Chapter 102 : Coming out of the closet

ချူးမားမားတစ်ယောက်တင် ရှော့ခ်ရသွားသူမဟုတ်၊ ကျုံးယိပင်းပါ အံ့ဩတကြီးဖြစ်သွားလေတယ်။ သူ တဒင်္ဂမျှ ကြက်သေသေနေပြီးမှ ချူးချင်ရဲ့လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်တယ်။


"ကျနော့်မိသားစုဘက်ကတော့ သဘောတူလက်ခံပေးပြီးသားပါ အန်တီ၊ ကျနော်တို့က အန်တီတို့နှစ်ယောက်လုံးဆီက ခွင့်ပြုချက်အရင်ရချင်လို့ပါ၊ ပြီးမှ ကျနော် ချူးချင်ကို အမေရိကားခေါ်သွားပြီး လက်ထပ်စာချုပ်လုပ်မှာပါ"
ကျုံးယိပင်းက ချူးချင်ကိုလည်း သူ့ကိုယ်လုံးနဲ့ မသိမသာကာထားပေးရင်း တည်တည်ကြည်ကြည်ပြောလေတယ်။


"မရဘူး!"
ချူးမားမားက အတုံ့အဆိုင်းမရှိပြန်ဖြေလာတယ်။
"ငါသဘောမတူဘူး!"
သူမအနေနဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားတယ်ဆိုဦးတော့ ဒါကိုပထမဆုံးအကြိမ်ကြားရလိုက်ရခြင်းရဲ့ ထိုးနှက်ချက်က ပြင်းလွန်းတယ်။ သူမကို စက္ကန့်အနည်းလောက်တောင် မူးဝေသွားစေတယ်။


"အမေ၊ ထိုင်ပြီးစကားပြောကြရအောင်"
ချူးချင် ရှေ့တိုးလာပြီး အနည်းငယ်မူးဝေနေတဲ့သူ့ရဲ့အမေကို ဆိုဖာပေါ်တွဲပို့ပေးလိုက်တယ်။


"ပြန်လာကြပြီလား?"
မီးဖိုချောင်ထဲမှာ အသီးလှီးနေတဲ့ ချူးပါးပါး ထွက်လာတယ်။ သူကခုနလေးကစကားတွေကိုမကြားလိုက်တာကြောင့် မျက်နှာက အပြုံးတွေနဲ့ပြည့်နေတုန်းပင်။


"အန်ကယ်ဗျ"
ကျုံးယိပင်းက ရှေ့ကိုတက်လာပြီး အသီးပန်းကန်ကိုယူလိုက်ကာ ချူးပါးပါးကို ထိုင်ဖို့ဖိတ်ခေါ်လိုက်တယ်။


"ဒါက ဘယ်လိုဖြစ်နေကြတာလဲ?"
သူ့ဇနီးနဲ့ သားကြားမှာ ရာသီဥတုက သိပ်မကောင်းလှတာ သတိထားမိတော့ ချူးပါးပါးမေးလိုက်တယ်။


"အန်ကယ်နဲ့ အန်တီဗျ၊ ကျနော့်မိသားစုအခြေနေကို နည်းနည်းလောက် အရင်ပြောလို့ရမလားဗျ..."
ကျုံးယိပင်းက ချူးချင်နားမှထိုင်ကာ လည်ချောင်းရှင်းလိုက်ပြီး မျက်နှာမှာအလေးအနက်အမူအရာနဲ့ စပြောတော့တယ်။
"ကျနော့်နာမည်က ကျုံးယိပင်းပါ၊ အရပ် 1.86မီတာနဲ့ ကျနော်က ကျန်းမာရေးကောင်းပြီး အကျင့်ဆိုးတွေလည်းမရှိပါဘူး၊ ကျနော့်မိသားစုက အိမ်ခြံမြေလုပ်ငန်းတွေ၊ ကားနဲ့ နေ့စဉ်အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ entertainmentတစ်ခုပါတဲ့ ရှန်းရှီ groupကို ပိုင်ဆိုင်ပါတယ်၊ television stationတစ်ခုလည်း ရှိပါသေးတယ်၊ ကျနော့်မှာ ကျနော့်ထက် ငါးနှစ်ကြီးတဲ့ အကိုတစ်ယောက်ရှိပြီး ကျနော်တို့ဆက်ဆံရေးက သင့်သင့်မြတ်မြတ်ရှိပါတယ်၊ ခုလောလောဆယ်တော့ ကျနော်က ရှန်းရှီ tvနဲ့ ရှန်းရှီ entertainmentရဲ့ ဒါရိုက်တာနေရာမှာ တာ၀န်ယူထားပြီး လစာ၀င်ငွေက ဂဏန်းရှစ်လုံးရှိပါတယ်၊ ကျနော့်နာမည်အောက်မှာလည်း ပိုင်ဆိုင်မှုသုံးခုရှိပါတယ် - ကွန်ဒိုတစ်လုံး၊ ပေကျင်းမြို့ပြင်ဆင်ခြေဖုံးမှာ ဗီလာတစ်လုံးနဲ့၊ ရှန်းရှီ Tangမင်းဆက်ဇုန်က နှစ်ထပ်တိုက်တစ်လုံးရှိပါတယ်၊ cross countryတစ်စီးနဲ့ sport carတစ်စီးလည်းရှိပါသေးတယ်..."


သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ မိသားစုနောက်ခံတွေကို အသေးစိတ်ရွတ်ပြနေတဲ့ ကျုံးယိပင်းကို ချူးချင် လှည့်ကြည့်လာတယ်။ သူ့နှုတ်ခမ်းတွေနည်းနည်းတော့ ရွဲ့စောင်းသွားလေရဲ့၊ ဒီလူကတော့ သူ့ကိုယ်သူ blind dateရောက်နေတယ်များ ထင်နေလား?


''တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတာပဲ"
ဘာကြောင့်မှန်းမသိပဲ ချူးပါးပါးကတော့ သူ့ကိုတောင်ချီးကျူးလိုက်သေးတယ်။ သူ့ရင်ထဲမှာကတော့ ကျုံးယိပင်းနဲ့လက်ထပ်တဲ့မိန်းကလေးမိသားစုကတော့ ဇိမ်ကျကျနေရတော့မှာပဲလို့တွေးနေလေရဲ့။


"ချူးချင်သာ ကျနော့်ကိုလက်ထပ်ရင် ကျနော့်နာမည်အောက်က ရှန်းရှီ entertainmentရှယ်ယာတွေတစ်၀က်ကို သူ့ကိုလွှဲပေးမှာပါ"
ကျုံးယိပင်းက စွဲမက်ချင်စရာအေခြအနေ‌တစ်ခုကို အလေးအနက်နဲ့ ထုတ်‌ပြောလာတယ်။


"အိုး၊ အဲ့လိုမျိုးတွေမလိုပါဘူးကွယ်!"
ချူးပါးပါးက လက်တွေရမ်းပြလို့ အမောတကောငြင်းတယ်။ နောက်မှ ဗလာချည်းသက်သက်စိုက်ကြည့်ကာ
"ဘာ?လက်ထပ်ဖို့?"


"အဖေ၊ အမေ၊ ကျနော်ဒါကို စိတ်လိုက်မာန်ပါလုပ်လိုက်တာမဟုတ်ပါဘူး၊ ကျနော်တို့နှစ်ယောက်က ခြောက်နှစ်လောက်လည်း အတူရှိခဲ့ပြီးပြီ၊ ကျန်ရှိတဲ့ဘ၀သက်တမ်းတစ်လျှောက်ကိုလည်း ကျနော်သူနဲ့ပဲ ဖြတ်သန်းချင်တာပါ၊ အမေတို့ လိုက်လျောပေးမယ်လို့ကျနော် မျှော်လင့်ပါတယ်"
ချူးချင် ဒီစကားတွေပြောထွက်လာချိန်မှာ သူ့မျက်ခမ်းတွေတောင်အနည်းငယ်စပ်လာ‌တယ်။ သူက ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်နေတာကြာပြီဆိုပေမယ့်၊ သူ့ဟာသူဆုံးဖြတ်လို့ရတယ်ဆိုပေမယ့်၊ သူ့မိဘတွေရဲ့ဆုမွန်ဆန္ဒကိုလည်း လိုချင်ပါသေးတယ်။


"မင်းကြိုက်ချင်တဲ့သူကို ကြိုက်လို့ရတယ်လေ ဒါပေမယ့် ဘာလို့ယောက်ျားတစ်ယောက်လဲ? ဒါက သဘာ၀မှမကျပဲကို မင်းသိရဲ့လား?''
ချူးမားမားမျက်ခုံးတွေက တွန့်ခေါက်နေကာ သူမအသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ သူမတစ်ချိန်လုံးစိုးရိမ်နေရတဲ့ကိစ္စက ခုတော့တကယ်ကြီးဖြစ်လာတော့ သူမကိုအသက်ရှူဖို့တောင်ခက်ခဲစေသလိုပဲ။


ချူးပါးပါးကတော့ မျက်လုံးတွေပြူးကျယ်သွားကာ အကြာကြီးကြောင်ကြည့်နေပြီးမှ နောက်ဆုံးနားလည်တော့တယ်။ စကားတစ်ခွန်းမှမပြောပဲ ကော်ဖီစားပွဲအောက်က အံဆွဲကိုဖွင့်လို့ စီးကရက်တစ်လိပ်ထုတ်လိုက်ကာ တိတ်တဆိတ်မီးညှိလိုက်တယ်။


