အပိုင်း ၃၀ အချစ်ငှက်မောင်နှံများ

ZG

သည္လိုႏွင့္ အခ်ိန္ကာလတစ္ခုၾကာ တိုင္ပင္ၾကၿပီးေနာက္ ဟိုေဆာ့တို႔ စုံတြဲ၏ အိမ္သို႔ ေျပာင္းေ႐ႊ႕ရန္ျဖစ္လာခဲ့ၾကသည္

မိသားစုႏွင့္ အဆက္အသြယ္ျဖတ္ခဲ့ရေသာ္လည္း အကူအညီေပးမည့္ သူငယ္ခ်င္းေကာင္းမ်ားရွိေနသည္က အေတာ္ေလး ေက်းဇူးတင္စရာေကာင္းသည့္ ေကာင္းခ်ီးပင္ျဖစ္ေလသည္

ဒီေန႕တြင္ ဟိုေဆာ့တို႔အိမ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္သည္ေၾကာင့္ က်ေနာ္တို႔ ပစၥည္းမ်ားေနရာခ်၍ အၿပီး ေအာက္ဆင္းလာသည့္အခါ မီးဖိုေခ်ာင္နား မေရာက္ခင္ပင္ ဂ်ီမင္း၏ အသံစူးစူးေလးက ဆီးႀကိဳ၍ေနေလသည္

"ကိုကိုေရ! မင့္ကို အာလူးလွီးေပးဦး!"
"ကိုကိုေရ! ၾကက္သြန္ၿမိတ္ ယူေပးပါဦး!"
"ကိုကိုေရ! ဒီအသားေတြ ေရေဆးေပးဦး!"

ခပ္လွမ္းလွမ္းမွ အကဲခတ္ေနရင္း ကိုကိုေရ အစခ်ီကာ တာဝန္ေပးအပ္ေသာ ဂ်ီမင္းေၾကာင့္ င႐ုတ္သီးၾကက္သြန္ေထာင္းသည္မွစ အသားငါးလွီးျဖတ္သည္အထိ တာဝန္ေက်ေနေသာ ဟိုေဆာ့ကိုၾကည့္ကာ ႀကိတ္၍ ရယ္မိေတာ့သည္

လူပ်ိဳဘဝက အင္မတန္ လက္ေၾကာေျခေၾကာမတင္းသည့္ လူက ခုက်ေတာ့ သူ႕အမ်ိဳးသားေလး ခ်က္ျပဳတ္ရန္ အဆင္သင့္ျပင္ထားေပးသည္မို႔ ဂ်ီမင္းက အသင့္ခ်က္႐ုံကလြဲလို႔ မပင္ပန္းပါေလ

အင္း ဒီစုံတြဲ လိုက္လဲ လိုက္ပါရဲ႕

ထိုအခ်စ္ငွက္ေမာင္ႏွံ၏ ေဘးတြင္ေတာ့ ကူးငယ္သည္လည္း ဟင္းအမယ္အခ်ိဳ႕ကို ျပဳလုပ္ရန္ ျပင္ဆင္ေနျပန္သည္။အိမ္ခန္းေနရာခ်ျခင္းကို ေနာက္မွ လုပ္မည္ဆိုကာ ဦးစြာ ေအာက္ဆင္းသြားျခင္း၏ ရည္႐ြယ္ခ်က္က ဒါေၾကာင့္ျဖစ္ေနသည္ကိုး

"အို ေဂ်ာင္ဂုရွီ ကူမလုပ္ပါနဲ႕ဆို. ဒီေန႕ပဲ အိမ္ေျပာင္းလာတာမို႔ ပင္ပန္းေနမွာေလ"

"မဟုတ္တာ. က်ေနာ္ မပင္ပန္းပါဘူး. က်ေနာ္ျဖစ္ျဖစ္ကူညီေတာ့ ဂ်ီမင္းရွီ နည္းနည္း ဝန္ေပါ့တာေပါ့"

"ရပါတယ္ ေဂ်ာင္ဂုရွီရဲ႕ လိုတာရွိရင္ ကိုကို႔ကို ခိုင္းလိုက္မယ္. သြားသြားထိုင္ေန"

"အာ..ဟိုေဆာ့ရွီက ဆက္တိုက္ လုပ္ေပးေနတာမို႔ က်ေနာ္နဲ႕ ျဖစ္ျဖစ္ လူလဲၿပီး ကူညီေပးမလားလို႔ေလ"

"မဟုတ္တာ~ သူက လုပ္ေနက် အဲ့ဒါေတြ အသားက်ေနၿပီ. ဟုတ္တယ္မလား ကိုကို~?

"ဒါေပါ့ ဒါေပါ့. ေဟာဒီမွာ အသားေတြ ေရေဆးၿပီး တခါတည္း လွီးၿပီးၿပီေနာ္ မင္ေလး ဟဲဟဲ"

"အိုက္ဂူး~~ မင့္ကိုကိုက သိပ္အလိုက္သိတာပဲေနာ္ ဆုခ်ရမယ္ မြ"

လက္တဖက္က အသားပန္းကန္ႀကီးအား ကိုင္ထားရင္း တစ္ဖက္က အနမ္းခံရေသာ ပါးတဖက္ကို ကိုင္ရင္း ၿပဳံးစိစိျဖစ္ေနသည့္ ဟိုေဆာ့ပုံက ရယ္ခ်င္စဖြယ္ျဖစ္ေနသည္ေၾကာင့္ အသံထြက္ေအာင္ ရယ္မိေတာ့ မ်က္ေစာင္းႀကီးတစ္ခုက က်ေနာ့္ဆီသို႔ က်ေရာက္ေလသည္။ ႏႈတ္ကလည္း ပြစိပြစိျဖင့္ ဘာေတြ ႀကိမ္းဝါးေနလဲ မသိပါ။

ကူးငယ္ကေတာ့ မနိုင္ဘူးဆိုသည့္ပုံႏွင့္ ရယ္လ်က္ပင္ ေခါင္းတခါခါလုပ္ကာ မီးဖိုေခ်ာင္မွ ထြက္လာေလသည္။ မလွမ္းမကမ္းတြင္ ရပ္ေနသည့္ က်ေနာ့္ကို ျမင္ဟန္မေပၚသည္ေၾကာင့္ ပုန္းကာ လွန့္လိုက္ေတာ့

"အေမ့!... ကင္မ္! လန့္သြားတာပဲ"

"ကို ေစာေစာကတည္းက ဒီမွာရပ္ေနတာကို. မေတြ႕တဲ့အထိ ဘာေတြ စဥ္းစားေနတာတုန္း ကူးငယ္ရဲ႕"

"ဂ်ီမင္းရွီဆီက ပညာေတြယူေနတာေလ. ေနာက္က် ကင္မ္လက္ျပန္ေကာင္းသြားရင္ ကင္မ့္ကိုလည္း အဲ့လိုခိုင္းမလို႔"

သိသိရက္ႏွင့္ စလိုက္ေသာ္လည္း အေျဖစကားက ကိုယ္ရႉးကိုယ္ပတ္လုနီးနီးျဖစ္သည္ေၾကာင့္ ျပန္၍ အရွိန္ထိန္းရပါေတာ့သည္

"ကိုက ဟိုေဆာ့လိုမွ ဟင္းမခ်က္တတ္ပဲ"

"ဟိုေဆာ့ရွီလည္း ခ်က္ရတာမွ မဟုတ္ပဲေလေနာ္"

"ရတယ္ေလ ဒါျဖင့္ရင္လည္း အေပးအယူနဲ႕ေပါ့. တစ္ခုလုပ္ၿပီးရင္ တခါ အာဘြားေပးေၾကး"

အႀကံအစည္အား ဖြင့္ဟမိေတာ့ မႈန္သုံသုံေလး ျပန္ၾကည့္၍ ရင္ဘတ္ကို လက္ညိုးျဖင့္တြန္းကာ

"လူလည္ႀကီး~ ဖယ္ဦး က်ေနာ္ အေပၚမွာ ပစၥည္းေတြ ေနရာခ်ရဦးမယ္"

"ကို လုပ္ၿပီးသြားၿပီ. ခုန ကူးငယ္ ေအာက္ဆင္းလာတုန္းက ကို ဆက္လုပ္လိုက္တာ"

မ်က္ခုံးတန္းေလးက ေစာေစာကထက္ပင္ ပို၍ တြန့္ခ်ိဳးကာ အလိုမက်ဟန္ကို ျပေတာ့သည္။ စိတ္အလိုမက်သည့္ မ်က္ႏွာေလးကေတာင္ ခ်စ္စရာေကာင္းေနသည္ေၾကာင့္ ျဖစ္ညွစ္ပစ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္ဆိုသည္မွာ အမွန္တရားပင္။

"ၾကည့္..လက္ေၾကာင့္ နားေနပါဆိုတာကို ေျပာလို႔မရဘူး"

"ကိုက ဒီတိုင္း အလကားႀကီး ထိုင္မေနခ်င္လို႔ပါကြာ"

"ကဲပါ. ေျပာမရဘူးဆိုလည္း လက္ကိုေတာ့ ဂ႐ုစိုက္ေပး. ဟုတ္ၿပီလား. ဖယ္ေတာ့ က်ေနာ္ေရသြားခ်ိဳးေတာ့မယ္"

"တူတူခ်ိဳးၾကမလား~?"

"ကင္မ္! သူမ်ားအိမ္မွာကို. ကဲကို ကဲတယ္ တကတည္း"

ခပ္ဟဟရယ္ကာ ဖက္ထားေသာ ခါးသိမ္သိမ္အား လႊတ္ေပးေတာ့ ခပ္သုတ္သုတ္ပင္ အေပၚထပ္သို႔ ေျပးတက္သြားေလေတာ့သည္။ ခုထိ အရွက္သည္းေသာ ယုန္ေပါက္ေလး ျဖစ္ေနဆဲပါပဲေလ

ထို႔ေနာက္ အာ႐ုံတို႔အား မီးဖိုထဲမွာ စုံတြဲဆီသို႔ ေရာက္ေစျပန္ေတာ့ အသားလုံးလုံးရင္း ပ်င္းရိေနဟန္ေပၚေသာ ဟိုေဆာ့ကို ျမင္ရသည္ေၾကာင့္ မထိန္းခ်ဳပ္နိုင္ပဲ ထပ္၍ ရယ္မိေလေတာ့ သေကာင့္သားက အသားပန္းကန္ႀကီးကို ကိုင္လ်က္ပင္ မ်က္ေစာင္းႀကီးျဖင့္ အနားသို႔ ေရာက္လာေလေတာ့သည္

"ဘာရယ္တာလဲ ဟိတ္ေကာင္"

"မဟုတ္ပါဘူး ဒီတိုင္း အဟီး"

"မင္းေနာ္. ငါ့ကို ရယ္ေနတာမလား"

"ဟာ ထင္ခ်င္ရာေတြ ထင္ေနျပန္ၿပီ ဒီေကာင္"

"မင္းက ခုမွေတြ႕တာမို႔ ငါ့ကို ေယာက္်ားေၾကာက္ရတယ္ ထင္ခ်င္ထင္ေနမွာေပမယ့္ တကယ္ဆို ငါက မင္ေလးကို ခ်စ္လြန္းလို႔ ဒါေတြ လိုက္လုပ္ေပးေနတာကြ သိလား"

ေမးလည္း မေမးပါပဲႏွင့္ ေျဖလာေသာ ဟိုေဆာ့ေၾကာင့္ ပို၍ ရယ္ခ်င္လာေတာ့သည္။ သို႔ေသာ္လည္း ခုေနထရယ္လိုက္လွ်င္ ကတ္ကတ္လန္ရန္ေတြ႕ခံရမည္က အေသအခ်ာျဖစ္သည္ေၾကာင့္ ရယ္ခ်င္စိတ္အား ေအာင့္အီးကာ

"ေအးပါ ငါလဲ ဘာမွ မေမးပါပဲနဲ႕"

"ေလွ်ာက္ထင္ေနမွာစိုးလို႔ေျပာတာကြ. တကယ္ဆို ငါက အႀကီးလည္း အႀကီးမို႔ မင္ေလးက ငါတစ္ခြန္းဆို တစ္ခြန္း---"

"ကိုကို! အသားပန္းကန္ႀကီးကိုင္ၿပီး ဘယ္ေပ်ာက္သြားတာလဲ! ဒီမွာ ၾကက္သြန္လည္း ေထာင္းရဦးမယ္ေလ!"

