Chapter 33: confusing

ဒီနေ့ကြုံခဲ့ရတာတွေက ချူးချင်ကို တော်တော်စိတ်ထိခိုက်သွားစေတယ်
သူအခု 'rape'ဆိုတဲ့ စကားလုံးကိုပြောလိုက်တော့ကို တုန်လှုပ်နေတုန်းပဲ
သူ့စိတ်ထဲကနေ အဲ့ဒီမှတ်ဉာဏ်အဆိုးကြီးကို မေ့ပျောက်ပစ်ဖို့အတွက် ကျုံးယိပင်းဆီက အကြင်အနာတွေကို အရေးတကြီး လိုအပ်‌ေနတယ်


"ဘာ??"
ကျုံးယိပင်း တစ်ကိုယ်လုံး တောင့်တင်းသွားတယ်
နဲနဲတောင် မူးချင်သွားသလိုပဲ


တစ်ခန်းလုံးက ခနလောက်ငြိမ်သက်သွားတယ်
ချူးချင် ချောင်းအသာဟန့်လိုက်တယ်
သူတို့အရင်ကလဲ ဒီလိုပုံစံမျိုးနဲ့ ကျီစယ်ကစားဖူးတာပဲကို
ဒါပေမယ့်အခုကျုံးယိပင်းက လုံး၀ကိုမေ့နေတာဆိုတော့ အခန်းထဲကလေထုအခြေအနေက ကသိကအောက်နဲ့ ကိုရို့ကားယားဖြစ်နေပြီ


ကျုံးယိပင်း ဗြုန်းခနဲ ထထိုင်လိုက်တယ်
ချူးချင်ရဲ့ နားရွက်လေးတွေ ရဲနေတာမြင်မှ သူ့ရဲ့ မုတ်ဆိတ်ပျားဆွဲတဲ့ ကံကို သဘောပေါက်သွားပြီး တက်ကြွနေတဲ့ ဒါပေမယ့် အနည်းငယ်လဲစိုးရိမ်နေတဲ့ အသံနဲ့မေးတယ်
"ra..pe..ဘယ်လို ဘယ်လိုလုပ်ရမှာလဲ?"


"အဲ့....အဲ့တာ"
အဲ့မှာပဲ မေးခွန်းက ချူးချင်ကို အခက်တွေ့သွားစေတယ်
ဒီလိုကစားနည်းမျိုးကို ဒီလိုကြည်လင်ရိုးသားနေတဲ့ မျက်၀န်းတွေအောက်မှာ ပြောပြရမှာ တကယ်ကိုရှက်စရာကောင်းတယ်
"အိုက်ယား,ငါကလျှောက်ပြောနေတာ ,ငါတို့ ဘာမှမလုပ်တော့ဘူး"


ချူးချင် မျက်နှာကို ခေါင်းအုံးထဲ ဖွက်ထားလိုက်တယ် သူကျုံးယိပင်းကို ဘယ်လိုမျက်နှာပြရမှာလဲ


ကျုံးယိပင်းက သူ့ကိုခေါင်းထောင်ကြည့်ပြီး အခန်းထဲက ထွက်သွားတော့တယ်


ခြေသံတွေ အဝေးရောက်သွားမှပဲ ချူးချင် စိတ်အေးပြီး သက်ပြင်းချနိုင်တော့တယ်
အတိတ်မေ့နေတဲ့ ချစ်သူနဲ့ ရင်ဆိုင်ရတာ pressureက တကယ်ကို မနည်းဘူးပဲ
သူက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာမျိုး လုပ်ကြည့်ချင်တာ ဒါပေမယ့် သူ့ရင်ထဲမှာ ကလေးတစ်ယောက်ကို မဟုတ်တာတွေ သင်ပေးနေသလို ခံစားချက်ကြီး
သူ့ကိုယ်သူတောင် မြေခွေးထီးလို့ မြင်အောင်လုပ်နေသလိုပဲ တအားရှက်ဖို့ကောင်းတာပဲ


"ချင်ချင်,ခနလောက် လာပါဦး"
ကျုံးယိပင်းအသံက ဧည့်ခန်းထဲကနေထွက်လာတယ်
သူ့အသံက နဲနဲစိုးရိမ်နေသလိုပဲ


