Chapter 38: လက်စားချေခြင်း

ဝူ၀မ်က စပ်ဖြီးဖြီးနဲ့ သူ့အမနားကို တဝဲလည်လည်ပတ်ရင်း
"ကြည့်,အားပင်းက ခေါ်နေပြီ,သူက အားတဲ့အချိန် ရှားတယ်ရယ်"


ဝူရိ သူ့မောင်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်တယ်
"ကျုံးယိပင်းက အခုတလော ရှန်းရှီရဲ့ project ကြီးတွေကို စပြီးကြီးကြပ်နေပြီ,မင်းကို ကြည့်စမ်း,ငါမင်းကို သူနဲ့ပေါင်းခိုင်းတာက ကျုံးမိသားစုနဲ့ အဆက်အသွယ်ရှိအောင်လို့,သူ့ဆီက ဘယ်လိုပျော်ရပါးရမယ်ဆိုတာ သင်ခိုင်းတာမဟုတ်ဘူး"


"သိပြီ,ကျနော်သိပြီလို့!"
ဒီစကားတွေ ကြားရလွန်းလို့ အလွတ်တောင်ရတော့မယ်
သူ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ကောက်ယူပြီး မြန်မြန်လစ်ထွက်လာတော့တယ်
လမ်းမှာလဲ ကျိုးဇယ့်မုန်ဆီ ခေါ်လိုက်ပြီး
"သတင်းကောင်းဟေ့,ဒီနေ့ည ကျုံးအာပင်းက ငါတို့ကို Hilltop Fireworks Terraceမှာ လာဖို့ ဖိတ်လိုက်တယ်"


အလုပ်ကိစ္စ‌တွေ ရှင်းလင်းပြီးတော့ ကျုံးယိပင်း ကျုံးအိမ်တော်ကို အရင် မောင်းလိုက်တယ်


ကျူံးမားမားက အလုပ်နားလိုက်တာ ဆယ်စုနှစ်တော်တော်ရှိနေပြီ သူမက အိမ်မှာပဲ အချိန်ပြည့် အိမ်ရှင်မဖြစ်နေတာပေါ့
နေ့လည်နေ့ခင်းဆိုရင် မိတ်ရင်းဆွေရင်းတချို့ကို လက်ဖက်ရည်သောက်ဖို့ အိမ်ကို ခေါ်လိမ့်မယ်
ဒီလိုအလေ့အကျင့်က မြို့တော်ထဲက အထက်တန်းစားအသိုင်းဝိုင်းက မဒမ်တွေရဲ့ ပေါင်းသင်းဆက်ဆံရေးအတွက်တော့ အရေးကြီး‌ေနတာပေါ့


ဒါပေမယ့် ကျုံးမားမားက အရင်နှစ်ရက်လောက်ကတည်းက စိတ်အခြေနေမကောင်းတော့ ဘယ်သူ့ကိုမှ အိမ်မဖိတ်တော့ဘူး
အဲ့ဒီအစား သူမဘာသာ ခြံထဲမှာ လက်ဖက်ရည်ထိုင်သောက်နေလိုက်တယ်
sport ကား အသံကြားလို့ သူမ အပြင်ဘက်ကို ခေါင်းထောင်ပြီး လှမ်းကြည့်လိုက်တော့ မထင်မှတ်ပဲ ‌အရောင်တောက်တောက်‌လက်လက်နဲ့ sport ကား တစ်စီးဖြစ်နေတယ်
မိသားစုတစ်ခုလုံးထဲမှာ ဒုတိယသခင်လေးတစ်ယောက်ပဲ အဲ့လိုကားမျိုးစီးတာဆိုတော့ သူမချက်ချင်း ရွှင်လန်းသွားပြီး ထရပ်လိုက်တယ်


"မြန်မြန်,ဒုတိယသခင်လေးရောက်နေပြီ,သူ့အကြိုက်ဆုံး ဆိုဒါနဲ့ ဂဏန်းအခွံခွာတဲ့ညှပ် ယူခဲ့"
ကျုံးမားမားက ရွှင်ရွှင်ပျပျနဲ့ ရှေကိုထွက်လာပြီး ကြိုတယ်


ကျုံးယိပင်း ကားပေါ်က ဆင်းလိုက်ပြီး သူ့အမေဆီကို သွားလိုက်တယ်
သူ့အမေက ပိုပိုပြီး ရင်းနှီးလာသင့်ပေမယ့် သူ့အတွက် ပိုပိုပြီး စိမ်းသက်သွားသလိုပဲ..


"အလုပ်ရှုပ်ခံမနေပါနဲ့တော့,ကျနော် မေးစရာရှိလို့ ပြန်လာတာ"
ကျုံးယိပင်းက ခုံမြင့်ပေါ်မှာထိုင်လိုက်တယ်
"ချူးချင်ရဲ့ ကိစ္စမှာ အမေဘယ်လို ပါ၀င်ပက်သက်နေတာလဲ?"


ကျုံးမားမားက ဖြေးဖြေးချင်း လက်သီးဆုပ်လိုက်တယ်
"မင်းလဲ ငါလုပ်တယ်လို့ သံသယရှိနေတာလား?"


"အမေ,ခုချိန်က ခံစားချက်တွေ အကြောင်း ပြောနေရမယ့် အချိန်မဟုတ်တော့ဘူး"
ကျုံးယိပင်းက သူမကို ငြိမ်ငြိမ်လေး စိုက်ကြည့်နေတယ် သူ့ရဲ့ ခေါင်းက အရိုက်ခံထားရတဲ့ နေရာကို ထိုးပြရင်း
"ဆရာ၀န်ကပြောတယ်,အဲ့ဒီလူသာ အားနည်းနည်းထပ်သုံးလိုက်ရင် ကျနော် ရူးသွားနိုင်တယ်တဲ့,အဲ့ဒီလူတွေက ချူးချင်ကိုပဲ ဖျက်စီးချင်နေကြတာမဟုတ်ဘူး,အမေ့သားရဲ့ ဘ၀ကိုပါ ပျက်စီးတော့မလို့လေ,အမေကျနော့်အတွက်နည်းနည်းမှ စိတ်မကောင်းမဖြစ်မိဘူးလား?"


ကျုံးယိပင်း ပြောလိုက်တိုင်း ကျုံးမားမားရဲ့ မျက်နှာအရောင်က ဖျော့‌ေဖျာ့လာတယ်


"အဲ့ဒီလူတွေက ကျနော့်ကိုလဲ ပစ်မှတ်ထားနိုင်တယ်ဆိုတာ အမေစဉ်းစားကြည့်ဖူးလား?ကျနော်ဘယ်မှာရှိတယ်ဆိုတာ ပြောပြတော့ ကျနော့်ကို လမ်းမှာတင် တန်းပြီးတိုက်သတ်..."


