ဒီနှစ်ရဲ့ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေက သိပ်တော့လုပ်ကိုင် မကောင်းလှဘူး။
ဒါပေမယ့် entertainment industry တွေကတော့ တိုးချဲ့လာတုန်းပဲ - ရုပ်ရှင်ရုံတွေက အမြဲတစ်ခုကို တစ်ခုကျော်တက်နေကြပြီး tv dramasတွေရဲ့ rating တွေကလည်း အဆက်မပြတ် စံချိန်တွေ ချိုးနေကြတယ်။
စီးပွားရေးဥပဒေအရ စီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ entertainment industry က ကြီးပွားအောင်လုပ်ပေးလိမ့်မယ်။
ဒီအချိန်က ကျုံးယိပင်းအတွက် ငွေရှာဖို့ အရေးကြီးဆုံးအချိန်လည်းဖြစ်တယ်။
အကျိုးအမြတ်ရဖို့အတွက်က ပြိုင်ဘက်တွေကို ထိုးဖောက်နိုင်ဖို့လည်းလိုတယ်။
မကြာသေးခင်က reality show program တစ်ခုကို ဂြိုလ်တုစလောင်းရုပ်သံတစ်ခုက မိတ်ဆက်ခဲ့တယ်။
showက အရမ်းကြီးတော့ အထူးတလည် ကြည့်လို့ကောင်းနေတာမျိုးမဟုတ်ပေမယ့် ratingတွေကတော့ တော်တော်ကောင်းတယ်။
ကျုံးယိပင်းကတော့ ဒါကို စီးပွားရေးအခွင့်အလမ်းတစ်ခုလို့ မြင်တယ်။
reality show တွေက ကိုးရီးယားနဲ့ ဂျပန်မှာတော့ ပေါ်နေတာကြာလှပြီ။
ကိုးရီးယား reality show တွေက နေ့စဉ်လူနေမှုဘ၀ရှုထောင့်ဘက်ကို သွားပြီး ဂျပန်ကတော့ ရယ်စရာပျော်စရာဘက်ကို ပိုသွားတယ်။
ဒီလို show တွေအပေါ် နိုင်ငံရဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာပေါ်စဥ်းစားကြည့်တော့ ဂျပန် show တွေက သိပ်တော့ အဆင်မပြေပုံပဲ။
ကျုံးယိပင်း ကိုးရီးယားကို ကိုယ်တိုင်သွားလေ့လာကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
company ကပေးရမယ့် ခရီးဆိုတော့ ချူးချင် တကယ်ကို ကျေနပ်သွားတယ်။
သူဘာမှ သိပ်လုပ်စရာမလိုဘူးလေ ကိုးရီးယားကို သွားရတဲ့ကြာချိန်နဲ့ အရှေ့မြောက်ခြမ်းကို သွားရင်ကြာမယ့်အချိန်နဲ့ တူတူလောက်ပဲ ဒ့ါကြောင့်သူ ပျော်ပျော်ကြီး လက်ခံလိုက်တယ်။
ချူးချင် ကိုးရီးယားကို သွားမယ်ဆိုတာကြားတော့ လင်းရှောင်ရှောင်က သူမအတွက် ၀ယ်ခဲ့ဖို့ မိတ်ကပ် list အရှည်ကြီးရေးထည့်ပေးလိုက်တယ်။
make up products တွေအကြောင်း ချူးချင်သိပ်မသိဘူး။ list ကို မြင်တော့ ခေါင်းတောင်ချာချာလည်သွားတယ်။
"မင်းအတွက် ၀ယ်ပေးဖို့ ပြန်ရောင်းတဲ့သူ တစ်ယောက်ယောက် ရှာလိုက်ရင်ရော မပြီးဘူးလား,ငါ့ကို အများကြီး၀ယ်လာခိုင်းတော့ မှား၀ယ်လာမိရင် ဘယ်လိုလုပ်မတုန်း?''
"ပြန်ရောင်းတဲ့သူက ၀န်ဆောင်ခပေးရတယ်"
လင်းရှောင်ရှောင်က အလေးအနက်အမူအရာနဲ့ ပြောတယ်။
ချူးချင် မျက်လုံးသာ လှန်လိုက်ပြီး
"ငါလည်း ၀န်ဆောင်ခလိုချင်တယ်လေ"
လင်းရှောင်ရှောင် ,"အိုက်ယား,ကောင်းပါပြီ,နင်ပြန်လာတဲ့ခါကျ ကျောက်ပုစွန်လိုက်ကျွေးမယ်"
"ချင်ကောက ခရီးသွားမလို့လား?"
ချန်းကျီမင်းက ပါတီအတွက် ဇာတ်ညွှန်းစာရွက်ယူပြီး ချူးချင်ကို လာရှာတုန်း ချူးချင်က နည်းပြလျန်ဆီ ခွင့်တောင်းနေတာတွေ့တော့ သူ့ရင်တောင်တုန်သွားတယ်။
"အမ်း,company က ငါ့အတွက် ရက်နည်းနည်းလောက် အလုပ်ခရီးသွားဖို့ စီစဥ်ထားတာ"
ချူးချင်က ညင်ညင်သာသာလေး ပြုံးပြပြီး နည်းပြလျန်ဘက် ပြန်လှည့်ကာ စကားပြောနေတယ်။
"ဒါဆို အဲ့ကိစ္စက အဆင်ပြေသွားပြီမလား,တစ်ခုခုရှိရင်လည်း ကျနော်ပြန်လာမှ ဆက်ပြောကြတာပေါ့"
"ကောင်းပြီ"
နည်းပြလျန်က ကူကယ်ရာမဲ့စွာ ပြောတယ်။
ဘော့စ်က အမိန့်ပေးထားတာကို သူကဆွဲထားပြီး မသွားပါနဲ့လုပ်လို့မှမရပဲ။
"ချင်ကော,ပွဲအတွက်က,အကြီးကဲကျန်းက ပြောတာ ကောက ကျနော့်ကို နည်းနည်းသင်ပြပေးမယ်တဲ့"
ချန်းကျီမင်းရဲ့ အပြုံးက အောင့်သက်သက်။
stationက ပွဲကြီးကြီးမားမားတွေဆို အမြဲချူးချင်ပဲ host အဖြစ်တင်ဆက်နေကျ။
station အကြီးကဲကလည်း ဘာအသေးဖွဲကိစ္စလေးမှ မလစ်လပ်အောင် သူ့ကို ချူးချင်နဲ့ ကောင်းကောင်းဆက်ဆံဖို့ ထပ်ခါထပ်ခါမှာထားတာ။
ဘာလို့ဆို ဒီအမျိုးသားနေ့ပါတီက တိုက်ရိုက်လွှင့်မှာ သူအမှားလုပ်လိုက်လို့ ပြန်ရိုက်လို့ရတာမျိုးမဟုတ်ဘူး။
ဒီလို အတိမ်းအစောင်းမခံနိုင်တဲ့ချိန်မှာမှ ချူးချင်က တကယ်ကြီး ခရီးသွားမယ်!
"အာ,အဲ့လိုလား.အကြီးကဲကျန်းက ငါ့ကိုတော့ အဲ့လိုပြောမထားဘူး"
ချူးချင် မျက်မှောင် အနည်းငယ်ကြုတ်တယ်။
ပြီးမှ ချန်းကျီမင်းကို စိုးရိမ်စွာ ကြည့်လိုက်ပြီး
"ငါက မနက်ဖြန်မနက်လေယာဥ်ကိစ္စစီစဥ်ဖို့အတွက် company ကို ခနနေသွားရတော့မှာ....."
