Chapter 3: Zhong Yibinကိုလုကြမယ်

ချူးချင် သူ့မျက်၀န်းမှာ ဝေ့နေတဲ့မျက်ရည်တွေတောင်ပြန်၀င်ချင်သွားတယ်။
မျက်တောင်ခတ်လိုက်ပြီး ဒီအခြေအနေကဘာလဲ...။


စုရွေယင်းရဲ့မိသားစုနဲ့ ကျုံးမိသားစုဆိုသည်မှာ ရင်းနှီးကြသူတွေဖြစ်ကာ စုရွေယင်းကိုယ်တိုင်ကလည်း ကျုံးယိပင်းကို ဆယ့်ကိုးနှစ်လောက်ကတည်းက ကြိတ်ကြိုက်နေခဲ့တာဖြစ်တယ်။ ကျုံးယိပင်းကသာ တစ်ချက်မှပြန်လှည့်မကြည့်ခဲ့ပေ။ ကျုံးမားမားက သူမကို အတိတ်မေ့နေတဲ့အကြောင်းပြောပြီး ချစ်သူအဖြစ်ဟန်ဆောင်ခိုင်းတော့ သူမချက်ချင်းလက်ခံခဲ့တယ်။ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်ကြောင်း ကျုံးယိပင်းသာ ယုံကြည်နေသရွေ့ သူမက ကျုံးမိသားစုနဲ့လက်ထပ်နိုင်မှာဖြစ်တယ်။ ဇာတ်လမ်းကအစတုန်းက ပြီးပြည့်စုံနေတာပဲ၊ ဒါပေမယ့်ခုလိုဖြစ်လာမယ်လို့တော့ ဘယ်သူကထင်မှာလဲ။


"ရှင်အတိတ်မေ့နေတာမဟုတ်ဘူးလား?"
စုရွေယင်းက မတတ်နိုင်ပေ၊ သူမ,အော်လိုက်မိတယ်။ ကျုံးယိပင်းသာ တကယ် အတိတ်မေ့မနေဘူးဆိုရင် သူမရဲ့အခုလုပ်ရပ်နဲ့၊ သူမကိုလူရွှင်တော်ကြီးလို့‌မြင်နေတော့မှာပေါ့။


"သောက်ရူးတွေ!!"
ကျုံးယိပင်းက ကြောင်အနေတဲ့သူ့အမေကို တစ်ချက်ကြည့်လိုက်တယ်။ သူနိုးလာတုန်းက ဒီအမျိုးသမီးမှာ မျက်လုံးတွေရဲတွတ်နေအောင်ငိုထားကာ သူမကသူ့အမေပါလို့ပြောပြတယ်။ သူကိုယ်တိုင်လည်း ဘာမှမယုံကြည်ဖြစ်စရာမလိုဘူးလို့ထင်ရာမှ အခုတော့ အခြေအနေတွေက ဒီလိုဖြစ်ကုန်ပြီ။ အလိမ်ခံလိုက်ရသည်ကြောင့် ကျုံးယိပင်းမှာ ဒေါသအရမ်းထွက်နေပြီ။
"ဒီအဖေ*က ချူးချင်ကိုတော့မှတ်မိသေးတယ်ကွ!"
(*eng translatorက this fatherလို့ရေးထားတာကြောင့်ပါ သူ့ကိုယ်သူဂုဏ်လုပ်တဲ့ပုံစံမျိုးနဲ့ပြောတာပါ ဘယ်လိုပြန်ရမှန်းမသိလို့)


သူက ချူးချင်ကလွဲလို့ အားလုံးမေ့သွားတာပဲ။
ချူးချင်ကိုမှတ်မိနေသေးတာကိုက ကံကောင်းတယ်ဆိုရမယ်။


ကျုံးမိသားစုရဲ့ ဒုတိယသခင်လေးကတော့ သခင်လေးတွေကြားမှာ တကယ်နတ်ဆိုးပါပဲ။ သူဒေါသထွက်ပြီဆိုတာနဲ့ ဘယ်သူဖြစ်ဖြစ် ဘယ်အသိုင်းဝိုင်းကဖြစ်ဖြစ် ဂရုမစိုက်တော့ပေ။


ဆဲဆိုခံရသည်ကြောင့် စုရွေယင်းရဲ့မျက်နှာက နီတစ်လှည့်ဖြူတစ်လှည့်ဖြစ်နေချေပြီ။ ကျုံးမားမားမှာလည်း ဆွံ့အနေလေရဲ့။ သူမသားကဘာကိုမှမမှတ်မိဘူးမဟုတ်လား,သူ့ရဲ့အမေကိုတောင်မမှတ်မိဘဲ ချူးချင်ကိုကျမှတ်မိနေတယ်တဲ့လား?


"ယိပင်း စိတ်လျှော့ ,အမေပြောတာ‌နားထောင်"
ကျုံးမားမားမှာ မတ်တပ်ရပ်လာပြီး သားဖြစ်သူကိုလှမ်းထိန်းတယ်။


ကျုံးယိပင်းကမူ သူ့အမေကိုရှောင်လိုက်ပြီး နောက်ကိုဆုတ်သွားတယ်။ သူဒီလိုလိမ်ပြောတဲ့လူတွေနဲ့‌ ဆက်မနေနိုင်တော့ပေ။ သူ ချူးချင်ကိုအမြန်ရှာမှဖြစ်မယ်။ သူလက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ဘယ်လိုထွက်ရမလဲဆိုတာ လှည့်ပတ်ကြည့်နေတုန်း သံစည်းရိုးရဲ့အနောက်က ပုံရိပ်သွယ်သွယ်‌လေးကို‌ လှမ်းတွေ့လိုက်ရတယ်။


"ချူးချင်!"
ကျုံးယိပင်းရဲ့မျက်၀န်းတွေက‌ လင်းလက်တောက်ပလာပြီး ချူးချင်ဆီကိုပြေးလာပါတော့တယ်။


ကျုံးယိပင်း သူ့ဆီပြေးလာနေတာ မြင်တော့ ချူးချင်မှာလည်း ပြုံးလိုက်မိပြီး မျက်၀န်းတွေကတောင် တောက်ပလာသလိုပါပဲ။ ကျုံးယိပင်းရဲ့ ‌အညိုရောင်ဆံပင်တွေက ပုံမသွင်းရသေးတာကြောင့် သူခြေလှမ်းလိုက်တိုင်း နေရောင်ရဲ့အောက်မှာ နူးညံ့စွာ တလှပ်လှပ်တလှပ်လှပ်နဲ့။
တစ်ဆိ‌တ်‌လောက်... ဒီမြင်ကွင်းက ‌ခွေးကြီးတစ်ကောင် နားရွက်‌တွေတလှုပ်လှုပ်နဲ့ သူ့သခင်ဆီပြေးလာနေသလိုနဲ့တောင် တူနေသလိုပဲ။


ဒါကိုမြင်မိတော့ ချူးချင် မအောင့်နိုင်ပဲ ရယ်သွမ်းလိုက်မိတယ်။ သူဘာကိုမှစဉ်းစားမနေတော့ပဲ ကျုံးမိသားစုရဲ့သော့မခတ်ထားတဲ့တံခါးကို တွန်းဖွင့်ပြီး သူ့ရဲ့ခွေးကြီးအတွက် ကြိုဆိုနေလိုက်တော့တယ်။


‌"သူ့ကိုတားထားကြစမ်း!"
ကျုံးမားမားမှာ ဒေါသထွက်သွားပြီး အပေါက်နားမှာရှိတဲ့‌အစောင့်တွေကို လှမ်း‌အော်တော့တယ်။ သူမရဲ့သားကအတိတ်မေ့နေတာမဟုတ်လား၊ အပြင်ထွက်ဖို့ခွင့်မပြုပါဘူး၊ အဲ့ဒီမြေခွေးလိုကောင်နဲ့ဆို ပိုတောင်ဆိုသေး။


ကျုံးယိပင်းကိုတားဖို့ လက်ကိုဆန့်ထုတ်လိုက်တဲ့ အစောင့်တိုင်းဟာတော့ အထိုးခံလိုက်ရလေရဲ့။
"ထွက်သွားစမ်း!"


