ZG
"ေဂ်ာင္ဂု?"
ဝရန္တာတြင္ ႏွင္းၾကည့္ရန္ေစာင့္ေနတုန္း ၾကားလိုက္ရေသာ ဩ႐ွ႐ွအသံေၾကာင့္ ခ်က္ခ်င္းပင္လွည့္ၾကည့္မိေလေတာ့ ထင္ထားသည့္အတိုင္း ကင္မ္ျဖစ္ေလသည္
"ေအာ္ ကင္မ္ လာေလ"
"ဘာလုပ္ေနတာလဲ ေခါင္းေရစိုႀကီးနဲ႔"
"ဒီေန႔ ပထမဆံုးႏွင္းက်မယ္ဆိုလို႔ေလ ကင္မ္. အဲ့ဒါေစာင့္ေနတာရယ္"
"ပထမဆံုးႏွင္းက ေခါင္းသုတ္ၿပီးမွ ၾကည့္လဲ ရပါတယ္. ဘယ္ခ်ိန္ကတည္းက ဒီလိုႀကီးေနေနတာလဲ. အေအးမိမယ္ေလ"
"ရပါတယ္ ကင္မ္ရဲ႕. က်ေနာ္ ခုနက သုတ္ထားတာ ေျခာက္သေလာက္လဲ ျဖစ္ေနပါၿပီ"
ကင္မ္က စကားျပန္မျပဳပဲ က်ေနာ့္ဆံပင္မ်ားကို ထိုးဖြလိုက္ကာ
"ဒါလား ေျခာက္တာ?? အဲ့လိုနဲ႔ပဲ ဖ်ားေတာ့မွာ မဟုတ္ဘူးလား ေဂ်ာင္ဂု"
"ရပါတယ္ဆို က်ေနာ္က မာပါတယ္ ကင္မ္ရယ္"
"က်စ္. ေျပာရခက္လိုက္တာ"
ကင္မ္က အိမ္တြင္းသို႔ ျပန္ဝင္သြားၿပီး အတန္ငယ္ၾကာ သဘက္ပိုင္းတခုကိုယူလာကာ ေခါင္းသုတ္ေပးရန္ျပင္ေလေတာ့
"အာ..ကင္မ္ ဒီေလာက္ထိ လုပ္မေပးပါနဲ႔"
"ၿငိမ္ၿငိမ္ေန. ကို႔အိမ္မွာ မင္းေနေနတဲ့ ေတာက္ေလ်ွာက္ကေတာ့ မင္းက်န္းမာေရးကိုပါ ဂ႐ုစိုက္ေပးရမွာ ကို႔တာဝန္ပဲေလ"
ကင္မ့္စကားေၾကာင့္ ရင္ထဲေႏြးခနဲခံစားလိုက္ရေသာ္လည္း
"မဟုတ္ရင္ ေဂ်ာင္ေလး ျပန္လာရင္ ကို႔ကို ဆူမွာေပါ့. သူ႔ညီကို ေကာင္းေကာင္းမထားဘူးဆိုၿပီး"
ေနာက္ဆက္တဲြစကားေၾကာင့္ ဘာေၾကာင့္ရယ္မသိ ဝမ္းနည္းမိျပန္သည္
ေဂ်ာင္ေလးနာမည္ကို ၾကားမိေလတိုင္း ရင္ထဲတြင္ ဝမ္းနည္းသလိုလို တခုခုကို ဆံုး႐ႈံးရေတာ့မည္ ခံစားခ်က္လိုလိုျဖစ္လာသည္ကို သတိထားမိပါသည္
ယမန္ေန႔ကလည္း ေက်ာင္းလာႀကိဳရင္း ကင္မ့္မိတ္ေဆြဆိုသူက ေဂ်ာင္ေလးႏွင့္ ေတြ႔ခဲ့ေၾကာင္းကို ကင္မ္မွတဆင့္ ျပန္ၾကားရသည့္အခါ ယခုကဲ့သို႔ ခံစားခ်က္မ်ိဳး ျဖစ္ခဲ့ေသးေလသည္
က်ေနာ္ သည္လိုနဲ႔ပဲ ေဂ်ာင္ေလးျပန္လာမွာကိုပါ စုိးရိမ္ေနတာေတာ့ မဟုတ္ဘူးမလား..?
"ေက်းဇူးပါ ကင္မ္. ဒါေပမယ့္ က်ေနာ့္ဘာသာပဲ လုပ္လိုက္ပါ့မယ္. အားနာဖို႔ေကာင္းတယ္ေလ"
"ဘာကိုအားနာတာလဲ?? ေဂ်ာင္ဂုပဲ ကိုက ေဂ်ာင္ဂုသူငယ္ခ်င္းဆို? သူငယ္ခ်င္း အခ်င္းခ်င္းက ဒီေလာက္ေတာ့ လုပ္ေပးရမွာေပါ့ ဟုတ္တယ္မလား"
"သူငယ္ခ်င္းဆိုေပမယ့္လည္း ေသခ်ာ ျပန္စဥ္စားရင္ ကင္မ္က က်ေနာ့္ ခဲအိုေလ. ဒီေလာက္အထိ လိုက္လုပ္ေပးဖို႔က် မသင့္ေတာ္ဘူးထင္လို႔ပါ"
က်ေနာ့္စကားအဆံုးတြင္ ကင္မ္က ေတြေဝသြားဟန္ေပၚကာ
"အင္း... ေဂ်ာင္ဂုေျပာတာလဲ ဟုတ္တယ္ေနာ္. ကိုနည္းနည္း အေတြးတိမ္သြားတယ္"
သဘက္ပိုင္းေလးအား က်ေနာ့္လက္ထဲသို႔ ထည့္ေပးေလသည္
"ေတာင္းပန္ပါတယ္. ကို႔ေၾကာင့္ ေဂ်ာင္ဂုကို အေနရခက္ေအာင္ လုပ္မိျပန္ၿပီ"
မဟုတ္တာ ကင္မ္ရယ္...
တခ်ိန္ကေတာ့ အေနရခက္ဖူးေပမယ့္ အခုခ်ိန္မွာ ကင္မ့္ ဂ႐ုစိုက္မႈေတြနဲ႔ အသားက်ေနၿပီျဖစ္တဲ့ က်ေနာ္က ဒီ့ထက္ပိုၿပီး လိုက္ေလ်ာမိရင္ ပိုဆိုးလာမွာ သိတာမို႔
စည္းေဖာက္ခ်င္ေနတဲ့ ႏွလံုးသားေလး မယိမ္းယိုင္ရေအာင္ ကင္မ္နဲ႔က်ေနာ့္ၾကားမွာ က်ေနာ္ကိုယ္တိုင္ပဲ စည္းျခားထားေတာ့မွ ျဖစ္မွာမို႔ပါ..
မဟုတ္ရင္ အခ်ိန္တန္လို႔ ခဲြခြာရတဲ့အခါ ပိုင္႐ွင္အစစ္ဆီ ျပန္မေပးႏိုင္ေတာ့မွာစိုးလို႔ပါ ကင္မ္...
"ေဂ်ာင္ဂု. ေဂ်ာင္ဂု"
"ဟ-ဟင္?"
"ဘာေတြေတြးေနတာလဲ ဟိုမွာ ႏွင္းက်ေနၿပီ"
"ဟင္ ဟုတ္လား?!"
ကင္မ္ ၫႊန္ျပရာသို႔ လွမ္းၾကည့္မိေတာ့ ႏွင္းမႈန္ေဖြးေဖြးတို႔က ေျဖးေျဖးခ်င္း က်ဆင္းေနကာ ပတ္ဝန္းက်င္တခုလံုးကို အလွဆင္ေနေတာ့သည္
"လွလိုက္တာ.."
"ဟုတ္ပ. ခုမွပဲ ကိုလဲ ပထမဆံုး ႏွင္းကို ေစာင့္ၾကည့္ဖူးေတာ့တယ္"
"ဟင္? ကင္မ္ မၾကည့္ဖူးဘူးလား?"
"အင္း... အရင္ကက် ငယ္ေသးေတာ့ အဲ့ဒါမ်ိဳးေတြ သိပ္အာရံုမထားမိဘူးေလ. ကေနဒါမွာ ေနတုန္းကလည္း စာနဲ႔လံုးပမ္းေနရေတာ့ ပထမဆံုးႏွင္းေတာင္ သတိမထားမိပဲ ဒီတိုင္းေဆာင္းတြင္းေရာက္ေရာက္သြားတာ"
"အာ.. အဲ့လိုကိုး"
"ေဂ်ာင္ဂုက အျမဲတမ္းေစာင့္ၾကည့္တာလား"
"အင္း. က်ေနာ္က အျမဲေစာင့္ၾကည့္ေနက်ေလ ငယ္ငယ္တည္းက. တခါတေလ ညသန္းေခါင္ထိမက်ေသးရင္ ညသန္းေခါင္ထိ မအိပ္ပဲ ေစာင့္ၾကည့္ျဖစ္တယ္"
"ဟုတ္လား. ဒါျဖင့္ရင္ ေဂ်ာင္ဂုတို႔ ညီအစ္ကိုက တူသလိုနဲ႔ကဲြသားေနာ္. ေဂ်ာင္ေလးကက်ေတာ့ ေဆာင္းရာသီကို မႀကိဳက္ဘူးေလ မတရားေအးလို႔ဆိုၿပီး"
ကင္မ့္စကားေျကာင့္ ပတ္ဝန္းက်င္တြင္ ႏွင္းေတြေဖြးေနသည္ကို ျမင္တိုင္း အဝတ္ထူထူဝတ္ရတာ အလုပ္႐ႈပ္သည္ဆိုကာ ေအာ္ဟစ္ၿငီးျငဴေလ့႐ွိေသာ ေဂ်ာင္ေလးကို ေျပးသတိရတာ ရယ္မိသြားေလသည္
"ဟုတ္တယ္. အဝတ္ထူထူဝတ္ရတာ အလုပ္႐ႈပ္တယ္ဆိုၿပီးေလ. သူသိပ္မုန္းတာ"
"ဟုတ္ပါ့. အဲ့ဒါေတာ့ ကို့ကိုလည္း ေျပာျပဖူးတယ္. ေဆာင္းတြင္းမွာ christmas နဲ႔ ကို႔ေမြးေန႔ကလဲြရင္ သူသေဘာက်တာမ႐ွိဘူးဆိုၿပီး"
"ေအာ္ ကင္မ္က ေဆာင္းတြင္းေမြးတာလား"
"ဟုတ္ပါတယ္ဗ်ား ႏွစ္မကုန္ခင္ တရက္အလိုပါ"
"ဒါျဖင့္ရင္ ကင့္ေမြးေန႔ေရာက္ဖို႔ေတာင္ သိပ္မလိုေတာ့ဘူးပဲ.."