ဒီစကားက ဆိုလိုတာက သူ့မှာ ချန်းကျီမင်းအတွက် အချိန်နည်းနည်းလေးမှမရှိပါဘူးပေါ့။
ချန်းကျီမင်း ချူးချင်ကို မသွားနဲ့ဆိုပြီး သူတားလို့ရတာမှ မဟုတ်တာ။
ဒါ့ကြောင့် ချန်းကျီမင်း သူ့ရဲ့ အားနည်းတဲ့အခြမ်းကို ထုတ်ပြရတော့တယ်။
"ရပါတယ်,လင်းရှောင်ရှောင်လည်း ရှိတယ်မလား?မင်းမသိတာရှိရင် လင်းရှောင်ရှောင်ကို သွားမေးလို့ရတယ်"
ချူးချင်က ချန်းကျီမင်းရဲ့ ပခုံးကို နှစ်သိမ့်တဲ့ အနေနဲ့ ပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးထွက်သွားတော့တယ်။
ထွက်သွားတဲ့ ချူးချင်ရဲ့ ကျောကို စိုက်ကြည့်ရင်း ချန်းကျီမင်း လက်ထဲက plan စာရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။
သူ အထက်တန်းကျောင်းတုန်းကလည်း dinner party ပွဲကြီးတွေကို စီစဥ်တင်ဆက်ဖူးတယ် အဲ့ဒါက တကယ်တော့လည်း ဘာမှ ခဲယဥ်းနေတာမျိုးမဟုတ်ပါဘူး။
stage စင်က နည်းနည်းပိုကြီးတာရယ် အဆင့်တွေက နည်းနည်း ရှုပ်နေတာလေးရယ် ဇာတ်ညွှန်းက နည်းနည်းပိုရှည်တာလေးရယ်ပါ။
ချူးချင်ကလည်း ဘာမှ သိပ်တော်မနေပါဘူး, တခြားသူတွေက သူမပါရင် မပြီးေတာ့ဘူးလို့များထင်နေတာလား?
ဒီ dinner party ကနေ သူဟာအလေးထားစရာဆိုတာ ချူးချင်သိအောင် လုပ်ပြမယ်။
ဒီဆန္ဒပြင်းပြနေတဲ့ လူငယ်လေးက ဘာလုပ်ဖို့ကြံစည်နေတယ်ဆိုတာ ချူးချင်ကတော့ လုံး၀အာရုံထားမနေပါဘူး,သူက ခုလောလောဆယ် ကိုးရီးယားသွားဖို့အတွက် သူ့luggage ပြင်နေရတာနဲ့တင် အလုပ်ရှုပ်နေတာ။
ဒီခရီးက တစ်ပတ်နီးပါးကြာမှာ။
ကျုံးယိပင်းဆိုတဲ့ အဲ့တစ်ယောက်ကတော့ အထုတ်ပြင်တာမျိုးကို လုပ်နေမှာမဟုတ်ဘူး။
အဲ့တော့ ချူးချင်ကပဲ luggageကို နှစ်ယောက်စာ ထည့်ရတယ်။
ကျုံးယိပင်း အိမ်ပြန်ရောက်တော့ luggageနှစ်ခုက သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီးသွားပြီ။
သူ့အတွက်ကတော့ ပိုက်ဆံလုံလုံလောက်လောက် ယူသွားသရွေ့ အကုန်အဆင်ပြေတယ်။
တခြားဘာမှအရေးမကြီးလှဘူး။
ချူးချင်ဘာတွေထည့်ထားတယ်ဆိုတာလဲ သူဂရုစိုက်မနေဘူး။
ကိုးရီးယားအတွက် အစီစဥ်တွေ တိုင်ပင်ဖို့ ချူးချင်ကို ဆွဲခေါ်လာခဲ့တယ်။
အဓိက ရည်ရွယ်ချက်က ကိုးရီးယားreality showတွေ ရိုက်ကူးတဲ့အပေါ်မှာ လေ့လာဖို့။
သူတို့ program တွေများစွာကို လေ့လာကြည့်ပြီးမှ သင့်တော်တဲ့copyright ကို ၀ယ်ရမယ် ။
chinaမှာကျ ဒီလို reality show တွေကို ထုတ်နိုင်အောင် talentရှိတဲ့သူက အရမ်းနည်းတယ် ဒီလိုလူမျိုးကို ခုမှ ပျိုးထောင်ပေးမယ်ဆိုလည်း အတော်လေးနောက်ကျသွားပြီလို့ပြောရမယ်။
စျေးကွက်ထဲက အပြိုင်အဆိုင်တွေက အရမ်းကို ပြင်းထန်တာကြောင့် သူတို့ တခြား stationတွေထက် အရင်လက်ဦးမှုယူပြီး စျေးကွက်ကို နေရာယူနိုင်ဖို့ အရေးကြီးတယ်။
ရှန်းရှီက ကိုးရီးယားမှာ popularဖြစ်တဲ့ programတွေကို listထုတ်ထားတယ် <Survival Challenge>,<Fifteen Days Of Romance>, <Daddy,Don't Donkey Me>, <Bun, Quickly Run> အဲ့လိုမျိုးတွေပေါ့။
ဒီ programs တွေက ထုတ်လုပ်ရေး company မျိုးစုံလက်အောက်ကဟာတွေ။
ဒါတွေကို လေ့လာကြည့်ဖို့ ကျုံးယိပင်း စီစဥ်ထားတယ်။
ပြည်မနဲ့ ယှဥ်ရင် ကိုးရီးယားက ရာသီဥတုက နည်းနည်းပိုအေးတယ်။
လေယာဥ်ပေါ်က ဆင်းလာတော့ ချူးချင်တစ်ယောက် နှာချေတော့တယ်။
"အေးလို့လား?"
ကျုံးယိပင်းက ချူးချင်ကို လက်တစ်ဖက်နဲ့ ဖက်ထားပြီး သူ့ကိုယ်ကို မှီထားစေတယ်။
"ရပါတယ်,အပေါ်ထပ်ထပ်၀တ်လိုက်ရင် အဆင်ပြေသွားမှာပါ"
ချူးချင် luggageထဲက ဂျာကင်တစ်ထည်ထုတ်လိုက်ပြီး ကျုံးယိပင်းအတွက်လည်း တစ်ထည်ဆွဲထုတ်လိုက်တယ်။
"ကိုယ်မအေးဘူး"
ကျုံးယိပင်းက ပါးစပ်ကသာပြောလိုက်ပေမယ့် ချူးချင်ပြောစကားအတိုင်း လိမ်လိမ်မာမာနဲ့ ၀တ်လိုက်သေးတယ်။
ကိုးရီးယားက သူတို့ရဲ့ လုပ်ငန်းရှင်ပါတနာပို့ပေးတဲ့ ကားပေါ်တက်လိုက်ကြပြီး bookingလုပ်ထားတဲ့ ဟိုတယ်ကို သွားလိုက်ကြတယ်။
ဒီတစ်ကြိမ်မှာတော့ ကျုံးယိပင်းနဲ့အတူ လူတစ်စုပါလာတယ်။
အဲ့ထဲမှာ industryဘက်ကလူတွေ, producer, marketingဌာနက လူရယ်, ထုတ်လုပ်ရေးအပိုင်းဘက်က လူတွေ ဥပမာ ဓာတ်ပုံပညာတို့ အသံပိုင်းတို့ effectအပိုင်းက ကျွမ်းကျင်သူတွေတောင်ပါသေးတယ်။
စစ်ဆေးတာတွေလုပ်မယ်ဆိုရင် ဒီလို ကျွမ်းကျင်တဲ့ ပညာရှင်တွေပါတော့ ပိုကောင်းတာပေါ့။
တစ်ဖက်မှာလည်း ကိုးရီးယားကတချို့အကြံသမားတွေရန်က ကာကွယ်ဖို့လည်းဖြစ်သလို တခြားတစ်ဖက်မှာလည်း တတ်ကျွမ်းသူတွေဆီက ပညာတစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ လေ့လာနိုင်အောင်လို့ပေါ့။
အခန်းတွေ booking လုပ်ထားတဲ့ပုံက နှစ်ယောက်တစ်ခန်း,
ဒီဘက်က လူတွေက သူတို့ဆက်ဆံရေးကို မသိတော့ ချူးချင်ကို ဓာတ်ပုံဆရာလေးတစ်ယောက်နဲ့ တစ်ခန်းတွဲပေးထားတယ်။
ကျုံးယိပင်းအတွက်ကကျတော့ အတွင်းရေးမှူးကျင်နဲ့ အတူ အဆင့်မြင့်အခန်းမှာနေရာချထားပေးတယ်။
အခန်းနေရာချထားပုံကို ကြည့်ပြီး အတွင်းရေးမှူးကျင် နဖူးမှာ ချက်ချင်း ချွေးစေးတွေပြန်ရော။
ဘော့စ်က သူ့ကို နောက်တစ်ကြိမ်ပြန်ခန့်ဖို့က မလွယ်ကူပါဘူးဆို အခုသူက အမှားကြီးကြီးကို ကျူးလွန်လိုက်မိပြန်ပြီ။
သူတကယ်ကို ပျက်စီးကိန်းစိုက်နေပြီပဲ။
တံတွေးမြိုချလိုက်ပြီး အတွင်းရေးမှူးကျင် ချူးချင်နဲ့ ကျုံးယိပင်းဆီ အဆင့်မြင့်အခန်းကဒ်နှစ်ကဒ်ကို တွန့်ဆုတ်မနေပဲ ချက်ချင်း ပေးလိုက်တယ်။
နောက်ပြီးမှ အပြုံးလေးကို ဆင်မြန်းရင်း ဓာတ်ပုံဆရာလေးနောက်ကို လိုက်သွားတော့တယ်။
အခန်းထဲရောက်တော့ ချူးချင်တစ်ယောက် အလုပ်တွေစရှုပ်တော့တယ်။
ရေချိုးခန်းအသုံးအဆောင်ပစ္စည်းတွေကို ရေချိုးခန်းထဲ သွားထားတယ်,တွန့်လွယ် ကြေလွယ်တဲ့ ကျုံးယိပင်းရဲ့ suit နှစ်ထည်ကို ချိတ်တယ်,ရေနွေးတစ်ခရားတည်ပြီး ဖုန်းတွေကို အားသွင်းတယ်။
"လျှောက်လုပ်မနေနဲ့တော့,မပင်ပန်းဘူးလားကွာ?"
