ႀကိဳးကို ဆြဲခ်လိဳက္ေတာ့ ရင္ဘတ္ခ်င္းထိမိတဲ့အထိ ပါလာတဲ့သူ......။

"ဒဏ္ရာကို ကပ္ေပးမလို႔ေလ ဘာလို႔ထြက္ေျပးေနတာလဲ က်ေနာ္လူေကာင္းပါ ေစာေစာက ခင္ဗ်ားတို႔နဲ႕ရန္ျဖစ္တဲ့လူဆိုးေတြမဟုတ္ဘူး....!"

လူေကာင္းမွန္းသိသည္.....ဒီလူေကာင္းေလးကို ဘယ္ေလာက္ထိ ဘယ္အတိုင္းတာေတြထိ ခ်စ္မိေနလဲ သေချာသ်ိတာမို့ နီးနီးကပ္ကပ္ရပ္မိရင္ကို အဆင္မေျပတာေၾကာင့္ ေယာင္ယမ္းေနာက္ဆုတ္မိခဲ့ျခင္းပါ......။

မတိမ္းမယိမ္းအရပ္တခုနဲ႕ သိပ္မကြာတဲ့ခႏၶာကိုယ္တည္ေဆာက္ပုံႏွစ္ခုသည္ ယွဥ္ရပ္လိုက္တဲ့အခါ တကယ္ပနံသင့္လြန္းပါသည္......။

ပလာစတာကို ခြာေနေသာလက္သြယ္သြယ္ေလးေတြဆီ Seokေငးခနဲ.....ထိီပေါက်တာထက် ကံေကာင္းလြန္းေနတယ္လို႔မထင္ဘူးလား ထင္က်စမ္းပါ ထင္ေပးက်ပါ.....။

ဒီလိုအျပဳစုခံရမယ္လို႔ႀကိဳသိခဲ့ရင္ ေသခ်ာေပါက္က်ေနာ္ခ်ည္း ခံခဲ့လိုက္မွာ ရန္ေတာင္ျပန္ေျပးျဖစ္ခ်င္ျပန္ၿပီ.....။

လက္ေတြကဖယ္ခြာကာ ဒဏ္ရာကိုေသခ်ာစူးစမ္းၾကည့္ေနေသာ မီးခိုးရောင်မျက်ဝန်းတွေဆိီ အၾကည့္ေရာက္သြားတဲ့အခါ Seo kဝင္ေလနဲ႕ထြက္ေလ အရႉသြင္းေတြမွားကုန္ေတာ့သည္......။

"အရမ္းေတာ့ မမ်ားေပမဲ့ မေပါ့ဆသင့္ဘူးမလား မ်က္ႏွာဆိုေတာ့အေရးႀကီးတယ္......"

"ေယာကၤ်ားပဲဟာ ဘာမွမျဖစ္ပါဘူး....."

ေနာက္တခါထပ္ဆုတ္သြားမွာစိုးတာနဲ႕ Taeရွပ္ေကာ္လံေလးကို အသာဆြဲထားလိုက္သည္.....။

ဒဏ္ရာကို ေသခ်ာဂ႐ုစိုက္ကာ လုပ္ေပးလာသည္....ကြၽမ္းက်င္ေနတာမ်ိဳးေတာ့မဟုတ္ပါ ဒီအတိုင္းစမ္းတဝါးဝါး လုပ္ေပးေနတာပဲျဖစ္လိမ့္မည္.....။

ေသးငယ္တဲ့လႈပ္ျခားမႈေတြကိုၿငိမ္ၿငိမ္ေလးလိုက္ၾကည့္ေနစဥ္ Maskကို ဆြဲခြၽတ္လိုက္တာေၾကာင့္ Seokကမၻာႀကီး ေဇာ္ထိုးမိုးေမွ်ာ္ေတြျဖစ္ကုန္သည္....ေပၚလာေသာ ႏွာရိုးျမင့္ျမင့္ေလးေတြသည္ ဘယ္လိုဖန္တီးရွင္ရဲ႕ ကြၽမ္းက်င္မႈေတြဆီက ထုဆစ္ေပးခဲ့သလဲ....အသည္းပုံသ႑ာန္ႏႈတ္ခမ္းေတြဆီ ၾကည့္မိတဲ့အခါ Seokအသက္ရႈျခင္းကို ခ်က္ခ်င္းရပ္ပစ္လိုက္သည္......။

ႏႈတ္ခမ္းေတြကိုစုေထာ္ကာ Seokႏွာဖူးနားထိတိုးလာၿပီး စပ္မွာစိုးလို႔ထင္ပါသည္ တဖူးဖူးနဲ႕မႈတ္ေပးလာသည္......။

"ေတာ္....ေတာ္ၿပီ ရ....ရၿပီေလ ဒီေလာက္ဆို...."

