အခန်း ၂ (၂)

ယူ‌တို့နော် 😏 အောက်နားက star လေးကို နှိပ် ဒါပဲ ပြောမယ်

Page 49-53

Page-49

Qing Yun ခန်းမမှာအစည်းဝေးပွဲပြီးသွားတဲ့နောက် ခါတိုင်းနှစ်တွေကကျင်းပလေ့ရှိတဲ့အတိုင်း ကောင်းကင်မင်းကြီးက နတ်ပြည်ကိုအသစ်ရောက်လာတဲ့ နတ်ငယ်လေးတွေအတွက် လရောင်ဥယျဉ်ထဲမှာ ညစာစားပွဲကျင်းပပေးခဲ့တယ်။

ညစာစားပွဲ၌ ထက်မြက်ပုံရတဲ့နတ်ငယ်တစ်ယောက်ဟာ အခြားနတ်ငယ်တစ်ယောက်ကို ဒီလိုတီးတိုးမေးခဲ့တယ် "မင်း ဒီနေ့ ကောင်းကင်ဘုံကနတ်ဘုရားတော်တော်များများကို မြင်ဖူးပြီးသွားပြီ ဟို..ချင်းချူပြည်နယ်က တစ်ယောက်ကိုရော တွေ့ပြီးပြီလား?" ထို့နောက် လျှို့ဝှက်ချက်တစ်ခုကို ပြောနေတဲ့အသံလေးနဲ့ "ဒီနေ့ပွဲကို ချင်းချူက ဘုရင်မပိုင်ချန်းနဲ့ သူ့ရဲ့တူမဖြစ်သူဖုန်းကျိုတို့ တက်ရောက်လိမ့်မယ်လို့ ငါကြားထားတယ် သူတို့နှစ်ယောက်က တကယ့်ကို မဟာအလှလေးတွေတဲ့ ကောင်းကင်ဘုံက နတ်သမီးတွေအားလုံးထက်တောင် ပိုပြီးလှကြတာတဲ့"

ထိုနတ်ငယ်လေး ပြောပြနေတဲ့တစ်ယောက်ကတော့ ဒီမနက် Qing Yun ခန်းမမှာ ဒူးထောက်နေခဲ့တဲ့နတ်ငယ်လေးပါပဲ။ သူ့ရဲ့လူ့ဘဝကပြုလုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့် Zhenren ဘွဲ့ကို ချီးမြှင့်ခြင်းခံရလေတယ်။ လူဖြစ်စဉ်တုန်းကနာမ်မည်နဲ့ဆိုရင် သူ့ကို အခု Chen Zhenren လို့ခေါ်တယ်။

ဘာမဆီညာမဆိုင် Chen Zhenren ရဲ့မျက်နှာလေး နီရဲလာခဲ့တယ် "ဒီမနက် Qing Yun ခန်းမထဲကို ရုတ်တရက်ဝင်လာတဲ့တစ်ယောက်လား? သူမလည်းလာမှာလား?"

ဘေးကနတ်ငယ်လေး အံ့သြစွာနဲ့ ပါးစပ်လေးကိုကာရင်း တီးတိုးပြန်ပြောခဲ့တယ် "ငါလိုက်ပြီးမေးကြည့်ပြီးသွားပြီ သူမက အရှင်သီကျွင်းရဲ့ မွေးစားညီမ မင်းသမီး Zhi'he ဖြစ်ဖို့များတယ် ဒီမနက်တုန်းကအခြေအနေအရဆိုရင် မွေးစားညီမအပေါ် အရှင်သီကျွင်းရဲ့ခံစားချက်က သာမန်တော့မဖြစ်နိုင်ဘူး" ထို့နောက် သူဆက်ပြောပြန်တယ် "တကယ်ကွာ.. သူမပုံစံက အရမ်းချစ်ဖို့ကာင်းတယ် တော်တော့်ကိုချစ်ဖို့ကောင်းတာပါကွာ တော်ရုံတန်ရုံမစွဲမက်တတ်တဲ့ငါတောင် အချိန်တော်ကြာအောင် သူမလေးကို မှင်သက်ပြီး ငေးကြည့်နေခဲ့မိတယ် မင်းလည်းမှင်သက်သွားမှာပေါ့ ဒါပေမယ့်ကွာ..." သူ Chen Zhenren ရဲ့ပုခုံးကို ပုတ်လိုက်တယ် "မင်းနဲ့ငါက ထာဝရရှင်သန်ခြင်းကိုရထားတဲ့ လူသားတွေလေ စည်းမျဉ်းတွေအရ အရှင်သီကျွင်း သူ့ရဲ့ညီမအပေါ် ဘာခံစားချက်မှမရှိရင်တောင် ငါတို့ကတော့ သူမလေးကို အဝေးကနေပဲ ငေးကြည့်နေခွင့်ရှိတာ"

Chen Zhenren စိတ်ပျက်သွားတဲ့ပုံနဲ့ ခေါင်းငိုက်စိုက်ကျသွားလေတယ်။

နတ်ပြည် ၃၆ ထပ်မှာရှိတဲ့ လရောင်ဥယျာဉ်ဟာဆိုရင် လထက်မြင့်တဲ့နေရာမှာရှိတဲ့အတွက်ကြောင့် ဥယျာဉ်ထဲကို လရဲ့အလင်းရောင်တွေ မကျရောက်နိုင်ဘူး။ ဒါကြောင့် နေရာကိုလင်းလက်စေဖို့ အပင်တိုင်းမှာ ညပုလဲလုံးတွေ ချိတ်ဆွဲထားလျက်ရှိတယ်။

ကောင်းကင်ဘုံမှာ ဆိုးရွားလှတဲ့ ဓလေ့တစ်ခုရှိလေသည်။ ရာထူးမြင့်တဲ့နတ်တွေဟာ ဒီလိုပျော်ပွဲရွှင်ပွဲတွေကို အချိန်မှန်ပဲလာကြလေ့ရှိတယ်။ သူတို့ဟာ အလုပ်များကြတဲ့သူတွေဖြစ်တာကြောင့် ပွဲကိုစောစောထွက်လာလို့မရတာဖြစ်တယ်။ ဒါပေမယ့် ဒီနတ်တွေထဲမှာတော့ သုံဟွာနဲ့လန်ရှန်းတော့မပါဘူး။ သူတို့နှစ်ယောက်ကတော့ အရမ်းစောပြီးလာနိုင်သလို အရမ်းနောက်ကျပြီးမှလဲ လာနိုင်တယ်။ ဒါမှမဟုတ် မလာတဲ့အခါလဲ မလာကြဘူး။ သူတို့တွေဟာ ဘယ်တော့မှ အချိန်မှန်လေ့မရှိဘူး။

ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း သုံဟွာနဲ့လန်ရှန်းတို့နှစ်ယောက် ညစာစားပွဲကို အချိန်မှန်ရောက်နေခဲ့တယ်။

သူတို့ရှိနေခြင်းကြောင့် တခြားနတ်ငယ်လေးတွေ အနေရမခက်စေဖို့ အစေခံငယ်လေးတွေဟာ သူတို့အတွက်နေရာကို အရွက်တွေအုံ့ဆိုင်းနေတဲ့အပင်တစ်ခုရဲ့အောက်မှာ စီစဉ်ပေးခဲ့တယ်။

Page-50

Chen Zhenren နဲ့ အခြားနတ်ငယ်လေးတို့ဟာ ထိုသစ်ပင်ရဲ့အနီးနားမှာနေပြီး စကားပြောနေကြတာဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့စကားတစ်ခွန်းချင်းစီတိုင်းကို အပင်ရဲ့နောက်မှာထိုင်နေကြတဲ့ နတ်မင်းနှစ်ယောက်က အတိုင်းသားကြားနေရတာပေါ့။