"ဘာလို့မိန်းမတွေကျ မကြိုက်ရတာလဲ? မင်းငယ်တုန်းက ပုံမှန်ပဲဆိုတာ အမေမှတ်မိတယ်လေ!"
ချူးမားမားအတွက်တော့ လက်ခံဖို့ရာ ခက်ခဲနေတုန်းပင်။


"အမေ၊ အဲ့ဒါက မိန်းမတွေကိုမကြိုက်တာလဲမဟုတ်သလို ယောက်ျားတွေကို ကြိုက်တာလဲမဟုတ်ဘူး၊ ကျနော်က ကျုံးယိပင်းကိုပဲကြိုက်ရုံတင်"
ချူးချင် ‌ဖျော့တော့စွာပြောတယ်။ သူက ကျုံးယိပင်းကိုကြိုက်တာ ကျုံးယိပင်းက ယောက်ျားတစ်ယောက်ဖြစ်နေရုံ - အဲ့လောက်ပဲ။


ဧည့်ခန်းတစ်ခုလုံးဟာ တိတ်ဆိတ်ခြင်းသို့ကျရောက်သွားပြီး ချူးပါးပါးရဲ့စီးကရက်ဖွာရှိုက်သံတွေပဲ ကျန်နေခဲ့တယ်။


"ကျနော် မိန်းမတစ်ယောက်ကိုလက်ထပ်တောင်မှ ကျနော်သေချာပေါက်ပျော်နိုင်မှာမဟုတ်ဘူး၊ အမေ ကျနော့်အတွက် ကျနော်ဖျားနေချိန်ဆေးရုံကို သယ်သွားပေးမယ့်သူ၊ ကျနော်အန္တရာယ်နဲ့ကြုံနေတဲ့ခါ ကျနော့်ကိုတွန်းဖယ်ပြီး ၀င်ခံပေးမယ့်သူ၊ ကျနော်လိုအပ်ချိန် ဖုန်းတစ်ချက်ဆက်ရုံနဲ့ ချက်ချင်းကျနော့်ရှေ့မှာပေါ်လာပေးမယ့်သူမျိုး နောက်ထပ်အခြားလူရှာမရတော့ဘူး...."
ချူးချင်ဟာ ဖြေးဖြေးချင်း ပြောတယ်။ ဒီစကားတွေကို သူပြင်ဆင်ခဲ့တာကြာပြီ။ ကျုံးယိပင်းနဲ့အတူရှိရတာ သူတကယ်ပျော်ပါတယ် နေ့ရက်တိုင်းဟာ ချမ်းသာသုခအတိပင်။ သူ့မိဘတွေသာ သူ့ခံစားချက်တွေကို နားလည်ရင် သူ့ကိုလည်းနားလည်ပါလိမ့်မယ်။
"ပြီးတော့ ကျနော်ပြောချင်တာ ကြားလို့တော့ အဆင်ပြေမှာမဟုတ်ဘူး၊ အမေစိတ်ကူးတဲ့မိန်းကလေးတွေအားလုံး တစ်ယောက်မှ ကျုံးယိပင်းထက်ပိုအရည်အချင်းရှိတာမျိူးမရှိဘူး၊ သူ့ကိုလက်ထပ်တာက နောက်နောင် ကျနော်ပိုက်ဆံမရှာနိုင်တော့ဦးတော့ ‌တစ်သက်သာလုံး သက်သောင့်သက်သာနေသွားနိုင်တယ်"


ဒီစကားက မလျော်မကန်ပြောလိုက်မိတာဖြစ်ပေမယ့်လည်း မိဘတွေကိုတော့ တကယ်လှုပ်ခတ်သွားစေတဲ့ စကားပင်။ သူတို့တစ်ချိန်လုံးပြောနေတာတွေဟာ ကလေးတွေယူရမယ်၊ မိသားစုတစ်ခုနဲ့ သူ့ကိုဂရုစိုက်ပေးမယ့်သူတစ်ယောက်ယောက် သူ့ဘ၀တာအတွက် လုံခြုံမှုပေးမယ့်သူတစ်ယောက်ယောက်ဆိုပြီး။ ဒါဆို ကျုံးယိပင်းလို ချမ်းသာတဲ့သူတစ်ယောက်က သေချာပေါက် ချူးချင်ဘ၀အတွက် အာမခံပေးနိုင်တဲ့သူဖြစ်နိုင်တာပဲလေ။


ချူးမားမားက သိသိသာသာကို ပြေလျော့သွားတယ်။ တကယ်တော့ သားသမီးရဲ့စိတ်ချမ်းသာမှုကို ဘယ်အမေက မလိုချင်ရမှာလဲ။ သူမ ကျုံးယိပင်းကို အစုန်အဆန်ပြန်ကြည့်လို့ သက်ပြင်းနောက်တစ်ခေါက်ချမိပါတယ်။ သူမမွေးထားတာသာ မိန်းကလေးတစ်ယောက်ဖြစ်လို့ကတော့ သူမချက်ချင်းကိုခြေပစ်လက်ပစ်သဘောတူပစ်လိုက်မှာ။ ဒီလိုအ‌ကောင်းစားသားမက်လေးက ရှာရခက်ပေသည်မဟုတ်လား။ သိူ့သော်လည်း သူမမွေးထားသည်က သားတစ်ယောက်ဖြစ်နေသည်ကို....


ချူးချင်ကတော့ သူ့အမေရဲ့ အမူအရာကို အသေအချာအကဲခတ်လို့နေတယ်။ သူ့အမေသိပ်ဒေါသမထွက်တော့တာ မြင်တော့ သူဆက်ပြောဖို့လုပ်လိုက်တယ်။ ဒါပေမယ့် သူ့ကိုအံ့ဩသွားစေတာက ထောင့်နားမှာဆေးလိပ်သောက်နေတဲ့ ချူးပါးပါးက ရုတ်တရက်ပြောလာခြင်းပင်။


"ဒီလိုလုပ်ဖို့ မင်းအသေအချာဆုံးဖြတ်ပြီးပြီလား? ဘာတွေရင်ဆိုင်ရမလဲဆိုတာရော သိရဲ့လား?"
ချူးပါးပါးက ဆေးလိပ်သောက်နေရာမှ ခေါင်းမော့လာပြီး သားဖြစ်သူကိုတည့်တည့်ကြည့်တယ်။


ချူးချင်ရင်ထဲ ဒိန်းကနဲဖြစ်သွားတယ်။ သူ့အဖေက မိသားစုကောင်းကောင်းကနေ ဆင်းသက်လာတဲ့ ရှေးထုံးဆန်တဲ့ ပညာတတ်တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာစာသင်လာတာကြောင့် သူ့အတွက်ဒါကိုလက်ခံဖို့က အသေအချာကို ခက်ခဲမှာပင်။ သူ့အဖေကြောင့် ခြေထောက်အကျိုးခံဖို့ကိုတောင် ချူးချင်တွေးထားပြီးသား
"ကျနော်ဆုံးဖြတ်ပြီးပြီ၊ ပြင်ဆင်မှုတွေလည်း လုပ်ထားတယ် တစ်နိုင်ငံလုံးက media‌တွေအကုန် ဒါကိုရှာတွေ့ပြီး ဖော်ထုတ်လိုက်တောင် ကျနော်မကြောက်ဘူး"


ကျုံးယိပင်းက ချူးချင်ကို တိတ်တိတ်လေး မသိမသာ သူ့အနားဆွဲတယ်။ ချူးပါးပါးက ဒေါသထွက်လာပြီး ထ,ရိုက်ခဲ့သည်ရှိသော်ပေါ့..။


နောက်တစ်ကြိမ် တိတ်ဆိတ်မှု ကြီးစိုးသွားပြန်တယ်။ ချူးမားမားက ခင်ပွန်းဖြစ်သူက သားကိုထ,ရိုက်လိုက်မှာလည်း စိုးတာကြောင့် လေထုကိုပေါ့ပါးသွားအောင်ပြောလိုက်တယ်။
"ဒီကိစ္စက အရမ်းကြီးရုတ်တရက်ဆန်လွန်း‌တယ်၊ မင်းအဖေနဲ့ ငါ...."


"မင်းကဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ အဖေကမင်းကိုပံ့ပိုးပေးရမှာပေါ့"
ချူးပါးပါးဟာ ဆေးလိပ်ကိုမီးငြှိမ်း‌လိုက်ပြီး ရုတ်တရက် ဒီစကားဆိုလာတယ်။


ချူးချင်မျက်၀န်းတွေ တဖြည်းဖြည်းပြူးကျယ်လာပြီး သူ့အဖေဆီကို မယုံနိုင်သလိုလှမ်းကြည့်တယ်။ ချူးမားမားကလည်း ဖွင့်ဟပြောလာတယ်။
"ဖေကြီး၊ ရှင်ဘာလို့ ရုတ်တရက်ကြီး အရမ်းနားလည်သွားရတာလဲ?"


"မာ့ခ်ပြောဖူးတယ်လေ စီးပွားရေးအခြေခံအုတ်မြစ်က အထက်ပိုင်းတွေကိုဆုံးဖြတ်ပေးနိုင်တယ်၊ သူတို့နှစ်ယောက်လုံးက ပိုက်ဆံရှိတာပဲ အသက်မွေး၀မ်းကြောင်းကလည်း ပြဿနာမရှိတာကြောင့် သူတို့ကောင်းကောင်းကြီး နေထိုင်ရှင်သန်နိုင်မှာပါ"
ချူးပါးပါးက အလေးအနက်ပြောတယ်။
"လီနင်ပြောသလို အရာရာတိုင်းမှာ ရှုထောင့်နှစ်ဖက်ရှိတယ်၊ ငါတို့သားက ယောက်ျားတစ်ယောက်နဲ့တွေ့တယ် - မင်းအဆိုးဘက်ကိုချည်းကြည့်နေလို့မရဘူးလေ၊ ကောင်းကျိုးတွေလည်းရှိတာပဲ"


ချူးချင်ဟာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့။ မာ့ခ်လီနင်ဝါဒဆိုတာ ဒီလိုလည်းသုံးလို့ရတယ်လား?


