40

#unicode

သည်နေ့တော့ ထယ်ယောင်းပိုအလုပ်ရှုပ်နေသည်။
မနက်၅နာရီခွဲသားကငိုတော့ ထယ်ယောင်းကဘဲနိုးနေတာမို့ အောက်ပိုင်းသဘတ်ပတ်လို့သားအတွက်
နို့ကို Microwaveထဲနွှေးရင်းနို့ဘူးဖြင့်တိုက်ရတော့မည်။အိပ်ချင်မူးတူးမို့သားကိုချီထားရင်းတောင် ယိုင်သွားသေးသည်။ညကအိပ်ရေး
ပျက်ထားတာမို့။

ညကကိုကိုအလှလေးနဲ့အချိန်ရတုန်း အတူနေဖြစ်
လိုက်ကြတာကြောင့် မနက်တောင်မိုးလင်းသွား၏။
နှစ်ယောက်အတူသန့်ရှင်းရေးလည်း မလုပ်လိုက်ရဘူး။ပင်ပန်းပြီးအိပ်ပျော်သွားကြတာ။

"  အွန်း..အဲ...ဒ...ဒ...ဂူး... "

ထယ်ယောင်းက သူ့သားကိုနို့ဘူးတိုက်ပေးရင်းမှ
အိပ်ချင်နေတာကြောင့် နို့ဘူးကမျိုးစေ့လေးရဲ့ပါးစပ်နဲ့လွဲလွဲသွားတာမို့ မျိုးစေ့လေးအော်သည်။

" အာအာ..ဒယ်ဒီတောင်းပန်ပါတယ်ကွာ။ဒယ်ဒီ
အရမ်းအိပ်ချင်လို့ပါကွာ။ "

" အဲ...အင့်....ဂူး...ဝါး...ဝါး... "

ထယ်ယောင်းက နို့ဘူးပြန်တိုက်ပေးတော့လည်း
မျိုးစေ့လေးကမသောက်ဘူး။ထယ်ယောင်းကို
ရစ်ကာငိုပါတော့သည်။ထယ်ယောင်းမှာလည်း
သူ့အသက်ကိုမနိုးစေချင်တာမို့ ကိုယ်တိုင်သာ
ပွေ့ချီပြီးချော့နေရသည်။

" အာ...သားရာ။ဘာလို့ငိုတာလဲကွာ။တိတ်တိတ်
လေးနေလေ။ဪ...ဒယ်ဒီ့သားက အီးအီးတွေပါ
ထားတာပဲ။ဟုတ်ပြီ။ဒယ်ဒီဆေးပေးမယ်။ "

ထယ်ယောင်း ငိုနေသည့်သူ့သားကိုတစ်ချက်ချပြီး
ရေချိုးခန်းထဲအပြေးဝင်ကာ ရေပူရေအေးစပ်လို့
ဇလားထဲထည့်ပြီးယူလာရသည်။မျိုးစေ့လေးက
မဆေးပေးမချင်းကို အော်နေပါသည်။ပါးပါးနဲ့တူလို့အသန့်ကြိုက်သည်။

Wet Tissueဘူးကိုယူပြီး မျိုးစေ့လေးကိုပွေ့ချီလို့
သူတို့အခန်းက မှန်စားပွဲအနှီးလေးခင်းကာဖြင့်
လှဲစေပြီး ဒိုက်ဘာချွတ်ပေးတော့ရယ်ပြန်သည်။
မျက်နှာအမျိုးမျိုးလုပ်တက်တဲ့ မျိုးစေ့လေး။

" ခစ်...ခစ်....ဒ...ဒ... "

" ဒယ်ဒီ့လူဆိုးလေးက ဒယ်ဒီ့ကိုစနေတာပဲကွာ။ "

ထယ်ယောင်းက မျိုးစေ့လေးဝတ်ထားသည့်
ဒိုက်ဘာကိုချွတ်ပေးရင်းမှ ရယ်ရင်းပြောသည်။
အိပ်ချင်နေသော်ငြာလည်း သူ့သားရှေ့တော့
မျက်လုံးတွေကို တက်နိုင်သမျှဖွင့်ထား၏။

ထယ်ယောင်းက မျိုးစေ့လေးရဲ့ဒိုက်ဘာကိုလဲလို့
ပုံးထဲထည့်လွှင့်ပစ်လိုက်သည်။အသစ်ကိုမလဲခင်
ရေနွှေးဖြင့်သန့်ရှင်းပေးတော့ သဘောတွေကျပြီး
ရယ်နေသေးသည်။ထယ်ယောင်းလည်း သူ့သား
မျိုးစေ့လေးကို အသည်းယားလို့ ပါးဖောင်းကို
နမ်းတော့ မျိုးစေ့လေးကတံတွေးတွေဖြင့်
ထယ်ယောင်းရဲ့ပါးကို ကိုင်တော့သည်။

ထယ်ယောင်းက မျိုးစေ့လေးကိုရေနွှေးဖြင့်ဆေးပေးကာ နေရမခက်အောင်ပေါင်ဒါပုတ်ပေးလို့
ဒိုက်ဘာအသစ်လေးပြန်လဲပေးပြီး သူ့သားပူမှာ
ဆိုးလို့ အင်္ကျီပါးပါးလေးကိုတောင်လဲပေးသည်။

" ခစ်...ခစ်...အင့်...ဒယ်ဒီ...ဒယ်ဒယ်... "

ထယ်ယောင်းက မျိုးစေ့လေးကိုသန့်ရှင်းရေးလုပ်
ပြီးလို့ အမှိုက်ပစ်ဖို့ခဏထွက်သွားတာကိုငိုသံလေး
ပေးပြီး လှမ်းခေါ်သည်။ထယ်ယောင်းတောင်
အိပ်ချင်ပြေသွားသည်။သားကသူ့ကိုပထမဆုံး
စကားပြောလိုက်သည်တဲ့။အရင်ကဆို သူ့ပါးပါး
နာမည်ပဲခေါ်တက်တာ။ဒါတောင်မပီသေး။အခုက
ပီပီသသေခါ်လိုက်တာကြောင့် ထယ်ယောင်းပျော်ပြီး သားအနားကိုပြေးသွားသည်။

" သား...ဒယ်ဒီ့ကိုဘယ်လိုခေါ်လိုက်တာ။ဒယ်ဒီ့ကို
ပြန်ခေါ်ပါဦး။ဒယ်ဒီလို့ခေါ်လိုက်တာတဲ့ကွာ။မွ...
ဒယ်ဒီ့သားက ဒယ်ဒီလို့ခေါ်တာတဲ့။ "

" ခစ်...ခစ်...ဒယ်ဒီ...ခစ်... "

ထယ်ယောင်းက သူ့သားဒယ်ဒီခေါ်တာကိုပျော်လို့
မျိုးစေ့လေးကို တဖွဖွနမ်းပြီးအပေါ်မြှောက်ပြီး
ပြောတော့ မျိုးစေ့လေးကသူ့ဒယ်ဒီသူ့ကိုအပေါ်
မြှောက်တာကိုပျော်ပြီးရယ်တော့သည်။

" မောင်!!သားကို အဲ့လိုတွေမမြှောက်နဲ့လေ။
ပါးပါးသားလေးရယ်...ပါးပါးလန့်သွားတာပဲ။ "

မျိုးစေ့လေးက သူ့ဒယ်ဒီမြှောက်ပေးတာကိုသဘောကျတာကြောင့် နှစ်ခြိုက်လို့အကျယ်ကြီးရယ်သည်။ထိုသည်ကို အိပ်ပျော်နေသည့်ကူးက
သားရဲ့ရယ်သံကျယ်ကျယ်ကြောင့် နိုးလာတာမို့
မျက်လုံးဖွင့်ကြည့်တော့ မောင်ကသားကိုမြှောက်
ဆော့ပေးနေတာမို့ ကူးလေးလန့်သွားတာဖြစ်၏။

" ပ...ပ...အဲ... "

သားကိုကူးလေးချီယူလိုက်ပေမဲ့လည်း သားက
သူ့ဒယ်ဒီဘက်လက်လှမ်းပြီး ထပ်လုပ်စေချင်နေ
တာဖြစ်သည်။ကူးကတော့ တစ်ကိုယ်လုံးနာကျင်
နေသော်လည်း ခုနကသားအပေါ်မြှောက်နေသည့်
ပုံစံကြောင့်လန့်ပြီး ထလာတာဖြစ်သည်။

" မောင်တောင်းပန်ပါတယ်။သား...သားကပျော်
နေလို့ပါ။ပြီးတော့မောင်လည်း ပျော်သွားတာ။ "

" မောင်.... "

ကူးကူးလေးက သူ့သားကိုစိတ်ပူလို့ ဂရုဏာဒေါသထွက်ကာမောင့်ကိုပြောလိုက်ပေမဲ့လည်း မောင်က
မျက်နှာငယ်လေးဖြင့်ကူးကိုကြည့်လာတာကြောင့်
ကူးစိတ်မကောင်းပါ။ကူးချော့ဖို့ရှိသေးရေချိုးခန်းထဲဝင်သွားတာကြောင့် ကူးလက်ထဲကသားမှာ
သူ့ဒယ်ဒီကိုကြည့်ပြီး ငိုတော့သည်။

" အင့်...ဒယ်ဒီ...ဒယ်ဒီ...အီးဟီး... "

" အယ်...ပါးပါးသားလေး စကားပြောလိုက်တာလား။ဒယ်ဒီတဲ့လား။အာ...ဒါကြောင့်ကိုး။ "

သူ့သားကငိုရင်း မောင့်ကိုတောင်နာမည်ပီပီသသခေါ်နေတာကြောင့် ကူးလေးတောင်အံ့အားသင့်
သွားပြီး မောင်ဘာကြောင့်ပျော်သွားရလဲဆိုတာ
သိသွားသေးသည်။မောင့်ကို ခုနကဆူမိတာမို့
ကူးလည်း စိတ်မကောင်းဘူး။

မျိုးစေ့လေးကိုနို့ဘူးတိုက်ရင်း မောင်ထွက်အလာကိုစောင့်နေမိသည်။ရေချိုးခန်းထဲသာရေကျသံ
သာကြားရသည်။မောင်ကတော့ ထွက်မလာသေး
ဘူး။မျိုးစေ့လေးကတော့ ကူးရဲ့အသံအေးအေး
သီချင်းဆိုသံလေးကြောင့် အိပ်ပျော်သွားတာမို့
အိပ်ယာပေါ်တင်ပေးလို့ ပါးဖောင်းလေးကိုနမ်းကာ
စောင်ခြုံပေးပြီး ရေချိုးခန်းရှေ့သွားသည်။

" ကလေးလေး...ရေချိုးနေတာကြာတယ်နော်။ "

မျိုးစေ့လေးနိုးမှာဆိုးလို့ တံခါးမခေါက်ဘဲအသံကို
ခပ်တိုးတိုးခေါ်တော့ ရေကျသံတွေကရပ်သွားပြီး
Bathtubထဲရေစပ်နေသည့်အသံကိုသာကြားလို့
ကူးလေး ပြုံးမိသေးသည်။ဘယ်လောက်ပဲကူးကို
စိတ်ကောက်နေပါစေ ဂရုစိုက်ဖို့ကတော့မမေ့ပေ။

အတန်ကြာတော့ Bathrobeနက်ပြာရောင်ဝတ်ပြီး
ရေစိုနေသည့်ရွှေရောင်ဆံပင်တို့ကိုသဘတ်ဖြင့်သုတ်ရင်း ထွက်လာသည်။ကူးလေးကတော့
မောင့်အတွက်အဝတ်အစားထုတ်ပေးထားသည်။

" ကိုကိုအလှလေးအတွက် ကိုယ်လက်ကိုက်ခဲတာ
သက်သာအောင် မောင်ရေနွေးနွေးလေးစပ်လာပေးတယ်။မြန်မြန်ရေချိုးလိုက်တော့။ "

ထယ်ယောင်းက ဆံပင်အားရေခြောက်အောင်
သုတ်ရင်းပြောတော့ ကူးလေးကထယ်ယောင်း
အနားတိုးကပ်လာရင်း ခြေဖျားထောက်လို့
ထယ်ယောင်းပါးပြင်ကို နမ်းသွားသေးသည်။

" ကလေးလေးအရမ်းလိမ္မာတယ်။ကူးကိုခဏလေး
စောင့်နော်။ချစ်တယ်...ကလေးလေး။ "

ထယ်ယောင်းကိုချော့နမ်းပြီး ရေချိုးခန်းထဲဝင်သွားတာကြောင့် ထယ်ယောင်းခပ်ယေးယေးပြုံး
လိုက်ပါသေးသည်။စိတ်ကောက်ဖို့စဥ်းစားပေမဲ့
ကိုကိုအလှလေးက အများကြီးချော့ပြနေတော့
စိတ်တောင်မဆိုးရက်တော့ဘူး။အရမ်းချစ်၏။

တင်မ် ~ တင်မ် ~ တင်မ် ~

ထယ်ယောင်း ဆံပင်တွေကိုရေခြောက်အောင်
သုတ်နေရင်း စားပွဲပေါ်မှသူ့ဖုန်းကမြည်လာတာမို့
အရေးကြီးကိစ္စမှန်းသိတာကြောင့် ဖုန်းကိုယူကြည့်
လိုက်တော့ ယွန်းဂီရော၊ယောင်းဝူရောက စာပို့ထား
ကြတာဖြစ်သည်။

ယောင်းဝူထံမှစာက အရေးကြီးသောစာဖြစ်တာမို့
ထယ်ယောင်းဖွင့်ကြည့်တော့ လီယမ်ဆိုတဲ့ခွေး
ကောင်ရဲ့ အကြောင်းတွေသာပါသည်။Videoနှစ်ခုတောင်ပို့ထားသည်မို့ ဖွင့်ကြည့်လိုက်သည်။

ပထမVideoကအရင်တစ်ခါ သူ့ရုံးခန်းထဲဝင်ကာ
သူ့ကုတ်အနက်ကို အနံ့အသက်ရှုရှိုက်နေသည့်
ပုံစံကြောင့် ထယ်ယောင်းမျက်မှောင်ကြုံမိ၏။
ထပ်ကြည့်ရင်း ကိုကိုအလှလေးကနားနေခန်းမှ
ထွက်လာပြီး သုံးနှုန်းလိုက်သည့်နာမည်နဲ့စကား
ကြောင့် ထယ်ယောင်းမပြုးဘဲမနေနိုင်တော့ဘူး။

Videoကိုဆက်လက်ကြည့်တော့ လီယမ့်စကား
ကြောင့် ထယ်ယောင်းဒေါသထွက်သွားကာ
လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ရင်းမှ
ကိုကိုအလှလေးကလည်း လီယမ့်ကိုပါးချလိုက်
တာဖြစ်သည်။တစ်ခါထည်းတောင်မဟုတ်
နှစ်ခါတောင်ဖြစ်သည်။

" မောင့်အသက်က တော်လိုက်တာ။ "

ထယ်ယောင်းသဘောကျလို့ နှုတ်ကနေတောင်
ထုတ်ပြောမိသည်။ကိုကိုအလှလေးက အရင်က
ပုံစံအစစ်မှန်လေးတွေထွက်လာသည်။စတွေ့တုန်း
ကလိုမျိုး သူ့အပေါ်ကိုချေဖူးသလိုချေချလိုက်တာ
ဖြစ်သည်။ဒါလေးကိုမှ ကင်မ်ထယ်ယောင်းက
အများကြီးချစ်နေရပြီးအချစ်ပိုနေရတာ။

နောက်ထပ်Videoတစ်ခုကတော့ လီယမ်က
ကော်ဖီဆိုင်တွင်ထိုင်ရင်း သူ့ရှေ့ဘက်နားရှိပန်းဆိုင်
ကိုကြည့်နေတာဖြစ်သည်။Bodyguardတွေနှစ်
ယောက်ရှိနေတာတောင် ပန်းဆိုင်ကထွက်လာတဲ့
ကိုကိုအလှလေးနဲ့သူ့သူငယ်ချင်းအစ်ကိုဂျီမင်ကိုပါ
ကြည့်နေတာမျိုး။ဒီကောင်တစ်ခုခုကြံနေပုံပင်။

" ဟူး...ဒီခွေးကောင် ဘာတွေများကြံနေတာလဲ။
အသက်ကို သတိထားမှဖြစ်တော့မယ်။အသက်ကို
အန္တရာယ်ပေးဖို့လိုက်နေတာ။ "

ထယ်ယောင်း သက်ပြင်းရှည်ချလိုက်ရင်းယွန်းဂီပို့
ထားသည့်စာကို ဖတ်ကြည့်လိုက်သည်။ယွန်းဂီက
သူ့ကိုဖုန်းခေါ်ဖို့ ပြောထားတာဖြစ်တာကြောင့်
ဖုန်းခေါ်လိုက်ရသည်။

" ငါ့ကိုဖုန်းခေါ်ခိုင်းတာ ဘာကိစ္စလဲ။ "

' ငါအခုလိုက်စုံစမ်းနေတာ။လီယမ်က မင်းရဲ့ပိုင်ဆိုင်မှုတွေနဲ့မှီအောင်လို့ ကြံဖန်နေတာတွေ့လို့။
ပြီးတော့ အစ်ကိုကူးကိုမင်းမျက်စိအောက်က
အပျောက်မခံဘဲသေချာဂရုစိုက်ထားဦး။ငါ့တပည့်
အစ်ကိုကူးကိုလုပ်ကြံမဲ့ကောင်ကို သတ်ထားတယ်။
ဟိုကောင်ကမယုံရလို့ မင်းသတိထားနေတော့။ '

ယွန်းဂီစကားတို့ကြောင့် ထယ်ယောင်းမျက်မှောင်
ပိုကြုံ့မိသွားသည်။ဒီလီယမ်ဆိုတဲ့ကောင်ကို
သူ့ပေါ့ဆမိတာကိုမှားသည်။ဒီကောင်ကလူကောင်
သာသေးတာ၊တွေးဆတဲ့အကြံပေါင်းစုံကစုံနေတာ။

" အင်း...ကျေးဇူးပဲယွန်းဂီ။ငါ့အသက်တွေကို
စောင့်ရှောက်လိုက်ပါ့မယ်။ "

ထယ်ယောင်းက သူမစိုတစိုဖြစ်နေသည့်ဆံပင်တွေကိုသပ်တင်လိုက်ရင်း ပြောသည်။သည်တော့
တစ်ဖက်ကယွန်းဂီမှာလည်း ရယ်လိုက်ရင်းမှ
စကားပြန်ဆက်သည်။

' အပင်ပေါက်ရော မတွေ့တာကြာပြီ။ငါတို့တွေ့တဲ့နေ့ကြတစ်ရက်လောက်ခေါ်ခဲ့ပါလား။ကလေးကို
ငါတို့ဦးလေးသုံးယောက်က သောက်ပုံသောက်နည်းသင်ပေးချင်လို့ပါ။ဟား...ဟား... '

" အခုမှ၁နှစ်တောင်မပြည့်သေးတဲ့ ငါ့သားကို
မင်းတို့လား...ကိုကိုအလှလေးနဲ့ကိုပြောမယ်။
ဒါမှမဟုတ်...မင်းရဲ့အချစ်ဆုံးကြီးမင်ဂျီမင်များ
လား။သူ့ကိုပြောရင်တော့ရမယ်ထင်တယ်။ "

ယွန်းဂီက မျိုးစေ့လေးအကြောင်းစနောက်သလို
ပြောတော့ ထယ်ယောင်းမှာလည်းရယ်ရင်းဖြင့်
ယွန်းဂီရဲ့အကြောက်ရဆုံးသောသူကိုစနောက်
နေပြန်သည်။