"ဟုတ္ပါ့. ေမြးေန႔အမွီေတာ့ ေဂ်ာင္ေလးပါ ျပန္လာရင္ေကာင္းမွာ. လူစံုတက္စံု က်င္းပရမွာေပါ့. တကိုယ္တည္းေမြးေန႔လုပ္ရတာ ဘယ္ႏွႏွစ္ေတာင္မွလဲ"
ကင္မ့္စကားေၾကာင့္ တသက္လံုး စီနီယာႏွင့္ မေတြ႔ခင္ထိ တကုိယ္တည္းသာ ေမြးေန႔လုပ္ခဲ့ရသည့္ ငယ္ဘဝကို ျပန္ေတြးမိျပန္သည္
ေမြးေန႔ပဲြအႀကီးအက်ယ္ က်င္းပရန္ စီစဥ္လ်ွင္ေတာင္ က်ေနာ္ႏွင့္ ၂ေယာက္တူတူဆိုလ်ွင္ ေမြးေန႔မလုပ္ခ်င္သည့္ ေဂ်ာင္ေလးေၾကာင့္ အလယ္တန္းအထိ တကိုယ္တည္းသာ ေမြးေန႔ဆုေတာင္းခဲ့ရေသာ က်ေနာ့္ငယ္ဘဝဟာ ရယ္စရာေတာ့ ေကာင္းခဲ့သား
တမိတည္းက ဖြားေသာ ညီအစ္ကိုခ်င္းျဖစ္ေသာ္လည္း အရာရာတြင္ ဦးစားေပးျဖစ္ခဲ့သည့္ ေဂ်ာင္ေလးႏွင့္
၂ဦးယွဥ္လိုက္တိုင္း ဒုတိယေရြးခ်ယ္မႈသာျဖစ္၍ေနေသာ က်ေနာ္...တခါတရံေတာ့လည္း မနာလိုအားက်မိသားပင္
"ကဲ ပထမဆံုးႏွင္းလဲ ၾကည့္ျပီးၿပီဆိုေတာ့ ဝင္ၾကရေအာင္. မဟုတ္ရင္ အေအးပတ္လိမ့္မယ္"
"အင္း ေကာင္းေသာညပါ ကင္မ္"
"အင္း ေဂ်ာင္ဂုေကာပဲ. မအိပ္ခင္ ေခါင္းေသခ်ာသုတ္ၿပီးမွ အိပ္ေနာ္"
"အင္းပါ. စိတ္မပူပါနဲ႔ ကင္မ္"
.
.
.
.
.
ႏိုးကတည္းက ေခါင္းတခုလံုးအံုခဲေနရံုမက တကိုယ္လံုးပါ ကိုက္ခဲေနသည္မို႔ အေအးမိေနသည္ဆိုတာကို ခံစားမိလိုက္ပါသည္
ကင္မ္အတန္တန္ သတိေပးသည့္ၾကားက ေခါင္းမေျခာက္ေသးဘဲ ထိုးအိပ္လိုက္မိသည့္ က်ေနာ့္အမွားပင္
နာရီကို လွမ္းၾကည့္မိေတာ့ ကင္မ္အလုပ္သြားမည့္အခ်ိန္ေတာင္ ေရာက္ခါနီးၿပီမို႔ က်ေနာ့္အလုပ္ခ်ိန္လည္း နီးကပ္ေနေလၿပီ
သို့ေပမယ့္ ဒီအတိုင္းေက်ာင္းသြားလ်ွင္လည္း ႏုႏုနယ္နယ္ ကေလးေတြ အဖ်ားကူးမွာစိုးရိမ္ရမည္မဟုတ္လား
အလုပ္ျပန္ဆင္းတာ တလပင္ မျပည့္ေသးေသာ္လည္း အလုပ္က ထပ္ပ်က္ရေတာ့မည့္ပံုမို႔ မ်က္ႏွာပူစရာပင္
ဆရာႀကီးအား ဖုန္းဆက္ရန္ ထမည္အလုပ္မွာပဲ အခန္းတံခါးေခါက္သံေၾကာင့္ ထဖြင့္ေပးရန္လုပ္ရေတာ့သည္
ေနမေကာင္းသည္ေၾကာင့္ ေျခအစံုတို႔မွာလဲ အားအင္ခ်ိနဲ႔ေနသေယာင္ေယာင္
"ဟင္? ေဂ်ာင္ဂု အခုမွ ႏိုးတာလား?"
"အင္း..morning ကင္မ္. အလုပ္မသြားေသးဘူးလား"
"ေဂ်ာင္ဂုကို လိုက္ပို႔ေပးမလို႔ ကို ေစာင့္ေနတာေလ. ခုထိ ထြက္မလာေသးလို႔ လာၾကည့္တာ--- ေနစမ္းပါဦး အခု ဖ်ားေနတာလား?? မ်က္ႏွာက နီတြတ္ေနတာပဲ"
"သာမန္ အေအးမိရံုပါ ကင္မ္. က်ေနာ္ ဒီေန႔ အိမ္မွာပဲ နားလိုက္မယ္ စိတ္ခ်လက္ခ်သာ အလုပ္သြား---"
စကားမဆံုးခင္မွာပင္ နဖူးေပၚက်ေရာက္လာေသာ လက္ဝါးျပင္က်ယ္ႀကီးေၾကာင့္ ကိုယ္တြင္းအပူခ်ိန္ေတာင္ ပိုတိုးလာသကဲ့သို႔ပင္
"အင္း..ပူက်စ္ေနတာပဲကိုး..အဲ့ဒါေၾကာင့္ မ်က္ႏွာက ရဲေနတာ. အဲ့ဒါေၾကာင့္ မေန႔က ကို သတိေပးသားပဲ"
"ေဆး-ေဆးေသာက္ၿပီး နားလိုက္ရင္ ေကာင္းသြားမွာပါ ကင္မ္ရဲ႕.က်ေနာ္က မာပါတယ္---ဟတ္ခ်ိဳးးး"
အာ တကယ္ပါပဲ ဘာလို႔ ဒီအခ်ိန္မွ ႏွာထေခ်ရတာတုန္း
႐ွက္ဖို႔ေကာင္းလိုက္တာ ဂြၽန္ေဂ်ာင္ဂုရယ္
"ဟိုေလ sorryေနာ္ ကင္မ္"
"ရပါတယ္ ေနမေကာင္းေနတဲ့ဟာကို. သြားနားခ်ည္. ကို ဆန္ျပဳတ္လုပ္ေပးမယ္"
"ဟင္ ကင္မ္က အလုပ္သြားရမွာေလ. ဆန္ျပဳတ္ေလာက္ေတာ့ က်ေနာ့္ဘာသာ ျပဳတ္ေသာက္ႏိုင္ပါတယ္ ကင္မ္ရဲ႕"
"စကားေၾကာ႐ွည္လိုက္တာ ယုန္ေပါက္ကေလးရယ္ မင္းဟာေလ"
ကင္မ္၏ ႐ုတ္တရက္ေျပာင္းလဲသြားေသာ အေခၚအေဝၚေၾကာင့္ ႏွလံုးခုန္ႏႈန္းမ်ားက ရႇိရင္းစဲြထက္ပင္ ပို၍ျမန္ဆန္သြားရေတာ့သည္
"အ-အဟမ္း. ဒီေန႔ ကိုပါ ခြင့္ယူလိုက္မယ္လို႔. အဲ့လိုပဲ သိထားလိုက္.သြား သြား ျပန္အိပ္လိုက္ေတာ့"
ေခ်ာင္းဟန္႔ကာ ဧည့္ခန္းဘက္သို႔ ခပ္သြက္သြက္ထြက္သြားေသာ ကင္မ့္ေက်ာျပင္ကို ေငးၾကည့္ရင္း ပံုမွန္ထက္ ျမန္ဆန္စြာ လႈပ္႐ွားေနသည့္ ဘယ္ဘက္ရင္အုံတြင္းမွ အေကာင္ေပါက္ တည္ၿငိမ္ေစရန္သာ ႀကိဳးစားေနရေတာ့သည္
[Kim's pov]
အိပ္ရာႏိုးကတည္းက အိမ္က တိတ္ဆိတ္ေနတာေၾကာင့္ အနည္းငယ္ေတာ့ တမ်ိဳးျဖစ္မိသည္
ပံုမွန္ဒီအခ်ိန္ဆို Tannieကို စကားေတြေျပာရင္း ရယ္ေမာေနမယ့္ ေဂ်ာင္ဂုအသံၾကားရေနက်ပင္ မဟုတ္လား
အိပ္ခန္းထဲမွ မထြက္လာေသးဟန္ ေပၚသည္ေၾကာင့္ အခန္းတံခါးကို သြားေခါက္မိေလေတာ့ အားမ႐ွိေလေသာ မ်က္ဝန္း ခပ္ရဲရဲမ်က္ႏွာျဖင့္ ေဂ်ာင္ဂုကတံခါးလာဖြင့္ေလသည္
ၾကည့္ရတာ က်ေနာ္ထင္တဲ့အတိုင္းပါပဲ ဖ်ားေနၿပီထင္ပါရဲ႕
ကိုယ္ပူခ်ိန္တိုင္းရန္ နဖူးကို လက္ျဖင့္ စမ္းမိေလေတာ့ အဖ်ားရွိန္ေျကာင့္ ထင္ပါ၏ မ်က္ႏွာဝိုင္းေလးက ပို၍ရဲတက္သြားသည္ကို သတိထားမိေလသည္
"အင္း..ပူက်စ္ေနတာပဲကိုး..အဲ့ဒါေၾကာင့္ မ်က္ႏွာက ရဲေနတာ. အဲ့ဒါေၾကာင့္ မေန႔က ကို သတိေပးသားပဲ"
"ေဆး-ေဆးေသာက္ၿပီး နားလိုက္ရင္ ေကာင္းသြားမွာပါ ကင္မ္ရဲ႕.က်ေနာ္က မာပါတယ္---ဟတ္ခ်ိဳးးး"
မာပါတယ္ဆိုၿပီး စကားမဆံုးခင္ ႏွာထေခ်ေသာ အေကာင္ေပါက္ေၾကာင့္ အနည္းငယ္ေတာ့ ရယ္ခ်င္သြားတာအမွန္ပင္
အခုလည္း က်ေနာ့္ေ႐ွ႕မွာသာ ေဆးေသာက္ၿပီး နားမယ္ ေျပာေနေသာ္လည္း က်ေနာ္အလုပ္သြားရင္ အိမ္အလုပ္ေတြထလုပ္ေနမွာ သိသားရယ္
မျဖစ္ေသးပါဘူးေလ...ဘယ္လိုပဲေျပာေျပာ ကုိယ့္အိမ္ေပၚတက္ေနတဲ့သူကို ဒီလိုလက္လြတ္စပယ္လႊတ္ထားလို႔ ဘယ္ေကာင္းပါ့မလဲ
"စကားေၾကာ႐ွည္လိုက္တာ ယုန္ေပါက္ကေလးရယ္ မင္းဟာေလ"
ကိုယ့္ဟာကို ေျပာၿပီးမွ အေခၚအေဝၚကို သတိထားမိကာ
"အ-အဟမ္း. ဒီေန႔ ကိုပါ ခြင့္ယူလိုက္မယ္လို႔. အဲ့လိုပဲ သိထားလိုက္.သြား သြား ျပန္အိပ္လိုက္ေတာ့"