အဲ့ချိန်မှာ သုံဟွာကတော့ လန်ရှန်းသူ့ကို ခုလေးတင်ပေးခဲ့တဲ့ Haotian မျှော်စင်ကို တစ်စစီပြန်ဖြုတ်နေလေရဲ့။ Hotian မျှော်စင်ဆိုတာက နတ်ဆိုးတွေနဲ့သရဲမျိုးတွေကို ချေမှုန်းတဲ့ လက်နက်တစ်ခုဖြစ်တယ်။ လန်ရှန်း ဒါကို သုံဟွာဆီယူလာရတဲ့အကြောင်းက သုံဟွာ အဲ့ဒီမျှော်စင်ကို နတ်ဆိုးတွေနဲ့သရဲမျိုးတွေတင်မကဘူး နတ်ဘုရားတွေကိုပါ ချေမှုန်းသုတ်သင်နိုင်တဲ့ ပိုပြီးစွမ်းအားကြီးမားတဲ့ လက်နက်တစ်ခုအဖြစ် ပြောင်းပေးစေချင်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ သူ့ရဲ့ရည်ရွယ်ချက်က ထိုလက်နက်ကို မိုယွမ်ရဲ့အသစ်ထွင်ထားတဲ့ Jiulihu လက်နက်ကို ကျော်လွန်ပြီး လောကမှာစွမ်းအားအကြီးမားဆုံး မှော်လက်နက်တစ်ခု ဖြစ်လာစေဖို့ပဲဖြစ်သည်။

လန်ရှန်း သူ့ရဲ့ယပ်တောင်ကို အောက်ချလိုက်ပြီး သူတို့နှစ်ယောက်သောက်ဖို့အတွက် ဝိုင်ဖြည့်လိုက်တယ်။ ထို့နောက် အပြုံးလေးနဲ့ သူပြောလေတယ် "ငါကြားတာ မင်း မနက်က ဖုန်းကျိုကို Qing Yun ခန်းမထဲက အခြားသူတွေရဲ့ရှေ့မှာ စနောက်ခဲ့တယ်ဆို မင်းရဲ့အိမ်တော်ထိန်း Zhonglin တောင် ငါ့ဆီလာပြီး မင်းအကြောင်းကောလဟာလတွေပြန့်နေတာ ဘယ်လိုတားမလဲလို့ လာမေးသေးတယ်"

သုံဟွာ လက်ထဲကမျှော်စင်ကို ကြည့်နေရင်း ပြောလိုက်တယ် "မင်းဆီက အကူအညီတောင်းတယ်? သူ အိမ်မက်ကမနိုးသေးလို့များလား?"

"ငါမင်းနဲ့စကားမပြောတော့ဘူး" လန်ရှန်းဝိုင်တစ်ခွက်သောက်ပြီးသွားတော့ တစ်စုံတစ်ခုကို အမှတ်ရမိသွားခဲ့တယ် "ဟုတ်သားပဲ ငါမင်းကိုအရေးတကြီးပြောစရာရှိတယ် စကားလမ်းကြောင်းလွဲပြီးတော့ မေ့သွားတာ" သူ့ရဲ့ယပ်တောင်နဲ့ ရှေ့ကဝိုင်ခွက်ကို ပုတ်လိုက်ပြီး ဆက်ပြောခဲ့တယ် "တောင်ပိုင်းနတ်ဆိုးမျိုးနွယ်တွေဆီက သတင်းတစ်ခုကြားလာလို့"

သုံဟွာ ဖြုတ်ပြီးစ Haotian မျှော်စင်ကို ကြည့်နေရင်းပဲ မေးလိုက်တယ် "ဘာဖြစ်လို့လဲ?"

လန်ရှန်း နောက်ကခုံကိုမှီလိုက်တယ်။ ပြောနေတုန်း သူ့ရဲ့မျက်လုံးတွေကတော့ အရောင်လက်နေခဲ့တယ် "ဘာဖြစ်ရမှာလဲ ရန်ချီဝူ နတ်ဆိုးဘုရင် ၇ ယောက်ထဲကတစ်ယောက်လေ သူ့ကိုမှတ်မိသေးလား? မင်းနဲ့ နတ်ဆိုးမျိုးနွယ်အကြီးဆုံးမင်းသမီးတို့ရဲ့ စေ့စပ်ပွဲသတင်းကြားတော့ မင်းကိုလာပြီးစိန်ခေါ်တဲ့တစ်ယောက်လေ.."

လန်ရှန်း ခပ်တည်တည်နဲ့ ဆက်ပြောတယ် "သူ မင်းကို မီးစာကြာပန်းအိမ်ထဲထည့်ပြီး ခဏလောက် မင်းကိုအရှက်ရအောင်လုပ်တာလေ အဲ့တာရောမှတ်မိသေးလား?" (လန်ရှန်း သီကျွင်းငယ်နာတွေပြန်ဖော်ပြီး လက်စားချေနေတာ ခုနက သီကျွင်း သူ့ကိုမကောင်းပြောထားလို့လေ😂)

Page-51

လန်းရှန်း ပြောရတာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ပုံနဲ့ ဆက်ပြောခဲ့တယ် "အဲ့တုန်းက မြေခွေးလေးသာ မင်းကိုလာမကယ်ရင် မင်းရဲ့အစွမ်းတစ်ဝက်လောက်လျော့ကျသွားမှာ"

ပြီးနောက်မှ နောင်တရတဲ့လေသံနဲ့ လိုရင်းကိုပြောတော့သည် "မင်း ကြာပန်းအိမ်ထဲကထွက်လာပြီးနောက်တော့ ရန်ချီဝူကို သူ့ရဲ့မိဘတွေကတောင် မမှတ်မိနိုင်လောက်တဲ့ထိ ရက်ရက်စက်စက် သင်ခန်းစာပြန်ပေးခဲ့တယ်လေ ဒါပေမယ့် သူက နတ်ဆိုးဘုရင်တစ်ယောက်ဆိုတော့ အဲ့လိုစော်ကားမှုမျိုးကို ဘယ်ခံနိုင်ပါ့မလဲ ခု.. အဲ့ဒီအဖြစ်ကို ပြန်ပြီးနှစ်သိမ့်နိုင်ဖို့အတွက် မင်းနဲ့နောက်ထပ်တစ်ပွဲလောက် နွှဲချင်နေတာတဲ့"

သုံဟွာ မျက်လုံးလေးကို အပေါ်အနည်းငယ်ပင့်ကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည် "ငါကလဲ သူ့ရဲ့ဖိတ်ခေါ်မှုကိုစောင့်နေတာ"

"ငါတော့ မင်း ဒီလိုလောကီအရေးတွေကို ဂရုမစိုက်ဘူးထင်နေတာ" လန်ရှန်း အံ့သြစွာနဲ့ ပြောလိုက်တယ်။

"ဒါမှမဟုတ် မင်းရဲ့မြေခွေးလေးကို သူခိုးသွားတာလို့ ခုထိထင်နေတုန်းပဲလား?" သူ မျက်မှောင်ကြုတ်လိုက်တယ် "လွန်ခဲ့တဲ့နှစ် ၃၀၀ က မင်း နတ်ဆိုးတိုင်းပြည်ထိတောင်သွားပြီး မြေခွေးလေးရှိလားမရှိလား မင်းကိုယ်တိုင်ပဲ ရှာကြည့်ခဲ့ပြီးပြီလေ"

လန်ရှန်း သက်ပြင်းချကာ ထပ်ပြောပြန်တယ် "အမှန်တိုင်းပြောရရင် ကမ္ဘာကြီးက ဒီလောက်ကျယ်တာ မင်းနောက်ထပ် အနီရောင်မြေခွေးလေးတစ်ကောင် ထပ်မွေးလို့ရသားနဲ့"

ခဏလောက်နေမှ လန်ရှန်းတစ်ခုခုကိုသတိရမိသွားပြီး မေးလိုက်တယ် "ချင်းချူက ပိုင်ဖုန်းကျိုလည်း အနီရောင်မြေခွေးလေးပဲမလား? အင်းပေါ့ သူမကတော့ အမြီးကိုးချောင်းနဲ့မြေခွေးလေးဆိုပေမယ့် အနီရောင်မြေခွေးလေးတစ်ကောင်ပဲလေ ဒါကြောင့်များလား မင်း..."