ထယ်ယောင်းနဲ့ယွန်းဂီစကားပြောရင်း ကူးလေးက
ရေချိုးခန်းထဲမှထွက်လာသည်။ကူးလေးမောင့်ကို
ကြည့်ရင်း ခေါင်းအသွင်သွင်ခါရမ်းမိသည်။စိတ်
မကောင်းဖြစ်သွားတဲ့မောင်က ကူးရောက်လာမှ
အဝတ်အစားလဲချင်နေပုံပင်။အခုဆိုရယ်ပြီးလို့
ဖုန်းတောင်ပြောနေတာမျိုး။ဒါကြောင့်ကူးက
မောင့်အနားသွားရင်း ဖုန်းကိုဆွဲယူလိုက်သည်။

" အသက်.... "

" ဪ...ယွန်းဂီနဲ့ပြောနေတာလား။မနက်၆နာရီ
တောင်ရှိနေပြီလေ။အလုပ်မသွားရရင်တောင်
ပြန်အိပ်ပေါ့။ယွန်းဂီဘက်က ဖုန်းဆက်နေတော့
ငါ့ကလေးလေး အိပ်ရေးပျက်တယ်။ဖုန်းချလိုက်
ပြီနော်။ "

ကူးလေးက ယွန်းဂီတောင်စကားပြန်မပြောရဘဲ
ဖုန်းချလိုက်ပြီးစားပွဲပေါ်တင်လိုက်ကာ ဆိုဖာပေါ်ထိုင်နေသည့်ထယ်ယောင်းကို လက်ပိုက်လို့မျက်
ဝန်းဝိုင်းတွေနဲ့ ခပ်စူးစူးကြည့်သည်။

" အခုချိန်ထိ အဝတ်အစားလဲမရသေးတဲ့အထိ
ငါ့ကိုစိတ်ကောက်နေတာလား ကင်မ်ထယ်ယောင်း။
ကလေးလေး...ကူးမကြိုက်ဘူးနော်။ကလေးလေး
အဲ့လိုတွေအရွဲ့တိုက်ရင် ကူးမကြိုက်ဘူး။ "

ကူးကဆူသလိုစကားပြောတော့ ထယ်ယောင်းက
ရွှေရောင်ဆံပင်တို့အားရေခါလိုက်ရင်း ပြန်ပြော
သည်။မျက်မှောင်ကလည်းကြုံ့လို့။

" မောင့်ကိုသားက ဒယ်ဒီလို့ခေါ်လိုက်တာလေ။
မောင်ပျော်လို့ သားကိုမြှောက်လိုက်မိတာ။သားက
ပျော်နေတာပဲကို။ "

" ဒါကအန္တရာယ်များတယ် ကလေးလေးရဲ့။
သားကငယ်သေးတယ်။တော်ကြာမောင်ကသတိ
မထားမိတဲ့အချိန် ပြုတ်ကျသွားရင်ဘယ်လိုလုပ်
မှာလဲ။ "

ကူးက စိတ်တိုနေတာမို့စိတ်မထိန်းဘဲနည်းနည်းအော်ပြောလိုက်သည်။သည်တော့ ထယ်ယောင်းမှာ
ကူးထက်တောင် ပိုအရိပ်အယောင်ထင်းသွားပြီး
သက်ပြင်းတွေချည်းချနေသည်။

" အသက်က တအားတွေဗျာ။မောင့်ကိုကြတော့
ပြုတ်ကျမယ်။ဟိုမင်ဂယူဆိုတဲ့လူကနိုင်ငံခြား
မသွားခင်ထည်းက သွားတွေ့ကြတော့ဟိုက
သားကိုစနောက်သလိုမြှောက်ဆော့နေတာကြတော့ ကိုကိုအလှလေးကပြုံးကြည့်နေတာမလား။ "

ထယ်ယောင်းရဲ့စကားကြောင့် ကူးလေးမှာမျက်ဝန်းဝိုင်းလေးတွေဖြင့် ပိုကြည့်လာသည်။
အဲ့နေ့က မင်ဂယူကမြှောက်ဆော့နေတာမဟုတ်ပါ။
အဲ့လိုအပြင်ထွက်တာတောင်လိုက်ကြည့်နေတာပဲ။

" ပန်းဆိုင်ထဲကနေ အစ်ကိုဂျီမင်နဲ့ထွက်လာပြီး
သားကိုခေါ်ပြီး မင်ဂယူကိုသွားတွေ့တယ်။ဒီမှာက
ဘာမှမဟုတ်တဲ့ကောင်က မြတ်နိုးရတဲ့သားအဖကို
ထိခိုက်မှာဆိုးလို့ လိုက်စောင့်ကြည့်ရတာ။သူကကြ
မသိရင် သက်ဆိုင်နေသေးတဲ့သူတွေကြနေတာပဲ။
ပျော်နေကြတာ။ "

ထယ်ယောင်းက ကူးလေးတို့ကိုစိတ်မချလွန်းလို့
ယောင်းဝူကိုကြည့်ခိုင်းရုံတင်မက သူကိုယ်တိုင်
လိုက်ကြည့်နေတာ။သူ့ကိုတောင်တွေ့ကြောင်း
မပြောပြတဲ့အပြင် ပျော်တောင်ပျော်နေကြသေး
တာ။အစ်ကိုဂျီမင်တောင်ဘေးဘက်မှာ သူပုံစံနဲ့သူ
နေတက်တာ။ကလေးတောင်ရှိတဲ့အသက်ကတော့
နီးနီးကပ်ကပ်ရှိနေတာ။

" မဟုတ်ဘူးလေ ကလေးလေးရဲ့။အဲ့တုန်းက
ကလေးလေးက အရေးကြီးကိစ္စကြောင့်ဒယ်ဂူဘက်သွားနေရတာ ကူးသိတယ်လေ။ဒါကြောင့်
ကလေးလေး--- "

" အဲ...အင့်...အူဝါး...ဝါး... "

ထယ်ယောင်းကိုရှင်းပြရင်းမှ ကူးလေးကအသံတွေ
ကျယ်လာတာကြောင့် အိပ်နေသည့်မျိုးစေ့လေးမှာ
ဒယ်ဒီနဲ့ပါးပါး ရန်ဖြစ်တဲ့အသံကိုနားလည်တာမို့
ငိုသံလေးပေးလာသည်။ကူးကတော့ သားအနား
အမြန်သွားပြီးပွေ့ချီလိုက်ရင်း ထယ်ယောင်းအနား
ပြန်လျှောက်လာသည်။

" မောင်ကလည်း ကူးကိုစိတ်မဆိုးပါနဲ့တော့။ကူးက
အဲ့နေ့က ကလေးလေးကိုမပြောတာကလည်း
ကလေးလေးအလုပ်တွေများနေတာလေ။ပြီးတော့
ဂျီဂျီလည်းပါတာပဲ။အတွေးများစရာမလိုဘူး။ "

" ပ...ပ...အင့်...ဟင့်... "

ကူးလေးက လက်ထဲကသူ့သားကိုချော့နေရင်းမှ
ထယ်ယောင်းကိုလည်း ပြန်ရှင်းပြရသည်။အဲ့နေ့က
ဒယ်ဂူကိုအလုပ်ကိစ္စနဲ့သွားနေတဲ့မောင့်ကြောင့်
မပြောတော့ဘဲ အပြင်ထွက်နေတာ။ဒါကိုမောင်က
တွေ့သွားသည်တဲ့လား။ဒါကြောင့်ပြန်ရောက်တုန်းကစိတ်မကောင်းမျက်နှာနဲ့ကြည့်ပြီးမေ့ထားတာ
လား။

" အခုထိ မောင်ကအသုံးမဝင်တဲ့ကောင်လိုပဲ။
ကလေးတစ်ယောက်ရနေပြီ။ဘာမှတောင်လည်း
မတိုင်ပင်ဘဲ လျှောက်လုပ်တယ်။ပြီးရင်သူတို့ဖြစ်
လို့ မနေနိုင်တာလည်းဒီကောင်ပဲ။ဒါကိုသိရဲ့နဲ့
ချော့လို့ရတယ်ဆိုပြီး ကလေးလေးနဲ့လာပြောတယ်။လက်ထပ်ထားတာတောင် ဂယူမှဂယူဖြစ်
နေတာ။ "

" ကလေးလေး အဲ့လိုအရွဲ့မတိုက်ရဘူးလေ။
အဲ့နေ့က မောင်မျက်နှာပျက်နေမှန်းသိတော့
ကူးလည်း အလုပ်ကြောင့်ထင်ပြီးငြိမ်နေတာပါ။ "

ထယ်ယောင်းစကားတွေကို ပြန်ဖြေရှင်းရင်းဖြင့်
ကူးလေးဟာ မျက်ဝန်းဝိုင်းလေးတွေမှမျက်ရည်
လေးတွေစီးဆင်းလာသည်။ထယ်ယောင်းက
ကူးရဲ့မျက်ရည်တွေကို မြင်ရတာကသူ့ရင်ကို
နာကျင်စေသည်။ဒါပေမဲ့ သူ့ကိုမပြောပြဘဲ
လုပ်သမျှကိုထယ်ယောင်းနားလည်ပေးခဲ့တာ။
အခုကြတော့ မင်ဂယူနဲ့ကိစ္စအထိတောင်လေ။

" ဒယ်...ဒယ်ဒီ...အဲ...အင့်... "

ထယ်ယောင်းတို့စကားပြောတာ တိတ်သွားရင်း
ကူးလေးလက်ထဲရှိသားက ထယ်ယောင်းအား
ကြည့်ကာ ခေါ်နေတာဖြစ်သည်။ထယ်ယောင်း
ခပ်ယေးယေးပြုံးပြီး သူ့သားပါးဖောင်းလေးကို
နမ်းလိုက်ရင်း စကားဆိုသည်။

" မွ...ဒယ်ဒီ့သားလေး ဆက်အိပ်တော့ဗျာ။ဒယ်ဒီက
အလုပ်သွားလိုက်ဦးမယ်။ "

" မောင်...ဒီနေ့အလုပ်နားရက်လေ။အလုပ်မသွားနဲ့လေ။ "

ကူးလေးကပြောတာတောင် ဂရုမစိုက်ဘဲကူးထုတ်
ပေးသည့်အဝတ်စားတွေကို တစ်ချက်မှတောင်
လှည့်မကြည့်သွားဘဲ အဝတ်လဲခန်းထဲဝင်သွား
သည်။ကူးကတော့ ထိုအပြုအမူကြောင့်စိတ်
မကောင်းဖြစ်သွားသည်။တစ်ခါမှသူထုတ်ပေးတာကိုမငြင်းသည့်မောင်က ငြင်းသွားသေးသည်။

ထယ်ယောင်း Suitအပြည့်ဝတ်ပြီးထွက်လာတော့
ကူးလေးက ဘေးနားအိပ်ယာဘေးရပ်နေသည့်
မောင့်အနားကိုလာကာ ချော့သေးသည်။

" ကလေးလေးကြိုက်တဲ့ဟင်း ကူးဒီနေ့ချက်ကျွေးမယ်နော်။သားလေးကိုချီပါဦး။မျိုးစေ့လေးက
သူ့ဒယ်ဒီချီတာခံချင်တာ။ "

ချော့ရင်းမှထယ်ယောင်းရှေ့ ချိုလိမ်လေးစို့နေတဲ့
သားကိုကမ်းပေးသည်။သူ့ကိုမျက်ဝန်းဝိုင်းတွေနဲ့
ကြည့်နေသည့်သားကိုတော့ ပါးဖောင်းလေးကို
နမ်းသွားပြီး ကူးကိုတော့မနမ်းဘဲထွက်သွားသည်။

" ကလေးလေး...မသွားပါနဲ့လား။ကလေးလေးကို
ကူးကတောင်းပန်ပါတယ်။ "

ကူးလေးက မျိုးစေ့လေးကိုအိပ်ယာခဏချထားရင်း ထယ်ယောင်းအနားကိုလျှောက်လာပြီးဖက်
လိုက်သည်။ထယ်ယောင်းတကယ်စိတ်မကောင်း
ဖြစ်ပေမဲ့လည်း ကိုကိုအလှလေးကသူ့ကိုတောင်
သတိမရဘဲပျော်နေတာကိုမြင်ရတော့ သူမကျေ
နပ်နိုင်ဘူး။ဒုတိယလူလိုတောင်ခံစားရတာ။

" မောင် ဒုတိယလူမဖြစ်ချင်ဘူးအသက်။
တောင်းပန်ပါတယ်။မောင်အလုပ်သွားနေရင်
ဒီကိစ္စကို သိပ်မတွေးမိတော့ဘူး။ဟိုမှာ...
မင်ဂယူဆိုပြီးဖုန်းလာနေတယ်။ကိုင်လိုက်ပါ။ "

ထိုသို့ပြောကာ မောင်ကမျက်နှာပျက်သွားပြီး
ထွက်သွားသည်။ကူးကတော့ မောင့်ကိုချော့မရ
တော့တာမို့ စိတ်မကောင်းဖြစ်မိသွားရင်းဖုန်းကို
ကြည့်တော့ မင်ဂယူမဟုတ်သည့်ဂျီမင်ထံမှဖြစ်
သည်။သဝန်တွေတိုပြီး အမြင်တွေတောင်လွဲသွား
သည်အထိ။

ကူးဖုန်းကိုမကိုင်ဘဲ မောင်အတွက်ကူးထုတ်ပေး
ထားသည့်အဝတ်စားတွေကို မောင်ကမဝတ်ဘဲထားခဲ့တာမို့ စိတ်မကောင်းဖြစ်မိသည်။ကူးက
လည်းမှားပါသည်။မောင်က စိတ်မချတက်လို့
အရာရာတိုင်း ကြိုပြောဖို့မှာတာကိုမေ့ပြီးမပြော
တာထက် မောင်အလုပ်ရှုပ်မှာဆိုးလို့အကြိမ်ပေါင်း
မပြောခဲ့ဘူး။ဒါကြောင့်မောင်က စိတ်မကောင်း
ပိုဖြစ်သွားတာမျိုး။

- - - - -

မောင်ဘက်က ကူးကိုစကားမပြောတာသုံးရက်
နီးပါရှိပြီ။ကူးဘက်က တစ်ခြားနည်းတွေနဲ့
ချော့ပြီး မောင့်ကိုတိုင်ပင်တော့လည်းမောင်က
ရွဲ့သလိုစကားဆိုသည်။'အရင်ထည်းကလည်း
မောင့်ကိုမတိုင်ပင်ပဲလုပ်သလိုလုပ်ပေါ့'တဲ့။

အိမ်ပြန်လာတော့လည်း ကူးထက်သားကိုဘဲ
စကားပြောပြီးအလေးပေးသည်။မောင်တို့သွား
နေကြBarကိုလိုက်လာတော့လည်း မောင်က
စိတ်ဆိုးပါသေးသည်။

အိမ်ရောက်တော့လည်းစကားမပြောဘဲ ငြိမ်နေ
တက်သေးတာ။ကူးထက်သားအနားမှာ နေသည်။ကူးကအလုပ်ဝိုင်းကူလုပ်ပေးရင်တောင် ငြိမ်နေတက်သည်။ကူးကအနမ်းတောင်ရင်တောင်
ပေးပြီးထွက်ထွက်သွားတာ။ကူးကစားချင်တာလေးပြောလိုက်ရင်တောင် မောင်ကဝယ်လာပေး
တက်ပါသေးသည်။ချစ်စရာလည်းကောင်းပါ့။

" သခင်လေးကူး...သွားနားနေပါလား။ဦးလေးတို့
လုပ်လိုက်ပါ့မယ်။ "

ကူးလေးက ကူးရဲ့ကလေးလေးအိမ်ပြန်လာရင်စားဖို့ဆိုပြီး ဟင်းတွေအများကြီးချက်နေတာဖြစ်၏။
ကူညီပေးမယ်ဆိုတာကိုလည်း လက်မခံဘူး။

သခင်လေးထယ်သာသိရင် သူတို့ကိုဆူမှာသေချာ
ပါသည်။သခင်လေးထယ်ကိုချော့ချင်တယ်ဆိုပြီး
မျိုးစေ့လေးကိုတောင် ထိုင်ကွင်းထဲထည့်ထားကာ
လာချက်နေတာဖြစ်သည်။

" ပ...ပ...ပ...အဲ...ဘူး...ဘူး... "

ကူးဟင်းချက်ပြီးလို့ လက်ကိုသန့်စင်နေရင်းမှမျိုးစေ့လေးကထိုင်ကွင်းလေးထဲထိုင်လို့လမ်းလျှောက်ရင်း သူ့ပါးပါးရှိရာနေရာကို ရောက်လာသည်။

" အိုက်ဂူး...ပါးပါးသားလေးက ပါးပါးနားကိုလျှောက်လာတာလား။ဒယ်ဒီလာရင်လည်းအဲ့လို
လေးကြိုလိုက်နော်။သားဒယ်ဒီက ပျော်သွားမှာ။ "

ကူးလေးက ဟင်းတွေချက်ပြီးလို့လက်ကိုဆေးကာ
လက်ကိုသေချာပြောင်အောင်သုတ်နေရင်းမှ
ကူးရဲ့ခြေထောက်နားမှာရှိနေတဲ့ မျိုးစေ့လေးကို
ငုံ့ကြည့်ရင်းပြောတော့ မျိုးစေ့လေးကပြုံးပြီး
သူဒယ်ဒီနာမည်ကိုခေါ်နေတာဖြစ်သည်။

" ဒယ်ဒီ...ဒယ်ဒယ်...ဒီ..ခစ်..ခစ်... "

မျိုးစေ့လေးက ထိုင်ကွင်းလေးထဲမှလက်သေး
သေးလေးနှစ်ဖက်အား အသံမြည်အောင်
လက်ခုပ်လေးတီးကာ ပျော်နေတော့သည်။

ကူးမှာအသည်းယားနေတာမို့ ပါးဖောင်းလေးကို
ခပ်ဖွဖွနမ်းလိုက်ပြီး လမ်းလျှောက်ကျင့်သလိုဖြင့်
ဧည့်ခန်းဘက်ကိုခေါ်တော့ လမ်းလျှောက်လို့
လိုက်လာသည်။

တီ~ တီ~

ကူးတို့သားအဖ ဧည့်ခန်းမှာထယ်ယောင်းကိုစောင့်
နေရင်း ခြံထဲမှမောင်က ကားသံပေးလာတာမို့
ကူးထရပ်လိုက်ရင်း သားကပါထိုင်ကွင်းထဲမှ
အသံတွေပေးကာ တံခါးနားကိုသွားသည်။

" ပ...ပ...ဒယ်ဒီ...ဒယ်ဒယ်...အဲ... "

မောင်ကအိမ်ထဲဝင်လာတော့ လက်ထဲမှာသားဖို့
အရုပ်ထုတ်ကြီးပါလာသည်။ကူးအတွက်တော့
Pizzaဝယ်လာခဲ့သည်လေ။ဘယ်လောက်ပဲကူးကို
စကားမပြောပါစေ စားချင်တာတော့ဝယ်ပေး၏။

" ဟား...ဒယ်ဒီ့သားလေး။ဒယ်ဒီသားအကြိုက်
လင်းပိုင်အရုပ်လေးဝယ်လာပေးတယ်။အသက်...
အသက်အတွက် မောင်ကSefood pizzaဝယ်
လာတယ်။စားပြီးအားရှိအောင်နေ။ "