အ႐ွက္ေျပ ေခ်ာင္းတခ်က္ ဟန္႔၍ ေျပာသင့္တာသာေျပာၿပီး အခန္းဝမွ အျမန္လွည့္ထြက္ခဲ့ေတာ့သည္
မီးဖိုခန္းထဲသို႔ ေရာက္ျပန္ေတာ့လည္း တဖန္ေခါင္းစားရျပန္သည္
ဆန္ျပဳတ္ျပဳတ္တိုက္မည္ျဖစ္ေၾကာင္း အာေခ်ာင္ခဲ့ေသာ္လည္း ဆန္ကို က်ိဳးေအာင္ႀကိဳရသည္မွလဲြ၍ က်န္တာမသိ
ေမေမ့ကိုသာ အပူကပ္ရျပန္ေတာ့မေပါ့
"ဟယ္လိုေမေမ"
"သားငယ္ ဘာကိစၥ႐ွိလို႔တုန္း"
"ေထြေထြထူးထူးမဟုတ္ပါဘူး ေမေမ ေမးစရာ႐ွိလို႔. ဟိုေလ ဆန္ျပဳတ္က ဘယ္လုိျပဳတ္ရတာလဲဟင္"
"ဟင္ သားငယ္က ဆန္ျပဳတ္မႀကိဳက္တတ္ပါဘူး ဘယ္လိုျဖစ္ၿပီး"
"ေဂ်ာင္ဂု--အဲ့ ေဂ်ာင္ေလးအတြက္ ေမေမရဲ႕"
"ဟယ္ ေမ့သားမက္ေလးက ဘာျဖစ္လို႔တုန္း"
"ေနမေကာင္းျဖစ္ေနတာ ေမေမေရ က်ေနာ္ ေဖေဖ့ကိုေတာ့ အေၾကာင္းၾကားၿပီး ဒီေန့ ခြင့္ယူထားတယ္"
"ဟယ္ သားေဂ်ာင္ေလး ေနမေကာင္းျဖစ္တဲ့အထိ သားငယ္က ဘာေတြမ်ားလုပ္ေနတာတုန္း"
"ဟာ ေမေမဗ်ာ ဒီတိုင္း အေအးပတ္တာပါ"
"ေအးေလ သားငယ္က ေသခ်ာဂ႐ုမစိုက္လို႔လားလို႔ ေမေမက ေမးမလို႔ေလ မင္းဟာမင္းေလ်ွာက္ေတြးေနတာကို"
"ထားပါေတာ့. က်ေနာ့္ကို ဆန္ျပဳတ္ျပဳတ္နည္းေလး ေျပာျပေနာ္"
"ဆန္ကိုအရင္ ေရေဆးလိုက္. ၿပီးရင္ ၾကက္သြန္ျဖဴရယ္ ဆီေလးနည္းနည္းရယ္နဲ႔ အရင္ေလွာ္လိုက္. ေနာက္ၿပီးမွ ေရရယ္ သားထည့္ခ်င္တဲ႔ အသားတမ်ိဳးမ်ိဳးရယ္ ထည့္ျပဳတ္လိုက္ရင္ရၿပီ"
"တကယ္ႀကီး အဲ့ဒါပဲလား? ဟုတ္လို႔လား ေမေမရယ္"
"ဟဲ့ ေမေမဟင္းခ်က္လာတာ မင္းမေမြးခင္ကတည္းကပါဟယ္"
"မဟုတ္ဘူးေလ.. အဲ့ေလာက္ႀကီး လြယ္ေနေတာ့..."
"ေအာ္ အဲ့ဒါပဲဆို. ေနဦး သားငယ္လက္ရာနဲ႔ သားေဂ်ာင္ေလးကို လႊတ္ထားလို႔ မျဖစ္ေသးပါဘူး. ေမေမကိုယ္တိုင္ လာခဲ့မွပါ"
"ရတယ္ ေမေမ. က်ေနာ္ျပဳစုႏိုင္---"
စကားပင္ဆံုးေအာင္ နားမေထာင္ဘဲ ဖုန္းခ်သြားေသာ ေမေမ့ေၾကာင့္ ရယ္သာ ရယ္လိုက္မိေတာ့သည္
ေယာကၡမႏွင့္ သားမက္ဆက္ဆံေရးျဖစ္ေသာ္လည္း ငယ္စဥ္ကတည္းက မိခင္ေမတၱာငတ္ခဲ့ေသာ ေဂ်ာင္ေလးအား ေမတၱာအျပည့္အဝေပးခ်င္သည္ဆိုေသာ က်ေနာ့္ေမေမ
အေျပာႏွင့္အလုပ္လဲ ကိုက္ညီစြာ လက္မထပ္ခင္ကတည္းက လိုေလေသးမ႐ွိ လိုက္ဂ႐ုစိုက္ေလသည္
သည္လိုလူမ်ိဳးအား ေဂ်ာင္ေလး မဟုတ္သည့္ ေဂ်ာင္ေလးအေယာင္ေဆာင္ျဖစ္ေၾကာင္းကို ဘယ္လိုမ်ားေျပာထြက္ပါမည္တဲ့လဲ
ေတာ္ေသးသည္က ေဂ်ာင္ဂုကိုယ္တိုင္သည္လည္း စိတ္ရင္းေကာင္းကာ ေဂ်ာင္ေလး ထပ္တူ ေမတၱာငတ္ခဲ့သူျဖစ္သည့္အတြက္ ေမေမ့ဂ႐ုစိုက္မႈမ်ားက အခ်ည္းႏွီးေတာ့ျဖစ္မေနေပ
ေလာေလာဆယ္ေတာ့ လူမမာကို ျပဳစုရဦးမည္မို႔ အေတြးစကို ျဖတ္ကာ ေမေမ့နည္းလမ္းအတိုင္း ဆန္ျပဳတ္ျပဳတ္ရန္ ႀကိဳးစားရေတာ့သည္
တစ္နာရီဝန္းက်င္ေလာက္ တိုင္ပတ္ၿပီးခ်ိန္တြင္ေတာ့ စားခ်င့္စဖြယ္ ဆန္ျပဳတ္တပဲြ ျဖစ္လာေလသည္
ေခါက္ဆဲြျပဳတ္အျပင္ လုပ္တတ္တဲ့ အစားအေသာက္တမ်ဳိး႐ွိလာတာ ဂုဏ္ယူစရာပင္
ဆန္ျပဳတ္အဆင္သင့္ျဖစ္ၿပီ ျဖစ္ေသာေၾကာင့္ ေဂ်ာင္ဂုကိုေခၚကာ သံုးေဆာင္ေစေတာ့သည္
ေဂ်ာင္ဂုက က်ေနာ့္အား ေက်းဇူးတင္စကားေျပာကာ တိတ္ဆိတ္စြာ ဆန္ျပဳတ္ငု႔ံစားေနေလေတာ့
က်ေနာ္လည္း မသိမသာခိုးၾကည့္မိေလသည္
မညာတမ္းဝန္ခံရလ်ွင္ က်ေနာ့္မ်က္စိေ႐ွ႕မွ ေကာင္ငယ္ကေလးသည္ အေတာ္ေလးကို ခ်စ္စရာေကာင္းၿပီး လွသည့္ထဲပါေလသည္
ျဖဴဝင္းသည့္အသားအရည္ မ်က္ဝန္းဝိုင္းဝိုင္း ရႊန္းစိုစိုႏႈတ္ခမ္းႏွင့္ မ်က္ႏွာခ်ိဳခ်ိဳေလးကား ျမင္သူတုိင္း၏ အာရံုကို ေငးေမာေစေလာက္မည့္ပံု႐ွိပါေသာ္လည္း သူငယ္ခ်င္းဟူသည္ မ်ားမ်ားစားစားမ႐ွိေၾကာင္း ၾကားမိေလေတာ့ တအ့ံတဩပင္ျဖစ္ရပါေသးသည္
ေဂ်ာင္ေလးႏွင့္ တေထရာတည္း တူသည္ ထင္ရေသာ္ျငားလည္း ေသခ်ာ ခဲြျခားစိပ္ျဖာၾကည့္လ်ွင္ ေဂ်ာင္ဂုက ပို၍ေႏြးေထြးကာ ၾကင္နာတတ္ေသာအသြင္ကို ေဆာင္ေလသည္
ထို႔အျပင္ မ်က္လံုးခ်င္းဆံုမိေလတိုင္း ရင္းႏွီးသည့္ အေငြ႔အသက္ကိုလည္း ခံစားမိေလတာေၾကာင့္ မ်က္လံုးခ်င္း ၾကာၾကာမဆံုမိေလေအာင္ ဂ႐ုစိုက္ေနမိသည့္ က်ေနာ္ပင္
ခ်စ္ရသူ၏ ညီငယ္ျဖစ္ေန၍ပဲလား မသိ ကိုယ့္ဟာကိုယ္လည္း မလံုမလဲ ခံစားရေလသည္
ေဂ်ာင္ေလး ျမန္ျမန္ျပန္လာမွ ျဖစ္မွာပါေလ..
"ကင္မ္"
"ကင္မ္. က်ေနာ္ေခၚေနတာ ၾကားရဲ႕လား?"
"ဟင္ ေဂ်ာင္ဂု. ဘာေျပာလိုက္တာလဲ ခုနက"
"က်ေနာ့္မ်က္ႏွာမွာ ဘာေပေနလို႔လဲလို႔? စိုက္ၾကည့္ေနလို႔ေလ"
ေဂ်ာင္ဂုစကားေၾကာင့္ သူခိုးလူမိသကဲ့သို႔ ျဖစ္သြားကာ ေတြ႔ကရာ ဆင္ေျခေပးလိုက္ရေတာ့သည္
"အဲ့မွာေလ ဆန္ျပဳတ္ေတြေပေနတာ ကေလးက်လို႔"
မေပသည့္ဆန္ျပဳတ္ကို သုတ္ၾကည့္ၿပီး အလိမ္မေပၚခင္ အနားမွ တစ္႐ွဴးယူကာ ခပ္ျမန္ျမန္ သုတ္ေပးလိုက္ေတာ့ နဂိုဝိုင္းေသာ မ်က္လံုးတို႔က ပို၍ဝိုင္းစက္သြားေလဟန္
"အာ sorry... အက်င့္ျဖစ္ေနလို႔"
မခ်ိျပံဳးသာ ျပံဳးျပလို္က္ရေသာ္လည္း စိတ္ထဲတြင္ေတာ့ ကိုယ့္နဖူးကိုယ္ ဆယ္ခ်က္ေလာက္ ႐ိုက္မိေလသည္
ကင္မ္ထယ္ေဟ်ာင္းရယ္ မင္း႐ူးေနၿပီ
ေဂ်ာင္ဂုမွာလည္း မ်က္လံုးခ်င္းဆံုေနရာမွ အၾကည့္ခ်င္းလဲႊလိုက္ကာ ေခါင္းငံုၿပီး ဆန္ျပဳတ္သာ ဆက္ေသာက္ေနေလသည္
က်ေနာ့္၏ ႐ုတ္တရက္ဆန္ေသာ အျပဳအမူတို႔ေၾကာင့္ တိတ္ဆိတ္ေနသည့္ ထမင္းဝိုင္းေလးကား မူလကထက္ပင္ ပို၍ တိ္တ္ဆိတ္သြားေတာ့သည္
အတန္ငယ္အၾကာမွာေတာ့ တိတ္ဆိတ္မႈစတင္ၿဖိဳခြင္းလိုက္သည္က အိမ္ေ႐ွ႕တံခါးဘဲလ္သံပင္ျဖစ္သည္
"ဟင္ ေမေမ တကယ္ႀကီးလာတယ္?"
