အခန်း ၃

Page 67-73

Page-67

အခန်း (၃)

နောက်နေ့မနက်မှာ ဖုန်းကျို Qing’yun နန်းတော်အိပ်ယာထဲကနေ ယိုင်တိုင်တိုင်ထလာခဲ့တယ်။

သေချာမနိုးသေးတဲ့ပုံစံနဲ့ သူမလက်ထဲက ခရမ်းရောင်ဝတ်ရုံကိုငေးကြည့်နေရင်း မုန့်လုံးလေးကို မေးလိုက်တယ် "ဒါက ဘာကြီးလဲ"

ထိုချိန်မှာ မုန့်လုံးလေးက wisteria ပင်အောက်မှာ သူ့ရဲ့မိဘတွေနဲ့ မနက်စာစားလျက်ရှိတယ်။ ဖုန်းကျိုရဲ့အသံကို ကြားလိုက်ရတော့ မုန့်လုံးလေး လက်ထဲကဇွန်းကိုကိုင်ကာ အချိန်တော်ကြာအောင်စဉ်းစားပြီးမှ သတိရသွားဟန်နဲ့ ရုတ်တရက်လက်သီးဆုပ်လိုက်ပြီး ပြောခဲ့တယ် "အဲ့တာ ကိုကြီးသုံဟွာရဲ့ဝတ်ရုံ"

ရဲ့ဟွာ တူကိုကိုင်းထားရင်း မျက်မှောင်ကြုတ်လိုက်တယ် "အဖေငယ်ငယ်ကတောင် ဦးလေးသုံဟွာလို့ခေါ်တာ"

မုန့်လုံးလေး တစ်စုံတစ်ခုပြောမလို့ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်သွားခဲ့တယ်။ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ သုံဟွာနဲ့သူ့ရဲ့ကြားက အသက်ကွာခြားမှုကို ရေတွက်ရင်း အလုပ်ရှုပ်နေတော့သည်။

ဖုန်းကျို နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသည်။ လက်ထဲကဝတ်ရုံကို ငေးကြည့်နေပြီးတော့ နန်းတော်တံခါးဝဆီကိုလျှောက်သွားပြီး အပေါ်မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကို သူမခုရောက်နေတာ Qing’yun န်းတော်ဟုတ်မဟုတ် ကြည့်လိုက်တယ်။ သူမ မုန့်လုံးလေးကိုဘက်ကို လှည့်လိုက်ပြီး အထစ်ထစ်နဲ့ပြောလေသည် "ဒါ...ဘယ်လို..ဖြစ်နိုင်မှာလဲ"

ပိုင်းချန်းကတော့ မုန့်လုံးလေးကို နောက်ထပ်ဆန်ပြုတ်တစ်ပန်းကန်ထပ်ထည့်ပြီး ခွံ့တိုက်နေလေသည် "အဲ့တာ ဘာမှကိစ္စမရှိပါဘူး" သူမ ဖုန်းကျိုကိုနှစ်သိမ့်လိုက်တယ် "ညတုန်းက မင်းအရမ်းမူးနေလို့ သုံဟွာ မင်းကို Qing’un နန်းတော်ထိ ပြန်လိုက်ပို့ပေးတာ ပြန်ရောက်တော့ မင်းက သူ့ရဲ့ဝတ်ရုံကိုလုံးဝမလွှတ်ဘူးလေ မင်းကိုနှိုးလို့မှမရတာ သူ့ဝတ်ရုံကိုဒီတိုင်းထားခဲ့ရတော့တာပေါ့"

ဖုန်းကျို ပိုင်ချန်းရဲ့စကားတွေကို စဉ်းစားရင်း နားလည်သွားတဲ့ပုံစံနဲ့ ပြောခဲ့တယ် "အဲ့ဒါဆိုရင် သူလည်းပြန်တော့မှာမို့ ခေါ်သွားပေးတာထင်တယ် ဒါဆိုရင်တော့ တခြားသူတွေ ဘာမှအထင်လွဲစရာမရှိတာ ကျွန်မတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာလည်း မကျလောက်ပါဘူး"

