Chapter 60 : Fanservice (Dog food)

စွန့်ဦးတည်ထောင်ဖြတ်သန်းလာတဲ့ television stationတစ်ခုအနေနဲ့ ရှန်းရှီရဲ့ programတွေအပေါ် စည်းမျဉ်းသတ်မှတ်ချက်တွေက အရမ်းမတင်းကျပ်ဘူး
တချို့အကြောင်းအရာတွေကိုလည်း ထည့်ပြောလို့ရတယ်
ဥပမာ အခု ချူးချင်က trendingဖြစ်နေတဲ့ 'မူချောင် CP' ကို အပျော်အပျက်သဘောနဲ့ ပြောလိုက်သလိုပေါ့


"ဧကရီဂါ၀ရပြုတဲ့ပုံက လုံး၀ကို ပြည့်စုံပြီး မင်းမိုးမြေကန်တော့တဲ့ပုံနဲ့ တစ်ထပ်တည်းပဲ"
ချူးချင်က အလေးအနက် ပြောတယ်
သူ အနီရောင် ဖဲပြားပန်းစည်းလေးကို ယူပြီး လူနှစ်ယောက်ကြားမှာ ထားလိုက်တယ်
"လာ,တစ်ဖက်စီ ကိုင်လိုက်,မင်းတို့ရဲ့ အချစ်က ကမ္ဘာအဆုံးထိ တည်မြဲသွားလိမ့်မယ်"


ချောင်စု နည်းနည်းတော့ ရယ်ချင်သွားတယ်
အနီရောင်ဖဲကြိုးက အရောင်ဟပ်တာကြောင့်ပဲလား သူပဲ အရှက်ကြီးလို့လား မသိဘူး သူ့မျက်နှာက အနည်းငယ် ရဲနေတယ်
ဒါတောင် သူက ဖဲကြိုး အစတစ်ဖက်ကိုတော့ ကိုင်ထားပေးတုန်းပဲ


"ဒါကို ‌Xi Chouလို့ခေါ်တယ်, အရင်ခေတ်လက်ထပ်ပွဲအခမ်းအနားတွေမှာဆို အမြဲတွေ့ရတယ်, သတို့သမီးက မျက်နှာကို အုပ်ထားတော့ လမ်းကိုရှင်းရှင်းလင်းလင်း မမြင်ရတာကြောင့် လက်တွဲခေါ်ပေးရတာလို့လဲ ပြောတယ်,သတို့သားနဲ့သတို့သမီးရဲ့ အလည်မှာ ထားရတယ်"
ချူးချင်က အသေးစိတ်ရှင်းပြမိတ်ဆက်ပေးပြီး နှစ်ယောက်ကို ပြန်ထိုင်ခိုင်းလိုက်တယ်


ချောင်စု အနီရောင်ဖဲကြိုးကို ပြန်ထားလိုက်ချင်တယ် ဒါပေမယ့် မူချန်ဂ်ကလည်း မချသေး‌တော့ ဆက်ကိုင်ထားလိုက်တယ်
အဲ့မှပဲ သူတို့နှစ်ယောက်နေရာယူထားတာနဲ့ အလည်က ဖဲကြိုးရယ်နဲ့က အရမ်းကို သဘာ၀ကျနေတယ်
cameraပေါ်မှာတော့ ဒီ sceneက ခုမှကြိုးချည်ထုံးဖွဲ့ထားတဲ့ လက်ထပ်ခါစမောင်နှံနဲ့ အရမ်းကို တူနေတယ်


ဒီအပိုင်းကို ထုတ်လွှင့်တဲ့ချိန်လည်းရောက်ရော tvရှေ့က fanကောင်မလေးတွေက ဒါကို editပြီး လိုင်းပေါ်တင်ဖို့ မစောင့်နိုင်ကြတော့ဘူး
နှစ်ယောက်က သင့်တော်တဲ့ ၀တ်စုံကို ၀တ်ထားပြီး နှစ်ယောက်ကြား အလည်မှာလည်း အနီရောင်ဖဲပြားပန်းပွင့်အကြီးကြီးနဲ့,
အကုန်ပြည့်စုံသွားပြီ


[အထက်ကလူကြီးတွေကအစ အချိုတွေကျွေးနေတာပဲ ‌ah ah ah]


[ဒီအချိုက သတိတောင်မပေးပဲ ရောက်လာတာပဲ,ခန နောက်ထပ်ခွေးစာ‌အပုံအပင်ကို မြိုချပါရစေဦး]


"မင်းတို့ နည်းနည်းလောက် သရုပ်ပြရင်ကိုရပါပြီ တကယ်ကြီး မိုးမြေကန်တော့ဖို့များ လုပ်နေကြတာလား!"
ချူးချင် မူချန်ဂ်ရဲ့ဘေးက ပန်းပွင့်နီနီကို စိတ်ဆိူးဆိုးနဲ့ လက်ညှိုးထိုးလိုက်ပြီး
"မင်းက ဇာတ်၀င်ခန်းအတုကို တကယ်အစစ်လုပ်ချင်နေတာလား?"


