42

#unicode

သည်နေ့တော့ ကူးတို့သားအဖနှစ်ယောက်ဟာ
Shoppingထွက်ဖို့ ပြင်ဆင်နေကြသည်။အပြန်
သုံးယောက်လုံးက ညစာဝင်စားဖို့ချိန်းထားသည်။
အခုတော့ ကူးနဲ့မျိုးစေ့လေးကအပြင်ထွက်ရန်
ရေအတူချိုးနေကြသည်။

ကူးကရေချိုးပြီးတာနဲ့ မျိုးစေ့လေးကိုဘောကွင်း
လေးဖြင့် သူ့စိတ်ကြိုက်ရေဆော့စေသည်။
မျိုးစေ့လေးကရေဆော့ရင် ပါးပါးလေးက
သူ့သားအတွက် ဆပ်ပြာတိုက်ပေးနေရင်း
ဆုံးမစကားဆိုရသေးသည်။

" ပါးပါးသားလေး...ပါးပါးတို့စျေးဝယ်ထွက်ရင်
ဦးဦးယောင်းဝူလာလိမ့်မယ်နော်။အနိုင်ကျင့်ပြီး
ချီခိုင်းတာမျိုးတို့မလုပ်ရဘူးနော်။ပါးပါးကပဲ
အထုတ်တွေသယ်မယ်။သားကိုချီမယ်။ဟုတ်ပြီ
လား ပါးပါးသားလေး။ "

ကူးလေးက သူ့သားရဲ့ကိုယ်ငယ်လေးကိုဆပ်ပြာ
တိုက်ပေးရင်းမှပြောလိုက်တော့ မျိုးစေ့လေးက
နှုတ်ခမ်းလေးချွန်ပြီး သင်္ဘောလေးကိုရေပေါ်
မောင်းလို့ ဖြေလာသည်။

" ဒယ်ဒီက အဲ့ဦးယောင်းကိုအကုန်လုပ်ခိုင်းလို့
ရတယ်တဲ့။သားအသက်မလုပ်ပါနဲ့။သားအသက်
ပင်ပန်းလိမ့်မယ်။ "

သားရဲ့ပြောပုံလေးကြောင့် ကူးလေးရယ်မိသည်။
ကူးရဲ့မောင့်လိုပါပဲ။ကူးကိုသာထိခိုက်စေမည့်
အရာတွေကိုသဘောမကျဘူး။သူကိုယ်တိုင်သာ
လုပ်ပေးသည်။လုပ်ပေးဖို့အနားမရှိရင်ယောင်းဝူကို
ကူညီခိုင်းတက်တာမျိုး။

" အဲ့လိုတွေအနိုင်ကျင့်နေရင် ပါးပါးကသားထက်
Yeontanကိုပဲ အချစ်တွေပုံပေးတော့မှာ။ "

" သားအသက်နော်... "

ကူးလေးကပြောတော့ စကားကိုတောင်မခံသည့်မျိုးစေ့လေးက ပြန်ပြောလာရင်း ကူးလေးက
ကိုယ်ငယ်လေးအနှံ့ဆပ်ပြာတိုက်ပေးပြီး ရေလောင်းချပေးလိုက်၏။မျိုးစေ့လေးက
ရေချိုးပြီးတာသိတာကြောင့်မက်တပ်ထရပ်သည်။

သည်တော့ ကူးလေးကသဘတ်အဖြူလေးကိုလုံအောင်ပတ်ပေးလိုက်ပြီးမျိုးစေ့လေးရဲ့ပါးဖောင်းလေးကို နမ်းလိုက်တော့ရယ်ပြီးသူ့ပါးပါးကို
ခုန်ဖက်သည်။

" အိုက်ဂူး...ပါးပါးရဲ့သားသားက အများများကြီး
ထွားလာတာပဲ။ချစ်လိုက်တာနော်...ပါးပါးက။ "

လေးနှစ်သားသာဆိုသည်။အရမ်းချစ်ဖို့ကောင်းပြီး
သူ့ပါးပါးကိုဆို သိပ်ချွဲတက်ပါသည်။ဒါကြောင့်
ပါးပါးကလည်းချစ်သည်။အစကဆိုမောင့်ကို
မကြည်တာမို့ မျိုးစေ့လေးကိုဖျက်ချဖို့တွေးဖူး
ပါသည်။

အဲ့တုန်းကဆိုကလေးရဲ့နှလုံးခုန်သံ၊အမဲစက်လေး
မြင်ထည်းက မနေနိုင်တော့ဘူး။ချစ်လွန်းတာမို့
ဗိုက်ထဲမှာရှိထည်းက အများကြီးဂရုစိုက်ခဲ့ရတာ။
အခုကောင်းမွန်စွာကြီးပျင်းလာတော့ ကူးက
ပျော်ရပါသည်။

" အဲ့ဒါဆို သားအသက်ကသားကိုပိုပိုချစ်ရမယ်။
ဒယ်ဒီထက်ဆိုရင်ရော ပိုချစ်တယ်မလား။ "

" ဒါတော့စဥ်းစားရမယ်နော် ပါးပါးသားလေးရေ။
သားရဲ့ဒယ်ဒီက သူ့ကိုမချစ်ဘူးလို့ပြောလိုက်ရင်
ဘယ်လိုဖြစ်လဲဆိုတာသိရဲ့သားနဲ့။ "

ကူးလေးက အဖြူလုံးထုတ်လေးကိုချီထားရင်းမှ
ပြောလိုက်တော့ မျိုးစေ့လေးကရယ်ပါတော့သည်။
မျိုးစေ့လေးလည်းသိ၏။ပါးပါးကူးနဲ့မျိုးစေ့လေး
ပေါင်းပြီး 'သားအသက်ကဒယ်ဒီ့ကိုမချစ်ဘူးလို့'
စနောက်ဖူးတော့ ဒယ်ဒီ့ကင်မ်ခဗျာစိတ်မကောင်း
ဖြစ်သွားတာမို့ရယ်၊ထိုနေ့ကဆို ကူးလေးကိုတင်း
ကျပ်နေအောင်ဖက်ထားတာကြောင့်နောက်ထပ်
မစရဲတော့ဘူး။

" သားက သားအသက်ကိုလည်းပိုပိုချစ်တယ်။
သားသားရဲ့ ဒယ်ဒီ့ကိုအများကြီးချစ်တာ။ "

မျိုးစေ့လေးကို ကုတင်ပေါ်လေးချပေးရင်း
ကူးက ပြင်ဆင်ဖို့ရာအဝတ်စားနဲ့အတူ၊ကလေးဖို့
ပေါင်ဒါနဲ့Lotionကိုတောင်ယူသေးသည်။အသား
အိအိလေးမို့ နူးညံ့တာတွေလုပ်ပေးတက်သည့်
ပါးပါးကူးလေးဖြစ်သည်။

" ဟုတ်ပြီဗျ။အခုတော့ ပါးပါးရဲ့သားသားလေး
အဝတ်စားဝတ်ရပါ့မယ်။မဝတ်ခင်တော့ Lotion
လိမ်းရမယ်။ကိုကိုရှင်းပြောတယ်မလား။သားရဲ့
အသားလေးက အိအိလေးတဲ့။ "

" ဟုတ်ကဲ့ သားအသက်။သားလိမ်းပါ့မယ်။ "

မျိုးစေ့လေးရဲ့တစ်ကိုယ်လုံးကို ရေခြောက်အောင်
သုတ်ပေးနေရင်းပြောတော့ ကူးလေးစကားနား
ထောင်ပြီး ရေသုတ်နေသည်။ရေသုတ်ပြီးရောမှ
ကူးလေးက မျိုးစေ့လေးကိုLotionလိမ်းပေးရင်း
ပေါင်ဒါနံ့လေးသင်းနေအောင် လိမ်းပေးသည်။
ဆံပင်ပွပွလေးကိုတော့ ဖြီးမရတာမို့အုပ်အုပ်လေး
ထားပေးလိုက်သည်။မောင့်လိုပဲ ဆံပင်ကအစ
ဖွလှန်ကြဲနေရောပဲဖြစ်သည်။

" သားအသက် အင်္ကျီအမြန်သွားလဲတော့လေ။
သားအသက်လေး အအေးပတ်ပြီးဖျားနေမယ်။ "

ကူးလေးက Bathrobeကြီးဝတ်စနဲ့သူ့အတွက်
အရင်မပြင်ဘဲသူ့သားကိုအရင်ဆုံးအဝတ်လဲပေးနေတာမို့ မျိုးစေ့လေးကပြောတာဖြစ်သည်။

" အိုက်ဂူး...ဟုတ်ပါပြီ။ပါးပါးအဝတ်သွားလဲဝတ်
လိုက်ဦးမယ်။အခုပါးပါးက သားဒယ်ဒီကိုဖုန်းခေါ်
ပေးထားတယ်။ဖုန်းပြောလိုက်ပြီး မေးလိုက်ဦး။
ဒယ်ဒီ့ကိုလာမှာလား။ဦးယောင်းဝူကိုလွှတ်မှာလား
လို့မေးကြည့်လိုက်။ "

" ဟုတ်ကဲ့...သားအသက်။ "

ကူးက မျိုးစေ့လေးလက်ထဲဖုန်းထည့်ပေးရင်း
ပြောတော့ မျိုးစေ့လေးကလက်ခံပါသေးသည်။
သည်တော့ ကူးကသူ့သားပါးဖောင်းလေးကိုနမ်း
လိုက်ရင်း အဝတ်လဲခန်းထဲဝင်သွားသည်။

သည်တော့မျိုးစေ့လေးက သူ့ပါးပါးပြတဲ့အတိုင်း
ဖုန်းခေါ်နေသည်။ဖုန်းခေါ်သံရောက်သည်နှင့်
တစ်ဖက်မှထယ်ယောင်းက အသံပေးလာ၏။

' မောင့်အသက် ပြောပါခင်ဗျ။ '

ထယ်ယောင်းက သူ့အသက်ဖုန်းခေါ်ပြီဆိုတာနဲ့
မအားတာတောင်ချက်ချင်းကိုင်လို့ အသံကအစ
နူးညံ့နေတာမျိုးဖြစ်သည်။ကူးလေးတင်မဟုတ်၊
သူတို့သားမျိုးစေ့လေးကအစပေါ့။

" သားအသက်မဟုတ်ဘူး။သားပါ ဒယ်ဒီ။ "

' ဆောရီးပါဗျာ။သားပါးပါးဖုန်းဆက်တယ်ထင်
နေတာ။ဘုရင်လေးမျိုးစေ့က ဘာတွေများ
လိုချင်နေတာပါလဲခင်ဗျ။ '

သူ့သားအသံကြားရော နာမည်မှားခေါ်မိလို့ရယ်
လိုက်ရင်း စကားကိုအချိုသာဆုံးဆိုရသေးသည်။

" သားဘာမှမလိုချင်ပါဘူးဒယ်ဒီ။သားမေးမို့လေ။
ဒယ်ဒီ...ဦးယောင်းကိုလွှတ်လိုက်မှာလား။ဒယ်ဒီက
လာမှာလား။ "

ထယ်ယောင်းက တစ်ခါတစ်လေအလုပ်များရင်
သူမလိုက်ဘဲ ယောင်းဝူကိုသာလွှတ်လိုက်တာမို့
မျိုးစေ့လေးက မေးခြင်းဖြစ်သည်။

' ဒယ်ဒီလာခဲ့မယ်။ဒယ်ဒီရယ်၊ဒယ်ဒီ့အသက်ရယ်၊
သားရယ်အတူတူ ဈေးဝယ်ကြမယ်။ဒယ်ဒီက
ကိုယ်တိုင်လာမို့ ဒယ်ဒီ့ကိုစောင့်ရင်းဝယ်နှင့်ကြ
ဟုတ်ပြီလားဗျ။ '

" ဟုတ်ကဲ့ ဒယ်ဒီ။သားတို့ ဝယ်ထားနှင့်မယ်။
ချစ်တယ်နော် ဒယ်ဒီ။ "

ထယ်ယောင်းက လာမည်ဆိုရောပျော်သွားသည့်
မျိုးစေ့လေးမှာ သူ့ဒယ်ဒီကိုချစ်ကြောင်းတွေ
ပြောတော့သည်။ထယ်ယောင်းရယ်လိုက်ရင်း
သားကို'ဒယ်ဒီလည်းချစ်တယ်'ဟုပြောပြီး
သူ့ဘက်ကအရင်ဖုန်းချလိုက်တော့သည်။

" ပါးပါးသားလေး သားဒယ်ဒီကဘာပြောလဲ။ "

ကူးလေး အဝတ်စားလဲပြီးပြန်ထွက်လာတော့
မျိုးစေ့လေးကိုမေးလာသည်။မျိုးစေ့လေးက
ပြန်မဖြေသေးပါဘဲ သူ့ပါးပါးဝတ်ထားတာကို
ကြည့်နေသည်။

" သားအသက်...ဒယ်ဒီမကြိုက်ဘဲနေမယ်နော်။
အဝတ်အစားက အဲ့လိုဝတ်မှဖြစ်မှာလား။ "

ကူးက ကူးဝတ်ထားတာတောင်ပြန်ကြည့်မိသည်။
ကူးဝတ်ထားတာ ရှပ်အဖြူမဟုတ်၊ပါးတောင်ပါး
မနေဘူး။ဒီနေ့ကဝတ်ထားတာ Polo shirtအဖြူ
လေးဖြစ်ပြီး၊ဘောင်းဘီတောင်အဖြူရောင်အရှည်
ဝတ်ထားတာဖြစ်သည်။ဒါကို ကိုကြီးကျယ်က
သဘောမတွေ့ဘူးတဲ့။

" ပါးပါးဝတ်ထားတာ အဆင်ပြေပါတယ်။သားက
ဘာဖြစ်နေတာလဲ မျိုးစေ့လေး။ "

ကူးလေးက ဖုန်းကိုယူကြည့်ရင်းမှမေးလိုက်တော့
မျိုးစေ့လေးက ခေါင်းခါရင်းပြန်ဖြေတော့သည်။
ကူးလေးကတော့ သူ့သားလေးဘာပြောပြောပြုံး
လို့ဖြစ်နေတော့သည်။

" သားအသက် အဆင်ပြေရင်ရပါတယ်။သားက
ဘာမှမဖြစ်ဘူးနော်။ "

ကူးလေးကရယ်ရင်း သူ့သားပါးဖောင်းလေးကို
နမ်းလိုက်ကာ ရှုးဖိနပ်အသေးလေးဝတ်ပေး၏။
မကြာဘူး။သားကထူးဆန်းစွာဖြင့် ကူးတို့အခန်းကို
ပတ်ကြည့်နေရင်း စကားဆိုလာသည်။

" ဟွန်း...ဒယ်ဒီ့အခန်းထဲမှာလည်း ပါးပါးပုံတွေချည်းပဲ။ဖွားကတောင်ပြောပြတယ်။ဖွားတောင်
မသိဘူးတဲ့။မင်းဒယ်ဒီက ပုံတွေကိုကင်မ်အိမ်က
မိသားစုပုံထက်ကြီးကြီးဖြစ်နေတာ။ "

" သားဒယ်ဒီက ပါးပါးကိုအရမ်းချစ်တာလေ။ "

မျိုးစေ့လေးက အခန်းကိုပတ်ကြည့်ရင်းဖြင့်
လက်ဖောင်းလေးတွေကိုအကြီးကြီးပုံစံလက်ဝိုင်းပြလို့ပြောလာသည်။ကူးကတော့ရယ်လို့တွေးမိ
ပါသေးသည်။

ကင်မ်အိမ်တော်အောက်ထပ်က ဧည့်ခန်းမှာတော့
ကင်မ်မိသားစုလုံးရိုက်ထားသည့် ပုံကြီးရှိသည်။
ဒေါ်လေးမပါဘဲ အဖိုးရယ်၊အဖေနဲ့အမေရယ်၊
မောင်ရယ်၊ကူးရယ်၊မျိုးစေ့လေးတို့နဲ့သာရိုက်
ထားခဲ့ခြင်းဖြစ်သည်။ဒေါ်လေးမပါတော့ကူး
စိတ်မကောင်းဖြစ်မိတာပေါ့။

အဲ့ပုံဆိုအကြီးကြီးဆိုပေမဲ့ မောင့်အခန်းထဲက
ကူးပုံဆိုရင်တော့ ကင်မ်မိသားစုပုံထက်အများကြီး
ကြီးပါသည်။ဒါတောင်မျိုးစေ့လေးက ၃နှစ်သား
အရွယ်မှာ သားပုံထားပေးပြောလို့မောင်ကသူ့သား
စိတ်ကျေနပ်အောင် ငယ်ပုံလေးထားပေးတာ။

ကူးပုံတွေနဲ့သူတို့လက်ထပ်တုန်းကပုံတောင်
ရှိနေသေးသည်။သို့သော် လက်ထပ်တုန်းကပုံမှာ
ကူးမပြုံးနေခဲ့ဘူးပေါ့။မောင်ကပြုံးနေပေမဲ့
ကူးကတော့ပြုံးမနေတာကြောင့် ပုံလေးကပျက်
စီးသွားသလိုမျိုးဖြစ်မိသည်။ဖြစ်နိုင်ရင်တော့
မောင့်နဲ့အတူပြုံးတဲ့ပုံမျိုးကို ထပ်ရိုက်ချင်ပါ
သေးသည်။