ပိုင်ချန်း ဖုန်းကျိုကို တုံ့တုံ့ဆိုင်းဆိုင်းနဲ့ ထပ်ပြောခဲ့သည် "ဒါပေမယ့်..နင်လည်းသိသားနဲ့ သုံဟွာ Qing’yun နန်းတော်မှာ နင်နဲ့အတူအိပ်လို့မှမရတာ ပြန်ရမယ်ဆိုပြန်တော့ မင်းကို သူ့ရဲ့အပေါ်ဝတ်ရုံပေးထားပြီးသားကြီးလေ ပြီးတော့ မုန့်လုံးလေးရဲ့အကျီတွေကလည်း သူနဲ့မှမတော်တာ ဒီတော့ ညက မုန့်လုံးလေး ငါ့ဆီကို ရဲ့ဟွာအင်္ကျီလာငှားတယ်လေ"

"အင်း..ပြောတာသဘာဝကျပါတယ်" ဖုန်းကျို ခေါင်းငြိမ့်လိုက်ပြီး မနက်စာအတူစားရန် စားပွဲဆီသွားတော့တယ်။

ပိုင်ချန်း ချောင်းဟန့်လိုက်ကာ ဆက်ပြောတယ် "ငါကလည်း...နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဆိုတော့ မုန့်လုံးလေး ခြံထဲကနေ အော်ခေါ်ရတယ်လေ နင်လည်းသိသားနဲ့ ကလေးတွေဘယ်လောက် အာကျယ်လဲဆိုတာ Xiwu နန်းတော်တစ်ခုလုံး သူ့အသံကိုကြားမှာတောင် စိုးရတယ်"

ဖုန်းကျို စားပွဲဆီလာတဲ့လမ်းမှာ ခဏရပ်လိုက်ပြီး မုန့်လုံးလေးဘက်လှည့်လိုက်သည် "မင်းဘယ်လိုအော်ခေါ်လိုက်လို့လဲ"

"အမှန်တိုင်းပဲအော်တာလေ" မုန့်လုံးလေး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

ဖုန်းကျို သက်ပြင်းရှည်ကြီးချလိုက်တယ်။

ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို မုန့်လုံးလေး သရုပ်ဆောင်ပြလိုက်သည် "ကိုကြီးသုံဟွာ မမဖုန်းကျိုကို Qing’yun နန်းတော်ထိ ချီပြီးလိုက်ပို့တာ မမဖုန်းကျို သူ့ကိုဆွဲထားပြီး လုံးဝမလွှတ်လို့ ကိုကြီးသုံဟွာ မမဖဖုန်းကျိုကို အကြာကြီးပွေ့ချီထားရတယ် အဲ့ဒါနဲ့ မမဖုန်းကျိုကိုနှိုးလို့မရတော့ ကိုကြီးသုံဟွာ သူ့ရဲ့ဝတ်ရုံကိုပဲချွတ်လိုက်ရတယ် ဒါပေမယ့် သူ့မှာအင်္ကျီအပိုလည်းပါမလာလို့ သား အခုခမည်းတော်ဆီကလာငှားတာ မယ်တော်..ခမည်းတော်ဒီမှာရှိလား" နောက်တော့ မုန့်လုံးလေး လက်ဝါးတစ်ဖက်ကိုဖြန့်ပြလိုက်တယ် "ဒီလို သားပြောလိုက်တာ"

ဖုန်းကျို ရပ်နေတဲ့နေရာမှာတင် လဲကျသွားတော့သည်။

ဖုန်းကျို သူမအဒေါ်ပိုင်ချန်းဆီက ထီနန်းကိုလွှဲပြောင်းယူခဲ့တာ ရာစုနှစ် ၂၀၀ ကျော်လောက်ရှိနေပြီ။ သူမရဲ့အဖေ Bai Yi ကလည်း သူမရဲ့လက်ထပ်မှုနဲ့ပတ်သက်ပြီး နေ့တိုင်းစိုးရိမ်နေတာ။ သူစိုးရိမ်နေတာက ဖုန်းကျိုရဲ့အသက်အရွယ်လေးနဲ့ဆို ပြည်သူတွေအားလုံးကို အုပ်စိုးနိုင်ဖို့ခက်တယ်လေ။ အဲ့တာကြောင့် သူမကိုကူညီနိုင်မယ့် ခင်ပွန်းလောင်းတစ်ယောက်ကို ရှာဖို့အရမ်းစိတ်အားထက်သန်နေတာဖြစ်တယ်။