ကျုံးမားမားအနေနဲ့ အစောင့်တွေကိုတားဆီးခိုင်းလိမ့်မယ်လို့ ချူးချင် ထင်မှတ်မထားပေ။ သူရုတ်တရက် ဒေါသလည်းထွက်သွားတယ်။ ကျုံးယိပင်းက ခုမှသတိရလာတဲ့သူ, ပြီးတော့‌ ခေါင်းကိုလဲထိခိုက်ထားသေးတယ်။
ချူးချင် ရှေ့ကိုတိုးသွားပြီး ကျုံးယိပင်းကိုတားဖို့လုပ်နေတဲ့ အစောင့်ကိုတွန်းထုတ်ပစ်လိုက်တယ်။ ပြီးတော့ ကျုံးယိပင်းကို သူ့နောက်မှာထားပြီး ရှေ့ကနေ ‌ကာကွယ်ထားပေးလိုက်တယ်။


ကျုံးယိပင်းပျော်ရွှင်သွားကာ ချူးချင်ကိုမလွှတ်တမ်းဖက်ထားပြီး၊
"မင်း ဘယ်ကိုရောက်နေတာလဲ? ကိုယ်ဒီလူတွေကိုမသိဘူး"


သူ့ရဲ့ နောက်က ကျုံးယိပင်းကတကယ်တုန်ယင်နေတာကြောင့် ချူးချင်ရင်ထဲ နာကျင်သွားရ၏။ သူ့အနေနဲ့ ဒီလိုအားနည်းတဲ့ပုံစံနဲ့ကျုံးယိပင်းကို ပထမဆုံးမြင်ဖူးတာဖြစ်တယ်။ ဆိုတော့ သူ့ချစ်သူအတွက် သူတစ်ခုခုလုပ်မှရတော့မယ်။ နောက်ကျောမှာကပ်တွယ်နေတဲ့ပလာစတာကြီး(ကျုံးယိပင်း)ကိုသယ်ရင်းနဲ့ သူ ကျုံးမားမားဆီကိုလျှောက်လာလိုက်တယ်။ သူ ဖြေရှင်းချက်တောင်းကိုတောင်းမှဖြစ်မယ်။


ကျုံးမားမားက အနက်ရောင် ကိုယ်ကျပ်ဂါ၀န်လေးနဲ့ ကြည့်ကောင်းအောင် မိတ်ကပ်များ လိမ်းခြယ်ထားပေသည့် သူမရဲ့နှုတ်ခမ်း‌စွန်းတွေက အောက်ကိုငိုက်ကျနေသည်မို့ သူမရဲ့အမူအရာကပဲ သူမရဲ့အလှကိုဖျက်လို့ဖျက်ဆီးပြုလို့နေပေသည်။


ကျုံးယိပင်းရဲ့အရပ်ကပိုရှည်ပြီး ကိုယ်ထည်ကလည်း ချူးချင်ထက်ပိုကြီးတာကြောင့် သူတို့နှစ်ယောက်ပူးကပ်ရပ်နေတော့ nested dolls‌‌လေးနှစ်ခုအတိုင်းပင်။ သူအရှေ့ကိုတစ်လှမ်းလှမ်းလိုက်သည်နှင့် အနောက်ကအရုပ်ကြီးကလည်း‌မှီလို့လိုက်လှမ်းသည်နဲ့ ရှေ့ကိုရောက်ပါဦးမလားတောင် မသိတော့။



(Nested dolls)


ချူးချင်ကိုယ်ကိုမတ်လိုက်ကာ ကျုံးမားမားကိုကြည့်ပြီး
"အန်တီ သူနေမကောင်းသေးတဲ့အချိန်မှာ‌ ဘယ်လိုလုပ် အစောင့်တွေကိုတားခိုင်းရက်တာလဲဗျာ?"


ကျုံးမားမား ချူးချင်ပုခုံးပေါ်မှာမှီနေတဲ့ မျက်နှာလေးကိုကြည့်လိုက်ချိန် သားဖြစ်သူကနာကျင်မှုကြောင့် မျက်ခုံးတွေ တွန့်ကြုံ့ထားသည်မြင်တော့ အစောင့်တွေဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။
"မစ္စတာချူး ငါမင်းကို အိမ်လာဖို့ မဖိတ်ခဲ့ဘူးထင်တယ်နော်"
ပြောချင်တာကရှင်းပါတယ်။ ကျုံးမိသားစုကိစ္စက သူနဲ့မဆိုင်ဘူးပေါ့။


ဒီလိုချိန်မှာ ချူးချင်လည်း သူမနဲ့စကားပြိုင်ပြောမနေချင်ပေ။ entertainment showရဲ့ hostတစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့တာဆိုတော့ သူ့အနေနဲ့ မကြောက်တတ်ဆုံးက လူတွေရဲ့ရန်စတဲ့စကားတွေပဲ။ သူ့အနေနဲ့ ဖြုံမနေတော့ဘူး။ သူ့ကို ဖက်တွယ်ထားတဲ့လက်တွေအား ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ၀မ်းနည်းစွာနဲ့ :
"အန်တီ သူက သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးထားတာပါ, အတိတ်မေ့နေတဲ့လူတစ်ယောက်ဆိုတာ ဘယ်လောက်ကြောက်ပြီး အားငယ်တတ်လဲဆိုတာသိရဲ့လား, လူတိုင်းကသူ့အတွက် သူစိမ်းတွေပဲ, သူငယ်ချင်းတွေ ဆွေမျိုးတွေ မပြောနဲ့ ကိုယ့်ကို‌ကိုယ်တောင်သေချာမသိတာ, အန်တီ့ကိုသူ့ရဲ့အမေဆိုပြီး ယုံကြည်ထားတာကို ဘယ်လိုလုပ်လိမ်ရက်တာလဲဗျာ"


ကျုံးမားမားလည်း ကြောင်‌‌အသွားကာ ပြောစရာစကားမရှိဖြစ်လို့နေတယ်။ ချူးချင်ကလည်း သူမကို စကားပြောဖို့ အချိန်ကိုမပေးလိုက်။ သူ့ရဲ့အေးစက်စက်အကြည့်က ဟိုရှက်ရွံ့နေတဲ့သားအမိနှစ်ယောက်ဆီရောက်သွားတယ်။
"ခင်ဗျားတို့ကရော အတိတ်မေ့နေတဲ့ လူတစ်ယောက်ကိုလိမ်နေတာ အသိတရားရောရှိသေးရဲ့လား, တစ်ယောက်ယောက်ကို လိမ်လည်လက်ထပ်တာ၊ အဲဒါအလိုမတူပဲပေါင်းသင်းတာပဲ၊ ပြစ်မှုမြောက်တယ်ဗျ သိရဲ့လား?"


စုရွေယင်း မျက်လုံးတွေပြူးကျယ်သွားတယ် : ဘာ!