ချူးချင် ချက်ချင်း ထပြီး slipperစီးကာ ဧည့်ခန်းထဲကို ပြေးသွားလိုက်တယ်
သူထောင့်ကို ကွေ့တုန်းရှိသေးတယ် အရိပ်တစ်ခုကနောက်ကနေပြေး၀င်လာပြီး သူ့ကိုဖက်လာတယ်
လက်က သူ့ပါးစပ်ကိုအုပ်ဖို့ ပုဝါတစ်ထည်တောင် ကိုင်ထားသေးတယ်


"Whoa!"
ချူးချင် လန့်သွားပြီး အသည်းအသန်ရုန်းတယ်
သူ့နောက်ကလူက သန်မာတာကြောင့် သူ့ကိုလွယ်လွယ်လေးနဲ့ ပြန်ချုပ်တည်းထားနိုင်တယ်


"လိမ္မာစမ်းပါ"
ဆွဲဆောင်မှုရှိတဲ့ အသံနက်နက်က နောက်က ထွက်လာတယ်
အသံက တမင်သက်သက်ကို ခက်ထန်အောင် လုပ်ယူထားသလိုပဲ
အဲ့ဒါက ကျုံးယိပင်း မဟုတ်လို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ?


ဒီတစ်ခါ ကြက်သေသေသွားတဲ့သူကတော့ ချူးချင်ပဲ
သူကြောင်ကြည့်နေတုန်း ကျုံးယိပင်းက သူ့လက်တွေခြေထောက်တွေကို ကြိုးနဲ့တုတ်ကာ အိပ်ခန်းထဲ ချီသွားပြီး အိပ်ယာပေါ်ပစ်ချလိုက်တယ်


"အဟင်းအဟင်း!,မကြောက်ပါနဲ့,အန်ကယ်က မင်းကို ဂရုစိုက်ပေးမှာပါ,အိုကေ?"
ကျုံးယိပင်းက မျက်နှာကို အ၀တ်နဲ့တောင် အုပ်ထားသေးတယ်
အ၀တ်စအမဲ‌လေးကဖြင့် 5cmလောက်ပဲရှိလို့ သူ့ နှာခေါင်းပဲဖုံးတယ်
တခြားနေရာတွေက အကုန်မြင်နေရရော
ဒါပေမယ့် အဲ့လိုပုံကပဲ တကယ်ကို အရိုင်းဆန်‌‌ေန‌ေသးတယ်


ချူးချင် ခြေထောက်တွေကလဲ ချည်ထားခံရတာကြောင့် သူ ပိုးတုံးလုံးလေးလို တွန့်လိမ်နေလို့ပဲရတယ်


"အဟင်းအဟင်းအဟင်း..."
ကျုံးယိပင်းက လူယုတ်မာဆန်ဆန်ပြုံးပြီး ချောချောလုံးလုံး တင်ပါးလေးကိုရိုက်လိုက်တယ်
"မင်း လိမ်လိမ်မာမာနေတာက မင်းအတွက် ပိုသက်သာလိမ့်မယ်,မဟုတ်ရင်တော့ မင်း အဲ့ဒါကို သည်းခံရမယ်"


ဒီစကားလုံးတွေက ကြမ်းပေမယ့် ချူးချင်ရဲ့ကိုယ်က အလိုလိုတုံ့ပြန်လာတယ်
မျက်နှာရဲရဲလေးနဲ့ သူမချင့်မရဲပြောတယ်
"မ...မလုပ်..."


ကျုံးယိပင်းက သူ့ကို မသိကျိုးကျွန်ပြုထားရင်း လူယုတ်မာပုံစံနဲ့ သူ့အပေါ်ကနေပစ်၀င်လာပြီး စနမ်းတော့တယ်


အခန်းက ချက်ချင်းပဲ အရှက်မရှိစာသား‌ မျိုးစုံနဲ့ဖုံးလွှမ်းသွားတယ်:


"အော်လိုက်လေ,မင်း လည်ချောင်းကွဲတဲ့ထိအော်တောင် ဘယ်သူမှ လာကယ်နိုင်မှာမဟုတ်ဘူး"


"မလုပ်ပါနဲ့,ကျနော့်ကို လွှတ်ပေးပါ,ဝူးဝူး.."


