04

#Zawgyi

ခြပ္ ! ခြပ္ ! ခြပ္ !

" မင္းငါ့ကိုေသခ်ာမေျပာဘူးကြာ ေယာင္းဝူ!! "

ေယာင္းဝူရဲ႕မ်က္ႏွာကို သံုးခ်က္တိတိထိုးကာ
ထယ္ေယာင္းက သူ႔ရဲ႕ေဒါသေတြကိုပံုခ်သည္။
ေယာင္းဝူကေတာ့ နာေနေသာ္လည္းသူ႔ဆရာရဲ႕
ေဒါသထြက္မႈကို ယခုအခ်ိန္မွာဘယ္သူမွတား
လို႔မရတာမို႔ ေဒါသေျပေအာင္သာေစာင့္ဆိုင္း
ေနရေတာ့သည္။

" ေတာင္းပန္ပါတယ္၊ကြ်န္ေတာ္ေျပာခ်င္ေပမဲ့
ဆရာ့ကဆရာ့အပိုင္ကို အေတာ္သေဘာက်ေနလို႔ ကြ်န္ေတာ္ကဒီစကားကိုေျပာမထြက္တာပါ "

ထယ္ေယာင္းကိုေတာင္းပန္သည္။ၿပီးေနာက္
သူ႔ဆရာရဲ႕အေၾကာင္းကိုသိစြာေျဖသည္။
ထယ္ေယာင္းကေတာ့ ေတာက္စ္ေခါက္ရင္း
ခါးစပ္ကိုလက္ေထာက္ကာ ေဒါသထြက္လို႔
ပါးေစာင္ေတြကိုလွ်ာထိုးလို႔ ေဒါသစိတ္တို႔ဟာ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေတာ့သည္။

" ေတာက္စ္!ေဆာက္ေရးမပါလိုက္တာ!မင္းက
တကယ္ေဆာက္ေရးမပါတာကို လုပ္တာပဲ!
မင္းဒီလိုလုပ္ေတာ့ေရာ!!ေနာက္က်ငါမသိရဘူး
လားေျဖစမ္းကြာ!!! "

ဒုန္း!! ဒုန္း!!! ခြမ္း!! ခြမ္း !

ဒီတစ္ခါေတာ့ေယာင္းဝူကို မထိေတာ့ဘဲ ေဘးနားကအရက္ပုလင္းေတြတင္ထားတဲ့
ေနရာေတြကိုကန္ၿပီး အရက္ပုလင္းေတြကို
လက္နဲ႔ထိုးေနခဲ့တာ။

သူမနာဘူး!သူမနာဘူး!နာေနတဲ့ေနရာက
ရင္ဘက္ထဲကနာေနတာ!သူခ်စ္ရတဲ့သူက
တစ္ျခားတစ္ေယာက္နဲ႔နမ္းလို႔ေပ်ာ္ရႊင္ေနတဲ့ပံုက
သူ႔ကိုနာက်င္ေစတာ!!

" ေတာက္စ္!! "

ေတာက္ေခါက္သံျပင္းျပင္းကထယ္ေယာင္းထံမွ
ထြက္လာခဲ့သည္။ထို႔အတူေယာင္းဝူမွာလည္း
သူ႔ဆရာ၏ေဒါသေၾကာင့္ ၿငိမ္ေနလိုက္ပါသည္။
ၿပီးေနာက္မွ ေခါင္းငံု႔ရင္း....

" ငါ့ကိုေျဖစမ္း!အဲ့လူရဲ႕အေၾကာင္းေတြ!သူက
ငါ့ထက္ဘယ္နားေတြသာေနလဲ! "

" ဟုတ္ကဲ့၊သူနဲ႔ဆရာ့အပိုင္က ငယ္သူငယ္ခ်င္း
ေတြပါ၊ႀကီးလာမွတကၠသုိလ္မွာျပန္ေတြ႕ၾကရင္း
ခ်စ္သူေတြျဖစ္သြားတာပါ၊ေကာင္ေလးရဲ႕
အသိုင္းဝိုင္းက သာမန္ပါပဲ "

ထယ္ေယာင္း ခပ္ေယးေယးျပံဳးရင္း ဆက္ေမးသည္။

" ၿပီးေတာ့ေရာ... ကိုကိုအလွေလးကေရာ "

" ဆရာ့အပိုင္ကလည္း သူငယ္္ခ်င္းျဖစ္ရာကေန
ခ်စ္သြားၾကတာပဲ၊မိသားစုေလးက သာမန္ပါပဲ၊
အေမနဲ႔ေနတာပါ၊သူ႔အေမကဆိုင္ေလးဖြင့္ခ်င္
တယ္ဆိုလို႔ ပိုက္ဆံပိုစုေပးေနတာပါ၊ၿပီး..ၿပီး..
ေတာ့ သူ႔နဲ႔ဟိုလူလက္ထပ္ဖို႔ပါပဲ "

ေယာင္းဝူကေျဖရင္း အသံေတြတုန္လာသည္။
ထယ္ေယာင္းမွာေတာ့ ဟက္ခနဲရယ္ရင္း...

" ငါ့ကိုေတာင္ မမွီတဲ့သူကို!ကိုကိုအလွေလးက
ေရြးခ်ယ္ထားတာတဲ့၊ဟားဟား..
ကင္မ္ထယ္ေယာင္းရယ္သာရယ္လိုက္္ခ်င္!! "

" ဆရာ့အပိုင္ကိုသူကတကယ္္ခ်စ္တာပါ၊
အရမ္းကိုအေသးစိတ္ကအစ ဂရုစိုက္တာ၊
ကြ်န္ေတာ္စံုစမ္းတာေတြထဲအကုန္ပါတယ္၊
အေသးစိတ္ကအစ ဂရုစိုက္လို႔ဆရာ့အပိုင္နဲ႔
အေတာ့္ကိုခ်စ္ၾက__ "

သူ႔စကားေတြလြန္သြားသည္ျဖစ္သည္။ဆရာက
ပုလင္းေတြဘက္ကေန သူ႔ဘက္ကိုလွည့္လာၿပီး
သူ႔ကိုစူးစိုက္ၾကည့္သည္။ၿပီးေနာက္ ေရွ႕တိုးလာရင္း...

ခြပ္! ခြပ္! ခြပ္!

သံုးခ်က္ဆင့္ၿပီးထိုးခ်လိုက္တာမို႔ ေယာင္းဝူမွာ
ယိုင္တိုင္တိုင္ျဖစ္သြားသည္။ထယ္ေယာင္းရဲ႕
ေတာက္ေခါက္သံအက်ယ္ႀကီးက သူ႔ကိုပါ
တုန္လႈပ္သြားေစသည္။ၿပီးေနာက္ ထယ္ေယာင္းက သူ႔ကိုဆက္ေမးသည္။
သူကစကားအမွားေျပာမိတာေတာင္ မေက်နပ္လို႔ထိုးတာမဟုတ္ ခံျပင္းလို႔ျဖစ္သည္တဲ့။

" ဆက္ေျပာစမ္း! "

" ဟို!ဆရာ့အပိုင္က သူနဲ႔ခ်စ္သူျဖစ္ေနတာ
အေတာ္ၾကာပါၿပီ၊ခ်စ္ေနတာၾကၿပီမို႔ ဆရာက
လက္ေလွ်ာ့ဖို႔စဥ္းစားေနတာလား.. "

ခြပ္!

ေယာင္းဝူထိုးခံရတာ ဒါနဲ႔ဆိုအႀကိမ္ေရမ်ားၿပီ။
ထယ္ေယာင္းမွာလည္း သူ႔လက္ေတြစုတ္ျပတ္
ေနတာေတာင္ သူ႔တပည့္အခ်ိဳးမေျပတာကိုပါ
ေရာကာဆံုးမသည္။အခ်ိဳးမေျပခ်က္ဆို ေယာင္းဝူက သူ႔ဆရာကိုေျပာင္းျပန္ေတြခ်ည္း
ေျပာေနတာကို။

" ေတာက္စ္!ေဆာက္ေရးမပါတာ!ငါ့ပံုစံက
လက္ေလွ်ာ့မဲ့ပံုစံလား!! "

" ေတာင္းပန္ပါတယ္ ဆရာ! "

မ်က္ႏွာမွာလည္းေပါက္ျပဲရာေတြျဖင့္ သူ႔ဆရာကို
ေတာင္းပန္သည္။သူကလည္း သူပါပဲ။သူ႔ဆရာရဲ႕
အေၾကာင္းကိုသိေနရဲ႕နဲ႔ သြားမီးထြန္းေပးမိေတာ့
သူကိုကမွားတာပါ။

" မင္းမွတ္ထား!ကင္မ္ထယ္ေယာင္းရဲ႕ အဘိဓာန္မွာလက္ေလွ်ာ့တယ္ဆိုတာမရွိဘူး!
လက္ေလွ်ာ့တယ္ဆိုတာကလည္း ဘယ္ေတာ့မွ
ကင္မ္ထယ္ေယာင္းအတြက္မရွိေစရဘူး!! "

" ထယ္ေယာင္း!မင္းဘယ္လိုေတြျဖစ္ေန!
What!ေယာင္းဝူ မင္းမ်က္ႏွာက... "

VIPအခန္းထဲဝင္လာတဲ့ ယြန္းဂီမွာထယ္ေယာင္းရဲ႕
ေသာင္းက်န္းထားသည့္ ျပန္႔က်ဲေနတဲ့ အရက္ပုလင္းေတြေရာ၊မ်က္ႏွာတစ္ခုလံုး
ရစရာမရွိေအာင္စုတ္ျပတ္သတ္ေနတဲ့ ေယာင္းဝူကိုေတြ႕ေရာ အံ့ဩစြာဆိုသည္။

" မင္းဘာေတြလုပ္ေနတာလဲကြာ၊ဟာကြာ!
မင္းတပည့္တစ္ေယာက္ဖုန္းဆက္လို႔ မင္းက
ေသာင္းက်န္းေနတယ္ဆိုလို႔ ေရာက္လာတာ၊
သူေျပာတဲ့အတိုင္းကို ေသာင္းက်န္းေနတာပဲ!
ျဖစ္ရေလကြာ!မင္း!ကင္မ္ထယ္ေယာင္းေရာ
ဟုတ္ရဲ႕လား!! "

ယြန္းဂီကထယ္ေယာင္းရဲ႕ ပုခံုးကိုပုတ္လို႔
ေခၚေသာ္ ထယ္ေယာင္းကအံေတြႀကိတ္ကာ
ေဒါသထြက္ေနေတာ့သည္။ျမင္ေနရတဲ့
ပံုရိပ္ေတြအားလံုးမွာလည္း ကိုကိုအလွေလးနဲ႔
ထိုလူနမ္းလိုက္ၾကတာ။

" ေတာက္စ္!ငါျဖစ္ရမွာ!အဲ့ေနရာက ငါ့ေနရာပဲ၊
ကိုကိုအလွေလးကို ေမာင္ပဲပိုင္ရမွာ!ေမာင္!
ေမာင္ဆိုတဲ့ကင္မ္ထယ္ေယာင္းေလ! "

ဒုန္း!

ထို႔သို႔ေျပာၿပီးေနာက္ VIPအခန္းထဲကေန ထြက္သြားခဲ့သည္။ယြန္းဂီနဲ႔ေယာင္းဝူနဲ႔သာ
အခန္းထ၌က်န္ခဲ့ၿပီး ယြန္းဂီကေယာင္းဝူကို
ၾကည့္လို႔ ထယ္ေယာင္းရဲ႕အေျခအေနကို
ေမးလိုက္သည္။

" မင္းတို႔ဘာျဖစ္ၾကတာလဲ၊ငါ့မွာေတာ့ကြာ ထယ္ေယာင္းမ်ား တစ္ခုခုျဖစ္တာလားေပါ့၊
အခုၾကမင္းကခ်ည္းပဲ ျဖစ္ေနရတယ္ "

ယြန္းဂီကခါးစပ္ကိုလက္ေထာက္ရင္း အေျခအေနေတြကိုၾကည့္သည္။ေယာင္းဝူက
ျပံဳးလိုက္ကာ

" ကြ်န္ေတာ့္ထက္အေျခအေနဆိုးတာက
ဆရာပါ၊ဒါကဆရာသေဘာက်တဲ့ဆရာ့အပိုင္၊
ခ်စ္သူရွိတယ္ဆိုတာသိသြားေတာ့ ဆရာေရွာ့ရ
သြားၿပီးေသာင္းက်န္းေနတာ "

ယြန္းဂီလက္ထဲ ဆရာ့အပိုင္၏ပံုေလးကိုျပရန္
ဖုန္းကမ္းေပးလိုက္သည္။ယြန္းဂီကေတာ့
ေယာင္းဝူဖုန္းကမ္းေပးတဲ့ပံုေလးကိုၾကည့္လို႔
အံ့ဩသြားသည္။

ဘာေၾကာင့္ဆိုထိုပံုပိုင္ရွင္က သူ႔အတြင္းေရးမွဴး
ပတ္ခ္ဂ်ီမင္၏ သူငယ္ခ်င္းျဖစ္သည္ေလ။သူ႔မွာ
ခ်စ္သူရွိတယ္ဆိုတာလည္း သူကိုယ္တိုင္က
ျမင္ဖူးပါ၏။ထယ္ေယာင္းနဲ႔ပင္ အရပ္မကြာဘဲ
သန္သန္မာမာရွိသည့္ ေကာင္ေလးမင္ဂယူ။

သူအတြင္းေရးမွဴးရဲ႕ပတ္သက္လို႔ စံုစမ္းရင္းကေန ထိုေကာင္ေလးအျပင္၊
သူ႔ခ်စ္သူကိုပါ သိလာခဲ့ရသည္။အခုေတာ့
သူကပဲ ထယ္ေယာင္းကိုကူညီရမည္လား။

" ဒီေကာင္ေလးကိုငါသိတယ္၊ငါ့အတြင္းေရးမွဴးရဲ႕
သူငယ္ခ်င္း၊ၿပီးေတာ့လည္း ေယာင္းဝူ မင္းက... ထယ္ေယာင္းကိုလက္ေလွ်ာ့ဖို႔ သြားမေျပာနဲ႔၊
သူျဖစ္ခ်င္တာကိုလုပ္ပါေစကြာ "

" ဟုတ္ကဲ့၊ကြ်န္ေတာ္မတားပါဘူးဗ် "

ေယာင္းဝူက ယြန္းဂီလက္ထဲကဖုန္းကိုယူရင္း
ေျဖလိုက္သည္။သူငယ္ခ်င္းျဖစ္သူကေတာင္
မတားဘဲယူေစတာမို႔ ေယာင္းဝူမေျပာေတာ့ပါ။
ေယာင္းဝူလည္း သူ႔ဆရာရဲ႕အခ်စ္ေရးကိုသာ
ဒီတိုင္းလႊတ္ထားေတာ့မည္။သူအလို္က္သိမွ
ဆရာဆံုးမသည့္ပံုစံကေန လြတ္မည္မဟုတ္
လား။

~

' ဗြမ္း! '

ကိုကိုအလွေလးကိစၥေၾကာင့္ စိတ္ေျပလို႔ေျပျငား သူပိုင္သည့္ဗီလာက ေခါင္မိုးထပ္မွာ ေရလာကူးေနခဲ့သည္။အေပၚပိုင္းဗလာျဖင့္
Under Pantအနက္ကိုဝတ္ထားၿပီး ေရကူးေနရင္းကေန ေဒါသစိတ္တို႔ဝင္လာလို႔ စိတ္ကိုတည္ၿငိမ္ေအာင္ေရငုပ္ေနခဲ့သည္။

အတန္ၾကာေအာင္ေရငုပ္ေနခဲ့တာ။ထယ္ေယာင္း
ေရေအာက္ထဲအသက္ရႈထိန္းလို႔ ငုပ္ေနခဲ့သည္။
ထိုစဥ္ေရငုပ္ေနရင္း မ်က္လံုးပိတ္ထားတာေတာင္
ေပၚလာသည္က ကိုကိုအလွေလးနဲ႔ထိုလူရဲ႕
နမ္းလိုက္သည့္ပံုရိပ္ေၾကာင့္ ၾကာၾကာပင္ ဆက္မေနႏိုင္ေတာ့ဘဲ ေရငုပ္ရာကေန ထလာခဲ့သည္။

" ေတာက္စ္!ေမာင္ ရူးေတာ့မယ္ကြာ!! "

ကိုကိုအလွေလးကို ေဒါသထြက္သည့္စိတ္ေၾကာင့္
မဟုတ္ပါဘဲ သူ႔ေၾကာင့္သာ။သူနဲ႔သာ ေစာေစာေတြ႕ခဲ့ရင္၊သူသာအေမရိကားမွာ
ေက်ာင္းတက္ဖို႔မေရြးခဲ့ရင္ ကိုကိုအလွေလးနဲ႔ သူေတြ႕လို႔ အခ်စ္ကိုရေနမွာ။အခုေတာ့ သူ႔အပိုင္ျဖစ္မည့္သူေလးက ေနာက္လူရဲ႕ရင္ခြင္မွာ ေပ်ာ္ေနသည္တဲ့။

