အခန်း ၂ (၃)


(ဟိတ် 😏
ဖတ်ပီးရင် အောက်နားလေးက ကြယ်လေးကို နှိပ်ပေးခဲ့နော် 😚 တိတ်တိတ်လေး ပြန်ထွက်မသွားနဲ့

Page-60

ညစာစားပွဲက အခြားသူတွေကတော့ စိတ်လှုပ်ရှားစွာ တီးတိုးပြောဆိုနေကြလေ၏။ အများစုကတော့ ဘာဖြစ်လို့ဖြစ်နေမှန်းတောင် မသိပါဘူး။ ပွဲက ကြည့်လို့ကောင်းလို့သာ တိတ်တိတ်လေးထိုင်ကြည့်နေကြတာ။ ဒါပေမယ့် သူတို့သိတာ တစ်ခုတော့ရှိတယ်။ အဲ့ဒါက ခုတလောပျံ့နေတဲ့ ကောလဟာလတွေကို မှန်မမှန်စစ်ဆေးလို့ရပြီလေ။ ဥပမာဆိုရင် ဒီမနက်အစောပိုင်းက Qing Yun ခန်းမဆောင်မှာ အရှင်သီကျွင်းတစ်ယောက် တစ်စုံတစ်ယောက်ကို ကျီစယ်လိုက်တယ်ဆိုတဲ့သတင်းပေါ့။ တကယ်တမ်းတော့ အဲ့ဒီကျီစယ်ခံရသူက သူတို့ထင်နေကြသလို မင်းသမီး Zhi'he မဟုတ်ပဲ ချင်းချူရဲ့ဘုရင်မဖုန်းကျိုပဲကိုး။ ဒါပေမဲ့ ထိုကောလဟာလတွေအကြောင်း ကြိုတင်ခန့်မှန်းနိုင်တဲ့ ထက်မြက်သူအချို့ကလဲ ခပ်လှမ်းလှမ်းကနေ တီးတိုးပြောနေကြလေရဲ့ "တကယ်တော့ ဒါ ငါထင်ထားတဲ့အတိုင်းပါပဲကွာ မင်းတို့တွေ ငါ့ကိုဘာလို့မထောက်ခံခဲ့ကြတာလဲ? အခုအဖြစ်က ညီမနဲ့ဇနီးကြားက အချစ်လုပွဲပဲ ညီမဖြစ်သူကိုကြည့်ရတာ အစ်ကိုအပေါ်မှာ တိတ်တခိုးခံစားချက်ရှိနေပုံရတယ် ဒါကိုရိပ်မိတဲ့ဇနီးဖြစ်သူက သည်းမခံနိုင်တော့..." နောက်တော့ အဲ့ဒီထက်မြက်နားလည်လွယ်တဲ့ နတ်သူငယ်လဲ သူ့ရဲ့ရှားပါးလှတဲ့ပါရမီကြောင့် လူတွေရဲ့ကြမ္မာကိုကိုင်တွယ်တဲ့ စီမင်းရဲ့လက်ထောက် ဖြစ်သွားပါတော့တယ်။ စီမင်းကလဲ သူ့ကိုမြှောက်စားတာမို့ သူ့ရဲ့အနာဂတ်ကတော့ ထွန်းလင်းတောက်ပနေမှာ သေချာပါတယ်။

ဒီတစ်ခေါက် ပိုင်ချန်း ပွဲတက်လာတယ်ဆိုတာက ခင်ပွန်းဖြစ်သူရဲ့ဟွာ မအားလပ်လို့လေ။

မနေ့က ဆယ်မိုင်မက်မွန်ခြံက နတ်မင်းကြီးကျီရန်တောင် ဒီကိုအလည်အပတ် ရောက်လာခဲ့သေးတယ်။ အဲ့ဒီနတ်မင်းဆိုသည်မှာလဲ ပိုင်မျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ တကယ်ကို တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ကြည့်ရတာ မနေ့က အလည်အပတ်လာတယ်ဆိုတာလဲ ရဲ့ဟွာကို ဟောပြောပို့ချဖို့ပဲနေမှာ။ ဘာကြောင့်လဲဆိုတော့ ရဲ့ဟွာ အခုတလော အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့  နတ်ပြည်ကပွဲမှန်သမျှကို ဇနီးဖြစ်သူပိုင်ချန်းကပဲ ကိုယ်စားတက်ရောက်နေရတယ်လေ။