ချူးမားမားနဲ့ ချူးချင်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြတယ်။ ချူးပါးပါးကို နားအလည်နိုင်ဆုံးလူနှစ်ယောက်ကတောင် ဒီလိုဗြုန်းစားပြောင်းလဲမှုကြီးကို ကျင့်သားရ‌ဖို့ခဲယဉ်းနေကြတယ်။ အလွန်အမင်းကို ရှေးဆန်လွန်းတဲ့ ရှေးရိုးစွဲဝါဒီကြီးက ဘယ်ရောက်သွားတာလဲ? သူလည်း ကျုံးယိပင်းလို အတိတ်မေ့သွားတာတော့ မဖြစ်နိုင်ပါဘူးနော်၊ဟူတ်တယ်မလား?


ချူးပါးပါးကတော့ လူနှစ်ယောက်ရဲ့ အကြည့်အောက်မှာ နေရတောင်ခက်လာတယ်။ သူ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်တယ်။ အမှန်ပြောရရင် သူလည်းပထမကြားကြားချင်းတော့ ရှော့ခ်ရသွားတာပါပဲ။ အမှန်မဟုတ်ပါစေနဲ့ဆိုပြီးလည်း တွေးခဲ့မိတယ်။ သို့သော် ချူးချင်က သူတို့ရဲ့နေ့စဉ်အမှုကို စကားလုံးတစ်လုံးချင်းဖော်ပြချိန်မှာတော့ လပြက္ခဒိန် ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ရှစ်ရက်က သူတို့အိမ်ထဲရောက်လာတဲ့ ကျုံးယိပင်းအပြုအမူတွေကို ပြန်တွေးကြည့်မိတယ်၊ နောက်ပြီး သူသိလိုက်တယ် အတော်ဆုံးချွေးမဆိုရင်တောင် သူ့ကိုကျော်နိုင်မှာမဟုတ်ဘူးဆိုတာ....။


"အရင်ကလိုဆို ငါလည်းဒါကို သေချာပေါက်လက်ခံပေးနိုင်မှာမဟုတ်ဘူး၊ ဒါမယ့် ဒီနှစ်ကျောင်းမှာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်..."
ချူးပါးပါးက ဒီအကြောင်းပြောရင်း နောက်ထပ်ဆေးလိပ်တစ်လိပ်ကို ယူလို့မီးညှိပြန်တယ်။


ချူးပါးပါးဟာ ပြည်တွင်းကအကောင်းဆုံးစီနီယာအထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်ဖြစ်တယ်။ တစ်ချိန်တည်းမှာလည်း ကျောင်းသားတွေရဲ့စည်းကမ်းပိုင်းဆိုင်ရာရုံးမှာလည်း အကြီးအကဲတစ်ဦးဖြစ်ကာ ကျောင်းစည်းကမ်း‌ဖောက်ဖျက်တဲ့ကျောင်းသားများကို သွန်သင်ဆုံးမရတဲ့တာ၀န်ရှိသူလည်းဖြစ်လေတယ်။


ဒီစာသင်နှစ်စပြီး မကြာခင်ကပဲ မသေးငယ်လှတဲ့အနိုင်ကျင့်ပြဿနာတစ်ရပ် ကျောင်းမှာဖြစ်ခဲ့တယ်။ ကျောင့်ယန်းလို့ခေါ်တဲ့ စာတော်သူကျောင်းသားတစ်ဦးဟာ ရုတ်တရက်လူတစ်စုရဲ့ ၀န်းရံခြင်းခံလိုက်ရပြီး အနိုင်ကျင့်ခံရတာပင်။ ဖြစ်ချင်တော့ ထိုအဖြစ်အပျက်ကို ချူးပါးပါးက မြင်လိုက်တယ်။


"မင်းတို့ဘာလုပ်နေကြတာလဲ!"
ချူးပါးပါး အော်ဟစ်လိုက်တော့ ထိုကောင်လေးတွေကချက်ချင်းပဲ ဘက်ပေါင်းစုံဆီ ထွက်ပြေးကုန်တယ်။ သူ့လက်နဲ့တစ်ယောက်ကို ဖမ်းဆွဲထားလိုက်တော့ ထိုသူမှာမပြေးရဲတော့ပဲ ကျန်သူတွေမှာ ထွက်ပြေးကုန်တော့တယ်။


ထောင့်နားမှာ ကုပ်ကုပ်ကလေးနေနေတဲ့ ကောင်လေးကတော့ နှာခေါင်းသွေးတွေယိုတဲ့အထိကို အထိုးကြိတ်ခံထားရတယ်။ သူကခေါင်းမော့လာပြီး အကြီးအကဲဖြစ်သူထံ မဝံ့မရဲကြည့်ရှာတယ်။


"ဆရာ ‌သူကကျောင့်ယန်းပါ၊ သူက လိင်တူကြိုက်ပြီး ကျနော်တို့အတန်းဖော်ကို နှောင့်ယှက်လို့ ရပ်တန်းကရပ်ဖို့ ဆုံးမပေးလိုက်ချင်ရုံပါ"
ချူးပါးပါးလက်ထဲက ကောင်လေးက ခေါင်းထောင်လို့ပြောလာတယ်။


ကျောင့်ယန်းက ဒီစကားကြားတော့ မနေနိုင်ပဲ ခွန်းတုံ့ပြန်လာတယ်။
"ကျနော်သူ့ကို မနှောင်ယှက်ပါဘူး၊ ကျနော်က ယောက်ျားလေးတွေကြိုက်တာလို့ပဲပြောတာကို သူကသူ့ကိုကြိုက်နေပါတယ်ဆိုပြီးလျှောက်ပြောတာ၊ ခု‌တစ်ခန်းလုံးက ကျနော့်ကိုမခေါ်တော့ဘူး..."


သူက ယောက်ျားတွေကိုသဘောကျတယ်ဆိုတာ သူ့ကိုယ်သူ သိသွားချိန်မှာ ထိတ်လန့်တုန်လှုပ်ခဲ့တယ်။ အဲ့တော့ သူလည်းမနေနိုင်ပဲ သူ့ရဲ့ညီအကိုကောင်းတွေကိုပြောပြရာမှ နောက်ဆုံးကျ ညီအကိုကောင်းတွေက သူတို့ကိုယ်သူတို့အထင်ကြီးလို့ အားလုံးသိအောင်လုပ်ပစ်တယ်လေ။ သူတို့ပြောတာက ကျောင့်ယန်းက ယောက်ျားတွေကိုကြိုက်ပြီး သူ့ကိုတောင်ချစ်ရေးဆိုပါတယ်ဆိုပြီး - သူတို့တကယ်ကို ရက်စက်တာပဲ။


အဲ့အချိန်တုန်းက ချူးပါးပါးတကယ် ထိတ်လန့်အံ့ဩသွားတယ်။ မိုက်မဲတဲ့လူငယ်တွေရဲ့မလိုမုန်းထားစိတ်က တယ်ကို ကြောက်ဖို့ကောင်းသကိုး။


"နောက်ကျတော့ရော?"
ချူးမားမားက နားထောင်ရင်း စိတ်တိုချင်လာတယ်။ ချူးချင်ငယ်ငယ်တုန်းကဆိုလည်း သူကပိန်ပိန်ပါးပါးဆိုတော့ လူကောင်ကြီးတဲ့ကျောင်းသားတွေဆီက အမြဲအနိုင်ကျင့်ခံရတယ်။ ဒီလိုအတန်းဖော်ကို အနိုင်ကျင့်တဲ့ ဒီလိုကလေးမျိုးတွေကို သူမတကယ်မုန်းပါတယ်။


အဲ့နောက်တော့ ကောင်လေးကို ဝိုင်းရိုက်နှက်ကြတဲ့ ကျောင်းသားတွေအားလုံးကို ချူးပါးပါးရှာတွေ့ခဲ့ပါတယ် - အကုန်လုံးက အပြစ်ကြီးကြီးမားမား အဖုံဖုံမှတ်တမ်းရှိကြသူတွေချည်းဖြစ်ကာ ခေါင်းဆောင်တဲ့တစ်ဦးကတော့ ကျောင့်ယန်းက လိင်တူကြိုက်တဲ့အကြောင်းဖွတဲ့ကျောင်းသားဖြစ်တာကြောင့် ကျောင်းကနေရပ်နားလိုက်ပြီး ပိတ်ရက်မှသာကျောင်းမှာနေခွင့်ပြုလိုက်တော့တယ်။


"ကျောင်းစည်းကမ်းတွေထဲမှာ ‌ယောက်ျားလေးတွေအနေနဲ့ ယောက်ျားလေးတွေကို မကြိုက်ရဘူးလို့တော့ပြောမထားဘူး၊ ဒါပေမယ့် သူတစ်ပါးကို အနိုင်ကျင့်ရိုက်နှက်တာတွေကိုတော့ ခွင့်ပြုမထားဘူး!"
မကျေမနပ်ဖြစ်နေတဲ့ မိဘတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ချူးပါးပါးဟာ ရဲရင့်လို့ ယုံကြည်ချက်ရှိပါသည်။ ကျောင်းအုပ်ကြီးကလည်း ချူးပါးပါးရဲ့ပြဿနာကိုင်တွယ်ပုံကို အားပေးထောက်ပံ့လေတယ်။


"ကျနော်တို့ ကျောင်းသားတွေအပေါ်ကို ဘက်လိုက်ပြီး ကောလဟာလတွေဖြန့်တာ အတန်းဖော်တွေကိုအနိုင်ကျင့်တာကို လွှတ်ပေးလိုက်ရင် ကျနော်ကလူ့အသိုင်းအဝိုင်းကို ဆွဲချသလိုဖြစ်နေပြီး ကျောင်းသားမိဘတွေကလည်း ကျနော့်အပေါ်ထားတဲ့ယုံကြည်ချင်တွေကို အလွဲသုံးစားလုပ်မိသလို ဖြစ်သွားမယ်!"
ကျောင်းအုပ်ကြီးက မိဘတွေနဲ့တွေ့ဆုံပွဲမှာ ပြောတယ်။
"တစ်ပါးသူရဲ့ရွေးချယ်မှုဟာ အနိုင်ကျင့်ဖို့ အကြောင်းအရင်းမဟုတ်ဘူး!"