"မင်းဒီအကိုကြီးကို ကောင်းကောင်း ပြုစုပေးရင် အဲ့ဒါကိုစဉ်းစားပေးမယ်, လိမ္မာလိုက်စမ်းပါ,အလှလေးရယ်"


သူတို့ရင်ထဲက စိတ်ဆန္ဒအလိုတွေအတိုင်း လူးလိမ့်‌ေနကြတယ်
နောက်ဆုံးတော့ ချူးချင် မျက်၀န်းရဲရဲတွေနဲ့ တကယ်ကို အသနားခံရတယ်
ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ သူ့မှတ်ဉာဏ်တွေထဲမှာ ဒီလိုroleplayတဲ့ပုံစံမျိုးက ပထမဆုံးအကြိမ်မို့ အပျော်တွေလွန်နေသတဲ့
ချူးချင် အဲ့ဒီစကားလုံးနဲ့ပက်သက်ပြီး စိတ်ထိခိုက်မှုကို အောင်အောင်မြင်မြင်ပဲ ကျော်ဖြတ်နိုင်သွားပြီ ဘာလို့ ဆို သူကိုယ်တိုင်ကိုက အဲ့ဒီအကြောင်းအချိန်‌ပေးစဉ်းစားဖို့ကို အရမ်းပင်ပန်းနေလို့
သူ့ကိုယ်ပေါ်ကလူ လှုပ်ရှားနေတာ ရပ်သွားတော့မှ သူ့အသက်ရှူနှုန်းလည်းပုံမှန်ပြန်ဖြစ်သွားပြီး အိပ်ပျော်သွားတော့တယ်


ကျုံးကျာပင်း အိမ်ပြန်ရောက်တော့ မှောင်နေပြီ
ကျုံးမားမားက ဧည့်ခန်းထဲမှာထိုင်ရင်း ဇာတ်လမ်းတွဲကြည့်နေတယ်


"ငါမင်းကို ယွမ်တစ်သန်းပေးမယ်,ခုချက်ချင်း ငါ့သားကို ထားပြီးထွက်သွား!"
dramaထဲက ချမ်းသာပြီးအာဏာရှိတဲ့ အဘွားက မင်းသမီးရဲ့ မျက်နှာကို checkလက်မှတ်နဲ့ ပစ်ပေါက်လိုက်တယ်


"အန်တီ,ကျွန်မ ငွေမလိုချင်ဘူး,အန်တီ ယွမ်ဆယ်သန်းပေးတောင် ကျွန်မရဲ့အချစ်ကို ၀ယ်လို့ရမှာမဟုတ်ဘူး,အချစ်က တန်ဖိုးဖြတ်လို့မရဘူး"
မင်းသမီးက မျက်နှာမှာ နာကျည်း၀မ်းနည်းတဲ့အမူအရာနဲ့ checkစာရွက်ကို ဆွဲဖြဲပြီး ထွက်သွားတယ်


"ပြန်လာပြီလား?"
ကျုံးမားမားက သူ့သားကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူ ဇာတ်လမ်းတွဲတွေထဲမှာ ပြန်ပြီး မြှုပ်နှံထားလိုက်တယ်


"Jiu--"
tv screenပေါ်က ပုံက ရုတ်တရက်မှောင်မည်းသွားပြီး ပျောက်ကွယ်သွားတယ်


"မင်း ဘာလုပ်လိုက်တာလဲ?"
ကျုံးမားမားက ကောင်းခန်းရောက်နေပြီဖြစ်တာကြောင့် remoteကိုင်ထားတဲ့ သူ့သားကို စိတ်ဆိုးဆိုးနဲ့ကြည့်လိုက်တယ်


ကျုံးကျာပင်းက လက်ထဲကဖိုင်တွေကို စားပွဲပေါ်တင်ပြီး သူ့အမေဆီတွန်းပေးလိုက်တယ်
သူ့မျက်နှာမှာ  အေးစက်စက်အမူအရာနဲ့
"အမေ,ကြည့်ကြည့်လိုက်"
ပြောနေရင်း သူလက်ကိုမြှောက်ပြလိုက်တော့ အိမ်မှုကိစ္စလုပ်နေတဲ့ အိမ်အကူက ဧည့်ခန်းထဲကနေ ချက်ချင်းထွက်သွားတယ်


