33

#unicode

ထယ်ယောင်းလက်လည်းသက်သာသွားပြီးနောက်
ကူးလေးလည်း အတော့်ကိုပိုပြီးအလိုလိုက်ခံနေရ
သည်။စားချင်တာတွေကိုလည်း ဝယ်ကျွေး၏။
အိမ်တော်ကလူကြီးတွေဆိုလည်း တစ်ခုပြီးတစ်ခု
ဝယ်ဝယ်ကျွေးပြီးဖြစ်သည်။မေမေလည်းအိမ်ကို
ရောက်နေတော့ ကူးအတွက်အဆင်ပြေသည်။
ထို့အတူ ထယ်ယောင်းရဲ့သူငယ်ချင်းတွေကလည်း
လာရောက်ပြီး မျိုးစုံကိုဝယ်ပြီးလာကျွေး၏။

ဂယူဆိုသည်လည်း ဂျီမင်နဲ့အတူတစ်ခါတစ်လေ
မုန့်တို့ထည့်ပေးသည်။ဂယူ့ကိုအားနာပေမဲ့လည်း
ဂယူ့က ကူးကိုအခုထိစိတ်ရှိသေးတာဖြစ်သည်။
ကူးကတော့အိမ်ထောင်သည်ဖြစ်နေလို့ ဂယူနဲ့
မပတ်သက်ဖြစ်တော့ဘူး။ကင်မ်ထယ်ယောင်း
တွေ့ရင်အားနာစရာမဟုတ်လား။

ကူးလေးဗိုက်ထဲရှိမျိုးစေ့လေးက တဖြည်းဖြည်း
ကြီးထွားလာပြီဖြစ်သည်။ဗိုက်ပူလေးကပိုလို့
စူထွက်လာနေတော့ ထယ်ယောင်းကညတိုင်း
စကားပြောလာပေးသည်။ညဆိုလည်း ခြေထောက်တွေယောင်လို့အမြဲထယ်ယောင်းကရေးဆေးပေးရသေးသည်။အခုတလောထယ်ယောင်းကပင် ကူးလေးကိုအနီးကပ်ကြည့်ပေးနေရတာဖြစ်သည်။ပါးပါးလေးတော်တော့်ကိုပင်ပန်းလာရပြီ။

အခုဆိုကူးလေးက၆လထဲရောက်နေပြီမို့ မျိုးစေ့လေးရဲ့လှုပ်ရှားမှုကိုစိတ်ပူနေမိသေးသည်။သို့ပေမဲ့မျိုးစေ့လေးက သေးသေးလေးတောင်မလှုပ်ပြသေးပါ။

" မောင်အလုပ်သွားတော့မယ်၊လိုတာရှိရင်လည်း
မောင်ကအစည်းဝေးခန်းထဲဝင်နေရင်တောင်
ဖုန်းဆက်လိုက်၊မဟုတ်လည်း အိမ်ကလူတွေကို
လိုတာရှိရင်ပြောလိုက်ပါ... "

မနက်ခင်းထယ်ယောင်းအလုပ်သွားမှာဖြစ်လို့
အသေးစိတ်မှာပေးနေရသည်။အရင်လိုတော့
ကူးလေးကအောက်ထပ်ကို သိပ်မဆင်းနိုင်ပါ။
အခန်းကအကျယ်ကြီးမို့ လမ်းလျှောက်ရင်း
ဝံရန်တာမှာလည်း ထိုင်နေတက်သည်။

" အင်း...ညနေကြကလေးလေးရဲ့စစ်ဆေးချက်
ထပ်လုပ်ရဦးမယ်နော်၊အဲ့ကြမေးရမယ်၊မျိုးစေ့လေးလှုပ်ရှားမှု တအားနည်းတာပဲ၊မင်းရောငါရော
ဒီလောက်ဂရုစိုက်တာကို မျိုးစေ့လေးက..ဟင့်.. "

ကူးလေးကပြောရင်း မျက်ရည်ကျလာတာကြောင့်
ထယ်ယောင်း နက်ကတိုင်ဝတ်ရင်းတန်းလန်းသွား
ချော့ရသေးသည်။ပါးပါးလေးက အခုနောက်ပိုင်း
အငိုသန်လာသလို ဒေါသထွက်လည်းလွယ်လွယ်
ဖြစ်လာလေသည်။

" မဟုတ်တာ အသက်ကလည်းဘာတွေလျှောက်
တွေးနေတာလဲ၊မျိုးစေ့လေးက အသက်ဗိုက်ထဲ
ကောင်းကောင်းကြီးထွားနေတာလေ၊ဒီဗိုက်ပူပူက
မျိုးစေ့လေးလေ၊အထဲမှာရှိနေတာပါ "

ထယ်ယောင်းက ကူးလေးရဲ့ဗိုက်ပူလေးကိုပွတ်သပ်ပြကာချော့တော့ ကူးလေးဆက်မငိုတော့ဘူး။
မျိုးစေ့လေေးရှိပြီး မကြီးထွားလာတာကိုတော့
မထင်ပါ။ဗိုက်အသိအသာပူလာတာက မျိုးစေ့လေးထွားလာလို့ဆိုလို့သာ ငြိမ်ကြသွားတာ
ဖြစ်၏။

" အင်း...မျိုးစေ့လေးဘာမှမဖြစ်ရင်ပြီးရော... "

ကူးလေးက ကလေးလေးကိုတအားချစ်သည်။
တစ်ခါမှကိုအထိခိုက်မခံတော့ဘူး။အစားစာဆို
မတည့်လည်းရအောင်စားသည်။တည့်လည်း
များများစားပေးပြီးကို ဂရုစိုက်တာဖြစ်သည်။

မျိုးစေ့လေးက ၅လကျော်သွားပြီးနောက်ပိုင်းတော့
ကျန်းမာရေးသွားစစ်တာတောင် ပါးပါးရဲ့ဗိုက်ထဲ
ကောင်းမွန်စွာကြီးထွားနေပေမဲ့လည်း လှုပ်ရှားမှု
သေးသေးလေးတောင်ထွက်လာခြင်းမရှိပါလေ။
ဒါကြောင့်စိုးရိမ်ကာ ပါးပါးကူးလေးကပြောခြင်း
ဖြစ်သည်။

" ဟုတ်ပြီ၊မောင်တို့ကလေးလေး ဘာမှမဖြစ်ဘူး၊
အသက်...မောင်သွားတော့မယ် ချစ်တယ်၊
မောင်နဲ့ဧည့်ခန်းဘက်ကိုလိုက်ခဲ့မလား "

ထယ်ယောင်းက ကူးလေးရဲ့လက်ကိုနမ်းပြီး
သေချာကိုင်ပေးပြီး လှေကားနာအထိလမ်း
လျှောက်တာတွေကအစသေချာခေါ်သွား၏။

အောက်ထပ်ရောက်တော့ မိဘတွေကလည်းအပြင်
ထွက်သွားသော်ငြားလည်း အိမ်တော်ထိန်းနဲ့အိမ်အကူတွေအများကြီးရှိတာမို့ စိတ်ချထားခဲ့သည်။
ကူးလေးကတော့ ဧည့်ခန်းထဲစတော်ဘယ်ရီဖျော်
ရည်သောက်ရင်း ထလမ်းလျှောက်နေသည်။

ထယ်ယောင်းလည်းအိမ်မှာမရှိ၊ထယ်ယောင်းမိဘ
တွေလည်မရှိပေ။ဂျယ်ဂျူဒိုဘက် ကိစ္စလေးရှိလို့
သွားကြတာမို့ အိမ်မှာမရှိကြဘူး။အဖိုးဆိုလည်း
သူငယ်ချင်းတွေနဲ့ ဂေါက်ရိုက်သွားတာမို့ အိမ်တော်မှာကူးနဲ့အိမ်တော်ထိန်းအတူအိမ်အကူတွေသာရှိ
ကြသည်လေ။

" အိမ်မှာဘယ်သူ့မှမရှိဘူးလား၊မောလိုက်တာ၊ပူ
လိုက်တာဟယ်၊အအေးလည်းအေးအေးလေး
တစ်ခွက်ဖျော်လာခဲ့ကြစမ်းပါ! "

ကူးလေးဧည့်ခန်းထဲလမ်းလျှောက်နေရင်း အပြင်ကပြန်ရောက်လာသည့်ဒေါ်လေးက မောဟိုက်နေ
သဖြင့် အအေးဖျော်ပေးရန်ပြောသည်။အိမ်အကူ
တစ်ချို့ကမအားတာမို့ အပြင်မထွက်လာနိုင်ဘူး။

ကူးကဘဲ အလိုက်တသိဖြင့်ဒေါ်လေးစိတ်အေးအောင်သံပရာရည်ဖျော်ပေးဖို့ မီးဖိုးခန်းဘက်ကိုလာ၏။လူကြီးသောက်မှာဆိုတော့ ရေခဲတုံးလေး
နည်းနည်းလေးထည့်ပြီး အရသာအသင့်အတင့်ဖြစ်အောင်ဖျော်လာပေးကာ ခွက်လေးကိုဗန်းထဲ
သေချာထည့်လာပေးရင်း ဒေါ်လေးထိုင်နေသည့်
အရှေ့ကစားပွဲပေါ်ချပေးတော့ ဒေါ်လေးက
မျက်လုံးပင့်ကာကြည့်လာသည်။

" မင်းကဘာလို့ဒီလိုလုပ်ရတာလဲ၊အိမ်မှာအကူတွေ
ဘယ်ရောက်နေကြတာလဲ၊တစ်ယောက်မှတောင်
မရှိကြဘူးလား... "

ဒေါ်လေးက ကူးလေးကိုမကြည်ပေမဲ့လည်း စိတ်ပူ
နေသည့်မျက်နှာထားဖြင့် ကူးလေးကိုဂရုစိုက်၏။
ကူးလေးပြုံးရင်း ဗိုက်ပူလေးကိုထိကိုင်ကာ
ဆိုဖာပေါ်ဖြည်းညှင်းစွာထိုင်လိုက်သည်။

" အားလုံးအလုပ်ကိုယ်စီနဲ့မအားကြဘူး ဒေါ်လေး၊
ကူးက ဒေါ်လေးမောနေတယ်ဆိုလို့မြန်မြန်လေး
အဆင်ပြေအောင် အအေးလုပ်လာပေးတာပါ၊
စိတ်မရှိပါနဲ့၊ကူးက--- "

" မလိုအပ်ဘူး၊မင်းဖျော်ပေးတာကိုငါက လုံးဝမသောက်နိုင်ဘူး၊မင်းဒီလိုတွေလုပ်ပေးလည်း
မင်းကိုလည်းမကြည်ဖြူသလို၊မင်းဗိုက်ထဲကကလေးကိုလည်း ငါကမကြည်ဖြူနိုင်ဘူး
ဆိုတာသိထားလိုက် "

ဒေါ်လေးက ကူးလေးကိုခပ်စူးစူးကြည့်ရင်း ဆိုဖာပေါ်ခြေချိတ်ထိုင်ကာ ဖုန်းပြန်ကြည့်နေသည်။
ကူးကတော့ ဗိုက်ထဲကမျိုးစေ့လေးမကြားအောင်
လက်ဖြင့်သာပိုဖိကပ်ထားတော့သည်။

စိတ်ထဲဝမ်းနည်းစိတ်လေးတိုးသွားပေမဲ့ ကူးကို
ဘယ်လောက်ပဲမကြည်ဖြူနေပါစေ မျိုးစေ့လေးကိုတော့ ကြည်ဖြူရမည်။မဟုတ်ရင်ကလေးလေး
မျက်နှာငယ်နေမည်ဆိုတာကို ကူးမလိုလားပါ။

" ဟုတ်ကဲ့၊ကူးသိပါတယ်ဗျ၊ဒါပေမဲ့လေ ဒေါ်လေး
မောလာတယ်မလား၊အအေးလေးတော့သောက်
လိုက်ပါနော်၊တော်ကြာ ရေခဲတွေပျော်နေမယ် "

ခွမ်း!

ကူးလေးကမ်းပေးသည့် သံပရာရည်ကိုလက်ဖြင့်
ရိုက်ချလိုက်တော့ ကြွေပြားပေါ်ဖန်ကွဲစတွေဟာ
အစိတ်စိတ်အမွှာမွှာရှိကုန်ကြသည်။ကူးလေး
လန့်ပြီးမျိုးစေ့လေးရှိရာရပ်ဝန်းကို ဖိကပ်လိုက်ပြီး
ငြိမ်နေလိုက်သည်။

" ငါကမလိုအပ်ဘူးလို့ပြောနေတယ်လေ၊
မင်းကြောင့် လီယမ်လေးနိုင်ငံခြားပြန်ပို့ခံရတယ်၊
ဒါတင်မကသေးဘူး၊ငါနဲ့ငါ့တူလေးပါ အရင်လို
ခေါ်ခေါ်ပြောပြောမရှိကြတော့ဘူး၊စိတ်တိုတယ်!!
အိမ်တော်ထိန်း!!!အိမ်တော်ထိန်း!!! "

ဒေါ်လေးက ကူးလေးကိုလက်ညိုးငေါက်ငေါက်
ထိုးကာပြောသည်။ပြီးမှအိမ်တော်ထိန်းကိုမကြား
မချင်းအသံကျယ်စူးစူးအော်လိုက်ပြီး ကူးလေးကို
လည်းအော်နေသေးသည်။

" မင်းကိုပြောပြလိုက်ဦးမယ်၊အခုမင်းဗိုက်က ကြီးသာကြီးလာတာ ကလေးကရောအသက်ရှိရဲ့လား၊
ဘာမှလှုပ်ရှားမှုမရှိရင် ဘယ်လောက်ပဲအာဟာရ
ရှိအောင်နေနေ ကလေးကသေများသွားသလား "

" ဟင့်အင်း....မဟုတ်ပါဘူး၊ကူးရဲ့မျိုးစေ့လေးက
ဗိုက်ထဲရှိနေပါသေးတယ်... "

ဒေါ်လေးရဲ့စကားကြောင့် ကူးလေးကလန့်သွားပြီး
ခေါင်းအသွင်သွင်ခါရမ်းရင်း ငြင်းလေသည်။
မဟုတ်တာ။ကူးတို့မျိုးစေ့လေးကဗိုက်ထဲအေး
ဆေးကောင်းကောင်းမွန်မွန်ကြီးထွားနေတာ။

" ဟက်..သေချာစစ်ကြည့်ကြပါဦး၊အိမ်တော်ထိန်း!
အမြန်လာစမ်းပါ!ကျွန်မဖြင့် မမြင်ချင်တော့ဘူး "

ဒေါ်လေးကကူးလေးစိတ်ထဲ မကောင်းသည့်အတွေးတွေရိုက်ထည့်ရင်း အိမ်တော်ထိန်းကို
အော်ခေါ်တော့သည်။ကူးလေးကတော့ဗိုက်ပူ
လေးကိုကပ်ထားရင်း ဝမ်းနည်းနေမိသည်။