မောင်ကသားကိုပွေ့ထားရင်းမှ ကူးဘက်ကိုကြည့်
လာပြီးပြောသည်။ကူးသဘောကျတာမို့ပြုံးရင်း
မောင့်အနားကိုကပ်ကာ ခြေဖျားထောက်လို့
မောင့်ပါးကိုနမ်းတော့ မောင်ကခါးကိုဖက်လာ၏။

" မွ...ကျေးဇူးပဲနော်ကလေးလေး။ "

ကူးလေးကနမ်းတော့ ထယ်ယောင်းလည်းကူးရဲ့
ပါးဖောင်းလေးကို ပြန်နမ်းလိုက်သည်။ပြီးမှ
သားကိုထိုင်ကွင်းလေးထဲ ပြန်ထိုင်စေရင်းဖြင့်
အိမ်တော်ထိန်းကို ခဏစောင့်ကြည့်ခိုင်းသည်။

သားကိုကာပြီး ခဏစောင့်ကြည့်စေလို့ကူးလေးကို
မင်းသမီးလေးအလား ပွေ့မချီလိုက်ကာအခန်းထဲ
ခေါ်လာခဲ့သည်။ကူးလည်း အခုမှမောင့်ကိုကပ်ရ
တာမို့ ကူးလေးမောင့်လည်တိုင်ကိုသိုင်းဖက်လို့
ကပ်ပါလာခဲ့သည်။

အပေါ်ကိုရောက်တော့ မောင်ကကူးလေးကိုဆိုဖာ
ပေါ်ချပေးလိုက်ကာ မောင်ကကူးလေးရှေ့ထိုင်ချ
သည်။ကူးကတော့ ထယ်ယောင်းလုပ်သမျှကို
မျက်ဝန်းလေးတွေဝိုင်းလို့ ကြည့်နေသည်။ဒါကို
ထယ်ယောင်းက ကူးလက်လေးတွေအားနမ်းလို့
ပြောလာသည်။

" မောင့်အသက်...မောင်ကတောင်းပန်ပါတယ်။
မောင်ကပဲအသက်ကို အရှုံးပေးပါတယ်ကွာ။
မောင်က သဝန်တိုတာမဟုတ်ပါဘူး။အသက်ကို
ချစ်လွန်းလို့ စိတ်ပူတာတွေများပြီးမောင့်က
ရောပြီးစိတ်တိုမိသွားတာ။မောင့်ကိုခွင့်လွှတ်ပါ။
မောင်က အသက်ကိုစိတ်ညစ်စေအောင်လုပ်မိပါ
တယ်။မောင့်ကိုခွင့်လွှတ်ပေးပါ။ "

ထယ်ယောင်းက ကူးလေးကိုတောင်းပန်စကား
ဆိုနေတာကြောင့် ကူးလေးမှာပျော်နေတာမို့
ပြုံးလိုက်ကာထယ်ယောင်းပေါ်ထိုင်ပြီးတင်းကျပ်
စွာဖက်ထားတော့ကာ စကားဆိုသည်။

" ဟင့်...ငါ့ကလေးလေးကိုအရမ်းချစ်တာ။
ကလေးလေး..ငါ့ကိုစကားမပြောတုန်းကငါ့ရင်ထဲ
အရမ်းနာကျင်နေတာ။ကလေးလေးကဆိုးတယ်။ "

" ဟား...ဟုတ်ပါတယ်ဗျာ။မောင်ကဆိုးတယ်။
မောင့်ကိုအများကြီးပြန်ဆိုးလိုက်။မောင်က
အများကြီးတောင်းပန်ပါတယ်ဗျာ။ "

ထယ်ယောင်းက ကူးလေးရဲ့ပွေ့ဖက်တာကိုလွမ်း
နေတာမို့ တင်းနေအောင်ဖက်ထားကာဖြင့်ကူးရဲ့
လည်တိုင်ဖွေးဖွေးလေးကို ဖက်နမ်းနေသည်။

" အသက်...မောင့်အသက်မျက်လုံးလေးခဏမှိတ်ထားပါလား။မောင်ပေးစရာရှိတယ်။ "

ထယ်ယောင်းစကားကြောင့် ကူးလေးကခေါင်းငြိမ့်
လို့မျက်ဝန်းတွေကို ခဏမှိတ်ချလိုက်သည်။သည်တော့ထယ်ယောင်းမှာ ကူးလေးမျက်ဝန်းမှိတ်တာ
ကြောင့်ပြုံးလိုက်ရင်း အိတ်ကပ်ထဲကဘူးလေးကို
ထုတ်လိုက်သည်။

ထိုဘူးလေးထဲတွင်တော့ ကူးလေးအတွက်
ဆွဲကြိုလေးလုပ်ပေးလာတာမို့ ထုတ်လိုက်ကာ
သူ့အသက်ရဲ့လည်တိုင်မှာ ဆွဲကြိုးလေးဆွဲပေး
လိုက်သည်။ဒါတောင်ဆံပင်ကောက်လေးတွေနဲ့
မညှိအောင် လုပ်ပေးလိုက်ရသည်။

ကူးကတော့ ထယ်ယောင်းရဲ့အထိအတွေ့တွေကို
သတိထားမိတာကြောင့် မျက်လုံးတွေမှိတ်ထားရင်း
ပြုံးနေတာဖြစ်သည်။

" မောင့်ရဲ့လှလှလေး မျက်လုံးဖွင့်လို့ရပါပြီဗျ။
မောင့်အသက်အတွက် ချော့တဲ့အနေနဲ့လက်ဆောင်
ပေးလိုက်ပါတယ်ဗျာ။ "

" အယ်...မောင်ရယ်။ဆွဲကြိုးလေးကလှရောပဲ။
ကူးသဘောကျတယ်လို့။အင့်...မောင်ရယ်...။
မောင်က ကူးကိုတောင်တအားချစ်ပေးတာပဲ။ "

ထယ်ယောင်းက ကူးလေးရဲ့လည်တိုင်မှာဆွဲကြိုး
ဝတ်ပေးလိုက်တာဖြစ်သည်။ဆွဲကြိုးလေးက
Heartကြားထဲမှ ယုန်ပုံလေးဖြစ်သည်။ကူးကို
ရည်ရွယ်ပြီးယုန်လေးထည့်ထားတာမို့တအား
လှသည်။

ကူးအံ့ဩနေတုန်းမောင်က သူ့ရှပ်ကြားကဆွဲကြိုးကိုထုတ်ပြလာသည်။ကူးလိုပဲHeartကြားထဲမှ
ကျားပုံလေးထိုးထားတဲ့ပုံစံလေးဖြစ်သည်။
ကူးပျော်လွန်းလို့ ထယ်ယောင်းနှုတ်ခမ်းကို
နမ်းလိုက်သည်။ထယ်ယောင်းဆိုကူးရဲ့နှုတ်ခမ်းကိုအလွတ်မပေးဘဲ နမ်းရှိုက်နေတာဖြစ်သည်။

အရမ်းပျော်သည်လေ။မောင်နဲ့ပြန်အဆင်ပြေတာမို့
ကူးလေးပျော်ပါသည်။ထို့အတူထယ်ယောင်းပါ
ကူးနဲ့ပြန်အဆင်ပြေတာမို့ ပျော်ပါသည်။ဘာမှ
မဟုတ်ဘဲ အတွေးတိမ်မှုတွေကြောင့်သူထပ်ပြီး
ကိုကိုအလှလေးကို စိတ်ညစ်မခံတော့ဘူး။

" အသက်...မောင့်အသက်ကိုအများကြီး
မြတ်နိုးပြီးချစ်တယ်။ "

" ကလေးလေးကိုလည်း အများကြီးချစ်တယ်။ "

အနမ်းတို့ရပ်တန့်လိုက်ကြပြီး ထယ်ယောင်းက
ကူးကိုသူ့ရင်ခွင်ထဲထည့်လိုက်ကာ စကားဆို၏။
ကူးကတော့ လွမ်းနေရတဲ့ရင်ခွင်မို့ငြိမ်နေရင်းမှ
ရင်အုပ်ကိုနမ်းလိုက်ရင်းဖြေပါသည်။

- - - - -

သည်နေ့တော့ ကူးလေးတို့ကုမ္ပဏီကိုအတူရောက်
နေကြတာဖြစ်သည်။ကူးလေးကသားကိုနို့ဘူးထိန်း
ကိုင်လို့စို့စေကာ မျိုးစေ့လေးအိပ်ဖို့ရန်ချော့နေ၏။
မောင်က အရေးကြီးဧည့်သည်တွေနဲ့နမ်ဂျွန်တို့
ဟိုတယ်မှာတွေ့ဖို့ရှိတာမို့ ထွက်သွားကြသည်။

" ပ...ပ...တား...တား...အဲ... "

မျိုးစေ့လေးက မအိပ်သေးဘူး။ဘယ်လောက်ပဲ
အိပ်ဖို့ချောချော့ မိအိပ်သေးဘဲစကားဆိုသည်။
သားကတော့မအိပ်သေးပေမဲ့ ကူးကတော့
မောင့်ကိုကူလုပ်ပေးဖို့ အလုပ်တွေရှိတာမို့
အဆိုးလေးကို မနည်းသိပ်ရသည်။

" အာအာ...စကားတွေအများကြီးပြောနေတာပဲ။
ပါးပါးသားလေး ဘာတွေပြောသလဲဆိုတာပါးပါး
သိပါတယ်နော်။ "

မအိပ်သေးတဲ့မျိုးစေ့လေးကိုသိပ်ရင်း အပြင်မှ
အခန်းတံခါးခေါက်သံကြားတာမို့ ဆိုဖာပေါ်
ထိုင်ချကာ သားကိုပွေ့ရင်းမေးလိုက်သည်။

" ဘယ်သူတွေလဲ... "

" သခင်လေး ကျွန်တော်တို့ကသခင်လေးထယ်
လွှတ်လိုက်တဲ့ သန့်ရှင်းရေးသမားပါ။ရှင်းစရာ
လေးရှိတယ်ဆိုပြီးပြောထားလို့ ကျွန်တော်တို့
လာခဲ့တာပါ။ "

ကူးလေးကမေးတော့ အပြင်ဘက်မှပြန်ဖြေသည့်
အသံကြောင့် ကူးလေးအနည်းငယ်တော့စိတ်ထဲ
ထင့်သွားသည်။သို့သော်လည်း ကုမ္ပဏီကလူတွေ
အများကြီးရှိတာ။အစောင့်တွေကအခုချိန်မောင့်
နောက်လိုက်သွားကြရတာမို့ ရှိမနေဘူး။ပြီးတော့
မောင့်ရုံးခန်းက လုံခြုံပါသေးသည်။

" ဝင်လာခဲ့ပါနော်။ "

ကူးလေးရဲ့စကားသံအဆုံး အခန်းတံခါးကပွင့်လာ
ခဲ့သည်။ကူးလေးကတော့ အခန်းတံခါးဘက်ကို
ကျောပေးထားတာဖြစ်သည်။

" ကျေးဇူးပါနော်။ကူးတို့အခန်းက သားရဲ့အရုပ်--
အု! "

" ပ...အဲ...အင့်... "

ကူးလေးကျောပေးထားရင်း စကားပြောနေတော့
အနောက်ကနေ ကူးရဲ့ပါးစပ်ကိုအဝတ်စဖြူဖြင့်
ပိတ်လိုက်တာမို့ ကူးမျက်လုံးတွေပြာတက်သွား
သည်။မျက်နှာမမူထားတာမို့ ဘယ်နှစ်ယောက်ဝင်လာလဲမသိလိုက်ဘူး။သို့ပေမဲ့ မျက်လုံးမမှိတ်ခင်
မြင်လိုက်ရတာက သူ့ကိုပြုံးပြနေတဲ့လီယမ့်ကိုဖြစ်
ပြီးနောက် ကူးမေ့လဲကျသွားသည်။

" အူဝါး...ဝါး...ပ...ပ... "

ကူးကအနောက်ဆိုဖာကိုမှီပြီး မေ့မြောသွားတော့
မျိုစေ့လေးကငိုရင်းပါးပါးဆိုပြီး ခေါ်နေသည်။
ကူးလေးကတော့မသိတော့ပါ။မေ့မြောနေတာမို့။
လီယမ်ကတော့ ကူးရဲ့ခြေထောက်ကိုကန်ရင်း
စကားဆိုသည်။

" အိုအို...မောင့်ချစ်ချစ်ကြီးက လဲကျသွားပြီပဲ။
အို...ဒီဘက်ကမကောင်းဆိုးဝါးလေးကပါးပါးကို
ခေါ်နေတာပဲ။မင်းပါးပါးက မင်းနဲ့ဝေးရမှာ။
လာခဲ့ပါဦး။ကိုကိုလီယမ်က ချီချင်လို့ပါ။ "

" ပ...ပ...အီး...အင့်....အူးဝါး...ဝါး... "

လီယမ်က မျိုးစေ့လေးကိုကောက်ချီတော့
မျိုးစေ့လေးက သူ့ပါးပါးနားကိုသွားချင်တာမို့
ကော့ထိုးလန်ပြီးငိုတော့သည်။လီယမ်ကတော့
ကလေးရဲ့ပါးစပ်ကိုအဝတ်စဖြင့်ပိတ်ချလိုက်တာမို့
ကလေးကပါးစပ်ထဲ ဝူးဝူးဝါးဝါးဖြစ်ကုန်သည်။

" ပါးစပ်ပိတ်ထား။အခုထည်းက အသက်ရှုပိတ်ပြီး
သေသွားလည်းရတယ်။အဖေရောသားရောကို
သတ်ဖို့အစီစဥ်ကရှိပြီးသား။အဖေကတော့
အမြည်းအစားခံရပြီးမှ သတ်ရမှာပေါ့။ "

" ဝူး...ဝါး...ဝူး...ပ... "

လီယမ်က မျိုးစေ့လေးကိုပွေ့ထားရင်းပြောကာ
ပြုံးလိုက်သည်။အတော်ပျော်သည်။သည်နေ့က
မကောင်းဆိုးဝါးတွေကို အပျောက်ဖျောက်ဖို့
နေဖြစ်တာကြောင့် သူပျော်သည်လေ။

" Sir.Liam ကျွန်တော်တို့သူ့အဖေကိုဘယ်လို
လုပ်လိုက်ရမလဲ။Sir.Jimmyရှိပို့ပေးရမှာမလား။ "

ကူးကိုမေ့ဆေးအုပ်လိုက်သည့် သန့်ရှင်းသမားက
လီယမ့်ရဲ့မန်နေဂျာဖြစ်တာမို့ မေးတော့သည်။
လီယမ်က ခပ်ယေးယေးပြုံးပြီးထိုသူအား
ခေါင်းငြိမ့်ပြတော့သည်။

" ငါ့အကိုကဒီကောင်ကို သဘောကျနေတာ။
သူနဲ့ပို့ပေးလိုက်ပေါ့။ကပြားလေးတောင်မှထပ်ရ
လာမလားပဲ။သူလေးကတော့ အိုအို...ငိုရင်းငိုရင်း
လက်လေးတွေတောင် ငြိမ်ကြသွားတာပဲ။သေများ
သွားပြီလား။ဒါဆိုတွေ့ကရာချထားပေးရုံပေါ့။
သွားရအောင် Jack "

" Yeah! Sir.Liam "

လီယမ်က မျိုးစေ့လေးကိုချီရင်းထွက်သွားတော့
Jackဆိုသည့်အမျိုးသားက ကူးလေးအားပွေ့
ချီကာ ပါလာသည့်သန့်ရှင်းရေးပစ္စည်းတွေထားတဲ့
ကြားထဲညှပ်ထည့်လိုက်ကာအပြင်ကိုခေါ်ယူလာ
ခဲ့သည်လေ။

သူမသိလိုက်တာက ကူးလေးရဲ့လက်ကအဝတ်စတို့အုပ်ထားသည့်ကြားမှ ဖွက်ထားလို့တောင်မရဘဲ
ထွက်ပေါ်လာခဲ့သည်။

" နင်တို့နှစ်ယောက်ကလည်း လာစမ်းပါဟယ်။
ဥက္ကဌမရှိတုန်းလေး ဂျောင်ကူးလေးနဲ့အပင်ပေါက်
လေးကိုသွားကြည့်ရအောင်။နင်တို့လည်းတွေ့ချင်
တယ်ဆို။ "

" အေးပါ..လာနေပါတယ်။ဂျောင်ဟွန်းရာလာပါ
ကွာ။မင်းလည်းမျိုးစေ့လေးကိုတွေ့ချင်တယ်လို့
ပြောတယ်မလား။ "

" အင်းပါ...ငါလိုက်လာပါတယ်။ "

ယွန်းဟယ်နဲ့ဂျွန်ဆော့ကဦးဆောင်လို့ မျိုးစေ့လေးကိုတွေ့ဖို့ရန်အဖြစ်သွားတော့ ဂျောင်ဟွန်းကပါ
လိုက်ချင်တယ်ဆိုလို့ ခေါ်လာခဲ့သည်။သည်နေ့
အပျိုကြီးမမယူရီက ရုံးမလာတာမို့မပါခဲ့ဘူး။

သူတို့က ကူးလေးရဲ့VIPဧည့်သည်တွေလိုပဲမို့
အချိန်ပြည့်လာတွေ့လို့ရသော်လည်း ထယ်ယောင်း
ရှိနေရင်တော့ လာမတွေကြပါ။ထယ်ယောင်းက
သူ့သားနဲ့သူ့ကူးလေးကို အရမ်းသည်းကဲတာမို့
ထိတာမျိုးတောင် သဘောမတွေ့တာပါ။

" မျိုးစေ့လေး... "

ဂျွန်ဆော့တို့ Elevatorမှတက်လာခဲ့ကြရင်း
အထွက်နားရောက်တော့ မျိုးစေ့လေးကိုပိုက်
ထားသည့် လီယမ့်ကိုတွေ့ပြီးဘေးဘက်မှာတော့
သန့်ရှင်းရေးသမားတစ်ယောက်ကိုတွေ့လို့
ယွန်းဟယ်မှခေါ်လိုက်သည်။လီယမ်ကတော့
လန့်သွားတာဖြစ်သည်။

မျိုးစေ့လေးရဲ့ပါးစပ်ထဲမှာ အဝတ်စဖြူကိုထိုး
ထည့်ထားတာမို့ မျိုးစေ့လေးကလှုပ်တောင်မလှုပ်
တော့တာမျိုးဖြစ်သည်။ဂျွန်ဆော့တို့လည်း
ကြောင်ကြည့်မိသလို လီယမ်နဲ့သူ့တပည့်ကပါ
ကြောင်ကြည့်နေမိကြသည်။

ယွန်းဟယ်ကလက်သွက်တာမို့ သန့်ရှင်းရေးသမားအုပ်ထားတဲ့ ပစ္စည်းနေရာကိုဖွင့်ချလိုက်တာ။
ပေါ်ထွက်လာတာက သန့်ရှင်ရေးပစ္စည်းတွေကြားမှ
မေ့လဲနေသည့်ကူးကူးလေးဖြစ်သည်။

" ဂျောင်ကူးလေး... "

ယွန်းဟယ်ကခေါ်ရင်း ကူးလေးကိုလှုပ်နိုးနေတာမို့
ထို့အတူ လီယမ့်ရဲ့မန်နေဂျာကအမြန်ပင်ယွန်း
ဟယ်ကိုတွန်းထုတ်ကာဖြင့် လီယမ့်ကိုဆင်းပြေး
ခိုင်းသည်။