သုံဟွာ သူ့ရဲ့ပါးလေးကို လက်ပေါ်မှီလိုက်ပြီး ဟိုးအဝေးကြီးကို ငေးစိုက်ကြည့်နေခဲ့တယ် "နှစ်ခုလုံးက ဘာမှမဆိုင်တဲ့ကိစ္စတွေကို"

သုံဟွာရဲ့မျက်လုံးလေးတွေဟာ ဟိုးအဝေးက ဥယျာဉ်ထဲကို အဒေါ်ဖြစ်သူပိုင်ချန်းရဲ့နောက်ကနေ ဆူပုပ်ပုပ်မျက်နှာနဲ့ လိုက်လာတဲ့ ဖုန်းကျိုဆီ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိသွားခဲ့တယ်။ သူမအဖြူရောင်ဂါဝန်လေးကိုဝတ်ထားပြီး ခေါင်းပေါ်မှာလဲ အဖြူရောင်ပန်းဆံထိုးလေးတစ်ခုကို ထိုးလို့ထားတယ်။ သူမရဲ့မျက်နှာအမူအရာကတော့ ရေခဲလိုအေးစက်လို့နေတယ်။ သူမသာ စကားမပြောဘဲနေရင် တော်တော်လေးယဉ်ကျေးပျူငှာပုံတဲ့ပေါက်မှာ။

ပိုင်ချန်းမှာ ဆိုးရွားတဲ့အမြင်ရှိပေမယ့် ဖုန်းကျိူရဲ့အမြင်ကတော့ အပြစ်ပြောစရာမရှိအောင်ကို တော်ပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အပင်နောက်ကွယ်ကနေ သုံဟွာသူမကို လှမ်းကြည့်နေတယ်ဆိုတာ သူမတပ်အပ်ပြောနိုင်တယ်။

Page-52

ဖုန်းကျို ပိုင်ချန်းနားကိုကပ်ကာ လက်ကိုဆွဲပြီး ချွဲတော့တယ် "ကျွန်မက မုဆိုးမတစ်ယောက်ဆိုတော့ ကျင့်ဝတ်စည်ကမ်းကိုသေချာလိုက်နာတဲ့အနေနဲ့ ဒီလိုလူမြင်သူမြင်ပွဲတွေကို မလာသင့်ဘူးလို့ထင်တယ်"

ပိုင်ချန်း တိုတိုတုတ်တုတ်ပဲ ပြန်မေးလိုက်တယ် "အဲ့တော့ အဒေါ်ဖြစ်သူနဲ့ ညစာစားပွဲကိုလိုက်လာရတာက ဦးလေးငယ်အတွက် Chiyan မီးငှက်ကို ယဉ်ပါးအောင်လုပ်ဖို့ ကျီရန်ကို ကူညီပေးတာလောက် သင့်တော်တယ်မထင်ဘူးပေါ့ ဒါဆိုရင်လည်း..."

ဖုန်းကျို လန့်သွားပြီး ပိုင်ချန်းရဲ့လက်ကို ပိုပြီးတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ် "ကံကောင်းစွာနဲ့ မုဆိုးမတွေအတွက် ကျင့်ဝတ်စည်းကမ်းက အဲ့လောက်အတင်းကျပ်ကြီးတော့မဟုတ်ပါဘူး တစ်ခါတစ်ရံတော့ အပြင်ထွက်လို့ရပါတယ်" ဖုန်းကျို ထစ်ထစ်ငေါ့ငေါ့နဲ့ ထပ်ပြောခဲ့တယ် "ကျန်းမာရေးအတွက်ရော စိတ်လွတ်လပ်မှုအတွက်ရော ကောင်းတယ်လေ"

ပိုင်းချန်း တောက်ပစွာပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ် "ဟုတ်တယ် နင်ပြောတာမှန်တယ်"

ချင်းချူရဲ့အလှလေးနှစ်ယောက် ကျော့မော့စွာနဲ့ လရောင်ဥယျာဉ်ထဲကိုဝင်လာတဲ့အချိန်မှာ အသစ်ရောက်လာတဲ့ နတ်ငယ်လေးတွေအားလုံး သူတို့နှစ်ယောက်ကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ကြလေသည်။ ဧည့်ခံပွဲအစောင့်တွေကတော့ သူတို့နှစ်ယောက်ကို မြင်နေကျဖြစ်တဲ့အတွက် နေရာဆီကို အလျင်အမြန် လမ်းပြပေးနိုင်ခဲ့တယ်။

အပင်တစ်ပင်ရဲ့အောက်မှာတော့ လန်ရှန်း သူ့ရဲ့ယပ်တောင်နဲ့ ကျောက်စားပွဲကိုပုတ်လိုက်ပြီး သုံဟွာကို ပြောလိုက်တယ် "မင်းရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ? သူမကို လှတယ်လို့မြင်ရုံပဲလား? ဒါမှမဟုတ်.."

သုံဟွာ ငေးကြည့်နေတာကို ရပ်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ အပြုံးလေးတစ်ခု ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားခဲ့တယ် "သူမက အရမ်းစိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲ"

လန်ရှန်း မြှာပွေသူတစ်ယောက်ရဲ့ပါရမီနဲ့စဉ်းစားတာတောင် သုံဟွာပြောလိုက်တဲ့ စကားရဲ့အဓိပ္ပာယ်ကို သေချာနားမလည်ခဲ့ဘူး "စိတ်ဝင်စားစရာကောင်းတယ်ဆိုတာ..."

ထိုအချိန်မှာပဲ ပုလ္လင်ဘေးနားက နတ်အရာရှိတစ်ဦး ကြေညာလေတယ် "အရှင်ကောင်းကင်မင်းကြီး ရောက်လာပါပြီ~~~"

လန်ရှန်း သက်ပြင်းချလိုက်တယ်။ ထို့နောက် မတ်တပ်ထရပ်လိုက်ရင်း သုံဟွာကို ပြောလိုက်တယ် "လက်ထဲက Haotian မျှော်စင်ကို ခဏချပါအုန်း"

ဒီနေ့ရဲ့ညစာစားပွဲဟာ အသစ်ရောက်လာတဲ့နတ်ငယ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားစေရန်ရည်ရွယ်တဲ့ ပွဲဖြစ်လေတယ်။

ရင်းနှီးသွားအောင်လုပ်ပေးတဲ့ ပွဲဆိုသော်ငြား လွတ်လွတ်လပ်လပ်မရှိတာတော့ အမှန်ပဲ။

Page-53

အချိန်လည်း တဖြည်းဖြည်းနဲ့ကုန်လွန်လာပြီး ကောင်းကင်မင်းကြီးတောင် ပုလ္လင်ပေါ်ကနေ ပြန်ဆင်းသွားလေပြီ။ သုံဟွာသီကျွင်းကတော့ ထိုင်လက်စ မြင့်မြတ်တဲ့နေရာတစ်ခုမှာပဲ အတည်တကျထိုင်နေခဲ့တယ်။

ဒီလိုပျော်ပွဲရွှင်ပွဲတွေမှာ ကောင်းကင်မင်းကြီးတောင် တစ်ခါတစ်ရံ စားရင်းသောက်ရင်း ဟိုဟိုဒီဒီအကြောင်း စကားဖွဲ့လေ့ရှိတယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းတွေထဲမှာ သုံဟွာနဲ့ပတ်သက်တာ တစ်ခါမှမပါခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ပတ်သက်ပြီး ကောလဟာလထွက်တာဟာ ဒါပထမဆုံးဖြစ်တယ်။ ဒါကြောင့် ဒီသတင်းဟာ နတ်ပြည် ၃၆ ထပ်လုံးမှာ တောမီးပမာပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်မင်းကြီးရဲ့နားထဲကို တည့်တည့်မတ်မတ်ရောက်ရှိသွားခဲ့တယ်။

ထိုကောလဟာလရဲ့ အဓိကဇာတ်ဆောင်ကတော့ သုံဟွာပဲပေါ့။ သို့သော် အားလုံးရဲ့စိတ်ကူးစိတ်သန်း အားနည်းမှုကြောင့် မင်းသမီး Zhi'he လည်း ဇာတ်ဆောင်နေရာမှာ အပါအဝင်ဖြစ်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Zhi'he ကတော့ ဒီအကြောင်း သူမကိုလာမေးတိုင်း ဘာမှပြန်မငြင်းဘဲ အပြုံးလေးတစ်ခုနဲ့သာ တုံ့ပြန်ခဲ့တယ်။ (အေးလေနော် အထင်ခံရ နည်းလား😂)

ကောင်းကင်မင်းကြီးဟာ အမြဲကိုယ့်ကိုကိုယ် အထင်ကြီးလေ့ရှိသူတစ်ယောက်ပါ။

သုံဟွာနဲ့ မင်းသမီး Zhi'he တို့ ချစ်ကြိုက်နေကြတဲ့သတင်းကိုကြားပြီး သုံဟွာကိုမျက်နှာသာပေးတဲ့အနေနဲ့ Zhi'he ကို ကောင်းကင်ဘုံသို့ ပြန်ခေါ်ရမယ့်အချိန်တန်ပြီလို့ တွေးခဲ့တယ်။