အလုပ်ရှုပ်နေတဲ့ ချစ်သူလေးကို ကျုံးယိပင်း နောက်ကနေဖက်ပြီး အိပ်ယာပေါ် ဆွဲလှဲလိုက်တယ်။
"အို့,စီးပွာရေးပါတနာတွေကဘယ်ချိန်လာမှာတဲ့လဲ,ငါတို့အရင်စားထားသင့်လား?"
ချူးချင် တကယ်ကို မပင်ပန်းပါဘူး။
သူက programs တွေရိုက်ရင်လည်း ဒီလို မကြာခဏ သွားနေရတာဆိုတော့ လေယာဥ်ဆင်းဆင်းချင်း အလုပ်လုပ်တာက သူ့အတွက်တော့ မဆန်းတော့ပါဘူး။
"ဗိုက်ဆာလို့လား?"
ကျုံးယိပင်း ချူးချင်ရဲ့ ဗိုက်ချပ်ချပ်လေးကို ထိလိုက်ရင်း
"ကိုယ်လည်းဆာတယ်"
ပြောရင်းဆိုရင်းပဲ ချူးချင်ရဲ့ အင်္ကျီတွေဆီကို လက်လှမ်းလိုက်တယ်။
"ဟေး!"
ချူးချင်က သူ့လက်တွေကို ရိုက်ချတယ်။
သူတို့နှစ်ယောက်စနောက်နေတုန်း အတွင်းရေးမှူးကျင် ရောက်လာပြီး လုပ်ငန်းရှင်တွေရောက်နေပြီဖြစ်ပြီး သူတို့ကို လိုက်ကျွေးမယ့်အကြောင်းလာပြောတယ်။
အခုတစ်ခေါက် သူတို့ခရီးကို စီစဥ်ပေးတဲ့ လုပ်ငန်းရှင်က ကိုးရီးယားမြို့တော်မှာရှိတဲ့ companyတစ်ခုက။
ဒီcompany က entertainment programs တွေ အဓိက ထုတ်လုပ်တာ။
ခု popular ဖြစ်နေတဲ့ <Daddy,Don't Donkey Me>ကလည်း သူတို့programsတွေထဲက တစ်ခုပဲ ။
" ဒီprogramကို ငါ onlineကနေတစ်ခါကြည့်ဖူးတယ်,ကိုးရီးယားမှာတော့ တော်တော်နာမည်ကြီးပုံပဲ"
စားသောက်ဆိုင်ကို သွားနေတဲ့လမ်းမှာ ချူးချင်က ကျုံးယိပင်းကို ပြောတယ်။
"အမ်း,Ma Tong stationကလည်း ဒီprogramအကြောင်း စုံစမ်းနေတယ်ကြားတယ်,သူတို့ဒါကို စျေးမြင့်မြင့်နဲ့ ရောင်းဖို့လုပ်မှာပဲ"
လုပ်ငန်းအကြောင်းပြောတဲ့ချိန်ကျ ကျုံးယိပင်းက အတော်ကို အလေးအနက်ထားလာတယ်။
"အခု အလောတကြီးလုပ်စရာမလိုပါဘူး,ငါတို့ လေ့လာကြည့်ပြီးမှ ပြန်တိုင်ပင်လို့ရတာပဲ"
ချူးချင်လည်း ဒီprogramကို တကယ်သဘောကျပေမယ့် သူတို့အလောသုံးဆယ်လုပ်လို့မရဘူးလေ။
ကိုးရီးယားလုပ်ငန်းရှင်ပါတနာတွေက အသတ်လတ်ပိုင်း အန်ကယ်ကြီးနှစ်ယောက်,
ချူးချင်တို့နှစ်ယောက် ရောက်လာတာ မြင်တော့ မတ်တပ်ထပြီး လက်ဆွဲနှုတ်ဆက်တယ်။
"YMD companyရဲ့ copyright ဌာနက ဌာနမှူး Jin Dongshengပါ,ဒါက ငါတို့ရဲ့ ကိုယ်စားလှယ် Piao”
အန်ကယ်တစ်ယောက်က ပြုံးရင်း သူ့ကိုယ်သူမိတ်ဆက်ပေးတော့ ဘေးက translator ကချက်ချင်းပဲ ဘာသာပြန်ပေးတယ်။
အတွင်းရေးမှူးကျင်ကလည်း သူတို့ဘော့စ်ရဲ့စကားတွေကို ဘာသာပြန်ပေးဖို့ Chinese translator တစ်ယောက်ခေါ်လာပြီး ဘေးမှာထိုင်ခိုင်းထားတယ်။
“ဒါက ကျနော်တို့ ရှန်းရှီဒါရိုက်တာ မစ္စတာကျုံးပါ,ဒီဘက်ကတော့ ရှန်းရှီentertainmentက ဒါရိုက်တာမစ္စတာချူးပါ”
translator က မျက်နှာတည်တည်ကြည်ကြည်နဲ့ အမျိုးသမီးတစ်ယောက်။
သူမက အစည်းအဝေးမစခင် ပထမဆုံးမိတ်ဆက်စကားပြောပေးတယ်။
သူ့ကိုယ့်သူ entertainmentဒါရိုက်တာဖြစ်သွားမှန်းလည်း ချူးချင်တစ်ယောက် မသိလိုက်ဘူး ဘာလို့ဆို သူက သူ့ကိစ္စသူတွေးပြီး menuကြည့်နေတာကိုး။
ကိုးရီးယားက ဟင်းပွဲတွေက သေးတယ်။
အဓိကကတော့ အသားနည်းနည်းလေးပါပြီး အသားက အရမ်းစျေးကြီးတာပဲ။
Jin Dongsheng က programရဲ့ အချက်အလက်တွေကို သူတို့ဆီပေးပြီး program အကြောင်းစပြောတော့တယ်။
ဒီ <Daddy, Don’t Donkey Me>က မိဘနဲ့ သားသမီးကြားက အပြန်အလှန်ဆက်ဆံတဲ့ reality showတစ်ခုပဲ။
အဖေက ကလေးကို ခရီးသွားဖို့ခေါ်လာပြီး ဝေးလံပြီးခက်ခဲကြမ်းတမ်းတဲ့နေရာတွေကို သွားရတယ် ။
ဒါပေမယ့် စမထွက်ခင်မှာ ဒီတစ်ခေါက် သူတို့ခရီးဟာ ဇီမ်ခံအပျော်ထွက်ရမယ့်ခရီးဆိုပြီး ကလေးကိုလိမ်ရတယ်။
ကလေးလေးတွေရဲ့ reaction တွေက တကယ်ကို အရမ်းစိတ်၀င်စားဖို့ကောင်းတယ်။
“ဒီcopyrightကို ၀ယ်ပြီးတဲ့ခါကျရင် ကိုယ်တို့လည်း ၀င်ပါရအောင်”
ကျုံးယိပင်းက ပြုံးရင်းချူးချင်ကို ပြောတယ်။
သူတို့က တရုတ်လို ပြောလိုက်တာဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီလူတွေ နားမလည်ဘူး။
အဲ့တော့ တော်ရုံတန်ရုံ ထိန်းချုပ်မနေတော့ဘူး။
“ငါတို့နှစ်ယောက်က ဘယ်လိုလုပ် ၀င်ပါမှာလဲ, ကလေးရှိတာလဲ မဟုတ်ဘဲနဲ့ “
ချူးချင်က သူ့ကို မျက်လုံးလှန်ကြည့်တယ်။
“ကိုယ်က မင်းdaddy လုပ်မယ်”
ကျုံးယိပင်းက မျက်နှာချင်းဆိုင်က လူကြီးလူကောင်းနှစ်ယောက်ကို ကြည့်ရင်း မျက်နှာတည်တည်နဲ့
“ကိုယ်က မင်းကို အ၀တ်စားလဲပေးမယ်,ရေချိုးပေးမယ်,ကိုယ့်ကို daddy လို့ခေါ် ...”
