05

#Zawgyi

ကူးေလး ဥကၠဌရဲ႕အနားကေနနမ္းမိေတာ့မလို
ျဖစ္လို႔ေျပးထြက္လာခဲ့ေတာ့သည္။ဥကၠဌအခန္းရဲ႕
အေဝးေနရာအေရာက္ မယံုႏိုင္စြာသူအထိခံလိုက္
ရတာကို အံံ့ဩေနမိသည္။

ဂယူကလြဲလို႔ တစ္ျခားတစ္စံုတစ္ေယာက္က သူ႔ကိုထိတာေတာင္ လံုးဝမႀကိဳက္ပါ။အခုလည္း
ဥကၠဌက သူ႔ကိုရဲတင္းစြာခါးကိုဖက္ထားတာတဲ့။
ဂယူသိရင္ တကယ့္ကိုအားနာစရာေကာင္းသည္။

" စိတ္တိုလိုက္တာအရမ္းပဲ၊ဥကၠဌျဖစ္ၿပီး ကိုယ့္ဝန္ထမ္းကို အသားယူတယ္၊ဥကၠဌျဖစ္ေနလို႔
တစ္ျခားသူသာဆို ဆြဲကိုက္ခဲ့ၿပီ "

ႏႈတ္ခမ္းဆူလို႔စိတ္မၾကည္ဟန္ဆိုသည္။ၿပီးေနာက္
သက္ျပင္းရွည္ခ်လို႔ေတြးသည္။

သူမႀကိဳက္ပါ။ဂယူကလြဲ ဘယ္သူကမွသူ႔ကို
ထိေတြ႕ဖူးတာမဟုတ္။အစ္ကိုဂြ်န္ေဆာ့နဲ႔
အစ္ကိုေဂ်ာင္ဟြန္းတို႔၊ဌာနမွဴးတို႔ေတာင္
သူ႔ကိုဂယူရွိေနလို႔ထိၾကတာမဟုတ္။အခုၾက
ေခ်ာ္လဲတာေလးနဲ႔ထိဖို႔မလိုအပ္ပါေလ။

" ေတာ္ၿပီ၊အလုပ္ႀကိဳးစားရမယ္၊ဖိုက္တင္း! "

က်န္တာေတြကိုေမ့လို႔ အလုပ္ကိုလုပ္ရန္သာ
ဦးတည္လိုက္ၿပီး ထြက္သြားခဲ့သည္။ဥကၠဌက
သူမဟုတ္ရင္ေတာင္ အတြင္းေရမွဴးကိုအျခား
တစ္ေယာက္ခန္႔မွာပဲဆိုသည့္ အေတြးျဖင့္သာ
သူဥကၠဌရံုးခန္းနားကေန ခပ္သြြက္သြက္
ထြက္လာခဲ့သည္။

သို႔ေသာ္ ကူးေလးမသိတာက ထယ္ေယာင္းက
အေနာက္ကေနလိုက္၍ နားေထာင္ေနတာ။

" ဟက္ ! ကိုကိုအလွေလးကြာ.... "

သူသေဘာက်လို႔ ရယ္လိုက္မိပါသည္။ ကိုကိုအလွေလးကသူ႔အသားကိုထိေတြ႕တာကို မႀကိဳက္တာကို။ဒါကိုပဲကင္မ္ထယ္ေယာင္းက
ႀကိဳက္တာ။

သူခပ္က်ယ္က်ယ္ရယ္လိုက္ၿပီး....

" ကိုကိုအလွေလးကအဲ့လိုထိတာမႀကိဳက္ေလ
ေမာင္ကအကိုက္ခံၿပီးေတာ့ ထိမွာ!ဟက္!
ေမာင္အကိုက္ခံရဖို႔ကိုေမွ်ာ္ေနၿပီ ဟား "

ထယ္ေယာင္းကသူ႔အေတြးနဲ႔သူေပ်ာ္ကာ
ရံုးခန္းသို႔ျပန္ထြက္သြားခဲ့သည္။သူ႔ၾကည့္ရတာ
အလွေလးရဲ႕အာရံုစိုက္မႈကို သိပ္လိုခ်င္တာ။
ဒါေၾကာင့္မို႔ ကိုကိုအလွေလးကိုသူ႔အနားကို
ေခၚထားခ်င္တာက တကယ္အမွန္။

" ေဂ်ာင္ဂု၊မင္းကိုဆူလိုက္ေသးတာလား၊မင္းက
အမွားလုပ္မိေသးလား "

ရံုးခန္းထဲေျပးဝင္လာတဲ့ ကူးေလးကိုျမင္ေရာ
စာရြက္အျပည့္ကိုင္ထားသည့္ ဌာနမွဴးက
သူ႔ကိုေမးသည္။ဌာနမွဴးကေမးေရာ ဂယူအျပင္၊ ဝန္ထမ္းေတြအဖြဲ႕ဝင္အားလံုးကၾကည့္လာသည္။
သူကိုယ္ဟန္အေနအထားျပင္ကာ ျပံဳးလိုက္ရင္း..

" ဘာမွမျဖစ္ပါဘူး၊ဒီတိုင္းေလး ဥကၠဌအခန္းက
အထြက္ ေျခေခ်ာ္သြားလို႔ "

" ဘာျဖစ္သြားေသးလဲ ကူး၊ကိုယ့္ကိုျပဦး "

သူကေျခေခ်ာ္သြားတယ္ေျပာေရာ မင္ဂယူက
အနားကိုေရာက္လာသည္။သူ႔ေရွ႕ဒူးေထာက္
ထိုင္ခ်ကာ ေျခေထာက္ကိုစစ္ၾကည့္ေနသည္။

" ဘာမွမျဖစ္ပါဘူး၊ဂယူ...ထားလိုက္ပါေတာ့၊
ကူးအဆင္ေျပတယ္ "

" ေတာ္ေသးတာေပါ့၊ေနာက္ဆို သတိထားဦး၊
အဲ့လိုေနရာေတြက စီးထားတဲ့ဖိနပ္ေၾကာင့္မို႔
ေျခေခ်ာ္လိမ့္မယ္ "

ဂယူကေသခ်ာစစ္ရင္းကေန ကူးပုခံုးကိုဖက္လို႔
ေျပာသည္။ဌာနမွဴးကေတာ့ သူတို႔အတြဲကိုၾကည့္
ရင္း ေခါင္းတခါခါျဖစ္ေနသည္။ဘာေၾကာင့္ဆို
အဲ့ေလာက္ထိလည္း မျဖစ္သြားတာကိုပိုေနသည့္
မင္ဂယူေၾကာင့္ပါေလ။

" အဲ့ဒါေတြကိုေနာက္မွထားၾက၊ေဂ်ာင္ဂု မင္းစစ္ရမဲ့ဆိုင္ေတြရဲ႕အပိုင္းေတြရွိတယ္၊
အဲ့ဒါေတြကိုအရင္လုပ္ဦး "

" ဟုတ္ကဲ့ ကြ်န္ေတာ္စစ္ထားပါ့မယ္ "

ဂယူကတြဲေခၚလို႔ ေနရာ၌ထိုင္ကာစားပြဲေပၚ
ရွိေနသည့္စာရင္းဇယားအထပ္လိုက္ကို ယူစစ္ေနသည္။စစ္ေနရင္း စာရင္းဇယားေတြ ၾကားmegazineတစ္အုပ္ပါလာသည္။
ထိုစာအုပ္ကသူတို႔ကုမၸဏီက ေမာ္ဒယ္ေတြရဲ႕
စာအုပ္ပါ။အခုေတာ့ Kim Victoryရဲ႕ဆက္ခံသူ
ပါတဲ့ပံုေတြသီးသန္႔သာျဖစ္ေနသည္။

မ်က္ႏွာဖံုးမွာေတာ့ ထယ္ေယာင္းရဲ႕ Shirtအျဖဴနဲ႔
Style pantေဘာင္းဘီအနက္နဲ႔ေရာဝတ္ထာၿပီး
မ်က္မွန္အနက္တပ္ကာ ခံု၌ထိုင္ေနသည့္ပံု။

" ဘယ္လိုလုပ္ဒီၾကားထဲ ပါလာရတာလဲ၊
မျမင္ခ်င္ပါဘူးဆိုမွပဲ အလုပ္ရႈပ္တယ္ "

သူစိတ္ရႈပ္ကာ ထိုစာအုပ္အားယူလိုက္ၿပီး
အစ္မယြန္းဟယ္နား ျဖတ္ေလွ်ာက္သြားသည္။

" အစ္မယြန္းဟယ္ ဒီစာအုပ္ကဘယ္ကပါတာလဲ၊
ကြ်န္ေတာ့္စာရင္းေတြၾကားထဲ ဒါႀကီးပါလာတယ္၊
ေသခ်ာမစစ္ထားတာေတြလား ၾကည့္ပါဦး
ပံုေတြကို ကြ်န္ေတာ္သေဘာမက်ဘူး "

ကူးေလးက ထိုစာအုပ္ကိုေပးလိုက္ရင္း မႀကိဳက္ဘူးဟုဆိုသည္။ထိုသည္ကို အစ္မယြန္းဟယ္က စာအုပ္ကိုဖြင့္ၾကည့္ရင္း
သေဘာတက်ဆိုသည္။

" ဟယ္...ဒီေလာက္ေခ်ာတာကို သေဘာမက်ဘူး
ေျပာတာ ေဂ်ာင္ဂုေလးပဲရွိတယ္ေနာ္၊အစ္မဆို
ႀကိဳက္လြန္းလို႔၊ဒါကပါလာတာဆိုတလည္း
ငါတို႔ေမာင္ေလးေဂ်ာင္ဂုနဲ႔ ကံစပ္တာေနမယ္ "

" အဟမ္း... "

အစ္မယြန္းဟယ္ရဲ႕ရယ္ရင္းေျပာတဲ့စကားေၾကာင့္ အစ္ကိုဂြ်န္ေဆာ့နဲ႔စာရင္းမွတ္ေနရင္းကေန
မင္ဂယူဟာ ေခ်ာင္းဟန္႔သံေပးလာသည္။
ထိုသည္ကို ကူးကရယ္လိုက္ရင္း အစ္မယြန္းဟယ္က ပိုကိုပိုသည့္ဆိုသည့္
အေနအထားျဖင့္ မ်က္ေစာင္းထိုးသည္။
ၿပီးေနာက္ သူ႔ေနရာ၌ျပန္ထိုင္ရင္း....