အဲ့ဒီချိန်မှာပဲ effectတာ၀န်ယူတဲ့သူတွေက screeကမြင်ကွင်းကို ရပ်သွားအောင် လုပ်လိုက်တယ်
ပန်းပွင့်နဲ့ လူ(မူချောင်)နှစ်ယောက်ရဲ့ ဘေးပတ်ပတ်လည်ကနေ အနီရောင်ဘောင်လေးနဲ့ double happiness symbolအကြီးကြီးတစ်ခု ရေးထည့်လိုက်တယ် ပြီးတော့ သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာလည်း အနီရောင် blushesလေးတွေနဲ့
ဒါ့အပြင် တွဲရက်အနေနဲ့ wedding song တောင် ထည့်ပေးလိုက်သေးတယ်


ဒီလို program‌တွေနဲ့ပက်သက်ပြီး ချောင်စုရဲ့ အတွေ့အကြုံက သိပ်မပြည့်စုံသေးတော့ ခုလိုလျှပ်တပြက် ဟာသစကားတွေကို ဘယ်လိုတုံ့ပြန်ရမှန်းမသိသေးဘူး ဒါ့ကြောင့် သူ ချူးချင်ရဲ့ စကားတွေကို ဘယ်လိုမှ ဆက်မပြောနိုင်ဖြစ်နေတယ်
တစ်ဖက်မှာတော့ မူချန်ဂ်က တည်တည်ငြိမ်ငြိမ်နဲ့
"အိုက်ယား,မင်း ငါတို့ကို မိသွားပြီပဲ,အစကတော့ ငါအဲ့ဒါကို အိမ်အလှဆင်ဖို့အတွက် အိမ်ယူသွားမလို့ပဲ...."


ဘေ့စ်ဘောဦးထုပ်နဲ့ ၀န်ထမ်းလေးတစ်ယောက်က စင်ပေါ်ကို ပျာယာပျာယာတက်လာပြီး ပန်းပွင့်အနီကို ရုပ်တည်နဲ့ ပြန်သိမ်းသွားတယ်
cameraရှေ့မှာ ဦးထုပ်နဲ့အရိပ်အယောင်လေးပဲ ကျန်ခဲ့ပြီး သူ့ရဲ့ လျှင်လျှင်မြန်မြန်ကွယ်၀ှက်နိုင်တဲ့ skill ကတော့ ချီးကျူးစရာပဲ


"ဒါကို အိမ်အလှဆင်ဖို့ ယူချင်တယ်?"
ချူးချင်က သူ့ကို မျက်လုံးပြူးနဲ့ စိုက်ကြည့်ရင်း
"ကောမှာ ကောင်မလေးတောင် မရှိပဲနဲ့"


"ငါ့မှာ ကုကုရှိတယ်လေ!"
မူချန်ဂ်က ရွှင်ရွှင်ပြပြနဲ့ ပြန်ပြောတယ်
ကုကုဆိုတာ မူချန်ဂ်ရဲ့ Weiboမှာ မကြာခနပါပါလာတတ်တဲ့ သူ့အိမ်က Golden retrieverလေး
သူက onlineက နာမည်ကြီး ခွေးလို့တောင်ပြောလို့ရတယ်


effectထည့်တဲ့ တာ၀န်ရှိသူက ကုကုရဲ့ နာမည်ကို ရိုက်လိုက်ပြီး
တဏှာရူးအပြုံးကြီးနဲ့ တွဲပေးလိုက်တယ်
ပြီးတော့ မူချန်ဂ်ရဲ့စကားကို သုံးခေါက်လောက် replayလုပ်ပြီးထည့်လိုက်တယ်
"ငါ့မှာ ကုကုရှိတယ်...ကုကုရှိတယ်....ကုကု..."


