ZG
ကင္မ္က ဒီေန႔လည္း လာလည္ဦးမည္ ေျပာတာေၾကာင့္ မေန႔ညေနက ကင္မ္ျပန္သြားၿပီးေနာက္ အဖြားထံမွ ကင္မ္အေၾကာင္းေတြ ထပ္ၿပီး ေလ့လာရသည္
အဖြားရဲ့ ေျပာစကားအရေတာ့ ကင္မ္ဟာ ေဂ်ာင္ေလးနဲ႔ အထက္တန္းကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကတာျဖစ္ၿပီး အိမ္ကို ဝင္ထြက္ေနသည့္အထိ ေကာင္းမြန္ေသာ ဆက္ဆံေရး႐ွိခဲ့ၾကသည္တဲ့
သို႔ေပမယ့္ ေဂ်ာင္ေလးမွာ က်ေနာ္ဆိုတဲ့ အႁမႊာ႐ွိတာကိုေတာ့ ျမင္လဲ မျမင္ဖူးတာမို႔ မသိေလာက္ဟန္တူသည္ဟု ေျပာသည္
ဒီေလာက္ အိမ္ကို ဝင္ထြက္တဲ့အထိ ေကာင္းမြန္တဲ့ ဆက္ဆံေ႐းရွိသည္ဆိုသူက က်ေနာ္နဲ႔ တခါမွလဲ မဆံုဖူး က်ေနာ့္ကိုေတာင္ မသိဘူးဆိုသည္ကေတာ့ အနည္းငယ္ ထူးဆန္းေနသည္ မဟုတ္လား
ေဂ်ာင္ေလးထက္စာရင္ က်ေနာ္ကေတာင္ အိမ္မွာ ေနတဲ့အခ်ိန္ ပိုမ်ားခဲ့တာမလား
ထားပါေတာ့ ဒါလဲ က်ေနာ့္ အလုပ္ မဟုတ္ပါဘူးေလ..
အဖြားထံမွ ကင္မ့္အေျကာင္းမ်ား နားေထာင္ၾကည့္ရာမွ ကင္မ္က ေဂ်ာင္ေလး၏ အျခားေသာ ခ်စ္သူမ်ားႏွင့္ ယွဥ္လ်ွင္ ေတာ္ေတာ္ေလးကို ကဲြထြက္ေနသည္ကိုလဲ ေတြ႔ရသည္
က်ေနာ္သိေသာ ေဂ်ာင္ေလးခ်စ္သူဆုိသူမ်ားက ေပါ့ေပါ့ေန ေပါ့ေပါ့စား တဖက္သားကို ေလးစားမႈ မ႐ွိေသာ သူေဌးသား လူေပၚေၾကာ့မ်ားျဖစ္ေသာ္လည္း
ကင္မ္ကေတာ့ လူႀကီးလူေကာင္းဆန္ျပီး ငယ္ငယ္ရြယ္ရြယ္နွင္႕ အရည္အခ်င္းလဲ႐ွိ ေတာ္လဲေတာ္သည့္အျပင္ မည္သူ႔ကိုမဆို ေလးစားသမႈနွင့္ ဆက္ဆံၿပီး စိတ္ထားျပည့္ဝေသာ လူတေယာက္ ျဖစ္ဟန္ေပၚသည္
႐ုပ္ရည္အသြင္အျပင္ကို ၾကည့္လ်ွင္လည္း အေတာ္ေလးကို ၾကည့္ေကာင္းေသာ ႐ုပ္ရည္ႏွင့္ အရပ္အေမာင္းရွိသူလဲ ျဖစ္ေလသည္
စူး႐ွေသာ အၾကည့္ပိုင္႐ွင္ ျဖစ္ေသာ္ျငားလဲ က်ေနာ့္ကိုဆို ေဂ်ာင္ေလးအမွတ္ျဖင့္ ေႏြးေႏြးေထြးေထြးသာ ၾကည့္ေနက်မို႔ ေႏြးေထြးေသာ အသြင္ကို ေဆာင္သည္
စကားေျပာလိုက္လ်ွင္လည္း ဩ႐ွ႐ွ အသံျဖင့္ ေႏြးေထြးစြာ ေျပာတတ္ဆိုတတ္သူ ျဖစ္ေလသည္
အံ့အားသင့္စရာေကာင္းသည္ကေတာ့ ဒီလို အဘက္ဘက္က အျပစ္ေျပာစရာမ႐ွိသည့္သူႏွင့္ ေဂ်ာင္ေလးလိုလူ ဘယ္လိုမ်ားေတြ႔ၿပီး ႀကိဳက္သြားတယ္ဆိုတာ စဥ္းစားစရာပင္
လူဆိုတာ အက်င့္တူခ်င္းသာ ေပါင္းသင္းတတ္ၾကသည္ဆိုေသာ္ျငားလဲ ကင္မ့္လို လူမ်ိဳးႏွင့္ ေဂ်ာင္ေလးလိုလူလဲ ေတြ႔တတ္ၾကသည္ပင္ကိုး
.