" ငါပဲမွားတာပါရွင္၊တကယ္မေျပာရဲဘူး သူ႔ဟာေလးကိုထိရင္ အေတာ့္ကိုကဲပိုေနတာ "

ယြန္းဟယ္က မင္ဂယူ႔ဘက္ကိုေမးေငါ့ျပလို႔
စေနာက္ဟန္ဆိုသည္။မင္ဂယူကေတာ့သိလို႔ ျပံဳးရင္းအလုပ္အေၾကာင္းဆက္ေရးေနသည္။
အစ္မယူရီကေတာ့ မေနႏိုင္စြာျဖင့္ အလုပ္လုပ္တာကိုနားရင္း ေျပာသည္။

" နင္ကေရာ ဘာလို႔သြားေျပာေသးလဲ၊တကယ္ပဲ၊
ယြန္းဟယ္ကေတာ့ မီးသြားေမႊးတယ္ "

အစ္မယူရီကပါေျပာလာေတာ့ ယြန္းဟယ္မွာ
ရယ္ရင္းသူ႔အလုပ္ဆက္လုပ္ေနသည္။ကူးေလး
လည္းစာအုပ္ကိစၥေမ့ကာ အလုပ္ဆက္လုပ္ေန
ေတာ့သည္။သို႔ေသာ္လည္း မင္ဂယူကေတာ့
ကူးအလုပ္လုပ္ေနတာကို ခဏခဏလွမ္းၾကည့္
့ျဖစ္ၿပီး ေခြ်းထြက္ေနရင္သုတ္ေပးတက္သည္။

~

ေန႔လည္ေရာက္ေတာ့ အားလံုးလည္းစာရင္း
လုပ္လက္စေတြကိုေဖ်ာက္ကာ အနားယူၾကၿပီ။
စာပြဲခံုအရွည္ထက္က စာရြက္ေတြကိုသိမ္းရင္း
ေန႔လည္စာစားဖို႔ ျပင္ဆင္ၾကသည္။

" ငါတို႔ေန႔လည္စာအတြက္ ဘာမွာစားမလဲ၊
တစ္ခုခုစဥ္းစားပါဦးလား၊ေတြးၾကည့္ဦးေလ၊
ေဂ်ာင္ဂုေလးနဲ႔မင္ဂယူအစ္မတို႔ဘာေရြးရမလဲ "

သူတို႔သန္႔ရွင္းေရးလုပ္ၿပီးလို႔ ေန႔လည္စာကို
မွာစားၾကမွာျဖစ္သည့္အတြက္ အငယ္ဆံုးႏွစ္ေယာက္ကို ေမးရသည္။

" ကြ်န္ေတာ္က ကူးစားတာပဲစားမယ္ေလ၊
ကူးဘာစားခ်င္လဲ "

ပိုကိုပိုလြန္းသည့္ မင္ဂယူကသူ႔ကူးစားတာပဲ
စားမည္ဆိုလို႔ အားလံုးမ်က္ႏွာခပ္မဲ့မဲ့။
ထိုသည္ကိုကူးက ရယ္လို႔မ်က္မွန္ကိုခြ်တ္ကာ

" ဒါဆိုကူးပဲေရြးလိုက္ေတာ့မယ္၊ဂယူနဲ႔ကူးကို
ပဲေခါက္ဆြဲေပးပါ၊ၿပီးရင္ေတာ့ ဖက္ထုပ္ေၾကာ္
ဒါပဲစားေတာ့မယ္ အစ္မယူရီ "

တကယ့္ကိုခ်စ္ၾကတဲ့စံုတြဲပါေပ့။စားတာေတာင္
အတူတူစားဖို႔ကိုသာ စဥ္းစားေနၾကတာ။
အစ္မယူရီကေတာ့ ကူးေလးရဲ႕စကားအတိုင္း
မွာဖို႔ခ်ိန္ရင္း ေနာက္လူေတြကိုလို္က္ေမးစဥ္
အခန္းထဲသို႔ ေန႔လည္စာထုပ္နဲ႔အတူ ထယ္ေယာင္းရဲ႕PAျဖစ္တဲ့ ေယာင္းဝူဝင္လာသည္။

သူဝင္လာသည္ကို အားလံုးကအံ့ဩတစ္ႀကီး
ျဖစ္ေနၾကသည္။သူကေတာ့ ကူးရပ္ေနသည့္
စားပြဲေရွ႕ေန႔လည္စာအထုပ္ကိုခ်ရင္း...

" ဂြ်န္ေဂ်ာင္ဂုအတြက္ဆိုၿပီး ဥကၠဌက ေန႔လည္စာသီးသန္႔ လာပို႔ခိုင္းတာပါ၊
တစ္ေယာက္ထည္းစားဖို႔လို႔ေျပာတယ္ "

ေယာင္းဝူကအထုပ္ေတြကိုခ်ရင္းေျပာလာသည္။
ထိုေၾကာင့္မို႔ ကူးေလးဂယူ႔ကိုၾကည့္ရင္း စားပြဲ
ေပၚကအထုပ္ကိုၾကည့္ၿပီး သက္ျပင္းခ်ကာ
ေရွ႕ကမ်က္ႏွာစုတ္ေနတဲ့ေယာင္းဝူကိုပါၾကည့္
လိုက္သည္။ၿပီးေနာက္....

" အားလံုးနဲ႔ထမင္းအတူစားဖို႔ လုပ္ထားတာ၊
ဒါေတြမလိုတာမို႔ ျပန္ယူသြားလိုက္ပါေနာ္ "

ကူးကခပ္ျပတ္ျပတ္ေျပာလိုက္သည္။ဒါကို
ေယာင္းဝူက ျပန္ေျဖသည္။

" သူတို႔အတြက္ပါ ေန႔လည္စာမွာေပးမွာမို႔
ဒါေတြကိုအစ္ကိုစားဖို႔ ဥကၠဌကမွာပါတယ္ "

ေယာင္းဝူရဲ႕စကားေၾကာင့္ ကူးေလးက စိတ္ပ်က္သလိုျဖစ္သြားသည္။ဒါ့အျပင္
အစ္မယူရီတို႔အားလံုးလည္းၾကည့္ကာ
ၿငိမ္သက္ေနၾကသည္။

" သူမစားဖူးေျပာေနတယ္ေလ၊ျပန္ယူသြားပါ၊
အစ္ကိုတို႔က သီးသန္႔စားဖို႔ရွိတယ္ "

ဂယူက ကူးအေနၾကပ္ဟန္ကိုသိလိုက္တာမို႔
ယူသြားဖို႔ေျပာသည္။ေယာင္းဝူကေတာ့
ဂယူေျပာတာကို ဂရုမစိုက္ဟန္ပင္ ကူးကိုသာ
ၾကည့္လို႔ မ်က္ဝန္းကေနသာေမးေနေတာ့သည္။

" ေဂ်ာင္ဂု!မင္းကလည္း ဥကၠဌကမင္းကို ထမင္းေကြ်းတာေတာင္ လက္မခံခ်င္ဘူးလား၊
မင္းမစားရင္ ငါစားလိုက္__ "

" အစ္ကိုေလးေဂ်ာင္ဂုအတြက္ပါ "

ေယာင္းဝူရဲ႕ခပ္ျပတ္ျပတ္အေျပာေၾကာင့္
ကူးေလးတစ္ေယာက္ စိတ္တိုေနၿပီျဖစ္သည္။
ဂယူကလည္းလက္ကိုဆြဲထားလို႔ စိတ္ကို
ေလွ်ာ့ေစရန္သာ ေျပာေပးေနသည္။

" ကူးစိတ္ကိုေလွ်ာ့ပါဦးဗ်ာ၊ဂယူ...ေျပာမယ္ "

" ဟင့္အင္း...ရတယ္၊ကူးေျပာမယ္၊စားမယ္၊
ဟုတ္ၿပီလား၊ငါတစ္ေယာက္ထည္း အမ်ားႀကီး
မစားႏိုင္တာမို႔ အားလံုးနဲ႔အတူေပါင္းစားမယ္၊
ဒီလိုပဲေျပာေပးပါ၊ေက်းဇူးတင္ပါတယ္လို႔ "

ကူးေလးကအျပတ္ေျဖလိုက္သည္။ေယာင္းဝူက
သူ႔ဆရာေပးခိုင္းတဲ့ေန႔လည္စာကိုၾကည့္၍
လက္ခံလိုက္ရေတာ့မည္ေလ။မဟုတ္ရင္ေတာ့
ဆရာ့အပိုင္က စားမည္မဟုတ္တာေၾကာင့္ပါ။

" ဟုတ္ကဲ့၊ဒါေတြလည္းစားၿပီး ကြ်န္ေတာ္က
ထပ္မွာေပးပါ့မယ္၊ဒါနဲ႔ဥကၠဌက ဌာနမွဴးကို
ခဏေနရင္ သူ႔ရံုးခန္းကိုလာေတြ႕ဖို႔ေျပာတယ္ "

" ဟုတ္ကဲ့ လာေတြ႕ပါ့မယ္ေျပာေပးပါ "

ဌာနမွဴးကအရိုအေသေပးလို႔ ေျပာလိုက္သည္။
ေယာင္းဝူက သူ႔ဆရာမွာသည့္အတိုင္းလုပ္ေပး
တာမို႔ ကိစၥၿပီးၿပီဆိုကာအျပင္ထြက္လာခဲ့ၿပီး
က်န္ေသာသူေတြအတြက္ ဆရာ့အပိုင္စိတ္ႀကိဳက္
ထမင္းမွာေပးရမည္ေလ။

" အရမ္းလြန္တာပဲ၊ကူးကမစားခ်င္တာကို
ဒီေလာက္ထိသီးသန္႔ႀကီးကို အတင္းလာေပးတာ လြန္ပါတယ္ "

ကူးေလးေဒါသထြက္စြာဆိုလိုက္သည္။
ထိုသည္ကို အစ္မယူရီကလက္ေလးကိုင္လို႔
တားေတာ့သည္။

" ေဂ်ာင္ဂုေလးရယ္ စိတ္ေလွ်ာ့ပါ၊ဥကၠဌက
စားေစခ်င္လို႔ေပးခဲ့တာပဲ မဟုတ္လား၊ကိုယ္က
ေစတနာနဲ႔စားေပးလိုက္ေပါ့ကြယ္ "

ကူးရဲ႕ေဒါသထြက္ေနသည္ကို အစ္မယူရီက
တားသည္။ကိုယ့္ဘက္က မစားခ်င္ဘူးဟု
ျငင္းေနေသာ္လည္း ဥကၠဌဘက္ကအေရးတယူ
လာေပးေတာ့ ေဂ်ာင္ဂုေလးကို တစ္မ်ိဳးမထင္
ေစခ်င္ဘဲစားေစခ်င္တာပါေလ။

" ကူး...ကိုယ္တို႔လည္းစားမွာပဲ၊စိတ္ထဲဘာမွ
မထားဘဲ စားၾကတာေပါ့ "

" အင္းအင္း "

ကူးကေျဖလိုက္သည္။ေနာက္ဆံုးေတာ့ သူအဆင္မေျပတဲ့အဆံုး အားလံုးကိုလည္း
အားနာေနေတာ့သည္။သူကသာ မစားဘဲ တင္းခံေနရင္ အားလံုးအတြက္အားနာစရာက
ျဖစ္သြားဦးမွာအမွန္ပင္။ဌာနမွဴးကေတာ့
သူတို႔ကိုအျမင္မၾကည္သလိုၾကည့္ကာ
စားလက္စကိုနားကာ ဥကၠဌကိုသြားေတြ႕ဖို႔
ထြက္သြားသည္။

ထိုသည္ႏွင့္ သူတို႔စားဖို႔အတြက္သာ
စီစဥ္လိုက္ရသည္။စားဖို႔အတြက္ျပင္ဆင္ရင္း
ကူးအတြက္ထမင္းဗူးကို ေဖာက္ၾကည့္ေတာ့
ထမင္းအျပင္၊ဟင္းေတြအားလံုးက အေကာင္းစားေတြခ်ည္းပင္။ထပ္ေဖာက္ဖို႔
ျပင္ရင္းၾကည့္ေနစဥ္ ...