သူ ဒီလိုဆုံးဖြတ်လိုက်ပြီးတဲ့နောက် ပြန်ခေါ်မယ့်အကြောင်းကိုလဲ တခမ်းတနားကြီးမဟုတ်သလို အရမ်းလဲအသေးအမွှားမဟုတ်တဲ့ ဒီလိုပွဲမျိုးမှာ ကြေညာတာအကောင်းဆုံးလို့ တွေးခဲ့တယ်။

ဒါပေမယ့် ထိုအကြောင်းကြေညာတဲ့အခါမှာ သူ သုံဟွာကို မျက်နှာသာပေးနေတယ်ဆိုတာကို မသိသာစေချင်ဘူး။ တစ်ချိန်တည်းမှာလည်း သုံဟွာ ကြေညာချက်ကိုကြားပြီးတော့ သူ့ကိုကျေးဇူးကြွေးတစ်ခုတင်သွားပြီလို့လည်း ခံစားစေချင်သေးတယ်။ Zhi'he က အကအရမ်းတော်တယ်လို့ကြားထားတာကြောင့် နောက်ဆုံးတော့ ကောင်းကင်မင်းကြီးတစ်ယောက် ဒီပွဲမှာ သူမဦးဆောင်တဲ့ 'ကောင်းကင်ထက်က ကြိုးကြာ' အကကို ဖျော်ဖြေဖို့ အမိန့်ပေးခဲ့တယ်လေ။

Zhi'he ကလည်း အလိုက်သိတဲ့သူတစ်ယောက်ပါ။ သူ့ကိုလုံးဝစိတ်မပျက်စေခဲ့ပါဘူး။ 'ကောင်းကင်ထက်က ကြိုးကြာ' အကကို 'ကောင်းကင်ထက်က ဖီးနစ်' ဟန်ပုံစံဖြစ်အောင် သေသပ်လှပစွာနဲ့ ကပြဖျော်ဖြေပြခဲ့တယ်။ ဒါတင်ဘယ်ကမလဲ အကထဲမှာ ဖီးနစ်ငှက်လေးက တစ်ကောင်တည်း မဟုတ်ဘူး။ တိမ်တိုက်အထပ်ထပ်ကို ဖြတ်ပြီးပျံသန်းနေတဲ့ ဖီးနစ်ငှက်အုပ်စုတစ်စု ဖြစ်တယ်။ စင်အောက်မှာ ကြည့်နေကြသူတွေအားလုံး သူမရဲ့အကမှာ အကြည့်မခွာနိုင်အောင်ကို ရင်သပ်ရှုမောစွာနဲ့ အားပေးခဲ့ကြတယ်လေ။
Page 54-59

Page-54

Zhi'he ရဲ့ကပွဲပြီးသွားတော့ ကောင်းကင်မင်းကြီးကနေ ဦးဆောင်ကာ အရင်ဆုံးလက်ခုပ်တီးအားပေးခဲ့တယ်။ ထို့နောက် ချက်ချင်းပဲ နောက်ဆက်တွဲ ချီးကျူးသြဘာပေးသံတွေ ထွက်ပေါ်လို့လာခဲ့တယ်။ ကောင်းကင်မင်းကြီး စင်ပေါ်ကို လှမ်းကြည့်နေရင်း အဖြေသိပြီးသားဖြစ်သော်လည်း မသိဟန်ဆောင်ကာ မေးလိုက်တယ် "ကချေသည်နတ်သမီးလေးက လွန်ခဲ့တဲ့နှစ် ၃၀၀ လောက်က Qilin တောင်ကိုအပို့ခံလိုက်ရတဲ့ မင်းသမီး Zhi'he မလား?" (သူပဲ ကခိုင်းပြီးတော့😏) အားလုံးကလဲ မှန်ပါတယ်ဆိုတဲ့အကြောင်း တစ်ပြိုင်နက်တည်းဖြေကြတာပေါ့။ သူ တစ်ခုခုကိုစဉ်းနေဟန်နဲ့ ဆက်ပြောလေတယ် "နယ်နှင်ဒဏ်ပေးခံရတဲ့ နတ်သမီးတစ်ပါးက ဒီလောက်ထိအရည်အချင်းရှိတယ်ဆိုတာ မယုံနိုင်စရာပဲ လူ့ပြည်မှာ နှစ် ၃၀၀ တိုင်တိုင် ဒုက္ခခံခဲ့ရတာ လုံလောက်နေပါပြီ မနက်ဖြန်ကစပြီး သူမ ကောင်းကင်ဘုံကို ပြန်လာလို့ရပြီ" ထို့နောက် သုံဟွာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးလိုက်သေးတယ် "အရှင်သုံဟွာရော ဘယ်လိုထင်လဲ?"

ဘယ်လိုတောင် ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုလဲ!

Zhi'he ကလဲ စင်ပေါ်မှာရပ်နေရင်းက သူမရဲ့မွေးစားအစ်ကိုရှိရာဆီ တိတ်တခိုးလေး လှမ်းကြည့်ရှာတယ်။ သူမရဲ့ပိုးသားဂါဝန်လေး လေတိုက်လို့ တလှပ်လှပ်ဖြစ်နေပုံက မသိရင် စိတ်ကူးထဲက အချစ်ပုံပြင်လေးနဲ့တောင် တူနေသေးတယ်။

သုံဟွာကတော့ လက်ထဲက Haotian မျှော်စင်ကို ကစားနေလေရဲ့။ ကောင်းကင်မင်းကြီးရဲ့အမေးကိုကြားတဲ့အခါ Zhi'he ရှိရာဆီ တစ်ချက်လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြလေတယ် "ကောင်းသားပဲ"

ထိုအချိန်မှာ ဥယျာဉ်ရဲ့ထောင့်တစ်နေရာကနေ ကွဲကျသံတစ်ခုထွက်လာခဲ့တယ်။ သူတို့တွေ လှည့်ကြည့်လိုက်တဲ့အခါ ဖုန်းကျိုရဲ့ ကြွေလက်ဖက်ရည်ခွက်လေးက စားပွဲပေါ်မှာ လေးစိပ်ကွဲနေလေပြီ။

သုံဟွာ မှင်သက်သွားတယ်။ လန်ရှန်းကတော့ သူ့ရဲ့မျက်နှာကို ယပ်တောင်နဲ့ကာကာ တီးတိုးပြောလေတယ် "တွေ့လား? သူမ လက်တစ်ဖက်တည်းနဲ့ လက်ဖက်ရည်ခွက်ကိုခွဲလိုက်တာ တော်တော်လေးမိုက်တယ်"

သုံဟွာတစ်ယောက် 'ကောင်းသားပဲ' လို့ပြောလိုက်တဲ့အချိန်မှာ Zhi'he သူမရှိရာဘက်ကိုလှည့်ကာ လှောင်ပြုံးလေးပြုံးပြလိုက်တာကို ဖုန်းကျို သေချာမြင်လိုက်ရတယ်လေ။

သူမအဖေ Bai Yi တစ်ခါက ဆုံးမဖူးတာကို ဖုန်းကျိုကောင်းကောင်းမှတ်မိတယ် 'မင်းရဲ့အသက်က ငယ်ရွယ်သေးတယ်ဆိုပေမယ့် မင်းရဲ့ရာထူးနဲ့တာဝန်တွေကို အမြဲသတိရပါ တခြားသူတွေနဲ့ ယှဉ်ပြိုင်အနိုင်လုစရာမလိုသလို သူတို့လှောင်စရာဖြစ်အောင်လည်း မနေနဲ့ မင်းအလှောင်ခံရတာက အရေးမကြီးဘူး မင်းရဲ့ရာထူးကိုတာ့ လုံးဝအလှောင်မခံရစေနဲ့' တဲ့။

နှစ်ပေါင်း ၃၀၀ လုံးလုံး သူမ ဒီစကားတွေကို သေချာလိုက်နာပြီး နေလာခဲ့တယ်။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က သူမကို အသားလွတ်ကြီးစော်ကားလာရင်တောင်မှ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးနိုင်ဖို့ သူမလေ့ကျင့်ခဲ့တယ်။ သို့သော်ခုတော့ Zhi'he နဲ့ထိပ်တိုက်ဆုံလိုက်ရတဲ့ခဏမှာ သူမအလေးထားလိုက်နာခဲ့တဲ့ သည်းခံမှုတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့လေပြီ။ ဒီထိုက်ချန်နန်းတော်က မင်းသမီးလေးက သူမကို တမင်သက်သက်စိန်ခေါ်နေတာပဲ။