.
.
.
.
.
"ဒါကဘယ္သြားမလို႔လဲ?"
အဖြားမသိေအာင္ ခိုးထြက္ရန္ျပင္ၿပီးမွ တံခါးဝမွာ တည့္တည့္တိုးရတယ္လို႔
"အလုပ္သြားမလို႔ပါ အဖြား"
"ငါတို႔ရဲ႕ သေဘာတူညီခ်က္ကို ေမ့ေနတာလား"
"အဲ့လူက ညေနမွ လာမွာမလား အဖြား. က်ေနာ္ ေက်ာင္းဆင္းတာနဲ႔ အိမ္တန္းျပန္ခဲ့မွာပဲကို"
"အို မသြားရပါဘူး. အခန္႔မသင့္လို႔ လမ္းမွာေတြ႔မွျဖင့္ ဟန္ေဆာင္ထားသမ်ွ ဘူးေပၚသလိုေပၚကုန္မွာေပါ့"
"အဖြားရယ္.က်ေနာ္က ေက်ာင္းက လစာယူထားတဲ့ ဆရာတေယာက္ေလ. ေက်ာင္းပ်က္ထားတာလဲ တရက္၂ရက္မဟုတ္တာမို႔ အက်ိဳးအေၾကာင္းေတာ့ သြားေျပာသင့္တယ္ မဟုတ္ဘူးလား"
"မလိုဘူး.နင္ စာသင္တဲ့ မူႀကိဳနာမည္သာေျပာ. ဒ႐ိုင္ဘာလႊတ္ၿပီး ေျပာခိုင္းလိုက္မယ္"
"အဖြား အရမ္းလြန္ေနၿပီ မဟုတ္ဘူးလား"
"ဟယ္. နင္က အျပစ္လုပ္ထားတဲ့သူေနာ္.ငါ့ေက်းဇူးနဲ႔ ဘာအျပစ္မွ ႀကီးႀကီးမားမားေတာင္ မခံရပဲဲ ခိုင္းတဲ့ အတိုင္းေလး ဟန္ေဆာင္ရတာကို ေဆြ႔ေဆြ႔ေတြခုန္ေနတာလား အခု. ဒီအလုပ္ေလး တပတ္ေလာက္ မလုပ္ရတာ ေသသြားမွာ မလို႔လား. အလုပ္မ႐ွိေတာ့ေရာ နင့္ကို ငါတို႔က အိမ္ကေန ႏွင္ခ်မွာ မလို႔လား? ခိုင္းတဲ့ အတိုင္း အလိုက္သင့္ေလး လုပ္ရတာကို ဘာလို႔ အထြန့္တက္ခ်င္ေနရတာလဲဟယ္"
"ဒါေပမယ့္----"
"ဘာဆင္ေျခမွ မၾကားခ်င္ဘူး. အခုအိမ္ထဲ ျပန္ဝင္. ငါေျပာတဲ့အတိုင္း မလုပ္ရင္ နင့္အေဖနဲ႔ေတြ႔မွာေနာ္"
ေနာက္ဆံုးေတာ့လည္း အဖြားရဲ႕ စကားကို ဘယ္ေတာ့မွ မလြန္ဆန္ႏိုင္ခဲ့တဲ့ က်ေနာ္ဟာ ေျပာတဲ့ အတိုင္း လုပ္ခဲ့ရတာပါပဲ...
.
.
.
.
.
.