"လာရတာေပါ့. ေဂ်ာင္ငယ္ေလးမွ ေနမေကာင္းတာကို. ဘယ္မွာလဲ ေဂ်ာင္ေလးက. အိပ္ေနတုန္းလား"
"ကင္မ္ ဘယ္သူ---ဟင္ ေမေမ"
ေမေမက က်ေနာ့္ေနာက္မွ ေဂ်ာင္ဂု အသံကို ၾကားၾကားခ်င္း ခ်က္ခ်င္းပင္ နဖူးေျပးစမ္းေလသည္
ေဂ်ာင္ဂုဆိုသည့္ အေကာင္ေပါက္ကလည္း မနက္က က်ေနာ္ စမ္းတုန္းက် နီရဲေနျပီး ေမေမနဖူးစမ္းတာက် မ်က္ႏွာမရဲပါေရာလား
က်ေနာ့္လက္က ပူေနလို႔ပဲ အဖ်ားပိုတက္သြားမ်ားလား စဥ္းစားစရာပင္
"သားေလး ေဂ်ာင္ငယ္ေလး. ေအာင္မယ္ေလး ပူက်စ္ေနတာပဲ ၾကည့္ပါဦး. ဘယ္လိုျဖစ္ၿပီး ဖ်ားရတာတုန္း. သားငယ္က ဂ႐ုမစုိက္ဘူးလား"
ေဟာဗ်ာ က်ေနာ္က ဂ႐ုတစိုက္နဲ႔ ေခါင္းေတာင္ သုတ္ေပးေသးတာပါေနာ္
အခုဖ်ားေတာ့လည္း ဆန္ျပဳတ္ပါျပဳတ္တိုက္ေသးတာကို
"မဟုတ္တာ ေမေမရယ္. ကင္မ္က ဂ႐ုစိုက္တာထက္ကို ပိုပါတယ္. ခုေတာင္ က်ေနာ့္ကို ဆန္ျပဳတ္ျပဳတ္တိုက္ေသးတယ္ ေမေမရဲ႕"
"ဟယ္ ဆန္ျပဳတ္က ျဖစ္လိုက္ေသးတယ္ေပါ့. ေမေမက အိုးပ်က္ၿပီ ထင္ေနတာ"
"ဟာ ေမေမ.လူကို အထင္ေသးလိုက္တာဗ်ာ. က်ေနာ္လည္း အဲ့ေလာက္ေတာ့ လုပ္ႏိုင္ပါတယ္ေနာ္. အရသာ႐ွိတယ္မလား ေဂ်ာင္-အဲ ေဂ်ာင္ေလး"
ဘုရားဘုရား အကင္းပါးသည့္ ေမေမ့ေ႐ွ႕ နာမည္မွားထြက္မိေတာ့မလို႔
"ေဂ်ာင္ေလး ဟုတ္လား? မနက္ကတည္းက ေမေမထူးဆန္းေနတာ. အခ်စ္အခ်စ္ဆိုၿပီး ပါးစပ္ကမခ်တဲ့ သားငယ္က ဘယ္လိုျဖစ္ၿပီး ဒီေန႔မွ အေခၚအေဝၚေတြေျပာင္းေနတာလဲ"
ၾကည့္ပါဦး..အေခၚအေဝၚေျပာင္းတာေတာင္ သတိထားမိေနသည့္ က်ေနာ္ေမေမပါပဲ.. မလြယ္ပါ့လားေနာ္
"မဟုတ္မွ.. မင္းတို႔ ရန္ျဖစ္ထားၾကာတာလား"
"မဟုတ္တာ ေမေမရယ္. တခါတေလ အေျပာင္းအလဲေလးျဖစ္ေအာင္ က်ေနာ္က မေခၚခိုင္းတာပါ"
က်ေနာ္မေျပာခင္ ၾကားထဲမွ ဝင္ထိန္းလိုက္သည့္ ေဂ်ာင္ဂုေၾကာင့္ စိတ္သက္သာရာရေလေတာ့သည္
ဟန္ေဆာင္ျခင္းကား ယခုကဲ့သ့ို ခဏေလးေတာင္ ဒီေလာက္ စိတ္က်ဥ္းက်ပ္လ်ွင္
၃လေလာက္ အျခားတေယာက္ကဲ့သို႔ ဟန္ေဆာင္ကာ မဆီမဆိုင္ က်ေနာ္ျပဳသမ်ွ ႏုခဲ့ရသည့္ ေဂ်ာင္ဂုသာဆို ဘယ္ေလာက္ေတာင္ စိတ္ညစ္ခဲ့ရမလဲ
ဒါေတာင္ သူ႔ဘက္က အေ႐ွာင္ေကာင္းလို႔ ေျခလြန္လက္လြန္ေတြ မျဖစ္ခဲ့တာ
မဟုတ္လ်ွင္ေတာ့ တသက္လံုး အားနာေနရေတာ့မည္ပင္
.
.
.
.
.
တေနကုန္ ေမေမႏွင့္ စကားေျပာရယ္ေမာရင္း ေဂ်ာင္ဂုက သက္သာသေလာက္ ႐ွိလာေသာ္လည္း အဖ်ား၏သေဘာက ညဘက္ဆိုလ်ွင္ ျပန္တက္တတ္သည္မို႔ အိမ္ရာမဝင္ခင္ ေဂ်ာင္ဂုအေျခအေနကို စူးစမ္းရန္ သြားမိသည္
အိပ္ေပ်ာ္ေနေလာက္သည္ဟု ေကာက္ခ်က္ခ်မိသည္ေၾကာင့္ တံခါးမေခါက္ပဲ ဝင္လာမိေလေတာ့ ထင္သည့္အတိုင္း အိပ္ေမာက်ကာေနေလသည္
ေစာင္ပံုထဲတြင္ ေကြးေကြးေလးအိပ္ေနသည္က တကယ့္ကို ႏွင္းေတာထဲမွယုန္ျဖဴကေလးကဲ့သို႔ပင္
သိုေပတည့္ စိတ္မခ်မႈေၾကာင့္ အနီးကပ္ ျကည့္မိေလေတာ့ ေခြၽးသီးေခြၽးေပါက္မ်ားက်ကာ တုန္ယင္ေနေလေသာ ေဂ်ာင္ဂု
့
သည္လိုႏွင့္ ေခြၽးအေအးပတ္ကာ အဖ်ားမက်လ်ွင္ ပိုဆိုးမည္မဟုတ္လား
သက္ျပင္းခ်မိကာ ေခြၽးစိုေနသည့္ အဝတ္တို႔ကိုသာ လဲေပးရန္ ျပင္ရေတာ့သည္
အဝတ္လဲေပးရန္အတြက္ မီးခိုးေရာင္ ညအိပ္ဝတ္စံုၾကယ္သီးတို့ကို ျဖဳတ္မိေတာ့ ေယာက္်ားေလးအခ်င္းခ်င္းပင္ ျဖစ္ေသာ္လည္း ျဖဴေဖြးဝင္းမြတ္ကာ ပန္းႏုေရာင္သန္းေနေသာ အသားအရည္ေၾကာင့္ အနည္းငယ္ပင္ မ်က္ႏွာပူမိေလသည္
အတန္ငယ္ၾကာေအာင္ ေတြေဝေနမိၿပီးမွ အသိစိတ္ျပန္သြင္းကာ ေခြၽးသုတ္ေပးျပီး အသင့္ထုတ္ထားေသာ ခရမ္းေရာင္ ညအိပ္ဝတ္စံုျဖင့္ လဲဝတ္ေပးလိုက္ေတာ့သည္
က်ေနာ္ ကိုယ္ခ်စ္ရသူရဲ႕ ညီငယ္အေပၚဘာစိတ္ေတြ ဝင္မိေနတာမ်ားလဲ..
႐ုပ္တူလို႔ေနမွာပါ...ဟုတ္ပါတယ္ ႐ုပ္တူလို႔..
ေဂ်ာင္ဂုကေတာ့ အိပ္ေမာက်ေန၍ ေတာ္ေသးသည္ မဟုတ္လ်ွင္ က်ေနာ္ျဖစ္ေနသည့္ပံုစံေၾကာင့္ အခြင့္ေရးယူသည့္သူဟု ထင္ခံရမွာ အေသခ်ာပါပဲ
"အင့္ဟင့္ ခ်မ္းတယ္"
အခန္းတြင္းမွ ခပ္သုတ္သုတ္ ထြက္မည္အလုပ္ ၿငီးျငဴသံခပ္တိုးတိုးေလးေၾကာင့္ ျပန္လာၾကည့္မိေလေတာ့
ေစာင္အထပ္ထပ္ ျခံဳေပးထားသည့္ၾကားက အသံခပ္တိုးတိုးျဖင့္ ခ်မ္းတယ္ေအာ္ညည္းေနေသာ ေဂ်ာင္ဂုေၾကာင့္ က်ေနာ္ပါေခြၽးစီးျပန္ခ်င္လာသည္
သည့္ထက္ ေစာင္ထပ္ျခံဳေပးလ်ွင္လည္း ေခြၽးထြက္လြန္ကာ ေခြၽးအေအးပတ္မည္က စိုးရသည္ေၾကာင့္ မည္သို႔မည္ပံုလုပ္ေပးရမည္ မသိ၍ အက်ပ္႐ိုက္ေနစဥ္
"ဖ-ဖက္ထားေပးပါ..ခ်မ္းတယ္..."
ေဂ်ာင္ဂုစကားေၾကာင့္ ႐ုတ္တရက္ မ်က္လံုးပင္ျပဴးသြားရေသာ္လည္း ေဂ်ာင္ဂုကို ၾကည့္မိေလေတာ့ မ်က္လံုးမဖြင့္ဘဲ တိုးညႇင္းစြာ အိပ္မက္ေယာင္ေနသည့္ပံုပင္
"အင့္ဟင့္...ခ်မ္းတယ္လို႔..."
ခက္ေတာ့တာပါပဲ
ဘယ္ေလာက္မွ အပန္းမႀကီးသည့္အလုပ္ ျဖစ္ေသာ္လည္း မသင့္ေတာ္သည့္ အေနအထားမဟုတ္လား?