" ဟုတ်ကဲ့ ကျွန်တော်လာပါပြီ၊ဘာများဖြစ်တာလဲ၊
အဆင်ပြေရဲ့လား သခင်လေးကူး... "

အိမ်တော်ထိန်းက ခြံထဲကနေအပြေးအိမ်ထဲသို့
ဝင်လာပြီး ဒေါ်လေးခေါ်နေရာထက်ဖန်ကွဲစတွေ
မြင်ကာအံ့ဩနေပြီး ငိုင်နေသည့်ကူးလေးကို
မေးတော့သည်။

" ငါခေါ်တာကို ဘာလို့သူ့ကိုမေးနေရတာလဲ! "

" သခင်လေးထယ်ကမှာသွားလို့ပါ၊သခင်မကြီး
သခင်လေးကူးက ကလေးလေးနဲ့မို့စိတ်ထိခိုက်
စရာတွေပြောမိသေးသလား၊သခင်လေးကူး...
ဦးလေးအပေါ်ထပ်ထိလိုက်ပို့မယ်၊ထပါ.. "

အိမ်တော်ထိန်းကြီးက ဖန်ကွဲစတွေမရှိသည့်ဘေး
ဘက်မှကူးလေးကိုခေါ်သွားတော့သည်။ဒေါ်လေး
မှာတော့ သူ့ကိုတောင်ဂရုမစိုက်သွားသည့်အိမ်
တော်ထိန်းတို့ကိုကြည့်ပြီး ဒေါသထွက်နေ၏။

" တကယ်ထည်း ဘာမှမဟုတ်တဲ့ကောင်ကိုအိမ်က
လူတွေအားလုံးက အရေးကိုပေးနေတော့တာပဲ၊
ဘာကလေးမှဖြစ်လာမှာမဟုတ်ဘူး၊ငါခရီးသွား
နေတဲ့တစ်လျှောက်အဖြစ်အပျက်တွေကလည်း
အတော့်ကိုမြန်နေရောပဲ "

ကြားထဲအဖြစ်အပျက်တွေကို ကင်မ်ယွန်းဆောင်း
ကောင်းကောင်းသိလိုက်သည်။လီယမ်လေးက
ကားနဲ့တိုက်လိုက်သည့်ကိစ္စကိုလည်း သူမအစော
ထည်းကသဘောတူခဲ့တာဖြစ်သည်။ဖြစ်ရော
သူမ၏တူလေးကဖြစ်သွားပြီး ဟိုကောင်က
ဘာမှကိုဖြစ်မသွားခဲ့တာ။

သည်ကြားထဲသားထယ်က လီယမ့်ကိုဆုံးမပြီး
မောင်ဖြစ်သူကသူ့သမက်နဲ့မြေးရဲ့ ကိစ္စကြောင့်
ပြဿနာရှာကာ လီယမ့်ကိုသူ့မိဘတွေကနိုင်ငံခြား
ပြန်ပို့လိုက်တာဖြစ်သည်။အခုတော့ လီယမ်လေး
မရှိတော့ သူမတစ်ယောက်ထည်းမလုပ်ချင်ပါ။
မကြည်တာမို့ ကလေးကိုရောအဖေရောကို
မေတ္တာမထားနိုင်ဘူး။

- - - - -

အခန်းထဲရောက်တော့ အိမ်တော်ထိန်းဦးလေးက
ကူးလေးကိုသေချာနေရာချပေးပြီး အခန်းထဲရှိ
Fridgeထဲမှာ ကူးအတွက်ဝယ်ထားသည့်အသီး
တွေကိုထုတ်ပေးသည်။

" သခင်လေးကူး စတော်ဘယ်ရီစားနှင့်ပါ၊ခဏနေ
နေ့လယ်စာစားဖို့လာပို့ပေးမယ်၊အချိန်ကလည်း
မစောတော့ဘူးဆိုတော့လေ... "

ဦးလေးကမုန့်ချပေးရင်းပြောပေမဲ့ ကူးလေးက
စိတ်နဲ့ကိုယ်မကပ်နိုင်သေးပါဘဲ မျိုးစေ့လေးရှိတဲ့
ရပ်ဝန်းလေးကိုသာ ဖိကိုင်ထားပြီးရှိုက်နေတာ။
ဒါကြောင့်မို့ အထိန်းတော်ကြီးကစိတ်မကောင်း
ဖြစ်သွားပြီး အနားကပ်လာကာစကားဆို၏။

" အများကြီးမတွေးနေပါနဲ့ သခင်လေးကူး၊
သခင်မကြီးက အပြောဆိုးပေမဲ့သဘောထားက
ကောင်းပါတယ်၊မကြည်ဖြူသေးတာရော၊အနေ
မနီးသေးတော့ သူမစိတ်ထဲတစ်မျိုးဖြစ်နေတာ "

" ဟုတ်ကဲ့၊ခဏနေကြကူးလိုရင် ခေါ်ပါ့မယ်၊
အခုတော့ မျိုးစေ့လေးနဲ့အတူနေချင်လို့ပါ "

ကူးလေးက စိတ်မတည်ငြိမ်ဖြစ်နေတာကြောင့်
တစ်ယောက်ထည်းနေချင်တယ်ဆိုပြီး ဦးလေးကို
အပြင်သို့သွားစေလိုက်သည်။ဦးလေးကြီးလည်း
သခင်လေးကူး ဘာဖြစ်နေလဲဆိုတာကိုနားလည်လို့
ထွက်သွားပေးလိုက်သည်။

ကူးလေးဆက်တွေးနေမိသည်။မျိုးစေ့လေးက
အသက်ရှင်နေတာ။ပါးပါးဗိုက်ထဲရှိနေမှာ။
ဒေါ်လေးကမကြည်ဖြူတာကို နားလည်ပေမဲ့
မျိုးစေ့လေးကိုတော့ မပြောသင့်ပါ။ကူးစိတ်တိုလို့
ပြောလိုက်ချင်ပေမဲ့ နားလည်စရှိလာမည့်မျိုးစေ့
လေးကြောင့် မပြောခဲ့တာလည်းဖြစ်သည်။

" ပါးပါးရဲ့မျိုးစေ့လေး လန့်သွားမှာပဲနော်၊
ပါးပါးလည်းတောင်းပန်ပါတယ်၊မျိုးစေ့လေးက
ရှိနေတယ်မလားဟင်.... "

မျိုးစေ့လေးရှိရာရပ်ဝန်းကိုထိတွေ့ရင်း အသံသေး
လေးဖြင့်ပြောနေတော့သည်။ကူးလေးကစိတ်ပူနေ
တာ။အရင်လတွေတုန်းကလည်း ကားကိစ္စကြောင့်
ကူးကဘာမှမဖြစ်သွားပေမဲ့ ကင်မ်ထယ်ယောင်း
သာဖြစ်သွားခဲ့သည်။အဲ့ထည်းကများလား။
မဖြစ်နိုင်ပါဘူး။

ကူးလေးထရပ်လိုက်ရင်း အခန်းထဲမှာခေါက်တုံ့
ခေါက်ပြန်လမ်းလျှောက်နေခဲ့သည်။မျိုးစေ့လေး
ရှိရာဗိုက်ပူလေးကိုပွတ်ရင်း သီချင်းသံလေးကို
ညည်းနေမိကာ သတိရလို့စကားဆိုသေးသည်။

" ပါးပါးရဲ့ မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးရေ
ဗိုက်ထဲမှာကျန်းကျန်းမာမာရှိနေရင် ပါးပါးကို
လှုပ်ရှားပြပါဦး... "

ကူးလေးကပြုံးလိုက်ရင်း မျိုးစေ့လေးရှိရာရပ်ဝန်း
လေးကိုထိလိုက်ပြီး လမ်းလျှောက်နေရင်းဖြင့်
မျိုးစေ့လေးအတွက် သီချင်းလေးဆိုပြနေသည်။
မမွေးခင်ထည်းက ဆိုပြပေမဲ့လည်းအခုတော့
ပိုဆိုပြလိုက်ပါသည်။

" Twinkle twinkle little star

How I wonder what you are.

Up above the world so high. "

ကူးလေးအပေါ်ပိုင်းလေးကို ကူးအသံအေးအေး
လေးဖြင့်ဆိုပြပေးရင်း မျိုးစေ့လေးရှိရာရပ်ဝန်းကို
ဖြည်းဖြည်းချင်းပွတ်ပေးနေသည်။

" Like a diamond in the sky.

Twinkle twinkle little star.

How I wonder what ... you...are အာ့! "

ကူးလမ်းလျှောက်နေရင်း ခြေလှမ်းတွေရပ်တန့်
မိသွားသည်။မျိုးစေ့လေးရဲ့ရပ်ဝန်းလေးကလှုပ်ရှားသွားတာကြောင့် ကူးလေးရပ်သွားပြီး
ရပ်ဝန်းပိုထိမိလိုက်သည်။

" မျိုးစေ့လေး...မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေး၊
ပါးပါးကိုထပ်ပြီး ပြပါဦး...Twinkle twinkle little star..အာ့!အင့်ဟင့်...ပါးပါးကလေးလေး "

ကူးလေးကရပ်ဝန်းလေးနားပိုထိလိုက်လေဖြင့်
မျိုးစေ့လေးကအထဲကနေ ပိုလှုပ်ရှားပြသည်။
ကူးလေးပျော်ပြီးထခုန်မိမတက်ပင်ဖြစ်သည်။

" ဟုတ်တယ်၊မျိုးစေ့လေးရဲ့ဒယ်ဒီကိုပြရမယ်၊
ပါးပါးဖုန်းခေါ်ပေးမယ်၊ခဏစောင့်နော်.... "

ကူးလေးကထယ်ယောင်းကိုဖုန်းခေါ်ဖို့အတွက်
ဖုန်းလှမ်းယူလိုက်သည်။ထယ်ယောင်းဖုန်းနံပါတ်ကိုမနှိပ်ခင် ဖုန်းဖွင့်နေတာတောင်လက်တွေလည်း
တုန်လို့။ဒါလေးကတော့ပထမဆုံးမျိုးစေ့လေးရဲ့
လှုပ်ရှားမှုလေးသာဖြစ်သည်။

" ပါးပါးသီချင်းဆက်ဆိုပေးမယ်နော်၊ပါးပါးကို
မျိုးစေ့လေးကထပ်ပြပေးပါဦး.... "

ကူးလေးကဖုန်းခေါ်နေရင်း မျိုးစေ့လေးရှိသည့်
ရပ်ဝန်းကိုထိတွေ့ထားပြီး ပွတ်ပေးနေလေသည်။
ထယ်ယောင်းကိုဖုန်းခေါ်ထားရင်းပေါ့။

တစ်ဖက်ကထယ်ယောင်းမှာလည်း အရေးကြီးတဲ့
ဒီဇိုင်းခန့်ခွဲရေးကိစ္စကြောင့် ကူးအရင်ကလုပ်သည့်
ဌာနကိုလည်းအရင်အစည်းအဝေးခေါ်ပြီး လိုအပ်
တာတွေကိုရှင်းပြပေးနေရသေးသည်။

" ဒါဆိုရင်လည်း ဒီဇိုင်းနဲ့ပတ်သက်တဲ့ကိစ္စကို
အမြန်ဂရုစိုက်ထားပေးဖို့လိုအပ်ပါတယ်၊ပြီးတော့
ကုမ္ပဏီရဲ့သီးသန့်ထွက်ဆိုင်ခွဲတွေကို--- "

ထယ်ယောင်းစကားပြောနေရင်း ဖုန်းလာတာမို့
သူ့အသက်ဆိုတာကြိုသိနေတာကြောင့် ဖုန်းကိုင်
လိုက်သည်နှင့် အသံချိုလေးကငိုပြီးစကားဆို၏။

' ကင်မ်ထယ်ယောင်း!ဟင့်...အီးဟီး...ဟင့်...အင့်
မင်းအိမ်ပြန်လာပါဦး၊မျိုးစေ့လေး..အင့်..ဟင့်..
မျိုးစေ့လေးက... '

" မောင်ပြန်လာနေပြီ၊ခဏလေးစောင့်! "

ထယ်ယောင်းမှာ ကူးငိုသည့်အသံကြောင့်ရော
မျိုးစေ့လေးဆိုသည့်အသံကြောင့်ပါ ချွေးတွေပျံ
လာပြီဖြစ်သည်။ကူးလေးအသံကပျော်လွန်းလို့
ငိုသံလေးတွေရောယှက်နေတာဖြစ်သည်။

ထယ်ယောင်းက အထင်လွဲမှားသွားသည်မို့ကူးအသံသေးလေးကြားထည်းက အခန်းပြင်တောင်
ရောက်သွားပြီဖြစ်သည်။ဖုန်းချလိုက်ပြီးကားဆီသို့
အပြေးသွားကာ ပြိုင်ကားကိုထုတ်မောင်းသွားပြီး
အိမ်သို့ပြန်သွားသည်။မနက်ကတော့ သူ့ဘာသာ
လာတာမို့ သူ့စီးနေကြကားကိုစီးသွားသည်။

" ဆရာကတော့မပြောမဆိုနဲ့ထွက်သွားပြန်ပြီ၊
အစည်းအဝေးကို မနက်ဖြန်ကျမဆက်တော့ပါဘူး၊
ဆရာမှာသွားတဲ့အတိုင်းပဲ သေချာစီစဥ်ကြပါဗျ၊
လိုအပ်တာဆို ကျွန်တော့်ကိုလာပြောပါ "

ယောင်းဝူက ကျန်ရှိနေသေးသည့်သူတွေအတွက်
အစည်းဝေးသိမ်းလိုက်ပေမဲ့ မင်ဂယူ့မှာတော့
ထယ်ယောင်းထွက်သွားပြီးထည်းက ကူးလေးရဲ့အခြေအနေကိုနားထောင်ချင်နေတာဖြစ်သည်။
ဘာများဖြစ်သွားတာလဲ။

- - - - -

ထယ်ယောင်းရုံးမှာထည်းက အပြေးထွက်လာပြီးဟိုဆော့ကိုဖုန်းခေါ်ခဲ့၏။အိမ်တော်ကိုရောက်တော့ ကားကိုဖြစ်သလိုရပ်ထားလိုက်ပြီး အိမ်ထဲအပြေးဝင်လာခဲ့သည်။ဒေါ်လေးကတော့ အပြေးဝင်လာ
သည့်ထယ်ယောင်းကိုတွေ့တော့ မေးလိုက်သည်။

" သားထယ် အစောကြီး--- "