" ပါးပါးသားလေး...ပါးပါးတို့သွားကြရအောင်။
နောက်ကျနေရင်စျေးဝယ်ဖို့အဆင်မပြေဖြစ်မယ်။
ဖိုးတို့ဖွားတို့အတွက် ဒီနေ့ကောင်းကောင်းလေး
ကျွေးရမယ်။ "

ကူးလေးက ၄နှစ်သားအရွယ်သူ့သားလေးအား
ချီယူလိုက်တော့ မျိုးစေ့လေးကသူ့ပါးပါးရဲ့ခါးကို
ခြေထောက်သေးလေးတွေဖြင့် ဖက်ကုပ်ထား၏။
ချစ်စရာလေးလိုပင်။

အောက်ထပ်ကိုရောက်တော့ သူ့အဖွားကိုနှုတ်ဆက်လို့ ဂေါက်ကွင်းသွားကြသည့်အဖိုးနဲ့
အဖေကတော့ အိမ်မှာရှိမနေတာမို့သူ့သားကို
ကားအနောက်ခန်းမှာ Kid seatမှာထားပြီး
သေချာခါးပတ်ပေးလို့ ကူးလေးကDiver
Seatမှာထိုင်လို့ ကားမောင်းဖို့မပြင်ကာ
သူ့သားကိုလှမ်းကြည့်သည်။

ကူးငယ်ငယ်တုန်းကလိုပင် နှုတ်ခမ်းလေးချွန်ပြီး
ခြေထောက်လေးတွေကို ယိမ်းနေတာကြောင့်
အသည်းယားနေမိတာပင်။

" ပါးပါးသားရေ...Let's goကြရအောင်။ "

" ခစ်ခစ်...ဟုတ်ကဲ့သားအသက်။Let's go "

ကူးကပြောတော့ သားကလိုက်ပြောတာမို့ကူးလေး
ပြုံးပြီး ကားစမောင်းထွက်တော့သည်။ကူးက
ကားမောင်းရင်း သားကတော့အနောက်ကနေ
သူ့ပါးပါးဆိုနေကြသီချင်းလေးဆိုရင်း လိုက်
လာတော့ ကူးလေးကလည်းသူ့သားလေးနဲ့အတူ
သီချင်းဆိုရင်း Shopping centerသို့ကားမောင်း
လာခဲ့ကြသည်။

- - - - -

Shopping Centerသို့ ကူးလေးတို့ရောက်တော့ ကူးကကားပါကင်မှာ ကားရပ်လိုက်သည်။ပြီးမှ
ကူးကမျိုးစေ့လေးကိုပွေ့ချီရင်း မောင့်အလာကို
စောင့်နေသည်။

" မောင့်အသက်...စောင့်ရတာကြာသွားလား။ "

" ဒယ်ဒီ! "

ကူးတို့စောင့်နေရင်း ထယ်ယောင်းကဒရိုင်ဘာသက်သက်ဖြင့်မောင်းလာသည့်ကားနဲ့လိုက်လာခဲ့လို့ရောက်ပြီကြောင့် ကူးတို့ကိုအသံပေးသည်။
ကုမ္ပဏီမှာယောင်းဝူကမရှိမဖြစ်မို့ ထားခဲ့ရတာကြောင့် ခေါ်မလာတော့ဘူး။

" မောင်...မောနေလားဟင်။တအားကြီးပြေးမလာ
ပါနဲ့။တော်ကြာ...ကလေးလေးချော်လဲနေမယ်။ "

မျိုးစေ့လေးကိုချီထားရင်းမှ မေးလိုက်တော့
ထယ်ယောင်းက ကူးပါးဖောင်းလေးကိုတောင်
နမ်းလိုက်ပြီး'အဆင်ပြေပါတယ်'လို့ပြောသည်။

" မောင်ကအဆင်ပြေပါတယ်ဗျာ။သား..လမ်းလျှောက်လေကွာ။ပါးပါးက
သားကိုချီထားရလို့ ပင်ပန်းနေမှပေါ့။ "

" သားကဆင်းချင်တာ ဒယ်ဒီ။သားအသက်က
သားကိုအောက်ပေးမဆင်းဘူး။ "

ထယ်ယောင်းကမေးတော့ မျိုးစေ့လေးကမျက်နှာ
လေးမဲ့လိုဖြေလာသည်။မျိုးစေ့လေးလည်းဆင်း
ချင်နေတာမို့ သိသာသည်။သူ့ပါးပါးကိုချစ်လို့သာ
ဘာမှမပြောဘဲ ငြိမ်ပြီးနေ,နေတာ။ဒယ်ဒီလာတော့
ထုတ်ပြောတာမျိုး။

" မရပါဘူးနော်။ပါးပါးကသားကို ချီထားရမှာ။
သားကဒီတိုင်းလမ်းလျှောက်နေရင် ပါးပါးသားကို
လူဆိုးတွေက လှမ်းဆွဲပြေးသွားမှာပေါ့။ဒါကြောင့်
လိမ္မာတယ်နော်။ပါးပါးပဲသားကိုချီထားမယ်။ "

ကူးလေးက သူ့သားနှစ်ခါလုံးသူ့လက်ထဲကနေ
ပျောက်သွားဖူးတာကြောင့် ထိုအကြောင်းအရာကို
အခုထက်မမေ့သေးဘူး။ဒါကြောင့်လည်းသားကို
စိတ်ပူပြီး ဘယ်သွားသွားအရွယ်ရောက်လို့လမ်း
လျှောက်စတောင် လမ်းသိပ်မလျှောက်စေဘဲ
တစ်ချိန်လုံးချီထားတာ။

ထယ်ယောင်းကသိပ်မကြိုက်ပေမဲ့ သူ့အသက်
အဆင်ပြေအောင်သာ လွှတ်ပေးထားရတာ။
တကယ်တော့ သားကသွားတက်စဖြစ်နေတာမို့
အေးဆေးလမ်းလျှောက်စေချင်သည်။

" မောင့်အသက်...မောင်ပြောပြမယ်။သားကို
အဲ့လောက်မချီထားပါနဲ့ကွာ။သားကိုယ်လုံးကို
အသက်ကနိုင်တာတောင်မဟုတ်တော့ဘူးလေ။ "

မျိုးစေ့လေးက ၄နှစ်အရွယ်ဆိုသော်လည်းလုံးလုံး
ဖောင်းဖောင်းလေးမို့ ကူးတောင်တစ်ခါတစ်ခါမနိုင်ပါဘူး။ထယ်ယောင်းကသာအမြဲချီထားတာမို့
ထယ်ယောင်းလက်ကိုပိုကြိုက်တာ။

" ဘာလို့မနိုင်ရမှာလဲ။ငါ့ဗိုက်ထဲကမွေးထားတဲ့
သားပဲလေ။တော်ကြာ သားသားလမ်းလျှောက်ရင်း
ပျောက်သွားလိမ့်မယ် မောင်ရဲ့။ "

ထယ်ယောင်းစာနာမိသည်။မွေးမွေးချင်းကလည်း
သူ့သားပျောက်ရတာနဲ့၊မွေးပြီးလသားအရွယ်မှာ
ခဏခဏပျောက်သွားတာမို့ အခုထိမမေ့နိုင်သေး
တာမျိုးဖြစ်သည်။

" မောင်သိပါတယ်ကွာ။မောင်ရယ်၊အသက်ရယ်က
သားကိုအလယ်မှာထားပြီး လမ်းလျှောက်ရင်တော့
သားကဘာမှမဖြစ်တော့ဘူးလေ။ဒီမှာကြည့်လိုက်
မောင်ကလက်တွဲထားရင်း သားကိုကာလို့ရတယ်။ "

ထယ်ယောင်းက ကူးချီထားသည့်မျိုးစေ့လေးကို
ကမ်းယူရင်း မျိုးစေ့လေးညာဘက်မှလက်ကိုတွဲယူ
လိုက်ပြီး ကူးကိုတော့ဘယ်ဘက်မှတွဲခိုင်းကာဖြင့်
သူ့သားကိုဘယ်လိုကာလို့ရကြောင်းပြတော့သည်။

" Centerထဲရောက်ရင်တော့ မောင်ကချီထားပေး
ပါနော်။ငါ့သားကိုစိတ်မချဘူး။သားသားကိုတော်
ကြာငါတို့လက်ထဲကနေ-- "

" မဟုတ်ဘူး မောင့်အသက်။မောင်ကိုယ်တိုင်လည်း
သားကိုဘာမှမဖြစ်စေရအောင် ကာကွယ်မယ်။ "

ထယ်ယောင်းကဆိုတော့ကူးလေးက ခေါင်းငြိမ့်ပြ
တော့သည်။သည်တော့မှ ကူးလေးနဲ့ထယ်ယောင်းလည်းသားကို အလယ်မှာထားကာဖြင့်Centerထဲ
အတူလမ်းလျှောက်လာကြသည်။

" သား...ပျော်တယ်။ "

မျိုးစေ့လေးလည်း သူ့ပါးပါးချီထားရာမှ လွတ်လွတ်လပ်လပ်လမ်းလျှောက်ရတော့
ပျော်ပြီး သူ့ဒယ်ဒီနဲ့ပါးပါးလက်တွဲထားသည့်ကြား
ခုန်ဆွခုန်ဆွလမ်းလျှောက်နေသည်။

Centerထဲရောက်တော့ ကူးကသားကိုမောင့်အား
ချီခိုင်းလိုက်တော့သည်။သားကလည်းပြောစရာ
မလိုအောင် သူ့ပါးပါးစိတ်မချဖြစ်နေတာသိလို့
သူ့ဒယ်ဒီကိုချီခိုင်းတော့သည်။

သည်လိုနဲ့ကူးတို့လျှောက်လာရင်းဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သားအတွက်နဲ့မောင့်အတွက်တော့
လိုအပ်တာဝယ်လာခဲ့သည်။ကူးအတွက်ကတော့
မောင်ကိုယ်တိုင်ရွေးပေးပါသည်။

" သားအသက်...သားရဲ့ကုတင်ကို95 Carလေး
ပြောင်းချင်တာ။သားအသက်ကိုပြောထားတာ
သိတယ်မလား။ဒယ်ဒီလည်းပြောပေးနော်။ "

မျိုးစေ့လေးက ကာတွန်းကြည့်ရင်းDream
Workမှထုတ်သည့် Carsကာတွန်းထဲက95
ကားပုံစံကုတင်ကိုလိုချင်တာကြောင့် ဝယ်ပေးဖို့
လိုက်ရွေးပေးရတော့သည်။

" ရေး...ရေး...ဒယ်ဒီရေ။သားကားကားရပြီ။ "

သူ့ဒယ်ဒီချီထားရင်းအငြိမ်မနေဘဲ ထခုန်နေတာ
ကြောင့်ကူးလေးပြုံးပြီး သူ့သားရဲ့ပါးကိုတောင်နမ်းလိုက်ပြီး ရယ်တော့သည်။ဝယ်ပြီးတာနဲ့
ကောင်တာမှာငွေချေလို့ Deliအတွက်ရှင်းပြီးလို့
ထပ်ကြည့်ရင်ထွက်လာကြသည်။

" beauté.... "

" ဟမ်...ဘယ်သူလေးလဲ။ "

ကူးလေးက ထယ်ယောင်းဘေးမှလျှောက်နေရင်း
သူ့ကိုအပြေးလာဖက်တဲ့ ကလေးလေးကြောင့်
သူကြောင်ကြည့်နေမိသည်။အညိုရောင်ဆံပင်နဲ့
မျက်ဝန်းစိမ်းရောင်လေးကြောင့် ကူးလေးအံ့ဩ
နေတာဖြစ်သည်။ပြီးတော့ နိုင်ငံခြားသားလေးက
ဟန်းဂုစကားပြောနေတာ။

" beautéမမှတ်မိဘူးလား။beautéရဲ့ကောင်လေးလေ။ "

ထိုကောင်လေးက သူ့ကိုယ်သူလက်ညိုးထိုးပြ၏။
ကောင်လေးအရွယ်က သားထက်တောင်သိပ်ကြီး
နေပြီ။ကောင်လေးကကူးကိုခါးကိုဖက်လို့ပြောရင်းကူးကမမှတ်မိသလိုကြည့်နေသည်။မောင်ကတော့
သားကိုချီထားရင်း မျက်မှောင်ကြီးကြုံလို့။ထို့အတူသားလည်းအတူတူပါလေ။

" အယ်...ဥက္ကဌကင်မ်တို့ပါလား။သားရယ်...
မာမီပျောက်လို့လိုက်ရှာနေတာလေ။ "

လက်ထဲအထုတ်အချို့ကိုကိုင်ဆွဲထားရင်းကူးတို့
အနားကိုရောက်လာသည့် အမျိုးသမီးကမောင်တို့
ကုမ္ပဏီမှာအလုပ်ဆက်လုပ်ဆဲဖြစ်နေသည့်
ပြင်သစ်ဒီဇိုင်နာပင်ဖြစ်သည်။ကူးအံ့ဩသွားပြီး
သူ့ကိုဖက်ထားတဲ့ကောင်လေးကို ငုံ့ကြည့်မိတော့
ပြင်သစ်သားလေးတဲ့လား။ထွားလာလိုက်တာ။

" အယ်...ပြင်သစ်သားလေးပဲ။အိုအို...ဆောရီးပါ။
အိုက်ဂူး...မမှတ်မိလို့တောင်းပန်ပါတယ်ရော်။
ပြင်သစ်သားလေးက လူချောလေးဖြစ်နေတာပဲ။ "

ကူလေးက ထိုအမျိုးသမီးကိုတွေ့ထည်းကမှတ်မိ
သွားတာမို့ဖက်လိုက်တော့ ပြင်သစ်သားလေးက
ပိုဖက်လာတော့သည်။သားအဖနှစ်ယောက်တော့
အမြင်မကြည်နေတော့ဘူး။

" beautéကိုလွမ်းနေတာ။Louisက ဟန်းဂုမှာ
ကျောင်းတက်ပြီး ဟန်းဂုစာတွေတက်နေပြီ။
Louisကိုစဥ်းစားပေးတော့လေ။ "

" သား...beautéမှာ သူ့ခင်ပွန်းနဲ့ကလေးရှိတယ်။
မားမားဘာပြောထားလဲ။beautéမှာအိမ်ထောင်
ရှိတယ်လေ။ "

ပြင်သစ်သားလေးLouisရဲ့စကားကြောင့် သူ့အမေကပြောလာသည်။သားအမိနှစ်ယောက်လုံးဟန်းဂုမှာနေ,နေပြီဖြစ်တာကြောင့် ဟန်းဂုစကားတောင်
တက်နေပြီဖြစ်သည်။

" beautéကိုပဲလိုချင်တာ။ "

" သားကကိုးနှစ်အရွယ်ပဲရှိသေးတာလေ။လက်ထပ်လို့မရသေးဘူး။ "

" No..No..No..Mommy "

ပြင်သစ်သားလေးကတော့ သူ့အမေစကားကို
နားထဲမဝင်ဘဲကူးကိုသာဖက်ထားတော့သည်။
ကူးကဘေးမှ မောင်တို့သားအဖနှစ်ယောက်အသံ
မကြားတာမို့လှည့်ကြည့်တော့ မောင်ကသူ့သားကို
ရင်ခွင်ထဲပိုက်လို့ ချော့နေသည်။ထို့အတူမောင်ပါ
စိတ်မကောင်းဖြစ်နေတာမျိုး။ကြည့်!အလကား
သားအဖနှစ်ယောက် သဝန်တိုနေပြန်ပြီ။

" ပြင်သစ်သားလေးကို မိတ်ဆက်ပေးရမယ်။
ဟောဒါလေးက အလှလေးရဲ့သားသားလေးလေ။
ပြင်သစ်သားလေးသိတယ်မလား။ဗိုက်ပူပူလေးထဲ
နေ,ရတဲ့ကလေးလေးလေ။ "

ကူးလေးက ပြင်သစ်သားလေးကိုဖက်ထားရာမှ
ခဏခွာလိုက်ရင်း မောင့်လက်ထဲကသားလေးကို
ပွေ့ယူပြီး ပြင်သစ်သားလေးရှေ့ချပေးလိုက်ပြီး
မိတ်ဆက်ပေးသည်။

သားကတော့ပြင်သစ်သားလေးကို သူ့ဒယ်ဒီလို
မျက်မှောင်ကြုံ့ပြီးကြည့်နေတာဖြစ်သည်။ထို့အတူ
ပြင်သစ်သားလေးကလည်း သားကိုကြည့်နေတာ
ဖြစ်သည်။အကြည့်တွေစုံရင်း မျက်မှောင်တွေ
အချင်းချင်းကြုံ့လို့။

" ဟေ့ကောင် ဒါငါ့အသက်။ငါ့အသက်ကိုမထိနဲ့။ "

" သား..အဲ့လိုမပြောရဘူးလေ။ပါးပါးမကြိုက်ဘူး
နော်။သားထက်အသက်ကြီးတာ။တောင်းပန်လိုက်၊
မျိုးစေ့လေးနော်။ "

မျိုးစေ့လေးကသူ့ပါးပါးရဲ့ခြေထောက်ကိုဖက်ရင်း
ပြောတော့ ကူးလေးကတားသည်။မောင်ကတော့
သားလုပ်ပုံကိုကြည့်ပြီးပြုံးနေတာမျိုး။မရဘူး။
မျိုးစေ့လေးကိုအပေါင်းအသင်းတွေနဲ့
တည့်အောင်နေတက်ဖို့သင်ပေးရတော့မည်။

မျိုးစေ့လေးကသူ့ပါးပါးက ထိန်းနေရင်းပြောတော့
ပြင်သစ်သားလေးက မျိုးစေ့လေးကိုကြည့်ကာ
ကူးကူးကိုလက်ကိုဆွဲလိုက်ရင်းပြောသည်။

