Chapter 18 : စီးတော်ယာဉ်

အမှန်တော့ ချူးချင် စတော်ဘယ်ရီအရသာစားရတာ အဲ့လောက်မကြိုက်ပေ၊
တချို့ productတွေကိုသာ စတော်ဘယ်ရီအရသာနဲ့ ပိုပြီးသဘောကျရုံသာ။
အရင်က အတိတ်မမေ့ခင်တုန်းကဆိုရင် ကျုံးယိပင်းက သူ့ကိုအဲ့ကိစ္စနဲ့ပက်သက်ပြီး အမြဲစလေ့ရှိတယ်။


သူတို့နှစ်ယောက် ပစ္စည်း၀ယ်ဖို့သွားရင် ကျုံးယိပင်းက အမြဲ condomအထုပ်တွေကို တိတ်တိတ်လေးယူပြီး သူ့ဆီကိုပြေးလာတယ်၊
ပြီးရင်မြစ်စောင့်နတ်လို ဟန်ဆောင်ပြီး
"သစ်ခုတ်သမားငယ် မင်းလိုချင်တာ သံပုရာအရသာလား၊ငှက်ပျောသီးအရသာလား?"


ချူးချင်ကလန့်သွားပြီး ဘေးကိုလှည့်ပတ်ကြည့်ကာ
ဘေးကလူတွေ သူတို့ကို ဘယ်သူမှသတိမပြုမိလောက် ဘူးဆိုမှ စတော်ဘယ်ရီအရသာအထုပ်ကို ကောက်ပြီး စျေး၀ယ်ခြင်းထဲ ထိုးထည့်လိုက်ခြင်းပင်။


"ရိုးသားတဲ့ သစ်ခုတ်သမားလေး မင်းက မင်းလိုချင်တဲ့ စတော်ဘယ်ရီအရသာကိုပဲရွေးခဲ့တယ်, ဒီမြစ်စောင့်နတ်ကြီးက မင်းကို ဒီနေ့ည ဒီတစ်ဘူးကုန်အောင်ဆုချဖို့ ဆုံးဖြတ်လိုက်တယ်..."
ကျုံးယိပင်းက ဘေးမှာပဲငံပြာရည်ပုလင်းကိုင်ထားရင်း ရုပ်တည်နဲ့ပြောနေတာ။


ဒါကြောင့် အတိတ်မေ့နေတဲ့ ကျုံးယိပင်းက 'မင်းစတော်ဘယ်ရီအရသာကြိုက်တာ ကိုယ်သိတယ်'လို့ ရုပ်တည်နဲ့ပြောလိုက်တော့ အရင်ကခံစားချက်တွေက ချူးချင်ရင်ထဲ ပြန်ဖြစ်လာတယ်။
သူ့မျက်နှာရဲရဲကို စပ်စုဖို့ တိုးလာတဲ့ ခေါင်းကြီးကြီးကိုလည်း လက်‌နဲ့တွန်းထုတ်လိုက်တုန်း၊
ရုတ်တရက်ပဲ သူ ၀မ်ကျဲအသံကို ကြားလိုက်ရတယ်။


"ရှောင်ချူး မင်းအလုပ်ရှုပ်နေရင်အရင်လုပ်လိုက်ပါလား?"


"အဟွတ် အဟွတ်..."
ချူးချင်မျက်နှာက ရဲလွန်းလို့ အငွေ့တောင်ထွက်တော့မလိုပဲ၊
"ဆောရီး,၀မ်ကျဲ ခုနကပြောနေတာက ကိတ်မုန့်၀ယ်လာတဲ့ အကြောင်းပါ...၊ညကြီးမိုးချုပ် နှောင့်ယှက်မိတာ တောင်းပန်ပါတယ်, ကျွန်တော် ရုတ်တရက် သတိရလိုက်လို့, ကျွန်တော်တို့ broadcasting stationက အလုပ်သမားတွေအတွက် insuranceတွေ ၀ယ်ထားတယ်မလား..."


ကျုံးယိပင်း ကိတ်မုန့်လေးကိုင်ကာ ဘေးမှာထိုင်ရင်း ချူးချင်ကို စိုက်ကြည့်စူးစမ်းနေတယ်။
သူ ချူးချင်ကို ကြည့်တယ် ပြီးတော့ သူ့လက်ထဲက ကိတ်မုန့်ကို ပြန်ကြည့်တယ်၊
ချူးချင်ရဲ့ အမူအရာက လုံး၀ကို ထူးဆန်းနေတယ်, သူကရှက်နေသလိုပဲ...။


ဒီအတွေးက ကျုံးယိပင်းကို အထူးအဆန်းခံစားရစေတယ်၊
ဒီကိစ္စမှာ သူမမှတ်မိတဲ့ အကြောင်းအရာရှိကိုရှိရမယ်၊
သူ နောက်မှ ချူးချင်ကို သေသေချာချာအသေးစိတ်ပြန်ရှင်းပြခိုင်းရမယ်လို့တေးထားလိုက်တယ်။


အမှန်တော့ ကျုံးယိပင်းကလည်း မယ်မယ်ရရသိပ်မစားခဲ့ဘူး၊
ညစာစားပွဲတုန်းက မုန့်တချို့ကိုသာ တကျွတ်ကျွတ်လျှောက်ဝါးနေတာ၊
ချူးချင် ထပြီးတော့ ခေါက်ဆွဲနှစ်ပန်းကန်ကိုပြုတ်လိုက်ပြီး သူတို့နှစ်ယောက် ခေါက်ဆွဲနဲ့ကိတ်မုန့် စားလိုက်ကြတယ်။
၀မ်းဗိုက်လေး‌နွေးသွားမှ ဧည့်ခန်းထဲမှာ အစာကြေဖို့ ထိုင်‌နေလိုက်ကြတယ်။


ဧည့်ခန်းထဲမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိရှိတဲ့ ပြတင်းပေါက်တွေရှိတယ်၊
အဲ့ရှေ့မှာ reclining chair နှစ်လုံးလည်းရှိတယ်၊
ဘေးပတ်ပတ်လည်မှာ မြက်အတုတွေနဲ့ အလှဆင်ထားပြီးတော့ နောက်မှာ beach umbrella တောင်မှရှိသေးတယ်၊
ကမ်းခြေမှာ ကုလားထိုင်ပေါ်ထိုင်ရင်း နေပူဆာလှုံနေရသလိုကိုခံစားလို့ရတာပေါ့။


မြို့ရဲ့ ညက မီးတွေနဲ့ထိန်လင်းနေပြီး တစ်ခုနဲ့တစ်ခု ယှက်သွယ်နေတဲ့လမ်းတွေက အဆောက်အဦးအနိမ့်အမြင့်တွေအကုန်ကနေထွက်လာတဲ့ အရောင်စုံ မျဥ်းလေးတွေအတိုင်းပဲ၊
မြို့က အရမ်းကြီးတာကြောင့် လူတစ်ယောက်သာအဲ့ထဲမှာလမ်းလျှောက်နေရင် တောထဲကပုရွက်ဆိတ်တစ်ကောင်လိုပဲဖြစ်နေမှာ၊
ဂရုမပြုမိတဲ့ အချိန်တွေက ချစ်ရတဲ့တစ်စုံတစ်ယောက်ရဲ့သဲလွန်စကို ရှာမတွေ့အောင် တားဆီးနိုင်တယ်။


ချူးချင် သူ့ရဲ့ ဘေးကလူကို ခေါင်းစောင်းကာကြည့်လိုက်တယ်။
ကျုံးယိပင်းဟာ ဒီရှုထောင့်က အရမ်းကိုလန်းဆန်းစေတယ်လို့ခံစားရတာကြောင့် သူပျော်ပျော်ပဲ ခြေထောက်ကိုဆန့်ထုတ်ပြီး slipperစီးထားတဲ့ခြေဖဝါးနှစ်ဖက်ကို လှုပ်ရမ်းနေတော့တယ်။
ချူးချင် သူ့ခြေထောက်ကို ဖြေးဖြေးချင်းဆန့်ထုတ်ပြီး သူရဲ့ ခြေချောင်းတွေနဲ့ ဘေးကလူရဲ့ ခြေဖဝါးကို သွားထိလိုက်တယ်။
လှုပ်ရမ်းနေတဲ့ ခြေထောက်တွေက ချက်ချင်း ရပ်တန့်သွားပြီးနောက် ချူးချင်ရဲ့ ခြေထောက်ကိုခြေတစ်ဖက်နဲ့ ပြန်ဆွဲလာတယ်။