အဒေါ်မေးတာကိုတောင်ဂရမစိုက်ပါဘဲ အပေါ်ကို
ပြေးတက်သွားတာမို့ မျက်မှောင်ကြုံ့လိုက်သည်။
ကြည့်ရတာ ဟိုကောင်လေးကသူမလုပ်တယ်ဆိုပြီး
တိုင်လိုက်ပြီပဲထင်သည်။မူယာမာယာများပါ့။

အခန်းရှေ့ရောက်တော့ တံခါးခေါက်တော့ဘဲ
ကူးလေးငိုနေမည်ထင်ပြီး မျက်ရည်တွေလည်း
ကျလို့ တအားစိတ်ပူနေတာဖြစ်သည်။
အခန်းထဲမှာသူ့အသက်ကူကယ်ရာမဲ့နေပြီး
ငိုပြီးများရှိနေမလားဆိုသည့်အသိကတော့
ထယ်ယောင်းရဲ့ရင်ကိုနာကျင်စေသည်အထိ။

ထယ်ယောင်းအားတင်းကာ အခန်းတံခါးဆွဲဖွင့်ပြီး
ကူးလေးကိုကြည့်လိုက်သည်။ထယ်ယောင်းက
တံခါးဖွင့်လိုက်သည်နှင့် ကူးကပြေးဖက်လာ၏။
သူလည်းအသက်ကိုတင်းကျပ်အောင်ဖက်ထားလိုက်ပြီးငိုချတော့သည်။

" မောင့်အသက်ပြောပါဦး၊မောင်..မောင်တို့မျိုးစေ့လေးကဘာဖြစ်တာလဲ၊ဘယ်သူ..ဘယ်သူက..
လုပ်တာလဲ၊ဘာဖြစ်တာလဲ.... "

ထယ်ယောင်းက ကူးကိုဖက်ထားပြီးငိုနေပေမဲ့
ကူးလေးကတော့ ထယ်ယောင်းငိုနေတာကိုသတိ
ထားမိပြီး မဟုတ်ကြောင်းရှင်းပြဖို့ပြောရမည်။

" မငိုပါနဲ့၊ငါရောမျိုးစေ့လေးရောဘာမှမဖြစ်ဘူး၊
မင်းကဘာလို့ထင်သွားတာလဲဟင်...မငိုပါနဲ့နော်၊
မျက်ရည်တွေမထွက်နဲ့တော့လေ၊ကလေးလိုပဲ... "

ကူးလေးကချော့လေ ထယ်ယောင်းကမျက်ရည်တွေကျလာသည်မို့ ကူးလေးကထယ်ယောင်းရဲ့
ပါးပြင်ပေါ်ကမျက်ရည်စတွေကို ခပ်ဖွဖွလေး
သုတ်ပေးပါသေးသည်။

" မောင်...မောင်ကမင်းတစ်ခုခုဖြစ်သွားတယ်ထင်
တာ၊ပြီးတော့ မျိုးစေ့လေးရောပဲ၊မနက်ကတောင်
အသက်က စိတ်ပူနေတယ်ပြောတော့မောင်လည်း
လန့်သွားတာ... "

ကူးလေးကထယ်​ယောင်းရဲ့ မျက်ရည်တွေကို
သုတ်ပေးလိုက်ပြီးပြုံးကာ ကူးကရှပ်အင်္ကျီလေးကို
လှန်လိုက်ပြီး ထယ်ယောင်းရဲ့လက်ဖဝါးကိုကိုင်ကာ
တင်ပေးလိုက်သည်။

" ပါးပါးရဲ့မှိတ်​တုတ်​မှိတ်​တုတ်ကြယ်ကလေးရေ
ဒယ်ဒီ့ကိုမျိုးစေ့လေးရှိနေကြောင်းပြလိုက်ပါဦး၊
ဒယ်ဒီငိုနေလို့ ကလေးကချော့လိုက်ပါနော်... "

ကူးလေးကပြောတော့ ထယ်ယောင်းထိထားတဲ့
ရပ်ဝန်းထဲကမျိုးစေ့လေးဟာ စကားလေးတွေကို
နားလည်လာဟန်ဖြင့် လှုပ်ရှားမှုသေးသေးလေး
ပြလာတာမို့ ထယ်ယောင်းတောင်ပြုံးသွား၏။

" ပါးပါးသီချင်းဆိုပြရမလား၊Twinkle twinkle
little star. How I wonder what you are.
Up above the world so high. Like a diamond in the sky.အာ့!ချစ်စရာလေး၊
မျိုးစေ့လေးကငါသီချင်းဆိုဖို့စောင့်နေတာပဲ "

ကူးလေးကငိုရင်းပြောပြီး ထယ်ယောင်းလည်း
မျိုးစေ့လေးရဲ့လှုပ်ရှားမှုကို ပျော်လွန်းနေတာမို့
အသံလေးပေးမိသည်။

" မျိုးစေ့လေး...ဒယ်ဒီပါ၊ဒယ်ဒီကအရင်နေ့တွေ
စကားပြောပေးတာတောင် မျိုးစေ့လေးကဘာမှ
လှုပ်ရှားမပြဘူး၊ဒယ်ဒီ့ထက်ပါးပါးကို စောင့်နေတာ
လား ဒယ်ဒီ့မျိုးစေ့လေး... "

ထယ်ယောင်းကစကားပြောလေ ခြေရာလေးတွေ
မြင်သာအောင်ပိုတိုးပြနေသည်။ကူးလေးမှာတော့
မျိုးစေ့လေး လှုပ်ရှားပြနေသည်ကိုကြည့်ပြီး
ချွေးစေးတွေထွက်ပေမဲ့လည်း ကလေးလေးက
အခုမှပျော်နေတော့ နာကျင်မှုကိုသည်းခံထား၏။

" မောင့်အသက်...နာနေတယ်မလား... "

" ထားလိုက်ပါ၊မျိုးစေ့လေးပျော်နေပါစေ၊ငါနာတာ
အဲ့လောက်ထိတော့မဟုတ်ပါဘူး၊မျိုးစေ့လေးက
ဗိုက်ထဲကျန်းကျန်းမာမာရှိနေရင်ငါပျော်တယ် "

ကူးလေးရပ်ဝန်းလေးထဲ လှုပ်ရှားနေသည့်မျိုးစေ့
လေးကိုငုံ့ကြည့်လိုက်ရင်းဖြေသည်။ထယ်ယောင်း
လည်း နာကျင်မှုကိုသူမခံစားရပေမဲ့သူအသက်က
ပိုနာနေမည်ဆိုးတာကြောင့် သူမကြည့်ရက်လို့မို့
ဗိုက်ပူလေးကိုနမ်းလိုက်သည်။

" မွ!ဒယ်ဒီ့မျိုးစေ့လေးရေ ပါးပါးနာနေပြီလေကွာ၊
မင်းရှိတာကို ဒယ်ဒီနဲ့ပါးပါးသိသွားပါပြီဗျာ၊
ချစ်တယ်...အိပ်တော့၊ဒယ်ဒီတို့ ညကြတော့မှ
စကားထပ်ပြောကြတာပေါ့ဗျာ "

ထယ်ယောင်းကဗိုက်လေးကိုပွတ်ပေးပြီးပြောတော့
အထဲကလှုပ်ရှားနေသည့် မျိုးစေ့လေးကငြိမ်ကြ
သွားပြီဖြစ်သည်။ထို့နောက်ကူးလေးလည်းဆိုဖာ
ပေါ်ထိုင်လိုက်တော့ ထယ်ယောင်းကကူးလေးရှေ့
ထိုင်ချတော့သည်။

" မောင့်အသက်...မောင်မင်းတို့ကိုစိတ်ပူသွားတာ၊
တော်ပါသေးရဲ့၊မောင့်အသက်ကဘာမှမဖြစ်လို့ "

ကူးလေးရဲ့ပေါင်ပေါ်ခေါင်းတင်ပြီး လက်ဖြူလေး
ကိုဆွဲယူနမ်းကာ မျက်ရည်တွေထပ်ကျရင်းငိုနေ
တော့သည်။ကူးလေးကတော့ ထယ်ယောင်းရဲ့
ရွှေအိုရောင်ဆံပင်တွေကိုပွတ်ပေးလိုက်ရင်းဖြင့်
ထယ်ယောင်းရဲ့မျက်နှာလေးကို ဆွဲမော့စေပြီး
မျက်ရည်တွေကိုနူးညံ့စွာသုတ်ပေးသည်။

" ငါနဲ့မျိုးစေ့လေးက ဘာမှမဖြစ်ဘူး၊ငါလည်း
မျိုးစေ့လေးကို ကာကွယ်နိုင်ပါတယ်၊ဟော...
ကလေးတစ်ယောက်လို ငိုမနေပါနဲ့တော့လို့ "

" မောင်ကြောက်သွားလို့ပါကွာ၊တောင်းပန်ပါတယ်၊
မျိုးစေ့လေးလှုပ်ရှားလာလို့ ပျော်နေရမှာကိုငိုနေ
သေးတယ်... "

ထယ်ယောင်းရဲ့မျက်ရည်တွေကို ကူးလေးကသုတ်
ပေးလိုက်တော့ ထယ်ယောင်းမငိုတော့ဘဲကူးရဲ့
ပေါင်ပေါ်ခေါင်းတင်လိုက်ပြီးငြိမ်နေတော့သည်။

ကူးလေးကတော့ခေါင်းလေးပွတ်ပေးရင်းဖြင့်
ငြိမ်ငြိမ်လေးပြုံးကြည့်နေမိသည်။ရင်ထဲကနေ
ကင်မ်ထယ်ယောင်းကိုအချိန်တိုင်းတမ်းတမိပေမဲ့
အရင်ကလိုကူးမမုန်းတော့ဘူး။ဒါပေမဲ့ချစ်ဖို့ရော
မဖြစ်နိုင်သေးတာကြောင့် လက်မခံနိုင်သေးတာ
ဖြစ်မည်။

- - - - -

ညနေရောက်တော့ သူငယ်ချင်းတွေအားလုံးဟိုတယ်မှာတွေ့ဖို့ချိန်ထားခဲ့ကြသည်။
မတွေ့ခင်လေးတော့ ကူးလေးနဲ့မျိုးစေ့လေးရဲ့
ကျန်းမာရေးစစ်ရန်အတူ ဆေးရုံကိုလာခဲ့သည်။

ကျန်းမာရေးစစ်မည့်အခန်းထဲရောက်တော့
ဆေးပစ္စည်းစုံမလားဆိုသည်ကိုစစ်ကြည့်နေစဥ်
ကူးလေးကမေးလာသည်။

" ဟိုဆော့ မျိုးစေ့လေးကလေ အကြာကြီးနေမှ
အစ်ကိုသီချင်းဆိုပြတော့ သူလှုပ်ရှားမှုတွေပြလာ
တယ်... "

ကူးလေးကမေးလာတော့ ဟိုဆော့ကပြုံးလိုက်ပြီး
ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။ပြီးမှလုပ်စရာရှိတာ
လုပ်ပေးရင်းဖြေလာသည်။

" ကြည့်ရတာတော့ မျိုးစေ့လေးကအစ်ကိုကူးရဲ့
အသံကိုမျှော်နေတာနေမယ်၊တစ်ချို့ကလေးတွေ
ရှိတယ်၊လှုပ်ရှားမှုနှေးတယ်ဆိုတာ သူတို့ချစ်တဲ့
သူရဲ့အသံမကြားရလို့ ငြိမ်နေတာမျိုးပဲ "

" မျိုးစေ့လေးက အစ်ကို့ကိုစောင့်နေတာပေါ့ "

ကူးလေးကဟိုဆော့စကားကို ပြန်ဖြေလိုက်တော့
ဟိုဆော့ကပြုံးရင်းခေါင်းငြိမ့်သည်။ကူးလေး
လည်းပျော်သွားပြီး မျက်ဝန်းဝိုင်းလေးတွေမှာ
မျက်ရည်လေးစတွေတောင်တွဲခိုနေသေးသည်။

ထယ်ယောင်းကတော့ ကူးလေးရဲ့အနားမှာရှိနေပြီး
ကူးလေးရဲ့လက်လေးကိုဆုပ်ကိုင်ထားပေးသည်။
ထယ်ယောင်းနဲအတူ ဆေးစစ်ချက်တွေကိုကြည့်
ရင်း ကလေးလေးရဲ့ကျန်းမာသည့်နှလုံးခုန်သံကို
ကြားရသည်။

" မျိုးစေ့လေးက ထွားလိုက်တာ၊အစ်ကိုကူးလည်း
ကျန်းမာရေးစစ်တိုင်း အရမ်းကောင်းလိုက်တာပဲ "

ဟိုဆော့စကားကြောင့် ကူးလေးရောထယ်ယောင်း
နှစ်ယောက်အတူပြုံးမိကြပါသေးသည်။ပြီးနောက်
ဟိုဆော့ဆက်ကြည့်ရင်း....