" ငါကမင်းရဲ့ဒယ်ဒီ... "

" ဘာ!!မင်းဘာပြောလိုက်တယ်။ "

ပြင်သစ်သားစကားကြောင့် ငြိမ်ပြီးကြည့်နေသည့်
ထယ်ယောင်းတောင် အော်လိုက်မိသည်။
ဒီကလေးဘယ်လိုတောင် သူ့အသက်ကိုပြောလိုက်
ရတာလဲ။ဒါထက်သားကိုပြောချလိုက်တာ။
ငါကသူ့ဒယ်ဒီတဲ့။

" louis...သား...အဲ့လိုမပြောရဘူးလေ။ဦးထယ်ကို
တောင်းပန်လိုက်ဦး။ "

" ရပါတယ်ရော်။ကလေးက မသိလို့ပြောတာကို။
ကူးနားလည်ပါတယ်။တွေ့တုန်းလေးကျွန်တော်တို့
ထမင်းအတူစားရအောင်နော်။သားလည်းဗိုက်ဆာ
နေပြီမို့ အတူစားကြမလား။ "

ကူးလေးက ထယ်ယောင်းနဲ့ပြင်သစ်သားတို့ကြားဖြေရှင်းရင်း ထမင်းစားဖို့ပြောတော့သူမကပြန်
ဖြေသည်။

" မလိုက်နိုင်တော့ဘူးထင်တယ်။အစ်မက
အပြင်သွားစရာရှိသေးလို့လေ။အစ်မရဲ့ဒီဇိုင်နာသင်တန်းအတူတက်ခဲ့တဲ့သူက ဟန်းဂုကမို့
သူ့ရှိသွားဖို့လေ။မသွားခင်တော့ သားအတွက်
အဝတ်အစားထုတ်လာဝယ်ပေးတာ။ "

" သား...မာမီနဲ့မလိုက်တော့ဘူး။မာမီပဲသွားတော့။
သားက beautéရဲ့အိမ်ကိုလိုက်သွားမှာ။သားရဲ့
အဝတ်အစားတွေထားခဲ့ပေးပါ မာမီ။ "

သူမကကူးတို့နဲ့မလိုက်နိုင်ကြောင်းငြင်းတော့
ပြင်သစ်သားလေးကသူ့အမေနဲ့မလိုက်ချင်လို့
ဆိုပြီးငြင်းသည်။သည်တော့ကူးလေးကလည်း
အကြံရသွားတာမို့ ပြောတော့သည်။

" အစ်မရယ် ဒီလူနဲ့ဒီလူနဲ့အားနာစရာမလိုပါဘူး။
Louisလေးက ထမင်းအတူစားပြီးရင်လိုက်နေ
နော်။ကျွန်တော်တို့အိမ်မှာ လိုက်နေခိုင်းလိုက်ရင်
မျိုးစေ့လေးလည်း အဖော်ရတာပေါ့။ "

" မောင့်အသက်! " " သားအသက်! "

ကူးလေးကလက်ခံကြောင်းပြောလိုက်ရော
ထယ်ယောင်းနဲ့သူ့သားမျိုးစေ့လေးက အော်တော့
သည်။ကူးဂရုမစိုက်ဘဲဒီဇိုင်နာအမကိုစကားပြော
လိုက်သည်။ပြီးနောက် ဒီဇိုင်နာအမကျေးဇူးတင်
စကားပြောပြီး ကူးလက်ထဲသူမသားလေးကိုအပ်
လို့ထွက်သွားတော့သည်။ထို့အတူ သူမသားလေး
ဝတ်ဖို့တောင် အထုပ်နှစ်ထုပ်ထည့်ပေးသေးသည်။

ကူးကပြင်သစ်သားလေးကိုတွဲထားပြီး မောင်က
သားကိုပွေ့ချီထားကာ Centerထဲပတ်နေသည်။
မောင်နဲ့သားက ကူးကိုတော့အသံသေးလေးတောင်
မထွက်ဘဲ နှစ်ယောက်သားလမ်းလျှောက်နေတာ
ဖြစ်သည်။တစ်ခါတစ်ခါမောင်က သားကိုအောက်
ချပြီး လက်တွဲလို့လမ်းလျှောက်တာတောင်ကြည့်
ရသေးသည်။ကူးစိတ်မချဘူး။

" မောင်...သားကိုသေချာဂရုစိုက်နော်။ "

" အင်း... "

ကူးစကားကိုတောင် သိပ်ဂရုမစိုက်ဘဲသားကို
ပြန်ပွေ့ချီသွားသေးသည်။ကူးသဘောကျလို့
ခပ်ယေးယေးပြုံးမိပါသည်။ကလေးနဲ့တောင်
လိုက်ပြီး သားအဖနှစ်ယောက်ကူးကိုသဝန်တို
နေတာဖြစ်သည်။

Centerမှာအကြိုက်ပတ်ကြည့်ပြီး မျိုးစေ့လေးက
အရုပ်တွေဝယ်သည်။သူ့ဒယ်ဒီကလည်း အကြိုက်
ဝယ်ပေးနေပြန်တော့ ကူးလည်းဘေးမှာရပ်နေတဲ့
ပြင်သစ်သားလေးကိုမေးရသေးသည်။

" Louisရောအရုပ်ယူမလား။ဝယ်ပေးမယ်လေ။ "

ကူးလေးက Louisရှေ့ထိုင်ချပြီးမေးလိုက်တော့ Louisကတွေးလိုက်ရင်း ရှေ့ကအရုပ်တွေကိုလှမ်း
ကြည့်နေပြီးခေါင်းငြိမ့်ပြသည်။

" beautéနဲ့တူတဲ့ဒီအရုပ်လေးကိုယူမယ်။ယုန်ရုပ်
လေးက beautéနဲ့တူတယ်။ "

ဘုတ်!

" မယူနဲ့။ဒယ်ဒီကမင်းကို အရုပ်မဝယ်ပေးဘူး။ "

မျိုးစေ့လေးက ကူးနဲ့ပြင်သစ်သားလေးအနား
ရောက်ချလာပြီး ပြင်သစ်သားလေးကိုင်ထားတဲ့
အရုပ်ကိုပစ်ချလိုက်သည်။ပြင်သစ်သားလေးက
ဘာမှမပြောဘဲ ခပ်စူးစူးကြည့်လိုက်ပေမဲ့လည်း
ကူးလေးမှာတော့ သဘောမကျလို့ပြောရသည်။

" ပါးပါးသားလေး....အဲ့လိုမလုပ်ရဘူးလေ။
သားကအရုပ်တွေယူတော့ Louisလည်းလိုချင်နေ
မှာပဲကို။မျိုးစေ့လေးနော်...ပါးပါးမကြိုက်ဘူး။ "

" အီးဟီး...ဒယ်ဒီ...အင့်...ဝါး...ဝါး...အီး... "

ကူးလေးကဆူတာမဟုတ်ဘဲ စကားလေးနဲ့ပြော
လိုက်သည်ကို မျိုးစေ့လေးကငိုပြီးသူ့ဒယ်ဒီ့ကို
သွားကပ်သည်ကြောင့် သူ့ဒယ်ဒီမှာကဲပိုလွန်းပြီး
ချီထားကာ ကူးတို့ကိုတောင်စကားဆိုသေး၏။

" သားကိုမဆူနဲ့ကွာ။မောင်မကြိုက်ဘူး။သူလိုချင်ရင်ဝယ်ပေးလိုက်။သားဘာပဲလုပ်လုပ်မှန်တယ်။ "

ကူးနဲ့ပြင်သစ်သားလေးကို မောင်ကခပ်စူးစူးကြည့်
ရင်းပြောသွားတော့ ကူးတောင်တားချိန်မရလိုက်ဘူး။ကိုယ်မွေးထားတဲ့သားမို့ ကိုယ်တိုင်လည်း
သားငိုသွားတာကိုကြည့်ပြီး စိတ်ပူတာပေါ့။

ကူးတို့Centerတစ်ပတ်ပတ်ခဲ့ရင်း သားကိုချော့ခေါ်ဖို့လှမ်းတာတောင် မောင်ကရှောင်သွားသေး
သည်။Centerကအပြန် ထမင်းစားဖို့ဆိုင်တစ်ဆိုင်
သွားကြတော့ မောင်ကကားပေါ်ရောက်သည်အထိ
သူ့သားကိုလက်ပေါ်ကမချဘူး။ကားမောင်းရင်း
လက်တစ်ဖက်က သားကိုပိုက်ထားသေးတာ။

ကူးကတော့ သူများကလေးကိုတာဝန်ယူပြီးခေါ်
လာသည်မို့ ပြင်သစ်သားလေးဘေးမှာထိုင်နေရ
တာဖြစ်သည်။

- - - - -

ကူးတို့ထမင်းစားကြမည့်ဆိုင်ကိုရောက်တော့
ထယ်ယောင်းက သူ့သားကိုပွေ့ချီလို့အရင်ကားထဲမှ
ထွက်သည်။ကူးရှိနေတဲ့ကားနောက်ခန်းတံခါးကို
ဖွင့်ပေးဖို့တော့ မောင်မမေ့ဘူး။

ကူးတို့ထွက်လာတာနဲ့ မောင်ကသူ့သားကိုချီလို့
ဆိုင်ထဲအရင်ဝင်သွားသည်။ကူးကတော့ Louisရဲ့
လက်ကိုကိုင်လို့ ဆိုင်ထဲဝင်လာသည်။မောင်က
ကောင်တာမှာမန်နေဂျာကို Bookingလုပ်ထားတဲ့
အကြောင်းပြောနေတာမို့ ကူးကသားအနားကိုသွား
ရပ်သေးသည်။

" ပါးပါးသားလေး...သားဒယ်ဒီချီထားရတာ
ညောင်းနေဦးမယ်။ပါးပါချီမယ်လေ။ပါးပါးရှိကို
လာမလား။ "

ကူးလေးက မျိုးစေ့လေးအနားကပ်ကာချီဖို့ပြောလို့
မျိုးစေ့လေးက သူ့ပါးပါးအနားရှိနေသည့်သူကို
ငုံ့ကြည့်ရင်း သူ့ဒယ်ဒီပုခုံးပေါ်ခေါင်းတင်ရင်း
ငိုထားတာကြောင့် ရှိုက်သံလေးနဲ့စကားဆို၏။
ကူးလည်းတကယ်စိတ်မကောင်းဘူး။

" ဟင့်အင်း...ဒယ်ဒီနဲ့ပဲနေမှာ။သားအသက်က
သားကိုမချစ်တော့ဘူး။ "

မျိုးစေ့လေးက အသံသေးလေးနဲ့ပြောပြန်တော့
ကူးလေးစိတ်မကောင်းစွာ ဖြစ်ပြီးမျိုးစေ့လေးရဲ့
ပွနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးရင်းမှ
ပြောသည်။

" သားရယ်...ပါးပါးကသားကိုဆူတာမဟုတ်ပါဘူး။
ဒီကိုကို့ကို အဲ့လိုလုပ်ဖို့မပြောရဘူးလေ။ "

" မောင့်အသက်...အိမ်ရောက်မှစကားပြောတော့။
ညောင်းနေမယ်။မောင်တို့စားပွဲကိုသွားရအောင်။ "

နေရာထိုင်ဖို့ရောက်တော့ မောင်ကကူးတို့စားတက်
တာကိုသိလို့ Waiterလေးကိုမှာနေပြီးကူးကတော့
Menuကဒ်ကိုင်ကာ ဘေးကပြင်သစ်သားလေးကို
မှာပေးနေရသည်။မျိုးစေ့လေးကတော့ သူ့ဒယ်ဒီ
ဘေးနားထိုင်ရင်း မျက်နှာချင်းဆိုင်ကကူးတို့ကို
ကြည့်နေသေးသည်။သဝန်တိုနေတာ။

" ဗိုက်ဝတာစားဖို့ မှာပေးမယ်။အိမ်ရောက်ရင်
ထပ်စားလို့ရတယ်။ "

" ဟုတ် beauté "

ကူးလေးကမှာပေးတော့ ကူးလေးစကားအတိုင်း
ပြင်သစ်သားလေးကနားထောင်ပြီးမှာနေသည်။
ခဏကြာတော့အစားအသောက်တွေရောက်တော့
မောင်နဲ့မျိုးစေ့လေးကြိုက်သည့် ဟင်းတွေပါလို့
မောင့်ကိုထည့်ပေးတော့ မောင်ကပြုံးပြပါသည်။
သားကိုလည်းထည့်ပေးတော့ သားကနှုတ်ခမ်း
လေးသာချွန်ပြီး ထမင်းဆက်စားနေသည်။

ထမင်းစားတော့လည်း ကူးကအစားတောင်
သိပ်မဝင်နိုင်ဘဲ သူ့သားကိုကြည့်နေတာဖြစ်၏။
မောင်ကသတိထားမိပေမဲ့ ကူးကိုသာအစားစားဖို့
ပြောရင်း ဘေးကပြင်သစ်သားကိုမျက်ရိပ်ပြတာမို့
ကူးလည်း သူများကလေးကိုခွင့်တောင်းပြီးခေါ်
လာမှဂရုမစိုက်ရင် အားနာစရာကောင်းတာကြောင့်
စားဖို့ဂရုစိုက်ပေးသည်။

ကလေးတွေနဲ့ထမင်းစားပြီးတော့ အပြန်ကြ
ပြင်သစ်သားလေးကအရုပ်ဖက်ပြီးအိပ်ပျော်
နေတာမို့ ကူးသေချာလုပ်ပေးလိုက်ကာ
ထယ်ယောင်းဘေးက Lover seatမှာထိုင်ပြီး
သားကိုထယ်ယောင်းထံမှ ကမ်းယူလိုက်ကာ
ဖက်ထားပေးသည်။သားကလည်းအရုပ်ကိုင်ပြီး
အိပ်နေတာမို့ ကူးကပါးဖောင်းလေးတွေကိုသာ
နမ်းလို့ အိပ်နေတဲ့သားလေးကိုချော့နေတာ။

" သားကိုချစ်တယ်ပြောပြီး ဟိုကောင်လေးကို
ဘာလို့ခေါ်ထားရတာလဲ မောင့်အသက်။ "

မောင်က ကားမောင်းရင်းLoverSeatကသားကို
ရင်ခွင်ထဲထည့်ကာနမ်းနေသည့်ကူးကိုကြည့်ပြီး
ပြောလာသည်။ကူးကတော့ သားရဲ့ဆံပင်တွေကို
သပ်တင်ပေးရင်းမှပြုံးကာပြောသည်။

" ဘယ်မိဘကမှကိုယ့်သွေးသားကိုမချစ်တာ
မရှိပါဘူးနော်။မောင်ကလည်း ငါကပြင်သစ်သားလေးကိုခေါ်လာတယ်ဆိုတာက သားလေးနဲ့ဆော့ဖော်ရစေချင်လို့ပါ။ပြီးတော့ကလေးရဲ့အမေက အပျော်သွားကြမှာဆိုတော့ ကလေးကိုပျင်းမနေစေချင်လို့သားအတွက်ဆော့ဖော်ရအောင်ခေါ်ပေးတာ။ပြင်သစ်သားလေးက ငါ့အပေါ်အရမ်းသံယောဇဥ်တွယ်နေတာလေ။တအားချစ်ဖို့ကောင်းတယ်။ "

" မောင်က​တော့သဘောမကျပါဘူး။ကလေးဖြစ်ပြီးကလေးနေရာမနေဘူး။ပြောပုံကိုလည်းကြည့်
သားရဲ့ဒယ်ဒီကသူတဲ့။အခုခေတ်ကလေးတွေများ
အတက်တွေလွန်နေကြတာကွာ။ "

ကူးလေးရဲ့စကားကိုမောင်က မျက်ခုံးတွေတွန့်ချိုး
ရင်းမှဖြေလာသည်။ကူးကတော့ သဘောကျစွာပြုံးလို့ ထယ်ယောင်းရဲ့ပါးပြင်ကိုတောင်ဘေးမှ
ခပ်ဖွဖွလာနမ်းသည်။

" အခုခေတ်ကလေးတွေကထားဦး။မောင့်တုန်းက
ပိုတောင်ဆိုးသေးတယ်။အတက်တွေလွန်ပြီး
ဘယ်လိုစကားတွေပြောရလည်းဆိုတာကို။ "

ကူးလေးကပြောတော့ ထယ်ယောင်းရယ်လိုက်ပြီး
အသံတိတ်သွားသည်။ကူးကတော့ ရင်ခွင်ထဲက
ကွေးအိပ်နေသည့် သူ့သားမျိုးစေ့လေးကိုကြည့်လို့
စကားဆိုသည်။

" ကင်မ်ထယ်ဂျွန်က ကင်မ်ထယ်ယောင်းရဲ့ပုံစံ
အတိုင်းပဲ။သဝန်တိုတာကအစ။မလုစေချင်တာ
တွေရောပဲအရမ်းတူတယ်။ကင်မ်ဂျောင်ဂုကတော့
သူ့ယောက်ျားကိုသိပ်ချစ်တာပဲနော်။တစ်ပုံစံထည်း
ထွက်လာအောင်မွေးပေးတာ။ "

" အဟမ်း...ကင်မ်ထယ်ယောင်းတော်လို့လည်း
ပါပါတယ်ကွာ။ "