ေဂ်ာင္ဂုကိုယ္တိုင္ကလည္း က်ေနာ့္အျပဳအမူတို႔ကို ခုထိအေနခက္ေလဟန္ ႐ွိတာေၾကာင့္ ပို၍ အေနခက္သြားေလာက္သလို
ေဂ်ာင္ေလးအေပၚတြင္လည္း မေကာင္းရာက်မည္မဟုတ္လား
သို႔ေပမယ့္ မ်က္စိေ႐ွ႕တြင္႐ွိေနေသာ ေစာင္ပံုထဲမွ အေကာင္ေပါက္ကလည္း ပုဇြန္ဆိတ္ေလးတေကာင္ကဲ့သို႔ ေကြးၫြတ္ကာ ၿငီးတြားရင္းခ်မ္းေနေလသည္မို႔ အလြန္ပင္ ခက္ေခ်ၿပီ
စိတ္႐ႈပ္စြာျဖင့္ ေခါင္းကုပ္မိရင္း ေနာက္ဆံုးတြင္ေတာ့ လူမမာကို ဒီတိုင္းလဲ ပစ္မထားရက္သည္မို႔ ေဂ်ာင္ဂုေဘးမွ ေနရာလြတ္တြင္ဝင္လွဲလိုက္ၿပီး ခပ္ဖြဖြဖက္ထားကာ အေႏြးဓာတ္ေပးမိေတာ့သည္
အေနရခက္၍ပဲလားမသိ ရင္ထဲတြင္ေတာ့ ဗရမ္းဗတာပင္
ေဂ်ာင္ဂုကလည္း က်ေနာ္အက်ႌစကို ဆုပ္ကိုင္ရင္း ရင္ခြင္ထဲ ပို၍တိုးဝင္လာကာ
"ေႏြးလိုက္တာ"
"သိပ္ေႏြးေထြးတာပဲ"
အျပံဳးခ်ိဳခ်ိဳျဖင့္ ၿငိမ္သက္ကာ အိပ္ေမာက်သြားေလသည္
အိပ္မက္လွလွ မက္ေနသည္ထင္ပါရဲ႕
က်ေနာ္ကိုယ္တိုင္လည္း ခဏအၾကာ ေဂ်ာင္ဂု အခ်မ္းသက္သာသြားခ်ိန္တြင္ မိမိအိပ္ရာသို႔ ျပန္မည္ဟု ဆံုးျဖတ္ခဲ့ေသာ္လည္း ေစာင္ပံုေႏြးေႏြးႏွင့္ ေဂ်ာင္ဂုကိုယ္ေငြ႔ေႏြးေႏြးေၾကာင့္ မထင္မွတ္ပဲ အိပ္မက္ကမၻာသို႔...
အေအးဓာတ္ပိုသည့္ ေဆာင္းရာသီညေလးတြင္ ေကာင္ေလးႏွစ္ဦးကေတာ့ ရင္ခုန္သံေတြကို လ်စ္လ်ဴ႐ႈကာ အခ်င္းခ်င္း အေႏြးဓာတ္ေပးရင္း အိပ္ေမာက်ေနခဲ့ၾကေလေတာ့သည္
#Tbc
See you in next episode~
-해바라기
UNI
"ဂျောင်ဂု?"
ဝရန်တာတွင် နှင်းကြည့်ရန်စောင့်နေတုန်း ကြားလိုက်ရသော ဩရှရှအသံကြောင့် ချက်ချင်းပင်လှည့်ကြည့်မိလေတော့ ထင်ထားသည့်အတိုင်း ကင်မ်ဖြစ်လေသည်
"အော် ကင်မ် လာလေ"
"ဘာလုပ်နေတာလဲ ခေါင်းရေစိုကြီးနဲ့"
"ဒီနေ့ ပထမဆုံးနှင်းကျမယ်ဆိုလို့လေ ကင်မ်. အဲ့ဒါစောင့်နေတာရယ်"
"ပထမဆုံးနှင်းက ခေါင်းသုတ်ပြီးမှ ကြည့်လဲ ရပါတယ်. ဘယ်ချိန်ကတည်းက ဒီလိုကြီးနေနေတာလဲ. အအေးမိမယ်လေ"
"ရပါတယ် ကင်မ်ရဲ့. ကျနော် ခုနက သုတ်ထားတာ ခြောက်သလောက်လဲ ဖြစ်နေပါပြီ"
ကင်မ်က စကားပြန်မပြုပဲ ကျနော့်ဆံပင်များကို ထိုးဖွလိုက်ကာ
"ဒါလား ခြောက်တာ?? အဲ့လိုနဲ့ပဲ ဖျားတော့မှာ မဟုတ်ဘူးလား ဂျောင်ဂု"
"ရပါတယ်ဆို ကျနော်က မာပါတယ် ကင်မ်ရယ်"
"ကျစ်. ပြောရခက်လိုက်တာ"
ကင်မ်က အိမ်တွင်းသို့ ပြန်ဝင်သွားပြီး အတန်ငယ်ကြာ သဘက်ပိုင်းတခုကိုယူလာကာ ခေါင်းသုတ်ပေးရန်ပြင်လေတော့
"အာ..ကင်မ် ဒီလောက်ထိ လုပ်မပေးပါနဲ့"
"ငြိမ်ငြိမ်နေ. ကို့အိမ်မှာ မင်းနေနေတဲ့ တောက်လျှောက်ကတော့ မင်းကျန်းမာရေးကိုပါ ဂရုစိုက်ပေးရမှာ ကို့တာဝန်ပဲလေ"
ကင်မ့်စကားကြောင့် ရင်ထဲနွေးခနဲခံစားလိုက်ရသော်လည်း
"မဟုတ်ရင် ဂျောင်လေး ပြန်လာရင် ကို့ကို ဆူမှာပေါ့. သူ့ညီကို ကောင်းကောင်းမထားဘူးဆိုပြီး"
နောက်ဆက်တွဲစကားကြောင့် ဘာကြောင့်ရယ်မသိ ဝမ်းနည်းမိပြန်သည်
ဂျောင်လေးနာမည်ကို ကြားမိလေတိုင်း ရင်ထဲတွင် ဝမ်းနည်းသလိုလို တခုခုကို ဆုံးရှုံးရတော့မည် ခံစားချက်လိုလိုဖြစ်လာသည်ကို သတိထားမိပါသည်
ယမန်နေ့ကလည်း ကျောင်းလာကြိုရင်း ကင်မ့်မိတ်ဆွေဆိုသူက ဂျောင်လေးနှင့် တွေ့ခဲ့ကြောင်းကို ကင်မ်မှတဆင့် ပြန်ကြားရသည့်အခါ ယခုကဲ့သို့ ခံစားချက်မျိုး ဖြစ်ခဲ့သေးလေသည်
ကျနော် သည်လိုနဲ့ပဲ ဂျောင်လေးပြန်လာမှာကိုပါ စိုးရိမ်နေတာတော့ မဟုတ်ဘူးမလား..?
"ကျေးဇူးပါ ကင်မ်. ဒါပေမယ့် ကျနော့်ဘာသာပဲ လုပ်လိုက်ပါ့မယ်. အားနာဖို့ကောင်းတယ်လေ"
"ဘာကိုအားနာတာလဲ?? ဂျောင်ဂုပဲ ကိုက ဂျောင်ဂုသူငယ်ချင်းဆို? သူငယ်ချင်း အချင်းချင်းက ဒီလောက်တော့ လုပ်ပေးရမှာပေါ့ ဟုတ်တယ်မလား"
"သူငယ်ချင်းဆိုပေမယ့်လည်း သေချာ ပြန်စဉ်စားရင် ကင်မ်က ကျနော့် ခဲအိုလေ. ဒီလောက်အထိ လိုက်လုပ်ပေးဖို့ကျ မသင့်တော်ဘူးထင်လို့ပါ"
ကျနော့်စကားအဆုံးတွင် ကင်မ်က တွေဝေသွားဟန်ပေါ်ကာ
"အင်း... ဂျောင်ဂုပြောတာလဲ ဟုတ်တယ်နော်. ကိုနည်းနည်း အတွေးတိမ်သွားတယ်"
သဘက်ပိုင်းလေးအား ကျနော့်လက်ထဲသို့ ထည့်ပေးလေသည်
"တောင်းပန်ပါတယ်. ကို့ကြောင့် ဂျောင်ဂုကို အနေရခက်အောင် လုပ်မိပြန်ပြီ"
မဟုတ်တာ ကင်မ်ရယ်...
တချိန်ကတော့ အနေရခက်ဖူးပေမယ့် အခုချိန်မှာ ကင်မ့် ဂရုစိုက်မှုတွေနဲ့ အသားကျနေပြီဖြစ်တဲ့ ကျနော်က ဒီ့ထက်ပိုပြီး လိုက်လျောမိရင် ပိုဆိုးလာမှာ သိတာမို့
စည်းဖောက်ချင်နေတဲ့ နှလုံးသားလေး မယိမ်းယိုင်ရအောင် ကင်မ်နဲ့ကျနော့်ကြားမှာ ကျနော်ကိုယ်တိုင်ပဲ စည်းခြားထားတော့မှ ဖြစ်မှာမို့ပါ..
မဟုတ်ရင် အချိန်တန်လို့ ခွဲခွာရတဲ့အခါ ပိုင်ရှင်အစစ်ဆီ ပြန်မပေးနိုင်တော့မှာစိုးလို့ပါ ကင်မ်...
"ဂျောင်ဂု. ဂျောင်ဂု"
"ဟ-ဟင်?"
"ဘာတွေတွေးနေတာလဲ ဟိုမှာ နှင်းကျနေပြီ"
"ဟင် ဟုတ်လား?!"
ကင်မ် ညွှန်ပြရာသို့ လှမ်းကြည့်မိတော့ နှင်းမှုန်ဖွေးဖွေးတို့က ဖြေးဖြေးချင်း ကျဆင်းနေကာ ပတ်ဝန်းကျင်တခုလုံးကို အလှဆင်နေတော့သည်
"လှလိုက်တာ.."
"ဟုတ်ပ. ခုမှပဲ ကိုလဲ ပထမဆုံး နှင်းကို စောင့်ကြည့်ဖူးတော့တယ်"
"ဟင်? ကင်မ် မကြည့်ဖူးဘူးလား?"