တကယ်တမ်းပြောရရင် Bai Ye က ကောင်းကင်ဘုံကသူတွေကို သိပ်သဘောကျတာမဟုတ်ဘူး။ ဒါပေမယ့် ချင်းချူမှာ ဖုန်းကျိုအတွက် သင့်တော်တဲ့သူမရှိလေတော့ နောက်ဆုံးအားထားရာအနေနဲ့ သူသတို့သားလောင်းရှာတဲ့နေရာက ကောင်းကင်ဘုံသို့ပြောင်းသွားတာဖြစ်တယ်။ ဒါနဲ့ပဲ ပိုင်ချန်း ကောင်းကင်ဘုံကို လက်ထပ်ပြီးလိုက်သွားတော့ ဖုန်းကျိုကို သူမအဒေါ်ကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံမှာ တစ်လတိတိနေရမယ်လို့ အမိန့်ချလိုက်တယ်။ အများအနေနဲ့ကြည့်ရင် သတို့သမီးဘက်ကမိဘတွေက သူတို့ရဲ့သမီးကို အရမ်းဂရုစိုက်တယ်ပေါ့လေ။ တစ်ဖက်ကကြည့်ပြန်တော့လည်း Bai Yi က ပိုင်ချန်းကို တူမဖြစ်သူအတွက် ကောင်းကင်ဘုံမှာ သင့်တော်တဲ့သတို့သားလောင်းကို ရှာပေးဖို့အကူအညီတောင်းလို့ရတယ်။ ဒီလိုနဲ့ 'ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း' ဆိုသလို ဖုန်းကျို အဲ့ဒီမှာအတွေ့အကြုံသစ်တွေရရင်း ကြင်ဖော်လည်းရှာရင်း တစ်ချက်ခုတ်သုံးချက်လောက်ပြတ်သွားတာပေါ့။

Page-69

ခုဆို ဖုန်းကျို ကောင်းကင်ဘုံကိုရောက်တာ တစ်လနီးနီးရှိတော့မယ်။ သူမရဲ့အချစ်ကြယ်စင်လေးကတော့ ခါတိုင်းလိုမှေးမှိန်ဆဲပဲ ရှိလေသည်။ သို့သော် သူမရဲ့ကလေးထိန်းစွမ်းရည်ကတော့ အတော်မြင့်လာပါတယ်။ သူမ ချင်းချူကိုပြန်သွားဖို့ သုံးရက်လောက်ပဲကျန်တော့တာဆိုတော့ ဆက်ပြီးအချိန်ဖြုန်းမနေတော့ပဲ မုန့်လုံးလေးကိုခေါ်ပြီး နတ်ပြည် ၃၃ ထပ်ကို လမ်းလျှောက်ခေါ်သွားပါတော့တယ်။

နတ်ပြည် ၃၃ ထပ် ဂိတ်အပေါက်ရဲ့နောက်က ခြုံပုတ်ကြီးရဲ့ဘေးမှာဆိုရင် နတ်ငယ်လေးတွေတစ်သိုက် အလောင်းအစားလုပ်လျက်ရှိသည်။ ပြီးခဲ့တဲ့ရက်အနည်းငယ်လုံး လရောင်ဥယျာဉ်ထဲက ညစာစားပွဲအပြီး မုန့်လုံးလေးရဲ့အော်သံကြောင့် ဖုန်းကျို အတင်းပြောခံရတာကို ရှောင်ဖို့တွက် လူသူစုဝေးရာတွေနဲ့ ကင်းကင်းနေနေခဲ့တာလေ။ ဒါပေမယ့် ခုတော့ သူမရဲ့သိချင်စိတ်ကိုမထိန်းနိုင်တာနဲ့ မုန့်လုံးလေးကို ဘာတွေအလောင်းအစားလုပ်နေလဲဆိုတာ တိတ်တဆိတ်သွားကြည့်ခိုင်းလိုက်တယ်။ သူမကတော့ သစ်ကတိုးပင်ရဲ့အရိပ်အောက်မှာ ပုန်းနေလေရဲ့။

သူမ အခုပုန်းနေတဲ့သစ်ကတိုးပင်က ဟိုးကမ္ဘာဦးတည်းကတိုင် ရှိနေခဲ့တဲ့အပင်ဖြစ်တယ်။ ပင်စည်က တောင့်တင်းခိုင်မာပြီး စိမ်းလန်းနေတဲ့ သစ်ခက်တွေနဲ့ဝေဆာလွန်းလို့ အင်မတန်အရိပ်အာဝါသ ကောင်းလှသည့် အပင်ကြီးဖြစ်လေသည်။