ပိုင်ချန်းကလဲ ရှုပ်ရှုပ်ရှက်ရှက်ပွဲတွေကို နှစ်သက်တာမဟုတ်ဘူး။ ဒါနဲ့ပဲ ၃ ခွက်သောက်ပြီးပြန်လေ့ရှိတဲ့ ကောင်းကင်မင်းကြီး မရှိတော့တာနဲ့ သူမလဲ ညစာစားပွဲကနေ လစ်ထွက်ခဲ့တော့တယ်။ ဖုန်းကျိုကိုတော့ သူမနဲ့အတူပြန်လိုက်ဖို့ ဆွဲခေါ်ချင်ပေမဲ့ Qing'yun နန်းတော်ထဲမှာ မုန့်လုံးလေးနဲ့အတူ တစ်နေကုန် တံခါးပိတ်နေတာကို မြင်ယောင်မိတော့ သတိထားဖို့လောက်ပဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။

ပိုင်ချန်းရဲ့သတိပေးစကားတွေလဲ အသုံးမဝင်ပါဘူး။ ဒီညမှာ ဖုန်းကျိုတစ်ယောက် စိတ်လွတ်ကိုယ်လွတ်ကို သောက်နေတော့သည်။ ကမ်းလှမ်းလာသမျှခွက်တိုင်းကို လက်ခံသောက်နေရုံတင်မကဘူး သူမသဘောကျတဲ့သူဆိုလျှင် သူမကတာင် ပြန်ပြီးကမ်းလှမ်းလိုက်သေးတာ။ 'အရက်မူးကျွဲခိုးပေါ်' ဆိုတဲ့စကားအတိုင်း သူမဟာ ပျော်ပျော်နေတတ်တဲ့နှလုံးသားပိုင်ရှင်လေးမှန်း လူတိုင်းနီးပါးသိကုန်ကြတော့ပေါ့။ ဒါပေမဲ့ ယနေ့ပွဲက အသစ်ရောက်လာတဲ့ နတ်ငယ်လေးတွေ မိတ်ဖြစ်ဆွေဖြစ်စားသောက်ပွဲဆိုတော့ ကိစ္စတော့မရှိပါဘူး။ တည်ခင်းထားတဲ့ သောက်စရာတွေကလဲ အသီးတွေကို အချဉ်ဖောက်ထားတာ စုံလို့ပါပဲ။ အရသာက ပေါ့ပေါ့ပါးပါးဆိုပေမဲ့ ကြာကြာသောက်ရင်တော့ မူးမှာပဲပေါ့။ ဖုန်းကျို ဒါကို မစဉ်းစားခဲ့မိဘူး။ သူမသောက်နေတာတွေကို သစ်သီးဖျော်ရည်တွေလို့ပဲ မှတ်ယူပြီး ပူပန်မှုမရှိသောက်နေတော့သည်။ ပြီးတော့ ဒီညမှာ သူမရဲ့နှလုံးသားလေး မီးနဲ့ကျွမ်းထားသလို ပူလောင်နေတာကြောင့် ထိုမီးကိုငြိမ်းသက်ဖို့အတွက် အအေးတွေတစ်ခွက်ပြီးတစ်ခွက် သောက်နေလေတော့၏။