" ကလေးကထွားတော့ ငါလည်းဘယ်အချိန်မွေးမလဲပြောနိုင်တာကတော့သေချာတယ်၊ငါပြောချင်တာတစ်ခုကတော့ ဆေးရုံစောတက်လိုက်ရင်တော့
ရပါတယ်၊ငါရက်အတိအကျသတ်မှတ်ပေးမယ်၊
ဒါနဲ့ကလေးလေးက ဘာလေးလဲဆိုတာရော
ကြည့်ကြမလား? "

ဟိုဆော့စကားကြောင့် ကူးလေးနဲ့ထယ်ယောင်း
မျက်နှာချင်းဆိုင်စုံကြည့်မိလိုက်ကြသည်။
ထယ်ယောင်းကြည့်ရတာလည်း သိချင်နေပုံပေါက်
သလို၊ကူးလေးမှာလည်း ကလေးလေးရဲ့လှုပ်ရှားမှု
ပြထည်းက ဘာလေးလဲဆိုတာသိချင်နေသည်။

ဒါကြောင့်မို့နှစ်ယောက်အတူ ဟိုဆော့ကိုကြည့်ပြီး
ခေါင်းငြိမ့်ပြလိုက်ကြသည်။ဟိုဆော့ကလည်း
ပြုံးလိုက်ပြီး ကလေးလေးရဲ့အမူအရာကိုကြည့်ရန်
Tv screenဘက်သို့လှည့်လိုက်ပြီး စစ်နေရင်း
ပေါ်လာသည်ကြောင့် ပြုံးလိုက်ပြီးစကားဆို၏။

" မျိုးစေ့လေးက သားယောက်ျားလေးပဲ "

ဟိုဆော့စကားနောက် ကူးလေးနဲ့ထယ်ယောင်းက
ပြုံးလိုက်ကြပြီး ထယ်ယောင်းဆိုလည်းကူးလေးရဲ့
ပါးဖောင်းလေးကိုနှာခေါင်းနစ်ဝင်သည်အထိနမ်းပြီး ကျေးဇူးတင်ကြောင်းတဖွဖွဆိုနေတော့သည်။

သူငယ်ချင်းတွေအားလုံး ထမင်းအတူစားကြမှာမို့
နမ်ဂျွန့်ဟိုတယ်မှာပင်လူစုံကြသည်။ယောင်းဝူလည်းထယ်ယောင်းတို့အုပ်စုထဲ မပါမဖြစ်မို့
ကြိုရောက်နေသေးသည်။ထယ်ယောင်းတို့နဲ့
ဟိုဆော့ကလာတာမို့ နောက်ကျမှရောက်လာ၏။

" ဂျောင်ကူး!နေကောင်းတယ်မလား "

ကူးလေးကိုတွေ့ရော ဂျီမင်ကအပြေးလာပြီးမေး၏။အထက်တန်းထဲကအတူတက်ခဲ့တဲ့
သူငယ်ချင်းနှစ်ယောက် မတွေ့တာတောင်
အတော်ကြာခဲ့ပြီလေ။

" အင်း...နေကောင်းတယ်၊မင်းကတော့အလုပ်တွေ
ကြိုးစားနေတယ်ဆို၊ငါ့အထင် မင်ယွန်းဂီနဲ့တည့်သွားပြီထင်တယ်... "

" တည့်စရာလား၊လုပ်ငန်းမှာအားနေရန်ဖြစ်ရတာ၊
ဟိုတစ်ခါလည်း ဥက္ကဌဖြစ်ပြီးစာရင်းတွေမှားနေလို့
ဆံပင်မှတ်လောက်အောင် ဆွဲပေးလိုက်တယ် "

ဂျီမင်က ကူးလေးအနားကပ်ကာခပ်တိုးတိုးလေး
ပြောတော့ ကူးရယ်လိုက်သည်။ထယ်ယောင်းက
ကူးဘေးမှာရပ်နေရင်း နမ်ဂျွန်နဲ့ဆော့ဂျင်ရောက်
လာပြီးထမင်းစားရန် သီးသန့်အခန်းကိုခေါ်၏။

" ကင်မ်ထယ်ယောင်း ငါသန့်စင်ခန်းသွားဦးမယ်၊
မင်းအရင်ဝင်နှင့်လိုက်နော်... "

" မောင်လိုက်ခဲ့မယ်လေ "

ထယ်ယောင်းက ကူးလေးအဆင်မပြေမှန်းသိလို့
လိုက်ပို့မည်ပြောသည်။ဂျီမင်ကကြားကနေ သူလိုက်ပေးမယ်လို့ပြောတော့ ထယ်ယောင်းက
လက်ခံပေးလိုက်သည်။သူငယ်ချင်းတွေမို့
ထိခိုက်မိမှာအတွက် စိတ်ပူစရာမလိုတော့ဘူး။

" ငါက အခုတလောမင်ဂယူနဲ့တွေ့ဖြစ်တယ်၊
မင်ဂယူကတော့ မင်းအကြောင်းကိုအမြဲမေးနေတာ၊ဒါတောင် မင်ယွန်းဂီကငါနဲ့မင်ဂယူကိုအမြဲ
တွဲတွေ့နေလို့ဆိုပြီး ပြဿနာရှာနေသေးတာ "

" မင်ယွန်းဂီကလည်းမင်းကိုချစ်လို့ပေါ့ "

ဂျီမင်က ကူးလေးကိုကူတွဲပေးရင်း သန့်စင်ခန်းသို့
လိုက်ပို့ပေးသည်။ကူးလေးရယ်လိုက်သည်။
မင်ယွန်းဂီကလည်း ကူးနဲ့သာအရင်ကမတည့်တာ။
အခုနောက်ပိုင်းတော့ နှစ်ယောက်သားကြား
အဆင်ပြေသွားကြသည်။

မျိုးစေ့လေးကြောင့် အိမ်ကိုရောက်လာပြီးကူးလေး အတွက်စားချင်တာတွေကို အမြဲဝယ်လာပေးပြီး
မျိုးစေ့လေးကိုဂရုစိုက်ရန် တဖွဖွမှာနေသေး၏။

တစ်ဖက်ကစားသောက်ဝိုင်းမှာတော့ ဆော့ဂျင်ပြင်
ထားသည့်ဟင်းလျာတွေက အားလုံးအတွက်တော့အဆင်ပြေသလို ကူးလေးအတွက်လည်းအဆင်
ပြေပါသည်လေ။

ထယ်ယောင်းက ကူးအတွက်အစားစာတွေကို
အသားကိုလည်းမဝါးနိုင်မှာဆိုးပြီး အတုံးသေးစိပ်
လေးတွေဖြတ်ပြီး နူးသည်၊မနူးသည်ကိုစမ်းသပ်
ပေးသည်။ထယ်ယောင်းက ကူးလေးရဲ့အသေး
စိတ်ကအစဂရုစိုက်ပေးပါသည်။

" ထယ်ယောင်း!မင်းနဲ့အစ်ကိုကူးအခြေအနေက
အခုချိန်ထိ မင်းနဲ့ငါပဲလား၊မင်းခေါ်ချင်တာလေး
မခေါ်လာသေးဘူးလား "

နမ်ဂျွန်မေးလာတဲ့အမေးကို ထယ်ယောင်းက
ကူးအတွက်အသားတွေနဲ့ပုဇွန်တွေကိုအခွံခွာပေးနေရင်းမှ ခေါင်းခါပြလိုက်ပြီးစကားဆိုသည်။

" ငါ့အသက်ကငါ့ကို မချစ်သေးဘူးကွာ "

ထယ်ယောင်းက ကူးလေးအကြောင်းပြောရင်း
မျက်နှာပျက်သွားသည်ကို သုံးယောက်လုံးသတိ
ထားမိပါသည်။ယောင်းဝူကတော့ စားနေရင်းမှ
စိတ်မကောင်းသည့်မျက်မှာထားဖြင့် ကြည့်ပြီး
ဝင်ဖြေလာသေးသည်။

" ဆရာ့အပိုင်ကမချစ်တာတော့မဟုတ်လောက်ပါဘူးဗျာ၊မူနေတာပဲနေမယ်၊ကျွန်တော်ရယ်ချင်တာသိလား၊ကလေးကဖြင့်မကြာခင်မွေးလာတော့မယ်၊မမွေးခင်တောင်တစ်ခုခုဆို ဆရာ့နာမည်ကို
အရမ်းတတာ၊ဟျောင်းတို့ပဲစဥ်းစားကြည့်ပေါ့ "

ယောင်းဝူစကားကြောင့် နမ်ဂျွန်တို့ကပုဇွန်အခွံခွာ
ပေးနေသည့်ထယ်ယောင်းဘက်ကို ပြိုင်တူကြည့်
ရင်း ပြုံးနေကြသည်။

" ယောင်းဝူပြောသလိုဆို အစ်ကိုကူးကမူနေတာပဲ၊
မဖြစ်တော့ဘူး ထယ်ယောင်း၊မင်းကတော့ အစ်ကိုကူးရဲ့ရင်ဖွင့်သံကိုသိလာအောင် လုပ်ရမယ် "

" မင်းတို့တွေတိတ်လိုက်တော့၊ငါ့သားမျိုးစေ့လေး
မထွက်လာသေးခင် ဘာမှထိတ်လန်စရာမလုပ်နဲ့၊
အသက်ငါ့ကိုချစ်လာဖို့ဆို ငါကအချစ်တွေပြပေး
နေတာပဲကွာ.... "

" အစ်ကိုကူးက မင်းကိုချစ်နေပါတယ်ကွာ "

ထယ်ယောင်းက ပုဇွန်တွေအခွံခွာပေးပြီးရော
တစ်ရှူးဖြင့်လက်သုတ်လိုက်ရင်း စကားဆိုတော့
ဟိုဆော့ကလည်း ထယ်ယောင်းကိုကူးကချစ်
လာမှာပါဆိုပြီးဖြေလိုက်သေးသည်။

ယွန်းဂီကတော့ ထယ်ယောင်းကပုဇွန်အခွံခွာ
နေတာကိုမျက်မှောင်ကြုံ့ကြည့်လိုက်ရင်း
ပြောတော့သည်။

" မင်ဂျီမင်ဆိုငါတို့BBQသွားစားတိုင်းအမြဲပုဇွန်
စားပြီးအခွံတင်းခွာခိုင်းနေတာ၊ငါကပြောလိုက်တာ၊ပုဇွန်တောင်မခွာနိုင်ရင်ပဲပြောရသေး၊
ပုဇွန်ဗန်းနဲ့ငါ့ကိုကောက်ပေါက်ပြီးထွက်သွားတာ၊
သူပဲပုဇွန်စားချင်လို့ မှာပြီးတော့ငါ့လာခွာခိုင်းနေတယ်လေ "

" အဲ့ဒါ ရည်းစားတွေကြားလုပ်ပေးကြတယ်လေ
မင်းယွန်းဂီရဲ့! "

ယွန်းဂီကထယ်ယောင်းတို့ကို ဂျီမင်အကြောင်း
အတင်းတုတ်နေတုန်းရှိသေး သန့်စင်ခန်းကနေ
ပြန်လာသည့် ဂျီမင်ကကူးကိုတွဲထားရင်းမှ
ပြောလိုက်သည်။

" ဘာမှမဟုတ်ပါဘူး၊ဒီပုဇွန်လေးပဲပြောတာပါ "

" အဲ့ပုဇွန်လေးမှအခွံမခွာနိုင်ပေးရင် ငါနဲ့လာမတွဲ
နဲ့နော် မင်ယွန်းဂီ၊ငါကမင်းကိုအဲ့နေကလမ်းခွဲဖို့
ပြောတာကို မင်းဘာသာမင်း မင်လေးရယ်
မှားပါတယ်၊မှားပါတယ်လို့တောင်းပန်နေတာ "

ကူးလေးကိုတွဲခေါ်လာရင်း ထယ်ယောင်းကခုံဆွဲယူပေးပြီးထိုင်စေကာ ဂျီမင်ကတော့ယွန်းဂီကိုပဲ
ပိတ်ဟောက်နေသေးသည်။ယွန်းဂီမှာတော့
သူ့Imageမပျက်အောင်ထိန်းပြီး ငြင်းနေရ၏။

နမ်ဂျွန်တို့၊ဟိုဆော့ရယ်၊ယောင်းဝူတို့လည်း
ယွန်းဂီထံမှကြားတဲ့စကားနဲ့တလွဲစီဆိုတော့
ကြိတ်ရယ်နေကြသေးသည်။

" မောင်အကုန်လုပ်ပေးထားတယ်၊အဆင်သင့်
စားရုံပဲ၊သားသားမျိုးစေ့လေးလည်းဝအောင်စား၊
ပါးပါးရော၊မင်းရောကျန်းမာဖို့အရေးကြီးတယ် "

ထယ်ယောင်းကကူးလေးရဲ့ဗိုက်ပူလေးကိုထိရင်း
ပြောလိုက်သည်။ကူးလေးက ထယ်ယောင်းရဲ့
မျက်နှာကိုကြည့်ရင်း အားနာစိတ်ကလည်းဝင်၏။

ထယ်ယောင်းတို့ပြောနေတာတွေကို ကူးအားလုံး
ကြားပါသည်။ကူးလည်းတွေးမိပါသေးသည်။
ယောင်းဝူပြောသလို ကူးကအမြဲလိုအပ်တိုင်း
ထယ်ယောင်းကိုပဲ တမ်းတနေတာဖြစ်သည်။
တစ်ခုခုဆိုလည်းစိတ်ပူတာတွေပါများသည်။

ထယ်ယောင်းကတော့ ကူးရဲ့အချစ်ကိုလိုလားပေမဲ့
ကူးကိုယ်တိုင်ကမရေရာမသေချာသေးတာကြောင့်
အားနာမိသည်။ကူးဆုံးဖြတ်ချက်ချမှရတော့မည်။
ကူးတကယ်ပဲ ကင်မ်ထယ်ယောင်းကိုချစ်မိနေ
တာလားလို့။

To be continued ~

စောစောလေးUpdateပေးလိုက်ပါတယ်ဗျ။

> >

#zawgyi

ထယ္ေယာင္းလက္လည္းသက္သာသြားၿပီးေနာက္
ကူးေလးလည္း အေတာ့္ကိုပိုၿပီးအလိုလိုက္ခံေနရ
သည္။စားခ်င္တာေတြကိုလည္း ဝယ္ေကြၽး၏။
အိမ္ေတာ္ကလူႀကီးေတြဆိုလည္း တစ္ခုၿပီးတစ္ခု
ဝယ္ဝယ္ေကြၽးၿပီးျဖစ္သည္။ေမေမလည္းအိမ္ကို
ေရာက္ေနေတာ့ ကူးအတြက္အဆင္ေျပသည္။
ထို႔အတူ ထယ္ေယာင္းရဲ႕သူငယ္ခ်င္းေတြကလည္း
လာေရာက္ၿပီး မ်ိဳးစုံကိုဝယ္ၿပီးလာေကြၽး၏။

ဂယူဆိုသည္လည္း ဂ်ီမင္နဲ႔အတူတစ္ခါတစ္ေလ
မုန္႔တို႔ထည့္ေပးသည္။ဂယူ႔ကိုအားနာေပမဲ့လည္း
ဂယူ႔က ကူးကိုအခုထိစိတ္ရွိေသးတာျဖစ္သည္။
ကူးကေတာ့အိမ္ေထာင္သည္ျဖစ္ေနလို႔ ဂယူနဲ႔
မပတ္သက္ျဖစ္ေတာ့ဘူး။ကင္မ္ထယ္ေယာင္း
ေတြ႕ရင္အားနာစရာမဟုတ္လား။

ကူးေလးဗိုက္ထဲရွိမ်ိဳးေစ့ေလးက တျဖည္းျဖည္း
ႀကီးထြားလာၿပီျဖစ္သည္။ဗိုက္ပူေလးကပိုလို႔
စူထြက္လာေနေတာ့ ထယ္ေယာင္းကညတိုင္း
စကားေျပာလာေပးသည္။ညဆိုလည္း ေျခေထာက္ေတြေယာင္လို႔အၿမဲထယ္ေယာင္းကေရးေဆးေပးရေသးသည္။အခုတေလာထယ္ေယာင္းကပင္ ကူးေလးကိုအနီးကပ္ၾကည့္ေပးေနရတာျဖစ္သည္။ပါးပါးေလးေတာ္ေတာ့္ကိုပင္ပန္းလာရၿပီ။

အခုဆိုကူးေလးက၆လထဲေရာက္ေနၿပီမို႔ မ်ိဳးေစ့ေလးရဲ႕လႈပ္ရွားမႈကိုစိတ္ပူေနမိေသးသည္။သို႔ေပမဲ့မ်ိဳးေစ့ေလးက ေသးေသးေလးေတာင္မလႈပ္ျပေသးပါ။