ေတာ္ရံု ေဖေဖတို့ႏွင့္ ထမင္းလက္ဆံုစားေလ့မ႐ွိရာမွ ယခု အေတာ္အတန္ၾကာမွ ညေနစာ အတူ စားရသည့္အျပင္ ေဖေဖ့ထံမွ အျပစ္ေပးခံထားရတာလဲ ဘယ္ေလာက္မွ မၾကာေသးတာမို႔ အေတာ္ အေနခက္ေနသည္
ဒါ့အျပင္ က်ေနာ္မဟုတ္သည့္ ေဂ်ာင္ေလးအေနႏွင့္လဲ ဟန္ေဆာင္ေနရေသးသည္ မဟုတ္လား
မ်က္လံုးေ႐ွ႕တြင္ စားေကာင္းေသာက္ဖြယ္မ်ား ႐ွိေနေသာ္လည္း စားရမွာပင္ ခက္ခဲေနေသာ အေနအထားျဖစ္ေနသည္ပင္
ေဖေဖ့ဘက္မွ မ်က္ႏွာလဲႊ၍ အျခားတဘက္သို႔ လွည့္ၾကည့္လိုက္လ်ွင္လည္း က်ေနာ့္အား ပ်ားရည္ဆမ္းထားေသာ မ်က္လံုးမ်ားျဖင့္ ျပံဳး၍ၾကည့္ေနေသာ ကင္မ္ေၾကာင့္ အေနခက္ရျပန္သည္
သူကသာ က်ေနာ့္ကို ျပံဳးၾကည့္ေနတာ က်ေနာ့္မွာေတာ့ သူနဲ႔ မ်က္လံုးခ်င္းဆံုတုိင္း က်ေနာ္မွန္းသိသာမွာစိုးလို႔ ႏွလံုးခုန္ရပ္မတပ္ပင္
လူတေယာက္ကို လိမ္ညာရတာ သိပ္ကို ပင္ပန္းပါလားေနာ္
အေနရခက္ေသာ အေျခအေနႀကီးကို ေဖေဖ့စကားသံတခုျဖင့္ ခ်ိဳးဖ်က္လိုက္ရာမွ အနည္းငယ္ပင္ တုန္တက္သြားရသည္
"ထယ္ေဟ်ာင္းက အခု ဒီကရံုးခ်ဳပ္ကို ျပန္ေရာက္လာျပီဆို?"
ကင္မ္က ေဖေဖ့ေမးခြန္း အဆံုးတြင္ ျပံဳးကာ တည္ၾကည္ေသာ ေလသံျဖင့္ ေျဖေလသည္
"ဟုတ္ကဲ့ဗ် မႏွစ္ကထိ ႏိုင္ငံျခားက ရံုးခဲြမွာ အထိုင္က်ေနရင္း ေဖေဖကလဲ သူ႔အနားမွာထားၿပီး ကူလုပ္ေစခ်င္တယ္ဆိုလို႔ အလုပ္ေတြ လက္စသတ္ၿပီး ဒီကရံုးခ်ဳပ္ကို ေျပာင္းလာလိုက္တာပါ"
"ေတာ္လိုက္တာ တကယ္အားကိုးရတဲ့သားျဖစ္ေနတာပဲ. ဥကၠ႒ကင္မ္က သိပ္ကံေကာင္းတယ္"
"အဲ့လိုရယ္ေတာ့လဲ မဟုတ္ပါဘူးဗ်ာ ဘာပဲေျပာေျပာ ေဖေဖနဲ႔ ေမေမ့မွာလဲ သားဆိုလို႔ က်ေနာ္ တေယာက္တည္း ႐ွိတာဆိုေတာ့ အရြယ္ေကာင္းျဖစ္တဲ့ က်ေနာ္က အနီးကပ္ေစာင့္ေ႐ွာက္သင့္တာေပါ့"
က်ေနာ့္ေ႐ွ႕မွာ ဟက္ဟက္ပက္ပက္ ရယ္ေလ့မ႐ွိတဲ့ ေဖေဖက ကင္မ့္အေျဖေၾကာင့္ သေဘာက်စြာရယ္လိုက္ၿပီး
"ေအာင္မယ္ေလး ဒီလိုသားတေယာက္ဆိုရင္ေတာ့ ေမြးရက်ိဳးနပ္မွာပဲ အန္ကယ္ေတာ့ မင္းကို သားေတာ္ခ်င္ေနေတာ့တာပဲ"
"မၾကာခင္ ေတာ္ရမွာပါ အန္ကယ္ရဲ႕"
ကင္မ္၏ ေျပာစကားေၾကာင့္ ေခါက္ဆဲြကို ခက္ရင္းျဖင့္လိပ္ေနေသာ က်ေနာ့္လက္ေတြပါ ရပ္တန္႔သြားရသည္