" Sir.Liam ဒီလှေကားကနေဆင်းပြေးတော့
ကျွန်တော်သူတို့ကိုရှင်းပြီး လာခဲ့မယ်။ "

" အင်း... "

လီယမ်က ကလေးကိုပိုက်ပြီးပြေးဆင်းသွားတာမို့
ဂျွန်ဆော့က ပြေးလိုက်ဖို့လုပ်သည်။ထိုသည်ကို
မန်နေဂျာမှ ဂျွန်ဆော့ကိုလှမ်းဆွဲတားတာမို့
ဂျောင်ဟွန်းက ချုပ်ဖက်ထားကာပြောသည်။

" ဂျွန်ဆော့!သွားတော့။မျိုးစေ့လေးကိုရအောင်ပြန်
ခေါ်လာခဲ့။ငါနဲ့ယွန်းဟယ်က ဒီကောင်ကိုထိန်းချုပ်
ထားလိုက်မယ်။သွား...မြန်မြန်... "

ဂျောင်ဟွန်းက ကူးလေးကိုဖမ်းထားသည့်မန်နေဂျာရဲ့တစ်ကိုယ်လုံးကိုချုပ်ထားပြီး လက်ကိုပါနောက်
လှန်ချိုးလို့ နံရံကပ်ထားသည်။ယွန်းဟယ်ကတော့
ဖြည်းဖြည်းချင်းထရင်း ကူးလေးကိုသွားနှိုးနေ
သည်။

" ယွန်းဟယ်...ဂျောင်ကူးလေးကိုမနှိုးနဲ့။ရဲကိုတိုင်။
ရဲကိုချက်ချင်းအကြောင်းကြားလိုက်။ပြီးရင်
ဂျီမင်ကိုဖုန်းဆက်လိုက်။ဒါဆိုဥက္ကဌသိလိမ့်မယ်။ "

" အင်း...ငါလုပ်လိုက်မယ်။ "

ယွန်းဟယ်က ကူးလေးကိုမနှိုးတော့ဘဲ ရဲကိုဖုန်း
ဆက်အကြောင်းကြားလိုက်သည်။ပြီးတော့မှ
ဂျီမင့်ကိုဖုန်းခေါ်လိုက်တော့မှ အသည်းအသန်
ပိုဖြစ်သွားတာမျိုး။

တစ်ဖက်ကလီယမ်မှာတော့ Emergency Exitမှ
ထွက်ရန်အတွက် လှေကားကနေဆင်းရင်းဖြင့်
ကလေးပါးစပ်ထဲမှ အဝတ်စကိုဆွဲထုတ်ရင်း
နှုတ်မှလည်း တတွတ်တွတ်ရွတ်ဆိုနေမိသည်။

" တောက်!ငါကြံမယ်ဆိုတိုင်း အဖျက်တွေကပေါ်
ပေါ်လာတယ်။အခုတော့မရတော့ဘူး။ဒီကလေးက
သေကိုသေရမှာ။မင်းကိုငါက ကားနဲ့ကိုတိုက်ခိုင်း
မှာ။လီယမ်က မင်းတို့သားအဖထံမှာမရှုံးဘူး။ "

" လီယမ်!ကလေးကို ဒုက္ခပေးစရာမရှိဘူး။
ငါတို့မျိုးစေ့လေးကို ပြန်ပေးစမ်း။ "

လီယမ်က လှေကားတစ်ထစ်ချင်းစီဆင်းတိုင်း
ရယ်နေသည်။ဂျွန်ဆော့က လီယမ့်နောက်လိုက်ပြီး
ကလေးကိုပြန်ခေါ်ရမည်။ကလေးကြောင့်တော့
ဂျောင်ကူးလေးကို ထပ်ပြီးစိတ်မရူးစေရဘူး။
ဂျောင်ကူးလေးက သူတို့ညီအငယ်ဆုံးလေးပဲမို့
ဒီလိုတော့ထပ်အဖြစ်မခံနိုင်ဘူး။

" မပေးနိုင်ဘူး။ငါကသူ့အဖေနဲ့သူ့သားကိုပါ
သတ်မှာ။ငါကအကို့ကိုရအောင်ယူမှာ။ "

" လီယမ်...ကလေးပြုတ်ကျမယ်။တောက်! "

ဂျွန်ဆော့က အနောက်ကနေလိုက်ရင်းအော်ပြီး
ကလေးကိုလည်း သတိထားရသေးသည်။
ကလေးပြုတ်ကျမှာဆိုးတာကြောင့် ပိုသတိ
ထားရမှာဖြစ်သည်။

- - - - -

တစ်ဖက်ကထယ်ယောင်းဆိုသည်လည်း ကူးတို့
အကြောင်းကြားထည်းက ရှယ်ယာရှင်တွေနဲ့
တွေ့နေတာကိုဖျက်လို့ အပြေးလာကြသည်။
နမ်ဂျွန်ရော၊ဟိုဆော့အပါအဝင် ယွန်းဂီကတော့
ကုမ္ပဏီကိုသာတန်းသွားတော့သည်။

" ယောင်းဝူ!!မင်းမြန်မြန်မောင်းစမ်းကွာ။အသက်တို့ကို ငါစိတ်ပူလှပြီ။ "

ထယ်ယောင်းမှာ အရမ်းစိတ်ပူနေတာကြောင့်
စိတ်တွေလှုပ်ရှားပြီး ကားမမောင်းနိုင်တာမို့
ယောင်းဝူကမောင်းပေးသည်။သူကိုကသာ
မှားတာ။ဒီလောက်ထိ ယွန်းဂီသတိပေးထားရဲ့နဲ့
သူကသတိလက်လွတ်ဖြစ်ကာ ကူးလေးတို့ကို
အစောင့်တွေနဲ့မထားဖြစ်ခဲ့ဘူး။အခုတော့
နောင်တရသည်ထက်ဆိုးသည်။

" ဆရာ...ကျွန်တော်လည်းမောင်းနေပါတယ်။
ဆရာ့အပိုင်နဲ့ဘုရင်လေး ဘာမှမဖြစ်စေရပါဘူး။ "

ယောင်းဝူက ထိုသို့ပြောကာမြန်မြန်မောင်းလို့
ကူးလေးတို့ အန္တရာယ်ကင်းဖို့အတွက်သာတွေးရင်း
ကားတစ်စီးတိုင်းကိုကျော်တက်လို မြန်မြန်မောင်းခဲ့သည်။

" ကူးလေး...ထပါဦး။ဂျောင်ကူးလေး... "

ဂျီမင်ရောယွန်းဂီပါရောက်နေတာမို့ အခန်းထဲရှိ
ကူးလေးကို ဝိုင်းနှိုးနေကြသည်။ဂျွန်ဆော့က
လှမ်းဖုန်းဆက်သေးသည်။လီယမ်ကနေရာပတ်လို့
နေရာတစ်ခုထဲဝင်ပုန်းနေတာမို့ ရှာရက်ခက်သွား
သည်တဲ့။ဒါကြောင့်ယွန်းဂီသွားမှဖြစ်တော့မည်။

" အစ်ကိုကူး...ထပါဦး။ကျွန်တော်ယွန်းဂီပါ။
မဖြစ်တော့ဘူး။ရေနဲ့ပတ်မှဖြစ်တော့မယ်။
မင်ဂျီမင် သူ့ကိုရေနဲ့ပတ်လိုက်။ကိုယ်ဂျွန်ဆော့
တို့နောက်လိုက်မယ်။ဟိုကောင်က ကလေးကို
ပတ်ခေါ်သွားမှာဆိုးတယ်။ "

" အင်း... "

ယွန်းဂီထသွားတော့ ဂျီမင်ကဆက်နှိုးနေသည်။
လက်ထဲရေအနည်းငယ်လောင်းထည့်ကာ ကူးရဲ့
မျက်နှာကိုပတ်လိုက်တော့ ယောင်သလိုဖြင့်ထ
လာတာဖြစ်သည်။

" ဟင်း...သား...သားလေး...သားလေး... "

" ကူးလေး...ငါတို့သွားရမယ်။မျိုးစေ့လေးကို
လိုက်ရှာရမယ်။ဟိုကောင်ကလေးကိုပတ်ခေါ်ပြီး
ပုန်းနေတာရှာမတွေ့ဘူးတဲ့။ဂျွန်ဆော့လိုက်တာ
ဂျွန်ဆော့ကိုမျက်ခြေဖျက်ပြီးပုန်းနေတာတဲ့။ "

" သား...ပါးပါးသားလေး... "

ဂျီမင်စကားအဆုံးကူးလေးက သူ့သားစိတ်ဖြင့်
အပြင်ကိုပြေးထွက်သွားပြန်သည်။ကူးအရင်လို
ဖြစ်မှာဆိုးလို့ ယွန်းဂီကတားခဲ့သည်ကိုအခုတော့
ကူးလေးကပြေးထွက်သွားတာမို့ ဂျီမင်ပါလိုက်ရ
တော့သည်။

" ငါတို့လွတ်ပြီ။ဟေ့..မကောင်းဆိုးဝါးလေး
သေနေပြီလား။အခုထက်ထိမန်ုးသေးဘူးနော်။
ဟေ့ကလေး...ထစမ်း။ထစမ်းလို့ဆို။ "

" အငိ့...ဝါး...ပါး... "

လီယမ်က ဂျွန်ဆော့ကိုမျက်ခြေဖျက်ကာဖြင့်
ကားပါကင်နေရာသို့ရောက်လာခဲ့ကြသည်။
ကားတွေကြားထဲ ပြေးပုန်းဖို့အကြံရတာမို့
ဂျွန်ဆော့ဆိုတဲ့ကောင်ကို ထမင်းစားရာကန်တင်း
ထဲခေါ်ကာ မျက်ခြေဖျက်လိုက်သည်။

" ငိုလာပြီပဲ။ငိုစမ်း။မင်းလိုမကောင်းဆိုးဝါးက
မင်းအဖေလိုပဲရုပ်နဲ့။ငို...မင်းကိုပါငါသတ်မှာ။
မင်းပြီးရင်တော့ မင်းအဖေကိုငါရအောင်လုပ်မှာ။
ဟား....ဟား.... "

" အင့်....ပ...ပ...ပ...ပ...ဟင့်... "

မျိုးစေ့လေးက ပါးစပ်ထဲအဝတ်ဖြူစလုံးထည့်
ထားခံရတာမို့ ငိုသံတောင်ကျယ်ကျယ်မထွက်နိူင်ဘဲမောသည့်အရှိန်ကြောင့် လန့်ကာရှိုက်သံတွေ
ထွက်တော့သည်။

" မင်းကဒီမှာကိုး။လီယမ်...ကလေးကိုပေး။ "

ကလေးငိုသံကိုကြားလို့လာရှာသည့်ဂျွန်ဆော့က
ကလေးအသံကြောင့် နေရာကိုအတပ်သိသွား၏။
ဂျွန်ဆော့က ကလေးကိုတောင်းတာတောင်
သူ့ကိုတောင်တိုက်ထုတ်ပြီး ပြန်ပြေးထွက်သွား
တာမို့ မနည်းလိုက်ဖမ်းရသည်။မျိုးစေ့လေးက
ငိုပြီးပါသွားတာမို့ ဂျွန်ဆော့စိတ်မကောင်းဘူး။
သူတို့အသုံးမကျလို့သာ။

ကားပါကင်ထဲမှ ကလေးပိုက်ကာပြေးအမြန်ပြေးထွက်ပြီး လမ်းမပေါ်ရောက်နေပြီမို့ဂျွန်ဆော့က
ကလေးကိုလှမ်းဆွဲယူလိုက်တော့ လီယမ်ကပါ
ကလေးကိုပြန်မပေးဘဲ ဆွဲလုတော့ကလေးက
လီယမ်ရော ဂျွန်ဆော့ကြားထဲညှပ်လို့။

" အင့်...ပ...ပ...ဒယ်.... "

မျိုးစေ့လေးက အသံတောင်သေးသေးလေးသာ
ထွက်ပြီး သူ့အဖေနှစ်ယောက်နာမည်ကိုခေါ်နေတာ
မို့ ဂျွန်ဆော့လုထားရင်းမှ ကလေးကိုအားနာပေမဲ့
အားပါပါဆွဲချလိုက်ဖို့လုပ်ရတော့မည်။လူတွေဆို
သူတို့ကိုဝိုင်းကြည့်ကြလို့။

တီ! တီ! တီ!

ဂျွန်ဆော့နဲ့လီယမ်က ကလေးကိုလုနေကြရင်း
လမ်းမပေါ်ကသူတို့နေလမ်းကြောင်းကကုန်တင်
ကားလာနေသည့်လမ်းကြောင်းဖြစ်တာမို့ ဟွန်းသံ
ပေးလာပါသည်။

" ဟိုခွေးကောင်လီယမ်! "

" ပါးပါးသားလေး... "

ထယ်ယောင်းကလည်း ကုမ္ပဏီကိုရောက်လာပြီမို့
ကားထဲမှအမြန်ထွက်လာပြီး လီယမ်တိုနားလာ
ရင်းကူးလေးဆိုလည်း ကုမ္ပဏီထဲမှထွက်လာကာ
ဂျွန်ဆော့တို့နားပြေးလာသည်။

တီ! တီ! တီ!

ကားဟွန်းသံက အဆက်မပြတ်တီးနေရင်းသူတို့ကမဖယ်ဘဲကလေးကိုလုနေလို့ ကားကနီးကပ်လာ
သည်။ဂျွန်ဆော့က လီယမ့်ကိုကြည့်ကာလီယမ့်
ထက်ပိုသည့်အားဖြင့် တွန်းထုတ်လိုက်သည်။

ကလေးကိုဂျွန်ဆော့ကဆွဲဆောင့်ယူလိုက်တာ
ကြောင့် အားပါသွားကာ ဂျွန်ဆော့ကပလက်
ဖောင်းပေါ်ပုခုံးရိုးထောက်ကာပြုတ်ကျသွားပြီး
လမ်းမပေါ်ကိုပြုတ်ကျသွားတာက လီယမ်မို့
ကားအလာကိုတောင်မရှောင်မိဘဲကြောင်အံ့
နေမိသည်အထိ။

ကျွီ ~ ဒုန်း! ဘုန်း!

" ပါးပါးသားလေး... "

" မောင့်အသက်.... "

ကူးကသေချာမမြင်ရတာမို့ ကားတိုက်သံကြောင့်
လန့်ပြီးမေ့လဲသွားလို့ ထယ်ယောင်းကအပြေး
ရောက်လာပြီး ပွေ့လိုက်ကာခေါ်လိုက်ရသည်။

သို့ပေမဲ့တကယ်တမ်းကြ ကားတိုက်ခံရကာ
စုတ်ပြတ်သတ်စွာဖြစ်သွားသူက ဂျွန်ဆော့နဲ့
မျိုးစေ့လေးတို့မဟုတ်ပါဘဲ လီယမ်သာ
ဖြစ်နေခဲ့သည်လေ။

To be continued ~

ကိုကိုအလှလေး Updateကိုအများကြီးနောက်ကျ
သွားလို့ အားနာပါတယ်ဗျ။ဒီအပိုင်းပေါ့သွားရင်
အားနာပါတယ်ဗျ။နေအရမ်းပူတော့ချွေးထွက်ရင် စာကိုရေးဖို့မနည်းအာရုံစိုက်ရလို့ကြန့်ကြာသွားတာမို့ နားလည်ပေးကြပါဦး။

ပြီးတော့စိတ်မရှိဘူးဆိုရင် Updateနောက်ကျတာတောင်အားနေပေမဲ့လည်း ကျွန်တော်မရေးဖူးတာ
လေးထပ်tryကြည့်ချင်ပါတယ်။မေ့သွားမှာဆိုးလို့
ထုတ်ရေးချင်မိတာမို့ နားလည်ပေးပြီး
မျှော်ပေးပါဦးခင်ဗျ။

> >

#zawgyi

သည္ေန႔ေတာ့ ထယ္ေယာင္းပိုအလုပ္ရႈပ္ေနသည္။
မနက္၅နာရီခြဲသားကငိုေတာ့ ထယ္ေယာင္းကဘဲႏိုးေနတာမို႔ ေအာက္ပိုင္းသဘတ္ပတ္လို႔သားအတြက္
ႏို႔ကို Microwaveထဲေႏႊးရင္းႏို႔ဘူးျဖင့္တိုက္ရေတာ့မည္။အိပ္ခ်င္မူးတူးမို႔သားကိုခ်ီထားရင္းေတာင္ ယိုင္သြားေသးသည္။ညကအိပ္ေရး
ပ်က္ထားတာမို႔။

ညကကိုကိုအလွေလးနဲ႔အခ်ိန္ရတုန္း အတူေနျဖစ္
လိုက္ၾကတာေၾကာင့္ မနက္ေတာင္မိုးလင္းသြား၏။
ႏွစ္ေယာက္အတူသန္႔ရွင္းေရးလည္း မလုပ္လိုက္ရဘူး။ပင္ပန္းၿပီးအိပ္ေပ်ာ္သြားၾကတာ။

"  အြန္း..အဲ...ဒ...ဒ...ဂူး... "

ထယ္ေယာင္းက သူ႔သားကိုႏို႔ဘူးတိုက္ေပးရင္းမွ
အိပ္ခ်င္ေနတာေၾကာင့္ ႏို႔ဘူးကမ်ိဳးေစ့ေလးရဲ႕ပါးစပ္နဲ႔လြဲလြဲသြားတာမို႔ မ်ိဳးေစ့ေလးေအာ္သည္။

" အာအာ..ဒယ္ဒီေတာင္းပန္ပါတယ္ကြာ။ဒယ္ဒီ
အရမ္းအိပ္ခ်င္လို႔ပါကြာ။ "

" အဲ...အင့္....ဂူး...ဝါး...ဝါး... "

ထယ္ေယာင္းက ႏို႔ဘူးျပန္တိုက္ေပးေတာ့လည္း
မ်ိဳးေစ့ေလးကမေသာက္ဘူး။ထယ္ေယာင္းကို
ရစ္ကာငိုပါေတာ့သည္။ထယ္ေယာင္းမွာလည္း
သူ႔အသက္ကိုမႏိုးေစခ်င္တာမို႔ ကိုယ္တိုင္သာ
ေပြ႕ခ်ီၿပီးေခ်ာ့ေနရသည္။

" အာ...သားရာ။ဘာလို႔ငိုတာလဲကြာ။တိတ္တိတ္
ေလးေနေလ။ဪ...ဒယ္ဒီ့သားက အီးအီးေတြပါ
ထားတာပဲ။ဟုတ္ၿပီ။ဒယ္ဒီေဆးေပးမယ္။ "

ထယ္ေယာင္း ငိုေနသည့္သူ႔သားကိုတစ္ခ်က္ခ်ၿပီး
ေရခ်ိဳးခန္းထဲအေျပးဝင္ကာ ေရပူေရေအးစပ္လို႔
ဇလားထဲထည့္ၿပီးယူလာရသည္။မ်ိဳးေစ့ေလးက
မေဆးေပးမခ်င္းကို ေအာ္ေနပါသည္။ပါးပါးနဲ႔တူလို႔အသန္႔ႀကိဳက္သည္။

Wet Tissueဘူးကိုယူၿပီး မ်ိဳးေစ့ေလးကိုေပြ႕ခ်ီလို႔
သူတို႔အခန္းက မွန္စားပြဲအႏွီးေလးခင္းကာျဖင့္
လွဲေစၿပီး ဒိုက္ဘာခြၽတ္ေပးေတာ့ရယ္ျပန္သည္။
မ်က္ႏွာအမ်ိဳးမ်ိဳးလုပ္တက္တဲ့ မ်ိဳးေစ့ေလး။