ပရိသတ်က သူ့စကားတွေကို အထင်လွဲလောက်တော့မယ့်ချိန်မှ golden retrieverလေး ကုကုရဲ့ ပုံက ပေါ်လာတယ်
သူ့ပုံကို မူချန်ဂ်နဲ့ တူတူထားလိုက်ပြီး သူတို့ကြားမှာ အနီရောင်ပန်းပွင့်အကြီးကြီးနဲ့,
သူတို့ အတွေးတွေ မှောင်မိုက်နေတာကြောင့် သေချာပေါက် နားလည်မှုလွဲမှာသိတာကြောင့် သက်သေပြဖို့ ခွေးပုံလေးထည့်ပြီး ခက်ခက်ခဲခဲကြိုးစားလိုက်ရတယ်


"ယွီမင်းဆက်မှာလည်း ဒါကိုသုံးတယ်,ဒါမယ့် အဲ့မှာ မျက်နှာကို အုပ်ဖို့မလိုဘူး"
အနီရောင်ပန်းပွင့်ကြီးကို သယ်သွားပြီးတဲ့နောက် ချောင်စုက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ပြီး ယွီမင်းဆက်ရဲ့ အကျင့်ထုံးတမ်းတွေအကြောင်း စပြောတော့တယ်


ယွီမင်းဆက်က သမိုင်းမှာ အပွင့်လင်းဆုံး အတွေးခေါ်အသစ်ဆန်းဆုံး မင်းဆက်ပဲ
မဟုတ်ရင် အံ့ဩစရာကောင်းလောက်‌အောင် အမျိုးသားဧကရီဆိုတာပေါ်လာမှာကို မဟုတ်ဘူး
ယွီမင်းဆက်မှာ အမျိုးသမီးတွေရဲ့ statusကလည်း တခြားမင်းဆက်တွေမှာထက် အများကြီး မြင့်မားတယ်
အမျိုးသမီးတွေက လမ်းပေါ်ထွက်ရင် မျက်နှာကို ဖုံးထားဖို့မလိုသလို အပြင်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်
နန်းတွင်းမှာတောင် အမျိုးသမီးအရာရှိတစ်ယောက်လုပ်နိုင်သေးတယ်
မိန်းမယူတဲ့အခါကျလည်း သတို့သမီးက သူမခေါင်းကို အုပ်ထားဖို့ အလိုမရှိရင် အုပ်စရာမလိုပဲ သတို့သားနဲ့အတူ မိုးမြေကန်တော့နိုင်တယ်


screenမှာ <The Golden age of the great Jing>ထဲက ဧကရီရဲ့  လက်ဆက်ပွဲအခမ်းအနားကို ပြန်ပြတယ်
ဒီရုပ်ရှင်မှာ တစ်ခဲနက်ရင်းနှီးမြှုပ်နှံထားတာကြောင့် အသုံးအဆောင်တွေ ရိုက်ကူးရေးပစ္စည်းတွေ အထောက်အကူ အ၀တ်အစားတွေက အကောင်းစားတွေချည်းပဲ
ခုဇာတ်ကားထဲကထုံးတမ်းတွေက ယွီမင်းဆက်ရဲ့  လူမှုဓလေ့ထုံးတမ်းတွေနဲ့ လုံး၀ကွာခြားမှုမရှိဘူး
ချောင်စုက ရွှေပြောက်ပြောက် ထိုးထားတဲ့ ကြက်သွေးရောင် လက်ကျယ်အခမ်းအနား၀တ်ရုံကို ၀တ်ထားပြီး ခေါင်းမှာကျ ရွှေရောင်အတောင်တွေဖြန့်ကားထားတဲ့ ဇာမဏီခေါင်းဆောင်းနဲ့
သူ့ရဲ့ အသွင်ပြင်က ကြည်လင်နေပြီး ကျောက်စိမ်းလှေကားတစ်လျှောက် ဧကရာဇ်ဆီလျှောက်လာတဲ့ချိန်မှာ သူ့အမူအရာက အေးစက်နေတယ်


အဲ့နောက်တော့ သူတို့သုံးယောက် လက်ဆက်ပွဲအခမ်းအနား‌အကြောင်းကို လေးလေးနက်နက် ဆက်ဆွေးနွေးကြတယ်


"ရိုက်ကူးရေးအချိန်တုန်းက မင်းတို့ကို သင်ပြပေးဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့က လောက၀တ်ဆရာကိုတောင် အထူးတလည် ငှားပေးတယ်ကြားတယ်,အဲ့ဒါတကယ်ပဲလား?"
ချူးချင်က အချိန်ကိုက်ပဲ tv dramaအတွက် စပြီး promotionဆင်းတော့တယ်