Page-61

သူမ သောက်ရင်းသောက်ရင်း ပေါ့ပါးလာသလိုခံစားရတယ်။ သူမ အတိတ်နဲ့လက်ရှိကိုရော၊ နေရာနဲ့လူတွေကိုရော မခွဲခြားနိုင်တော့ဘူး။ တစ်စုံတစ်ယောက်က ညစာစားပွဲအကြောင်း တစ်ခုခုပြောနေတယ်ဆိုတာပဲ သူမသိတော့တယ်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူမကိုလာနှုတ်ဆက်သွားကြသည်။ သူမစိတ်ရှုပ်နေပေမယ့် သူမရဲ့ဂုဏ်သိက္ခာကိုထိန်းတဲ့အနေနဲ့ သူတို့ကိုနှုတ်ဆက်စကားတော့ ပြန်ပြောခဲ့တယ်။

ခဏပိုင်းအတွင်းမှာပဲ ဥယျာဉ်ထဲကအသံတွေတော်တော်များများ ငြိမ်သက်သွားခဲ့တယ်။ သစ်ပင်တွေအောက်က ညပုလဲလုံးတွေကတော့ စဉ်ဆက်မပျက် အလင်းရောင်တွေဖြာထွက်ရင်း ကျန်ခဲ့ရှာလေတယ်။

ဖုန်းကျို လက်ထဲကဝိုင်ခွက်ကို ငေးကြည့်လို့နေ၏။ သူမ အမြဲကိုယ့်ကိုကိုယ် ထိန်းပြီးသောက်လေ့ရှိတာကြောင့် အခြားသူတွေအတွက် သူမမူးနေလားဆိုတာ ခန့်မှန်းနိုင်ဖို့ခက်လေ့ရှိတယ်။ သူမရဲ့အပြုအမူတွေ နှေးကွေးနေရုံကလွဲရင် တစ်ရံတစ်ရံ သူမအရမ်းမူးနေရင်တောင်မှ ဘာမှပြန်မပြောတတ်တာပဲရှိတယ်။ ဥပမာ အခုဆိုလဲ သူမခေါင်းတစ်ခုလုံး ဗလာကျင်းနေသလို ခံစားနေရတယ်။ သူမ ဘယ်သူလဲ? သူမဒီမှာဘာလုပ်နေတာလဲ? သူမရှေ့ကခွက်လေးထဲမှာ ဘာတွေရှိလဲ? ဒီမေးခွန်းတွေရဲ့အဖြေကို သူမမသိတော့ဘူး။

သူမ ခွက်ထဲကအရည်တွေကို စမ်းသောက်ကြည့်လိုက်ပြီး ထိုအရည်တွေက အန္တရာယ်မရှိဘူးဆိုတာ ကောက်ချက်ချလိုက်တယ်။ ထို့နောက် ရုတ်တရက်ကြီး ရေဆာလာခဲ့တယ်။ ဝိုင်ခွက်က အနည်းငယ် ငယ်ပုံရတယ်။ သူမ ထိုခွက်ကို လက်ဖက်ရည်ခွက်အဖြစ် သုံးလို့ရနိုင်လောက်ပါရဲ့။ သူမ အနည်းငယ် စဉ်းစားလိုက်ပြီး ရေသောက်ဖို့ စားပွဲပေါ်မှာ ရေနွေးအိုး လိုက်ရှာတော့တယ်။ ထိုအချိန်မှာပဲ ပုံမှန်လှမ်းလာနေတဲ့ ခြေသံတစ်ချို့ကို ရုတ်တရက်ကြားလိုက်ရတယ်။

ခြေသံတွေ သူမရှေ့မှာရပ်သွားတာနှင့်အတူ အဖြူရောင်စန္ဒကူးနံ့လေးကလဲ မွှေးပျံ့လာခဲ့တယ်။

ဘယ်သူလဲသိချင်စိတ်နဲ့ သူမ ခေါင်းမော့ကြည့်လိုက်တော့ ခုနလေးကမှထထွက်သွားတဲ့ သုံဟွာ ငုံ့ပြီးသူမကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူ့ရဲ့အကြည့်တွေ သူမရဲ့လက်ချောင်းလေးတွေပေါ် ရောက်သွားလေတယ် "မပြန်သေးဘဲ ဘာလုပ်နေတာလဲ?"