"အဟွတ် အဟွတ် အဟွတ်..သေမယ်ဆိုတဲ့ စကားကို မပြောနဲ့!"
ကျုံးမားမားက သူဆက်ပြောမှာကို စိုးရိမ်တကြီး တားလိုက်တယ်
ခနလောက် တိတ်ဆိတ်နေပြီးတဲ့နောက်တော့ သူမ မထိန်းနိုင်တော့ပဲ မျက်ရည်တွေ ကျလာတော့တယ်


ကျုံးယိပင်းက ကျုံးမားမား အသေးစိတ် ပြန်ပြောပြတဲ့ အကြောင်းကို နားထောင်ပြီး သူ့မျက်နှာက အေးစက်လာတယ်


သူ့မိသားစုကို ၀န်ခံခဲ့တဲ့အချိန်တုန်းက ချူးချင်ကို သူ့အဖေက ခက်ခဲအောင်လုပ်မှာ စိုးရိမ်တာကြောင့် သူ့ချစ်သူက ဘယ်သူဆိုတာပြောပြဖို့ ငြင်းဆန်ခဲ့ပြီး သူကြိုက်တာက ယောက်ျားလေးတစ်ယောက် ဆိုတာပဲ ပြောပြခဲ့တာ
သူ့ရဲ့သားငယ်ကို အရမ်းချစ်တဲ့ ကျုံးမားမားက ပိုပြီးသိရအောင် သူ့သူငယ်ချင်း‌ေတွကို ရှာ‌ရာကနေ ကျိုးဇယ့်မုန်နဲ့တွေ့တာ
ကျိုးဇယ့်မုန်ရဲ့ စကားတွေထဲမှာ ချူးချင်က နေရာကောင်းရအောင်လို့ အိပ်ယာပေါ်တွယ်တက်တဲ့သူပေါ့ ကျုံးယိပင်းကိုလည်း သူကပဲ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ကွေးအောင်လုပ်ခဲ့တာ


"အိုး,မဒမ် ကျနော်ဖြတ်ပြောရတာ အားနာပါတယ်, မဒမ့်ရဲ့ သားက အရင်က မိန်းကလေးတွေပဲ ကြိုက်တတ်တယ်ဆိုတာ ဘယ်လိုသိတာလဲ?"
ဒေ့ဗ် ဘယ်ကပေါ်လာမှန်းမသိ ပေါ်လာပြီး စပ်စပ်စုစုမေးတယ်
သူ့ရဲ့ဘေးမှာလဲ တုန်နေအောင်ကြောက်နေတဲ့ translator လေးတစ်ယောက်နဲ့


ဒီ translator က နိုင်ငံခြားဘာသာကျောင်းက ဒေ့ဗ်တွေ့လာတဲ့ ကျောင်းသားလေး
ဈေးလည်းနည်းတာကြောင့် သူ့ကို ငှားလိုက်ပြီး သူသိချင်တာမှန်သမျှ ပြန်ပေးလို့ရအောင် သူနဲ့တစ်ချိန်လုံးရှိနေတာ
translator‌လေး ရဲ့ နဖူးက ချွေးတွေ ရွှဲနေပြီ
ကျုံးယိပင်းရဲ့ အေးတိအေးစက် အကြည့်စူးစူးတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာတော့ သူမြေကြီးထဲပဲ တွင်းတူးပြီး ပုန်းနေလိုက်ချင်တော့တယ်


အစကတော့ ဒီလို နိုင်ငံခြားသားတစ်ယောက်အတွက် ဘာသာပြန်ပေးရတာ ဂုဏ်ယူစရာပေါ့ ဒါပေမယ့် ဒီလို အထက်တန်းစား မိသားစုရဲ့ dramaကို ကြားရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ
ဒီdramaထဲမှာ နာမည်ကြီး host ချူးချင်တောင် ပါသေးတယ်
ဒ့ါအပြင် ထိတ်လန့်တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်ကြီးက ‌ယောက်ျားတစ်ယောက်နဲ့တဲ့


"juniorအထက်တန်းတုန်းက ကောင်မလေးတစ်ယောက်ကို ကြိုက်သေးတယ်လေ"
ကျုံးမားမားက ယုံကြည်ချက်ရှိရှိပြောတယ်


"ဘယ်က ကောင်မလေးလဲ?"
ကျုံးယိပင်းမျက်မှောင် ကျုံ့လိုက်တယ်


"Athenaလို့ ခေါ်တဲ့တစ်ယောက်"
ကျုံးမားမားက အသေအချာကြီးကို ပြောတယ်
အဲ့လိုအရွယ်ကလေးတွေက တချို့အတွေးလေးတွေ ရှိတတ်ကြတော့ ကျုံးမားမားက သူ့သားကို ကြိုက်တဲ့ကောင်မလေးများ ရှိလားလို့ သိချင်စောနဲ့ မေးကြည့်တယ်
ကျုံးယိပင်းသေးသေးလေးက အကြာကြီး မဝံ့မရဲဖြစ်နေပြီးမှ သူ Athenaကို ကြိုက်ကြောင်းပြောလာတယ်


ကျုံးယိပင်း,"....."
သူ ပြတ်ပြတ်သားသား ထရပ်လိုက်ပြီး ကျုံးအိမ်တော်ကနေ ထွက်သွားတော့တယ်


အချိန်က နေ၀င်ရီတရောဖြစ်နေပြီ
ဆင်ခြေဖုံးအရပ်ရဲ့ ကုန်းမြင့်လေးက တိတ်ဆိတ်ငြိမ်သက်နေတယ်
ဒါက Chengbeiက ကုန်းမြင့်တစ်ခုပဲ-အဝေးပြေးလမ်းမကြီးကို ပြင်ထားပြီးတော့ တောင်ရဲ့ထိပ်မှာ Hilltop Fireworks Terraceလို့ ခေါ်တဲ့ platform အကျယ်ကြီးရှိတယ်
ရုံးပိတ်ရက်တွေတိုင်း မြို့ထဲက မီးရှူးမီးပန်း‌တွေ ဖောက်ကြတဲ့ခါ ဒီက ကြည့်ရတဲ့ viewက အရမ်းမိုက်တယ်


စီးပွားရေး အကွက်မြင်တဲ့ ကုန်သည်တစ်ဦးက ဒီနေရာကို ၀ယ်ပြီးတော့ စားသောက်ဆိုင်တွေ,တည်းခိုခန်းတွေ,ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ အကုန်လုံးကို တစ်နေရာတည်းမှာ ဖွင့်လိုက်တာ
လူငယ်တွေ တော်တော်များများကတော့ ဒီနေရာကို ကြိုက်ကြတယ်


8နာရီက ချိန်ထားတဲ့အချိန်ပေမယ့် ကျိုးဇယ့်မုန် ကတော့ ထုံးစံအတိုင်းပဲ နာရီ၀က်နောက်ကျမှရောက်တယ်
အလှလေးတစ်ယောက်အနေနဲ့ နောက်ကျမှရောက်တာတော့ လူထုရဲ့အာရုံစိုက်စရာ ဖြစ်တာပေါ့


အရင်တခေါက်က companyကိုသွားပြီး ကျုံးယိပင်းကို ရှာတုန်းက နက်ကတိုင်ပေးဖို့က သူမရဲ့ တကယ့် ရည်ရွယ်ချက်မဟုတ်ဘူး
အမှန်က paparazziတွေကို သတင်းပေးတာ သူမဆိုတာ သူ သိသွားပြီလားဆိုတာ လာစုံစမ်းတာ
ကျုံးယိပင်းက သူမကို ဒေါသပုံထနေတာဆိုတော့ သူသိသွားတယ်ဆိုတာ သိသာနေတာပဲ
ကျုံးယိပင်း သူတို့ကို လာမတွေ့တာ နှစ်ပတ်လောက်ရှိနေပြီဆိုတော့ သူမ စိုးရိမ်နေတာ
ဒီနေ့ သူတို့ကို ခေါ်တယ်ဆိုတာလဲ ကြားလိုက်ရော သူမဘာမှစဉ်းစားမ‌ေနပဲ တန်းထွက်လာခဲ့တယ်


သူမ ဒီညအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကျုံးယိပင်းနဲ့ ပြန်ပြေလည်အောင် လုပ်မှဖြစ်မယ် မဟုတ်ရင် ချူးချင် ပြန်ပေးဆွဲခံရတဲ့အမှုက....