"ဆရာက သုံးယောက် ပြီးတော့ သူတို့တွေအကုန်က ယွီမင်းဆက်သမိုင်းကြောင်းကို အထူးကျွမ်းကျင်နားလည်တဲ့သူတွေ,ကျနော်တို့ ရိုက်ကူးရေးလုပ်နေတဲ့ချိန်မှာ ဆရာတွေက စောင့်ကြည့်နေပြီး လှုပ်ရှားမှုတွေ မမှန်ကန်ရင် အစကနေပြန်စရတယ်,ကျနော်တို့ရိုက်ကူးရမယ့်အလှည့်မဟုတ်ရင်လည်း သူတို့ရဲ့ သင်ခန်းစာတွေကို နားထောင်ရသေးတယ်"
ချောင်စုက နာကျင်နေတဲ့ အမူအရာနဲ့ ပြောတယ်
သူတို့ ဒီလှုပ်ရှားမှုတွေကို ခနတိုင်းလေ့ကျင့်ပြီး လုပ်ရတာ‌
ရိုက်ကူးရေးပြီးသွားတာတောင်မှ အချိန်ကြာကြီးထိ လက်ကိုစုပြီး ခါးကိုင်းနှုတ်ဆက်တာအကျင့်ပါနေတဲ့ အထိပဲ


"အရိုအသေပေးတဲ့ အပြုမူက အများကြီးခွဲထားတာ ကျီ,ရှုန့်,စူ,ကုန်းရှို့ဆိုပြီး အကုန်လုံးကလည်း တစ်ခုနဲ့တစ်ခု တအားကွဲတယ် အစတော့ ငါအမြဲတမ်းရောနေတာကြောင့် ဆရာက ငါ့ကို အရမ်းကို စိုးရိမ်နေတာ"
မူချန်ဂ်က ပြုံးရင်း ပြောတယ်


"အဓိက‌ကတော့ ချန်ကောက ဘယ်နဲ့ညာမခွဲတတ်လို့ပဲ,ဆရာက ဘယ်ဘက်လက်ကို ထုတ်ပြီး ညာဘက်လက်ကို အတွင်းထားဆို ချန်ကောက ကြောင်နေပြီးမှ ဘယ်ဘက်က ဘယ်ဘက်လဲဆိုပြီးပြန်မေးတတ်တယ်"
ချောင်စုက သူ့နောက်က‌လိုက်ပြောပြီး သူ့ကိုစတယ်


မူချန်ဂ်က ‌ဒေါသထွက်ချင်ယောင်ဆောင်ပြီး ချောင်စုကို စိုက်ကြည့်လိုက်ပြီး
"ဒါက program recordingလုပ်ရုံပဲ,အမှန်တွေ မပြောနဲ့ ငါ့မှာ imageကို ထိန်းထားဖို့လိုသေးတယ်"
ပြီးတော့ သူ ဆက်ပြောချင်နေသေးတဲ့ ချောင်စုကို ဆွဲပြီး သူ့ခေါင်းကိုအားပါပါဖွလိုက်တယ်


မူချန်ဂ်ဆွဲလိုက်တာကြောင့် ချောင်စုက ကြောင်နေပြီး သူ့ခေါင်းကိုအဖွခံရပြီးမှ အသိ၀င်လာကာ ခေါင်းမော့ကြည့်လာတယ်
"ချန်ကော, ကော...ကျနော့်ဆံပင်ပုံပျက်သွားပြီ"


ချူးချင်ကတော့ သူ့ရဲ့နေရာမှာတင်ပဲ ခုံပေါ်က ပြုတ်ကျမတတ်ကို အားရပါးရရယ်တယ်
သူတို့နှစ်ယောက်ကို ဆက်ပြီးဆူညံစေလိုက်ပြီး မူချန်ဂ်ရဲ့ ကို့ယို့ကားယားအခြေနေ‌ေတွကို ဆက်ပြောဖို့လုပ်လိုက်တယ်
မူချန်ဂ်က ဘယ်သန်,ဒါပေမယ့် သူငယ်ငယ်တုန်းက သူ့မိသားစုကနေ ညာဘက်လက်ကိုပဲ သုံးခိုင်းတယ် တူကို ညာဘက်လက်ကပဲ ကိုင်ရတယ်ဆိုပြီးတော့ပေါ့
ဒါ့ကြောင့် သူကနှစ်ဖက်လုံးသန်သွားပြီး ငယ်ငယ်တည်းက ဘယ်နဲ့ညာမခွဲတတ်တော့တာ