ထိုအချိန်မှာပဲ သူမရဲ့လေးလံနေတဲ့ ဦးနှောက်က လျင်မြန်စွာနဲ့အလုပ်စလုပ်ပါတော့တယ်။ သူမ ချက်ချင်းပဲ သူဘယ်သူလဲ၊ သူမဘယ်သူလဲဆိုတာ မှတ်မိလာခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ် ၃၀၀ က အဖြစ်အပျက်တွေဟာ သူမစိတ်မှာ ရောထွေးလို့နေတယ်။ ထို့နောက် ဘာတွေဖြစ်ခဲ့လဲ သူမမေ့သွားပြန်တယ်။ ရုတ်တရက်ကြီး သူမ ထိုက်ချန်နန်းတော်ကို ပြန်ရောက်လာသလို ခံစားရတယ်။ ထိုချောမောလှတဲ့မျက်နှာလေး၊ စူးရှတဲ့အကြည့်တွေနဲ့ ငွေရောင်ဆံနွယ်တွေဟာ သုံဟွာမလား? သူမကလဲ သူ့ရဲ့နဘေးမှာ နေခွင့်ရဖို့ အမြဲကြိုးစားနေတဲ့ မြေခွေးငယ်လေးလေ..။

Page-62

သူမ သူ့ကို နေ့တစ်ဝက်လောက်ကြာအောင် ပြန်ငေးကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ လက်ဖက်ရည်ခွက်လေးကို မြှောက်ပြရင်း ပြောလိုက်တယ် "အအေးသောက်နေတာလေ"

သုံဟွာ သူမလက်မြှောက်ပြရာကို ငုံ့ကြည့်ပြီး အနံ့ခံကာ ပြန်ပြောခဲ့တယ် "မင်းသောက်နေတာ ဝိုင်ပါ"

သူမ ညှို့ဓာတ်မိနေသလို သူ့ကိုထပ်ပြီး လေ့လာနေပြန်တယ်။ သူမမျက်နှာပေါ်မှာ နားမလည်သလိုအမူအရာလေး ဖြစ်သွားခဲ့တယ်။ သူ့ရဲ့လက်ထဲက လက်နက်နဲ့ဆင်တူတဲ့ မျှော်စင်တစ်ခုကိုမြင်တော့ သူမေးနေတဲ့အကြောင်းအရာကို လျစ်လျူရှုပြီး ဘာမှမသက်ဆိုင်တဲ့မေးခွန်းတစ်ခုကို မေးလိုက်တယ် "ရှင် နောက်တစ်ယောက်နဲ့ တိုက်အုန်းမလို့လား?" သူမ ခဏလောက်စဉ်းစားပြီး ထပ်ပြောခဲ့တယ် "အဲ့တာဆိုလဲ ကျွန်မကို ရှင်နဲ့အတူခေါ်သွားပါ ဘာအနှောင့်အယှက်မှမပေးပါဘူးလို့ ကတိပေးတယ်" သူမက လူသားပုံစံဖြစ်နေတာကိုမေ့သွားပြီး သူလွယ်လွယ်ကူကူ ပွေ့ချီလို့ရတဲ့ မြေခွေးလေးလို့ထင်နေခဲ့တယ်။ သူမ လက်အမူအရာသုံးပြီး ထပ်ပြောလိုက်တယ် "ကျွန်မကအရမ်းသေးငယ်လွန်းလို့ ရှင်လွယ်လွယ်နဲ့ ချီသွားလို့ရတယ်မလား?"