Page-55

နှစ်ပေါင်း ၂၀၀၀ ကျော်ကဖြစ်ခဲ့တဲ့ ဒီဇာတ်လမ်းလေးဟာ ပြန်ပြောဖို့တောင် ဟောင်းနွမ်းလွန်းနေပါပြီ။

အဲ့ဒီအချိန်တုန်းက သူမဟာ မသိတတ်သေးတဲ့ ခပ်စွာစွာကလေးတစ်ယောက်အရွယ်ပဲ ရှိသေးတာ။ တောင်ပိုင်းနယ်က Qinyao တောင်ကို တစ်ယောက်တည်းသွားပြီး ကျားနတ်ဆိုးကြီးကို ရန်စခဲ့တယ်လေ။ ထိုနတ်ဆိုးကြီး သူမကိုဖမ်းမိတော့မယ့်အချိန်မှာပဲ သုံဟွာသီကျွင်း ဖြတ်သွားတာနဲ့ကြုံကြိုက်ပြီး သူ သူမကို ကယ်တင်ခဲ့လို့သာ အသက်ဘေးကလွတ်မြောက်ခဲ့ရတာ။ အဲ့ဒီအချိန်ကနေစပြီး သူမဘဝတစ်ခုလုံးကို သုံဟွာအတွက်ပဲ ပေးအပ်မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ စီမင်းဆီမှာတောင် သူမထပ်ပြီး ကျေးဇူးကြွေးတင်ခဲ့ရသေးတယ်။ ဘုံအဆင့် ၁၃ ထပ်က ထိုက်ချန်နန်းတော်ထဲကိုခိုးဝင်ခဲ့ပြီး အဲ့ကအစေခံတစ်ယောက် လုပ်ခဲ့တယ်။ သူမ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ကံတရားက သူမကို မျက်နှာသာမပေးခဲ့ဘူး။ ဒါ့အပြင် သုံဟွာရဲ့မွေးစားညီမ Zhi'he ကလဲ သူမကို နည်းပေါင်းစုံနဲ့ဒုက္ခပေးပြီး ခက်ခဲအောင်လုပ်ခဲ့တယ်။ သီကျွင်းက သူ့နန်းတော်ရဲ့အိမ်မှုကိစ္စတွေအပေါ် သိပ်အာရုံထားတာမှမဟုတ်တာ။ ပြီးတော့ ကူညီလုပ်ကိုင်ပေးမယ့်ဇနီးလဲမရှိတော့ နန်းတော်ထဲက အရေးကိစ္စအဝဝကို Zhi'he ကပဲ ကိုင်တွယ်စီမံတာလေ။ ဒါကြောင့် ဖုန်းကျိုရဲ့ ထိုက်ချန်နန်းတော်ထဲမှာနေထိုင်ခဲ့တဲ့ရက်တွေဟာ အရမ်းကိုခက်ခဲကြမ်းတမ်းခဲ့တာပေါ့။

နောက်ပိုင်း သုံဟွာ မီးစာကြာပန်းအိမ်ထဲမှာပိတ်မိတော့ အသက်ကြွေးကို ပြန်ဆပ်ဖို့အတွက် သူမအခွင့်အရေးရခဲ့တယ်။ ငယ်စဉ်တည်းက သူမကိုယ်သူမ အရာရာလုပ်နိုင်တဲ့ ယောကျာ်းလေးတစ်ယောက်လို့ပဲ ခံယူထားခဲ့တာ။ သုံဟွာကို ကယ်တင်ဖို့အတွက် သူမရဲ့ရုပ်ရည်၊ အသံနဲ့ အဖိုးတန်အမြှီး ၉ ချောင်းတို့ကို အလဲအလှယ်လုပ်ပြီး သာမာန်မြေခွေးလေးအဖြစ်နဲ့နေထိုင်ဖို့ သူမ နှစ်ခါပြန်တောင်မစဉ်းစားခဲ့ဘူး။ သူ့ကိုကယ်ဖို့အရေးတစ်ခုသာ သူမစိတ်ထဲမှာရှိခဲ့တယ်။ သူ့ရဲ့ကြင်နာမှုအတွက် သူမရဲ့ အချစ်တွေအားလုံး ပုံအောပြီးပေးဆပ်မယ်ဆိုရင် သူမရဲ့ထိုကြင်နာမှုကို တုံ့ပြန်တဲ့အနေနဲ့ သူ တစ်နေ့ သူမကိုပြန်ချစ်လာလိမ့်မယ်လို့ တွေးခဲ့တယ်။ နှစ်ပေါင်း ၂၀၀၀ လောက်ကြိုးစားခဲ့ပြီး နောက်ဆုံးတော့ ကြိုးစားမှုတွေရဲ့အသီးအပွင့်ကို သူမခံစားခွင့်ရခဲ့လေတယ်။

ဒါပေမယ်လို့ ဘဝဆိုတာက အမြဲတမ်း ခန့်မှန်းရခက်တဲ့အရာပဲလေ။

သူမဒဏ်ရာတွေ ပြန်သက်သာလာတော့ သုံဟွာ သူမကို သူ့ရဲ့နဘေးမှာအဖော်ပြုပေးဖို့ နေ့ရောညပါနေခွင့်ပြုခဲ့တယ်။ အဲ့ဒီနေ့တွေက သူမဘဝရဲ့ အပျော်ဆုံးနေ့လေးတွေပါပဲ။ မှော်စွမ်းအားတွေအားလုံးဆုံးရှုံးလိုက်ရလို့ အစွမ်းမရှိတဲ့ အနီရောင်မြေခွေးလေးဖြစ်နေတာတောင် သူမ ကိုယ့်ကိုကိုယ် အရမ်းကျေနပ်နေခဲ့တယ်။ ဘယ်လောက်တောင်လဲဆိုရင် အိမ်မက်တွေထဲမှာတောင် ပျော်ရွှင်နေတဲ့အထိပါပဲ။

အဲ့ဒီညက သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တယ်။ မနက်မိုးလင်းတော့မှ ငှက်လေးတွေရဲ့ ဆူဆူညံညံအစာတောင်းသံကြောင့် လန့်နိုးလာခဲ့တယ်။ သူမရဲ့ခေါင်းအုံးပေါ်မှာတော့ သုံဟွာရဲ့လက်ရေးနဲ့ စာတစ်စောင် ရှိလို့နေတယ်။ စာထဲမှာ သူမနိုးတဲ့အခါ အပန်းဖြေအိမ်လေးကိုလာပြီး သူမအတွက်စီစဉ်ထားတဲ့ စားကောင်းသောက်ဖွယ်တွေလာစားဖို့ ပြောထားလေတယ်။ သူမ အိပ်ရာပေါ်ကနေ ပျော်ပျော်ကြီးခုန်ဆင်းလိုက်တယ်။ လမ်းတစ်လျှောက်လုံး သူမရဲ့အမြီးလေးကို တရမ်းရမ်းလှုပ်ရင်း ခုန်ပေါက်လို့နေတော့တယ်။

Page-56

ဖုန်းကျို အပန်းဖြေအိမ်လေးကို ရောက်သွားချိန်မှာ သုံဟွာနဲ့ငြင်းခုံပြောဆိုပြီး ပန်းမွေ့ယာလေးပေါ်မှာ ငိုယိုနေတဲ့ Zhi'he ကိုတွေ့လိုက်ရတော့ သူမအံ့သြသွားခဲ့တယ်။ ထို့နောက် သွားဖို့အချိန်ကောင်းမဟုတ်ဘူးလို့ ယူဆပြီး Jujube ပင်ရဲ့နောက်မှာ တိတ်တိတ်လေး ဝင်ပုန်းနေလိုက်တယ်။ သူမက ကောင်းမွန်တဲ့သွန်သင်ဆုံးမမှုတွေအောက်မှာ ကြီးပြင်းလာခဲ့တာမို့ သူများစကားပြောနေတာကို ခိုးပြီးနားမထောင်ချင်ဘူးလေ။ အဲ့ဒါကြောင့် သူမ ခေါင်းကိုငုံ့လိုက်ပြီး နားရွက်ချွန်ချွန်လေးတွေကို သူမရဲ့လက်ဖဝါးလေးတွေနဲ့ အုပ်လိုက်တယ်။ (ချစ်စရာကောင်းလိုက်တာနော်😍) သူတို့နှစ်ယာက် ဆက်ပြီးငြင်းခုံနေကြတုန်းပဲ။ စကားတော်တော်များများကိုတော့ Zhi'he ကချည်းပြောနေခဲ့တာဖြစ်တယ်။ Zhi'he တစ်ယောက် ငိုယိုနေသံက သူမကိုတောင် စိတ်မသက်မသာဖြစ်စေတယ်။ ငြင်းခုန်နေတာတွေ ပြီးသွားလောက်ပြီ ထင်တာကြောင့် သူမလက်ဖဝါးလေးတွေကို ဖြည်းဖြည်းချင်း အောက်ချလိုက်တယ်ဆိုရင်ပဲ သုံဟွာ အေးဆေးစွာပြောလိုက်တဲ့စကားတစ်ချို့ကို ရုတ်တရက်ကြားလိုက်ရတယ် "မင်းကိုစောင့်ရှောက်ပါ့မယ်လို့ မွေးစားအဖေကို ကတိပေးထားတာပဲ ငါမင်းကိုပစ်မထားပါဘူး ဘာလို့များဒီမြေခွေးလေးကိုပဲ လိုက်ပြီးသဝန်တိုနေရတာလဲ?"