"ကိုကိုလာၿပီ မင္ေလးေရ~!"

"ခြီးး"

ရန္ေတြ႕ျခင္းပင္ အဆုံးမသတ္ေသး ခင္ပြန္းေလး၏ အသံစာစာေၾကာင့္ မီးဖိုထဲ အသည္းအသန္ျပန္ေျပးသြားသည့္ ဟိုေဆာ့ကို ၾကည့္ကာ ဗိုက္ႏွိပ္၍ပင္ ရယ္ေမာမိပါေတာ့သည္

အင္း ေဂ်ာင္ဟိုေဆာ့ ေဂ်ာင္ဟိုေဆာ့.. ခုက်ေတာ့လည္း အပိုးေတြကို က်ိဳးလို႔

.

.

.

.

.

ေနာက္ထပ္ေကာင္းခ်ီးကေတာ့ က်ေနာ္သည္လည္း ကုန္ပစၥည္းျဖန့္ခ်ီသည့္ ကုမၸဏီတစ္ခုတြင္ သင့္တင့္ေသာ ရာထူးတစ္ခုျဖင့္ အလုပ္ရရွိသြားျခင္းပင္ ျဖစ္ေလသည္။

ကူးငယ္ အလုပ္လုပ္ေနေသာ ေက်ာင္းႏွင့္လည္း လမ္းသင့္သည္ေၾကာင့္ နံနက္ခင္း အလုပ္သြားတိုင္း ႏွစ္ဦးသားအတူ အခ်ိန္ကုန္ရသည္မွာ အေတာ္ေလးပင္ ေမြ႕ေလ်ာ္စရာပင္ျဖစ္သည္။ ဒီလို အမွတ္တရေတြ ဖန္တီးခ်င္သည္ေၾကာင့္ ဟိုေဆာ့က လိုက္ပို႔ပါမည္ဆိုသည္ကိုေတာင္ ျငင္းဆန္ထားသည္ မဟုတ္လား

"ကင္မ္ေနာ္ မဆိုးနဲ႕"

ကူးငယ္က ႏွစ္ဦးတည္းသာ ၾကားရေလာက္မည့္ အသံတိုးတိုးျဖင့္ က်ေနာ့္အား မာန္ေလသည္။ မာန္ခ်င္လည္း မာန္ေလာက္စရာပါေလ. အလုပ္သြားခ်ိန္မို႔ ေခ်ာင္ခ်ိမေနေသာ ကားထဲတြင္ ခါးသိမ္သိမ္ေလးအား အလြတ္မေပးပဲ ဖက္ထားသည့္အျပင္ ကားတိုးသည္ေၾကာင့္ ပို၍ နီးကပ္သြားတိုင္း နားထင္အား အနမ္းဖြဖြတို႔ ေပးေနသည္ေၾကာင့္ စိတ္အႏွောင့္အယွက္ ျဖစ္ေလာက္စရာမဟုတ္လား

သည္လိုႏွင့္ ကူးငယ္ေက်ာင္းေရွ႕သို႔ ေရာက္၍ ႏွစ္ဦးသားတူတူဆင္းေလေတာ့ ကားေပၚက ဆင္းလွ်င္ဆင္းျခင္း ရင္ဘတ္ကို တရစပ္ ထုေလေတာ့သည္။ ခပ္ဖြဖြပင္ထုေသာ္လည္း ရွက္စိတ္ေၾကာင့္ အားသန္ေန၍လားမသိ အနည္းငယ္ေတာ့ နာပါသည္ေလ

"ကားေပၚႀကီးမွာကို! ကင္မ္ တကယ္ဆိုးတယ္ တအားပဲ!"

"ေဟာလ္ လူျမင္တာမွ မဟုတ္တာကို ကူးငယ္ကလည္း. ေနာက္ၿပီး ကိုတို႔က မဟုတ္တာလုပ္ေနတာလည္း မဟုတ္ဘူးေလေနာ္"

"ကင္မ္ဟာေလ တကယ္ပဲ!"

"ဟာ ကိုက လက္ဒဏ္ရာႀကီးနဲ႕ေတာင္ ကူးငယ္ကို ဖက္ထားနိုင္ေအာင္ ႀကိဳးစားရတာေလေနာ္"

"အဲ့ဒါဆို မဖက္နဲ႕ေလ. ကားေပၚႀကီးမွာ မေတာ္လို႔ ထိခိုက္မွျဖင့္ ဘယ္လိုလုပ္မတုန္း"

"တစ္ေနကုန္ေတာင္ မေတြ႕ရမွာမို႔ အားအင္ေတြ အျပည့္ယူသြားတာေလကြာ. ကူးငယ္က ကို႔ကို ၿငိဳျငင္တာလား"

မ်က္ႏွာကို အတတ္နိုင္ဆုံး ငယ္ထားကာ ေျပာလိုက္မိေတာ့ ေစာေစာကအထိ မ်က္ေစာင္းေလး ခဲလ်က္ရွိေသာ ကူးငယ္က မယုံနိုင္သည့္ မ်က္လုံးတို႔ျဖင့္ ျပန္ၾကည့္ကာ တဆက္တည္းမွာပင္ ရယ္ေမာေလေတာ့သည္

"ဘာရယ္ ဘာရယ္?"

"ကိုက ခ်စ္လို႔ေလကြာ. ကို႔ကို မၿငိဳျငင္ပါနဲ႕"

"ဘယ္သူက ၿငိဳျငင္တယ္ေျပာေနလို႔လဲ ကင္မ္ကေတာ့ေနာ္~ တကယ္ပါပဲ"

ထို႔ေနာက္ ကူးငယ္က က်ေနာ့္ ကုတ္အကၤ်ီႏွင့္ necktieအား ပုံက်ေစရန္ လက္ျဖင့္ အသာအယာ ျပင္ေပးကာ

"ၿငိဳလဲ မၿငိဳျငင္ဘူး စိတ္လည္း မခုတာမို႔ အဲ့လို မ်က္ႏွာႀကီးငယ္မေနပါနဲ႕ေတာ့. ေတာ္ၾကာ လမ္းသြားလမ္းလာေတြက က်ေနာ္ ကင္မ့္ကို ဆူေနတယ္ ထင္ဦးမယ္"

"ၿပီးေတာ့ ဟိုမွာ ကင္မ္စီးရမယ့္ ကားလာၿပီ. သြားေတာ့. အလုပ္မ်ားလည္း ေန႕လည္စာစားရမယ့္အခ်ိန္မွာစား နားရမယ့္ အခ်ိန္မွာ နားေနာ္. လက္က ဒဏ္ရာက ခုထိ မေပ်ာက္ေသးတာမို႔ လက္ဒဏ္ျဖစ္မယ့္ဟာမ်ိဳးေတြလည္း မလုပ္နဲ႕. အလုပ္က လူေတြနဲ႕လည္း အဆင္ေျပေအာင္ေနဦး. ေနာက္ၿပီး---- ဟင္ ဘာလို႔ ရယ္ေနတာတုန္း အေကာင္းေျပာေနတာကို"

"ကူးငယ္က ဒီလိုက် ကို႔ ေမေမနဲ႕ တူလို႔ပါ ဟားဟား"

"အာ...ကင္မ္ကလည္း"

"ဟားဟား ဒါျဖင့္ရင္ က်ေနာ္မ်ိဳး သြားပါေတာ့မယ္ ကူးမာမားေရ. ခ်စ္တယ္ေနာ္"

"ကင္မ္!"

႐ြတ္ေနာက္ေနာက္ျဖင့္ ေျပာကာ ႏႈတ္ခမ္းပါးေလးကိုပါ အငိုက္ဖမ္း၍ နမ္းခဲ့ေလေတာ့ ေၾကာင္စီစြာ က်န္ခဲ့သည့္ အေကာင္ေပါက္က က်ေနာ္ ကားေပၚတက္ခါနီးမွသာ သတိဝင္ကာ အသံစာစာေလးျဖင့္ ေအာ္ေလေတာ့သည္။

အလုပ္သို႔ ဆက္မသြားခင္ ခ်စ္ရသူႏွင့္တူတူ အခ်ိန္ကုန္ရျခင္းသည္လည္း ေကာင္းခ်ီးတမ်ိဳးပါပဲလားေလ

.

.

.

.

.

အလုပ္ဟူသမွ် လြယ္ကူသည္ေတာ့ မရွိသည္ေၾကာင့္ ႀကိဳးစားမႈကိုေတာ့ ေလ်ာ့၍ မရေပ။ ဝန္ထမ္းအသစ္ျဖစ္သည့္အခါတြင္ေတာ့ ပို၍ဆိုးသည္ေပါ့... ယခုလည္း တစ္လပင္ မျပည့္ေသးသည့္တိုင္ စာရင္းမ်ားလုပ္ရသည္မွာ ေခါင္းေျခာက္ေလာက္စရာပင္ ျဖစ္ေလသည္။

"ကင္မ္ ေရာ့ အသီးေလးစားရင္း လုပ္"

စာ႐ြက္လွန္လိုက္ စာရိုက္လိုက္ တြက္လိုက္ခ်က္လိုက္ျဖင့္ တဦးတည္း အလုပ္ရႈပ္ေနစဥ္ ထုံးစံအတိုင္း အသီးပန္းကန္ေလးကိုင္ကာ အနားေရာက္လာေသာ ကူးငယ္ေၾကာင့္ ပင္ပန္းမႈတို႔က တဝက္ေျပေလ်ာ့ရေတာ့သည္။ ကူးငယ္က တကယ့္ကို အားအင္ေလးပါပဲေလ

"အမ်ားႀကီး က်န္ေသးတာလား"

"အင္း နည္းနည္းလိုေသးတယ္. ကူးငယ္ အိပ္ႏွင့္ေလ"

"မဟုတ္တာ~ က်ေနာ္ ကင္မ့္ကို ေစာင့္ပါမယ္။ က်ေနာ္လည္း အိပ္ခ်င္ေသးတာမွ မဟုတ္တာ"

မအိပ္ခ်င္ေသးေၾကာင္း က်ဳံးဝါးကာ ထိုင္ေစာင့္ေပးသည့္ ကူးငယ္။ အခ်ိန္တစ္ခုၾကာ၍ စာရင္းမ်ား ၿပီးလုနီးမွ ေခါင္းေဝွ႕ၾကည့္မိခ်ိန္တြင္ေတာ့ ငိုက္ျမည္းကာ ေနေလသည္။

ဆိုဖာေပၚတြင္ လက္ပိုက္ကာ ထိုင္ေနရင္းပင္ ေခါင္းလုံးေလးက ငိုက္စိုက္၍ ဟိုယိမ္းဒီယိမ္းျဖစ္ေနသည္က အသည္းယားစရာျဖစ္သည္ေၾကာင့္ အလုပ္မ်ားကိုပင္ ေခတၱမွ် ေမ့ထားတာ ထိုအသည္းယားစဖြယ္ ေခါင္းလုံးေလးအား ေမးေထာက္၍ ထိုင္ၾကည့္မိေတာ့သည္