"ဒီလမ်းက တကယ်ကို ခက်ခဲကြမ်းတမ်းတယ်၊ ကလေးတွေ မင်းတို့တကယ်ကို ဖိအားအများကြီးရင်ဆိုင်ရမှာ၊ မိသားစုဆိုတာကြီးကို မင်းအတွက်၀န်ထုပ်၀န်ပိုးမဖြစ်စေချင်ဘူး၊ အဖေတစ်ယောက်ဆိုတာ မင်းအတွက်ကာကွယ်ပေးရုံပဲ ထိခိုက်စေတာမျိုးမဖြစ်‌စေရဘူး''
ချူးပါးပါး နောက်ဆုံး သက်ပြင်းချလိုက်တယ်။


ချူးမားမားကတော့ မျက်ရည်တွေတောင် ကျနေပြီ။ ဘယ်မိဘကများ သားသမီးကို ကောင်းကောင်းမနေစေချင်ရမှာလဲ? သူတို့အနေနဲ့ သူ့သားယောက်ျားလေးတစ်ယောက်နဲ့ကြိုက်တာကို ဆန့်ကျင်နေရတဲ့အကြောင်းကလည်း ဒီလမ်းက တအားခက်ခဲကြမ်းတမ်းလို့ပင်။ ဒါပေမယ့် သူမရဲ့ခင်ပွန်း ရှေးရိုးစွဲသူကြီးကတောင် ဒီလိုမျိုးတွေးနေမှတော့ သူမကဘာပြောစရာလိုဦးမှာလဲ။


"အဖေ..."
ချူးချင် မျက်၀န်းတွေဟာ ရဲတွတ်လို့နေပြီ။ သူစကားလည်း မပြောနိုင်၊ တစ်ခုခုက သူ့လည်ချောင်းမှာ လာတစ်နေသလိုပဲ။


"အဖေ၊ ကျေးဇူးတင်ပါတယ်ဗျ! ကျနော်ချူးချင်ကို တစ်သက်လုံးစာ စောင့်ရှောက်မှာပါ!"
ကျုံးယိပင်းဟာ ပထမဆုံးအသိပြန်၀င်လာသူ‌ဖြစ်ပြီး ချက်ချင်း ကတိက၀တ်ပြုလိုက်တယ်။ ချူးပါးပါး ပြောပြီးမှနောင်တရသွားမည်လည်း စိုးသည်ကြောင့် သူချူးချင်ကိုအမြန်ဆွဲကာ လူကြီးနှစ်ယောက်ကို အရိုအသေပြုလိုက်တယ်။


ချူးချင်ကလည်း ကျုံးယိပင်းကို ဆွဲလို့ လူကြီးနှစ်ယောက်ကို ဒူးထောက်ကာ ကန်တော့လိုက်တယ်။


မိဘတွေကနေ သူတို့ကိုအိပ်တော့ဆိုပြီး အခန်းထဲပို့လိုက်ပြီးတာတောင် ချူးချင်ဟာငိုနေတုန်းပင်။ ကျုံးယိပင်းနှလုံးသားလေးဟာ အတိုင်းမသိနာကျင်လို့နေပြီ။ ချူးချင်ကို ရင်ခွင်ထဲထုပ်ထားပြီး မျက်နှာကိုလည်း အနမ်းမိုးတွေရွာသွန်းလိုက်တယ်။
"ဘေဘီကလည်း မငိုနဲ့တော့လေ၊ အဖေရော အမေရော သဘောတူနေပြီပဲ"


"ငါပြင်ထားတဲ့ စာသားတွေ အကုန်တောင်မပြောလိုက်‌ရ‌သေးဘူး boo hoo..."
ချူးချင်ဟာ တရှုံ့ရှုံ့နဲ့ ရှိုက်ငိုနေလေရဲ့။ သူ luggageထဲက အိတ်တစ်အိတ်ကို ထုတ်လိုက်တယ် အထဲမှာက သူပြင်ထားပေမယ့် သုံးတောင်မသုံးလိုက်ရတဲ့ အရာတွေ။


ကျုံးယိပင်း အိတ်ကိုယူပြီး ကြည့်ကြည့်တယ်။ ယွီထန်မိသားစုလက်အောက်ကဆေးရုံကနေ 'မျိုးမပွားနိုင်ကြောင်းဆေးစစ်ချက်စာအုပ်'တဲ့၊ ပိုင်ဆိုင်မှုအထောက်အထားတွေနဲ့၊ သွေးလှည့်ပတ်မှုအတွက် plasterတွေ(T/n : ယောင်ယမ်းတာတွေ အနာတွေကပ်ရတာနေမှာ ကိုယ်တော့ ဒဏ်ကြေလိမ်းဆေးလောက်ပဲသိတယ်)


"ဒီ plasterတွေက ဘာအတွက်လဲ?"
ကျုံးယိပင်း အရမ်းကိုသိချင်နေပါတယ် ။


"အဖေ့ဆီက အရိုက်ခံရပြီးရင် ကပ်မလို့"
ချူးချင် ပြောရတာ နည်းနည်းတော့ ရှက်ပါတယ်။


ကျုံးယိပင်း "....."


_________________________________________


small theaterကပါပေမယ့် slangတွေလားမသိ၊ ရှာမတွေ့‌သေးသည်ကြောင့် ဒီတိုင်းအရင်တင်လိုက်ပါတယ်


ဆေးစစ်ချက်အကြောင်းက ယူတို့နားလည်ကြမယ်ထင်လို့ မရှင်းလိုက်တာပါ၊ ချူးချင်က မိန်းမမယူချင်လို့ သူမြုံနေပါတယ်ဆိုပြီး သက်သေယူလာတာဖြစ်ပါတယ်၊ ဆေးရုံကလည်း ယွီထန်လက်အောက်ကဆေးရုံ၊ အဲ့တော့ လိမ်စဉ်ကြီးပဲဖြစ်မှာပေါ့၊ ကဲဒီ့ထက်ပိုမရှင်းတတ်တော့ အားပင်းနဲ့ပေါင်းပြီး ဗလောင်းဗလဲဖြစ်လာတဲ့ ချင်ချင်ရယ်ပါလေ။
_________________________________________


[Zawgyi]


ခ်ဴးမားမားတစ္ေယာက္တင္ ေရွာ့ခ္ရသြားသူမဟုတ္၊ က်ဳံးယိပင္းပါ အံ့ဩတႀကီးျဖစ္သြားေလတယ္။ သူ တဒဂၤမၽွ ၾကက္ေသေသေနၿပီးမွ ခ်ဴးခ်င္ရဲ့လက္ကို ျပန္လည္ဆုပ္ကိုင္လိုက္တယ္။


"က်ေနာ့္မိသားစုဘက္ကေတာ့ သေဘာတူလက္ခံေပးၿပီးသားပါ အန္တီ၊ က်ေနာ္တို႔က အန္တီတို႔ႏွစ္ေယာက္လုံးဆီက ခြင့္ျပဳခ်က္အရင္ရခ်င္လို႔ပါ၊ ၿပီးမွ က်ေနာ္ ခ်ဴးခ်င္ကို အေမရိကားေခၚသြားၿပီး လက္ထပ္စာခ်ဳပ္လုပ္မွာပါ"
က်ဳံးယိပင္းက ခ်ဴးခ်င္ကိုလည္း သူ႔ကိုယ္လုံးနဲ႔ မသိမသာကာထားေပးရင္း တည္တည္ၾကည္ၾကည္ေျပာေလတယ္။


"မရဘူး!"
ခ်ဴးမားမားက အတုံ႔အဆိုင္းမရွိျပန္ေျဖလာတယ္။
"ငါသေဘာမတူဘူး!"
သူမအေနနဲ႔ စိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားတယ္ဆိုဦးေတာ့ ဒါကိုပထမဆုံးအႀကိမ္ၾကားရလိုက္ရျခင္းရဲ့ ထိုးႏွက္ခ်က္က ျပင္းလြန္းတယ္။ သူမကို စကၠန႔္အနည္းေလာက္ေတာင္ မူးေဝသြားေစတယ္။


"အေမ၊ ထိုင္ၿပီးစကားေျပာၾကရေအာင္"
ခ်ဴးခ်င္ ေရွ႕တိုးလာၿပီး အနည္းငယ္မူးေဝေနတဲ့သူ႔ရဲ့အေမကို ဆိုဖာေပၚတြဲပို႔ေပးလိုက္တယ္။