မောင်ကရယ်ကျဲကျဲဖြင့် စနောက်သလိုပြောတော့
ကူးလေးရှက်သွားရင်းမျက်စောင်းလေးထိုး၏။
ပြီးမှ မျိုးစေ့လေးကိုပွေ့ဖက်ထားရင်းစကားဆို
ပါသေးသည်။

" မောင်လည်းဘယ်သဘောကျပါ့မလဲ။ကလေးနဲ့
အပြိုင် ငါ့ကိုသဝန်တိုနေတာမလား။စိတ်မပူပါနဲ့။
ကူးချစ်တာက ကလေးလေးနဲ့မျိုးစေ့လေးကိုပဲ
ချစ်တယ်။ဟောဒီက ကင်မ်ထယ်ယောင်းနဲ့
ကင်မ်ထယ်ဂျွန်ကိုပဲချစ်တာ။ "

" မောင်သိပါတယ်ကွာ။ဒါပေမဲ့ သားရှေ့မှာ
အဲကောင်လေးကိုအရမ်းအရေးမပေးနဲ့။
သားလည်းမကြိုက်သလို၊မောင်လည်းမကြိုက်
ဘူး မောင့်အသက်။ "

ထယ်ယောင်းက ကားမောင်းရင်းပြောတော့
ကူးလေးမှာလည်း 'ဟုတ်ပါပြီမောင်ရယ်'လို့ပြော
ရသေးသည်။မဟုတ်ရင်တော့ သားအဖနှစ်ယောက်
ရစ်တာခံရမည်။

အိမ်တော်ကိုပြန်ရောက်တော့ ကားပေါ်ကဆင်းလို့
ကူးကမျိုးစေ့လေးကိုပွေ့ချီထားသည်။အိမ်ရောက်
လို့ကားရပ်တာသိရော ပြင်သစ်သားလေးကနိုး
လာတော့သည်။

" beauté...အိမ်ရောက်ပြီလား။ "

" အင်း...ရောက်ပြီLouisလေးရဲ့။ဒီအတိုင်းအတူ
လျှောက်ကြမယ်နော်။မျိုးစေ့လေးကိုချီထားလို့
အတူတော့မလျှောက်နိုင်ဘူးရယ်။ကလေးလေး..
တံခါးဖွင့်ပေးလိုက်ပါဦး။ "

ကူးကသားကိုချီထားတာမို့ မောင်ကတံခါးဖွင့်ပေး
ပြီးကူးက မောင့်ကိုတောင်ပြင်သစ်သားလေးဘက်
တံခါးဖွင့်ခိုင်းလိုက်သည်။တံခါးဖွင့်ပေးတော့
ပြင်သစ်သားလေးမရှိန်နေအောင် မောင်က
ကူးအစားလက်တွဲပေးတော့ ကူးလေးကပြုံး
လိုက်ပါသေးသည်။

"  အိုက်ဂူး...ဖိုးရဲ့မျိုးစေ့လေးရောက်ပြီပဲကွာ။
ဒီကလေးက ဘယ်သူလဲကွ။ "

အိမ်ထဲရောက်တော့ ကူးလက်ပေါ်အိပ်နေသည့်
မျိုးစေ့လေးအား သူ့အဖိုးကလှမ်းယူဖို့လုပ်ရင်း
မောင့်ဘေးနားက ပြင်သစ်သားလေးကိုတွေ့တော့
မေးပါသေးသည်။

" ကျွန်တော်တို့ ကုမ္ပဏီကနာမည်ကြီးပြင်သစ်ဒီဇိုင်နာအမျိုးသမီးရဲ့သားလေ။ကျွန်တော့်နဲ့ပြိုင်ဘက်
ပေါ့။ "

မောင့်စကားကြောင့် ကူးခပ်ယေးယေးပြုံးရင်း
အဖေတို့နဲ့ကလေးကိုမိတ်ဆက်ပေးသည်။
ပြင်သစ်သားလေးက အနေအေးပြီးလိမ္မာလို့
အကုန်လုံးကိုယဥ်ကျေးစွာနှုတ်ဆက်သေး၏။

မျိုးစေ့လေးနိုးလာတော့လည်း ညဘက်ထမင်းစား
ဖို့အတွက်မလုပ်ခင် ကလေးနှစ်ယောက်ကိုရေချိုး
ပေးတော့ ပြင်သစ်သားကအရှက်ကြီးပြီးသူ့ဘာသာရေချိုးတော့သည်။ရေချိုးပြီးသည်နှင့်
ကူးတို့လည်းရေချိုးသန့်စင်ကြပြီး ထမင်းအတူ
စားကြသည်။ထမင်းအတူစားပြီးတာနဲ့
ပြင်သစ်သားလေးနဲမျိုးစေ့လေးကိုအတူထား
အိပ်တာမို့ မျိုးစေ့လေးကမကြိုက်ဘဲသောင်း
ကျန်းပါတော့သည်။အဖိုးနဲ့အဖွားလည်းဝိုင်း
ချော့တာတောင်မရပါ။

" မရဘူးနော်။သားအခန်းထဲပေးမအိပ်ဘူး။
သားသားရဲ့ ကားကုတင်နဲ့မအိပ်ရဘူး။အီးဟီး.. "

" ပါးပါးကပေးမအိပ်ပါဘူး။ကလေးလေးက
အရမ်းလိမ္မာလိုက်တာလေနော်။ "

" အီးဟီး...သားအသက်ကိုခေါ်တော့ဘူး။အီး...
ဟင့်...ဒယ်ဒီချီပါဦး။ "

သူ့ဒယ်ဒီကချီပြီး သူ့အဖိုးတွေအခန်းထဲသွားတော့
ကူးလေးလည်းသက်ပြင်းချကာ Louisလေးကို
ချော့သိပ်ဖို့သွားရတော့သည်။

"beauté...ဘာလို့ဆိုးတဲ့အဲ့ကလေးလေးကို ဗိုက်ထဲကနေထုတ်လိုက်ရတာလဲ။ဗိုက်ထဲဆက်ထား
လိုက်တာမဟုတ်ဘူး။ "

မျိုးစေ့လေးကိုအခန်းထဲမှာ ကားကုတင်လေး
မထားခင်တော့ ပြင်သစ်သားလေးကိုအိပ်စေ
လိုက်သည်။မျိုးစေ့လေးကတော့ ငိုနေရင်း
သူ့အဖိုးတွေရှိရောက်သွားတာမို့ မောင်ပါလိုက်
ချော့ရသည်။မဟုတ်ရင် ကိုကြီးကျယ်ကပို
ကောက်နေမှာဆိုးလို့။

" အိုအို...ဗိုက်ထဲဆက်ထည့်ထားရင်မျိုးစေ့လေးက
ပိုပိုပြီးကြီးလာမှာပေါ့ရော်။ပြင်သစ်သားလေးရဲ့
မေမေတောင် ပြင်သစ်သားလေးကိုချစ်လို့ဗိုက်ထဲ
ဆက်မထည့်ဘဲ အပြင်ကိုထုတ်ထားတာ။အခုဆို
ပြင်သစ်သားလေးကထွားနေပြီမလား။ "

" ဟုတ်သားပဲ။မျိုးစေ့လေးက အရမ်းငိုတက်တာ။
beautéကအရမ်းထိန်းရမှာ။အရမ်းဆိုးနေရင်
Louisကိုပဲချစ်တော့နော်။ "

ကူးလေးက ပြင်သစ်သားလေးကိုစောင်ခြုံပေးရင်း
ပြင်သစ်သားလေးရဲ့စကားကြောင့် ကူးလေး
ရယ်မိပါသည်။တကယ့်အလည်လေးပဲ။

" မျိုးစေ့လေးကိုလည်းချစ်သလို၊Louisကိုလည်း
ချစ်ပါတယ်နော်။ "

" ဒါဆိုအနမ်းပေးပြီးချော့သိပ်ပါ beauté "

" ဘာကိစ္စငါ့အသက်က မင်းကိုနမ်းပြီးချော့သိပ်ရ
မှာတဲ့လဲ။စကားတွေများနေပြီ။အိပ်တော့။ "

ကူးလေးနဲ့ပြင်သစ်သားလေးတို့စကားပြောရင်း
ထယ်ယောင်းကအခန်းထဲဝင်လာတာမို့ သူတို့ရဲ့
စကားကြားဝင်ဖြေလာသည်။

" သားရောအိပ်ပြီလား။ "

" အင်း...အိပ်သွားပြီ။အဖိုးနဲ့သွားအိပ်တာ။
အဖိုးကလည်း သူ့မြစ်ကိုပုံပြောပြရင်းအိပ်တော့မှ
မောင်ထွက်လာခဲ့တာ။ "

မောင့်စကားကြောင့် ကူးလေးလည်းသက်ပြင်း
ကောင်းကောင်းချနိုင်ပြီး အေးဆေးဖြစ်တော့၏။ကူးလေးကတော့မောင့်ကိုလက်ကာပြပြီး'ခဏ'
ဆိုသည့်သဘောဖြင့်တားလို့ Louisလေး
စိတ်ကျေနပ်အောင်ပါးပြင်လေးကိုအနမ်းပေးလိုက်ပါသေးသည်။

" မွ...နမ်းပေးလိုက်ပြီမို့ သိပ်ပြီးတာနဲ့အိပ်ရတော့
မယ်နော်။လိမ္မာလိုက်တာ။ချော့သိပ်ပေးဦးမယ်။ "

" ဟုတ်ကဲ့... "

ကူးလေးကချော့သိပ်ရင်း သားအခန်းတံခါးနားမှာ
မှီရပ်နေသည့်ထယ်ယောင်းကို Louisလေးက
လျှာထုတ်ပြလိုက်ပါသေးသည်။ထယ်ယောင်းက
ကူးကိုအတူအိပ်ဖို့လာစောင့်နေတာမို့ Louis
အိပ်ပျော်ဖို့ကိုသာစောင့်နေတော့သည်။

အတန်ကြာတော့ ကူးကပုံပြင်ပြောသိပ်ပေးရင်းမှ
Louisကအိပ်ပျော်သွားတော့ ကူးလေးကစောင်
သေချာပြန်ခြုံပေးပြီး ညမီးရောင်လေးရရန်
မီးအိမ်လေးကိုဖွင့်ပေးထားသည်။ကူးက
မီးအိမ်ဖွင့်ပေးတာနဲ့ မောင်ကအလိုက်တသိဖြင့်
အခန်းမီကိုပိတ်လိုက်တာ။

" ဟေ့...အလှလေး။ကလေးတွေအတွက်အချိန်ပေးပြီးရင်လည်း မောင့်အတွက်အချိန်လေးပေးဦး။ "

ထယ်ယောင်းကပြောရင်း သားအခန်းထဲမှထွက်
လာသည့် ကူးလေးကိုပွေ့ချီလိုက်တော့ကူးလေးက
ထယ်ယောင်းရဲ့လည်တိုင်ကိုသိုင်းဖက်လာပြီး
စကားဆိုတော့သည်။

" အင်း...ဒီတစ်ခါတော့ ဒီကကလေးလေးအတွက်
အချိန်အများကြီးပေးရမယ်ထင်တယ်။ "

ကူးလေးကရယ်ရင်းပြောတော့ မောင်ကကူးကို
သူတို့အခန်းထဲထိပွေ့ချီသွားရင်း အိပ်ရာပေါ်သို့
ဖြည်းညှင်းစွာချပေးလိုက်ကာ သူ့အပေါ်ပိုင်း
အင်္ကျီကိုတောင်ချွတ်လို့ မျက်လုံးတစ်ဖက်တောင်
မှိတ်ပြပြီးစကားဆိုသည်။

" အချိန်အများကြီးဆိုတာသိရင်လည်း မောင့်ကို
အချိန်ပေးလိုက်တော့။အဟွန်း...တစ်ခုတော့ရှိ
တယ်။အချိန်ပေးရင်း ကလေးလေးလို့ခေါ်ရင်
လူကြီးဆိုတာသိအောင် အချစ်တွေပြချင်တာ။ "

ထယ်ယောင်းက ကူးလေးအပေါ်ကနေအုပ်မိုးပြီး
ပြောလာသည်။ကူးလေးကယုန်သွားလေးတွေပေါ်
သည်အထိရယ်လိုက်ရင်း ထယ်ယောင်းရဲ့မျက်နှာ
အားလက်ဖြူလေးတွေဖြင့်အုပ်မိုးကိုင်ကာပြော
တော့သည်။

" ဒါဆိုလည်း ကလေးလေးအချစ်တွေပြလေ။
ကလေးလေးရဲ့အချစ်တွေကို ဒီကိုကိုအလှလေးက
အများကြီးခံစားချင်နေပြီ။ "

" ဟာကွာ...အသည်းယားစရာလေး။ "

ထယ်ယောင်းက ကူးလေးစကားကြောင့်ပင်
မထိန်းနိုင်ရင်းမှ ကူးလေးရဲ့နှုတ်ခမ်းတွေအား
ထိကပ်စေလိုက်သည်။ပြီးမှတစ်ဆင့်ကူးလေးရဲ့အဝတ်အစားတွေကိုချွတ်ရင်း သူတို့ရဲ့လွတ်လပ်
သည့်အချိန်လေးကို ပျော်ရွှင်နှစ်ဦးထည်း
အချိန်ကြာမြင့်သည်အထိပျော်ရွှင်နေကြသည်။

To be continued ~

ဆိုတော့ကား ကိုကိုအလှလေးတို့လည်းပြီးဖို့မကြာ
တော့ဘူးဆိုတော့ အားလုံးရဲ့အချစ်တော်စွာတေး
လေးကိုလည်း ပြန်ဖတ်ပေးထားကြပါဦးလို့။
သင်္ကြန်အတွင်း အိမ်ကအလှူတွေများလို့ကူညီပေး
နေရတာကြောင့် မအားတာမို့Updateမလာမိတာမို့နားလည်ပေးကြပါဦးဗျ။

> >

#zawgyi

သည္ေန႔ေတာ့ ကူးတို႔သားအဖႏွစ္ေယာက္ဟာ
Shoppingထြက္ဖို႔ ျပင္ဆင္ေနၾကသည္။အျပန္
သုံးေယာက္လုံးက ညစာဝင္စားဖို႔ခ်ိန္းထားသည္။
အခုေတာ့ ကူးနဲ႔မ်ိဳးေစ့ေလးကအျပင္ထြက္ရန္
ေရအတူခ်ိဳးေနၾကသည္။

ကူးကေရခ်ိဳးၿပီးတာနဲ႔ မ်ိဳးေစ့ေလးကိုေဘာကြင္း
ေလးျဖင့္ သူ႔စိတ္ႀကိဳက္ေရေဆာ့ေစသည္။
မ်ိဳးေစ့ေလးကေရေဆာ့ရင္ ပါးပါးေလးက
သူ႔သားအတြက္ ဆပ္ျပာတိုက္ေပးေနရင္း
ဆုံးမစကားဆိုရေသးသည္။

" ပါးပါးသားေလး...ပါးပါးတို႔ေစ်းဝယ္ထြက္ရင္
ဦးဦးေယာင္းဝူလာလိမ့္မယ္ေနာ္။အႏိုင္က်င့္ၿပီး
ခ်ီခိုင္းတာမ်ိဳးတို႔မလုပ္ရဘူးေနာ္။ပါးပါးကပဲ
အထုတ္ေတြသယ္မယ္။သားကိုခ်ီမယ္။ဟုတ္ၿပီ
လား ပါးပါးသားေလး။ "

ကူးေလးက သူ႔သားရဲ႕ကိုယ္ငယ္ေလးကိုဆပ္ျပာ
တိုက္ေပးရင္းမွေျပာလိုက္ေတာ့ မ်ိဳးေစ့ေလးက
ႏႈတ္ခမ္းေလးခြၽန္ၿပီး သေဘၤာေလးကိုေရေပၚ
ေမာင္းလို႔ ေျဖလာသည္။

" ဒယ္ဒီက အဲ့ဦးေယာင္းကိုအကုန္လုပ္ခိုင္းလို႔
ရတယ္တဲ့။သားအသက္မလုပ္ပါနဲ႔။သားအသက္
ပင္ပန္းလိမ့္မယ္။ "

သားရဲ႕ေျပာပုံေလးေၾကာင့္ ကူးေလးရယ္မိသည္။
ကူးရဲ႕ေမာင့္လိုပါပဲ။ကူးကိုသာထိခိုက္ေစမည့္
အရာေတြကိုသေဘာမက်ဘူး။သူကိုယ္တိုင္သာ
လုပ္ေပးသည္။လုပ္ေပးဖို႔အနားမရွိရင္ေယာင္းဝူကို
ကူညီခိုင္းတက္တာမ်ိဳး။

" အဲ့လိုေတြအႏိုင္က်င့္ေနရင္ ပါးပါးကသားထက္
Yeontanကိုပဲ အခ်စ္ေတြပုံေပးေတာ့မွာ။ "

" သားအသက္ေနာ္... "

ကူးေလးကေျပာေတာ့ စကားကိုေတာင္မခံသည့္မ်ိဳးေစ့ေလးက ျပန္ေျပာလာရင္း ကူးေလးက
ကိုယ္ငယ္ေလးအႏွံ႔ဆပ္ျပာတိုက္ေပးၿပီး ေရေလာင္းခ်ေပးလိုက္၏။မ်ိဳးေစ့ေလးက
ေရခ်ိဳးၿပီးတာသိတာေၾကာင့္မက္တပ္ထရပ္သည္။