အခန္းထဲကိုထပ္ၿပီး အထုတ္ေတြနဲ႔အတူ ေရာက္လာၾကသည္။ေသခ်ာအစီအရင္တင္ေပး
ၿပီး ေယာင္းဝူကေရာက္လာခဲ့သည္။

" အစ္ကိုေလးေဂ်ာင္ဂု တစ္ေယာက္ထည္း
မစားခ်င္လို႔ ကြ်န္ေတာ္ကလာပို႔ေပးပါတယ္၊
ေအးေဆးသံုးေဆာင္ၾကပါ "

ထိုသို႔ေျပာေတာ့ သူကမၾကည္သလိုေလး
ေခါင္းၿငိမ္ျပလိုက္သည္။ ေယာင္းဝူက ထြက္သြားေရာကူးေလးစိတ္ထဲ ဥကၠဌကို စိတ္ထဲ၌မတင္မက်ျဖစ္ေနသည္။

ကေလးေလးကိုကားနဲ႔တိုက္မိမလိုျဖစ္ေရာ
စေတြ႕ထည္းက အခ်ိဳးကိုမေျပတာ။
ေနာက္ေတာ့လည္း ဓာတ္ပံုရိုက္ေတာ့လည္း
သူ႔ကိုသာၾကည့္ေနတဲ့ ပံုစံကိုေတာင္
သေဘာမက်ပါ။ေခ်ာ္လဲလို႔ထိိန္းေပးတာကို
နားလည္ေပမဲ့ အသားယူၿပီးသူ႔ကိုထိိဖို႔လုပ္တာကို
သေဘာမေတြ႕ပါေလ။

" ကူး စားေတာ့ေလ၊ေရာ့...ဒီေန႔တစ္ရက္ေတာ့
ကိုယ္တိုိ႔ဒါေတြစားမယ္ေနာ္၊မနက္ျဖန္ၾက
ကူးႀကိဳက္တာေတြကို ကိုယ္မွာေပးမယ္ "

မင္ဂယူကေခ်ာ့သလိုေလး ကူးငယ္ရဲ႕ဆံပင္ကို
သပ္တင္ကာေျပာေတာ့ ကူးကေျဖသည္။

" အြန္း...သိတယ္ "

ဒါပါပဲ။ကြ်န္ေတာ့္ရဲ႕ကူးေလးက မာနေလးေတြ
တင္းခံေနတာ။သူမႀကိဳက္ဘူးဆို မာနေသးေသး
ေလးကအစထြက္လာေသးတာ။

~

တစ္ဖက္မွာေတာ့ ထယ္ေယာင္းဟာ
ရွယ္ယာရွင္ေတြအားလံုးနဲ႔ meetingၿပီးစမို႔
ဆိုဖာ၌ေျခခ်ိတ္ထိုင္ကာ ေတြးေနတာ။ မ်က္ႏွာေခ်ာေခ်ာပိုင္ရွင္က အေတြးထဲ တစ္ခါမွမနစ္ေျမာတက္ေပ။သို႔ေပမဲ့
ဘဝထဲကိုကိုအလွေလးဝင္လာထည္းက
ခပ္ျပံဳးျပံဳးလုပ္ကာ ကိုကိုအလွေလးရဲ႕ အေၾကာင္းကို ေတြးမိေနသည္။

မနက္ကရွက္တာေရာ၊ေဒါသထြက္တာပါေပါင္းလို႔
သူ႔ကိုအျမင္မၾကည္တဲ့ပံုစံေလးပါ ျပသြားၿပီး
သူဖက္ထားရာကေနထြက္သြားေတာ့သည္။
သူကေတာ့ ကိုကိုအလွေလးကိုစြဲလမ္းေနၿပီ။

" ခုနကေမာင့္လက္ေမာင္းေတြက ခါးေသးေလး
ကိုတင္းေနေအာင္ဖက္ထားခဲ့တာ၊ေနာက္ဆ္ိုရင္
ေမာင္ကခါးေသးေလးရဲ႕ ခါးပတ္ျဖစ္ေနမွာ "

" ဥကၠဌ ကြ်န္ေတာ္ေရာက္ပါၿပီ "

" ဝင္ခဲ့! "

သူေပ်ာ္ေနရင္း အျပင္ကေနဌာနမွဴးကေရာက္ၿပီမို႔
အသံေပးလာခဲ့သည္။သူလည္း ဝင္ဖို႔လက္ခံလိုက္
ေတာ့ အခန္းထဲသို႔ဌာနမွဴးက ေရာက္လာခဲ့သည္။
သူ႔အနားကိုေရာက္လာေတာ့ သူကဆိုဖာ၌ထိုင္ဖို႔
ေမးေငါ့ျပလိုက္သည္။သည္ေတာ့မွ ဌာနမွဴးက
ထိုင္ရင္း....

" ကြ်န္ေတာ့္ကိုဘာမ်ားခိုင္းစရာရွိတာလဲ ဥကၠဌ၊
အရင္ဥကၠဌႀကီးဆို ကြ်န္ေတာ္တို႔ကိုအဲ့ေလာက္
အေရးမေပးဘူးရယ္ ဟဲဟဲ "

ဌာနမွဴးကမ်က္ႏွာစပ္ျဖဲျဖဲျဖင့္ရယ္ရင္း စကားဆိုေတာ့ ထယ္ေယာင္းမွာျပံဳးလိုက္ကာ

" ဒယ္ဒီကဂရုမစိုက္ေပမဲ့ က်ဳပ္ကဂရုစိုက္ရမယ့္
အဖိုးတန္ေလး ခင္ဗ်ားတို႔အဖြဲထဲရွိေနတာ "

ထယ္ေယာင္းရဲ႕စကားအဆံုး ဌာနမွဴးက စိတ္ဝင္စားမိသြားသည္။သူတို႔ထဲကအဖိုးတန္ဆို
မိန္းကေလးေတြမ်ားလားလို႔ေတာင္ ထင္သည္။
ဌာနမွဴးကခပ္ေတြးေတြးလုပ္ေနေပမဲ့ ထယ္ေယာင္းကမူ ျပံဳးလိုက္ရင္း.....

" ဟုတ္တယ္ အဖိုးတန္ေလးရွိတယ္၊အဲ့ဒါက
က်ဳပ္အတြက္ တန္ဖိုးရွိလို႔လိုခ်င္တာ၊ခင္ဗ်ားရဲ႕
ဝန္ထမ္းထဲကတစ္ေယာက္ကို က်ဳပ္ကအတြင္း
ေရးမွဴးခန္႔မွာ၊ဒီေတာ့ ဂြ်န္ေဂ်ာင္ဂုကိုအဖြဲ႕ထဲက ျဖဳတ္လိုက္!ခင္ဗ်ားေရာလက္မခံတာ မလိုခ်င္ဘူး၊မနက္ျဖန္သူ႔ကိုခင္ဗ်ားတို႔
အဖြဲ႕ထဲကျဖဳတ္ခ်လိုက္! "

ဥကၠဌရဲ႕အမိန္႔ေပးတာကိုလည္း မလြန္ဆန္ရဲပါ။
ေဂ်ာင္ဂုက သူ႔ဘာသာခပ္ေအးေအးေနသည့္ ေကာင္ေလးတစ္ေယာက္။ဘယ္သူ႔ကိုမွအေရး
မစိုက္ဘဲ မာနႀကီးလြန္တာ။

" ဟို...ဟို.... "

" ခင္ဗ်ားကိုေျပာၿပီးသား၊က်ဳပ္ခြင့္ေတာင္းေနတာ
လံုးဝမဟုတ္ဘူး၊ျဖဳတ္လိုက္ဆိုျဖဳတ္လိုက္!
ဘာမွထပ္ေမးမေနနဲ႔! "

ထယ္ေယာင္းအသံဟာ စိတ္မရွည္သည့္ႏွယ္
တင္းမာသြားသည္။ဌာနမွဴးလည္းလန္႔သြားကာ
ထယ္ေယာင္းရဲ႕စကားကိုလက္ခံလိုက္သည္။

" ဟုတ္ကဲ့ ကြ်န္ေတာ္ျဖဳတ္လိုက္ပါ့မယ္ "

ထယ္ေယာင္းရယ္ရင္း မွန္ေတြကာထားသည့္ ဘက္မွာ ဌာနမွဴးကိုေက်ာေပးရပ္လိုက္သည္။
ၿပီးေနာက္ေဘာင္းဘီအိတ္ထဲ လက္ထည့္ကာ

" ခင္ဗ်ားတို႔အုပ္စုထဲ အရမ္းေတာ္တဲ့လူငယ္
ရွိတာက်ဳပ္သိတယ္၊ဒီေန႔ဒီဇိုင္းဌာနမွာ
ဒီညေနအလုပ္ရႈပ္လိမ့္မယ္၊ဒီေတာ့ ကင္မ္မင္ဂယူဆိုတဲ့တစ္ေယာက္ကို ဒီေန႔ညဆိုင္းဆင္းခိုင္းလိုက္ၿပီ "

" ဗ်ာ၊ဟို....ဟုတ္ကဲ့ ကြ်န္ေတာ္စီစဥ္ပါ့မယ္ "

သူကအထြဋ္႕တက္ဖို႔ ေျပာမို႔ရွိေသးတယ္
ထယ္ေယာင္းရဲ႕အၾကည့္စူးစူးကုိ မခံႏိုင္စြာျဖင့္
ေခါင္းညိမ့္လိုက္ရသည္။

" အင္း...ခင္ဗ်ားအတြက္ က်ဳပ္PAက ပိုက္ဆံစီစဥ္ေပးလိုက္မယ္၊ေျပာစရာမရွိဘူး၊
သြားေတာ့! "

" ဟုတ္ကဲ့ သြားခြင့္ျပဳပါ "

ဌာနမွဴးက အရိုအေသေပးကာႏႈတ္ဆက္ၿပီး
ထြက္သြားေတာ့သည္။သည္ေတာ့မွ ထယ္ေယာင္းလည္း ခပ္က်ယ္က်ယ္ျပံဳးကာ