"အင်း... အရင်ကကျ ငယ်သေးတော့ အဲ့ဒါမျိုးတွေ သိပ်အာရုံမထားမိဘူးလေ. ကနေဒါမှာ နေတုန်းကလည်း စာနဲ့လုံးပမ်းနေရတော့ ပထမဆုံးနှင်းတောင် သတိမထားမိပဲ ဒီတိုင်းဆောင်းတွင်းရောက်ရောက်သွားတာ"
"အာ.. အဲ့လိုကိုး"
"ဂျောင်ဂုက အမြဲတမ်းစောင့်ကြည့်တာလား"
"အင်း. ကျနော်က အမြဲစောင့်ကြည့်နေကျလေ ငယ်ငယ်တည်းက. တခါတေလ ညသန်းခေါင်ထိမကျသေးရင် ညသန်းခေါင်ထိ မအိပ်ပဲ စောင့်ကြည့်ဖြစ်တယ်"
"ဟုတ်ဘား. ဒါဖြင့်ရင် ဂျောင်ဂုတို့ ညီအစ်ကိုက တူသလိုနဲ့ကွဲသားနော်. ဂျောင်လေးကကျတော့ ဆောင်းရာသီကို မကြိုက်ဘူးလေ မတရားအေးလို့ဆိုပြီး"
ကင်မ့်စကားကြောင့် ပတ်ဝန်းကျင်တွင် နှင်းတွေဖွေးနေသည်ကို မြင်တိုင်း အဝတ်ထူထူဝတ်ရတာ အလုပ်ရှုပ်သည်ဆိုကာ အော်ဟစ်ငြီးငြူလေ့ရှိသော ဂျောင်လေးကို ပြေးသတိရတာ ရယ်မိသွားလေသည်
"ဟုတ်တယ်. အဝတ်ထူထူဝတ်ရတာ အလုပ်ရှုပ်တယ်ဆိုပြီးလေ. သူသိပ်မုန်းတာ"
"ဟုတ်ပါ့. အဲ့ဒါတော့ ကို့ကိုလည်း ပြောပြဖူးတယ်. ဆောင်းတွင်းမှာ christmas နဲ့ ကို့မွေးနေ့ကလွဲရင် သူသဘောကျတာမရှိဘူးဆိုပြီး"
"အော် ကင်မ်က ဆောင်းတွင်းမွေးတာလား"
"ဟုတ်ပါတယ်ဗျား နှစ်မကုန်ခင် တရက်အလိုပါ"
"ဒါဖြင့်ရင် ကင့်မွေးနေ့ရောက်ဖို့တောင် သိပ်မလိုတော့ဘူးပဲ.."
"ဟုတ်ပါ့. မွေးနေ့အမှီတော့ ဂျောင်လေးပါ ပြန်လာရင်ကောင်းမှာ. လူစုံတက်စုံ ကျင်းပရမှာပေါ့. တကိုယ်တည်းမွေးနေ့လုပ်ရတာ ဘယ်နှနှစ်တောင်မှလဲ"
ကင်မ့်စကားကြောင့် တသက်လုံး စီနီယာနှင့် မတွေ့ခင်ထိ တကိုယ်တည်းသာ မွေးနေ့လုပ်ခဲ့ရသည့် ငယ်ဘဝကို ပြန်တွေးမိပြန်သည်
မွေးနေ့ပွဲအကြီးအကျယ် ကျင်းပရန် စီစဉ်လျှင်တောင် ကျနော်နှင့် ၂ယောက်တူတူဆိုလျှင် မွေးနေ့မလုပ်ချင်သည့် ဂျောင်လေးကြောင့် အလယ်တန်းအထိ တကိုယ်တည်းသာ မွေးနေ့ဆုတောင်းခဲ့ရသော ကျနော့်ငယ်ဘဝဟာ ရယ်စရာတော့ ကောင်းခဲ့သား
တမိတည်းက ဖွားသော ညီအစ်ကိုချင်းဖြစ်သော်လည်း အရာရာတွင် ဦးစားပေးဖြစ်ခဲ့သည့် ဂျောင်လေးနှင့် ၂ဦးယှဉ်လိုက်တိုင်း ဒုတိယရွေးချယ်မှုသာဖြစ်၍နေသော ကျနော်...တခါတရံတော့လည်း မနာလိုအားကျမိသားပင်
"ကဲ ပထမဆုံးနှင်းလဲ ကြည့်ပြီးပြီဆိုတော့ ဝင်ကြရအောင်. မဟုတ်ရင် အအေးပတ်လိမ့်မယ်"
"အင်း ကောင်းသောညပါ ကင်မ်"
"အင်း ဂျောင်ဂုကောပဲ. မအိပ်ခင် ခေါင်းသေချာသုတ်ပြီးမှ အိပ်နော်"
"အင်းပါ. စိတ်မပူပါနဲ့ ကင်မ်"
.
.
.
.
.
နိုးကတည်းက ခေါင်းတခုလုံးအုံခဲနေရုံမက တကိုယ်လုံးပါ ကိုက်ခဲနေသည်မို့ အအေးမိနေသည်ဆိုတာကို ခံစားမိလိုက်ပါသည်
ကင်မ်အတန်တန် သတိပေးသည့်ကြားက ခေါင်းမခြောက်သေးဘဲ ထိုးအိပ်လိုက်မိသည့် ကျနော့်အမှားပင်
နာရီကို လှမ်းကြည့်မိတော့ ကင်မ်အလုပ်သွားမည့်အချိန်တောင် ရောက်ခါနီးပြီမို့ ကျနော့်အလုပ်ချိန်လည်း နီးကပ်နေလေပြီ
သို့ပေမယ့် ဒီအတိုင်းကျောင်းသွားလျှင်လည်း နုနုနယ်နယ် ကလေးတွေ အဖျားကူးမှာစိုးရိမ်ရမည်မဟုတ်လား
အလုပ်ပြန်ဆင်းတာ တလပင် မပြည့်သေးသော်လည်း အလုပ်က ထပ်ပျက်ရတော့မည့်ပုံမို့ မျက်နှာပူစရာပင်
ဆရာကြီးအား ဖုန်းဆက်ရန် ထမည်အလုပ်မှာပဲ အခန်းတံခါးခေါက်သံကြောင့် ထဖွင့်ပေးရန်လုပ်ရတော့သည်
နေမကောင်းသည်ကြောင့် ခြေအစုံတို့မှာလဲ အားအင်ချိနဲ့နေသယောင်ယောင်ဖြစ်လေသည်
"ဟင်? ဂျောင်ဂု အခုမှ နိုးတာလား?"
"အင်း..morning ကင်မ်. အလုပ်မသွားသေးဘူးလား"
"ဂျောင်ဂုကို လိုက်ပို့ပေးမလို့ ကို စောင့်နေတာလေ. ခုထိ ထွက်မလာသေးလို့ လာကြည့်တာ--- နေစမ်းပါဦး အခု ဖျားနေတာလား?? မျက်နှာက နီတွတ်နေတာပဲ"
"သာမန် အအေးမိရုံပါ ကင်မ်. ကျနော် ဒီနေ့ အိမ်မှာပဲ နားလိုက်မယ် စိတ်ချလက်ချသာ အလုပ်သွား---"
စကားမဆုံးခင်မှာပင် နဖူးပေါ်ကျရောက်လာသော လက်ဝါးပြင်ကျယ်ကြီးကြောင့် ကိုယ်တွင်းအပူချိန်တောင် ပိုတိုးလာသကဲ့သို့ပင်
"အင်း..ပူကျစ်နေတာပဲကိုး..အဲ့ဒါကြောင့် မျက်နှာက ရဲနေတာ. အဲ့ဒါကြောင့် မနေ့က ကို သတိပေးသားပဲ"
"ဆေး-ဆေးသောက်ပြီး နားလိုက်ရင် ကောင်းသွားမှာပါ ကင်မ်ရဲ့.ကျနော်က မာပါတယ်---ဟတ်ချိုးးး"
အာ တကယ်ပါပဲ ဘာလို့ ဒီအချိန်မှ နှာထချေရတာတုန်း
ရှက်ဖို့ကောင်းလိုက်တာ ဂျွန်ဂျောင်ဂုရယ်
"ဟိုလေ sorryနော် ကင်မ်"
"ရပါတယ် နေမကောင်းနေတဲ့ဟာကို. သွားနားချည်. ကို ဆန်ပြုတ်လုပ်ပေးမယ်"
"ဟင် ကင်မ်က အလုပ်သွားရမှာလေ. ဆန်ပြုတ်လောက်တော့ ကျနော့်ဘာသာ ပြုတ်သောက်နိုင်ပါတယ် ကင်မ်ရဲ့"
"စကားကြောရှည်လိုက်တာ ယုန်ပေါက်ကလေးရယ် မင်းဟာလေ"
ကင်မ်၏ ရုတ်တရက်ပြောင်းလဲသွားသော အခေါ်အဝေါ်ကြောင့် နှလုံးခုန်နှုန်းများက ရှိရင်းစွဲထက်ပင် ပို၍မြန်ဆန်သွားရတော့သည်
"အ-အဟမ်း. ဒီနေ့ ကိုပါ ခွင့်ယူလိုက်မယ်လို့. အဲ့လိုပဲ သိထားလိုက်.သွား သွား ပြန်အိပ်လိုက်တော့"
ချောင်းဟန့်ကာ ဧည့်ခန်းဘက်သို့ ခပ်သွက်သွက်ထွက်သွားသော ကင်မ့်ကျောပြင်ကို ငေးကြည့်ရင်း ပုံမှန်ထက် မြန်ဆန်စွာ လှုပ်ရှားနေသည့် ဘယ်ဘက်ရင်အုံတွင်းမှ အကောင်ပေါက် တည်ငြိမ်စေရန်သာ ကြိုးစားနေရတော့သည်
[Kim's pov]
အိပ်ရာနိုးကတည်းက အိမ်က တိတ်ဆိတ်နေတာကြောင့် အနည်းငယ်တော့ တမျိုးဖြစ်မိသည်
ပုံမှန်ဒီအချိန်ဆို Tannieကို စကားတွေပြောရင်း ရယ်မောနေမယ့် ဂျောင်ဂုအသံကြားရနေကျပင် မဟုတ်လား
အိပ်ခန်းထဲမှ မထွက်လာသေးဟန် ပေါ်သည်ကြောင့် အခန်းတံခါးကို သွားခေါက်မိလေတော့ အားမရှိလေသော မျက်ဝန်း ခပ်ရဲရဲမျက်နှာဖြင့် ဂျောင်ဂုကတံခါးလာဖွင့်လေသည်
ကြည့်ရတာ ကျနော်ထင်တဲ့အတိုင်းပါပဲ ဖျားနေပြီထင်ပါရဲ့
ကိုယ်ပူချိန်တိုင်းရန် နဖူးကို လက်ဖြင့် စမ်းမိလေတော့ အဖျားရှိန်ကြောင့် ထင်ပါ၏ မျက်နှာဝိုင်းလေးက ပို၍ရဲတက်သွားသည်ကို သတိထားမိလေသည်
"အင်း..ပူကျစ်နေတာပဲကိုး..အဲ့ဒါကြောင့် မျက်နှာက ရဲနေတာ. အဲ့ဒါကြောင့် မနေ့က ကို သတိပေးသားပဲ"
"ဆေး-ဆေးသောက်ပြီး နားလိုက်ရင် ကောင်းသွားမှာပါ ကင်မ်ရဲ့.ကျနော်က မာပါတယ်---ဟတ်ချိုးးး"