"မအိပ္ခ်င္တာလည္း မဟုတ္ပဲနဲ႕ ကူးငယ္ကေတာ့ေလ"

ၾကည့္ေနရင္းမွာပင္ အေရွ႕သို႔ အေတာ္ေလး အားပါပါ ငိုက္က်သြားသည္ေၾကာင့္ ဆတ္ခနဲ နိုးသြားသည့္ ကူးငယ္က အိပ္မႈံစုတ္ဖြားေလးျဖင့္ ဟိုၾကည့္ဒီၾကည့္ၾကည့္ေနရာမွ က်ေနာ့္ႏွင့္ မ်က္လုံးခ်င္း ဆုံမိေလေတာ့ ယုန္သြားေလးမ်ား ေပၚသည္အထိ အရွက္ေျပရယ္ျပေလသည္

"လာခဲ့ ဒီကို"

သြားအိပ္ခိုင္းလွ်င္လည္း မရမည္ကို ႀကိဳခန့္မွန္းမိသည္ေၾကာင့္ ေပါင္ကို ပုတ္ျပကာ အနားေခၚမိေလေတာ့ မျငင္းဆန္ေတာ့သည္ ကူးငယ္။ မၾကာလိုက္မီမွာပင္ ခပ္က်စ္က်စ္ကိုယ္လုံးေလးက ေပါင္ေပၚသို႔ ေရာက္ရွိကာ လက္အစုံတို႔ကလည္း လည္တိုင္ကို ဖက္တြယ္၍ ေခါင္းလုံးေလးကပါ ခပ္ေလွ်ာေလွ်ာ မွီတင္းထားသည္ေၾကာင့္ koala ဝက္ဝံေလးသ႑ာန္ ျဖစ္ေနေလေတာ့သည္

ထိုအေနအထားေလးႏွင့္ပင္ အလုပ္ဆက္လုပ္ေနရင္းမွ အတန္ငယ္ၾကာသည့္အခါ လည္ပင္းနားမွ အသက္ရႉသံမွန္မွန္ေလးေၾကာင့္ အိပ္ေမာက်သြားၿပီျဖစ္ေၾကာင္း ရိပ္မိပါေတာ့သည္။

"ေကာင္းေသာညပါ ကို႔ရဲ႕ ကူးငယ္"

.

.

.

.

.

အလုပ္မ်ားကို အၿပီးသတ္ကာ နာရီၾကည့္မိခ်ိန္တြင္ေတာ့ သန္းေခါင္လြဲ၍ ၁နာရီပင္ ထိုးေနၿပီ ျဖစ္ေလသည္။ အႏြေးလုံးေလးက ကိုယ္ေပၚတြင္ ဖက္တြယ္ေနသည္ေၾကာင့္ အားအင္မ်ား ျပည့္မွန္းမသိျပည့္ဝကာ အလုပ္မ်ားပင္ တထိုင္တည္းျဖင့္ ၿပီးသြားေလသည္ကိုး

အတန္အသင့္လည္း ေနာက္က်ေနၿပီျဖစ္သည္ေၾကာင့္ သိမ္းသင့္သည္မ်ားကို သိမ္းဆည္းကာ အႏြေးလုံးကေလးအား ေပြ႕ခ်ီ၍ အေပၚထပ္သို႔ တက္လာေလေတာ့သည္။ ျပည့္ျပည့္က်စ္က်စ္ ကိုယ္လုံးေလးျဖစ္ပါေသာ္လည္း ထင္သေလာက္ မေလးလံသည္ေၾကာင့္ ေလွကားတက္ရာတြင္လည္း အခက္အခဲမရွိခဲ့ေပ။

အေပၚထပ္သို႔ ေရာက္ရွိကာ မိမိတို႔ အခန္းသို႔ သြားမည္အလုပ္ အသံတခ်ိဳ႕ၾကားရသည္ေၾကာင့္ အခန္းဆီသို႔ မျပန္ေသးပဲ ထိုအသံတခ်ိဳ႕လားရာ ေလွကားေဘးရွိ အခန္းေရွ႕သို႔ ဦးတည္မိေလေတာ့

"အင္း...ဟာ့...ကိုကို ေျဖးေျဖး"

ဘုရားေရ က်ေနာ္ေတာ့ မၾကားသင့္တာေတြ ၾကားမိကုန္ပါၿပီ

က်ေနာ္ကသာ အခန္းေရွ႕မွာ မ်က္ႏွာပူေနေသာ္လည္း သန္းေခါင္လြဲကာ ည၁နာရီထိုးသည့္ေတာင္ အားသြန္ခြန္စိုက္ျဖင့္ အခ်စ္ပင္လယ္ထဲ ႐ြက္လႊင့္ေနသည့္ စုံတြဲကေတာ့ အခန္းတံခါးပြင့္ေနသည္ကိုလည္း သိသည့္ပုံမေပၚေပ

ဒါ့ေၾကာင့္ က်ေနာ္ကပဲ အလိုက္သိစြာျဖင့္ အနည္းငယ္ဟေနေသာ တံခါးကို လုံၿခဳံစြာ ျပန္၍ ေစ့ေပးခဲ့လိုက္ပါေတာ့သည္

ေတာ္ေတာ္မလြယ္တဲ့ စုံတြဲပါ့လား ဟူး

.
.
.

အခန္းထဲသို႔ ျပန္ေရာက္လာေတာ့ ေပြ႕ခ်ီထားေသာ အႏြေးလုံးေလးအား ကုတင္ေပၚသို႔ ျငင္သာစြာ ခ်ေပးကာ ကိုယ္လက္သန့္စင္ရန္ သြားရသည္။

သို႔ေသာ္လည္း ကိုယ္လက္သန့္စင္ၿပီး ျပန္အလာ ကုတင္ေပၚ၌ မ်က္လုံးအား လက္ကေလးျဖင့္ ခပ္ဖြဖြ ပြတ္ကာထိုင္ေနေသာ ခ်စ္ရသူေလးေၾကာင့္ ရင္ခုန္သံမ်ား အစိုးမရျဖစ္ရေတာ့သည္

အိပ္မႈံစုတ္ဖြားႏွင့္ ကူးငယ္က ဘာလို႔ ဒီေလာက္ေတာင္ခ်စ္စရာေကာင္းရတာမ်ားလဲ

"နိုးသြားတာလား ကူးငယ္"

"ကင္မ္ က်ေနာ္ ဒီကို ဘယ္လိုေရာက္လာတာလဲ"

"ကို ေပြ႕လာတာေပါ့ ကူးငယ္ရဲ႕. ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတာကို ကို႔ေၾကာင့္နဲ႕ နိုးသြားရၿပီ ထင္တယ္"

ကူးငယ္ေဘးသို႔ ဝင္ထိုင္လိုက္ရင္း မ်က္ႏွာဝိုင္းေလးအား လက္ျဖင့္ ခပ္ဖြဖြ ပြတ္သပ္ကာ ခပ္တိုးတိုးဆိုမိေလေတာ့

"မဟုတ္တာ ဒီတိုင္း တျခားအေၾကာင္းေၾကာင့္ပါ..."

သို႔ေသာ္လည္း အသံေလးက ပုံမွန္ထက္ ေဖ်ာ့ေတာ့ကာ မ်က္ႏွာေလးကလည္း ပုံမွန္ထက္ပို၍ ငယ္ေနသည္ေၾကာင့္ ေမးဖ်ားေလးအား အသာဆြဲေမာ့၍ ေမးမိေတာ့

"အိပ္မက္ဆိုးေတြမက္လို႔လား"

ခပ္ဖြဖြေလး ေခါင္းၿငိမ့္ေလသည္မို႔ နဖူးေပၚသို႔ အနမ္းႏုႏုေလး ေပးမိ၍ ေခါင္းလုံးေလးကိုလည္း အသာပြတ္သပ္ေပးကာ

"ကို႔ ကူးငယ္ေလးကို ႏွောင့္ယွက္ေနတဲ့ အိပ္မက္ဆိုးေတြ ေဝးေဝးသြားစမ္းကြာ"

ဟုဆိုမိေလေတာ့ ကူးငယ္က သေဘာက်စြာျဖင့္ ရယ္သြမ္းေလေတာ့သည္

"ကင္မ္ေျပာလို႔ အိပ္မက္ဆိုးေတြ ထြက္ေျပးသြားေလာက္ၿပီ ထင္ပါရဲ႕"

"အင္း.. ဒါျဖင့္ရင္ ကိုတို႔ အခု ျပန္အိပ္ၾကရေအာင္ေလ. ေနာက္လဲက်ေနၿပီ မဟုတ္လား. ေနာက္ၿပီး "ကိုတို႔ မနက္က်ေစာေစာထဖို႔လည္း လိုမယ္ထင္လို႔"

"ဘာလို႔လဲ ကင္မ္ရဲ႕"

"ဟိုေဆာ့တို႔ စုံတြဲက အလုပ္ႀကိဳးစားေနၾကလို႔ မနက္မနိုးေလာက္ဘူးေလ. အဲ့ဒါေၾကာင့္"

ကူးငယ္က အနည္းငယ္ စဥ္းစားသြားဟန္ေပၚၿပီး အတန္ၾကာမွ သေဘာေပါက္သြားကာ မ်က္ႏွာေလး ရဲတက္လာေလသည္

ထို႔ေနာက္တြင္ေတာ့ က်ေနာ့္ေဘးတြင္ ဝင္လွဲ၍ လည္တိုင္ၾကားသို႔ ေခါင္းေလးတိုးဝင္ကာ ေၾကာင္ေပါက္ေလးတေကာင္ကဲ့သို႔ ျပဳမူေလသည္။ ဒီအျပဳအမူက က်ေနာ့္ကို ခြၽဲေနတာေပါ့ေလ?

သေဘာက်စြာျဖင့္ ရယ္သြမ္းကာ ထိုအႏြေးလုံးေလးအား  ေဘးတေစာင္းအေနအထားမွ ကိုယ္ေပၚသို႔ အျပည့္အဝတင္ျမႇောက္လိုက္ျခင္းျဖင့္ အေနအထားေျပာင္းေစေတာ့ ယုန္ျဖဴေလး တစ္ေကာင္အား ရင္ဘတ္ေပၚတင္ထားသကဲ့သို႔ ၿငိမ္သက္ေနေလသည္

ထို႔ေနာက္ ကေလးသိပ္သကဲ့သို႔ ေက်ာျပင္ေလးအား ခပ္ဖြဖြပြတ္ေပးမိေတာ့ တခစ္ခစ္ရယ္သံ ခပ္တိုးတိုးေလးက ထြက္ေပၚလာေလေတာ့သည္

"ေဟာ. ကိုက ေခ်ာ့သိပ္ေနတာကို မအိပ္ပဲ ရယ္ေနရလား"

"သေဘာက်လိဳ႕ ခစ္ခစ္"

"ဟဟ ဟုတ္ပါၿပီကြာ"

"သိလား. က်ေနာ္ေလ. ကင္မ္နဲ႕မွ ေခ်ာ့သိပ္ခံရဖူးတာ... အရင္တခါ အိပ္မက္ဆိုးမက္တုန္းကေရာ ခုေရာ"

ရင္ဘတ္ေပၚ မ်က္ႏွာအပ္ထားရင္းႏွင့္ မ်က္လုံးေလး လွန္ၾကည့္ကာ ေလသံတိုးတိုးေလးျဖင့္ ေျပာလာသည့္ ကူးငယ္က အမွန္ပင္ ခ်စ္ဖြယ္အတိျဖစ္ေသာ္လည္း ေျပာသည့္အေၾကာင္းအရာက အထီးက်န္ခဲ့ေသာ ငယ္ဘဝႏွင့္ စပ္လ်ဥ္းသည့္ သနားစဖြယ္အေၾကာင္းအရာျဖစ္သည္ေၾကာင့္ တိုးဖက္လိုက္ကာ စိတ္သက္သာဖြယ္ ေျပာမိေလေတာ့သည္

"ေနာက္လည္း အိပ္မေပ်ာ္ရင္ ကိုက ခုလိုေခ်ာ့သိပ္ေပးဦးမွာ"

"ကင္မ့္ကို ခ်စ္လိုက္တာ"

"ကိုကလည္း အမ်ားႀကီး ခ်စ္ပါ့ဗ်ား"

အတန္ငယ္အၾကာတြင္ေတာ့ ရယ္သံတို႔အစား အသက္ရႉသံမွန္မွန္ေလးမ်ားက အခန္းတြင္း၌ လႊမ္းမိုးသြားေတာ့သည္.
လႊတ္ထြက္မည္ကို စိုးထိတ္သည့္အလား ေပြ႕ဖက္ထားၾကသည့္ အခ်စ္ငွက္ႏွစ္ဦးအား ႏွလုံးသားရွိသူသာဆိုလွ်င္ ခြဲဝံ့မည္မဟုတ္ေပ။

.