ထိုပံုရိပ္ႀကီးက သူ႔ႏွလံုးသားကိုနာက်င္ေစလို႔ ေရျပင္ႀကီးကို လက္ျဖင့္ထုရိုက္လိုက္ၿပီးေနာက္ ေရစိုလို႔ပြေနသည့္ဆံပင္တို႔ကို
သပ္တင္လိုက္သည္။

" ေမာင္ရေအာင္ယူမယ္၊ကိုကိုအလွေလးရဲ႕
ႏွလံုးသားကိုေရာ၊အနမ္းေတြ၊ခႏၶာကိုယ္ကိုပါ
ေမာင္ရေအာင္ယူမယ္ "

သူေျပာရင္းကေန ေရကန္ေဘာင္ကိုမွီလို႔ အသင့္တင္ထားတဲ့စီးကရက္ဘူးကိုယူကာ
စီးကရက္ကိုမီးညႇိလို႔ လက္ၾကားထဲညႇပ္ရင္း
သူ႔ကိုကိုအလွေလးေၾကာင္းေတြးမိျပန္ေတာ့
ကင္မ္ထယ္ေယာင္း ျပံဳးမိပါသည္။

" ဟ့!ရစ္မူးလိုက္တာကြာ၊ခါးေသးေလးရဲ႕
ခါးပတ္က ေမာင့္လက္ေမာင္းေတြပဲျဖစ္ရမွာ!
တစ္ရက္ေလာက္ခါးေသးေလးကိုမလြတ္ေအာင္
ေမာင္ဖက္ထားျပမယ္ ! "

ထယ္ေယာင္းအေတြးထဲနစ္ေျမာရင္းကေန စီးကရက္ကိုထက္ေသာက္သည္။ႏွာေခါင္းကေန
အေငြ႕မ်ားထုတ္လိုက္ရင္း မ်က္လံုးေလးမွိ္တ္လို႔
ကိုကိုအလွေလးရဲ႕ မ်က္ဝန္းဝိုင္းေတြ၊ေဖြးဥေနတဲ့
အသားအရည္ေလးရယ္၊ဆံသားေကာက္ေကာက္
ေလးရယ္၊ရွပ္ညႇပ္ဝတ္ထားတဲ့ခါးေသးေလးက
သူ႔ကိုဆြဲေဆာင္ေနတာ။

" ေမာင္ရယူခ်င္ေပမယ့္ တကယ္တမ္းခ်စ္လို႔
ရယူခ်င္တယ္ဆိုတာ ကိုကိုအလွေလးကို
ေမာင္ကခ်စ္လို႔၊ေမာင္ကခ်စ္လို႔ပါ ဟ့! "

သူစီးကရက္ကိုထပ္ေသာက္ဖြာမိသည္။
ထယ္ေယာင္းစီးကရက္ေသာက္ရင္း
ေကာင္းကင္ကိုေမာ့ၾကည့္မိတယ္။

" ဟက္!ေမာင့္အလွေလး၊ေမာင့္အလွေလး၊
ေနာက္ေန႔ကစလို႔ ေမာင္ကမင္းရဲ႕ခ်စ္သူရွိက
မင္းကိုရေအာင္ယူျပမွာမို႔ ေမာင့္အလွေလးက
ေမာင့္ရွိကိုလာရမယ္၊ေမာင္ကဒီအတြက္လည္း
ဘယ္သူ႔ကိုမွညႇာတာေနမွာမဟုတ္ဘူး! "

သူစကားဆိုေနရင္း ေရကန္ေဘာင္နားမွာတင္ထား
သည့္ဖုန္းကျမည္လာခဲ့သည္။သူစုတ္သပ္ရင္း
ဖုန္းကိုင္လိုက္ေတာ့ အိမ္ကအေဒၚထံမွျဖစ္၏။

" အင္း ေဒၚေလးေျပာ၊က်စ္!အဲ့ဒါနဲ႔ပဲ အိမ္ျပန္လာစရာလား၊ေဒၚေလးဧည့္သည့္ ေဒၚေလးဧည့္ခံပါလား၊အလကား!ရႈပ္တယ္! "

ဖုန္းကိုခ်လိုက္ကာ ဆံပင္ေတြကိုသပ္တင္ကာ
အေဒၚျဖစ္သူေခၚသည့္ေနရာကိုမသြားခ်င္ဘဲ
သြားရဦးမည္။မလာရင္လည္း အဖိုးလာခိုင္းပါ
တယ္ဆိုၿပီး ၿခိမ္းေျခာက္သည္။

သူစိတ္ညစ္ညစ္နဲ႔ထကာ သဘတ္အျဖဴကို
ခါးပတ္လိုက္ရင္း အခန္းထဲဝင္ကာအဝတ္အစား
လဲသည္။T-shirtတစ္ထည္ေကာက္စြပ္ရင္း
Short pantအနက္သာဝတ္ၿပီး ကားဆီသို႔
ေရာက္လာကာ ကားကိုအရွိန္တင္ကာ
ေမာင္းလာခဲ့သည္ေလ။

" ဂယူ...ကူးနဲ႔ပိတ္ရက္ၾက ဒိတ္ၾကမလား "

ညပိုင္းဂယူနဲ႔ကူးအတြဲေလးကေတာ့ အလုပ္ကျပန္လာတာေတာင္ မနားၾကဘဲ
မင္ဂယူရဲ႕ကူးကူးေလးဟာ ညပိုင္းထပ္ဒိတ္မယ္ ဆိုလို႔ဂယူမွာ ခ်က္ခ်င္းထြက္လာၿပီး ကူးနဲ႔အတူ
ညပိုင္းဒိတ္ေနၾကတာျဖစ္သည္။

အခုလည္းလမ္းေလွ်ာက္ရင္းကေန ကူးေလးက
ေနာက္ေန႔ပိတ္ရက္ၾက ထပ္ဒိတ္ရန္ေျပာေတာ့
ဂယူ႔မွာသူ႔ခ်စ္သူေလးစကားကိုျပံဳးကာ...

" အခုလည္းဂယူတို႔ ဒိတ္ၾကတာပဲမလား "

" ထပ္ဒိတ္ၾကမယ္ေလ၊ဒီေန႔ညက သံုးထပ္သားကင္စားတာ မဝဘူးထင္တယ္၊
အဲ့ေတာ့ကူးထပ္စားရမွ ေက်နပ္မယ္... "

ကူးကလမ္းေလွ်ာက္ရင္း သူ႔ရင္ခြင္ထဲတိုးကပ္လို႔
စကားဆိုသည္။ဂယူကေတာ့ သူ႔ခ်စ္သူေလးရဲ႕
စကားအတိုင္းလိုက္နာရဦးမည္။သူလိုက္မနာရင္
ခ်စ္ရသူေလးက မာနေပါက္စေလးထြက္လာၿပီး
ရုပ္တည္ေလးနဲ႔ေကာက္တက္ေသးတာ။ဒါေၾကာင့္
သူကိုယ္တိုင္က သည္းသည္းလႈပ္ျပေနရတာေပါ့။

" ေကာင္းပါၿပီဗ်ာ၊မနက္ျဖန္ေရာ၊မဟုတ္ဘူး၊
ကိုယ္တို႔လက္ထပ္ၿပီးရင္ေတာင္ ညတိုင္း
အျပင္ထြက္ၾကမယ္၊ေလွ်ာက္လည္မယ္၊
မုန္႔ေတြစားမယ္၊ကူးလုပ္ခ်င္တာေလးေတြ
ကိုယ္အားလံုးကိုလိုက္လုပ္လုပ္ေပးမယ္၊
ကိုယ္အဲ့လိုေတြျဖစ္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူး၊
လက္ထပ္ၾကမလား ကူး... "

ဂယူကေျပာလိုက္ေရာ ကူးေလးကဂယူ႔ဘက္သို႔
ေမာ့ၾကည့္လ်က္ ေျခဖ်ားေထာက္လို႔ဂယူရဲ႕
မ်က္ႏွာကိုအုပ္ကိုင္ၿပီးေနာက္ ဂယူ႔ႏႈတ္ခမ္းကို ေဘးပတ္ဝန္းက်င္ကလူေတြရွိေနတာေတာင္
ဖြဖြေလးနမ္းလိုက္သည္။

စစခ်င္းေတာ့ဂယူဟာေၾကာင္သြားေပမဲ့ ေနာက္ေတာ့ျပံဳးလိုက္သည္။ၿပီးေတာ့မွ
ခါးေသးေလးကိုဖက္လိုက္ရင္း....

" ဘာလဲ၊ကိုယ့္ကိုေခ်ာ့ျပန္ၿပီလား၊ေမေမ့ရဲ႕
ဆိုင္ကိုအရင္ဖြင့္ေပးၿပီးမွ ကိုယ္တို႔ကိုလက္ထပ္ဖို႔
စဥ္းစားပါ့မယ္ဆိုၿပီးေလ "

" သိေနရင္လည္း ဘာလို႔ေျပာေနလဲ၊ဂယူက
အလိုက္သိရဲ႕သားနဲ႔! "

ဂယူက ကူးေလးလုပ္ျပတဲ့အေၾကာင္းျပခ်က္ကို
သိေနတာမို႔ေျပာလိုက္ေရာ၊ကူးေလးမွာ သူ႔ကို
မ်က္ေစာင္းထိုး၍ ျပန္ေျဖသည္။ထို႔ေနာက္
ႏွစ္ေယာက္အတူ ျပန္လည္တိတ္ဆိတ္သြားကာ
လက္တြဲ၍ ေလွ်ာက္ၾကျပန္သည္။ၿပီးေနာက္
ဂယူက သတိရသြားဟန္ျဖင့္....

" ညေနကအစ္မယြန္းဟယ္ကေျပာတယ္၊ကူး
ဒီေန႔ကံေကာင္းတယ္တဲ့၊ထမင္းလည္းစားရသလို
အခ်ိဳပြဲေတာင္စားရတယ္ဆို၊စားခ်င္တယ္ဆိုရင္
ကိုယ္မနက္ျဖန္ ကိတ္တစ္ခါထည္းဝယ္လာေပး
ရမလား "

" မလိုပါဘူးဂယူရယ္၊ကူးက ညေန႔ကအဆင္ေျပ
လို႔သာ သူကေစတနာနဲ႔ေကြ်းသြားတာ၊ေန႔တိုင္း
စားခ်င္တာမဟုတ္တာမို႔ ဂယူမေကြ်းပါနဲ႔ "

ကူးကျငင္းလိုက္သည္။ဘာလို႔ဆို ဂယူတစ္မ်ိဳး
ထင္မွာဆိုးလို႔သာေျဖလိုက္ရသည္ေလ။သူေဌးက
စိတ္သေဘာတစ္မ်ိဳး၊ေစတနာနဲ႔ေကြ်းတာကို
သူကလက္မခံရင္ ရိုင္းျပရာက်မွာဆိုးတာမို႔
ေက်နပ္ေအာင္စားေပးလိုက္ရတာ။ဒါကို
အစ္မယြန္းဟယ္က ဘယ္လိုေတြေျပာလိုက္လဲ
မသိ။ဂယူက ေကြ်းမယ္ခ်ည္းေျပာေနတာ။

" စားခ်င္တယ္ဆို ကိုယ့္ကိုေျပာ၊ကိုယ္က မနက္ေစာစာမွာထားလို႔ရတယ္၊ေန႔တိုင္းစားခ်င္
ရင္ေတာင္ ရေအာင္ဝယ္ေပးမွာမို႔ ကိုယ့္ကို
အားမနာနဲ႔ ကူး "

" အင္းပါ ဂယူ၊ကူးေျပာပါ့မယ္ "

ထိုကေနစလို႔ ဂယူနဲ႔ကူးတို႔ရဲ႕စကားဟာ ျပန္လည္တိတ္ဆိတ္သြားပါသည္။ဒီအခ်ိန္က
လူရွင္းေနသလို၊လမ္းမလယ္က
အနည္းငယ္ကားရွင္းတာမို႔ ဆင္းေလွ်ာက္
ေနၾကသည္။ထိုစဥ္ ကူးေလးကေဘးဘက္
ကားလမ္းမေပၚကိုထပ္တိုးေလွ်ာက္ေရာက္
ၿပိဳင္ကားတစ္စီးက ေဘးကေနျဖတ္ေမာင္း
သြားသည္။

ဝူး!!!! ကြ်ီ ~

" ကူး.... ဘာျဖစ္သြားေသးလဲ၊ကိုယ့္ကို
ုျပဦး၊ေျခေထာက္ထိသြားေသးလား "

ဂယူ႔မွာစိတ္ပူလြန္ကာ ခႏၶာကိုယ္တစ္ကိုယ္လံုးကို
စစ္ေဆးေနၿပီး ေျခေထာက္ကိုပါထိခိုက္ရာမရွိ
လား၊ရွိလားစစ္ေဆးေနတာ။ေတာ္ေသးတယ္။
ကူးမွာဘာဒါဏ္ရာမွမရွိလိုက္လို႔။ဂယူ႔မွာ အျမန္ပင္ခါးကေနဆြဲကာ သူ႔ရင္ခြင္ထဲ
ဆြဲသြင္းလိုက္လို႔ေတာ္ေသးတာ။မဟုတ္ရင္
ထိုၿပိဳင္ကားအနက္က ကူးကိုတိုက္ခ်သြားမွာ။

ထိုၿပိဳင္ကားအနက္ဟာလည္း ကူးေဘးကအျဖတ္
ေရွ႕တစ္ေနရာမွာ ကားအနက္ကရပ္သြားသည္။
ဂယူကေတာ့ ေဒါသထြက္လို႔ထိုကားနက္နားကို
သြားဖို႔လုပ္သည္။ထိုသည္ကို ကူးေလးက
တားလိုက္သည္။

" ဂယူရတယ္၊ကူးဘာမွမျဖစ္ပါဘူး၊ၿပီးေတာ့
ကူးမွားတာပဲေလေနာ္ "

ကူးနဲ႔ပတ္သက္ရင္ အေသးစိတ္ေလးကအစ
ေဒါသထြက္တက္တဲ့မင္ဂယူက အခုေတာင္
ရပ္သြားတဲ့ကားကို ျပႆနာရွာဖို႔လုပ္ေနတာ။
ထိုရပ္ေနတဲ့ကားကေတာ့ သူ႔ကိုျပႆနာရွာမွာ
သိလု႔ိမ်ားရပ္ေနသလားပင္ ထင္ရသည္။

" ေတာက္စ္!ကူးဘယ္ေလာက္ပဲမွားမွားေလကြာ၊
အခုကားကိုျဖည္းျဖည္းေမာင္းရင္း ဘာျဖစ္မွာမို႔
လို႔လဲ၊ကူး...ကိုယ့္ကိုမတားနဲ႔ကြာ! "

" ဂယူ...ကူးအဆင္ေျပပါတယ္၊ေနာ္...ဒီကိစၥက
ႀကီးသြားတာလည္းမဟုတ္ဘူး၊လူခ်မ္းသာေတြက
အဲ့လိုစီးေနတက္တာပဲကို၊လာပါ...ဂယူရယ္၊
ကိစၥေသးေသးေလးနဲ႔ ဂယူ႔မ်က္ႏွာကို ကူးထိမခိုက္ေစခ်င္ဘူး "

ကူးကသာဂယူ႔ကို လက္ကေနဆြဲလို႔အျမန္
ေခၚထုတ္သြားရေတာ့သည္။မဟုတ္ရင္
ဂယူကအတည္ႀကီး ထိုကားနက္ပိုင္ရွင္ကို
ျပႆနာသြားရွာေတာ့မွာ။သူတို႔ႏွစ္ေယာက္က
ထြက္သြားေရာ ၿပိဳင္ကားနက္ထဲကလူဟာ
သူတို႔ႏွစ္ေယာက္ကို ကားမွန္ကေနၾကည့္ေနတာ။

ထယ္ေယာင္းေဒါသတႀကီး ကားကိုအရွိန္တင္
ေမာင္းရင္း ေကာင္ေလးတစ္ေယာက္ကတိုက္မိ
မလိုျဖစ္သြားသည္။သို႔ေပမဲ့ ကံေကာင္းတာက သူ႔ေဘးကေကာင္ေလးက သူ႔ကိုလွမ္းဆြဲေတာ့
လြတ္ထြက္သြားတာ။သူလည္း ဘာမ်ားျဖစ္လဲ
ဆိုၿပီးၾကည့္ဖို႔ကားေပၚကဆင္းဖိုလုပ္ေပမဲ့
သူ႔ကိုျပႆနာရွာဖို႔လုပ္ေနသူဟာ အလွေလးရဲ႕
ရည္းစားဆိုတဲ့တစ္ေယာက္။

ထိုလူက ကိုကိုအလွေလးကို အေသးစိတ္ကအစ စစ္ေဆးေနတာ။သူလည္းစိတ္ပူၿပီးဆင္းခ်င္ေပမဲ့
ကိုကိုအလွေလးရဲ႕လူက ျပႆနာရွာခ်င္တာ။
ဒါေၾကာင့္မို႔ သူလည္းကားမွန္ကေနပင္
ျပႆနာလာရွာမည့္သူ႔ကို ေစာင့္ေနလိုက္တာ။
ကိုကိုအလွေလးက ထိုလူကိုျပန္ေခၚ၍
ထြက္သြားေတာ့သည္။

" ေတာက္စ္!မင္းလည္း ငါ့အပိုင္အနားမွာ ၾကာၾကာေနရမဲ့သူမဟုတ္ေတာ့ပါဘူးကြာ၊
ကိုကိုအလွေလးကငါ့အပိုင္ဆိုတာကို
မင္းကိုျပေပးမွာ!အခုေတာ့ ပိုင္ရွင္အစစ္က
ေပးထားတယ္လို႔သေဘာထားေပး! "

ဝူး!