ဒီလူရဲ႕ စကားေတြက အေႏွာင့္အသြားေတြ မလြတ္လိုက္တာ
စိတ္ထဲတြင္ တမ်ိဳးခံစားရေသာ္လည္း ကင္မ့္ အာရံု က်ေနာ့္ဆီသို႔ ျပန္မေရာက္ခင္ ဟန္မပ်က္သာ စားစရာ႐ွိတာ ဆက္စားေနလိုက္ေတာ့သည္
"ဟားဟား ထယ္ေဟ်ာင္းကေတာ့ လူေနာက္ကေလးပဲ"
"ေအာ္ အဖြားကလဲ တကယ္ေျပာတာပါဆို. က်ေနာ္ ခဏေနရင္ ေျပာစရာ႐ွိတယ္ရယ္"
ဟုတ္ပါရဲ႕.. က်ေနာ့္ကို စေတြ႔တဲ့ေန႔ကတည္းက ေျပာစရာ႐ွိတယ္ဆိုၿပီး ေျပာေနတာ
ဘာအေရးႀကီး ကိစၥလဲေတာ့ မသိ..
"ဟုတ္ပါၿပီ. ဘာအေၾကာင္းအရာလဲဆိုတာ အဖြားလဲ အေတာ္စိတ္ဝင္စားေနၿပီရယ္"
"က်ေနာ့္ရဲ့ ေဂ်ာင္ေလးကေတာ့ ႀကိဳခန္႔မွန္းမိေလာက္မွာပါ"
ကင္မ္က ေျပာေျပာဆိုဆုိျဖင့္ က်ေနာ့္ မ်က္လံုးကို တည့္တည့္ၾကည့္ကာ ျပံဳးျပျပန္သည္
ေနာက္ေတာ့ ေဖေဖ့ဘက္ကို ျပန္လွည့္ကာ
"က်ေနာ္ ဒီကို ျပန္လာတာေလ ေဖေဖတို႔ေၾကာင့္ပဲ မဟုတ္ပဲ တျခားရည္ရြယ္ခ်က္ ရွိပါေသးတယ္ အန္ကယ္"
အဖြားနဲ႔ ေဖေဖ့ဘက္ကို ေဝ့ၾကည့္ေတာ့ ကင့္မ္ စကားေၾကာင့္ အနည္းငယ္ အ့ံအားသင့္သြားၾကပံုပင္
"ေဂ်ာင္ေလးကေတာ့ မွတ္မိပါဦးမလား မသိေပမယ့္ က်ေနာ္ ဒီကေန မသြားခင္ ေဂ်ာင္ေလးကို ကတိတခုေပးခဲ့ပါတယ္ အန္ကယ္.အဲ့ဒီ ကတိကို တည္ဖို႔အတြက္ျပန္လာခဲ့တာပါ"
ဘုရားေရ ဘာေတြလဲ
ေဂ်ာင္ေလးနဲ႔ ဒီလူၾကား ဘာကတိေတြ ႐ွိခဲ့မယ္ဆိုတာ က်ေနာ္က ဘယ္လိုလုပ္သိမွာလဲ က်ေနာ္တခါမွ မျမင္ဖူးသည့္လူေလ
အ့ံအားသင့္မဆံုးျဖစ္ေနစဥ္မွာပင္ က်ေနာ့္လက္အား ထယ္ေဟ်ာင္း႐ွိက ဆုပ္ကိုင္လိုက္ရင္း
"မေတြ႔ရတာ အခ်ိန္ ၅ႏွစ္ဆိုေပမယ့္ ကို ဒီ၅ႏွစ္လံုး လူမႈေရးျပႆနာအ႐ႈပ္အ႐ွင္း ဘာမွမ႐ွိေအာင္ ေနခဲ့တာပါ..ကို ဒီကို ျပန္လာရတဲ့ အေၾကာင္းအရင္းထဲမွာ ေဂ်ာင္ေလးကို ေပးခဲ့တဲ့ ကတိေၾကာင္႔လဲပါတာမို႔ ကို႔ကို က်ိန္းေသေပါက္ လက္ခံေပးမယ္မလား"
ဘယ္ကတိကို ေျပာမွန္းမသိတာေၾကာင့္ က်ေနာ္လဲ အလိုက္သင့္ ေခါင္းသာညိမ့္လိုက္မိသည္
ကင္မ္က ေက်နပ္သြားဟန္ျဖင့္ ေဖေဖ့ဘက္သို႔ ျပန္လွည့္ကာ
"အခုလိုေျပာတာ အရမ္းေလာတယ္ထင္ရမွန္းသိေပမယ့္ေလ က်ေနာ္ ေဂ်ာင္ေလးနဲ႔ လက္ထပ္ပါရေစ အန္ကယ္. ခြင့္ျပဳေပးႏိုင္မလား မသိဘူးဗ်"
အို ဘုရားသခင္...