.

.

.

.

"ဟာ ကင္မ္! မကဲနဲ႕ကြာ"

"ကဲမွာပဲ ဘယ္သူမွရွိတာမွ မဟုတ္တာ"

ဂ်ဳံမႈန့္အစမ်ား ကပ္ၿငိေနေသာ ေသးေသးဝိုင္းဝိုင္း မ်က္ႏွာေလးအား အတင္းလိုက္နမ္းေနသူသည္ ကိုယ္တိုင္လည္း ဂ်ဳံမႈန့္အခ်ိဳ႕ ကပ္ၿငိ၍ပင္ ျဖစ္သည္။

ထင္ထားသည့္အတိုင္း သန္းေခါင္လြဲထိ အခ်စ္ခရီးႏွင္ခဲ့သည့္ စုံတြဲက မနိုးေသးသည္ေၾကာင့္ မီးဖိုေခ်ာင္ထဲတြင္ ႏွစ္ဦးအတူ ပန္ကိတ္လုပ္ရင္း အခ်စ္စမ္းကာ က်ီစယ္ေနၾကေသာ အခ်စ္ငွက္ေမာင္ႏွံကား ၾကည္ႏူးစရာပင္ျဖစ္ေလသည္

သို႔ေသာ္လည္း ထိုအခ်စ္ငွက္ေမာင္ႏွံမွာ အခန္းဝတြင္ အထုပ္အခ်ိဳ႕ကို ဆြဲကာ ခပ္ေၾကာင္ေၾကာင္ ရပ္၍ ၾကည့္ေနသည့္ နမ္ဂြၽန္းကိုေတာ့ သတိထားမိဟန္မေပၚၾကေပ။

သည္လိုႏွင့္ပင္ နမ္ဂြၽန္းမွာ အခ်စ္ငွက္ေမာင္ႏွံအား မႏွောင့္ယွက္ရက္သျဖင့္ ဧည့္ခန္းသို႔ ထြက္လာေလေတာ့သည္။ သို႔ေသာ္လည္း ေလွကားေပၚမွ ဆင္းလာေသာ ေယာက္ဖႏွင့္ ညီျဖစ္သူကို ျမင္ရခ်ိန္တြင္ေတာ့ ေသြးတက္ခ်င္ခ်င္ပင္ျဖစ္ရပါေတာ့သည္။ အေပၚပိုင္းဗလာက်င္း ဆံပင္ပြေယာင္းေယာင္း ႏွင့္ အိပ္မႈံစုတ္ဖြားျဖစ္ေနေသာ ဟိုေဆာ့ကေတာ့ ေယာက္ဖျဖစ္သူအား ယခုထိတိုင္ ျမင္ေသးဟန္မေပၚေပ။

သို႔ေပမယ့္ ဟိုေဆာ့၏ ရွပ္အကၤ်ီအား ေဘာင္းဘီတိုေလးႏွင့္သာ တြဲဖက္ဝတ္ဆင္ထားသူ ဂ်ီမင္းကေတာ့ မိမိအစ္ကိုႀကီးကို ျမင္လွ်င္ ျမင္ခ်င္း ေလွကားေပၚတြင္ တန့္ခနဲပင္။

"ကို-ကိုႀကီး"

ဂ်ီမင္းစကားသံကို ၾကားမွ ဟိုေဆာ့လည္း ၾကည့္မိေလေတာ့

"ဟင္?? ဟာ အစ္ကိုႀကီး!"

"တယ္. ဒီလူေတြ. ဘယ္အခ်ိန္ရွိေနၿပီလဲ. ရွက္လည္း မရွက္ၾကဘူး"

"အစ္ကိုႀကီးကလည္း တခါတေလမို႔ အခ်စ္ၾကမ္းထားၾကလို႔ပါ အဟီး"

"ဟာ ကိုကို! ဘယ္လိုျဖစ္ေနလဲ!"

ဂ်ီမင္းက အသံစာစာေလးျဖင့္ လွမ္းဟန့္ေလေတာ့မွ ရယ္က်ဲက်ဲျဖင့္ ႏႈတ္ပိတ္သြားေသာ ဟိုေဆာ့။ အဆူခံရမည္စိုးသည္ေၾကာင့္ ေယာက္ဖျဖစ္သူကိုေတာ့ တည့္တည့္မၾကည့္ေတာ့ေပ။

"အခ်စ္ၾကမ္းတာက ဟုတ္ေပမယ့္ ႏွစ္ေယာက္တည္းေနတာ မဟုတ္ဘူးဆိုတာလည္း သတိရဦးေလ ဒီကေလးေတြႏွယ္"

အိမ္ေရွ႕မွ ဆူဆူညံညံအသံတို႔ေၾကာင့္ မီးဖိုထဲမွ စုံတြဲလဲ အာ႐ုံရကာ ထြက္လာေလေတာ့

"အို စီနီယာ. ဘယ္တုန္းက ေရာက္တာလဲ"

"ခုနေလးတင္ပဲ. ကူးေလးတို႔ပဲ အကို႔ကို ေစာေစာခ်ိန္းထားၿပီးေတာ့..."

ပိတ္ရက္မို႔ အိမ္တြင္ အကင္ကင္စားၾကမည္ဆိုသည္ေၾကာင့္ မိမိမွာ အႀကီးပီပီ ေဈးႀကီးေသာ အသားအခ်ိဳ႕ႏွင့္ ေသာက္စရာမ်ားပါ ဝယ္လာခဲ့ေသာ္လည္း ႏွစ္စုံတြဲလုံးက ခ်စ္ၾကည္ႏူးကာ ႀကိဳဆိုေနသည္ေၾကာင့္ နမ္ဂြၽန္းတေယာက္ ျပန္ပင္ ေျပးရမလိုလို။

"အယ္ ဟုတ္သားပဲ! မုန့္စုစားၾကဖို႔ ခ်ိန္းထားတာ ဒီေန႕ပဲေနာ္ မင္ေမ့သြားတယ္ ဟီး"

ေခါင္းကုပ္လိုက္ လက္ကုပ္လိုက္ျဖင့္ ၿပဳံးစိစိေလး ေျပာလာေသာ ညီငယ္အား ဆူလဲ မဆူရက္သည္ေၾကာင့္ သက္ျပင္းသာ ခ်ကာ

"ထားပါေတာ့ ခုလည္း ေရာက္ေနၿပီပဲဟာ. ေရာ့ လိုအပ္မယ္ထင္တာေတြ ကိုႀကီး ဝယ္လာခဲ့တယ္"

လက္ထဲရွိ အသားႏွင့္ ေသာက္စရာအခ်ိဳ႕ထည့္ထားေသာ အိတ္အား ကမ္းေပးလိုက္ေတာ့ ထိုအိတ္ကို ဖြင့္ၾကည့္ကာ မင္ေလးက ႐ြင္ပ်ပ်ျဖင့္

"အို ဒါက ေဈးႀကီးတဲ့ အမဲသားပါလား. ကိုႀကီးက တကယ့္ကို အေကာင္းဆုံးပဲ!"

နမ္ဂြၽန္းအား လက္မေလး ေထာင္ျပၿပီးေနာက္ မင္ေလးက ခင္ပြန္းျဖစ္သူဘက္သို႔လွည့္ကာ

"သြားသြား ကိုကို. အကၤ်ီသြားဝတ္ၿပီး ၿခံထဲမွာ မီးဖိုဘာညာ ေနရာခ်လိဳက္ေတာ့ေလေနာ္"

"ကိုကို အိပ္ေရးမဝေသးဘူးေလ မင္ေလးရာ"

"ကိုကို"

အိပ္ေရးမဝေသးသည္မွာ အမွန္တရားျဖစ္ေသာ္လည္း မ်က္ေစာင္းလွလွေလးခဲကာ အံႀကိတ္သံေလးျဖင့္ ေခၚလာသည့္ ကိုကိုဟူသည့္ အသံေလးေနာက္ ဟိုေဆာ့ တေယာက္မွာလည္း ခ်က္ခ်င္းပင္ လႈပ္ရွားရပါေတာ့သည္။

အတန္ငယ္အၾကာတြင္ေတာ့ ၿခံထဲရွိ စားပြဲေလး အနီးတြင္ အကင္ဖို ႏွစ္လုံးႏွင့္ ပစၥည္းအခ်ိဳ႕ေနရာခ်ကာ BBQ partyေလးအား အစျပဳၾကေလသည္။

လူစုံတက္စုံျဖင့္ ေပ်ာ္ရမည့္ အခ်ိန္ျဖစ္ေသာ္လည္း ခ်စ္စရာသိပ္ေကာင္းေသာ ညီငယ္ႏွင့္ ဂ်ဴနီယာေလးတို႔က သက္ဆိုင္ရာ ခင္ပြန္းမ်ားေဘးက မခြာသည္ေၾကာင့္ နမ္ဂြၽန္းမွာ ကင္ၿပီးသား အသားတို႔ကို လွီးျဖတ္ရင္း ပ်င္းရိစြာ ေစာင့္ေနရေတာ့သည္

"ကိုကို အင့္ ဒါေလး စားၾကည့္"

"ေကာင္းလိုက္တာကြာ ဘယ္သူ ကင္တာမို႔လဲ မသိ"

"မင္ေလး ကင္တာမို႔ေပါ့ ခစ္ခစ္. ဒီဘက္က အသားေတြက ညွပ္လို႔ရၿပီလို႔ ကိုႀကီးကို သြားေပးလိုက္ဦးေနာ္"

"အိုေခပါ ကိုကို႔ကေလးေလးေရ"

ခ်စ္ခင္ပြန္းေလး ခြံ႕ေကြၽးသည့္ အသားအား သုံးေဆာင္ကာ နမ္ဂြၽန္းရွိရာသို႔ ေလွ်ာက္လာသည့္ ဟိုေဆာ့က ေယာက္ဖျဖစ္သူ၏ ရႈံ႕မဲ့မဲ့ မ်က္ႏွာႀကီးကိုေတာ့ သတိမထားမိပါေလ

"အစ္ကိုႀကီး~ ဒါေတြ ညွပ္လို႔ရၿပီတဲ့ေလ"

"မင္းလည္း တစ္လွည့္လာညွပ္ပါဦးလား. ငါျမင္တာေတာ့ မင္းက စကားပဲ မ်ားေနေတာ့တာပဲ"

"အဟဲ အစ္ကိုႀကီးကလဲ တခါတေလမို႔ပါ"