"ျပန္လာၾကၿပီလား?"
မီးဖိုေခ်ာင္ထဲမွာ အသီးလွီးေနတဲ့ ခ်ဴးပါးပါး ထြက္လာတယ္။ သူကခုနေလးကစကားေတြကိုမၾကားလိုက္တာေၾကာင့္ မ်က္ႏွာက အျပဳံးေတြနဲ႔ျပည့္ေနတုန္းပင္။


"အန္ကယ္ဗ်"
က်ဳံးယိပင္းက ေရွ႕ကိုတက္လာၿပီး အသီးပန္းကန္ကိုယူလိုက္ကာ ခ်ဴးပါးပါးကို ထိုင္ဖို႔ဖိတ္ေခၚလိုက္တယ္။


"ဒါက ဘယ္လိုျဖစ္ေနၾကတာလဲ?"
သူ႔ဇနီးနဲ႔ သားၾကားမွာ ရာသီဥတုက သိပ္မေကာင္းလွတာ သတိထားမိေတာ့ ခ်ဴးပါးပါးေမးလိုက္တယ္။


"အန္ကယ္နဲ႔ အန္တီဗ်၊ က်ေနာ့္မိသားစုအေျခေနကို နည္းနည္းေလာက္ အရင္ေျပာလို႔ရမလားဗ်..."
က်ဳံးယိပင္းက ခ်ဴးခ်င္နားမွထိုင္ကာ လည္ေခ်ာင္းရွင္းလိုက္ၿပီး မ်က္ႏွာမွာအေလးအနက္အမူအရာနဲ႔ စေျပာေတာ့တယ္။
"က်ေနာ့္နာမည္က က်ဳံးယိပင္းပါ၊ အရပ္ 1.86မီတာနဲ႔ က်ေနာ္က က်န္းမာေရးေကာင္းၿပီး အက်င့္ဆိုးေတြလည္းမရွိပါဘူး၊ က်ေနာ့္မိသားစုက အိမ္ၿခံေျမလုပ္ငန္းေတြ၊ ကားနဲ႔ ေန႔စဥ္အိမ္အသုံးအေဆာင္ပစၥည္းေတြနဲ႔ entertainmentတစ္ခုပါတဲ့ ရွန္းရွီ groupကို ပိုင္ဆိုင္ပါတယ္၊ television stationတစ္ခုလည္း ရွိပါေသးတယ္၊ က်ေနာ့္မွာ က်ေနာ့္ထက္ ငါးႏွစ္ႀကီးတဲ့ အကိုတစ္ေယာက္ရွိၿပီး က်ေနာ္တို႔ဆက္ဆံေရးက သင့္သင့္ျမတ္ျမတ္ရွိပါတယ္၊ ခုေလာေလာဆယ္ေတာ့ က်ေနာ္က ရွန္းရွီ tvနဲ႔ ရွန္းရွီ entertainmentရဲ့ ဒါရိုက္တာေနရာမွာ တာ၀န္ယူထားၿပီး လစာ၀င္ေငြက ဂဏန္းရွစ္လုံးရွိပါတယ္၊ က်ေနာ့္နာမည္ေအာက္မွာလည္း ပိုင္ဆိုင္မွုသုံးခုရွိပါတယ္ - ကြန္ဒိုတစ္လုံး၊ ေပက်င္းၿမိဳ႕ျပင္ဆင္ေျခဖုံးမွာ ဗီလာတစ္လုံးနဲ႔၊ ရွန္းရွီ Tangမင္းဆက္ဇုန္က ႏွစ္ထပ္တိုက္တစ္လုံးရွိပါတယ္၊ cross countryတစ္စီးနဲ႔ sport carတစ္စီးလည္းရွိပါေသးတယ္..."


သူ႔ရဲ့ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ မိသားစုေနာက္ခံေတြကို အေသးစိတ္ရြတ္ျပေနတဲ့ က်ဳံးယိပင္းကို ခ်ဴးခ်င္ လွည့္ၾကည့္လာတယ္။ သူ႔ႏွုတ္ခမ္းေတြနည္းနည္းေတာ့ ရြဲ႕ေစာင္းသြားေလရဲ့၊ ဒီလူကေတာ့ သူ႔ကိုယ္သူ blind dateေရာက္ေနတယ္မ်ား ထင္ေနလား?


''တကယ္ကို ငယ္ငယ္ရြယ္ရြယ္နဲ႔ အလားအလာရွိတာပဲ"
ဘာေၾကာင့္မွန္းမသိပဲ ခ်ဴးပါးပါးကေတာ့ သူ႔ကိုေတာင္ခ်ီးက်ဴးလိုက္ေသးတယ္။ သူ႔ရင္ထဲမွာကေတာ့ က်ဳံးယိပင္းနဲ႔လက္ထပ္တဲ့မိန္းကေလးမိသားစုကေတာ့ ဇိမ္က်က်ေနရေတာ့မွာပဲလို႔ေတြးေနေလရဲ့။


"ခ်ဴးခ်င္သာ က်ေနာ့္ကိုလက္ထပ္ရင္ က်ေနာ့္နာမည္ေအာက္က ရွန္းရွီ entertainmentရွယ္ယာေတြတစ္၀က္ကို သူ႔ကိုလႊဲေပးမွာပါ"
က်ဳံးယိပင္းက စြဲမက္ခ်င္စရာေအျခအေန‌တစ္ခုကို အေလးအနက္နဲ႔ ထုတ္‌ေျပာလာတယ္။


"အိုး၊ အဲ့လိုမ်ိဳးေတြမလိုပါဘူးကြယ္!"
ခ်ဴးပါးပါးက လက္ေတြရမ္းျပလို႔ အေမာတေကာျငင္းတယ္။ ေနာက္မွ ဗလာခ်ည္းသက္သက္စိုက္ၾကည့္ကာ
"ဘာ?လက္ထပ္ဖို႔?"


"အေဖ၊ အေမ၊ က်ေနာ္ဒါကို စိတ္လိုက္မာန္ပါလုပ္လိုက္တာမဟုတ္ပါဘူး၊ က်ေနာ္တို႔ႏွစ္ေယာက္က ေျခာက္ႏွစ္ေလာက္လည္း အတူရွိခဲ့ၿပီးၿပီ၊ က်န္ရွိတဲ့ဘ၀သက္တမ္းတစ္ေလၽွာက္ကိုလည္း က်ေနာ္သူနဲ႔ပဲ ျဖတ္သန္းခ်င္တာပါ၊ အေမတို႔ လိုက္ေလ်ာေပးမယ္လို႔က်ေနာ္ ေမၽွာ္လင့္ပါတယ္"
ခ်ဴးခ်င္ ဒီစကားေတြေျပာထြက္လာခ်ိန္မွာ သူ႔မ်က္ခမ္းေတြေတာင္အနည္းငယ္စပ္လာ‌တယ္။ သူက ကိုယ့္ေျခေပၚကိုယ္ရပ္နိုင္ေနတာၾကာၿပီဆိုေပမယ့္၊ သူ႔ဟာသူဆုံးျဖတ္လို႔ရတယ္ဆိုေပမယ့္၊ သူ႔မိဘေတြရဲ့ဆုမြန္ဆႏၵကိုလည္း လိုခ်င္ပါေသးတယ္။


"မင္းႀကိဳက္ခ်င္တဲ့သူကို ႀကိဳက္လို႔ရတယ္ေလ ဒါေပမယ့္ ဘာလို႔ေယာက္်ားတစ္ေယာက္လဲ? ဒါက သဘာ၀မွမက်ပဲကို မင္းသိရဲ့လား?''
ခ်ဴးမားမားမ်က္ခုံးေတြက တြန႔္ေခါက္ေနကာ သူမအသက္ျပင္းျပင္းရွူသြင္းလိုက္တယ္။ သူမတစ္ခ်ိန္လုံးစိုးရိမ္ေနရတဲ့ကိစၥက ခုေတာ့တကယ္ႀကီးျဖစ္လာေတာ့ သူမကိုအသက္ရွူဖို႔ေတာင္ခက္ခဲေစသလိုပဲ။


ခ်ဴးပါးပါးကေတာ့ မ်က္လုံးေတြျပဴးက်ယ္သြားကာ အၾကာႀကီးေၾကာင္ၾကည့္ေနၿပီးမွ ေနာက္ဆုံးနားလည္ေတာ့တယ္။ စကားတစ္ခြန္းမွမေျပာပဲ ေကာ္ဖီစားပြဲေအာက္က အံဆြဲကိုဖြင့္လို႔ စီးကရက္တစ္လိပ္ထုတ္လိုက္ကာ တိတ္တဆိတ္မီးညႇိလိုက္တယ္။


"ဘာလို႔မိန္းမေတြက် မႀကိဳက္ရတာလဲ? မင္းငယ္တုန္းက ပုံမွန္ပဲဆိုတာ အေမမွတ္မိတယ္ေလ!"
ခ်ဴးမားမားအတြက္ေတာ့ လက္ခံဖို႔ရာ ခက္ခဲေနတုန္းပင္။


"အေမ၊ အဲ့ဒါက မိန္းမေတြကိုမႀကိဳက္တာလဲမဟုတ္သလို ေယာက္်ားေတြကို ႀကိဳက္တာလဲမဟုတ္ဘူး၊ က်ေနာ္က က်ဳံးယိပင္းကိုပဲႀကိဳက္႐ုံတင္"
ခ်ဴးခ်င္ ‌ေဖ်ာ့ေတာ့စြာေျပာတယ္။ သူက က်ဳံးယိပင္းကိုႀကိဳက္တာ က်ဳံးယိပင္းက ေယာက္်ားတစ္ေယာက္ျဖစ္ေန႐ုံ - အဲ့ေလာက္ပဲ။