ထယ္ေယာင္းလည္း ထိုသို႔ဆိုလိုက္ကာ အိမ္သုိ႔သာအျမန္ေမာင္းေတာ့သည္။မဟုတ္ရင္
သူ႔ေဒါသေတြက ထပ္ၿပီးေပါက္ကြဲမိမွာဆိုးလို႔။

~

ဝူး...ကြ်ီ ~

ကားပါကင္အႀကီးႀကီး၌ သူ႔ကားကိုေသခ်ာရပ္လို႔
အိမ္ေရွ႕ကကားနက္တစ္စီးကိုခပ္မဲ့မဲ့ၾကည့္လို႔
ထယ္ေယာင္းမွာ ကားေသာ့ေဝွ႕ယမ္းလို႔ အိမ္ေတာ္ထဲသို႔ ဝင္လာခဲ့သည္။အိမ္ထဲေရာက္လို႔
ဧည့္ခန္းကိုေရာက္ေရာ သူ႔အားနားဝင္ဆိုးသည့္
အသံတစ္သံက ဝမ္းသားအားရႏႈတ္ဆက္သည္။

" အစ္ကိုထယ္...အစ္ကိုထယ္က အန္တီကင္မ္ရဲ႕
တူေလးလားဟင္ "

ထယ္ေယာင္းအိမ္ထဲသို႔ ဝင္ဝင္ခ်င္းေတြ႕ရတဲ့
ေကာင္။ဟိုေန႔ကဆိုင္ထဲမွာ သူ႔ကိုပုခံံုးေပၚ
လက္တင္သြားသည့္ေကာင္ပဲ။

သူ႔စိတ္ထဲကိုကိုအလွေလးေလာက္ ဘယ္သူမွ
အေရးမပါတာမို႔ ထိုေကာင္အားခပ္စူးစူးၾကည့္လို႔
စကားဆိုလိုက္သည္။

" အဲ့ေတာ့ဘာျဖစ္လဲ "

သူ႔စကားေၾကာင့္ ထိုေကာင္ေလးဟာ မ်က္ႏွာပ်က္သြားသည္။ထိုစဥ္ေမေမက
မီးဖိုခန္းကထြက္လာရင္း ထယ္ေယာင္းကို
ဆူလိုက္ေသးသည္။

" သားငယ္ ဧည့္သည္ကိုအဲ့လိုမေျပာရဘူးေလ၊
အားနာလိုက္တာ လီယမ္ေလးရယ္ "

ထယ္ေယာင္းအေမက ထိုေကာင္ေလးေရွ႕
မုန္႔ေတြခ်ေပးကာ အားနာဟန္စကားဆိုသည္။
ထယ္ေယာင္းကေတာ့ ဂရုမစိုက္ပါ။သူ႔အခန္း
သို႔သာ တက္သြားဖို႔ဦးတည္လိုက္သည္။

" ရပါတယ္ ေမေမ၊လီယမ္က နားလည္ပါတယ္ "

လီယမ္ရဲ႕ေမေမဟုေခၚလိုက္သည့္အသံေၾကာင့္
ထယ္ေယာင္းမွာေလွကားတက္ခံနီးကိုေတာင္
ေျခလွမ္းတို႔ရပ္တန္႔သြားသည္။လက္သီးကို
ခပ္တင္းတင္းဆုပ္လို႔ အနားသြားလိုက္ၿပီး....

" ဟုိေကာင္!မင္းငါ့အေမကို ေမေမလို႔ေခၚတာကို
ရပ္လိုက္စမ္း!ငါ့အေမကိုငါနဲ႔ငါ့ဆိုင္သူကပဲ
ေခၚခြင့္ရွိမွာ!! "

" သားငယ္... "

ေမေမကအားနာဟန္ဝင္တားသည္။
လီယမ္ကေတာ့ ထယ္ေယာင္းစကားေၾကာင့္ မ်က္ႏွာပ်က္သြားသည္။ထိုသည္ကို
ထယ္ေယာင္းက စကားျပန္ဆက္သည္။

" ေမေမဝင္မပါပါနဲ႔၊ကြ်န္ေတာ့္အေမကို ကြ်န္ေတာ္ေခၚတာလိုမ်ိဳးလိုက္ေခၚရင္ သေဘာမက်ဘူး၊မင္း!မင္း သတိထားေနပါ!
ေဒၚေလးရဲ႕ဧည့္သည္ဆိုလည္း နားမလည္ဘူး၊
ငါစိတ္မၾကည္ရင္ ဂုတ္ကေနကိုင္ၿပီး
ကန္ထုတ္မွာ! ေတာက္စ္! "

" သား! "

အေမျဖစ္သူဟာ ဧည့္သည္ကိုအားနာဟန္ျဖင့္
သူ႔သားကိုတားသည္။သို႔ေသာ္ ထယ္ေယာင္းက
ဂရုမစိုက္ပါဘဲ အခန္းထဲသို႔သြားေတာ့သည္။
အခန္းထဲေရာက္ေရာ တံခါးကိုအသံျမည္ေအာင္
ပိတ္သံၾကားမွ မိခင္ျဖစ္သူဟာသက္ျပင္းခ်ကာ..

" အန္တီ အားနာပါတယ္ကြယ္၊သားထယ္က
အရင္ကအဲ့လိုမ်ိဳး စိတ္မၾကည္တာမ်ိဳးျဖစ္ေပမဲ့
တစ္ခါမွအဲ့လိုေတာ့ မျပဳမူပါဘူးကြယ္ "

ဟုတ္သည္။သားထယ္က သူ႔မေရွ႕တြင္ေတာ့
ဘယ္ေသာအခါမွ် ဆိုးသြမ္းရိုင္းျပသည့္အမူရာကို
မလုပ္ျပခဲ့ပါ။တနည္းသူ႔ဒယ္ဒီရွိေနရင္ေတာင္
ဆိုးတယ္ဆိုတာ တစ္ခါတစ္ေလ။အခုကေတာ့
သားထယ္ေဒါသေတြထြက္ေနခဲ့တာ။မိခင္မို႔
ဝမ္းနဲ႔လြယ္ကာေမြးထားတဲ့သားငယ္က ဘယ္လို
ျဖစ္ေနလဲဆိုတာေတာ့သိသည္။

" ရပါတယ္အန္တီ၊ေတာင္းပန္ပါတယ္ အစ္ကိုထယ္မႀကိဳက္တာကို ကြ်န္ေတာ္ျပဳမူမိပါ
တယ္၊အားနာပါတယ္ အန္တီ "

ထယ္ေယာင္းကႀကိမ္းသြားတာကို ေၾကာက္ေရာ
လီယမ္ကခ်က္ခ်င္းကိုပင္ အန္တီေျပာင္းေခၚ၏။
သူမပိုအားနာသြားသည္။သားထယ္ကိုေၾကာက္လို႔
လီယမ္ကအေခၚအေဝၚေျပာင္းသြားသည္။
ေခၚလို႔ရပါတယ္လို႔လည္းမေျပာရဲပါ။သားထယ္
ေျပာသလို သားထယ္နဲ႔သူ႔သက္ဆိုင္သူကသာ
သူ႔ကိုအေမလို႔သာေခၚခြင့္ရွိသည္ေလ။သူမလည္း
သားထယ္မႀကိဳက္ရင္ေတာ့ မျပဳမူခ်င္ပါ။

" အန္တီ လီယမ္ျပန္ေတာ့မယ္ေနာ္၊ဘာလို႔ဆို
မနက္ျဖန္မွပဲ ေအးေဆးလာပါေတာ့မယ္လို႔
ေဒၚေလးကိုေျပာေပးပါ "

" ေအးကြယ္ အန္တီေျပာေပးပါ့မယ္၊ကားကို
ေသခ်ာေမာင္းသြားေနာ္၊ဂရုစိုက္ျပန္ပါ
လီယမ္ေလး "

" ဟုတ္ကဲ့ အန္တီ "

လီယမ္လည္းအားနာသလို ဟန္ေဆာင္ကာ
ထိုအိမ္ေတာ္မွျပန္လာေတာ့သည္။တကယ္ေတာ့
အားနာေနတာမဟုတ္ပါ။အစ္ကိုထယ္ခုနက
ေျပာလိုက္တဲ့သက္ဆိုင္သူဆိုတာကိုနားထဲက
မထြက္။ေဒါသတရိပ္ရိပ္တက္လာတာမို႔ စိတ္ကို
ထိန္းကာ အိမ္ျပန္ဖို႔လွည့္ေျပာလိုက္ရသည္။

အျပင္သို႔ေရာက္ေရာကားေပၚတက္ကာ
စက္ႏွိုးလို႔ အစ္ကိုထယ္ေျပာသည့္ 'သက္ဆိုင္သူ'
ဆိုတာကို ေတြးေတာမိသည္။ၿပီးေနာက္လီယမ္
ႏႈတ္ခမ္းတြန္႔ခ်ိဳးရံုမွ်ျပံဳးလိုက္သည္။

" သက္ဆိုင္သူဆိုတာလည္း လီယမ္ပဲျဖစ္ရမယ္၊
အစ္ကိုထယ့္ရဲ႕အေမကိုလည္း ေမေမပဲေခၚဖို႔
အစ္ကိုထယ့္ရဲ႕သက္ဆိုင္သူျဖစ္ဖို႔ လီယမ္
နီးကပ္ေအာင္ ႀကိဳးစားပါ့မယ္ အဟြန္း! "

သူထိုမွ်သာဆိုလိုက္ကာ ကားကိုေမာင္းလို႔
ထိုအိမ္ေတာ္ကထြက္ခဲ့ေတာ့သည္။သူ႔အၾကံကို
လည္းေအာင္ျမင္ေအာင္ ျဖည့္ဆည္းဖို႔အတြက္
ယခုထည္းကႀကိဳးစားရဖို႔ သူ႔အေဖရွိမွာ အပူကပ္ရမည္ေလ။

~

" အစ္မယူရီ ဂယူမေရာက္ေသးဘူးလား၊ဂယူက
သူရံုးကိုအရင္လာတယ္ဆိုၿပီး ကူးကိုဖုန္းဆက္
ထားတာေလ "

" သူရံုးကိုမေရာက္ေသးဘူး ေဂ်ာင္ဂုေလးရဲ႕ "

အစ္မယူရီကပါေျပာေတာ့ ကူးေလးမွာသူ႔ဂယူကို
စိတ္ပူကာ ရံုးေရာက္ေရာက္ခ်င္းအလုပ္အိတ္ကို
ခ်လို႔ ဖုန္းဆက္ေနမိသည္။ဒါေတာင္ ဖုန္းမအား
ေသးတာကတိုးလို႔ေလ။သူလည္းစိတ္ပူကာ
ဂယူ႔အေမကိုဖုန္းဆက္လိုက္ေတာ့သည္။

" ေမေမ...ဂယူရံုးမလာေသးဘူးလားဟင္၊
ဂယူေနမေကာင္းဘူးလား၊ကူးလာခဲ့ရမလားလို႔
ေမးေပးပါဦးေနာ္ ဟင္...ေမေမခိုင္းလိုက္တာလား၊
အာ...ဟုတ္ကဲ့ေက်းဇူးပါေမေမ၊ဒါပဲေနာ္ "

ဂယူမလာေသးလို႔ဖုန္းဆက္ေရာ ဂယူ႔ေမေမရဲ႕
ေျဖသံေၾကာင့္ သူစိတ္ပူတာေတြေလွ်ာ့သြားသည္။
ေဘးကအစ္မယူရီကေတာ့ သူ႔ကိုေမးသည္။

" မင္ဂယူဘာျဖစ္တာလဲ ေမာင္ေလး "

" ဂယူကို႔ေမေမက ခိုင္းစရာရွိလို႔ခိုင္းလိုက္တာတဲ့၊
ဂယူအျပင္ထြက္သြားတာ၊အဲ့ဒါေၾကာင့္ ၾကာေနတာ၊ေတာ္ေသးရဲ႕ အစ္မယူရီရယ္၊
ကူးမွာစိတ္ပူေနတာ "

အခန္းအတြင္းရွိေသာ ဧည့္စားပြဲကထိုင္ခံုမွာ
ထိုင္လိုက္ၿပီး သက္ျပင္းခ်ေလသည္။
အစ္မယူရီကေတာ့ရယ္ရင္း....

" ခ်စ္သူရွိၾကေတာ့လည္း ပူပန္ေနရတာပဲ၊
ညကႏွစ္ေယာက္သားဒိတ္လုပ္တယ္မလား၊
ဂြ်န္ေဆာ့က ခုနကတင္ေျပာျပတယ္၊သူညက
ဝယ္စရာတစ္ခုခုဝယ္ရင္း ေတြ႕လိုက္တယ္တဲ့ "

ညကႏွစ္ေယာက္သားအတူဒိတ္ၾကတာကို
အစ္ကိုဂြ်န္ေဆာ့ကျမင္သြားသည္ထင္သည္။
မနက္ၾကေတာ့ ရံုးကိုခ်က္ခ်င္းေရာက္ေရာ။

" ဟုတ္တယ္...ဟီးဟီး၊ညက ဂယူ႔ကိုပူဆာတာ၊
အသားစားခ်င္တယ္ဆိုၿပီးေလ၊ဂယူက ခ်က္ခ်င္း
ထြက္လာခဲ့တာ၊ကူးရဲ႕ခ်စ္သူက တကယ္အားကိုး
စရာေနာ္ အစ္မယူရီ "

" ဟုတ္ပါတယ္၊ဒါနဲ႔မေန႔က ကူးေလးနဲ႔သူေဌးက
အလုပ္လုပ္တာအဆင္ေျပသြားတယ္ဆို "

" ဗ်ာ... ေျပပါတယ္ "

" အဟြန္း!ေျပာတာမွ ေရလည္ေနာ္ ယူရီရဲ႕၊
သူေဌးက ငါတို႔ေဂ်ာင္ဂုေလးကိုေတြ႕တာေတာင္
ၿငိမ္ၾကသြားတာ "

အခုမွေရာက္လာသည့္ အစ္မယြန္းဟယ္က
ေကာ္ဖီေသာက္ရင္းဝင္လာေတာ့ အစ္မယူရီရဲ႕
စကားကိုျပန္ေျဖေလသည္။

" ဟယ္...ဟုတ္လား၊ေဂ်ာင္ဂုေလးက အရမ္းကို
မိုက္ေနေတာ့တာပဲ၊ဒါေၾကာင့္လည္း ေမာင္ပိုဂယူ
စိတ္မခ်တာကို "

အစ္မယူရီကေျပာသည္။ကူးေလးကေတာ့ သေဘာမက်ဟန္ျငင္းပါသည္။

" အစ္မတို႔ကလည္းဗ်ာ ဂယူၾကားသြားရင္ မေကာင္းဘူးလို႔ေနာ္၊ေလွ်ာက္မစၾကပါနဲ႔ဆိုဗ်ာ၊
ဂယူၾကားသြားရင္ အစ္မတို႔ကိုအပ်ိဳႀကီးလို႔
ျပန္ေျပာေနမွာ "

" အံမယ္...ရွင္ေလးကေလ ကြ်န္မတို႔ကိုဆို
ရွယ္ေျပာတာပဲေနာ္၊ဟြန္း!.... "

အစ္မယြန္းဟယ္က ကူးေလးရဲ႕အေျဖေၾကာင့္
မ်က္ေစာင္းထိုးလို႔ေျဖသည္။ၿပီးေတာ့သူတို႔အတူ
ဒီဇိုင္းပို႔ဖို႔ေတြကိုစစ္ေနၾကရင္း....