ေဂ်ာင္ေလးကေတာ့ က်ေနာ့္ကို တကယ္ပဲ ျပႆနာေတြနဲ႔ ထားခဲ့သည္ပဲ..
#Tbc
See you in next episode~
-해바라기
UNI
ကင်မ်က ဒီနေ့လည်း လာလည်ဦးမည် ပြောတာကြောင့် မနေ့ညနေက ကင်မ်ပြန်သွားပြီးနောက် အဖွားထံမှ ကင်မ်အကြောင်းတွေ ထပ်ပြီး လေ့လာရသည်
အဖွားရဲ့ ပြောစကားအရတော့ ကင်မ်ဟာ ဂျောင်လေးနဲ့ အထက်တန်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး အိမ်ကို ဝင်ထွက်နေသည့်အထိ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသည်တဲ့
သို့ပေမယ့် ဂျောင်လေးမှာ ကျနော်ဆိုတဲ့ အမြွှာရှိတာကိုတော့ မြင်လဲ မမြင်ဖူးတာမို့ မသိလောက်ဟန်တူသည်ဟု ပြောသည်
ဒီလောက် အိမ်ကို ဝင်ထွက်တဲ့အထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည်ဆိုသူက ကျနော်နဲ့ တခါမှလဲ မဆုံဖူး ကျနော့်ကိုတောင် မသိဘူးဆိုသည်ကတော့ အနည်းငယ် ထူးဆန်းနေသည် မဟုတ်လား
ဂျောင်လေးထက်စာရင် ကျနော်ကတောင် အိမ်မှာ နေတဲ့အချိန် ပိုများခဲ့တာမလား
ထားပါတော့ ဒါလဲ ကျနော့် အလုပ် မဟုတ်ပါဘူးလေ..
အဖွားထံမှ ကင်မ့်အကြောင်းများ နားထောင်ကြည့်ရာမှ ကင်မ်က ဂျောင်လေး၏ အခြားသော ချစ်သူများနှင့် ယှဉ်လျှင် တော်တော်လေးကို ကွဲထွက်နေသည်ကိုလဲ တွေ့ရသည်
ကျနော်သိသော ဂျောင်လေးချစ်သူဆိုသူများက ပေါ့ပေါ့နေ ပေါ့ပေါ့စား တဖက်သားကို လေးစားမှု မရှိသော သူဌေးသား လူပေါ်ကြော့များဖြစ်သော်လည်း
ကင်မ်ကတော့ လူကြီးလူကောင်းဆန်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အရည်အချင်းလဲရှိ တော်လဲတော်သည့်အပြင် မည်သူ့ကိုမဆို လေးစားသမှုနှင့် ဆက်ဆံပြီး စိတ်ထားပြည့်ဝသော လူတယောက် ဖြစ်ဟန်ပေါ်သည်
ရုပ်ရည်အသွင်အပြင်ကို ကြည့်လျှင်လည်း အတော်လေးကို ကြည့်ကောင်းသော ရုပ်ရည်နှင့် အရပ်အမောင်းရှိသူလဲ ဖြစ်လေသည်
စူးရှသော အကြည့်ပိုင်ရှင် ဖြစ်သော်ငြားလဲ ကျနော့်ကိုဆို ဂျောင်လေးအမှတ်ဖြင့် နွေးနွေးထွေးထွေးသာ ကြည့်နေကျမို့ နွေးထွေးသော အသွင်ကို ဆောင်သည်
စကားပြောလိုက်လျှင်လည်း ဩရှရှ အသံဖြင့် နွေးထွေးစွာ ပြောတတ်ဆိုတတ်သူ ဖြစ်လေသည်
အံ့အားသင့်စရာကောင်းသည်ကတော့ ဒီလို အဘက်ဘက်က အပြစ်ပြောစရာမရှိသည့်သူနှင့် ဂျောင်လေးလိုလူ ဘယ်လိုများတွေ့ပြီး ကြိုက်သွားတယ်ဆိုတာ စဉ်းစားစရာပင်
လူဆိုတာ အကျင့်တူချင်းသာ ပေါင်းသင်းတတ်ကြသည်ဆိုသော်ငြားလဲ ကင်မ့်လို လူမျိုးနှင့် ဂျောင်လေးလိုလူလဲ တွေ့တတ်ကြသည်ပင်ကိုး
.