ဒိီတကြိမ်တော့ ႏွစ္လွမ္းနဲ႕မက သုံးေလးလွမ္းေလာက္ Seokေနာက္ဆုတ္မိလိုက္သည္....ႏွလုံးခုန္ႏႈန္းေတြသည္ ဘယ္လိုမွထိန္းခ်ဳပ္လို႔မရနိုင္ေတာ့ ခုန္ေပါက္ေနျခင္းသည္ မေတာ္တဆ အျပင္ဘက္သို႔ခုန္ထြက္လာနိုင္သည္အထိ ျပင္းထန္လြန္းစြာ.....။

သတိထားမိသေလာက္ေတာ့ ဒီလူစကားနည္းနည္းထစ္ေလာက္မည္ဟု Taeစိတ္ထဲ တိတ္တိတ္ေလး မွတ္ယူထားလိုက္သည္.....။

"ရန္မျဖစ္ပါနဲ႕မေကာင္းဘူး....ရန္ျဖစ္ရတာေကာင္းရင္ေတာင္ မ်က္ႏွာမွာဒဏ္ရာရလာတာေတာ့ မေကာင္းဘူးမလား....."

"ကိုယ္က ဒီေက်ာင္းရဲ႕ခ်ဥ္ဖတ္ ၿပီးေတာ့ ဆိုးတယ္ရန္ျဖစ္တယ္ ဒဏ္ရာေတြဆို မ်က္ႏွာမွာျပတ္တယ္လို႔မရွိဘူး အဲေလာက္ဆိုသိၿပီမလား အဲေတာ့ ေစာေစာကလိုအျပဳမႈမ်ိဳးကိုယ့္ကိုမွမဟုတ္ဘူးဘယ္သူကိုမွမလုပ္မိေစနဲ႕ ေဝးေဝးေနပါ အႏၱရာယ္မ်ားတယ္...."

"ဒီေလာက္ေဝးေဝးဆို အဆင္ေျပၿပီလား...."

လက္တကမ္းစာအေနထားေလာက္တြင္ ေျခစုံ ေသခ်ာရပ္ကာ Tae ခပ္႐ြဲ႕႐ြဲ႕ေမးလိုက္ေတာ့ မျက်စ်ိရှေ့ကလူကပြူးပြီးကြည့်ေနသည္......။

ဘယ္လိုလုပ္မလဲ....ဘယ္လိုလုပ္ရမလဲ လမ္းမႀကီးေပၚ အသည္းယားစရာေကာင္းေအာင္ လုပ္ျပေနတဲ့Kim တျခားသူ က်ေနာ္မဟုတ္တဲ့တျခားတေယာက္သာဆို စိတ္မထိန္းနိုင္ပဲ ေကာက္ေပြ႕သြားရင္ အသည္းေတြကိုဘယ္လိုပလန္ခ်ကြဲရမွာလဲ.....။

"ေကာင္းေကာင္းျပန္ေတာ့ ေနာက္က်ေနၿပီ......"

အခန္းထဲ တေယာက္တည္းစိတ္ကူးယဥ္ တိမ္ေတြေပၚ တိုက္ေတြေဆာက္ရတဲ့အခ်ိန္ေတြတုန္းကေတာ့ ဘယ္လိုခ်စ္ပစ္မွာ ဘယ္လိုနမ္းပစ္လိုက္မွာ ဘယ္လိုအသည္းယားၿပီးထားသိုစရာမရွိေအာင္ ျမတ္ျမတ္နိုးနိုး ခ်စ္ေပးလိုက္မွာဆိုေသာ Planေတြသည္ မ်က္ႏွာေလးျမင္လိုက္ရခ်ိန္ သတၱိေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္.....။

တစိမ့္စိမ့္ထိုင္ၾကည့္ခ်င္ေနေပမဲ့ စကားမေျပာတတ္ေသာ မ်က္ေတာင္မခတ္နိုင္ေသာ အသက္မဲ့ဓာတ္ပုံေတြကိုပင္ စကၠန့္မွ်ေလာက္စိုက္ၾကည့္ဖို႔ပင္ မဝံ့ရဲခဲ့ပါ.....။

စကားလဲေျပာေသာ မ်က္ေတာင္လဲခတ္ေနေသာ သက္ရွိအ႐ုပ္ေလးေရွ႕တြင္ ၾကာၾကာေနဖို႔ ဦးႏွောက္ကခြင့္ျပဳမေနပါ....လွည့္ထြက္လာခဲ့သည္ ေဝးေဝးကခ်စ္ေနေတာ့ အဆင္ေျပသလိုလိုရွိေပမဲ့ အနီးကပ္ႀကီးက် ေနသားမက်ေသးပါ.....။

"HoSeok Shi....."

ရွိသမွ် အရာခပ္သိမ္း သိမ္းယူသြားေသာ အသံTone အနိမ့္အျမင့္မရွိ တေျဖာင့္တည္းေသာ ေရျပင္ညီလိုၿငိမ္ၿငိမ္ေလးနဲ႕ ညိမ့္ညိမ့္ေလး....။

Seokေခါင္းေလးပဲလွည့္ၾကည့္လိုက္ေတာ့ ေနရာမွာပဲ ေဘာင္းဘီအိတ္ထဲလက္ႏွစ္ဖကိထည့္ကာ ရပ္ၾကည့္ေနသည္.....။

"ဘာနဲ႕ျပန္မွာလဲ ကားလဲမပါပဲ...."

"ေျခေထာက္ပါတယ္ေလ လမ္းေလွ်ာက္ျပန္မွာ...."

