ZG
ႏိုးႏိုးခ်င္းမွာပင္ အာရံုထဲတိုးဝင္လာေသာ အန႔ံသင္းသင္းေလးေၾကာင့္ မ်က္လံုးမဖြင့္ခင္ပင္ ျပံဳးလိုက္မိသည္
ကေနဒါမွာ ေက်ာင္းတက္တုန္းက မနက္တိုင္း အေဆာင္ေအာက္က ေပါင္မုန္႔ဆိုင္ေလးမွ ရေနက် ရန႔ံေလးနဲ႔ပင္တူပါရဲ႕
အလုပ္သြားရန္ ျပင္ဆင္ရမည္ျဖစ္ေသာ္လည္း ထိုအန႔ံေလးေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္မိေလရာ မိမိ မီးဖိုခန္းမွ ျဖစ္ေနေလသည္
မီးဖိုခန္းထဲ ေဝ့ၾကည့္မိေလေတာ့ အျပံဳးခ်ိဳခ်ိဳေလးျဖင့္ မုန္႔ဖုတ္စက္ထဲမွ ေပါင္မုန္႔မ်ားကို ထုတ္ၾကည့္ကာ ေက်နပ္ေနေလဟန္႐ွိေသာ ေဂ်ာင္ဂုကိုေတြ႕ရသည္
က်ေနာ္ လံုးဝမရိပ္မိခဲ့တာလဲ မေျပာနဲ႔ေလ တကယ့္ကို က်ေနာ့္အခ်စ္နဲ့ တပံုစံတည္းတူေသာ ေကာင္ေလးပါပဲ..
မ်က္ဝန္းအၾကည့္မ်ားက ေဂ်ာင္ေလးထက္ အနည္းငယ္ပိုႏူးည့ံသေယာင္႐ွိေသာ္လည္း အႁမႊာ႐ွိေၾကာင္းမသိသည့္ သူအဖို႔ အမွန္ပင္ ေဂ်ာင္ေလးဟုသာ ထင္ေစႏိုင္ေလာက္သည္ထိကို တေထရာတည္း တူေသာ မ်က္နႇာလွလွေလးကို ပိုင္ဆိုင္ထားေလသည္
"ဟင္ ကင္မ္---အဲ ထယ္ေဟ်ာင္း႐ွိ ႏိုးေနၿပီလား? အေစာႀကီးပဲေနာ္ ဒီေန႔"
႐ုတ္တရက္ ေျပာင္းသြားသည့္ အေခၚအေဝၚႀကီးေၾကာင့္ စိတ္ထဲတစ္မ်ိဳးပင္ ျဖစ္သြားရေတာ့သည္
"အင္း. ေပါင္မုန့္အန့ံေျကာင့္ ႏိုးသြားတာ. ဒါနဲ႔ ဘယ္လိုႀကီးေခၚလိုက္တာလဲ အခု"
"အခု က်ေနာ့္ဘဝအမွန္ကိုလည္း သိေနၿပီမို႔ ေဂ်ာင္ေလးေခၚေနက် ကင္မ္လို႔ သံုးႏႈန္းလိုက္ရင္ အေနရခက္မွာစိုးလို႔ပါ"
"ဟာ မဟုတ္တာ ဒီတိုင္း အသားက်ေနတဲ့ ကင္မ္လို႔ပဲ ဆက္ေခၚလဲရပါတယ္. ထယ္ေဟ်ာင္း႐ွိဆိုတာႀကီးက နားေထာင္ရတာ တမ်ိဳးႀကီး"
"တကယ္ႀကီးေခၚလို႔ ျဖစ္ရဲ႕လား"
"ျဖစ္ပါတယ္. မဟုတ္တဲ့ အသံုးအႏႈန္းေတြ သံုးႏႈန္းေနတာလဲမဟုတ္. ေဂ်ာင္ေလးလဲ နားလည္ေပးမွာပါ နဂိုတည္းက စိတ္ထားျပည့္တဲ့သူမို႔"
ရုတ္တရက္ ေဂ်ာင္ဂုမ်က္ႏွာတြင္ အဓိပၸါယ္မေဖာ္ႏိုင္ေသာ မ်က္ႏွာထားတခု ေပၚလာသည္ကို ေတြ႔လိုက္ရေသာ္လည္း ေထြေထြထူးထူး မေမးမိေတာ့ပဲ စကားလမ္းေၾကာင္း ေျပာင္းလိုက္မိသည္