ကျူံးမားမားက ဖိုင်နဲ့ စားပွဲပေါ်က အနီးကြည့်မျက်မှန်တစ်လက်ကို ကောက်ကိုင်လိုက်တယ်
သူမ မျက်မှန်တပ်ပြီး အေးအေးဆေးဆေး ကြည့်လိုက်တယ်
ဖတ်နေရင်းနဲ့ သူမမျက်ခုံးတွေကြားက အတွံ့ရစ်က ပိုနက်သထက်နက်နက်လာတယ်


"ရှေ့နေက ပြောတာက ပြန်ပေးသမားတွေကို ချူးချင်ကို rapeဖို့ လှုံ့ဆော်တဲ့သူက သူ့(ချူးချင်)နာမည်ပျက်အောင်လို့တဲ့,ဒါပေမယ့် ကျနော်ထင်တာတော့ ယိပင်းသူ့ကို ရွံမုန်းသွားအောင်လုပ်တာဖြစ်မယ်"
ကျုံးကျာပင်းက ပြောနေတုန်းမှာလဲ သူ့အမေရဲ့မျက်နှာပေါ်က အမူအရာအစအဆုံးကို အသေးစိတ် လိုက်ကြည့်နေတယ်


"မင်း ငါ့ကို ဘာကြည့်နေတာလဲ?ငါသူ့ကို အဲ့လိုလုပ်ခိုင်းဖို့ ဘယ်သူ့မှ မရှာဘူး,ငါက လူယုတ်မာမဟုတ်ဘူး!"
အဲ့ချိန်မှပဲ ကျုံးမားမား သူဘာကိုပြောချင်တာလဲဆိုတာ သဘောပေါက်သွားတယ် သူ့သားကို အလန့်တကြားကြည့်တယ်
သူမ ချူးချင်ကို ဘယ်လောက်မုန်းသည်ဖြစ်စေ ဒီလိုအလုပ်ရပ်မျိုး ကျူးလွန်ဖို့အထိတော့ သူမအတွက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး


ကျုံးအကိုကြီးက သူ့အမေကို ခနလောက်ကြည့်နေပြီးမှ
"အမေမပါတာ တော်သေးတယ်,မဟုတ်ရင် နောက်ကျ အမေယိပင်းကို ဘယ်လိုမျက်နှာချင်းဆိုင်မလဲ..."
သူပြောပြီးတော့ ဖိုင်ကို ယူပြီးအပေါ်တက်သွားတယ်


သူမရဲ့သားအကြီးထွက်သွားတော့ ကျုံးမားမားနေရာမှာတင် အကြာကြီးအတွေးများနေပြီးမှ ရုတ်တရက် ဖုန်းကိုကောက်ကိုင်လိုက်ပြီး
"မုန်မုန်,အန့်တီ့ကို အမှန်တိုင်းပြော,ချူးချင် ပြန်ပေးဆွဲခံရတဲ့နေ့က သမီးဘာလုပ်‌နေတာလဲ?"


တစ်ဖက်က ခနလောက်ငြိမ်ကျသွားပြီးတဲ့နောက် ကျိုးဇယ့်မုန် အသံကထွက်လာတယ်
"အန်တီ,အရမ်းမတွေးပါနဲ့,အဲ့ဒီနေ့တုန်းက သမီးတို့ ချူးချင်ကို စောင့်တောင်မစောင့်ခဲ့ဘူး,မယုံရင် ဝူ၀မ်ကို မေးကြည့်လိုက်ပါ"