သည္ေတာ့ ကူးေလးကသဘတ္အျဖဴေလးကိုလုံေအာင္ပတ္ေပးလိုက္ၿပီးမ်ိဳးေစ့ေလးရဲ႕ပါးေဖာင္းေလးကို နမ္းလိုက္ေတာ့ရယ္ၿပီးသူ႔ပါးပါးကို
ခုန္ဖက္သည္။

" အိုက္ဂူး...ပါးပါးရဲ႕သားသားက အမ်ားမ်ားႀကီး
ထြားလာတာပဲ။ခ်စ္လိုက္တာေနာ္...ပါးပါးက။ "

ေလးႏွစ္သားသာဆိုသည္။အရမ္းခ်စ္ဖို႔ေကာင္းၿပီး
သူ႔ပါးပါးကိုဆို သိပ္ခြၽဲတက္ပါသည္။ဒါေၾကာင့္
ပါးပါးကလည္းခ်စ္သည္။အစကဆိုေမာင့္ကို
မၾကည္တာမို႔ မ်ိဳးေစ့ေလးကိုဖ်က္ခ်ဖို႔ေတြးဖူး
ပါသည္။

အဲ့တုန္းကဆိုကေလးရဲ႕ႏွလုံးခုန္သံ၊အမဲစက္ေလး
ျမင္ထည္းက မေနႏိုင္ေတာ့ဘူး။ခ်စ္လြန္းတာမို႔
ဗိုက္ထဲမွာရွိထည္းက အမ်ားႀကီးဂ႐ုစိုက္ခဲ့ရတာ။
အခုေကာင္းမြန္စြာႀကီးပ်င္းလာေတာ့ ကူးက
ေပ်ာ္ရပါသည္။

" အဲ့ဒါဆို သားအသက္ကသားကိုပိုပိုခ်စ္ရမယ္။
ဒယ္ဒီထက္ဆိုရင္ေရာ ပိုခ်စ္တယ္မလား။ "

" ဒါေတာ့စဥ္းစားရမယ္ေနာ္ ပါးပါးသားေလးေရ။
သားရဲ႕ဒယ္ဒီက သူ႔ကိုမခ်စ္ဘူးလို႔ေျပာလိုက္ရင္
ဘယ္လိုျဖစ္လဲဆိုတာသိရဲ႕သားနဲ႔။ "

ကူးေလးက အျဖဴလုံးထုတ္ေလးကိုခ်ီထားရင္းမွ
ေျပာလိုက္ေတာ့ မ်ိဳးေစ့ေလးကရယ္ပါေတာ့သည္။
မ်ိဳးေစ့ေလးလည္းသိ၏။ပါးပါးကူးနဲ႔မ်ိဳးေစ့ေလး
ေပါင္းၿပီး 'သားအသက္ကဒယ္ဒီ့ကိုမခ်စ္ဘူးလို႔'
စေနာက္ဖူးေတာ့ ဒယ္ဒီ့ကင္မ္ခဗ်ာစိတ္မေကာင္း
ျဖစ္သြားတာမို႔ရယ္၊ထိုေန႔ကဆို ကူးေလးကိုတင္း
က်ပ္ေနေအာင္ဖက္ထားတာေၾကာင့္ေနာက္ထပ္
မစရဲေတာ့ဘူး။

" သားက သားအသက္ကိုလည္းပိုပိုခ်စ္တယ္။
သားသားရဲ႕ ဒယ္ဒီ့ကိုအမ်ားႀကီးခ်စ္တာ။ "

မ်ိဳးေစ့ေလးကို ကုတင္ေပၚေလးခ်ေပးရင္း
ကူးက ျပင္ဆင္ဖို႔ရာအဝတ္စားနဲ႔အတူ၊ကေလးဖို႔
ေပါင္ဒါနဲ႔Lotionကိုေတာင္ယူေသးသည္။အသား
အိအိေလးမို႔ ႏူးညံ့တာေတြလုပ္ေပးတက္သည့္
ပါးပါးကူးေလးျဖစ္သည္။

" ဟုတ္ၿပီဗ်။အခုေတာ့ ပါးပါးရဲ႕သားသားေလး
အဝတ္စားဝတ္ရပါ့မယ္။မဝတ္ခင္ေတာ့ Lotion
လိမ္းရမယ္။ကိုကိုရွင္းေျပာတယ္မလား။သားရဲ႕
အသားေလးက အိအိေလးတဲ့။ "

" ဟုတ္ကဲ့ သားအသက္။သားလိမ္းပါ့မယ္။ "

မ်ိဳးေစ့ေလးရဲ႕တစ္ကိုယ္လုံးကို ေရေျခာက္ေအာင္
သုတ္ေပးေနရင္းေျပာေတာ့ ကူးေလးစကားနား
ေထာင္ၿပီး ေရသုတ္ေနသည္။ေရသုတ္ၿပီးေရာမွ
ကူးေလးက မ်ိဳးေစ့ေလးကိုLotionလိမ္းေပးရင္း
ေပါင္ဒါနံ႔ေလးသင္းေနေအာင္ လိမ္းေပးသည္။
ဆံပင္ပြပြေလးကိုေတာ့ ၿဖီးမရတာမို႔အုပ္အုပ္ေလး
ထားေပးလိုက္သည္။ေမာင့္လိုပဲ ဆံပင္ကအစ
ဖြလွန္ႀကဲေနေရာပဲျဖစ္သည္။

" သားအသက္ အက်ႌအျမန္သြားလဲေတာ့ေလ။
သားအသက္ေလး အေအးပတ္ၿပီးဖ်ားေနမယ္။ "

ကူးေလးက Bathrobeႀကီးဝတ္စနဲ႔သူ႔အတြက္
အရင္မျပင္ဘဲသူ႔သားကိုအရင္ဆုံးအဝတ္လဲေပးေနတာမို႔ မ်ိဳးေစ့ေလးကေျပာတာျဖစ္သည္။

" အိုက္ဂူး...ဟုတ္ပါၿပီ။ပါးပါးအဝတ္သြားလဲဝတ္
လိုက္ဦးမယ္။အခုပါးပါးက သားဒယ္ဒီကိုဖုန္းေခၚ
ေပးထားတယ္။ဖုန္းေျပာလိုက္ၿပီး ေမးလိုက္ဦး။
ဒယ္ဒီ့ကိုလာမွာလား။ဦးေယာင္းဝူကိုလႊတ္မွာလား
လို႔ေမးၾကည့္လိုက္။ "

" ဟုတ္ကဲ့...သားအသက္။ "

ကူးက မ်ိဳးေစ့ေလးလက္ထဲဖုန္းထည့္ေပးရင္း
ေျပာေတာ့ မ်ိဳးေစ့ေလးကလက္ခံပါေသးသည္။
သည္ေတာ့ ကူးကသူ႔သားပါးေဖာင္းေလးကိုနမ္း
လိုက္ရင္း အဝတ္လဲခန္းထဲဝင္သြားသည္။

သည္ေတာ့မ်ိဳးေစ့ေလးက သူ႔ပါးပါးျပတဲ့အတိုင္း
ဖုန္းေခၚေနသည္။ဖုန္းေခၚသံေရာက္သည္ႏွင့္
တစ္ဖက္မွထယ္ေယာင္းက အသံေပးလာ၏။

' ေမာင့္အသက္ ေျပာပါခင္ဗ်။ '

ထယ္ေယာင္းက သူ႔အသက္ဖုန္းေခၚၿပီဆိုတာနဲ႔
မအားတာေတာင္ခ်က္ခ်င္းကိုင္လို႔ အသံကအစ
ႏူးညံ့ေနတာမ်ိဳးျဖစ္သည္။ကူးေလးတင္မဟုတ္၊
သူတို႔သားမ်ိဳးေစ့ေလးကအစေပါ့။

" သားအသက္မဟုတ္ဘူး။သားပါ ဒယ္ဒီ။ "

' ေဆာရီးပါဗ်ာ။သားပါးပါးဖုန္းဆက္တယ္ထင္
ေနတာ။ဘုရင္ေလးမ်ိဳးေစ့က ဘာေတြမ်ား
လိုခ်င္ေနတာပါလဲခင္ဗ်။ '

သူ႔သားအသံၾကားေရာ နာမည္မွားေခၚမိလို႔ရယ္
လိုက္ရင္း စကားကိုအခ်ိဳသာဆုံးဆိုရေသးသည္။

" သားဘာမွမလိုခ်င္ပါဘူးဒယ္ဒီ။သားေမးမို႔ေလ။
ဒယ္ဒီ...ဦးေယာင္းကိုလႊတ္လိုက္မွာလား။ဒယ္ဒီက
လာမွာလား။ "

ထယ္ေယာင္းက တစ္ခါတစ္ေလအလုပ္မ်ားရင္
သူမလိုက္ဘဲ ေယာင္းဝူကိုသာလႊတ္လိုက္တာမို႔
မ်ိဳးေစ့ေလးက ေမးျခင္းျဖစ္သည္။

' ဒယ္ဒီလာခဲ့မယ္။ဒယ္ဒီရယ္၊ဒယ္ဒီ့အသက္ရယ္၊
သားရယ္အတူတူ ေဈးဝယ္ၾကမယ္။ဒယ္ဒီက
ကိုယ္တိုင္လာမို႔ ဒယ္ဒီ့ကိုေစာင့္ရင္းဝယ္ႏွင့္ၾက
ဟုတ္ၿပီလားဗ်။ '

" ဟုတ္ကဲ့ ဒယ္ဒီ။သားတို႔ ဝယ္ထားႏွင့္မယ္။
ခ်စ္တယ္ေနာ္ ဒယ္ဒီ။ "

ထယ္ေယာင္းက လာမည္ဆိုေရာေပ်ာ္သြားသည့္
မ်ိဳးေစ့ေလးမွာ သူ႔ဒယ္ဒီကိုခ်စ္ေၾကာင္းေတြ
ေျပာေတာ့သည္။ထယ္ေယာင္းရယ္လိုက္ရင္း
သားကို'ဒယ္ဒီလည္းခ်စ္တယ္'ဟုေျပာၿပီး
သူ႔ဘက္ကအရင္ဖုန္းခ်လိုက္ေတာ့သည္။

" ပါးပါးသားေလး သားဒယ္ဒီကဘာေျပာလဲ။ "

ကူးေလး အဝတ္စားလဲၿပီးျပန္ထြက္လာေတာ့
မ်ိဳးေစ့ေလးကိုေမးလာသည္။မ်ိဳးေစ့ေလးက
ျပန္မေျဖေသးပါဘဲ သူ႔ပါးပါးဝတ္ထားတာကို
ၾကည့္ေနသည္။

" သားအသက္...ဒယ္ဒီမႀကိဳက္ဘဲေနမယ္ေနာ္။
အဝတ္အစားက အဲ့လိုဝတ္မွျဖစ္မွာလား။ "

ကူးက ကူးဝတ္ထားတာေတာင္ျပန္ၾကည့္မိသည္။
ကူးဝတ္ထားတာ ရွပ္အျဖဴမဟုတ္၊ပါးေတာင္ပါး
မေနဘူး။ဒီေန႔ကဝတ္ထားတာ Polo shirtအျဖဴ
ေလးျဖစ္ၿပီး၊ေဘာင္းဘီေတာင္အျဖဴေရာင္အရွည္
ဝတ္ထားတာျဖစ္သည္။ဒါကို ကိုႀကီးက်ယ္က
သေဘာမေတြ႕ဘူးတဲ့။

" ပါးပါးဝတ္ထားတာ အဆင္ေျပပါတယ္။သားက
ဘာျဖစ္ေနတာလဲ မ်ိဳးေစ့ေလး။ "

ကူးေလးက ဖုန္းကိုယူၾကည့္ရင္းမွေမးလိုက္ေတာ့
မ်ိဳးေစ့ေလးက ေခါင္းခါရင္းျပန္ေျဖေတာ့သည္။
ကူးေလးကေတာ့ သူ႔သားေလးဘာေျပာေျပာၿပဳံး
လို႔ျဖစ္ေနေတာ့သည္။

" သားအသက္ အဆင္ေျပရင္ရပါတယ္။သားက
ဘာမွမျဖစ္ဘူးေနာ္။ "

ကူးေလးကရယ္ရင္း သူ႔သားပါးေဖာင္းေလးကို
နမ္းလိုက္ကာ ရႈးဖိနပ္အေသးေလးဝတ္ေပး၏။
မၾကာဘူး။သားကထူးဆန္းစြာျဖင့္ ကူးတို႔အခန္းကို
ပတ္ၾကည့္ေနရင္း စကားဆိုလာသည္။

" ဟြန္း...ဒယ္ဒီ့အခန္းထဲမွာလည္း ပါးပါးပုံေတြခ်ည္းပဲ။ဖြားကေတာင္ေျပာျပတယ္။ဖြားေတာင္
မသိဘူးတဲ့။မင္းဒယ္ဒီက ပုံေတြကိုကင္မ္အိမ္က
မိသားစုပုံထက္ႀကီးႀကီးျဖစ္ေနတာ။ "

" သားဒယ္ဒီက ပါးပါးကိုအရမ္းခ်စ္တာေလ။ "

မ်ိဳးေစ့ေလးက အခန္းကိုပတ္ၾကည့္ရင္းျဖင့္
လက္ေဖာင္းေလးေတြကိုအႀကီးႀကီးပုံစံလက္ဝိုင္းျပလို႔ေျပာလာသည္။ကူးကေတာ့ရယ္လို႔ေတြးမိ
ပါေသးသည္။

ကင္မ္အိမ္ေတာ္ေအာက္ထပ္က ဧည့္ခန္းမွာေတာ့
ကင္မ္မိသားစုလုံး႐ိုက္ထားသည့္ ပုံႀကီးရွိသည္။
ေဒၚေလးမပါဘဲ အဖိုးရယ္၊အေဖနဲ႔အေမရယ္၊
ေမာင္ရယ္၊ကူးရယ္၊မ်ိဳးေစ့ေလးတို႔နဲ႔သာ႐ိုက္
ထားခဲ့ျခင္းျဖစ္သည္။ေဒၚေလးမပါေတာ့ကူး
စိတ္မေကာင္းျဖစ္မိတာေပါ့။

အဲ့ပုံဆိုအႀကီးႀကီးဆိုေပမဲ့ ေမာင့္အခန္းထဲက
ကူးပုံဆိုရင္ေတာ့ ကင္မ္မိသားစုပုံထက္အမ်ားႀကီး
ႀကီးပါသည္။ဒါေတာင္မ်ိဳးေစ့ေလးက ၃ႏွစ္သား
အ႐ြယ္မွာ သားပုံထားေပးေျပာလို႔ေမာင္ကသူ႔သား
စိတ္ေက်နပ္ေအာင္ ငယ္ပုံေလးထားေပးတာ။

ကူးပုံေတြနဲ႔သူတို႔လက္ထပ္တုန္းကပုံေတာင္
ရွိေနေသးသည္။သို႔ေသာ္ လက္ထပ္တုန္းကပုံမွာ
ကူးမၿပဳံးေနခဲ့ဘူးေပါ့။ေမာင္ကၿပဳံးေနေပမဲ့
ကူးကေတာ့ၿပဳံးမေနတာေၾကာင့္ ပုံေလးကပ်က္
စီးသြားသလိုမ်ိဳးျဖစ္မိသည္။ျဖစ္ႏိုင္ရင္ေတာ့
ေမာင့္နဲ႔အတူၿပဳံးတဲ့ပုံမ်ိဳးကို ထပ္႐ိုက္ခ်င္ပါ
ေသးသည္။

" ပါးပါးသားေလး...ပါးပါးတို႔သြားၾကရေအာင္။
ေနာက္က်ေနရင္ေစ်းဝယ္ဖို႔အဆင္မေျပျဖစ္မယ္။
ဖိုးတို႔ဖြားတို႔အတြက္ ဒီေန႔ေကာင္းေကာင္းေလး
ေကြၽးရမယ္။ "

ကူးေလးက ၄ႏွစ္သားအ႐ြယ္သူ႔သားေလးအား
ခ်ီယူလိုက္ေတာ့ မ်ိဳးေစ့ေလးကသူ႔ပါးပါးရဲ႕ခါးကို
ေျခေထာက္ေသးေလးေတြျဖင့္ ဖက္ကုပ္ထား၏။
ခ်စ္စရာေလးလိုပင္။

ေအာက္ထပ္ကိုေရာက္ေတာ့ သူ႔အဖြားကိုႏႈတ္ဆက္လို႔ ေဂါက္ကြင္းသြားၾကသည့္အဖိုးနဲ႔
အေဖကေတာ့ အိမ္မွာရွိမေနတာမို႔သူ႔သားကို
ကားအေနာက္ခန္းမွာ Kid seatမွာထားၿပီး
ေသခ်ာခါးပတ္ေပးလို႔ ကူးေလးကDiver
Seatမွာထိုင္လို႔ ကားေမာင္းဖို႔မျပင္ကာ
သူ႔သားကိုလွမ္းၾကည့္သည္။

ကူးငယ္ငယ္တုန္းကလိုပင္ ႏႈတ္ခမ္းေလးခြၽန္ၿပီး
ေျခေထာက္ေလးေတြကို ယိမ္းေနတာေၾကာင့္
အသည္းယားေနမိတာပင္။

" ပါးပါးသားေရ...Let's goၾကရေအာင္။ "

" ခစ္ခစ္...ဟုတ္ကဲ့သားအသက္။Let's go "