Jinအကြီးအကဲရဲ့ မျက်နှာက စိတ်ရှုပ်ထွေးတဲ့အမူအရာကို ကြည့်ပြီး အတွင်းရေးမှူးကျင် နဖူးမှာ ဇောချွေးပြန်လာပြန်တယ်။
သူ translator အမျိုးသမီးကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး သူမကိုမဟုတ်တာတွေ ပြောမထွက်ဖို့ အရိပ်အကဲပြလိုက်တယ်။
Translator အမျိုးသမီးက အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
“ဒါရိုက်တာကပြောပါတယ် မစ္စတာJin ရဲ့ introduction အရမ်းစိတ်၀င်စရာကောင်းပြီး မစ္စတာ့ကို ဆက်ပြောစေချင်ပါတယ်တဲ့ “
တစ်ဖက်မှာတော့ Jinအကြီးအကဲက သူတို့ကို ကျေးဇူးတင်ကြောင်းပြန်ပြောတာပေါ့။
အတွင်းရေးမှူးကျင် ဒီစကားကိုတော့နားလည်တယ် ဒါ့ကြောင့် ဘာပြဿနာမှမရှိတာတွေ့တော့မှ သူစိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့တယ်။
ကံကောင်းတာက ကိုးရီးယားလူကြီးနှစ်ယောက်က သူတို့စကားကို နားမလည်လို့ မဟုတ်ရင် နိုင်ငံရပ်ခြားထိကို အရှက်ကွဲရမှာ။
သူ လိမ္မော်ရည်လေးတစ်ကျိုက်သောက်လိုက်ရင်း တစ်ဖက်က ကိုးရီးယားtranslatorရဲ့ မျက်နှာအမူအရာကို မျက်လုံးလှန်ကာ လှမ်းကြည့်လိုက်တယ်။
‘ဖူးးး' ဆိုပြီး အတွင်းရေးမှူးကျင်ပါးစပ်ထဲက ရေတွေအကုန်ပြန်ပန်းထွက်ကုန်ရော။
-----------------------------------------------------------------------------------------------------------------------
The author has something to say :
Small theater :
အားပင်း : မြန်မြန် ,ကိုယ့်ကို daddyလို့ခေါ်
ချင်ချင် : မင်းအရိုက်ခံချင်နေတာလား
အားပင်း : ကောင်ကလေး,ကိုယ်တို့ပြန်တဲ့ခါကျမှ မင်းကို ဘယ်လိုအမိန့်ပေးမလဲ ကြည့်နေလိုက်,သေချာပေါက် ငိုပြီး ကိုယ့်ကို daddyလို့ ခေါ်စေရမယ်
ချင်ချင် ; မဟုတ်တာတွေ မပြောနဲ့,တခြားသူတွေကြားသွားရင် မကောင်းဘူး
အားပင်း :မင်းဘာကိုကြောက်နေတာလဲ,အဲ့ဒီကိုးရီးယားတွေက ကိုယ်တို့ကို နားမလည်နိုင်ပါဘူး
ချင်ချင် : သူတို့မှာ translator တစ်ယောက်ရှိသေးတယ်လေ
အားပင်း : ဘာမှမဖြစ်ဘူး,သူတို့ translatorက ကိုးရိးယားလိုနားထောင်ပြီး တရုတ်လိုပဲပြောတာ
Translator : ……
__________________________________________
စာလုံးပေါင်းတွေသတ်ပုံတွေ အမှားတွေ ကျကျန်နေခဲ့တာတွေတွေ့ရင်လည်း ထောက်ပြပေးခဲ့ကြပါဦးနော်။
ယူတို့စိတ်ပင်ပန်းနေတာနည်းနည်းဖြစ်ဖြစ်သက်သာစေဖို့ အားတဲ့အချိန်လေး ❤️
[Zawgyi]
ဒီႏွစ္ရဲ့ စီးပြားေရးလုပ္ငန္းကိုင္ငန္းေတြက သိပ္ေတာ့လုပ္ကိုင္ မေကာင္းလွဘူး။
ဒါေပမယ့္ entertainment industry ေတြကေတာ့ တိုးခ်ဲ႕လာတုန္းပဲ - ႐ုပ္ရွင္႐ုံေတြက အျမဲတစ္ခုကို တစ္ခုေက်ာ္တက္ေနၾကၿပီး tv dramasေတြရဲ့ rating ေတြကလည္း အဆက္မျပတ္ စံခ်ိန္ေတြ ခ်ိဳးေနၾကတယ္။
စီးပြားေရးဥပေဒအရ စီးပြားေရးက်ပ္တည္းေနတဲ့အခ်ိန္မွာ entertainment industry က ႀကီးပြားေအာင္လုပ္ေပးလိမ့္မယ္။
ဒီအခ်ိန္က က်ဳံးယိပင္းအတြက္ ေငြရွာဖို႔ အေရးႀကီးဆုံးအခ်ိန္လည္း ျဖစ္တယ္။
အက်ိဳးအျမတ္ရဖို႔အတြက္က ၿပိဳင္ဘက္ေတြကို ထိုးေဖာက္နိုင္ဖို႔လည္း လိုတယ္။
မၾကာေသးခင္က reality show program တစ္ခုကို ၿဂိဳလ္တုစေလာင္း႐ုပ္သံတစ္ခုက မိတ္ဆက္ခဲ့တယ္။
showက အရမ္းႀကီးေတာ့ အထူးတလည္ ၾကည့္လို႔ေကာင္းေနတာမ်ိဳးမဟုတ္ေပမယ့္ rating ေတြကေတာ့ ေတာ္ေတာ္ေကာင္းတယ္။