" ကိုကိုအလွေလးက မနက္ျဖန္ကစလို႔ 
ေမာင့္အနားကိုေရာက္ၿပီ၊ဟားဟား....
အပိုင္သိမ္းမွျဖစ္ေတာ့မယ္ အဟြန္း! "

သူထိုသို႔ဆိုလိုက္ကာ ႏႈတ္ခမ္းတြန္႔ခ်ိဳးရံုျပံဳးသည္။
သူအျပံဳးေတြႏူးညံ့သည္ဆိုတာထက္ ကိုကိုအလွေလးက ထိရခက္တာကို ဒီမနက္မွသူသိခဲ့ပါသည္။

ညေနေရာက္ေတာ့ ကူးမွာဂယူ႔ရဲ႕ညဆိုင္းေၾကာင့္
အိမ္ကိုတစ္ေယာက္ထည္း ျပန္လာခဲ့ရသည္။
ဂယူကေတာ့ အစ္ကိုဂ်ယ္ဟြန္းနဲ႔အတူေနခဲ့ရၿပီး
အစ္မယြန္းဟယ္နဲ႔ အစ္ကိုဂြ်န္ေဆာ့၊အစ္မယူရီက
အိမ္ျပန္ရတာျဖစ္သည္။

သည္ပံုအတိုင္းဆို ေနာက္ပိုင္းအလုပ္မ်ားမွာ။
ညတိုင္းေရာ ဂယူနဲ႔Night Outထြက္ဖို႔ေတာင္
အဆင္မေျပျဖစ္ေတာ့မည္ေလ။သူ႔အေတြးေတြ
ရပ္လို႔ လမ္းထိပ္က၂၄နာရီဆိုင္ထဲက လိုအပ္တာေလးေတြကို ဝယ္လာခဲ့သည္။

" ဟူး!လုိအပ္တာေလးလည္း ဝယ္ၿပီးၿပီဆိုေတာ့
အိမ္ျပန္ရမယ္၊ေနာက္ေန႔ၾက ဂယူ႔အတြက္
တစ္ခုခုဝယ္ေပးရဦးမယ္ "

လိုအပ္တာေတြစံုသလားစစ္ရင္း ခ်စ္သူအတြက္
လိုအပ္တာေတြကိုပါေတြးေနမိသည္။သူနဲ႔ဂယူက
ခ်စ္သူေတြစျဖစ္ထည္းက တစ္ေယာက္နဲ႔တစ္
ေယာက္က ကိုယ့္အႀကိဳက္၊သူ႔အႀကိဳက္ေတြကို
ေရြးခ်ယ္ထားစရာမလိုဘဲ လိုအပ္ရင္ေတာင္ အတူတူဝယ္ရတာျဖစ္သည္။

အစကNight Outထြက္ရင္အတူဝယ္ဖို႔ စဥ္းစားလိုက္ေပမဲ့ အခုေတာ့ဂယူကညဆိုင္း
ဆိုတာခ်ည္းေၾကာင့္ပ်က္သြားခဲ့သည္။ဂယူက
သူဘာမွမျဖစ္ဘူးဆိုတာေျပာလို႔ သူလည္း
အားနာေနတာေတာင္ ျပန္လာခဲ့ရသည္။
အေတြးေတြကအိမ္နားကိုေရာက္ေရာ
တစ္ခါမွမျမင္ဖူးသည့္ ကားအနက္ေရာင္က
အိမ္ေရွ႕တြင္ေရာက္ေန၏။

သူလည္းတစ္ျခားအိမ္ကကားထင္ကာ
အိမ္ထဲဝင္ဖို႔ရွိေသး ကားတံခါးက သူ႔ကအိမ္ေရွ႕ေရာက္ေရာပြင့္လာကာ ခပ္ျမင့္ျမင့္လူတစ္ေယာက္ထြက္လာခဲ့သည္။

" ေဟ့! ကြ်န္ေတာ့္ကိုမွတ္မိလား "

သူအိမ္ထဲဝင္ဖို႔တံခါးဖြင့္ဖို႔လုပ္ေနစဥ္ ရင္းႏွီးေနတဲ့
အသံကသူ႔အား ေခၚေလသည္။သူလည္း လွည့္ၾကည့္လိုက္ေတာ့ အသံပိုင္ရွင္ဟာ
သူတို႔Companyရဲ႕ ဥကၠဌျဖစ္ေန၏။

" ဘာကိစၥလဲ "

ကိုကိုအလွေလးရဲ႕အသံဟာ ခပ္ျပတ္ျပတ္။
အထုပ္ေတြကိုဆြဲရင္း သူ႔ကိုမၾကည္သံေလးျဖင့္
စကားဆိုေလသည္။

" ဟ....ဘယ္လိုေတာင္ စကားေျပာရတာလဲ
ကိုယ့္အလုပ္ရွင္ကို ဟူး! "

ထယ္ေယာင္းေျပာရင္း သူ႔ေဘာင္းဘီအိတ္ထဲက ေဆးလိပ္ဗူးကိုထုတ္သည္။ၿပီးေနာက္ ေဆးလိပ္
တစ္လိပ္ကိုထုတ္ၿပီး မီးညႇိကာမီးျခစ္ေရာ၊ ေဆးလိပ္ဗူးကိုပါ ေဘာင္းဘီအိတ္ထဲထည့္သည္။
ၿပီးေနာက္ေဆးလိပ္ကို လက္ညိဳးလက္ခလယ္
ၾကားထဲညႇပ္ကာ ေဆးလိပ္ေသာက္ရင္းေျပာ
သည္။

ကူးေလးကေတာ့ သေဘာမက်ဟန္ျဖင့္
ႏွာေခါင္းရွံု႔မိပါ၏။သို႔ေပမဲ့လည္း မ်က္ႏွာထားကို
တည္တင္းကာ ေျဖလိုက္သည္။

" အခုကအလုပ္ခ်ိန္မဟုတ္ေတာ့ဘူး၊အဲ့ေတာ့
ငါ့ဘက္ကမင္းကိုေခၚစရာမလိုေတာ့ဘူးေလ "

ကူးေလးကေျပာေတာ့ ထယ္ေယာင္းက ေဆးလိပ္ေသာက္ရင္းကေန သေဘာက်လို႔
ျပံဳးေနေတာ့တာ။သူျပံဳးရင္း ေနာက္တစ္ရွိုက္
ဖြာခ်လိုက္ရင္းျဖင့္....

" ဟုတ္လွခ်ည္လား ကိုကိုက "

" ဘယ္လိုေခၚတယ္၊ထားပါ၊ကိစၥမရွိဘူး၊ဒီကို
လာတာ ဘာကိစၥလဲ! "

ကိုကိုအလွေလးက အထုတ္ေတြကိုကိုင္ရင္း
လက္ေထာက္ကာေျပာသည္။သူကေတာ့
ကိုကိုအလွေလးေရွ႕ကိုယ္ကိုကိုင္းခ်ကာ
ကိုကိုအလွေလးနဲ႔မ်က္လံုးခ်င္းယွဥ္ၾကည့္
လိုက္ရင္း သူေသာက္ေနတဲ့ေဆးလိပ္က
အခိုးေငြ႕ေတြကို ကိုကိုအလွေလးရဲ႕မ်က္ႏွာကို
မႈတ္ထုတ္လိုက္သည္။ၿပီးေနာက္...

" လြမ္းလို႔ေလ... "

" ဘာ...အဟြတ္...ဟြတ္! "

ထယ္ေယာင္းမႈတ္ထုတ္လိုက္တဲ့ အေငြ႕ေၾကာင့္
ကိုကိုအလွေလးဟာ ေခ်ာင္းဆိုးေလသည္။
ထယ္ေယာင္းမွာေတာ့ သူ႔က်ီစယ္လိုက္လို႔
စိတ္ဆိုးေနသည့္ ကိုကိုအလွေလးရဲ႕ပံုစံကို
သေဘာက်ကာ လက္တစ္ဖက္ ေဆးလိပ္ကိုကိုင္ရင္း က်န္လက္တစ္ဖက္က ကိုကိုအလွေလးရဲ႕လက္ကိုဆြဲကိုင္မိသည္။
ဘာေၾကာင့္ဆို ကိုကိုအလွေလးက ထြက္သြားဖို႔လုပ္ေနတာ။

" ေဟ့!က်ီစယ္တာကို စိတ္ဆိုးရသလား၊
ခဏေနပါဦးဗ်ာ ရုပ္ေလးကိုျမင္ခ်င္မိတာ "

" ဟင့္အင္း...လႊတ္စမ္းပါ၊ဖယ္စမ္းပါ! "

ကိုကိုအလွေလးကေျပာေလေလ သူကလက္ကို
ပိုဆြဲထားတာျဖစ္သည္။ဘယ္ရမလဲ!
ကင္မ္ထယ္ေယာင္းတဲ့!ရေအာင္ကို ဆြဲထားမွာ!

" မဖယ္ႏိုင္ပါဘူးဗ်ာ၊ဒီတိုင္စကားေျပာဖို႔ကို
ဘာလို႔ထြက္ေျပးခ်င္ရတာလဲ "

" ဟင့္အင္း...လႊတ္စမ္း! ငါ့မွာ ခ်စ္သူရွိတယ္!
တစ္ျခားသူျမင္ရင္ မေကာင္းဘူး "

ကိုကိုအလွေလးက သူလက္ကိုင္တာကို ျငင္းသည္။သူကေတာ့ ကိုကိုအလွေလးရဲ႕
စကားေၾကာင့္ရယ္လိုက္ကာ လက္ဆြဲထားတာ
ပိုတင္းမာသြားသည္။

" ခ်စ္သူရွိတာကရွိတာေလ၊လက္ထပ္ထားတဲ့
သူေတြမွမဟုတ္တာ ဟားဟား... "

ထယ္ေယာင္းကလက္တစ္ဖက္ကဆြဲထားကာ
က်န္တစ္ဖက္က ေဆးလိပ္ေသာက္ရင္း ေျပာသည္။ကူးကေတာ့ သေဘာမက်ဟန္ျဖင့္
ရုန္းသည္။သူရုန္းတာက အရာမထင္ခဲ့ပါ။
ထယ္ေယာင္းကသူ႔ထက္အရပ္ျမင့္သလို
လက္ရွည္သြယ္သြယ္က သူ႔လက္ကိုျမဳပ္ေန
ေအာင္ဆြဲကိုင္ထားတာ။

" ဟင့္အင္း...လႊတ္ေတာ့၊အိမ္ထဲမွာအေမရွိတယ္၊
သိသြားရင္မေကာင္းဘူးလို႔၊လႊတ္ေနာ္!!!
ေတာက္စ္! "

ေနာက္ဆံုးေတာ့ ကိုကိုအလွေလးဟာ ေဒါသထြက္လာလို႔ သူ႔ကိုေတာက္စ္ေခါက္
ေသးသည္ေလ။

" ေဟာ...စိတ္ဆိုးတာခ်စ္စရာဗ်ာ၊စတာပါ၊
အထဲဝင္ေတာ့ေနာ္၊မနက္ျဖန္ၾက ေတြ႕မယ္ "

ဟုဆိုကာ က်န္တဲ့ေဆးလိပ္ကိုေသာက္ျပၿပီး
ဖိနပ္ျဖင့္နင္းေခ်လို႔ ျပံဳးျပံဳးႀကီးေျပာသည္။
ကိုကိုအလွေလးကေတာ့ သူ႔ကိုမၾကည္ၾကည့္၍
မ်က္ေစာင္းထိုးကာ အိမ္ထဲသို႔ဝင္သြားသည္။
သူကေတာ့ခပ္ဟဟရယ္ရင္း ကားထဲဝင္လို႔
ကားစက္ႏွိုးကာ ခုနကကိုကိုအလွေလးရဲ႕
ပံုစံကိုၾကည့္လို႔ ျပံဳးလိုက္ေသးသည္။

" ေမာင္ကလည္း ခ်စ္သူရွိတာကိုသိရဲ႕နဲ႔
အပိုင္သိမ္းမွာပါ ကိုကိုအလွေလးရယ္ "

သူထိုသို႔ဆိုကာ ကားကိုအရွိန္တင္လို႔
သီခ်င္းညည္းရင္း ထြက္လာခဲ့ေတာ့သည္။

သည္လိုပါပဲ။ထယ္ေယာင္းရဲ႕အဘိဓာန္မွာ
လက္ေလွ်ာ့တယ္ဆိုတာ မရွိတာမို႔သူက
ကိုကိုအလွေလးကို ရေအာင္သိမ္းမွာ!