ကူးကေျပာေတာ့ သားကလိုက္ေျပာတာမို႔ကူးေလး
ၿပဳံးၿပီး ကားစေမာင္းထြက္ေတာ့သည္။ကူးက
ကားေမာင္းရင္း သားကေတာ့အေနာက္ကေန
သူ႔ပါးပါးဆိုေနၾကသီခ်င္းေလးဆိုရင္း လိုက္
လာေတာ့ ကူးေလးကလည္းသူ႔သားေလးနဲ႔အတူ
သီခ်င္းဆိုရင္း Shopping centerသို႔ကားေမာင္း
လာခဲ့ၾကသည္။

- - - - -

Shopping Centerသို႔ ကူးေလးတို႔ေရာက္ေတာ့ ကူးကကားပါကင္မွာ ကားရပ္လိုက္သည္။ၿပီးမွ
ကူးကမ်ိဳးေစ့ေလးကိုေပြ႕ခ်ီရင္း ေမာင့္အလာကို
ေစာင့္ေနသည္။

" ေမာင့္အသက္...ေစာင့္ရတာၾကာသြားလား။ "

" ဒယ္ဒီ! "

ကူးတို႔ေစာင့္ေနရင္း ထယ္ေယာင္းကဒ႐ိုင္ဘာသက္သက္ျဖင့္ေမာင္းလာသည့္ကားနဲ႔လိုက္လာခဲ့လို႔ေရာက္ၿပီေၾကာင့္ ကူးတို႔ကိုအသံေပးသည္။
ကုမၸဏီမွာေယာင္းဝူကမရွိမျဖစ္မို႔ ထားခဲ့ရတာေၾကာင့္ ေခၚမလာေတာ့ဘူး။

" ေမာင္...ေမာေနလားဟင္။တအားႀကီးေျပးမလာ
ပါနဲ႔။ေတာ္ၾကာ...ကေလးေလးေခ်ာ္လဲေနမယ္။ "

မ်ိဳးေစ့ေလးကိုခ်ီထားရင္းမွ ေမးလိုက္ေတာ့
ထယ္ေယာင္းက ကူးပါးေဖာင္းေလးကိုေတာင္
နမ္းလိုက္ၿပီး'အဆင္ေျပပါတယ္'လို႔ေျပာသည္။

" ေမာင္ကအဆင္ေျပပါတယ္ဗ်ာ။သား..လမ္းေလွ်ာက္ေလကြာ။ပါးပါးက
သားကိုခ်ီထားရလို႔ ပင္ပန္းေနမွေပါ့။ "

" သားကဆင္းခ်င္တာ ဒယ္ဒီ။သားအသက္က
သားကိုေအာက္ေပးမဆင္းဘူး။ "

ထယ္ေယာင္းကေမးေတာ့ မ်ိဳးေစ့ေလးကမ်က္ႏွာ
ေလးမဲ့လိုေျဖလာသည္။မ်ိဳးေစ့ေလးလည္းဆင္း
ခ်င္ေနတာမို႔ သိသာသည္။သူ႔ပါးပါးကိုခ်စ္လို႔သာ
ဘာမွမေျပာဘဲ ၿငိမ္ၿပီးေန,ေနတာ။ဒယ္ဒီလာေတာ့
ထုတ္ေျပာတာမ်ိဳး။

" မရပါဘူးေနာ္။ပါးပါးကသားကို ခ်ီထားရမွာ။
သားကဒီတိုင္းလမ္းေလွ်ာက္ေနရင္ ပါးပါးသားကို
လူဆိုးေတြက လွမ္းဆြဲေျပးသြားမွာေပါ့။ဒါေၾကာင့္
လိမၼာတယ္ေနာ္။ပါးပါးပဲသားကိုခ်ီထားမယ္။ "

ကူးေလးက သူ႔သားႏွစ္ခါလုံးသူ႔လက္ထဲကေန
ေပ်ာက္သြားဖူးတာေၾကာင့္ ထိုအေၾကာင္းအရာကို
အခုထက္မေမ့ေသးဘူး။ဒါေၾကာင့္လည္းသားကို
စိတ္ပူၿပီး ဘယ္သြားသြားအ႐ြယ္ေရာက္လို႔လမ္း
ေလွ်ာက္စေတာင္ လမ္းသိပ္မေလွ်ာက္ေစဘဲ
တစ္ခ်ိန္လုံးခ်ီထားတာ။

ထယ္ေယာင္းကသိပ္မႀကိဳက္ေပမဲ့ သူ႔အသက္
အဆင္ေျပေအာင္သာ လႊတ္ေပးထားရတာ။
တကယ္ေတာ့ သားကသြားတက္စျဖစ္ေနတာမို႔
ေအးေဆးလမ္းေလွ်ာက္ေစခ်င္သည္။

" ေမာင့္အသက္...ေမာင္ေျပာျပမယ္။သားကို
အဲ့ေလာက္မခ်ီထားပါနဲ႔ကြာ။သားကိုယ္လုံးကို
အသက္ကႏိုင္တာေတာင္မဟုတ္ေတာ့ဘူးေလ။ "

မ်ိဳးေစ့ေလးက ၄ႏွစ္အ႐ြယ္ဆိုေသာ္လည္းလုံးလုံး
ေဖာင္းေဖာင္းေလးမို႔ ကူးေတာင္တစ္ခါတစ္ခါမႏိုင္ပါဘူး။ထယ္ေယာင္းကသာအၿမဲခ်ီထားတာမို႔
ထယ္ေယာင္းလက္ကိုပိုႀကိဳက္တာ။

" ဘာလို႔မႏိုင္ရမွာလဲ။ငါ့ဗိုက္ထဲကေမြးထားတဲ့
သားပဲေလ။ေတာ္ၾကာ သားသားလမ္းေလွ်ာက္ရင္း
ေပ်ာက္သြားလိမ့္မယ္ ေမာင္ရဲ႕။ "

ထယ္ေယာင္းစာနာမိသည္။ေမြးေမြးခ်င္းကလည္း
သူ႔သားေပ်ာက္ရတာနဲ႔၊ေမြးၿပီးလသားအ႐ြယ္မွာ
ခဏခဏေပ်ာက္သြားတာမို႔ အခုထိမေမ့ႏိုင္ေသး
တာမ်ိဳးျဖစ္သည္။

" ေမာင္သိပါတယ္ကြာ။ေမာင္ရယ္၊အသက္ရယ္က
သားကိုအလယ္မွာထားၿပီး လမ္းေလွ်ာက္ရင္ေတာ့
သားကဘာမွမျဖစ္ေတာ့ဘူးေလ။ဒီမွာၾကည့္လိုက္
ေမာင္ကလက္တြဲထားရင္း သားကိုကာလို႔ရတယ္။ "

ထယ္ေယာင္းက ကူးခ်ီထားသည့္မ်ိဳးေစ့ေလးကို
ကမ္းယူရင္း မ်ိဳးေစ့ေလးညာဘက္မွလက္ကိုတြဲယူ
လိုက္ၿပီး ကူးကိုေတာ့ဘယ္ဘက္မွတြဲခိုင္းကာျဖင့္
သူ႔သားကိုဘယ္လိုကာလို႔ရေၾကာင္းျပေတာ့သည္။

" Centerထဲေရာက္ရင္ေတာ့ ေမာင္ကခ်ီထားေပး
ပါေနာ္။ငါ့သားကိုစိတ္မခ်ဘူး။သားသားကိုေတာ္
ၾကာငါတို႔လက္ထဲကေန-- "

" မဟုတ္ဘူး ေမာင့္အသက္။ေမာင္ကိုယ္တိုင္လည္း
သားကိုဘာမွမျဖစ္ေစရေအာင္ ကာကြယ္မယ္။ "

ထယ္ေယာင္းကဆိုေတာ့ကူးေလးက ေခါင္းၿငိမ့္ျပ
ေတာ့သည္။သည္ေတာ့မွ ကူးေလးနဲ႔ထယ္ေယာင္းလည္းသားကို အလယ္မွာထားကာျဖင့္Centerထဲ
အတူလမ္းေလွ်ာက္လာၾကသည္။

" သား...ေပ်ာ္တယ္။ "

မ်ိဳးေစ့ေလးလည္း သူ႔ပါးပါးခ်ီထားရာမွ လြတ္လြတ္လပ္လပ္လမ္းေလွ်ာက္ရေတာ့
ေပ်ာ္ၿပီး သူ႔ဒယ္ဒီနဲ႔ပါးပါးလက္တြဲထားသည့္ၾကား
ခုန္ဆြခုန္ဆြလမ္းေလွ်ာက္ေနသည္။

Centerထဲေရာက္ေတာ့ ကူးကသားကိုေမာင့္အား
ခ်ီခိုင္းလိုက္ေတာ့သည္။သားကလည္းေျပာစရာ
မလိုေအာင္ သူ႔ပါးပါးစိတ္မခ်ျဖစ္ေနတာသိလို႔
သူ႔ဒယ္ဒီကိုခ်ီခိုင္းေတာ့သည္။

သည္လိုနဲ႔ကူးတို႔ေလွ်ာက္လာရင္းျဖင့္ တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ သားအတြက္နဲ႔ေမာင့္အတြက္ေတာ့
လိုအပ္တာဝယ္လာခဲ့သည္။ကူးအတြက္ကေတာ့
ေမာင္ကိုယ္တိုင္ေ႐ြးေပးပါသည္။

" သားအသက္...သားရဲ႕ကုတင္ကို95 Carေလး
ေျပာင္းခ်င္တာ။သားအသက္ကိုေျပာထားတာ
သိတယ္မလား။ဒယ္ဒီလည္းေျပာေပးေနာ္။ "

မ်ိဳးေစ့ေလးက ကာတြန္းၾကည့္ရင္းDream
Workမွထုတ္သည့္ Carsကာတြန္းထဲက95
ကားပုံစံကုတင္ကိုလိုခ်င္တာေၾကာင့္ ဝယ္ေပးဖို႔
လိုက္ေ႐ြးေပးရေတာ့သည္။

" ေရး...ေရး...ဒယ္ဒီေရ။သားကားကားရၿပီ။ "

သူ႔ဒယ္ဒီခ်ီထားရင္းအၿငိမ္မေနဘဲ ထခုန္ေနတာ
ေၾကာင့္ကူးေလးၿပဳံးၿပီး သူ႔သားရဲ႕ပါးကိုေတာင္နမ္းလိုက္ၿပီး ရယ္ေတာ့သည္။ဝယ္ၿပီးတာနဲ႔
ေကာင္တာမွာေငြေခ်လို႔ Deliအတြက္ရွင္းၿပီးလို႔
ထပ္ၾကည့္ရင္ထြက္လာၾကသည္။

" beauté.... "

" ဟမ္...ဘယ္သူေလးလဲ။ "

ကူးေလးက ထယ္ေယာင္းေဘးမွေလွ်ာက္ေနရင္း
သူ႔ကိုအေျပးလာဖက္တဲ့ ကေလးေလးေၾကာင့္
သူေၾကာင္ၾကည့္ေနမိသည္။အညိဳေရာင္ဆံပင္နဲ႔
မ်က္ဝန္းစိမ္းေရာင္ေလးေၾကာင့္ ကူးေလးအံ့ဩ
ေနတာျဖစ္သည္။ၿပီးေတာ့ ႏိုင္ငံျခားသားေလးက
ဟန္းဂုစကားေျပာေနတာ။

" beautéမမွတ္မိဘူးလား။beautéရဲ႕ေကာင္ေလးေလ။ "

ထိုေကာင္ေလးက သူ႔ကိုယ္သူလက္ညိဳးထိုးျပ၏။
ေကာင္ေလးအ႐ြယ္က သားထက္ေတာင္သိပ္ႀကီး
ေနၿပီ။ေကာင္ေလးကကူးကိုခါးကိုဖက္လို႔ေျပာရင္းကူးကမမွတ္မိသလိုၾကည့္ေနသည္။ေမာင္ကေတာ့
သားကိုခ်ီထားရင္း မ်က္ေမွာင္ႀကီးႀကဳံလို႔။ထို႔အတူသားလည္းအတူတူပါေလ။

" အယ္...ဥကၠဌကင္မ္တို႔ပါလား။သားရယ္...
မာမီေပ်ာက္လို႔လိုက္ရွာေနတာေလ။ "

လက္ထဲအထုတ္အခ်ိဳ႕ကိုကိုင္ဆြဲထားရင္းကူးတို႔
အနားကိုေရာက္လာသည့္ အမ်ိဳးသမီးကေမာင္တို႔
ကုမၸဏီမွာအလုပ္ဆက္လုပ္ဆဲျဖစ္ေနသည့္
ျပင္သစ္ဒီဇိုင္နာပင္ျဖစ္သည္။ကူးအံ့ဩသြားၿပီး
သူ႔ကိုဖက္ထားတဲ့ေကာင္ေလးကို ငုံ႔ၾကည့္မိေတာ့
ျပင္သစ္သားေလးတဲ့လား။ထြားလာလိုက္တာ။

" အယ္...ျပင္သစ္သားေလးပဲ။အိုအို...ေဆာရီးပါ။
အိုက္ဂူး...မမွတ္မိလို႔ေတာင္းပန္ပါတယ္ေရာ္။
ျပင္သစ္သားေလးက လူေခ်ာေလးျဖစ္ေနတာပဲ။ "

ကူေလးက ထိုအမ်ိဳးသမီးကိုေတြ႕ထည္းကမွတ္မိ
သြားတာမို႔ဖက္လိုက္ေတာ့ ျပင္သစ္သားေလးက
ပိုဖက္လာေတာ့သည္။သားအဖႏွစ္ေယာက္ေတာ့
အျမင္မၾကည္ေနေတာ့ဘူး။

" beautéကိုလြမ္းေနတာ။Louisက ဟန္းဂုမွာ
ေက်ာင္းတက္ၿပီး ဟန္းဂုစာေတြတက္ေနၿပီ။
Louisကိုစဥ္းစားေပးေတာ့ေလ။ "

" သား...beautéမွာ သူ႔ခင္ပြန္းနဲ႔ကေလးရွိတယ္။
မားမားဘာေျပာထားလဲ။beautéမွာအိမ္ေထာင္
ရွိတယ္ေလ။ "

ျပင္သစ္သားေလးLouisရဲ႕စကားေၾကာင့္ သူ႔အေမကေျပာလာသည္။သားအမိႏွစ္ေယာက္လုံးဟန္းဂုမွာေန,ေနၿပီျဖစ္တာေၾကာင့္ ဟန္းဂုစကားေတာင္
တက္ေနၿပီျဖစ္သည္။

" beautéကိုပဲလိုခ်င္တာ။ "

" သားကကိုးႏွစ္အ႐ြယ္ပဲရွိေသးတာေလ။လက္ထပ္လို႔မရေသးဘူး။ "

" No..No..No..Mommy "

ျပင္သစ္သားေလးကေတာ့ သူ႔အေမစကားကို
နားထဲမဝင္ဘဲကူးကိုသာဖက္ထားေတာ့သည္။
ကူးကေဘးမွ ေမာင္တို႔သားအဖႏွစ္ေယာက္အသံ
မၾကားတာမို႔လွည့္ၾကည့္ေတာ့ ေမာင္ကသူ႔သားကို
ရင္ခြင္ထဲပိုက္လို႔ ေခ်ာ့ေနသည္။ထို႔အတူေမာင္ပါ
စိတ္မေကာင္းျဖစ္ေနတာမ်ိဳး။ၾကည့္!အလကား
သားအဖႏွစ္ေယာက္ သဝန္တိုေနျပန္ၿပီ။

" ျပင္သစ္သားေလးကို မိတ္ဆက္ေပးရမယ္။
ေဟာဒါေလးက အလွေလးရဲ႕သားသားေလးေလ။
ျပင္သစ္သားေလးသိတယ္မလား။ဗိုက္ပူပူေလးထဲ
ေန,ရတဲ့ကေလးေလးေလ။ "

ကူးေလးက ျပင္သစ္သားေလးကိုဖက္ထားရာမွ
ခဏခြာလိုက္ရင္း ေမာင့္လက္ထဲကသားေလးကို
ေပြ႕ယူၿပီး ျပင္သစ္သားေလးေရွ႕ခ်ေပးလိုက္ၿပီး
မိတ္ဆက္ေပးသည္။

သားကေတာ့ျပင္သစ္သားေလးကို သူ႔ဒယ္ဒီလို
မ်က္ေမွာင္ႀကဳံ႕ၿပီးၾကည့္ေနတာျဖစ္သည္။ထို႔အတူ
ျပင္သစ္သားေလးကလည္း သားကိုၾကည့္ေနတာ
ျဖစ္သည္။အၾကည့္ေတြစုံရင္း မ်က္ေမွာင္ေတြ
အခ်င္းခ်င္းႀကဳံ႕လို႔။

" ေဟ့ေကာင္ ဒါငါ့အသက္။ငါ့အသက္ကိုမထိနဲ႔။ "

" သား..အဲ့လိုမေျပာရဘူးေလ။ပါးပါးမႀကိဳက္ဘူး
ေနာ္။သားထက္အသက္ႀကီးတာ။ေတာင္းပန္လိုက္၊
မ်ိဳးေစ့ေလးေနာ္။ "

မ်ိဳးေစ့ေလးကသူ႔ပါးပါးရဲ႕ေျခေထာက္ကိုဖက္ရင္း
ေျပာေတာ့ ကူးေလးကတားသည္။ေမာင္ကေတာ့
သားလုပ္ပုံကိုၾကည့္ၿပီးၿပဳံးေနတာမ်ိဳး။မရဘူး။
မ်ိဳးေစ့ေလးကိုအေပါင္းအသင္းေတြနဲ႔
တည့္ေအာင္ေနတက္ဖို႔သင္ေပးရေတာ့မည္။