ကျုံးကျာပင်းက လှေကားမှာရပ်နေပြီး သူ့အမေဖုန်းပြောနေတာကို ကြည့်‌နေတယ်


နောက်ကွယ်က ခိုင်းတဲ့သူကို ဖော်ထုတ်နိုင်မယ့် အရေးကြီးဆုံး သက်သေအထောက်အထားက ပျောက်နေတော့ သူတို့ပြန်ပေးဆွဲမှုကိုပဲ အရင်တင်ထားနိုင်မယ်
ကြိုးကိုင်ပြီးခိုင်းတဲ့သူကို ပြောပြရင် သူတို့အတွက် ပြစ်ဒဏ်လျှော့ပေါ့မယ်ကြားတော့ ထိပ်ပြောင်က သူသိသမျှပြောပြတယ်
ဒါပေမယ့် တစ်ဖက်ကလူကို သူလည်းသေချာမသိဘူး
စရန်ငွေတစ်၀က်က ငွေသားနဲ့ပေးခဲ့တာပေမယ့် သူတို့ကို ပေးတဲ့သူက အဲ့လူမဟုတ်ဘူး
အဲ့ဒီဖုန်းထဲကပဲ ခိုင်းစေတဲ့သူနဲ့ ဆက်သွယ်တဲ့ နံပါတ်ကို
သိနိုင်မှာ


ချူးချင် နား‌ေနတဲ့အချိန်လည်း သူဖုန်းကိုပဲကြည့်နေတယ်
သက်သေတွေကို အတည်ပြုထားတဲ့ စာရွက်ပုံက ဖုန်း screenပေါ်မှာ


"ဘာကြည့်နေတာလဲ?"
လင်းရှောင်ရှောင်က ရေသောက်ရင်း ရောက်လာတယ်
သူဖုန်းထဲကပုံကို မြင်တော့ မေးလာတယ်
"ဒါကဘာလဲ?"


တချိူ့သက်သေတွေက တခြားလူတွေပြလို့မရတာကြောင့် ချူးချင် ဖုန်းကိုပိတ်လိုက်တယ်
"သက်သေအတည်ပြုတဲ့စာ,အဲ့ဒါက ပြလို့မရဘူး"


"ဘာပြလို့မရဘူးလဲ,ရဲကို သက်သေတွေပေးခဲ့တာ ငါပါ"
လင်းရှောင်ရှောင်က မကျေနပ်သလိုနှုတ်ခမ်းတွေကို တွန့်လိမ်ပြတယ်


"မင်းက ဘာသက်သေ ပေးခဲ့တာလဲ?"
ချူးချင်က ပြုံးရင်းမေးတယ်


လင်းရှောင်ရှောင်က သူလုပ်ပေးခဲ့တာတွေအတွက် ပြန်ပြီးအကြွေးတောင်းချင်သလို ရေတွက်ပြတယ်
အဲ့ဒီနေ့တုန်းက ချူးချင်က ဆေးရုံပို့လိုက်ကတည်းက သတိမေ့နေပြီ အဲဒါကြောင့် သူမကပဲ ရဲတွေကိုကူပြီး သူ့ရဲ့ကုတ်ကိုချွတ်ပေးခဲ့တာ
"နင့်ရဲ့ သွေးစွန်းနေတဲ့အင်္ကျီတွေ,ညစ်ပတ်နေတဲ့ ဘောင်းဘီတွေရယ်,ဖုန်းအစုတ်လေးတစ်လုံးတောင်ပါသေးတယ်.."


"နေဦး!"
ချူးချင် မျက်နှာပေါ်က အပြုံးက ချက်ချင်း ပျောက်သွားတယ်
လင်းရှောင်ရှောင်လက်ကို ဆွဲကာ
"ဘာဖုန်း?"


"အဲဒါက စုတ်ပေနေတဲ့ ဖုန်းဟောင်းလေး တစ်လုံးပါ,ရဲတွေက ပြောတာ အဲ့ဒါက သက်သေဖြစ်လို့ သူတို့ယူသွားရမယ်တဲ့,ငါလဲ အဲ့ဒါနင့်ဖုန်းမဟုတ်တော့ ပေးလိုက်တာ''
လင်းရှောင်ရှောင်က ပေါ့ပေါ့ပါးပါးပဲပြောတယ်


ချူးချင် အသက်ကို လေးလေးပင်ပင် ရှူလိုက်တယ်
အဲ့ဒီချိန်တုန်းက သူတအားကြောက်လန့်နေခဲ့တာဆိုတော့ ဖုန်းကို ပြောင်းခင်းထဲကျခဲ့လား သူကိုင်ထားခဲ့တာ‌လား သေချာမမှတ်မိဘူး
ခုတော့ သူက ဖုန်းကို တစ်လျှောက်လုံး ကိုင်ထားခဲ့ပုံပဲ
ရဲတွေကလည်း ဖုန်းကိုယူသွားတယ်ဆိုရင် ခုဖုန်းကဘယ်မှာလဲ?


