အခန်း ၁၀(၂)

Page 233-238

Page-233

ဖုန်းကျို ခုနလေးက သုံဟွာထိုင်နေတဲ့သလွန်ပေါ်မှာပဲ ထိုင်လို့နေတယ်။ သူမရဲ့ညာဘက်လက်လေးကို သလွန်ဘေးဘောင်ကိုမှီရင်း သီကျွင်းရဲ့ခေါင်းအလေးချိန်ကို သည်းခံနေရတယ်။ ပြောရရင် သုံဟွာ သူမရဲ့အဖိုးတန်ပေါင်လေးပေါ်မှာ ခေါင်းအုန်းနားနေတာလေ။ အရာအားလုံး ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲ? နေ့တစ်ဝက်လောက်ကြာအောင် ခြစ်ကုတ်စဉ်းစားနေတာတောင် သူမ စဉ်းစားလို့မရဘူး။

ဖြစ်ပုံက....လက်ဖက်ရည်ခွက်တစ်ဝက်စာအချိန်တွင်းမှာပဲ သုံဟွာရဲ့လှည့်စားခြင်းကို သူမ ကြင်နာမှုနဲ့တုံ့ပြန်ခဲ့တယ်။ ထို့နောက် သူ့လက်မောင်းကို ပတ်တီးစည်းပေးပြီး နှုတ်ဆက်စကားပြောကာ သူမရဲ့အရေးကြီးကိစ္စအတွက် ထွက်လာခဲ့လိုက်တယ်။ ဒီတစ်ခါတော့ သုံဟွာ သူမကိုဆွဲမထားခဲ့ပါဘူး(ဘယ်ဆွဲထားမလဲ ဖုန်းကျိုထွက်သွားလို့မှမရတော့တာ😂) သူမ မှတ်ထားတဲ့အပြန်လမ်းလေးအတိုင်း လျှောက်လာခဲ့ပေမယ့် သူမအစကဒီအောက်ကို ပြုတ်ကျလာခဲ့တဲ့နေရာကို ရှာလို့မတွေ့ခဲ့ဘူး။ သုံဟွာ ဒီကိစ္စနဲ့တစ်ခုခုပတ်သက်နေလိမ့်မယ်လို့ နားလည်လိုက်တဲ့အချိန်မှာ သူမရဲ့အမြော်အမြင်ကြီးမှုက လိုအပ်တဲ့ချိန်မှာအသုံးဝင်သားပဲဆိုပြီးတောင် တွေးမိလိုက်သေးတယ်။ ဒါနဲ့ပဲ သူ့ကိုရှာဖို့ အလောတကြီးပြန်လှည့်ခဲ့တယ်လေ။ သူမ အနားယူနေတဲ့အရှင်မင်းမြတ်ရဲ့အနားကို မရောက်ခင်မှာပဲ သူ သူမကိုပြောလိုက်တယ် "ငါမင်းကိုပြောဖို့မေ့နေတာ ဟိုနတ်ဆိုးသေသွားပြီး နောက်ဆယ့်နှစ်နာရီကြာတဲ့ထိ ဒီနေရာကအလိုလိုပိတ်နေမှာ မင်းထွက်သွားလို့ရမှာမဟုတ်လောက်ဘူး"

ဖုန်းကျို စိတ်ရှုပ်ထွေးစွာရပ်နေတဲ့အချိန်မှာပဲ သုံဟွာဆက်ပြောတယ် "တစ်ခုခုအရေးကြီးတာ သွားစရာရှိလို့လား"

သူမ ကြေကွဲဝမ်းနည်းစွာနဲ့ဖြေလိုက်တယ် "ကျွန်မ ရှောင်ရန်နဲ့ချိန်းထားတာရှိတယ်.." Jieyou စမ်းချောင်းကိုသွားပြီး Sahaသီး သွားခိုးမလို့ ဆိုပြီးဆက်ပြောမိတော့မယ့်အချိန်မှာ ချက်ချင်း သူမကိုယ်သူမ ထိန်းလိုက်ပြီး တခြားဟာပြောင်းပြောခဲ့တယ် "...တစ်ခုခုလုပ်ဖို့"

Page-234

ခုနလေးတင်ကပဲ သူမ သုံဟွာအပေါ် အရမ်းကြင်နာလွန်းနေတယ်ဆိုပြီး တွေးနေတာ။ ခုတော့ အဲ့ကြင်နာမှုက ကံကောင်းမှုတစ်ခု ဖြစ်သွားခဲ့တယ်။ သူ့ရဲ့လှည့်စားမှုအတွက် လက်စားချေဖို့ သူ့ဒဏ်ရာကို အခွင့်ကောင်းမယူတဲ့အပြင် အဲ့ဒဏ်ရာကိုတောင် ပတ်တီးစည်းပေးခဲ့သေးတာလေ။ ခြေလှမ်းအနည်းငယ်နဲ့ သူမ သုံဟွာဆီကိုပြေးသွားပြီး သူမရဲ့ကြင်နာမှုကိုပြတဲ့အနေနဲ့ သူ့လက်မောင်းကိုမြှောက်ကာ အလေးအနက်စိတ်ပူပန်နေတဲ့ပုံစံနဲ့ မေးလိုက်တယ် "အရှင်သီကျွင်း ကျွန်မ ရှင့်ရဲ့ဒဏ်ရာကို သေသေချာချာစည်းပေးထားတယ်လို့ မထင်ဘူးလား ဒီတစ်ခါ..ကျွန်မကို ကျေးဇူးကြွေးတင်သွားပြီး အဲ့တာကိုပြန်ဆပ်သင့်တယ်လို့မထင်ဘူးလားဟင်"

သုံဟွာ သူမကို စိုက်ကြည့်နေခဲ့တယ် "ဒီပတ်တီးလေးစည်းပေးတာ ဘာမြန်းထူးခြားလို့လဲ ငါ့ကိုဘယ်လိုမျိုး ကျေးဇူးကြွေး ပြန်ဆပ်စေချင်လို့တုန်း"

ဖုန်းကျို သူ့လက်မောင်းကို ပိုတင်းတင်းဆုပ်ကိုင်လိုက်တယ် "ဒါက လွယ်လွယ်လေးပါ ကျွန်မ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ကိစ္စလေး သွားစရာရှိတယ် ဒီနေရာက ကျွန်မလိုအစွမ်းနည်းတဲ့နတ်ငယ်လေးတစ်ယောက်ကို ပိတ်လှောင်ထားနိုင်ပေမယ့် ရှင့်လိုစွမ်းအားကြီးတဲ့သူတစ်ယောက်ကတော့ သေချာပေါက်ထွက်နိုင်မှာပါ ဒီထဲကနေ ကျွန်မကိုထွက်သွားဖို့ကူညီပေးမယ်ဆိုရင် ရှင်ကျွန်မကို Fanyin တောင်ကြားထဲမှာ ခြောက်လလောက်ကြာအောင် ပစ်ထားခဲ့တာရော လက်ကိုင်ပုဝါအဖြစ် ဟန်ဆောင်နေခဲ့တဲ့အချိန်ရောကို ကျွန်မမေ့ပစ်ပေးမယ် ဘယ်လိုလဲ"

သုံဟွာ သူ့ရဲ့စူးရှတဲ့အကြည့်တွေနဲ့ သူမလေးကို စိုက်ကြည့်လို့နေဆဲပဲ "မင်း ငါ့အပေါ် အရမ်းကိုကြီးမားတဲ့အငြိုးတွေရှိနေတယ်လို့ ငါဘာဖြစ်လို့ ခံစားမိနေတာပါလိမ့်"

ဒီလိုအရေးကြီးတဲ့အချိန်မှာ သူမဘယ်လိုလုပ် စိတ်ရှည်နိုင်မလဲလေ။ သုံဟွာရဲ့ အကြာကြီးစိုက်ကြည့်နေမှုက သူမကိုပျင်းစရာကောင်းစေတယ်ဆိုရင်တောင် စိတ်အနှောင့်အယှက်တော့ လုံးဝမဖြစ်ခဲ့ဘူး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သူမ အတတ်နိုင်ဆုံးစိတ်အရင်းခံတိုင်း ပြန်ပြောခဲ့တယ်။ သုံဟွာ ဘာမှပြန်မပြောလာတော့ သူမရပ်ထားတဲ့စကားကိုပဲ ဆက်ပြောတယ် "ဒါက ရှင်အမြဲတမ်း ကျွန်မကိုစိတ်အနှောင့်အယှက်ပေးနေတာကိုး"

"အဲ့တာဆို ရန်ချီဝူကရော" သုံဟွာမေးတာ သူမကြားလိုက်တယ်။

ရှောင်ရန်ကတော့ အတော်တုံးတယ်လို့ သူမစိတ်ထဲမှာ တိတ်တိတ်လေးတွေးလိုက်တယ်။ သူမ သူ့(ရှောင်ရန်)ကို အနိုင်မကျင့်တာပဲ ကံကောင်း။ ရှောင်ရန်သာ သူမကိုအနိုင်ကျင့်ရဲတယ်ဆိုရင် ဒါဟာ ကောင်းကင်နဲ့မြေကြီး စတင်ဖြစ်တည်လာကတည်းက ခုထိတိုင်အောင် အကြီးမားဆုံးသောအံ့သြဖွယ်ရာဖြစ်ရပ်ကြီးပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူက နတ်ဆိုးတွေရဲ့ဘုရင်ပဲလေ။ သူငယ်ချင်းအချင်းချင်း သူ့ကိုအရှက်မခွဲသင့်ပါဘူး "ရှောင်ရန်လား အာ..သူအရမ်းကောင်းပါတယ်" ဖုန်းကျို မရေမရာဖြေလိုက်လေတယ်။

Page-235

ဒါပေမယ့် ဒီလိုမရေမရာအဖြေမျိုးက အလွန်ဆုံးမှ ဖြေရတာစိတ်မပါဘူးလို့ပဲထင်စရာရှိတာလေ။ တခြားဘာအဓိပ္ပာယ်မှ တွေးမိစရာအကြောင်းမရှိဘူး။ သုံဟွာ ဘာမှပြန်မပြောတော့ဘဲ အနားယူဖို့မျက်စိမှတ်လိုက်တဲ့အချိန်မှာ ဖုန်းကျို သူမ စကားအကြောင်းအရာ ပြောင်းလိုက်နိုင်ခဲ့တယ်လို့ ကိုယ့်ဘာသာကိုယ်တွေးမိလိုက်လေရဲ့။ သူမ အလျင်အမြန်နဲ့ လက်ရှိအခြေအနေကို ဆက်ပြောပြန်တယ် "ကျွန်မ အငြိုးထားတယ် မထားဘူးဆိုတာခဏထားပါ ရှင့်ရဲ့အတွေးက ကျွန်မကို ကယ်မှာလား? မကယ်ဘူးလား?"