ဧည့္ခန္းတစ္ခုလုံးဟာ တိတ္ဆိတ္ျခင္းသို႔က်ေရာက္သြားၿပီး ခ်ဴးပါးပါးရဲ့စီးကရက္ဖြာရွိုက္သံေတြပဲ က်န္ေနခဲ့တယ္။


"က်ေနာ္ မိန္းမတစ္ေယာက္ကိုလက္ထပ္ေတာင္မွ က်ေနာ္ေသခ်ာေပါက္ေပ်ာ္နိုင္မွာမဟုတ္ဘူး၊ အေမ က်ေနာ့္အတြက္ က်ေနာ္ဖ်ားေနခ်ိန္ေဆး႐ုံကို သယ္သြားေပးမယ့္သူ၊ က်ေနာ္အႏၲရာယ္နဲ႔ၾကဳံေနတဲ့ခါ က်ေနာ့္ကိုတြန္းဖယ္ၿပီး ၀င္ခံေပးမယ့္သူ၊ က်ေနာ္လိုအပ္ခ်ိန္ ဖုန္းတစ္ခ်က္ဆက္႐ုံနဲ႔ ခ်က္ခ်င္းက်ေနာ့္ေရွ႕မွာေပၚလာေပးမယ့္သူမ်ိဳး ေနာက္ထပ္အျခားလူရွာမရေတာ့ဘူး...."
ခ်ဴးခ်င္ဟာ ေျဖးေျဖးခ်င္း ေျပာတယ္။ ဒီစကားေတြကို သူျပင္ဆင္ခဲ့တာၾကာၿပီ။ က်ဳံးယိပင္းနဲ႔အတူရွိရတာ သူတကယ္ေပ်ာ္ပါတယ္ ေန႔ရက္တိုင္းဟာ ခ်မ္းသာသုခအတိပင္။ သူ႔မိဘေတြသာ သူ႔ခံစားခ်က္ေတြကို နားလည္ရင္ သူ႔ကိုလည္းနားလည္ပါလိမ့္မယ္။
"ၿပီးေတာ့ က်ေနာ္ေျပာခ်င္တာ ၾကားလို႔ေတာ့ အဆင္ေျပမွာမဟုတ္ဘူး၊ အေမစိတ္ကူးတဲ့မိန္းကေလးေတြအားလုံး တစ္ေယာက္မွ က်ဳံးယိပင္းထက္ပိုအရည္အခ်င္းရွိတာမ်ိဴးမရွိဘူး၊ သူ႔ကိုလက္ထပ္တာက ေနာက္ေနာင္ က်ေနာ္ပိုက္ဆံမရွာနိုင္ေတာ့ဦးေတာ့ ‌တစ္သက္သာလုံး သက္ေသာင့္သက္သာေနသြားနိုင္တယ္"


ဒီစကားက မေလ်ာ္မကန္ေျပာလိုက္မိတာျဖစ္ေပမယ့္လည္း မိဘေတြကိုေတာ့ တကယ္လွုပ္ခတ္သြားေစတဲ့ စကားပင္။ သူတို႔တစ္ခ်ိန္လုံးေျပာေနတာေတြဟာ ကေလးေတြယူရမယ္၊ မိသားစုတစ္ခုနဲ႔ သူ႔ကိုဂ႐ုစိုက္ေပးမယ့္သူတစ္ေယာက္ေယာက္ သူ႔ဘ၀တာအတြက္ လုံျခဳံမွုေပးမယ့္သူတစ္ေယာက္ေယာက္ဆိုၿပီး။ ဒါဆို က်ဳံးယိပင္းလို ခ်မ္းသာတဲ့သူတစ္ေယာက္က ေသခ်ာေပါက္ ခ်ဴးခ်င္ဘ၀အတြက္ အာမခံေပးနိုင္တဲ့သူျဖစ္နိုင္တာပဲေလ။


ခ်ဴးမားမားက သိသိသာသာကို ေျပေလ်ာ့သြားတယ္။ တကယ္ေတာ့ သားသမီးရဲ့စိတ္ခ်မ္းသာမွုကို ဘယ္အေမက မလိုခ်င္ရမွာလဲ။ သူမ က်ဳံးယိပင္းကို အစုန္အဆန္ျပန္ၾကည့္လို႔ သက္ျပင္းေနာက္တစ္ေခါက္ခ်မိပါတယ္။ သူမေမြးထားတာသာ မိန္းကေလးတစ္ေယာက္ျဖစ္လို႔ကေတာ့ သူမခ်က္ခ်င္းကိုေျခပစ္လက္ပစ္သေဘာတူပစ္လိုက္မွာ။ ဒီလိုအ‌ေကာင္းစားသားမက္ေလးက ရွာရခက္ေပသည္မဟုတ္လား။ သိူ႔ေသာ္လည္း သူမေမြးထားသည္က သားတစ္ေယာက္ျဖစ္ေနသည္ကို....


ခ်ဴးခ်င္ကေတာ့ သူ႔အေမရဲ့ အမူအရာကို အေသအခ်ာအကဲခတ္လို႔ေနတယ္။ သူ႔အေမသိပ္ေဒါသမထြက္ေတာ့တာ ျမင္ေတာ့ သူဆက္ေျပာဖို႔လုပ္လိုက္တယ္။ ဒါေပမယ့္ သူ႔ကိုအံ့ဩသြားေစတာက ေထာင့္နားမွာေဆးလိပ္ေသာက္ေနတဲ့ ခ်ဴးပါးပါးက ႐ုတ္တရက္ေျပာလာျခင္းပင္။


"ဒီလိုလုပ္ဖို႔ မင္းအေသအခ်ာဆုံးျဖတ္ၿပီးၿပီလား? ဘာေတြရင္ဆိုင္ရမလဲဆိုတာေရာ သိရဲ့လား?"
ခ်ဴးပါးပါးက ေဆးလိပ္ေသာက္ေနရာမွ ေခါင္းေမာ့လာၿပီး သားျဖစ္သူကိုတည့္တည့္ၾကည့္တယ္။


ခ်ဴးခ်င္ရင္ထဲ ဒိန္းကနဲျဖစ္သြားတယ္။ သူ႔အေဖက မိသားစုေကာင္းေကာင္းကေန ဆင္းသက္လာတဲ့ ေရွးထုံးဆန္တဲ့ ပညာတတ္တစ္ေယာက္ျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာစာသင္လာတာေၾကာင့္ သူ႔အတြက္ဒါကိုလက္ခံဖို႔က အေသအခ်ာကို ခက္ခဲမွာပင္။ သူ႔အေဖေၾကာင့္ ေျခေထာက္အက်ိဳးခံဖို႔ကိုေတာင္ ခ်ဴးခ်င္ေတြးထားၿပီးသား
"က်ေနာ္ဆုံးျဖတ္ၿပီးၿပီ၊ ျပင္ဆင္မွုေတြလည္း လုပ္ထားတယ္ တစ္နိုင္ငံလုံးက media‌ေတြအကုန္ ဒါကိုရွာေတြ႕ၿပီး ေဖာ္ထုတ္လိုက္ေတာင္ က်ေနာ္မေၾကာက္ဘူး"


က်ဳံးယိပင္းက ခ်ဴးခ်င္ကို တိတ္တိတ္ေလး မသိမသာ သူ႔အနားဆြဲတယ္။ ခ်ဴးပါးပါးက ေဒါသထြက္လာၿပီး ထ,ရိုက္ခဲ့သည္ရွိေသာ္ေပါ့..။


ေနာက္တစ္ႀကိမ္ တိတ္ဆိတ္မွု ႀကီးစိုးသြားျပန္တယ္။ ခ်ဴးမားမားက ခင္ပြန္းျဖစ္သူက သားကိုထ,ရိုက္လိုက္မွာလည္း စိုးတာေၾကာင့္ ေလထုကိုေပါ့ပါးသြားေအာင္ေျပာလိုက္တယ္။
"ဒီကိစၥက အရမ္းႀကီး႐ုတ္တရက္ဆန္လြန္း‌တယ္၊ မင္းအေဖနဲ႔ ငါ...."


"မင္းကဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုမွေတာ့ အေဖကမင္းကိုပံ့ပိုးေပးရမွာေပါ့"
ခ်ဴးပါးပါးဟာ ေဆးလိပ္ကိုမီးျငႇိမ္း‌လိုက္ၿပီး ႐ုတ္တရက္ ဒီစကားဆိုလာတယ္။


ခ်ဴးခ်င္မ်က္၀န္းေတြ တျဖည္းျဖည္းျပဴးက်ယ္လာၿပီး သူ႔အေဖဆီကို မယုံနိုင္သလိုလွမ္းၾကည့္တယ္။ ခ်ဴးမားမားကလည္း ဖြင့္ဟေျပာလာတယ္။
"ေဖႀကီး၊ ရွင္ဘာလို႔ ႐ုတ္တရက္ႀကီး အရမ္းနားလည္သြားရတာလဲ?"


"မာ့ခ္ေျပာဖူးတယ္ေလ စီးပြားေရးအေျခခံအုတ္ျမစ္က အထက္ပိုင္းေတြကိုဆုံးျဖတ္ေပးနိုင္တယ္၊ သူတို႔ႏွစ္ေယာက္လုံးက ပိုက္ဆံရွိတာပဲ အသက္ေမြး၀မ္းေၾကာင္းကလည္း ျပႆနာမရွိတာေၾကာင့္ သူတို႔ေကာင္းေကာင္းႀကီး ေနထိုင္ရွင္သန္နိုင္မွာပါ"
ခ်ဴးပါးပါးက အေလးအနက္ေျပာတယ္။
"လီနင္ေျပာသလို အရာရာတိုင္းမွာ ရွုေထာင့္ႏွစ္ဖက္ရွိတယ္၊ ငါတို႔သားက ေယာက္်ားတစ္ေယာက္နဲ႔ေတြ႕တယ္ - မင္းအဆိုးဘက္ကိုခ်ည္းၾကည့္ေနလို႔မရဘူးေလ၊ ေကာင္းက်ိဳးေတြလည္းရွိတာပဲ"


ခ်ဴးခ်င္ဟာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္နဲ႔။ မာ့ခ္လီနင္ဝါဒဆိုတာ ဒီလိုလည္းသုံးလို႔ရတယ္လား?