"ကျွီ--"
မီးရောင်စူးစူးက ရုတ်တရက် သူမမျက်လုံးတွေကို လာ‌ေထာက်တယ်
ကုန်တင်ကားတစ်စီးက သူမကားနဲ့ တိုက်တော့မလိုဖြစ်သွားတာ
တောင်ပတ်လည်က လမ်းက တော်တော်ကို ကျဉ်းတယ်
ကျိုးဇယ့်မုန် လမ်းကိုလည်း သေချာမမြင်ရတာကြောင့် brakeအုပ်ပြီး အဲ့ကားဖြတ်သွားဖို့ပဲ စောင့်နေလိုက်တယ်
သူမရဲ့ကား ရပ်ပြီးငြိမ်သွားတဲ့နောက်တော့ ကုန်တင်ကားကလည်း ရပ်သွားတယ်
ကားပေါ်ကနေ လူသုံးယောက် ဆင်းလာကာ ကြမ်းကြုတ်တဲ့အမူအရာနဲ့ သူမဆီကို လျှောက်လာပြီး ဘေးကနေ ဝိုင်းထားတယ်


ကျိုးဇယ့်မုန်ရဲ့ ကားက open sport carလေး,
အော်ချိန်တောင်မရလိုက်ပဲ ကားဘေးက ရပ်နေတဲ့ ဗလတောင့်တောင့်နဲ့လူက လက်တစ်ဖက်တည်းနဲ့ သူမကို ပွေ့ပြီး ပါးစပ်ကိုပိတ်ကာ ကုန်တင်ကားထဲကို ပစ်ထည့်လိုက်တယ်
ဒီကားက သ‌င်္ဘောပေါ်က ကုန်တွေသယ်တဲ့ containerတွေလိုပဲ နောက်ခန်းကအလုံနဲ့,
မျက်နှာကျက်မှာက ဝါညစ်ညစ်မီးလုံးတစ်လုံး ချိတ်ဆွဲထားတယ်


"နင်ဘယ်သူလဲ?ဘာလိုချင်တာလဲ?"
ကျိုးဇယ့်မုန်က ကြောက်လန့်တကြားနဲ့ ကိုယ်ကိုကျုံ့ကာ နောက်ကိုဆုတ်သွားတယ်


"ငါ ဘယ်သူလဲ ဆိုတာ မင်းမသိဘူးလား?လွန်ခဲ့တဲ့ တစ်လ‌လောက်တုန်းက ချူးချင်ကို ပြန်ပေးဆွဲဖို့အတွက် အလုပ်အပ်ခဲ့တာ မင်းမလား?"
ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူက ကြမ်းကြမ်းတမ်းတမ်းပြောတယ်


"နင်က ထောင်ထဲမှာ မဟုတ်ဘူးလား?''
ကျိုးဇယ့်မုန်အော်ပြောမိပြီးမှ ပါးစပ်ကို ချက်ချင်းပြန်ပိတ်လိုက်တယ်
ပြန်ပေးဆွဲသမားတွေကို ဆက်သွယ်ပြီးခိုင်းခဲ့တာ သူမ မဟုတ်ဘူး အဲ့ဒါ လော့ယွမ်ဆိုတဲ့ ဟိုအရူးကောင်ပဲ သူတို့နဲ့ဆက်သွယ်ခဲ့တာ
အဲ့ဒီလူတွေ အရင်က သူမအသံကို ကြားဖူးရင်တောင်မှ သူမဘယ်သူ‌ဆိုတာ သိဖို့တော့မဖြစ်နိုင်ဘူး


"ငါတို့ ဘယ်သူတွေလဲဆိုတာ မင်းစိတ်ပူနေစရာမလိုပါဘူး,အဟက်"
သူမ ရှေ့ကလူက ကြိုးတစ်ချောင်း ကိုထုတ်လိုက်ပြီး လက်တွေ ခြေထောက်တွေကို ကြိုးတုပ်လိုက်တယ်
အဲ့ဒီလူက သူမရဲ့ ဖုန်းကိုဖျက်စီးပစ်လိုက်ပြီး ဘေးက ဂုန်နီအိတ်ထဲကနေ ချောဆီနဲ့ condomတွေ ထုတ်လိုက်တယ်
"မင်း ချူးချင်ကိုဖြစ်စေချင်တဲ့အတိုင်း မင်းကို လုပ်ဖို့ တစ်ယောက်ယောက်က ငါတို့ကို ငွေပေးခိုင်းလိုက်တယ်"


‌ပြောပြီးတော့ အနောက်က နှစ်ယောက်က ယုတ်မာစွာရီရင်း အနားတိုး‌လာပြီး ကျိုးဇယ့်မုန် ရဲ့ မျက်နှာကို ထိဖို့လုပ်တယ်


"ငါ့ကို မထိနဲ့!အဲ့ဒါ လော့ယွမ်ပဲ ချူးချင်ကို rapeဖို့ခိုင်းတာ!ငါ ဘာမှမပြောဘူး!ဘာမှလဲမသိဘူး!နင်တို့ ပိုက်ဆံလိုချင်ရင် ငါပေးနိုင်တယ်"
ကျိုးဇယ့်မုန် တအားထိတ်လန့်နေပြီး ဒီလူတွေက ဘယ်သူဘယ်ဝါဖြစ်ကြောင်းရော ဘယ်သူလွှတ်လိုက်တာမှန်းရော မစဉ်းစားနိုင်တော့ဘူး
အဲ့ဒီချိန်မှာ သူမရင်ထဲမှာ ကြောက်တာနဲ့ နောင်တရတာပဲရှိတယ်
သူမ အဲ့ဒီလော့ယွမ်အရူးကောင်ကို မယုံခဲ့သင့်ဘူး
ဘယ်အရာမဆို သူက ရှုပ်အောင်ပဲလုပ်တတ်တာ


"လော့ယွမ်ဆိုတာ ဘယ်သူလဲ?"
ဦး‌ဆောင်တဲ့သူက အဓိက အချက်ကို မေးလိုက်တယ်
သူ စောင့်ကြောင့် ထိုင်ချပြီး ကျိုးဇယ့်မုန်ရဲ့ မေးကို ကိုင်လိုက်တယ်
ကျိုးဇယ့်မုန် ခနလောက် အေးခဲသွားပြီး သူ့စိတ်ကို မြန်မြန်အလုပ်ပေးလိုက်တယ်
ဒီလူတွေက အမှုအကြောင်းကို မေးနေပုံထောက်တော့ ချူးချင်လွှတ်လိုက်တာများလား?


"မင်း မပြောပြချင်ရင်လည်း ငါတို့အရင် ရိုက်စရာရှိတာရိုက်ပြီးမှ ပြောလို့ရတယ်!"
အနောက်က လူရဲ့ အသံက ကြောက်စရာပဲ
သူက ပြုံးရင်း ခါးပတ်ကိုဖြုတ်နေတုန်း တခြားတစ်ယောက်က ကင်မရာကို မြှောက်ကိုင်ထားတယ်


"လော့တဟိုင်ရဲ့ သား, Yuhua ဒါရိုက်တာရဲ့ မြေး"
ကျိုးဇယ့်မုန်က ငိုယိုပြီး ပြောလာတော့တယ်
"ဒါတွေအကုန်က သူစီစဉ်တာ ,သူ့ကိုပဲ သွားရှာကြ"


"Hong---"
ကားနောက်ခန်းက အပြင်ကနေ အဖွင့်ခံလိုက်ရတယ်
အပြင်မှာ ကျုံးယိပင်းက မှုန်မှိုင်းနေတဲ့ အမူအရာနဲ့ ရပ်နေပြီး သူ့နောက်မှာ ဝူ၀မ်,ပိုင်ချန်,ကျိယောင်နဲ့ ဝူချန်းချန်
သူတို့အားလုံးရဲ့ အမူအရာတွေက အံ့ဩလွန်းလို့ ဆွံ့အနေကြတယ်


"ဒုတိယသခင်လေး"
ကားထဲက maskနဲ့ လူနှစ်ယောက်က ခုန်ဆင်းလာပြီး အသံသွင်းစက်‌ကို ကျုံးယိပင်းဆီ ပေးလိုက်တယ်