သုံဟွာ မျက်လုံးတောင်ပြန်မဖွင့်ခဲ့ဘူး။ သူ့ရဲ့ရှည်လျားတဲ့ မျက်တောင်တွေက အရိပ်တောင်ကျလို့နေတယ်။ ခဏလောက်ကြာတော့ သူ ပြန်ပြောလိုက်ပါတယ် "မင်း ရန်ချီဝူကိုသွားတွေ့ဖို့ ငါကဘာလို့ကူညီရမှာလဲ" (အေးပေါ့နော်..ရန်ချီဝူကျကောင်းတယ်ပြောပြီး သူ့ကျ အမြဲစိတ်အနှောင့်ယှက် ပေးတယ်ပြောတာကိုး စိတ်ကောက်တာပေါ့လို့😆)

သူသူမနဲ့ စကားများချင်နေတာသေချာပါတယ်။ ဒါပေမယ့် သူမသိတယ် သုံဟွာက မာကျောခက်ထန်ခြင်းထက် ယဉ်းကျေးသိမ်မွေ့မှုကိုပဲ သဘောကျလေ့ရှိတာ။ သူမရဲ့ဒေါသကိုချုပ်တည်းလိုက်ပြီး ချိုချိုသာသာပဲစကားဆိုခဲ့တယ် "ကျွန်မတို့ကမိတ်ဆွေတွေမလို့ ကျွန်မရှင့်ကိုကူညီခဲ့တယ် အဲ့တော့ ရှင်လည်းကျွန်မကို ပြန်အကူအညီပေးသင့်တယ်လေ ဒါ မြင့်မြတ်တဲ့ကျင့်ဝတ်ထုံးတမ်းပဲ" သူမဒီလောက်ထိယဉ်ကျေးချိုသာစွာပြောနေတာတောင် သူ သူ့ရဲ့မျက်နှာပြောင်တဲ့အကျင့်အတိုင်း 'ငါဒီနေ့ မြင့်မြတ်တယ်လို့မခံစားရလို့ မကူညီချင်ဘူး'ဆိုပြီး ပြန်ပြောလာခဲ့ရင်တော့ သူမ ပြဿနာရှာအော်ဟစ်ရတော့မှပဲ။ သို့သော် မမျှော်လင့်စွာနဲ့ သုံဟွာ မျက်လုံးဖွင့်လာပြီး သူမကိုစိုက်ကြည့်ကာ ခပ်ပြတ်ပြတ်ပဲပြောလာလေတယ် "ငါမင်းကို ဒီနေရာကနေခေါ်ထုတ်သွားဖို့ နည်းလမ်းမရှိဘူး မင်းနဲ့ရန်ချီဝူရဲ့ချိန်းဆိုထားမှုက ဘယ်လောက်ပဲအရေးကြီးကြီး နောက်ဆယ့်နှစ်နာရီထိတော့မင်းစောင့်ရမှာပဲ"

ဖုန်းကျိုရဲ့ခေါင်း ပေါက်ထွက်သွားသလိုပါပဲ "အဲ့တာဆိုရင် ကျွန်မ..ချိန်းဆိုမှုကိုလက်သေချာပေါက် လွတ်သွားတော့မှာပေါ့" သူမ သုံဟွာရဲ့အနန္တတန်းခိုးစွမ်းအားတွေအပေါ်မှာ မျှော်လင့်ချက်အားလုံးထားခဲ့တာ။ ဒီနေရာမှာပိတ်မိပြီး Saha သီးခိုးရမယ့်အချိန်ကို ဖြုန်းနေရလိမ့်မယ်လို့ တကယ်ကိုမထင်ခဲ့မိတာပါ။ သုံဟွာ့ပုံစံက နောက်ပြီးပြောနေတဲ့ပုံနဲ့တော့မတူဘူး။ အဲ့ဒီနောက် သူလည်း ဘာမှဆက်မပြောတော့ဘူး။

ဖုန်းကျို အကြံအိုက်စွာထိုင်နေမိတော့တယ်လေ။ အပေါ်ကိုမော့ကြည့်လိုက်တော့ ကောင်းကင်ကြီးမှာ လရိပ်လရောင်တောင်မရှိတော့ဘူး။ လေတွေတိုက်တိုင်း သစ်တောကြီးတစ်ခုလုံး တရှဲရှဲမြည်နေတယ်။ သူမ ဒီနေ့အခွင့်အရေးကိုလက်လွှတ်လိုက်ရမယ်ဆိုရင် နောက်လ ဧပရယ် ၁၅ ရက်နေ့အထိ တစ်လလုံးလုံးကြီးတောင်စောင့်ရမှာ။ မောပန်းစွာနဲ့ သူမ သလွန်လေးပေါ်ကဆင်းပြီး မြေပြင်ပေါ်မှာပဲ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။ ထိုအချိန်မှာပဲ ကြယ်အနည်းငယ်နဲ့ မှိန်မှိန်လေးလင်းလက်နေတဲ့ကောင်းကင်ကြီးဆီမှ ရုတ်တရက် မိုးတွေရွာကျလာခဲ့တယ်။ ဖုန်းကျိုလန့်သွားကာ သလွန်ပေါ်ပြန်ခုန်တက်လိုက်တယ်။ အဆက်မပြတ်ကျနေတဲ့ပုလဲလုံးတွေလို မိုးသီးမိုးပေါက်တွေဟာ တောအုပ်တစ်ခုလုံး တလဟောကိုကျဆင်းလျက်ရှိတယ်။ မသိရင် ဒီလိုမှောင်မိုက်တဲ့ညမှာ ကောက်ကျစ်တဲ့လက်တစ်ဖက်က ကောင်းကင်ဘုံစမ်းချောင်းကရေတွေကို တည့်တည့်သွန်ချနေသလိုပဲ။ သလွန်လေးတစ်နေရာပဲ မိုးစိုမှုကလွတ်တဲ့ ခြောက်သွေ့တဲ့နေရာလေးဖြစ်နေခဲ့တယ်။

သူမကြားဖူးတာက စွမ်းအားကြီးတဲ့နတ်ဆိုးတွေသေရင် တစ်ခါတစ်ရံ သူတို့ရဲ့ပျံ့လွင့်နေတဲ့မကောင်းတဲ့စွမ်းအင်က လေထဲမှာတစ်ဖန်ပြန်စုဖို့ လွယ်ကူတယ်တဲ့။ အဲ့တာကြောင့် ထိုစွမ်းအင်တွေကို ၄၉နာရီကြာအောင် မိုးရေနဲ့ သန့်စင်ပေးဖို့လိုတယ်။ ဒီလိုမှသာ ရှင်းလင်းသုတ်သင်မှုက အမြစ်နိုင်တာ။ ဒါဆို..ဒီမိုးကို သုံဟွာဆင့်ခေါ်လိုက်တာပဲဖြစ်ရမယ်။

Page-236

ညမိုးက အောက်မေ့တမ်းတမှုတွေကို အမြဲဆောင်းကျဉ်းလာလေ့ရှိတာမလား။ 'မီးအိမ်လေးဘေးကအတွေးပေါင်းများစွာ...ညအခါ မိုးရေစက်တွေက ဝမ်းနည်းပူဆွေးမှုကို ခေါ်ဆောင်လာတယ်' စတဲ့ စကားတွေရှိတယ်လေ။ အခုလည်း မိုးက ဖုန်းကျိုရဲ့ဝမ်းနည်းမှုကို မြင့်တက်လာစေတယ်။ သုံဟွာ့ပုံစံက အကြောင်းမဲ့သက်သက် အပန်းဖြေလဲလျောင်းနေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ သူ Miao Luo ရဲ့ ပျံ့လွင့်နေတဲ့စွမ်းအင်တွေကို ဆေးကြောဖယ်ရှားဖို့ မိုးရေကိုအသုံးပြုနေတယ်ဆိုတာ သူမသိတယ်။ ဒါ့ကြောင့်လည်း သူဒီမှာခဏတာပိတ်မိနေမှာကြိုသိပြီး နွေးနွေးထွေးထွေးအနားယူနိုင်ဖို့ ခုလိုသလွန်လေးကိုဖန်တီးခဲ့တာပဲ။ ဒါပေါ့ သုံဟွာက အမြဲစေ့စပ်သေချာလေ့ရှိသူတစ်ယောက်ပဲဟာ။

နောက်ဆုံးတော့ ဖုန်းကျိုတစ်ယောက် အိပ်ရာပေါ်မှာ မှုန်သုန်စွာထိုင်ရင်း ဒီမိုးကြောင့် သူမရဲ့ကံကောင်းမှုကြီးကို ဆုံးရှုံးလိုက်ရပြီဆိုတာ လက်ခံလိုက်ပါတော့တယ်။ ဒီည Saha သီးရဲ့ပိုင်ရှင် သူမဖြစ်မှာလုံးဝသေချာနေခဲ့တာ။ သို့သော် အခြေအနေတွေက ဒီလိုဖြစ်သွားပြီ။ ကံကြမ္မာဆိုတာ တကယ်မှန်းရခက်တာပဲ။ ရှောင်ရန်ကို သူမ မနည်းဆွဲခေါ်ထားရတာ။ နောက်လလပြည့်နေ့ကျရင် ထပ်ခိုးဖို့ သူစိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ? အတွေးနဲ့တင် သူမ ခေါင်းကိုက်လာတယ်။

ဖုန်းကျို ရှောင်ရန်ကိုရှင်းပြဖို့ ဖြစ်နိုင်သမျှအကြောင်းပြချက်တွေကို ထိုင်စဉ်းစားလို့နေတယ်။ သူ့ကိုအမှန်တိုင်းပြောလို့တော့ မဖြစ်ဘူး။ သူ သုံဟွာ့ကိုအရမ်းမုန်းတာလေ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ကိုယ်စား သုံဟွာ့ကိုဓားနဲ့ထိုးပေးရမယ့်အစား ကယ်တင်ဖို့အတွက်တောင် သူမ ကျန်ရစ်ခဲ့တာ။ ဒါ သူမတို့ခင်မင်ရင်းနှီးမှုကို သစ္စာဖောက်တာပဲ။ အာ..! သူမ တောင်ကြားရဲ့တားမြစ်နယ်မြေတစ်ခုကို ပြုတ်ကျသွားပြီး အဲ့ကမကောင်းဆိုးဝါးတစ်ကောင်ရဲ့ ဖမ်းဆီးထားမှုကို တစ်ညလုံးခံနေရတာလို့ ပြောရင်ရော? ဒီအကြောင်းပြချက်က ယုတ္တိတော့ရှိပါတယ်။ ဒါပေမယ့် ဒီလိုပြောလိုက်ရင် သူမဘယ်လိုလွတ်မြောက်လာခဲ့လဲဆိုတဲ့ နောက်ထပ်ဇာတ်လမ်းတစ်ခုကို ထပ်ဖန်တီးဖို့လိုလိမ့်မယ်။ ဒီအပိုင်းက ပြဿနာနည်းနည်းရှိတယ်။ အဲ့ဒီအချိန်မှာပဲ သူမ အမှတ်တမဲ့ စိတ်ထဲကအကြောင်းတွေကို ပါးစပ်ကရေရွတ်မိလိုက်တယ် "ဒီအကြောင်းပြချက်တွေအားလုံး အလုပ်ဖြစ်မှာမဟုတ်ပါဘူး ရိုက်စားလုပ်ခြင်းက ပညာတစ်ခုပဲ အထူးသဖြင့် အမြဲရန်ဖြစ်တိုက်ခိုက်နေတဲ့ရန်ချီဝူကို ရိုက်စားလုပ်ရမယ်ဆိုရင် ပိုတောင်ပညာဆန်အုန်းမယ် အာ..!!" သုံဟွာ မျက်လုံးမှိတ်ထားဆဲပဲရှိသေးတယ်။ သူ ဘာတုံ့ပြန်မှုမှမရှိဘူးလို့ထင်ရပေမယ့် ရွာနေတဲ့မိုးက ရုတ်တရက်ကြီး ပိုပြီးပြင်းထန်လာခဲ့တယ်။ ခြောက်လှန့်တဲ့စစ်တပ်ကြီးတစ်ခုလို တောအုပ်တစ်ခုလုံးပေါ်ကို ဝေါကနဲသွန်ကျလာလေသည်။ (သုံဟွာ သဝန်တိုနေတာ😝) ဖုန်းကျိုလန့်သွားပြီး သုံဟွာနားကိုတိုးကပ်ထိုင်လိုက်တယ်။ သူမရဲ့ခြေဖဝါးလေး သုံဟွာ့ခြေထောက်နဲ့ထိခါမှပဲ သူမစိတ်တည်ငြိမ်သွားတော့တယ်။ ထိုအချိန်မှာပဲ သုံဟွာ ရုတ်တရက် ပြောလာတယ် "မင်း ရန်ချီဝူအတွက် ဒီလောက်ထိစိတ်ပူနေမှန်း ငါမသိခဲ့ဘူး"

Page-237

သုံဟွာ့မှာ စကားတွေကိုမရှင်းမရှင်းပြောတတ်တဲ့အကျင့်တစ်ခုရှိတယ်။ သူမ သူ့ရဲ့ဒီစတိုင်ကိုကောင်းကောင်းသိတာပေါ့။ ဒါပေမယ့် ဒီအချိန်မှာ သူ သူမကို 'ရိုက်စားလုပ်ချင်ရင် အသေအချာစဉ်းစားဖို့လိုတယ် မင်းရဲ့ဉာဏ်ရည်ကို သေချာလေးကြိုးစားပြီးအသုံးချကြည့်ပါ' စတဲ့စကားမျိုးကို ပြောပေးသင့်တာမဟုတ်ဘူးလား? ဘာပြန်ပြောရမှန်းမသိဘဲ ဖုန်းကျိုတစ်ယောက် ရှေ့နောက်မစဉ်းစားဘဲပြောချလိုက်မိတယ် "နောက်လလပြည့်နေ့ကျရင် ရှောင်ရန် ကျွန်မကို Saha သီးခိုးဖို့မကူညီမှာစိတ်ပူလို့ပါ..." သူမပါးစပ်က ထိုစကားထွက်သွားသွားချင်း သူမရဲ့မျက်နှာတစ်ခုလုံးဖြူလျော့သွားကာ အလျင်အမြန်စကားကိုပြန်ပြင်လိုက်တယ် "အမှန်တော့ ကျွန်မဆိုလိုတာက..."