ကံမြန်း ဆုံချင်တော့လည်း ထိုနေရာက သုံဟွာသီကျွင်းရဲ့ နေ့တိုင်းအပန်းဖြေနေရာလေးဖြစ်တယ်။

ကံမြန်း ထပ်ဆုံချင်တော့လည်း သုံဟွာ ထိုပင်စည်အကိုင်းတွေပေါ်မှာ တရားစာအုပ်ဖတ်နေလေရဲ့။

ကံမြန်း ထပ်ပြီးကိုဆုံချင်ပြန်တော့လည်း လေပြေညင်းလေးအဝေ့မှာ စူးရှတဲ့သစ်ကတိုးနံ့ကြောင့် ဖုန်းကျို နှာချေလိုက်မိတယ်။ စာရွက်နောက်တစ်ရွက်ကို လှန်တော့မယ့်အလုပ် သုံဟွာ စာအုပ်ကိုဘေးချကာ အောက်သို့ငုံ့ကြည့်လိုက်သည်။ သူမ သူရှိနေတာမသိတော့ အပင်အောက်မှာပဲ မုန့်လုံးလေးပြန်အလာကို စောင့်နေခဲ့တယ်။

အခြေအနေကိုလေ့လာပြီးတဲ့နောက် မုန့်လုံးလေး သူမရှိရာဆီ လေပွေတစ်ခုလိုလှစ်ခနဲ ပြေးလာခဲ့တယ်။ မုန့်လုံးလေး အရင်လေကိုအဝရှုလိုက်ပြီးမှ အလျင်အမြန်ပြောလိုက်ပါတယ် "သူတို့တွေအလောင်းအစားလုပ်နေကြတာ သူတို့လုပ်နေတဲ့အလောင်းအစားက ကိုကြီးသုံဟွာ..ဟမ် ဦးလေး..ဟမ် ဘိုးဘိုး..." ရှိသမျှခေါ်စရာတွေအားလုံး အရင်ရွတ်လိုက်တယ် "သူ လက်ထပ်မှာက မမကိုလား မင်းသမီး Zhi’he ကိုလားဆိုပြီးတော့ အလောင်းအစားလုပ်နေကြတာ"

ဖုန်းကျို လက်တစ်ဖက်က အပင်ရဲ့ပင်စည်ကိုကိုင်ထားရင်း တစ်ဖက်က နဖူးပေါ်မှာချွေးပြန်လာတာကိုသုတ်ရင်း သူမရဲ့စိုးရိမ်မှုကိုကွယ်လိုက်ကာ တည်ငြိမ်နေဟန်နဲ့ မေးလိုက်သည် "မင်းက အငယ်လေးပဲရှိသေးတာ အလောင်းအစားနဲ့ပတ်သက်ပြီး ဘာမြန်းသိမှာမလို့လဲ"

Page-70

“ဟုတ်တယ် သားမသိဘူး" မုန့်လုံးလေး ဝမ်းနည်းသွားသံနဲ့ဖြေလိုက်တယ် "ဒါပေမယ့် သားက သင်ယူရတာကိုကြိုက်တယ် အဲ့တာကြောင့် သူတို့ထဲကတစ်ယောက်ကို မေးကြည့်တာ အရမ်းကြီးတော့ပြောမပြဘူး သူပြောတာက မင်းသမီး Zhi’he ကိုလောင်းတဲ့သူ ၂၅ ယောက် ဒါပေမယ့် မမကိုလောင်းတဲ့သူက စုစုပေါင်းမှ ၃ ယောက်တည်းရှိတာတဲ့  ပြီးတော့ သူ့ကြည့်ရတာ မှားတဲ့ဘက်ကိုလောင်းမိသွားတယ်ထင်တယ်" ထို့နောက် ဝမ်းနည်းနေတဲ့လေသံနဲ့ပဲ ဆက်ပြောခဲ့တယ် "သားလည်း သူပြောပြတာ သေချာနားမလည်သေးပေမယ့် မမကိုအကြာကြီးမစောင့်ခိုင်းစေလို့ အမြန်ပြေးလာတာ ကျွန်တော်ထွက်လာတော့ သူ အခြားအကိုတစ်ယောက်ကို မမဘက်ကလောင်းထားတဲ့ ၃ ယောက် မင်းသမီး Zhi’he ဘက်ကို ပြောင်းလို့ရသေးလားမေးနေတာ"