" ေမာင္အလုပ္သြားေတာ့မယ္၊လိုတာရွိရင္လည္း
ေမာင္ကအစည္းေဝးခန္းထဲဝင္ေနရင္ေတာင္
ဖုန္းဆက္လိုက္၊မဟုတ္လည္း အိမ္ကလူေတြကို
လိုတာရွိရင္ေျပာလိုက္ပါ... "

မနက္ခင္းထယ္ေယာင္းအလုပ္သြားမွာျဖစ္လို႔
အေသးစိတ္မွာေပးေနရသည္။အရင္လိုေတာ့
ကူးေလးကေအာက္ထပ္ကို သိပ္မဆင္းႏိုင္ပါ။
အခန္းကအက်ယ္ႀကီးမို႔ လမ္းေလွ်ာက္ရင္း
ဝံရန္တာမွာလည္း ထိုင္ေနတက္သည္။

" အင္း...ညေနၾကကေလးေလးရဲ႕စစ္ေဆးခ်က္
ထပ္လုပ္ရဦးမယ္ေနာ္၊အဲ့ၾကေမးရမယ္၊မ်ိဳးေစ့ေလးလႈပ္ရွားမႈ တအားနည္းတာပဲ၊မင္းေရာငါေရာ
ဒီေလာက္ဂ႐ုစိုက္တာကို မ်ိဳးေစ့ေလးက..ဟင့္.. "

ကူးေလးကေျပာရင္း မ်က္ရည္က်လာတာေၾကာင့္
ထယ္ေယာင္း နက္ကတိုင္ဝတ္ရင္းတန္းလန္းသြား
ေခ်ာ့ရေသးသည္။ပါးပါးေလးက အခုေနာက္ပိုင္း
အငိုသန္လာသလို ေဒါသထြက္လည္းလြယ္လြယ္
ျဖစ္လာေလသည္။

" မဟုတ္တာ အသက္ကလည္းဘာေတြေလွ်ာက္
ေတြးေနတာလဲ၊မ်ိဳးေစ့ေလးက အသက္ဗိုက္ထဲ
ေကာင္းေကာင္းႀကီးထြားေနတာေလ၊ဒီဗိုက္ပူပူက
မ်ိဳးေစ့ေလးေလ၊အထဲမွာရွိေနတာပါ "

ထယ္ေယာင္းက ကူးေလးရဲ႕ဗိုက္ပူေလးကိုပြတ္သပ္ျပကာေခ်ာ့ေတာ့ ကူးေလးဆက္မငိုေတာ့ဘူး။
မ်ိဳးေစ့ေလေးရွိၿပီး မႀကီးထြားလာတာကိုေတာ့
မထင္ပါ။ဗိုက္အသိအသာပူလာတာက မ်ိဳးေစ့ေလးထြားလာလို႔ဆိုလို႔သာ ၿငိမ္ၾကသြားတာ
ျဖစ္၏။

" အင္း...မ်ိဳးေစ့ေလးဘာမွမျဖစ္ရင္ၿပီးေရာ... "

ကူးေလးက ကေလးေလးကိုတအားခ်စ္သည္။
တစ္ခါမွကိုအထိခိုက္မခံေတာ့ဘူး။အစားစာဆို
မတည့္လည္းရေအာင္စားသည္။တည့္လည္း
မ်ားမ်ားစားေပးၿပီးကို ဂ႐ုစိုက္တာျဖစ္သည္။

မ်ိဳးေစ့ေလးက ၅လေက်ာ္သြားၿပီးေနာက္ပိုင္းေတာ့
က်န္းမာေရးသြားစစ္တာေတာင္ ပါးပါးရဲ႕ဗိုက္ထဲ
ေကာင္းမြန္စြာႀကီးထြားေနေပမဲ့လည္း လႈပ္ရွားမႈ
ေသးေသးေလးေတာင္ထြက္လာျခင္းမရွိပါေလ။
ဒါေၾကာင့္စိုးရိမ္ကာ ပါးပါးကူးေလးကေျပာျခင္း
ျဖစ္သည္။

" ဟုတ္ၿပီ၊ေမာင္တို႔ကေလးေလး ဘာမွမျဖစ္ဘူး၊
အသက္...ေမာင္သြားေတာ့မယ္ ခ်စ္တယ္၊
ေမာင္နဲ႔ဧည့္ခန္းဘက္ကိုလိုက္ခဲ့မလား "

ထယ္ေယာင္းက ကူးေလးရဲ႕လက္ကိုနမ္းၿပီး
ေသခ်ာကိုင္ေပးၿပီး ေလွကားနာအထိလမ္း
ေလွ်ာက္တာေတြကအစေသခ်ာေခၚသြား၏။

ေအာက္ထပ္ေရာက္ေတာ့ မိဘေတြကလည္းအျပင္
ထြက္သြားေသာ္ျငားလည္း အိမ္ေတာ္ထိန္းနဲ႔အိမ္အကူေတြအမ်ားႀကီးရွိတာမို႔ စိတ္ခ်ထားခဲ့သည္။
ကူးေလးကေတာ့ ဧည့္ခန္းထဲစေတာ္ဘယ္ရီေဖ်ာ္
ရည္ေသာက္ရင္း ထလမ္းေလွ်ာက္ေနသည္။

ထယ္ေယာင္းလည္းအိမ္မွာမရွိ၊ထယ္ေယာင္းမိဘ
ေတြလည္မရွိေပ။ဂ်ယ္ဂ်ဴဒိုဘက္ ကိစၥေလးရွိလို႔
သြားၾကတာမို႔ အိမ္မွာမရွိၾကဘူး။အဖိုးဆိုလည္း
သူငယ္ခ်င္းေတြနဲ႔ ေဂါက္႐ိုက္သြားတာမို႔ အိမ္ေတာ္မွာကူးနဲ႔အိမ္ေတာ္ထိန္းအတူအိမ္အကူေတြသာရွိ
ၾကသည္ေလ။

" အိမ္မွာဘယ္သူ႔မွမရွိဘူးလား၊ေမာလိုက္တာ၊ပူ
လိုက္တာဟယ္၊အေအးလည္းေအးေအးေလး
တစ္ခြက္ေဖ်ာ္လာခဲ့ၾကစမ္းပါ! "

ကူးေလးဧည့္ခန္းထဲလမ္းေလွ်ာက္ေနရင္း အျပင္ကျပန္ေရာက္လာသည့္ေဒၚေလးက ေမာဟိုက္ေန
သျဖင့္ အေအးေဖ်ာ္ေပးရန္ေျပာသည္။အိမ္အကူ
တစ္ခ်ိဳ႕ကမအားတာမို႔ အျပင္မထြက္လာႏိုင္ဘူး။

ကူးကဘဲ အလိုက္တသိျဖင့္ေဒၚေလးစိတ္ေအးေအာင္သံပရာရည္ေဖ်ာ္ေပးဖို႔ မီးဖိုးခန္းဘက္ကိုလာ၏။လူႀကီးေသာက္မွာဆိုေတာ့ ေရခဲတုံးေလး
နည္းနည္းေလးထည့္ၿပီး အရသာအသင့္အတင့္ျဖစ္ေအာင္ေဖ်ာ္လာေပးကာ ခြက္ေလးကိုဗန္းထဲ
ေသခ်ာထည့္လာေပးရင္း ေဒၚေလးထိုင္ေနသည့္
အေရွ႕ကစားပြဲေပၚခ်ေပးေတာ့ ေဒၚေလးက
မ်က္လုံးပင့္ကာၾကည့္လာသည္။

" မင္းကဘာလို႔ဒီလိုလုပ္ရတာလဲ၊အိမ္မွာအကူေတြ
ဘယ္ေရာက္ေနၾကတာလဲ၊တစ္ေယာက္မွေတာင္
မရွိၾကဘူးလား... "

ေဒၚေလးက ကူးေလးကိုမၾကည္ေပမဲ့လည္း စိတ္ပူ
ေနသည့္မ်က္ႏွာထားျဖင့္ ကူးေလးကိုဂ႐ုစိုက္၏။
ကူးေလးၿပဳံးရင္း ဗိုက္ပူေလးကိုထိကိုင္ကာ
ဆိုဖာေပၚျဖည္းညႇင္းစြာထိုင္လိုက္သည္။

" အားလုံးအလုပ္ကိုယ္စီနဲ႔မအားၾကဘူး ေဒၚေလး၊
ကူးက ေဒၚေလးေမာေနတယ္ဆိုလို႔ျမန္ျမန္ေလး
အဆင္ေျပေအာင္ အေအးလုပ္လာေပးတာပါ၊
စိတ္မရွိပါနဲ႔၊ကူးက--- "

" မလိုအပ္ဘူး၊မင္းေဖ်ာ္ေပးတာကိုငါက လုံးဝမေသာက္ႏိုင္ဘူး၊မင္းဒီလိုေတြလုပ္ေပးလည္း
မင္းကိုလည္းမၾကည္ျဖဴသလို၊မင္းဗိုက္ထဲကကေလးကိုလည္း ငါကမၾကည္ျဖဴႏိုင္ဘူး
ဆိုတာသိထားလိုက္ "

ေဒၚေလးက ကူးေလးကိုခပ္စူးစူးၾကည့္ရင္း ဆိုဖာေပၚေျခခ်ိတ္ထိုင္ကာ ဖုန္းျပန္ၾကည့္ေနသည္။
ကူးကေတာ့ ဗိုက္ထဲကမ်ိဳးေစ့ေလးမၾကားေအာင္
လက္ျဖင့္သာပိုဖိကပ္ထားေတာ့သည္။

စိတ္ထဲဝမ္းနည္းစိတ္ေလးတိုးသြားေပမဲ့ ကူးကို
ဘယ္ေလာက္ပဲမၾကည္ျဖဴေနပါေစ မ်ိဳးေစ့ေလးကိုေတာ့ ၾကည္ျဖဴရမည္။မဟုတ္ရင္ကေလးေလး
မ်က္ႏွာငယ္ေနမည္ဆိုတာကို ကူးမလိုလားပါ။

" ဟုတ္ကဲ့၊ကူးသိပါတယ္ဗ်၊ဒါေပမဲ့ေလ ေဒၚေလး
ေမာလာတယ္မလား၊အေအးေလးေတာ့ေသာက္
လိုက္ပါေနာ္၊ေတာ္ၾကာ ေရခဲေတြေပ်ာ္ေနမယ္ "

ခြမ္း!

ကူးေလးကမ္းေပးသည့္ သံပရာရည္ကိုလက္ျဖင့္
႐ိုက္ခ်လိုက္ေတာ့ ေႂကြျပားေပၚဖန္ကြဲစေတြဟာ
အစိတ္စိတ္အမႊာမႊာရွိကုန္ၾကသည္။ကူးေလး
လန္႔ၿပီးမ်ိဳးေစ့ေလးရွိရာရပ္ဝန္းကို ဖိကပ္လိုက္ၿပီး
ၿငိမ္ေနလိုက္သည္။

" ငါကမလိုအပ္ဘူးလို႔ေျပာေနတယ္ေလ၊
မင္းေၾကာင့္ လီယမ္ေလးႏိုင္ငံျခားျပန္ပို႔ခံရတယ္၊
ဒါတင္မကေသးဘူး၊ငါနဲ႔ငါ့တူေလးပါ အရင္လို
ေခၚေခၚေျပာေျပာမရွိၾကေတာ့ဘူး၊စိတ္တိုတယ္!!
အိမ္ေတာ္ထိန္း!!!အိမ္ေတာ္ထိန္း!!! "

ေဒၚေလးက ကူးေလးကိုလက္ညိဳးေငါက္ေငါက္
ထိုးကာေျပာသည္။ၿပီးမွအိမ္ေတာ္ထိန္းကိုမၾကား
မခ်င္းအသံက်ယ္စူးစူးေအာ္လိုက္ၿပီး ကူးေလးကို
လည္းေအာ္ေနေသးသည္။

" မင္းကိုေျပာျပလိုက္ဦးမယ္၊အခုမင္းဗိုက္က ႀကီးသာႀကီးလာတာ ကေလးကေရာအသက္ရွိရဲ႕လား၊
ဘာမွလႈပ္ရွားမႈမရွိရင္ ဘယ္ေလာက္ပဲအာဟာရ
ရွိေအာင္ေနေန ကေလးကေသမ်ားသြားသလား "

" ဟင့္အင္း....မဟုတ္ပါဘူး၊ကူးရဲ႕မ်ိဳးေစ့ေလးက
ဗိုက္ထဲရွိေနပါေသးတယ္... "

ေဒၚေလးရဲ႕စကားေၾကာင့္ ကူးေလးကလန္႔သြားၿပီး
ေခါင္းအသြင္သြင္ခါရမ္းရင္း ျငင္းေလသည္။
မဟုတ္တာ။ကူးတို႔မ်ိဳးေစ့ေလးကဗိုက္ထဲေအး
ေဆးေကာင္းေကာင္းမြန္မြန္ႀကီးထြားေနတာ။

" ဟက္..ေသခ်ာစစ္ၾကည့္ၾကပါဦး၊အိမ္ေတာ္ထိန္း!
အျမန္လာစမ္းပါ!ကြၽန္မျဖင့္ မျမင္ခ်င္ေတာ့ဘူး "

ေဒၚေလးကကူးေလးစိတ္ထဲ မေကာင္းသည့္အေတြးေတြ႐ိုက္ထည့္ရင္း အိမ္ေတာ္ထိန္းကို
ေအာ္ေခၚေတာ့သည္။ကူးေလးကေတာ့ဗိုက္ပူ
ေလးကိုကပ္ထားရင္း ဝမ္းနည္းေနမိသည္။

" ဟုတ္ကဲ့ ကြၽန္ေတာ္လာပါၿပီ၊ဘာမ်ားျဖစ္တာလဲ၊
အဆင္ေျပရဲ႕လား သခင္ေလးကူး... "

အိမ္ေတာ္ထိန္းက ၿခံထဲကေနအေျပးအိမ္ထဲသို႔
ဝင္လာၿပီး ေဒၚေလးေခၚေနရာထက္ဖန္ကြဲစေတြ
ျမင္ကာအံ့ဩေနၿပီး ငိုင္ေနသည့္ကူးေလးကို
ေမးေတာ့သည္။

" ငါေခၚတာကို ဘာလို႔သူ႔ကိုေမးေနရတာလဲ! "

" သခင္ေလးထယ္ကမွာသြားလို႔ပါ၊သခင္မႀကီး
သခင္ေလးကူးက ကေလးေလးနဲ႔မို႔စိတ္ထိခိုက္
စရာေတြေျပာမိေသးသလား၊သခင္ေလးကူး...
ဦးေလးအေပၚထပ္ထိလိုက္ပို႔မယ္၊ထပါ.. "