ရုတ်တရက်ကြီး မိုးက သိသိသာသာအားနည်းသွားခဲ့တယ်။ မိုးရေစက်တွေဟာ ကြည်လင်နေတဲ့ အကာအကွယ်တံတိုင်းရဲ့အမိုးပေါ်မှာ ကျဆင်းလို့နေတယ်။ တံတိုင်းရဲ့နောက်မှာ သလွန်ပေါ်မှာစိမ်ပြေနပြေထိုင်လျက်ရှိတဲ့ သုံဟွာကို ရှင်းရှင်းလင်းလင်းမြင်လို့ရတယ်။ သူ့ရဲ့ငွေရောင်ဆံနွယ်တွေကလည်း အိစက်ညက်ညောတဲ့ဖဲသားပမာ သလွန်ပေါ်မှာဖြာကျလျက်ရှိတယ်။ ဒီတိုင်းဘာရယ်မဟုတ် အကွာအကွယ်တံတိုင်းနံရံက သုံဟွာရဲ့ရောင်ပြန်ပုံရိပ်လေးကို ဖုန်းကျိုကြည့်နေတာပါ။ ခိုးယူခြင်းဆိုတာ ဂုဏ်ယူစရာလုပ်ရပ်မှမဟုတ်ဘဲ။ ဒါ့အပြင် သူမပုခုံးပေါ်မှာ ချင်းချူရဲ့ဘုရင်မဆိုတဲ့တာဝန်ကို ထမ်းဆောင်ထားတာလေ။ ထိုအကြောင်းကိုသာ သုံဟွာ Biyiniao ဘုရင်မကြီး ဒါမှမဟုတ် ဒီ့ထက်ပိုဆိုးတဲ့ သူမရဲ့မိဘတွေကိုပြန်ပြောလိုက်မယ်ဆိုရင် သူမ သေသွားတာကမှကောင်းလိမ့်အုန်းမယ်။ သူမ အဖတ်ဆယ်မယ့်စကားတစ်ခွန်းပဲဖြစ်ဖြစ် ပြောလိုက်ချင်ပေမယ့် သူမရဲ့စိတ်ကူးဉာဏ်က ဒီလိုသေရေးရှင်ရေးအချိန်ကျ ထွက်မလာခဲ့ဘူး။ နောက်ဆုံးတော့ သုံဟွာကပဲ အရင်ပြောလိုက်တယ်။ သူ့ရဲ့အသံကလည်း သတိမထားမိဘဲမနေနိုင်အောင်ကို နူးညံ့သိမ်မွေ့လို့နေပါတယ် "မင်း ဒီည ရန်ချီဝူနဲ့ချိန်းထားတာ Saha သီးခိုးမလို့လား" ဖုန်းကျို အသက်မပါသလိုရယ်လိုက်ပြီး သလွန်ရဲ့ခြေရင်းကို ပြောင်းထိုင်လိုက်တယ် "မဟုတ်ပါဘူး ဘယ်..မဟုတ်တာ လုံးဝမဟုတ်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ချင်းချူရဲ့ဘုရင်မတစ်ယောက်အနေနဲ့ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်ကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ ဟဟ..ရှင်နားကြားလွဲသွားတာ..."

သုံဟွာ သူ့ခေါင်းကိုဖိကပ်ရင်း ထထိုင်လေတယ်။ ဖုန်းကျို သူ သူ့နားထင်လေးကိုပွတ်နေတာကို စိတ်ပူပန်စွာကြည့်ရင်း သိမ်မွေ့နူးညံ့တဲ့အသံနဲ့ သုံဟွာ ဆက်ပြောတာကိုကြားရတယ် "အာ..ဒါဆိုရင် ငါနားကြားလွဲတာထင်တယ် ငါနည်းနည်းခေါင်းကိုက်နေလို့ မင်းအပေါ်မှီလို့ရမလား" ထိုအချိန်မှာ သူမရဲ့ကျစ်ဆံမှီးလေး အသာအယာပွတ်သပ်ခြင်းခံလိုက်ရတယ်။ သုံဟွာရဲ့လှုပ်ရှားမှုတိုင်းက သူမရဲ့အသည်းညှာကို ကိုင်လှုပ်နေသလို ဖြစ်နေခဲ့တယ်။ သူမ ချက်ချင်းပဲ ယဉ်ကျေးပျူငှာစွာ ကြိုဆိုလိုက်တယ် "ကျွန်မအပေါ်မှီရတာ သိပ်သက်တောင့်သက်တာမရှိလောက်ဘူး ကျွန်မရှင့်အတွက် ကူရှင်လေးတစ်ခုဖန်တီးပေးပါ့မယ်..." သို့သော် သူမရဲ့သိတတ်မှုက လွဲချော်နေတာကိုး။ သုံဟွာ သူ့နားထင်လေးကို ထပ်ပြီးပွတ်လိုက်တယ် "ခုမှ ငါစဉ်းစားမိသလိုပဲ မင်း..နောက်လလပြည့်နေလို့များပြောလိုက်..." ဖုန်းကျို အခြေအနေကို လျင်လျင်မြန်မြန်သဘောပေါက်သွားပြီး မဆိုင်းမတွချက်ချင်းကို သုံဟွာရဲ့နားပြေးကပ်ကာ သူ့ခေါင်းကို သူမပေါင်ပေါ်သို့ ပျာပျာသလဲ ဖိတင်လိုက်တော့တယ် "ရှင် ဒီလိုနေရတာ သက်တောင့်သက်သာရှိရဲ့လား ဒါမှမဟုတ် ရှင်အနားယူလို့ရအောင် ကျွန်မပါလှဲပေးရမလား ကျွန်မမျက်နှာကိုရော အပေါ်မော့ထားရမလား အောက်ငုံ့ပေးရမလား ဘယ်လိုဆိုရင် ရှင်ပိုအဆင်ပြေမလဲ" သုံဟွာတစ်ယောက် သူမရဲ့ပေါင်ပေါ်မှာ သက်သောင့်သက်သာအနေအထားလေးရသွားတာနဲ့ မျက်လုံးဖွင့်လာကာ ပြောလေတယ် "မင်းရော ဘယ်လိုဆိုရင်အဆင်ပြေမလဲ ထိုင်ချင်လား လှဲချင်လား" ဖုန်းကျို သူမတို့သာလှဲလျောင်းနေရင်..ဆိုပြီး တစ်စက္ကန့်လောက် စိတ်ထဲမှာမြင်ကြည့်လိုက်တယ်။ ပြီးနောက်တော့ "ထိုင်တာက ပိုအဆင်ပြေမယ်ထင်တယ်" သူမ အလျင်အမြန်ဖြေလိုက်တယ်။ သုံဟွာ မျက်လုံးတွေတစ်ဖန်ပြန်ပိတ်သွားပြန်တယ် "ဒါဆိုရင် အဲ့လိုပဲလုပ်ကြမယ်"

Page-238

ဖုန်းကျို အိပ်ပျော်နေတဲ့သုံဟွာကိုကြည့်ရင်း ဟိုးအရင် သူမမြေခွေးလေးအဖြစ်နဲ့ရှိတုန်းက သူ့ပေါင်ပေါ်မှာဒီလိုပဲမှီပြီး အိပ်စက်ရတာကိုအရမ်းသဘောကျလေ့ရှိခဲ့တဲ့အကြောင်းကို ပြန်အမှတ်ရမိတယ်။ အဲ့ဒီနေ့တွေတုန်းကဆို သူမဒီလိုမှီနေတုန်း Fuling ပန်းပွင့်လေးတွေ သူမခေါင်းပေါ်ကြွေကျလာရင် သုံဟွာ ထိုပန်းလေးတွေကို အသာအယာဖယ်ခါပေးလေ့ရှိတာ။ ပြီးတော့ သူမရဲ့နူးညံ့တဲ့သားမွှေးတွေကို အသာအယာပွတ်သပ်ပေးတယ်။ အဲ့လိုအချိန်တွေဆို သူမ သူ့လက်ကလေးကို လျက်ဖို့အမြဲအခွင့်အရေးယူရတာအမောပဲ...အမှတ်တရတွေကို ပြန်တွေးတောမိရင်း သူမသက်ပြင်းချလိုက်တယ်။ ဘဝရဲ့အလှည့်အပြောင်းတွေက ဘယ်လိုတောင်ရယ်စရာကောင်းတာလဲ! ခုတော့ သူ သူမရဲ့ပေါင်ပေါ်မှာ တစ်လှည့်ပြန်အိပ်စက်နေပြီ။ သုံဟွာသာ ဒီလိုတိုင်း ၁၂နာရီကြာအောင်လှဲလျောင်းနေရင် သူမရဲ့ပေါင်တွေကျင်တာကိုကုဖို့ သူမဆေးသွားဝယ်ရတော့မှာပဲ။

အတွေးထဲမှာ တစ်ယောက်တည်းနစ်မြောရင်း သုံဟွာ့အသံရဲ့ နှောင့်ယှက်ခြင်းခံလိုက်ရတယ် "ငါ့လက် အေးနေသလိုပဲ သွေးတွေဆုံးရှုံးထားလို့ထင်တယ် မင်းဘာမှလုပ်စရာမရှိဘူးဆိုရင် ငါ့လက်ကိုနွေးအောင်လုပ်ပေးပါလား" (သုံဟွာကွာ အကွက်တွေရွှေ့ပြီး ဖုန်းကျိုပေါ်အခွင့်ကောင်းယူနေတာ😂) ဖုန်းကျို သူ့ရဲ့မြှောက်ထားတဲ့လက်ကို အချိန်တော်ကြာငေးကြည့်လို့နေတယ်။ ပြီးမှ သူမပြန်ဖြေလိုက်တယ် "ယောကျာ်းနဲ့မိန်းမက နီးနီးကပ်ကပ်မနေသင့်ဘူး..." သုံဟွာ ရွှင်မြူးသွားသလိုပုံစံနဲ့ "ဒီညပြီးရင် Biyiniao ဘုရင်မကြီးဆီသွားပြီး Saha သီး ဘယ်လိုစိုက်ရလဲသွားမေးရင်ကောင်းမလားလို့တွေးနေတာ ငါမေးသင့်တယ်လို့မင်းထင်..." ဖုန်းကျို အေးနေတယ်ဆိုတဲ့သူ့ရဲ့လက်လေးကို ဆွဲကိုင်လိုက်ပြီး လေးနက်သလိုမျက်နှာထားနဲ့ဆက်ပြောလေတယ် "နီးနီးကပ်ကပ်မနေရဘူး ခွာနေရမယ် ဒါက သေမျိုးတွေဖန်တီးခဲ့တဲ့စည်းမျဉ်းတွေထဲမှာ အရူးမိုက်ဆုံးစည်းမျဉ်းပဲ"