"အာ့ဆိုလဲ တူတူလမ္းေလွ်ာက္ျပန္က်တာေပါ့...."

ေျခလွမ္းတဘုန္းဘုန္းနဲ႕ေျပးလိုက္လာေသာအခါ Seokရင္ထဲလွိုက္တက္လာေသာ ေပ်ာ္႐ႊင္မႈအလုံးအရင္းလိုက္သညိ ၿမိဳခ်လိဳ႕လည္းမရ ႀကိတ္ၿပဳံးေနမိသည္ သို႔ေပမဲ့.....။

"လမ္းေလွ်ာက္ျပန္တာ အဲေလာက္လြယ္တယ္ထင္လို႔လား ကားပါတာကားနဲ႕ျပန္ေလ...."

"ခင္ဗ်ားကို ျပန္လိုက္ပို႔ေပးခ်င္လို႔ လမ္းေလွ်ာက္ဆိုလဲလမ္းေလွ်ာက္ ကားနဲ႕ဆိုလဲကားနဲ႕ေပါ့....."

"လူေတြကို အလြယ္မယုံသင့္ဘူးေလ Kim Tae Hyung အထူးသျဖင့္ကိုယ့္လိုလူဆိုးကို......"

"ခင္ဗ်ားက Taeေက်းဇူးရွင္ေလ Taeလူေတြကိုမယုံပါဘူး ခင္ဗ်ားကိုေတာ့ယုံလို႔ရမယ္ထင္လို႔....."

ခ်စ္စရာေလးဗ် ၿပီးေတာ့ေျပာရဆိုရ ခပ္ခက္ခက္ကေလး ငုံ႕ၾကည့္မိေတာ့ ေျခဖဝါးေလးေတြသည္ ေျမႀကီးနဲ႕တခါမွမထိေတြ႕ဖူးေသးမွန္း သိသာပါသည္.....ေျခအိတ္မပါပဲ ဒီအတ်ိုင်းလမ်းလျှောက်လို့ကတော့ မေတြးရဲစရာပါပဲ......။

"လိုက်ပို့ဖ်ို့က လမ္းမႀကဳံဘူးေလ....."

ဆိုးလ္ၿမိဳ႕ထဲမွာပဲရွိတာမလား အဲဒါဆိုႀကဳံေနပါၿပီ.....Taeက နာမည္ႀကီးတေယာက္ပါ ေက်းဇူးသိတတ္လို႔ ဒီေလာက္ထိ ခယေနတယ္ဆိုတာေတာ့ သိထားေစခ်င္တယ္ HoSeok Ssi....။

ကားတူတူလိုက္မစီးခ်င္ပဲမေနပါဘူး....စၾကာဝဠာအဆုံးထိဆိုရင္ေတာင္ လက္သြယ္သြယ္ေလး ေဆာင္က်ဥ္းရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္ခ်င္ခဲ့တဲ့သူပါ ဒါေပမဲ့ေတြလုပ္မေနပါဘူး လိုက္သြားလိုက္မယ္ေလေနာ္.....။

"ေစတနာနဲ႕လိုက္ပို႔တာဆို လက္ခံလိုက္မယ္ေက်းဇူးရွင္မလို႔ ေက်းဇူးဆပ္တာဆိုရင္ေတာ့ ကိုယ္မလိုက္ဘူးေနာ္....."

"ကဲေစာေစာက လူဆိုးေၾကးစားေတြနဲ႕ ထပ္ေတြ႕ေနမွာစိုးလို႔ ေစတနာေရွ႕ထားလိုက္ပိူ႕ေပးတာပါဗ်ာ...."

HoSeokၿပဳံးလိုက္မိသည္....အတတ္တကာ့ အတတ္ေလး....။

ဘောင်းဘီအ်ိတ်ထဲလက်နှိုက်ကာ ရွတတအသံေလးနဲ႕ ဆံပင္လိမ္လိမ္ေတြၾကားက မ်က္လုံးေတြသည္ ထာဝရအသက္ရွည္ေဆးေတြျဖစ္ခဲ့သည္.....။

ၿပဳံးလိုက္ေတာ့ လွစ္ခနဲေပၚလာေသာ ပါးခ်ိဴင့္ေသးေသးေလးကို Taeျမင္ျဖစ္ေအာင္ျမင္သြားသည္
ဒီလူႀကီး ၿပဳံးတတ္တာပဲ ပါးခ်ိဳင့္ ေပၚ ေအာင္ကိုေကာင္းေကာင္းႀကီးၿပဳံးတတ္ပါ၏.....။

အစိမ္းေရာင္စိုစိုLongCoatေလးနဲ႕ အ႐ုပ္ေလးက ကားတံခါးအသင့္ဖြင့္ေပးေတာ့ Seokတခါထဲဝင္ထိုင္လိုက္သည္.....။

ဒီဇင္ဘာညေနခင္းတခုပဲ သိပ္ေအးခ်မ္းလြန္းစြာ ညိမ့္ညိမ့္ေလးေမာင္းေနေသာ ဝက္ဝံညိုေလးရဲ႕ ကားေလးထဲ စကားစျမည္ေျပာရင္း မရင္းႏွီးက်ေပမဲ့ စိမ္းသက္မေနက်ပါ.....။