To be continued ~

အလွေလးကိုထပ္ဖတ္ခ်င္တယ္ဆိုလို႔ တင္ေပးလိုက္ပါတယ္ဗ်။ေနာက္ေန႔ၾက
စြာေတးေလးတို႔သြားတာေပါ့...

> >

#Unicode

ကူးလေး ဥက္ကဌရဲ့အနားကနေနမ်းမိတော့မလို
ဖြစ်လို့ပြေးထွက်လာခဲ့တော့သည်။ဥက္ကဌအခန်းရဲ့
အဝေးနေရာအရောက် မယုံနိုင်စွာသူအထိခံလိုက်
ရတာကို အံံ့ဩနေမိသည်။

ဂယူကလွဲလို့ တစ်ခြားတစ်စုံတစ်ယောက်က သူ့ကိုထိတာတောင် လုံးဝမကြိုက်ပါ။အခုလည်း
ဥက္ကဌက သူ့ကိုရဲတင်းစွာခါးကိုဖက်ထားတာတဲ့။
ဂယူသိရင် တကယ့်ကိုအားနာစရာကောင်းသည်။

" စိတ်တိုလိုက်တာအရမ်းပဲ၊ဥက္ကဌဖြစ်ပြီး ကိုယ့်ဝန်ထမ်းကို အသားယူတယ်၊ဥက္ကဌဖြစ်နေလို့
တစ်ခြားသူသာဆို ဆွဲကိုက်ခဲ့ပြီ "

နှုတ်ခမ်းဆူလို့စိတ်မကြည်ဟန်ဆိုသည်။ပြီးနောက်
သက်ပြင်းရှည်ချလို့တွေးသည်။

သူမကြိုက်ပါ။ဂယူကလွဲ ဘယ်သူကမှသူ့ကို
ထိတွေ့ဖူးတာမဟုတ်။အစ်ကိုဂျွန်ဆော့နဲ့
အစ်ကိုဂျောင်ဟွန်းတို့၊ဌာနမှူးတို့တောင်
သူ့ကိုဂယူရှိနေလို့ထိကြတာမဟုတ်။အခုကြ
ချော်လဲတာလေးနဲ့ထိဖို့မလိုအပ်ပါလေ။

" တော်ပြီ၊အလုပ်ကြိုးစားရမယ်၊ဖိုက်တင်း! "

ကျန်တာတွေကိုမေ့လို့ အလုပ်ကိုလုပ်ရန်သာ
ဦးတည်လိုက်ပြီး ထွက်သွားခဲ့သည်။ဥက္ကဌက
သူမဟုတ်ရင်တောင် အတွင်းရေမှူးကိုအခြား
တစ်ယောက်ခန့်မှာပဲဆိုသည့် အတွေးဖြင့်သာ
သူဥက္ကဌရုံးခန်းနားကနေ ခပ်သွက်သွက်
ထွက်လာခဲ့သည်။

သို့သော် ကူးလေးမသိတာက ထယ်ယောင်းက
အနောက်ကနေလိုက်၍ နားထောင်နေတာ။

" ဟက် ! ကိုကိုအလှလေးကွာ.... "

သူသဘောကျလို့ ရယ်လိုက်မိပါသည်။ ကိုကိုအလှလေးကသူ့အသားကိုထိတွေ့တာကို မကြိုက်တာကို။ဒါကိုပဲကင်မ်ထယ်ယောင်းက
ကြိုက်တာ။

သူခပ်ကျယ်ကျယ်ရယ်လိုက်ပြီး....

" ကိုကိုအလှလေးကအဲ့လိုထိတာမကြိုက်လေ
မောင်ကအကိုက်ခံပြီးတော့ ထိမှာ!ဟက်!
မောင်အကိုက်ခံရဖို့ကိုမျှော်နေပြီ ဟား "

ထယ်ယောင်းကသူ့အတွေးနဲ့သူပျော်ကာ
ရုံးခန်းသို့ပြန်ထွက်သွားခဲ့သည်။သူ့ကြည့်ရတာ
အလှလေးရဲ့အာရုံစိုက်မှုကို သိပ်လိုချင်တာ။
ဒါကြောင့်မို့ ကိုကိုအလှလေးကိုသူ့အနားကို
ခေါ်ထားချင်တာက တကယ်အမှန်။

" ဂျောင်ဂု၊မင်းကိုဆူလိုက်သေးတာလား၊မင်းက
အမှားလုပ်မိသေးလား "

ရုံးခန်းထဲပြေးဝင်လာတဲ့ ကူးလေးကိုမြင်ရော
စာရွက်အပြည့်ကိုင်ထားသည့် ဌာနမှူးက
သူ့ကိုမေးသည်။ဌာနမှူးကမေးရော ဂယူအပြင်၊ ဝန်ထမ်းတွေအဖွဲ့ဝင်အားလုံးကကြည့်လာသည်။
သူကိုယ်ဟန်အနေအထားပြင်ကာ ပြုံးလိုက်ရင်း..

" ဘာမှမဖြစ်ပါဘူး၊ဒီတိုင်းလေး ဥက္ကဌအခန်းက
အထွက် ခြေချော်သွားလို့ "

" ဘာဖြစ်သွားသေးလဲ ကူး၊ကိုယ့်ကိုပြဦး "

သူကခြေချော်သွားတယ်ပြောရော မင်ဂယူက
အနားကိုရောက်လာသည်။သူ့ရှေ့ဒူးထောက်
ထိုင်ချကာ ခြေထောက်ကိုစစ်ကြည့်နေသည်။

" ဘာမှမဖြစ်ပါဘူး၊ဂယူ...ထားလိုက်ပါတော့၊
ကူးအဆင်ပြေတယ် "

" တော်သေးတာပေါ့၊နောက်ဆို သတိထားဦး၊
အဲ့လိုနေရာတွေက စီးထားတဲ့ဖိနပ်ကြောင့်မို့
ခြေချော်လိမ့်မယ် "

ဂယူကသေချာစစ်ရင်းကနေ ကူးပုခုံးကိုဖက်လို့
ပြောသည်။ဌာနမှူးကတော့ သူတို့အတွဲကိုကြည့်
ရင်း ခေါင်းတခါခါဖြစ်နေသည်။ဘာကြောင့်ဆို
အဲ့လောက်ထိလည်း မဖြစ်သွားတာကိုပိုနေသည့်
မင်ဂယူကြောင့်ပါလေ။

" အဲ့ဒါတွေကိုနောက်မှထားကြ၊ဂျောင်ဂု မင်းစစ်ရမဲ့ဆိုင်တွေရဲ့အပိုင်းတွေရှိတယ်၊
အဲ့ဒါတွေကိုအရင်လုပ်ဦး "

" ဟုတ်ကဲ့ ကျွန်တော်စစ်ထားပါ့မယ် "

ဂယူကတွဲခေါ်လို့ နေရာ၌ထိုင်ကာစားပွဲပေါ်
ရှိနေသည့်စာရင်းဇယားအထပ်လိုက်ကို ယူစစ်နေသည်။စစ်နေရင်း စာရင်းဇယားတွေ ကြားmegazineတစ်အုပ်ပါလာသည်။
ထိုစာအုပ်ကသူတို့ကုမ္ပဏီက မော်ဒယ်တွေရဲ့
စာအုပ်ပါ။အခုတော့ Kim Victoryရဲ့ဆက်ခံသူ
ပါတဲ့ပုံတွေသီးသန့်သာဖြစ်နေသည်။

မျက်နှာဖုံးမှာတော့ ထယ်ယောင်းရဲ့ Shirtအဖြူနဲ့
Style pantဘောင်းဘီအနက်နဲ့ရောဝတ်ထာပြီး
မျက်မှန်အနက်တပ်ကာ ခုံ၌ထိုင်နေသည့်ပုံ။

" ဘယ်လိုလုပ်ဒီကြားထဲ ပါလာရတာလဲ၊
မမြင်ချင်ပါဘူးဆိုမှပဲ အလုပ်ရှုပ်တယ် "

သူစိတ်ရှုပ်ကာ ထိုစာအုပ်အားယူလိုက်ပြီး
အစ်မယွန်းဟယ်နား ဖြတ်လျှောက်သွားသည်။

" အစ်မယွန်းဟယ် ဒီစာအုပ်ကဘယ်ကပါတာလဲ၊
ကျွန်တော့်စာရင်းတွေကြားထဲ ဒါကြီးပါလာတယ်၊
သေချာမစစ်ထားတာတွေလား ကြည့်ပါဦး
ပုံတွေကို ကျွန်တော်သဘောမကျဘူး "

ကူးလေးက ထိုစာအုပ်ကိုပေးလိုက်ရင်း မကြိုက်ဘူးဟုဆိုသည်။ထိုသည်ကို အစ်မယွန်းဟယ်က စာအုပ်ကိုဖွင့်ကြည့်ရင်း
သဘောတကျဆိုသည်။

" ဟယ်...ဒီလောက်ချောတာကို သဘောမကျဘူး
ပြောတာ ဂျောင်ဂုလေးပဲရှိတယ်နော်၊အစ်မဆို
ကြိုက်လွန်းလို့၊ဒါကပါလာတာဆိုတလည်း
ငါတို့မောင်လေးဂျောင်ဂုနဲ့ ကံစပ်တာနေမယ် "

" အဟမ်း... "

အစ်မယွန်းဟယ်ရဲ့ရယ်ရင်းပြောတဲ့စကားကြောင့် အစ်ကိုဂျွန်ဆော့နဲ့စာရင်းမှတ်နေရင်းကနေ
မင်ဂယူဟာ ချောင်းဟန့်သံပေးလာသည်။
ထိုသည်ကို ကူးကရယ်လိုက်ရင်း အစ်မယွန်းဟယ်က ပိုကိုပိုသည့်ဆိုသည့်
အနေအထားဖြင့် မျက်စောင်းထိုးသည်။
ပြီးနောက် သူ့နေရာ၌ပြန်ထိုင်ရင်း....