သီကျွင်းထွက်သွားပြီး ခဏအကြာမှာသူမ jujube ပင်အနောက်ကနေ ထွက်လာခဲ့တယ်။ Zhi'he သူမကိုလဲမြင်ရော ပြုံးပြုံးလေးနဲ့ပြောခဲ့တယ် "မင်းကိုယ်မင်းလဲ ပြန်ကြည့်စမ်းပါအုန်း မင်းလိုအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်က ငါ့ရဲ့မွေးစားအစ်ကိုကို အပိုင်သိမ်းဖို့များ စိတ်ကူးယဉ်နေတာလား? တကယ်ကိုရယ်စရာကောင်းတာပဲ"

Zhi'he ရဲ့စကားတွေက သူမကို အနည်းငယ်နာကျင်စေပေမယ့် သူမက စိတ်မာတဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် သုံဟွာ ဒီစကားတွေပြောလိုက်တာကို ကိုယ်တိုင်နားနဲ့ဆတ်ဆတ် ကြားလိုက်ရတော့ တကယ်ကို နာကျင်သွားတာတော့အမှန်ပဲ။ သို့သော် သူပြောသွားတာကလဲ အမှန်ပဲလေ။ သူမကိုယ်တိုင်က ဒီထက်ပိုပြီး လိုချင်နေမိတာကိုး။ ဒါက အစပဲရှိပါသေးတယ်။ လူတွေပြောကြတယ်မလား? ပွဲချိန်မှာမိုးရွာတဲ့။ သူမ လုံးဝမေ့ထားခဲ့တဲ့ အတိတ်ပုံရိပ်တွေက သူမရဲ့အိမ်မက်လှလှလေးကနေ လန့်နိုးလာအောင်လုပ်ခဲ့တယ်။ အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခု သူမနှလုံးသားကို ဓားနဲ့ထွင်းနေတော့တယ်။ သူမ အမြဲတမ်း သူမနဲ့သက်တူရွယ်တူတွေထက် ပိုပြီးရဲရင့်ခဲ့တယ်ဆိုပေမဲ့ တကယ်တမ်း သူမလဲ ကလေးသာသာအရွယ်ပဲရှိသေးတာပဲလေ။ ခက်ခဲတဲ့အချိန်တွေနဲ့ နာကျည်းမှုအစုစုတို့ကို ဖြတ်ကျော်ခဲ့ပြီးနောက်မှာတော့ သူမ အားလျော့စပြုလာခဲ့ပြီ။

ဒီပွဲမှာ Zhi'he သူမကို ကောင်းကောင်းကြီးအနိုင်ရခဲ့ပါတယ်။ သူမ Zhi'he ဆီမှာရှုံးနိမ့်သွားလဲ သူမဂရုစိုက်ဘူး။ သုံဟွာနှစ်သက်အောင် မစွမ်းဆောင်နိုင်တဲ့အပေါ်မှာပဲ စိတ်မကောင်းဖြစ်မိတာ။ ဒါပေမဲ့ Zhi'he သူမကိုဘာလို့ အဲ့လောက်ထိသဘောမကျဖြစ်နေမှန်း သူမတကယ်စဉ်းစားလို့မရဘူး။ သူမထွက်သွားဖို့ဆုံးဖြတ်ပြီးတာတောင် Zhi'he လိုက်ဒုက္ခပေးနေတုန်းပဲ။ ဖုန်းကျို ကောင်းကင်ဘုံကထွက်သွားတော့မယ့်ညမှာ Zhi'he တစ်ယောက် အနီရောင်မင်္ဂလာဝတ်စုံကိုဝတ်လျက် သူမဆီရောက်လာခဲ့တယ်။ ကြင်နာတတ်သလိုလိုနဲ့ သူမခေါင်းလေးကို အသာအယာပွတ်သပ်ပေးရင်းက ပြောလေတယ် "ငါ ငါ့မွေးစားအကိုနဲ့နေလာတာ နှစ်ပေါင်း ၉၀၀၀၀ တောင်ရှိနေပြီ ငါမွေးဖွားလာတဲ့အချိန်ကစပြီး သူပဲ ငါ့ကိုစောင့်ရှောက်ပေးခဲ့တာ နောက်ဆုံးတော့ ငါသူနဲ့လက်ထပ်ရတော့မယ် ငါအရမ်းပျော်နေတယ်သိလား? မင်းကကြင်နာတတ်တဲ့မြေခွေးလေးပဲ မင်းရော ငါ့အတွက်မပျော်ဘူးလား?" ထို့နောက် လှောင်ပြုံးလေးပြုံးလျက် သူမကိုစနောက်ပြန်တယ် "ဘာလဲ မင်းကမပျော်ဘူးလား? အိုး..ဟုတ်တာပေါ့ မင်းတစ်ခါမှမပျော်ခဲ့ဖူးတာပဲ"

Page-57

ထိုညက လပြည့်ဝန်းကြီး ဘယ်လောက်တောင် တောက်ပစွာသာနေခဲ့လဲဆိုတာ ဖုန်းကျိုမှတ်မိသေးတယ်။ သူ့ရဲ့အရိပ်ပေါ်မှာ တက်နင်းထားရုံနဲ့ ကံကြမ္မာမြစ်ထဲကို ဖြတ်လျှောက်နေရသလိုပဲ။ မြစ်က ကျယ်ပြီးနက်လွန်းလို့ သူမ ဖြတ်ရင်းဖြတ်ရင်း နစ်မွန်းချင်လာသလိုလိုတောင် ဖြစ်ခဲ့ရတယ်။

အတိတ်ပုံရိပ်တွေက မြူခိုးတွေလို ခဏတာ ဝိုးတဝါးပျံနှံ့သွားလေတယ်။ ဖုန်းကျို Zhi'he ကပြဖျော်ဖြေသွားရာ စင်မြင့်ပေါ်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ နှစ် ၃၀၀ ဆိုတာ တိုတောင်းလွန်းလို့ထင်ပါရဲ့။ သူမရဲ့ မိတ်ဆွေဟောင်းကြီးတောင် ဘာမှမပြောင်းလဲသေးပါလား?

အဲ့ဒီအချိန်တုန်းက Zhi'he သူမကို အမျိုးမျိုးလိုက်ပြီးဒုက္ခပေးနေပေမယ့် သူမကတော့ သုံဟွာအတွက် ခေါင်းမာစွာဆက်ကြိုးစားနေခဲ့တယ်။ ထိုဒုက္ခတွေကို ကောင်းကင်ကချမှတ်ထားတဲ့ စမ်းသပ်မှုတွေလို့တောင် သူမရူးမိုက်စွာ ခံယူခဲ့သေးတာ။ Zhi'he ကတော့ သူမကိုစမ်းသပ်ဖို့ လွှတ်လိုက်တဲ့သူပေါ့လေ။ နောက်တော့ ကောင်းကင်ဘုံကထွက်လာပြီး အခြေအနေတွေတည်ငြိမ်သွားခါမှ Zhi'he က သူမရဲ့ရင်စက်တဲ့ပြိုင်ဘက်တစ်ယောက်ဆိုတာ သတိပြုမိခဲ့တာ။ ဒီလိုနဲ့ ရာစုနှစ်အတော်ကြာတဲ့အထိ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ သူမနှိပ်စက်သမျှ သည်းခံနေခဲ့တယ်။ အကယ်၍ သူမ ခုချိန်မှာမှ နာကျင်မှုတွေနဲ့ မကျေနပ်ချက်တွေအတွက် အလျော်ယူဖို့ ကောင်းကင်ဘုံကိုပြန်သွားမယ်ဆိုရင် သူမပုံစံက ပိုပြီးတောင်သနားစရာကောင်းနေမှာ။ သဘောထားကြီးသလိုပုံနဲ့ သူမ ဘယ်လိုလက်စားချေရပါ့? အတော်ကြာ ဂရုတစိုက်စဉ်းစားပြီးသည့်တိုင် ကျေနပ်တဲ့နည်းလမ်းကို ရှာမတွေ့သည့်အတွက် နောက်ဆုံးတော့ သူမလက်လျော့ခဲ့ရတော့တယ်။