စရင္းႏွီးခြင့္ရခဲ့ေသာ ဒီဇင္ဘာ3ရက္ေန႕ကို ရႈပ္ယွက္ပြခတ္ေနေသာ အခန္းနံရံေပၚတြင္ Seokေသခ်ာေပါက္ Dateခ်ေရးမယ္လို႔ စာေရးသူက ေလာင္းေၾကးထပ္ရဲပါ၏.....။

.............,

"သား.....ဒီမွာလာအုံး"

Jeonသည္ ျပန္လာသည္နဲ႕ ဓာတ္ေလွကားထဲ ေနာက္ကတေယာက္ေယာက္လိုက္လာတယ္ဟု ထင္ရေသာႏႈန္းထဲ ေျပးဝင္မည္အလုပ္ အေမျဖစ္သူေခၚသံေၾကာင့္ ေျခလွမ္းေတြတုန့္ခနဲ.....။

Jeonသည္ ထမင္းစားခန္းသို႔ လွမ္းၾကည့္လိုက္စဥ္ ေမေမနဲ႕အတူ တြဲဖက္ျမင္လိုက္ရေသာသူေၾကာင့္ မ်က္ႏွာတခုလုံးမီးျဖင့္ ဟပ္ခံလိုက္ရသလို ပူရွိန္းတက္လာသည္......။

Jeonမေတြ႕မိေအာင္ ႀကိဳးစားေရွာင္ဖို႔လုပ္ေနတုန္းမွာပင္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္အေရွ႕ေရာက္လာျခင္းေၾကာင့္ ငိုခ်င္လာမိသည္.....။

ကျနော်ရေတက်ချ်ိုးတော့မယ် ေမေမ ညစာအျပင္က စားလာခဲ့လို႔ မစားေတာ့ဘူး.....။

Jeonရေအာင္ ေရွာင္ထြက္ဖို႔ကိုပဲ ဦးစြာစဥ္းစားလိုက္ၿပီ ေျပာေျပး ေျပးဖို႔ျပင္လိုက္သည္.....။

"ေမေမကေခၚေနရင္ လာေလ ခုမွခရီးကျပန္ေရာက္တဲ့အေမနဲ႕လဲ မ်က္ႏွာခ်င္းဆိုင္ခ်င္တဲ့စိတ္ေလး ေမြးပါအုံး...."

Jeon သက္ျပင္းခပ္ေလးေလးခ်ကာ ထမင္းစားခန္းသို႔ မတတ္သာတဲ့အဆုံးဝင္လာရသည္......။

JiMinသည္ မိမိအားတခ်က္မွ်မၾကည့္ပါပဲ ထမင္းစားခန္းထဲ ကိုယ္သြားတိုင္းစိတ္မပါလာေသာ Jeonကိုၾကည့္ကာ ၿပဳံးစိစိ.....။

မိမိရဲ႕အိမ္ေထာင္ဘက္က မိမိကိုယ္တစက္မွၾကည့္မရ မႀကိဳက္နိုင္ေနတာလည္း ParkJiMinတို႔က နည္းတဲ့ကုသိုလ္လား.....။

အရင္တုန္းကေတာ့ မေတာ္တဆ အိမ္မွာေတြ႕မွျမင္မွ စိတ္မၾကည္လင္လြန္းမွ မေကာင္းေသာစိတ္အခံေလးနဲ႕ ဒုကၡေပးခ်င္ရေသာ ႐ုပ္ဆိုးေကာင္သည္ အိမ္ကထြက္လမ္းမေပၚေတြတိုင္းမွာ မုန္းစရာေကာင္းေအာင္စီးႀကိဳေနေသာ အေျခေနထိ ေရာက္လာခဲ့သည္.....။

မနည္းမေနာ အရွိန္ဟုန္တခုနဲ႕ ေအာင္ျမင္မႈတခုသည္ န်ိုင်ငံနဲ့ချီပြီးရနေတာမှမဟုတ်ပဲ ကမၻာနဲ႕ခ်ီၿပီး ဝိုင္းသည္းသည္းလႈပ္ေနက်တာမွ အထင္မႀကီးစရာပါပဲ.....။

"ဘယ္လိုျဖစ္လို႔ မ်က္ႏွာကမၾကည္မသာျဖစ္လာတာလဲ အဆင္မေျပဘူးလား ပင္ပန္းလို႔လား ေမေမေျပာသားပဲ မလုပ္ဖို႔ကိုအတန္တန္....."

"က်ေနာ္အလုပ္က က်ေနာ္ဘဝေလ ေမေမ ေျပတယ္ ေျပလြန္းေနတာ ေခါင္းမၾကည္ေနလို႔ မ်က္ႏွာကမၾကည္တာ ဆိုင္မေနဘူးအလုပ္နဲ႕....."