" ငါပဲမှားတာပါရှင်၊တကယ်မပြောရဲဘူး သူ့ဟာလေးကိုထိရင် အတော့်ကိုကဲပိုနေတာ "

ယွန်းဟယ်က မင်ဂယူ့ဘက်ကိုမေးငေါ့ပြလို့
စနောက်ဟန်ဆိုသည်။မင်ဂယူကတော့သိလို့ ပြုံးရင်းအလုပ်အကြောင်းဆက်ရေးနေသည်။
အစ်မယူရီကတော့ မနေနိုင်စွာဖြင့် အလုပ်လုပ်တာကိုနားရင်း ပြောသည်။

" နင်ကရော ဘာလို့သွားပြောသေးလဲ၊တကယ်ပဲ၊
ယွန်းဟယ်ကတော့ မီးသွားမွှေးတယ် "

အစ်မယူရီကပါပြောလာတော့ ယွန်းဟယ်မှာ
ရယ်ရင်းသူ့အလုပ်ဆက်လုပ်နေသည်။ကူးလေး
လည်းစာအုပ်ကိစ္စမေ့ကာ အလုပ်ဆက်လုပ်နေ
တော့သည်။သို့သော်လည်း မင်ဂယူကတော့
ကူးအလုပ်လုပ်နေတာကို ခဏခဏလှမ်းကြည့်
့ဖြစ်ပြီး ချွေးထွက်နေရင်သုတ်ပေးတက်သည်။

~

နေ့လည်ရောက်တော့ အားလုံးလည်းစာရင်း
လုပ်လက်စတွေကိုဖျောက်ကာ အနားယူကြပြီ။
စာပွဲခုံအရှည်ထက်က စာရွက်တွေကိုသိမ်းရင်း
နေ့လည်စာစားဖို့ ပြင်ဆင်ကြသည်။

" ငါတို့နေ့လည်စာအတွက် ဘာမှာစားမလဲ၊
တစ်ခုခုစဉ်းစားပါဦးလား၊တွေးကြည့်ဦးလေ၊
ဂျောင်ဂုလေးနဲ့မင်ဂယူအစ်မတို့ဘာရွေးရမလဲ "

သူတို့သန့်ရှင်းရေးလုပ်ပြီးလို့ နေ့လည်စာကို
မှာစားကြမှာဖြစ်သည့်အတွက် အငယ်ဆုံးနှစ်ယောက်ကို မေးရသည်။

" ကျွန်တော်က ကူးစားတာပဲစားမယ်လေ၊
ကူးဘာစားချင်လဲ "

ပိုကိုပိုလွန်းသည့် မင်ဂယူကသူ့ကူးစားတာပဲ
စားမည်ဆိုလို့ အားလုံးမျက်နှာခပ်မဲ့မဲ့။
ထိုသည်ကိုကူးက ရယ်လို့မျက်မှန်ကိုချွတ်ကာ

" ဒါဆိုကူးပဲရွေးလိုက်တော့မယ်၊ဂယူနဲ့ကူးကို
ပဲခေါက်ဆွဲပေးပါ၊ပြီးရင်တော့ ဖက်ထုပ်ကြော်
ဒါပဲစားတော့မယ် အစ်မယူရီ "

တကယ့်ကိုချစ်ကြတဲ့စုံတွဲပါပေ့။စားတာတောင်
အတူတူစားဖို့ကိုသာ စဉ်းစားနေကြတာ။
အစ်မယူရီကတော့ ကူးလေးရဲ့စကားအတိုင်း
မှာဖို့ချိန်ရင်း နောက်လူတွေကိုလိုက်မေးစဉ်
အခန်းထဲသို့ နေ့လည်စာထုပ်နဲ့အတူ ထယ်ယောင်းရဲ့PAဖြစ်တဲ့ ယောင်းဝူဝင်လာသည်။

သူဝင်လာသည်ကို အားလုံးကအံ့ဩတစ်ကြီး
ဖြစ်နေကြသည်။သူကတော့ ကူးရပ်နေသည့်
စားပွဲရှေ့နေ့လည်စာအထုပ်ကိုချရင်း...

" ဂျွန်ဂျောင်ဂုအတွက်ဆိုပြီး ဥက္ကဌက နေ့လည်စာသီးသန့် လာပို့ခိုင်းတာပါ၊
တစ်ယောက်ထည်းစားဖို့လို့ပြောတယ် "

ယောင်းဝူကအထုပ်တွေကိုချရင်းပြောလာသည်။
ထိုကြောင့်မို့ ကူးလေးဂယူ့ကိုကြည့်ရင်း စားပွဲ
ပေါ်ကအထုပ်ကိုကြည့်ပြီး သက်ပြင်းချကာ
ရှေ့ကမျက်နှာစုတ်နေတဲ့ယောင်းဝူကိုပါကြည့်
လိုက်သည်။ပြီးနောက်....

" အားလုံးနဲ့ထမင်းအတူစားဖို့ လုပ်ထားတာ၊
ဒါတွေမလိုတာမို့ ပြန်ယူသွားလိုက်ပါနော် "

ကူးကခပ်ပြတ်ပြတ်ပြောလိုက်သည်။ဒါကို
ယောင်းဝူက ပြန်ဖြေသည်။

" သူတို့အတွက်ပါ နေ့လည်စာမှာပေးမှာမို့
ဒါတွေကိုအစ်ကိုစားဖို့ ဥက္ကဌကမှာပါတယ် "

ယောင်းဝူရဲ့စကားကြောင့် ကူးလေးက စိတ်ပျက်သလိုဖြစ်သွားသည်။ဒါ့အပြင်
အစ်မယူရီတို့အားလုံးလည်းကြည့်ကာ
ငြိမ်သက်နေကြသည်။

" သူမစားဖူးပြောနေတယ်လေ၊ပြန်ယူသွားပါ၊
အစ်ကိုတို့က သီးသန့်စားဖို့ရှိတယ် "

ဂယူက ကူးအနေကြပ်ဟန်ကိုသိလိုက်တာမို့
ယူသွားဖို့ပြောသည်။ယောင်းဝူကတော့
ဂယူပြောတာကို ဂရုမစိုက်ဟန်ပင် ကူးကိုသာ
ကြည့်လို့ မျက်ဝန်းကနေသာမေးနေတော့သည်။

" ဂျောင်ဂု!မင်းကလည်း ဥက္ကဌကမင်းကို ထမင်းကျွေးတာတောင် လက်မခံချင်ဘူးလား၊
မင်းမစားရင် ငါစားလိုက်__ "

" အစ်ကိုလေးဂျောင်ဂုအတွက်ပါ "

ယောင်းဝူရဲ့ခပ်ပြတ်ပြတ်အပြောကြောင့်
ကူးလေးတစ်ယောက် စိတ်တိုနေပြီဖြစ်သည်။
ဂယူကလည်းလက်ကိုဆွဲထားလို့ စိတ်ကို
လျှော့စေရန်သာ ပြောပေးနေသည်။

" ကူးစိတ်ကိုလျှော့ပါဦးဗျာ၊ဂယူ...ပြောမယ် "

" ဟင့်အင်း...ရတယ်၊ကူးပြောမယ်၊စားမယ်၊
ဟုတ်ပြီလား၊ငါတစ်ယောက်ထည်း အများကြီး
မစားနိုင်တာမို့ အားလုံးနဲ့အတူပေါင်းစားမယ်၊
ဒီလိုပဲပြောပေးပါ၊ကျေးဇူးတင်ပါတယ်လို့ "

ကူးလေးကအပြတ်ဖြေလိုက်သည်။ယောင်းဝူက
သူ့ဆရာပေးခိုင်းတဲ့နေ့လည်စာကိုကြည့်၍
လက်ခံလိုက်ရတော့မည်လေ။မဟုတ်ရင်တော့
ဆရာ့အပိုင်က စားမည်မဟုတ်တာကြောင့်ပါ။

" ဟုတ်ကဲ့၊ဒါတွေလည်းစားပြီး ကျွန်တော်က
ထပ်မှာပေးပါ့မယ်၊ဒါနဲ့ဥက္ကဌက ဌာနမှူးကို
ခဏနေရင် သူ့ရုံးခန်းကိုလာတွေ့ဖို့ပြောတယ် "

" ဟုတ်ကဲ့ လာတွေ့ပါ့မယ်ပြောပေးပါ "

ဌာနမှူးကအရိုအသေပေးလို့ ပြောလိုက်သည်။
ယောင်းဝူက သူ့ဆရာမှာသည့်အတိုင်းလုပ်ပေး
တာမို့ ကိစ္စပြီးပြီဆိုကာအပြင်ထွက်လာခဲ့ပြီး
ကျန်သောသူတွေအတွက် ဆရာ့အပိုင်စိတ်ကြိုက်
ထမင်းမှာပေးရမည်လေ။

" အရမ်းလွန်တာပဲ၊ကူးကမစားချင်တာကို
ဒီလောက်ထိသီးသန့်ကြီးကို အတင်းလာပေးတာ လွန်ပါတယ် "

ကူးလေးဒေါသထွက်စွာဆိုလိုက်သည်။
ထိုသည်ကို အစ်မယူရီကလက်လေးကိုင်လို့
တားတော့သည်။

" ဂျောင်ဂုလေးရယ် စိတ်လျှော့ပါ၊ဥက္ကဌက
စားစေချင်လို့ပေးခဲ့တာပဲ မဟုတ်လား၊ကိုယ်က
စေတနာနဲ့စားပေးလိုက်ပေါ့ကွယ် "

ကူးရဲ့ဒေါသထွက်နေသည်ကို အစ်မယူရီက
တားသည်။ကိုယ့်ဘက်က မစားချင်ဘူးဟု
ငြင်းနေသော်လည်း ဥက္ကဌဘက်ကအရေးတယူ
လာပေးတော့ ဂျောင်ဂုလေးကို တစ်မျိုးမထင်
စေချင်ဘဲစားစေချင်တာပါလေ။

" ကူး...ကိုယ်တို့လည်းစားမှာပဲ၊စိတ်ထဲဘာမှ
မထားဘဲ စားကြတာပေါ့ "

" အင်းအင်း "

ကူးကဖြေလိုက်သည်။နောက်ဆုံးတော့ သူအဆင်မပြေတဲ့အဆုံး အားလုံးကိုလည်း
အားနာနေတော့သည်။သူကသာ မစားဘဲ တင်းခံနေရင် အားလုံးအတွက်အားနာစရာက
ဖြစ်သွားဦးမှာအမှန်ပင်။ဌာနမှူးကတော့
သူတို့ကိုအမြင်မကြည်သလိုကြည့်ကာ
စားလက်စကိုနားကာ ဥက္ကဌကိုသွားတွေ့ဖို့
ထွက်သွားသည်။

ထိုသည်နှင့် သူတို့စားဖို့အတွက်သာ
စီစဉ်လိုက်ရသည်။စားဖို့အတွက်ပြင်ဆင်ရင်း
ကူးအတွက်ထမင်းဗူးကို ဖောက်ကြည့်တော့
ထမင်းအပြင်၊ဟင်းတွေအားလုံးက အကောင်းစားတွေချည်းပင်။ထပ်ဖောက်ဖို့
ပြင်ရင်းကြည့်နေစဉ် ...