သို့သော် ကောင်းကင်ဘုံက သူမရဲ့ နှစ် ၃၀၀ ကျော်ကြာ မကျေနပ်ချက်တွေကို နားလည်သွားလို့ ထင်ပါရဲ့။ ဒါကြောင့်မို့လို့ ဒီလိုနေ့မျိုးကို သူမအတွက် တမင်ဖန်တီးပေးခဲ့တာဖြစ်မယ်။ အဲ့လိုဆိုရင် သူမအနေနဲ့ ကောင်းကင်ရဲ့အလိုတော်ကို ပြန်ပြီးမဖြည့်ဆည်းပေးလို့ ဘယ်ဖြစ်ပါ့မလဲ? အထူးသဖြင့် တစ်ဖက်ရန်သူက သူမကို လှောင်ပြုံးပြုံးပြနေတဲ့အခါမှာပေါ့။ သူမသာ ပြိုင်ဘက်ကို ပြန်ပြီးခက်ခဲအောင်မလုပ်ဘူးဆိုရင် သူမအတွက် ကောင်းကင်ရဲ့ကြိုးစားမှုအားထုတ်မှုက အလဟဿဖြစ်သွားမှာပေါ့။

အစေခံငယ်လေးတစ်ယောက် ဖုန်းကျိုကို လက်ဖက်ရည်ခွက်အသစ်တစ်လုံး ဆက်သလာတဲ့အခါ Zhi'he မျက်နှာပေါ်က လှောင်ပြုံးလေးဟာ ပိုမိုပီပြင်လာခဲ့တယ်။ သူမ ကိုယ့်လုပ်ရပ်ကိုယ် ကျေနပ်နေတဲ့ပုံပဲ။ ပြုံးပြနေလိုက်တာများ မျက်လုံးကရောင်စဉ်တန်းတွေပါဖြာလို့။

ဖုန်းကျို လက်ဖက်ရည်ခွက်အသစ်ကို လက်ခံယူလိုက်တယ်။  Zhi'he ရဲ့ လှောင်ပြုံးတွေ ပြင်းထန်လာတာကိုမြင်တော့ သူမရဲ့နှုတ်ခမ်းလေးလဲ အလိုလိုကွေးညွတ်လာခဲ့တော့တယ်။

Page-58

ဖုန်းကျိုဘေးမှာထိုင်နေတဲ့ ပိုင်ချန်းကတော့ Zhi'he ကိုတစ်ချက်ကြည့်လိုက်ပြီးမှ သူမဘက်ကို လှည့်ကြည့်လေတယ်။ ပြီးတော့မှ အသာအယာဆူတော့သည် "ကောင်းကင်မင်းကြီးက အရေးကြီးကိစ္စ ဆွေးနွေးတိုင်ပင်နေတာလေ မင်းကအခုဆိုရင် ချင်းချူရဲ့ဘုရင်မဖြစ်နေပြီ ကောင်းကင်မင်းကြီးရဲ့ဘုန်းတန်ခိုးနဲ့ ဆုံးမစကားတွေကို မျက်မြင်ကိုယ်တွေ့ကြုံရတာ အရမ်းကံကောင်းလို့ပဲ ဒါတောင်အာရုံစိုက်နားမထောင်ပဲ ပြုံးနေသေးတာလား?" မသိရင်တော့ အဒေါ်ဖြစ်သူက တူမကိုဆူပူနေတာလို့ ထင်ရက်စရာပဲ။ တကယ်တမ်းမှာတော့ ဒီလိုစကားတွေဟာ ဖုန်းကျိုရဲ့ စည်းကမ်းကြီးလှတဲ့ဖခင်ကိုလှည့်စားဖို့ သူမတို့တူဝရီးနှစ်ယောက် ရာစုနှစ်များစွာ လေ့ကျင့်ခဲ့ရတဲ့စကားတွေပါပဲ။

စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကျိုပြုံးနေတာ လူမိသွားခဲ့ပြီ။ သူမရဲ့လက်နှစ်ဖက်ကို တရိုတသေ ရှေ့ကိုထုတ်လိုက်တယ် "ကျွန်မ မလုပ်ဝံ့ပါဘူး ကျွန်မစဉ်းစားနေတာက.. ချင်းချူမှာဆိုရင် အပြစ်လုပ်ခဲ့တဲ့သူကို မူလရာထူးပြန်ပေးဖို့ ထိုသူက ထူးခြားခမ်းနားတဲ့အလုပ်တစ်ခု အောင်မြင်ပြီးမှရတယ် ဦးလေးရဲ့ဟွာပြောတာတော့ တောင်ပိုင်းနယ်မြေဆီမှာ ပုန်ကန်မှုတွေဖြစ်နေတယ်တဲ့ ဒီတော့ မင်းသမီး Zhi'he လို ရေနတ်သမီးတစ်ပါးကို တောင်ပိုင်းနယ်က တိုက်ပွဲတစ်ခုဆီ လွှတ်သင့်တယ်လို့ အမြဲတွေးခဲ့တာ သူမကို အဲ့ကိုပို့ပြီး အောင်ပွဲတစ်ခုလောက်ခူးဆွတ်ခိုင်းပြီးမှ ကောင်းကင်ဘုံကို ပြန်ခေါ်မှာများလားလို့ စိုးရိမ်နေမိတာ ဒါပေမဲ့ ဒီလိုပြစ်ဒဏ်က အရမ်းပြင်းထန်လွန်းပါတယ်လေ ကကွက်တစ်ခု ကပြဖျော်ဖြေလိုက်တာကမှ အများကြီးလွယ်ကူအုန်းမယ်မလား? ကျွန်မရဲ့အလွန်အကျွံစိုးရိမ်မှုက အချည်းနှီးဖြစ်သွားတာသိလိုက်ရတော့ စိတ်သက်သာရာရသွားပြီး ပထမတစ်ကြိမ်ပြုံးလိုက်မိတာ နောက်တော့ ကောင်းကင်ဘုံရဲ့စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်လောက်တောင် တရားမျှတပြီး သဘောကောင်းလွန်းလိုက်သလဲလို့ နားလည်မိပြီး ကျွန်မအနေနဲ့ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေကို လေးစားမိသွားတာကြောင့် နောက်တစ်ကြိမ်ပြုံးမိတာပါ ပြီးတော့ ကျွန်မထပ်ပြီးတွေးမိပြန်တယ် ဟောဒီက ကံကောင်းလှတဲ့နတ်သမီး Zhi'he က သူမရဲ့ထက်မြက်တဲ့ပင်ကိုယ်စွမ်းရည်ကြောင့် သနားခွင့်လွှတ်ခြင်းခံရတယ်ဆိုရင် တကယ်လို့များ ပင်ကိုယ်စွမ်းရည်မရှိတဲ့ နတ်သမီးတစ်ပါး အမှားလုပ်မိတဲ့အခါကျရင် ဘယ်လိုများ သူမအပြစ်တွေကိုဆေးကြောနိုင်မလဲလို့ ပဟေဋ္ဌိဖြစ်သွားတဲ့အတွက် နောက်တစ်ကြိမ်ထပ်ပြီး ပြုံးမိသွားခြင်းပါ" (တော်တယ်ကွာ ငါ့ဖုန်းကျိုလေး😍)