" ေမာလိုက္တာဗ်ာ...ကူး...ကိုယ္ေရာက္ၿပီ "

လြယ္ထားတဲ့အိတ္ကိုေရာ၊ပါလာသည့္
ကိတ္ထုတ္ကိုပါခ်လို႔ အေမာေျဖသည့္အေနျဖင့္
အလုပ္လုပ္လို႔စာရင္းမွတ္ေနသည့္ကူးေလးရဲ႕
ရင္ခြင္ထဲကေလးတစ္ေယာက္ႏွယ္တိုးဝင္ေတာ့
သည္။

" ဂယူ...ဘာလို႔ဒါေတြဝယ္လာတာလဲ၊ေမေမ
ခိုင္းတာလုပ္ေနတယ္ဆို "

ကူးက အလန္႔တၾကားဂယူ႔ေခါင္းေလးကိုပြတ္
ေပးလို႔ စကားဆိုေနသည္။ထိုသည္ကို ဂယူက
သူ႔ကိုေမာ့ၾကည့္ကာ ပါးကိုအနမ္းေပးသည္။

" မြ!ကိုယ့္ကိတ္မွာလာတာ၊ကူးစားခ်င္မွာဆိုးလို႔
ေခ်ာကလက္ကိတ္ကိုမွာလာတာ "

" မလိုတာ၊ကူးစားခ်င္တယ္ မေျပာခဲ့ပါဘူး၊
ေနာက္ဆိုဝယ္မလာပါနဲ႔ ဂယူရယ္၊ကူးက
မေန႔ကေစတနာနဲ႔ေကြ်းလို႔ စားလိုက္တာပါဆို၊
အစ္မယြန္းဟယ္ေျပာတာေတြကို နားေယာင္
မေနပါနဲ႔ "

" ကြ်န္မကိုဆြဲထည့္ျပန္ၿပီ "

အစ္မယြန္းဟယ္က ေျဖလိုက္သည္။ဂယူက
ရယ္ၿပီး ကူးငယ္တပ္ထားတဲ့မ်က္မွန္ကိုခြ်တ္လို႔
က်ေနတဲ့ဆံပင္ေလးေတြကို အေနာက္သို႔သပ္တင္
ေပးေတာ့သည္။

" ရပါတယ္၊ဂယူက ကူးစားခ်င္တာဆို ဝယ္ေပးခ်င္လို႔ ကိုယ္ဝယ္လာခဲ့တာ "

" ေအးေအး၊ဝယ္လာရင္လည္း ေနာက္က်ထပ္
ဝယ္လာဂယူ၊ငါနဲ႔မင္း ထုတ္လုပ္တဲ့အပိုင္းကို
သြားၾကည့္ရဦးမယ္သိလား "

" ဟာ..ကြ်န္ေတာ့္ခ်စ္သူေလးနဲ႔ၾကည္ႏူးခ်င္ပါ
ေသးတယ္ဆိုဗ်ာ "

အစ္ကိုေဂ်ာင္ဟြန္းက ဂယူေရွ႕စာရင္းတစ္ပံုႀကီး
ခ်ရင္းေျပာသည္ကို ဂယူ႔မွာစိတ္ညစ္သည့္ေလ
သံျဖင့္ေအာ္ေရာအားလံုးက ဝိုင္းရယ္ၾကသည္။
ထိုျမင္ကြင္းကိုအစအဆံုးၾကည့္ေနသူတစ္
ေယာက္က အားလံုးထက္ ကူးကူးနဲ႔ ကူးကူးရဲ႕ပုခံုးေပၚ၌ ခႏၶာကိုယ္ကိုေလွ်ာ့လို႔ မွီအိပ္ေနတဲ့ဂယူ႔ကိုၾကည့္ရင္း လက္သီးကို ခပ္တင္းတင္းဆုပ္လို႔ အံႀကိတ္ကာၾကည့္ေနသည့္
ထယ္ေယာင္းပါေလ။

" ဥကၠဌေရာက္ေနတာလားဗ်၊အထဲကိုဘာလို႔
မဝင္တာလဲ၊ဟာ...ဒီအုပ္စုအားနာစရာႀကီး "

အခန္းေရွ႕ကေနအထဲကို မၾကည္ၾကည့္ေနတဲ့
ထယ္ေယာင္းကို ဌာနမွဴးကျမင္ေရာ ကိုယ္ကို
ကိုင္းငံု႔လို႔ ႏႈတ္ဆက္ကာအထဲကရယ္ေနတဲ့
သူေတြကိုၾကည့္ေနတာကိုသြားေခၚမည္ၾကံလို႔
ထယ္ေယာင္းကတားသည္။

" ေနပါေစ၊မေန႔က backgroundအတြက္ျပင္
ဆင္ေပးတဲ့မ်က္မွန္ေလးကို ေတြ႕ခ်င္လို႔ ဥကၠဌအခန္းထဲကိုေခၚလိုက္ပါ "

" ဟုတ္ကဲ့ ကြ်န္ေတာ္ေသခ်ာေျပာပါ့မယ္ "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ ဌာနမွဴးဟာ
အရိုအေသေတြေပး၍ ေျဖလိုက္လိုက္သည္။
ထယ္ေယာင္းကေတာ့ သူေျပာသည္ကို
'အင္း'တစ္လံုးသာေျဖ၍ထြက္သြားသည္။

သည္ေတာ့ဌာနမွဴးအထဲကိုေရာက္ေသာ္
အားလံုးကိုေနရာခြဲဖို႔ေျပာလိုက္ရေတာ့သည္။

" အားလံုးေနရာခြဲၾကေလ!ခုနကအခန္းေရွ႕မွာ
မင္းတို႔ရယ္ေနတာကို ဥကၠဌကၾကည့္ေနတာ၊
မင္းတို႔မို႔လို႔ ရယ္ႏိုင္ေသးတယ္၊ကိုယ့္အလုပ္ကို
ကိုမလုပ္ၾကဘူး၊ေဂ်ာင္ဂု! "

" ဟုတ္ကဲ့ ဌာနမွဴး "

" မင္းကို ဥကၠဌေခၚေနတယ္၊သြားလိုက္ "

ထိုသို႔ေျပာရင္း ဌာနမွဴးဟာထြက္သြားသည္။
က်န္ခဲ့တဲ့သူေတြအားလံုးကေတာ့ ကူးကိုၾကည့္လို႔
အံ့ဩေနၾကေတာ့သည္။မေန႔ကဆိုလည္း
အစ္မယြန္းဟယ္နဲ႔အတူရွိေနတာေတာင္
ကူးကုိသာေရြးလို႔ မုန္႔ပိုေပးသြားထည္းက
အံ့ဩေနတာေလ။အခုေတာ့ပိုလို႔ကို သတိထားမိတဲ့ အစ္မယြန္းဟယ္က
အမူအရာျဖင့္ 'ျမန္ျမန္သြားေလ'ဟုသာ
ပါးစပ္လႈပ္ရံုမွေျပာသည္။

" ဂယူ...ကူးသြားၿပီေနာ္၊ဥကၠဌကေတြ႕ခ်င္တယ္
ဆိုလို႔သြားေတြ႕ရဦးမယ္ "

" ဟုတ္ပါၿပီဗ်ာ၊ဘာမွစိတ္မပူနဲ႔ ကူးေလးကို
တစ္ေယာက္မွမဆူေစရဘူး၊ျပန္လာရင္
ကိုယ္နဲ႔အတူကိတ္စားၾကမယ္ "

" အြန္း...ကူးသြားၿပီ "

ထိုသည္ႏွင့္ကူးမွာ ဥကၠဌေခၚသည္ဆိုလို႔ ေရာက္လာခဲ့ရသည္။အခန္းေရွ႕ေရာက္ေရာ
အတြင္းေရးမွဴးမေလးတစ္ေယာက္ကငိုလို႔
မ်က္ႏွာအခ်ိဳ႕စုတ္ျပတ္သတ္ေနသည့္ လူက
ထိုအတြင္းေရးမွဴးမေလးကိုဆူေနသည္ေလ။
သူလည္းထိုေနရာ၌သာရပ္ေနလိုက္သည္။
ကိုယ့္အလုပ္လည္းမဟုတ္တာကို။

" အလုပ္ေလးေတာင္အခ်ိဳးမေျပတာကို၊
ဥကၠဌကမင္းေရာေႏွာေျပာဆိုလို႔ရမဲ့ သူမဟုတ္၊
ရွီး!သြားေတာ့ မင္းကိုဥကၠဌကအလုပ္ထုတ္ခိုင္း
တယ္၊၂လစာေရာ၊ပိုယူၿပီးထြက္သြားေတာ့ "

" ဟုတ္ကဲ့ ဟင့္...ေတာင္းပန္ပါတယ္ "

သူမက သူ႔ေဘးနားကေနအိတ္ယူကာ ငိုလို႔ ထြက္သြားေတာ့သည္။ထိုစဥ္ ခုနကဆူေနတဲ့သူက
သူ႔အနားအေရာက္လာကာ စကားစသည္။
သူနဲ႔အရပ္ကထိုလူက ပိုသာတာမို႔သူ႔ကေမာ့
ၾကည့္ရတဲ့အေနအထားျဖစ္သည္။

" ဆရာကေစာင့္ေနပါတယ္ဗ်၊ေစာင့္ရမိရင္လည္း ကြ်န္ေတာ္ေတာင္းပန္ပါတယ္၊ကြ်န္ေတာ္နဲ႔အတူ
လိုက္ဝင္လွည့္ပါဗ် "

ထိုသူကခုနကမိန္းကေလးနဲမတူစြာ သူ႔အား
ရိုေသယဥ္ေက်းစြာဆိုသည္။သူေတာင္ေၾကာင္လို႔
မ်က္ဝန္းေလးကဝိုင္းစြာ ထိုလူအားၾကည့္ေနမိ၏။
သူကေၾကာင္ၾကည့္ေနပံုကို ထိုလူကရယ္လို႔

" ကြ်န္ေတာ့္နာမည္ မင္ေယာင္းဝူပါ၊ဆရာရဲ႕ PAပါ၊ေနာက္ဆိုပိုသိရေတာ့မွာမို႔မိတ္ဆက္တာပါ၊
အထဲကိုႂကြပါဗ် "

" အင္း "

သူ႔အား'အင္း'လို႔ေျပာပံုေလးက သူစံုစမ္းထားတဲ့
အတိုင္းတကယ့္ကို မာနႀကီးတာပဲ။သူ႔ကိုေတာင္
ေခ်ျပသြားတာ။လိုက္ဖက္ပါေပတယ္။ဆရာ့လို
အေခ်နတ္ဘုရားေဘးနားကို မာနခဲကပါ
ေရာက္လာေတာ့ လိုက္ဖက္ၿပီေပါ့။

အေတြးေတြကိုေနာက္ထားကာ ဆရာ့အခန္းကို
တံခါးေခါက္ရသည္။

" ဆရာ! သူေရာက္ပါၿပီ "

" ဝင္ခဲ့လိုက္၊သူတစ္ေယာက္ထည္းပဲ "

ထယ္ေယာင္းက အထဲကေနေျပာလိုက္ေရာ
ေယာင္းဝူက ကူးေလးဝင္ရန္တံခါးဖြင့္ေပးသည္။
ကူးကေတာ့ ေခါင္းၿငိမ့္လိုက္ၿပီးအထဲကိုဝင္သြား
ေရာ ေယာင္းဝူကတံခါးပိတ္လို႔ေရွ႕ကေန ေစာင့္ေနသည္။

ကူးေလးအထဲကိုေရာက္ေရာ ဥကၠဌဟာ ထိုင္ခံုကိုမွီလို႔ မ်က္လံုးပိတ္ကာအနားယူေနပံု။
သူေရာက္ေနတာေတာင္ လံုးဝအသံမထြက္ပါ။
သူလည္းမ်က္ဝန္းေလးမ်ားဝိုင္းလို႔ ဥကၠဌကို အံ့ဩစြာၾကည့္ေနမိသည္။

သူမေခၚမခ်င္းကိုမ်က္လံုးမပြင့္တာမို႔ သူလည္း
ေခၚလိုက္ရေတာ့သည္။

" ဥကၠဌ ကြ်န္ေတာ့္ကိုေခၚတယ္ဆိုလို႔ "

သူေခၚလိုက္သည္ႏွင့္ ထယ္ေယာင္းဟာ မ်က္လံုးမွိတ္ေနရင္းကေန ျပံဳးလိုက္သည္။
ၿပီးေနာက္မွမ်က္ဝန္းညိဳေတြဟာ ပြင့္လာၿပီး

" ထိုင္ပါ၊ရပ္မေနပါနဲ႔ "

" အင္း...အာ..ဟုတ္ကဲ့ "

ႏႈတ္ကေနေယာင္ၿပီး 'အင္း'လို႔ထြက္လိုက္ေတာ့
ထယ္ေယာင္းကၾကည့္ရင္းကေန မသိမသာေလး
ျပံဳးလို႔။သူလည္းထလာၿပီး သူ႔စားပြဲကိုမွီလို႔
လက္ပိုက္ကာ ကူးကိုတစ္ဆံုးၾကည့္ေနသည္။
ကူးကေတာ့ ေခါင္းငံု႔ထားလို႔ ဥကၠဌကသူ႔ကို
ၾကည့္ေနတယ္ဆိုတာ မသိပါ။

ထယ္ေယာင္းခုနက အတြင္းေရးမွဴးမရဲ႕ကိစၥ
ေၾကာင့္စိတ္ညစ္ကာ မ်က္လံုးတို႔ပိတ္ကာ
စိတ္ကိုၿငိမ္ေအာင္လုပ္ေနသည္။ခဏၾကာေတာ့
လူဝင္လာတဲ့အသံၾကားတာ၊ေခၚတဲ့အသံကို
မၾကားရလို႔ ေခၚမဲ့အသံခ်ိဳေလးၾကားခ်င္လို႔
ေစာင့္ေနတာျဖစ္သည္။သူအေတြးတို႔ကို
ျဖတ္ကာ ကိုကိုအလွေလးကိုၾကည့္ရင္း...

" မေန႔ကbackgroundကိစၥအတြက္ ေက်းဇူးတင္ပါတယ္၊ပံုေကာင္းေတြရလို႔
ပိုေက်းဇူးတင္တာ "

" မလိုပါဘူး၊ကူး..အာ..ကြ်န္ေတာ္က လုပ္ေပး
ေနၾကမို႔ ဝင္ကူညီေပးရံုပါပဲ "

ကူးကေခါင္းေလးငံု႔လို႔ေျဖသည္။ထယ္ေယာင္းက
အတည္ႀကီးငံု႔ၿပီးစိုက္ၾကည့္ေနလို႔ ကူးေလးက
သိသြားတယ္ထင္သည္။ေခါင္းကိုေတာင္ ေဖာ္မလာဘဲ စကားေျပာေနတာ။

" ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ "

" ဟုတ္ကဲ့ "

သူကေက်းဇူးတင္တယ္ေျပာတာေတာင္ ေခါင္းေမာ့မၾကည့္လာတာမို႔ ထယ္ေယာင္း
မၾကည္ခ်င္ေတာ့ပါ။ထိုသည္မို႔ ထယ္ေယာင္းက

" ကြ်န္ေတာ့္အတြင္းေရးမွဴးလုပ္ေပးပါ "

" ဟင္... "

ထိုအခါမွေခါင္းေမာ့ၾကည့္လာတဲ့ ကြ်န္ေတာ့္ရဲ႕
ကိုကိုအလွေလး။သူမလုပ္ခ်င္ဘူးဆိုသည့္ပံုစံနဲ႔
မ်က္ဝန္းဝိုင္းေတြက အဓိပၸါယ္ရွိစြာျပသည္။
သို႔ေပမဲ့လက္မခံႏိုင္ပါ။သူ႔အနားနီးကပ္ေအာင္
ေခၚထားရမည္။

" ဘာမ်ားျဖစ္လို႔လဲ "

" မလုပ္ခ်င္လို႔ပါ၊ျငင္းပါရေစ၊ဌာနမွာ လူတအားလိုေနတာကို ဒီမွာလုပ္ဖို႔အတြက္
မလိုအပ္လို႔ပါ "

ကူးေလးက ထိုသို႔ဆိုသည္။ထိုသည္ကို ထယ္ေယာင္းက သေဘာမက်စြာျဖင့္
သက္ျပင္းရွည္ခ်ကာ


" အသစ္ထည့္လိုက္မယ္၊ကြ်န္ေတာ္က ေက်းဇူးတင္တဲ့အေနနဲ႔ အတြင္းေရမွဴးခန္႔တာ၊
လက္ခံဖို႔ေမွ်ာ္လင့္တယ္ "

" အဲ့ေန႔က ကြ်န္ေတာ္တစ္ေယာက္ထည္း လုပ္ေပးတာမွမဟုတ္ပဲ၊အစ္မယြန္းဟယ္ေရာ
က်န္တဲ့သူေတြ__ "

" သူတို႔ကို လစာတိုးေပးထားတယ္၊ဒီကအရမ္း
ေတာ္ၿပီးအရည္အခ်င္းရွိတဲ့သူမို႔ ကြ်န္ေတာ္က
အတြင္းေရးမွဴးခန္႔တာ၊စဥ္းစားဖို႔ ကြ်န္ေတာ္
၃ရက္အခ်ိန္ေပးမယ္ "

ထယ္ေယာင္းက တဇြတ္ထိုးဆန္စြာျဖင့္ ဆံုးျဖတ္လိုက္ေတာ့ ကူးေလးမွာဥကၠဌမို႔
ျပန္မေျပာရဲပါ။သို႔ေသာ္ သူလည္း
ထိုအစားထလိုက္ၿပီး...