သူမ သုံဟွာ့လက်လေးကို ဂရုတစိုက်ဆုပ်ကိုင်ထားတယ်။ "အရှင်မင်းမြတ် ကျွန်မရှင့်လက်ကိုပေးနေတဲ့နွေးထွေးမှုအတွက် ကျေနပ်တော်မူပါရဲ့လား" သုံဟွာ သေချာပေါက်ကျေနပ်တာပေါ့။ သူ့မျက်လုံးကို နောက်တစ်ဖန် ပြန်မှိတ်သွားခဲ့တယ် "ငါနည်းနည်းပင်ပန်းနေလို့ အိပ်ချင်လာပြီ မင်းအဆင်ပြေသလိုသက်တောင့်သက်သာနေပါ"။ သူမ ဒီပုံစံနဲ့ ဘယ်လိုသက်သောင့်သက်သာနေရမလဲ? သူ့ရဲ့အဖိုးတန်ခေါင်းနဲ့လက်ကို မြေပေါ်တွန်းဖယ်ပစ်ဖို့ပြောနေတာလား? သူ့ရဲ့အသက်ရူသံတွေ ညက်ညောလာတာနဲ့အမျှ သူမသည်းမခံနိုင်တော့ဘဲ သူ့မျက်နှာပေါ်ခေါင်းလေးငုံ့ကာ တိတ်တိတ်လေးရေရွတ်ပြောဆိုတော့တယ် "တိုက်ပွဲအစအဆုံး စိမ်ပြေနပြေနဲ့ ထိုင်ကြည့်နေခဲ့တဲ့သူက ပင်ပန်းလို့အိပ်ချင်လာပြီပဲရှိရသေးတယ် ကျွန်မမှာတော့ အသေအကြေတိုက်ပြီး ရှင့်ကိုလည်းပြုစုရသေးတယ် ကျွန်မကပိုပင်ပန်းတာပေါ့!" သူမ ဒီလိုစကားတွေကို တိတ်တိတ်လေးပဲရေရွတ်ရဲပါတယ်။ သူ သူမပြောတာကို မမြင်မကြားရပေမယ့် သူမရဲ့ဒေါသကိုဖြေသိမ့်ပေးဖို့တော့ လုံလောက်တယ်လေ။ ထိုအချိန်မှာပဲ သူမရဲ့လွင့်မျောနေတဲ့ဆံနွယ်လေး ပြေကျကာ သုံဟွာရဲ့နားလေးကိုပွတ်ရှသွားလေတယ်။ သူမ ခေါင်းပြန်မမော့ခင်မှာပဲ သုံဟွာ မျက်လုံးတွေပွင့်လာခဲ့တယ်။ သူ သူမကို ပြုံးကြည့်လို့နေတယ် "ငါထိုင်ကြည့်နေတယ်လို့များ မင်းပြောလိုက်တာလား" သူ စကားခဏရပ်ကာ သူမရဲ့အပြစ်ကင်းစင်လှတဲ့မျက်နှာလေးကို သေချာကြည့်လိုက်တယ် "ငါထိုင်ကြည့်နေတယ်ဆိုတာ မင်းဘာကိုဆိုလိုတာလဲ ငါရှင်းရှင်းလင်းလင်းကြီးဘေးမှာထိုင်ပြီး အလွန်အလေးအနက်နဲ့...” ရှက်ရွံ့ခြင်းအလျဉ်းမရှိဘဲ သူ ဆက်ပြောလိုက်ပါတယ် "မင်းကိုအားပေးနေတာလေ"

"..."
Page 239-243

Page-239

နောက်နေ့မနက် ဖုန်းကျိုအိပ်ယာနိုးလာပြီး မနေ့ညကအဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်တော့ မေးခွန်း၃ခုကို သူမ မဖြေနိုင်ဘူး။

ပထမတစ်ခုက သုံဟွာရဲ့ညာဘက်လက်ပေါ်ကဒဏ်ရာ...။ အဲ့ဒဏ်ရာက အရမ်းကိုမင်္သကာစရာကောင်းတယ်။ Miao Luo ရဲ့တိုက်ခိုက်မှုကြောင့် သူမ သူ့ပေါ်ကိုလွင့်ကျသွားတာလေ။ ပြီးတော့ သူ သူမကို ရင်ခွင်ထဲမှာတင်းကျပ်စွာဖက်ထားပြီး Miao Luo ကိုထိုးလိုက်တဲ့ဓားချက်က အရမ်းကိုလျင်မြန်တာကိုလည်း သူမမှတ်မိသေးတယ်။ အဲ့တစ်လျှောက်လုံး မူမမှန်တာ ဘာတစ်ခုမှမရှိပါဘူး။

ဒုတိယတစ်ခုက သုံဟွာ့အပေါ် သူမရဲ့အမြင်က အရမ်းကိုပဟေဋ္ဌိဆန်လွန်းနေတယ်။ အဲ့တုန်းက သူမ အရေးကြီးအခြေအနေတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ သေချာစဉ်းစားဖို့အချိန်မရှိခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် နတ်ဆိုးမရဲ့စွမ်းအင်တွေအပြီးသတ်ပျောက်ကွယ်ဖို့ သုံဟွာ နောက်ထပ်၁၂နာရီလုံးလုံး အဲ့မှာပဲနေရမှာဖြစ်တဲ့အတွက်ကြောင့် သူ မပျင်းရအောင် သူမထွက်မသွားဘဲအဖော်လုပ်ပေးနိုင်ဖို့ သူ့လက်ကိုသူ တမင်ဒဏ်ရာရအောင်လုပ်ဖို့တောင် ဝန်မလေးဘူးဆိုတဲ့အကြောင်းက ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သုံဟွာ အဲ့လောက်ထိ မိုက်ရူးရဲဆန်ပါ့မလား?  ပြီးတော့ သူ ကောင်းကင်ဘုံမှာရှိတုန်းက အမြဲတစ်ကိုယ်တည်းနေလေ့ရှိတာမလား? ဒီ၁၂နာရီလောက်လေးက သူ့အတွက်အဲ့လောက်ပျင်းစရာကောင်းလွန်းလို့လား? ထားပါတော့လေ အရှင်မင်းမြတ်ကို သူမ ဒီလိုအထင်မြင်သေးတဲ့အတွေးတွေ မတွေးသင့်ပါဘူး။ ခဏတာမျှ အပြန်ပြန်အလှန်လှန်စဉ်းစားပြီးတဲ့နောက် ဒီအကြောင်းကို ဒီတိုင်းပဲထားခဲ့လိုက်တော့တယ်။ အမှန်တကယ်တော့ ဖုန်းကျိုရဲ့ကျိုးကြောင်းဆက်စပ်မှုက လုံးဝကိုအတိအကျမှန်ကန်ပါတယ်...။

Page-240

တတိယမေးခွန်း..။ ဖုန်းကျို Jifeng Yuan က သူမရဲ့နူးညံ့တဲ့အိပ်ရာလေးကို ချက်ချင်းမှတ်မိတယ်။ စောင်ရဲ့ထောင့်စွန်းနားမှာ သူမချည်ထိုးလေ့ကျင့်တုန်းက ဒေလီယာပန်းပွင့်ပုံစံထိုးထားတဲ့ ပန်းပွင့်နီနီလေးတွေချည်းပဲ။ ညတုန်းက သုံဟွာရဲ့ညက်ညောလှတဲ့အသက်ရှူသံတွေနဲ့အတူ ကျနေတဲ့မိုးသံတွေကို နားထောင်ရင်း သူမအိပ်ပျော်သွားတာကိုတောင် မှတ်မိသေးတယ်။ မိုးဖွဲတွေရဲ့အလွန်မှာ ကောင်းကင်ကြီးက ကြယ်တွေနဲ့ပြည့်နေတာလေ။ သူမ အကျပ်ကိုင်ခံရပြီး သုံဟွာရဲ့လက်လေးကိုဆုပ်ကိုင်ထားရတာဆိုတော့ မချမ်းဘဲနွေးထွေးနေခဲ့တယ်။(ဪ..လတ်စသတ်တော့ သုံဟွာအကွက်ရွှေ့တာက ဖုန်းကျိုလေးနွေးနေအောင်လို့ကိုး ချစ်မိသွားပြီကွာ😍) ပြီးတော့ သူ့ခန္ဓာကိုယ်ဆီကလည်း အပူငွေ့တွေထုတ်လွှတ်နေသလို ခံစားခဲ့ရသေးတယ်။ ဒီလိုနဲ့ သူ့ရဲ့အဖိုးတန်ခေါင်းလေးပေါ် တဖြည်းဖြည်းခေါင်းငိုက်ကျကာ သူမ အိပ်ပျော်သွားခဲ့တာလေ။ သူမ သလွန်ကိုမှီလျက်အိပ်ပျော်နေကိုတောင် ဝိုးတဝါးမှတ်မိနေတယ်။ ပထမတော့ အနည်းငယ်အေးပေမယ့် အိပ်ပျော်ရင်းပျော်ရင်း ပိုပြီးနွေးထွေးလာခဲ့တယ်။ အဲ့ဒါကြောင့် သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး အချိန်တော်ကြာသတိလွတ်သွားတာဖြစ်မယ်။ ဒါပေမယ့် ခုတော့ သူမအခန်းထဲမှာ ဘာလို့နိုးလာရတာလဲ?

စောင်ထဲမှာကွေးနေရင်း အရာအားလုံးက ဂယောင်ချောက်ချားအိမ်မက်တစ်ခုပဲလားဆိုပြီး တွေးနေမိလေရဲ့။ မနေ့ညက ၁၅ ရက်မြောက်နေ့မလား။ သူမ ရှောင်ရန်နဲ့ Meng Shao တို့နဲ့အတူ အရက်သွားသောက်ခဲ့တာလေ။ ကချေသည်တွေကလည်းလှသလို ဝိုင်ကလည်းအရမ်းပြင်းတယ်။ အဲ့ဒါကြောင့် ခုမနက်ထိသတိမေ့သွားတာဖြစ်မယ်။ သူမရဲ့စိတ်ကူးယဉ်လွန်းမှုကြောင့် ဒီလိုမျိုးလက်တွေ့ဆန်တဲ့အိမ်မက်တစ်ခု မက်ခဲ့တာပဲဖြစ်ရမယ်။ ဒါ ဖြစ်နိုင်ချေရှိပါတယ်။ သူမ မျက်နှာသစ်ဖို့ အိပ်ရာကဆင်းဆင်းချင်း ရှောင်ရန်လိုက်ကာကိုမပြီး အခန်းထဲသို့ဝင်လာခဲ့တယ်။

ဖုန်းကျို မျက်လုံးတွေပြာပြီး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။ ဒီနေ့ ရန်ချီဝူရဲ့အဝတ်အစားက အရမ်းကိုတောက်ပြောင်နေတာကိုး။ အပေါ်မှာက အနီရောင်ပိုးအင်္ကျီ၊ အောက်မှာက ပြောင်တောက်တောက် စိမ်းဝါရောင်ဘောင်းဘီ။ ပုခုံးပေါ်မှာလည်း ဘောင်းဘီနဲ့လိုက်ဖက်တဲ့ အစိမ်းရောင်ရှောစောင်တစ်ထည်။ သူ့ပုံစံက အခုလေးတင် နှင်းတောထဲက လက်လက်ဆတ်ဆတ်ဆွဲနုတ်လာတဲ့မုန်လာဥနီကြီးတစ်လုံးနဲ့ လုံးဝတပုံစံတည်းပဲ။

Page-241

အဲ့ဒီမုန်လာဥနီကြီးက အခုဖုန်းကျိုကို ဝမ်းနည်းနေတဲ့ပုံစံနဲ့စိုက်ကြည့်နေတယ်လေ "တစ်စုံတစ်ယောက်က ဒီအဆောင်ကိုသဘောကျလို့ဆိုပြီး ငါ့ကိုပြောင်းပေးဖို့ပြောတယ် ငါအထုပ်အပိုးတွေပြင်ပြီးပြီ ခုနင့်ကိုလာနှုတ်ဆက်တာ အချိန်တွေပေါပါတယ် ငါအားရင်နင့်ဆီလာလည်လှည့်မယ်"

ဖုန်းကျို ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူး "နင်ပဲအိပ်ပျော်နေတုန်းလား ဒါမှမဟုတ် ငါပဲအိပ်ပျော်နေတုန်းလား"

မုန်လာဥနီကြီးဟာ ဖုန်းကျိုအနားကိုတိုးကပ်လာခဲ့ပြီး ခြေသုံးလှမ်းလောက်အကွာမှာရပ်တန့်သွားတယ် "ငါနင့်အနားကို ဒီထက်ကပ်လို့မရဘူး အကြောင်းက..." ရုတ်တရက် သူ့အသံနှုန်းကမြင့်သွားခဲ့တယ် "ပြန်အိပ်မသွားနဲ့ ငါပြောတာကိုအရင်နားထောင်!"