ညစာစားပွဲမှာထိုင်နေကြတဲ့ နတ်မင်းကြီးတွေအားလုံး ချင်းချူရဲ့ဧကရီတစ်ယောက်က ကောင်းကင်မင်းကြီးကိုမျက်နှာပျက်အောင် ပြောနေတာကို ကြားနေရတယ်လေ။ သူမ ကောင်းကင်မင်းကြီးရဲ့စကားကို တမင်ချေပပြောနေသော်ငြား သူမရဲ့ပြောဆိုချက်တွေက အရမ်းအရမ်းကို ရိုးသားလွန်း၊ နည်းလမ်းကျလွန်း၊ သိမ်မွေ့လွန်းလှတယ်။ ယဉ်ကျေးပျူငှာစွာနဲ့ ဖုန်းကျို လက်နှစ်ဖက်ကိုသွယ်ယှက်ပြီး နတ်မင်းကြီးတွေဘက်ကို မျက်နှာမူလိုက်တယ် "ကျွန်မက ချောင်ကျကျအရပ်ကလာခဲ့တာမို့ ဗဟုသုတလည်း သိပ်မရှိပါဘူး အားလုံးရဲ့ရှေ့မှာ ကိုယ့်ကိုကိုယ် အရှက်မဲ့အောင် လုပ်မိပြန်ပါပြီ" သူမ ထိုအမူအရာကို ကောင်းကင်မင်းကြီးဘက်ကိုလည်း မျက်နှာမူလုပ်ပြလိုက်ပြီးမှ နေရာမှာပြန်ထိုင်ခဲ့တယ်။

လန်ရှန်း သုံဟွာကို ယပ်တောင်နဲ့လှမ်းတို့ပြီး ပြောလေတယ် "သူမ စကားခါးခါးတွေကို ထိအောင်ပြောသွားလိုက်တာများ မင်းနဲ့တူချက်သား ငါ့ခမည်းတော်တော့ ခုချိန် ခေါင်းခဲနေလောက်ပြီ" (အသွင်တူမှ အိမ်သူဖြစ်တဲ့ တူမှာပေါ့..လန်ရှန်းရယ်😌)

သုံဟွာ လက်ထဲက လက်ဖက်ရည်ခွက်ကိုလှည့်ကာ ဖုန်းကျိုရဲ့ဟန်ဆောင်ကောင်းမှုကို လှမ်းကြည့်နေရင်း ပြန်ပြောလိုက်တယ် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါက သူမထက်အများကြီးသာတာပေါ့" (😒)

Page-59

ပလ္လင်ပေါ်မှာထိုင်နေတဲ့ ကောင်းကင်မင်းကြီးကတော့ ဒီလိုအခြေအနေတွေဖြစ်လာလိမ့်မယ်လို့ လုံးဝထင်ထားမိပုံမရဘူး။ ဒါပေမဲ့ သူက ကောင်းကင်ဘုံတစ်ခုလုံးရဲ့ အုပ်စိုးသူပဲလေ။ ဒီလောက်နှစ်တွေအများကြီး အတွေ့အကြုံရပြီးတဲ့နောက် ကိစ္စတစ်ခုကို ဂရုမစိုက်ဘဲကျော်သွားချင်ရင် စာရွက်တစ်ရွက်လှန်တာလောက်တောင် မကြာပါဘူး။ ညစာစားပွဲမှာ ရှိနေတဲ့သူတွေအားလုံးကို သူတစ်ချက်ကြည့်လိုက်ပြီး အသံသြဇာအပြည့်နဲ့ ပြောလိုက်တယ် "ချင်းချူရဲ့ဘုရင်မ ပြောသွားတဲ့စကားတွေက တကယ်ကို ကျိုးကြောင်းညီညွတ်ပါပေတယ် ကောင်းကင်ဘုံရဲ့ စည်းမျဉ်းစည်းကမ်းတွေက အမြဲတမ်းညီညွတ်မျှတပြီးသားပါ ခုလည်း Zhi'he သာ ကောင်းကင်ဘုံကိုပြန်လာချင်ရင် ကောင်းမှုတစ်ခုခုလုပ်ပြီးခါမှ ပြန်လာခွင့်ရမှာပါ" ကောင်းကင်မင်းကြီး စကားခဏရပ်လိုက်ပြီးမှ ဆက်ပြောလေတယ် "စည်းမျည်းစည်းကမ်းတွေက ရှင်းလင်းပေမယ်လို့ တောင်ပိုင်းနယ်မြေက ဆူပူမှုတွေနဲ့ပတ်သတ်ပြီး သေချာမသိရသေးပါဘူး ဘယ်လိုဖြစ်တယ်ဆိုတာ အတိအကျသိရတော့မှပဲ ဒီအကြောင်းကိုဆက်ပြောကြတာပေါ့"

ဖုန်းကျိုတစ်ယောက် ကလိရတာမဝသေးဘူးလေ။ ဒါနဲ့ပဲ Zhi'he ရှိရာ ဇာတ်စင်ဘက်ကိုလှည့်ပြီး လှလှပပကြီးပြုံးပြလိုက်တယ်။ Zhi'he မျက်နှာကတော့ စက္ကူရွက်လို ဖြူဖျော့လို့နေပြီ။ သူမရဲ့မက်မွန်သီးသဖွယ် ဝိုင်းစက်ပြူးကျယ်တဲ့မျက်လုံးတွေက ဖုန်းကျိုကိုစူးစိုက်ကြည့်နေလိုက်တာများ မီးတောက်တွေထွက်လာတော့မလားတောင် ထင်ရတယ်။ ပွဲကကျန်တဲ့သူတွေကတော့ ငြိမ်လို့။

ထိုအချိန်မှာပဲ အေးစက်တည်ငြိမ်တဲ့အသံတစ်ခု ထွက်ပေါ်လို့လာခဲ့တယ် "သူမအစား ငါသွားပေးမယ်"

သူ့ရဲ့လက်ချောင်းလေးတွေနဲ့ Haotian မျှော်စင်ကို ကစားနေရာမှရပ်တန့်လိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တယ် "သူမအနေနဲ့ ကောင်းကင်ဘုံကိုပြန်လာနိုင်ဖို့ စစ်မြေပြင်ကို သွားမှဖြစ်မယ်ဆိုရင်ပေါ့" Zhi'he တစ်ယောက် ခေါင်းမော့လာပြီလေ။ ယခင်ဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ ပန်းသွေးယောင်လေးယှက်ပြေးကာ သူမရဲ့မျက်ဝန်းတွေဟာလည်း ပြန်လည်အသက်ပြန်ဝင်လာတော့သည်။

ကောင်းကင်မင်းကြီးလဲ ခေါင်းမော့လာပြီး အောက်မှာထိုင်နေတဲ့သူတွေဆီကို မျက်လုံးဝှေ့ကြည့်လိုက်တယ်။ သုံဟွာပြီးရင် ပိုင်ချန်းက နောက်ထပ်ရာထူးအမြင့်ဆုံး နတ်ဘုရားဖြစ်လေတော့ ကောင်းကင်မင်းကြီး သူမအမြင်ကိုလည်း မေးလိုက်သေးတယ်။ ပိုင်ချန်း ယပ်ခပ်နေရာကရပ်လိုက်ပြီး နွေးထွေးစွာပြုံးလိုက်တယ် "ကျွန်မ ချင်းချူမှာနေတုန်းက Zhi'he ရဲ့မိဘတွေ ကွယ်လွန်သွားတဲ့သတင်းကိုကြားခဲ့ရပါတယ် သူတို့တွေက အရှင်သီကျွင်းကို မွေးစားခဲ့ကြတာဆိုတော့ အရှင်သီကျွင်းအနေနဲ့ သူတို့ရဲ့ကျေးဇူးတရားတွေကို အမှတ်ရနေတာဖြစ်သင့်ပါတယ်"

ကြည့်ရတာ ဒီအတွက်ဆုံးဖြတ်ချက်ကို ချပြီးသွားပြီထင်ပါတယ်။ ဖုန်းကျို သီကျွင်းကိုတစ်လှည့်၊ Zhi'he ကိုတစ်လှည့် အေးစက်စက်လှမ်းကြည့်လိုက်တယ်။ ထို့နောက် ခပ်ရေးရေးပြုံးလိုက်ကာ သူမအဒေါ်ရဲ့စကားကို ဆက်ပြောခဲ့တယ် "အရှင်သီကျွင်းရဲ့ မွေးစားညီမအပေါ်ထားတဲ့အချစ်တွေက အရမ်းကိုအားကျစရာကောင်းတာပဲနော်" ပြီးတော့ ဘာကိုမှဆက်ပြီး စိတ်မဝင်စားတော့တဲ့ပုံစံနဲ့ ဖရဲသီးစေ့တွေပဲ ထိုင်ကိုက်နေတော့သည်။ သူမကလွဲလို့ ဘယ်သူမှ သုံဟွာကို အားလုံးရဲ့ရှေ့မှာ ရွဲ့မပြောရဲဘူးလေ။

Comment