"ချူးချင်,ကိုယ့်ကိုမင်းနဲ့အတူခေါ်သွားပါနော်"
ကျုံးယိပင်းက သူ့အမေဆီကိုမကြည့်ဘဲ အသံတိုးတိုးနဲ့ပြောတယ်။


ကျုံးမားမား လန့်ဖျပ်သွားကာ သူတစ်ပါးအပေါ်မှီခိုတွယ်ကပ်နေသည့် သားဖြစ်သူကိုကြည့်လိုက်ပြီး ဘာမှတောင်မစဉ်းစားနိုင်တော့ပဲ :
"ငါခွင့်မပြုနိုင်ဘူး!"
သူမရဲ့သားကို ချူးချင် ခေါ်သွားမှာကို ဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူး။ အဲ့ဒီမြေခွေးကောင်ရဲ့ပါးစပ်က တအားအဆိပ်ပြင်းတာပါဆို၊ သူသာ ခေါ်သွားဖို့ခွင့်ပြုလိုက်ရင် ချွေးမရဖို့‌မပြောနဲ့၊ ရှိတဲ့သားလေးတောင် ဆုံးရှုံးသွားမှာပေါ့။


"အန်တီ သူကအခု ကျွန်တော့်ကိုပဲ မှတ်မိတာ, သူသာမသိတဲ့လူတွေနဲ့နေရရင် ကြောက်နေမှာပေါ့, သူ့အ‌ခြေနေတွေတည်ငြိမ်အောင် ကျွန်တော်ကပဲအရင်ဂရုစိုက်ပေးပါရစေ"


အမှန်တော့ အစက ချူးချင်အဲ့လောက်ကြီးထိမတွေးခဲ့ဘူး။ ဒါပေမယ့် အခုပုံစံကိုကြည့်ပြီး သူကျုံးယိပင်းကို ကျုံးမိသားစုမှာ ထားခဲ့လို့တော့ဘယ်လိုမှ စိတ်အေးရမှာမဟုတ်တော့ဘူး။ အဲ့တော့ သူနဲ့ပဲခေါ်သွားပြီး သူကိုယ်တိုင်ဂရုစိုက်‌ပေးတာက အကောင်းဆုံးပဲ။


"မရဘူး!"
ကျုံးအမေကတော့ ငြင်းဆဲငြင်းမြဲပါပဲ။


နှစ်ဖက်စလုံးငြင်းခုန်နေတုန်းမှာပဲ ဝီစီမှုတ်သံနဲ့အတူ အစောင့်‌တွေအားလုံးက စီတန်းသွားပြီး Bentleyကားအနက်‌လေးက ခြံ၀င်းထဲသို့၀င်လာတယ်။ လက်အိတ်အဖြူတွေ၀တ်ထားတဲ့ ဘဏ္ဍာစိုးက ကားတံခါးကိုသွားဖွင့်ပေးတော့ leather shoeအနက်, suitအနက်ရောင်နဲ့ ခြေတံရှည်တစ်စုံ ကားထဲက‌နေ ထွက်လာတယ်။


ခြံ၀င်းတစ်ခုလုံးတိတ်ဆိတ်သွားပြီး အိမ်အစေတွေကခေါင်းငုံ့ကာ အစောင့်တွေကတော့ ဘေးမှာစီတန်းနေတယ်။ ဘဏ္ဍာစိုးက နှုတ်ဆက်လိုက်တယ်။
"အကြီးဆုံးသခင်လေး"


ချူးချင်လှမ်းကြည့်လိုက်တော့ ရောက်လာသူမှာ အသက်သုံးဆယ်နီးပါးလူတစ်ယောက်ဖြစ်က သူ့ပုံစံက ကျုံးယိပင်းနဲ့၇၀%နီးပါးဆင်တူတယ်။ သို့ပေမယ့်မျက်၀န်းတွေကတော့ ပိုပြီးလေးနက်လေတယ်။ သူထင်တာမမှားဘူးဆို ဒီလူက ကျုံးယိပင်းရဲ့အကို, ကျုံးမိသားစုရဲ့ အကြီးဆုံးသား ကျုံးကျာပင်းပဲဖြစ်ရမယ်။


ကျုံးကျာပင်းက အသက်ဆယ့်ကိုးနှစ်မှာ မိသားစုစီးပွားရေးကို ဆက်ခံတယ်။ သူက ကျုံးမိသားစုရဲ့ အမွေဆက်ခံသူပဲ။


ကျုံးကျာပင်းက ၀င်းထဲကလူတွေကို တစ်ချက်ကြည့်ပြီး မသိမသာ မျက်မှောင်ကြုတ်တယ်။
ပြီးမှ ဩဇာရှိလှတဲ့အသံနဲ့ :
"ဘာတွေဖြစ်နေကြတာလဲ?"
သူ့ရဲ့တည်ရှိမှုက မေးစရာကိုမလိုပဲ ဩဇာအရှိန်အဝါ အပြည့်။


"ကျာပင်း သားပြန်လာပြီ, မြန်မြန်, မင်းရဲ့ညီကိုတားပါဦး, အ‌မေ့ကိုတောင်မလိုချင်‌တော့ဘဲ အဲ့ဒီမြေခွေးကောင်နဲ့လိုက်‌သွားမလို့တဲ့လေ"
သူမရဲ့ သားအကြီးဆုံးပြန်လာသည်လဲမြင်ရော ကျုံးမားမားတစ်ယောက် အားကိုးရသွားတာကြောင့် မကျေမနပ်တိုင်တန်းပါတော့တယ်။


မြေခွေးကောင်...ချူးချင် နှုတ်ခမ်းတွေက တွံ့လိမ်သွားတယ်။ နာမည်ကဘယ်လိုတောင်လား...။


အံ့ဩစရာက ကျုံးကျာပင်းကမူ သူ့အမေစကားကိုနားမထောင်ပဲ ပူးကပ်ပြီးဖျော့တော့နေတဲ့ကို့ယို့ကားယားအခြေ‌အနေနဲ့ သားအမိနှစ်ယောက်ကိုလဲမြင်ရော မေးလာတယ်။
"ရွေယင်းကဘာလို့ ဒီမှာရောက်နေတာလဲ?"


"သူလား, သူကကျွန်တော့်ရဲ့ ချစ်သူအယောင်လာဆောင်တာလေ"
ကျုံးယိပင်းက နှာခေါင်းကိုရှုံ့လိုက်တယ်။ ချူးချင်ရဲ့ပခုံးကိုဖက်တွယ်ထားတဲ့လက်ကို လွှတ်လိုက်ပြီး လက်ကိုတွဲ၍ ကိုယ်ကိုလှည့်ကာ၊
"ကိုယ့်ကိစ္စကိုယ် ရှင်းလိုက်ကြတော့, သွားပြီ"


ကျုံးကျာပင်းလည်း အခြေအနေတွေကို သဘောပေါက်သွားပြီး
"အဓိပ္ပါယ်မရှိတာတွေ"
ခုချိန်က ညီဖြစ်သူမှတ်ဉာဏ်ပြန်ရဖို့အတွက် အရေးကြီးဆုံးအချိန်ဖြစ်နေတာတောင် အမေကဒီလိုဇာတ်လမ်းမျိုးနဲ့ ...။
အမေ dramaတွေကြည့်တာများသွားပြီပဲ။


ကျုံးယိပင်းကတော့ ဒီလူတွေကို ဂရုစိုက်မနေပါ။
သူချူးချင်ကိုဆွဲခေါ်ပြီးထွက်သွားချင်နေပြီ ။
ဒါပေမယ့် ချူးချင်ကတော့ သူ့ရဲ့ လက်တွေကိုနှိပ်နယ်ပေးနေတယ် - ပြောချင်တာက လောနေစရာမလိုဘူးပေါ့။ သူကကျုံးမိသားစုရဲ့ အကြီးဆုံးသခင်‌လေးကိုကြည့်လိုက်ပြီး
"မစ္စတာကျုံး ကျူးကျော်မိတာတောင်းပန်ပါတယ်,အခု ကျုံးယိပင်းကကျွန်တော့်ကိုပဲ မှတ်မိတာကြောင့် သူ့ရဲ့အခြေအနေအရ ကျွန်တော်ကပဲ သူ့ကိုရက်နည်းနည်းလောက်ဂရုစိုက်ပေးလို့ရမလား?"