ဖုန်းကျို ဖြစ်ကတတ်ဆန်နားထောင်နေခဲ့တယ်။ အမှန်တကယ်တော့ အရာအားလုံးက အိမ်မက်မဟုတ်ဘူးပဲ။ ရှောင်ရန်ပြောပုံအရ မနေ့ညက သူလေ့လာစူးစမ်းဖို့သွားရင်း လမ်းတစ်ဝက်မှာတင် လမ်းပျောက်သွားခဲ့တာတဲ့။ သူလည်းပြန်လာရော ဖုန်းကျိုကိုရှာမတွေ့တော့ဘူးတဲ့။ သူ သူမကိုစိတ်ပူပြီး တစ်ညလုံးလိုက်ရှာနေခဲ့ပေမယ့် ဘယ်နေရာမှရှာလို့မတွေ့ခဲ့ဘူး။ နောက်ဆုံးတော့ မောကြီးပန်းကြီးနဲ့ Jifeng Yuan ကို ပြန်ရောက်တဲ့အချိန်မှာ ဖုန်းကျိုရဲ့အိပ်ယာပေါ် အနီရောင်မြေခွေးလေးတစ်ကောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုမြင်လိုက်ရတော့ အရမ်းအံ့သြသွားတာ။ သူ့ရဲ့ကမ္ဘာမကျေရန်သူကြီး သုံဟွာသီကျွင်းကတော့ ထိုအိပ်ပျော်နေတဲ့မြေခွေးလေးကို အိပ်မွေ့ချခံထားရတဲ့သူတစ်ယောက်လို မိန်းမောစွာငေးစိုက်ကြည့်နေလေရဲ့။ ဘယ်လောက်တောင်မိန်းမောနေလဲဆိုရင် သူအနားကိုကပ်လာတာကိုတောင် သတိမပြုမိဘူး။ ရှောင်ရန်လည်း တစ်ခုခုထူးဆန်းနေတယ်လို့ တွေးမိတာပေါ့။ ဒါနဲ့ပဲ သုံဟွာအခန်းထဲကထွက်သွားတဲ့အချိန်မှာ သူ အခွင့်ကောင်းယူပြီး ခိုးဝင်ခဲ့လိုက်တယ်။ ထိုအချိန်မှာပဲ ရှောင်ရန်တစ်ယောက် ကြွေဆင်းသွားပါတော့တယ်။ သူပြောတာက အိပ်ရာပေါ်မှာအိပ်ပျော်လျက်ရှိတဲ့ မြေခွေးနီလေးက ဖုန်းကျိုမှန်းမသိခဲ့ဘူးတဲ့။ သုံဟွာ အမဲလိုက်ရာကဖမ်းမိလာတဲ့ ရှားပါးအကောင်လေးတစ်ကောင်လို့ ထင်လိုက်တာတဲ့။ အကောင်လေးကချစ်စရာကောင်းလွန်းလို့ သူ ထိုအကောင်လေးကို မပွေ့ချီဘဲမနေနိုင်ဘူး။ ထိုအချိန်မှာပဲ ကံဆိုးမှုကြီးဖြစ်ပေါ်လာတော့တာပါပဲ။

ဖုန်းကျို မုန်လာဥနီကြီးရဲ့ ပတ်တီးစည်းထားတဲ့လက်ကိုကြည့်ပြီး ဝက်လက်ကြီးတစ်ခုနဲ့တူလွန်းလို့ ဟက်ဟက်ပက်ပက်ရယ်မောလိုက်တယ် "ဘာလဲ ငါအိပ်နေရင်း မီးလုံးကြီးတစ်ခုမှုတ်ထုတ်မိပြီး နင့်လက်ကိုလောင်သွားလို့လား ပြောသားပဲ ငါအိပ်နေရင်အတော်ဆိုးပါတယ်ဆို"

"အဲ့လိုမဟုတ်ဘူး" မုန်လာဥနီ ပြန်ပြောလိုက်တယ် "အဲ့အချိန်မှာပဲ ရေခဲမျက်နှာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိဘဲ အပေါက်ဝမှာရပ်နေတာ ငါ့မှာတုံ့ပြန်ဖို့အချိန်တောင်မရလိုက်ဘူး ငါ့လက်ဒီလိုဖြစ်သွားတယ် လက်အခြေအနေကြောင့် နင့်ကိုဆက်ပြီးမချီထားနိုင်တော့ဘူးလေ အဲ့ဒါနဲ့ပဲ နင်အိပ်ရာပေါ်ပြုတ်ကျသွားတာ အံ့သြစရာက နင်လုံးဝနိုးမလာတာဘဲ အဲ့ဒီနောက်တော့ ငါနင့်အိပ်ရာနဲ့ခြေလှမ်း၃လှမ်းအကွာထက်ပိုပြီး ကပ်လာလို့မရတော့ဘူး ဒါ့ကြောင့် ငါသူ့ကို ပြန်ပြီးလက်တုံ့ပြန်တော့မယ့်အလုပ် ရေခဲမျက်နှာ ရုတ်တရက်ကြီး ငါ့ကို နင်နဲ့အတူနေတာလား၊ နေတာဘယ်လောက်ကြာပြီလဲဆိုပြီး မေးတာ"

Page-242

ဖုန်းကျို ခေါင်းကိုကုတ်ရင်း မုန်လာဥကိုရှင်းပြခဲ့တယ် "ဒါကဒီလိုရှိတယ် အရမ်းအေးတဲ့ရက်တွေဆို ငါအိပ်ပျော်နေတဲ့အချိန်မှာ ငါ့ကိုယ်ငါတောင်မသိလိုက်ဘဲ မူလပုံစံကိုအလိုလိုပြောင်းသွားတာ အဲ့ဒီပုံစံနဲ့ဆို သိပ်မအေးတော့ဘဲ အိပ်ရတာပိုသက်တောင့်သက်သာရှိတယ်လေ ဒါပေမယ့် သီကျွင်းကဘာကိုပြောချင်တာလဲ..?"

"ငါလည်းမသိဘူး အမှန်တိုင်းပြောရရင် ငါတို့ဒီနေရာကိုရောက်တာ ဘယ်လောက်ကြာပြီလဲငါလည်းမမှတ်မိတော့ဘူး ဒါနဲ့ ငါလည်း ၆လဝန်းကျင်လောက်ပေါ့ဆိုပြီး ပြန်ဖြေလိုက်တယ် အဲ့ချိန်မှာ ငါတို့အတူတူနေလာတဲ့အချိန်အတိအကျကိုပြန်စဉ်းနေတာနဲ့ သူ့ကိုအာရုံမစိုက်မိလိုက်ဘူး ငါပြန်လှည့်မယ်လုပ်တော့ သူငါ့အပေါ် အကြောသေမန္တာန်သုံးထားတယ် သူမျက်မှောင်ကြုတ်ပြီး ငါ့ကိုစိုက်ကြည့်နေတာအကြာကြီးပဲ ပြီးတော့ ရုတ်တရက်ကြီးငါ့ကိုသဘောကျတယ်တဲ့"

ဖုန်းကျို လဲကျသွားပြီး သူမရဲ့ခေါင်းနဲ့ ကုတင်ဘောင်နဲ့ဆောင့်မိလိုက်တယ်။ ကိုယ့်ကိုကိုယ် လုံးဝအဓိပ္ပာယ်မရှိတဲ့စကားကို မပြီးပြည့်စုံစွာတိုးလိုးတန်းလန်းပြောနေလို့ပြောနေမှန်းမသိတဲ့သူကတော့ ဆက်ပြောလျက်ရှိတုန်းပါပဲ "ငါ့ရဲ့ဥယျာဉ်အဆောင်လေးကို သဘောကျတယ်ဆိုပြီး ရုတ်တရက်ကြီး သူပြောလိုက်တာလေ” ထို့နောက် သူ စကားခဏရပ်ကာ ဖုန်းကျိုကို အံ့သြစွာကြည့်လိုက်တယ် "ဘယ်လိုလုပ်ဆောင့်မိသွားတာလဲ နာသွားလား ဝါး..ဘုအကြီးကြီးပဲ"

ဖုန်းကျို ဆက်ပြောဆိုတဲ့အထာနဲ့ သူ့ကိုလက်အမူအရာပြလိုက်တယ်။ ရှောင်ရန် စိတ်ပူစွာနဲ့ ဆက်ပြောတယ် "ဘုကြီးကိုသေချာနှိပ်ပေးလေ အဲ့တာမှအဲ့နေရာမှာ သွေးမခဲမှာ အိုး..အကြောင်းက ဒီလို..သူ ငါ့ရဲ့အဆောင်အပြင်အဆင်တွေကို သဘောကျတယ်တဲ့ ဒါပဲ"

"ဒါပဲလား"

"သူပြောတာက ငါတို့အဆောင်က ကျောင်းနဲ့နီးပြီး သူ့အဆောင်ကတော့ အရမ်းဝေးတယ်တဲ့ ငါတို့အဆောင်မှာ ငါးမျှားကန်ရှိပေမယ့် သူ့အဆောင်မှာမရှိဘူးတဲ့ ငါတို့မှာချက်တတ်ပြုတ်တတ်တဲ့နင်ရှိပေမယ့် သူ့မှာတော့မရှိဘူးတဲ့ အဲ့ဒါကြောင့် သူငါနဲ့အဆောင်လဲချင်တယ်တဲ့ ငါကလည်း သူများကိုကူညီတတ်သူတစ်ယောက်ဆိုတော့ အထုပ်အပိုးတွေးပြင်ပြီး နင့်ကိုလာနှုတ်ဆက်တာ နင့်ကိုလွမ်းနေရတော့မှာဆိုပေမယ့် ငါတို့မသေမျိုးတွေက တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းကြရင်း ပျော်ရွှင်မှုကိုရှာဖွေကြတာမလား"

ဖုန်းကျို အဟုတ်တိုင်း ပွင့်ပွင့်လင်းလင်းပဲပြန်ပြောလိုက်တယ် "နတ်သမီးနတ်သားတွေ သူများကိုကူညီရင်း ပျော်ရွှင်မှုကိုရှာဖွေတာလို့ပဲကြားဖူးတယ် နတ်ဆိုးတစ်ယောက်က သူများကိုကူညီရင်း ပျော်ရွှင်မှုကိုရှာဖွေတာလို့ တစ်ခါမှမကြားဖူးဘူး" သူမစကားခဏရပ်လိုက်တယ် "သီကျွင်း ဒီကိုရောက်လာကတည်းက Biyiniao ဘုရင်မကြီးက Jiheng ကို သူ့အဆောင်မှာခစားဖို့ တာဝန်ပေးထားတာသိလို့ နင် သူနဲ့အဆောင် လွယ်လွယ်လဲပေးလိုက်တာမလား ဒါ နင့်ရဲ့ရည်ရွယ်ချက်အမှန်မလား"

Page-243

မုန်လာဥနီကြီးဟာ ဖုန်းကျိုအပေါ် သူ့ရဲ့အထင်ကြီးလေးစားသွားမှုကို မဖုံးကွယ်နိုင်တော့ဘဲ နှာခေါင်းလေးပွတ်ရင်း "ဒါက...ဟုတ်တော့...ဟုတ်တယ် နင်မှန်ပါတယ် ငါအဆင်ပြေသွားရင် ငါတို့မင်္ဂလာပွဲကို အထူးဧည့်သည်အနေနဲ့ နင့်ကိုဖိတ်လိုက်မယ်" သူခဏစဉ်းစားလိုက်ပြီး ထပ်ပြောတယ် "ပြီးတော့ နင့်ဆီက လက်ဖွဲ့ငွေလည်းမတောင်းတော့ဘူး"

ဖုန်းကျို ခေါင်းတွေစကိုက်လာပြီလေ။ လက်ကာပြရင်း "...ရပြီ ငါအားလုံးနားလည်သွားပြီ ဒီတစ်ခါငါတို့လွဲသွားလို့ ငါတို့အစီအစဉ်ကို နောက်လ၁၅ရက်ကိုရွှေ့မယ် နင်လာမယ်မလား"

ရှောင်ရန် ခေါင်းငြိမ့်ပြလိုက်ပြီး တံခါးဝဆီကိုလျှောက်သွားတော့တယ်။ ထို့နောက်မှ ခေါင်းလေးပြန်လှည့်ကာ စိတ်မကောင်းဖြစ်တဲ့ပုံစံလေးနဲ့ ပြောလာတယ် "နောက်တစ်ခုရှိသေးတယ် ညတုန်းက ငါအခွင့်ကောင်းယူပြီး နင့်ရဲ့မူလပုံစံလေးကိုပွေ့ချီမိလို့ ငါတောင်းပန်ပါတယ် သူငယ်ချင်းတွေအနေနဲ့ အဲ့လိုအခြေအနေမျိုးမှာ နင့်အပေါ်အခွင့်အရေးမယူသင့်ဘူး အဲ့တော့ ငါနင့်ကို ငါ့အပေါ်ပြန်အခွင့်အရေးယူခွင့်ပေးမယ်"