"ကိုယ် ခိုးကြောင်ခိုးဝှက်နဲ့ သူခိုးလေးကို ဖမ်းမိပြီ!"
ကျုံးယိပင်းက ပြောတယ်။
လှုပ်နေတဲ့ ခြေချောင်းလေးတွေကို အချင်းချင်း ပြန်ပွတ်ရင်း အသံကိုဟန်ဆောင်ကာ
"Grr .,နောက်တစ်ကြိမ်ခိုးရဲသေးလား!"
ချူးချင်က မရယ်မိအောင်ထိန်းထားပြီး သူ့ခြေဖဝါးကို ပြန်ဆွဲချင်ပေမယ့် သူ့ပေါ်တင်ထားတဲ့ ကျုံးယိပင်းရဲ့ ခြေထောက်တွေက ဆွဲထားတာကြောင့်မရဘူးဖြစ်နေတယ်။


"ထွက်ပြေးချင်နေသေးတယ်ပေါ့, ကိုယ့်ကို အားနဲ့ အတင်းအကျပ်လုပ်ရအောင်လုပ်တာပဲ"
ကျုံးယိပင်းကရယ်ရင်း ချူးချင်ရဲ့ ခြေဖဝါးကိုကလိထိုးဖို့ရှေ့တိုးလာတယ်။


"မလုပ်နဲ့....."
ချူးချင်က ယားတတ်တာကြောင့် သူကလိထိုးခံရတာနဲ့ တန်းရယ်တော့တယ်၊
ကံကောင်းစွာပဲ သူ့ဒဏ်ရာက ပျောက်ခံနီးနေပြီဖြစ်လို့ သူဘယ်လောက်ရယ်ရယ်သိပ်မနာတော့ပေ။


ကျုံးယိပင်းက တွန့်လိမ်နေတဲ့လူကိုဖမ်းချုပ်ပြီးခြေဖဝါး နှစ်ဖက်ကိုကိုင်ကာ သူ့ပေါ်တင်လိုက်တယ်။


"ငါ့ကိုချမ်းသာပေးပါ ,သခင်ကြီးရယ်"
ချူးချင် အခြေအနေက မဟန်တော့တာမြင်တာကြောင့် မြန်မြန်အသနားခံရတော့တယ်
သူ့ခြေဖဝါးနှစ်ဖက်လုံးသာ ကလိထိုးခံရရင် ကြမ်းပြင်ပေါ်ပြုတ်ကျတဲ့ထိကို သူရယ်ရမှာ ကျိန်းသေတယ်။


ကျုံးယိပင်း ဂုဏ်ယူစွာပဲ သူ့ရဲ့ မေးကို မော့လိုက်ပြီး
"ဒါဆို ကိုယ်မင်းကိုမေးမယ်, မင်းအမှန်အတိုင်းဖြေရမယ်နော် မဟုတ်ရင် အပြစ်ပေးခံရမယ်"


"မေး"
ချူးချင်က ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်ပြုံးပြတယ်။


"စတော်ဘယ်ရီအရသာက တကယ်ပဲ,ဘာလဲ?"
ကျုံးယိပင်းရဲ့ သိချင်နေတဲ့ မျက်လုံးတစ်စုံက သူ့ဆီကို တန်းရောက်လာတယ်။


"...."
ဒီလို စူးစမ်းချင်နေတဲ့ကလေးနဲ့ ရင်ဆိုင်နေရတာ ချူးချင် ရင်ထဲ ဖိအားတွေများလာသလိုပဲ။


နောက်တစ်ရက် အလုပ်ရောက်တော့ ချူးချင် သတင်းကောင်းကြားလိုက်ရတယ်။
ရှန်းရှီကတကယ်ကို အလုပ်သမားတွေအတွက် commercial insurance တွေ၀ယ်ထားပြီး၊ချူးချင်ရဲ့ တစ်ပတ်လောက်ဆေးရုံတင်လိုက်ရတဲ့ အခြေနေကြောင့် ဆေးဖိုးကုန်ကျစရိတ်နဲ့လွတ်သွားတဲ့အချိန်တွေအတွက် ယွမ်တစ်သောင်း လျော်ကြေးရနိုင်မှာဖြစ်တယ်၊
တခြားhost တွေအတွက်ပါ accident insurance က ၀ယ်ထားပြီး သူ့အတွက် နောက်ထပ် ယွမ်ငါးထောင် ထပ်လျော်ပေးမှာဖြစ်တယ်။
(ဒီနေရာမှ ငါးထောင်လို့ပဲရေးထားတာ အောက်မှာခြောက်သောင်းဖြစ်သွားတာဆိုတော့ မှားတာလားဘယ်လိုလဲ မသိဘူး)


ချူးချင်က အကြောင်းရင်းမရှိ ယွမ်ခြောက်သောင်းရမှာဖြစ်တာကြောင့် အရမ်းကို ကျေနပ်နေတယ်။
သူ လူသားရင်းမြစ်ဌာနကိုသွားလိုက်ပြီး သူ့အတွက် ၀ယ်ထားတဲ့ insurance companyရဲ့ မူဝါဒကို copyကူးလိုက်တယ်။
နောင်ကျ တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ရင် အသုံး၀င်လာနိုင်တယ်မဟုတ်လား..။


ဒါပေမယ့် accident insurance ‌အတွက်ကတော့ သူရဲစခန်းကို သွားပြီး ထောက်ခံချက်သွားတောင်းရဦးမှာ၊
အလုပ်ပြီးတော့ ချူးချင်ရဲစခန်းကိုသွားရင်း stationအကြီးအကဲကျန်းနဲ့ ဥက္ကဌချန်းနဲ့မထင်မှတ်ပဲ ဆုံတယ်။


ဥက္ကဌချန်းရဲ့ နာမည်က ချန်းဖုန် ၊
သူက ရှန်းရှီရဲ့‌ entertainment programတွေရဲ့ ဥက္ကဌ(ဒါရိုက်တာ),
သူ့မှာ တခြားstatus တစ်ခုလဲရှိသေးတယ်, အဲဒါကတော့ သူက ချန်းကျီမင်းရဲ့အဖေပဲ။


"ရှန်းရှီက အတိုင်ခံရပြန်ပြီလား?"
ချူးချင်သူတို့ကို သွားပြီး နှုတ်ဆက်လိုက်တယ်။
ရှန်းရှီက နိုင်ငံနဲ့companyရဲ့ ဖက်စပ်ပူးပေါင်းထားတာဖြစ်တာကြောင့် program မျိုးစုံရှိတယ်။
အဲဒီထဲကမှ programတချို့က အကြီးအကဲတွေ တချို့ စိတ်ပျက်စရာလူတွေရဲ့ အတိုင်ခံရတာမျိုးတွေလည်းရှိတယ်၊
ဒီရဲစခန်းက stationရဲ့ အနီးဆုံးဖြစ်တာကြောင့် တစ်စုံတစ်ယောက်က တိုင်လိုက်ရင် အကြီးအကဲက လာပြီးဖြေရှင်းချက်ပေးလိမ့်မယ်၊
ဒါကြောင့်ပဲ အစည်းအဝေးတိုင်းမှာ အကြီးအကဲက အလိုက်သထိုက်လုပ်ဖို့, ထိန်းချုပ်စရာထိန်းချုပ်ဖို့ အထူးအလေးထားပြောလေ့ရှိတာပေါ့။


အကြီးအကဲကျန်းရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။
"မဟုတ်ဘူး,အဓိပ္ပါယ်မရှိတာ လျှောက်မပြောနဲ့"
နောက်ပိုင်းတော့ သူ့ရဲ့ အားထုတ်မှုကြောင့်် အတိုင်ခံရတဲ့ အရေအတွက်က တော်တော်ကိုနည်းသွားသည်ပဲလေ။