ဖုန်းကျို အချိန်တော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး နောက်တော့ သူမအင်္ကျီလက်ထဲကနေ အထုပ်လေးတစ်ခုတစ်ခု ထုတ်လိုက်တယ်။ အထုတ်ထဲမှာတော့ ဝင်းလက်နေတဲ့ပတ္တမြားတွေတစ်ဆုပ်မကရှိလေသည်။ ထို့နောက် သူမရဲ့လည်ပင်းက လှပစွာကွေးနေတဲ့ မြဆွဲသီးလေးရယ်နဲ့ သူမရဲ့ခါးပတ်က ဖီးနစ်ပုံစံကျောက်စိမ်းပြားလေးရယ်ကို ဖြုတ်လိုက်တယ်။ အဲ့ဒါတွေအားလုံး မုန့်လုံးလေးကို ပေးလိုက်ပြီး ခပ်တည်တည်နဲ့ပြောလိုက်တယ် "အလောင်းအစား ၂၀၀ လောက်သွားဝယ်လိုက်" သူမခဏရပ်လိုက်ပြီး ဆက်ပြောတယ် "ငါ့ဘက်ကလောင်းဖို့"

မုန့်လုံးလေး လက်ဝတ်ရတနာတွေကိုကြည့်နေရင်း အံ့သြစွာနဲ့ပြောခဲ့တယ် "သားက အငယ်လေးပဲရှိသေးတာကို မသမာနည်းလမ်းသုံးဖို့ သင်နေတာလား"

"မင်းသာ ချင်းချူကဆိုရင် အမြဲတမ်းပထမဖြစ်နေရမယ်" သူမ တစ်ချက်လှည့်ကြည့်လိုက်ပြီး ထပ်ပြောခဲ့တယ် "မင်းရဲ့အစ်မက အခြားသူတစ်ယောက်ရဲ့ နောက်မှာရှိနေတာကို သည်းမခံနိုင်ဘူး ဒါကို အာဏာသုံးတယ်လို့ခေါ်တယ် မင်းမယုံရင် ငါ့စကားတွေကို ခဏလောက်သေချာတွေးကြည့်"

ကြောက်လန့်မှုလုံးဝမရှိဘဲ မုန့်လုံးလေး ပြန်လည်ချေပလိုက်သည် "ဦးလေးငယ်ပြောတာတော့ မမ ကျောင်းမှာ တစ်ခါမှပထမ မရဖူးဘူးဆို အမြဲတမ်းအားလုံးရဲ့နောက်မှာတဲ့ တစ်ခါတစ်လေဆို ဘိတ်ချေးတောင်ရတာတဲ့"

ဖုန်းကျို ချောင်းတွေထဆိုးပါတော့တယ် "ဒါကို ဦးစားပေးခြင်းလို့ခေါ်တယ် ငါတို့လုပ်ကိုလုပ်ရမယ့် အရာတွေရှိသလို ငါတို့လုံးဝမလုပ်ရမယ့် အရာတွေရှိတယ် မင်းလည်းငါ့လိုပဲမလား"

"အပိုတွေမပြောနဲ့ သားဘယ်တုန်းကမှ စာမေးပွဲမှာ ဘိတ်ချေးမရဖူးဘူး" မုန့်လုံးလေးနှုတ်ခမ်းဟာ ဆူပုတ်သွားတော့သည်။

အရင်က အတိတ်ဆိုးတွေကို ပြန်သတိရရင်း ဖုန်းကျို တစ်ကိုယ်လုံးတုန်သွားပါတယ် "ဒါက..မင်း ဗုဒ္ဓကျမ်းတွေကို မသင်ဖူးသေးလို့ပါ အဲ့တာတွေ ဘယ်လောက်ခက်လဲ မင်းမသိသေးလို့"