ဖုန်းကျို ခေါင်းကဖုကိုနှိပ်နယ်ရင်း "...မလိုပါဘူး"

ရှောင်ရန် သူ့ရဲ့ညီမလေးကို အလျော်ပြန်ပေးမယ်ဆိုပြီးပဲ အတင်းငြင်းနေလေတော့သည်။ သူ လေးနက်တဲ့မျက်နှာထားနဲ့ သူမကိုပြောလိုက်တယ် "နင်ငါ့ကို ဂရုစိုက်ဖို့မလိုဘူးနော် ငါနင့်အပေါ်အခွင့်အရေးယူထားရင် ဒီတိုင်းနင်ပြန်ယူလိုက် ငါ့မှတ်ဉာဏ်ကသိပ်မကောင်းတော့ တစ်ရက်နှစ်ရက်နေ မေ့သွားရင် နင်ပဲဆုံးရှုံးနစ်နာရမှာ ဟေး..နင်ငါ့ကို အခွင့်အရေး၂ခါတောင်ယူသင့်တာ ငါတို့ကုန်ဆုံးခဲ့တဲ့အချိန်တွေအတွက် အတိုးလို့သတ်မှတ်ပြီးတော့လေ"

"သွားတော့!"
Page 244-249

Page-244

ပြတင်းတံခါးအပြင်ဘက် နံနက်ခင်းအလင်းရောင်ဖျော့ဖျော့အောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးတွေဝေလျက်ရှိတယ်။ ဖုန်းကျိုတစ်ယောက် စောင်ကိုတင်းတင်းဆုပ်ကိုင်ထိုင်ရင်း ငုတ်တုတ်မေ့နေလေရဲ့။ အပြင်ဘက်နှင်းတောထဲမှာတော့ ဂျပန်သစ်ဂျပိုးပင်ကြီးရဲ့ အစိမ်းရောင်အကိုင်းအခက်တို့က နှင်းလွှာဖြူဖြူတွေကြားကနေ ထူးဆန်းစွာ ထိုးထောင်ပေါက်ရောက်နေတယ်။ သူမမျက်လုံးတွေ ထိုမြင်ကွင်းဆီမှာပဲ အချိန်တန်ကြာ တရစ်ဝဲဝဲမဖြစ်ဘဲမနေနိုင်ဘူး။

Fanyin တောင်ကြားမှာ ၄ရာသီပတ်လုံး နှင်းတွေတဖွဲဖွဲကျနေတာ။ တစ်ခါတစ်ရံ နေသာတဲ့နေ့တွေမှာဆို ကြည်လင်နေတဲ့ကောင်းကင်ကြီးအောက်မှာ ထိုမြင်ကွင်းက နေရောင်အောက်မှာမြူဆိုင်းနေတာနဲ့တောင် တူနေသေးတယ်။ ဒီနယ်မြေမှာ နှစ်ဝက်နီးပါးနေထိုင်ခဲ့ပြီးတဲ့နောက် ကြမ်းတမ်းခက်ခဲလွန်းတဲ့ပြင်ပကမ္ဘာကိုတောင် နည်းနည်းလွမ်းလာမိသလိုပဲ။ လွန်ခဲ့တဲ့နှစ် ၂၀၀ မတိုင်ခင်တုန်းက Fanyin တောင်ကြားမှာလည်း ဥတု ၄ရာသီလုံးရှိခဲ့ဖူးတယ်လို့ Meng Shao ပြောဖူးတယ်။ ဒါ့ကြောင့် တစ်နှစ်ပတ်လုံးဆီနှင်းကျတဲ့ ဥတုစက်ဝန်းက လွန်ခဲ့တဲ့နှစ် ၂၀၀ လောက်မှအစပြုခဲ့တာဖြစ်တယ်။ ဒီအကြောင်းကိုပြောရမယ်ဆိုရင် Biyiniao မျိုးနွယ်စုတစ်ခုလုံး ကျော်ကြားလှတဲ့အုပ်ချုပ်သူကြီး Chen Ye အကြောင်းကမပါမဖြစ်ပေါ့။ သူကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တစ်နေရာရာမှာ တစ်ယောက်တည်းတံခါးပိတ်နေနေတာကြာပြီ။

ပြောကြတာတော့ အဲ့ဒီအုပ်ချုပ်သူက အမျိုးအမည်မသိတဲ့အကြောင်းပြချက်အဖုံဖုံကြောင့် တစ်နေ့မှာ သူ့ကိုယ်သူအိမ်တံခါးပိတ်ပြီး သူ့ရဲ့လက်စွဲတော်ဓားရှည်ထဲမှာ ရာသီ၃ခုကိုထည့်သွင်းကာ အဲ့ဒီ့ဓားရှည်ကိုလည်း သူ့အင်္ကျီလက်ထဲမှာပဲ သိမ်းထားလိုက်တယ်တဲ့။ ထိုအချိန်ကစပြီး သူ့အရိပ်အယောင်ကို မမြင်ရတော့တာ ယနေ့ထိဆိုပဲ။ ဒီလိုနဲ့ Fanyin တောင်ကြားမှာ နွေဦး၊ ဆောင်းဦးနဲ့ နွေရာသီ စတဲ့ရာသီ၃ခု ချို့ငဲ့ပျောက်ကွယ်ခဲ့တယ်။

Meng Shao ရဲ့မပြတ်မသားရှင်းပြချက်ချက်တွေအရတော့ Cheng Ye ရဲ့ထိုအပြုအမူက Aranya တစ်ယောက်ထွက်ခွာသွားခြင်းအပေါ် သူ့ရဲ့ကြေကွဲဝမ်းနည်းမှုကိုဖော်ပြတာတဲ့။ သူမမရှိတော့တဲ့နောက် ဘုရင်မကြီးက တစ်တိုင်းပြည်လုံး သူမနာမ်မည်ကိုတောင် ထုတ်ဖော်ပြောခွင့်မရှိအောင် ပိတ်ပင်ခဲ့တယ်။ တစ်ချို့တွေပြောကြပြန်တာကလည်း Aranya က အသက်ဝင်လှပလွန်းတဲ့ နွေဦး၊ ဆောင်းဦး နဲ့ နွေရာသီ စတဲ့ရာသီ၃ခုကို အရမ်းကိုနှစ်သက်ခဲ့တာတဲ့။ Chen Ye အဲ့ဒီရာသီ၃ခုကို ချိတ်ပိတ်ဖယ်ထုတ်လိုက်တဲ့ရည်ရွယ်ချက်က Aranya ဆိုတဲ့နာမည်ကို ထုတ်ဖော်ပြောခွင့်မရှိတော့ရင်တောင် တစ်တိုင်းပြည်လုံးကတော့ သူမကို လုံးဝမေ့လို့မရနိုင်အောင်တဲ့။

ထိုကိစ္စနဲ့ပတ်သတ်ပြီး အနည်းငယ်ပြောဆိုပြီးတဲ့နောက် Meng Shao တစ်ယောက် မပြောသင့်သည့်စကားကိုပြောလိုက်မိတဲ့အလား ရေငုံနှုတ်ပိတ်သွားတော့တယ်။ ဖုန်းကျိုလည်း ဝိုင်ခွက်ကိုငှဲ့သောက်ကာ ပုံပြင်ကို ကြည်ကြည်နူးနူးနဲ့နားထောင်နေရင်းက Aranya ဆိုတဲ့သူက ဘယ်လိုသူမျိုးပါလိမ့်လို့ သူမသိချင်လာမိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် Meng Shao ကတော့ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှထပ်မပြောတော့မှာသေချာနေတာကြောင့် သူမလဲ တကူးတက ထပ်မေးမနေတော့ဘူး။

အပြင်မှာတဖွဲဖွဲကျနေတဲ့ ဖြူဖြူဖွေးဖွေးနှင်းပွင့်တွေကိုငေးကြည့်ရင်း လွန်ခဲ့တဲ့၆လက သူမနားဆင်ခဲ့ရတဲ့ အချစ်ပုံပြင်လေးကို ပြန်လည်တွေးတောနေမိတယ်။ ဒါပေမဲ့ ဒီနေ့တော့ Chen Yeနဲ့ Aranya တို့ရဲ့အချစ်ပုံပြင်လေးကို စီးမျောခံစားဖို့ စိတ်မဝင်တော့ဘဲ ဆုံးရှုံးမှုတစ်ချို့ကိုသာ ရင်ထဲမှာနှမြောလို့နေတယ်။ အကယ်၍များ ဆောင်းရာသီကသာ Aranya အနှစ်သက်ဆုံးရာသီဖြစ်ခဲ့မယ်ဆိုရင်  Fanyin တောင်ကြားမှာ နွေဦး၊ ဆောင်းဦး နဲ့ နွေရာသီဆိုတဲ့ရာသီ၃ခုက ဆက်လက်တည်မြဲနေမှာပဲ။ ဒီလိုဆိုရင် အားလုံး အေးခဲလှတဲ့ဒီရာသီဥတုဒဏ်ကို ခံစားဖို့မလိုတော့ဘူးပေါ့။ ထိုအချိန်မှာ နှာချေသံတစ်ခုက သူမရဲ့အတွေးရေယဉ်ကို နှောင့်ယှက်လိုက်တယ်။ သူမမော့ကြည့်လိုက်တော့ အဖြူရောင်နှင်းပွင့်တွေကြားမှာ ခရမ်းရောင်ပိတ်စအနားတစ်ခုကို မြင်တွေ့ခဲ့တယ်။

Page-245

ဖုန်းကျို ခဏတာမျှကြက်သေသေသွားပြီး လည်ဆန့်ကာပြတင်းမှန်ကတစ်ဆင့် ဟိုးဂျပန်သစ်ဂျပိုးပင်ရဲ့အကျော်ကို စိုက်ကြည့်လိုက်တယ်။ သုံဟွာ တစ်ယောက်တည်း ငါးမျှားကန်လေးဘေးမှာ ထိုင်နေတယ်။ သူ Jujubeသစ်သားနဲ့ လုပ်ထားတဲ့ ကျိုးနေတဲ့ခေါက်ထိုင်ခုံလေးပေါ်မှာ ထိုင်နေတာ။ ဖုန်းကျို သုံဟွာရဲ့ မဟာဆန်လွန်းလှတဲ့သွင်ပြင်မှာ ငေးမောလို့သွားတယ်။ အရှင်မင်းမြတ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဘယ်လောက်တောင်လိုက်ဖက်လှသလဲလေ! သို့သော် သူမရဲ့အတိတ်မှတ်ဉာဏ်ထဲမှာ သုံဟွာ ငါးမျှားနေတုန်း အမြဲတမ်း နေရောင်အောက်မှာ ကျောခင်းလို့နေရင်နေ ဒါမှမဟုတ် ဗုဒ္ဓကျမ်းဂန်တွေဖတ်ရင်ဖတ်နေလေ့ရှိတာ။ ဒါပေမယ့် အခုတော့ သူ့ရဲ့စိတ်ဝိညဉ်တစ်ခုလုံးက ငါးမျှားတံပေါ်မှာပဲရှိနေသလို ရေမျက်နှာပြင်ကို စူးစူးစိုက်စိုက် ငေးလျက်ရှိတယ်။

ဖုန်းကျိုတစ်ယောက် အဝေးကနေ နှစ်သက်သဘောကျလို့နေသည်။ သူ့ကိုကြည့်ရတာ အတွေးထဲမှာမျောနေပုံနဲ့။ သူ့ရဲ့ထိုမျောနေတဲ့ပုံစံလေးကတောင် အင်မတန်မှကို..လုံးဝကို..တင့်တယ်မဟာဆန်လွန်းလှတတယ်။

ဘာဖြစ်လို့ အရှင်မင်းမြတ်က ရုတ်တရက်ကြီး ရန်ချီဝူနဲ့ အဆောင်လဲချင်ရတာလဲ? ခုနတုန်းက ရှောင်ရန် ဘာပြောလိုက်တာ? သီကျွင်းက ဒီ Jifeng Yuan က ကျောင်းနဲ့လဲနီးတယ်၊ ရှုခင်းလည်းကောင်းတယ်၊ ငါးမျှားကန်လေးလည်းရှိတယ်၊ အရမ်းတော်တဲ့ စားဖိုမှူးလည်းရှိတယ်လို့ပြောတယ်လို့မြန်း ရှောင်ရန်ပြောလိုက်တာလား? အကယ်၍ ရှောင်ရန်သာ သူမကို ကြိုတင်သတိမပေးခဲ့ဘူးဆိုရင် သုံဟွာရဲ့ဒီအဓိပ္ပာယ်မရှိတဲ့စကားတွေကို သူမယုံခဲ့မိမှာပဲ။ ဒါတွေအားလုံးက အချိန်ကြာပြီးလိုရင်းမရောက်တဲ့ အချစ်ရဲ့အလှည့်အပြောင်းသက်သက်ပါပဲ။ ဖုန်းကျို မျက်မှောင်ကြုံ့လိုက်တယ်။ ဒါ.. Jiheng ကိုမခံမရပ်နိုင် ဖြစ်အာင်လုပ်တဲ့ နောက်ထပ်ပရိယာယ်တစ်ခုလား?