"ဒါဆို ဘာဖြစ်လို့လဲ?"
ချူးချင်က စပ်စုတယ်။


အကြီးအကဲကျန်းက ချူးချင်ကိုကြည့်နေရင်း တစ်ခုခုပြောချင်နေတဲ့ပုံပဲ, သူ့ရဲ့ နဖူးပြောင်ပြောင်ကိုပွတ်ရင်း နဲနဲရယ်လိုက်ပြီး
"ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး မင်းလုပ်စရာရှိတာလုပ်ပါ,ငါက stationကို ပြန်သွားရဦးမှာ"


"အာ?"
ချူးချင်က ထွက်သွားတဲ့အကြီးအကဲကျန်းကို နားမလည်တဲ့ ပုံစံနဲ့ကြည့်နေပြီးမှ ချန်းဖုန်ဆီကိုလှည့်ကြည့်လာတယ်။


"အဲဒါ မင်းကြောင့်ပဲ မဟုတ်ဘူးလား, ဒီမနက် ရဲတွေက စုံစမ်းစစ်ဆေးဖို့အတွက် stationကိုလာတယ်လေ, အကြီးအကဲက မကောင်းတာတစ်ခုခုဖြစ်မှာစိုးလို့ သူက ငါတို့ရဲစခန်းကို အရင်သွားသင့်တယ်လို့ ပြောတယ်"
ချန်းဖုန်က တစ်စုံတစ်ခုကိုသိနေသလို အကြည့်နဲ့ ချူးချင်ရဲ့ မကောင်းတဲ့ အရာတွေကို သူကပဲဖုံးပေးထားရတဲ့အတိုင်းပြောလာတယ်။


ချူးချင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်တယ်။
ဒီစကားတွေက သူ့ကို နဲနဲတော့ အဆင်မပြေစေဘူး။
"ဥက္ကဌချန်းပြောနေတာ ကျွန်တော်က ရာဇ၀တ်မှု ကျူးလွန်ထားတဲ့အတိုင်းပဲ"


ချန်းဖုန်က လန့်သွားပြီး မတုံ့ပြန်နိုင်ဖြစ်သွားတယ်။
သူဘာမှ မပြောနိုင်တော့ပဲ ဝူးတူးဝါးတားနဲ့စကားလုံးတချို့ပြောပြီး အကြီးအကဲနောက်လိုက်သွားတော့တယ်။


ရဲစခန်းရောက်တော့, အထက်ကတစ်ယောက်ယောက်က သူ့ရဲ့ ပြန်ပေးဆွဲခံရတဲ့ အမှုကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ သူတို့ကို ဖိအားပေးလာတဲ့အကြောင်း ချူးချင်ကို ရဲအရာရှိရှိ ပြောပြတယ်။
အဲဒါက ဘာလို့သူတို့(ရဲတွေ) သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ခေါင်းဆောင်တွေဆီ သွားရလဲဆိုတဲ့အ‌ကြောင်းရင်းပဲ။


"ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိတယ်လို့သံသယရှိတာလား"
ချူးချင် မျက်လုံးတွေကျဉ်းမြောင်းသွားတယ်။
အရင်ကလည်း သူ ရဲတွေကို နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနိုင်တယ်လို့ သံသယရှိကြောင်း ပြောဖူးတယ်။ ဒါပေမယ့် သူ့ကို ကြီးကြီးမားမား မကျေနပ်တဲ့သူ ဘယ်သူရှိလဲဆိုတာ သူစဥ်းစားမရတာကြောင့် ရဲတွေကလည်း ဂရုမစိုက်ပဲ ဒီအမှုကိုသာ မြန်မြန်ပြီးစေချင်နေတာ။


ဒီရုတ်တရက် ပြန်လည်စစ်ဆေးရတဲ့ ကိစ္စက သေချာပေါက် ကျုံးမိသားစုအကိုကြီးရဲ့ ၀င်စွက်ဖက်မှုကြောင့်ပဲဖြစ်မှာ။


"ဒါကိုတော့ကျနော်လည်း ပြောလို့မရဘူး"
ရဲအရာရှိက ခေါင်းရမ်းပြတယ်၊ ဒါက ပြောခွင့်မရှိတဲ့အချက်အလက်‌တွေမို့ သူအဲ့အကြောင်းကို လျှောက်ပြောနေလို့မရ။


အမှုက ဖွင့်လိုက်ပြီးတော့ ချူးချင်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေ အတော်များများခေါ်ပြီး အမေးမြန်းခံကြရတယ်။
ချူးချင်ကလည်း insuranceအတွက် ရဲစခန်းကို ထပ်သွားရပြန်တယ် ။
ရဲအရာရှိက သူ့ရဲ့ထောက်ခံချက်ကို ကောက်ကိုင်လိုက်တဲ့အခါမှာ ရဲတွေများကြီး သူ့ကို ဝိုင်းကြည့်နေတယ်ဆိုတာ ချူးချင်ခံစားလို့ရတယ်။


"‌ဒီ..ဒီမှာ မင်းဟာ"
ရဲအရာရှိက သူ့ကိုထောက်ခံစာပြန်ပေးတယ် ။
သူ့ရဲ့ ခေါင်းက တချိန်လုံးအောက်ကိုငုံ့ထားတာ အလိမ်ခံရမှာကြောက်နေတဲ့အတိုင်းပဲ၊
သူအဲ့ဒါကိုတောင် တိုက်ရိုက်ပေးတာမဟုတ်ဘဲ တစ်ခုချင်း စားပွဲပေါ်တင်ပေးပြီး သူ့ဟာသူယူခိုင်းတာပင်။


"Xiu-----"
တစ်ယောက်ယောက်က ရုတ်တရက် လေချွန်လာတယ်။
ချူးချင်လှည့်ကြည့်လိုက်ပေမယ့် ဘယ်သူချွန်တယ်ဆိုတာမမြင်လိုက်ရဘူး၊
ရဲစခန်းထဲက လေထုက ခုနကနဲ့လုံး၀ မတူတော့ဘူး။


ချူးချင် စိုးရမ်လာပြီး သူဆက်မနေတော့ပဲ ရဲစခန်းက ထွက်လာလိုက်တော့တယ်။


"ချင်ချင်!"
သိပ်မဝေးလှတဲ့နေရာမှာ ကျုံးယိပင်းက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည်ထားပြီး နေကာမျက်မှန်နဲ့ sport car လှလှလေးကို မှီရင်းရပ်နေတယ်။
နွေရာသီရဲ့ နွေးထွေးတဲ့ နေရောင်အောက်မှာ သူ့တစ်ကိုယ်လုံးကနေ ရွှေရောင်အလင်းတန်းတွေဖြာထွက်နေသလိုပဲ၊
လမ်းရဲ့တစ်ဖက်မှာရှိတဲ့ အမျိုးသမီးက သူ့ကိုလှမ်းမြင်လိုက်တော့ မနေနိုင်ပဲ ရပ်ပြီး ဓါတ်ပုံရိုက်တယ်။
ဒီမြင်ကွင်းက idol drama တွေထဲက မင်းသားက မင်းသမီကို လိုက်နေတာနဲ့တောင်တူသလိုပဲ...
တစ်ခုပဲ ကျုံးယိပင်းသာ ကြောင်တောင်တောင်ပုံနဲ့ လက်ကို ဝှေ့ရမ်းပြမနေရင်ပေါ့....။


"ဒီမှာ"
ကျုံးယိပင်းက ချူးချင် သူ့ကိုမတွေ့မှာစိုးတာကြောင့် သူ့ရဲ့လက်ရှည်ရှည်တွေကို အားရပါးရ ရမ်းပြနေတယ်။
သူက နှစ်ခါလောက်တောင်ခုန်ပြလိုက်သေးတယ်၊
အစက သူ့ရဲ့ချောမောခန့်ညားမှုမှာ မျောနေတဲ့ မိန်းကလေးကို အော်ရယ်စေမိတဲ့အထိပဲ..။