" ကြ်န္ေတာ့္ကိုသြားခြင့္ျပဳပါဦး ဥကၠဌ အ့!
ဟင္.... "

အရွိန္ျဖင့္ထလိုက္ေတာ့ေျခလိမ္ၿပီး ေခ်ာ္လဲဖို႔
ျဖစ္သြားသည့္အခ်ိန္ ထယ္ေယာင္းက မွီေနရာမွအျမန္ထကာ သူ႔အလွေလးရဲ႕
ခါးကိုဆြဲဖက္လိုက္ေတာ့ အလွေလးဟာ
သူ႔ရင္ခြင္ထဲသို႔ ေရာက္လာခဲ့သည္။

သူကလည္းငံု႔ၾကည့္ရင္း အလွေလးမွာလည္း
သူ႔ကိုျပဴးတူူးတူးေလးၾကည့္ေနေတာ့
ထယ္ေယာင္းရဲ႕ရင္ခုန္သံဟာ အတိုင္းသားပင္
ခုန္ေနေတာ့သည္။

ကူးေလးမွာလည္းအံ့ဩစြာၾကည့္လိုက္ေနေပမဲ့
မ်က္ဝန္းညိဳကခပ္စူးစူးစိုက္ၾကည့္ရင္း
သူ႔ရဲ႕ရႈထုတ္လိုက္တဲ့ေလေတြက ကူးငယ္ရဲ႕
မ်က္ႏွာကိုထိမိေတာ့ ခပ္ေႏြးေႏြးျဖစ္ေနသည္။
ထိုစဥ္ ထယ္ေယာင္းဘက္မွအနီးကပ္စြာ
နမ္းဖို႔ကပ္လာေတာ့ ကူးေလးရုန္းထြက္ကာ
မ်က္ေစာင္းထိုး၍ ထြက္သြားသည္။

ဒုန္း !

တံခါးကို ဒုန္းစိုင္းပိတ္သြားၿပီး က်န္ခဲ့တဲ့ ထယ္ေယာင္းကေတာ့ သူ႔ရင္ဘက္ကိုအုပ္ကိုငလို႔
္စကားဆိုလိုက္သည္။

" ဒီလိုပံုမ်ိဳးဆို ေမာင္အလွေလးကို ပိုလိုခ်င္ေနမိၿပီကြာ "

To be continued ~

> >

#Unicode

ခွပ် ! ခွပ် ! ခွပ် !

" မင်းငါ့ကိုသေချာမပြောဘူးကွာ ယောင်းဝူ!! "

ယောင်းဝူရဲ့မျက်နှာကို သုံးချက်တိတိထိုးကာ
ထယ်ယောင်းက သူ့ရဲ့ဒေါသတွေကိုပုံချသည်။
ယောင်းဝူကတော့ နာနေသော်လည်းသူ့ဆရာရဲ့
ဒေါသထွက်မှုကို ယခုအချိန်မှာဘယ်သူမှတား
လို့မရတာမို့ ဒေါသပြေအောင်သာစောင့်ဆိုင်း
နေရတော့သည်။

" တောင်းပန်ပါတယ်၊ကျွန်တော်ပြောချင်ပေမဲ့
ဆရာ့ကဆရာ့အပိုင်ကို အတော်သဘောကျနေလို့ ကျွန်တော်ကဒီစကားကိုပြောမထွက်တာပါ "

ထယ်ယောင်းကိုတောင်းပန်သည်။ပြီးနောက်
သူ့ဆရာရဲ့အကြောင်းကိုသိစွာဖြေသည်။
ထယ်ယောင်းကတော့ တောက်စ်ခေါက်ရင်း
ခါးစပ်ကိုလက်ထောက်ကာ ဒေါသထွက်လို့
ပါးစောင်တွေကိုလျှာထိုးလို့ ဒေါသစိတ်တို့ဟာ နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။

" တောက်စ်!ဆောက်ရေးမပါလိုက်တာ!မင်းက
တကယ်ဆောက်ရေးမပါတာကို လုပ်တာပဲ!
မင်းဒီလိုလုပ်တော့ရော!!နောက်ကျငါမသိရဘူး
လားဖြေစမ်းကွာ!!! "

ဒုန်း!! ဒုန်း!!! ခွမ်း!! ခွမ်း !

ဒီတစ်ခါတော့ယောင်းဝူကို မထိတော့ဘဲ ဘေးနားကအရက်ပုလင်းတွေတင်ထားတဲ့
နေရာတွေကိုကန်ပြီး အရက်ပုလင်းတွေကို
လက်နဲ့ထိုးနေခဲ့တာ။

သူမနာဘူး!သူမနာဘူး!နာနေတဲ့နေရာက
ရင်ဘက်ထဲကနာနေတာ!သူချစ်ရတဲ့သူက
တစ်ခြားတစ်ယောက်နဲ့နမ်းလို့ပျော်ရွှင်နေတဲ့ပုံက
သူ့ကိုနာကျင်စေတာ!!

" တောက်စ်!! "

တောက်ခေါက်သံပြင်းပြင်းကထယ်ယောင်းထံမှ
ထွက်လာခဲ့သည်။ထို့အတူယောင်းဝူမှာလည်း
သူ့ဆရာ၏ဒေါသကြောင့် ငြိမ်နေလိုက်ပါသည်။
ပြီးနောက်မှ ခေါင်းငုံ့ရင်း....

" ငါ့ကိုဖြေစမ်း!အဲ့လူရဲ့အကြောင်းတွေ!သူက
ငါ့ထက်ဘယ်နားတွေသာနေလဲ! "

" ဟုတ်ကဲ့၊သူနဲ့ဆရာ့အပိုင်က ငယ်သူငယ်ချင်း
တွေပါ၊ကြီးလာမှတက္ကသိုလ်မှာပြန်တွေ့ကြရင်း
ချစ်သူတွေဖြစ်သွားတာပါ၊ကောင်လေးရဲ့
အသိုင်းဝိုင်းက သာမန်ပါပဲ "

ထယ်ယောင်း ခပ်ယေးယေးပြုံးရင်း ဆက်မေးသည်။

" ပြီးတော့ရော... ကိုကိုအလှလေးကရော "

" ဆရာ့အပိုင်ကလည်း သူငယ်ချင်းဖြစ်ရာကနေ
ချစ်သွားကြတာပဲ၊မိသားစုလေးက သာမန်ပါပဲ၊
အမေနဲ့နေတာပါ၊သူ့အမေကဆိုင်လေးဖွင့်ချင်
တယ်ဆိုလို့ ပိုက်ဆံပိုစုပေးနေတာပါ၊ပြီး..ပြီး..
တော့ သူ့နဲ့ဟိုလူလက်ထပ်ဖို့ပါပဲ "

ယောင်းဝူကဖြေရင်း အသံတွေတုန်လာသည်။
ထယ်ယောင်းမှာတော့ ဟက်ခနဲရယ်ရင်း...

" ငါ့ကိုတောင် မမှီတဲ့သူကို!ကိုကိုအလှလေးက
ရွေးချယ်ထားတာတဲ့၊ဟားဟား..
ကင်မ်ထယ်ယောင်းရယ်သာရယ်လိုက်ချင်!! "

" ဆရာ့အပိုင်ကိုသူကတကယ်ချစ်တာပါ၊
အရမ်းကိုအသေးစိတ်ကအစ ဂရုစိုက်တာ၊
ကျွန်တော်စုံစမ်းတာတွေထဲအကုန်ပါတယ်၊
အသေးစိတ်ကအစ ဂရုစိုက်လို့ဆရာ့အပိုင်နဲ့
အတော့်ကိုချစ်ကြ__ "

သူ့စကားတွေလွန်သွားသည်ဖြစ်သည်။ဆရာက
ပုလင်းတွေဘက်ကနေ သူ့ဘက်ကိုလှည့်လာပြီး
သူ့ကိုစူးစိုက်ကြည့်သည်။ပြီးနောက် ရှေ့တိုးလာရင်း...

ခွပ်! ခွပ်! ခွပ်!

သုံးချက်ဆင့်ပြီးထိုးချလိုက်တာမို့ ယောင်းဝူမှာ
ယိုင်တိုင်တိုင်ဖြစ်သွားသည်။ထယ်ယောင်းရဲ့
တောက်ခေါက်သံအကျယ်ကြီးက သူ့ကိုပါ
တုန်လှုပ်သွားစေသည်။ပြီးနောက် ထယ်ယောင်းက သူ့ကိုဆက်မေးသည်။
သူကစကားအမှားပြောမိတာတောင် မကျေနပ်လို့ထိုးတာမဟုတ် ခံပြင်းလို့ဖြစ်သည်တဲ့။

" ဆက်ပြောစမ်း! "

" ဟို!ဆရာ့အပိုင်က သူနဲ့ချစ်သူဖြစ်နေတာ
အတော်ကြာပါပြီ၊ချစ်နေတာကြပြီမို့ ဆရာက
လက်လျှော့ဖို့စဉ်းစားနေတာလား.. "

ခွပ်!

ယောင်းဝူထိုးခံရတာ ဒါနဲ့ဆိုအကြိမ်ရေများပြီ။
ထယ်ယောင်းမှာလည်း သူ့လက်တွေစုတ်ပြတ်
နေတာတောင် သူ့တပည့်အချိုးမပြေတာကိုပါ
ရောကာဆုံးမသည်။အချိုးမပြေချက်ဆို ယောင်းဝူက သူ့ဆရာကိုပြောင်းပြန်တွေချည်း
ပြောနေတာကို။

" တောက်စ်!ဆောက်ရေးမပါတာ!ငါ့ပုံစံက
လက်လျှော့မဲ့ပုံစံလား!! "

" တောင်းပန်ပါတယ် ဆရာ! "

မျက်နှာမှာလည်းပေါက်ပြဲရာတွေဖြင့် သူ့ဆရာကို
တောင်းပန်သည်။သူကလည်း သူပါပဲ။သူ့ဆရာရဲ့
အကြောင်းကိုသိနေရဲ့နဲ့ သွားမီးထွန်းပေးမိတော့
သူကိုကမှားတာပါ။

" မင်းမှတ်ထား!ကင်မ်ထယ်ယောင်းရဲ့ အဘိဓာန်မှာလက်လျှော့တယ်ဆိုတာမရှိဘူး!
လက်လျှော့တယ်ဆိုတာကလည်း ဘယ်တော့မှ
ကင်မ်ထယ်ယောင်းအတွက်မရှိစေရဘူး!! "

" ထယ်ယောင်း!မင်းဘယ်လိုတွေဖြစ်နေ!
What!ယောင်းဝူ မင်းမျက်နှာက... "

VIPအခန်းထဲဝင်လာတဲ့ ယွန်းဂီမှာထယ်ယောင်းရဲ့
သောင်းကျန်းထားသည့် ပြန့်ကျဲနေတဲ့ အရက်ပုလင်းတွေရော၊မျက်နှာတစ်ခုလုံး
ရစရာမရှိအောင်စုတ်ပြတ်သတ်နေတဲ့ ယောင်းဝူကိုတွေ့ရော အံ့ဩစွာဆိုသည်။

" မင်းဘာတွေလုပ်နေတာလဲကွာ၊ဟာကွာ!
မင်းတပည့်တစ်ယောက်ဖုန်းဆက်လို့ မင်းက
သောင်းကျန်းနေတယ်ဆိုလို့ ရောက်လာတာ၊
သူပြောတဲ့အတိုင်းကို သောင်းကျန်းနေတာပဲ!
ဖြစ်ရလေကွာ!မင်း!ကင်မ်ထယ်ယောင်းရော
ဟုတ်ရဲ့လား!! "

ယွန်းဂီကထယ်ယောင်းရဲ့ ပုခုံးကိုပုတ်လို့
ခေါ်သော် ထယ်ယောင်းကအံတွေကြိတ်ကာ
ဒေါသထွက်နေတော့သည်။မြင်နေရတဲ့
ပုံရိပ်တွေအားလုံးမှာလည်း ကိုကိုအလှလေးနဲ့
ထိုလူနမ်းလိုက်ကြတာ။

" တောက်စ်!ငါဖြစ်ရမှာ!အဲ့နေရာက ငါ့နေရာပဲ၊
ကိုကိုအလှလေးကို မောင်ပဲပိုင်ရမှာ!မောင်!
မောင်ဆိုတဲ့ကင်မ်ထယ်ယောင်းလေ! "

ဒုန်း!

ထို့သို့ပြောပြီးနောက် VIPအခန်းထဲကနေ ထွက်သွားခဲ့သည်။ယွန်းဂီနဲ့ယောင်းဝူနဲ့သာ
အခန်းထ၌ကျန်ခဲ့ပြီး ယွန်းဂီကယောင်းဝူကို
ကြည့်လို့ ထယ်ယောင်းရဲ့အခြေအနေကို
မေးလိုက်သည်။

" မင်းတို့ဘာဖြစ်ကြတာလဲ၊ငါ့မှာတော့ကွာ ထယ်ယောင်းများ တစ်ခုခုဖြစ်တာလားပေါ့၊
အခုကြမင်းကချည်းပဲ ဖြစ်နေရတယ် "

ယွန်းဂီကခါးစပ်ကိုလက်ထောက်ရင်း အခြေအနေတွေကိုကြည့်သည်။ယောင်းဝူက
ပြုံးလိုက်ကာ

" ကျွန်တော့်ထက်အခြေအနေဆိုးတာက
ဆရာပါ၊ဒါကဆရာသဘောကျတဲ့ဆရာ့အပိုင်၊
ချစ်သူရှိတယ်ဆိုတာသိသွားတော့ ဆရာရှော့ရ
သွားပြီးသောင်းကျန်းနေတာ "

ယွန်းဂီလက်ထဲ ဆရာ့အပိုင်၏ပုံလေးကိုပြရန်
ဖုန်းကမ်းပေးလိုက်သည်။ယွန်းဂီကတော့
ယောင်းဝူဖုန်းကမ်းပေးတဲ့ပုံလေးကိုကြည့်လို့
အံ့ဩသွားသည်။

ဘာကြောင့်ဆိုထိုပုံပိုင်ရှင်က သူ့အတွင်းရေးမှူး
ပတ်ခ်ဂျီမင်၏ သူငယ်ချင်းဖြစ်သည်လေ။သူ့မှာ
ချစ်သူရှိတယ်ဆိုတာလည်း သူကိုယ်တိုင်က
မြင်ဖူးပါ၏။ထယ်ယောင်းနဲ့ပင် အရပ်မကွာဘဲ
သန်သန်မာမာရှိသည့် ကောင်လေးမင်ဂယူ။

သူအတွင်းရေးမှူးရဲ့ပတ်သက်လို့ စုံစမ်းရင်းကနေ ထိုကောင်လေးအပြင်၊
သူ့ချစ်သူကိုပါ သိလာခဲ့ရသည်။အခုတော့
သူကပဲ ထယ်ယောင်းကိုကူညီရမည်လား။

" ဒီကောင်လေးကိုငါသိတယ်၊ငါ့အတွင်းရေးမှူးရဲ့
သူငယ်ချင်း၊ပြီးတော့လည်း ယောင်းဝူ မင်းက... ထယ်ယောင်းကိုလက်လျှော့ဖို့ သွားမပြောနဲ့၊
သူဖြစ်ချင်တာကိုလုပ်ပါစေကွာ "

" ဟုတ်ကဲ့၊ကျွန်တော်မတားပါဘူးဗျ "

ယောင်းဝူက ယွန်းဂီလက်ထဲကဖုန်းကိုယူရင်း
ဖြေလိုက်သည်။သူငယ်ချင်းဖြစ်သူကတောင်
မတားဘဲယူစေတာမို့ ယောင်းဝူမပြောတော့ပါ။
ယောင်းဝူလည်း သူ့ဆရာရဲ့အချစ်ရေးကိုသာ
ဒီတိုင်းလွှတ်ထားတော့မည်။သူအလိုက်သိမှ
ဆရာဆုံးမသည့်ပုံစံကနေ လွတ်မည်မဟုတ်
လား။

~

' ဗွမ်း! '

ကိုကိုအလှလေးကိစ္စကြောင့် စိတ်ပြေလို့ပြေငြား သူပိုင်သည့်ဗီလာက ခေါင်မိုးထပ်မှာ ရေလာကူးနေခဲ့သည်။အပေါ်ပိုင်းဗလာဖြင့်
Under Pantအနက်ကိုဝတ်ထားပြီး ရေကူးနေရင်းကနေ ဒေါသစိတ်တို့ဝင်လာလို့ စိတ်ကိုတည်ငြိမ်အောင်ရေငုပ်နေခဲ့သည်။