အိမ္ေတာ္ထိန္းႀကီးက ဖန္ကြဲစေတြမရွိသည့္ေဘး
ဘက္မွကူးေလးကိုေခၚသြားေတာ့သည္။ေဒၚေလး
မွာေတာ့ သူ႔ကိုေတာင္ဂ႐ုမစိုက္သြားသည့္အိမ္
ေတာ္ထိန္းတို႔ကိုၾကည့္ၿပီး ေဒါသထြက္ေန၏။

" တကယ္ထည္း ဘာမွမဟုတ္တဲ့ေကာင္ကိုအိမ္က
လူေတြအားလုံးက အေရးကိုေပးေနေတာ့တာပဲ၊
ဘာကေလးမွျဖစ္လာမွာမဟုတ္ဘူး၊ငါခရီးသြား
ေနတဲ့တစ္ေလွ်ာက္အျဖစ္အပ်က္ေတြကလည္း
အေတာ့္ကိုျမန္ေနေရာပဲ "

ၾကားထဲအျဖစ္အပ်က္ေတြကို ကင္မ္ယြန္းေဆာင္း
ေကာင္းေကာင္းသိလိုက္သည္။လီယမ္ေလးက
ကားနဲ႔တိုက္လိုက္သည့္ကိစၥကိုလည္း သူမအေစာ
ထည္းကသေဘာတူခဲ့တာျဖစ္သည္။ျဖစ္ေရာ
သူမ၏တူေလးကျဖစ္သြားၿပီး ဟိုေကာင္က
ဘာမွကိုျဖစ္မသြားခဲ့တာ။

သည္ၾကားထဲသားထယ္က လီယမ့္ကိုဆုံးမၿပီး
ေမာင္ျဖစ္သူကသူ႔သမက္နဲ႔ေျမးရဲ႕ ကိစၥေၾကာင့္
ျပႆနာရွာကာ လီယမ့္ကိုသူ႔မိဘေတြကႏိုင္ငံျခား
ျပန္ပို႔လိုက္တာျဖစ္သည္။အခုေတာ့ လီယမ္ေလး
မရွိေတာ့ သူမတစ္ေယာက္ထည္းမလုပ္ခ်င္ပါ။
မၾကည္တာမို႔ ကေလးကိုေရာအေဖေရာကို
ေမတၱာမထားႏိုင္ဘူး။

- - - - -

အခန္းထဲေရာက္ေတာ့ အိမ္ေတာ္ထိန္းဦးေလးက
ကူးေလးကိုေသခ်ာေနရာခ်ေပးၿပီး အခန္းထဲရွိ
Fridgeထဲမွာ ကူးအတြက္ဝယ္ထားသည့္အသီး
ေတြကိုထုတ္ေပးသည္။

" သခင္ေလးကူး စေတာ္ဘယ္ရီစားႏွင့္ပါ၊ခဏေန
ေန႔လယ္စာစားဖို႔လာပို႔ေပးမယ္၊အခ်ိန္ကလည္း
မေစာေတာ့ဘူးဆိုေတာ့ေလ... "

ဦးေလးကမုန္႔ခ်ေပးရင္းေျပာေပမဲ့ ကူးေလးက
စိတ္နဲ႔ကိုယ္မကပ္ႏိုင္ေသးပါဘဲ မ်ိဳးေစ့ေလးရွိတဲ့
ရပ္ဝန္းေလးကိုသာ ဖိကိုင္ထားၿပီးရႈိက္ေနတာ။
ဒါေၾကာင့္မို႔ အထိန္းေတာ္ႀကီးကစိတ္မေကာင္း
ျဖစ္သြားၿပီး အနားကပ္လာကာစကားဆို၏။

" အမ်ားႀကီးမေတြးေနပါနဲ႔ သခင္ေလးကူး၊
သခင္မႀကီးက အေျပာဆိုးေပမဲ့သေဘာထားက
ေကာင္းပါတယ္၊မၾကည္ျဖဴေသးတာေရာ၊အေန
မနီးေသးေတာ့ သူမစိတ္ထဲတစ္မ်ိဳးျဖစ္ေနတာ "

" ဟုတ္ကဲ့၊ခဏေနၾကကူးလိုရင္ ေခၚပါ့မယ္၊
အခုေတာ့ မ်ိဳးေစ့ေလးနဲ႔အတူေနခ်င္လို႔ပါ "

ကူးေလးက စိတ္မတည္ၿငိမ္ျဖစ္ေနတာေၾကာင့္
တစ္ေယာက္ထည္းေနခ်င္တယ္ဆိုၿပီး ဦးေလးကို
အျပင္သို႔သြားေစလိုက္သည္။ဦးေလးႀကီးလည္း
သခင္ေလးကူး ဘာျဖစ္ေနလဲဆိုတာကိုနားလည္လို႔
ထြက္သြားေပးလိုက္သည္။

ကူးေလးဆက္ေတြးေနမိသည္။မ်ိဳးေစ့ေလးက
အသက္ရွင္ေနတာ။ပါးပါးဗိုက္ထဲရွိေနမွာ။
ေဒၚေလးကမၾကည္ျဖဴတာကို နားလည္ေပမဲ့
မ်ိဳးေစ့ေလးကိုေတာ့ မေျပာသင့္ပါ။ကူးစိတ္တိုလို႔
ေျပာလိုက္ခ်င္ေပမဲ့ နားလည္စရွိလာမည့္မ်ိဳးေစ့
ေလးေၾကာင့္ မေျပာခဲ့တာလည္းျဖစ္သည္။

" ပါးပါးရဲ႕မ်ိဳးေစ့ေလး လန္႔သြားမွာပဲေနာ္၊
ပါးပါးလည္းေတာင္းပန္ပါတယ္၊မ်ိဳးေစ့ေလးက
ရွိေနတယ္မလားဟင္.... "

မ်ိဳးေစ့ေလးရွိရာရပ္ဝန္းကိုထိေတြ႕ရင္း အသံေသး
ေလးျဖင့္ေျပာေနေတာ့သည္။ကူးေလးကစိတ္ပူေန
တာ။အရင္လေတြတုန္းကလည္း ကားကိစၥေၾကာင့္
ကူးကဘာမွမျဖစ္သြားေပမဲ့ ကင္မ္ထယ္ေယာင္း
သာျဖစ္သြားခဲ့သည္။အဲ့ထည္းကမ်ားလား။
မျဖစ္ႏိုင္ပါဘူး။

ကူးေလးထရပ္လိုက္ရင္း အခန္းထဲမွာေခါက္တုံ႔
ေခါက္ျပန္လမ္းေလွ်ာက္ေနခဲ့သည္။မ်ိဳးေစ့ေလး
ရွိရာဗိုက္ပူေလးကိုပြတ္ရင္း သီခ်င္းသံေလးကို
ညည္းေနမိကာ သတိရလို႔စကားဆိုေသးသည္။

" ပါးပါးရဲ႕ မွိတ္တုတ္မွိတ္တုတ္ၾကယ္ကေလးေရ
ဗိုက္ထဲမွာက်န္းက်န္းမာမာရွိေနရင္ ပါးပါးကို
လႈပ္ရွားျပပါဦး... "

ကူးေလးကၿပဳံးလိုက္ရင္း မ်ိဳးေစ့ေလးရွိရာရပ္ဝန္း
ေလးကိုထိလိုက္ၿပီး လမ္းေလွ်ာက္ေနရင္းျဖင့္
မ်ိဳးေစ့ေလးအတြက္ သီခ်င္းေလးဆိုျပေနသည္။
မေမြးခင္ထည္းက ဆိုျပေပမဲ့လည္းအခုေတာ့
ပိုဆိုျပလိုက္ပါသည္။

" Twinkle twinkle little star

How I wonder what you are.

Up above the world so high. "

ကူးေလးအေပၚပိုင္းေလးကို ကူးအသံေအးေအး
ေလးျဖင့္ဆိုျပေပးရင္း မ်ိဳးေစ့ေလးရွိရာရပ္ဝန္းကို
ျဖည္းျဖည္းခ်င္းပြတ္ေပးေနသည္။

" Like a diamond in the sky.

Twinkle twinkle little star.

How I wonder what ... you...are အာ့! "

ကူးလမ္းေလွ်ာက္ေနရင္း ေျခလွမ္းေတြရပ္တန္႔
မိသြားသည္။မ်ိဳးေစ့ေလးရဲ႕ရပ္ဝန္းေလးကလႈပ္ရွားသြားတာေၾကာင့္ ကူးေလးရပ္သြားၿပီး
ရပ္ဝန္းပိုထိမိလိုက္သည္။

" မ်ိဳးေစ့ေလး...မွိတ္တုတ္မွိတ္တုတ္ၾကယ္ကေလး၊
ပါးပါးကိုထပ္ၿပီး ျပပါဦး...Twinkle twinkle little star..အာ့!အင့္ဟင့္...ပါးပါးကေလးေလး "

ကူးေလးကရပ္ဝန္းေလးနားပိုထိလိုက္ေလျဖင့္
မ်ိဳးေစ့ေလးကအထဲကေန ပိုလႈပ္ရွားျပသည္။
ကူးေလးေပ်ာ္ၿပီးထခုန္မိမတက္ပင္ျဖစ္သည္။

" ဟုတ္တယ္၊မ်ိဳးေစ့ေလးရဲ႕ဒယ္ဒီကိုျပရမယ္၊
ပါးပါးဖုန္းေခၚေပးမယ္၊ခဏေစာင့္ေနာ္.... "

ကူးေလးကထယ္ေယာင္းကိုဖုန္းေခၚဖို႔အတြက္
ဖုန္းလွမ္းယူလိုက္သည္။ထယ္ေယာင္းဖုန္းနံပါတ္ကိုမႏွိပ္ခင္ ဖုန္းဖြင့္ေနတာေတာင္လက္ေတြလည္း
တုန္လို႔။ဒါေလးကေတာ့ပထမဆုံးမ်ိဳးေစ့ေလးရဲ႕
လႈပ္ရွားမႈေလးသာျဖစ္သည္။

" ပါးပါးသီခ်င္းဆက္ဆိုေပးမယ္ေနာ္၊ပါးပါးကို
မ်ိဳးေစ့ေလးကထပ္ျပေပးပါဦး.... "

ကူးေလးကဖုန္းေခၚေနရင္း မ်ိဳးေစ့ေလးရွိသည့္
ရပ္ဝန္းကိုထိေတြ႕ထားၿပီး ပြတ္ေပးေနေလသည္။
ထယ္ေယာင္းကိုဖုန္းေခၚထားရင္းေပါ့။

တစ္ဖက္ကထယ္ေယာင္းမွာလည္း အေရးႀကီးတဲ့
ဒီဇိုင္းခန္႔ခြဲေရးကိစၥေၾကာင့္ ကူးအရင္ကလုပ္သည့္
ဌာနကိုလည္းအရင္အစည္းအေဝးေခၚၿပီး လိုအပ္
တာေတြကိုရွင္းျပေပးေနရေသးသည္။

" ဒါဆိုရင္လည္း ဒီဇိုင္းနဲ႔ပတ္သက္တဲ့ကိစၥကို
အျမန္ဂ႐ုစိုက္ထားေပးဖို႔လိုအပ္ပါတယ္၊ၿပီးေတာ့
ကုမၸဏီရဲ႕သီးသန္႔ထြက္ဆိုင္ခြဲေတြကို--- "

ထယ္ေယာင္းစကားေျပာေနရင္း ဖုန္းလာတာမို႔
သူ႔အသက္ဆိုတာႀကိဳသိေနတာေၾကာင့္ ဖုန္းကိုင္
လိုက္သည္ႏွင့္ အသံခ်ိဳေလးကငိုၿပီးစကားဆို၏။

' ကင္မ္ထယ္ေယာင္း!ဟင့္...အီးဟီး...ဟင့္...အင့္
မင္းအိမ္ျပန္လာပါဦး၊မ်ိဳးေစ့ေလး..အင့္..ဟင့္..
မ်ိဳးေစ့ေလးက... '

" ေမာင္ျပန္လာေနၿပီ၊ခဏေလးေစာင့္! "

ထယ္ေယာင္းမွာ ကူးငိုသည့္အသံေၾကာင့္ေရာ
မ်ိဳးေစ့ေလးဆိုသည့္အသံေၾကာင့္ပါ ေခြၽးေတြပ်ံ
လာၿပီျဖစ္သည္။ကူးေလးအသံကေပ်ာ္လြန္းလို႔
ငိုသံေလးေတြေရာယွက္ေနတာျဖစ္သည္။

ထယ္ေယာင္းက အထင္လြဲမွားသြားသည္မို႔ကူးအသံေသးေလးၾကားထည္းက အခန္းျပင္ေတာင္
ေရာက္သြားၿပီျဖစ္သည္။ဖုန္းခ်လိုက္ၿပီးကားဆီသို႔
အေျပးသြားကာ ၿပိဳင္ကားကိုထုတ္ေမာင္းသြားၿပီး
အိမ္သို႔ျပန္သြားသည္။မနက္ကေတာ့ သူ႔ဘာသာ
လာတာမို႔ သူ႔စီးေနၾကကားကိုစီးသြားသည္။

" ဆရာကေတာ့မေျပာမဆိုနဲ႔ထြက္သြားျပန္ၿပီ၊
အစည္းအေဝးကို မနက္ျဖန္က်မဆက္ေတာ့ပါဘူး၊
ဆရာမွာသြားတဲ့အတိုင္းပဲ ေသခ်ာစီစဥ္ၾကပါဗ်၊
လိုအပ္တာဆို ကြၽန္ေတာ့္ကိုလာေျပာပါ "

ေယာင္းဝူက က်န္ရွိေနေသးသည့္သူေတြအတြက္
အစည္းေဝးသိမ္းလိုက္ေပမဲ့ မင္ဂယူ႔မွာေတာ့
ထယ္ေယာင္းထြက္သြားၿပီးထည္းက ကူးေလးရဲ႕အေျခအေနကိုနားေထာင္ခ်င္ေနတာျဖစ္သည္။
ဘာမ်ားျဖစ္သြားတာလဲ။

- - - - -

ထယ္ေယာင္း႐ုံးမွာထည္းက အေျပးထြက္လာၿပီးဟိုေဆာ့ကိုဖုန္းေခၚခဲ့၏။အိမ္ေတာ္ကိုေရာက္ေတာ့ ကားကိုျဖစ္သလိုရပ္ထားလိုက္ၿပီး အိမ္ထဲအေျပးဝင္လာခဲ့သည္။ေဒၚေလးကေတာ့ အေျပးဝင္လာ
သည့္ထယ္ေယာင္းကိုေတြ႕ေတာ့ ေမးလိုက္သည္။

" သားထယ္ အေစာႀကီး--- "