ပုံမွန္ၾကားရက္ေတြမွာ အႏုနည္းႏွင့္ ရွယ္အခိုင္းခံရတာ အစ္ကိုႀကီးမွ မသိပဲဟု ေစာဒကတက္ခ်င္ေသာ္လည္း ခ်စ္ခင္ပြန္းေလး ၾကားသြားလွ်င္ စိတ္အႀကီးႀကီးေကာက္မည္ျဖစ္သည္ေၾကာင့္ ဟိုေဆာ့တစ္ေယာက္ ႏႈတ္ဆိတ္ကာ ျပန္၍သာ ရယ္ျပလိုက္ရေတာ့သည္

တစ္ဖက္ကို ၾကည့္လိုက္ျပန္လွ်င္လည္း အျခား မီးဖိုတစ္လုံးျဖင့္ ပုစြန္ႏွင့္ ပင္လယ္စာအခ်ိဳ႕ကို ကင္ေနသည့္ ကူးေလးအား ေခြၽးစို႔မ်ားကို သုတ္ေပးမည့္ အမ်ိဳးသားက ေဘးက အသင့္ ျဖစ္ေလသည္။

ႏြေဦးေရာက္ခါနီးသည္ေၾကာင့္ အခ်စ္ငွက္တို႔က ပို၍ ေပ်ာ္ျမဴးၾကသည္ကိုး

တဖန္ အကင္ကင္ျခင္း ကိစၥၿပီး၍ စားမည္ျပဳျပန္ေတာ့လည္း ပုစြန္ အခြံစူးမည္ဆိုကာ ခြာေကြၽးသည့္သူက တစ္မ်ိဳး, အသားကို ဆလပ္႐ြက္ႏွင့္ ထုတ္ကာ တယုတယ ခြံ႕ေကြၽးသူက တစ္ဖုံ, တူျဖင့္ လွမ္းယူစရာ မလိုေအာင္ပင္ မျပတ္ထည့္ေပးေနသူက တစ္ေပါက္ႏွင့္ ခ်စ္ျခင္းေမတၱာတို႔ ျပည့္လွ်ံေနသည့္ အၾကည့္မ်ား ဖလွယ္ေနၾကေသာ ေမာင္ႏွံတို႔ၾကား လူပ်ိဳေလး ကင္မ္နမ္ဂြၽန္းမွာ ထြက္ေျပးခ်င္စိတ္ပင္ ေပါက္လာရသည္ေၾကာင့္ စိတ္ေပါက္ေပါက္ျဖင့္ ပုစြန္မ်ားကို အခြံမခြာပဲ တဂြၽတ္ဂြၽတ္ျမည္ေအာင္သာ ဝါးစားေနမိေတာ့ေလသည္

အင္း.. ဒါလဲ ဝဋ္ေႂကြးေပါ့ေလ..

#Tbc

See you in next episode~

- 해바라기

UNI

သည်လိုနှင့် အချိန်ကာလတစ်ခုကြာ တိုင်ပင်ကြပြီးနောက် ဟိုဆော့တို့ စုံတွဲ၏ အိမ်သို့ ပြောင်းရွှေ့ရန်ဖြစ်လာခဲ့ကြသည်

မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့ရသော်လည်း အကူအညီပေးမည့် သူငယ်ချင်းကောင်းများရှိနေသည်က အတော်လေး ကျေးဇူးတင်စရာကောင်းသည့် ကောင်းချီးပင်ဖြစ်လေသည်

ဒီနေ့တွင် ဟိုဆော့တို့အိမ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ကြောင့် ကျ​နော်တို့ ပစ္စည်းများနေရာချ၍ အပြီး အောက်ဆင်းလာသည့်အခါ မီးဖိုချောင်နား မရောက်ခင်ပင် ဂျီမင်း၏ အသံစူးစူး​လေးက ဆီးကြို၍နေလေသည်

"ကိုကိုရေ! မင့်ကို အာလူးလှီးပေးဦး!"
"ကိုကိုရေ! ကြက်သွန်မြိတ် ယူပေးပါဦး!"
"ကိုကိုရေ! ဒီအသားတွေ ရေဆေးပေးဦး!"

ခပ်လှမ်းလှမ်းမှ အကဲခတ်နေရင်း ကိုကိုရေ အစချီကာ တာဝန်ပေးအပ်သော ဂျီမင်းကြောင့် ငရုတ်သီးကြက်သွန်ထောင်းသည်မှစ အသားငါးလှီးဖြတ်သည်အထိ တာဝန်ကျေနေသော ဟိုဆော့ကိုကြည့်ကာ ကြိတ်၍ ရယ်မိ​တော့သည်

လူပျိုဘဝက အင်မတန် လက်ကြောခြေကြောမတင်းသည့် လူက ခုကျတော့ သူ့အမျိုးသားလေး ချက်ပြုတ်ရန် အဆင်သင့်ပြင်ထားပေးသည်မို့ ဂျီမင်းက အသင့်ချက်ရုံကလွဲလို့ မပင်ပန်းပါလေ

အင်း ဒီစုံတွဲ လိုက်လဲ လိုက်ပါရဲ့

ထိုအချစ်ငှက်မောင်နှံ၏ ဘေးတွင်တော့ ကူးငယ်သည်လည်း ဟင်းအမယ်အချို့ကို ပြုလုပ်ရန် ပြင်ဆင်နေပြန်သည်။အိမ်ခန်းနေရာချခြင်းကို နောက်မှ လုပ်မည်ဆိုကာ ဦးစွာ အောက်ဆင်းသွားခြင်း၏ ရည်ရွယ်ချက်က ဒါကြောင့်ဖြစ်နေသည်ကိုး

"အို ဂျောင်ဂုရှီ ကူမလုပ်ပါနဲ့ဆို. ဒီနေ့ပဲ အိမ်ပြောင်းလာတာမို့ ပင်ပန်းနေမှာလေ"

"မဟုတ်တာ. ကျနော် မပင်ပန်းပါဘူး. ကျနော်ဖြစ်ဖြစ်ကူညီတော့ ဂျီမင်းရှီ နည်းနည်း ဝန်ပေါ့တာပေါ့"

"ရပါတယ် ဂျောင်ဂုရှီရဲ့ လိုတာရှိရင် ကိုကို့ကို ခိုင်းလိုက်မယ်. သွားသွားထိုင်နေ"

"အာ..ဟိုဆော့ရှီက ဆက်တိုက် လုပ်ပေးနေတာမို့ ကျနော်နဲ့ ဖြစ်ဖြစ် လူလဲပြီး ကူညီပေးမလားလို့လေ"

"မဟုတ်တာ~ သူက လုပ်နေကျ အဲ့ဒါတွေ အသားကျနေပြီ. ဟုတ်တယ်မလား ကိုကို~?

"ဒါပေါ့ ဒါပေါ့. ဟောဒီမှာ အသားတွေ ရေဆေးပြီး တခါတည်း လှီးပြီးပြီနော် မင်လေး ဟဲဟဲ"

"အိုက်ဂူး~~ မင့်ကိုကိုက သိပ်အလိုက်သိတာပဲနော် ဆုချရမယ် မွ"

လက်တဖက်က အသားပန်းကန်ကြီးအား ကိုင်ထားရင်း တစ်ဖက်က အနမ်းခံရသော ပါးတဖက်ကို ကိုင်ရင်း ပြုံးစိစိဖြစ်နေသည့် ဟိုဆော့ပုံက ရယ်ချင်စဖွယ်ဖြစ်နေသည်ကြောင့် အသံထွက်အောင် ရယ်မိတော့ မျက်စောင်းကြီးတစ်ခုက ကျနော့်ဆီသို့ ကျရောက်လေသည်။ နှုတ်ကလည်း ပွစိပွစိဖြင့် ဘာတွေ ကြိမ်းဝါးနေလဲ မသိပါ။

ကူးငယ်ကတော့ မနိုင်ဘူးဆိုသည့်ပုံနှင့် ရယ်လျက်ပင် ခေါင်းတခါခါလုပ်ကာ မီးဖိုချောင်မှ ထွက်လာလေသည်။ မလှမ်းမကမ်းတွင် ရပ်နေသည့် ကျနော့်ကို မြင်ဟန်မပေါ်သည်ကြောင့် ပုန်းကာ လှန့်လိုက်တော့

"အမေ့!... ကင်မ်! လန့်သွားတာပဲ"

"ကို စောစောကတည်းက ဒီမှာရပ်နေတာကို. မတွေ့တဲ့အထိ ဘာတွေ စဥ်းစားနေတာတုန်း ကူးငယ်ရဲ့"

"ဂျီမင်းရှီဆီက ပညာတွေယူနေတာလေ. နောက်ကျ ကင်မ်လက်ပြန်ကောင်းသွားရင် ကင်မ့်ကိုလည်း အဲ့လိုခိုင်းမလို့"

သိသိရက်နှင့် စလိုက်သော်လည်း အ​ဖြေစကားက ကိုယ်ရှူးကိုယ်ပတ်လုနီးနီးဖြစ်သည်ကြောင့် ပြန်၍ အရှိန်ထိန်းရပါတော့သည်

"ကိုက ဟိုဆော့လိုမှ ဟင်းမချက်တတ်ပဲ"

"ဟိုဆော့ရှီလည်း ချက်ရတာမှ မဟုတ်ပဲလေနော်"

"ရတယ်လေ ဒါဖြင့်ရင်လည်း အပေးအယူနဲ့ပေါ့. တစ်ခုလုပ်ပြီးရင် တခါ အာဘွားပေးကြေး"

အကြံအစည်အား ဖွင့်ဟမိတော့ မှုန်သုံသုံလေး ပြန်ကြည့်၍ ရင်ဘတ်ကို လက်ညိုးဖြင့်တွန်းကာ

"လူလည်ကြီး~ ဖယ်ဦး ကျနော် အပေါ်မှာ ပစ္စည်းတွေ နေရာချရဦးမယ်"

"ကို လုပ်ပြီးသွားပြီ. ခုန ကူးငယ် အောက်ဆင်းလာတုန်းက ကို ဆက်လုပ်လိုက်တာ"

မျက်ခုံးတန်းလေးက စောစောကထက်ပင် ပို၍ တွန့်ချိုးကာ အလိုမကျဟန်ကို ပြတော့သည်။ စိတ်အလိုမကျသည့် မျက်နှာလေးကတောင် ချစ်စရာကောင်းနေသည်ကြောင့် ဖြစ်ညှစ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်ဆိုသည်မှာ အမှန်တရားပင်။

"ကြည့်..လက်ကြောင့် နားနေပါဆိုတာကို ပြောလို့မရဘူး"

"ကိုက ဒီတိုင်း အလကားကြီး ထိုင်မနေချင်လို့ပါကွာ"

"ကဲပါ. ပြောမရဘူးဆိုလည်း လက်ကိုတော့ ဂရုစိုက်ပေး. ဟုတ်ပြီလား. ဖယ်တော့ ကျနော်ရေသွားချိုးတော့မယ်"

"တူတူချိုးကြမလား~?"