ကျုံးကျာပင်း ချူးချင်နဲ့ဖုန်းပြောပြီးတော့ သူခနလောက် ငြိမ်သက်နေမိတယ်
"သိပြီ"
သူ ဖုန်းချပြီးပြီးချင်းပဲ ကျုံးယိပင်းက တံခါးကို တွန်း၀င်လာတယ်


"အကို,ချူးချင် ဖုန်းဆက်တာလား?"
ကျုံးယိပင်းက ဒါရိုက်တာစားပွဲရဲ့ ရှေ့ကို လွှားခနဲရောက်လာပြီး သူ့အကိုရဲ့ လက်ဖက်ရည်ခွက်ကိုယူကာ အကုန်မော့ချပစ်လိုက်တယ်


"ခုနကပဲ ဆက်တာ,ဒီကိစ္စက မရိုးရှင်းဘူး,တစ်ယောက်ယောက်က ၀င်နှောင့်ယှက်ထားတယ်"
ကျုံးကျာပင်း နှုတ်ခမ်းတွေကို ဖိထားပြီး
"ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်မယ်"


ကျုံးယိပင်း သက်ပြင်းချလိုက်တယ်
သူတကယ်ကို ကူညီချင်ပေမယ့် အတိတ်မေ့နေတော့ ဘာအဆက်အသွယ်မှ မမှတ်မိဘူး
မှတ်မိနေရင်တောင် သူ့အကိုရဲ့အသိတွေလောက် တစ်ယောက်မှ အသုံး၀င်မှာမဟုတ်ဘူး
"အကို,ကျနော့်ကို အစောင့်နှစ်ယောက်လောက် ထည့်ပေး"


ကြိုးကိုင်သူမပေါ်မချင်း ချူးချင်အတွက် စိတ်ချရမှာမဟုတ်ဘူး
သူကလည်း ချူးချင်ဘေးမှာ တချိန်လုံး ရှိ‌မနေနိုင်တော့ စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ရှိမှဖြစ်မှာ
ပိုကောင်းတဲ့အကြံဉာဏ်လဲ တွေးမရတာကြောင့် ကျုံးအကိုကြီး သူ့ကို bodyguardနှစ်ယောက် ပေးလိုက်တော့တယ်
"Yuhuaနဲ့ Big Fishကိစ္စကိုလဲ ကျနော့်ကိုပဲ လွှဲပေးလိုက်ပါ"
ယွီထန် ဘာကြောင့် Old Wavesရဲ့ ရှယ်ယာတွေ၀ယ်လဲ ဆိုတာ ကျုံးယိပင်း တကယ်သိချင်တယ်
ငွေကြောင့် မဟုတ်တာတော့ သေချာတယ်
ဒါက သူ့အတွက် အသုံး၀င်နိုင်မယ်ဆိုတာ ခံစားမိနေတယ်


ကျုံးကျာပင်းက သူ့ညီရဲ့ ကိုင်တွယ်တာ၀န်ယူချင်စိတ်ကြောင့် အားရကျေနပ်နေတယ်
"ဒီကိစ္စက ခြယ်လှယ်နေလို့ မကောင်းဘူး,မင်း နားမလည်တာရှိရင် ငါ့ကိုသာမေးလိုက်"
ပြောပြီးတော့ ဘေးက စာရွက်စာတမ်းဖိုင်အပုံလိုက်ကြီး သူ့ဆီပေးလာတယ်
အဲ့ထဲမှာ မြေယာကိစ္စအတွက် Yuhuaနဲ့ ဆိုင်တဲ့ အချက်လက်တွေရော Yuhuaရဲ့ ငွေကြေးပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်တွေရယ်,
အောက်ဆုံးမှာ Big fishရဲ့ အချက်လက်တွေတောင် ပါသေးတယ်