Page-71

"အဲ့လောက်တောင် ခက်လား" မုန့်လုံးလေး စိတ်ပူသွားတယ်။ သို့သော် ခါးသီးလွန်းတဲ့ အမှန်တရားကို ရင်မဆိုင်ချင်သေးတာနဲ့ "ဒါပေမယ့် သားအမြဲမြင်တာတော့ ကိုကြီးသုံဟွာ..အမ် ဦးလေး..အမ် ဘိုဘိုး..သုံဟွာဆိုရင် သူငါးမျှားသွားတိုင်း ဗုဒ္ဓကျမ်းစာအုပ်တစ်အုပ်ကို အမြဲယူသွားတယ် ကြည့်ရတာ ငှက်ပျောသီးအခွံနွှာစားနေသလို တော်တော်လွယ်မယ့်ပုံပဲ"

ဖုန်းကျို ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ နောက်ဆုံးတော့ သူမ စိတ်ရင်းမှန်နဲ့ပဲ ချီးကျုးလိုက်ပါတယ် "အေးနော် တော်တော်ထူးထူးဆန်းဆန်းသတ္တဝါပဲ"

သူမ ထိုစကားပြောပြီးပြီးချင်းမှာပဲ လေပြေညှင်းလေးတစ်ခုဟာ စူးရှတဲ့သစ်ကတိုးနံ့လေးကို ထပ်ပြီးယူဆောင်လာပြန်ပါတယ်။ သူမ ထပ်ပြီးနှာချေလိုက်တယ်။ ထို့နောက် နှာခေါင်းပိတ်ရင်း ခြေလှမ်းအနည်းငယ်လောက် ပြေးထွက်သွားခဲ့သည်။ ပြီးမှ နောက်ကိုပြန်လှည့်ကြည့်ကာ မုန့်လုံးလေးကို ပြောလိုက်တယ် "ငါ ဒီအနံ့ကိုမခံနိုင်ဘူး မင်းကို ပန်းဥယျာဉ်လေးထဲမှာစောင့်နေမယ်"

သစ်ကိုင်းတွေပေါ်မှာတော့ ဘာမှလုပ်စရာမရှိတာနဲ့ သုံဟွာဆီကို Cang’he ဓားယူလာပေးတဲ့ အရှင်လန်ရှန်းဟာ ဖုန်းကျိုရဲ့ ထိရှတဲ့ဝေဖန်ချက်ကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရပါတယ်။ မောင်နှမနှစ်ယောက် ခပ်ဝေးဝေးကိုရောက်ခါမှ သူ့ရဲ့ယပ်တောင်ကို ဖြန့်လိုက်ပြီး သုံဟွာကို နောက်လိုက်တယ် "သူမ မင်းကို ဒီလိုချီးမွမ်းစကားပြောရအောင် မင်းဘာတွေမြန်းလုပ်လိုက်လို့လဲ"

သုံဟွာ စာအုပ်ကိုပိတ်လိုက်ပြီး မျက်နှာပြောင်စွာ ပြောလိုက်သည် "ချီးမွမ်းစကား? ချန်းယွီကမင်းကို အဲ့လိုပဲချီးမွမ်းစကားပြောတာလား"

လန်ရှန်း နှာခေါင်းလေးကိုပွတ်လိုက်ရင်း "သူမဆို ငါ့ကို မျက်နှာများတဲ့သူဆိုပြီး အမြဲချီးကျူးတာ"

xxxxx———————xxxxx

ဖုန်းကျို သူမ အိမ်တံခါးအပြင်ဘက်ကို ထွက်လိုက်တာနဲ့ ကံဆိုးမိုးမှောင်ကျတော့မှာဆိုတာ ကြိုသိနေခဲ့ပါတယ်။

ကောင်းကင်ဘုံဆိုတာ မင်္ဂလာရှိတဲ့နေရာပါ။ သို့သော် သူမ Qing’yun နန်းတော်အပြင်ဘက်ကို ချေချလိုက်တာနဲ့တစ်ပြိုင်နက် ငှက်တစ်ကောင်က သူမခေါင်းပေါ် အီးပါချတာခံလိုက်ရတယ်။ အင်းပေါ့ ဒီလိုအသေးအမွှားကိစ္စလေးက သူမရဲ့ရှုခင်းထွက်ကြည့်ချင်စိတ်ကို ဘယ်တားနိုင်ပါ့မလဲ။ ဒါပေမယ့် အဲ့ဒီနောက် မကြာပါဘူး နတ်ငယ်လေးတွေတစ်သိုက် သူမနဲ့ Zhi’he တို့ကိုသုံးပြီး အလောင်းအစားလုပ်နေကြတာကို မြင်တွေ့ခဲ့ရတယ်။ ဒါ့အပြင် သူမဘက်က အပြတ်အသတ်ကြီးကိုရှုံးနေတာလေ! သို့သော် ဒါကလည်း သူမရဲ့ရှုခင်းကြည့်ချင်စိတ်ကို မတားနိုင်သေးပြန်ဘူး။ ဒီလိုနဲ့ နားနားနေနေ နေဖို့အတွက် သစ်ကတိုးပင်အောက်ကိုရောက်လာခဲ့တယ်။ ခုတော့ သူမရဲ့နှာခေါင်းလေးက မနားတမ်းချေနေပြီလေ။