အေဒၚေမးတာကိုေတာင္ဂရမစိုက္ပါဘဲ အေပၚကို
ေျပးတက္သြားတာမို႔ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
ၾကည့္ရတာ ဟိုေကာင္ေလးကသူမလုပ္တယ္ဆိုၿပီး
တိုင္လိုက္ၿပီပဲထင္သည္။မူယာမာယာမ်ားပါ့။

အခန္းေရွ႕ေရာက္ေတာ့ တံခါးေခါက္ေတာ့ဘဲ
ကူးေလးငိုေနမည္ထင္ၿပီး မ်က္ရည္ေတြလည္း
က်လို႔ တအားစိတ္ပူေနတာျဖစ္သည္။
အခန္းထဲမွာသူ႔အသက္ကူကယ္ရာမဲ့ေနၿပီး
ငိုၿပီးမ်ားရွိေနမလားဆိုသည့္အသိကေတာ့
ထယ္ေယာင္းရဲ႕ရင္ကိုနာက်င္ေစသည္အထိ။

ထယ္ေယာင္းအားတင္းကာ အခန္းတံခါးဆြဲဖြင့္ၿပီး
ကူးေလးကိုၾကည့္လိုက္သည္။ထယ္ေယာင္းက
တံခါးဖြင့္လိုက္သည္ႏွင့္ ကူးကေျပးဖက္လာ၏။
သူလည္းအသက္ကိုတင္းက်ပ္ေအာင္ဖက္ထားလိုက္ၿပီးငိုခ်ေတာ့သည္။

" ေမာင့္အသက္ေျပာပါဦး၊ေမာင္..ေမာင္တို႔မ်ိဳးေစ့ေလးကဘာျဖစ္တာလဲ၊ဘယ္သူ..ဘယ္သူက..
လုပ္တာလဲ၊ဘာျဖစ္တာလဲ.... "

ထယ္ေယာင္းက ကူးကိုဖက္ထားၿပီးငိုေနေပမဲ့
ကူးေလးကေတာ့ ထယ္ေယာင္းငိုေနတာကိုသတိ
ထားမိၿပီး မဟုတ္ေၾကာင္းရွင္းျပဖို႔ေျပာရမည္။

" မငိုပါနဲ႔၊ငါေရာမ်ိဳးေစ့ေလးေရာဘာမွမျဖစ္ဘူး၊
မင္းကဘာလို႔ထင္သြားတာလဲဟင္...မငိုပါနဲ႔ေနာ္၊
မ်က္ရည္ေတြမထြက္နဲ႔ေတာ့ေလ၊ကေလးလိုပဲ... "

ကူးေလးကေခ်ာ့ေလ ထယ္ေယာင္းကမ်က္ရည္ေတြက်လာသည္မို႔ ကူးေလးကထယ္ေယာင္းရဲ႕
ပါးျပင္ေပၚကမ်က္ရည္စေတြကို ခပ္ဖြဖြေလး
သုတ္ေပးပါေသးသည္။

" ေမာင္...ေမာင္ကမင္းတစ္ခုခုျဖစ္သြားတယ္ထင္
တာ၊ၿပီးေတာ့ မ်ိဳးေစ့ေလးေရာပဲ၊မနက္ကေတာင္
အသက္က စိတ္ပူေနတယ္ေျပာေတာ့ေမာင္လည္း
လန္႔သြားတာ... "

ကူးေလးကထယ္​ေယာင္းရဲ႕ မ်က္ရည္ေတြကို
သုတ္ေပးလိုက္ၿပီးၿပဳံးကာ ကူးကရွပ္အက်ႌေလးကို
လွန္လိုက္ၿပီး ထယ္ေယာင္းရဲ႕လက္ဖဝါးကိုကိုင္ကာ
တင္ေပးလိုက္သည္။

" ပါးပါးရဲ႕မွိတ္​တုတ္​မွိတ္​တုတ္ၾကယ္ကေလးေရ
ဒယ္ဒီ့ကိုမ်ိဳးေစ့ေလးရွိေနေၾကာင္းျပလိုက္ပါဦး၊
ဒယ္ဒီငိုေနလို႔ ကေလးကေခ်ာ့လိုက္ပါေနာ္... "

ကူးေလးကေျပာေတာ့ ထယ္ေယာင္းထိထားတဲ့
ရပ္ဝန္းထဲကမ်ိဳးေစ့ေလးဟာ စကားေလးေတြကို
နားလည္လာဟန္ျဖင့္ လႈပ္ရွားမႈေသးေသးေလး
ျပလာတာမို႔ ထယ္ေယာင္းေတာင္ၿပဳံးသြား၏။

" ပါးပါးသီခ်င္းဆိုျပရမလား၊Twinkle twinkle
little star. How I wonder what you are.
Up above the world so high. Like a diamond in the sky.အာ့!ခ်စ္စရာေလး၊
မ်ိဳးေစ့ေလးကငါသီခ်င္းဆိုဖို႔ေစာင့္ေနတာပဲ "

ကူးေလးကငိုရင္းေျပာၿပီး ထယ္ေယာင္းလည္း
မ်ိဳးေစ့ေလးရဲ႕လႈပ္ရွားမႈကို ေပ်ာ္လြန္းေနတာမို႔
အသံေလးေပးမိသည္။

" မ်ိဳးေစ့ေလး...ဒယ္ဒီပါ၊ဒယ္ဒီကအရင္ေန႔ေတြ
စကားေျပာေပးတာေတာင္ မ်ိဳးေစ့ေလးကဘာမွ
လႈပ္ရွားမျပဘူး၊ဒယ္ဒီ့ထက္ပါးပါးကို ေစာင့္ေနတာ
လား ဒယ္ဒီ့မ်ိဳးေစ့ေလး... "

ထယ္ေယာင္းကစကားေျပာေလ ေျခရာေလးေတြ
ျမင္သာေအာင္ပိုတိုးျပေနသည္။ကူးေလးမွာေတာ့
မ်ိဳးေစ့ေလး လႈပ္ရွားျပေနသည္ကိုၾကည့္ၿပီး
ေခြၽးေစးေတြထြက္ေပမဲ့လည္း ကေလးေလးက
အခုမွေပ်ာ္ေနေတာ့ နာက်င္မႈကိုသည္းခံထား၏။

" ေမာင့္အသက္...နာေနတယ္မလား... "

" ထားလိုက္ပါ၊မ်ိဳးေစ့ေလးေပ်ာ္ေနပါေစ၊ငါနာတာ
အဲ့ေလာက္ထိေတာ့မဟုတ္ပါဘူး၊မ်ိဳးေစ့ေလးက
ဗိုက္ထဲက်န္းက်န္းမာမာရွိေနရင္ငါေပ်ာ္တယ္ "

ကူးေလးရပ္ဝန္းေလးထဲ လႈပ္ရွားေနသည့္မ်ိဳးေစ့
ေလးကိုငုံ႔ၾကည့္လိုက္ရင္းေျဖသည္။ထယ္ေယာင္း
လည္း နာက်င္မႈကိုသူမခံစားရေပမဲ့သူအသက္က
ပိုနာေနမည္ဆိုးတာေၾကာင့္ သူမၾကည့္ရက္လို႔မို႔
ဗိုက္ပူေလးကိုနမ္းလိုက္သည္။

" မြ!ဒယ္ဒီ့မ်ိဳးေစ့ေလးေရ ပါးပါးနာေနၿပီေလကြာ၊
မင္းရွိတာကို ဒယ္ဒီနဲ႔ပါးပါးသိသြားပါၿပီဗ်ာ၊
ခ်စ္တယ္...အိပ္ေတာ့၊ဒယ္ဒီတို႔ ညၾကေတာ့မွ
စကားထပ္ေျပာၾကတာေပါ့ဗ်ာ "

ထယ္ေယာင္းကဗိုက္ေလးကိုပြတ္ေပးၿပီးေျပာေတာ့
အထဲကလႈပ္ရွားေနသည့္ မ်ိဳးေစ့ေလးကၿငိမ္ၾက
သြားၿပီျဖစ္သည္။ထို႔ေနာက္ကူးေလးလည္းဆိုဖာ
ေပၚထိုင္လိုက္ေတာ့ ထယ္ေယာင္းကကူးေလးေရွ႕
ထိုင္ခ်ေတာ့သည္။

" ေမာင့္အသက္...ေမာင္မင္းတို႔ကိုစိတ္ပူသြားတာ၊
ေတာ္ပါေသးရဲ႕၊ေမာင့္အသက္ကဘာမွမျဖစ္လို႔ "

ကူးေလးရဲ႕ေပါင္ေပၚေခါင္းတင္ၿပီး လက္ျဖဴေလး
ကိုဆြဲယူနမ္းကာ မ်က္ရည္ေတြထပ္က်ရင္းငိုေန
ေတာ့သည္။ကူးေလးကေတာ့ ထယ္ေယာင္းရဲ႕
ေ႐ႊအိုေရာင္ဆံပင္ေတြကိုပြတ္ေပးလိုက္ရင္းျဖင့္
ထယ္ေယာင္းရဲ႕မ်က္ႏွာေလးကို ဆြဲေမာ့ေစၿပီး
မ်က္ရည္ေတြကိုႏူးညံ့စြာသုတ္ေပးသည္။

" ငါနဲ႔မ်ိဳးေစ့ေလးက ဘာမွမျဖစ္ဘူး၊ငါလည္း
မ်ိဳးေစ့ေလးကို ကာကြယ္ႏိုင္ပါတယ္၊ေဟာ...
ကေလးတစ္ေယာက္လို ငိုမေနပါနဲ႔ေတာ့လို႔ "

" ေမာင္ေၾကာက္သြားလို႔ပါကြာ၊ေတာင္းပန္ပါတယ္၊
မ်ိဳးေစ့ေလးလႈပ္ရွားလာလို႔ ေပ်ာ္ေနရမွာကိုငိုေန
ေသးတယ္... "

ထယ္ေယာင္းရဲ႕မ်က္ရည္ေတြကို ကူးေလးကသုတ္
ေပးလိုက္ေတာ့ ထယ္ေယာင္းမငိုေတာ့ဘဲကူးရဲ႕
ေပါင္ေပၚေခါင္းတင္လိုက္ၿပီးၿငိမ္ေနေတာ့သည္။

ကူးေလးကေတာ့ေခါင္းေလးပြတ္ေပးရင္းျဖင့္
ၿငိမ္ၿငိမ္ေလးၿပဳံးၾကည့္ေနမိသည္။ရင္ထဲကေန
ကင္မ္ထယ္ေယာင္းကိုအခ်ိန္တိုင္းတမ္းတမိေပမဲ့
အရင္ကလိုကူးမမုန္းေတာ့ဘူး။ဒါေပမဲ့ခ်စ္ဖို႔ေရာ
မျဖစ္ႏိုင္ေသးတာေၾကာင့္ လက္မခံႏိုင္ေသးတာ
ျဖစ္မည္။

- - - - -

ညေနေရာက္ေတာ့ သူငယ္ခ်င္းေတြအားလုံးဟိုတယ္မွာေတြ႕ဖို႔ခ်ိန္ထားခဲ့ၾကသည္။
မေတြ႕ခင္ေလးေတာ့ ကူးေလးနဲ႔မ်ိဳးေစ့ေလးရဲ႕
က်န္းမာေရးစစ္ရန္အတူ ေဆး႐ုံကိုလာခဲ့သည္။

က်န္းမာေရးစစ္မည့္အခန္းထဲေရာက္ေတာ့
ေဆးပစၥည္းစုံမလားဆိုသည္ကိုစစ္ၾကည့္ေနစဥ္
ကူးေလးကေမးလာသည္။

" ဟိုေဆာ့ မ်ိဳးေစ့ေလးကေလ အၾကာႀကီးေနမွ
အစ္ကိုသီခ်င္းဆိုျပေတာ့ သူလႈပ္ရွားမႈေတြျပလာ
တယ္... "

ကူးေလးကေမးလာေတာ့ ဟိုေဆာ့ကၿပဳံးလိုက္ၿပီး
ေခါင္းတၿငိမ့္ၿငိမ့္ျဖစ္ေနသည္။ၿပီးမွလုပ္စရာရွိတာ
လုပ္ေပးရင္းေျဖလာသည္။

" ၾကည့္ရတာေတာ့ မ်ိဳးေစ့ေလးကအစ္ကိုကူးရဲ႕
အသံကိုေမွ်ာ္ေနတာေနမယ္၊တစ္ခ်ိဳ႕ကေလးေတြ
ရွိတယ္၊လႈပ္ရွားမႈေႏွးတယ္ဆိုတာ သူတို႔ခ်စ္တဲ့
သူရဲ႕အသံမၾကားရလို႔ ၿငိမ္ေနတာမ်ိဳးပဲ "

" မ်ိဳးေစ့ေလးက အစ္ကို႔ကိုေစာင့္ေနတာေပါ့ "

ကူးေလးကဟိုေဆာ့စကားကို ျပန္ေျဖလိုက္ေတာ့
ဟိုေဆာ့ကၿပဳံးရင္းေခါင္းၿငိမ့္သည္။ကူးေလး
လည္းေပ်ာ္သြားၿပီး မ်က္ဝန္းဝိုင္းေလးေတြမွာ
မ်က္ရည္ေလးစေတြေတာင္တြဲခိုေနေသးသည္။

ထယ္ေယာင္းကေတာ့ ကူးေလးရဲ႕အနားမွာရွိေနၿပီး
ကူးေလးရဲ႕လက္ေလးကိုဆုပ္ကိုင္ထားေပးသည္။
ထယ္ေယာင္းနဲအတူ ေဆးစစ္ခ်က္ေတြကိုၾကည့္
ရင္း ကေလးေလးရဲ႕က်န္းမာသည့္ႏွလုံးခုန္သံကို
ၾကားရသည္။

" မ်ိဳးေစ့ေလးက ထြားလိုက္တာ၊အစ္ကိုကူးလည္း
က်န္းမာေရးစစ္တိုင္း အရမ္းေကာင္းလိုက္တာပဲ "

ဟိုေဆာ့စကားေၾကာင့္ ကူးေလးေရာထယ္ေယာင္း
ႏွစ္ေယာက္အတူၿပဳံးမိၾကပါေသးသည္။ၿပီးေနာက္
ဟိုေဆာ့ဆက္ၾကည့္ရင္း....