Jeonသည္ စားပြဲေပၚ အနက္ေရာင္အိတ္ႀကီးကိုခ်ကာ ေတြ႕တာနဲ႕ ခေရစိတြင္းက် ျပစ္ခ်က္ရွာခ်င္ေနေသာ အေမျဖစ္သူကို စူပုတ္ပုတ္ၾကည့္ကာေျပာလိုက္သည္.....။

"မင္းေဖေဖ ေနသိပ္မေကာင္းလို႔ ေမေမျမန္ျမန္ျပန္လာရတာ....အဲဒါေၾကာင့္ သားကိုေမေမေျပာတာေပါ့ Companyကိုပဲ ဝိုင္းကူေပးဖို႔ကို ေမေမတေယာက္ထဲက် ဘယ္လိုမွအဆင္ေျပမေနဘူး....."

"ေမေမ ေတြ႕တိုင္းဒါေတြပဲေျပာေန....ထူးလာတာလည္းမဟုတ္ပဲ....."

Jeonသည္ ေရတခြက္ေမာ့ေသာက္ကာ မ်က္ေစာင္းထိုးေနရာတြင္ ထိူင္ေနေသာသူထံ ေယာင္လို႔ပင္အၾကည့္မေရာက္....အေရွာင္အတိမ္းသိပ္ကြၽမ္းက်င္လြန္းသည္.....။

"ထူးလာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကေလးနဲ႕ေပါ့.....ပုံစံခြက္ခ်ေနတာမ်ိဳးမွမဟုတ္တာေမေမ အကူညီေတာင္းတယ္လို႔စိတ္ထားနိုင္ရင္ကို သားဒီေလာက္ထိခါးသီးေနမွာမဟုတ္ဘူး....."

"က်ေနာ္မအားဘူး....အားေနတဲ့သူကိုခိုင္းေလ"

JiMinသည္သူအား by nameအတပ္မခံရေပမဲ့ ဒီစကားဟာ ေသခ်ာေပါက္ သူ႕ကိုမန္းရွင္းသြားမွန္း အထူးအပါးနားလည္သူမို႔ ေသခ်ာသိပါသည္.....။

သူက Cameraတခုနဲ႕အလုပ္တခုထဲကိုမ်ား....ParkJiMinရဲ႕ တေန႕တာဟာ အခ်ိန္ဇယားနဲ႕မနည္းညွိရေသာ အလုပ္ေတြကို စာရင္းခ်ျပလိုက္ရင္ ႐ုပ္ဆိုးေကာင္ ေနရာတင္ ေသြးတက္သြားမွာေသခ်ာပါသည္......။

"သားငယ္က ငယ္ေသးတယ္....."

မရယ္ရတဲ့ ဟာသေတြကို ေမေမေ႐ြးေျပာတတ္သည္....တစ္လေလာက္သာ ငယ္ေသာသူကို 10ႏွစ္ေလာက္ပဲငယ္ေနသလိုလို မ်က္ႏွာလိုက္လိုက္ေျပာေပးသည္.....။

"ဒါပဲဆိုလဲ က်ေနာ္အေပၚတက္ေတာ့မယ္...."

"ဘာမွဒါပဲမဟုတ္ဘူး....ဒီမွာ သားငယ္အတြက္ ပုဇြန္အခြံခြာေပးခိုင္းမလို႔ ဘယ္လိုျဖစ္လို႔ အေစာႀကီးကိုဖင္မၿငိမ္တာလဲ Jeon Jung Kookရဲ႕....."

"က်ေနာ္က..."

Jeonသည္ သူ႕ကိုယ္သူလက္ညိုးထိုးျပကာ သမင္မ်က္လုံးေလးလို ဝိုင္းစက္ေနတဲ့မ်က္လုံးေလးေတြနဲ႕ မယုံနိုင္သလို အေမျဖစ္သူအားေမးလိုက္သည္.....။

"ဟုတ္တယ္...."

"ဘာလို႔ခြာေကြၽးရမွာလဲ မေကြၽးနိုင္ပါဘူး....ေျခလက္အေကာင္းႀကီးနဲ႕ကို ေမေမလြန္မလာပါနဲ႕......!"

Jeonသည္ အေမျဖစ္သူကို ေဒါသမထြက္စဖူးထြက္ကာ တခ်ိန္လုံးေရွာင္ဖယ္ထားတဲ့ ေဘးကေကာင္ကိုလဲ စိတ္ထဲဖ်င္းခနဲျဖစ္သြားတာမို႔ လွည့္ၾကည့္လိုက္သည္......။

ပတ္တီးအေဖြးသားနဲ႕ လက္တဖက္ကိုျမႇောက္ျပကာ စီးႀကိဳေနေသာ လူဆိုးသည္ ရိုက္ေပါက္မ်က္ႏွာနဲ႕.....။

"ဒဏ္ရာရထားတယ္ အဲဒါေၾကာင့္ခြာခိုင္းတာ....ခဲယဥ္းတာမွမဟုတ္တာ သားကလိမ္မာပါတယ္ ေမေမကလက္သည္းေတြရွည္ေနလို႔ပါ......"