"ဒါနဲ့ ဘာလုပ္ေနတာလဲ ေဂ်ာင္ဂု"
"အာ..ေပါင္မုန္႔လုပ္ေနတာေလ ကင္မ္. ကေလးေတြနဲ႔ မေတြ႔တာၾကာေတာ့ မုန္႔လုပ္ၿပီး ယူသြားေပးမလို႔"
လြန္ခဲ့သည့္ တပတ္က သေဘာတူညီခ်က္အတိုင္း အလုပ္ျပန္ဆင္းေစမည္ ျဖစ္တာေၾကာင့္ ေဂ်ာင္ဂုကား မနက္အေစာႀကီးကတည္းက အလုပ္သြားရန္ အလြန္တက္ႂကြေနဟန္ပင္
တပည့္ေက်ာ္ေလးမ်ားအတြက္ တကူးတက ေပါင္မုန္႔ေတာင္ျပင္ဆင္ေပးေနေသးသည္တဲ့ အေတာ္ေလးကို သံေယာဇဥ္႐ွိပံုပါပဲ
"ေဂ်ာင္ဂုက ေပါင္မုန္႔လုပ္တတ္တယ္ေပါ့?"
"နည္းနည္းပါ ဟီး"
"နည္းနည္း မဟုတ္ပါဘူး ဒီအေျခအေနဆို ဆိုင္ဖြင့္လို႔ေတာင္ရတယ္. အန႔ံေကာ ပံုစံေကာက အေနေတာ္ပဲ"
က်ေနာ့္ ခ်ီးက်ဴးစကားအဆံုးတြင္ ခပ္ဖြဖြေလး ျပံဳးလိုက္ၿပီး အပူခံလက္အိတ္ျဖင့္ ေပါင္မုန္႔ဗန္းကို က်ေနာ့္နားသို႔ အသာအယာတြန္းေပးကာ
"ျမည္းၾကည့္မလား ကင္မ္"
"အယ္ ကို ျမည္းလို႔ ရရဲ႕လား ေလာက္ပါ့မလား?"
"ရတာေပါ့. က်ေနာ္ ကင္မ့္အတြက္ပါ ပိုလုပ္ေပးထားတယ္"
"အာ..အဲ့လိုေတြမလိုပါဘူး ေဂ်ာင္ဂုရယ္"
"ေက်းဇူးတင္လို႔ပါ ကင္မ္ က်ေနာ့္အေပၚ သေဘာထားႀကီးေပးတဲ့အတြက္"
"ဟာ မဟုတ္တာ ကိုလုပ္ခဲ့တာ ႀကီးႀကီးက်ယ္က်ယ္ ကိစၥမွမဟုတ္တာ. ဒီတိုင္း ၂ဦး၂ဖက္ အဆင္ေျပေအာင္ စီစဥ္လိုက္တာပဲေလ"
"ေလာကႀကီးမွာ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေအာင္ေတာင္ ျဖည့္ေတြးမေပးတတ္တဲ့သူေတြ အမ်ားႀကီး ကင္မ္ရဲ႕"
ေဂ်ာင္ဂုက တိုးညႇင္းစြာေျပာလိုက္ေသာ္လည္း အကင္းပါးသည့္ နားက ၾကားျဖစ္ေအာင္ၾကားလိုက္ေသးသည္
မိသားစုႏွင့္ ဆက္ဆံေရးသိပ္မေကာင္းသည့္ အျပင္ အႁမႊာဆိုသည္ကို လံုးဝဖံုးကြယ္ထားခဲ့ပံုအရ ဂြၽန္မိသားစုအတြင္း ေဂ်ာင္ဂုႏွင့္ ေဂ်ာင္ေလးၾကား အမ်ားအျပား ခဲြျခားဆက္ဆံခံခဲ့ရေလာက္မည္ဟု ခန္႔မွန္းမိသည္ေၾကာင့္ အမွန္ပင္ က႐ုဏာသက္မိ၍ သည္ေကာင္ေလးအေပၚ ေကာင္းေပးရန္ ဆံုးျဖတ္ထားခဲ့သည္ပင္
ခ်စ္ရသူျပန္လာခဲ့လ်ွင္ေတာ့ ညီအစ္ကို၂ေယာက္ၾကား ေျပလည္ေအာင္ ၾကားဝင္ေျဖ႐ွင္းသင့္တာ ႐ွိလ်ွင္ ေျဖ႐ွင္းရမည္ေပါ့ေလ..