Page-72

ဖြစ်သွားခဲ့တဲ့အတိတ်နိမိတ်တွေဟာ ဒီနေ့အတွက် လျှောက်သွားဖို့မသင့်တော်ဘူးဆိုတာ ပြသနေတာပဲ။ သို့သော် ဒီလိုနွေဦးရှုခင်းလေးက လှလွန်းနေပြန်တော့ ပြန်လည်းမသွားချင်သေးဘူး။ နောက်ဆုံးတော့ ပန်းဥယျာဉ်လေးထဲမှာ လုံခြုံပြီးတိတ်ဆိတ်တဲ့နေရာလေးကို ရှာတွေ့သွားခဲ့တယ်။ ဒါပေမယ့် သူမရဲ့ကံကို ထပ်ပြီးစမ်းသပ်ကြည့်ချင်သေးတဲ့အနေနဲ့ မုန့်လုံးလေး သူမဘက်ကလောင်းတဲ့သူတွေအမျာကြီးနဲ့ ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့သည်။ သူမရဲ့ကံဆိုးမှုတွေ ပြီးဆုံးသွားလောက်ပြီဆိုပြီး တွေးနေခဲ့လေရဲ့။ ဒါတင်မကဘူး ဒီကိုအပန်းဖြေလာလိုက်လို့ သူမရဲ့စိတ်ရှုပ်ထွေးမှုအားလုံး ပျောက်သွားလိမ့်မယ်လို့လည်း မျှော်လင့်သေးတယ်။ ထိုအချိန်မှာပဲ ရှေ့နားအပင်တွေအကျော်မှာ သိမ့်မွေ့ငြင်သာတဲ့အသံလေးကို ကြားလိုက်ရတယ်။

သူမနားထဲကို တိုက်ရိုက်ရောက်လာတဲ့အသံတွေကတော့ သိပ်ပြီးမကျယ် သိပ်ပြီးမတိုး ပြောနေကြသံတွေပဲဖြစ်ပါတယ်။ ဘုရားရေ! သူမရဲ့ချာတူးလံကံက မပြီးသေးဘူးထင်တယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး သူမကိုယ်သူမ စည်းမျဉ်းအနည်းငယ်ချမှတ်ထားသည်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူမ သုံဟွာကိုလုံးဝ ရှောင်ရမယ်။ သူမဒီလောက် သတိဝီရိယနဲ့နေနေတာတောင် ပန်းဥယျာဉ်ထဲကို ချာတူးလံကံကလိုက်လာသေးတယ်။

သူမ ပြန်ရောက်လာတဲ့မုန့်လုံးလေးကို ပြောလိုက်တယ် "သီကျွင်းမေးလို့ရှိရင် လိပ်ပြာလေးတွေဖမ်းဖို့ မင်းတစ်ယောက်တည်း ဒီကိုရောက်နေတာလို့ပြောနော် ကြားလား" ထို့နောက် သူမ ကိုယ့်ကိုကိုယ် အဖြူရောင်ပိုးလက်ကိုင်ပုဝါလေးတစ်ခုအဖြစ်သို့ ပြောင်းလိုက်ကာ ရှေ့ကစကျင်ကျောက်စားပွဲပေါ်မှာ လှဲနေတော့တယ်။

အရှေ့က အင်ကြင်းပင်ရဲ့အနောက်ကနေပြီး ပုံရိပ်နှစ်ခုထွက်ပေါ်လာသည်။ သူတို့ကတော့ သုံဟွာနဲ့လန်ရှန်းပါပဲ။