"ဘာမွမလိမ္မာဘူး.....လုပ်မပေးန်ိုင်ဘူး တျခားဟာနဲ႕စား"

Jeonဘူးခံျငင္းလိုက္သည္....မွန္ပါသည္ လုပ္ေပးခ်င္မေနပါ ပင္ပင္ပန္းပန္းျပန္လာရလို႔ ျပည့္ျပည့္ဝဝနားခ်င္ေနေသာ Jeonသည္ ဘာအလုပ္မွမရွိ ရန္ပြဲနဲ႕ေလာင္းစကားၾကား က်င္လည္ေနသူကို အလုပ္ေကြၽးျပဳရမယ္ဆိူတာ လူၾကားလို႔မွမေကာင္းတာ......။

"Jeon Jung Kook!!!"

"ေနပါ မားရယ္ သူမလုပ္ေပးနိူင္ရင္ထားလိုက္ပါ သားမစားေတာ့ဘူး သြားအိပ္လိုက္မယ္...."

ခ်ိဳင္းကကိုင္ကာ ၿခံျပင္ကိုလႊင့္ပစ္လိုက္ခ်င္စရာအကြက္ေတြ ပန္းႏုေသြးမ်က္ႏွာနဲ႕ အကယ္ဒမီေရွာ့ေတြကို ပိီပီပြင်ပြင်မျက်နှာဖုံးတပ်ကာ ကူလီကူမာမ်က္ႏွာနဲ႕JiMinကို Jeonေဒါသေတြထပ္ထပ္ထြက္ ရပါသည္.....။

"မရဘူး သားပဲစားခ်င္တယ္ေျပာလို႔ မားေသခ်ာခ်က္ခိုင္းထားရတာ ေဆးေသာက္ရမွာမလို႔ မစားလို႔မရဘူး Jeon မင္း ေမေမကေျပာရင္ တခြန္းနဲ႕ရစမ္းပါ....."

"ေမေမအဲေလာက္ျဖစ္ေနရင္ ကိုယ္တိုင္လုပ္ေပးလိုက္ေလ......"

Jeonသညိ ငိုခ်ေတာ့မဲ့မ်က္ႏွာညွို႔မွိုင္းမွိုင္းျဖင့္ Jeonကေတာ္အား ေျပာလာသည္.....။

"မာမီ ပဲရစ္ကေန လက္သည္းအတုတပ္ထားလို႔ေျပာၿပီးၿပီေလ မဟုတ္ရင္ မင္းကိုခိုင္းမေနဘူး ေမာလြန္းလို႔......"

အညိုေရာင္လက္သည္းရွည္ေတြကိုေထာင္ျပကာ ေမေမသည္ JiMinနဲ႕ပတ္သက္ရင္ က်ေနာ္အေပၚ လုံးဝမသက္ညွာမေပးခဲ့ပလ တခါတေလေပါင္းၿပီးမ်ား လုပ္ႀကံေနသလားဟု ေယာင္ယမ္းေတြးမိသည္အထိ.....။

"အလုပ္သမားေတြ ဒီေလာက္ေပါတာ က်ေနာ္ဒီအိမ္က အလုပ္သမားေတာ့ မဟုတ္ေသးဘူးမလား....."

Jeonသည္ စိတ္ထဲတြင္အခ်ဥ္ေပါက္လြန္းလို႔ အေမျဖစ္သူထံ ရဲရဲၾကည့္ေမးလိုက္သည္....သ်ိပ်ဂရုစိုက်ပုံမရသော Mr,Jeonကေတာ္သည္ ပုဇြန္ေတြအျပည့္ထည့္ထားေသာ ပန္းကန္းအားJeonေရွ႕သို႔ တိုးေပးလာသည္.....။

ငယ္ငယ္ကတည္းက....ParkJiMinနဲ႕ပတ္သက္ရင္ ေ႐ြးခ်ယ္စရာမရွိခဲ့တာေတြ....ParkJiMinဟာ ကိုးကြယ္ရာတခုလို က်ေနာ့္အတြက္ေမေမက ေသခ်ာပုံစံသြင္းေပးခဲ့တာ.....။

ၿငိဳျငင္တာမ်ိဳး တြန့္ဆုတ္တာမ်ိဳးမဟုတ္ေပမဲ့....က်ေနာ့္အသက္ပိုင္းျခားနဲ႕က် မာနနဲ႕သိကၡာကို တိုက္ရိုက္လာထိသလိုခံစားရေတာ့ 12ႏွစ္သား Jeon Jung Kookလို အၿမဲေခါင္းမညိမ့္နိုင္ကတည္းက ျပသနာစခဲ့သည္.....။

မ်က္လုံးေတြနဲ႕ပဲ ေမေမကေျဖရွင္းေပးခဲ့သည္....နားထဲမဝင္ဝင္ေအာင္ ဝင္ၿပီးျပန္မထြက္ေတာ့ေအာင္ ရိုက္သြင္းခဲ့သည္.....။

ParkJiMinဆိုတာနဲ႕ လႈပ္မရေတာ့တဲ့အေၾကာင္းအရာေတြဟာ အရိုးစြဲတဲ့အထိၿမဲခဲ့သည္မို႔ ဒီတခါလည္း Jeonဘက္ကပဲ သေဘာထားႀကီးေပးရျပန္သည္....။