"အိုး အမေရေ ဒီချောချောလေးကတော့ တကယ်ကိုပဲ"
မိန်းကလေးက အရှေ့မြောက်accent ဖြစ်ပြီး
သူမပြောပြီး နှုတ်ခမ်းရှုံ့ရင်း ထွက်သွားတော့တယ်။


ချူးချင် မျက်နှာကို လက်နဲ့အုပ်လိုက်ပြီး ရဲစခန်းက စိတ်မသက်သာစရာအတွေ့အကြုံကို နောက်ပို့လိုက်တော့တယ်။
သူခပ်မြန်မြန်လေးလျှောက်လာပြီး ကားထဲကို ၀င်လိုက်တယ်။
"ဘာလို့ ဒါကိုမောင်းလာတာလဲ?"
ဒါက ကျုံးယိပင်းအပျော်ခရီးတွေထွက်တဲ့ခါမှ စီးတဲ့ sport carပဲ။


"ကိုယ် ဒါကိုကိုယ်တို့ဓါတ်ပုံထဲမှာတွေ့လိုက်တယ်, ဒါကြောင့်ကိုယ့်အကိုကိုပို့ပေးဖို့ပြောလိုက်တာ"
ကျုံးယိပင်းက မောင်းတဲ့နေရာမှာ၀င်ထိုင်လိုက်ရင်း အပြုံးလေးနဲ့ပြောတယ်။
"အပြင်ထွက်တဲ့အခါမှာ သင့်တော်တဲ့ စီးတော်ယာဥ်တော့ရှိရမှာပေါ့"


"စီးတော်ယာဉ်?"
ချူးချင်နှုတ်ခမ်းတွေကွေးသွားတယ်။
ဒါက ဘယ်လိုအခေါ်အဝေါ်တောင်လား...


''Uh huh"
ကျုံးယိပင်းက ဒီလိုရှင်းပြရတဲ့အခြေနေနဲ့ အရမ်းကို စိတ်ကျေနပ်နေတယ်။
''ကိုယ့်အကိုက ကိုယ်ငယ်ငယ်တုန်းက ရတနာတွေကို ယူလာပေးတယ်လေ, ကိုယ်တစ်နေ့လည်ခင်းလုံး ကြည့်ဖို့ထိုက်တန်တဲ့အကျိုးရှိတဲ့CDsတွေကို ကြည့်လာပြီး ဒီစကားလုံးအသစ်ကိုသင်ယူခဲ့တာ"


ချူးချင် သူ့နဖူးကိုသာ လက်တစ်ဖက်နဲ့ထောက်ထားလိုက်တော့တယ်။
ကျုံးယိပင်း ဘယ်လို CDsမျိုးတွေ ကြည့်လာတယ်ဆိုတာကို သူအကြမ်းဖျင်းနားလည်နေပြီ။
မနေ့တုန်းက သူကျုံးယိပင်းကို check-upလုပ်ဖို့ ဆရာ၀န်ဆီခေါ်သွားတော့ ဆရာ၀န်ကပြောတယ်,
အတိတ်ကသူကြိုက်ခဲ့တဲ့ အရာတွေကြည့်တာက မှတ်ဉာဏ်တွေပြန်ရဖို့ လှုံ့ဆော်ပေးနိုင်တယ်တဲ့။
ဒါကြောင့် ကျုံးယိပင်းကသူ့အကိုကို ဖုန်းခေါ်လိုက်ပြီး
"အကို,အရင်တုန်းက ကျွန်တော် ချူးချင်ကိုကြိုက်တာအပြင် တခြားဘာကြိုက်ခဲ့သေးလဲ?''


"...."
ကျုံးကျာပင်း ,အစည်းအဝေးခန်းရဲ့ အလည်မှာရောက်နေတဲ့သူကတော့ ကျုံးယိပင်းကို အရေးလုပ်မနေတော့ပဲ ဖုန်းတန်းချသွားတော့တယ်။


ဒီနေ့မှာတော့ အကိုကြီးက စီးတော်ယာဥ်နဲ့ CDsခွေတွေ ပုံးလိုက်ကြီး ပို့ပေးလိုက်ပါတယ်။


__________________________________________________________________________________


The author has something to say:


Small theater :<CDsတွေကနေ စကားလုံးသစ်တွေ အများကြီးလေ့လာနိုင်တယ်>


ချင်ချင် : sport carကို ဘယ်လိုခေါ်လဲ?


အားပင်း : မြင့်မြတ်တဲ့ စီးတော်ယာဉ်


ချင်ချင် : ကိုယ်လက်နှီး‌နှောတာကို ဘယ်လိုပြောလဲ?


အားပင်း : burn,cosmo*


ချင်ချင် : ဒါဆို ငါက ကိုယ်လက်မနှီးနှောချင်ဘူးဆိုရင်ရော ဘယ်လိုပြောမလဲ?


အားပင်း : yamete*


ချင်ချင် : ဒီCDsတွေက တကယ် မင်းငယ်ငယ်တုန်းက ကြည့်ခဲ့တာတွေ ဟုတ်ရဲ့လား?→_→


အကိုကြီး : .......


___________________________________________
*burn cosmoဆိုတာက Saint Seiya animeကားထဲကစာလုံးပါ
အဲ့ကားထဲမှာ cosmoဆိုတာက စွမ်းအင်‌ရဲ့ sourceပါ
သူတို့ cosmoကို လောင်ကျွမ်းလိုက်ရင် စွမ်းအင်ထွက်လာပါတယ်တဲ့


ကိုယ်လဲမကြည့်ဖူးတော့ အကြမ်းဖျင်းပဲဖတ်လိုက်တယ်နားမလည်တာရှိရင်ပြောနိုင်ပါတယ်
မှားတာရှိရင်လဲ ထောက်ပေးကြပါဦး


* yameteဆိုတာက ဂျပန်လို stopလို့ပြောတာပါတဲ့
ဒါက Japan pornတွေမှာ ကောင်မလေးတွေ အော်တာပါတဲ့ သိတဲ့တစ်ယောက်ကလာပြောသွားလို့ ပြောပြပေးတာကျေးဇူးတင်ပါတယ်


__________________________________________


[Zawgyi]


အမွန္ေတာ့ ခ်ဴးခ်င္ စေတာ္ဘယ္ရီအရသာစားရတာ အဲ့ေလာက္မႀကိဳက္ေပ၊
တခ်ိဳ႕ productေတြကိုသာ စေတာ္ဘယ္ရီအရသာနဲ႔ ပိုၿပီးသေဘာက်႐ုံသာ။
အရင္က အတိတ္မေမ့ခင္တုန္းကဆိုရင္ က်ဳံးယိပင္းက သူ႔ကိုအဲ့ကိစၥနဲ႔ပက္သက္ၿပီး အျမဲစေလ့ရွိတယ္။


သူတို႔ႏွစ္ေယာက္ ပစၥည္း၀ယ္ဖို႔သြားရင္ က်ဳံးယိပင္းက အျမဲ condomအထုပ္ေတြကို တိတ္တိတ္ေလးယူၿပီး သူ႔ဆီကိုေျပးလာတယ္၊
ၿပီးရင္ျမစ္ေစာင့္နတ္လို ဟန္ေဆာင္ၿပီး
"သစ္ခုတ္သမားငယ္ မင္းလိုခ်င္တာ သံပုရာအရသာလား၊ငွက္ေပ်ာသီးအရသာလား?"