က်ဳံးယိပင္းကေတာ့ ဒါကို စီးပြားေရးအခြင့္အလမ္းတစ္ခုလို႔ ျမင္တယ္။
reality show ေတြက ကိုးရီးယားနဲ႔ ဂ်ပန္မွာေတာ့ ေပၚေနတာၾကာလွၿပီ။
ကိုးရီးယား reality show ေတြက ေန႔စဥ္လူေနမွုဘ၀ရွုေထာင့္ဘက္ကို သြားၿပီး ဂ်ပန္ကေတာ့ ရယ္စရာေပ်ာ္စရာဘက္ကို ပိုသြားတယ္။
ဒီလို show ေတြအေပၚ နိုင္ငံရဲ့ လက္ခံနိုင္တဲ့ အတိုင္းအတာေပၚစဥ္းစားၾကည့္ေတာ့ ဂ်ပန္ show ေတြက သိပ္ေတာ့ အဆင္မေျပပုံပဲ။
က်ဳံးယိပင္း ကိုးရီးယားကို ကိုယ္တိုင္သြားေလ့လာၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။
company ကေပးရမယ့္ ခရီးဆိုေတာ့ ခ်ဴးခ်င္ တကယ္ကို ေက်နပ္သြားတယ္။
သူဘာမွ သိပ္လုပ္စရာမလိုဘူးေလ ကိုးရီးယားကို သြားရတဲ့ၾကာခ်ိန္နဲ႔ အေရွ႕ေျမာက္ျခမ္းကို သြားရင္ၾကာမယ့္အခ်ိန္နဲ႔ တူတူေလာက္ပဲ ဒ့ါေၾကာင့္သူ ေပ်ာ္ေပ်ာ္ႀကီး လက္ခံလိုက္တယ္။
ခ်ဴးခ်င္ ကိုးရီးယားကို သြားမယ္ဆိုတာၾကားေတာ့ လင္းေရွာင္ေရွာင္က သူမအတြက္ ၀ယ္ခဲ့ဖို႔ မိတ္ကပ္ list အရွည္ႀကီးေရးထည့္ေပးလိုက္တယ္။
make up products ေတြအေၾကာင္း ခ်ဴးခ်င္သိပ္မသိဘူး။ list ကို ျမင္ေတာ့ ေခါင္းေတာင္ခ်ာခ်ာလည္သြားတယ္။
"မင္းအတြက္ ၀ယ္ေပးဖို႔ ျပန္ေရာင္းတဲ့သူ တစ္ေယာက္ေယာက္ ရွာလိုက္ရင္ေရာ မၿပီးဘူးလား,ငါ့ကို အမ်ားႀကီး၀ယ္လာခိုင္းေတာ့ မွား၀ယ္လာမိရင္ ဘယ္လိုလုပ္မတုန္း?''
"ျပန္ေရာင္းတဲ့သူက ၀န္ေဆာင္ခေပးရတယ္"
လင္းေရွာင္ေရွာင္က အေလးအနက္အမူအရာနဲ႔ ေျပာတယ္။
ခ်ဴးခ်င္ မ်က္လုံးသာ လွန္လိုက္ၿပီး
"ငါလည္း ၀န္ေဆာင္ခလိုခ်င္တယ္ေလ"
လင္းေရွာင္ေရွာင္ ,"အိုက္ယား,ေကာင္းပါၿပီ,နင္ျပန္လာတဲ့ခါက် ေက်ာက္ပုစြန္လိုက္ေကၽြးမယ္"
"ခ်င္ေကာက ခရီးသြားမလို႔လား?"
ခ်န္းက်ီမင္းက ပါတီအတြက္ ဇာတ္ညႊန္းစာရြက္ယူၿပီး ခ်ဴးခ်င္ကို လာရွာတုန္း ခ်ဴးခ်င္က နည္းျပလ်န္ဆီ ခြင့္ေတာင္းေနတာေတြ႕ေတာ့ သူ႔ရင္ေတာင္တုန္သြားတယ္။
"အမ္း,company က ငါ့အတြက္ ရက္နည္းနည္းေလာက္ အလုပ္ခရီးသြားဖို႔ စီစဥ္ထားတာ"
ခ်ဴးခ်င္က ညင္ညင္သာသာေလး ျပဳံးျပၿပီး နည္းျပလ်န္ဘက္ ျပန္လွည့္ကာ စကားေျပာေနတယ္။
"ဒါဆို အဲ့ကိစၥက အဆင္ေျပသြားၿပီမလား,တစ္ခုခုရွိရင္လည္း က်ေနာ္ျပန္လာမွ ဆက္ေျပာၾကတာေပါ့"
"ေကာင္းၿပီ"
နည္းျပလ်န္က ကူကယ္ရာမဲ့စြာ ေျပာတယ္။
ေဘာ့စ္က အမိန႔္ေပးထားတာကို သူကဆြဲထားၿပီး မသြားပါနဲ႔လုပ္လို႔မွမရပဲ။
"ခ်င္ေကာ,ပြဲအတြက္က,အႀကီးကဲက်န္းက ေျပာတာ ေကာက က်ေနာ့္ကို နည္းနည္းသင္ျပေပးမယ္တဲ့"
ခ်န္းက်ီမင္းရဲ့ အျပဳံးက ေအာင့္သက္သက္။
stationက ပြဲႀကီးႀကီးမားမားေတြဆို အျမဲခ်ဴးခ်င္ပဲ host အျဖစ္တင္ဆက္ေနက်။
station အႀကီးကဲကလည္း ဘာအေသးဖြဲကိစၥေလးမွ မလစ္လပ္ေအာင္ သူ႔ကို ခ်ဴးခ်င္နဲ႔ ေကာင္းေကာင္းဆက္ဆံဖို႔ ထပ္ခါထပ္ခါမွာထားတာ။
ဘာလို႔ဆို ဒီအမ်ိဳးသားေန႔ပါတီက တိုက္ရိုက္လႊင့္မွာ သူအမွားလုပ္လိုက္လို႔ ျပန္ရိုက္လို႔ရတာမ်ိဳးမဟုတ္ဘူး။
ဒီလို အတိမ္းအေစာင္းမခံနိုင္တဲ့ခ်ိန္မွာမွ ခ်ဴးခ်င္က တကယ္ႀကီး ခရီးသြားမယ္!
"အာ,အဲ့လိုလား.အႀကီးကဲက်န္းက ငါ့ကိုေတာ့ အဲ့လိုေျပာမထားဘူး"
ခ်ဴးခ်င္ မ်က္ေမွာင္ အနည္းငယ္ၾကဳတ္တယ္။
ၿပီးမွ ခ်န္းက်ီမင္းကို စိုးရိမ္စြာ ၾကည့္လိုက္ၿပီး
"ငါက မနက္ျဖန္မနက္ေလယာဥ္ကိစၥစီစဥ္ဖို႔အတြက္ company ကို ခနေနသြားရေတာ့မွာ....."