Jeonသည္ လက္အိတ္အၾကည္ေလးေတြကို လက္ႏွစ္ဖက္လုံးတြင္စြပ္ကာ ပုဇြန္ေလးေတြကိုစကိုင္ခဲ့သည္....မကြၽမ္းက်င္တာ မလုပ္တတ္တာမ်ိဳးမရွိ မျဖစ္မေနတတ္ထားရေသာ အတတ္ပညာတခုလို Jeonေသခ်ာသင္ယူထားခဲ့ရသည္.....။

ပုဇြန္အခြံေတြ ေသခ်ာေျပာင္ေအာင္ခြာၿပီး ပန္းကန္အလြတ္တခုထဲသို႔ စီခ်ေနေသာ Jeonအား Mr,Jeonကေတာ္ေက်ေက်နပ္နပ္ၾကည့္ေနခဲ့သည္....ေဘးနားက ေကာင္ေလးသည္လဲ ေငးေငးေလးၾကည့္ေနသည္.....။

တိတ္ဆိတ္သြားေသာ ထမင္းစားပြဲတြင္ Mr,Jeonကေတာ္ဖုန္းထံသို႔ ဖုန္းဝင္လာခဲ့သည္.....။

"မင္းေဖေဖ ဆက္တာ....."

ပုဇြန္ခြာေနရင္းမွ ေမာ့မၾကည့္ပဲJeonကေခါင္းညိမ့္ျပလိုက္သည္.....။

"သားငယ္ မားဖုန္းသြားေျပာလိုက္အုံးမယ္....."

"ဟုတ္ကဲ့ပါ မား...."

Jeonသည္ ပုဇြန္ခြာျခင္းအမႈကို စိတ္ပါလက္ပါျပဳလုပ္ေနသည္....Jeonကေတာ္ထြက္သြားတာလဲ စိတ္မဝင္စား ဒါလုပ္ဆိုတာနဲ႕ သူလုပ္ေပးနိုင္တာဆို အဆုံးထိတာဝန္ေက်စြာလုပ္ေပးတတ္သည္က သူ႕အက်င့္ေကာင္းေလးတခု.....။

"ပန္းကန္ထဲမထည့္ပဲ ငါ့ပါးစပ္ထဲတခါတည္းထည့္ေပးပါလား....."

ျဖတ္ခနဲေမာ့ၾကည့္လာေသာ Jeonမ်က္လုံးေတြသည္ 100%ေက်နပ္ေနျခင္းေတာ့မဟုတ္ေနပါ
အနိုင္က်င့္ခံေနရေသာ ကေလးတေယာက္လို မလုပ္ေပးပဲထထြက္သြားလို႔ရရက္နဲ႕ ေပကပ္လုပ္ေပးေနသည္ကို JiMin ထပ္ဆြေပးခ်င္လာသည္.....။

"ခြာေပးတာကို ေက်းဇူးတင္လိုက္....ေက်းဇူးဆပ္တဲ့အေနနဲ႕ ဒီေလာက္ေတာ့ယူစားလိုက္လို႔ရတယ္မလား....."

"ဒီဘယ္ဘက္လက္ကေလ ဖဲခ်ပ္ခ်ိဳးတာကလြဲရင္ ဘာမွသုံးစားမရဘူး ငါကညာသန္....."

Jeonသည္ ဘာမွျပန္မေျဖ ပုဇြန္ကိုပဲဆက္ခြာေနလိုက္သည္.....။

"ငါ့10ႏွစ္သားမဟုတ္ေတာ့ဘူးJung Kook အ႐ုပ္ေတြနဲ႕ ေဆာ့ေသးတယ္ထင္တုန္းလား....."

ပုဇြန္ခြာေနတဲ့လက္ေတြလႈပ္ျခားမႈရပ္သြားသည္.....ေမြးေန႕ပြဲေန႕ကဟာေတြ ဦးႏွောက္ထဲေျပးဝင္လာေတာ့ Jeonတကိုယ္လုံးၾကက္သီးတို႔ျဖန္းခနဲ.....။

မွတ္မိသြားၿပီလားဆိုတဲ့ ေျပးကပ္လာတဲ့အသိတခုသည္ Jeonခႏၶာကိုယ္တခုလုံးကို ထုန္ခနဲ က်င္ခနဲ....။

"နိုင္ငံေက်ာ္Brandေလာက္ျဖစ္ျဖစ္ တတ္နိုင္ရင္ကမၻာေပၚBrandတခုေလာက္ဆို အဆင္ေျပတာကို ကေလးကလား လက္ေဆာင္က...."

ဦးတည္ရာသည္ Jeonစိုးရိမ္ေနရေသာ အရာမဟုတ္တာေၾကာင့္ ပုဇြန္ေခါင္းေလးေႁခြလိုက္ရင္းမွ သက္ျပင္းေလးဆြဲခ်လိဳက္သည္......။

"မလိုခ်င္ လႊင့္ပစ္လိုက္ေပါ့ စကားမ်ားလိုက္တာ.....!"

"ေျပာတာေနာက္က်ေနေသး လႊင့္ပစ္လိုက္တာၾကာၿပီေပါ့....."