ခ်ဴးခ်င္ကလန္႔သြားၿပီး ေဘးကိုလွည့္ပတ္ၾကည့္ကာ
ေဘးကလူေတြ သူတို႔ကို ဘယ္သူမွသတိမျပဳမိေလာက္ ဘူးဆိုမွ စေတာ္ဘယ္ရီအရသာအထုပ္ကို ေကာက္ၿပီး ေစ်း၀ယ္ျခင္းထဲ ထိုးထည့္လိုက္ျခင္းပင္။


"ရိုးသားတဲ့ သစ္ခုတ္သမားေလး မင္းက မင္းလိုခ်င္တဲ့ စေတာ္ဘယ္ရီအရသာကိုပဲေရြးခဲ့တယ္, ဒီျမစ္ေစာင့္နတ္ႀကီးက မင္းကို ဒီေန႔ည ဒီတစ္ဘူးကုန္ေအာင္ဆုခ်ဖို႔ ဆုံးျဖတ္လိုက္တယ္..."
က်ဳံးယိပင္းက ေဘးမွာပဲငံျပာရည္ပုလင္းကိုင္ထားရင္း ႐ုပ္တည္နဲ႔ေျပာေနတာ။


ဒါေၾကာင့္ အတိတ္ေမ့ေနတဲ့ က်ဳံးယိပင္းက 'မင္းစေတာ္ဘယ္ရီအရသာႀကိဳက္တာ ကိုယ္သိတယ္'လို႔ ႐ုပ္တည္နဲ႔ေျပာလိုက္ေတာ့ အရင္ကခံစားခ်က္ေတြက ခ်ဴးခ်င္ရင္ထဲ ျပန္ျဖစ္လာတယ္။
သူ႔မ်က္ႏွာရဲရဲကို စပ္စုဖို႔ တိုးလာတဲ့ ေခါင္းႀကီးႀကီးကိုလည္း လက္‌နဲ႔တြန္းထုတ္လိုက္တုန္း၊
႐ုတ္တရက္ပဲ သူ ၀မ္က်ဲအသံကို ၾကားလိုက္ရတယ္။


"ေရွာင္ခ်ဴး မင္းအလုပ္ရွုပ္ေနရင္အရင္လုပ္လိုက္ပါလား?"


"အဟြတ္ အဟြတ္..."
ခ်ဴးခ်င္မ်က္ႏွာက ရဲလြန္းလို႔ အေငြ႕ေတာင္ထြက္ေတာ့မလိုပဲ၊
"ေဆာရီး,၀မ္က်ဲ ခုနကေျပာေနတာက ကိတ္မုန္႔၀ယ္လာတဲ့ အေၾကာင္းပါ...၊ညႀကီးမိုးခ်ဳပ္ ေႏွာင့္ယွက္မိတာ ေတာင္းပန္ပါတယ္, ကၽြန္ေတာ္ ႐ုတ္တရက္ သတိရလိုက္လို႔, ကၽြန္ေတာ္တို႔ broadcasting stationက အလုပ္သမားေတြအတြက္ insuranceေတြ ၀ယ္ထားတယ္မလား..."


က်ဳံးယိပင္း ကိတ္မုန္႔ေလးကိုင္ကာ ေဘးမွာထိုင္ရင္း ခ်ဴးခ်င္ကို စိုက္ၾကည့္စူးစမ္းေနတယ္။
သူ ခ်ဴးခ်င္ကို ၾကည့္တယ္ ၿပီးေတာ့ သူ႔လက္ထဲက ကိတ္မုန္႔ကို ျပန္ၾကည့္တယ္၊
ခ်ဴးခ်င္ရဲ့ အမူအရာက လုံး၀ကို ထူးဆန္းေနတယ္, သူကရွက္ေနသလိုပဲ...။


ဒီအေတြးက က်ဳံးယိပင္းကို အထူးအဆန္းခံစားရေစတယ္၊
ဒီကိစၥမွာ သူမမွတ္မိတဲ့ အေၾကာင္းအရာရွိကိုရွိရမယ္၊
သူ ေနာက္မွ ခ်ဴးခ်င္ကို ေသေသခ်ာခ်ာအေသးစိတ္ျပန္ရွင္းျပခိုင္းရမယ္လို႔ေတးထားလိုက္တယ္။


အမွန္ေတာ့ က်ဳံးယိပင္းကလည္း မယ္မယ္ရရသိပ္မစားခဲ့ဘူး၊
ညစာစားပြဲတုန္းက မုန္႔တခ်ိဳ႕ကိုသာ တကၽြတ္ကၽြတ္ေလၽွာက္ဝါးေနတာ၊
ခ်ဴးခ်င္ ထၿပီးေတာ့ ေခါက္ဆြဲႏွစ္ပန္းကန္ကိုျပဳတ္လိုက္ၿပီး သူတို႔ႏွစ္ေယာက္ ေခါက္ဆြဲနဲ႔ကိတ္မုန္႔ စားလိုက္ၾကတယ္။
၀မ္းဗိုက္ေလး‌ေႏြးသြားမွ ဧည့္ခန္းထဲမွာ အစာေၾကဖို႔ ထိုင္‌ေနလိုက္ၾကတယ္။


ဧည့္ခန္းထဲမွာ ၾကမ္းျပင္ကေန မ်က္ႏွာက်က္ထိရွိတဲ့ ျပတင္းေပါက္ေတြရွိတယ္၊
အဲ့ေရွ႕မွာ reclining chair ႏွစ္လုံးလည္းရွိတယ္၊
ေဘးပတ္ပတ္လည္မွာ ျမက္အတုေတြနဲ႔ အလွဆင္ထားၿပီးေတာ့ ေနာက္မွာ beach umbrella ေတာင္မွရွိေသးတယ္၊
ကမ္းေျခမွာ ကုလားထိုင္ေပၚထိုင္ရင္း ေနပူဆာလွုံေနရသလိုကိုခံစားလို႔ရတာေပါ့။


ၿမိဳ႕ရဲ့ ညက မီးေတြနဲ႔ထိန္လင္းေနၿပီး တစ္ခုနဲ႔တစ္ခု ယွက္သြယ္ေနတဲ့လမ္းေတြက အေဆာက္အဦးအနိမ့္အျမင့္ေတြအကုန္ကေနထြက္လာတဲ့ အေရာင္စုံ မ်ဥ္းေလးေတြအတိုင္းပဲ၊
ၿမိဳ႕က အရမ္းႀကီးတာေၾကာင့္ လူတစ္ေယာက္သာအဲ့ထဲမွာလမ္းေလၽွာက္ေနရင္ ေတာထဲကပုရြက္ဆိတ္တစ္ေကာင္လိုပဲျဖစ္ေနမွာ၊
ဂ႐ုမျပဳမိတဲ့ အခ်ိန္ေတြက ခ်စ္ရတဲ့တစ္စုံတစ္ေယာက္ရဲ့သဲလြန္စကို ရွာမေတြ႕ေအာင္ တားဆီးနိုင္တယ္။


ခ်ဴးခ်င္ သူ႔ရဲ့ ေဘးကလူကို ေခါင္းေစာင္းကာၾကည့္လိုက္တယ္။
က်ဳံးယိပင္းဟာ ဒီရွုေထာင့္က အရမ္းကိုလန္းဆန္းေစတယ္လို႔ခံစားရတာေၾကာင့္ သူေပ်ာ္ေပ်ာ္ပဲ ေျခေထာက္ကိုဆန္႔ထုတ္ၿပီး slipperစီးထားတဲ့ေျခဖဝါးႏွစ္ဖက္ကို လွုပ္ရမ္းေနေတာ့တယ္။
ခ်ဴးခ်င္ သူ႔ေျခေထာက္ကို ေျဖးေျဖးခ်င္းဆန္႔ထုတ္ၿပီး သူရဲ့ ေျခေခ်ာင္းေတြနဲ႔ ေဘးကလူရဲ့ ေျခဖဝါးကို သြားထိလိုက္တယ္။
လွုပ္ရမ္းေနတဲ့ ေျခေထာက္ေတြက ခ်က္ခ်င္း ရပ္တန္႔သြားၿပီးေနာက္ ခ်ဴးခ်င္ရဲ့ ေျခေထာက္ကိုေျခတစ္ဖက္နဲ႔ ျပန္ဆြဲလာတယ္။


"ကိုယ္ ခိုးေၾကာင္ခိုးဝွက္နဲ႔ သူခိုးေလးကို ဖမ္းမိၿပီ!"
က်ဳံးယိပင္းက ေျပာတယ္။
လွုပ္ေနတဲ့ ေျခေခ်ာင္းေလးေတြကို အခ်င္းခ်င္း ျပန္ပြတ္ရင္း အသံကိုဟန္ေဆာင္ကာ
"Grr .,ေနာက္တစ္ႀကိမ္ခိုးရဲေသးလား!"
ခ်ဴးခ်င္က မရယ္မိေအာင္ထိန္းထားၿပီး သူ႔ေျခဖဝါးကို ျပန္ဆြဲခ်င္ေပမယ့္ သူ႔ေပၚတင္ထားတဲ့ က်ဳံးယိပင္းရဲ့ ေျခေထာက္ေတြက ဆြဲထားတာေၾကာင့္မရဘူးျဖစ္ေနတယ္။