သုံဟွာ သူ Jiheng နဲ့ရှောင်ရန်ကို သူငယ်ချင်းဖြစ်ဖို့သဘောတူခဲ့ပေမယ့် သူတို့နှစ်ယောက် တကယ်ပဲသူငယ်ချင်းအရင်းတွေဖြစ်လာကြတော့ သဝန်တိုရင်တိုနေမှာပေါ့လေ။ သူ သူမ(ဖုန်းကျို)ကို ကယ်တင်ပေးပြီး အိပ်ရာပေါ်ထိလိုက်ပို့ပေးခဲ့တာက Jiheng ကို သူ ပထမဆုံးလက်တုံ့ပြန်ခြင်းဖြစ်တယ်။ သို့သော် ကံမကောင်းစွာနဲ့ သူမ ထိုအကြံကို ဖျက်စီးလိုက်မိတယ်လေ။ နောက်တော့ Miao Luoကို နှိမ်နင်းတဲ့အချိန်တုန်းက Jiheng အနားမှာရှိနေခဲ့တယ်။ သုံဟွာ Jiheng ကို မခံမရပ်နိုင် ဖြစ်အောင်လုပ်တော့ သူမ သဝန်တိုပြီး ထွက်ပြေးသွားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သုံဟွာ ကျေနပ်နေတယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ Jiheng ထွက်ပြေးသွားပြီး ဖုန်းကျိုသုံဟွာကို ကူညီဖို့နေခဲ့တဲ့နောက်ပိုင်း သူမ သူအနားယူအိပ်စက်ဖို့ပေါင်ခွင်ထိုးပေးတဲ့အချိန်မှာ သူ့ကြည့်ရတာ ကြည်လင်ပြီးတက်ကြွနေပုံရတယ်။ အဲ့ဒီနောက်ပိုင်း ရှောင်ရန်နဲ့အဆောင်လဲလိုက်ခြင်းက ဒီကစားပွဲရဲ့ တတိယအကြိမ်မြောက်ပရိယာယ်ပဲ။ နောက်ဆုံး Jiheng လုံးဝမခံစားနိုင်တော့ဘဲ သူ့ဆီ မျက်ရည်လည်ရွှဲနဲ့လာတောင်းပန်တဲ့အချိန်ကျမှ သူလက်ထပ်မှတ်ပုံတင်ပြီး နှစ်ယောက်သားပြေလည်သွားကြမယ်ပေါ့။ အဲ့ချိန်ကျရင်တော့ စီမင်း Jiheng နဲ့ရှောင်ရန်တို့ရဲ့ကံကြမ္မာကို ကျောက်တုံးပေါ်မှာ ထုစစ်ရင်တောင်မှ သူတို့နှစ်ယောက် ဘယ်တော့မှအတွဲဖြစ်လာနိုင်တော့မှာမဟုတ်ဘူး။
(ဖုန်းကျိုအထင်လွဲတာတော်ချက်ကတော့ သူ့အဒေါ်တိုင်းပဲ🙄သုံဟွာကျေနပ်နေတာ သူ့ကြောင့်ဆိုတာသာသိရင်....ဟင်း ဟင်း ရောဂါပိုကျွမ်းသွားမှာလို့..😂)

Page-246

ဖုန်းကျိုတစ်ယောက် ဒီအရှုပ်အထွေးကိစ္စတွေကို စဉ်းစားလို့အပြီးမှာ သုံဟွာဟာ အရမ်းနားလည်ရခက်တဲ့သူတစ်ယောက်လို့ သဘောပေါက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုရှုပ်ထွေးမှုတွေကို မြင်အောင်ကြည့်နိုင်တဲ့အတွက် ခုရက်ပိုင်းအတွင်း သူမ တကယ်ပိုပြီးတော်လာခဲ့တာပဲ။ သူမကိုယ်သူမ ချီးကျူးလို့အပြီးမှာ ဘယ်လိုခံစားချက်မျိုးမှန်းမသိတဲ့ခံစားချက်တစ်ခုကို စိတ်ထဲမှာခံစားလိုက်ရတယ်။ ရင်ထဲမှာတော်တော်ကြီးကိုဟာသွားသလိုပါပဲ (ဟာမှာပေါ့ သဝန်တိုပြီး ဝမ်းနည်းနေတာလေ😥) သူမရဲ့စိတ်ထဲမှာတော့ Jiheng နဲ့ ပတ်သက်ရင် သုံဟွာ တကယ်ကိုကြိုးစားလွန်းပါတယ်။
လေးအေးတွေဟာ ပြတင်းမှန်တွေကတစ်ဆင့် ဝင်လာခဲ့တယ်။ ဖုန်းကျို နှာတစ်ချက်ချေပြီးနောက် သူမရဲ့အိပ်ရာဘေးမှာ ခြုံထည်ရှိတယ်ဆိုတာကို သတိရသွားတယ်။ ထိုခြုံထည်ကို သူမပုခုံးပေါ်မှာပတ်ခြုံလိုက်ပြီး အိပ်ရာပေါ်မှဆင်းခဲ့လေတယ်။ ရုတ်တရက် ညည်းတွားသံတစ်ခု ဘေးဘက်ကနေထွက်ပေါ်လို့လာတယ် "Zhonglin သာဒီမှာရှိရင် ခုချိန်ဆိုလက်ဖက်ရည်ကျိုပြီးနေလောက်ပြီ"

ဖုန်းကျို အံ့သြစွာနဲ့ အသံလာရာဘက်ကိုကြည့်လိုက်တယ်။ ထိုနေရာမှာရှိနေသူကတော့ ဘာမှမရှိတဲ့လက်ဖက်ရည်အိုးအဖုံးကိုဖွင့်ပြီးကြည့်နေတဲ့သုံဟွာပါပဲ။ သူ ဘယ်ချိန်ကတည်းက သူမအခန်းတည်းကို ဝင်လာခဲ့လည်းမသိပေမယ့် သေချာတာကတော့ သူများအခန်းထဲကို အေးအေးဆေးဆေး တိတ်တခိုးဝင်လာဖို့က တကယ့်ကိုကြီးမားတဲ့မျက်နှာပြောင်မှု ရှိဖို့လိုလိမ့်မယ်။

သူမသူ့ကို အတန်ကြာအောင် ငေးကြည့်နေခဲ့တယ်။ Miao Luo ကိစ္စပြီးသွားတော့ သူမ သူနဲ့ဝေးဝေးနေချင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒီဝေးသွားတယ်ဆိုတဲ့ခံစားချက်ကို သူမ တစ်စက္ကန့်လေးတောင် မခံစားခဲ့ရဘူး။ ဒီအကြောင်းကို သူမကိုယ်သူမ စိတ်ထဲမှာပဲမျိုသိပ်လိုက်တဲ့အတွက် ပါးစပ်ကတော့ထုတ်မပြောမိခဲ့ပါဘူး  "အဲ့တာဆိုရင် ရှင်ဒီတောင်ကြားကိုလာတုန်းက ဘာလို့ Zhonglin ကိုမခေါ်ခဲ့လဲ"

သုံဟွာ လက်ဖက်ရည်အိုးကို အောက်သို့ပြန်ချလိုက်တယ် "မင်းရှိနေတာပဲဟာ ဘာလို့သူ့ကိုခေါ်လာရမှာလဲ"

ဖုန်းကျိူ နားထင်နားမှာဖောင်းနေတဲ့ သွေးကြောလေးတွေကိုနှိပ်နယ်ရင်း "ကျွန်မရှိရင် ဘာလို့သူ့ကိုခေါ်လို့မရတာလဲ"

"သူရှိနေရင် ငါမင်းကိုအနှောင့်အယှက်ပေးလို့မရဘူး" သုံဟွာ အရမ်းကိုပေါ့ပေါ့ပါးပါးပုံစံနဲ့ ပြန်ဖြေလိုက်တယ်။

ထို့နောက် ဖုန်းကျို ပြန်ပြောလိုက်ချင်တာက 'သူမရှိရင် ကျွန်မတစ်ယောက်တည်းကိုပဲ အနှောင့်အယှက်ပေးနေရတာ စိတ်မထင့်ဘူးလား' ဒါပေမယ့် သူမ အမြန်ပြောချင်ဇောနဲ့ ပြောလိုက်မိတာက "သူရှိရင်တောင် ကျွန်မကိုအနှောင့်အယှက်ပေးဖို့ ဘာလို့စိတ်ထင့်နေမှာလဲ"

သုံဟွာ သူမကိုကြည့်ကာ ခေါင်းငြိမ့်လိုက်တယ် "မင်းပြောတာမှန်တယ် သူရှိရင်တောင် ငါမင်းကိုအနှောင့်အယှက်ပေးလို့ရတာပဲ" သုံဟွာ ငါးပလိုင်းခြင်းလေးကို စားပွဲပေါ်မတင်ကာ သူမဆီကိုအသာအယာထိုးပေးလိုက်တယ် "ငါ့အတွက်စားစရာတစ်ခုခုလုပ်ပေးပါလား"

Page-247

အချိန်အနည်းငယ်ကြာပြီးတဲ့နောက် သူမဘာစကားပြောလိုက်ပြီး သီကျွင်းဘယ်လိုပြန်ပြောလိုက်တယ်ဆိုတာကို ဖုန်းကျိုသဘောပေါက်နားလည်သွားတယ်။ သူမ ခေါင်းတွေပါထိုးကိုက်လာတော့တယ်။ ခေါင်းလေးကိုနှိပ်နယ်ရင်း သုံဟွာကမ်းပေးတဲ့ခြင်းထဲကိုတစ်ချက်ကြည့်လိုက်တယ် "တစ်ခါတစ်လေ ရှင် သိပ်အရေထူတာပဲ"

သုံဟွာရဲ့မျက်နှာအမူအရာကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားပါဘူး "မင်းအမြင်တွေ အရမ်းကိုတိကျမှန်ကန်လွန်းတယ်" သူ ငါးပလိုင်းလေးကို သူမရှိရာဘက်ဆီထပ်တွန်းပို့ပြန်တယ် "ပေါင်းလိုက် ဟုတ်ပြီလား"

သူမလဲ ခြင်းထဲကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တယ်။ Crucian ငါးကြင်းတစ်ကောင် ရုတ်တရက်ထခုန်ပြီး ခြင်းအဝကိုထိကာ အောက်ကိုပြန်ပြုတ်ကျသွားတယ်။ သူမ အနောက်ကိုအလျင်အမြန်ဆုတ်လိုက်ရင်း ပြန်မေးခဲ့တယ် "ရှင်ပြောတာ...သတ်လိုက်ဖို့ပြောနေတာလား"

သုံဟွာ ခြင်းထဲမှာတဆက်ဆက်ခုန်ပေါက်နေတဲ့ ထိုငါးကိုတစ်ချက်ဝေ့ကြည့်လိုက်တယ် "ငါ့ပုံက ငါးကိုလွှတ်ပေးစေချင်တဲ့ပုံများပေါက်နေလို့လား"