အတန်ကြာအောင်ရေငုပ်နေခဲ့တာ။ထယ်ယောင်း
ရေအောက်ထဲအသက်ရှုထိန်းလို့ ငုပ်နေခဲ့သည်။
ထိုစဉ်ရေငုပ်နေရင်း မျက်လုံးပိတ်ထားတာတောင်
ပေါ်လာသည်က ကိုကိုအလှလေးနဲ့ထိုလူရဲ့
နမ်းလိုက်သည့်ပုံရိပ်ကြောင့် ကြာကြာပင် ဆက်မနေနိုင်တော့ဘဲ ရေငုပ်ရာကနေ ထလာခဲ့သည်။

" တောက်စ်!မောင် ရူးတော့မယ်ကွာ!! "

ကိုကိုအလှလေးကို ဒေါသထွက်သည့်စိတ်ကြောင့်
မဟုတ်ပါဘဲ သူ့ကြောင့်သာ။သူနဲ့သာ စောစောတွေ့ခဲ့ရင်၊သူသာအမေရိကားမှာ
ကျောင်းတက်ဖို့မရွေးခဲ့ရင် ကိုကိုအလှလေးနဲ့ သူတွေ့လို့ အချစ်ကိုရနေမှာ။အခုတော့ သူ့အပိုင်ဖြစ်မည့်သူလေးက နောက်လူရဲ့ရင်ခွင်မှာ ပျော်နေသည်တဲ့။

ထိုပုံရိပ်ကြီးက သူ့နှလုံးသားကိုနာကျင်စေလို့ ရေပြင်ကြီးကို လက်ဖြင့်ထုရိုက်လိုက်ပြီးနောက် ရေစိုလို့ပွနေသည့်ဆံပင်တို့ကို
သပ်တင်လိုက်သည်။

" မောင်ရအောင်ယူမယ်၊ကိုကိုအလှလေးရဲ့
နှလုံးသားကိုရော၊အနမ်းတွေ၊ခန္ဓာကိုယ်ကိုပါ
မောင်ရအောင်ယူမယ် "

သူပြောရင်းကနေ ရေကန်ဘောင်ကိုမှီလို့ အသင့်တင်ထားတဲ့စီးကရက်ဘူးကိုယူကာ
စီးကရက်ကိုမီးညှိလို့ လက်ကြားထဲညှပ်ရင်း
သူ့ကိုကိုအလှလေးကြောင်းတွေးမိပြန်တော့
ကင်မ်ထယ်ယောင်း ပြုံးမိပါသည်။

" ဟ့!ရစ်မူးလိုက်တာကွာ၊ခါးသေးလေးရဲ့
ခါးပတ်က မောင့်လက်မောင်းတွေပဲဖြစ်ရမှာ!
တစ်ရက်လောက်ခါးသေးလေးကိုမလွတ်အောင်
မောင်ဖက်ထားပြမယ် ! "

ထယ်ယောင်းအတွေးထဲနစ်မြောရင်းကနေ စီးကရက်ကိုထက်သောက်သည်။နှာခေါင်းကနေ
အငွေ့များထုတ်လိုက်ရင်း မျက်လုံးလေးမှိတ်လို့
ကိုကိုအလှလေးရဲ့ မျက်ဝန်းဝိုင်းတွေ၊ဖွေးဥနေတဲ့
အသားအရည်လေးရယ်၊ဆံသားကောက်ကောက်
လေးရယ်၊ရှပ်ညှပ်ဝတ်ထားတဲ့ခါးသေးလေးက
သူ့ကိုဆွဲဆောင်နေတာ။

" မောင်ရယူချင်ပေမယ့် တကယ်တမ်းချစ်လို့
ရယူချင်တယ်ဆိုတာ ကိုကိုအလှလေးကို
မောင်ကချစ်လို့၊မောင်ကချစ်လို့ပါ ဟ့! "

သူစီးကရက်ကိုထပ်သောက်ဖွာမိသည်။
ထယ်ယောင်းစီးကရက်သောက်ရင်း
ကောင်းကင်ကိုမော့ကြည့်မိတယ်။

" ဟက်!မောင့်အလှလေး၊မောင့်အလှလေး၊
နောက်နေ့ကစလို့ မောင်ကမင်းရဲ့ချစ်သူရှိက
မင်းကိုရအောင်ယူပြမှာမို့ မောင့်အလှလေးက
မောင့်ရှိကိုလာရမယ်၊မောင်ကဒီအတွက်လည်း
ဘယ်သူ့ကိုမှညှာတာနေမှာမဟုတ်ဘူး! "

သူစကားဆိုနေရင်း ရေကန်ဘောင်နားမှာတင်ထား
သည့်ဖုန်းကမြည်လာခဲ့သည်။သူစုတ်သပ်ရင်း
ဖုန်းကိုင်လိုက်တော့ အိမ်ကအဒေါ်ထံမှဖြစ်၏။

" အင်း ဒေါ်လေးပြော၊ကျစ်!အဲ့ဒါနဲ့ပဲ အိမ်ပြန်လာစရာလား၊ဒေါ်လေးဧည့်သည့် ဒေါ်လေးဧည့်ခံပါလား၊အလကား!ရှုပ်တယ်! "

ဖုန်းကိုချလိုက်ကာ ဆံပင်တွေကိုသပ်တင်ကာ
အဒေါ်ဖြစ်သူခေါ်သည့်နေရာကိုမသွားချင်ဘဲ
သွားရဦးမည်။မလာရင်လည်း အဖိုးလာခိုင်းပါ
တယ်ဆိုပြီး ခြိမ်းခြောက်သည်။

သူစိတ်ညစ်ညစ်နဲ့ထကာ သဘတ်အဖြူကို
ခါးပတ်လိုက်ရင်း အခန်းထဲဝင်ကာအဝတ်အစား
လဲသည်။T-shirtတစ်ထည်ကောက်စွပ်ရင်း
Short pantအနက်သာဝတ်ပြီး ကားဆီသို့
ရောက်လာကာ ကားကိုအရှိန်တင်ကာ
မောင်းလာခဲ့သည်လေ။

" ဂယူ...ကူးနဲ့ပိတ်ရက်ကြ ဒိတ်ကြမလား "

ညပိုင်းဂယူနဲ့ကူးအတွဲလေးကတော့ အလုပ်ကပြန်လာတာတောင် မနားကြဘဲ
မင်ဂယူရဲ့ကူးကူးလေးဟာ ညပိုင်းထပ်ဒိတ်မယ် ဆိုလို့ဂယူမှာ ချက်ချင်းထွက်လာပြီး ကူးနဲ့အတူ
ညပိုင်းဒိတ်နေကြတာဖြစ်သည်။

အခုလည်းလမ်းလျှောက်ရင်းကနေ ကူးလေးက
နောက်နေ့ပိတ်ရက်ကြ ထပ်ဒိတ်ရန်ပြောတော့
ဂယူ့မှာသူ့ချစ်သူလေးစကားကိုပြုံးကာ...

" အခုလည်းဂယူတို့ ဒိတ်ကြတာပဲမလား "

" ထပ်ဒိတ်ကြမယ်လေ၊ဒီနေ့ညက သုံးထပ်သားကင်စားတာ မဝဘူးထင်တယ်၊
အဲ့တော့ကူးထပ်စားရမှ ကျေနပ်မယ်... "

ကူးကလမ်းလျှောက်ရင်း သူ့ရင်ခွင်ထဲတိုးကပ်လို့
စကားဆိုသည်။ဂယူကတော့ သူ့ချစ်သူလေးရဲ့
စကားအတိုင်းလိုက်နာရဦးမည်။သူလိုက်မနာရင်
ချစ်ရသူလေးက မာနပေါက်စလေးထွက်လာပြီး
ရုပ်တည်လေးနဲ့ကောက်တက်သေးတာ။ဒါကြောင့်
သူကိုယ်တိုင်က သည်းသည်းလှုပ်ပြနေရတာပေါ့။

" ကောင်းပါပြီဗျာ၊မနက်ဖြန်ရော၊မဟုတ်ဘူး၊
ကိုယ်တို့လက်ထပ်ပြီးရင်တောင် ညတိုင်း
အပြင်ထွက်ကြမယ်၊လျှောက်လည်မယ်၊
မုန့်တွေစားမယ်၊ကူးလုပ်ချင်တာလေးတွေ
ကိုယ်အားလုံးကိုလိုက်လုပ်လုပ်ပေးမယ်၊
ကိုယ်အဲ့လိုတွေဖြစ်ဖို့ မစောင့်နိုင်တော့ဘူး၊
လက်ထပ်ကြမလား ကူး... "

ဂယူကပြောလိုက်ရော ကူးလေးကဂယူ့ဘက်သို့
မော့ကြည့်လျက် ခြေဖျားထောက်လို့ဂယူရဲ့
မျက်နှာကိုအုပ်ကိုင်ပြီးနောက် ဂယူ့နှုတ်ခမ်းကို ဘေးပတ်ဝန်းကျင်ကလူတွေရှိနေတာတောင်
ဖွဖွလေးနမ်းလိုက်သည်။

စစချင်းတော့ဂယူဟာကြောင်သွားပေမဲ့ နောက်တော့ပြုံးလိုက်သည်။ပြီးတော့မှ
ခါးသေးလေးကိုဖက်လိုက်ရင်း....

" ဘာလဲ၊ကိုယ့်ကိုချော့ပြန်ပြီလား၊မေမေ့ရဲ့
ဆိုင်ကိုအရင်ဖွင့်ပေးပြီးမှ ကိုယ်တို့ကိုလက်ထပ်ဖို့
စဉ်းစားပါ့မယ်ဆိုပြီးလေ "

" သိနေရင်လည်း ဘာလို့ပြောနေလဲ၊ဂယူက
အလိုက်သိရဲ့သားနဲ့! "

ဂယူက ကူးလေးလုပ်ပြတဲ့အကြောင်းပြချက်ကို
သိနေတာမို့ပြောလိုက်ရော၊ကူးလေးမှာ သူ့ကို
မျက်စောင်းထိုး၍ ပြန်ဖြေသည်။ထို့နောက်
နှစ်ယောက်အတူ ပြန်လည်တိတ်ဆိတ်သွားကာ
လက်တွဲ၍ လျှောက်ကြပြန်သည်။ပြီးနောက်
ဂယူက သတိရသွားဟန်ဖြင့်....

" ညနေကအစ်မယွန်းဟယ်ကပြောတယ်၊ကူး
ဒီနေ့ကံကောင်းတယ်တဲ့၊ထမင်းလည်းစားရသလို
အချိုပွဲတောင်စားရတယ်ဆို၊စားချင်တယ်ဆိုရင်
ကိုယ်မနက်ဖြန် ကိတ်တစ်ခါထည်းဝယ်လာပေး
ရမလား "

" မလိုပါဘူးဂယူရယ်၊ကူးက ညနေ့ကအဆင်ပြေ
လို့သာ သူကစေတနာနဲ့ကျွေးသွားတာ၊နေ့တိုင်း
စားချင်တာမဟုတ်တာမို့ ဂယူမကျွေးပါနဲ့ "

ကူးကငြင်းလိုက်သည်။ဘာလို့ဆို ဂယူတစ်မျိုး
ထင်မှာဆိုးလို့သာဖြေလိုက်ရသည်လေ။သူဌေးက
စိတ်သဘောတစ်မျိုး၊စေတနာနဲ့ကျွေးတာကို
သူကလက်မခံရင် ရိုင်းပြရာကျမှာဆိုးတာမို့
ကျေနပ်အောင်စားပေးလိုက်ရတာ။ဒါကို
အစ်မယွန်းဟယ်က ဘယ်လိုတွေပြောလိုက်လဲ
မသိ။ဂယူက ကျွေးမယ်ချည်းပြောနေတာ။

" စားချင်တယ်ဆို ကိုယ့်ကိုပြော၊ကိုယ်က မနက်စောစာမှာထားလို့ရတယ်၊နေ့တိုင်းစားချင်
ရင်တောင် ရအောင်ဝယ်ပေးမှာမို့ ကိုယ့်ကို
အားမနာနဲ့ ကူး "

" အင်းပါ ဂယူ၊ကူးပြောပါ့မယ် "

ထိုကနေစလို့ ဂယူနဲ့ကူးတို့ရဲ့စကားဟာ ပြန်လည်တိတ်ဆိတ်သွားပါသည်။ဒီအချိန်က
လူရှင်းနေသလို၊လမ်းမလယ်က
အနည်းငယ်ကားရှင်းတာမို့ ဆင်းလျှောက်
နေကြသည်။ထိုစဉ် ကူးလေးကဘေးဘက်
ကားလမ်းမပေါ်ကိုထပ်တိုးလျှောက်ရောက်
ပြိုင်ကားတစ်စီးက ဘေးကနေဖြတ်မောင်း
သွားသည်။

ဝူး!!!! ကျွီ ~

" ကူး.... ဘာဖြစ်သွားသေးလဲ၊ကိုယ့်ကို
ုပြဦး၊ခြေထောက်ထိသွားသေးလား "

ဂယူ့မှာစိတ်ပူလွန်ကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို
စစ်ဆေးနေပြီး ခြေထောက်ကိုပါထိခိုက်ရာမရှိ
လား၊ရှိလားစစ်ဆေးနေတာ။တော်သေးတယ်။
ကူးမှာဘာဒါဏ်ရာမှမရှိလိုက်လို့။ဂယူ့မှာ အမြန်ပင်ခါးကနေဆွဲကာ သူ့ရင်ခွင်ထဲ
ဆွဲသွင်းလိုက်လို့တော်သေးတာ။မဟုတ်ရင်
ထိုပြိုင်ကားအနက်က ကူးကိုတိုက်ချသွားမှာ။

ထိုပြိုင်ကားအနက်ဟာလည်း ကူးဘေးကအဖြတ်
ရှေ့တစ်နေရာမှာ ကားအနက်ကရပ်သွားသည်။
ဂယူကတော့ ဒေါသထွက်လို့ထိုကားနက်နားကို
သွားဖို့လုပ်သည်။ထိုသည်ကို ကူးလေးက
တားလိုက်သည်။

" ဂယူရတယ်၊ကူးဘာမှမဖြစ်ပါဘူး၊ပြီးတော့
ကူးမှားတာပဲလေနော် "

ကူးနဲ့ပတ်သက်ရင် အသေးစိတ်လေးကအစ
ဒေါသထွက်တက်တဲ့မင်ဂယူက အခုတောင်
ရပ်သွားတဲ့ကားကို ပြဿနာရှာဖို့လုပ်နေတာ။
ထိုရပ်နေတဲ့ကားကတော့ သူ့ကိုပြဿနာရှာမှာ
သိလု့ိများရပ်နေသလားပင် ထင်ရသည်။

" တောက်စ်!ကူးဘယ်လောက်ပဲမှားမှားလေကွာ၊
အခုကားကိုဖြည်းဖြည်းမောင်းရင်း ဘာဖြစ်မှာမို့
လို့လဲ၊ကူး...ကိုယ့်ကိုမတားနဲ့ကွာ! "

" ဂယူ...ကူးအဆင်ပြေပါတယ်၊နော်...ဒီကိစ္စက
ကြီးသွားတာလည်းမဟုတ်ဘူး၊လူချမ်းသာတွေက
အဲ့လိုစီးနေတက်တာပဲကို၊လာပါ...ဂယူရယ်၊
ကိစ္စသေးသေးလေးနဲ့ ဂယူ့မျက်နှာကို ကူးထိမခိုက်စေချင်ဘူး "

ကူးကသာဂယူ့ကို လက်ကနေဆွဲလို့အမြန်
ခေါ်ထုတ်သွားရတော့သည်။မဟုတ်ရင်
ဂယူကအတည်ကြီး ထိုကားနက်ပိုင်ရှင်ကို
ပြဿနာသွားရှာတော့မှာ။သူတို့နှစ်ယောက်က
ထွက်သွားရော ပြိုင်ကားနက်ထဲကလူဟာ
သူတို့နှစ်ယောက်ကို ကားမှန်ကနေကြည့်နေတာ။

ထယ်ယောင်းဒေါသတကြီး ကားကိုအရှိန်တင်
မောင်းရင်း ကောင်လေးတစ်ယောက်ကတိုက်မိ
မလိုဖြစ်သွားသည်။သို့ပေမဲ့ ကံကောင်းတာက သူ့ဘေးကကောင်လေးက သူ့ကိုလှမ်းဆွဲတော့
လွတ်ထွက်သွားတာ။သူလည်း ဘာများဖြစ်လဲ
ဆိုပြီးကြည့်ဖို့ကားပေါ်ကဆင်းဖိုလုပ်ပေမဲ့
သူ့ကိုပြဿနာရှာဖို့လုပ်နေသူဟာ အလှလေးရဲ့
ရည်းစားဆိုတဲ့တစ်ယောက်။

ထိုလူက ကိုကိုအလှလေးကို အသေးစိတ်ကအစ စစ်ဆေးနေတာ။သူလည်းစိတ်ပူပြီးဆင်းချင်ပေမဲ့
ကိုကိုအလှလေးရဲ့လူက ပြဿနာရှာချင်တာ။
ဒါကြောင့်မို့ သူလည်းကားမှန်ကနေပင်
ပြဿနာလာရှာမည့်သူ့ကို စောင့်နေလိုက်တာ။
ကိုကိုအလှလေးက ထိုလူကိုပြန်ခေါ်၍
ထွက်သွားတော့သည်။

" တောက်စ်!မင်းလည်း ငါ့အပိုင်အနားမှာ ကြာကြာနေရမဲ့သူမဟုတ်တော့ပါဘူးကွာ၊
ကိုကိုအလှလေးကငါ့အပိုင်ဆိုတာကို
မင်းကိုပြပေးမှာ!အခုတော့ ပိုင်ရှင်အစစ်က
ပေးထားတယ်လို့သဘောထားပေး! "

ဝူး!