မ်ိဳးေစ့ေလးကသူ႔ပါးပါးက ထိန္းေနရင္းေျပာေတာ့
ျပင္သစ္သားေလးက မ်ိဳးေစ့ေလးကိုၾကည့္ကာ
ကူးကူးကိုလက္ကိုဆြဲလိုက္ရင္းေျပာသည္။

" ငါကမင္းရဲ႕ဒယ္ဒီ... "

" ဘာ!!မင္းဘာေျပာလိုက္တယ္။ "

ျပင္သစ္သားစကားေၾကာင့္ ၿငိမ္ၿပီးၾကည့္ေနသည့္
ထယ္ေယာင္းေတာင္ ေအာ္လိုက္မိသည္။
ဒီကေလးဘယ္လိုေတာင္ သူ႔အသက္ကိုေျပာလိုက္
ရတာလဲ။ဒါထက္သားကိုေျပာခ်လိုက္တာ။
ငါကသူ႔ဒယ္ဒီတဲ့။

" louis...သား...အဲ့လိုမေျပာရဘူးေလ။ဦးထယ္ကို
ေတာင္းပန္လိုက္ဦး။ "

" ရပါတယ္ေရာ္။ကေလးက မသိလို႔ေျပာတာကို။
ကူးနားလည္ပါတယ္။ေတြ႕တုန္းေလးကြၽန္ေတာ္တို႔
ထမင္းအတူစားရေအာင္ေနာ္။သားလည္းဗိုက္ဆာ
ေနၿပီမို႔ အတူစားၾကမလား။ "

ကူးေလးက ထယ္ေယာင္းနဲ႔ျပင္သစ္သားတို႔ၾကားေျဖရွင္းရင္း ထမင္းစားဖို႔ေျပာေတာ့သူမကျပန္
ေျဖသည္။

" မလိုက္ႏိုင္ေတာ့ဘူးထင္တယ္။အစ္မက
အျပင္သြားစရာရွိေသးလို႔ေလ။အစ္မရဲ႕ဒီဇိုင္နာသင္တန္းအတူတက္ခဲ့တဲ့သူက ဟန္းဂုကမို႔
သူ႔ရွိသြားဖို႔ေလ။မသြားခင္ေတာ့ သားအတြက္
အဝတ္အစားထုတ္လာဝယ္ေပးတာ။ "

" သား...မာမီနဲ႔မလိုက္ေတာ့ဘူး။မာမီပဲသြားေတာ့။
သားက beautéရဲ႕အိမ္ကိုလိုက္သြားမွာ။သားရဲ႕
အဝတ္အစားေတြထားခဲ့ေပးပါ မာမီ။ "

သူမကကူးတို႔နဲ႔မလိုက္ႏိုင္ေၾကာင္းျငင္းေတာ့
ျပင္သစ္သားေလးကသူ႔အေမနဲ႔မလိုက္ခ်င္လို႔
ဆိုၿပီးျငင္းသည္။သည္ေတာ့ကူးေလးကလည္း
အႀကံရသြားတာမို႔ ေျပာေတာ့သည္။

" အစ္မရယ္ ဒီလူနဲ႔ဒီလူနဲ႔အားနာစရာမလိုပါဘူး။
Louisေလးက ထမင္းအတူစားၿပီးရင္လိုက္ေန
ေနာ္။ကြၽန္ေတာ္တို႔အိမ္မွာ လိုက္ေနခိုင္းလိုက္ရင္
မ်ိဳးေစ့ေလးလည္း အေဖာ္ရတာေပါ့။ "

" ေမာင့္အသက္! " " သားအသက္! "

ကူးေလးကလက္ခံေၾကာင္းေျပာလိုက္ေရာ
ထယ္ေယာင္းနဲ႔သူ႔သားမ်ိဳးေစ့ေလးက ေအာ္ေတာ့
သည္။ကူးဂ႐ုမစိုက္ဘဲဒီဇိုင္နာအမကိုစကားေျပာ
လိုက္သည္။ၿပီးေနာက္ ဒီဇိုင္နာအမေက်းဇူးတင္
စကားေျပာၿပီး ကူးလက္ထဲသူမသားေလးကိုအပ္
လို႔ထြက္သြားေတာ့သည္။ထို႔အတူ သူမသားေလး
ဝတ္ဖို႔ေတာင္ အထုပ္ႏွစ္ထုပ္ထည့္ေပးေသးသည္။

ကူးကျပင္သစ္သားေလးကိုတြဲထားၿပီး ေမာင္က
သားကိုေပြ႕ခ်ီထားကာ Centerထဲပတ္ေနသည္။
ေမာင္နဲ႔သားက ကူးကိုေတာ့အသံေသးေလးေတာင္
မထြက္ဘဲ ႏွစ္ေယာက္သားလမ္းေလွ်ာက္ေနတာ
ျဖစ္သည္။တစ္ခါတစ္ခါေမာင္က သားကိုေအာက္
ခ်ၿပီး လက္တြဲလို႔လမ္းေလွ်ာက္တာေတာင္ၾကည့္
ရေသးသည္။ကူးစိတ္မခ်ဘူး။

" ေမာင္...သားကိုေသခ်ာဂ႐ုစိုက္ေနာ္။ "

" အင္း... "

ကူးစကားကိုေတာင္ သိပ္ဂ႐ုမစိုက္ဘဲသားကို
ျပန္ေပြ႕ခ်ီသြားေသးသည္။ကူးသေဘာက်လို႔
ခပ္ေယးေယးၿပဳံးမိပါသည္။ကေလးနဲ႔ေတာင္
လိုက္ၿပီး သားအဖႏွစ္ေယာက္ကူးကိုသဝန္တို
ေနတာျဖစ္သည္။

Centerမွာအႀကိဳက္ပတ္ၾကည့္ၿပီး မ်ိဳးေစ့ေလးက
အ႐ုပ္ေတြဝယ္သည္။သူ႔ဒယ္ဒီကလည္း အႀကိဳက္
ဝယ္ေပးေနျပန္ေတာ့ ကူးလည္းေဘးမွာရပ္ေနတဲ့
ျပင္သစ္သားေလးကိုေမးရေသးသည္။

" Louisေရာအ႐ုပ္ယူမလား။ဝယ္ေပးမယ္ေလ။ "

ကူးေလးက Louisေရွ႕ထိုင္ခ်ၿပီးေမးလိုက္ေတာ့ Louisကေတြးလိုက္ရင္း ေရွ႕ကအ႐ုပ္ေတြကိုလွမ္း
ၾကည့္ေနၿပီးေခါင္းၿငိမ့္ျပသည္။

" beautéနဲ႔တူတဲ့ဒီအ႐ုပ္ေလးကိုယူမယ္။ယုန္႐ုပ္
ေလးက beautéနဲ႔တူတယ္။ "

ဘုတ္!

" မယူနဲ႔။ဒယ္ဒီကမင္းကို အ႐ုပ္မဝယ္ေပးဘူး။ "

မ်ိဳးေစ့ေလးက ကူးနဲ႔ျပင္သစ္သားေလးအနား
ေရာက္ခ်လာၿပီး ျပင္သစ္သားေလးကိုင္ထားတဲ့
အ႐ုပ္ကိုပစ္ခ်လိုက္သည္။ျပင္သစ္သားေလးက
ဘာမွမေျပာဘဲ ခပ္စူးစူးၾကည့္လိုက္ေပမဲ့လည္း
ကူးေလးမွာေတာ့ သေဘာမက်လို႔ေျပာရသည္။

" ပါးပါးသားေလး....အဲ့လိုမလုပ္ရဘူးေလ။
သားကအ႐ုပ္ေတြယူေတာ့ Louisလည္းလိုခ်င္ေန
မွာပဲကို။မ်ိဳးေစ့ေလးေနာ္...ပါးပါးမႀကိဳက္ဘူး။ "

" အီးဟီး...ဒယ္ဒီ...အင့္...ဝါး...ဝါး...အီး... "

ကူးေလးကဆူတာမဟုတ္ဘဲ စကားေလးနဲ႔ေျပာ
လိုက္သည္ကို မ်ိဳးေစ့ေလးကငိုၿပီးသူ႔ဒယ္ဒီ့ကို
သြားကပ္သည္ေၾကာင့္ သူ႔ဒယ္ဒီမွာကဲပိုလြန္းၿပီး
ခ်ီထားကာ ကူးတို႔ကိုေတာင္စကားဆိုေသး၏။

" သားကိုမဆူနဲ႔ကြာ။ေမာင္မႀကိဳက္ဘူး။သူလိုခ်င္ရင္ဝယ္ေပးလိုက္။သားဘာပဲလုပ္လုပ္မွန္တယ္။ "

ကူးနဲ႔ျပင္သစ္သားေလးကို ေမာင္ကခပ္စူးစူးၾကည့္
ရင္းေျပာသြားေတာ့ ကူးေတာင္တားခ်ိန္မရလိုက္ဘူး။ကိုယ္ေမြးထားတဲ့သားမို႔ ကိုယ္တိုင္လည္း
သားငိုသြားတာကိုၾကည့္ၿပီး စိတ္ပူတာေပါ့။

ကူးတို႔Centerတစ္ပတ္ပတ္ခဲ့ရင္း သားကိုေခ်ာ့ေခၚဖို႔လွမ္းတာေတာင္ ေမာင္ကေရွာင္သြားေသး
သည္။Centerကအျပန္ ထမင္းစားဖို႔ဆိုင္တစ္ဆိုင္
သြားၾကေတာ့ ေမာင္ကကားေပၚေရာက္သည္အထိ
သူ႔သားကိုလက္ေပၚကမခ်ဘူး။ကားေမာင္းရင္း
လက္တစ္ဖက္က သားကိုပိုက္ထားေသးတာ။

ကူးကေတာ့ သူမ်ားကေလးကိုတာဝန္ယူၿပီးေခၚ
လာသည္မို႔ ျပင္သစ္သားေလးေဘးမွာထိုင္ေနရ
တာျဖစ္သည္။

- - - - -

ကူးတို႔ထမင္းစားၾကမည့္ဆိုင္ကိုေရာက္ေတာ့
ထယ္ေယာင္းက သူ႔သားကိုေပြ႕ခ်ီလို႔အရင္ကားထဲမွ
ထြက္သည္။ကူးရွိေနတဲ့ကားေနာက္ခန္းတံခါးကို
ဖြင့္ေပးဖို႔ေတာ့ ေမာင္မေမ့ဘူး။

ကူးတို႔ထြက္လာတာနဲ႔ ေမာင္ကသူ႔သားကိုခ်ီလို႔
ဆိုင္ထဲအရင္ဝင္သြားသည္။ကူးကေတာ့ Louisရဲ႕
လက္ကိုကိုင္လို႔ ဆိုင္ထဲဝင္လာသည္။ေမာင္က
ေကာင္တာမွာမန္ေနဂ်ာကို Bookingလုပ္ထားတဲ့
အေၾကာင္းေျပာေနတာမို႔ ကူးကသားအနားကိုသြား
ရပ္ေသးသည္။

" ပါးပါးသားေလး...သားဒယ္ဒီခ်ီထားရတာ
ေညာင္းေနဦးမယ္။ပါးပါခ်ီမယ္ေလ။ပါးပါးရွိကို
လာမလား။ "

ကူးေလးက မ်ိဳးေစ့ေလးအနားကပ္ကာခ်ီဖို႔ေျပာလို႔
မ်ိဳးေစ့ေလးက သူ႔ပါးပါးအနားရွိေနသည့္သူကို
ငုံ႔ၾကည့္ရင္း သူ႔ဒယ္ဒီပုခုံးေပၚေခါင္းတင္ရင္း
ငိုထားတာေၾကာင့္ ရႈိက္သံေလးနဲ႔စကားဆို၏။
ကူးလည္းတကယ္စိတ္မေကာင္းဘူး။

" ဟင့္အင္း...ဒယ္ဒီနဲ႔ပဲေနမွာ။သားအသက္က
သားကိုမခ်စ္ေတာ့ဘူး။ "

မ်ိဳးေစ့ေလးက အသံေသးေလးနဲ႔ေျပာျပန္ေတာ့
ကူးေလးစိတ္မေကာင္းစြာ ျဖစ္ၿပီးမ်ိဳးေစ့ေလးရဲ႕
ပြေနတဲ့ဆံပင္ေလးေတြကို သပ္တင္ေပးရင္းမွ
ေျပာသည္။

" သားရယ္...ပါးပါးကသားကိုဆူတာမဟုတ္ပါဘူး။
ဒီကိုကို႔ကို အဲ့လိုလုပ္ဖို႔မေျပာရဘူးေလ။ "

" ေမာင့္အသက္...အိမ္ေရာက္မွစကားေျပာေတာ့။
ေညာင္းေနမယ္။ေမာင္တို႔စားပြဲကိုသြားရေအာင္။ "

ေနရာထိုင္ဖို႔ေရာက္ေတာ့ ေမာင္ကကူးတို႔စားတက္
တာကိုသိလို႔ Waiterေလးကိုမွာေနၿပီးကူးကေတာ့
Menuကဒ္ကိုင္ကာ ေဘးကျပင္သစ္သားေလးကို
မွာေပးေနရသည္။မ်ိဳးေစ့ေလးကေတာ့ သူ႔ဒယ္ဒီ
ေဘးနားထိုင္ရင္း မ်က္ႏွာခ်င္းဆိုင္ကကူးတို႔ကို
ၾကည့္ေနေသးသည္။သဝန္တိုေနတာ။

" ဗိုက္ဝတာစားဖို႔ မွာေပးမယ္။အိမ္ေရာက္ရင္
ထပ္စားလို႔ရတယ္။ "

" ဟုတ္ beauté "

ကူးေလးကမွာေပးေတာ့ ကူးေလးစကားအတိုင္း
ျပင္သစ္သားေလးကနားေထာင္ၿပီးမွာေနသည္။
ခဏၾကာေတာ့အစားအေသာက္ေတြေရာက္ေတာ့
ေမာင္နဲ႔မ်ိဳးေစ့ေလးႀကိဳက္သည့္ ဟင္းေတြပါလို႔
ေမာင့္ကိုထည့္ေပးေတာ့ ေမာင္ကၿပဳံးျပပါသည္။
သားကိုလည္းထည့္ေပးေတာ့ သားကႏႈတ္ခမ္း
ေလးသာခြၽန္ၿပီး ထမင္းဆက္စားေနသည္။

ထမင္းစားေတာ့လည္း ကူးကအစားေတာင္
သိပ္မဝင္ႏိုင္ဘဲ သူ႔သားကိုၾကည့္ေနတာျဖစ္၏။
ေမာင္ကသတိထားမိေပမဲ့ ကူးကိုသာအစားစားဖို႔
ေျပာရင္း ေဘးကျပင္သစ္သားကိုမ်က္ရိပ္ျပတာမို႔
ကူးလည္း သူမ်ားကေလးကိုခြင့္ေတာင္းၿပီးေခၚ
လာမွဂ႐ုမစိုက္ရင္ အားနာစရာေကာင္းတာေၾကာင့္
စားဖို႔ဂ႐ုစိုက္ေပးသည္။

ကေလးေတြနဲ႔ထမင္းစားၿပီးေတာ့ အျပန္ၾက
ျပင္သစ္သားေလးကအ႐ုပ္ဖက္ၿပီးအိပ္ေပ်ာ္
ေနတာမို႔ ကူးေသခ်ာလုပ္ေပးလိုက္ကာ
ထယ္ေယာင္းေဘးက Lover seatမွာထိုင္ၿပီး
သားကိုထယ္ေယာင္းထံမွ ကမ္းယူလိုက္ကာ
ဖက္ထားေပးသည္။သားကလည္းအ႐ုပ္ကိုင္ၿပီး
အိပ္ေနတာမို႔ ကူးကပါးေဖာင္းေလးေတြကိုသာ
နမ္းလို႔ အိပ္ေနတဲ့သားေလးကိုေခ်ာ့ေနတာ။

" သားကိုခ်စ္တယ္ေျပာၿပီး ဟိုေကာင္ေလးကို
ဘာလို႔ေခၚထားရတာလဲ ေမာင့္အသက္။ "

ေမာင္က ကားေမာင္းရင္းLoverSeatကသားကို
ရင္ခြင္ထဲထည့္ကာနမ္းေနသည့္ကူးကိုၾကည့္ၿပီး
ေျပာလာသည္။ကူးကေတာ့ သားရဲ႕ဆံပင္ေတြကို
သပ္တင္ေပးရင္းမွၿပဳံးကာေျပာသည္။

" ဘယ္မိဘကမွကိုယ့္ေသြးသားကိုမခ်စ္တာ
မရွိပါဘူးေနာ္။ေမာင္ကလည္း ငါကျပင္သစ္သားေလးကိုေခၚလာတယ္ဆိုတာက သားေလးနဲ႔ေဆာ့ေဖာ္ရေစခ်င္လို႔ပါ။ၿပီးေတာ့ကေလးရဲ႕အေမက အေပ်ာ္သြားၾကမွာဆိုေတာ့ ကေလးကိုပ်င္းမေနေစခ်င္လို႔သားအတြက္ေဆာ့ေဖာ္ရေအာင္ေခၚေပးတာ။ျပင္သစ္သားေလးက ငါ့အေပၚအရမ္းသံေယာဇဥ္တြယ္ေနတာေလ။တအားခ်စ္ဖို႔ေကာင္းတယ္။ "