အဲ့ဒီနောက်တော့ suitအမဲရောင်နဲ့ သာမန်ရုပ်ရည်နဲ့လူငယ်လေးတစ်ယောက်၀င်လာတယ်


"အတွင်းရေးမှူး လုကို မင်းဆီပေးလိုက်မယ်,သူက ဒီ projectကို စေ့စေ့စပ်စပ်နားလည်တယ်"
ကျုံးအကိုကြီးက သာမန်ရုပ်ရည်နဲ့ လုဖန်ဆိုတဲ့ အတွင်း‌ေရးမှူးကို မိတ်ဆက်ပေးတယ်


"ကောင်းပါပြီ"
ကျုံးယိပင်းကလဲ ယုံကြည်အားကိုးလို့ရမယ့်အတွင်းရေးမှူးလိုနေတာ
အတွင်းရေးမှူးကျင်က အဆင်တော့ပြေပေမယ့် အရင်တခါ ဇာတ်ကားကိစ္စမှာ မသေချာမစေ့စပ်တာကြောင့်
ကျုံးယိပင်း စိတ်မချသလိုခံစားရတယ်


ကျုံးယိပင်း သူ့အကိုဆီက ခွင့်ပြုချက်လွှဲစာနဲ့ ယွီထန်ဆီကို အတွင်းရေးမှူးလုနဲ့အတူ သွားတယ်
ယွီထန်က သူ့ကို စိတ်၀င်တစားကြည့်ပြီး
"မင်က နောက်ပိုင်း ပိုပြီး အားတက်သ‌ရောဖြစ်လာပါလား"
သူ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်ရင် အမြဲတမ်း လေ့လာနေတာ
အရင်က ကျုံးယိပင်းက ဘယ်လိုပုံစံလဲဆိုတာ သူကောင်း‌ေကာင်း သိတာပေါ့


"အင်း"
ကျုံးယိပင်း ပြုံးရင်း
"တစ်စုံတစ်ယောက်ကို ကာကွယ်ပေးနိုင်ဖို့ ငါပိုပြီးသန်မာနေဖို့လိုတယ်လေ"
ဒီစကားက သူရဲကောင်းပုံစံနဲ့ ပြောလိုက်တာ
နောက်ခံတီးလုံးကိုတောင် ကြားလာသလိုပဲ
(anime ကားထဲကလိုဟာ ဖြစ်မယ်😂)


ထောင့်မှာရှိ‌တဲ့ အတွင်းရေးမှူးလုကတော့ ရီချင်လို့ နှုတ်ခမ်းတွေမရိုးမရွဖြစ်နေပြီ


အံ့အားသင့်ဖွယ်ကောင်းစွာပဲ ယွီထန်ကတော့ ဘာထူးဆန်းတာမျိုးမှ သတိမထားမိဘဲ သဘောတူတဲ့အနေနဲ့ ခေါင်းတောင် ငြိမ့်ပြလိုက်သေးတယ်
"ငါ ဘာလို့ Old Wavesကို ၀င်တာလဲသိလား?"


"သေချာပေါက် ငွေအတွက်မဟူတ်ဘူးပေါ့,ဒါရိုက်တာစုန့်အတွက် မလား?"
ကျုံးယိပင်း ခန့်မှန်းကြည့်တယ်
ဒါရိုက်တာစုန့်က ရှင်းဟိုင် entertainmentရဲ့ ဒါရိုက်တာ စုန့်ရှောင်,ယွီထန်ရဲ့ ချစ်သူပေါ့


"ဟုတ်လည်း ဟုတ်တယ်,မဟုတ်လည်းမဟုတ်ဘူးး"
ယွီထန်က red wineကို တစ်ကျိုက်သောက်ရင်း
"ဘေးလူတွေရဲ့အတွေးအမြင်တွေကို ထိန်းချုပ်ချင်လို့"


သူတို့ နှစ်ယောက်ရဲ့ လက်ထပ်ပွဲအကြောင်းကို လူတွေရှေ့ ဖွင့်ပြကြေညာတဲ့ချိန်မှာ သူ့မိန်းမကို မကောင်းပြောတာမခံချင်ရင် သူ လူထုရဲ့ အတွေးအမြင်ကိုထိန်းချုပ်နိုင်မှရမယ်