ထယ်ယောင်းလည်း ထိုသို့ဆိုလိုက်ကာ အိမ်သို့သာအမြန်မောင်းတော့သည်။မဟုတ်ရင်
သူ့ဒေါသတွေက ထပ်ပြီးပေါက်ကွဲမိမှာဆိုးလို့။

~

ဝူး...ကျွီ ~

ကားပါကင်အကြီးကြီး၌ သူ့ကားကိုသေချာရပ်လို့
အိမ်ရှေ့ကကားနက်တစ်စီးကိုခပ်မဲ့မဲ့ကြည့်လို့
ထယ်ယောင်းမှာ ကားသော့ဝှေ့ယမ်းလို့ အိမ်တော်ထဲသို့ ဝင်လာခဲ့သည်။အိမ်ထဲရောက်လို့
ဧည့်ခန်းကိုရောက်ရော သူ့အားနားဝင်ဆိုးသည့်
အသံတစ်သံက ဝမ်းသားအားရနှုတ်ဆက်သည်။

" အစ်ကိုထယ်...အစ်ကိုထယ်က အန်တီကင်မ်ရဲ့
တူလေးလားဟင် "

ထယ်ယောင်းအိမ်ထဲသို့ ဝင်ဝင်ချင်းတွေ့ရတဲ့
ကောင်။ဟိုနေ့ကဆိုင်ထဲမှာ သူ့ကိုပုခံုံးပေါ်
လက်တင်သွားသည့်ကောင်ပဲ။

သူ့စိတ်ထဲကိုကိုအလှလေးလောက် ဘယ်သူမှ
အရေးမပါတာမို့ ထိုကောင်အားခပ်စူးစူးကြည့်လို့
စကားဆိုလိုက်သည်။

" အဲ့တော့ဘာဖြစ်လဲ "

သူ့စကားကြောင့် ထိုကောင်လေးဟာ မျက်နှာပျက်သွားသည်။ထိုစဉ်မေမေက
မီးဖိုခန်းကထွက်လာရင်း ထယ်ယောင်းကို
ဆူလိုက်သေးသည်။

" သားငယ် ဧည့်သည်ကိုအဲ့လိုမပြောရဘူးလေ၊
အားနာလိုက်တာ လီယမ်လေးရယ် "

ထယ်ယောင်းအမေက ထိုကောင်လေးရှေ့
မုန့်တွေချပေးကာ အားနာဟန်စကားဆိုသည်။
ထယ်ယောင်းကတော့ ဂရုမစိုက်ပါ။သူ့အခန်း
သို့သာ တက်သွားဖို့ဦးတည်လိုက်သည်။

" ရပါတယ် မေမေ၊လီယမ်က နားလည်ပါတယ် "

လီယမ်ရဲ့မေမေဟုခေါ်လိုက်သည့်အသံကြောင့်
ထယ်ယောင်းမှာလှေကားတက်ခံနီးကိုတောင်
ခြေလှမ်းတို့ရပ်တန့်သွားသည်။လက်သီးကို
ခပ်တင်းတင်းဆုပ်လို့ အနားသွားလိုက်ပြီး....

" ဟိုကောင်!မင်းငါ့အမေကို မေမေလို့ခေါ်တာကို
ရပ်လိုက်စမ်း!ငါ့အမေကိုငါနဲ့ငါ့ဆိုင်သူကပဲ
ခေါ်ခွင့်ရှိမှာ!! "

" သားငယ်... "

မေမေကအားနာဟန်ဝင်တားသည်။
လီယမ်ကတော့ ထယ်ယောင်းစကားကြောင့် မျက်နှာပျက်သွားသည်။ထိုသည်ကို
ထယ်ယောင်းက စကားပြန်ဆက်သည်။

" မေမေဝင်မပါပါနဲ့၊ကျွန်တော့်အမေကို ကျွန်တော်ခေါ်တာလိုမျိုးလိုက်ခေါ်ရင် သဘောမကျဘူး၊မင်း!မင်း သတိထားနေပါ!
ဒေါ်လေးရဲ့ဧည့်သည်ဆိုလည်း နားမလည်ဘူး၊
ငါစိတ်မကြည်ရင် ဂုတ်ကနေကိုင်ပြီး
ကန်ထုတ်မှာ! တောက်စ်! "

" သား! "

အမေဖြစ်သူဟာ ဧည့်သည်ကိုအားနာဟန်ဖြင့်
သူ့သားကိုတားသည်။သို့သော် ထယ်ယောင်းက
ဂရုမစိုက်ပါဘဲ အခန်းထဲသို့သွားတော့သည်။
အခန်းထဲရောက်ရော တံခါးကိုအသံမြည်အောင်
ပိတ်သံကြားမှ မိခင်ဖြစ်သူဟာသက်ပြင်းချကာ..

" အန်တီ အားနာပါတယ်ကွယ်၊သားထယ်က
အရင်ကအဲ့လိုမျိုး စိတ်မကြည်တာမျိုးဖြစ်ပေမဲ့
တစ်ခါမှအဲ့လိုတော့ မပြုမူပါဘူးကွယ် "

ဟုတ်သည်။သားထယ်က သူ့မရှေ့တွင်တော့
ဘယ်သောအခါမျှ ဆိုးသွမ်းရိုင်းပြသည့်အမူရာကို
မလုပ်ပြခဲ့ပါ။တနည်းသူ့ဒယ်ဒီရှိနေရင်တောင်
ဆိုးတယ်ဆိုတာ တစ်ခါတစ်လေ။အခုကတော့
သားထယ်ဒေါသတွေထွက်နေခဲ့တာ။မိခင်မို့
ဝမ်းနဲ့လွယ်ကာမွေးထားတဲ့သားငယ်က ဘယ်လို
ဖြစ်နေလဲဆိုတာတော့သိသည်။

" ရပါတယ်အန်တီ၊တောင်းပန်ပါတယ် အစ်ကိုထယ်မကြိုက်တာကို ကျွန်တော်ပြုမူမိပါ
တယ်၊အားနာပါတယ် အန်တီ "

ထယ်ယောင်းကကြိမ်းသွားတာကို ကြောက်ရော
လီယမ်ကချက်ချင်းကိုပင် အန်တီပြောင်းခေါ်၏။
သူမပိုအားနာသွားသည်။သားထယ်ကိုကြောက်လို့
လီယမ်ကအခေါ်အဝေါ်ပြောင်းသွားသည်။
ခေါ်လို့ရပါတယ်လို့လည်းမပြောရဲပါ။သားထယ်
ပြောသလို သားထယ်နဲ့သူ့သက်ဆိုင်သူကသာ
သူ့ကိုအမေလို့သာခေါ်ခွင့်ရှိသည်လေ။သူမလည်း
သားထယ်မကြိုက်ရင်တော့ မပြုမူချင်ပါ။

" အန်တီ လီယမ်ပြန်တော့မယ်နော်၊ဘာလို့ဆို
မနက်ဖြန်မှပဲ အေးဆေးလာပါတော့မယ်လို့
ဒေါ်လေးကိုပြောပေးပါ "

" အေးကွယ် အန်တီပြောပေးပါ့မယ်၊ကားကို
သေချာမောင်းသွားနော်၊ဂရုစိုက်ပြန်ပါ
လီယမ်လေး "

" ဟုတ်ကဲ့ အန်တီ "

လီယမ်လည်းအားနာသလို ဟန်ဆောင်ကာ
ထိုအိမ်တော်မှပြန်လာတော့သည်။တကယ်တော့
အားနာနေတာမဟုတ်ပါ။အစ်ကိုထယ်ခုနက
ပြောလိုက်တဲ့သက်ဆိုင်သူဆိုတာကိုနားထဲက
မထွက်။ဒေါသတရိပ်ရိပ်တက်လာတာမို့ စိတ်ကို
ထိန်းကာ အိမ်ပြန်ဖို့လှည့်ပြောလိုက်ရသည်။

အပြင်သို့ရောက်ရောကားပေါ်တက်ကာ
စက်နှိုးလို့ အစ်ကိုထယ်ပြောသည့် 'သက်ဆိုင်သူ'
ဆိုတာကို တွေးတောမိသည်။ပြီးနောက်လီယမ်
နှုတ်ခမ်းတွန့်ချိုးရုံမျှပြုံးလိုက်သည်။

" သက်ဆိုင်သူဆိုတာလည်း လီယမ်ပဲဖြစ်ရမယ်၊
အစ်ကိုထယ့်ရဲ့အမေကိုလည်း မေမေပဲခေါ်ဖို့
အစ်ကိုထယ့်ရဲ့သက်ဆိုင်သူဖြစ်ဖို့ လီယမ်
နီးကပ်အောင် ကြိုးစားပါ့မယ် အဟွန်း! "

သူထိုမျှသာဆိုလိုက်ကာ ကားကိုမောင်းလို့
ထိုအိမ်တော်ကထွက်ခဲ့တော့သည်။သူ့အကြံကို
လည်းအောင်မြင်အောင် ဖြည့်ဆည်းဖို့အတွက်
ယခုထည်းကကြိုးစားရဖို့ သူ့အဖေရှိမှာ အပူကပ်ရမည်လေ။

~

" အစ်မယူရီ ဂယူမရောက်သေးဘူးလား၊ဂယူက
သူရုံးကိုအရင်လာတယ်ဆိုပြီး ကူးကိုဖုန်းဆက်
ထားတာလေ "

" သူရုံးကိုမရောက်သေးဘူး ဂျောင်ဂုလေးရဲ့ "

အစ်မယူရီကပါပြောတော့ ကူးလေးမှာသူ့ဂယူကို
စိတ်ပူကာ ရုံးရောက်ရောက်ချင်းအလုပ်အိတ်ကို
ချလို့ ဖုန်းဆက်နေမိသည်။ဒါတောင် ဖုန်းမအား
သေးတာကတိုးလို့လေ။သူလည်းစိတ်ပူကာ
ဂယူ့အမေကိုဖုန်းဆက်လိုက်တော့သည်။

" မေမေ...ဂယူရုံးမလာသေးဘူးလားဟင်၊
ဂယူနေမကောင်းဘူးလား၊ကူးလာခဲ့ရမလားလို့
မေးပေးပါဦးနော် ဟင်...မေမေခိုင်းလိုက်တာလား၊
အာ...ဟုတ်ကဲ့ကျေးဇူးပါမေမေ၊ဒါပဲနော် "

ဂယူမလာသေးလို့ဖုန်းဆက်ရော ဂယူ့မေမေရဲ့
ဖြေသံကြောင့် သူစိတ်ပူတာတွေလျှော့သွားသည်။
ဘေးကအစ်မယူရီကတော့ သူ့ကိုမေးသည်။

" မင်ဂယူဘာဖြစ်တာလဲ မောင်လေး "

" ဂယူကို့မေမေက ခိုင်းစရာရှိလို့ခိုင်းလိုက်တာတဲ့၊
ဂယူအပြင်ထွက်သွားတာ၊အဲ့ဒါကြောင့် ကြာနေတာ၊တော်သေးရဲ့ အစ်မယူရီရယ်၊
ကူးမှာစိတ်ပူနေတာ "

အခန်းအတွင်းရှိသော ဧည့်စားပွဲကထိုင်ခုံမှာ
ထိုင်လိုက်ပြီး သက်ပြင်းချလေသည်။
အစ်မယူရီကတော့ရယ်ရင်း....

" ချစ်သူရှိကြတော့လည်း ပူပန်နေရတာပဲ၊
ညကနှစ်ယောက်သားဒိတ်လုပ်တယ်မလား၊
ဂျွန်ဆော့က ခုနကတင်ပြောပြတယ်၊သူညက
ဝယ်စရာတစ်ခုခုဝယ်ရင်း တွေ့လိုက်တယ်တဲ့ "

ညကနှစ်ယောက်သားအတူဒိတ်ကြတာကို
အစ်ကိုဂျွန်ဆော့ကမြင်သွားသည်ထင်သည်။
မနက်ကြတော့ ရုံးကိုချက်ချင်းရောက်ရော။

" ဟုတ်တယ်...ဟီးဟီး၊ညက ဂယူ့ကိုပူဆာတာ၊
အသားစားချင်တယ်ဆိုပြီးလေ၊ဂယူက ချက်ချင်း
ထွက်လာခဲ့တာ၊ကူးရဲ့ချစ်သူက တကယ်အားကိုး
စရာနော် အစ်မယူရီ "

" ဟုတ်ပါတယ်၊ဒါနဲ့မနေ့က ကူးလေးနဲ့သူဌေးက
အလုပ်လုပ်တာအဆင်ပြေသွားတယ်ဆို "

" ဗျာ... ပြေပါတယ် "

" အဟွန်း!ပြောတာမှ ရေလည်နော် ယူရီရဲ့၊
သူဌေးက ငါတို့ဂျောင်ဂုလေးကိုတွေ့တာတောင်
ငြိမ်ကြသွားတာ "

အခုမှရောက်လာသည့် အစ်မယွန်းဟယ်က
ကော်ဖီသောက်ရင်းဝင်လာတော့ အစ်မယူရီရဲ့
စကားကိုပြန်ဖြေလေသည်။

" ဟယ်...ဟုတ်လား၊ဂျောင်ဂုလေးက အရမ်းကို
မိုက်နေတော့တာပဲ၊ဒါကြောင့်လည်း မောင်ပိုဂယူ
စိတ်မချတာကို "

အစ်မယူရီကပြောသည်။ကူးလေးကတော့ သဘောမကျဟန်ငြင်းပါသည်။

" အစ်မတို့ကလည်းဗျာ ဂယူကြားသွားရင် မကောင်းဘူးလို့နော်၊လျှောက်မစကြပါနဲ့ဆိုဗျာ၊
ဂယူကြားသွားရင် အစ်မတို့ကိုအပျိုကြီးလို့
ပြန်ပြောနေမှာ "

" အံမယ်...ရှင်လေးကလေ ကျွန်မတို့ကိုဆို
ရှယ်ပြောတာပဲနော်၊ဟွန်း!.... "

အစ်မယွန်းဟယ်က ကူးလေးရဲ့အဖြေကြောင့်
မျက်စောင်းထိုးလို့ဖြေသည်။ပြီးတော့သူတို့အတူ
ဒီဇိုင်းပို့ဖို့တွေကိုစစ်နေကြရင်း....