ခ်ဴးမားမားနဲ႔ ခ်ဴးခ်င္တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ၾကည့္လိုက္ၾကတယ္။ ခ်ဴးပါးပါးကို နားအလည္နိုင္ဆုံးလူႏွစ္ေယာက္ကေတာင္ ဒီလိုျဗဳန္းစားေျပာင္းလဲမွုႀကီးကို က်င့္သားရ‌ဖို႔ခဲယဥ္းေနၾကတယ္။ အလြန္အမင္းကို ေရွးဆန္လြန္းတဲ့ ေရွးရိုးစြဲဝါဒီႀကီးက ဘယ္ေရာက္သြားတာလဲ? သူလည္း က်ဳံးယိပင္းလို အတိတ္ေမ့သြားတာေတာ့ မျဖစ္နိုင္ပါဘူးေနာ္၊ဟူတ္တယ္မလား?


ခ်ဴးပါးပါးကေတာ့ လူႏွစ္ေယာက္ရဲ့ အၾကည့္ေအာက္မွာ ေနရေတာင္ခက္လာတယ္။ သူ ေျခာက္ကပ္ကပ္ေခ်ာင္းဟန႔္လိုက္တယ္။ အမွန္ေျပာရရင္ သူလည္းပထမၾကားၾကားခ်င္းေတာ့ ေရွာ့ခ္ရသြားတာပါပဲ။ အမွန္မဟုတ္ပါေစနဲ႔ဆိုၿပီးလည္း ေတြးခဲ့မိတယ္။ သို႔ေသာ္ ခ်ဴးခ်င္က သူတို႔ရဲ့ေန႔စဥ္အမွုကို စကားလုံးတစ္လုံးခ်င္းေဖာ္ျပခ်ိန္မွာေတာ့ လျပကၡဒိန္ ဆယ့္ႏွစ္လပိုင္း ႏွစ္ဆယ့္ရွစ္ရက္က သူတို႔အိမ္ထဲေရာက္လာတဲ့ က်ဳံးယိပင္းအျပဳအမူေတြကို ျပန္ေတြးၾကည့္မိတယ္၊ ေနာက္ၿပီး သူသိလိုက္တယ္ အေတာ္ဆုံးေခၽြးမဆိုရင္ေတာင္ သူ႔ကိုေက်ာ္နိုင္မွာမဟုတ္ဘူးဆိုတာ....။


"အရင္ကလိုဆို ငါလည္းဒါကို ေသခ်ာေပါက္လက္ခံေပးနိုင္မွာမဟုတ္ဘူး၊ ဒါမယ့္ ဒီႏွစ္ေက်ာင္းမွာ အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့တယ္..."
ခ်ဴးပါးပါးက ဒီအေၾကာင္းေျပာရင္း ေနာက္ထပ္ေဆးလိပ္တစ္လိပ္ကို ယူလို႔မီးညႇိျပန္တယ္။


ခ်ဴးပါးပါးဟာ ျပည္တြင္းကအေကာင္းဆုံးစီနီယာအထက္တန္းေက်ာင္းတစ္ေက်ာင္းမွာ ဆရာတစ္ေယာက္ျဖစ္တယ္။ တစ္ခ်ိန္တည္းမွာလည္း ေက်ာင္းသားေတြရဲ့စည္းကမ္းပိုင္းဆိုင္ရာ႐ုံးမွာလည္း အႀကီးအကဲတစ္ဦးျဖစ္ကာ ေက်ာင္းစည္းကမ္း‌ေဖာက္ဖ်က္တဲ့ေက်ာင္းသားမ်ားကို သြန္သင္ဆုံးမရတဲ့တာ၀န္ရွိသူလည္းျဖစ္ေလတယ္။


ဒီစာသင္ႏွစ္စၿပီး မၾကာခင္ကပဲ မေသးငယ္လွတဲ့အနိုင္က်င့္ျပႆနာတစ္ရပ္ ေက်ာင္းမွာျဖစ္ခဲ့တယ္။ ေက်ာင့္ယန္းလို႔ေခၚတဲ့ စာေတာ္သူေက်ာင္းသားတစ္ဦးဟာ ႐ုတ္တရက္လူတစ္စုရဲ့ ၀န္းရံျခင္းခံလိုက္ရၿပီး အနိုင္က်င့္ခံရတာပင္။ ျဖစ္ခ်င္ေတာ့ ထိုအျဖစ္အပ်က္ကို ခ်ဴးပါးပါးက ျမင္လိုက္တယ္။


"မင္းတို႔ဘာလုပ္ေနၾကတာလဲ!"
ခ်ဴးပါးပါး ေအာ္ဟစ္လိုက္ေတာ့ ထိုေကာင္ေလးေတြကခ်က္ခ်င္းပဲ ဘက္ေပါင္းစုံဆီ ထြက္ေျပးကုန္တယ္။ သူ႔လက္နဲ႔တစ္ေယာက္ကို ဖမ္းဆြဲထားလိုက္ေတာ့ ထိုသူမွာမေျပးရဲေတာ့ပဲ က်န္သူေတြမွာ ထြက္ေျပးကုန္ေတာ့တယ္။


ေထာင့္နားမွာ ကုပ္ကုပ္ကေလးေနေနတဲ့ ေကာင္ေလးကေတာ့ ႏွာေခါင္းေသြးေတြယိုတဲ့အထိကို အထိုးႀကိတ္ခံထားရတယ္။ သူကေခါင္းေမာ့လာၿပီး အႀကီးအကဲျဖစ္သူထံ မဝံ့မရဲၾကည့္ရွာတယ္။


"ဆရာ ‌သူကေက်ာင့္ယန္းပါ၊ သူက လိင္တူႀကိဳက္ၿပီး က်ေနာ္တို႔အတန္းေဖာ္ကို ေႏွာင့္ယွက္လို႔ ရပ္တန္းကရပ္ဖို႔ ဆုံးမေပးလိုက္ခ်င္႐ုံပါ"
ခ်ဴးပါးပါးလက္ထဲက ေကာင္ေလးက ေခါင္းေထာင္လို႔ေျပာလာတယ္။


ေက်ာင့္ယန္းက ဒီစကားၾကားေတာ့ မေနနိုင္ပဲ ခြန္းတုံ႔ျပန္လာတယ္။
"က်ေနာ္သူ႔ကို မေႏွာင္ယွက္ပါဘူး၊ က်ေနာ္က ေယာက္်ားေလးေတြႀကိဳက္တာလို႔ပဲေျပာတာကို သူကသူ႔ကိုႀကိဳက္ေနပါတယ္ဆိုၿပီးေလၽွာက္ေျပာတာ၊ ခု‌တစ္ခန္းလုံးက က်ေနာ့္ကိုမေခၚေတာ့ဘူး..."


သူက ေယာက္်ားေတြကိုသေဘာက်တယ္ဆိုတာ သူ႔ကိုယ္သူ သိသြားခ်ိန္မွာ ထိတ္လန႔္တုန္လွုပ္ခဲ့တယ္။ အဲ့ေတာ့ သူလည္းမေနနိုင္ပဲ သူ႔ရဲ့ညီအကိုေကာင္းေတြကိုေျပာျပရာမွ ေနာက္ဆုံးက် ညီအကိုေကာင္းေတြက သူတို႔ကိုယ္သူတို႔အထင္ႀကီးလို႔ အားလုံးသိေအာင္လုပ္ပစ္တယ္ေလ။ သူတို႔ေျပာတာက ေက်ာင့္ယန္းက ေယာက္်ားေတြကိုႀကိဳက္ၿပီး သူ႔ကိုေတာင္ခ်စ္ေရးဆိုပါတယ္ဆိုၿပီး - သူတို႔တကယ္ကို ရက္စက္တာပဲ။


အဲ့အခ်ိန္တုန္းက ခ်ဴးပါးပါးတကယ္ ထိတ္လန္႔အံ့ဩသြားတယ္။ မိုက္မဲတဲ့လူငယ္ေတြရဲ့မလိုမုန္းထားစိတ္က တယ္ကို ေၾကာက္ဖို႔ေကာင္းသကိုး။


"ေနာက္က်ေတာ့ေရာ?"
ခ်ဴးမားမားက နားေထာင္ရင္း စိတ္တိုခ်င္လာတယ္။ ခ်ဴးခ်င္ငယ္ငယ္တုန္းကဆိုလည္း သူကပိန္ပိန္ပါးပါးဆိုေတာ့ လူေကာင္ႀကီးတဲ့ေက်ာင္းသားေတြဆီက အျမဲအနိုင္က်င့္ခံရတယ္။ ဒီလိုအတန္းေဖာ္ကို အနိုင္က်င့္တဲ့ ဒီလိုကေလးမ်ိဳးေတြကို သူမတကယ္မုန္းပါတယ္။