ဒီအပတ်ရဲ့ program recordingက ချောချောမွေ့မွေ့ပဲ ပြီးသွားတယ်
ဆွေးနွေးပွဲက အရင်‌ခေတ်နဲ့ အခုခေတ်ရဲ့ လူမှုဓလေ့တွေကို အဓိကအခြေခံထားတာကြောင့် ချောင်စု ပု‌လွေမှုတ်ပြမယ့် အခန်းကိုလည်း ထည့်ထားလိုက်တယ်
ဘာလို့ဆို သမိုင်းမှာ ဧကရီက ပုလွေမှုတ်တဲ့နေရာမှာ ပညာရှင်တစ်ယောက်
ဒဏ္ဍာရီအရတော့ သူ့ရဲ့ပုလွေသံက ဇာမဏီငှက်တွေကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုပဲ
ဒီအချက်ကြောင့်ပဲ ဧကရာဇ်ကျင်းယွမ်က သူ့ကိုကောင်းကင်ကသတ်မှတ်ပေးတဲ့ ဧကရီအဖြစ်ဆုံးဖြတ်ပြီး အရလက်ထပ်ယူခဲ့တာ


တကယ်တော့ အဲ့ဒါက ပုံပြင်ဆိုရိုးတွေအရပါ
အဲ့လိုသာဆို တစ်ယောက်ယောက်က ဧကရီဖြစ်ချင်တယ်ဆိုရင်လည်း ပုလွေကောင်းကောင်းမှုတ်တတ်ရင်ရပြီပေါ့


tv dramaတွေထဲက တေးဂီတ performanceတွေက တော်တော်များများ ညံ့တယ် - ဗျပ်စောင်း‌ေတွဘာ‌တွေ ကိုင်တဲ့နည်းလမ်းကအစ အမှားတွေနဲ့, မင်းသားတွေတီးလို့ ထွက်လာတဲ့အသံတွေကလည်း ကြက်သတ်နေတဲ့ အသံနဲ့မထူးမခြားနားပဲ


"လာ,ချောင်စုက twinkle twinkle little star မှုတ်ပြလိမ့်မယ်"
ချူးချင်က သူ့ကို ကျောက်စိမ်းပုလွေလေးပေးလိုက်တယ်


ချောင်စုက ပြုံးပြုံးလေးပဲ ပုလွေကို ပါးစပ်နားတေ့လိုက်ပြီး တကယ်ကြီး"twinkle twinkle little star"သံစဉ်ကို မှုတ်တယ်
အသံက ညက်ညက်လေးနဲ့ သာသာယာသာလေး ကြက်သတ်တဲ့အသံမျိုး နည်းနည်းမှမရှိဘူး
ဆန့်ကျင်ဘက်‌အနေနဲ့ တအားကို နားထောင်လို့ကောင်းတယ်


dramaရဲ့ လိုအပ်ချက်တွေစည်းကမ်းတွေက တအားကို တင်းကျပ်တယ်
producerဖြစ်တဲ့ စုန့်ရှောင်ကလည်း သရုပ်ဆောင်တွေကို နည်းနည်းမှ အမှားမခံပဲ ချောင်စုကို ဂီတဆရာဆီက ပုလွေဘယ်လိုမှုတ်ရမလဲဆိုတာကအစ သင်စေတယ်
တစ်ပတ်လောက် သင်ပြီးတဲ့ခါမှာတော့ သူတကယ်ပု‌လွေမှုတ် နိုင်ခဲ့တယ်
အနည်းဆုံးတော့ အရမ်းကြီး ကြည့်ရမဆိုးတော့ဘူးပေါ့


"မင်း ရိုက်ကူးရေးလုပ်တုန်းကလည်း တကယ်ပဲ twinkle twinkle little star မှုတ်ခဲ့တာလား?"
ချူးချင်က မရယ်မိအောင် ထိန်းနေရပြီး သူတို့နှစ်ယောက်ကို 'The golden age of the great Jing'ရဲ့  classic scene - ပုလွေမှုတ်တဲ့အခန်းကို သရုပ်ဆောင်ခိုင်းလိုက်တယ်


ချောင်စုက Twinkle twinkle little star သံစဉ်ကို စိတ်၀င်တစားတီးမှုတ်နေပြီး မူချန်ဂ်ကတော့ စက္ကူယပ်တောင်လေးတစ်ချောင်း ကိုင်ရင်း ဘေးမှာ ‌‌သံစဥ်ထဲနစ်‌မျောနေတဲ့အမူအရာနဲ့ထိုင်နေတယ်
'Twinkle twinkle little star'တေးသွားနောက်ကနေ မူချန်ဂ်က အသံနက်နက်နဲ့ ပြောလိုက်တယ်
"ဒီသံစဥ်က အထက်ကောင်းကင်ဘုံမှာပဲရှိသင့်တယ် ကမ္ဘာ‌မြေကတောင် တခါတရံပဲကြားခွင့်ရမယ့်သံစဉ်မျိူးပဲ"