" ေမာင္က​ေတာ့သေဘာမက်ပါဘူး။ကေလးျဖစ္ၿပီးကေလးေနရာမေနဘူး။ေျပာပုံကိုလည္းၾကည့္
သားရဲ႕ဒယ္ဒီကသူတဲ့။အခုေခတ္ကေလးေတြမ်ား
အတက္ေတြလြန္ေနၾကတာကြာ။ "

ကူးေလးရဲ႕စကားကိုေမာင္က မ်က္ခုံးေတြတြန္႔ခ်ိဳး
ရင္းမွေျဖလာသည္။ကူးကေတာ့ သေဘာက်စြာၿပဳံးလို႔ ထယ္ေယာင္းရဲ႕ပါးျပင္ကိုေတာင္ေဘးမွ
ခပ္ဖြဖြလာနမ္းသည္။

" အခုေခတ္ကေလးေတြကထားဦး။ေမာင့္တုန္းက
ပိုေတာင္ဆိုးေသးတယ္။အတက္ေတြလြန္ၿပီး
ဘယ္လိုစကားေတြေျပာရလည္းဆိုတာကို။ "

ကူးေလးကေျပာေတာ့ ထယ္ေယာင္းရယ္လိုက္ၿပီး
အသံတိတ္သြားသည္။ကူးကေတာ့ ရင္ခြင္ထဲက
ေကြးအိပ္ေနသည့္ သူ႔သားမ်ိဳးေစ့ေလးကိုၾကည့္လို႔
စကားဆိုသည္။

" ကင္မ္ထယ္ဂြၽန္က ကင္မ္ထယ္ေယာင္းရဲ႕ပုံစံ
အတိုင္းပဲ။သဝန္တိုတာကအစ။မလုေစခ်င္တာ
ေတြေရာပဲအရမ္းတူတယ္။ကင္မ္ေဂ်ာင္ဂုကေတာ့
သူ႔ေယာက္်ားကိုသိပ္ခ်စ္တာပဲေနာ္။တစ္ပုံစံထည္း
ထြက္လာေအာင္ေမြးေပးတာ။ "

" အဟမ္း...ကင္မ္ထယ္ေယာင္းေတာ္လို႔လည္း
ပါပါတယ္ကြာ။ "

ေမာင္ကရယ္က်ဲက်ဲျဖင့္ စေနာက္သလိုေျပာေတာ့
ကူးေလးရွက္သြားရင္းမ်က္ေစာင္းေလးထိုး၏။
ၿပီးမွ မ်ိဳးေစ့ေလးကိုေပြ႕ဖက္ထားရင္းစကားဆို
ပါေသးသည္။

" ေမာင္လည္းဘယ္သေဘာက်ပါ့မလဲ။ကေလးနဲ႔
အၿပိဳင္ ငါ့ကိုသဝန္တိုေနတာမလား။စိတ္မပူပါနဲ႔။
ကူးခ်စ္တာက ကေလးေလးနဲ႔မ်ိဳးေစ့ေလးကိုပဲ
ခ်စ္တယ္။ေဟာဒီက ကင္မ္ထယ္ေယာင္းနဲ႔
ကင္မ္ထယ္ဂြၽန္ကိုပဲခ်စ္တာ။ "

" ေမာင္သိပါတယ္ကြာ။ဒါေပမဲ့ သားေရွ႕မွာ
အဲေကာင္ေလးကိုအရမ္းအေရးမေပးနဲ႔။
သားလည္းမႀကိဳက္သလို၊ေမာင္လည္းမႀကိဳက္
ဘူး ေမာင့္အသက္။ "

ထယ္ေယာင္းက ကားေမာင္းရင္းေျပာေတာ့
ကူးေလးမွာလည္း 'ဟုတ္ပါၿပီေမာင္ရယ္'လို႔ေျပာ
ရေသးသည္။မဟုတ္ရင္ေတာ့ သားအဖႏွစ္ေယာက္
ရစ္တာခံရမည္။

အိမ္ေတာ္ကိုျပန္ေရာက္ေတာ့ ကားေပၚကဆင္းလို႔
ကူးကမ်ိဳးေစ့ေလးကိုေပြ႕ခ်ီထားသည္။အိမ္ေရာက္
လို႔ကားရပ္တာသိေရာ ျပင္သစ္သားေလးကႏိုး
လာေတာ့သည္။

" beauté...အိမ္ေရာက္ၿပီလား။ "

" အင္း...ေရာက္ၿပီLouisေလးရဲ႕။ဒီအတိုင္းအတူ
ေလွ်ာက္ၾကမယ္ေနာ္။မ်ိဳးေစ့ေလးကိုခ်ီထားလို႔
အတူေတာ့မေလွ်ာက္ႏိုင္ဘူးရယ္။ကေလးေလး..
တံခါးဖြင့္ေပးလိုက္ပါဦး။ "

ကူးကသားကိုခ်ီထားတာမို႔ ေမာင္ကတံခါးဖြင့္ေပး
ၿပီးကူးက ေမာင့္ကိုေတာင္ျပင္သစ္သားေလးဘက္
တံခါးဖြင့္ခိုင္းလိုက္သည္။တံခါးဖြင့္ေပးေတာ့
ျပင္သစ္သားေလးမရွိန္ေနေအာင္ ေမာင္က
ကူးအစားလက္တြဲေပးေတာ့ ကူးေလးကၿပဳံး
လိုက္ပါေသးသည္။

"  အိုက္ဂူး...ဖိုးရဲ႕မ်ိဳးေစ့ေလးေရာက္ၿပီပဲကြာ။
ဒီကေလးက ဘယ္သူလဲကြ။ "

အိမ္ထဲေရာက္ေတာ့ ကူးလက္ေပၚအိပ္ေနသည့္
မ်ိဳးေစ့ေလးအား သူ႔အဖိုးကလွမ္းယူဖို႔လုပ္ရင္း
ေမာင့္ေဘးနားက ျပင္သစ္သားေလးကိုေတြ႕ေတာ့
ေမးပါေသးသည္။

" ကြၽန္ေတာ္တို႔ ကုမၸဏီကနာမည္ႀကီးျပင္သစ္ဒီဇိုင္နာအမ်ိဳးသမီးရဲ႕သားေလ။ကြၽန္ေတာ့္နဲ႔ၿပိဳင္ဘက္
ေပါ့။ "

ေမာင့္စကားေၾကာင့္ ကူးခပ္ေယးေယးၿပဳံးရင္း
အေဖတို႔နဲ႔ကေလးကိုမိတ္ဆက္ေပးသည္။
ျပင္သစ္သားေလးက အေနေအးၿပီးလိမၼာလို႔
အကုန္လုံးကိုယဥ္ေက်းစြာႏႈတ္ဆက္ေသး၏။

မ်ိဳးေစ့ေလးႏိုးလာေတာ့လည္း ညဘက္ထမင္းစား
ဖို႔အတြက္မလုပ္ခင္ ကေလးႏွစ္ေယာက္ကိုေရခ်ိဳး
ေပးေတာ့ ျပင္သစ္သားကအရွက္ႀကီးၿပီးသူ႔ဘာသာေရခ်ိဳးေတာ့သည္။ေရခ်ိဳးၿပီးသည္ႏွင့္
ကူးတို႔လည္းေရခ်ိဳးသန္႔စင္ၾကၿပီး ထမင္းအတူ
စားၾကသည္။ထမင္းအတူစားၿပီးတာနဲ႔
ျပင္သစ္သားေလးနဲမ်ိဳးေစ့ေလးကိုအတူထား
အိပ္တာမို႔ မ်ိဳးေစ့ေလးကမႀကိဳက္ဘဲေသာင္း
က်န္းပါေတာ့သည္။အဖိုးနဲ႔အဖြားလည္းဝိုင္း
ေခ်ာ့တာေတာင္မရပါ။

" မရဘူးေနာ္။သားအခန္းထဲေပးမအိပ္ဘူး။
သားသားရဲ႕ ကားကုတင္နဲ႔မအိပ္ရဘူး။အီးဟီး.. "

" ပါးပါးကေပးမအိပ္ပါဘူး။ကေလးေလးက
အရမ္းလိမၼာလိုက္တာေလေနာ္။ "

" အီးဟီး...သားအသက္ကိုေခၚေတာ့ဘူး။အီး...
ဟင့္...ဒယ္ဒီခ်ီပါဦး။ "

သူ႔ဒယ္ဒီကခ်ီၿပီး သူ႔အဖိုးေတြအခန္းထဲသြားေတာ့
ကူးေလးလည္းသက္ျပင္းခ်ကာ Louisေလးကို
ေခ်ာ့သိပ္ဖို႔သြားရေတာ့သည္။

"beauté...ဘာလို႔ဆိုးတဲ့အဲ့ကေလးေလးကို ဗိုက္ထဲကေနထုတ္လိုက္ရတာလဲ။ဗိုက္ထဲဆက္ထား
လိုက္တာမဟုတ္ဘူး။ "

မ်ိဳးေစ့ေလးကိုအခန္းထဲမွာ ကားကုတင္ေလး
မထားခင္ေတာ့ ျပင္သစ္သားေလးကိုအိပ္ေစ
လိုက္သည္။မ်ိဳးေစ့ေလးကေတာ့ ငိုေနရင္း
သူ႔အဖိုးေတြရွိေရာက္သြားတာမို႔ ေမာင္ပါလိုက္
ေခ်ာ့ရသည္။မဟုတ္ရင္ ကိုႀကီးက်ယ္ကပို
ေကာက္ေနမွာဆိုးလို႔။

" အိုအို...ဗိုက္ထဲဆက္ထည့္ထားရင္မ်ိဳးေစ့ေလးက
ပိုပိုၿပီးႀကီးလာမွာေပါ့ေရာ္။ျပင္သစ္သားေလးရဲ႕
ေမေမေတာင္ ျပင္သစ္သားေလးကိုခ်စ္လို႔ဗိုက္ထဲ
ဆက္မထည့္ဘဲ အျပင္ကိုထုတ္ထားတာ။အခုဆို
ျပင္သစ္သားေလးကထြားေနၿပီမလား။ "

" ဟုတ္သားပဲ။မ်ိဳးေစ့ေလးက အရမ္းငိုတက္တာ။
beautéကအရမ္းထိန္းရမွာ။အရမ္းဆိုးေနရင္
Louisကိုပဲခ်စ္ေတာ့ေနာ္။ "

ကူးေလးက ျပင္သစ္သားေလးကိုေစာင္ၿခဳံေပးရင္း
ျပင္သစ္သားေလးရဲ႕စကားေၾကာင့္ ကူးေလး
ရယ္မိပါသည္။တကယ့္အလည္ေလးပဲ။

" မ်ိဳးေစ့ေလးကိုလည္းခ်စ္သလို၊Louisကိုလည္း
ခ်စ္ပါတယ္ေနာ္။ "

" ဒါဆိုအနမ္းေပးၿပီးေခ်ာ့သိပ္ပါ beauté "

" ဘာကိစၥငါ့အသက္က မင္းကိုနမ္းၿပီးေခ်ာ့သိပ္ရ
မွာတဲ့လဲ။စကားေတြမ်ားေနၿပီ။အိပ္ေတာ့။ "

ကူးေလးနဲ႔ျပင္သစ္သားေလးတို႔စကားေျပာရင္း
ထယ္ေယာင္းကအခန္းထဲဝင္လာတာမို႔ သူတို႔ရဲ႕
စကားၾကားဝင္ေျဖလာသည္။

" သားေရာအိပ္ၿပီလား။ "

" အင္း...အိပ္သြားၿပီ။အဖိုးနဲ႔သြားအိပ္တာ။
အဖိုးကလည္း သူ႔ျမစ္ကိုပုံေျပာျပရင္းအိပ္ေတာ့မွ
ေမာင္ထြက္လာခဲ့တာ။ "

ေမာင့္စကားေၾကာင့္ ကူးေလးလည္းသက္ျပင္း
ေကာင္းေကာင္းခ်ႏိုင္ၿပီး ေအးေဆးျဖစ္ေတာ့၏။ကူးေလးကေတာ့ေမာင့္ကိုလက္ကာျပၿပီး'ခဏ'
ဆိုသည့္သေဘာျဖင့္တားလို႔ Louisေလး
စိတ္ေက်နပ္ေအာင္ပါးျပင္ေလးကိုအနမ္းေပးလိုက္ပါေသးသည္။

" မြ...နမ္းေပးလိုက္ၿပီမို႔ သိပ္ၿပီးတာနဲ႔အိပ္ရေတာ့
မယ္ေနာ္။လိမၼာလိုက္တာ။ေခ်ာ့သိပ္ေပးဦးမယ္။ "

" ဟုတ္ကဲ့... "

ကူးေလးကေခ်ာ့သိပ္ရင္း သားအခန္းတံခါးနားမွာ
မွီရပ္ေနသည့္ထယ္ေယာင္းကို Louisေလးက
လွ်ာထုတ္ျပလိုက္ပါေသးသည္။ထယ္ေယာင္းက
ကူးကိုအတူအိပ္ဖို႔လာေစာင့္ေနတာမို႔ Louis
အိပ္ေပ်ာ္ဖို႔ကိုသာေစာင့္ေနေတာ့သည္။

အတန္ၾကာေတာ့ ကူးကပုံျပင္ေျပာသိပ္ေပးရင္းမွ
Louisကအိပ္ေပ်ာ္သြားေတာ့ ကူးေလးကေစာင္
ေသခ်ာျပန္ၿခဳံေပးၿပီး ညမီးေရာင္ေလးရရန္
မီးအိမ္ေလးကိုဖြင့္ေပးထားသည္။ကူးက
မီးအိမ္ဖြင့္ေပးတာနဲ႔ ေမာင္ကအလိုက္တသိျဖင့္
အခန္းမီကိုပိတ္လိုက္တာ။

" ေဟ့...အလွေလး။ကေလးေတြအတြက္အခ်ိန္ေပးၿပီးရင္လည္း ေမာင့္အတြက္အခ်ိန္ေလးေပးဦး။ "

ထယ္ေယာင္းကေျပာရင္း သားအခန္းထဲမွထြက္
လာသည့္ ကူးေလးကိုေပြ႕ခ်ီလိုက္ေတာ့ကူးေလးက
ထယ္ေယာင္းရဲ႕လည္တိုင္ကိုသိုင္းဖက္လာၿပီး
စကားဆိုေတာ့သည္။

" အင္း...ဒီတစ္ခါေတာ့ ဒီကကေလးေလးအတြက္
အခ်ိန္အမ်ားႀကီးေပးရမယ္ထင္တယ္။ "

ကူးေလးကရယ္ရင္းေျပာေတာ့ ေမာင္ကကူးကို
သူတို႔အခန္းထဲထိေပြ႕ခ်ီသြားရင္း အိပ္ရာေပၚသို႔
ျဖည္းညႇင္းစြာခ်ေပးလိုက္ကာ သူ႔အေပၚပိုင္း
အက်ႌကိုေတာင္ခြၽတ္လို႔ မ်က္လုံးတစ္ဖက္ေတာင္
မွိတ္ျပၿပီးစကားဆိုသည္။

" အခ်ိန္အမ်ားႀကီးဆိုတာသိရင္လည္း ေမာင့္ကို
အခ်ိန္ေပးလိုက္ေတာ့။အဟြန္း...တစ္ခုေတာ့ရွိ
တယ္။အခ်ိန္ေပးရင္း ကေလးေလးလို႔ေခၚရင္
လူႀကီးဆိုတာသိေအာင္ အခ်စ္ေတြျပခ်င္တာ။ "

ထယ္ေယာင္းက ကူးေလးအေပၚကေနအုပ္မိုးၿပီး
ေျပာလာသည္။ကူးေလးကယုန္သြားေလးေတြေပၚ
သည္အထိရယ္လိုက္ရင္း ထယ္ေယာင္းရဲ႕မ်က္ႏွာ
အားလက္ျဖဴေလးေတြျဖင့္အုပ္မိုးကိုင္ကာေျပာ
ေတာ့သည္။

" ဒါဆိုလည္း ကေလးေလးအခ်စ္ေတြျပေလ။
ကေလးေလးရဲ႕အခ်စ္ေတြကို ဒီကိုကိုအလွေလးက
အမ်ားႀကီးခံစားခ်င္ေနၿပီ။ "

" ဟာကြာ...အသည္းယားစရာေလး။ "

ထယ္ေယာင္းက ကူးေလးစကားေၾကာင့္ပင္
မထိန္းႏိုင္ရင္းမွ ကူးေလးရဲ႕ႏႈတ္ခမ္းေတြအား
ထိကပ္ေစလိုက္သည္။ၿပီးမွတစ္ဆင့္ကူးေလးရဲ႕အဝတ္အစားေတြကိုခြၽတ္ရင္း သူတို႔ရဲ႕လြတ္လပ္
သည့္အခ်ိန္ေလးကို ေပ်ာ္႐ႊင္ႏွစ္ဦးထည္း
အခ်ိန္ၾကာျမင့္သည္အထိေပ်ာ္႐ႊင္ေနၾကသည္။

To be continued ~

ဆိုေတာ့ကား ကိုကိုအလွေလးတို႔လည္းၿပီးဖို႔မၾကာ
ေတာ့ဘူးဆိုေတာ့ အားလုံးရဲ႕အခ်စ္ေတာ္စြာေတး
ေလးကိုလည္း ျပန္ဖတ္ေပးထားၾကပါဦးလို႔။
သၾကၤန္အတြင္း အိမ္ကအလႉေတြမ်ားလို႔ကူညီေပး
ေနရတာေၾကာင့္ မအားတာမို႔Updateမလာမိတာမို႔နားလည္ေပးၾကပါဦးဗ်။

> >

Comment