"ကျုံးယိပင်း ,အဲ့ဒါ နင်လား!"
ကျိုးဇယ့်မုန်က ခေတ္တမျှနားမလည်နိုင်တဲ့အမူအရာနဲ့ ပြောတယ်
အဲ့ဒီနောက်တော့ သူ့ကို ရိုက်ဖို့‌ပြေးဆင်းလာပေမယ့် ဗလတောင့်တောင့်နဲ့ လူနှစ်ယောက်ရဲ့ ပြန်ချုပ်ခြင်းခံလိုက်ရတယ်


"အင်း,ငါပဲ"
ကျုံးယိပင်းက အသံသွင်းစက်ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ကျိုးဇယ့်မုန်ကို အေးစက်စက်ကြည့်ရင်း
"သူတို့ကို မင်းရဲ့နံရိုးတွေ ကျိုးအောင် မချိုးခိုင်းတာကိုက တော်တော်စာနာရာရောက်နေပြီ"


ဝူ၀မ်က သူ့ကိုဖျောင်းဖျဖို့ ကြိုးစားတယ်
"ဒါက...အားပင်း နားလည်မှုလွဲတာများ ရှိနေမလား...''
တကယ်တော့ နားလည်မှုလွဲတာ ဟုတ်မဟုတ်ဆိုတာ သူတို့အားလုံး ရှင်းရှင်းလင်းလင်းသိပါတယ်


"ကျိုးဇယ့်မုန်,နင်က တကယ်ကိုယုတ်မာရက်စက်တာပဲ!"
ဝူချန်းချန်က သူ့အကိုကို ဘေးကို တွန်းထုတ်လိုက်တယ်
ဒီလိုကိစ္စမျိုးက ‌ဖျောင်းဖျနေစရာလိုလို့လား
သူမသာ ကျုံးယိပင်းနေရာမှာဆိုရင် သူ့(ကျိုးဇယ့်မုန်)မျက်နှာကို ဆွဲဖြဲပစ်တာကြာပြီ
ဒီနေ့ ကျုံးယိပင်းက အဲ့ဒီ‌ေန့ကအဖြစ်အပျက်အတိုင်း ပြန်လုပ်ပြီး သူမကိုနဲနဲခြောက်လှန့်လိုက်ရုံတင်
ဒါပေမယ့် ချူးချင် ကြုံခဲ့ရတာက တကယ်ပြန်ပေးဆွဲခံရတာ


"အားပင်း,ငါတို့..."
ပိုင်ချန် ဘာပြောရမှန်းမသိတော့ဘူး
အဲ့ဒီနေ့က သူတို့ ကျိုးဇယ့်မုန်နဲ့အတူရှိနေခဲ့တာဆိုတော့ အထက်က စစ်‌ေဆးတဲ့အချိန်တုန်းက သူတို့က ကျိုးဇယ့်မုန်အတွက် သက်သေတွေဖြစ်ခဲ့တာ


"ပြန်ကြတော့,ဒီနေ့ဖြစ်တဲ့ ကိစ္စကို ဘယ်သူမှပြန်‌မပြောရဘူး"
ကျိယောင်က မျက်နှာတည်နဲ့ လျှောက်လာပြီး ရှိနေတဲ့လူတွေကို ပြောတယ်


ကျုံးယိပင်းက သူတို့ကို မျက်ကွယ်ပြုထားလိုက်တယ်
နောက်မှာ ကျုံးလော့က sport carလေးကို တောင်ထိပ်ထိမောင်းလာတယ်
ခုနကပြန်ပေးဆွဲသမားအတု သုံးယောက်ကတော့ ကုန်တင်ကားပေါ်ပြန်တက်သွားပြီး ချက်ချင်း မောင်းထွက်သွားတော့တယ်


ကျုံးယိပင်း ကားအရှေ့ passenger seatမှာ ထိုင်လိုက်တယ်
နောက်က သူ့ငယ်သူငယ်ချင်းတွေကို ပြန်လှည့်မကြည့်တော့ပဲ လက်ကို မြှောက်ပြလိုက်တယ်
sportကားလေးက ဝူးခနဲထွက်သွားပြီး ခနချင်းပဲ မှောင်မည်းနေတဲ့ လမ်းတစ်လျှောက် ပျောက်ကွယ်သွားတယ်


သူ တိုက်ခန်းကို ပြန်ရောက်‌တော့ တော်တော်တောင်မှောင်နေပြီ
ဒါပေမယ့် ဧည့်ခန်းထဲက မီးတွေက ဖွင့်ထားတုန်းပဲ
ချူးချင်က tvကြည့်ရင်း ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်လှဲနေတယ်


"မင်း ဘာလို့ မအိပ်သေးတာလဲ?"
ကျုံးယိပင်း ဖိနပ်လဲလိုက်တယ်
ကုတ်အင်္ကျီကို လှမ်းပစ်ကာ ချူးချင်ဆီ လျှောက်လာပြီး မျက်နှာလေးကို ထိလိုက်တယ်


ချူးချင်က ကျုံးယိပင်းရဲ့ လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး
"မင်းကို စောင့်နေတာ"


လက်ထိပ်ကို သွားနဲ့ကိုက်လိုက်တဲ့အချိန်မှာ လျှာနွေးနွေးလေးကလည်း လျှပ်ထိသွားပြီး မရိုးမရွခံစားသွားရတယ်
ကျုံးယိပင်းအတွက်တော့ အဲ့ဒီ မရိုးမရွခံစားချက်လေးက လက်ထိပ်ကနေ သူ့ရဲ့နှလုံးသားအောက်ခြေအထိ စီးဆင်းသွားတယ်
အတိတ်တုန်းက အရာတွေ အားလုံးလက်လျှော့လိုက်ရလို့ ဒီလို နွေးထွေးမှုမျိုးနဲ့ လုံခြုံမှုမျိုးသာရမယ်ဆိုရင် အားလုံးက တန်ပါတယ်


--------------------------------------------------------------


[Zawgyi]


ဝူ၀မ္က စပ္ၿဖီးၿဖီးနဲ႔ သူ႔အမနားကို တဝဲလည္လည္ပတ္ရင္း
"ၾကည့္,အားပင္းက ေခၚေနၿပီ,သူက အားတဲ့အခ်ိန္ ရွားတယ္ရယ္"


ဝူရိ သူ႔ေမာင္ကို မ်က္လုံးေထာင့္ကေန ၾကည့္လိုက္တယ္
"က်ဳံးယိပင္းက အခုတေလာ ရွန္းရွီရဲ့ project ႀကီးေတြကို စၿပီးႀကီးၾကပ္ေနၿပီ,မင္းကို ၾကည့္စမ္း,ငါမင္းကို သူနဲ႔ေပါင္းခိုင္းတာက က်ဳံးမိသားစုနဲ႔ အဆက္အသြယ္ရွိေအာင္လို႔,သူ႔ဆီက ဘယ္လိုေပ်ာ္ရပါးရမယ္ဆိုတာ သင္ခိုင္းတာမဟုတ္ဘူး"


"သိၿပီ,က်ေနာ္သိၿပီလို႔!"
ဒီစကားေတြ ၾကားရလြန္းလို႔ အလြတ္ေတာင္ရေတာ့မယ္
သူ ဖုန္းနဲ႔ ပိုက္ဆံအိတ္ကို ေကာက္ယူၿပီး ျမန္ျမန္လစ္ထြက္လာေတာ့တယ္
လမ္းမွာလဲ က်ိဳးဇယ့္မုန္ဆီ ေခၚလိုက္ၿပီး
"သတင္းေကာင္းေဟ့,ဒီေန႔ည က်ဳံးအာပင္းက ငါတို႔ကို Hilltop Fireworks Terraceမွာ လာဖို႔ ဖိတ္လိုက္တယ္"