"ထြက္ေျပးခ်င္ေနေသးတယ္ေပါ့, ကိုယ့္ကို အားနဲ႔ အတင္းအက်ပ္လုပ္ရေအာင္လုပ္တာပဲ"
က်ဳံးယိပင္းကရယ္ရင္း ခ်ဴးခ်င္ရဲ့ ေျခဖဝါးကိုကလိထိုးဖို႔ေရွ႕တိုးလာတယ္။


"မလုပ္နဲ႔....."
ခ်ဴးခ်င္က ယားတတ္တာေၾကာင့္ သူကလိထိုးခံရတာနဲ႔ တန္းရယ္ေတာ့တယ္၊
ကံေကာင္းစြာပဲ သူ႔ဒဏ္ရာက ေပ်ာက္ခံနီးေနၿပီျဖစ္လို႔ သူဘယ္ေလာက္ရယ္ရယ္သိပ္မနာေတာ့ေပ။


က်ဳံးယိပင္းက တြန္႔လိမ္ေနတဲ့လူကိုဖမ္းခ်ဳပ္ၿပီးေျခဖဝါး ႏွစ္ဖက္ကိုကိုင္ကာ သူ႔ေပၚတင္လိုက္တယ္။


"ငါ့ကိုခ်မ္းသာေပးပါ ,သခင္ႀကီးရယ္"
ခ်ဴးခ်င္ အေျခအေနက မဟန္ေတာ့တာျမင္တာေၾကာင့္ ျမန္ျမန္အသနားခံရေတာ့တယ္
သူ႔ေျခဖဝါးႏွစ္ဖက္လုံးသာ ကလိထိုးခံရရင္ ၾကမ္းျပင္ေပၚျပဳတ္က်တဲ့ထိကို သူရယ္ရမွာ က်ိန္းေသတယ္။


က်ဳံးယိပင္း ဂုဏ္ယူစြာပဲ သူ႔ရဲ့ ေမးကို ေမာ့လိုက္ၿပီး
"ဒါဆို ကိုယ္မင္းကိုေမးမယ္, မင္းအမွန္အတိုင္းေျဖရမယ္ေနာ္ မဟုတ္ရင္ အျပစ္ေပးခံရမယ္"


"ေမး"
ခ်ဴးခ်င္က ပါးခ်ိဳင့္ေလးႏွစ္ဖက္ေပၚေအာင္ျပဳံးျပတယ္။


"စေတာ္ဘယ္ရီအရသာက တကယ္ပဲ,ဘာလဲ?"
က်ဳံးယိပင္းရဲ့ သိခ်င္ေနတဲ့ မ်က္လုံးတစ္စုံက သူ႔ဆီကို တန္းေရာက္လာတယ္။


"...."
ဒီလို စူးစမ္းခ်င္ေနတဲ့ကေလးနဲ႔ ရင္ဆိုင္ေနရတာ ခ်ဴးခ်င္ ရင္ထဲ ဖိအားေတြမ်ားလာသလိုပဲ။


ေနာက္တစ္ရက္ အလုပ္ေရာက္ေတာ့ ခ်ဴးခ်င္ သတင္းေကာင္းၾကားလိုက္ရတယ္။
ရွန္းရွီကတကယ္ကို အလုပ္သမားေတြအတြက္ commercial insurance ေတြ၀ယ္ထားၿပီး၊ခ်ဴးခ်င္ရဲ့ တစ္ပတ္ေလာက္ေဆး႐ုံတင္လိုက္ရတဲ့ အေျခေနေၾကာင့္ ေဆးဖိုးကုန္က်စရိတ္နဲ႔လြတ္သြားတဲ့အခ်ိန္ေတြအတြက္ ယြမ္တစ္ေသာင္း ေလ်ာ္ေၾကးရနိုင္မွာျဖစ္တယ္၊
တျခားhost ေတြအတြက္ပါ accident insurance က ၀ယ္ထားၿပီး သူ႔အတြက္ ေနာက္ထပ္ ယြမ္ငါးေထာင္ ထပ္ေလ်ာ္ေပးမွာျဖစ္တယ္။
(ဒီေနရာမွ ငါးေထာင္လို႔ပဲေရးထားတာ ေအာက္မွာေျခာက္ေသာင္းျဖစ္သြားတာဆိုေတာ့ မွားတာလားဘယ္လိုလဲ မသိဘူး)


ခ်ဴးခ်င္က အေၾကာင္းရင္းမရွိ ယြမ္ေျခာက္ေသာင္းရမွာျဖစ္တာေၾကာင့္ အရမ္းကို ေက်နပ္ေနတယ္။
သူ လူသားရင္းျမစ္ဌာနကိုသြားလိုက္ၿပီး သူ႔အတြက္ ၀ယ္ထားတဲ့ insurance companyရဲ့ မူဝါဒကို copyကူးလိုက္တယ္။
ေနာင္က် တစ္ေယာက္ေယာက္နဲ႔ ျပႆနာျဖစ္ရင္ အသုံး၀င္လာနိုင္တယ္မဟုတ္လား..။


ဒါေပမယ့္ accident insurance ‌အတြက္ကေတာ့ သူရဲစခန္းကို သြားၿပီး ေထာက္ခံခ်က္သြားေတာင္းရဦးမွာ၊
အလုပ္ၿပီးေတာ့ ခ်ဴးခ်င္ရဲစခန္းကိုသြားရင္း stationအႀကီးအကဲက်န္းနဲ႔ ဥကၠဌခ်န္းနဲ႔မထင္မွတ္ပဲ ဆုံတယ္။


ဥကၠဌခ်န္းရဲ့ နာမည္က ခ်န္းဖုန္ ၊
သူက ရွန္းရွီရဲ့‌ entertainment programေတြရဲ့ ဥကၠဌ(ဒါရိုက္တာ),
သူ႔မွာ တျခားstatus တစ္ခုလဲရွိေသးတယ္, အဲဒါကေတာ့ သူက ခ်န္းက်ီမင္းရဲ့အေဖပဲ။


"ရွန္းရွီက အတိုင္ခံရျပန္ၿပီလား?"
ခ်ဴးခ်င္သူတို႔ကို သြားၿပီး ႏွုတ္ဆက္လိုက္တယ္။
ရွန္းရွီက နိုင္ငံနဲ႔companyရဲ့ ဖက္စပ္ပူးေပါင္းထားတာျဖစ္တာေၾကာင့္ program မ်ိဳးစုံရွိတယ္။
အဲဒီထဲကမွ programတခ်ိဳ႕က အႀကီးအကဲေတြ တခ်ိဳ႕ စိတ္ပ်က္စရာလူေတြရဲ့ အတိုင္ခံရတာမ်ိဳးေတြလည္းရွိတယ္၊
ဒီရဲစခန္းက stationရဲ့ အနီးဆုံးျဖစ္တာေၾကာင့္ တစ္စုံတစ္ေယာက္က တိုင္လိုက္ရင္ အႀကီးအကဲက လာၿပီးေျဖရွင္းခ်က္ေပးလိမ့္မယ္၊
ဒါေၾကာင့္ပဲ အစည္းအေဝးတိုင္းမွာ အႀကီးအကဲက အလိုက္သထိုက္လုပ္ဖို႔, ထိန္းခ်ဳပ္စရာထိန္းခ်ဳပ္ဖို႔ အထူးအေလးထားေျပာေလ့ရွိတာေပါ့။


အႀကီးအကဲက်န္းရဲ့ ႏွုတ္ခမ္းေထာင့္က တြန္႔ေကြးသြားတယ္။
"မဟုတ္ဘူး,အဓိပၸါယ္မရွိတာ ေလၽွာက္မေျပာနဲ႔"
ေနာက္ပိုင္းေတာ့ သူ႔ရဲ့ အားထုတ္မွုေၾကာင့္္ အတိုင္ခံရတဲ့ အေရအတြက္က ေတာ္ေတာ္ကိုနည္းသြားသည္ပဲေလ။