.
.
.
.
.
"ဒါကဘယ်သွားမလို့လဲ?"
အဖွားမသိအောင် ခိုးထွက်ရန်ပြင်ပြီးမှ တံခါးဝမှာ တည့်တည့်တိုးရတယ်လို့
"အလုပ်သွားမလို့ပါ အဖွား"
"ငါတို့ရဲ့ သဘောတူညီချက်ကို မေ့နေတာလား"
"အဲ့လူက ညနေမှ လာမှာမလား အဖွား. ကျနော် ကျောင်းဆင်းတာနဲ့ အိမ်တန်းပြန်ခဲ့မှာပဲကို"
"အို မသွားရပါဘူး. အခန့်မသင့်လို့ လမ်းမှာတွေ့မှဖြင့် ဟန်ဆောင်ထားသမျှ ဘူးပေါ်သလိုပေါ်ကုန်မှာပေါ့"
"အဖွားရယ်.ကျနော်က ကျောင်းက လစာယူထားတဲ့ ဆရာတယောက်လေ. ကျောင်းပျက်ထားတာလဲ တစ်ရက် နှစ်ရက် မဟုတ်တာမို့ အကျိုးအကြောင်းတော့ သွားပြောသင့်တယ် မဟုတ်ဘူးလား"
"မလိုဘူး.နင် စာသင်တဲ့ မူကြိုနာမည်သာပြော. ဒရိုင်ဘာလွှတ်ပြီး ပြောခိုင်းလိုက်မယ်"
"အဖွား အရမ်းလွန်နေပြီ မဟုတ်ဘူးလား"
"ဟယ်. နင်က အပြစ်လုပ်ထားတဲ့သူနော်.ငါ့ကျေးဇူးနဲ့ ဘာအပြစ်မှ ကြီးကြီးမားမားတောင် မခံရပဲဲ ခိုင်းတဲ့ အတိုင်းလေး ဟန်ဆောင်ရတာကို ဆွေ့ဆွေ့တွေခုန်နေတာလား အခု. ဒီအလုပ်လေး တပတ်လောက် မလုပ်ရတာ သေသွားမှာ မလို့လား. အလုပ်မရှိတော့ရော နင့်ကို ငါတို့က အိမ်ကနေ နှင်ချမှာ မလို့လား? ခိုင်းတဲ့ အတိုင်း အလိုက်သင့်လေး လုပ်ရတာကို ဘာလို့ အထွဋ်တက်ချင်နေရတာလဲဟယ်"
"ဒါပေမယ့်----"
"ဘာဆင်ခြေမှ မကြားချင်ဘူး. အခုအိမ်ထဲ ပြန်ဝင်. ငါပြောတဲ့အတိုင်း မလုပ်ရင် နင့်အဖေနဲ့တွေ့မှာနော်"
နောက်ဆုံးတော့လည်း အဖွားရဲ့ စကားကို ဘယ်တော့မှ မလွန်ဆန်နိုင်ခဲ့တဲ့ ကျနော်ဟာ ပြောတဲ့ အတိုင်း လုပ်ခဲ့ရတာပါပဲ...
.
.
.
.
.
.