အခန်းထဲကိုထပ်ပြီး အထုတ်တွေနဲ့အတူ ရောက်လာကြသည်။သေချာအစီအရင်တင်ပေး
ပြီး ယောင်းဝူကရောက်လာခဲ့သည်။

" အစ်ကိုလေးဂျောင်ဂု တစ်ယောက်ထည်း
မစားချင်လို့ ကျွန်တော်ကလာပို့ပေးပါတယ်၊
အေးဆေးသုံးဆောင်ကြပါ "

ထိုသို့ပြောတော့ သူကမကြည်သလိုလေး
ခေါင်းငြိမ်ပြလိုက်သည်။ ယောင်းဝူက ထွက်သွားရောကူးလေးစိတ်ထဲ ဥက္ကဌကို စိတ်ထဲ၌မတင်မကျဖြစ်နေသည်။

ကလေးလေးကိုကားနဲ့တိုက်မိမလိုဖြစ်ရော
စတွေ့ထည်းက အချိုးကိုမပြေတာ။
နောက်တော့လည်း ဓာတ်ပုံရိုက်တော့လည်း
သူ့ကိုသာကြည့်နေတဲ့ ပုံစံကိုတောင်
သဘောမကျပါ။ချော်လဲလို့ထိန်းပေးတာကို
နားလည်ပေမဲ့ အသားယူပြီးသူ့ကိုထိဖို့လုပ်တာကို
သဘောမတွေ့ပါလေ။

" ကူး စားတော့လေ၊ရော့...ဒီနေ့တစ်ရက်တော့
ကိုယ်တို့ဒါတွေစားမယ်နော်၊မနက်ဖြန်ကြ
ကူးကြိုက်တာတွေကို ကိုယ်မှာပေးမယ် "

မင်ဂယူကချော့သလိုလေး ကူးငယ်ရဲ့ဆံပင်ကို
သပ်တင်ကာပြောတော့ ကူးကဖြေသည်။

" အွန်း...သိတယ် "

ဒါပါပဲ။ကျွန်တော့်ရဲ့ကူးလေးက မာနလေးတွေ
တင်းခံနေတာ။သူမကြိုက်ဘူးဆို မာနသေးသေး
လေးကအစထွက်လာသေးတာ။

~

တစ်ဖက်မှာတော့ ထယ်ယောင်းဟာ
ရှယ်ယာရှင်တွေအားလုံးနဲ့ meetingပြီးစမို့
ဆိုဖာ၌ခြေချိတ်ထိုင်ကာ တွေးနေတာ။ မျက်နှာချောချောပိုင်ရှင်က အတွေးထဲ တစ်ခါမှမနစ်မြောတက်ပေ။သို့ပေမဲ့
ဘဝထဲကိုကိုအလှလေးဝင်လာထည်းက
ခပ်ပြုံးပြုံးလုပ်ကာ ကိုကိုအလှလေးရဲ့ အကြောင်းကို တွေးမိနေသည်။

မနက်ကရှက်တာရော၊ဒေါသထွက်တာပါပေါင်းလို့
သူ့ကိုအမြင်မကြည်တဲ့ပုံစံလေးပါ ပြသွားပြီး
သူဖက်ထားရာကနေထွက်သွားတော့သည်။
သူကတော့ ကိုကိုအလှလေးကိုစွဲလမ်းနေပြီ။

" ခုနကမောင့်လက်မောင်းတွေက ခါးသေးလေး
ကိုတင်းနေအောင်ဖက်ထားခဲ့တာ၊နောက်ဆိုရင်
မောင်ကခါးသေးလေးရဲ့ ခါးပတ်ဖြစ်နေမှာ "

" ဥက္ကဌ ကျွန်တော်ရောက်ပါပြီ "

" ဝင်ခဲ့! "

သူပျော်နေရင်း အပြင်ကနေဌာနမှူးကရောက်ပြီမို့
အသံပေးလာခဲ့သည်။သူလည်း ဝင်ဖို့လက်ခံလိုက်
တော့ အခန်းထဲသို့ဌာနမှူးက ရောက်လာခဲ့သည်။
သူ့အနားကိုရောက်လာတော့ သူကဆိုဖာ၌ထိုင်ဖို့
မေးငေါ့ပြလိုက်သည်။သည်တော့မှ ဌာနမှူးက
ထိုင်ရင်း....

" ကျွန်တော့်ကိုဘာများခိုင်းစရာရှိတာလဲ ဥက္ကဌ၊
အရင်ဥက္ကဌကြီးဆို ကျွန်တော်တို့ကိုအဲ့လောက်
အရေးမပေးဘူးရယ် ဟဲဟဲ "

ဌာနမှူးကမျက်နှာစပ်ဖြဲဖြဲဖြင့်ရယ်ရင်း စကားဆိုတော့ ထယ်ယောင်းမှာပြုံးလိုက်ကာ

" ဒယ်ဒီကဂရုမစိုက်ပေမဲ့ ကျုပ်ကဂရုစိုက်ရမယ့်
အဖိုးတန်လေး ခင်ဗျားတို့အဖွဲထဲရှိနေတာ "

ထယ်ယောင်းရဲ့စကားအဆုံး ဌာနမှူးက စိတ်ဝင်စားမိသွားသည်။သူတို့ထဲကအဖိုးတန်ဆို
မိန်းကလေးတွေများလားလို့တောင် ထင်သည်။
ဌာနမှူးကခပ်တွေးတွေးလုပ်နေပေမဲ့ ထယ်ယောင်းကမူ ပြုံးလိုက်ရင်း.....

" ဟုတ်တယ် အဖိုးတန်လေးရှိတယ်၊အဲ့ဒါက
ကျုပ်အတွက် တန်ဖိုးရှိလို့လိုချင်တာ၊ခင်ဗျားရဲ့
ဝန်ထမ်းထဲကတစ်ယောက်ကို ကျုပ်ကအတွင်း
ရေးမှူးခန့်မှာ၊ဒီတော့ ဂျွန်ဂျောင်ဂုကိုအဖွဲ့ထဲက ဖြုတ်လိုက်!ခင်ဗျားရောလက်မခံတာ မလိုချင်ဘူး၊မနက်ဖြန်သူ့ကိုခင်ဗျားတို့
အဖွဲ့ထဲကဖြုတ်ချလိုက်! "

ဥက္ကဌရဲ့အမိန့်ပေးတာကိုလည်း မလွန်ဆန်ရဲပါ။
ဂျောင်ဂုက သူ့ဘာသာခပ်အေးအေးနေသည့် ကောင်လေးတစ်ယောက်။ဘယ်သူ့ကိုမှအရေး
မစိုက်ဘဲ မာနကြီးလွန်တာ။

" ဟို...ဟို.... "

" ခင်ဗျားကိုပြောပြီးသား၊ကျုပ်ခွင့်တောင်းနေတာ
လုံးဝမဟုတ်ဘူး၊ဖြုတ်လိုက်ဆိုဖြုတ်လိုက်!
ဘာမှထပ်မေးမနေနဲ့! "

ထယ်ယောင်းအသံဟာ စိတ်မရှည်သည့်နှယ်
တင်းမာသွားသည်။ဌာနမှူးလည်းလန့်သွားကာ
ထယ်ယောင်းရဲ့စကားကိုလက်ခံလိုက်သည်။

" ဟုတ်ကဲ့ ကျွန်တော်ဖြုတ်လိုက်ပါ့မယ် "

ထယ်ယောင်းရယ်ရင်း မှန်တွေကာထားသည့် ဘက်မှာ ဌာနမှူးကိုကျောပေးရပ်လိုက်သည်။
ပြီးနောက်ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ

" ခင်ဗျားတို့အုပ်စုထဲ အရမ်းတော်တဲ့လူငယ်
ရှိတာကျုပ်သိတယ်၊ဒီနေ့ဒီဇိုင်းဌာနမှာ
ဒီညနေအလုပ်ရှုပ်လိမ့်မယ်၊ဒီတော့ ကင်မ်မင်ဂယူဆိုတဲ့တစ်ယောက်ကို ဒီနေ့ညဆိုင်းဆင်းခိုင်းလိုက်ပြီ "

" ဗျာ၊ဟို....ဟုတ်ကဲ့ ကျွန်တော်စီစဉ်ပါ့မယ် "

သူကအထွဋ့်တက်ဖို့ ပြောမို့ရှိသေးတယ်
ထယ်ယောင်းရဲ့အကြည့်စူးစူးကို မခံနိုင်စွာဖြင့်
ခေါင်းညိမ့်လိုက်ရသည်။

" အင်း...ခင်ဗျားအတွက် ကျုပ်PAက ပိုက်ဆံစီစဉ်ပေးလိုက်မယ်၊ပြောစရာမရှိဘူး၊
သွားတော့! "

" ဟုတ်ကဲ့ သွားခွင့်ပြုပါ "

ဌာနမှူးက အရိုအသေပေးကာနှုတ်ဆက်ပြီး
ထွက်သွားတော့သည်။သည်တော့မှ ထယ်ယောင်းလည်း ခပ်ကျယ်ကျယ်ပြုံးကာ

" ကိုကိုအလှလေးက မနက်ဖြန်ကစလို့ 
မောင့်အနားကိုရောက်ပြီ၊ဟားဟား....
အပိုင်သိမ်းမှဖြစ်တော့မယ် အဟွန်း! "

သူထိုသို့ဆိုလိုက်ကာ နှုတ်ခမ်းတွန့်ချိုးရုံပြုံးသည်။
သူအပြုံးတွေနူးညံ့သည်ဆိုတာထက် ကိုကိုအလှလေးက ထိရခက်တာကို ဒီမနက်မှသူသိခဲ့ပါသည်။

ညနေရောက်တော့ ကူးမှာဂယူ့ရဲ့ညဆိုင်းကြောင့်
အိမ်ကိုတစ်ယောက်ထည်း ပြန်လာခဲ့ရသည်။
ဂယူကတော့ အစ်ကိုဂျယ်ဟွန်းနဲ့အတူနေခဲ့ရပြီး
အစ်မယွန်းဟယ်နဲ့ အစ်ကိုဂျွန်ဆော့၊အစ်မယူရီက
အိမ်ပြန်ရတာဖြစ်သည်။