"ဒါဆို ဘာျဖစ္လို႔လဲ?"
ခ်ဴးခ်င္က စပ္စုတယ္။


အႀကီးအကဲက်န္းက ခ်ဴးခ်င္ကိုၾကည့္ေနရင္း တစ္ခုခုေျပာခ်င္ေနတဲ့ပုံပဲ, သူ႔ရဲ့ နဖူးေျပာင္ေျပာင္ကိုပြတ္ရင္း နဲနဲရယ္လိုက္ၿပီး
"ဘာမွေထြေထြထူးထူး မဟုတ္ပါဘူး မင္းလုပ္စရာရွိတာလုပ္ပါ,ငါက stationကို ျပန္သြားရဦးမွာ"


"အာ?"
ခ်ဴးခ်င္က ထြက္သြားတဲ့အႀကီးအကဲက်န္းကို နားမလည္တဲ့ ပုံစံနဲ႔ၾကည့္ေနၿပီးမွ ခ်န္းဖုန္ဆီကိုလွည့္ၾကည့္လာတယ္။


"အဲဒါ မင္းေၾကာင့္ပဲ မဟုတ္ဘူးလား, ဒီမနက္ ရဲေတြက စုံစမ္းစစ္ေဆးဖို႔အတြက္ stationကိုလာတယ္ေလ, အႀကီးအကဲက မေကာင္းတာတစ္ခုခုျဖစ္မွာစိုးလို႔ သူက ငါတို႔ရဲစခန္းကို အရင္သြားသင့္တယ္လို႔ ေျပာတယ္"
ခ်န္းဖုန္က တစ္စုံတစ္ခုကိုသိေနသလို အၾကည့္နဲ႔ ခ်ဴးခ်င္ရဲ့ မေကာင္းတဲ့ အရာေတြကို သူကပဲဖုံးေပးထားရတဲ့အတိုင္းေျပာလာတယ္။


ခ်ဴးခ်င္ မ်က္ေမွာင္အနည္းငယ္ၾကဳတ္လိုက္တယ္။
ဒီစကားေတြက သူ႔ကို နဲနဲေတာ့ အဆင္မေျပေစဘူး။
"ဥကၠဌခ်န္းေျပာေနတာ ကၽြန္ေတာ္က ရာဇ၀တ္မွု က်ဴးလြန္ထားတဲ့အတိုင္းပဲ"


ခ်န္းဖုန္က လန္႔သြားၿပီး မတုံ႔ျပန္နိုင္ျဖစ္သြားတယ္။
သူဘာမွ မေျပာနိုင္ေတာ့ပဲ ဝူးတူးဝါးတားနဲ႔စကားလုံးတခ်ိဳ႕ေျပာၿပီး အႀကီးအကဲေနာက္လိုက္သြားေတာ့တယ္။


ရဲစခန္းေရာက္ေတာ့, အထက္ကတစ္ေယာက္ေယာက္က သူ႔ရဲ့ ျပန္ေပးဆြဲခံရတဲ့ အမွုကို ေသေသခ်ာခ်ာ စုံစမ္းစစ္ေဆးဖို႔ သူတို႔ကို ဖိအားေပးလာတဲ့အေၾကာင္း ခ်ဴးခ်င္ကို ရဲအရာရွိရွိ ေျပာျပတယ္။
အဲဒါက ဘာလို႔သူတို႔(ရဲေတြ) သူ႔ရဲ့လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ေခါင္းေဆာင္ေတြဆီ သြားရလဲဆိုတဲ့အ‌ေၾကာင္းရင္းပဲ။


"ဒီကိစၥရဲ့ ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ရွိတယ္လို႔သံသယရွိတာလား"
ခ်ဴးခ်င္ မ်က္လုံးေတြက်ဥ္းေျမာင္းသြားတယ္။
အရင္ကလည္း သူ ရဲေတြကို ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္ရွိနိုင္တယ္လို႔ သံသယရွိေၾကာင္း ေျပာဖူးတယ္။ ဒါေပမယ့္ သူ႔ကို ႀကီးႀကီးမားမား မေက်နပ္တဲ့သူ ဘယ္သူရွိလဲဆိုတာ သူစဥ္းစားမရတာေၾကာင့္ ရဲေတြကလည္း ဂ႐ုမစိုက္ပဲ ဒီအမွုကိုသာ ျမန္ျမန္ၿပီးေစခ်င္ေနတာ။


ဒီ႐ုတ္တရက္ ျပန္လည္စစ္ေဆးရတဲ့ ကိစၥက ေသခ်ာေပါက္ က်ဳံးမိသားစုအကိုႀကီးရဲ့ ၀င္စြက္ဖက္မွုေၾကာင့္ပဲျဖစ္မွာ။


"ဒါကိုေတာ့က်ေနာ္လည္း ေျပာလို႔မရဘူး"
ရဲအရာရွိက ေခါင္းရမ္းျပတယ္၊ ဒါက ေျပာခြင့္မရွိတဲ့အခ်က္အလက္‌ေတြမို႔ သူအဲ့အေၾကာင္းကို ေလၽွာက္ေျပာေနလို႔မရ။


အမွုက ဖြင့္လိုက္ၿပီးေတာ့ ခ်ဴးခ်င္ရဲ့ လုပ္ေဖာ္ကိုင္ဖက္ ေတြ အေတာ္မ်ားမ်ားေခၚၿပီး အေမးျမန္းခံၾကရတယ္။
ခ်ဴးခ်င္ကလည္း insuranceအတြက္ ရဲစခန္းကို ထပ္သြားရျပန္တယ္ ။
ရဲအရာရွိက သူ႔ရဲ့ေထာက္ခံခ်က္ကို ေကာက္ကိုင္လိုက္တဲ့အခါမွာ ရဲေတြမ်ားႀကီး သူ႔ကို ဝိုင္းၾကည့္ေနတယ္ဆိုတာ ခ်ဴးခ်င္ခံစားလို႔ရတယ္။


"‌ဒီ..ဒီမွာ မင္းဟာ"
ရဲအရာရွိက သူ႔ကိုေထာက္ခံစာျပန္ေပးတယ္ ။
သူ႔ရဲ့ ေခါင္းက တခ်ိန္လုံးေအာက္ကိုငုံ႔ထားတာ အလိမ္ခံရမွာေၾကာက္ေနတဲ့အတိုင္းပဲ၊
သူအဲ့ဒါကိုေတာင္ တိုက္ရိုက္ေပးတာမဟုတ္ဘဲ တစ္ခုခ်င္း စားပြဲေပၚတင္ေပးၿပီး သူ႔ဟာသူယူခိုင္းတာပင္။


"Xiu-----"
တစ္ေယာက္ေယာက္က ႐ုတ္တရက္ ေလခၽြန္လာတယ္။
ခ်ဴးခ်င္လွည့္ၾကည့္လိုက္ေပမယ့္ ဘယ္သူခၽြန္တယ္ဆိုတာမျမင္လိုက္ရဘူး၊
ရဲစခန္းထဲက ေလထုက ခုနကနဲ႔လုံး၀ မတူေတာ့ဘူး။


ခ်ဴးခ်င္ စိုးရမ္လာၿပီး သူဆက္မေနေတာ့ပဲ ရဲစခန္းက ထြက္လာလိုက္ေတာ့တယ္။


"ခ်င္ခ်င္!"
သိပ္မေဝးလွတဲ့ေနရာမွာ က်ဳံးယိပင္းက လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထည္ထားၿပီး ေနကာမ်က္မွန္နဲ႔ sport car လွလွေလးကို မွီရင္းရပ္ေနတယ္။
ေႏြရာသီရဲ့ ေႏြးေထြးတဲ့ ေနေရာင္ေအာက္မွာ သူ႔တစ္ကိုယ္လုံးကေန ေရႊေရာင္အလင္းတန္းေတြျဖာထြက္ေနသလိုပဲ၊
လမ္းရဲ့တစ္ဖက္မွာရွိတဲ့ အမ်ိဳးသမီးက သူ႔ကိုလွမ္းျမင္လိုက္ေတာ့ မေနနိုင္ပဲ ရပ္ၿပီး ဓါတ္ပုံရိုက္တယ္။
ဒီျမင္ကြင္းက idol drama ေတြထဲက မင္းသားက မင္းသမီကို လိုက္ေနတာနဲ႔ေတာင္တူသလိုပဲ...
တစ္ခုပဲ က်ဳံးယိပင္းသာ ေၾကာင္ေတာင္ေတာင္ပုံနဲ႔ လက္ကို ေဝွ႕ရမ္းျပမေနရင္ေပါ့....။