"ဟုတ္ပါၿပီ ဒါျဖင့္ရင္လည္း ေယာက္ဖေလးရဲ႕ ေစတနာကို ၾကည္ၾကည္ျဖဴျဖဴ လက္ခံပါ့မယ္ဗ်ာ"
"ဟားဟား ကင္မ္ကေတာ့"
ေဂ်ာင္ဂုေရာ က်ေနာ္ပါ ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္ၿပီး ေဂ်ာင္ဂုလက္ရာ ေပါင္မုန္႔ေႏြးေႏြးေလးကို ျမည္းၾကည့္ေလေတာ့
အို ဘုရားသခင္ တကယ့္ကို ဆိုင္တင္ခင္းက်င္းလို႔ ရေသာလက္ရာပါပဲ
သစ္ျကမ္းပိုးေခါက္န့ံ ခပ္သင္းသင္းျဖင့္ ခ႐ုေခြေပါင္မုန္႔ေလးေပၚတြင္ ေထာပတ္အနည္းငယ္ သုပ္လိ္မ္းထားသည္က ခ်ိဳဆိမ့္ဆိမ့္ျဖင့္ အလြန္ ခံတြင္းေတြ႔ေစသည္
"အရသာ႐ွိလိုက္တာ"
"ဟင္ တကယ္လား ကင္မ္?"
"အင္း. ေဂ်ာင္ဂုက ေတာ္လိုက္တာ. မညာတမ္းဝန္ခံရရင္ ကေနဒါမွာေက်ာင္းတက္တုန္းက စားေနက် အေဆာင္ေအာက္က ေပါင္မုန္႔ဆိုင္က အရသာကိုေတာင္ ေျပးသတိရမိတယ္"
"အဲ့ေလာက္ေတာ့လဲ မဟုတ္ေလာက္ပါဘူး.. ဒါေပမယ့္ ခ်ီးက်ဴးေပးတာ ေက်းဇူးတင္ပါတယ္ ကင္မ္"
"ခ်ီးက်ဴးတယ္ဆိုတာထက္ တကယ္အရသာ႐ွိလို႔ပါ. ကို႔ရံုးကိုေလ ၃ခုေလာက္ပိုယူသြားလို႔ ရတယ္မလား. ေဖေဖ့ကိုပါ ေကြၽးခ်င္လို႔"
"ရတာေပါ့ ကင္မ္ရယ္. က်ေနာ္ ေသခ်ာေလး ထုတ္ပိုးၿပီး ထည့္ေပးလိုက္ပါ့မယ္"
မ်က္လံုးေလးမ်ားပါ အေရာင္လက္သြားပံုအရ အလြန္ပင္ ဝမ္းသာသြားသည့္ပံုပင္
"အင္း ကိုလဲ ေဂ်ာင္ဂုဆီက အခ်က္အျပဳတ္နည္းနည္းပါးပါး သင္ထားမွပဲ"
"အယ္ ရုတ္တရက္ျကီး ဘာလို႔လဲ"
"ေဂ်ာင္ဂုက လက္ရာေကာင္းလို႔ေလ. အခုက တေယာက္ကိစၥ တေယာက္လုပ္ေပးစရာ မလိုေတာ့ဘူးဆိုေတာ့ ကိုလဲ နည္းနည္းပါးပါးေတာ့ ေလ့လာရေတာ့မွာေပါ့ အျမဲေခါက္ဆဲြျပဳတ္ပဲ စားလို႔လဲမျဖစ္ဘူးေလ"
"ေအာင္မယ္ေလး ကင္မ္ရယ္. ကင္မ္တေယာက္စာေတာ့ က်ေနာ္ခ်က္ေကြၽးႏိုင္ပါတယ္ အိမ္လခေပးတယ္လို႔ သေဘာထားလိုက္ေပါ့"