ကျုံးကျာပင်း အရင်ကတည်းက ချူးချင်ကိုသိတယ်။ သူ ချူးချင်ကို ခန‌လောက်ကြည့်လိုက်ပြီး လက်ကိုမြှောက်ကာ
"မစ္စတာချူး တွေ့ရတာ၀မ်းသာပါတယ်"


ချူးချင်လည်း သူ့ရဲ့လက်ကိုမြန်မြန်ပဲ ဆန့်ထုတ်ပြီး ကျုံးမိသားစုရဲ့ သားအကြီးနဲ့ လက်ချင်းရှိတ်နှုတ်ဆက်လိုက်တယ်။


ကျုံးကျာပင်း သူ့ရဲ့ညီကိုကြည့်ပြီး သက်ပြင်းချမိတယ်။ ခေါင်းကိုနဲနဲစောင်းပြီး သူ့ရဲ့နောက်ကဘဏ္ဍာစိုးကို လှမ်းပြောတယ်။
"ဒုတိယသခင်လေးရဲ့ဖုန်းပေး"


ဘဏ္ဍာစိုးကဖုန်းကို သူ့ရဲ့အိပ်ကပ်ထဲကနေ ကျုံးကျာပင်းကိုကမ်းပေးတယ်။


ကျုံးကျာပင်းက ဖုန်းကို ချူးချင်ဆီပေးလိုက်ပြီး ကဒ်နှစ်ကဒ်ထုတ်လိုက်တယ်။ ရွှေရောင် credit cardရယ်, business cardတစ်ကဒ်ရယ်။
"ဒါဆိုရင်တော့မင်းကိုပဲ အကူအညီတောင်းရတော့မယ်, ကိစ္စတခုခုရှိရင် ကိုယ့်ကိုဆက်သွယ်လိုက်ပါ"


ချူးချင် ကဒ်နှစ်ခုကိုကြည့်လိုက်တယ်။ business cardကတော့ ကျုံးကျာပင်းရဲ့ personal business cardဖြစ်ပြီးတော့ အဲ့ပေါ်မှာ သူ့နာမည်နဲ့ဖုန်းနံပါတ်ပဲပါတယ်။
credit cardကတော့ ကျုံးယိပင်းဟာဖြစ်မယ်ထင်တယ်။
ပထမတော့ သူငြင်းလိုက်မလို့ပဲ သူ့ချစ်သူကိုသူကပဲစောင့်ရှောက်ပေးသင့်တာလေ။ ဒါပေမယ့် ကျုံးမိသားစုက သားအကြီးရဲ့ အရှိန်နဲ့ဆိုတော့ သူထပ်‌ငြင်းဖို့သတ္တိမရှိတော့။ နောက်ဆုံးတော့ သူအ‌ရေထူထူနဲ့ပဲ လက်ခံလိုက်တော့တယ်။


စိတ်အခြေအနေကောင်းနေတဲ့ ကျုံးယိပင်းကိုအိမ်၀င်းထဲကထုတ်လာပြီး ချူးချင်သူ့ကို ကားထဲထိုးထည့်ကာ သူကိုယ်တိုင်လည်း ၀င်လိုက်တော့တယ်။
ကျုံးယိပင်းဟာ သူ့ကိုဘလင်းဘလင်းထတဲ့ မျက်၀န်းတွေနဲ့ကြည့်နေတာကို မျက်၀န်းထောင့်ကနေ လှမ်းမြင်လိုက်တော့ သူမနေနိုင်ပဲ ရယ်မိတော့တယ်။


အခြေအနေတွေအားလုံးကို ကားထဲကနေမြင်နေရတဲ့ ဟိုးချွမ်ကတော့ လန့်နေပြီ။
ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေကတကယ်ကို လန့်စရာကောင်းတာပဲ။
အစောင့်တွေအများကြီးနဲ့ သူ့သားကိုတားဖို့တောင် ရိုက်ခိုင်းရဲတယ်။
တော်သေးတာပေါ့ သူ့အမေက ‌စီးကရက်စက်ရုံက အလုပ်သမားတစ်ယောက်မို့လို့ ဒေါသထွက်တဲ့ အချိန်ဆို အများဆုံး ဖိနပ်နဲ့ရိုက်ရုံလောက်ပဲ ..ခုတော့သိလိုက်ပါပြီလေ။
သူအဲ့ဒါတွေကိုနောက်မှာပဲထားပြီး ကားမောင်းထွက်လာခဲ့တော့တယ်။


--------------------------------------------------------------


The author has something to say:


Small theater:<အတိတ်မေ့တာကိုဘယ်လိုကုရမလဲ>


အားပင်း : ငါအတိတ်မေ့နေတယ် ပြန်ကောင်းလာဖို့ ချင်ချင်ကိုလိုချင်တယ်


ချင်ချင် : လာပြီ လာပြီ


အားပင်း : ငါပြောတာက kissလိုချင်တယ်ပြောတာ


ချင်ချင် : (~ ̄³ ̄)kiss~


အကိုကြီး : →_→


--------------------------------------------------------------


ချူးချင် ရဲ့ချင်ဆိုတဲ့ အသံထွက်ကkissရဲ့တရုတ်လိုအသံထွက်နဲ့ ဆင်ပါတယ်တဲ့


[Zawgyi]


ခ်ဴးခ်င္ သူ႔မ်က္၀န္းမွာ ေဝ့ေနတဲ့မ်က္ရည္ေတြေတာင္ျပန္၀င္ခ်င္သြားတယ္။
မ်က္ေတာင္ခတ္လိုက္ၿပီး ဒီအေျခအေနကဘာလဲ...။


စုေရြယင္းရဲ့မိသားစုနဲ႔ က်ဳံးမိသားစုဆိုသည္မွာ ရင္းႏွီးၾကသူေတြျဖစ္ကာ စုေရြယင္းကိုယ္တိုင္ကလည္း က်ဳံးယိပင္းကို ဆယ့္ကိုးႏွစ္ေလာက္ကတည္းက ႀကိတ္ႀကိဳက္ေနခဲ့တာျဖစ္တယ္။ က်ဳံးယိပင္းကသာ တစ္ခ်က္မွျပန္လွည့္မၾကည့္ခဲ့ေပ။ က်ဳံးမားမားက သူမကို အတိတ္ေမ့ေနတဲ့အေၾကာင္းေျပာၿပီး ခ်စ္သူအျဖစ္ဟန္ေဆာင္ခိုင္းေတာ့ သူမခ်က္ခ်င္းလက္ခံခဲ့တယ္။ သူတို႔ႏွစ္ေယာက္က ခ်စ္သူေတြျဖစ္ေၾကာင္း က်ဳံးယိပင္းသာ ယုံၾကည္ေနသေရြ႕ သူမက က်ဳံးမိသားစုနဲ႔လက္ထပ္နိုင္မွာျဖစ္တယ္။ ဇာတ္လမ္းကအစတုန္းက ၿပီးျပည့္စုံေနတာပဲ၊ ဒါေပမယ့္ခုလိုျဖစ္လာမယ္လို႔ေတာ့ ဘယ္သူကထင္မွာလဲ။