မာပါတယ်ဆိုပြီး စကားမဆုံးခင် နှာထချေသော အကောင်ပေါက်ကြောင့် အနည်းငယ်တော့ ရယ်ချင်သွားတာအမှန်ပင်
အခုလည်း ကျနော့်ရှေ့မှာသာ ဆေးသောက်ပြီး နားမယ် ပြောနေသော်လည်း ကျနော်အလုပ်သွားရင် အိမ်အလုပ်တွေထလုပ်နေမှာ သိသားရယ်
မဖြစ်သေးပါဘူးလေ...ဘယ်လိုပဲပြောပြော ကိုယ့်အိမ်ပေါ်တက်နေတဲ့သူကို ဒီလိုလက်လွတ်စပယ်လွှတ်ထားလို့ ဘယ်ကောင်းပါ့မလဲ
"စကားကြောရှည်လိုက်တာ ယုန်ပေါက်ကလေးရယ် မင်းဟာလေ"
ကိုယ့်ဟာကို ပြောပြီးမှ အခေါ်အဝေါ်ကို သတိထားမိကာ
"အ-အဟမ်း. ဒီနေ့ ကိုပါ ခွင့်ယူလိုက်မယ်လို့. အဲ့လိုပဲ သိထားလိုက်.သြား သြား ပြန်အိပ်လိုက်တော့"
အရှက်ပြေ ချောင်းတချက် ဟန့်၍ ပြောသင့်တာသာပြောပြီး အခန်းဝမှ အမြန်လှည့်ထွက်ခဲ့တော့သည်
မီးဖိုခန်းထဲသို့ ရောက်ပြန်တော့လည်း တဖန်ခေါင်းစားရပြန်သည်
ဆန်ပြုတ်ပြုတ်တိုက်မည်ဖြစ်ကြောင်း အာချောင်ခဲ့သော်လည်း ဆန်ကို ကျိုးအောင်ကြိုရသည်မှလွဲ၍ ကျန်တာမသိ
မေမေ့ကိုသာ အပူကပ်ရပြန်တော့မပေါ့
"ဟယ်လိုမေမေ"
"သားငယ် ဘာကိစ္စရှိလို့တုန်း"
"ထွေထွေထူးထူးမဟုတ်ပါဘူး မေမေ မေးစရာရှိလို့. ဟိုလေ ဆန်ပြုတ်က ဘယ်လိုပြုတ်ရတာလဲဟင်"
"ဟင် သားငယ်က ဆန်ပြုတ်မကြိုက်တတ်ပါဘူး ဘယ်လိုဖြစ်ပြီး"
"ဂျောင်ဂု--အဲ့ ဂျောင်လေးအတွက် မေမေရဲ့"
"ဟယ် မေ့သားမက်လေးက ဘာဖြစ်လို့တုန်း"
"နေမကောင်းဖြစ်နေတာ မေမေရေ ကျနော် ဖေဖေ့ကိုတော့ အကြောင်းကြားပြီး ဒီနေ့ ခွင့်ယူထားတယ်"
"ဟယ် သားဂျောင်လေး နေမကောင်းဖြစ်တဲ့အထိ သားငယ္က ဘာတွေများလုပ်နေတာတုန်း"
"ဟာ မေမေဗျာ ဒီတိုင်း အအေးပတ်တာပါ"
"အေးလေ သားငယ်က သေချာဂရုမစိုက်လို့လားလို့ မေမေက မေးမလို့လေ မင်းဟာမင်းလျှောက်တွေးနေတာကို"
"ထားပါတော့. ကျနော့်ကို ဆန်ပြုတ်ပြုတ်နည်းလေး ပြောပြနော်"
"ဆန်ကိုအရင် ရေဆေးလိုက်. ပြီးရင် ကြက်သွန်ဖြူရယ် ဆီလေးနည်းနည်းရယ်နဲ့ အရင်လှော်လိုက်. နောက်ပြီးမှ ရေရယ် သားထည့်ချင်တဲ့ အသားတမျိုးမျိုးရယ် ထည့်ပြုတ်လိုက်ရင်ရပြီ"
"တကယ်ကြီး အဲ့ဒါပဲလား? ဟုတ်လို့လား မေမေရယ်"
"ဟဲ့ မေမေဟင်းချက်လာတာ မင်းမမွေးခင်ကတည်းကပါဟယ်"
"မဟုတ်ဘူးလေ.. အဲ့လောက်ကြီး လွယ်နေတော့..."
"အော် အဲ့ဒါပဲဆို. နေဦး သားငယ်လက်ရာနဲ့ သားဂျောင်လေးကို လွှတ်ထားလို့ မဖြစ်သေးပါဘူး. မေမေကိုယ်တိုင် လာခဲ့မှပါ"
"ရတယ် မေမေ. ကျနော်ပြုစုနိုင်---"
စကားပင်ဆုံးအောင် နားမထောင်ဘဲ ဖုန်းချသွားသော မေမေ့ကြောင့် ရယ်သာ ရယ်လိုက်မိတော့သည်
ယောက္ခမနှင့် သားမက်ဆက်ဆံရေးဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိခင်မေတ္တာငတ်ခဲ့သော ဂျောင်လေးအား မေတ္တာအပြည့်အဝပေးချင်သည်ဆိုသော ကျနော့်မေမေ
အပြောနှင့်အလုပ်လဲ ကိုက်ညီစွာ လက်မထပ်ခင်ကတည်းက လိုလေသေးမရှိ လိုက်ဂရုစိုက်လေသည်
သည်လိုလူမျိုးအား ဂျောင်လေး မဟုတ်သည့် ဂျောင်လေးအယောင်ဆောင်ဖြစ်ကြောင်းကို ဘယ်လိုများပြောထွက်ပါမည်တဲ့လဲ
တော်သေးသည်က ဂျောင်ဂုကိုယ်တိုင်သည်လည်း စိတ်ရင်းကောင်းကာ ဂျောင်လေး ထပ်တူ မေတ္တာငတ်ခဲ့သူဖြစ်သည့်အတွက် မေမေ့ဂရုစိုက်မှုများက အချည်းနှီးတော့ဖြစ်မနေပေ
လောလောဆယ်တော့ လူမမာကို ပြုစုရဦးမည်မို့ အတွေးစကို ဖြတ်ကာ မေမေ့နည်းလမ်းအတိုင်း ဆန်ပြုတ်ပြုတ်ရန် ကြိုးစားရတော့သည်
တစ်နာရီဝန်းကျင်လောက် တိုင်ပတ်ပြီးချိန်တွင်တော့ စားချင့်စဖွယ် ဆန်ပြုတ်တပွဲ ဖြစ်လာလေသည်
ခေါက်ဆွဲပြုတ်အပြင် လုပ်တတ်တဲ့ အစားအသောက်တမျိုးရှိလာတာ ဂုဏ်ယူစရာပင်
ဆန်ပြုတ်အဆင်သင့်ဖြစ်ပြီ ဖြစ်သောကြောင့် ဂျောင်ဂုကိုခေါ်ကာ သုံးဆောင်စေတော့သည်
ဂျောင်ဂုက ကျနော့်အား ကျေးဇူးတင်စကားပြောကာ တိတ်ဆိတ်စွာ ဆန်ပြုတ်ငုံ့စားနေလေတော့
ကျနော်လည်း မသိမသာခိုးကြည့်မိလေသည်
မညာတမ်းဝန်ခံရလျှင် ကျနော့်မျက်စိရှေ့မှ ကောင်ငယ်ကလေးသည် အတော်လေးကို ချစ်စရာကောင်းပြီး လှသည့်ထဲပါလေသည်
ဖြူဝင်းသည့်အသားအရည် မျက်ဝန်းဝိုင်းဝိုင်း ရွှန်းစိုစိုနှုတ်ခမ်းနှင့် မျက်နှာချိုချိုလေးကား မြင်သူတိုင်း၏ အာရုံကို ငေးမောစေလောက်မည့်ပုံရှိပါသော်လည်း သူငယ်ချင်းဟူသည် များများစားစားမရှိကြောင်း ကြားမိလေတော့ တအံ့တဩပင်ဖြစ်ရပါသေးသည်
ဂျောင်လေးနှင့် တထေရာတည်း တူသည် ထင်ရသော်ငြားလည်း သေချာ ခွဲခြားစိပ်ဖြာကြည့်လျှင် ဂျောင်ဂုက ပို၍နွေးထွေးကာ ကြင်နာတတ်သောအသွင်ကို ဆောင်လေသည်
ထို့အပြင် မျက်လုံးချင်းဆုံမိလေတိုင်း ရင်းနှီးသည့် အငွေ့အသက်ကိုလည်း ခံစားမိလေတာကြောင့် မျက်လုံးချင်း ကြာကြာမဆုံမိလေအောင် ဂရုစိုက်နေမိသည့် ကျနော်ပင်
ချစ်ရသူ၏ ညီငယ်ဖြစ်နေ၍ပဲလား မသိ ကိုယ့်ဟာကိုယ်လည်း မလုံမလဲ ခံစားရလေသည်
ဂျောင်လေး မြန်မြန်ပြန်လာမှ ဖြစ်မှာပါလေ..
"ကင်မ်"
"ကင်မ်. ကျနော်ခေါ်နေတာ ကြားရဲ့လား?"
"ဟင် ဂျောင်ဂု. ဘာပြောလိုက်တာလဲ ခုနက"
"ကျနော့်မျက်နှာမှာ ဘာပေနေလို့လဲလို့? စိုက်ကြည့်နေလို့လေ"
ဂျောင်ဂုစကားကြောင့် သူခိုးလူမိသကဲ့သို့ ဖြစ်သွားကာ တွေ့ကရာ ဆင်ခြေပေးလိုက်ရတော့သည်
"အဲ့မှာလေ ဆန်ပြုတ်တွေပေနေတာ ကလေးကျလို့"
မပေသည့်ဆန်ပြုတ်ကို သုတ်ကြည့်ပြီး အလိမ်မပေါ်ခင် အနားမှ တစ်ရှူးယူကာ ခပ်မြန်မြန် သုတ်ပေးလိုက်တော့ နဂိုဝိုင်းသော မျက်လုံးတို့က ပို၍ဝိုင်းစက်သွားလေဟန်
"အာ sorry... အကျင့်ဖြစ်နေလို့"
မချိပြုံးသာ ပြုံးပြလိုက်ရသော်လည်း စိတ်ထဲတွင်တော့ ကိုယ့်နဖူးကိုယ် ဆယ်ချက်လောက် ရိုက်မိလေသည်
ကင်မ်ထယ်ဟျောင်းရယ် မင်းရူးနေပြီ
ဂျောင်ဂုမှာလည်း မျက်လုံးချင်းဆုံနေရာမှ အကြည့်ချင်းလွှဲလိုက်ကာ ခေါင်းငုံပြီး ဆန်ပြုတ်သာ ဆက်သောက်နေလေသည်
ကျနော့်၏ ရုတ်တရက်ဆန်သော အပြုအမူတို့ကြောင့် တိတ်ဆိတ်နေသည့် ထမင်းဝိုင်းလေးကား မူလကထက်ပင် ပို၍ တိတ်ဆိတ်သွားတော့သည်
အတန်ငယ်အကြာမှာတော့ တိတ်ဆိတ်မှုစတင်ဖြိုခွင်းလိုက်သည်က အိမ်ရှေ့တံခါးဘဲလ်သံပင်ဖြစ်သည်
"ဟင် မေမေ တကယ်ကြီးလာတယ်?"