အဲ့ေနာက္ေတာ့ ေကာင္ေလးကို ဝိုင္းရိုက္ႏွက္ၾကတဲ့ ေက်ာင္းသားေတြအားလုံးကို ခ်ဴးပါးပါးရွာေတြ႕ခဲ့ပါတယ္ - အကုန္လုံးက အျပစ္ႀကီးႀကီးမားမား အဖုံဖုံမွတ္တမ္းရွိၾကသူေတြခ်ည္းျဖစ္ကာ ေခါင္းေဆာင္တဲ့တစ္ဦးကေတာ့ ေက်ာင့္ယန္းက လိင္တူႀကိဳက္တဲ့အေၾကာင္းဖြတဲ့ေက်ာင္းသားျဖစ္တာေၾကာင့္ ေက်ာင္းကေနရပ္နားလိုက္ၿပီး ပိတ္ရက္မွသာေက်ာင္းမွာေနခြင့္ျပဳလိုက္ေတာ့တယ္။


"ေက်ာင္းစည္းကမ္းေတြထဲမွာ ‌ေယာက္်ားေလးေတြအေနနဲ႔ ေယာက္်ားေလးေတြကို မႀကိဳက္ရဘူးလို႔ေတာ့ေျပာမထားဘူး၊ ဒါေပမယ့္ သူတစ္ပါးကို အနိုင္က်င့္ရိုက္ႏွက္တာေတြကိုေတာ့ ခြင့္ျပဳမထားဘူး!"
မေက်မနပ္ျဖစ္ေနတဲ့ မိဘေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာေတာ့ ခ်ဴးပါးပါးဟာ ရဲရင့္လို႔ ယုံၾကည္ခ်က္ရွိပါသည္။ ေက်ာင္းအုပ္ႀကီးကလည္း ခ်ဴးပါးပါးရဲ့ျပႆနာကိုင္တြယ္ပုံကို အားေပးေထာက္ပံ့ေလတယ္။


"က်ေနာ္တို႔ ေက်ာင္းသားေတြအေပၚကို ဘက္လိုက္ၿပီး ေကာလဟာလေတြျဖန႔္တာ အတန္းေဖာ္ေတြကိုအနိုင္က်င့္တာကို လႊတ္ေပးလိုက္ရင္ က်ေနာ္ကလူ႔အသိုင္းအဝိုင္းကို ဆြဲခ်သလိုျဖစ္ေနၿပီး ေက်ာင္းသားမိဘေတြကလည္း က်ေနာ့္အေပၚထားတဲ့ယုံၾကည္ခ်င္ေတြကို အလြဲသုံးစားလုပ္မိသလို ျဖစ္သြားမယ္!"
ေက်ာင္းအုပ္ႀကီးက မိဘေတြနဲ႔ေတြ႕ဆုံပြဲမွာ ေျပာတယ္။
"တစ္ပါးသူရဲ့ေရြးခ်ယ္မွုဟာ အနိုင္က်င့္ဖို႔ အေၾကာင္းအရင္းမဟုတ္ဘူး!"


"ဒီလမ္းက တကယ္ကို ခက္ခဲၾကမ္းတမ္းတယ္၊ ကေလးေတြ မင္းတို႔တကယ္ကို ဖိအားအမ်ားႀကီးရင္ဆိုင္ရမွာ၊ မိသားစုဆိုတာႀကီးကို မင္းအတြက္၀န္ထုပ္၀န္ပိုးမျဖစ္ေစခ်င္ဘူး၊ အေဖတစ္ေယာက္ဆိုတာ မင္းအတြက္ကာကြယ္ေပး႐ုံပဲ ထိခိုက္ေစတာမ်ိဳးမျဖစ္‌ေစရဘူး''
ခ်ဴးပါးပါး ေနာက္ဆုံး သက္ျပင္းခ်လိုက္တယ္။


ခ်ဴးမားမားကေတာ့ မ်က္ရည္ေတြေတာင္ က်ေနၿပီ။ ဘယ္မိဘကမ်ား သားသမီးကို ေကာင္းေကာင္းမေနေစခ်င္ရမွာလဲ? သူတို႔အေနနဲ႔ သူ႔သားေယာက္်ားေလးတစ္ေယာက္နဲ႔ႀကိဳက္တာကို ဆန႔္က်င္ေနရတဲ့အေၾကာင္းကလည္း ဒီလမ္းက တအားခက္ခဲၾကမ္းတမ္းလို႔ပင္။ ဒါေပမယ့္ သူမရဲ့ခင္ပြန္း ေရွးရိုးစြဲသူႀကီးကေတာင္ ဒီလိုမ်ိဳးေတြးေနမွေတာ့ သူမကဘာေျပာစရာလိုဦးမွာလဲ။


"အေဖ..."
ခ်ဴးခ်င္ မ်က္၀န္းေတြဟာ ရဲတြတ္လို႔ေနၿပီ။ သူစကားလည္း မေျပာနိုင္၊ တစ္ခုခုက သူ႔လည္ေခ်ာင္းမွာ လာတစ္ေနသလိုပဲ။


"အေဖ၊ ေက်းဇူးတင္ပါတယ္ဗ်! က်ေနာ္ခ်ဴးခ်င္ကို တစ္သက္လုံးစာ ေစာင့္ေရွာက္မွာပါ!"
က်ဳံးယိပင္းဟာ ပထမဆုံးအသိျပန္၀င္လာသူ‌ျဖစ္ၿပီး ခ်က္ခ်င္း ကတိက၀တ္ျပဳလိုက္တယ္။ ခ်ဴးပါးပါး ေျပာၿပီးမွေနာင္တရသြားမည္လည္း စိုးသည္ေၾကာင့္ သူခ်ဴးခ်င္ကိုအျမန္ဆြဲကာ လူႀကီးႏွစ္ေယာက္ကို အရိုအေသျပဳလိုက္တယ္။


ခ်ဴးခ်င္ကလည္း က်ဳံးယိပင္းကို ဆြဲလို႔ လူႀကီးႏွစ္ေယာက္ကို ဒူးေထာက္ကာ ကန္ေတာ့လိုက္တယ္။


မိဘေတြကေန သူတို႔ကိုအိပ္ေတာ့ဆိုၿပီး အခန္းထဲပို႔လိုက္ၿပီးတာေတာင္ ခ်ဴးခ်င္ဟာငိုေနတုန္းပင္။ က်ဳံးယိပင္းႏွလုံးသားေလးဟာ အတိုင္းမသိနာက်င္လို႔ေနၿပီ။ ခ်ဴးခ်င္ကို ရင္ခြင္ထဲထုပ္ထားၿပီး မ်က္ႏွာကိုလည္း အနမ္းမိုးေတြရြာသြန္းလိုက္တယ္။
"ေဘဘီကလည္း မငိုနဲ႔ေတာ့ေလ၊ အေဖေရာ အေမေရာ သေဘာတူေနၿပီပဲ"


"ငါျပင္ထားတဲ့ စာသားေတြ အကုန္ေတာင္မေျပာလိုက္‌ရ‌ေသးဘူး boo hoo..."
ခ်ဴးခ်င္ဟာ တရွုံ႔ရွုံ႔နဲ႔ ရွိုက္ငိုေနေလရဲ့။ သူ luggageထဲက အိတ္တစ္အိတ္ကို ထုတ္လိုက္တယ္ အထဲမွာက သူျပင္ထားေပမယ့္ သုံးေတာင္မသုံးလိုက္ရတဲ့ အရာေတြ။


က်ဳံးယိပင္း အိတ္ကိုယူၿပီး ၾကည့္ၾကည့္တယ္။ ယြီထန္မိသားစုလက္ေအာက္ကေဆး႐ုံကေန 'မ်ိဳးမပြားနိုင္ေၾကာင္းေဆးစစ္ခ်က္စာအုပ္'တဲ့၊ ပိုင္ဆိုင္မွုအေထာက္အထားေတြနဲ႔၊ ေသြးလွည့္ပတ္မွုအတြက္ plasterေတြ(T/n : ေယာင္ယမ္းတာေတြ အနာေတြကပ္ရတာေနမွာ ကိုယ္ေတာ့ ဒဏ္ေၾကလိမ္းေဆးေလာက္ပဲသိတယ္)


"ဒီ plasterေတြက ဘာအတြက္လဲ?"
က်ဳံးယိပင္း အရမ္းကိုသိခ်င္ေနပါတယ္ ။


"အေဖ့ဆီက အရိုက္ခံရၿပီးရင္ ကပ္မလို႔"
ခ်ဴးခ်င္ ေျပာရတာ နည္းနည္းေတာ့ ရွက္ပါတယ္။


က်ဳံးယိပင္း "....."


_________________________________________


small theaterကပါေပမယ့္ slangေတြလားမသိ ရွာမေတြ႕‌ေသးသည္ေၾကာင့္ ဒီတိုင္းအရင္တင္လိုက္ပါတယ္


ေဆးစစ္ခ်က္အေၾကာင္းက ယူတို႔နားလည္ၾကမယ္ထင္လို႔ မရွင္းလိုက္တာပါ၊ ခ်ဴးခ်င္က မိန္းမမယူခ်င္လို႔ သူျမဳံေနပါတယ္ဆိုၿပီး သက္ေသယူလာတာျဖစ္ပါတယ္၊ ေဆး႐ုံကလည္း ယြီထန္လက္ေအာက္ကေဆး႐ုံတဲ့၊ အဲ့ေတာ့ လိမ္စဥ္ႀကီးပဲျဖစ္မွာေပါ့၊ ကဲဒီ့ထက္ပိုမရွင္းတတ္ေတာ့၊ အားပင္းနဲ႔ေပါင္းၿပီး ဗေလာင္းဗလဲျဖစ္လာတဲ့ ခ်င္ခ်င္ရယ္ပါေလ။
_________________________________________

Comment