"ရွင္အတိတ္ေမ့ေနတာမဟုတ္ဘူးလား?"
စုေရြယင္းက မတတ္နိုင္ေပ၊ သူမ,ေအာ္လိုက္မိတယ္။ က်ဳံးယိပင္းသာ တကယ္ အတိတ္ေမ့မေနဘူးဆိုရင္ သူမရဲ့အခုလုပ္ရပ္နဲ႔၊ သူမကိုလူရႊင္ေတာ္ႀကီးလို႔‌ျမင္ေနေတာ့မွာေပါ့။


"ေသာက္႐ူးေတြ!!"
က်ဳံးယိပင္းက ေၾကာင္အေနတဲ့သူ႔အေမကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူနိုးလာတုန္းက ဒီအမ်ိဳးသမီးမွာ မ်က္လုံးေတြရဲတြတ္ေနေအာင္ငိုထားကာ သူမကသူ႔အေမပါလို႔ေျပာျပတယ္။ သူကိုယ္တိုင္လည္း ဘာမွမယုံၾကည္ျဖစ္စရာမလိုဘူးလို႔ထင္ရာမွ အခုေတာ့ အေျခအေနေတြက ဒီလိုျဖစ္ကုန္ၿပီ။ အလိမ္ခံလိုက္ရသည္ေၾကာင့္ က်ဳံးယိပင္းမွာ ေဒါသအရမ္းထြက္ေနၿပီ။
"ဒီအေဖ*က ခ်ဴးခ်င္ကိုေတာ့မွတ္မိေသးတယ္ကြ!"
(*eng translatorက this fatherလို႔ေရးထားတာေၾကာင့္ပါ သူ႔ကိုယ္သူဂုဏ္လုပ္တဲ့ပုံစံမ်ိဳးနဲ႔ေျပာတာပါ ဘယ္လိုျပန္ရမွန္းမသိလို႔)


သူက ခ်ဴးခ်င္ကလြဲလို႔ အားလုံးေမ့သြားတာပဲ။
ခ်ဴးခ်င္ကိုမွတ္မိေနေသးတာကိုက ကံေကာင္းတယ္ဆိုရမယ္။


က်ဳံးမိသားစုရဲ့ ဒုတိယသခင္ေလးကေတာ့ သခင္ေလးေတြၾကားမွာ တကယ္နတ္ဆိုးပါပဲ။ သူေဒါသထြက္ၿပီဆိုတာနဲ႔ ဘယ္သူျဖစ္ျဖစ္ ဘယ္အသိုင္းဝိုင္းကျဖစ္ျဖစ္ ဂ႐ုမစိုက္ေတာ့ေပ။


ဆဲဆိုခံရသည္ေၾကာင့္ စုေရြယင္းရဲ့မ်က္ႏွာက နီတစ္လွည့္ျဖဴတစ္လွည့္ျဖစ္ေနေခ်ၿပီ။ က်ဳံးမားမားမွာလည္း ဆြံ့အေနေလရဲ့။ သူမသားကဘာကိုမွမမွတ္မိဘူးမဟုတ္လား,သူ႔ရဲ့အေမကိုေတာင္မမွတ္မိဘဲ ခ်ဴးခ်င္ကိုက်မွတ္မိေနတယ္တဲ့လား?


"ယိပင္း စိတ္ေလၽွာ့ ,အေမေျပာတာ‌နားေထာင္"
က်ဳံးမားမားမွာ မတ္တပ္ရပ္လာၿပီး သားျဖစ္သူကိုလွမ္းထိန္းတယ္။


က်ဳံးယိပင္းကမူ သူ႔အေမကိုေရွာင္လိုက္ၿပီး ေနာက္ကိုဆုတ္သြားတယ္။ သူဒီလိုလိမ္ေျပာတဲ့လူေတြနဲ႔‌ ဆက္မေနနိုင္ေတာ့ေပ။ သူ ခ်ဴးခ်င္ကိုအျမန္ရွာမွျဖစ္မယ္။ သူလက္တစ္ဖက္ကို အိတ္ကပ္ထဲထည့္လိုက္ၿပီး ဘယ္လိုထြက္ရမလဲဆိုတာ လွည့္ပတ္ၾကည့္ေနတုန္း သံစည္းရိုးရဲ့အေနာက္က ပုံရိပ္သြယ္သြယ္‌ေလးကို‌ လွမ္းေတြ႕လိုက္ရတယ္။


"ခ်ဴးခ်င္!"
က်ဳံးယိပင္းရဲ့မ်က္၀န္းေတြက‌ လင္းလက္ေတာက္ပလာၿပီး ခ်ဴးခ်င္ဆီကိုေျပးလာပါေတာ့တယ္။


က်ဳံးယိပင္း သူ႔ဆီေျပးလာေနတာ ျမင္ေတာ့ ခ်ဴးခ်င္မွာလည္း ျပဳံးလိုက္မိၿပီး မ်က္၀န္းေတြကေတာင္ ေတာက္ပလာသလိုပါပဲ။ က်ဳံးယိပင္းရဲ့ ‌အညိဳေရာင္ဆံပင္ေတြက ပုံမသြင္းရေသးတာေၾကာင့္ သူေျခလွမ္းလိုက္တိုင္း ေနေရာင္ရဲ့ေအာက္မွာ ႏူးညံ့စြာ တလွပ္လွပ္တလွပ္လွပ္နဲ႔။
တစ္ဆိ‌တ္‌ေလာက္... ဒီျမင္ကြင္းက ‌ေခြးႀကီးတစ္ေကာင္ နားရြက္‌ေတြတလွုပ္လွုပ္နဲ႔ သူ႔သခင္ဆီေျပးလာေနသလိုနဲ႔ေတာင္ တူေနသလိုပဲ။


ဒါကိုျမင္မိေတာ့ ခ်ဴးခ်င္ မေအာင့္နိုင္ပဲ ရယ္သြမ္းလိုက္မိတယ္။ သူဘာကိုမွစဥ္းစားမေနေတာ့ပဲ က်ဳံးမိသားစုရဲ့ေသာ့မခတ္ထားတဲ့တံခါးကို တြန္းဖြင့္ၿပီး သူ႔ရဲ့ေခြးႀကီးအတြက္ ႀကိဳဆိုေနလိုက္ေတာ့တယ္။


‌"သူ႔ကိုတားထားၾကစမ္း!"
က်ဳံးမားမားမွာ ေဒါသထြက္သြားၿပီး အေပါက္နားမွာရွိတဲ့‌အေစာင့္ေတြကို လွမ္း‌ေအာ္ေတာ့တယ္။ သူမရဲ့သားကအတိတ္ေမ့ေနတာမဟုတ္လား၊ အျပင္ထြက္ဖို႔ခြင့္မျပဳပါဘူး၊ အဲ့ဒီေျမေခြးလိုေကာင္နဲ႔ဆို ပိုေတာင္ဆိုေသး။


က်ဳံးယိပင္းကိုတားဖို႔ လက္ကိုဆန႔္ထုတ္လိုက္တဲ့ အေစာင့္တိုင္းဟာေတာ့ အထိုးခံလိုက္ရေလရဲ့။
"ထြက္သြားစမ္း!"