"ဒီမွာ"
က်ဳံးယိပင္းက ခ်ဴးခ်င္ သူ႔ကိုမေတြ႕မွာစိုးတာေၾကာင့္ သူ႔ရဲ့လက္ရွည္ရွည္ေတြကို အားရပါးရ ရမ္းျပေနတယ္။
သူက ႏွစ္ခါေလာက္ေတာင္ခုန္ျပလိုက္ေသးတယ္၊
အစက သူ႔ရဲ့ေခ်ာေမာခန္႔ညားမွုမွာ ေမ်ာေနတဲ့ မိန္းကေလးကို ေအာ္ရယ္ေစမိတဲ့အထိပဲ..။


"အိုး အေမေရ ဒီေခ်ာေခ်ာေလးကေတာ့ တကယ္ကိုပဲ"
မိန္းကေလးက အေရွ႕ေျမာက္accent ျဖစ္ၿပီး
သူမေျပာၿပီး ႏွုတ္ခမ္းရွုံ႔ရင္း ထြက္သြားေတာ့တယ္။


ခ်ဴးခ်င္ မ်က္ႏွာကို လက္နဲ႔အုပ္လိုက္ၿပီး ရဲစခန္းက စိတ္မသက္သာစရာအေတြ႕အၾကဳံကို ေနာက္ပို႔လိုက္ေတာ့တယ္။
သူခပ္ျမန္ျမန္ေလးေလၽွာက္လာၿပီး ကားထဲကို ၀င္လိုက္တယ္။
"ဘာလို႔ ဒါကိုေမာင္းလာတာလဲ?"
ဒါက က်ဳံးယိပင္းအေပ်ာ္ခရီးေတြထြက္တဲ့ခါမွ စီးတဲ့ sport carပဲ။


"ကိုယ္ ဒါကိုကိုယ္တို႔ဓါတ္ပုံထဲမွာေတြ႕လိုက္တယ္, ဒါေၾကာင့္ကိုယ့္အကိုကိုပို႔ေပးဖို႔ေျပာလိုက္တာ"
က်ဳံးယိပင္းက ေမာင္းတဲ့ေနရာမွာ၀င္ထိုင္လိုက္ရင္း အျပဳံးေလးနဲ႔ေျပာတယ္။
"အျပင္ထြက္တဲ့အခါမွာ သင့္ေတာ္တဲ့ စီးေတာ္ယာဥ္ေတာ့ရွိရမွာေပါ့"


"စီးေတာ္ယာဥ္?"
ခ်ဴးခ်င္ႏွုတ္ခမ္းေတြေကြးသြားတယ္။
ဒါက ဘယ္လိုအေခၚအေဝၚေတာင္လား...


''Uh huh"
က်ဳံးယိပင္းက ဒီလိုရွင္းျပရတဲ့အေျခေနနဲ႔ အရမ္းကို စိတ္ေက်နပ္ေနတယ္။
''ကိုယ့္အကိုက ကိုယ္ငယ္ငယ္တုန္းက ရတနာေတြကို ယူလာေပးတယ္ေလ, ကိုယ္တစ္ေန႔လည္ခင္းလုံး ၾကည့္ဖို႔ထိုက္တန္တဲ့အက်ိဳးရွိတဲ့CDsေတြကို ၾကည့္လာၿပီး ဒီစကားလုံးအသစ္ကိုသင္ယူခဲ့တာ"


ခ်ဴးခ်င္ သူ႔နဖူးကိုသာ လက္တစ္ဖက္နဲ႔ေထာက္ထားလိုက္ေတာ့တယ္။
က်ဳံးယိပင္း ဘယ္လို CDsမ်ိဳးေတြ ၾကည့္လာတယ္ဆိုတာကို သူအၾကမ္းဖ်င္းနားလည္ေနၿပီ။
မေန႔တုန္းက သူက်ဳံးယိပင္းကို check-upလုပ္ဖို႔ ဆရာ၀န္ဆီေခၚသြားေတာ့ ဆရာ၀န္ကေျပာတယ္,
အတိတ္ကသူႀကိဳက္ခဲ့တဲ့ အရာေတြၾကည့္တာက မွတ္ဉာဏ္ေတြျပန္ရဖို႔ လွုံ႔ေဆာ္ေပးနိုင္တယ္တဲ့။
ဒါေၾကာင့္ က်ဳံးယိပင္းကသူ႔အကိုကို ဖုန္းေခၚလိုက္ၿပီး
"အကို,အရင္တုန္းက ကၽြန္ေတာ္ ခ်ဴးခ်င္ကိုႀကိဳက္တာအျပင္ တျခားဘာႀကိဳက္ခဲ့ေသးလဲ?''


"...."
က်ဳံးက်ာပင္း ,အစည္းအေဝးခန္းရဲ့ အလည္မွာေရာက္ေနတဲ့သူကေတာ့ က်ဳံးယိပင္းကို အေရးလုပ္မေနေတာ့ပဲ ဖုန္းတန္းခ်သြားေတာ့တယ္။


ဒီေန႔မွာေတာ့ အကိုႀကီးက စီးေတာ္ယာဥ္နဲ႔ CDsေခြေတြ ပုံးလိုက္ႀကီး ပို႔ေပးလိုက္ပါတယ္။


__________________________________________________________________________________


The author has something to say:


Small theater :<CDsေတြကေန စကားလုံးသစ္ေတြ အမ်ားႀကီးေလ့လာနိုင္တယ္>


ခ်င္ခ်င္ : sport carကို ဘယ္လိုေခၚလဲ?


အားပင္း : ျမင့္ျမတ္တဲ့ စီးေတာ္ယာဥ္


ခ်င္ခ်င္ : ကိုယ္လက္ႏွီး‌ေႏွာတာကို ဘယ္လိုေျပာလဲ?


အားပင္း : burn,cosmo*


ခ်င္ခ်င္ : ဒါဆို ငါက ကိုယ္လက္မႏွီးေႏွာခ်င္ဘူးဆိုရင္ေရာ ဘယ္လိုေျပာမလဲ?


အားပင္း : yamete*


ခ်င္ခ်င္ : ဒီCDsေတြက တကယ္ မင္းငယ္ငယ္တုန္းက ၾကည့္ခဲ့တာေတြ ဟုတ္ရဲ့လား?→_→


အကိုႀကီး : .......


___________________________________________
*burn cosmoဆိုတာက Saint Seiya animeကားထဲကစာလုံးပါ
အဲ့ကားထဲမွာ cosmoဆိုတာက စြမ္းအင္‌ရဲ့ sourceပါ
သူတို႔ cosmoကို ေလာင္ကၽြမ္းလိုက္ရင္ စြမ္းအင္ထြက္လာပါတယ္တဲ့


ကိုယ္လဲမၾကည့္ဖူးေတာ့ အၾကမ္းဖ်င္းပဲဖတ္လိုက္တယ္နားမလည္တာရွိရင္ေျပာနိုင္ပါတယ္
မွားတာရွိရင္လဲ ေထာက္ေပးၾကပါဦး


* yameteဆိုတာက ဂ်ပန္လို stopလို႔ေျပာတာပါတဲ့
ဒါက Japan pornေတြမွာ ေကာင္မေလးေတြ ေအာ္တာပါတဲ့ သိတဲ့တစ္ေယာက္ကလာေျပာသြားလို႔ ေျပာျပေပးတာေက်းဇူးတင္ပါတယ္


__________________________________________

Comment