အလုပ္ကိစၥ‌ေတြ ရွင္းလင္းၿပီးေတာ့ က်ဳံးယိပင္း က်ဳံးအိမ္ေတာ္ကို အရင္ ေမာင္းလိုက္တယ္


က်ဴံးမားမားက အလုပ္နားလိုက္တာ ဆယ္စုႏွစ္ေတာ္ေတာ္ရွိေနၿပီ သူမက အိမ္မွာပဲ အခ်ိန္ျပည့္ အိမ္ရွင္မျဖစ္ေနတာေပါ့
ေန႔လည္ေန႔ခင္းဆိုရင္ မိတ္ရင္းေဆြရင္းတခ်ိဳ႕ကို လက္ဖက္ရည္ေသာက္ဖို႔ အိမ္ကို ေခၚလိမ့္မယ္
ဒီလိုအေလ့အက်င့္က ၿမိဳ႕ေတာ္ထဲက အထက္တန္းစားအသိုင္းဝိုင္းက မဒမ္ေတြရဲ့ ေပါင္းသင္းဆက္ဆံေရးအတြက္ေတာ့ အေရးႀကီး‌ေနတာေပါ့


ဒါေပမယ့္ က်ဳံးမားမားက အရင္ႏွစ္ရက္ေလာက္ကတည္းက စိတ္အေျခေနမေကာင္းေတာ့ ဘယ္သူ႔ကိုမွ အိမ္မဖိတ္ေတာ့ဘူး
အဲ့ဒီအစား သူမဘာသာ ၿခံထဲမွာ လက္ဖက္ရည္ထိုင္ေသာက္ေနလိုက္တယ္
sport ကား အသံၾကားလို႔ သူမ အျပင္ဘက္ကို ေခါင္းေထာင္ၿပီး လွမ္းၾကည့္လိုက္ေတာ့ မထင္မွတ္ပဲ ‌အေရာင္ေတာက္ေတာက္‌လက္လက္နဲ႔ sport ကား တစ္စီးျဖစ္ေနတယ္
မိသားစုတစ္ခုလုံးထဲမွာ ဒုတိယသခင္ေလးတစ္ေယာက္ပဲ အဲ့လိုကားမ်ိဳးစီးတာဆိုေတာ့ သူမခ်က္ခ်င္း ရႊင္လန္းသြားၿပီး ထရပ္လိုက္တယ္


"ျမန္ျမန္,ဒုတိယသခင္ေလးေရာက္ေနၿပီ,သူ႔အႀကိဳက္ဆုံး ဆိုဒါနဲ႔ ဂဏန္းအခြံခြာတဲ့ညႇပ္ ယူခဲ့"
က်ဳံးမားမားက ရႊင္ရႊင္ပ်ပ်နဲ႔ ေရွကိုထြက္လာၿပီး ႀကိဳတယ္


က်ဳံးယိပင္း ကားေပၚက ဆင္းလိုက္ၿပီး သူ႔အေမဆီကို သြားလိုက္တယ္
သူ႔အေမက ပိုပိုၿပီး ရင္းႏွီးလာသင့္ေပမယ့္ သူ႔အတြက္ ပိုပိုၿပီး စိမ္းသက္သြားသလိုပဲ..


"အလုပ္ရွုပ္ခံမေနပါနဲ႔ေတာ့,က်ေနာ္ ေမးစရာရွိလို႔ ျပန္လာတာ"
က်ဳံးယိပင္းက ခုံျမင့္ေပၚမွာထိုင္လိုက္တယ္
"ခ်ဴးခ်င္ရဲ့ ကိစၥမွာ အေမဘယ္လို ပါ၀င္ပက္သက္ေနတာလဲ?"


က်ဳံးမားမားက ေျဖးေျဖးခ်င္း လက္သီးဆုပ္လိုက္တယ္
"မင္းလဲ ငါလုပ္တယ္လို႔ သံသယရွိေနတာလား?"


"အေမ,ခုခ်ိန္က ခံစားခ်က္ေတြ အေၾကာင္း ေျပာေနရမယ့္ အခ်ိန္မဟုတ္ေတာ့ဘူး"
က်ဳံးယိပင္းက သူမကို ၿငိမ္ၿငိမ္ေလး စိုက္ၾကည့္ေနတယ္ သူ႔ရဲ့ ေခါင္းက အရိုက္ခံထားရတဲ့ ေနရာကို ထိုးျပရင္း
"ဆရာ၀န္ကေျပာတယ္,အဲ့ဒီလူသာ အားနည္းနည္းထပ္သုံးလိုက္ရင္ က်ေနာ္ ႐ူးသြားနိုင္တယ္တဲ့,အဲ့ဒီလူေတြက ခ်ဴးခ်င္ကိုပဲ ဖ်က္စီးခ်င္ေနၾကတာမဟုတ္ဘူး,အေမ့သားရဲ့ ဘ၀ကိုပါ ပ်က္စီးေတာ့မလို႔ေလ,အေမက်ေနာ့္အတြက္နည္းနည္းမွ စိတ္မေကာင္းမျဖစ္မိဘူးလား?"


က်ဳံးယိပင္း ေျပာလိုက္တိုင္း က်ဳံးမားမားရဲ့ မ်က္ႏွာအေရာင္က ေဖ်ာ့‌ေဖ်ာ့လာတယ္


"အဲ့ဒီလူေတြက က်ေနာ့္ကိုလဲ ပစ္မွတ္ထားနိုင္တယ္ဆိုတာ အေမစဥ္းစားၾကည့္ဖူးလား?က်ေနာ္ဘယ္မွာရွိတယ္ဆိုတာ ေျပာျပေတာ့ က်ေနာ့္ကို လမ္းမွာတင္ တန္းၿပီးတိုက္သတ္..."


"အဟြတ္ အဟြတ္ အဟြတ္..ေသမယ္ဆိုတဲ့ စကားကို မေျပာနဲ႔!"
က်ဳံးမားမားက သူဆက္ေျပာမွာကို စိုးရိမ္တႀကီး တားလိုက္တယ္
ခနေလာက္ တိတ္ဆိတ္ေနၿပီးတဲ့ေနာက္ေတာ့ သူမ မထိန္းနိုင္ေတာ့ပဲ မ်က္ရည္ေတြ က်လာေတာ့တယ္


က်ဳံးယိပင္းက က်ဳံးမားမား အေသးစိတ္ ျပန္ေျပာျပတဲ့ အေၾကာင္းကို နားေထာင္ၿပီး သူ႔မ်က္ႏွာက ေအးစက္လာတယ္


သူ႔မိသားစုကို ၀န္ခံခဲ့တဲ့အခ်ိန္တုန္းက ခ်ဴးခ်င္ကို သူ႔အေဖက ခက္ခဲေအာင္လုပ္မွာ စိုးရိမ္တာေၾကာင့္ သူ႔ခ်စ္သူက ဘယ္သူဆိုတာေျပာျပဖို႔ ျငင္းဆန္ခဲ့ၿပီး သူႀကိဳက္တာက ေယာက္်ားေလးတစ္ေယာက္ ဆိုတာပဲ ေျပာျပခဲ့တာ
သူ႔ရဲ့သားငယ္ကို အရမ္းခ်စ္တဲ့ က်ဳံးမားမားက ပိုၿပီးသိရေအာင္ သူ႔သူငယ္ခ်င္း‌ေတြကို ရွာ‌ရာကေန က်ိဳးဇယ့္မုန္နဲ႔ေတြ႕တာ
က်ိဳးဇယ့္မုန္ရဲ့ စကားေတြထဲမွာ ခ်ဴးခ်င္က ေနရာေကာင္းရေအာင္လို႔ အိပ္ယာေပၚတြယ္တက္တဲ့သူေပါ့ က်ဳံးယိပင္းကိုလည္း သူကပဲ တမင္ရည္ရြယ္ခ်က္ရွိရွိနဲ႔ ေကြးေအာင္လုပ္ခဲ့တာ