က်ဳံးမားမားအေနနဲ႔ အေစာင့္ေတြကိုတားဆီးခိုင္းလိမ့္မယ္လို႔ ခ်ဴးခ်င္ ထင္မွတ္မထားေပ။ သူ႐ုတ္တရက္ ေဒါသလည္းထြက္သြားတယ္။ က်ဳံးယိပင္းက ခုမွသတိရလာတဲ့သူ, ၿပီးေတာ့‌ ေခါင္းကိုလဲထိခိုက္ထားေသးတယ္။
ခ်ဴးခ်င္ ေရွ႕ကိုတိုးသြားၿပီး က်ဳံးယိပင္းကိုတားဖို႔လုပ္ေနတဲ့ အေစာင့္ကိုတြန္းထုတ္ပစ္လိုက္တယ္။ ၿပီးေတာ့ က်ဳံးယိပင္းကို သူ႔ေနာက္မွာထားၿပီး ေရွ႕ကေန ‌ကာကြယ္ထားေပးလိုက္တယ္။


က်ဳံးယိပင္းေပ်ာ္ရႊင္သြားကာ ခ်ဴးခ်င္ကိုမလႊတ္တမ္းဖက္ထားၿပီး၊
"မင္း ဘယ္ကိုေရာက္ေနတာလဲ? ကိုယ္ဒီလူေတြကိုမသိဘူး"


သူ႔ရဲ့ ေနာက္က က်ဳံးယိပင္းကတကယ္တုန္ယင္ေနတာေၾကာင့္ ခ်ဴးခ်င္ရင္ထဲ နာက်င္သြားရ၏။ သူ႔အေနနဲ႔ ဒီလိုအားနည္းတဲ့ပုံစံနဲ႔က်ဳံးယိပင္းကို ပထမဆုံးျမင္ဖူးတာျဖစ္တယ္။ ဆိုေတာ့ သူ႔ခ်စ္သူအတြက္ သူတစ္ခုခုလုပ္မွရေတာ့မယ္။ ေနာက္ေက်ာမွာကပ္တြယ္ေနတဲ့ပလာစတာႀကီး(က်ဳံးယိပင္း)ကိုသယ္ရင္းနဲ႔ သူ က်ဳံးမားမားဆီကိုေလၽွာက္လာလိုက္တယ္။ သူ ေျဖရွင္းခ်က္ေတာင္းကိုေတာင္းမွျဖစ္မယ္။


က်ဳံးမားမားက အနက္ေရာင္ ကိုယ္က်ပ္ဂါ၀န္ေလးနဲ႔ ၾကည့္ေကာင္းေအာင္ မိတ္ကပ္မ်ား လိမ္းျခယ္ထားေပသည့္ သူမရဲ့ႏွုတ္ခမ္း‌စြန္းေတြက ေအာက္ကိုငိုက္က်ေနသည္မို႔ သူမရဲ့အမူအရာကပဲ သူမရဲ့အလွကိုဖ်က္လို႔ဖ်က္ဆီးျပဳလို႔ေနေပသည္။


က်ဳံးယိပင္းရဲ့အရပ္ကပိုရွည္ၿပီး ကိုယ္ထည္ကလည္း ခ်ဴးခ်င္ထက္ပိုႀကီးတာေၾကာင့္ သူတို႔ႏွစ္ေယာက္ပူးကပ္ရပ္ေနေတာ့ nested dolls‌‌ေလးႏွစ္ခုအတိုင္းပင္။ သူအေရွ႕ကိုတစ္လွမ္းလွမ္းလိုက္သည္ႏွင့္ အေနာက္ကအ႐ုပ္ႀကီးကလည္း‌မွီလို႔လိုက္လွမ္းသည္နဲ႔ ေရွ႕ကိုေရာက္ပါဦးမလားေတာင္ မသိေတာ့။






(Nested dolls)


ခ်ဴးခ်င္ကိုယ္ကိုမတ္လိုက္ကာ က်ဳံးမားမားကိုၾကည့္ၿပီး
"အန္တီ သူေနမေကာင္းေသးတဲ့အခ်ိန္မွာ‌ ဘယ္လိုလုပ္ အေစာင့္ေတြကိုတားခိုင္းရက္တာလဲဗ်ာ?"


က်ဳံးမားမား ခ်ဴးခ်င္ပုခုံးေပၚမွာမွီေနတဲ့ မ်က္ႏွာေလးကိုၾကည့္လိုက္ခ်ိန္ သားျဖစ္သူကနာက်င္မွုေၾကာင့္ မ်က္ခုံးေတြ တြန႔္ၾကဳံ႕ထားသည္ျမင္ေတာ့ အေစာင့္ေတြဆီ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။
"မစၥတာခ်ဴး ငါမင္းကို အိမ္လာဖို႔ မဖိတ္ခဲ့ဘူးထင္တယ္ေနာ္"
ေျပာခ်င္တာကရွင္းပါတယ္။ က်ဳံးမိသားစုကိစၥက သူနဲ႔မဆိုင္ဘူးေပါ့။


ဒီလိုခ်ိန္မွာ ခ်ဴးခ်င္လည္း သူမနဲ႔စကားၿပိဳင္ေျပာမေနခ်င္ေပ။ entertainment showရဲ့ hostတစ္ေယာက္အေနနဲ႔ ရပ္တည္လာခဲ့တာဆိုေတာ့ သူ႔အေနနဲ႔ မေၾကာက္တတ္ဆုံးက လူေတြရဲ့ရန္စတဲ့စကားေတြပဲ။ သူ႔အေနနဲ႔ ျဖဳံမေနေတာ့ဘူး။ သူ႔ကို ဖက္တြယ္ထားတဲ့လက္ေတြအား ျပန္လည္ဆုပ္ကိုင္လိုက္ၿပီး ၀မ္းနည္းစြာနဲ႔ :
"အန္တီ သူက သူ႔မွတ္ဉာဏ္ေတြကို ဆုံးရွုံးထားတာပါ, အတိတ္ေမ့ေနတဲ့လူတစ္ေယာက္ဆိုတာ ဘယ္ေလာက္ေၾကာက္ၿပီး အားငယ္တတ္လဲဆိုတာသိရဲ့လား, လူတိုင္းကသူ႔အတြက္ သူစိမ္းေတြပဲ, သူငယ္ခ်င္းေတြ ေဆြမ်ိဳးေတြ မေျပာနဲ႔ ကိုယ့္ကို‌ကိုယ္ေတာင္ေသခ်ာမသိတာ, အန္တီ့ကိုသူ႔ရဲ့အေမဆိုၿပီး ယုံၾကည္ထားတာကို ဘယ္လိုလုပ္လိမ္ရက္တာလဲဗ်ာ"


က်ဳံးမားမားလည္း ေၾကာင္‌‌အသြားကာ ေျပာစရာစကားမရွိျဖစ္လို႔ေနတယ္။ ခ်ဴးခ်င္ကလည္း သူမကို စကားေျပာဖို႔ အခ်ိန္ကိုမေပးလိုက္။ သူ႔ရဲ့ေအးစက္စက္အၾကည့္က ဟိုရွက္ရြံ့ေနတဲ့သားအမိႏွစ္ေယာက္ဆီေရာက္သြားတယ္။
"ခင္ဗ်ားတို႔ကေရာ အတိတ္ေမ့ေနတဲ့ လူတစ္ေယာက္ကိုလိမ္ေနတာ အသိတရားေရာရွိေသးရဲ့လား, တစ္ေယာက္ေယာက္ကို လိမ္လည္လက္ထပ္တာ၊ အဲဒါအလိုမတူပဲေပါင္းသင္းတာပဲ၊ ျပစ္မွုေျမာက္တယ္ဗ် သိရဲ့လား?"


စုေရြယင္း မ်က္လုံးေတြျပဴးက်ယ္သြားတယ္ : ဘာ!