ထိုစဉ် သူမခေါင်းပေါ်ကဆံထိုးလေး လျှောကျကာ စားပွဲပေါ်သို့ပြုတ်ကျသွားလေတယ်။ သုံဟွာ သူမဘေးမှာထိုင်လိုက်ပြီး ဆံထိုးလေးကိုကောက်ယူကာ သူမကိုပြန်ပေးရင်းက "မင်းအရမ်းမူးနေပြီ"

သူမ ထိုဆံထိုးလေးကို မမှတ်မိတဲ့ပုံစံနဲ့ အကြာကြီးငေးစိုက်ကြည့်နေခဲ့တယ်။ သူမအကြည့်တွေ ဆံထိုးလေးဆီက ဖယ်သွားပြန်တယ်။ ထို့နောက် ခဏလောက်အကြာမှာ သူမ ချစ်ဖို့ကောင်းစွာ ခေါင်းငြိမ့်ပြလိုက်တယ်။ "နည်းနည်းပေါ့" သူမ ခေါင်းကိုကိုင်ထားရင်း ပြန်ပြောလိုက်တယ်။ သူမပုံစံက တကယ်မူးနေတဲ့ပုံစံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူမဘေးကို ယိုင်တိုင်တိုင်လဲကျသွားတယ်လေ။

သုံဟွာ သူမကိုဖမ်းလိုက်ပြီး ပြန်ထူပေးလေတယ်။ သူမ ဖြောင့်မတ်စွာ ပြန်ထိုင်နိုင်တာကိုမြင်ရတော့မှ သူမေးလာခဲ့တယ် "မင်း အိမ်ကိုရော ကောင်းကောင်းပြန်နိုင်သေးရဲ့လား? ငါလိုက်ပို့ပေးရမလား?"

"လူညာ" သူမ ဝိုင်ခွက်လေးကိုကြည့်နေရင်း စကားပြောင်းလိုက်တယ် "ရှင် လူတစ်ယောက်ကို သင်ခန်းစာပေးဖို့သွားတာပဲ.." သူမ ရီဝေစွာ အဝေးကိုကြည့်နေရင်းက လက်ကလဲ ခေါင်းကိုကိုင်လို့ထားသည် "သူ့နာမ်မည်က ဘာပါလိမ့်?" သူမဝမ်းနည်းနေတဲ့အသံနဲ့ "ရှင်ကျွန်မကို စောင့်နေဖို့ပြောပြီး ပြန်လဲမလာဘူး" ထို့နောက် ပြစ်တင်ပြောဆိုသလိုပုံနဲ့ "နောက်ဆုံးတော့ ကျွန်မပဲလိုက်ရှာရတာပဲ"

Page-63

သုံဟွာ သူမရဲ့ဆံပင်ဘယ်နေမှာ ဆံထိုးလေးကို ပြန်ထိုးပေးရမလဲဆိုတာ စဉ်းစားလို့နေဆဲဖြစ်သည်။ သူ နေရာအမျိုးမျိုးလိုက်စမ်းကြည့်ရင်း တွေဝေစွာ မေးလိုက်တယ် "ဘယ်ချိန်တုန်းကလဲ?"

သူဆံထိုးထိုးပေးနေတာမြင်တော့ သူမ အလိုက်သိစွာနဲ့ ခေါင်းငုံ့ပေးလေတယ် "မကြာသေးခင်က"

"မလှုပ်နဲ့" သူ အသာအယာပြောလိုက်တယ်။

သူမ လှုပ်နေတာကိုရပ်လိုက်ပြီး ထပ်ပြောခဲ့တယ် "ကျွန်မ မမှားဘူး သေချာတယ်"

Page-64

"ကျွန်မက မှတ်ဉာဏ်ကောင်းတယ်"

"မြေခွေးတွေက မှတ်ဉာဏ်ကောင်းပါတယ်"

သုံဟွာ သူမခေါင်းပေါ် ဆံထိုးလေးပြန်ထိုးပေးလိုက်ပြီး ဘာမှပြန်မပြောခင် အချိန်ခဏလောက် သဘောကျစွာ ငေးကြည့်နေခဲ့တယ် "မင်းတကယ်အမှတ်မှားနေပြီ ငါကဘယ်သူမလို့လဲ?"