"ဝေမင်းဆက်နဲ့ ကျင်းမင်းဆက်လက်ထက်တုန်းက တောင်ပိုင်းက တေးသီချင်းတွေ ဘာလို့ ကျော်ကြားခဲ့လဲဆိုတာ မင်းသိလား?အဲ့ဒါက သေချာပေါက် ကျွမ်းကျင်သူတွေက လူထုရဲ့အတွေးကို ထိန်းချုပ်နိုင်ခဲ့ပြီး သိမ်မွေ့တဲ့အရာဆိုတာ ပြနိုင်ခဲ့လို့ပဲပေါ့"
ယွီထန်ရေးရေးလေး ပြုံးလိုက်တယ်
သူလိုချင်တာက လူတွေ သူနဲ့စုန့်ရှောင်ကို အလိုက်ဖက်ဆုံးလူတွေလို့ သတ်မှတ်ပြီး ဆန့်ကျင်ပြီး မကောင်းပြောတဲ့သူတွေကိုတော့ ဒိဠိတွေပေါ့


ကျုံးယိပင်း မျက်လုံးတွေတဖြည်းဖြည်း ပြူးကျယ်လာတယ်
ဒီလိုနည်းနဲ့လဲ လုပ်လို့ရတာပဲကို!


--------------------------------------------------------------


The author has something to say:


Small theater :<သရုပ်ဆောင်ဖို့ ဇာတ်ကောင်ကို သေချာရွေးရမယ်>


အားပင်း : ဒီနေ့ညလဲ သရုပ်ဆောင်ကစားကြရအောင်


ချင်ချင် : ဘာကို သရုပ်ဆောင်မှာလဲ?


အားပင်း : ကိုယ်က Ultraman လုပ်မယ်,မင်းက monsterအသေးလေး


ချင်ချင် : ....မြင့်လိုက်တာ,ပြီးတော့ရော?


အားပင်း : ပြီးရင် မင်းက လှဲပြီး ကိုယ့က အနိုင်ကျင့်မယ်


ချင်ချင် : ဒါပေမယ့် Ultramanက သုံးမိနစ်ပဲ တိုက်ခိုက်နိုင်တာလေ →_→


အားပင်း : ...


--------------------------------------------------------------


[Zawgyi]


သူ့စိတ်ထဲကနေ အဲ့ဒီမှတ်ဉာဏ်အဆိုးကြီးကို မေ့ပျောက်ပစ်ဖို့အတွက် ကျုံးယိပင်းဆီက အကြင်အနာတွေကို အရေးတကြီး လိုအပ်‌နေတယ်


"ဘာ??"






"အဲ့....အဲ့တာ"












"Whoa!"


"လိမ္မာစမ်းပါ"




ဒါပေမယ့် အဲ့လိုပုံကပဲ တကယ်ကို အရိုင်းဆန်‌‌နေ‌သေးတယ်




"အဟင်းအဟင်းအဟင်း..."


"မ...မလုပ်..."












သူတို့ရင်ထဲက စိတ်ဆန္ဒအလိုတွေအတိုင်း လူးလိမ့်‌နေကြတယ်








"ပြန်လာပြီလား?"


"Jiu--"


"မင်း ဘာလုပ်လိုက်တာလဲ?"


"အမေ,ကြည့်ကြည့်လိုက်"
















သိနိုင်မှာ


ချူးချင် နား‌နေတဲ့အချိန်လည်း သူဖုန်းကိုပဲကြည့်နေတယ်


"ဘာကြည့်နေတာလဲ?"
"ဒါကဘာလဲ?"


တချို့သက်သေတွေက တခြားလူတွေပြလို့မရတာကြောင့် ချူးချင် ဖုန်းကိုပိတ်လိုက်တယ်








"နေဦး!"
"ဘာဖုန်း?"






"သိပြီ"














ကျုံးအကိုကြီးက သာမန်ရုပ်ရည်နဲ့ လုဖန်ဆိုတဲ့ အတွင်း‌ရေးမှူးကို မိတ်ဆက်ပေးတယ်


"ကောင်းပါပြီ"


အရင်က ကျုံးယိပင်းက ဘယ်လိုပုံစံလဲဆိုတာ သူကောင်း‌ကောင်း သိတာပေါ့


"အင်း"
















--------------------------------------------------------------


















အားပင်း : ...


--------------------------------------------------------------

Comment