"ကင်မ်! သူများအိမ်မှာကို. ကဲကို ကဲတယ် တကတည်း"

ခပ်ဟဟရယ်ကာ ဖက်ထားသော ခါးသိမ်သိမ်အား လွှတ်ပေးတော့ ခပ်သုတ်သုတ်ပင် အပေါ်ထပ်သို့ ပြေးတက်သွားလေ​တော့သည်။ ခုထိ အရှက်သည်းသော ယုန်ပေါက်လေး ဖြစ်နေဆဲပါပဲလေ

ထို့နောက် အာရုံတို့အား မီးဖိုထဲမှာ စုံတွဲဆီသို့ ရောက်စေပြန်တော့ အသားလုံးလုံးရင်း ပျင်းရိနေဟန်ပေါ်သော ဟိုဆော့ကို မြင်ရသည်ကြောင့် မထိန်းချုပ်နိုင်ပဲ ထပ်၍ ရယ်မိလေတော့ သကောင့်သားက အသားပန်းကန်ကြီးကို ကိုင်လျက်ပင် မျက်စောင်းကြီးဖြင့် အနားသို့ ရောက်လာလေတော့သည်

"ဘာရယ်တာလဲ ဟိတ်ကောင်"

"မဟုတ်ပါဘူး ဒီတိုင်း အဟီး"

"မင်းနော်. ငါ့ကို ရယ်နေတာမလား"

"ဟာ ထင်ချင်ရာတွေ ထင်နေပြန်ပြီ ဒီကောင်"

"မင်းက ခုမှတွေ့တာမို့ ငါ့ကို ယောက်ျားကြောက်ရတယ် ထင်ချင်ထင်နေမှာပေမယ့် တကယ်ဆို ငါက မင်လေးကို ချစ်လွန်းလို့ ဒါတွေ လိုက်လုပ်ပေးနေတာကွ သိလား"

မေးလည်း မမေးပါပဲနှင့် ဖြေလာသော ဟိုဆော့ကြောင့် ပို၍ ရယ်ချင်လာတော့သည်။ သို့သော်လည်း ခုနေထရယ်လိုက်လျှင် ကတ်ကတ်လန်ရန်တွေ့ခံရမည်က အသေအချာဖြစ်သည်ကြောင့် ရယ်ချင်စိတ်အား အောင့်အီးကာ

"အေးပါ ငါလဲ ဘာမှ မမေးပါပဲနဲ့"

"လျှောက်ထင်နေမှာစိုးလို့ပြောတာကွ. တကယ်ဆို ငါက အကြီးလည်း အကြီးမို့ မင်လေးက ငါတစ်ခွန်းဆို တစ်ခွန်း---"

"ကိုကို! အသားပန်းကန်ကြီးကိုင်ပြီး ဘယ်ပျောက်သွားတာလဲ! ဒီမှာ ကြက်သွန်လည်း ထောင်းရဦးမယ်လေ!"

"ကိုကိုလာပြီ မင်လေးရေ~!"

"ခွီးး"

ရန်တွေ့ခြင်းပင် အဆုံးမသတ်သေး ခင်ပွန်းလေး၏ အသံစာစာကြောင့် မီးဖိုထဲ အသည်းအသန်ပြန်ပြေးသွားသည့် ဟိုဆော့ကို ကြည့်ကာ ဗိုက်နှိပ်၍ပင် ရယ်မောမိပါတော့သည်

အင်း ဂျောင်ဟိုဆော့ ဂျောင်ဟိုဆော့.. ခုကျတော့လည်း အပိုးတွေကို ကျိုးလို့

.

.

.

.

.

နောက်ထပ်ကောင်းချီးကတော့ ကျနော်သည်လည်း ကုန်ပစ္စည်းဖြန့်ချီသည့် ကုမ္ပဏီတစ်ခုတွင် သင့်တင့်သော ရာထူးတစ်ခုဖြင့် အလုပ်ရရှိသွားခြင်းပင် ​ဖြစ်​လေသည်။

ကူးငယ် အလုပ်လုပ်နေသော ကျောင်းနှင့်လည်း လမ်းသင့်သည်ကြောင့် နံနက်ခင်း အလုပ်သွားတိုင်း နှစ်ဦးသားအတူ အချိန်ကုန်ရသည်မှာ အတော်လေးပင် မွေ့လျော်စရာပင်ဖြစ်သည်။ ဒီလို အမှတ်တရတွေ ဖန်တီးချင်သည်ကြောင့် ဟိုဆော့က လိုက်ပို့ပါမည်ဆိုသည်ကိုတောင် ငြင်းဆန်ထားသည် မဟုတ်လား

"ကင်မ်နော် မဆိုးနဲ့"

ကူးငယ်က နှစ်ဦးတည်းသာ ကြားရလောက်မည့် အသံတိုးတိုးဖြင့် ကျနော့်အား မာန်လေသည်။ မာန်ချင်လည်း မာန်လောက်စရာပါလေ. အလုပ်သွားချိန်မို့ ချောင်ချိမနေသော ကားထဲတွင် ခါးသိမ်သိမ်လေးအား အလွတ်မပေးပဲ ဖက်ထားသည့်အပြင် ကားတိုးသည်ကြောင့် ပို၍ နီးကပ်သွားတိုင်း နားထင်အား အနမ်းဖွဖွတို့ ပေးနေသည်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လောက်စရာမဟုတ်လား

သည်လိုနှင့် ကူးငယ်ကျောင်းရှေ့သို့ ရောက်၍ နှစ်ဦးသားတူတူဆင်းလေတော့ ကားပေါ်က ဆင်းလျှင်ဆင်းခြင်း ရင်ဘတ်ကို တရစပ် ထုလေတော့သည်။ ခပ်ဖွဖွပင်ထုသော်လည်း ရှက်စိတ်ကြောင့် အားသန်နေ၍လားမသိ အနည်းငယ်တော့ နာပါသည်လေ

"ကားပေါ်ကြီးမှာကို! ကင်မ် တကယ်ဆိုးတယ် တအားပဲ!"

"ဟောလ် လူမြင်တာမှ မဟုတ်တာကို ကူးငယ်ကလည်း. နောက်ပြီး ကိုတို့က မဟုတ်တာလုပ်နေတာလည်း မဟုတ်ဘူးလေနော်"

"ကင်မ်ဟာလေ တကယ်ပဲ!"

"ဟာ ကိုက လက်ဒဏ်ရာကြီးနဲ့တောင် ကူးငယ်ကို ဖက်ထားနိုင်အောင် ကြိုးစားရတာလေနော်"

"အဲ့ဒါဆို မဖက်နဲ့လေ. ကားပေါ်ကြီးမှာ မတော်လို့ ထိခိုက်မှဖြင့် ဘယ်လိုလုပ်မတုန်း"

"တစ်နေကုန်တောင် မတွေ့ရမှာမို့ အားအင်တွေ အပြည့်ယူသွားတာလေကွာ. ကူးငယ်က ကို့ကို ငြိုငြင်တာလား"

မျက်နှာကို အတတ်နိုင်ဆုံး ငယ်ထားကာ ပြောလိုက်မိတော့ ​စောစောကအထိ မျက်စောင်းလေး ခဲလျက်ရှိသော ကူးငယ်က ​မယုံနိုင်သည့် မျက်လုံးတို့ဖြင့် ပြန်ကြည့်ကာ တဆက်တည်းမှာပင် ရယ်မောလေတော့သည်

"ဘာရယ် ဘာရယ်?"

"ကိုက ချစ်လို့​လေကွာ. ကို့ကို မငြိုငြင်ပါနဲ့"

"ဘယ်သူက ငြိုငြင်တယ်ပြောနေလို့လဲ ကင်မ်ကတော့နော်~ တကယ်ပါပဲ"

ထို့နောက် ကူးငယ်က ကျနော့် ကုတ်အင်္ကျီနှင့် necktieအား ​ပုံကျစေရန် လက်ဖြင့် အသာအယာ ပြင်ပေးကာ

"​ငြိုလဲ မငြိုငြင်ဘူး စိတ်လည်း မခုတာမို့ အဲ့လို မျက်နှာကြီးငယ်မနေပါနဲ့တော့​. တော်ကြာ လမ်းသွားလမ်းလာတွေက ကျနော် ကင်မ့်ကို ဆူနေတယ် ထင်ဦးမယ်"

​"ပြီးတော့ ဟိုမှာ ကင်မ်စီးရမယ့် ကားလာပြီ. သွားတော့. အလုပ်များလည်း နေ့လည်စာစားရမယ့်အချိန်မှာစား နားရမယ့် အချိန်မှာ နားနော်. လက်က ဒဏ်ရာက ခုထိ မပျောက်သေးတာမို့ လက်ဒဏ်ဖြစ်မယ့်ဟာမျိုးတွေလည်း မလုပ်နဲ့. အလုပ်က လူတွေနဲ့လည်း အဆင်ပြေအောင်နေဦး. နောက်ပြီး---- ဟင် ဘာလို့ ရယ်နေတာတုန်း အကောင်းပြောနေတာကို"

"ကူးငယ်က ဒီလိုကျ ကို့ မေမေနဲ့ တူလို့ပါ ဟားဟား"

"အာ...ကင်မ်ကလည်း"

"ဟားဟား ဒါဖြင့်ရင် ကျနော်မျိုး သွားပါတော့မယ် ကူးမာမားရေ. ချစ်တယ်နော်"

"ကင်မ်!"

ရွတ်နောက်နောက်ဖြင့် ပြောကာ နှုတ်ခမ်းပါးလေးကိုပါ အငိုက်ဖမ်း၍ နမ်းခဲ့လေတော့ ကြောင်စီစွာ ကျန်ခဲ့သည့် အကောင်ပေါက်က ကျနော် ကားပေါ်တက်ခါနီးမှသာ သတိဝင်ကာ အသံစာစာလေးဖြင့် အော်လေတော့သည်။

အလုပ်သို့ ဆက်မသွားခင် ချစ်ရသူနှင့်တူတူ အချိန်ကုန်ရခြင်းသည်လည်း ကောင်းချီးတမျိုးပါပဲလားလေ

.

.

.

.

.

အလုပ်ဟူသမျှ လွယ်ကူသည်တော့ မရှိသည်ကြောင့် ကြိုးစားမှုကိုတော့ လျော့၍ မရပေ။ ဝန်ထမ်းအသစ်ဖြစ်သည့်အခါတွင်တော့ ပို၍ဆိုးသည်ပေါ့... ယခုလည်း တစ်လပင် မပြည့်သေးသည့်တိုင် စာရင်းများလုပ်ရသည်မှာ ခေါင်းခြောက်လောက်စရာပင် ဖြစ်လေသည်။

"ကင်မ် ရော့ အသီးလေးစားရင်း လုပ်"

စာရွက်လှန်လိုက် စာရိုက်လိုက် တွက်လိုက်ချက်လိုက်ဖြင့် တဦးတည်း အလုပ်ရှုပ်နေစဥ် ထုံးစံအတိုင်း အသီးပန်းကန်လေးကိုင်ကာ အနားရောက်လာသော ကူးငယ်ကြောင့် ပင်ပန်းမှုတို့က တဝက်ပြေလျော့ရတော့သည်။ ကူးငယ်က တကယ့်ကို အားအင်လေးပါပဲလေ

"အများကြီး ကျန်သေးတာလား"

"အင်း နည်းနည်းလိုသေးတယ်. ကူးငယ် အိပ်နှင့်လေ"

"မဟုတ်တာ~ ကျနော် ကင်မ့်ကို စောင့်ပါမယ်။ ကျနော်လည်း အိပ်ချင်သေးတာမှ မဟုတ်တာ"

မအိပ်ချင်သေးကြောင်း ကျုံးဝါးကာ ထိုင်စောင့်ပေးသည့် ကူးငယ်။ အချိန်တစ်ခုကြာ၍ စာရင်းများ ပြီးလုနီးမှ ခေါင်းဝှေ့ကြည့်မိချိန်တွင်တော့ ငိုက်မြည်းကာ နေလေသည်။

ဆိုဖာပေါ်တွင် လက်ပိုက်ကာ ထိုင်နေရင်းပင် ခေါင်းလုံးလေးက ငိုက်စိုက်၍ ဟိုယိမ်းဒီယိမ်းဖြစ်နေသည်က အသည်းယားစရာဖြစ်သည်ကြောင့် အလုပ်များကိုပင် ခေတ္တမျှ မေ့ထားတာ ထိုအသည်းယားစဖွယ် ခေါင်းလုံးလေးအား မေးထောက်၍ ထိုင်ကြည့်မိတော့သည်