" မောလိုက်တာဗျာ...ကူး...ကိုယ်ရောက်ပြီ "

လွယ်ထားတဲ့အိတ်ကိုရော၊ပါလာသည့်
ကိတ်ထုတ်ကိုပါချလို့ အမောဖြေသည့်အနေဖြင့်
အလုပ်လုပ်လို့စာရင်းမှတ်နေသည့်ကူးလေးရဲ့
ရင်ခွင်ထဲကလေးတစ်ယောက်နှယ်တိုးဝင်တော့
သည်။

" ဂယူ...ဘာလို့ဒါတွေဝယ်လာတာလဲ၊မေမေ
ခိုင်းတာလုပ်နေတယ်ဆို "

ကူးက အလန့်တကြားဂယူ့ခေါင်းလေးကိုပွတ်
ပေးလို့ စကားဆိုနေသည်။ထိုသည်ကို ဂယူက
သူ့ကိုမော့ကြည့်ကာ ပါးကိုအနမ်းပေးသည်။

" မွ!ကိုယ့်ကိတ်မှာလာတာ၊ကူးစားချင်မှာဆိုးလို့
ချောကလက်ကိတ်ကိုမှာလာတာ "

" မလိုတာ၊ကူးစားချင်တယ် မပြောခဲ့ပါဘူး၊
နောက်ဆိုဝယ်မလာပါနဲ့ ဂယူရယ်၊ကူးက
မနေ့ကစေတနာနဲ့ကျွေးလို့ စားလိုက်တာပါဆို၊
အစ်မယွန်းဟယ်ပြောတာတွေကို နားယောင်
မနေပါနဲ့ "

" ကျွန်မကိုဆွဲထည့်ပြန်ပြီ "

အစ်မယွန်းဟယ်က ဖြေလိုက်သည်။ဂယူက
ရယ်ပြီး ကူးငယ်တပ်ထားတဲ့မျက်မှန်ကိုချွတ်လို့
ကျနေတဲ့ဆံပင်လေးတွေကို အနောက်သို့သပ်တင်
ပေးတော့သည်။

" ရပါတယ်၊ဂယူက ကူးစားချင်တာဆို ဝယ်ပေးချင်လို့ ကိုယ်ဝယ်လာခဲ့တာ "

" အေးအေး၊ဝယ်လာရင်လည်း နောက်ကျထပ်
ဝယ်လာဂယူ၊ငါနဲ့မင်း ထုတ်လုပ်တဲ့အပိုင်းကို
သွားကြည့်ရဦးမယ်သိလား "

" ဟာ..ကျွန်တော့်ချစ်သူလေးနဲ့ကြည်နူးချင်ပါ
သေးတယ်ဆိုဗျာ "

အစ်ကိုဂျောင်ဟွန်းက ဂယူရှေ့စာရင်းတစ်ပုံကြီး
ချရင်းပြောသည်ကို ဂယူ့မှာစိတ်ညစ်သည့်လေ
သံဖြင့်အော်ရောအားလုံးက ဝိုင်းရယ်ကြသည်။
ထိုမြင်ကွင်းကိုအစအဆုံးကြည့်နေသူတစ်
ယောက်က အားလုံးထက် ကူးကူးနဲ့ ကူးကူးရဲ့ပုခုံးပေါ်၌ ခန္ဓာကိုယ်ကိုလျှော့လို့ မှီအိပ်နေတဲ့ဂယူ့ကိုကြည့်ရင်း လက်သီးကို ခပ်တင်းတင်းဆုပ်လို့ အံကြိတ်ကာကြည့်နေသည့်
ထယ်ယောင်းပါလေ။

" ဥက္ကဌရောက်နေတာလားဗျ၊အထဲကိုဘာလို့
မဝင်တာလဲ၊ဟာ...ဒီအုပ်စုအားနာစရာကြီး "

အခန်းရှေ့ကနေအထဲကို မကြည်ကြည့်နေတဲ့
ထယ်ယောင်းကို ဌာနမှူးကမြင်ရော ကိုယ်ကို
ကိုင်းငုံ့လို့ နှုတ်ဆက်ကာအထဲကရယ်နေတဲ့
သူတွေကိုကြည့်နေတာကိုသွားခေါ်မည်ကြံလို့
ထယ်ယောင်းကတားသည်။

" နေပါစေ၊မနေ့က backgroundအတွက်ပြင်
ဆင်ပေးတဲ့မျက်မှန်လေးကို တွေ့ချင်လို့ ဥက္ကဌအခန်းထဲကိုခေါ်လိုက်ပါ "

" ဟုတ်ကဲ့ ကျွန်တော်သေချာပြောပါ့မယ် "

ထယ်ယောင်းရဲ့စကားကြောင့် ဌာနမှူးဟာ
အရိုအသေတွေပေး၍ ဖြေလိုက်လိုက်သည်။
ထယ်ယောင်းကတော့ သူပြောသည်ကို
'အင်း'တစ်လုံးသာဖြေ၍ထွက်သွားသည်။

သည်တော့ဌာနမှူးအထဲကိုရောက်သော်
အားလုံးကိုနေရာခွဲဖို့ပြောလိုက်ရတော့သည်။

" အားလုံးနေရာခွဲကြလေ!ခုနကအခန်းရှေ့မှာ
မင်းတို့ရယ်နေတာကို ဥက္ကဌကကြည့်နေတာ၊
မင်းတို့မို့လို့ ရယ်နိုင်သေးတယ်၊ကိုယ့်အလုပ်ကို
ကိုမလုပ်ကြဘူး၊ဂျောင်ဂု! "

" ဟုတ်ကဲ့ ဌာနမှူး "

" မင်းကို ဥက္ကဌခေါ်နေတယ်၊သွားလိုက် "

ထိုသို့ပြောရင်း ဌာနမှူးဟာထွက်သွားသည်။
ကျန်ခဲ့တဲ့သူတွေအားလုံးကတော့ ကူးကိုကြည့်လို့
အံ့ဩနေကြတော့သည်။မနေ့ကဆိုလည်း
အစ်မယွန်းဟယ်နဲ့အတူရှိနေတာတောင်
ကူးကိုသာရွေးလို့ မုန့်ပိုပေးသွားထည်းက
အံ့ဩနေတာလေ။အခုတော့ပိုလို့ကို သတိထားမိတဲ့ အစ်မယွန်းဟယ်က
အမူအရာဖြင့် 'မြန်မြန်သွားလေ'ဟုသာ
ပါးစပ်လှုပ်ရုံမှပြောသည်။

" ဂယူ...ကူးသွားပြီနော်၊ဥက္ကဌကတွေ့ချင်တယ်
ဆိုလို့သွားတွေ့ရဦးမယ် "

" ဟုတ်ပါပြီဗျာ၊ဘာမှစိတ်မပူနဲ့ ကူးလေးကို
တစ်ယောက်မှမဆူစေရဘူး၊ပြန်လာရင်
ကိုယ်နဲ့အတူကိတ်စားကြမယ် "

" အွန်း...ကူးသွားပြီ "

ထိုသည်နှင့်ကူးမှာ ဥက္ကဌခေါ်သည်ဆိုလို့ ရောက်လာခဲ့ရသည်။အခန်းရှေ့ရောက်ရော
အတွင်းရေးမှူးမလေးတစ်ယောက်ကငိုလို့
မျက်နှာအချို့စုတ်ပြတ်သတ်နေသည့် လူက
ထိုအတွင်းရေးမှူးမလေးကိုဆူနေသည်လေ။
သူလည်းထိုနေရာ၌သာရပ်နေလိုက်သည်။
ကိုယ့်အလုပ်လည်းမဟုတ်တာကို။

" အလုပ်လေးတောင်အချိုးမပြေတာကို၊
ဥက္ကဌကမင်းရောနှောပြောဆိုလို့ရမဲ့ သူမဟုတ်၊
ရှီး!သွားတော့ မင်းကိုဥက္ကဌကအလုပ်ထုတ်ခိုင်း
တယ်၊၂လစာရော၊ပိုယူပြီးထွက်သွားတော့ "

" ဟုတ်ကဲ့ ဟင့်...တောင်းပန်ပါတယ် "

သူမက သူ့ဘေးနားကနေအိတ်ယူကာ ငိုလို့ ထွက်သွားတော့သည်။ထိုစဉ် ခုနကဆူနေတဲ့သူက
သူ့အနားအရောက်လာကာ စကားစသည်။
သူနဲ့အရပ်ကထိုလူက ပိုသာတာမို့သူ့ကမော့
ကြည့်ရတဲ့အနေအထားဖြစ်သည်။

" ဆရာကစောင့်နေပါတယ်ဗျ၊စောင့်ရမိရင်လည်း ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော်နဲ့အတူ
လိုက်ဝင်လှည့်ပါဗျ "

ထိုသူကခုနကမိန်းကလေးနဲမတူစွာ သူ့အား
ရိုသေယဉ်ကျေးစွာဆိုသည်။သူတောင်ကြောင်လို့
မျက်ဝန်းလေးကဝိုင်းစွာ ထိုလူအားကြည့်နေမိ၏။
သူကကြောင်ကြည့်နေပုံကို ထိုလူကရယ်လို့

" ကျွန်တော့်နာမည် မင်ယောင်းဝူပါ၊ဆရာရဲ့ PAပါ၊နောက်ဆိုပိုသိရတော့မှာမို့မိတ်ဆက်တာပါ၊
အထဲကိုကြွပါဗျ "

" အင်း "

သူ့အား'အင်း'လို့ပြောပုံလေးက သူစုံစမ်းထားတဲ့
အတိုင်းတကယ့်ကို မာနကြီးတာပဲ။သူ့ကိုတောင်
ချေပြသွားတာ။လိုက်ဖက်ပါပေတယ်။ဆရာ့လို
အချေနတ်ဘုရားဘေးနားကို မာနခဲကပါ
ရောက်လာတော့ လိုက်ဖက်ပြီပေါ့။

အတွေးတွေကိုနောက်ထားကာ ဆရာ့အခန်းကို
တံခါးခေါက်ရသည်။

" ဆရာ! သူရောက်ပါပြီ "

" ဝင်ခဲ့လိုက်၊သူတစ်ယောက်ထည်းပဲ "

ထယ်ယောင်းက အထဲကနေပြောလိုက်ရော
ယောင်းဝူက ကူးလေးဝင်ရန်တံခါးဖွင့်ပေးသည်။
ကူးကတော့ ခေါင်းငြိမ့်လိုက်ပြီးအထဲကိုဝင်သွား
ရော ယောင်းဝူကတံခါးပိတ်လို့ရှေ့ကနေ စောင့်နေသည်။

ကူးလေးအထဲကိုရောက်ရော ဥက္ကဌဟာ ထိုင်ခုံကိုမှီလို့ မျက်လုံးပိတ်ကာအနားယူနေပုံ။
သူရောက်နေတာတောင် လုံးဝအသံမထွက်ပါ။
သူလည်းမျက်ဝန်းလေးများဝိုင်းလို့ ဥက္ကဌကို အံ့ဩစွာကြည့်နေမိသည်။

သူမခေါ်မချင်းကိုမျက်လုံးမပွင့်တာမို့ သူလည်း
ခေါ်လိုက်ရတော့သည်။

" ဥက္ကဌ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "

သူခေါ်လိုက်သည်နှင့် ထယ်ယောင်းဟာ မျက်လုံးမှိတ်နေရင်းကနေ ပြုံးလိုက်သည်။
ပြီးနောက်မှမျက်ဝန်းညိုတွေဟာ ပွင့်လာပြီး

" ထိုင်ပါ၊ရပ်မနေပါနဲ့ "

" အင်း...အာ..ဟုတ်ကဲ့ "

နှုတ်ကနေယောင်ပြီး 'အင်း'လို့ထွက်လိုက်တော့
ထယ်ယောင်းကကြည့်ရင်းကနေ မသိမသာလေး
ပြုံးလို့။သူလည်းထလာပြီး သူ့စားပွဲကိုမှီလို့
လက်ပိုက်ကာ ကူးကိုတစ်ဆုံးကြည့်နေသည်။
ကူးကတော့ ခေါင်းငုံ့ထားလို့ ဥက္ကဌကသူ့ကို
ကြည့်နေတယ်ဆိုတာ မသိပါ။

ထယ်ယောင်းခုနက အတွင်းရေးမှူးမရဲ့ကိစ္စ
ကြောင့်စိတ်ညစ်ကာ မျက်လုံးတို့ပိတ်ကာ
စိတ်ကိုငြိမ်အောင်လုပ်နေသည်။ခဏကြာတော့
လူဝင်လာတဲ့အသံကြားတာ၊ခေါ်တဲ့အသံကို
မကြားရလို့ ခေါ်မဲ့အသံချိုလေးကြားချင်လို့
စောင့်နေတာဖြစ်သည်။သူအတွေးတို့ကို
ဖြတ်ကာ ကိုကိုအလှလေးကိုကြည့်ရင်း...

" မနေ့ကbackgroundကိစ္စအတွက် ကျေးဇူးတင်ပါတယ်၊ပုံကောင်းတွေရလို့
ပိုကျေးဇူးတင်တာ "

" မလိုပါဘူး၊ကူး..အာ..ကျွန်တော်က လုပ်ပေး
နေကြမို့ ဝင်ကူညီပေးရုံပါပဲ "

ကူးကခေါင်းလေးငုံ့လို့ဖြေသည်။ထယ်ယောင်းက
အတည်ကြီးငုံ့ပြီးစိုက်ကြည့်နေလို့ ကူးလေးက
သိသွားတယ်ထင်သည်။ခေါင်းကိုတောင် ဖော်မလာဘဲ စကားပြောနေတာ။

" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် "

" ဟုတ်ကဲ့ "

သူကကျေးဇူးတင်တယ်ပြောတာတောင် ခေါင်းမော့မကြည့်လာတာမို့ ထယ်ယောင်း
မကြည်ချင်တော့ပါ။ထိုသည်မို့ ထယ်ယောင်းက

" ကျွန်တော့်အတွင်းရေးမှူးလုပ်ပေးပါ "

" ဟင်... "

ထိုအခါမှခေါင်းမော့ကြည့်လာတဲ့ ကျွန်တော့်ရဲ့
ကိုကိုအလှလေး။သူမလုပ်ချင်ဘူးဆိုသည့်ပုံစံနဲ့
မျက်ဝန်းဝိုင်းတွေက အဓိပ္ပါယ်ရှိစွာပြသည်။
သို့ပေမဲ့လက်မခံနိုင်ပါ။သူ့အနားနီးကပ်အောင်
ခေါ်ထားရမည်။

" ဘာများဖြစ်လို့လဲ "

" မလုပ်ချင်လို့ပါ၊ငြင်းပါရစေ၊ဌာနမှာ လူတအားလိုနေတာကို ဒီမှာလုပ်ဖို့အတွက်
မလိုအပ်လို့ပါ "

ကူးလေးက ထိုသို့ဆိုသည်။ထိုသည်ကို ထယ်ယောင်းက သဘောမကျစွာဖြင့်
သက်ပြင်းရှည်ချကာ


" အသစ်ထည့်လိုက်မယ်၊ကျွန်တော်က ကျေးဇူးတင်တဲ့အနေနဲ့ အတွင်းရေမှူးခန့်တာ၊
လက်ခံဖို့မျှော်လင့်တယ် "

" အဲ့နေ့က ကျွန်တော်တစ်ယောက်ထည်း လုပ်ပေးတာမှမဟုတ်ပဲ၊အစ်မယွန်းဟယ်ရော
ကျန်တဲ့သူတွေ__ "

" သူတို့ကို လစာတိုးပေးထားတယ်၊ဒီကအရမ်း
တော်ပြီးအရည်အချင်းရှိတဲ့သူမို့ ကျွန်တော်က
အတွင်းရေးမှူးခန့်တာ၊စဉ်းစားဖို့ ကျွန်တော်
၃ရက်အချိန်ပေးမယ် "

ထယ်ယောင်းက တဇွတ်ထိုးဆန်စွာဖြင့် ဆုံးဖြတ်လိုက်တော့ ကူးလေးမှာဥက္ကဌမို့
ပြန်မပြောရဲပါ။သို့သော် သူလည်း
ထိုအစားထလိုက်ပြီး...

" ကျွန်တော့်ကိုသွားခွင့်ပြုပါဦး ဥက္ကဌ အ့!
ဟင်.... "

အရှိန်ဖြင့်ထလိုက်တော့ခြေလိမ်ပြီး ချော်လဲဖို့
ဖြစ်သွားသည့်အချိန် ထယ်ယောင်းက မှီနေရာမှအမြန်ထကာ သူ့အလှလေးရဲ့
ခါးကိုဆွဲဖက်လိုက်တော့ အလှလေးဟာ
သူ့ရင်ခွင်ထဲသို့ ရောက်လာခဲ့သည်။

သူကလည်းငုံ့ကြည့်ရင်း အလှလေးမှာလည်း
သူ့ကိုပြူးတူူးတူးလေးကြည့်နေတော့
ထယ်ယောင်းရဲ့ရင်ခုန်သံဟာ အတိုင်းသားပင်
ခုန်နေတော့သည်။

ကူးလေးမှာလည်းအံ့ဩစွာကြည့်လိုက်နေပေမဲ့
မျက်ဝန်းညိုကခပ်စူးစူးစိုက်ကြည့်ရင်း
သူ့ရဲ့ရှုထုတ်လိုက်တဲ့လေတွေက ကူးငယ်ရဲ့
မျက်နှာကိုထိမိတော့ ခပ်နွေးနွေးဖြစ်နေသည်။
ထိုစဉ် ထယ်ယောင်းဘက်မှအနီးကပ်စွာ
နမ်းဖို့ကပ်လာတော့ ကူးလေးရုန်းထွက်ကာ
မျက်စောင်းထိုး၍ ထွက်သွားသည်။

ဒုန်း !

တံခါးကို ဒုန်းစိုင်းပိတ်သွားပြီး ကျန်ခဲ့တဲ့ ထယ်ယောင်းကတော့ သူ့ရင်ဘက်ကိုအုပ်ကိုငလို့
်စကားဆိုလိုက်သည်။

" ဒီလိုပုံမျိုးဆို မောင်အလှလေးကို ပိုလိုချင်နေမိပြီကွာ "

To be continued ~

> >

Comment