"ခ်ဴးခ်င္,ကိုယ့္ကိုမင္းနဲ႔အတူေခၚသြားပါေနာ္"
က်ဳံးယိပင္းက သူ႔အေမဆီကိုမၾကည့္ဘဲ အသံတိုးတိုးနဲ႔ေျပာတယ္။


က်ဳံးမားမား လန႔္ဖ်ပ္သြားကာ သူတစ္ပါးအေပၚမွီခိုတြယ္ကပ္ေနသည့္ သားျဖစ္သူကိုၾကည့္လိုက္ၿပီး ဘာမွေတာင္မစဥ္းစားနိုင္ေတာ့ပဲ :
"ငါခြင့္မျပဳနိုင္ဘူး!"
သူမရဲ့သားကို ခ်ဴးခ်င္ ေခၚသြားမွာကို ဘယ္လိုနည္းနဲ႔မွခြင့္မျပဳနိုင္ဘူး။ အဲ့ဒီေျမေခြးေကာင္ရဲ့ပါးစပ္က တအားအဆိပ္ျပင္းတာပါဆို၊ သူသာ ေခၚသြားဖို႔ခြင့္ျပဳလိုက္ရင္ ေခၽြးမရဖို႔‌မေျပာနဲ႔၊ ရွိတဲ့သားေလးေတာင္ ဆုံးရွုံးသြားမွာေပါ့။


"အန္တီ သူကအခု ကၽြန္ေတာ့္ကိုပဲ မွတ္မိတာ, သူသာမသိတဲ့လူေတြနဲ႔ေနရရင္ ေၾကာက္ေနမွာေပါ့, သူ႔အ‌ေျခေနေတြတည္ၿငိမ္ေအာင္ ကၽြန္ေတာ္ကပဲအရင္ဂ႐ုစိုက္ေပးပါရေစ"


အမွန္ေတာ့ အစက ခ်ဴးခ်င္အဲ့ေလာက္ႀကီးထိမေတြးခဲ့ဘူး။ ဒါေပမယ့္ အခုပုံစံကိုၾကည့္ၿပီး သူက်ဳံးယိပင္းကို က်ဳံးမိသားစုမွာ ထားခဲ့လို႔ေတာ့ဘယ္လိုမွ စိတ္ေအးရမွာမဟုတ္ေတာ့ဘူး။ အဲ့ေတာ့ သူနဲ႔ပဲေခၚသြားၿပီး သူကိုယ္တိုင္ဂ႐ုစိုက္‌ေပးတာက အေကာင္းဆုံးပဲ။


"မရဘူး!"
က်ဳံးအေမကေတာ့ ျငင္းဆဲျငင္းျမဲပါပဲ။


ႏွစ္ဖက္စလုံးျငင္းခုန္ေနတုန္းမွာပဲ ဝီစီမွုတ္သံနဲ႔အတူ အေစာင့္‌ေတြအားလုံးက စီတန္းသြားၿပီး Bentleyကားအနက္‌ေလးက ၿခံ၀င္းထဲသို႔၀င္လာတယ္။ လက္အိတ္အျဖဴေတြ၀တ္ထားတဲ့ ဘ႑ာစိုးက ကားတံခါးကိုသြားဖြင့္ေပးေတာ့ leather shoeအနက္, suitအနက္ေရာင္နဲ႔ ေျခတံရွည္တစ္စုံ ကားထဲက‌ေန ထြက္လာတယ္။


ၿခံ၀င္းတစ္ခုလုံးတိတ္ဆိတ္သြားၿပီး အိမ္အေစေတြကေခါင္းငုံ႔ကာ အေစာင့္ေတြကေတာ့ ေဘးမွာစီတန္းေနတယ္။ ဘ႑ာစိုးက ႏွုတ္ဆက္လိုက္တယ္။
"အႀကီးဆုံးသခင္ေလး"


ခ်ဴးခ်င္လွမ္းၾကည့္လိုက္ေတာ့ ေရာက္လာသူမွာ အသက္သုံးဆယ္နီးပါးလူတစ္ေယာက္ျဖစ္က သူ႔ပုံစံက က်ဳံးယိပင္းနဲ႔၇၀%နီးပါးဆင္တူတယ္။ သို႔ေပမယ့္မ်က္၀န္းေတြကေတာ့ ပိုၿပီးေလးနက္ေလတယ္။ သူထင္တာမမွားဘူးဆို ဒီလူက က်ဳံးယိပင္းရဲ့အကို, က်ဳံးမိသားစုရဲ့ အႀကီးဆုံးသား က်ဳံးက်ာပင္းပဲျဖစ္ရမယ္။


က်ဳံးက်ာပင္းက အသက္ဆယ့္ကိုးႏွစ္မွာ မိသားစုစီးပြားေရးကို ဆက္ခံတယ္။ သူက က်ဳံးမိသားစုရဲ့ အေမြဆက္ခံသူပဲ။


က်ဳံးက်ာပင္းက ၀င္းထဲကလူေတြကို တစ္ခ်က္ၾကည့္ၿပီး မသိမသာ မ်က္ေမွာင္ၾကဳတ္တယ္။
ၿပီးမွ ဩဇာရွိလွတဲ့အသံနဲ႔ :
"ဘာေတြျဖစ္ေနၾကတာလဲ?"
သူ႔ရဲ့တည္ရွိမွုက ေမးစရာကိုမလိုပဲ ဩဇာအရွိန္အဝါ အျပည့္။


"က်ာပင္း သားျပန္လာၿပီ, ျမန္ျမန္, မင္းရဲ့ညီကိုတားပါဦး, အ‌ေမ့ကိုေတာင္မလိုခ်င္‌ေတာ့ဘဲ အဲ့ဒီေျမေခြးေကာင္နဲ႔လိုက္‌သြားမလို႔တဲ့ေလ"
သူမရဲ့ သားအႀကီးဆုံးျပန္လာသည္လဲျမင္ေရာ က်ဳံးမားမားတစ္ေယာက္ အားကိုးရသြားတာေၾကာင့္ မေက်မနပ္တိုင္တန္းပါေတာ့တယ္။


ေျမေခြးေကာင္...ခ်ဴးခ်င္ ႏွုတ္ခမ္းေတြက တြံ့လိမ္သြားတယ္။ နာမည္ကဘယ္လိုေတာင္လား...။


အံ့ဩစရာက က်ဳံးက်ာပင္းကမူ သူ႔အေမစကားကိုနားမေထာင္ပဲ ပူးကပ္ၿပီးေဖ်ာ့ေတာ့ေနတဲ့ကို႔ယို႔ကားယားအေျခ‌အေနနဲ႔ သားအမိႏွစ္ေယာက္ကိုလဲျမင္ေရာ ေမးလာတယ္။
"ေရြယင္းကဘာလို႔ ဒီမွာေရာက္ေနတာလဲ?"