" ခစ္...ခစ္....ဒ...ဒ... "

" ဒယ္ဒီ့လူဆိုးေလးက ဒယ္ဒီ့ကိုစေနတာပဲကြာ။ "

ထယ္ေယာင္းက မ်ိဳးေစ့ေလးဝတ္ထားသည့္
ဒိုက္ဘာကိုခြၽတ္ေပးရင္းမွ ရယ္ရင္းေျပာသည္။
အိပ္ခ်င္ေနေသာ္ျငာလည္း သူ႔သားေရွ႕ေတာ့
မ်က္လုံးေတြကို တက္ႏိုင္သမွ်ဖြင့္ထား၏။

ထယ္ေယာင္းက မ်ိဳးေစ့ေလးရဲ႕ဒိုက္ဘာကိုလဲလို႔
ပုံးထဲထည့္လႊင့္ပစ္လိုက္သည္။အသစ္ကိုမလဲခင္
ေရေႏႊးျဖင့္သန္႔ရွင္းေပးေတာ့ သေဘာေတြက်ၿပီး
ရယ္ေနေသးသည္။ထယ္ေယာင္းလည္း သူ႔သား
မ်ိဳးေစ့ေလးကို အသည္းယားလို႔ ပါးေဖာင္းကို
နမ္းေတာ့ မ်ိဳးေစ့ေလးကတံေတြးေတြျဖင့္
ထယ္ေယာင္းရဲ႕ပါးကို ကိုင္ေတာ့သည္။

ထယ္ေယာင္းက မ်ိဳးေစ့ေလးကိုေရေႏႊးျဖင့္ေဆးေပးကာ ေနရမခက္ေအာင္ေပါင္ဒါပုတ္ေပးလို႔
ဒိုက္ဘာအသစ္ေလးျပန္လဲေပးၿပီး သူ႔သားပူမွာ
ဆိုးလို႔ အက်ႌပါးပါးေလးကိုေတာင္လဲေပးသည္။

" ခစ္...ခစ္...အင့္...ဒယ္ဒီ...ဒယ္ဒယ္... "

ထယ္ေယာင္းက မ်ိဳးေစ့ေလးကိုသန္႔ရွင္းေရးလုပ္
ၿပီးလို႔ အမႈိက္ပစ္ဖို႔ခဏထြက္သြားတာကိုငိုသံေလး
ေပးၿပီး လွမ္းေခၚသည္။ထယ္ေယာင္းေတာင္
အိပ္ခ်င္ေျပသြားသည္။သားကသူ႔ကိုပထမဆုံး
စကားေျပာလိုက္သည္တဲ့။အရင္ကဆို သူ႔ပါးပါး
နာမည္ပဲေခၚတက္တာ။ဒါေတာင္မပီေသး။အခုက
ပီပီသေသခၚလိုက္တာေၾကာင့္ ထယ္ေယာင္းေပ်ာ္ၿပီး သားအနားကိုေျပးသြားသည္။

" သား...ဒယ္ဒီ့ကိုဘယ္လိုေခၚလိုက္တာ။ဒယ္ဒီ့ကို
ျပန္ေခၚပါဦး။ဒယ္ဒီလို႔ေခၚလိုက္တာတဲ့ကြာ။မြ...
ဒယ္ဒီ့သားက ဒယ္ဒီလို႔ေခၚတာတဲ့။ "

" ခစ္...ခစ္...ဒယ္ဒီ...ခစ္... "

ထယ္ေယာင္းက သူ႔သားဒယ္ဒီေခၚတာကိုေပ်ာ္လို႔
မ်ိဳးေစ့ေလးကို တဖြဖြနမ္းၿပီးအေပၚေျမႇာက္ၿပီး
ေျပာေတာ့ မ်ိဳးေစ့ေလးကသူ႔ဒယ္ဒီသူ႔ကိုအေပၚ
ေျမႇာက္တာကိုေပ်ာ္ၿပီးရယ္ေတာ့သည္။

" ေမာင္!!သားကို အဲ့လိုေတြမေျမႇာက္နဲ႔ေလ။
ပါးပါးသားေလးရယ္...ပါးပါးလန္႔သြားတာပဲ။ "

မ်ိဳးေစ့ေလးက သူ႔ဒယ္ဒီေျမႇာက္ေပးတာကိုသေဘာက်တာေၾကာင့္ ႏွစ္ၿခိဳက္လို႔အက်ယ္ႀကီးရယ္သည္။ထိုသည္ကို အိပ္ေပ်ာ္ေနသည့္ကူးက
သားရဲ႕ရယ္သံက်ယ္က်ယ္ေၾကာင့္ ႏိုးလာတာမို႔
မ်က္လုံးဖြင့္ၾကည့္ေတာ့ ေမာင္ကသားကိုေျမႇာက္
ေဆာ့ေပးေနတာမို႔ ကူးေလးလန္႔သြားတာျဖစ္၏။

" ပ...ပ...အဲ... "

သားကိုကူးေလးခ်ီယူလိုက္ေပမဲ့လည္း သားက
သူ႔ဒယ္ဒီဘက္လက္လွမ္းၿပီး ထပ္လုပ္ေစခ်င္ေန
တာျဖစ္သည္။ကူးကေတာ့ တစ္ကိုယ္လုံးနာက်င္
ေနေသာ္လည္း ခုနကသားအေပၚေျမႇာက္ေနသည့္
ပုံစံေၾကာင့္လန္႔ၿပီး ထလာတာျဖစ္သည္။

" ေမာင္ေတာင္းပန္ပါတယ္။သား...သားကေပ်ာ္
ေနလို႔ပါ။ၿပီးေတာ့ေမာင္လည္း ေပ်ာ္သြားတာ။ "

" ေမာင္.... "

ကူးကူးေလးက သူ႔သားကိုစိတ္ပူလို႔ ဂ႐ုဏာေဒါသထြက္ကာေမာင့္ကိုေျပာလိုက္ေပမဲ့လည္း ေမာင္က
မ်က္ႏွာငယ္ေလးျဖင့္ကူးကိုၾကည့္လာတာေၾကာင့္
ကူးစိတ္မေကာင္းပါ။ကူးေခ်ာ့ဖို႔ရွိေသးေရခ်ိဳးခန္းထဲဝင္သြားတာေၾကာင့္ ကူးလက္ထဲကသားမွာ
သူ႔ဒယ္ဒီကိုၾကည့္ၿပီး ငိုေတာ့သည္။

" အင့္...ဒယ္ဒီ...ဒယ္ဒီ...အီးဟီး... "

" အယ္...ပါးပါးသားေလး စကားေျပာလိုက္တာလား။ဒယ္ဒီတဲ့လား။အာ...ဒါေၾကာင့္ကိုး။ "

သူ႔သားကငိုရင္း ေမာင့္ကိုေတာင္နာမည္ပီပီသသေခၚေနတာေၾကာင့္ ကူးေလးေတာင္အံ့အားသင့္
သြားၿပီး ေမာင္ဘာေၾကာင့္ေပ်ာ္သြားရလဲဆိုတာ
သိသြားေသးသည္။ေမာင့္ကို ခုနကဆူမိတာမို႔
ကူးလည္း စိတ္မေကာင္းဘူး။

မ်ိဳးေစ့ေလးကိုႏို႔ဘူးတိုက္ရင္း ေမာင္ထြက္အလာကိုေစာင့္ေနမိသည္။ေရခ်ိဳးခန္းထဲသာေရက်သံ
သာၾကားရသည္။ေမာင္ကေတာ့ ထြက္မလာေသး
ဘူး။မ်ိဳးေစ့ေလးကေတာ့ ကူးရဲ႕အသံေအးေအး
သီခ်င္းဆိုသံေလးေၾကာင့္ အိပ္ေပ်ာ္သြားတာမို႔
အိပ္ယာေပၚတင္ေပးလို႔ ပါးေဖာင္းေလးကိုနမ္းကာ
ေစာင္ၿခဳံေပးၿပီး ေရခ်ိဳးခန္းေရွ႕သြားသည္။

" ကေလးေလး...ေရခ်ိဳးေနတာၾကာတယ္ေနာ္။ "

မ်ိဳးေစ့ေလးႏိုးမွာဆိုးလို႔ တံခါးမေခါက္ဘဲအသံကို
ခပ္တိုးတိုးေခၚေတာ့ ေရက်သံေတြကရပ္သြားၿပီး
Bathtubထဲေရစပ္ေနသည့္အသံကိုသာၾကားလို႔
ကူးေလး ၿပဳံးမိေသးသည္။ဘယ္ေလာက္ပဲကူးကို
စိတ္ေကာက္ေနပါေစ ဂ႐ုစိုက္ဖို႔ကေတာ့မေမ့ေပ။

အတန္ၾကာေတာ့ Bathrobeနက္ျပာေရာင္ဝတ္ၿပီး
ေရစိုေနသည့္ေ႐ႊေရာင္ဆံပင္တို႔ကိုသဘတ္ျဖင့္သုတ္ရင္း ထြက္လာသည္။ကူးေလးကေတာ့
ေမာင့္အတြက္အဝတ္အစားထုတ္ေပးထားသည္။

" ကိုကိုအလွေလးအတြက္ ကိုယ္လက္ကိုက္ခဲတာ
သက္သာေအာင္ ေမာင္ေရေႏြးေႏြးေလးစပ္လာေပးတယ္။ျမန္ျမန္ေရခ်ိဳးလိုက္ေတာ့။ "

ထယ္ေယာင္းက ဆံပင္အားေရေျခာက္ေအာင္
သုတ္ရင္းေျပာေတာ့ ကူးေလးကထယ္ေယာင္း
အနားတိုးကပ္လာရင္း ေျခဖ်ားေထာက္လို႔
ထယ္ေယာင္းပါးျပင္ကို နမ္းသြားေသးသည္။

" ကေလးေလးအရမ္းလိမၼာတယ္။ကူးကိုခဏေလး
ေစာင့္ေနာ္။ခ်စ္တယ္...ကေလးေလး။ "

ထယ္ေယာင္းကိုေခ်ာ့နမ္းၿပီး ေရခ်ိဳးခန္းထဲဝင္သြားတာေၾကာင့္ ထယ္ေယာင္းခပ္ေယးေယးၿပဳံး
လိုက္ပါေသးသည္။စိတ္ေကာက္ဖို႔စဥ္းစားေပမဲ့
ကိုကိုအလွေလးက အမ်ားႀကီးေခ်ာ့ျပေနေတာ့
စိတ္ေတာင္မဆိုးရက္ေတာ့ဘူး။အရမ္းခ်စ္၏။

တင္မ္ ~ တင္မ္ ~ တင္မ္ ~

ထယ္ေယာင္း ဆံပင္ေတြကိုေရေျခာက္ေအာင္
သုတ္ေနရင္း စားပြဲေပၚမွသူ႔ဖုန္းကျမည္လာတာမို႔
အေရးႀကီးကိစၥမွန္းသိတာေၾကာင့္ ဖုန္းကိုယူၾကည့္
လိုက္ေတာ့ ယြန္းဂီေရာ၊ေယာင္းဝူေရာက စာပို႔ထား
ၾကတာျဖစ္သည္။

ေယာင္းဝူထံမွစာက အေရးႀကီးေသာစာျဖစ္တာမို႔
ထယ္ေယာင္းဖြင့္ၾကည့္ေတာ့ လီယမ္ဆိုတဲ့ေခြး
ေကာင္ရဲ႕ အေၾကာင္းေတြသာပါသည္။Videoႏွစ္ခုေတာင္ပို႔ထားသည္မို႔ ဖြင့္ၾကည့္လိုက္သည္။

ပထမVideoကအရင္တစ္ခါ သူ႔႐ုံးခန္းထဲဝင္ကာ
သူ႔ကုတ္အနက္ကို အနံ႔အသက္ရႈရႈိက္ေနသည့္
ပုံစံေၾကာင့္ ထယ္ေယာင္းမ်က္ေမွာင္ႀကဳံမိ၏။
ထပ္ၾကည့္ရင္း ကိုကိုအလွေလးကနားေနခန္းမွ
ထြက္လာၿပီး သုံးႏႈန္းလိုက္သည့္နာမည္နဲ႔စကား
ေၾကာင့္ ထယ္ေယာင္းမျပဳးဘဲမေနႏိုင္ေတာ့ဘူး။

Videoကိုဆက္လက္ၾကည့္ေတာ့ လီယမ့္စကား
ေၾကာင့္ ထယ္ေယာင္းေဒါသထြက္သြားကာ
လက္သီးကိုခပ္တင္းတင္းဆုပ္လိုက္ရင္းမွ
ကိုကိုအလွေလးကလည္း လီယမ့္ကိုပါးခ်လိုက္
တာျဖစ္သည္။တစ္ခါထည္းေတာင္မဟုတ္
ႏွစ္ခါေတာင္ျဖစ္သည္။

" ေမာင့္အသက္က ေတာ္လိုက္တာ။ "

ထယ္ေယာင္းသေဘာက်လို႔ ႏႈတ္ကေနေတာင္
ထုတ္ေျပာမိသည္။ကိုကိုအလွေလးက အရင္က
ပုံစံအစစ္မွန္ေလးေတြထြက္လာသည္။စေတြ႕တုန္း
ကလိုမ်ိဳး သူ႔အေပၚကိုေခ်ဖူးသလိုေခ်ခ်လိုက္တာ
ျဖစ္သည္။ဒါေလးကိုမွ ကင္မ္ထယ္ေယာင္းက
အမ်ားႀကီးခ်စ္ေနရၿပီးအခ်စ္ပိုေနရတာ။

ေနာက္ထပ္Videoတစ္ခုကေတာ့ လီယမ္က
ေကာ္ဖီဆိုင္တြင္ထိုင္ရင္း သူ႔ေရွ႕ဘက္နားရွိပန္းဆိုင္
ကိုၾကည့္ေနတာျဖစ္သည္။Bodyguardေတြႏွစ္
ေယာက္ရွိေနတာေတာင္ ပန္းဆိုင္ကထြက္လာတဲ့
ကိုကိုအလွေလးနဲ႔သူ႔သူငယ္ခ်င္းအစ္ကိုဂ်ီမင္ကိုပါ
ၾကည့္ေနတာမ်ိဳး။ဒီေကာင္တစ္ခုခုႀကံေနပုံပင္။

" ဟူး...ဒီေခြးေကာင္ ဘာေတြမ်ားႀကံေနတာလဲ။
အသက္ကို သတိထားမွျဖစ္ေတာ့မယ္။အသက္ကို
အႏၲရာယ္ေပးဖို႔လိုက္ေနတာ။ "

ထယ္ေယာင္း သက္ျပင္းရွည္ခ်လိုက္ရင္းယြန္းဂီပို႔
ထားသည့္စာကို ဖတ္ၾကည့္လိုက္သည္။ယြန္းဂီက
သူ႔ကိုဖုန္းေခၚဖို႔ ေျပာထားတာျဖစ္တာေၾကာင့္
ဖုန္းေခၚလိုက္ရသည္။

" ငါ့ကိုဖုန္းေခၚခိုင္းတာ ဘာကိစၥလဲ။ "

' ငါအခုလိုက္စုံစမ္းေနတာ။လီယမ္က မင္းရဲ႕ပိုင္ဆိုင္မႈေတြနဲ႔မွီေအာင္လို႔ ႀကံဖန္ေနတာေတြ႕လို႔။
ၿပီးေတာ့ အစ္ကိုကူးကိုမင္းမ်က္စိေအာက္က
အေပ်ာက္မခံဘဲေသခ်ာဂ႐ုစိုက္ထားဦး။ငါ့တပည့္
အစ္ကိုကူးကိုလုပ္ႀကံမဲ့ေကာင္ကို သတ္ထားတယ္။
ဟိုေကာင္ကမယုံရလို႔ မင္းသတိထားေနေတာ့။ '

ယြန္းဂီစကားတို႔ေၾကာင့္ ထယ္ေယာင္းမ်က္ေမွာင္
ပိုႀကဳံ႕မိသြားသည္။ဒီလီယမ္ဆိုတဲ့ေကာင္ကို
သူ႔ေပါ့ဆမိတာကိုမွားသည္။ဒီေကာင္ကလူေကာင္
သာေသးတာ၊ေတြးဆတဲ့အႀကံေပါင္းစုံကစုံေနတာ။

" အင္း...ေက်းဇူးပဲယြန္းဂီ။ငါ့အသက္ေတြကို
ေစာင့္ေရွာက္လိုက္ပါ့မယ္။ "

ထယ္ေယာင္းက သူမစိုတစိုျဖစ္ေနသည့္ဆံပင္ေတြကိုသပ္တင္လိုက္ရင္း ေျပာသည္။သည္ေတာ့
တစ္ဖက္ကယြန္းဂီမွာလည္း ရယ္လိုက္ရင္းမွ
စကားျပန္ဆက္သည္။

' အပင္ေပါက္ေရာ မေတြ႕တာၾကာၿပီ။ငါတို႔ေတြ႕တဲ့ေန႔ၾကတစ္ရက္ေလာက္ေခၚခဲ့ပါလား။ကေလးကို
ငါတို႔ဦးေလးသုံးေယာက္က ေသာက္ပုံေသာက္နည္းသင္ေပးခ်င္လို႔ပါ။ဟား...ဟား... '

" အခုမွ၁ႏွစ္ေတာင္မျပည့္ေသးတဲ့ ငါ့သားကို
မင္းတို႔လား...ကိုကိုအလွေလးနဲ႔ကိုေျပာမယ္။
ဒါမွမဟုတ္...မင္းရဲ႕အခ်စ္ဆုံးႀကီးမင္ဂ်ီမင္မ်ား
လား။သူ႔ကိုေျပာရင္ေတာ့ရမယ္ထင္တယ္။ "

ယြန္းဂီက မ်ိဳးေစ့ေလးအေၾကာင္းစေနာက္သလို
ေျပာေတာ့ ထယ္ေယာင္းမွာလည္းရယ္ရင္းျဖင့္
ယြန္းဂီရဲ႕အေၾကာက္ရဆုံးေသာသူကိုစေနာက္
ေနျပန္သည္။

ထယ္ေယာင္းနဲ႔ယြန္းဂီစကားေျပာရင္း ကူးေလးက
ေရခ်ိဳးခန္းထဲမွထြက္လာသည္။ကူးေလးေမာင့္ကို
ၾကည့္ရင္း ေခါင္းအသြင္သြင္ခါရမ္းမိသည္။စိတ္
မေကာင္းျဖစ္သြားတဲ့ေမာင္က ကူးေရာက္လာမွ
အဝတ္အစားလဲခ်င္ေနပုံပင္။အခုဆိုရယ္ၿပီးလို႔
ဖုန္းေတာင္ေျပာေနတာမ်ိဳး။ဒါေၾကာင့္ကူးက
ေမာင့္အနားသြားရင္း ဖုန္းကိုဆြဲယူလိုက္သည္။

" အသက္.... "

" ဪ...ယြန္းဂီနဲ႔ေျပာေနတာလား။မနက္၆နာရီ
ေတာင္ရွိေနၿပီေလ။အလုပ္မသြားရရင္ေတာင္
ျပန္အိပ္ေပါ့။ယြန္းဂီဘက္က ဖုန္းဆက္ေနေတာ့
ငါ့ကေလးေလး အိပ္ေရးပ်က္တယ္။ဖုန္းခ်လိုက္
ၿပီေနာ္။ "