"သီကျွင်းလေ" သူမ မတ်တပ်ထရပ်လိုက်တယ်။ သူမရဲ့ရီဝေဝေမျက်လုံးတွေကတော့ သူ့ဆီမှာပဲ အတန်ကြာအောင် ရှိနေခဲ့တယ်။ ထို့နောက် သူမ ချက်ချင်းပြန်သတိရလာပုံနဲ့ ပြောလေတယ် "သုံဟွာ.. ရှင်အရက်စက်ဆုံးပဲ"

သူမ သူ့ကို နာမ်မည်တပ်ခေါ်လိုက်တာကို ကြားလိုက်ရတော့ သူ အရမ်းအံ့သြသွားခဲ့တယ်။ ထို့နောက် သဘောကျဟန်နဲ့ ပြန်မေးလိုက်တယ် "ဘာလို့လဲ?"

"ရှင်ပြောတာ ကျွန်မကအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ပါပဲဆို" သူမ ရီဝေတဲ့မျက်လုံးတွေနဲ့ပဲ ရိုးသားစွာဖြေလိုက်တယ် "ကျွန်မထွက်သွားတော့ ရှင်မတားခဲ့ဘူး"

သုံဟွာ တွေဝေသွားပြီး ပြန်ပြောလိုက်တယ် "ငါမမှတ်မိဘူး ငါ..." သူ စကားတောင်မဆုံးသေးဘူး သူမ သူ့ရင်ခွင်ထဲသို့ မှီလဲကျလို့နေပြီ။ တကယ်တမ်းက သူမ ဒီစကားတွေပြောနေတာ အရမ်းမူးနေလို့ပဲကိုး။

သုံဟွာ သူမကို ငုံ့ကြည့်လိုက်တယ်။ သူမ အရမ်းမူးနေလို့ ဒီလိုစကားတွေပြောတာ ဖြစ်ရမယ်။ သူ ဒါကိုဂရုစိုက်နေစရာမလိုပါဘူး။ ညပုလဲလုံးတွေက အလင်းရောင်ဟာ သူမမျက်နှာလေးပေါ်ကို ဖြာကျလို့နေသည်။ သူမ ဘာလို့ဒီလောက်ထိသောက်ထားလဲ သူမသိဘူး။ သူမ ခုနလေးကအချိန်ထိ စကားတွေပြောနိုင်နေတုန်းပဲ။

သုံဟွာ သူမကိုပွေ့ချီပြီး Qing'yun နန်းတော်ထိ လိုက်ပို့ပေးခဲ့တယ်။ သူမ သူ့ရဲ့ရင်ခွင်ထဲမှာ ခေါင်းလေးထိုးကာအပ်ထားလေတယ်။ သူမရဲ့ ရှည်လျားသွယ်လျတဲ့ လက်ချောင်းလေးတွေကတော့ သူ့ရဲ့ဝတ်ရုံကော်လံကို အသာအယာကိုင်လို့ထားတယ်။ ဖီးနစ်အမှတ်လေးရှိတဲ့ သူမရဲ့နဖူးလေးကလဲ ဒီညကျမှ ပိုပြီးဆွဲဆောင်မှုရှိနေသလိုပဲ။ ပြီးတော့ သူမရဲ့အပြစ်ကင်းစင်စွာ ရှက်သွေးဖြာနေတဲ့မျက်နှာလေး... ခုချိန်မှာ သူမရဲ့ပုံစံက ဘုရင်မတစ်ယောက်နဲ့လုံးဝမတူဘူး။ ပြီးတော့ တစ်ခုရှိသေးတယ်။ သူမဘာပြောလိုက်တယ်? သူ ပြန်စဉ်းစားကြည့်လိုက်တယ်။ ဟုတ်တယ် သူမ 'အိမ်မွေးတိရစ္ဆာန်လေး' လို့ပြောလိုက်တာ...

Comment