"သူလား, သူကကၽြန္ေတာ့္ရဲ့ ခ်စ္သူအေယာင္လာေဆာင္တာေလ"
က်ဳံးယိပင္းက ႏွာေခါင္းကိုရွုံ႔လိုက္တယ္။ ခ်ဴးခ်င္ရဲ့ပခုံးကိုဖက္တြယ္ထားတဲ့လက္ကို လႊတ္လိုက္ၿပီး လက္ကိုတြဲ၍ ကိုယ္ကိုလွည့္ကာ၊
"ကိုယ့္ကိစၥကိုယ္ ရွင္းလိုက္ၾကေတာ့, သြားၿပီ"


က်ဳံးက်ာပင္းလည္း အေျခအေနေတြကို သေဘာေပါက္သြားၿပီး
"အဓိပၸါယ္မရွိတာေတြ"
ခုခ်ိန္က ညီျဖစ္သူမွတ္ဉာဏ္ျပန္ရဖို႔အတြက္ အေရးႀကီးဆုံးအခ်ိန္ျဖစ္ေနတာေတာင္ အေမကဒီလိုဇာတ္လမ္းမ်ိဳးနဲ႔ ...။
အေမ dramaေတြၾကည့္တာမ်ားသြားၿပီပဲ။


က်ဳံးယိပင္းကေတာ့ ဒီလူေတြကို ဂ႐ုစိုက္မေနပါ။
သူခ်ဴးခ်င္ကိုဆြဲေခၚၿပီးထြက္သြားခ်င္ေနၿပီ ။
ဒါေပမယ့္ ခ်ဴးခ်င္ကေတာ့ သူ႔ရဲ့ လက္ေတြကိုႏွိပ္နယ္ေပးေနတယ္ - ေျပာခ်င္တာက ေလာေနစရာမလိုဘူးေပါ့။ သူကက်ဳံးမိသားစုရဲ့ အႀကီးဆုံးသခင္‌ေလးကိုၾကည့္လိုက္ၿပီး
"မစၥတာက်ဳံး က်ဴးေက်ာ္မိတာေတာင္းပန္ပါတယ္,အခု က်ဳံးယိပင္းကကၽြန္ေတာ့္ကိုပဲ မွတ္မိတာေၾကာင့္ သူ႔ရဲ့အေျခအေနအရ ကၽြန္ေတာ္ကပဲ သူ႔ကိုရက္နည္းနည္းေလာက္ဂ႐ုစိုက္ေပးလို႔ရမလား?"


က်ဳံးက်ာပင္း အရင္ကတည္းက ခ်ဴးခ်င္ကိုသိတယ္။ သူ ခ်ဴးခ်င္ကို ခန‌ေလာက္ၾကည့္လိုက္ၿပီး လက္ကိုေျမႇာက္ကာ
"မစၥတာခ်ဴး ေတြ႕ရတာ၀မ္းသာပါတယ္"


ခ်ဴးခ်င္လည္း သူ႔ရဲ့လက္ကိုျမန္ျမန္ပဲ ဆန႔္ထုတ္ၿပီး က်ဳံးမိသားစုရဲ့ သားအႀကီးနဲ႔ လက္ခ်င္းရွိတ္ႏွုတ္ဆက္လိုက္တယ္။


က်ဳံးက်ာပင္း သူ႔ရဲ့ညီကိုၾကည့္ၿပီး သက္ျပင္းခ်မိတယ္။ ေခါင္းကိုနဲနဲေစာင္းၿပီး သူ႔ရဲ့ေနာက္ကဘ႑ာစိုးကို လွမ္းေျပာတယ္။
"ဒုတိယသခင္ေလးရဲ့ဖုန္းေပး"


ဘ႑ာစိုးကဖုန္းကို သူ႔ရဲ့အိပ္ကပ္ထဲကေန က်ဳံးက်ာပင္းကိုကမ္းေပးတယ္။


က်ဳံးက်ာပင္းက ဖုန္းကို ခ်ဴးခ်င္ဆီေပးလိုက္ၿပီး ကဒ္ႏွစ္ကဒ္ထုတ္လိုက္တယ္။ ေရႊေရာင္ credit cardရယ္, business cardတစ္ကဒ္ရယ္။
"ဒါဆိုရင္ေတာ့မင္းကိုပဲ အကူအညီေတာင္းရေတာ့မယ္, ကိစၥတခုခုရွိရင္ ကိုယ့္ကိုဆက္သြယ္လိုက္ပါ"


ခ်ဴးခ်င္ ကဒ္ႏွစ္ခုကိုၾကည့္လိုက္တယ္။ business cardကေတာ့ က်ဳံးက်ာပင္းရဲ့ personal business cardျဖစ္ၿပီးေတာ့ အဲ့ေပၚမွာ သူ႔နာမည္နဲ႔ဖုန္းနံပါတ္ပဲပါတယ္။
credit cardကေတာ့ က်ဳံးယိပင္းဟာျဖစ္မယ္ထင္တယ္။
ပထမေတာ့ သူျငင္းလိုက္မလို႔ပဲ သူ႔ခ်စ္သူကိုသူကပဲေစာင့္ေရွာက္ေပးသင့္တာေလ။ ဒါေပမယ့္ က်ဳံးမိသားစုက သားအႀကီးရဲ့ အရွိန္နဲ႔ဆိုေတာ့ သူထပ္‌ျငင္းဖို႔သတၱိမရွိေတာ့။ ေနာက္ဆုံးေတာ့ သူအ‌ေရထူထူနဲ႔ပဲ လက္ခံလိုက္ေတာ့တယ္။


စိတ္အေျခအေနေကာင္းေနတဲ့ က်ဳံးယိပင္းကိုအိမ္၀င္းထဲကထုတ္လာၿပီး ခ်ဴးခ်င္သူ႔ကို ကားထဲထိုးထည့္ကာ သူကိုယ္တိုင္လည္း ၀င္လိုက္ေတာ့တယ္။
က်ဳံးယိပင္းဟာ သူ႔ကိုဘလင္းဘလင္းထတဲ့ မ်က္၀န္းေတြနဲ႔ၾကည့္ေနတာကို မ်က္၀န္းေထာင့္ကေန လွမ္းျမင္လိုက္ေတာ့ သူမေနနိုင္ပဲ ရယ္မိေတာ့တယ္။


အေျခအေနေတြအားလုံးကို ကားထဲကေနျမင္ေနရတဲ့ ဟိုးခၽြမ္ကေတာ့ လန႔္ေနၿပီ။
ခ်မ္းသာၿပီး အာဏာရွိတဲ့ မိသားစုေတြကတကယ္ကို လန႔္စရာေကာင္းတာပဲ။
အေစာင့္ေတြအမ်ားႀကီးနဲ႔ သူ႔သားကိုတားဖို႔ေတာင္ ရိုက္ခိုင္းရဲတယ္။
ေတာ္ေသးတာေပါ့ သူ႔အေမက ‌စီးကရက္စက္႐ုံက အလုပ္သမားတစ္ေယာက္မို႔လို႔ ေဒါသထြက္တဲ့ အခ်ိန္ဆို အမ်ားဆုံး ဖိနပ္နဲ႔ရိုက္႐ုံေလာက္ပဲ ..ခုေတာ့သိလိုက္ပါၿပီေလ။
သူအဲ့ဒါေတြကိုေနာက္မွာပဲထားၿပီး ကားေမာင္းထြက္လာခဲ့ေတာ့တယ္။


--------------------------------------------------------------


The author has something to say:


Small theater:<အတိတ္ေမ့တာကိုဘယ္လိုကုရမလဲ>


အားပင္း : ငါအတိတ္ေမ့ေနတယ္ ျပန္ေကာင္းလာဖို႔ ခ်င္ခ်င္ကိုလိုခ်င္တယ္


ခ်င္ခ်င္ : လာၿပီ လာၿပီ


အားပင္း : ငါေျပာတာက kissလိုခ်င္တယ္ေျပာတာ


ခ်င္ခ်င္ : (~ ̄³ ̄)kiss~


အကိုႀကီး : →_→


--------------------------------------------------------------


ခ်ဴးခ်င္ ရဲ့ခ်င္ဆိုတဲ့ အသံထြက္ကkissရဲ့တ႐ုတ္လိုအသံထြက္နဲ႔ ဆင္ပါတယ္တဲ့

Comment