ကူးေလးက ယြန္းဂီေတာင္စကားျပန္မေျပာရဘဲ
ဖုန္းခ်လိုက္ၿပီးစားပြဲေပၚတင္လိုက္ကာ ဆိုဖာေပၚထိုင္ေနသည့္ထယ္ေယာင္းကို လက္ပိုက္လို႔မ်က္
ဝန္းဝိုင္းေတြနဲ႔ ခပ္စူးစူးၾကည့္သည္။

" အခုခ်ိန္ထိ အဝတ္အစားလဲမရေသးတဲ့အထိ
ငါ့ကိုစိတ္ေကာက္ေနတာလား ကင္မ္ထယ္ေယာင္း။
ကေလးေလး...ကူးမႀကိဳက္ဘူးေနာ္။ကေလးေလး
အဲ့လိုေတြအ႐ြဲ႕တိုက္ရင္ ကူးမႀကိဳက္ဘူး။ "

ကူးကဆူသလိုစကားေျပာေတာ့ ထယ္ေယာင္းက
ေ႐ႊေရာင္ဆံပင္တို႔အားေရခါလိုက္ရင္း ျပန္ေျပာ
သည္။မ်က္ေမွာင္ကလည္းႀကဳံ႕လို႔။

" ေမာင့္ကိုသားက ဒယ္ဒီလို႔ေခၚလိုက္တာေလ။
ေမာင္ေပ်ာ္လို႔ သားကိုေျမႇာက္လိုက္မိတာ။သားက
ေပ်ာ္ေနတာပဲကို။ "

" ဒါကအႏၲရာယ္မ်ားတယ္ ကေလးေလးရဲ႕။
သားကငယ္ေသးတယ္။ေတာ္ၾကာေမာင္ကသတိ
မထားမိတဲ့အခ်ိန္ ျပဳတ္က်သြားရင္ဘယ္လိုလုပ္
မွာလဲ။ "

ကူးက စိတ္တိုေနတာမို႔စိတ္မထိန္းဘဲနည္းနည္းေအာ္ေျပာလိုက္သည္။သည္ေတာ့ ထယ္ေယာင္းမွာ
ကူးထက္ေတာင္ ပိုအရိပ္အေယာင္ထင္းသြားၿပီး
သက္ျပင္းေတြခ်ည္းခ်ေနသည္။

" အသက္က တအားေတြဗ်ာ။ေမာင့္ကိုၾကေတာ့
ျပဳတ္က်မယ္။ဟိုမင္ဂယူဆိုတဲ့လူကႏိုင္ငံျခား
မသြားခင္ထည္းက သြားေတြ႕ၾကေတာ့ဟိုက
သားကိုစေနာက္သလိုေျမႇာက္ေဆာ့ေနတာၾကေတာ့ ကိုကိုအလွေလးကၿပဳံးၾကည့္ေနတာမလား။ "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ကူးေလးမွာမ်က္ဝန္းဝိုင္းေလးေတြျဖင့္ ပိုၾကည့္လာသည္။
အဲ့ေန႔က မင္ဂယူကေျမႇာက္ေဆာ့ေနတာမဟုတ္ပါ။
အဲ့လိုအျပင္ထြက္တာေတာင္လိုက္ၾကည့္ေနတာပဲ။

" ပန္းဆိုင္ထဲကေန အစ္ကိုဂ်ီမင္နဲ႔ထြက္လာၿပီး
သားကိုေခၚၿပီး မင္ဂယူကိုသြားေတြ႕တယ္။ဒီမွာက
ဘာမွမဟုတ္တဲ့ေကာင္က ျမတ္ႏိုးရတဲ့သားအဖကို
ထိခိုက္မွာဆိုးလို႔ လိုက္ေစာင့္ၾကည့္ရတာ။သူကၾက
မသိရင္ သက္ဆိုင္ေနေသးတဲ့သူေတြၾကေနတာပဲ။
ေပ်ာ္ေနၾကတာ။ "

ထယ္ေယာင္းက ကူးေလးတို႔ကိုစိတ္မခ်လြန္းလို႔
ေယာင္းဝူကိုၾကည့္ခိုင္း႐ုံတင္မက သူကိုယ္တိုင္
လိုက္ၾကည့္ေနတာ။သူ႔ကိုေတာင္ေတြ႕ေၾကာင္း
မေျပာျပတဲ့အျပင္ ေပ်ာ္ေတာင္ေပ်ာ္ေနၾကေသး
တာ။အစ္ကိုဂ်ီမင္ေတာင္ေဘးဘက္မွာ သူပုံစံနဲ႔သူ
ေနတက္တာ။ကေလးေတာင္ရွိတဲ့အသက္ကေတာ့
နီးနီးကပ္ကပ္ရွိေနတာ။

" မဟုတ္ဘူးေလ ကေလးေလးရဲ႕။အဲ့တုန္းက
ကေလးေလးက အေရးႀကီးကိစၥေၾကာင့္ဒယ္ဂူဘက္သြားေနရတာ ကူးသိတယ္ေလ။ဒါေၾကာင့္
ကေလးေလး--- "

" အဲ...အင့္...အူဝါး...ဝါး... "

ထယ္ေယာင္းကိုရွင္းျပရင္းမွ ကူးေလးကအသံေတြ
က်ယ္လာတာေၾကာင့္ အိပ္ေနသည့္မ်ိဳးေစ့ေလးမွာ
ဒယ္ဒီနဲ႔ပါးပါး ရန္ျဖစ္တဲ့အသံကိုနားလည္တာမို႔
ငိုသံေလးေပးလာသည္။ကူးကေတာ့ သားအနား
အျမန္သြားၿပီးေပြ႕ခ်ီလိုက္ရင္း ထယ္ေယာင္းအနား
ျပန္ေလွ်ာက္လာသည္။

" ေမာင္ကလည္း ကူးကိုစိတ္မဆိုးပါနဲ႔ေတာ့။ကူးက
အဲ့ေန႔က ကေလးေလးကိုမေျပာတာကလည္း
ကေလးေလးအလုပ္ေတြမ်ားေနတာေလ။ၿပီးေတာ့
ဂ်ီဂ်ီလည္းပါတာပဲ။အေတြးမ်ားစရာမလိုဘူး။ "

" ပ...ပ...အင့္...ဟင့္... "

ကူးေလးက လက္ထဲကသူ႔သားကိုေခ်ာ့ေနရင္းမွ
ထယ္ေယာင္းကိုလည္း ျပန္ရွင္းျပရသည္။အဲ့ေန႔က
ဒယ္ဂူကိုအလုပ္ကိစၥနဲ႔သြားေနတဲ့ေမာင့္ေၾကာင့္
မေျပာေတာ့ဘဲ အျပင္ထြက္ေနတာ။ဒါကိုေမာင္က
ေတြ႕သြားသည္တဲ့လား။ဒါေၾကာင့္ျပန္ေရာက္တုန္းကစိတ္မေကာင္းမ်က္ႏွာနဲ႔ၾကည့္ၿပီးေမ့ထားတာ
လား။

" အခုထိ ေမာင္ကအသုံးမဝင္တဲ့ေကာင္လိုပဲ။
ကေလးတစ္ေယာက္ရေနၿပီ။ဘာမွေတာင္လည္း
မတိုင္ပင္ဘဲ ေလွ်ာက္လုပ္တယ္။ၿပီးရင္သူတို႔ျဖစ္
လို႔ မေနႏိုင္တာလည္းဒီေကာင္ပဲ။ဒါကိုသိရဲ႕နဲ႔
ေခ်ာ့လို႔ရတယ္ဆိုၿပီး ကေလးေလးနဲ႔လာေျပာတယ္။လက္ထပ္ထားတာေတာင္ ဂယူမွဂယူျဖစ္
ေနတာ။ "

" ကေလးေလး အဲ့လိုအ႐ြဲ႕မတိုက္ရဘူးေလ။
အဲ့ေန႔က ေမာင္မ်က္ႏွာပ်က္ေနမွန္းသိေတာ့
ကူးလည္း အလုပ္ေၾကာင့္ထင္ၿပီးၿငိမ္ေနတာပါ။ "

ထယ္ေယာင္းစကားေတြကို ျပန္ေျဖရွင္းရင္းျဖင့္
ကူးေလးဟာ မ်က္ဝန္းဝိုင္းေလးေတြမွမ်က္ရည္
ေလးေတြစီးဆင္းလာသည္။ထယ္ေယာင္းက
ကူးရဲ႕မ်က္ရည္ေတြကို ျမင္ရတာကသူ႔ရင္ကို
နာက်င္ေစသည္။ဒါေပမဲ့ သူ႔ကိုမေျပာျပဘဲ
လုပ္သမွ်ကိုထယ္ေယာင္းနားလည္ေပးခဲ့တာ။
အခုၾကေတာ့ မင္ဂယူနဲ႔ကိစၥအထိေတာင္ေလ။

" ဒယ္...ဒယ္ဒီ...အဲ...အင့္... "

ထယ္ေယာင္းတို႔စကားေျပာတာ တိတ္သြားရင္း
ကူးေလးလက္ထဲရွိသားက ထယ္ေယာင္းအား
ၾကည့္ကာ ေခၚေနတာျဖစ္သည္။ထယ္ေယာင္း
ခပ္ေယးေယးၿပဳံးၿပီး သူ႔သားပါးေဖာင္းေလးကို
နမ္းလိုက္ရင္း စကားဆိုသည္။

" မြ...ဒယ္ဒီ့သားေလး ဆက္အိပ္ေတာ့ဗ်ာ။ဒယ္ဒီက
အလုပ္သြားလိုက္ဦးမယ္။ "

" ေမာင္...ဒီေန႔အလုပ္နားရက္ေလ။အလုပ္မသြားနဲ႔ေလ။ "

ကူးေလးကေျပာတာေတာင္ ဂ႐ုမစိုက္ဘဲကူးထုတ္
ေပးသည့္အဝတ္စားေတြကို တစ္ခ်က္မွေတာင္
လွည့္မၾကည့္သြားဘဲ အဝတ္လဲခန္းထဲဝင္သြား
သည္။ကူးကေတာ့ ထိုအျပဳအမူေၾကာင့္စိတ္
မေကာင္းျဖစ္သြားသည္။တစ္ခါမွသူထုတ္ေပးတာကိုမျငင္းသည့္ေမာင္က ျငင္းသြားေသးသည္။

ထယ္ေယာင္း Suitအျပည့္ဝတ္ၿပီးထြက္လာေတာ့
ကူးေလးက ေဘးနားအိပ္ယာေဘးရပ္ေနသည့္
ေမာင့္အနားကိုလာကာ ေခ်ာ့ေသးသည္။

" ကေလးေလးႀကိဳက္တဲ့ဟင္း ကူးဒီေန႔ခ်က္ေကြၽးမယ္ေနာ္။သားေလးကိုခ်ီပါဦး။မ်ိဳးေစ့ေလးက
သူ႔ဒယ္ဒီခ်ီတာခံခ်င္တာ။ "

ေခ်ာ့ရင္းမွထယ္ေယာင္းေရွ႕ ခ်ိဳလိမ္ေလးစို႔ေနတဲ့
သားကိုကမ္းေပးသည္။သူ႔ကိုမ်က္ဝန္းဝိုင္းေတြနဲ႔
ၾကည့္ေနသည့္သားကိုေတာ့ ပါးေဖာင္းေလးကို
နမ္းသြားၿပီး ကူးကိုေတာ့မနမ္းဘဲထြက္သြားသည္။

" ကေလးေလး...မသြားပါနဲ႔လား။ကေလးေလးကို
ကူးကေတာင္းပန္ပါတယ္။ "

ကူးေလးက မ်ိဳးေစ့ေလးကိုအိပ္ယာခဏခ်ထားရင္း ထယ္ေယာင္းအနားကိုေလွ်ာက္လာၿပီးဖက္
လိုက္သည္။ထယ္ေယာင္းတကယ္စိတ္မေကာင္း
ျဖစ္ေပမဲ့လည္း ကိုကိုအလွေလးကသူ႔ကိုေတာင္
သတိမရဘဲေပ်ာ္ေနတာကိုျမင္ရေတာ့ သူမေက်
နပ္ႏိုင္ဘူး။ဒုတိယလူလိုေတာင္ခံစားရတာ။

" ေမာင္ ဒုတိယလူမျဖစ္ခ်င္ဘူးအသက္။
ေတာင္းပန္ပါတယ္။ေမာင္အလုပ္သြားေနရင္
ဒီကိစၥကို သိပ္မေတြးမိေတာ့ဘူး။ဟိုမွာ...
မင္ဂယူဆိုၿပီးဖုန္းလာေနတယ္။ကိုင္လိုက္ပါ။ "

ထိုသို႔ေျပာကာ ေမာင္ကမ်က္ႏွာပ်က္သြားၿပီး
ထြက္သြားသည္။ကူးကေတာ့ ေမာင့္ကိုေခ်ာ့မရ
ေတာ့တာမို႔ စိတ္မေကာင္းျဖစ္မိသြားရင္းဖုန္းကို
ၾကည့္ေတာ့ မင္ဂယူမဟုတ္သည့္ဂ်ီမင္ထံမွျဖစ္
သည္။သဝန္ေတြတိုၿပီး အျမင္ေတြေတာင္လြဲသြား
သည္အထိ။

ကူးဖုန္းကိုမကိုင္ဘဲ ေမာင္အတြက္ကူးထုတ္ေပး
ထားသည့္အဝတ္စားေတြကို ေမာင္ကမဝတ္ဘဲထားခဲ့တာမို႔ စိတ္မေကာင္းျဖစ္မိသည္။ကူးက
လည္းမွားပါသည္။ေမာင္က စိတ္မခ်တက္လို႔
အရာရာတိုင္း ႀကိဳေျပာဖို႔မွာတာကိုေမ့ၿပီးမေျပာ
တာထက္ ေမာင္အလုပ္ရႈပ္မွာဆိုးလို႔အႀကိမ္ေပါင္း
မေျပာခဲ့ဘူး။ဒါေၾကာင့္ေမာင္က စိတ္မေကာင္း
ပိုျဖစ္သြားတာမ်ိဳး။

- - - - -

ေမာင္ဘက္က ကူးကိုစကားမေျပာတာသုံးရက္
နီးပါရွိၿပီ။ကူးဘက္က တစ္ျခားနည္းေတြနဲ႔
ေခ်ာ့ၿပီး ေမာင့္ကိုတိုင္ပင္ေတာ့လည္းေမာင္က
႐ြဲ႕သလိုစကားဆိုသည္။'အရင္ထည္းကလည္း
ေမာင့္ကိုမတိုင္ပင္ပဲလုပ္သလိုလုပ္ေပါ့'တဲ့။

အိမ္ျပန္လာေတာ့လည္း ကူးထက္သားကိုဘဲ
စကားေျပာၿပီးအေလးေပးသည္။ေမာင္တို႔သြား
ေနၾကBarကိုလိုက္လာေတာ့လည္း ေမာင္က
စိတ္ဆိုးပါေသးသည္။

အိမ္ေရာက္ေတာ့လည္းစကားမေျပာဘဲ ၿငိမ္ေန
တက္ေသးတာ။ကူးထက္သားအနားမွာ ေနသည္။ကူးကအလုပ္ဝိုင္းကူလုပ္ေပးရင္ေတာင္ ၿငိမ္ေနတက္သည္။ကူးကအနမ္းေတာင္ရင္ေတာင္
ေပးၿပီးထြက္ထြက္သြားတာ။ကူးကစားခ်င္တာေလးေျပာလိုက္ရင္ေတာင္ ေမာင္ကဝယ္လာေပး
တက္ပါေသးသည္။ခ်စ္စရာလည္းေကာင္းပါ့။

" သခင္ေလးကူး...သြားနားေနပါလား။ဦးေလးတို႔
လုပ္လိုက္ပါ့မယ္။ "

ကူးေလးက ကူးရဲ႕ကေလးေလးအိမ္ျပန္လာရင္စားဖို႔ဆိုၿပီး ဟင္းေတြအမ်ားႀကီးခ်က္ေနတာျဖစ္၏။
ကူညီေပးမယ္ဆိုတာကိုလည္း လက္မခံဘူး။

သခင္ေလးထယ္သာသိရင္ သူတို႔ကိုဆူမွာေသခ်ာ
ပါသည္။သခင္ေလးထယ္ကိုေခ်ာ့ခ်င္တယ္ဆိုၿပီး
မ်ိဳးေစ့ေလးကိုေတာင္ ထိုင္ကြင္းထဲထည့္ထားကာ
လာခ်က္ေနတာျဖစ္သည္။

" ပ...ပ...ပ...အဲ...ဘူး...ဘူး... "

ကူးဟင္းခ်က္ၿပီးလို႔ လက္ကိုသန္႔စင္ေနရင္းမွမ်ိဳးေစ့ေလးကထိုင္ကြင္းေလးထဲထိုင္လို႔လမ္းေလွ်ာက္ရင္း သူ႔ပါးပါးရွိရာေနရာကို ေရာက္လာသည္။

" အိုက္ဂူး...ပါးပါးသားေလးက ပါးပါးနားကိုေလွ်ာက္လာတာလား။ဒယ္ဒီလာရင္လည္းအဲ့လို
ေလးႀကိဳလိုက္ေနာ္။သားဒယ္ဒီက ေပ်ာ္သြားမွာ။ "

ကူးေလးက ဟင္းေတြခ်က္ၿပီးလို႔လက္ကိုေဆးကာ
လက္ကိုေသခ်ာေျပာင္ေအာင္သုတ္ေနရင္းမွ
ကူးရဲ႕ေျခေထာက္နားမွာရွိေနတဲ့ မ်ိဳးေစ့ေလးကို
ငုံ႔ၾကည့္ရင္းေျပာေတာ့ မ်ိဳးေစ့ေလးကၿပဳံးၿပီး
သူဒယ္ဒီနာမည္ကိုေခၚေနတာျဖစ္သည္။

" ဒယ္ဒီ...ဒယ္ဒယ္...ဒီ..ခစ္..ခစ္... "

မ်ိဳးေစ့ေလးက ထိုင္ကြင္းေလးထဲမွလက္ေသး
ေသးေလးႏွစ္ဖက္အား အသံျမည္ေအာင္
လက္ခုပ္ေလးတီးကာ ေပ်ာ္ေနေတာ့သည္။

ကူးမွာအသည္းယားေနတာမို႔ ပါးေဖာင္းေလးကို
ခပ္ဖြဖြနမ္းလိုက္ၿပီး လမ္းေလွ်ာက္က်င့္သလိုျဖင့္
ဧည့္ခန္းဘက္ကိုေခၚေတာ့ လမ္းေလွ်ာက္လို႔
လိုက္လာသည္။

တီ~ တီ~

ကူးတို႔သားအဖ ဧည့္ခန္းမွာထယ္ေယာင္းကိုေစာင့္
ေနရင္း ၿခံထဲမွေမာင္က ကားသံေပးလာတာမို႔
ကူးထရပ္လိုက္ရင္း သားကပါထိုင္ကြင္းထဲမွ
အသံေတြေပးကာ တံခါးနားကိုသြားသည္။

" ပ...ပ...ဒယ္ဒီ...ဒယ္ဒယ္...အဲ... "

ေမာင္ကအိမ္ထဲဝင္လာေတာ့ လက္ထဲမွာသားဖို႔
အ႐ုပ္ထုတ္ႀကီးပါလာသည္။ကူးအတြက္ေတာ့
Pizzaဝယ္လာခဲ့သည္ေလ။ဘယ္ေလာက္ပဲကူးကို
စကားမေျပာပါေစ စားခ်င္တာေတာ့ဝယ္ေပး၏။