ဖုန်းကျို ပုံစံပြောင်းထားပေမယ့် သူတို့ပြောတာကြားနေရဆဲပဲဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ခြေသံတွေဟာ ပိုပြီးနီးကပ်လာခဲ့တယ်။ နှစ်ယောက်သား ရောက်တတ်ရာရာပြောနေကြတာဖြစ်သည်။

လန်ရှန်းက အရင်စပြောလိုက်တယ် "မင်း ရန်ချီဝူနဲ့ တစ်ယာက်ချင်းတိုက်ဖို့လက်ခံလိုက်တယ်ဆို? နက်ဖြန်  Fuyu တောင်ကို တိုက်ဖို့သွားတော့မယ်တဲ့ ဟုတ်လား? Zhonglin မနေ့က Cang’he ဓားကို အရောင်တင်ဖို့ဆိုပြီး ငါ့ဆီလာပို့ခဲ့တယ် ဒါပေမယ့် မင်းရဲ့ပုံစံက စစ်ပွဲကိုသွားရတော့မယ့်သူတစ်ယောက်ရဲ့ပုံစံနဲ့လည်း မတူပါ့လား"

သုံဟွာ အေးဆေးစွာနဲ့ပြောလိုက်တယ် "ငါ့နှလုံးသားက ငြိမ်းချမ်းနေတာကိုး" (ဘာဟုတ်ဘူး ဖုန်းကျို သူနဲ့လက်ထပ်မှာဆိုပြီး လောင်းတဲ့သူသွားရှာခိုင်းတဲ့အကြောင်း သိသွားလို့ပျော်နေတာရယ်☺️)

Page-73

လန်ရှန်း သူနဲ့ဆက်ပြောရင် နိုင်မှာမဟုတ်တော့တာကို သိနေတဲ့အတွက် ပြောနေတဲ့အကြောင်းအရာကို ပြောင်းလိုက်တယ် "ပြောစမ်းပါအုန်း မင်း Cang’he ဓားကိုလုပ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လက်သီးဆုပ်လောက်ရှိတဲ့ သလင်းကျောက်ကြီးကိုထည့်ထားတာလဲ ပြီးတော့ အဲ့ပေါ်မှာ အရွယ်တူအပေါက်လေးတွေ ၅၀၀၀ နဲ့ ထောင့်ပေါင်း ၁၀၀၀၀ ကိုလည်းပုံဖော်ထားသေးတယ် အဲ့တာတွေအကုန်လုံး အရောင်တင်ဖို့ ငါဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားလိုက်ရလဲမင်းသိလား ဒါမှမဟုတ် အဲ့ထဲမှာ မင်းလက်နက်တစ်မျိုးမျိုးမြန်း ဝှက်ထားလို့လား"

သုံဟွာ အတိတ်ကအကြောင်းအရာကို ပြန်တွေးလိုက်တယ် "ဘာလက်နက်မှမရှိဘူး ငါဒီတိုင်းပျင်းလို့ထည့်ထားတာ"

လန်ရှန်း စက္ကန့်ပိုင်းလောက် တိတ်သွားသည်။ ထို့နောက် ရယ်ရင်း သုံဟွာကိုပြောလိုက်တယ် "မင်း အဲ့လိုယုတ်မာပုံမျိုးနဲ့တောင်မှ တစ်လောကလုံးက မင်းကိုချီးကျုးနေအုန်းမှာပဲ သူတို့အားလုံး မင်းကိုမြင့်မြတ်တယ် ဖြောင့်မတ်တယ်ထင်နေကြအုန်းမှာ ဘယ်သူကမှ အမှန်တိုင်းမြင်မှာမဟုတ်ဘူး Zhonglin လည်း မင်းကိုခစားရတာ တော့်တော့်ကို လွယ်မှာမဟုတ်လောက်ဘူး" သူ စကားခဏရပ်ကာ ဆက်ပြောခဲ့သည် "သူ ခုချိန်ထိမင်းကို ဘယ်လိုမြန်းသည်းခံခဲ့လဲ တကယ်သိချင်တယ်"

သုံဟွာလည်း ကောက်ချက်ချလိုက်ပါတယ် "မင်း အဲ့လိုပြောမှပဲ..."

"ဘာလဲ"

"အင်း ငါလည်းထင်တယ် သူ မလွယ်လောက်ဘူး"

"..."

Comment