တော်ရုံ ဖေဖေတို့နှင့် ထမင်းလက်ဆုံစားလေ့မရှိရာမှ ယခု အတော်အတန်ကြာမှ ညနေစာ အတူ စားရသည့်အပြင် ဖေဖေ့ထံမှ အပြစ်ပေးခံထားရတာလဲ ဘယ်လောက်မှ မကြာသေးတာမို့ အတော် အနေခက်နေသည်
ဒါ့အပြင် ကျနော်မဟုတ်သည့် ဂျောင်လေးအနေနှင့်လဲ ဟန်ဆောင်နေရသေးသည် မဟုတ်လား
မျက်လုံးရှေ့တွင် စားကောင်းသောက်ဖွယ်များ ရှိနေသော်လည်း စားရမှာပင် ခက်ခဲနေသော အနေအထားဖြစ်နေသည်ပင်
ဖေဖေ့ဘက်မှ မျက်နှာလွှဲ၍ အခြားတဘက်သို့ လှည့်ကြည့်လိုက်လျှင်လည်း ကျနော့်အား ပျားရည်ဆမ်းထားသော မျက်လုံးများဖြင့် ပြုံး၍ကြည့်နေသော ကင်မ်ကြောင့် အနေခက်ရပြန်သည်
သူကသာ ကျနော့်ကို ပြုံးကြည့်နေတာ ကျနော့်မှာတော့ သူနဲ့ မျက်လုံးချင်းဆုံတိုင်း ကျနော်မှန်းသိသာမှာစိုးလို့ နှလုံးခုန်ရပ်မတပ်ပင်
လူတယောက်ကို လိမ်ညာရတာ သိပ်ကို ပင်ပန်းပါလားနော်
အနေရခက်သော အခြေအနေကြီးကို ဖေဖေ့စကားသံတခုဖြင့် ချိုးဖျက်လိုက်ရာမှ အနည်းငယ်ပင် တုန်တက်သွားရသည်
"ထယ်ဟျောင်းက အခု ဒီကရုံးချုပ်ကို ပြန်ရောက်လာပြီဆို?"
ကင်မ်က ဖေဖေ့မေးခွန်း အဆုံးတွင် ပြုံးကာ တည်ကြည်သော လေသံဖြင့် ဖြေလေသည်
"ဟုတ်ကဲ့ဗျ မနှစ်ကထိ နိုင်ငံခြားက ရုံးခွဲမှာ အထိုင်ကျနေရင်း ဖေဖေကလဲ သူ့အနားမှာထားပြီး ကူလုပ်စေချင်တယ်ဆိုလို့ အလုပ်တွေ လက်စသတ်ပြီး ဒီကရုံးချုပ်ကို ပြောင်းလာလိုက်တာပါ"
"တော်လိုက်တာ တကယ်အားကိုးရတဲ့သားဖြစ်နေတာပဲ. ဥက္ကဋ္ဌကင်မ်က သိပ်ကံကောင်းတယ်"
"အဲ့လိုရယ်တော့လဲ မဟုတ်ပါဘူးဗျာ ဘာပဲပြောပြော ဖေဖေနဲ့ မေမေ့မှာလဲ သားဆိုလို့ ကျနော် တယောက်တည်း ရှိတာဆိုတော့ အရွယ်ကောင်းဖြစ်တဲ့ ကျနော်က အနီးကပ်စောင့်ရှောက်သင့်တာပေါ့"
ကျနော့်ရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်လေ့မရှိတဲ့ ဖေဖေက ကင်မ့်အဖြေကြောင့် သဘောကျစွာရယ်လိုက်ပြီး
"အောင်မယ်လေး ဒီလိုသားတယောက်ဆိုရင်တော့ မွေးရကျိုးနပ်မှာပဲ အန်ကယ်တော့ မင်းကို သားတော်ချင်နေတော့တာပဲ"
"မကြာခင် တော်ရမှာပါ အန်ကယ်ရဲ့"
ကင်မ်၏ ပြောစကားကြောင့် ခေါက်ဆွဲကို ခက်ရင်းဖြင့်လိပ်နေသော ကျနော့်လက်တွေပါ ရပ်တန့်သွားရသည်
ဒီလူရဲ့ စကားတွေက အနှောင့်အသွားတွေ မလွတ်လိုက်တာ
စိတ်ထဲတွင် တမျိုးခံစားရသော်လည်း ကင်မ့် အာရုံ ကျနော့်ဆီသို့ ပြန်မရောက်ခင် ဟန်မပျက်သာ စားစရာရှိတာ ဆက်စားနေလိုက်တော့သည်
"ဟားဟား ထယ်ဟျောင်းကတော့ လူနောက်ကလေးပဲ"
"အော် အဖွားကလဲ တကယ်ပြောတာပါဆို. ကျနော် ခဏနေရင် ပြောစရာရှိတယ်ရယ်"
ဟုတ်ပါရဲ့.. ကျနော့်ကို စတွေ့တဲ့နေ့ကတည်းက ပြောစရာရှိတယ်ဆိုပြီး ပြောနေတာ
ဘာအရေးကြီး ကိစ္စလဲတော့ မသိ..