ဒီစကားက ဆိုလိုတာက သူ႔မွာ ခ်န္းက်ီမင္းအတြက္ အခ်ိန္နည္းနည္းေလးမွမရွိပါဘူးေပါ့။
ခ်န္းက်ီမင္း ခ်ဴးခ်င္ကို မသြားနဲ႔ဆိုၿပီး သူတားလို႔ရတာမွ မဟုတ္တာ။
ဒါ့ေၾကာင့္ ခ်န္းက်ီမင္း သူ႔ရဲ့ အားနည္းတဲ့အျခမ္းကို ထုတ္ျပရေတာ့တယ္။
"ရပါတယ္,လင္းေရွာင္ေရွာင္လည္း ရွိတယ္မလား?မင္းမသိတာရွိရင္ လင္းေရွာင္ေရွာင္ကို သြားေမးလို႔ရတယ္"
ခ်ဴးခ်င္က ခ်န္းက်ီမင္းရဲ့ ပခုံးကို ႏွစ္သိမ့္တဲ့ အေနနဲ႔ ပုတ္လိုက္ၿပီး ေပါ့ေပါ့ပါးပါးထြက္သြားေတာ့တယ္။
ထြက္သြားတဲ့ ခ်ဴးခ်င္ရဲ့ ေက်ာကို စိုက္ၾကည့္ရင္း ခ်န္းက်ီမင္း လက္ထဲက plan စာရြက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္တယ္။
သူ အထက္တန္းေက်ာင္းတုန္းကလည္း dinner party ပြဲႀကီးေတြကို စီစဥ္တင္ဆက္ဖူးတယ္ အဲ့ဒါက တကယ္ေတာ့လည္း ဘာမွ ခဲယဥ္းေနတာမ်ိဳးမဟုတ္ပါဘူး။
stage စင္က နည္းနည္းပိုႀကီးတာရယ္ အဆင့္ေတြက နည္းနည္း ရွုပ္ေနတာေလးရယ္ ဇာတ္ညႊန္းက နည္းနည္းပိုရွည္တာေလးရယ္ပါ။
ခ်ဴးခ်င္ကလည္း ဘာမွ သိပ္ေတာ္မေနပါဘူး, တျခားသူေတြက သူမပါရင္ မၿပီးေတာ့ဘူးလို႔မ်ားထင္ေနတာလား?
ဒီ dinner party ကေန သူဟာအေလးထားစရာဆိုတာ ခ်ဴးခ်င္သိေအာင္ လုပ္ျပမယ္။
ဒီဆႏၵျပင္းျပေနတဲ့ လူငယ္ေလးက ဘာလုပ္ဖို႔ႀကံစည္ေနတယ္ဆိုတာ ခ်ဴးခ်င္ကေတာ့ လုံး၀အာ႐ုံထားမေနပါဘူး,သူက ခုေလာေလာဆယ္ ကိုးရီးယားသြားဖို႔အတြက္ သူ႔luggage ျပင္ေနရတာနဲ႔တင္ အလုပ္ရွုပ္ေနတာ။
ဒီခရီးက တစ္ပတ္နီးပါးၾကာမွာ။
က်ဳံးယိပင္းဆိုတဲ့ အဲ့တစ္ေယာက္ကေတာ့ အထုတ္ျပင္တာမ်ိဳးကို လုပ္ေနမွာမဟုတ္ဘူး။
အဲ့ေတာ့ ခ်ဴးခ်င္ကပဲ luggageကို ႏွစ္ေယာက္စာ ထည့္ရတယ္။
က်ဳံးယိပင္း အိမ္ျပန္ေရာက္ေတာ့ luggageႏွစ္ခုက သပ္သပ္ရပ္ရပ္ ထုတ္ပိုးၿပီးသြားၿပီ။
သူ႔အတြက္ကေတာ့ ပိုက္ဆံလုံလုံေလာက္ေလာက္ ယူသြားသေရြ႕ အကုန္အဆင္ေျပတယ္။
တျခားဘာမွအေရးမႀကီးလွဘူး။
ခ်ဴးခ်င္ဘာေတြထည့္ထားတယ္ဆိုတာလဲ သူဂ႐ုစိုက္မေနဘူး။
ကိုးရီးယားအတြက္ အစီစဥ္ေတြ တိုင္ပင္ဖို႔ ခ်ဴးခ်င္ကို ဆြဲေခၚလာခဲ့တယ္။
အဓိက ရည္ရြယ္ခ်က္က ကိုးရီးယားreality showေတြ ရိုက္ကူးတဲ့အေပၚမွာ ေလ့လာဖို႔။
သူတို႔ program ေတြမ်ားစြာကို ေလ့လာၾကည့္ၿပီးမွ သင့္ေတာ္တဲ့copyright ကို ၀ယ္ရမယ္ ။
chinaမွာက် ဒီလို reality show ေတြကို ထုတ္နိုင္ေအာင္ talentရွိတဲ့သူက အရမ္းနည္းတယ္ ဒီလိုလူမ်ိဳးကို ခုမွ ပ်ိဳးေထာင္ေပးမယ္ဆိုလည္း အေတာ္ေလးေနာက္က်သြားၿပီလို႔ေျပာရမယ္။
ေစ်းကြက္ထဲက အၿပိဳင္အဆိုင္ေတြက အရမ္းကို ျပင္းထန္တာေၾကာင့္ သူတို႔ တျခား stationေတြထက္ အရင္လက္ဦးမွုယူၿပီး ေစ်းကြက္ကို ေနရာယူနိုင္ဖို႔ အေရးႀကီးတယ္။
ရွန္းရွီက ကိုးရီးယားမွာ popularျဖစ္တဲ့ programေတြကို listထုတ္ထားတယ္ <Survival Challenge>,<Fifteen Days Of Romance>, <Daddy,Don't Donkey Me>, <Bun, Quickly Run> အဲ့လိုမ်ိဳးေတြေပါ့။
ဒီ programs ေတြက ထုတ္လုပ္ေရး company မ်ိဳးစုံလက္ေအာက္ကဟာေတြ။
ဒါေတြကို ေလ့လာၾကည့္ဖို႔ က်ဳံးယိပင္း စီစဥ္ထားတယ္။
ျပည္မနဲ႔ ယွဥ္ရင္ ကိုးရီးယားက ရာသီဥတုက နည္းနည္းပိုေအးတယ္။
ေလယာဥ္ေပၚက ဆင္းလာေတာ့ ခ်ဴးခ်င္တစ္ေယာက္ ႏွာေခ်ေတာ့တယ္။
"ေအးလို႔လား?"
က်ဳံးယိပင္းက ခ်ဴးခ်င္ကို လက္တစ္ဖက္နဲ႔ ဖက္ထားၿပီး သူ႔ကိုယ္ကို မွီထားေစတယ္။
"ရပါတယ္,အေပၚထပ္ထပ္၀တ္လိုက္ရင္ အဆင္ေျပသြားမွာပါ"
ခ်ဴးခ်င္ luggageထဲက ဂ်ာကင္တစ္ထည္ထုတ္လိုက္ၿပီး က်ဳံးယိပင္းအတြက္လည္း တစ္ထည္ဆြဲထုတ္လိုက္တယ္။
"ကိုယ္မေအးဘူး"
က်ဳံးယိပင္းက ပါးစပ္ကသာေျပာလိုက္ေပမယ့္ ခ်ဴးခ်င္ေျပာစကားအတိုင္း လိမ္လိမ္မာမာနဲ႔ ၀တ္လိုက္ေသးတယ္။
ကိုးရီးယားက သူတို႔ရဲ့ လုပ္ငန္းရွင္ပါတနာပို႔ေပးတဲ့ ကားေပၚတက္လိုက္ၾကၿပီး bookingလုပ္ထားတဲ့ ဟိုတယ္ကို သြားလိုက္ၾကတယ္။
ဒီတစ္ႀကိမ္မွာေတာ့ က်ဳံးယိပင္းနဲ႔အတူ လူတစ္စုပါလာတယ္။
အဲ့ထဲမွာ industryဘက္ကလူေတြ, producer, marketingဌာနက လူရယ္, ထုတ္လုပ္ေရးအပိုင္းဘက္က လူေတြ ဥပမာ ဓာတ္ပုံပညာတို႔ အသံပိုင္းတို႔ effectအပိုင္းက ကၽြမ္းက်င္သူေတြေတာင္ပါေသးတယ္။