"အိုး,မဒမ္ က်ေနာ္ျဖတ္ေျပာရတာ အားနာပါတယ္, မဒမ့္ရဲ့ သားက အရင္က မိန္းကေလးေတြပဲ ႀကိဳက္တတ္တယ္ဆိုတာ ဘယ္လိုသိတာလဲ?"
ေဒ့ဗ္ ဘယ္ကေပၚလာမွန္းမသိ ေပၚလာၿပီး စပ္စပ္စုစုေမးတယ္
သူ႔ရဲ့ေဘးမွာလဲ တုန္ေနေအာင္ေၾကာက္ေနတဲ့ translator ေလးတစ္ေယာက္နဲ႔


ဒီ translator က နိုင္ငံျခားဘာသာေက်ာင္းက ေဒ့ဗ္ေတြ႕လာတဲ့ ေက်ာင္းသားေလး
ေဈးလည္းနည္းတာေၾကာင့္ သူ႔ကို ငွားလိုက္ၿပီး သူသိခ်င္တာမွန္သမၽွ ျပန္ေပးလို႔ရေအာင္ သူနဲ႔တစ္ခ်ိန္လုံးရွိေနတာ
translator‌ေလး ရဲ့ နဖူးက ေခၽြးေတြ ရႊဲေနၿပီ
က်ဳံးယိပင္းရဲ့ ေအးတိေအးစက္ အၾကည့္စူးစူးေတြနဲ႔ ရင္ဆိုင္ရၿပီးတဲ့ေနာက္မွာေတာ့ သူေျမႀကီးထဲပဲ တြင္းတူးၿပီး ပုန္းေနလိုက္ခ်င္ေတာ့တယ္


အစကေတာ့ ဒီလို နိုင္ငံျခားသားတစ္ေယာက္အတြက္ ဘာသာျပန္ေပးရတာ ဂုဏ္ယူစရာေပါ့ ဒါေပမယ့္ ဒီလို အထက္တန္းစား မိသားစုရဲ့ dramaကို ၾကားရလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲ
ဒီdramaထဲမွာ နာမည္ႀကီး host ခ်ဴးခ်င္ေတာင္ ပါေသးတယ္
ဒ့ါအျပင္ ထိတ္လန႔္တုန္လွုပ္ဖြယ္ လၽွို႔ဝွက္ခ်က္ႀကီးက ‌ေယာက္်ားတစ္ေယာက္နဲ႔တဲ့


"juniorအထက္တန္းတုန္းက ေကာင္မေလးတစ္ေယာက္ကို ႀကိဳက္ေသးတယ္ေလ"
က်ဳံးမားမားက ယုံၾကည္ခ်က္ရွိရွိေျပာတယ္


"ဘယ္က ေကာင္မေလးလဲ?"
က်ဳံးယိပင္းမ်က္ေမွာင္ က်ဳံ႕လိုက္တယ္


"Athenaလို႔ ေခၚတဲ့တစ္ေယာက္"
က်ဳံးမားမားက အေသအခ်ာႀကီးကို ေျပာတယ္
အဲ့လိုအရြယ္ကေလးေတြက တခ်ိဳ႕အေတြးေလးေတြ ရွိတတ္ၾကေတာ့ က်ဳံးမားမားက သူ႔သားကို ႀကိဳက္တဲ့ေကာင္မေလးမ်ား ရွိလားလို႔ သိခ်င္ေစာနဲ႔ ေမးၾကည့္တယ္
က်ဳံးယိပင္းေသးေသးေလးက အၾကာႀကီး မဝံ့မရဲျဖစ္ေနၿပီးမွ သူ Athenaကို ႀကိဳက္ေၾကာင္းေျပာလာတယ္


က်ဳံးယိပင္း,"....."
သူ ျပတ္ျပတ္သားသား ထရပ္လိုက္ၿပီး က်ဳံးအိမ္ေတာ္ကေန ထြက္သြားေတာ့တယ္


အခ်ိန္က ေန၀င္ရီတေရာျဖစ္ေနၿပီ
ဆင္ေျခဖုံးအရပ္ရဲ့ ကုန္းျမင့္ေလးက တိတ္ဆိတ္ၿငိမ္သက္ေနတယ္
ဒါက Chengbeiက ကုန္းျမင့္တစ္ခုပဲ-အေဝးေျပးလမ္းမႀကီးကို ျပင္ထားၿပီးေတာ့ ေတာင္ရဲ့ထိပ္မွာ Hilltop Fireworks Terraceလို႔ ေခၚတဲ့ platform အက်ယ္ႀကီးရွိတယ္
႐ုံးပိတ္ရက္ေတြတိုင္း ၿမိဳ႕ထဲက မီးရွူးမီးပန္း‌ေတြ ေဖာက္ၾကတဲ့ခါ ဒီက ၾကည့္ရတဲ့ viewက အရမ္းမိုက္တယ္


စီးပြားေရး အကြက္ျမင္တဲ့ ကုန္သည္တစ္ဦးက ဒီေနရာကို ၀ယ္ၿပီးေတာ့ စားေသာက္ဆိုင္ေတြ,တည္းခိုခန္းေတြ,ေပ်ာ္ပြဲရႊင္ပြဲ အခမ္းအနားေတြ အကုန္လုံးကို တစ္ေနရာတည္းမွာ ဖြင့္လိုက္တာ
လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေနရာကို ႀကိဳက္ၾကတယ္


8နာရီက ခ်ိန္ထားတဲ့အခ်ိန္ေပမယ့္ က်ိဳးဇယ့္မုန္ ကေတာ့ ထုံးစံအတိုင္းပဲ နာရီ၀က္ေနာက္က်မွေရာက္တယ္
အလွေလးတစ္ေယာက္အေနနဲ႔ ေနာက္က်မွေရာက္တာေတာ့ လူထုရဲ့အာ႐ုံစိုက္စရာ ျဖစ္တာေပါ့


အရင္တေခါက္က companyကိုသြားၿပီး က်ဳံးယိပင္းကို ရွာတုန္းက နက္ကတိုင္ေပးဖို႔က သူမရဲ့ တကယ့္ ရည္ရြယ္ခ်က္မဟုတ္ဘူး
အမွန္က paparazziေတြကို သတင္းေပးတာ သူမဆိုတာ သူ သိသြားၿပီလားဆိုတာ လာစုံစမ္းတာ
က်ဳံးယိပင္းက သူမကို ေဒါသပုံထေနတာဆိုေတာ့ သူသိသြားတယ္ဆိုတာ သိသာေနတာပဲ
က်ဳံးယိပင္း သူတို႔ကို လာမေတြ႕တာ ႏွစ္ပတ္ေလာက္ရွိေနၿပီဆိုေတာ့ သူမ စိုးရိမ္ေနတာ
ဒီေန႔ သူတို႔ကို ေခၚတယ္ဆိုတာလဲ ၾကားလိုက္ေရာ သူမဘာမွစဥ္းစားမ‌ေနပဲ တန္းထြက္လာခဲ့တယ္


သူမ ဒီညအခြင့္အေရးကို ဆုပ္ကိုင္ၿပီး က်ဳံးယိပင္းနဲ႔ ျပန္ေျပလည္ေအာင္ လုပ္မွျဖစ္မယ္ မဟုတ္ရင္ ခ်ဴးခ်င္ ျပန္ေပးဆြဲခံရတဲ့အမွုက....