" ကေလးကထြားေတာ့ ငါလည္းဘယ္အခ်ိန္ေမြးမလဲေျပာႏိုင္တာကေတာ့ေသခ်ာတယ္၊ငါေျပာခ်င္တာတစ္ခုကေတာ့ ေဆး႐ုံေစာတက္လိုက္ရင္ေတာ့
ရပါတယ္၊ငါရက္အတိအက်သတ္မွတ္ေပးမယ္၊
ဒါနဲ႔ကေလးေလးက ဘာေလးလဲဆိုတာေရာ
ၾကည့္ၾကမလား? "

ဟိုေဆာ့စကားေၾကာင့္ ကူးေလးနဲ႔ထယ္ေယာင္း
မ်က္ႏွာခ်င္းဆိုင္စုံၾကည့္မိလိုက္ၾကသည္။
ထယ္ေယာင္းၾကည့္ရတာလည္း သိခ်င္ေနပုံေပါက္
သလို၊ကူးေလးမွာလည္း ကေလးေလးရဲ႕လႈပ္ရွားမႈ
ျပထည္းက ဘာေလးလဲဆိုတာသိခ်င္ေနသည္။

ဒါေၾကာင့္မို႔ႏွစ္ေယာက္အတူ ဟိုေဆာ့ကိုၾကည့္ၿပီး
ေခါင္းၿငိမ့္ျပလိုက္ၾကသည္။ဟိုေဆာ့ကလည္း
ၿပဳံးလိုက္ၿပီး ကေလးေလးရဲ႕အမူအရာကိုၾကည့္ရန္
Tv screenဘက္သို႔လွည့္လိုက္ၿပီး စစ္ေနရင္း
ေပၚလာသည္ေၾကာင့္ ၿပဳံးလိုက္ၿပီးစကားဆို၏။

" မ်ိဳးေစ့ေလးက သားေယာက္်ားေလးပဲ "

ဟိုေဆာ့စကားေနာက္ ကူးေလးနဲ႔ထယ္ေယာင္းက
ၿပဳံးလိုက္ၾကၿပီး ထယ္ေယာင္းဆိုလည္းကူးေလးရဲ႕
ပါးေဖာင္းေလးကိုႏွာေခါင္းနစ္ဝင္သည္အထိနမ္းၿပီး ေက်းဇူးတင္ေၾကာင္းတဖြဖြဆိုေနေတာ့သည္။

သူငယ္ခ်င္းေတြအားလုံး ထမင္းအတူစားၾကမွာမို႔
နမ္ဂြၽန္႔ဟိုတယ္မွာပင္လူစုံၾကသည္။ေယာင္းဝူလည္းထယ္ေယာင္းတို႔အုပ္စုထဲ မပါမျဖစ္မို႔
ႀကိဳေရာက္ေနေသးသည္။ထယ္ေယာင္းတို႔နဲ႔
ဟိုေဆာ့ကလာတာမို႔ ေနာက္က်မွေရာက္လာ၏။

" ေဂ်ာင္ကူး!ေနေကာင္းတယ္မလား "

ကူးေလးကိုေတြ႕ေရာ ဂ်ီမင္ကအေျပးလာၿပီးေမး၏။အထက္တန္းထဲကအတူတက္ခဲ့တဲ့
သူငယ္ခ်င္းႏွစ္ေယာက္ မေတြ႕တာေတာင္
အေတာ္ၾကာခဲ့ၿပီေလ။

" အင္း...ေနေကာင္းတယ္၊မင္းကေတာ့အလုပ္ေတြ
ႀကိဳးစားေနတယ္ဆို၊ငါ့အထင္ မင္ယြန္းဂီနဲ႔တည့္သြားၿပီထင္တယ္... "

" တည့္စရာလား၊လုပ္ငန္းမွာအားေနရန္ျဖစ္ရတာ၊
ဟိုတစ္ခါလည္း ဥကၠဌျဖစ္ၿပီးစာရင္းေတြမွားေနလို႔
ဆံပင္မွတ္ေလာက္ေအာင္ ဆြဲေပးလိုက္တယ္ "

ဂ်ီမင္က ကူးေလးအနားကပ္ကာခပ္တိုးတိုးေလး
ေျပာေတာ့ ကူးရယ္လိုက္သည္။ထယ္ေယာင္းက
ကူးေဘးမွာရပ္ေနရင္း နမ္ဂြၽန္နဲ႔ေဆာ့ဂ်င္ေရာက္
လာၿပီးထမင္းစားရန္ သီးသန္႔အခန္းကိုေခၚ၏။

" ကင္မ္ထယ္ေယာင္း ငါသန္႔စင္ခန္းသြားဦးမယ္၊
မင္းအရင္ဝင္ႏွင့္လိုက္ေနာ္... "

" ေမာင္လိုက္ခဲ့မယ္ေလ "

ထယ္ေယာင္းက ကူးေလးအဆင္မေျပမွန္းသိလို႔
လိုက္ပို႔မည္ေျပာသည္။ဂ်ီမင္ကၾကားကေန သူလိုက္ေပးမယ္လို႔ေျပာေတာ့ ထယ္ေယာင္းက
လက္ခံေပးလိုက္သည္။သူငယ္ခ်င္းေတြမို႔
ထိခိုက္မိမွာအတြက္ စိတ္ပူစရာမလိုေတာ့ဘူး။

" ငါက အခုတေလာမင္ဂယူနဲ႔ေတြ႕ျဖစ္တယ္၊
မင္ဂယူကေတာ့ မင္းအေၾကာင္းကိုအၿမဲေမးေနတာ၊ဒါေတာင္ မင္ယြန္းဂီကငါနဲ႔မင္ဂယူကိုအၿမဲ
တြဲေတြ႕ေနလို႔ဆိုၿပီး ျပႆနာရွာေနေသးတာ "

" မင္ယြန္းဂီကလည္းမင္းကိုခ်စ္လို႔ေပါ့ "

ဂ်ီမင္က ကူးေလးကိုကူတြဲေပးရင္း သန္႔စင္ခန္းသို႔
လိုက္ပို႔ေပးသည္။ကူးေလးရယ္လိုက္သည္။
မင္ယြန္းဂီကလည္း ကူးနဲ႔သာအရင္ကမတည့္တာ။
အခုေနာက္ပိုင္းေတာ့ ႏွစ္ေယာက္သားၾကား
အဆင္ေျပသြားၾကသည္။

မ်ိဳးေစ့ေလးေၾကာင့္ အိမ္ကိုေရာက္လာၿပီးကူးေလး အတြက္စားခ်င္တာေတြကို အၿမဲဝယ္လာေပးၿပီး
မ်ိဳးေစ့ေလးကိုဂ႐ုစိုက္ရန္ တဖြဖြမွာေနေသး၏။

တစ္ဖက္ကစားေသာက္ဝိုင္းမွာေတာ့ ေဆာ့ဂ်င္ျပင္
ထားသည့္ဟင္းလ်ာေတြက အားလုံးအတြက္ေတာ့အဆင္ေျပသလို ကူးေလးအတြက္လည္းအဆင္
ေျပပါသည္ေလ။

ထယ္ေယာင္းက ကူးအတြက္အစားစာေတြကို
အသားကိုလည္းမဝါးႏိုင္မွာဆိုးၿပီး အတုံးေသးစိပ္
ေလးေတြျဖတ္ၿပီး ႏူးသည္၊မႏူးသည္ကိုစမ္းသပ္
ေပးသည္။ထယ္ေယာင္းက ကူးေလးရဲ႕အေသး
စိတ္ကအစဂ႐ုစိုက္ေပးပါသည္။

" ထယ္ေယာင္း!မင္းနဲ႔အစ္ကိုကူးအေျခအေနက
အခုခ်ိန္ထိ မင္းနဲ႔ငါပဲလား၊မင္းေခၚခ်င္တာေလး
မေခၚလာေသးဘူးလား "

နမ္ဂြၽန္ေမးလာတဲ့အေမးကို ထယ္ေယာင္းက
ကူးအတြက္အသားေတြနဲ႔ပုဇြန္ေတြကိုအခြံခြာေပးေနရင္းမွ ေခါင္းခါျပလိုက္ၿပီးစကားဆိုသည္။

" ငါ့အသက္ကငါ့ကို မခ်စ္ေသးဘူးကြာ "

ထယ္ေယာင္းက ကူးေလးအေၾကာင္းေျပာရင္း
မ်က္ႏွာပ်က္သြားသည္ကို သုံးေယာက္လုံးသတိ
ထားမိပါသည္။ေယာင္းဝူကေတာ့ စားေနရင္းမွ
စိတ္မေကာင္းသည့္မ်က္မွာထားျဖင့္ ၾကည့္ၿပီး
ဝင္ေျဖလာေသးသည္။

" ဆရာ့အပိုင္ကမခ်စ္တာေတာ့မဟုတ္ေလာက္ပါဘူးဗ်ာ၊မူေနတာပဲေနမယ္၊ကြၽန္ေတာ္ရယ္ခ်င္တာသိလား၊ကေလးကျဖင့္မၾကာခင္ေမြးလာေတာ့မယ္၊မေမြးခင္ေတာင္တစ္ခုခုဆို ဆရာ့နာမည္ကို
အရမ္းတတာ၊ေဟ်ာင္းတို႔ပဲစဥ္းစားၾကည့္ေပါ့ "

ေယာင္းဝူစကားေၾကာင့္ နမ္ဂြၽန္တို႔ကပုဇြန္အခြံခြာ
ေပးေနသည့္ထယ္ေယာင္းဘက္ကို ၿပိဳင္တူၾကည့္
ရင္း ၿပဳံးေနၾကသည္။

" ေယာင္းဝူေျပာသလိုဆို အစ္ကိုကူးကမူေနတာပဲ၊
မျဖစ္ေတာ့ဘူး ထယ္ေယာင္း၊မင္းကေတာ့ အစ္ကိုကူးရဲ႕ရင္ဖြင့္သံကိုသိလာေအာင္ လုပ္ရမယ္ "

" မင္းတို႔ေတြတိတ္လိုက္ေတာ့၊ငါ့သားမ်ိဳးေစ့ေလး
မထြက္လာေသးခင္ ဘာမွထိတ္လန္စရာမလုပ္နဲ႔၊
အသက္ငါ့ကိုခ်စ္လာဖို႔ဆို ငါကအခ်စ္ေတြျပေပး
ေနတာပဲကြာ.... "

" အစ္ကိုကူးက မင္းကိုခ်စ္ေနပါတယ္ကြာ "

ထယ္ေယာင္းက ပုဇြန္ေတြအခြံခြာေပးၿပီးေရာ
တစ္ရႉးျဖင့္လက္သုတ္လိုက္ရင္း စကားဆိုေတာ့
ဟိုေဆာ့ကလည္း ထယ္ေယာင္းကိုကူးကခ်စ္
လာမွာပါဆိုၿပီးေျဖလိုက္ေသးသည္။

ယြန္းဂီကေတာ့ ထယ္ေယာင္းကပုဇြန္အခြံခြာ
ေနတာကိုမ်က္ေမွာင္ႀကဳံ႕ၾကည့္လိုက္ရင္း
ေျပာေတာ့သည္။

" မင္ဂ်ီမင္ဆိုငါတို႔BBQသြားစားတိုင္းအၿမဲပုဇြန္
စားၿပီးအခြံတင္းခြာခိုင္းေနတာ၊ငါကေျပာလိုက္တာ၊ပုဇြန္ေတာင္မခြာႏိုင္ရင္ပဲေျပာရေသး၊
ပုဇြန္ဗန္းနဲ႔ငါ့ကိုေကာက္ေပါက္ၿပီးထြက္သြားတာ၊
သူပဲပုဇြန္စားခ်င္လို႔ မွာၿပီးေတာ့ငါ့လာခြာခိုင္းေနတယ္ေလ "

" အဲ့ဒါ ရည္းစားေတြၾကားလုပ္ေပးၾကတယ္ေလ
မင္းယြန္းဂီရဲ႕! "

ယြန္းဂီကထယ္ေယာင္းတို႔ကို ဂ်ီမင္အေၾကာင္း
အတင္းတုတ္ေနတုန္းရွိေသး သန္႔စင္ခန္းကေန
ျပန္လာသည့္ ဂ်ီမင္ကကူးကိုတြဲထားရင္းမွ
ေျပာလိုက္သည္။

" ဘာမွမဟုတ္ပါဘူး၊ဒီပုဇြန္ေလးပဲေျပာတာပါ "

" အဲ့ပုဇြန္ေလးမွအခြံမခြာႏိုင္ေပးရင္ ငါနဲ႔လာမတြဲ
နဲ႔ေနာ္ မင္ယြန္းဂီ၊ငါကမင္းကိုအဲ့ေနကလမ္းခြဲဖို႔
ေျပာတာကို မင္းဘာသာမင္း မင္ေလးရယ္
မွားပါတယ္၊မွားပါတယ္လို႔ေတာင္းပန္ေနတာ "

ကူးေလးကိုတြဲေခၚလာရင္း ထယ္ေယာင္းကခုံဆြဲယူေပးၿပီးထိုင္ေစကာ ဂ်ီမင္ကေတာ့ယြန္းဂီကိုပဲ
ပိတ္ေဟာက္ေနေသးသည္။ယြန္းဂီမွာေတာ့
သူ႔Imageမပ်က္ေအာင္ထိန္းၿပီး ျငင္းေနရ၏။

နမ္ဂြၽန္တို႔၊ဟိုေဆာ့ရယ္၊ေယာင္းဝူတို႔လည္း
ယြန္းဂီထံမွၾကားတဲ့စကားနဲ႔တလြဲစီဆိုေတာ့
ႀကိတ္ရယ္ေနၾကေသးသည္။

" ေမာင္အကုန္လုပ္ေပးထားတယ္၊အဆင္သင့္
စား႐ုံပဲ၊သားသားမ်ိဳးေစ့ေလးလည္းဝေအာင္စား၊
ပါးပါးေရာ၊မင္းေရာက်န္းမာဖို႔အေရးႀကီးတယ္ "

ထယ္ေယာင္းကကူးေလးရဲ႕ဗိုက္ပူေလးကိုထိရင္း
ေျပာလိုက္သည္။ကူးေလးက ထယ္ေယာင္းရဲ႕
မ်က္ႏွာကိုၾကည့္ရင္း အားနာစိတ္ကလည္းဝင္၏။

ထယ္ေယာင္းတို႔ေျပာေနတာေတြကို ကူးအားလုံး
ၾကားပါသည္။ကူးလည္းေတြးမိပါေသးသည္။
ေယာင္းဝူေျပာသလို ကူးကအၿမဲလိုအပ္တိုင္း
ထယ္ေယာင္းကိုပဲ တမ္းတေနတာျဖစ္သည္။
တစ္ခုခုဆိုလည္းစိတ္ပူတာေတြပါမ်ားသည္။

ထယ္ေယာင္းကေတာ့ ကူးရဲ႕အခ်စ္ကိုလိုလားေပမဲ့
ကူးကိုယ္တိုင္ကမေရရာမေသခ်ာေသးတာေၾကာင့္
အားနာမိသည္။ကူးဆုံးျဖတ္ခ်က္ခ်မွရေတာ့မည္။
ကူးတကယ္ပဲ ကင္မ္ထယ္ေယာင္းကိုခ်စ္မိေန
တာလားလို႔။

To be continued ~

ေစာေစာေလးUpdateေပးလိုက္ပါတယ္ဗ်။

> >

Comment