စစ္ေဆးတာေတြလုပ္မယ္ဆိုရင္ ဒီလို ကၽြမ္းက်င္တဲ့ ပညာရွင္ေတြပါေတာ့ ပိုေကာင္းတာေပါ့။
တစ္ဖက္မွာလည္း ကိုးရီးယားကတခ်ိဳ႕အႀကံသမားေတြရန္က ကာကြယ္ဖို႔လည္းျဖစ္သလို တျခားတစ္ဖက္မွာလည္း တတ္ကၽြမ္းသူေတြဆီက ပညာတစ္ခုျဖစ္ေစ ႏွစ္ခုျဖစ္ေစ ေလ့လာနိုင္ေအာင္လို႔ေပါ့။
အခန္းေတြ booking လုပ္ထားတဲ့ပုံက ႏွစ္ေယာက္တစ္ခန္း,
ဒီဘက္က လူေတြက သူတို႔ဆက္ဆံေရးကို မသိေတာ့ ခ်ဴးခ်င္ကို ဓာတ္ပုံဆရာေလးတစ္ေယာက္နဲ႔ တစ္ခန္းတြဲေပးထားတယ္။
က်ဳံးယိပင္းအတြက္ကက်ေတာ့ အတြင္းေရးမွူးက်င္နဲ႔ အတူ အဆင့္ျမင့္အခန္းမွာေနရာခ်ထားေပးတယ္။
အခန္းေနရာခ်ထားပုံကို ၾကည့္ၿပီး အတြင္းေရးမွူးက်င္ နဖူးမွာ ခ်က္ခ်င္း ေခၽြးေစးေတြျပန္ေရာ။
ေဘာ့စ္က သူ႔ကို ေနာက္တစ္ႀကိမ္ျပန္ခန႔္ဖို႔က မလြယ္ကူပါဘူးဆို အခုသူက အမွားႀကီးႀကီးကို က်ဴးလြန္လိုက္မိျပန္ၿပီ။
သူတကယ္ကို ပ်က္စီးကိန္းစိုက္ေနၿပီပဲ။
တံေတြးၿမိဳခ်လိုက္ၿပီး အတြင္းေရးမွူးက်င္ ခ်ဴးခ်င္နဲ႔ က်ဳံးယိပင္းဆီ အဆင့္ျမင့္အခန္းကဒ္ႏွစ္ကဒ္ကို တြန႔္ဆုတ္မေနပဲ ခ်က္ခ်င္း ေပးလိုက္တယ္။
ေနာက္ၿပီးမွ အျပဳံးေလးကို ဆင္ျမန္းရင္း ဓာတ္ပုံဆရာေလးေနာက္ကို လိုက္သြားေတာ့တယ္။
အခန္းထဲေရာက္ေတာ့ ခ်ဴးခ်င္တစ္ေယာက္ အလုပ္ေတြစရွုပ္ေတာ့တယ္။
ေရခ်ိဳးခန္းအသုံးအေဆာင္ပစၥည္းေတြကို ေရခ်ိဳးခန္းထဲ သြားထားတယ္,တြန္႔လြယ္ ေၾကလြယ္တဲ့ က်ဳံးယိပင္းရဲ့ suit ႏွစ္ထည္ကို ခ်ိတ္တယ္,ေရေႏြးတစ္ခရားတည္ၿပီး ဖုန္းေတြကို အားသြင္းတယ္။
"ေလၽွာက္လုပ္မေနနဲ႔ေတာ့,မပင္ပန္းဘူးလားကြာ?"
အလုပ္ရွုပ္ေနတဲ့ ခ်စ္သူေလးကို က်ဳံးယိပင္း ေနာက္ကေနဖက္ၿပီး အိပ္ယာေပၚ ဆြဲလွဲလိုက္တယ္။
"အို႔,စီးပြာေရးပါတနာေတြကဘယ္ခ်ိန္လာမွာတဲ့လဲ,ငါတို႔အရင္စားထားသင့္လား?"
ခ်ဴးခ်င္ တကယ္ကို မပင္ပန္းပါဘူး။
သူက programs ေတြရိုက္ရင္လည္း ဒီလို မၾကာခဏ သြားေနရတာဆိုေတာ့ ေလယာဥ္ဆင္းဆင္းခ်င္း အလုပ္လုပ္တာက သူ႔အတြက္ေတာ့ မဆန္းေတာ့ပါဘူး။
"ဗိုက္ဆာလို႔လား?"
က်ဳံးယိပင္း ခ်ဴးခ်င္ရဲ့ ဗိုက္ခ်ပ္ခ်ပ္ေလးကို ထိလိုက္ရင္း
"ကိုယ္လည္းဆာတယ္"
ေျပာရင္းဆိုရင္းပဲ ခ်ဴးခ်င္ရဲ့ အကၤ်ီေတြဆီကို လက္လွမ္းလိုက္တယ္။
"ေဟး!"
ခ်ဴးခ်င္က သူ႔လက္ေတြကို ရိုက္ခ်တယ္။
သူတို႔ႏွစ္ေယာက္စေနာက္ေနတုန္း အတြင္းေရးမွူးက်င္ ေရာက္လာၿပီး လုပ္ငန္းရွင္ေတြေရာက္ေနၿပီျဖစ္ၿပီး သူတို႔ကို လိုက္ေကၽြးမယ့္အေၾကာင္းလာေျပာတယ္။
အခုတစ္ေခါက္ သူတို႔ခရီးကို စီစဥ္ေပးတဲ့ လုပ္ငန္းရွင္က ကိုးရီးယားၿမိဳ႕ေတာ္မွာရွိတဲ့ companyတစ္ခုက။
ဒီcompany က entertainment programs ေတြ အဓိက ထုတ္လုပ္တာ။
ခု popular ျဖစ္ေနတဲ့ <Daddy,Don't Donkey Me>ကလည္း သူတို႔programsေတြထဲက တစ္ခုပဲ ။
" ဒီprogramကို ငါ onlineကေနတစ္ခါၾကည့္ဖူးတယ္,ကိုးရီးယားမွာေတာ့ ေတာ္ေတာ္နာမည္ႀကီးပုံပဲ"
စားေသာက္ဆိုင္ကို သြားေနတဲ့လမ္းမွာ ခ်ဴးခ်င္က က်ဳံးယိပင္းကို ေျပာတယ္။
"အမ္း,Ma Tong stationကလည္း ဒီprogramအေၾကာင္း စုံစမ္းေနတယ္ၾကားတယ္,သူတို႔ဒါကို ေစ်းျမင့္ျမင့္နဲ႔ ေရာင္းဖို႔လုပ္မွာပဲ"
လုပ္ငန္းအေၾကာင္းေျပာတဲ့ခ်ိန္က် က်ဳံးယိပင္းက အေတာ္ကို အေလးအနက္ထားလာတယ္။
"အခု အေလာတႀကီးလုပ္စရာမလိုပါဘူး,ငါတို႔ ေလ့လာၾကည့္ၿပီးမွ ျပန္တိုင္ပင္လို႔ရတာပဲ"
ခ်ဴးခ်င္လည္း ဒီprogramကို တကယ္သေဘာက်ေပမယ့္ သူတို႔အေလာသုံးဆယ္လုပ္လို႔မရဘူးေလ။
ကိုးရီးယားလုပ္ငန္းရွင္ပါတနာေတြက အသတ္လတ္ပိုင္း အန္ကယ္ႀကီးႏွစ္ေယာက္,
ခ်ဴးခ်င္တို႔ႏွစ္ေယာက္ ေရာက္လာတာ ျမင္ေတာ့ မတ္တပ္ထၿပီး လက္ဆြဲႏွုတ္ဆက္တယ္။
"YMD companyရဲ့ copyright ဌာနက ဌာနမွူး Jin Dongshengပါ,ဒါက ငါတို႔ရဲ့ ကိုယ္စားလွယ္ Piao”
အန္ကယ္တစ္ေယာက္က ျပဳံးရင္း သူ႔ကိုယ္သူမိတ္ဆက္ေပးေတာ့ ေဘးက translator ကခ်က္ခ်င္းပဲ ဘာသာျပန္ေပးတယ္။
အတြင္းေရးမွူးက်င္ကလည္း သူတို႔ေဘာ့စ္ရဲ့စကားေတြကို ဘာသာျပန္ေပးဖို႔ Chinese translator တစ္ေယာက္ေခၚလာၿပီး ေဘးမွာထိုင္ခိုင္းထားတယ္။
“ဒါက က်ေနာ္တို႔ ရွန္းရွီဒါရိုက္တာ မစၥတာက်ဳံးပါ,ဒီဘက္ကေတာ့ ရွန္းရွီentertainmentက ဒါရိုက္တာမစၥတာခ်ဴးပါ”