"လာရတာပေါ့. ဂျောင်ငယ်လေးမှ နေမကောင်းတာကို. ဘယ်မှာလဲ ဂျောင်လေးက. အိပ်နေတုန်းလား"
"ကင်မ် ဘယ်သူ---ဟင် မေမေ"
မေမေက ကျနော့်နောက်မှ ဂျောင်ဂု အသံကို ကြားကြားချင်း ချက်ချင်းပင် နဖူးပြေးစမ်းလေသည်
ဂျောင်ဂုဆိုသည့် အကောင်ပေါက်ကလည်း မနက်က ကျနော် စမ်းတုန်းကျ နီရဲနေပြီး မေမေနဖူးစမ်းတာကျ မျက်နှာမရဲပါရောလား
ကျနော့်လက်က ပူနေလို့ပဲ အဖျားပိုတက်သွားတာများလား စဉ်းစားစရာပင်
"သားလေး ဂျောင်ငယ်လေး. အောင်မယ်လေး ပူကျစ်နေတာပဲ ကြည့်ပါဦး. ဘယ်လိုဖြစ်ပြီး ဖျားရတာတုန်း. သားငယ်က ဂရုမစိုက်ဘူးလား"
ဟောဗျာ ကျနော်က ဂရုတစိုက်နဲ့ ခေါင်းတောင် သုတ်ပေးသေးတာပါနော်
အခုဖျားတော့လည်း ဆန်ပြုတ်ပါပြုတ်တိုက်သေးတာကို
"မဟုတ်တာ မေမေရယ်. ကင်မ်က ဂရုစိုက်တာထက်ကို ပိုပါတယ်. ခုတောင် ကျနော့်ကို ဆန်ပြုတ်ပြုတ်တိုက်သေးတယ် မေမေရဲ့"
"ဟယ် ဆန်ပြုတ်က ဖြစ်လိုက်သေးတယ်ပေါ့. မေမေက အိုးပျက်ပြီ ထင်နေတာ"
"ဟာ မေမေ.လူကို အထင်သေးလိုက်တာဗျာ. ကျနော်လည်း အဲ့လောက်တော့ လုပ်နိုင်ပါတယ်နော်. အရသာရှိတယ်မလား ဂျောင်-အဲ ဂျောင်လေး"
ဘုရားဘုရား အကင်းပါးသည့် မေမေ့ရှေ့ နာမည်မှားထွက်မိတော့မလို့
"ဂျောင်လေး ဟုတ်လား? မနက်ကတည်းက မေမေထူးဆန်းနေတာ. အချစ်အချစ်ဆိုပြီး ပါးစပ်ကမချတဲ့ သားငယ်က ဘယ်လိုဖြစ်ပြီး ဒီနေ့မှ အခေါ်အဝေါ်တွေပြောင်းနေတာလဲ"
ကြည့်ပါဦး..အခေါ်အဝေါ်ပြောင်းတာတောင် သတိထားမိနေသည့် ကျနော်မေမေပါပဲ.. မလွယ်ပါ့လားနော်
"မဟုတ်မှ.. မင်းတို့ ရန်ဖြစ်ထားကြာတာလား"
"မဟုတ်တာ မေမေရယ်. တခါတလေ အပြောင်းအလဲလေးဖြစ်အောင် ကျနော်က မခေါ်ခိုင်းတာပါ"
ကျနော်မပြောခင် ကြားထဲမှ ဝင်ထိန်းလိုက်သည့် ဂျောင်ဂုကြောင့် စိတ်သက်သာရာရလေတော့သည်
ဟန်ဆောင်ခြင်းကား ယခုကဲ့သို့ ခဏလေးတောင် ဒီလောက် စိတ်ကျဉ်းကျပ်လျှင်
၃လလောက် အခြားတယောက်ကဲ့သို့ ဟန်ဆောင်ကာ မဆီမဆိုင် ကျနော်ပြုသမျှ နုခဲ့ရသည့် ဂျောင်ဂုသာဆို ဘယ်လောက်တောင် စိတ်ညစ်ခဲ့ရမလဲ
ဒါတောင် သူ့ဘက်က အရှောင်ကောင်းလို့ ခြေလွန်လက်လွန်တွေ မဖြစ်ခဲ့တာ
မဟုတ်လျှင်တော့ တသက်လုံး အားနာနေရတော့မည်ပင်
.
.
.
.
.
တနေကုန် မေမေနှင့် စကားပြောရယ်မောရင်း ဂျောင်ဂုက သက်သာသလောက် ရှိလာသော်လည်း အဖျား၏သဘောက ညဘက်ဆိုလျှင် ပြန်တက်တတ်သည်မို့ အိမ်ရာမဝင်ခင် ဂျောင်ဂုအခြေအနေကို စူးစမ်းရန် သွားမိသည်
အိပ်ပျော်နေလောက်သည်ဟု ကောက်ချက်ချမိသည်ကြောင့် တံခါးမခေါက်ပဲ ဝင်လာမိလေတော့ ထင်သည့်အတိုင်း အိပ်မောကျကာနေလေသည်
စောင်ပုံထဲတွင် ကွေးကွေးလေးအိပ်နေသည်က တကယ့်ကို နှင်းတောထဲမှယုန်ဖြူကလေးကဲ့သို့ပင်
သိုပေတည့် စိတ်မချမှုကြောင့် အနီးကပ် ကြည့်မိလေတော့ ချွေးသီးချွေးပေါက်များကျကာ တုန်ယင်နေလေသော ဂျောင်ဂု
သည်လိုနှင့် ချွေးအအေးပတ်ကာ အဖျားမကျလျှင် ပိုဆိုးမည်မဟုတ်လား
သက်ပြင်းချမိကာ ချွေးစိုနေသည့် အဝတ်တို့ကိုသာ လဲပေးရန် ပြင်ရတော့သည်
အဝတ်လဲပေးရန်အတွက် မီးခိုးရောင် ညအိပ်ဝတ်စုံကြယ်သီးတို့ကို ဖြုတ်မိတော့ ယောက်ျားလေးအချင်းချင်းပင် ဖြစ်သော်လည်း ဖြူဖွေးဝင်းမွတ်ကာ ပန်းနုရောင်သန်းနေသော အသားအရည်ကြောင့် အနည်းငယ်ပင် မျက်နှာပူမိလေသည်
အတန်ငယ်ကြာအောင် တွေဝေနေမိပြီးမှ အသိစိတ်ပြန်သွင်းကာ ချွေးသုတ်ပေးပြီး အသင့်ထုတ်ထားသော ခရမ်းရောင် ညအိပ်ဝတ်စုံဖြင့် လဲဝတ်ပေးလိုက်တော့သည်
ကျနော် ကိုယ်ချစ်ရသူရဲ့ ညီငယ်အပေါ်ဘာစိတ်တွေ ဝင်မိနေတာများလဲ..
ရုပ်တူလို့နေမှာပါ...ဟုတ်ပါတယ် ရုပ်တူလို့..
ဂျောင်ဂုကတော့ အိပ်မောကျနေ၍ တော်သေးသည် မဟုတ်လျှင် ကျနော်ဖြစ်နေသည့်ပုံစံကြောင့် အခွင့်ရေးယူသည့်သူဟု ထင်ခံရမှာ အသေအချာပါပဲ
"အင့်ဟင့် ချမ်းတယ်"
အခန်းတွင်းမှ ခပ်သုတ်သုတ် ထွက်မည်အလုပ် ငြီးငြူသံခပ်တိုးတိုးလေးကြောင့် ပြန်လာကြည့်မိလေတော့
စောင်အထပ်ထပ် ခြုံပေးထားသည့်ကြားက အသံခပ်တိုးတိုးဖြင့် ချမ်းတယ်အော်ညည်းနေသော ဂျောင်ဂုကြောင့် ကျနော်ပါချွေးစီးပြန်ချင်လာသည်
သည့်ထက် စောင်ထပ်ခြုံပေးလျှင်လည်း ချွေးထွက်လွန်ကာ ချွေးအအေးပတ်မည်က စိုးရသည်ကြောင့် မည်သို့မည်ပုံလုပ်ပေးရမည် မသိ၍ အကျပ်ရိုက်နေစဉ်
"ဖ-ဖက်ထားပေးပါ..ချမ်းတယ်..."
ဂျောင်ဂုစကားကြောင့် ရုတ်တရက် မျက်လုံးပင်ပြူးသွားရသော်လည်း ဂျောင်ဂုကို ကြည့်မိလေတော့ မျက်လုံးမဖွင့်ဘဲ တိုးညှင်းစွာ အိပ်မက်ယောင်နေသည့်ပုံပင်
"အင့်ဟင့်...ချမ်းတယ်လို့..."
ခက်တော့တာပါပဲ
ဘယ်လောက်မှ အပန်းမကြီးသည့်အလုပ် ဖြစ်သော်လည်း မသင့်တော်သည့် အနေအထားမဟုတ်လား?
ဂျောင်ဂုကိုယ်တိုင်ကလည်း ကျနော့်အပြုအမူတို့ကို ခုထိအနေခက်လေဟန် ရှိတာကြောင့် ပို၍ အနေခက်သွားလောက်သလို
ဂျောင်လေးအပေါ်တွင်လည်း မကောင်းရာကျမည်မဟုတ်လား
သို့ပေမယ့် မျက်စိရှေ့တွင်ရှိနေသော စောင်ပုံထဲမှ အကောင်ပေါက်ကလည်း ပုဇွန်ဆိတ်လေးတကောင်ကဲ့သို့ ကွေးညွတ်ကာ ငြီးတွားရင်းချမ်းနေလေသည်မို့ အလွန်ပင် ခက်ချေပြီ
စိတ်ရှုပ်စွာဖြင့် ခေါင်းကုပ်မိရင်း နောက်ဆုံးတွင်တော့ လူမမာကို ဒီတိုင်းလဲ ပစ်မထားရက်သည်မို့ ဂျောင်ဂုဘေးမှ နေရာလွတ်တွင်ဝင်လှဲလိုက်ပြီး ခပ်ဖွဖွဖက်ထားကာ အနွေးဓာတ်ပေးမိတော့သည်
အနေရခက်၍ပဲလားမသိ ရင်ထဲတွင်တော့ ဗရမ်းဗတာပင်
ဂျောင်ဂုကလည်း ကျနော်အင်္ကျီစကို ဆုပ်ကိုင်ရင်း ရင်ခွင်ထဲ ပို၍တိုးဝင်လာကာ
"နွေးလိုက်တာ"
"သိပ်နွေးထွေးတာပဲ"
အပြုံးချိုချိုဖြင့် ငြိမ်သက်ကာ အိပ်မောကျသွားလေသည်
အိပ်မက်လှလှ မက်နေသည်ထင်ပါရဲ့
ကျနော်ကိုယ်တိုင်လည်း ခဏအကြာ ဂျောင်ဂု အချမ်းသက်သာသွားချိန်တွင် မိမိအိပ်ရာသို့ ပြန်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း စောင်ပုံနွေးနွေးနှင့် ဂျောင်ဂုကိုယ်ငွေ့နွေးနွေးကြောင့် မထင်မှတ်ပဲ အိပ်မက်ကမ္ဘာသို့...
အအေးဓာတ်ပိုသည့် ဆောင်းရာသီညလေးတွင် ကောင်လေးနှစ်ဦးကတော့ ရင်ခုန်သံတွေကို လျစ်လျူရှုကာ အချင်းချင်း အနွေးဓာတ်ပေးရင်း အိပ်မောကျနေခဲ့ကြလေတော့သည်
#Tbc
See you in next episode~
- 해바라기