"မအိပ်ချင်တာလည်း မဟုတ်ပဲနဲ့ ကူးငယ်ကတော့လေ"

ကြည့်နေရင်းမှာပင် အရှေ့သို့ အတော်လေး အားပါပါ ငိုက်ကျသွားသည်ကြောင့် ဆတ်ခနဲ နိုးသွားသည့် ကူးငယ်က အိပ်မှုံစုတ်ဖွားလေးဖြင့် ဟိုကြည့်ဒီကြည့်ကြည့်နေရာမှ ကျနော့်နှင့် မျက်လုံးချင်း ဆုံမိလေတော့ ယုန်သွားလေးများ ပေါ်သည်အထိ အရှက်ပြေရယ်ပြလေသည်

"လာခဲ့ ဒီကို"

သွားအိပ်ခိုင်းလျှင်လည်း မရမည်ကို ကြိုခန့်မှန်းမိသည်ကြောင့် ပေါင်ကို ပုတ်ပြကာ အနားခေါ်မိလေတော့ မငြင်းဆန်တော့သည် ကူးငယ်။ မကြာလိုက်မီမှာပင် ခပ်ကျစ်ကျစ်ကိုယ်လုံးလေးက ပေါင်ပေါ်သို့ ရောက်ရှိကာ လက်အစုံတို့ကလည်း လည်တိုင်ကို ဖက်တွယ်၍ ခေါင်းလုံးလေးကပါ ခပ်လျှောလျှော မှီတင်းထားသည်ကြောင့် koala ဝက်ဝံလေးသဏ္ဍာန် ဖြစ်နေလေတော့သည်

ထိုအနေအထားလေးနှင့်ပင် အလုပ်ဆက်လုပ်နေရင်းမှ အတန်ငယ်ကြာသည့်အခါ လည်ပင်းနားမှ အသက်ရှူသံမှန်မှန်လေးကြောင့် အိပ်မောကျသွားပြီဖြစ်ကြောင်း ရိပ်မိပါတော့သည်။

"ကောင်းသောညပါ ကို့ရဲ့ ကူးငယ်"

.

.

.

.

.

အလုပ်များကို အပြီးသတ်ကာ နာရီကြည့်မိချိန်တွင်တော့ သန်းခေါင်လွဲ၍ ၁နာရီပင် ထိုးနေပြီ ဖြစ်လေသည်။ အနွေးလုံးလေးက ကိုယ်ပေါ်တွင် ဖက်တွယ်နေသည်ကြောင့် အားအင်များ ပြည့်မှန်းမသိပြည့်ဝကာ အလုပ်များပင် တထိုင်တည်းဖြင့် ပြီးသွားလေသည်ကိုး

အတန်အသင့်လည်း နောက်ကျနေပြီဖြစ်သည်ကြောင့် သိမ်းသင့်သည်များကို သိမ်းဆည်းကာ အနွေးလုံးကလေးအား ပွေ့ချီ၍ အပေါ်ထပ်သို့ တက်လာလေတော့သည်။ ပြည့်ပြည့်ကျစ်ကျစ် ကိုယ်လုံးလေးဖြစ်ပါသော်လည်း ထင်သလောက် မလေးလံသည်ကြောင့် လှေကားတက်ရာတွင်လည်း အခက်အခဲမရှိခဲ့ပေ။

အပေါ်ထပ်သို့ ရောက်ရှိကာ မိမိတို့ အခန်းသို့ သွားမည်အလုပ် အသံတချို့ကြားရသည်ကြောင့် အခန်းဆီသို့ မပြန်သေးပဲ ထိုအသံတချို့လားရာ လှေကားဘေးရှိ အခန်းရှေ့သို့ ဦးတည်မိလေတော့

"အင်း...ဟာ့...ကိုကို ဖြေးဖြေး"

ဘုရားရေ ကျနော်တော့ မကြားသင့်တာတွေ ကြားမိကုန်ပါပြီ

ကျနော်ကသာ အခန်းရှေ့မှာ မျက်နှာပူနေသော်လည်း သန်းခေါင်လွဲကာ ည၁နာရီထိုးသည့်တောင် အားသွန်ခွန်စိုက်ဖြင့် အချစ်ပင်လယ်ထဲ ရွက်လွှင့်နေသည့် စုံတွဲကတော့ အခန်းတံခါးပွင့်နေသည်ကိုလည်း သိသည့်ပုံမပေါ်ပေ

ဒါ့ကြောင့် ကျနော်ကပဲ အလိုက်သိစွာဖြင့် အနည်းငယ်ဟနေသော တံခါးကို လုံခြုံစွာ ပြန်၍ စေ့ပေးခဲ့လိုက်ပါတော့သည်

တော်တော်မလွယ်တဲ့ စုံတွဲပါ့လား ဟူး

.
.
.

အခန်းထဲသို့ ပြန်ရောက်လာတော့ ပွေ့ချီထားသော အနွေးလုံးလေးအား ကုတင်ပေါ်သို့ ငြင်သာစွာ ချပေးကာ ကိုယ်လက်သန့်စင်ရန် သွားရသည်။

သို့သော်လည်း ကိုယ်လက်သန့်စင်ပြီး ပြန်အလာ ကုတင်ပေါ်၌ မျက်လုံးအား လက်ကလေးဖြင့် ခပ်ဖွဖွ ပွတ်ကာထိုင်နေသော ချစ်ရသူလေးကြောင့် ရင်ခုန်သံများ အစိုးမရဖြစ်ရတော့သည်

အိပ်မှုံစုတ်ဖွားနှင့် ကူးငယ်က ဘာလို့ ဒီလောက်တောင်ချစ်စရာကောင်းရတာများလဲ

"နိုးသွားတာလား ကူးငယ်"

"ကင်မ် ကျနော် ဒီကို ဘယ်လိုရောက်လာတာလဲ"

"ကို ပွေ့လာတာပေါ့ ကူးငယ်ရဲ့. နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို ကို့ကြောင့်နဲ့ နိုးသွားရပြီ ထင်တယ်"

ကူးငယ်ဘေးသို့ ဝင်ထိုင်လိုက်ရင်း မျက်နှာဝိုင်းလေးအား လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်ကာ ခပ်တိုးတိုးဆိုမိလေတော့

"မဟုတ်တာ ဒီတိုင်း တခြားအကြောင်းကြောင့်ပါ..."

သို့သော်လည်း အသံလေးက ပုံမှန်ထက် ဖျော့တော့ကာ မျက်နှာလေးကလည်း ပုံမှန်ထက်ပို၍ ငယ်နေသည်ကြောင့် မေးဖျားလေးအား အသာဆွဲမော့၍ မေးမိတော့

"​အိပ်မက်ဆိုးတွေမက်လို့လား"

ခပ်ဖွဖွလေး ခေါင်းငြိမ့်လေသည်မို့ နဖူးပေါ်သို့ အနမ်းနုနုလေး ပေးမိ၍ ခေါင်းလုံးလေးကိုလည်း အသာပွတ်သပ်ပေးကာ

"ကို့ ကူးငယ်လေးကို နှောင့်ယှက်နေတဲ့ အိပ်မက်ဆိုးတွေ ဝေးဝေးသွားစမ်းကွာ"

ဟုဆိုမိလေတော့ ကူးငယ်က သဘောကျစွာဖြင့် ရယ်သွမ်းလေတော့သည်

"ကင်မ်ပြောလို့ အိပ်မက်ဆိုးတွေ ထွက်ပြေးသွားလောက်ပြီ ထင်ပါရဲ့"

"အင်း.. ဒါဖြင့်ရင် ကိုတို့ အခု ပြန်အိပ်ကြရအောင်လေ. နောက်လဲကျနေပြီ မဟုတ်လား. နောက်ပြီး "ကိုတို့ မနက်ကျစောစောထဖို့လည်း လိုမယ်ထင်လို့"

"ဘာလို့လဲ ကင်မ်ရဲ့"

"ဟိုဆော့တို့ စုံတွဲက အလုပ်ကြိုးစားနေကြလို့ မနက်မနိုးလောက်ဘူးလေ. အဲ့ဒါကြောင့်"

ကူးငယ်က အနည်းငယ် စဥ်းစားသွားဟန်ပေါ်ပြီး အတန်ကြာမှ သဘောပေါက်သွားကာ မျက်နှာလေး ရဲတက်လာလေသည်

ထို့နောက်တွင်တော့ ကျနော့်ဘေးတွင် ဝင်လှဲ၍ လည်တိုင်ကြားသို့ ခေါင်းလေးတိုးဝင်ကာ ကြောင်ပေါက်လေးတကောင်ကဲ့သို့ ပြုမူလေသည်။ ဒီအပြုအမူက ကျနော့်ကို ချွဲနေတာပေါ့လေ?

သဘောကျစွာဖြင့် ရယ်သွမ်းကာ ထိုအနွေးလုံးလေးအား  ဘေးတစောင်းအနေအထားမှ ကိုယ်ပေါ်သို့ အပြည့်အဝတင်မြှောက်လိုက်ခြင်းဖြင့် အနေအထားပြောင်းစေတော့ ယုန်ဖြူလေး တစ်ကောင်အား ရင်ဘတ်ပေါ်တင်ထားသကဲ့သို့ ငြိမ်သက်နေလေသည်

ထို့နောက် ကလေးသိပ်သကဲ့သို့ ကျောပြင်လေးအား ခပ်ဖွဖွပွတ်ပေးမိတော့ တခစ်ခစ်ရယ်သံ ခပ်တိုးတိုးလေးက ထွက်ပေါ်လာလေတော့သည်

"ဟော. ကိုက ချော့သိပ်နေတာကို မအိပ်ပဲ ရယ်နေရလား"

"သဘောကျလို့ ခစ်ခစ်"

"ဟဟ ဟုတ်ပါပြီကွာ"

"သိလား. ကျနော်လေ. ကင်မ်နဲ့မှ ချော့သိပ်ခံရဖူးတာ... အရင်တခါ အိပ်မက်ဆိုးမက်တုန်းကရော ခုရော"

ရင်ဘတ်ပေါ် မျက်နှာအပ်ထားရင်းနှင့် မျက်လုံးလေး လှန်ကြည့်ကာ လေသံတိုးတိုးလေးဖြင့် ပြောလာသည့် ကူးငယ်က အမှန်ပင် ချစ်ဖွယ်အတိဖြစ်​သော်လည်း ပြောသည့်အကြောင်းအရာက အထီးကျန်ခဲ့သော ငယ်ဘဝနှင့် စပ်လျဥ်းသည့် သနားစဖွယ်အကြောင်းအရာဖြစ်သည်ကြောင့် တိုးဖက်လိုက်ကာ စိတ်သက်သာဖွယ် ပြောမိလေတော့သည်

"နောက်လည်း အိပ်မပျော်ရင် ကိုက ခုလိုချော့သိပ်ပေးဦးမှာ"

"ကင်မ့်ကို ချစ်လိုက်တာ"

"ကိုကလည်း အများကြီး ချစ်ပါ့ဗျား"

အတန်ငယ်အကြာတွင်တော့ ရယ်သံတို့အစား အသက်ရှူသံမှန်မှန်လေးများက အခန်းတွင်း၌ လွှမ်းမိုးသွားတော့သည်.
လွှတ်ထွက်မည်ကို စိုးထိတ်သည့်အလား ပွေ့ဖက်ထားကြသည့် အချစ်ငှက်နှစ်ဦးအား နှလုံးသားရှိသူသာဆိုလျှင် ခွဲဝံ့မည်မဟုတ်ပေ။

.