ဘယ္ဘက္လက္ေပၚေမးေထာက္ကာ သူ႕ကိုစိုက္ၾကည့္ေနတာ ေသခ်ာသိလဲ Jeonေမာ့မၾကည့္မိ ပုဇြန္ေတြကိုသာ ဆက္ခြာေနလိုက္သည္......။

Jeonခြာၿပီးတဲ့ ပုဇြန္ေကြးေကြးေလးကို ပန္းကန္ထဲထည့္ဖို႔လွမ္းလိုက္စဥ္ လက္ကိုလွမ္းဆြဲျခင္းခံလိုက္ရသည္......။

အဆိုးငယ္သည္ Jeonလက္ကို သူ႕လက္နဲ႕ဆြဲယူကာ လက္ဖ်ားကပုဇြန္ေလးကို ပါးစပ္ထဲထည့္လိုက္သည္.....။

ႏႈတ္ခမ္းဖူးဖူးေတြသည္ လက္ဖ်ားေတြကိုစည္းကမ္းမဲ့စြာ ထိေတြ႕လာမႈတြင္ Jeon လက္တခုလုံး ဓာတ္စီးသြားသလို....ခပ္ျမန္ျမန္ျပန္ဆြဲ႐ုတ္လိုက္တဲ့အခါ အက်င့္တစက္မွမေကာင္းက ျပဴးကာၿပဳံးၿပီးၾကည့္ေနသည္.....။

Jeonမ်က္လုံးဝိုင္းဝိုင္းႀကီးေတြသည္ ခပ္ဖူးဖူးႏႈတ္ခမ္းေလးနဲ႕ သူ႕လက္ထဲက ပုဇြန႔္တခုကိုဆြဲစားလိုက္ေသာ ျမင္ကြင္းတြင္ ေၾကာင္အ သြားခဲ့သည္.....။

ႏႈတ္ခမ္းကို တမင္ေထာ္ကာ ပုဇြန္ကိုအရသာခံ စားျပေနေသာ JiMinကိုၾကည့္ကာ ေရဆာလာသလိုလို ေသးေပါက္ခ်င္တာလိုလို တကိုယ္လုံးပူစပ္ပူရွိန္းေတြျဖစ္လာကာ Jeonေနရ ထိုင္ရခက္ခဲလြန္းစြာ....။

ပူပူႏြေးႏြေး တေန႕ကျဖစ္ရပ္ေတြသည္ ခုေတြးၾကည့္ခုထိ ကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှားရှ်ိနေစဲ
ဖူးႂကြႂကြ ႏႈတ္ခမ္းေတြသည္ တကယ္ေၾကာက္စရာ အခုန္ျမန္လာေသာ ရင္အစုံသည္ ဘယ္တုန္းကမွ သစၥာမေဖာက္ခဲ့ဖူးပါ......။

"စားေကာင္းတယ္....."

လက္မေထာင္ျပကာ ႏႈတ္ခမ္းကိုလွ်ာနဲ႕ယက္ၿပီး ေျပာလာေသာ လူဆိုးေလးကိုၾကည့္ကာ Jeonမတ္တပ္စုံရပ္မိလိုက္သည္......။

တခါသုံးလက္အိတ္ေတြ ျဖစ္သလိုဆြဲခြၽတ္ကာ Jeonသူ႕အိတ္ဆြဲၿပီး ထမင္းစားခန္းထဲမွေျပးထြက္သြားသည္.....။

ဘာလဲ စားေကာင္းတယ္လို႔ပဲေျပာတာကို ဘာေတြျမင္ၿပီးလန့္ေျပးသြားရျပန္တာလဲ.....။

အဆိုးငယ္သည္ ေခါင္းတခ်က္ကုတ္ကာ ပန္းကန္ထဲက ခြာၿပီးသားပုဇြန္ကို လက္နဲ႕ႏွိုက္ကာ ထပ္ယူစားလိုက္သည္ ဇြန္းနဲ႕သာ ဘယ္ဘက္ဘက္က မသန္တာ လက္ႀကီးပဲဆို သန္မွသန္.....။

"ၿပီးသြားၿပီလား သား ျမန္လိုက္တာ....."

ဖုန္းေျပာၿပီးလို႔ျပန္ဝင္လာေသာ အေမျဖစ္သူအေမးကိုJeonမၾကားေတာ့ ဓာတ္ေလွကားထဲ အေမျဖစ္သူကို ဝင္မတိုက္႐ုံတမယ္ ေရွာင္ေျပးကာ ျမန္ျမန္ေျပးဝင္သြားေတာ့သည္.....။

"ဒီကေလး....."

"ေကာ္ဖီေတြေလွ်ာ့ေသာက္မွျဖစ္မယ္ ရင္ေတြအရမ္းတုန္တာ ေသေတာ့မလိုပဲ...."

ရင္ဘတ္ေတြကိုဖိကာ မ်က္လုံးစုံမွိတ္လွ်က္ Jeonသည္ ဓာတ္ေလွကားထဲ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိဳက္သည္.....။

>ဟင့္အင္း မျဖစ္ဘူး တသက္လုံးရႈံးရမဲ့ အရာေတြကို ဘယ္ေတာ့မွမစတင္လိုက္ပါနဲ႕ Jeon Jung Kook>

Comment