"ကၽြီ--"
မီးေရာင္စူးစူးက ႐ုတ္တရက္ သူမမ်က္လုံးေတြကို လာ‌ေထာက္တယ္
ကုန္တင္ကားတစ္စီးက သူမကားနဲ႔ တိုက္ေတာ့မလိုျဖစ္သြားတာ
ေတာင္ပတ္လည္က လမ္းက ေတာ္ေတာ္ကို က်ဥ္းတယ္
က်ိဳးဇယ့္မုန္ လမ္းကိုလည္း ေသခ်ာမျမင္ရတာေၾကာင့္ brakeအုပ္ၿပီး အဲ့ကားျဖတ္သြားဖို႔ပဲ ေစာင့္ေနလိုက္တယ္
သူမရဲ့ကား ရပ္ၿပီးၿငိမ္သြားတဲ့ေနာက္ေတာ့ ကုန္တင္ကားကလည္း ရပ္သြားတယ္
ကားေပၚကေန လူသုံးေယာက္ ဆင္းလာကာ ၾကမ္းၾကဳတ္တဲ့အမူအရာနဲ႔ သူမဆီကို ေလၽွာက္လာၿပီး ေဘးကေန ဝိုင္းထားတယ္


က်ိဳးဇယ့္မုန္ရဲ့ ကားက open sport carေလး,
ေအာ္ခ်ိန္ေတာင္မရလိုက္ပဲ ကားေဘးက ရပ္ေနတဲ့ ဗလေတာင့္ေတာင့္နဲ႔လူက လက္တစ္ဖက္တည္းနဲ႔ သူမကို ေပြ႕ၿပီး ပါးစပ္ကိုပိတ္ကာ ကုန္တင္ကားထဲကို ပစ္ထည့္လိုက္တယ္
ဒီကားက သ‌ေဘၤာေပၚက ကုန္ေတြသယ္တဲ့ containerေတြလိုပဲ ေနာက္ခန္းကအလုံနဲ႔,
မ်က္ႏွာက်က္မွာက ဝါညစ္ညစ္မီးလုံးတစ္လုံး ခ်ိတ္ဆြဲထားတယ္


"နင္ဘယ္သူလဲ?ဘာလိုခ်င္တာလဲ?"
က်ိဳးဇယ့္မုန္က ေၾကာက္လန႔္တၾကားနဲ႔ ကိုယ္ကိုက်ဳံ႕ကာ ေနာက္ကိုဆုတ္သြားတယ္


"ငါ ဘယ္သူလဲ ဆိုတာ မင္းမသိဘူးလား?လြန္ခဲ့တဲ့ တစ္လ‌ေလာက္တုန္းက ခ်ဴးခ်င္ကို ျပန္ေပးဆြဲဖို႔အတြက္ အလုပ္အပ္ခဲ့တာ မင္းမလား?"
ေခါင္းေဆာင္ျဖစ္ပုံရတဲ့ လူက ၾကမ္းၾကမ္းတမ္းတမ္းေျပာတယ္


"နင္က ေထာင္ထဲမွာ မဟုတ္ဘူးလား?''
က်ိဳးဇယ့္မုန္ေအာ္ေျပာမိၿပီးမွ ပါးစပ္ကို ခ်က္ခ်င္းျပန္ပိတ္လိုက္တယ္
ျပန္ေပးဆြဲသမားေတြကို ဆက္သြယ္ၿပီးခိုင္းခဲ့တာ သူမ မဟုတ္ဘူး အဲ့ဒါ ေလာ့ယြမ္ဆိုတဲ့ ဟိုအ႐ူးေကာင္ပဲ သူတို႔နဲ႔ဆက္သြယ္ခဲ့တာ
အဲ့ဒီလူေတြ အရင္က သူမအသံကို ၾကားဖူးရင္ေတာင္မွ သူမဘယ္သူ‌ဆိုတာ သိဖို႔ေတာ့မျဖစ္နိုင္ဘူး


"ငါတို႔ ဘယ္သူေတြလဲဆိုတာ မင္းစိတ္ပူေနစရာမလိုပါဘူး,အဟက္"
သူမ ေရွ႕ကလူက ႀကိဳးတစ္ေခ်ာင္း ကိုထုတ္လိုက္ၿပီး လက္ေတြ ေျခေထာက္ေတြကို ႀကိဳးတုပ္လိုက္တယ္
အဲ့ဒီလူက သူမရဲ့ ဖုန္းကိုဖ်က္စီးပစ္လိုက္ၿပီး ေဘးက ဂုန္နီအိတ္ထဲကေန ေခ်ာဆီနဲ႔ condomေတြ ထုတ္လိုက္တယ္
"မင္း ခ်ဴးခ်င္ကိုျဖစ္ေစခ်င္တဲ့အတိုင္း မင္းကို လုပ္ဖို႔ တစ္ေယာက္ေယာက္က ငါတို႔ကို ေငြေပးခိုင္းလိုက္တယ္"


‌ေျပာၿပီးေတာ့ အေနာက္က ႏွစ္ေယာက္က ယုတ္မာစြာရီရင္း အနားတိုး‌လာၿပီး က်ိဳးဇယ့္မုန္ ရဲ့ မ်က္ႏွာကို ထိဖို႔လုပ္တယ္


"ငါ့ကို မထိနဲ႔!အဲ့ဒါ ေလာ့ယြမ္ပဲ ခ်ဴးခ်င္ကို rapeဖို႔ခိုင္းတာ!ငါ ဘာမွမေျပာဘူး!ဘာမွလဲမသိဘူး!နင္တို႔ ပိုက္ဆံလိုခ်င္ရင္ ငါေပးနိုင္တယ္"
က်ိဳးဇယ့္မုန္ တအားထိတ္လန႔္ေနၿပီး ဒီလူေတြက ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းေရာ ဘယ္သူလႊတ္လိုက္တာမွန္းေရာ မစဥ္းစားနိုင္ေတာ့ဘူး
အဲ့ဒီခ်ိန္မွာ သူမရင္ထဲမွာ ေၾကာက္တာနဲ႔ ေနာင္တရတာပဲရွိတယ္
သူမ အဲ့ဒီေလာ့ယြမ္အ႐ူးေကာင္ကို မယုံခဲ့သင့္ဘူး
ဘယ္အရာမဆို သူက ရွုပ္ေအာင္ပဲလုပ္တတ္တာ


"ေလာ့ယြမ္ဆိုတာ ဘယ္သူလဲ?"
ဦး‌ေဆာင္တဲ့သူက အဓိက အခ်က္ကို ေမးလိုက္တယ္
သူ ေစာင့္ေၾကာင့္ ထိုင္ခ်ၿပီး က်ိဳးဇယ့္မုန္ရဲ့ ေမးကို ကိုင္လိုက္တယ္
က်ိဳးဇယ့္မုန္ ခနေလာက္ ေအးခဲသြားၿပီး သူ႔စိတ္ကို ျမန္ျမန္အလုပ္ေပးလိုက္တယ္
ဒီလူေတြက အမွုအေၾကာင္းကို ေမးေနပုံေထာက္ေတာ့ ခ်ဴးခ်င္လႊတ္လိုက္တာမ်ားလား?