ဖုန်းကျို ဝမ်းနည်းစွာနဲ့ပြန်ပြောလိုက်တယ် "ကောင်းကင်ဘုံကနတ်တွေ က သူတစ်ပါးအသက်ကိုမသတ်ဘူးလို့ ကျွန်မထင်နေတာ"

"မင်းငါတို့ကို တော်တော်အထင်ကြီးနေတာပဲ" သူမထံမှ ဘာတုန့်ပြန်မှုမှမကြားရတဲ့အခါ သူ အဝေးတစ်နေရာကို တိတ်တဆိတ်ကြည့်လိုက်ပြီး ရုတ်တရက်ထပြောလေတယ် "ဟိုတစ်နေ့ညတုန်းက မင်း နောက်လ၁၅ရက်နေ့လို့ပြောလိုက်တာကို ငါဝိုးတဝါးမှတ်မိနေသေးတယ်..." (သုံဟွာ ဒါနဲ့ပဲကိုင်ပေါက်နေတာ😠)

ဖုန်းကျို ခေါင်းဆတ်ခနဲထောင်သွားပြီး လေးလံထိုင်းမှိုင်းနေတဲ့စိတ်တွေပါ တစ်ခါတည်းပျောက်သွားတော့တယ်။ သူမ သုံဟွာ့စကားကို ဖြတ်ပြောလိုက်တယ် "မဟုတ်ဘူးနော်...မဟုတ်ဘူး...ရှင် အိမ်မက်တွေနဲ့ရောနေတာ ကျွန်မဘာမှမပြောခဲ့ဘူး ရှင်လည်းဘာမှမကြားခဲ့ဘူးလေ" ထိုစဉ် သုံဟွာ့မျက်လုံးထဲမှာ လျှို့ဝှက်အပြုံးလေး ရှပ်ပြေးသွားတယ်။ သူမ လက်ထဲမှာကိုင်ထားတဲ့ ဝါးပလိုင်းလေးကိုငုံ့ကြည့်ပြီး အလျင်အမြန်ဆက်ပြောတယ် "အရှင်မင်းမြတ်ကို ချက်ပြုတ်ကျွေးခွင့်ရတာ တကယ်ကိုဂုဏ်ယူစရာကိစ္စပဲ ကျွန်မရဲ့ဟင်းချက်လက်ရာကို အရှင့်ကိုမြည်းစမ်းကြည့်စေချင်ခဲ့တာကြာပြီ ဒါပေမဲ့ တစ်ခါမှအခွင့်မသာခဲ့ဘူး ကျွန်မကို ဒီငါးကိုဘယ်လိုပေါင်းစေချင်လဲ? ပေါင်းတဲ့နည်းတွေကအများကြီးရှိတယ် Peony ပန်းပွင့်လောက်ကြီးတဲ့အတုံးတွေတုံးပြီး ပေါင်းပေးရမလား? ဒါမှမဟုတ် Mangolia ငါးအသားလွှာလို ပါးပါးလေးတွေလှီးပြီး Shiitake မှိုပွင့်နဲ့ ပေါင်းပေးရမလား? တကယ်လို့ အရှင် Shiitakes မှိုပွင့်ကြိုက်တယ်ဆိုရင် ငါးနဲ့တစ်ခါတည်းရောနယ်လိုက်မယ်လေ" အရင်က သူမ ထိုက်ချန်းနန်းတော်မှာနေတုန်းကဆိုရင် သူမမှာ Jiheng နဲ့ယှဉ်ပြိုင်လို့ရတဲ့အရာ ဘာမှမရှိခဲ့ဘူး။ အမှန်တိုင်းပြောရရင် သူမရဲ့ဟင်းချက်လက်ရာကို သုံဟွာ့ကိုအမြဲထုတ်ကြွားချင်ခဲ့တာ။ ဒါပေမဲ့ တစ်ခါမှအခွင့်မသာခဲ့ဘူးလေ။

Page-248

အထဲမှာဖမ်းဆီးထားတဲ့ငါးကြင်းက အဆက်မပြတ်ခုန်နေတာကြောင့် ခြင်းတောင်းဟာဘေးကိုယိုင်လဲသွားပြီး ဖုန်းကျိုလက်ထဲကနေ ပြုတ်ကျမလိုဖြစ်သွားတယ်။ ကံကောင်းထောက်မစွာနဲ့ သုံဟွာ အချိန်မီလှမ်းဖမ်းလိုက်တယ်လေ။ သူမလက်ကိုပါ သုံဟွာဆုပ်ကိုင်လိုက်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ လက်တစ်ချောင်းလုံး ချမ်းစိမ့်ထုံထိုင်းလာသလိုလိုတောင်ဖြစ်သွားတယ်။ (အထိအတွေ့တွေ အဲ့လောက်တောင်ကောင်းမွန်နေတာလား ဖုန်းကျိုရ😂) သုံဟွာ့အသံက သူမရဲ့ခေါင်းအထက်နားကနေ ထွက်ပေါ်လို့လာတယ် "သေချာကိုင်လို့ရပြီလား" သူ စကားခဏရပ်လိုက်ပြီးမှ ဆက်ပြောတယ် "ဒီနေ့တော့ ပထမပြောတဲ့ဟင်းပဲ ချက်လိုက်ပါ နက်ဖြန်ကျမှ ဒုတိယဟြေတဲ့ဟင်းပေါ့ သဘက်ခါကျရင်တော့ ကြက်သွန်ဖြူအချဉ်လေးနဲ့ တွဲချက်ရင်ချက်ပေါ့"

ဘယ်လိုဖြစ်လို့များ ဟိုးအရှေ့ထိကြိုတွေးနေပါလိမ့်လို့ ဖုန်းကျိုစိတ်ထဲမှာတွေးလိုက်မိတယ်။ သူမမျက်လုံးတွေက သုံဟွာ့ရဲ့လက်ကောက်ဝတ်ဆီအကြည့်ရောက်သွားပြီး သူ့အင်္ကျီလက်မှာ သွေးစတစ်ချို့ပေနေတာကို သတိထားမိသွားတယ်။ ပလိုင်းကိုလက်မှာကိုင်လျက် မေးငေါ့ကာမေးလိုက်တယ် "ရှင့်လက်က ဘာဖြစ်တာလဲ"

သုံဟွာက မျက်တောင်တစ်ချက်ခတ်လိုက်တယ်။ ပုံစံက သူမ ဒီဒဏ်ရာကိုသတိပြုမိသွားလိမ့်မယ်လို့ တွေးထားပုံမရဘူး။ သူ ငြင်သာစွာပြန်ပြောလာတယ် "မင်းကိုအိမ်ထိပြန်ပွေ့ခေါ်လာရတုန်းက ဒဏ်ရာပြန်ပွင့်သွားတာ" ထို့နောက် သူ သူမမျက်နှာကို အကဲခတ်နေခဲ့တယ်။

"အဓိပ္ပါယ်မရှိလျှောက်ပြောနေတယ် ကျွန်မကိုယ် အဲ့လောက်မလေးဘူး" ဖုန်းကျို စောဒကတက်လိုက်တယ်။

သီကျွင်း စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပြီး ပြန်ပြောလေတယ် "အခု မင်းစိတ်ပူသင့်တာက မင်းရဲ့ကိုယ်အလေးချိန်မဟုတ်ဘဲ ငါ့ရဲ့ဒဏ်ရာရနေတဲ့လက်အကြောင်းဖြစ်သင့်တယ်လို့ ငါထင်တယ်"

လက်ထဲမှာပလိုင်းကိုကိုင်ထားရင်း ဒဏ်ရာကိုအနီးကပ်ကြည့်နိုင်ဖို့ သူမရှေ့ကိုတိုးလိုက်တယ် "အမ်..ဒါဆိုလည်း ရှင့်လက်က ဘာလို့အဲ့လောက်တောင်အားနည်းရတာလဲ"

"...မင်းကအရမ်းလေးတာကိုး"
( သီကျွင်းကွ😂)

ဖုန်းကျိုလည်း ဒေါသတွေအလိပ်လိုက်ထွက်လာတော့တယ် "အဓိပ္ပါယ်မရှိလိုက်တာ ကျွန်မကိုယ်က ဘယ်တုန်းကများအဲ့လောက်လေးလို့လဲ" ပြီးခဲ့ပြီးသော ငြင်းခုန်မှုကိုပြန်ရောက်သွားသလိုပါပဲ။ ဒီအသံနေအသံထားဟာ သူမနဲ့ရင်းနှီးကျွမ်းဝင်လွန်းလှတယ်။ ထိုအကြောင်းတွေကို သူမပြန်တွေးနေစဉ်မှာပဲ သုံဟွာ ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်တယ်။ သူမလည်း ဆတ်ခနဲခေါင်းငုံ့ကာ ဘေးကိုအလျင်အမြန်ရှောင်လိုက်လေသည် "ရှင်နဲ့ငြင်းခုန်လို့ကျွန်မရှုံးတိုင်း ကျွန်မဘယ်တုန်းကမှလက်မပါခဲ့ဘူး ရှင်လည်း ခုကျွန်မကိုနိုင်အောင်မပြောနိုင်လို့ လက်မပါနဲ့" မြှောက်ထားတဲ့သူ့လက်လေး နှိမ့်ကျကာ သူမခေါင်းပေါ်ကိုရောက်သွားတယ်။ သူလက်ချလိုက်တဲ့နေရာကသူမရဲ့ဆံနွယ်မွှေးညှင်းပေါက်လေးတွေ စနိုးစနောင့်ဖြစ်လို့သွားတယ်။ ရုတ်တရက် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားလေသည်။ တိတ်ဆိတ်လွန်းလို့ ဟိုးအဝေးဂျပန်သစ်ဂျပိုးပင်ကနေ မြေပြင်ပေါ်တပေါက်ပေါက်ကျနေတဲ့ နှင်းစက်သံတွေကိုတောင် အတိုင်းသားကြားနေရတယ်။ သူမစိတ်တွေရှုပ်ထွေးသွားခဲ့တယ်။ သုံဟွာတစ်ယောက် ဘယ်လိုဇာတ်လမ်းတွေဆင်နေပြန်ပြီလဲ? သူမမျက်လုံးလှန်ကြည့်လိုက်တော့ တည်ငြိမ်စွာစူးစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေနဲ့တည့်တည့်တိုးမိတယ် "ဆံပင်တွေထွေးပြီးညိနေတယ် ရှောင်ပိုင်..မင်းအိပ်ရာကနိုးလာတော့ ခေါင်းမဖြီးခဲ့ဘူးလား"

Page-249

စကားလမ်းကြောင်းတွေ မဆီမဆိုင်ရာသွေဖယ်ကုန်တယ်။ သူ သူမကို ရှောင်ပိုင်လို့ခေါ်လိုက်တာ ဒါဒုတိယအကြိမ်ပဲ။ ဖုန်းကျိုမျက်နှာကြီးတစ်ခုလုံးရဲတက်လာပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်ပါတယ် "ရှ...ရှင်...ရှင်ဘာမှမသိပါဘူး ဒါဒီနှစ်နဲ့ဖက်ရှင်ပဲ" (ဖုန်းကျို ရှက်ရမ်းတွေရမ်းကုန်ပြီ😂) သူမ ပလိုင်းခြင်းလေးကိုယူပြီး အခန်းထဲကပြေးထွက်သွားပါတော့တယ်။ ခြံဝန်းထဲမှာ နှင်းတွေထူထပ်စွာကျလို့နေတယ်။ ဖုန်းကျို သူမရဲ့ရဲတောက်နေတဲ့မျက်နှာလေးကိုကိုင်ရင်း သူမဘာလို့ဒီလောက်ထိစကားတွေထစ်သွားပါလိမ့်ဆိုပြီး တွေးမိခဲ့တယ်။ သုံဟွာသူမကို ရှောင်ပိုင်လို့ခေါ်လိုက်လို့များလား? သူမ သူမရဲ့မူလနာမ်မည်ကိုမကြိုက်ဘဲ သုံဟွာ သူမကိုခေါ်လိုက်ပုံလေးကို သဘောကျမိသွားလို့လား? နောက်ဆုံးတော့ သူမအရမ်းစိတ်ခံစားလွယ်လို့လို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ သူများတွေ သူမအပေါ်အခွင့်အရေးယူရင် ဘယ်လိုလုပ်မလဲ?

Comment