သည်ပုံအတိုင်းဆို နောက်ပိုင်းအလုပ်များမှာ။
ညတိုင်းရော ဂယူနဲ့Night Outထွက်ဖို့တောင်
အဆင်မပြေဖြစ်တော့မည်လေ။သူ့အတွေးတွေ
ရပ်လို့ လမ်းထိပ်က၂၄နာရီဆိုင်ထဲက လိုအပ်တာလေးတွေကို ဝယ်လာခဲ့သည်။

" ဟူး!လိုအပ်တာလေးလည်း ဝယ်ပြီးပြီဆိုတော့
အိမ်ပြန်ရမယ်၊နောက်နေ့ကြ ဂယူ့အတွက်
တစ်ခုခုဝယ်ပေးရဦးမယ် "

လိုအပ်တာတွေစုံသလားစစ်ရင်း ချစ်သူအတွက်
လိုအပ်တာတွေကိုပါတွေးနေမိသည်။သူနဲ့ဂယူက
ချစ်သူတွေစဖြစ်ထည်းက တစ်ယောက်နဲ့တစ်
ယောက်က ကိုယ့်အကြိုက်၊သူ့အကြိုက်တွေကို
ရွေးချယ်ထားစရာမလိုဘဲ လိုအပ်ရင်တောင် အတူတူဝယ်ရတာဖြစ်သည်။

အစကNight Outထွက်ရင်အတူဝယ်ဖို့ စဉ်းစားလိုက်ပေမဲ့ အခုတော့ဂယူကညဆိုင်း
ဆိုတာချည်းကြောင့်ပျက်သွားခဲ့သည်။ဂယူက
သူဘာမှမဖြစ်ဘူးဆိုတာပြောလို့ သူလည်း
အားနာနေတာတောင် ပြန်လာခဲ့ရသည်။
အတွေးတွေကအိမ်နားကိုရောက်ရော
တစ်ခါမှမမြင်ဖူးသည့် ကားအနက်ရောင်က
အိမ်ရှေ့တွင်ရောက်နေ၏။

သူလည်းတစ်ခြားအိမ်ကကားထင်ကာ
အိမ်ထဲဝင်ဖို့ရှိသေး ကားတံခါးက သူ့ကအိမ်ရှေ့ရောက်ရောပွင့်လာကာ ခပ်မြင့်မြင့်လူတစ်ယောက်ထွက်လာခဲ့သည်။

" ဟေ့! ကျွန်တော့်ကိုမှတ်မိလား "

သူအိမ်ထဲဝင်ဖို့တံခါးဖွင့်ဖို့လုပ်နေစဉ် ရင်းနှီးနေတဲ့
အသံကသူ့အား ခေါ်လေသည်။သူလည်း လှည့်ကြည့်လိုက်တော့ အသံပိုင်ရှင်ဟာ
သူတို့Companyရဲ့ ဥက္ကဌဖြစ်နေ၏။

" ဘာကိစ္စလဲ "

ကိုကိုအလှလေးရဲ့အသံဟာ ခပ်ပြတ်ပြတ်။
အထုပ်တွေကိုဆွဲရင်း သူ့ကိုမကြည်သံလေးဖြင့်
စကားဆိုလေသည်။

" ဟ....ဘယ်လိုတောင် စကားပြောရတာလဲ
ကိုယ့်အလုပ်ရှင်ကို ဟူး! "

ထယ်ယောင်းပြောရင်း သူ့ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဗူးကိုထုတ်သည်။ပြီးနောက် ဆေးလိပ်
တစ်လိပ်ကိုထုတ်ပြီး မီးညှိကာမီးခြစ်ရော၊ ဆေးလိပ်ဗူးကိုပါ ဘောင်းဘီအိတ်ထဲထည့်သည်။
ပြီးနောက်ဆေးလိပ်ကို လက်ညိုးလက်ခလယ်
ကြားထဲညှပ်ကာ ဆေးလိပ်သောက်ရင်းပြော
သည်။

ကူးလေးကတော့ သဘောမကျဟန်ဖြင့်
နှာခေါင်းရှုံ့မိပါ၏။သို့ပေမဲ့လည်း မျက်နှာထားကို
တည်တင်းကာ ဖြေလိုက်သည်။

" အခုကအလုပ်ချိန်မဟုတ်တော့ဘူး၊အဲ့တော့
ငါ့ဘက်ကမင်းကိုခေါ်စရာမလိုတော့ဘူးလေ "

ကူးလေးကပြောတော့ ထယ်ယောင်းက ဆေးလိပ်သောက်ရင်းကနေ သဘောကျလို့
ပြုံးနေတော့တာ။သူပြုံးရင်း နောက်တစ်ရှိုက်
ဖွာချလိုက်ရင်းဖြင့်....

" ဟုတ်လှချည်လား ကိုကိုက "

" ဘယ်လိုခေါ်တယ်၊ထားပါ၊ကိစ္စမရှိဘူး၊ဒီကို
လာတာ ဘာကိစ္စလဲ! "

ကိုကိုအလှလေးက အထုတ်တွေကိုကိုင်ရင်း
လက်ထောက်ကာပြောသည်။သူကတော့
ကိုကိုအလှလေးရှေ့ကိုယ်ကိုကိုင်းချကာ
ကိုကိုအလှလေးနဲ့မျက်လုံးချင်းယှဉ်ကြည့်
လိုက်ရင်း သူသောက်နေတဲ့ဆေးလိပ်က
အခိုးငွေ့တွေကို ကိုကိုအလှလေးရဲ့မျက်နှာကို
မှုတ်ထုတ်လိုက်သည်။ပြီးနောက်...

" လွမ်းလို့လေ... "

" ဘာ...အဟွတ်...ဟွတ်! "

ထယ်ယောင်းမှုတ်ထုတ်လိုက်တဲ့ အငွေ့ကြောင့်
ကိုကိုအလှလေးဟာ ချောင်းဆိုးလေသည်။
ထယ်ယောင်းမှာတော့ သူ့ကျီစယ်လိုက်လို့
စိတ်ဆိုးနေသည့် ကိုကိုအလှလေးရဲ့ပုံစံကို
သဘောကျကာ လက်တစ်ဖက် ဆေးလိပ်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်က ကိုကိုအလှလေးရဲ့လက်ကိုဆွဲကိုင်မိသည်။
ဘာကြောင့်ဆို ကိုကိုအလှလေးက ထွက်သွားဖို့လုပ်နေတာ။

" ဟေ့!ကျီစယ်တာကို စိတ်ဆိုးရသလား၊
ခဏနေပါဦးဗျာ ရုပ်လေးကိုမြင်ချင်မိတာ "

" ဟင့်အင်း...လွှတ်စမ်းပါ၊ဖယ်စမ်းပါ! "

ကိုကိုအလှလေးကပြောလေလေ သူကလက်ကို
ပိုဆွဲထားတာဖြစ်သည်။ဘယ်ရမလဲ!
ကင်မ်ထယ်ယောင်းတဲ့!ရအောင်ကို ဆွဲထားမှာ!

" မဖယ်နိုင်ပါဘူးဗျာ၊ဒီတိုင်စကားပြောဖို့ကို
ဘာလို့ထွက်ပြေးချင်ရတာလဲ "

" ဟင့်အင်း...လွှတ်စမ်း! ငါ့မှာ ချစ်သူရှိတယ်!
တစ်ခြားသူမြင်ရင် မကောင်းဘူး "

ကိုကိုအလှလေးက သူလက်ကိုင်တာကို ငြင်းသည်။သူကတော့ ကိုကိုအလှလေးရဲ့
စကားကြောင့်ရယ်လိုက်ကာ လက်ဆွဲထားတာ
ပိုတင်းမာသွားသည်။

" ချစ်သူရှိတာကရှိတာလေ၊လက်ထပ်ထားတဲ့
သူတွေမှမဟုတ်တာ ဟားဟား... "

ထယ်ယောင်းကလက်တစ်ဖက်ကဆွဲထားကာ
ကျန်တစ်ဖက်က ဆေးလိပ်သောက်ရင်း ပြောသည်။ကူးကတော့ သဘောမကျဟန်ဖြင့်
ရုန်းသည်။သူရုန်းတာက အရာမထင်ခဲ့ပါ။
ထယ်ယောင်းကသူ့ထက်အရပ်မြင့်သလို
လက်ရှည်သွယ်သွယ်က သူ့လက်ကိုမြုပ်နေ
အောင်ဆွဲကိုင်ထားတာ။

" ဟင့်အင်း...လွှတ်တော့၊အိမ်ထဲမှာအမေရှိတယ်၊
သိသွားရင်မကောင်းဘူးလို့၊လွှတ်နော်!!!
တောက်စ်! "

နောက်ဆုံးတော့ ကိုကိုအလှလေးဟာ ဒေါသထွက်လာလို့ သူ့ကိုတောက်စ်ခေါက်
သေးသည်လေ။

" ဟော...စိတ်ဆိုးတာချစ်စရာဗျာ၊စတာပါ၊
အထဲဝင်တော့နော်၊မနက်ဖြန်ကြ တွေ့မယ် "

ဟုဆိုကာ ကျန်တဲ့ဆေးလိပ်ကိုသောက်ပြပြီး
ဖိနပ်ဖြင့်နင်းချေလို့ ပြုံးပြုံးကြီးပြောသည်။
ကိုကိုအလှလေးကတော့ သူ့ကိုမကြည်ကြည့်၍
မျက်စောင်းထိုးကာ အိမ်ထဲသို့ဝင်သွားသည်။
သူကတော့ခပ်ဟဟရယ်ရင်း ကားထဲဝင်လို့
ကားစက်နှိုးကာ ခုနကကိုကိုအလှလေးရဲ့
ပုံစံကိုကြည့်လို့ ပြုံးလိုက်သေးသည်။

" မောင်ကလည်း ချစ်သူရှိတာကိုသိရဲ့နဲ့
အပိုင်သိမ်းမှာပါ ကိုကိုအလှလေးရယ် "

သူထိုသို့ဆိုကာ ကားကိုအရှိန်တင်လို့
သီချင်းညည်းရင်း ထွက်လာခဲ့တော့သည်။

သည်လိုပါပဲ။ထယ်ယောင်းရဲ့အဘိဓာန်မှာ
လက်လျှော့တယ်ဆိုတာ မရှိတာမို့သူက
ကိုကိုအလှလေးကို ရအောင်သိမ်းမှာ!

To be continued ~

အလှလေးကိုထပ်ဖတ်ချင်တယ်ဆိုလို့ တင်ပေးလိုက်ပါတယ်ဗျ။နောက်နေ့ကြ
စွာတေးလေးတို့သွားတာပေါ့...

> >

Comment