"Hahaha...."
Tvရှေ့က ပရိသတ်ကတော့ မျက်ရည်ကျတဲ့အထိကို ရယ်ကြတော့တာပဲ


ဒီအပတ်ရဲ့ ratingက Lollipop program အစကတည်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးပဲ
မူချောင် Cpက အချိုတွေ ကျွေးနေတာဆိုတော့ ရူးသွပ်နေတဲ့ fangirlsလေးတွေက ဒီအပတ်ကို မျှော်လင့်စောင့်စားနေတာကြာလှပေါ့
တိုက်ရိုက်လွှင့်တဲ့ချိန်တင် မကဘူး နောက်တစ်ခေါက် ပြန်လွှင့်တဲ့ချိန်မှာလည်း ပြန်ကြည့်ကြသေးတာ
onlineမှာလည်း လုံး၀ကို အရင်ကမရဖူးတဲ့ rateတစ်ခုကိုရသွားတယ်


stationက rating reportကို ချန်းကျီမင်းတစ်ယောက် မနာလိုစွာ ကြည့်နေတယ်
သူ့ talk show ratingတွေဟာဆိုရင်တော့ အစကတည်းက နိမ့်လိုက်တာဆိုတာ
သူ့ဆီ ပြောင်းပြီးမှ နည်းနည်းတက်လာရုံရှိသေး
Confusionနဲ့ Lollipopသာ သူ တာ၀န်ယူရရင် သေချာပေါက် ချူးချင်ကို ရှုံးမှာမဟုတ်ဘူး


ချူးချင် stationအကြီးအကဲရဲ့ စကားကို နားထောင်ရင်း အစည်းဝေးစားပွဲတစ်ဖက်မှာရှိတဲ့ ချန်းကျီမင်းဆီကို အကြည့်ရောက်သွားတယ်
အလိုမကျမှုကိုဖုံးဖိနေတဲ့ ချန်းကျီမင်းရဲ့ အမူအရာတွေ့တော့ သူ့နှုတ်ခမ်းတွေ အပေါ်ကို အနည်းငယ် ကော့တက်သွားတယ်
လူငယ်တွေအတွက် ရည်မှန်းချက်ရှိတာက ကောင်းပေမယ့် အရည်အချင်းမရှိပဲနဲ့ အမြင့်ကိုပဲရောက်ချင်‌နေပြီး သူများကို မနာလိုဖို့ပဲသိနေရင်တော့ မကောင်းဘူး


အစည်းအဝေး ပြီးသွားတော့ stationအကြီးအကဲကျန်းက ချူးချင်နဲ့ စကားပြောဖို့အတွက် နောက်မှာကျန်နေခဲ့လိုက်တယ်
အမျိုးသားနေ့ partyပွဲမှာ ချန်းကျီမင်းကို  hostလုပ်စေချင်တာ အဲ့ဒီအတွက် ချူးချင်ကိုလည်း guideလုပ်ပေးစေချင်တယ်


"အမျိုးသားနေ့ပွဲတော်က နွေဦးရာသီပွဲတော်နဲ့ မတူဘူး ,ပွဲက သေးတော့ အမျိုးသား hostနှစ်ယောက်နဲ့ အမျိုးသမီး hostနှစ်ယောက်ဆိုရင် အရမ်းများပြီး ကြည့်ရဆိုးနေလိမ့်မယ်"
ချူးချင်က အောက်ကို စိုက်ကြည့်ရင်း အ‌လေးအနက်တွေးနေတဲ့ပုံပဲ


အကြီးအကဲကျန်းက အနည်းငယ် စိုးရိမ်နေတယ်
ခုနောက်ပိုင်း ကျုံးယိပင်းရဲ့ ချူးချင်အပေါ်  ဆက်ဆံပုံက သူတို့နှစ်ယောက် relationshipကို publicချပြတော့မလိုပဲ
ချူးချင်သာ ဒီကိစ္စကို မလိုက်လျောဘူးဆိုရင် သူ ချန်းကျီမင်းကို အတင်းထိုးသွင်းပေးလို့လည်း ရမှာမဟုတ်ဘူး


"ဒါဆို ဒီလိုလုပ်ရအောင်, ချန်းကျီမင်းကို သွားတက်ခိုင်းလိုက် ကျနော်မသွားတော့ဘူး"
အကြီးအကဲကျန်းက တစ်ခုခုပြန်ပြောချင်နေတဲ့ပုံပဲ ချူးချင် လက်တစ်ဖက်မြှောက်ပြီး တားလိုက်တယ်
"ကျနော် hostအဖြစ်တင်ဆက်ခဲ့တာ partyတွေအများကြီး နှစ်တွေလည်း ကြာလှပြီဆိုတော့,လူငယ်hostအသစ်ကလေးတွေအတွက် သူတို့ကိုယ်သူတို့ ထိန်းကျောင်းရမယ့်အချိန်ပဲလေ"