"ဟုတ်ပါပြီ. ဘာအကြောင်းအရာလဲဆိုတာ အဖွားလဲ အတော်စိတ်ဝင်စားနေပြီရယ်"
"ကျနော့်ရဲ့ ဂျောင်လေးကတော့ ကြိုခန့်မှန်းမိလောက်မှာပါ"
ကင်မ်က ပြောပြောဆိုဆိုဖြင့် ကျနော့် မျက်လုံးကို တည့်တည့်ကြည့်ကာ ပြုံးပြပြန်သည်
နောက်တော့ ဖေဖေ့ဘက်ကို ပြန်လှည့်ကာ
"ကျနော် ဒီကို ပြန်လာတာလေ ဖေဖေတို့ကြောင့်ပဲ မဟုတ်ပဲ တခြားရည်ရွယ်ချက် ရှိပါသေးတယ် အန်ကယ်"
အဖွားနဲ့ ဖေဖေ့ဘက်ကို ဝေ့ကြည့်တော့ ကင့်မ် စကားကြောင့် အနည်းငယ် အံ့အားသင့်သွားကြပုံပင်
"ဂျောင်လေးကတော့ မှတ်မိပါဦးမလား မသိပေမယ့် ကျနော် ဒီကနေ မသွားခင် ဂျောင်လေးကို ကတိတခုပေးခဲ့ပါတယ် အန်ကယ်.အဲ့ဒီ ကတိကို တည်ဖို့အတွက်ပြန်လာခဲ့တာပါ"
ဘုရားရေ ဘာတွေလဲ
ဂျောင်လေးနဲ့ ဒီလူကြား ဘာကတိတွေ ရှိခဲ့မယ်ဆိုတာ ကျနော်က ဘယ်လိုလုပ်သိမှာလဲ ကျနော်တခါမှ မမြင်ဖူးသည့်လူလေ
အံ့အားသင့်မဆုံးဖြစ်နေစဉ်မှာပင် ကျနော့်လက်အား ထယ်ဟျောင်းရှိက ဆုပ်ကိုင်လိုက်ရင်း
"မတွေ့ရတာ အချိန် ၅နှစ်ဆိုပေမယ့် ကို ဒီ၅နှစ်လုံး လူမှုရေးပြဿနာအရှုပ်အရှင်း ဘာမှမရှိအောင် နေခဲ့တာပါ..ကို ဒီကို ပြန်လာရတဲ့ အကြောင်းအရင်းထဲမှာ ဂျောင်လေးကို ပေးခဲ့တဲ့ ကတိကြောင့်လဲပါတာမို့ ကို့ကို ကျိန်းသေပေါက် လက်ခံပေးမယ်မလား"
ဘယ်ကတိကို ပြောမှန်းမသိတာကြောင့် ကျနော်လဲ အလိုက်သင့် ခေါင်းသာညိမ့်လိုက်မိသည်
ကင်မ်က ကျေနပ်သွားဟန်ဖြင့် ဖေဖေ့ဘက်သို့ ပြန်လှည့်ကာ
"အခုလိုပြောတာ အရမ်းလောတယ်ထင်ရမှန်းသိပေမယ့်လေ ကျနော် ဂျောင်လေးနဲ့ လက်ထပ်ပါရစေ အန်ကယ်. ခွင့်ပြုပေးနိုင်မလား မသိဘူးဗျ"
အို ဘုရားသခင်...
ဂျောင်လေးကတော့ ကျနော့်ကို တကယ်ပဲ ပြဿနာတွေနဲ့ ထားခဲ့သည်ပဲ..
#Tbc
See you in next episode~
-해바라기