" ဟား...ဒယ္ဒီ့သားေလး။ဒယ္ဒီသားအႀကိဳက္
လင္းပိုင္အ႐ုပ္ေလးဝယ္လာေပးတယ္။အသက္...
အသက္အတြက္ ေမာင္ကSefood pizzaဝယ္
လာတယ္။စားၿပီးအားရွိေအာင္ေန။ "

ေမာင္ကသားကိုေပြ႕ထားရင္းမွ ကူးဘက္ကိုၾကည့္
လာၿပီးေျပာသည္။ကူးသေဘာက်တာမို႔ၿပဳံးရင္း
ေမာင့္အနားကိုကပ္ကာ ေျခဖ်ားေထာက္လို႔
ေမာင့္ပါးကိုနမ္းေတာ့ ေမာင္ကခါးကိုဖက္လာ၏။

" မြ...ေက်းဇူးပဲေနာ္ကေလးေလး။ "

ကူးေလးကနမ္းေတာ့ ထယ္ေယာင္းလည္းကူးရဲ႕
ပါးေဖာင္းေလးကို ျပန္နမ္းလိုက္သည္။ၿပီးမွ
သားကိုထိုင္ကြင္းေလးထဲ ျပန္ထိုင္ေစရင္းျဖင့္
အိမ္ေတာ္ထိန္းကို ခဏေစာင့္ၾကည့္ခိုင္းသည္။

သားကိုကာၿပီး ခဏေစာင့္ၾကည့္ေစလို႔ကူးေလးကို
မင္းသမီးေလးအလား ေပြ႕မခ်ီလိုက္ကာအခန္းထဲ
ေခၚလာခဲ့သည္။ကူးလည္း အခုမွေမာင့္ကိုကပ္ရ
တာမို႔ ကူးေလးေမာင့္လည္တိုင္ကိုသိုင္းဖက္လို႔
ကပ္ပါလာခဲ့သည္။

အေပၚကိုေရာက္ေတာ့ ေမာင္ကကူးေလးကိုဆိုဖာ
ေပၚခ်ေပးလိုက္ကာ ေမာင္ကကူးေလးေရွ႕ထိုင္ခ်
သည္။ကူးကေတာ့ ထယ္ေယာင္းလုပ္သမွ်ကို
မ်က္ဝန္းေလးေတြဝိုင္းလို႔ ၾကည့္ေနသည္။ဒါကို
ထယ္ေယာင္းက ကူးလက္ေလးေတြအားနမ္းလို႔
ေျပာလာသည္။

" ေမာင့္အသက္...ေမာင္ကေတာင္းပန္ပါတယ္။
ေမာင္ကပဲအသက္ကို အရႈံးေပးပါတယ္ကြာ။
ေမာင္က သဝန္တိုတာမဟုတ္ပါဘူး။အသက္ကို
ခ်စ္လြန္းလို႔ စိတ္ပူတာေတြမ်ားၿပီးေမာင့္က
ေရာၿပီးစိတ္တိုမိသြားတာ။ေမာင့္ကိုခြင့္လႊတ္ပါ။
ေမာင္က အသက္ကိုစိတ္ညစ္ေစေအာင္လုပ္မိပါ
တယ္။ေမာင့္ကိုခြင့္လႊတ္ေပးပါ။ "

ထယ္ေယာင္းက ကူးေလးကိုေတာင္းပန္စကား
ဆိုေနတာေၾကာင့္ ကူးေလးမွာေပ်ာ္ေနတာမို႔
ၿပဳံးလိုက္ကာထယ္ေယာင္းေပၚထိုင္ၿပီးတင္းက်ပ္
စြာဖက္ထားေတာ့ကာ စကားဆိုသည္။

" ဟင့္...ငါ့ကေလးေလးကိုအရမ္းခ်စ္တာ။
ကေလးေလး..ငါ့ကိုစကားမေျပာတုန္းကငါ့ရင္ထဲ
အရမ္းနာက်င္ေနတာ။ကေလးေလးကဆိုးတယ္။ "

" ဟား...ဟုတ္ပါတယ္ဗ်ာ။ေမာင္ကဆိုးတယ္။
ေမာင့္ကိုအမ်ားႀကီးျပန္ဆိုးလိုက္။ေမာင္က
အမ်ားႀကီးေတာင္းပန္ပါတယ္ဗ်ာ။ "

ထယ္ေယာင္းက ကူးေလးရဲ႕ေပြ႕ဖက္တာကိုလြမ္း
ေနတာမို႔ တင္းေနေအာင္ဖက္ထားကာျဖင့္ကူးရဲ႕
လည္တိုင္ေဖြးေဖြးေလးကို ဖက္နမ္းေနသည္။

" အသက္...ေမာင့္အသက္မ်က္လုံးေလးခဏမွိတ္ထားပါလား။ေမာင္ေပးစရာရွိတယ္။ "

ထယ္ေယာင္းစကားေၾကာင့္ ကူးေလးကေခါင္းၿငိမ့္
လို႔မ်က္ဝန္းေတြကို ခဏမွိတ္ခ်လိုက္သည္။သည္ေတာ့ထယ္ေယာင္းမွာ ကူးေလးမ်က္ဝန္းမွိတ္တာ
ေၾကာင့္ၿပဳံးလိုက္ရင္း အိတ္ကပ္ထဲကဘူးေလးကို
ထုတ္လိုက္သည္။

ထိုဘူးေလးထဲတြင္ေတာ့ ကူးေလးအတြက္
ဆြဲႀကိဳေလးလုပ္ေပးလာတာမို႔ ထုတ္လိုက္ကာ
သူ႔အသက္ရဲ႕လည္တိုင္မွာ ဆြဲႀကိဳးေလးဆြဲေပး
လိုက္သည္။ဒါေတာင္ဆံပင္ေကာက္ေလးေတြနဲ႔
မညႇိေအာင္ လုပ္ေပးလိုက္ရသည္။

ကူးကေတာ့ ထယ္ေယာင္းရဲ႕အထိအေတြ႕ေတြကို
သတိထားမိတာေၾကာင့္ မ်က္လုံးေတြမွိတ္ထားရင္း
ၿပဳံးေနတာျဖစ္သည္။

" ေမာင့္ရဲ႕လွလွေလး မ်က္လုံးဖြင့္လို႔ရပါၿပီဗ်။
ေမာင့္အသက္အတြက္ ေခ်ာ့တဲ့အေနနဲ႔လက္ေဆာင္
ေပးလိုက္ပါတယ္ဗ်ာ။ "

" အယ္...ေမာင္ရယ္။ဆြဲႀကိဳးေလးကလွေရာပဲ။
ကူးသေဘာက်တယ္လို႔။အင့္...ေမာင္ရယ္...။
ေမာင္က ကူးကိုေတာင္တအားခ်စ္ေပးတာပဲ။ "

ထယ္ေယာင္းက ကူးေလးရဲ႕လည္တိုင္မွာဆြဲႀကိဳး
ဝတ္ေပးလိုက္တာျဖစ္သည္။ဆြဲႀကိဳးေလးက
Heartၾကားထဲမွ ယုန္ပုံေလးျဖစ္သည္။ကူးကို
ရည္႐ြယ္ၿပီးယုန္ေလးထည့္ထားတာမို႔တအား
လွသည္။

ကူးအံ့ဩေနတုန္းေမာင္က သူ႔ရွပ္ၾကားကဆြဲႀကိဳးကိုထုတ္ျပလာသည္။ကူးလိုပဲHeartၾကားထဲမွ
က်ားပုံေလးထိုးထားတဲ့ပုံစံေလးျဖစ္သည္။
ကူးေပ်ာ္လြန္းလို႔ ထယ္ေယာင္းႏႈတ္ခမ္းကို
နမ္းလိုက္သည္။ထယ္ေယာင္းဆိုကူးရဲ႕ႏႈတ္ခမ္းကိုအလြတ္မေပးဘဲ နမ္းရႈိက္ေနတာျဖစ္သည္။

အရမ္းေပ်ာ္သည္ေလ။ေမာင္နဲ႔ျပန္အဆင္ေျပတာမို႔
ကူးေလးေပ်ာ္ပါသည္။ထို႔အတူထယ္ေယာင္းပါ
ကူးနဲ႔ျပန္အဆင္ေျပတာမို႔ ေပ်ာ္ပါသည္။ဘာမွ
မဟုတ္ဘဲ အေတြးတိမ္မႈေတြေၾကာင့္သူထပ္ၿပီး
ကိုကိုအလွေလးကို စိတ္ညစ္မခံေတာ့ဘူး။

" အသက္...ေမာင့္အသက္ကိုအမ်ားႀကီး
ျမတ္ႏိုးၿပီးခ်စ္တယ္။ "

" ကေလးေလးကိုလည္း အမ်ားႀကီးခ်စ္တယ္။ "

အနမ္းတို႔ရပ္တန္႔လိုက္ၾကၿပီး ထယ္ေယာင္းက
ကူးကိုသူ႔ရင္ခြင္ထဲထည့္လိုက္ကာ စကားဆို၏။
ကူးကေတာ့ လြမ္းေနရတဲ့ရင္ခြင္မို႔ၿငိမ္ေနရင္းမွ
ရင္အုပ္ကိုနမ္းလိုက္ရင္းေျဖပါသည္။

- - - - -

သည္ေန႔ေတာ့ ကူးေလးတို႔ကုမၸဏီကိုအတူေရာက္
ေနၾကတာျဖစ္သည္။ကူးေလးကသားကိုႏို႔ဘူးထိန္း
ကိုင္လို႔စို႔ေစကာ မ်ိဳးေစ့ေလးအိပ္ဖို႔ရန္ေခ်ာ့ေန၏။
ေမာင္က အေရးႀကီးဧည့္သည္ေတြနဲ႔နမ္ဂြၽန္တို႔
ဟိုတယ္မွာေတြ႕ဖို႔ရွိတာမို႔ ထြက္သြားၾကသည္။

" ပ...ပ...တား...တား...အဲ... "

မ်ိဳးေစ့ေလးက မအိပ္ေသးဘူး။ဘယ္ေလာက္ပဲ
အိပ္ဖို႔ေခ်ာေခ်ာ့ မိအိပ္ေသးဘဲစကားဆိုသည္။
သားကေတာ့မအိပ္ေသးေပမဲ့ ကူးကေတာ့
ေမာင့္ကိုကူလုပ္ေပးဖို႔ အလုပ္ေတြရွိတာမို႔
အဆိုးေလးကို မနည္းသိပ္ရသည္။

" အာအာ...စကားေတြအမ်ားႀကီးေျပာေနတာပဲ။
ပါးပါးသားေလး ဘာေတြေျပာသလဲဆိုတာပါးပါး
သိပါတယ္ေနာ္။ "

မအိပ္ေသးတဲ့မ်ိဳးေစ့ေလးကိုသိပ္ရင္း အျပင္မွ
အခန္းတံခါးေခါက္သံၾကားတာမို႔ ဆိုဖာေပၚ
ထိုင္ခ်ကာ သားကိုေပြ႕ရင္းေမးလိုက္သည္။

" ဘယ္သူေတြလဲ... "

" သခင္ေလး ကြၽန္ေတာ္တို႔ကသခင္ေလးထယ္
လႊတ္လိုက္တဲ့ သန္႔ရွင္းေရးသမားပါ။ရွင္းစရာ
ေလးရွိတယ္ဆိုၿပီးေျပာထားလို႔ ကြၽန္ေတာ္တို႔
လာခဲ့တာပါ။ "

ကူးေလးကေမးေတာ့ အျပင္ဘက္မွျပန္ေျဖသည့္
အသံေၾကာင့္ ကူးေလးအနည္းငယ္ေတာ့စိတ္ထဲ
ထင့္သြားသည္။သို႔ေသာ္လည္း ကုမၸဏီကလူေတြ
အမ်ားႀကီးရွိတာ။အေစာင့္ေတြကအခုခ်ိန္ေမာင့္
ေနာက္လိုက္သြားၾကရတာမို႔ ရွိမေနဘူး။ၿပီးေတာ့
ေမာင့္႐ုံးခန္းက လုံၿခဳံပါေသးသည္။

" ဝင္လာခဲ့ပါေနာ္။ "

ကူးေလးရဲ႕စကားသံအဆုံး အခန္းတံခါးကပြင့္လာ
ခဲ့သည္။ကူးေလးကေတာ့ အခန္းတံခါးဘက္ကို
ေက်ာေပးထားတာျဖစ္သည္။

" ေက်းဇူးပါေနာ္။ကူးတို႔အခန္းက သားရဲ႕အ႐ုပ္--
အု! "

" ပ...အဲ...အင့္... "

ကူးေလးေက်ာေပးထားရင္း စကားေျပာေနေတာ့
အေနာက္ကေန ကူးရဲ႕ပါးစပ္ကိုအဝတ္စျဖဴျဖင့္
ပိတ္လိုက္တာမို႔ ကူးမ်က္လုံးေတြျပာတက္သြား
သည္။မ်က္ႏွာမမူထားတာမို႔ ဘယ္ႏွစ္ေယာက္ဝင္လာလဲမသိလိုက္ဘူး။သို႔ေပမဲ့ မ်က္လုံးမမွိတ္ခင္
ျမင္လိုက္ရတာက သူ႔ကိုၿပဳံးျပေနတဲ့လီယမ့္ကိုျဖစ္
ၿပီးေနာက္ ကူးေမ့လဲက်သြားသည္။

" အူဝါး...ဝါး...ပ...ပ... "

ကူးကအေနာက္ဆိုဖာကိုမွီၿပီး ေမ့ေျမာသြားေတာ့
မ်ိဳေစ့ေလးကငိုရင္းပါးပါးဆိုၿပီး ေခၚေနသည္။
ကူးေလးကေတာ့မသိေတာ့ပါ။ေမ့ေျမာေနတာမို႔။
လီယမ္ကေတာ့ ကူးရဲ႕ေျခေထာက္ကိုကန္ရင္း
စကားဆိုသည္။

" အိုအို...ေမာင့္ခ်စ္ခ်စ္ႀကီးက လဲက်သြားၿပီပဲ။
အို...ဒီဘက္ကမေကာင္းဆိုးဝါးေလးကပါးပါးကို
ေခၚေနတာပဲ။မင္းပါးပါးက မင္းနဲ႔ေဝးရမွာ။
လာခဲ့ပါဦး။ကိုကိုလီယမ္က ခ်ီခ်င္လို႔ပါ။ "

" ပ...ပ...အီး...အင့္....အူးဝါး...ဝါး... "

လီယမ္က မ်ိဳးေစ့ေလးကိုေကာက္ခ်ီေတာ့
မ်ိဳးေစ့ေလးက သူ႔ပါးပါးနားကိုသြားခ်င္တာမို႔
ေကာ့ထိုးလန္ၿပီးငိုေတာ့သည္။လီယမ္ကေတာ့
ကေလးရဲ႕ပါးစပ္ကိုအဝတ္စျဖင့္ပိတ္ခ်လိုက္တာမို႔
ကေလးကပါးစပ္ထဲ ဝူးဝူးဝါးဝါးျဖစ္ကုန္သည္။

" ပါးစပ္ပိတ္ထား။အခုထည္းက အသက္ရႈပိတ္ၿပီး
ေသသြားလည္းရတယ္။အေဖေရာသားေရာကို
သတ္ဖို႔အစီစဥ္ကရွိၿပီးသား။အေဖကေတာ့
အျမည္းအစားခံရၿပီးမွ သတ္ရမွာေပါ့။ "

" ဝူး...ဝါး...ဝူး...ပ... "

လီယမ္က မ်ိဳးေစ့ေလးကိုေပြ႕ထားရင္းေျပာကာ
ၿပဳံးလိုက္သည္။အေတာ္ေပ်ာ္သည္။သည္ေန႔က
မေကာင္းဆိုးဝါးေတြကို အေပ်ာက္ေဖ်ာက္ဖို႔
ေနျဖစ္တာေၾကာင့္ သူေပ်ာ္သည္ေလ။

" Sir.Liam ကြၽန္ေတာ္တို႔သူ႔အေဖကိုဘယ္လို
လုပ္လိုက္ရမလဲ။Sir.Jimmyရွိပို႔ေပးရမွာမလား။ "

ကူးကိုေမ့ေဆးအုပ္လိုက္သည့္ သန္႔ရွင္းသမားက
လီယမ့္ရဲ႕မန္ေနဂ်ာျဖစ္တာမို႔ ေမးေတာ့သည္။
လီယမ္က ခပ္ေယးေယးၿပဳံးၿပီးထိုသူအား
ေခါင္းၿငိမ့္ျပေတာ့သည္။

" ငါ့အကိုကဒီေကာင္ကို သေဘာက်ေနတာ။
သူနဲ႔ပို႔ေပးလိုက္ေပါ့။ကျပားေလးေတာင္မွထပ္ရ
လာမလားပဲ။သူေလးကေတာ့ အိုအို...ငိုရင္းငိုရင္း
လက္ေလးေတြေတာင္ ၿငိမ္ၾကသြားတာပဲ။ေသမ်ား
သြားၿပီလား။ဒါဆိုေတြ႕ကရာခ်ထားေပး႐ုံေပါ့။
သြားရေအာင္ Jack "

" Yeah! Sir.Liam "

လီယမ္က မ်ိဳးေစ့ေလးကိုခ်ီရင္းထြက္သြားေတာ့
Jackဆိုသည့္အမ်ိဳးသားက ကူးေလးအားေပြ႕
ခ်ီကာ ပါလာသည့္သန္႔ရွင္းေရးပစၥည္းေတြထားတဲ့
ၾကားထဲညႇပ္ထည့္လိုက္ကာအျပင္ကိုေခၚယူလာ
ခဲ့သည္ေလ။

သူမသိလိုက္တာက ကူးေလးရဲ႕လက္ကအဝတ္စတို႔အုပ္ထားသည့္ၾကားမွ ဖြက္ထားလို႔ေတာင္မရဘဲ
ထြက္ေပၚလာခဲ့သည္။

" နင္တို႔ႏွစ္ေယာက္ကလည္း လာစမ္းပါဟယ္။
ဥကၠဌမရွိတုန္းေလး ေဂ်ာင္ကူးေလးနဲ႔အပင္ေပါက္
ေလးကိုသြားၾကည့္ရေအာင္။နင္တို႔လည္းေတြ႕ခ်င္
တယ္ဆို။ "

" ေအးပါ..လာေနပါတယ္။ေဂ်ာင္ဟြန္းရာလာပါ
ကြာ။မင္းလည္းမ်ိဳးေစ့ေလးကိုေတြ႕ခ်င္တယ္လို႔
ေျပာတယ္မလား။ "

" အင္းပါ...ငါလိုက္လာပါတယ္။ "

ယြန္းဟယ္နဲ႔ဂြၽန္ေဆာ့ကဦးေဆာင္လို႔ မ်ိဳးေစ့ေလးကိုေတြ႕ဖို႔ရန္အျဖစ္သြားေတာ့ ေဂ်ာင္ဟြန္းကပါ
လိုက္ခ်င္တယ္ဆိုလို႔ ေခၚလာခဲ့သည္။သည္ေန႔
အပ်ိဳႀကီးမမယူရီက ႐ုံးမလာတာမို႔မပါခဲ့ဘူး။

သူတို႔က ကူးေလးရဲ႕VIPဧည့္သည္ေတြလိုပဲမို႔
အခ်ိန္ျပည့္လာေတြ႕လို႔ရေသာ္လည္း ထယ္ေယာင္း
ရွိေနရင္ေတာ့ လာမေတြၾကပါ။ထယ္ေယာင္းက
သူ႔သားနဲ႔သူ႔ကူးေလးကို အရမ္းသည္းကဲတာမို႔
ထိတာမ်ိဳးေတာင္ သေဘာမေတြ႕တာပါ။