translator က မ်က္ႏွာတည္တည္ၾကည္ၾကည္နဲ႔ အမ်ိဳးသမီးတစ္ေယာက္။
သူမက အစည္းအေဝးမစခင္ ပထမဆုံးမိတ္ဆက္စကားေျပာေပးတယ္။
သူ႔ကိုယ့္သူ entertainmentဒါရိုက္တာျဖစ္သြားမွန္းလည္း ခ်ဴးခ်င္တစ္ေယာက္ မသိလိုက္ဘူး ဘာလို႔ဆို သူက သူ႔ကိစၥသူေတြးၿပီး menuၾကည့္ေနတာကိုး။
ကိုးရီးယားက ဟင္းပြဲေတြက ေသးတယ္။
အဓိကကေတာ့ အသားနည္းနည္းေလးပါၿပီး အသားက အရမ္းေစ်းႀကီးတာပဲ။
Jin Dongsheng က programရဲ့ အခ်က္အလက္ေတြကို သူတို႔ဆီေပးၿပီး program အေၾကာင္းစေျပာေတာ့တယ္။
ဒီ <Daddy, Don’t Donkey Me>က မိဘနဲ႔ သားသမီးၾကားက အျပန္အလွန္ဆက္ဆံတဲ့ reality showတစ္ခုပဲ။
အေဖက ကေလးကို ခရီးသြားဖို႔ေခၚလာၿပီး ေဝးလံၿပီးခက္ခဲၾကမ္းတမ္းတဲ့ေနရာေတြကို သြားရတယ္ ။
ဒါေပမယ့္ စမထြက္ခင္မွာ ဒီတစ္ေခါက္ သူတို႔ခရီးဟာ ဇီမ္ခံအေပ်ာ္ထြက္ရမယ့္ခရီးဆိုၿပီး ကေလးကိုလိမ္ရတယ္။
ကေလးေလးေတြရဲ့ reaction ေတြက တကယ္ကို အရမ္းစိတ္၀င္စားဖို႔ေကာင္းတယ္။
“ဒီcopyrightကို ၀ယ္ၿပီးတဲ့ခါက်ရင္ ကိုယ္တို႔လည္း ၀င္ပါရေအာင္”
က်ဳံးယိပင္းက ျပဳံးရင္းခ်ဴးခ်င္ကို ေျပာတယ္။
သူတို႔က တ႐ုတ္လို ေျပာလိုက္တာဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ဒီလူေတြ နားမလည္ဘူး။
အဲ့ေတာ့ ေတာ္႐ုံတန္႐ုံ ထိန္းခ်ဳပ္မေနေတာ့ဘူး။
“ငါတို႔ႏွစ္ေယာက္က ဘယ္လိုလုပ္ ၀င္ပါမွာလဲ, ကေလးရွိတာလဲ မဟုတ္ဘဲနဲ႔ “
ခ်ဴးခ်င္က သူ႔ကို မ်က္လုံးလွန္ၾကည့္တယ္။
“ကိုယ္က မင္းdaddy လုပ္မယ္”
က်ဳံးယိပင္းက မ်က္ႏွာခ်င္းဆိုင္က လူႀကီးလူေကာင္းႏွစ္ေယာက္ကို ၾကည့္ရင္း မ်က္ႏွာတည္တည္နဲ႔
“ကိုယ္က မင္းကို အ၀တ္စားလဲေပးမယ္,ေရခ်ိဳးေပးမယ္,ကိုယ့္ကို daddy လို႔ေခၚ ...”
Jinအႀကီးအကဲရဲ့ မ်က္ႏွာက စိတ္ရွုပ္ေထြးတဲ့အမူအရာကို ၾကည့္ၿပီး အတြင္းေရးမွူးက်င္ နဖူးမွာ ေဇာေခၽြးျပန္လာျပန္တယ္။
သူ translator အမ်ိဳးသမီးကို အဓိပၸါယ္ပါပါၾကည့္လိုက္ၿပီး သူမကိုမဟုတ္တာေတြ ေျပာမထြက္ဖို႔ အရိပ္အကဲျပလိုက္တယ္။
Translator အမ်ိဳးသမီးက ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလိုက္ပါတယ္။
“ဒါရိုက္တာကေျပာပါတယ္ မစၥတာJin ရဲ့ introduction အရမ္းစိတ္၀င္စရာေကာင္းၿပီး မစၥတာ့ကို ဆက္ေျပာေစခ်င္ပါတယ္တဲ့ “
တစ္ဖက္မွာေတာ့ Jinအႀကီးအကဲက သူတို႔ကို ေက်းဇူးတင္ေၾကာင္းျပန္ေျပာတာေပါ့။
အတြင္းေရးမွူးက်င္ ဒီစကားကိုေတာ့နားလည္တယ္ ဒါ့ေၾကာင့္ ဘာျပႆနာမွမရွိတာေတြ႕ေတာ့မွ သူစိတ္သက္သာရာရၿပီး သက္ျပင္းခ်နိုင္ေတာ့တယ္။
ကံေကာင္းတာက ကိုးရီးယားလူႀကီးႏွစ္ေယာက္က သူတို႔စကားကို နားမလည္လို႔ မဟုတ္ရင္ နိုင္ငံရပ္ျခားထိကို အရွက္ကြဲရမွာ။
သူ လိေမၼာ္ရည္ေလးတစ္က်ိဳက္ေသာက္လိုက္ရင္း တစ္ဖက္က ကိုးရီးယားtranslatorရဲ့ မ်က္ႏွာအမူအရာကို မ်က္လုံးလွန္ကာ လွမ္းၾကည့္လိုက္တယ္။
‘ဖူးးး' ဆိုၿပီး အတြင္းေရးမွူးက်င္ပါးစပ္ထဲက ေရေတြအကုန္ျပန္ပန္းထြက္ကုန္ေရာ။
-----------------------------------------------------------------------------------------------------------------------
The author has something to say :
Small theater :
အားပင္း : ျမန္ျမန္ ,ကိုယ့္ကို daddyလို႔ေခၚ
ခ်င္ခ်င္ : မင္းအရိုက္ခံခ်င္ေနတာလား
အားပင္း : ေကာင္ကေလး,ကိုယ္တို႔ျပန္တဲ့ခါက်မွ မင္းကို ဘယ္လိုအမိန႔္ေပးမလဲ ၾကည့္ေနလိုက္,ေသခ်ာေပါက္ ငိုၿပီး ကိုယ့္ကို daddyလို႔ ေခၚေစရမယ္
ခ်င္ခ်င္ ; မဟုတ္တာေတြ မေျပာနဲ႔,တျခားသူေတြၾကားသြားရင္ မေကာင္းဘူး
အားပင္း :မင္းဘာကိုေၾကာက္ေနတာလဲ,အဲ့ဒီကိုးရီးယားေတြက ကိုယ္တို႔ကို နားမလည္နိုင္ပါဘူး
ခ်င္ခ်င္ : သူတို႔မွာ translator တစ္ေယာက္ရွိေသးတယ္ေလ
အားပင္း : ဘာမွမျဖစ္ဘူး,သူတို႔ translatorက ကိုးရိးယားလိုနားေထာင္ၿပီး တ႐ုတ္လိုပဲေျပာတာ
Translator : ……
__________________________________________
စာလုံးေပါင္းေတြသတ္ပုံေတြ အမွားေတြ က်က်န္ေနခဲ့တာေတြေတြ႕ရင္လည္း ေထာက္ျပေပးခဲ့ၾကပါဦးေနာ္။
ယူတို႔စိတ္ပင္ပန္းေနတာနည္းနည္းျဖစ္ျဖစ္သက္သာေစဖို႔ အားတဲ့အခ်ိန္ေလး ❤️