"မင္း မေျပာျပခ်င္ရင္လည္း ငါတို႔အရင္ ရိုက္စရာရွိတာရိုက္ၿပီးမွ ေျပာလို႔ရတယ္!"
အေနာက္က လူရဲ့ အသံက ေၾကာက္စရာပဲ
သူက ျပဳံးရင္း ခါးပတ္ကိုျဖဳတ္ေနတုန္း တျခားတစ္ေယာက္က ကင္မရာကို ေျမႇာက္ကိုင္ထားတယ္


"ေလာ့တဟိုင္ရဲ့ သား, Yuhua ဒါရိုက္တာရဲ့ ေျမး"
က်ိဳးဇယ့္မုန္က ငိုယိုၿပီး ေျပာလာေတာ့တယ္
"ဒါေတြအကုန္က သူစီစဥ္တာ ,သူ႔ကိုပဲ သြားရွာၾက"


"Hong---"
ကားေနာက္ခန္းက အျပင္ကေန အဖြင့္ခံလိုက္ရတယ္
အျပင္မွာ က်ဳံးယိပင္းက မွုန္မွိုင္းေနတဲ့ အမူအရာနဲ႔ ရပ္ေနၿပီး သူ႔ေနာက္မွာ ဝူ၀မ္,ပိုင္ခ်န္,က်ိေယာင္နဲ႔ ဝူခ်န္းခ်န္
သူတို႔အားလုံးရဲ့ အမူအရာေတြက အံ့ဩလြန္းလို႔ ဆြံ့အေနၾကတယ္


"ဒုတိယသခင္ေလး"
ကားထဲက maskနဲ႔ လူႏွစ္ေယာက္က ခုန္ဆင္းလာၿပီး အသံသြင္းစက္‌ကို က်ဳံးယိပင္းဆီ ေပးလိုက္တယ္


"က်ဳံးယိပင္း ,အဲ့ဒါ နင္လား!"
က်ိဳးဇယ့္မုန္က ေခတၱမၽွနားမလည္နိုင္တဲ့အမူအရာနဲ႔ ေျပာတယ္
အဲ့ဒီေနာက္ေတာ့ သူ႔ကို ရိုက္ဖို႔‌ေျပးဆင္းလာေပမယ့္ ဗလေတာင့္ေတာင့္နဲ႔ လူႏွစ္ေယာက္ရဲ့ ျပန္ခ်ဳပ္ျခင္းခံလိုက္ရတယ္


"အင္း,ငါပဲ"
က်ဳံးယိပင္းက အသံသြင္းစက္ကို အိတ္ကပ္ထဲ ထည့္လိုက္ၿပီး က်ိဳးဇယ့္မုန္ကို ေအးစက္စက္ၾကည့္ရင္း
"သူတို႔ကို မင္းရဲ့နံရိုးေတြ က်ိဳးေအာင္ မခ်ိဳးခိုင္းတာကိုက ေတာ္ေတာ္စာနာရာေရာက္ေနၿပီ"


ဝူ၀မ္က သူ႔ကိုေဖ်ာင္းဖ်ဖို႔ ႀကိဳးစားတယ္
"ဒါက...အားပင္း နားလည္မွုလြဲတာမ်ား ရွိေနမလား...''
တကယ္ေတာ့ နားလည္မွုလြဲတာ ဟုတ္မဟုတ္ဆိုတာ သူတို႔အားလုံး ရွင္းရွင္းလင္းလင္းသိပါတယ္


"က်ိဳးဇယ့္မုန္,နင္က တကယ္ကိုယုတ္မာရက္စက္တာပဲ!"
ဝူခ်န္းခ်န္က သူ႔အကိုကို ေဘးကို တြန္းထုတ္လိုက္တယ္
ဒီလိုကိစၥမ်ိဳးက ‌ေဖ်ာင္းဖ်ေနစရာလိုလို႔လား
သူမသာ က်ဳံးယိပင္းေနရာမွာဆိုရင္ သူ႔(က်ိဳးဇယ့္မုန္)မ်က္ႏွာကို ဆြဲျဖဲပစ္တာၾကာၿပီ
ဒီေန႔ က်ဳံးယိပင္းက အဲ့ဒီ‌ေန႔ကအျဖစ္အပ်က္အတိုင္း ျပန္လုပ္ၿပီး သူမကိုနဲနဲေျခာက္လွန္႔လိုက္႐ုံတင္
ဒါေပမယ့္ ခ်ဴးခ်င္ ၾကဳံခဲ့ရတာက တကယ္ျပန္ေပးဆြဲခံရတာ


"အားပင္း,ငါတို႔..."
ပိုင္ခ်န္ ဘာေျပာရမွန္းမသိေတာ့ဘူး
အဲ့ဒီေန႔က သူတို႔ က်ိဳးဇယ့္မုန္နဲ႔အတူရွိေနခဲ့တာဆိုေတာ့ အထက္က စစ္‌ေဆးတဲ့အခ်ိန္တုန္းက သူတို႔က က်ိဳးဇယ့္မုန္အတြက္ သက္ေသေတြျဖစ္ခဲ့တာ


"ျပန္ၾကေတာ့,ဒီေန႔ျဖစ္တဲ့ ကိစၥကို ဘယ္သူမွျပန္‌မေျပာရဘူး"
က်ိေယာင္က မ်က္ႏွာတည္နဲ႔ ေလၽွာက္လာၿပီး ရွိေနတဲ့လူေတြကို ေျပာတယ္


က်ဳံးယိပင္းက သူတို႔ကို မ်က္ကြယ္ျပဳထားလိုက္တယ္
ေနာက္မွာ က်ဳံးေလာ့က sport carေလးကို ေတာင္ထိပ္ထိေမာင္းလာတယ္
ခုနကျပန္ေပးဆြဲသမားအတု သုံးေယာက္ကေတာ့ ကုန္တင္ကားေပၚျပန္တက္သြားၿပီး ခ်က္ခ်င္း ေမာင္းထြက္သြားေတာ့တယ္


က်ဳံးယိပင္း ကားအေရွ႕ passenger seatမွာ ထိုင္လိုက္တယ္
ေနာက္က သူ႔ငယ္သူငယ္ခ်င္းေတြကို ျပန္လွည့္မၾကည့္ေတာ့ပဲ လက္ကို ေျမႇာက္ျပလိုက္တယ္
sportကားေလးက ဝူးခနဲထြက္သြားၿပီး ခနခ်င္းပဲ ေမွာင္မည္းေနတဲ့ လမ္းတစ္ေလၽွာက္ ေပ်ာက္ကြယ္သြားတယ္


သူ တိုက္ခန္းကို ျပန္ေရာက္‌ေတာ့ ေတာ္ေတာ္ေတာင္ေမွာင္ေနၿပီ
ဒါေပမယ့္ ဧည့္ခန္းထဲက မီးေတြက ဖြင့္ထားတုန္းပဲ
ခ်ဴးခ်င္က tvၾကည့္ရင္း ဆိုဖာေပၚမွာ ေျခပစ္လက္ပစ္လွဲေနတယ္


"မင္း ဘာလို႔ မအိပ္ေသးတာလဲ?"
က်ဳံးယိပင္း ဖိနပ္လဲလိုက္တယ္
ကုတ္အကၤ်ီကို လွမ္းပစ္ကာ ခ်ဴးခ်င္ဆီ ေလၽွာက္လာၿပီး မ်က္ႏွာေလးကို ထိလိုက္တယ္


ခ်ဴးခ်င္က က်ဳံးယိပင္းရဲ့ လက္ေခ်ာင္းထိပ္ကို ကိုက္လိုက္ၿပီး
"မင္းကို ေစာင့္ေနတာ"


လက္ထိပ္ကို သြားနဲ႔ကိုက္လိုက္တဲ့အခ်ိန္မွာ လၽွာေႏြးေႏြးေလးကလည္း လၽွပ္ထိသြားၿပီး မရိုးမရြခံစားသြားရတယ္
က်ဳံးယိပင္းအတြက္ေတာ့ အဲ့ဒီ မရိုးမရြခံစားခ်က္ေလးက လက္ထိပ္ကေန သူ႔ရဲ့ႏွလုံးသားေအာက္ေျခအထိ စီးဆင္းသြားတယ္
အတိတ္တုန္းက အရာေတြ အားလုံးလက္ေလၽွာ့လိုက္ရလို႔ ဒီလို ေႏြးေထြးမွုမ်ိဳးနဲ႔ လုံျခဳံမွုမ်ိဳးသာရမယ္ဆိုရင္ အားလုံးက တန္ပါတယ္


--------------------------------------------------------------

Comment