" မ်ိဳးေစ့ေလး... "

ဂြၽန္ေဆာ့တို႔ Elevatorမွတက္လာခဲ့ၾကရင္း
အထြက္နားေရာက္ေတာ့ မ်ိဳးေစ့ေလးကိုပိုက္
ထားသည့္ လီယမ့္ကိုေတြ႕ၿပီးေဘးဘက္မွာေတာ့
သန္႔ရွင္းေရးသမားတစ္ေယာက္ကိုေတြ႕လို႔
ယြန္းဟယ္မွေခၚလိုက္သည္။လီယမ္ကေတာ့
လန္႔သြားတာျဖစ္သည္။

မ်ိဳးေစ့ေလးရဲ႕ပါးစပ္ထဲမွာ အဝတ္စျဖဴကိုထိုး
ထည့္ထားတာမို႔ မ်ိဳးေစ့ေလးကလႈပ္ေတာင္မလႈပ္
ေတာ့တာမ်ိဳးျဖစ္သည္။ဂြၽန္ေဆာ့တို႔လည္း
ေၾကာင္ၾကည့္မိသလို လီယမ္နဲ႔သူ႔တပည့္ကပါ
ေၾကာင္ၾကည့္ေနမိၾကသည္။

ယြန္းဟယ္ကလက္သြက္တာမို႔ သန္႔ရွင္းေရးသမားအုပ္ထားတဲ့ ပစၥည္းေနရာကိုဖြင့္ခ်လိုက္တာ။
ေပၚထြက္လာတာက သန္႔ရွင္ေရးပစၥည္းေတြၾကားမွ
ေမ့လဲေနသည့္ကူးကူးေလးျဖစ္သည္။

" ေဂ်ာင္ကူးေလး... "

ယြန္းဟယ္ကေခၚရင္း ကူးေလးကိုလႈပ္ႏိုးေနတာမို႔
ထို႔အတူ လီယမ့္ရဲ႕မန္ေနဂ်ာကအျမန္ပင္ယြန္း
ဟယ္ကိုတြန္းထုတ္ကာျဖင့္ လီယမ့္ကိုဆင္းေျပး
ခိုင္းသည္။

" Sir.Liam ဒီေလွကားကေနဆင္းေျပးေတာ့
ကြၽန္ေတာ္သူတို႔ကိုရွင္းၿပီး လာခဲ့မယ္။ "

" အင္း... "

လီယမ္က ကေလးကိုပိုက္ၿပီးေျပးဆင္းသြားတာမို႔
ဂြၽန္ေဆာ့က ေျပးလိုက္ဖို႔လုပ္သည္။ထိုသည္ကို
မန္ေနဂ်ာမွ ဂြၽန္ေဆာ့ကိုလွမ္းဆြဲတားတာမို႔
ေဂ်ာင္ဟြန္းက ခ်ဳပ္ဖက္ထားကာေျပာသည္။

" ဂြၽန္ေဆာ့!သြားေတာ့။မ်ိဳးေစ့ေလးကိုရေအာင္ျပန္
ေခၚလာခဲ့။ငါနဲ႔ယြန္းဟယ္က ဒီေကာင္ကိုထိန္းခ်ဳပ္
ထားလိုက္မယ္။သြား...ျမန္ျမန္... "

ေဂ်ာင္ဟြန္းက ကူးေလးကိုဖမ္းထားသည့္မန္ေနဂ်ာရဲ႕တစ္ကိုယ္လုံးကိုခ်ဳပ္ထားၿပီး လက္ကိုပါေနာက္
လွန္ခ်ိဳးလို႔ နံရံကပ္ထားသည္။ယြန္းဟယ္ကေတာ့
ျဖည္းျဖည္းခ်င္းထရင္း ကူးေလးကိုသြားႏႈိးေန
သည္။

" ယြန္းဟယ္...ေဂ်ာင္ကူးေလးကိုမႏႈိးနဲ႔။ရဲကိုတိုင္။
ရဲကိုခ်က္ခ်င္းအေၾကာင္းၾကားလိုက္။ၿပီးရင္
ဂ်ီမင္ကိုဖုန္းဆက္လိုက္။ဒါဆိုဥကၠဌသိလိမ့္မယ္။ "

" အင္း...ငါလုပ္လိုက္မယ္။ "

ယြန္းဟယ္က ကူးေလးကိုမႏႈိးေတာ့ဘဲ ရဲကိုဖုန္း
ဆက္အေၾကာင္းၾကားလိုက္သည္။ၿပီးေတာ့မွ
ဂ်ီမင့္ကိုဖုန္းေခၚလိုက္ေတာ့မွ အသည္းအသန္
ပိုျဖစ္သြားတာမ်ိဳး။

တစ္ဖက္ကလီယမ္မွာေတာ့ Emergency Exitမွ
ထြက္ရန္အတြက္ ေလွကားကေနဆင္းရင္းျဖင့္
ကေလးပါးစပ္ထဲမွ အဝတ္စကိုဆြဲထုတ္ရင္း
ႏႈတ္မွလည္း တတြတ္တြတ္႐ြတ္ဆိုေနမိသည္။

" ေတာက္!ငါႀကံမယ္ဆိုတိုင္း အဖ်က္ေတြကေပၚ
ေပၚလာတယ္။အခုေတာ့မရေတာ့ဘူး။ဒီကေလးက
ေသကိုေသရမွာ။မင္းကိုငါက ကားနဲ႔ကိုတိုက္ခိုင္း
မွာ။လီယမ္က မင္းတို႔သားအဖထံမွာမရႈံးဘူး။ "

" လီယမ္!ကေလးကို ဒုကၡေပးစရာမရွိဘူး။
ငါတို႔မ်ိဳးေစ့ေလးကို ျပန္ေပးစမ္း။ "

လီယမ္က ေလွကားတစ္ထစ္ခ်င္းစီဆင္းတိုင္း
ရယ္ေနသည္။ဂြၽန္ေဆာ့က လီယမ့္ေနာက္လိုက္ၿပီး
ကေလးကိုျပန္ေခၚရမည္။ကေလးေၾကာင့္ေတာ့
ေဂ်ာင္ကူးေလးကို ထပ္ၿပီးစိတ္မ႐ူးေစရဘူး။
ေဂ်ာင္ကူးေလးက သူတို႔ညီအငယ္ဆုံးေလးပဲမို႔
ဒီလိုေတာ့ထပ္အျဖစ္မခံႏိုင္ဘူး။

" မေပးႏိုင္ဘူး။ငါကသူ႔အေဖနဲ႔သူ႔သားကိုပါ
သတ္မွာ။ငါကအကို႔ကိုရေအာင္ယူမွာ။ "

" လီယမ္...ကေလးျပဳတ္က်မယ္။ေတာက္! "

ဂြၽန္ေဆာ့က အေနာက္ကေနလိုက္ရင္းေအာ္ၿပီး
ကေလးကိုလည္း သတိထားရေသးသည္။
ကေလးျပဳတ္က်မွာဆိုးတာေၾကာင့္ ပိုသတိ
ထားရမွာျဖစ္သည္။

- - - - -

တစ္ဖက္ကထယ္ေယာင္းဆိုသည္လည္း ကူးတို႔
အေၾကာင္းၾကားထည္းက ရွယ္ယာရွင္ေတြနဲ႔
ေတြ႕ေနတာကိုဖ်က္လို႔ အေျပးလာၾကသည္။
နမ္ဂြၽန္ေရာ၊ဟိုေဆာ့အပါအဝင္ ယြန္းဂီကေတာ့
ကုမၸဏီကိုသာတန္းသြားေတာ့သည္။

" ေယာင္းဝူ!!မင္းျမန္ျမန္ေမာင္းစမ္းကြာ။အသက္တို႔ကို ငါစိတ္ပူလွၿပီ။ "

ထယ္ေယာင္းမွာ အရမ္းစိတ္ပူေနတာေၾကာင့္
စိတ္ေတြလႈပ္ရွားၿပီး ကားမေမာင္းႏိုင္တာမို႔
ေယာင္းဝူကေမာင္းေပးသည္။သူကိုကသာ
မွားတာ။ဒီေလာက္ထိ ယြန္းဂီသတိေပးထားရဲ႕နဲ႔
သူကသတိလက္လြတ္ျဖစ္ကာ ကူးေလးတို႔ကို
အေစာင့္ေတြနဲ႔မထားျဖစ္ခဲ့ဘူး။အခုေတာ့
ေနာင္တရသည္ထက္ဆိုးသည္။

" ဆရာ...ကြၽန္ေတာ္လည္းေမာင္းေနပါတယ္။
ဆရာ့အပိုင္နဲ႔ဘုရင္ေလး ဘာမွမျဖစ္ေစရပါဘူး။ "

ေယာင္းဝူက ထိုသို႔ေျပာကာျမန္ျမန္ေမာင္းလို႔
ကူးေလးတို႔ အႏၲရာယ္ကင္းဖို႔အတြက္သာေတြးရင္း
ကားတစ္စီးတိုင္းကိုေက်ာ္တက္လို ျမန္ျမန္ေမာင္းခဲ့သည္။

" ကူးေလး...ထပါဦး။ေဂ်ာင္ကူးေလး... "

ဂ်ီမင္ေရာယြန္းဂီပါေရာက္ေနတာမို႔ အခန္းထဲရွိ
ကူးေလးကို ဝိုင္းႏႈိးေနၾကသည္။ဂြၽန္ေဆာ့က
လွမ္းဖုန္းဆက္ေသးသည္။လီယမ္ကေနရာပတ္လို႔
ေနရာတစ္ခုထဲဝင္ပုန္းေနတာမို႔ ရွာရက္ခက္သြား
သည္တဲ့။ဒါေၾကာင့္ယြန္းဂီသြားမွျဖစ္ေတာ့မည္။

" အစ္ကိုကူး...ထပါဦး။ကြၽန္ေတာ္ယြန္းဂီပါ။
မျဖစ္ေတာ့ဘူး။ေရနဲ႔ပတ္မွျဖစ္ေတာ့မယ္။
မင္ဂ်ီမင္ သူ႔ကိုေရနဲ႔ပတ္လိုက္။ကိုယ္ဂြၽန္ေဆာ့
တို႔ေနာက္လိုက္မယ္။ဟိုေကာင္က ကေလးကို
ပတ္ေခၚသြားမွာဆိုးတယ္။ "

" အင္း... "

ယြန္းဂီထသြားေတာ့ ဂ်ီမင္ကဆက္ႏႈိးေနသည္။
လက္ထဲေရအနည္းငယ္ေလာင္းထည့္ကာ ကူးရဲ႕
မ်က္ႏွာကိုပတ္လိုက္ေတာ့ ေယာင္သလိုျဖင့္ထ
လာတာျဖစ္သည္။

" ဟင္း...သား...သားေလး...သားေလး... "

" ကူးေလး...ငါတို႔သြားရမယ္။မ်ိဳးေစ့ေလးကို
လိုက္ရွာရမယ္။ဟိုေကာင္ကေလးကိုပတ္ေခၚၿပီး
ပုန္းေနတာရွာမေတြ႕ဘူးတဲ့။ဂြၽန္ေဆာ့လိုက္တာ
ဂြၽန္ေဆာ့ကိုမ်က္ေျခဖ်က္ၿပီးပုန္းေနတာတဲ့။ "

" သား...ပါးပါးသားေလး... "

ဂ်ီမင္စကားအဆုံးကူးေလးက သူ႔သားစိတ္ျဖင့္
အျပင္ကိုေျပးထြက္သြားျပန္သည္။ကူးအရင္လို
ျဖစ္မွာဆိုးလို႔ ယြန္းဂီကတားခဲ့သည္ကိုအခုေတာ့
ကူးေလးကေျပးထြက္သြားတာမို႔ ဂ်ီမင္ပါလိုက္ရ
ေတာ့သည္။

" ငါတို႔လြတ္ၿပီ။ေဟ့..မေကာင္းဆိုးဝါးေလး
ေသေနၿပီလား။အခုထက္ထိမႏ္ုးေသးဘူးေနာ္။
ေဟ့ကေလး...ထစမ္း။ထစမ္းလို႔ဆို။ "

" အငိ့...ဝါး...ပါး... "

လီယမ္က ဂြၽန္ေဆာ့ကိုမ်က္ေျခဖ်က္ကာျဖင့္
ကားပါကင္ေနရာသို႔ေရာက္လာခဲ့ၾကသည္။
ကားေတြၾကားထဲ ေျပးပုန္းဖို႔အႀကံရတာမို႔
ဂြၽန္ေဆာ့ဆိုတဲ့ေကာင္ကို ထမင္းစားရာကန္တင္း
ထဲေခၚကာ မ်က္ေျခဖ်က္လိုက္သည္။

" ငိုလာၿပီပဲ။ငိုစမ္း။မင္းလိုမေကာင္းဆိုးဝါးက
မင္းအေဖလိုပဲ႐ုပ္နဲ႔။ငို...မင္းကိုပါငါသတ္မွာ။
မင္းၿပီးရင္ေတာ့ မင္းအေဖကိုငါရေအာင္လုပ္မွာ။
ဟား....ဟား.... "

" အင့္....ပ...ပ...ပ...ပ...ဟင့္... "

မ်ိဳးေစ့ေလးက ပါးစပ္ထဲအဝတ္ျဖဴစလုံးထည့္
ထားခံရတာမို႔ ငိုသံေတာင္က်ယ္က်ယ္မထြက္ႏိူင္ဘဲေမာသည့္အရွိန္ေၾကာင့္ လန္႔ကာရႈိက္သံေတြ
ထြက္ေတာ့သည္။

" မင္းကဒီမွာကိုး။လီယမ္...ကေလးကိုေပး။ "

ကေလးငိုသံကိုၾကားလို႔လာရွာသည့္ဂြၽန္ေဆာ့က
ကေလးအသံေၾကာင့္ ေနရာကိုအတပ္သိသြား၏။
ဂြၽန္ေဆာ့က ကေလးကိုေတာင္းတာေတာင္
သူ႔ကိုေတာင္တိုက္ထုတ္ၿပီး ျပန္ေျပးထြက္သြား
တာမို႔ မနည္းလိုက္ဖမ္းရသည္။မ်ိဳးေစ့ေလးက
ငိုၿပီးပါသြားတာမို႔ ဂြၽန္ေဆာ့စိတ္မေကာင္းဘူး။
သူတို႔အသုံးမက်လို႔သာ။

ကားပါကင္ထဲမွ ကေလးပိုက္ကာေျပးအျမန္ေျပးထြက္ၿပီး လမ္းမေပၚေရာက္ေနၿပီမို႔ဂြၽန္ေဆာ့က
ကေလးကိုလွမ္းဆြဲယူလိုက္ေတာ့ လီယမ္ကပါ
ကေလးကိုျပန္မေပးဘဲ ဆြဲလုေတာ့ကေလးက
လီယမ္ေရာ ဂြၽန္ေဆာ့ၾကားထဲညႇပ္လို႔။

" အင့္...ပ...ပ...ဒယ္.... "

မ်ိဳးေစ့ေလးက အသံေတာင္ေသးေသးေလးသာ
ထြက္ၿပီး သူ႔အေဖႏွစ္ေယာက္နာမည္ကိုေခၚေနတာ
မို႔ ဂြၽန္ေဆာ့လုထားရင္းမွ ကေလးကိုအားနာေပမဲ့
အားပါပါဆြဲခ်လိုက္ဖို႔လုပ္ရေတာ့မည္။လူေတြဆို
သူတို႔ကိုဝိုင္းၾကည့္ၾကလို႔။

တီ! တီ! တီ!

ဂြၽန္ေဆာ့နဲ႔လီယမ္က ကေလးကိုလုေနၾကရင္း
လမ္းမေပၚကသူတို႔ေနလမ္းေၾကာင္းကကုန္တင္
ကားလာေနသည့္လမ္းေၾကာင္းျဖစ္တာမို႔ ဟြန္းသံ
ေပးလာပါသည္။

" ဟိုေခြးေကာင္လီယမ္! "

" ပါးပါးသားေလး... "

ထယ္ေယာင္းကလည္း ကုမၸဏီကိုေရာက္လာၿပီမို႔
ကားထဲမွအျမန္ထြက္လာၿပီး လီယမ္တိုနားလာ
ရင္းကူးေလးဆိုလည္း ကုမၸဏီထဲမွထြက္လာကာ
ဂြၽန္ေဆာ့တို႔နားေျပးလာသည္။

တီ! တီ! တီ!

ကားဟြန္းသံက အဆက္မျပတ္တီးေနရင္းသူတို႔ကမဖယ္ဘဲကေလးကိုလုေနလို႔ ကားကနီးကပ္လာ
သည္။ဂြၽန္ေဆာ့က လီယမ့္ကိုၾကည့္ကာလီယမ့္
ထက္ပိုသည့္အားျဖင့္ တြန္းထုတ္လိုက္သည္။

ကေလးကိုဂြၽန္ေဆာ့ကဆြဲေဆာင့္ယူလိုက္တာ
ေၾကာင့္ အားပါသြားကာ ဂြၽန္ေဆာ့ကပလက္
ေဖာင္းေပၚပုခုံး႐ိုးေထာက္ကာျပဳတ္က်သြားၿပီး
လမ္းမေပၚကိုျပဳတ္က်သြားတာက လီယမ္မို႔
ကားအလာကိုေတာင္မေရွာင္မိဘဲေၾကာင္အံ့
ေနမိသည္အထိ။

ကြၽီ ~ ဒုန္း! ဘုန္း!

" ပါးပါးသားေလး... "

" ေမာင့္အသက္.... "

ကူးကေသခ်ာမျမင္ရတာမို႔ ကားတိုက္သံေၾကာင့္
လန္႔ၿပီးေမ့လဲသြားလို႔ ထယ္ေယာင္းကအေျပး
ေရာက္လာၿပီး ေပြ႕လိုက္ကာေခၚလိုက္ရသည္။

သို႔ေပမဲ့တကယ္တမ္းၾက ကားတိုက္ခံရကာ
စုတ္ျပတ္သတ္စြာျဖစ္သြားသူက ဂြၽန္ေဆာ့နဲ႔
မ်ိဳးေစ့ေလးတို႔မဟုတ္ပါဘဲ လီယမ္သာ
ျဖစ္ေနခဲ့သည္ေလ။

To be continued ~

ကိုကိုအလွေလး Updateကိုအမ်ားႀကီးေနာက္က်
သြားလို႔ အားနာပါတယ္ဗ်။ဒီအပိုင္းေပါ့သြားရင္
အားနာပါတယ္ဗ်။ေနအရမ္းပူေတာ့ေခြၽးထြက္ရင္ စာကိုေရးဖို႔မနည္းအာ႐ုံစိုက္ရလို႔ၾကန္႔ၾကာသြားတာမို႔ နားလည္ေပးၾကပါဦး။

ၿပီးေတာ့စိတ္မရွိဘူးဆိုရင္ Updateေနာက္က်တာေတာင္အားေနေပမဲ့လည္း ကြၽန္ေတာ္မေရးဖူးတာ
ေလးထပ္tryၾကည့္ခ်င္ပါတယ္။ေမ့သြားမွာဆိုးလို႔
ထုတ္ေရးခ်င္မိတာမို႔ နားလည္ေပးၿပီး
ေမွ်ာ္ေပးပါဦးခင္ဗ်။

> >

Comment