.

.

.

.

"ဟာ ကင်မ်! မကဲနဲ့ကွာ"

"ကဲမှာပဲ ဘယ်သူမှရှိတာမှ မဟုတ်တာ"

ဂျုံမှုန့်အစများ ကပ်ငြိနေသော သေးသေးဝိုင်းဝိုင်း မျက်နှာလေးအား အတင်းလိုက်နမ်းနေသူသည် ကိုယ်တိုင်လည်း ဂျုံမှုန့်အချို့ ကပ်ငြိ၍ပင် ဖြစ်သည်။

ထင်ထားသည့်အတိုင်း သန်းခေါင်လွဲထိ အချစ်ခရီးနှင်ခဲ့သည့် စုံတွဲက မနိုးသေးသည်ကြောင့် မီးဖို​ချောင်ထဲတွင် နှစ်ဦးအတူ ပန်ကိတ်လုပ်ရင်း အချစ်စမ်းကာ ကျီစယ်နေကြသော အချစ်ငှက်မောင်နှံကား ကြည်နူးစရာပင်ဖြစ်လေသည်

သို့သော်လည်း ထိုအချစ်ငှက်မောင်နှံမှာ အခန်းဝတွင် အထုပ်အချို့ကို ဆွဲကာ ခပ်ကြောင်ကြောင် ရပ်၍ ကြည့်နေသည့် နမ်ဂျွန်းကိုတော့ သတိထားမိဟန်မပေါ်​ကြပေ။

သည်လိုနှင့်ပင် နမ်ဂျွန်းမှာ အချစ်ငှက်မောင်နှံအား မနှောင့်ယှက်ရက်သဖြင့် ဧည့်ခန်းသို့ ထွက်လာလေတော့သည်။ သို့သော်လည်း လှေကားပေါ်မှ ဆင်းလာသော ယောက်ဖနှင့် ညီဖြစ်သူကို မြင်ရချိန်တွင်တော့ သွေးတက်ချင်ချင်ပင်ဖြစ်ရပါတော့သည်။ အပေါ်ပိုင်းဗလာကျင်း ဆံပင်ပွယောင်းယောင်း နှင့် အိပ်မှုံစုတ်ဖွားဖြစ်နေသော ဟိုဆော့ကတော့ ယောက်ဖဖြစ်သူအား ယခုထိတိုင် မြင်သေးဟန်မပေါ်ပေ။

သို့ပေမယ့် ဟိုဆော့၏ ရှပ်အင်္ကျီအား ဘောင်းဘီတိုလေးနှင့်သာ တွဲဖက်ဝတ်ဆင်ထားသူ ဂျီမင်းကတော့ မိမိအစ်ကိုကြီးကို မြင်လျှင် မြင်ချင်း လှေကားပေါ်တွင် တန့်ခနဲပင်။

"ကို-ကိုကြီး"

ဂျီမင်းစကားသံကို ကြားမှ ဟိုဆော့လည်း ကြည့်မိလေတော့

"ဟင်?? ဟာ အစ်ကိုကြီး!"

"တယ်. ဒီလူတွေ. ဘယ်အချိန်ရှိနေပြီလဲ. ရှက်လည်း မရှက်ကြဘူး"

"အစ်ကိုကြီးကလည်း တခါတလေမို့ အချစ်ကြမ်းထားကြလို့ပါ အဟီး"

"ဟာ ကိုကို! ဘယ်လိုဖြစ်နေလဲ!"

ဂျီမင်းက အသံစာစာလေးဖြင့် လှမ်းဟန့်လေတော့မှ ရယ်ကျဲကျဲဖြင့် နှုတ်ပိတ်သွားသော ဟိုဆော့။ အဆူခံရမည်စိုးသည်ကြောင့် ယောက်ဖဖြစ်သူကိုတော့ တည့်တည့်မကြည့်တော့ပေ။

"အချစ်ကြမ်းတာက ဟုတ်ပေမယ့် နှစ်​ယောက်တည်းနေတာ မဟုတ်ဘူးဆိုတာလည်း သတိရဦးလေ ဒီကလေးတွေနှယ်"

အိမ်ရှေ့မှ ဆူဆူညံညံအသံတို့ကြောင့် မီးဖိုထဲမှ စုံတွဲလဲ အာရုံရကာ ထွက်လာလေတော့

"အို စီနီယာ. ဘယ်တုန်းက ရောက်တာလဲ"

"ခုနလေးတင်ပဲ. ကူးလေးတို့ပဲ အကို့ကို စောစောချိန်းထားပြီးတော့..."

ပိတ်ရက်မို့ အိမ်တွင် အကင်ကင်စားကြမည်ဆိုသည်ကြောင့် မိမိမှာ အကြီးပီပီ ဈေးကြီးသော အသားအချို့နှင့် သောက်စရာများပါ ဝယ်လာခဲ့သော်လည်း နှစ်စုံတွဲလုံးက ချစ်ကြည်နူးကာ ကြိုဆိုနေသည်ကြောင့် နမ်ဂျွန်းတယောက် ပြန်ပင် ပြေးရမလိုလို။

"အယ် ဟုတ်သားပဲ! မုန့်စုစားကြဖို့ ချိန်းထားတာ ဒီနေ့ပဲနော် မင်မေ့သွားတယ် ဟီး"

ခေါင်းကုပ်လိုက် လက်ကုပ်လိုက်ဖြင့် ပြုံးစိစိလေး ပြောလာသော ညီငယ်အား ဆူလဲ မဆူရက်သည်ကြောင့် သက်ပြင်းသာ ချကာ

"ထားပါတော့ ခုလည်း ရောက်နေပြီပဲဟာ. ရော့ လိုအပ်မယ်ထင်တာတွေ ကိုကြီး ဝယ်လာခဲ့တယ်"

လက်ထဲရှိ အသားနှင့် သောက်စရာအချို့ထည့်ထားသော အိတ်အား ကမ်းပေးလိုက်တော့ ထိုအိတ်ကို ဖွင့်ကြည့်ကာ မင်လေးက ရွင်ပျပျဖြင့်

"အို ဒါက ဈေးကြီးတဲ့ အမဲသားပါလား. ကိုကြီးက တကယ့်ကို အကောင်းဆုံးပဲ!"

နမ်ဂျွန်းအား လက်မလေး ထောင်ပြပြီးနောက် မင်လေးက ခင်ပွန်းဖြစ်သူဘက်သို့လှည့်ကာ

"သွားသွား ကိုကို. အင်္ကျီသွားဝတ်ပြီး ခြံထဲမှာ မီးဖိုဘာညာ နေရာချလိုက်တော့လေနော်"

"ကိုကို အိပ်ရေးမဝသေးဘူးလေ မင်လေးရာ"

"ကိုကို"

အိပ်ရေးမဝသေးသည်မှာ အမှန်တရားဖြစ်သော်လည်း မျက်စောင်းလှလှလေးခဲကာ အံကြိတ်သံလေးဖြင့် ခေါ်လာသည့် ကိုကိုဟူသည့် အသံလေးနောက် ဟိုဆော့ တယောက်မှာလည်း ချက်ချင်းပင် လှုပ်ရှားရပါတော့သည်။

အတန်ငယ်အကြာတွင်တော့ ခြံထဲရှိ စားပွဲလေး အနီးတွင် အကင်ဖို နှစ်လုံးနှင့် ပစ္စည်းအချို့နေရာချကာ BBQ partyလေးအား အစပြုကြလေသည်။

လူစုံတက်စုံဖြင့် ပျော်ရမည့် အချိန်ဖြစ်သော်လည်း ချစ်စရာသိပ်ကောင်းသော ညီငယ်နှင့် ဂျူနီယာလေးတို့က သက်ဆိုင်ရာ ခင်ပွန်းများဘေးက မခွာသည်ကြောင့် နမ်ဂျွန်းမှာ ကင်ပြီးသား အသားတို့ကို လှီးဖြတ်ရင်း ​ပျင်းရိစွာ စောင့်နေရတော့သည်

"ကိုကို အင့် ဒါလေး စားကြည့်"

"ကောင်းလိုက်တာကွာ ဘယ်သူ ကင်တာမို့လဲ မသိ"

"မင်လေး ကင်တာမို့ပေါ့ ခစ်ခစ်. ဒီဘက်က အသားတွေက ညှပ်လို့ရပြီလို့ ကိုကြီးကို သွားပေးလိုက်ဦးနော်"

"အိုခေပါ ကိုကို့ကလေးလေးရေ"

ချစ်ခင်ပွန်းလေး ခွံ့ကျွေးသည့် အသားအား သုံးဆောင်ကာ နမ်ဂျွန်းရှိရာသို့ လျှောက်လာသည့် ဟိုဆော့က ယောက်ဖဖြစ်သူ၏ ရှုံ့မဲ့မဲ့ မျက်နှာကြီးကိုတော့ သတိမထားမိပါလေ

"အစ်ကိုကြီး~ ဒါတွေ ညှပ်လို့ရပြီတဲ့လေ"

"မင်းလည်း တစ်လှည့်လာညှပ်ပါဦးလား. ငါမြင်တာတော့ မင်းက စကားပဲ များနေတော့တာပဲ"

"အဟဲ အစ်ကိုကြီးကလဲ တခါတလေမို့ပါ"

ပုံမှန်ကြားရက်တွေမှာ အနုနည်းနှင့် ရှယ်အခိုင်းခံရတာ အစ်ကိုကြီးမှ မသိပဲဟု စောဒကတက်ချင်သော်လည်း ချစ်ခင်ပွန်းလေး ကြားသွားလျှင် စိတ်အကြီးကြီးကောက်မည်ဖြစ်သည်ကြောင့် ဟိုဆော့တစ်ယောက် နှုတ်ဆိတ်ကာ ပြန်၍သာ ရယ်ပြလိုက်ရတော့သည်

တစ်ဖက်ကို ကြည့်လိုက်ပြန်လျှင်လည်း အခြား မီးဖိုတစ်လုံးဖြင့် ပုစွန်နှင့် ပင်လယ်စာအချို့ကို ကင်နေသည့် ကူး​လေးအား ချွေးစို့များကို သုတ်ပေးမည့် အမျိုးသားက ဘေးက အသင့် ဖြစ်လေသည်။

နွေဦးရောက်ခါနီးသည်ကြောင့် အချစ်ငှက်တို့က ပို၍ ပျော်မြူးကြသည်ကိုး

တဖန် အကင်ကင်ခြင်း ကိစ္စပြီး၍ စားမည်ပြုပြန်တော့လည်း ပုစွန် အခွံစူးမည်ဆိုကာ ခွာကျွေးသည့်သူက တစ်မျိုး, အသားကို ဆလပ်ရွက်နှင့် ထုတ်ကာ တယုတယ ခွံ့ကျွေးသူက တစ်ဖုံ, တူဖြင့် လှမ်းယူစရာ မလိုအောင်ပင် မပြတ်ထည့်ပေး​နေသူက တစ်ပေါက်နှင့် ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံနေသည့် အကြည့်များ ဖလှယ်နေကြသော မောင်နှံတို့ကြား လူပျိုလေး ကင်မ်နမ်ဂျွန်းမှာ ထွက်ပြေးချင်စိတ်ပင် ပေါက်လာရသည်ကြောင့် စိတ်ပေါက်ပေါက်ဖြင့် ပုစွန်များကို အခွံမခွာပဲ တဂျွတ်ဂျွတ်မြည်အောင်သာ ဝါးစားနေမိတော့​လေသည်

အင်း.. ဒါလဲ ဝဋ်ကြွေးပေါ့လေ..

#Tbc

See you in next episode~

- 해바라기

Comment