ချူးချင်ရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်ပြီး သူ့စိတ်နေစိတ်ထားကလည်း ပြတ်သားတယ်
ဒါ့ကြောင့် ဒီကိစ္စကို ခုလိုပဲ ဆုံးဖြတ်လိုက်တယ်
ဒါပေမယ့် အကြီးအကဲကျန်းကတော့ ပိုပြီးတောင် စိတ်ပျက်အားလျော့သွားတယ်
ချန်းကျီမင်းက အတွေ့အကြုံမရှိဘူး ပြီးတော့ ဒီလိုပွဲကြီးမျိုးမှာ hostလုပ်ဖို့ကို ဗြုန်းစားကြီးပြောလာတာဆိုတော့ သေချာပေါက် အမှားတွေလုပ်မိလိမ့်မယ်
အဲ့တော့ သူ လင်းရှောင်ရှောင်ကိုပဲ ဖုန်းခေါ်ပြီး စင်ပေါ်မှာ ချန်းကျီမင်းကိုဂရုစိုက်ပေးဖို့ တောင်းဆိုရတော့မယ်


ချူးချင် stationထဲကနေ လမ်းလျှောက်ထွက်လာတော့ အပြင်မှာ သူ့ကိုလာကြိုတဲ့ ကျုံးယိပင်းကို တွေ့တယ်
ကျုံးယိပင်းရဲ့ အမူအရာက ပုံမှန်မဟုတ်ဘူး ပြီးတော့ သူက သူ့ဖုန်းသူငုံ့ကြည့်နေတယ်


"ဘာကြည့်နေတာလဲ?"
ချူးချင် သူ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး လှမ်းကြည့်တယ်


"ယွီထန်,အဲ့ကောင် ဒါကို တကယ်ပဲတင်လိုက်တာ"
ကျုံးယိပင်းက ဖုန်းကို သူ့ဆီပေးလာတယ်
China Branch ,Big fish groupရဲ့ တရား၀င်ဒါရိုက်တာဖြစ်တဲ့ ယွီထန်က Weiboမှာ ပုံတစ်ပုံတင်ထားတယ်
ပုံထဲမှာ ယွီထန်က ရှေးခေတ်၀တ်စုံနဲ့ တံတားကွေးလေးပေါ်မှာ ထိုင်ရင်း လက်တစ်ဖက်ကကျ တစ်စုံတစ်‌ေယာက်ရဲ့လက်တစ်ဖက်ကို ကိုင်ထားတယ်
အဲ့ဒီလက်တစ်ဖက်က စုန့်ရှောင်လက်ကလက်စွပ်နဲ့ တစ်ပုံစံတည်းတူတဲ့လက်စွပ်ကို ၀တ်ထားတယ်


netizenတွေကတော့ အဲ့ဒီလျှို့ဝှက်တဲ့ လက်စွပ်ပိုင်ရှင်ကို သိပြီးသားပဲ
ဘာလို့ဆို စုန့်ရှောင်က dramaအသစ်ရဲ့ ဇာတ်ညွှန်းကို ပြတုန်းက လက်စွပ်စွပ်ထားတဲ့လက်ကို သုံးခဲ့တာ(အရင်တစ်ခေါက် ပုံတင်တုန်းကဖြစ်မယ်)


ယွီထန်နဲ့ စုန့်ရှောင်က ရာဇ၀င်ထဲက ဧကရာဇ်ကျင်းယွမ်နဲ့ ဧကရီသွမ့်ဟွေနဲ့ တကယ်တူတယ်
အစတုန်းကတော့ <The Golden age of the great Jing> လွှင့်တဲ့ချိန်မှာ trendingဖြစ်ခဲ့တာကြောင့် ဒီစုံတွဲက အာရုံစိုက်မှုအများအပြားရခဲ့တာ ခုတော့ တကယ်ကို ဒီလိုပုံမျိုးတင်လိုက်တာပဲ
ပိုပြီးအံ့ဩစရာကောင်းတာက netizenတွေအားလုံးကလည်း 'ah ah ah'ဆိုတာနဲ့ စိတ်လှုပ်ရှားတဲ့ commentတွေချည်းပဲ ဒါကိုမကောင်းပါဘူးလို့ ထွက်ပြောတဲ့သူတစ်ယောက်လေးတောင်မတွေ့ဘူး


"Old Wavesကို ၀ယ်တဲ့ ယွီထန်ရဲ့ ရည်ရွယ်ချက်ကဒါပဲ"
ကျုံးယိပင်း အရမ်းကို ရင်ထဲထိသွားတယ်


ချူးချင်အရမ်းကို အံ့ဩသွားတယ်
ဒီလူနှစ်ယောက်က တကယ်ပဲ come outလုပ်တော့မလို့လား?
come outလုပ်ဖို့အတွက် Old Wavesကို ၀ယ်တယ်,ဒါက စုန့်ရှောင်ကို ဘယ်သူမှမကောင်း‌ပြောနိုင်တဲ့သူ မရှိအောင်လို့ပဲ


"Baby,ကိုယ်တို့နှစ်ယောက် relationshipကိုလည်း publicလုပ်ကြရအောင်!"
ကျုံးယိပင်းက ဆုံးဖြတ်ချက်ချလိုက်ပုံပဲ
သူက ချူးချင်လက်ကို ဆုပ်ကိုင်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့အမူအရာနဲ့ခိုင်ခိုင်မာမာ ပြောတယ်


---------------------------------------------------------------------------------------------------------------------------


The author has something to say :


Small theater : <ကောင်းကင်မှာပဲ ဒီလိုသံစဥ်မျိုးရှိမယ်>


ချောင် :  Twinkle twinkle little star


မူချန် : အရမ်းနားထောင်လို့ကောင်းတာပဲ


ချင်ချင် : Twinkle twinkle little star


အားပင်း : နားထောင်လို့ မကောင်းဘူး


ချင်ချင် : မင်း မူချန်ဆီကနေ အတုယူလို့မရဘူးလား,တကယ်ကိုပဲ စကားပြောမချိုသာလိုက်တာ


အားပင်း : တေးသွားကို ပြောင်းလိုက်ရင်တော့ နားထောင်ကောင်းမယ်,tan te*ဆို


ချင်ချင် : ဘယ်လိုလဲ ငါမသိဘူး


အားပင်း : ကိုယ် သင်ပေးမယ်


ချင်ချင် : Ah~wu! Ah~wu ah..


အားပင်း : အရမ်းနားထောင်လို့ကောင်းတာပဲ


-------------------------------------------------------------------------------------------------------------------------


YouTubeမှာ သွားရှာကြည့် tan teဆိုပြီး နားထောင်ကြည့်လိုက်😂


weddingရိုးရာတွေက မသိလို့လျှောက်ရွှီး🥺
လိုအပ်ချက်တွေ အများကြီးပါတာမို့ တကယ်အားနာပါတယ်
မှားနေတာတွေ့ရင် ထောက်ပြပေးခဲ့ပါဦး



double happiness symbolဆိုတာလေး


[Zawgyi]


















ချူးချင် မူချန်ဂ်ရဲ့ဘေးက ပန်းပွင့်နီနီကို စိတ်ဆိုးဆိုးနဲ့ လက်ညှိုးထိုးလိုက်ပြီး










"ငါ့မှာ ကုကုရှိတယ်လေ!"


























သူတို့နှစ်ယောက်ကို ဆက်ပြီးဆူညံစေလိုက်ပြီး မူချန်ဂ်ရဲ့ ကို့ယို့ကားယားအခြေနေ‌တွေကို ဆက်ပြောဖို့လုပ်လိုက်တယ်






tv dramaတွေထဲက တေးဂီတ performanceတွေက တော်တော်များများ ညံ့တယ် - ဗျပ်စောင်း‌တွေဘာ‌တွေ ကိုင်တဲ့နည်းလမ်းကအစ အမှားတွေနဲ့, မင်းသားတွေတီးလို့ ထွက်လာတဲ့အသံတွေကလည်း ကြက်သတ်နေတဲ့ အသံနဲ့မထူးမခြားနားပဲ










"ဒီသံစဉ်က အထက်ကောင်းကင်ဘုံမှာပဲရှိသင့်တယ် ကမ္ဘာ‌မြေကတောင် တခါတရံပဲကြားခွင့်ရမယ့်သံစဉ်မျိုးပဲ"


"Hahaha...."




















"ဘာကြည့်နေတာလဲ?"


ပုံထဲမှာ ယွီထန်က ရှေးခေတ်ဝတ်စုံနဲ့ တံတားကွေးလေးပေါ်မှာ ထိုင်ရင်း လက်တစ်ဖက်ကကျ တစ်စုံတစ်‌ယောက်ရဲ့လက်တစ်ဖက်ကို ကိုင်ထားတယ်












---------------------------------------------------------------------------------------------------------------------------






















ချင်ချင် : Ah~wu! Ah~wu ah..




-------------------------------------------------------------------------------------------------------------------------





Comment