"ဒါေပမယ့္လဲ အားနာစရာေကာင္းတယ္ေလ"
"ကင္မ္နဲ႔ က်ေနာ္ အဲ့လိုပဲ အျပန္အလွန္ အားနာေနၾကေတာ့မွာလား. ကင္မ္က က်ေနာ့္ကို အမ်ားႀကီးေတာင္ နားလည္ေပးထားတာကို က်ေနာ္က ဟင္းေလးခ်က္ေကြၽးရတာ ဘာမွအပန္းမႀကီးပါဘူး. က်ေနာ္ စားဖို့လည္းလုပ္ရမွာပဲေလ ဘာမွေထြေထြထူးထူး လုပ္ရတာမွမဟုတ္တာ"
သည္လိုက်ေတာ့လည္း ေဂ်ာင္ဂုေျပာတာက ဟုတ္သလိုလို
အမွန္တိုင္း ဝန္ခံရလ်ွင္ အေကာင္းႀကိဳက္တတ္လြန္းသည့္ လ်ွာက ဟင္းခ်က္ေကာင္းသည့္ ေဂ်ာင္ဂုလက္ရာကို စြဲေနၿပီမို႔ က်ေနာ္ကေတာ့ ေရကန္အသင့္ၾကာအသင့္ျဖစ္သြားသည္ေပါ့
"အင္း ဒါဆိုရင္လည္း အဲ့လိုပဲ လုပ္ၾကတာေပါ့. အာ ေနာက္ၿပီး ခဏေန ရံုးသြားရင္ တခါတည္းလုိက္ခဲ့လိုက္ေနာ္ ေက်ာင္းကို ဝင္ပို႔ေပးခဲ့မယ္"
"မဟုတ္တာ ကင္မ္ရယ္. က်ေနာ့္ဘာသာသြားပါ့မယ္"
"မဟုတ္ဘူးေလ အထုပ္ေတြလဲ ပါမယ့္ဟာကို. ေနာက္ၿပီး ေဂ်ာင္ဂုဘာသာသြားရင္း လမ္းမွာ အိမ္ကလူေတြနဲ႔ ေတြ႔ရင္ ဘယ္လိုလုပ္မလဲ"
က်ေနာ့္စကားအဆံုးမွာေတာ့ ေဂ်ာင္ဂုလည္း အနည္းငယ္စဥ္းစားသြားဟန္ပင္
"ဟုတ္တယ္မလား ကုိေျပာတာ? အတူတူသြားၾကတာေပါ့"
"အင္း. အဲ့ဒါဆုိလည္း ကင္မ္ေျပာသလိုပဲ လုပ္တာေပါ့. ရံုးသြားဖို႔လုပ္ေတာ့ေလ က်ေနာ္လည္း ဒါေတြထုပ္ပိုးၿပီးရင္ ျပင္ေတာ့မွာရယ္"
"အင္း အင္း အကူအညီ လိုေသးလား"
"ရပါတယ္ ျမန္ျမန္လုပ္လိုက္ရင္ ခဏနဲ႔ၿပီးမွာမို႔ ကင္မ္သာ သြားဖို႔ျပင္ေတာ့"
.
.
.
.
.
လူသြားလူလာသိပ္မ႐ွိပဲ ေဘးဘီဝဲယာတြင္ ဆိတ္ဆိတ္ၿငိမ္ၿငိမ္ လံုးခ်င္းအိမ္မ်ားသာ႐ွိေသာ လမ္းျဖဴးျဖဴး အဆံုးထိ ေမာင္းလာျပီးေနာက္
"အဲ့ေ႐ွ႕ဆို ရပ္လို႔ရၿပီ ကင္မ္"
သစ္ပင္ႀကီးမ်ားျဖင့္ စိမ္းစိုအု႔ံဆိုင္းေနေသာ ျခံဝန္းက်ယ္က်ယ္တခုေ႐ွ႕တြင္ ကားစက္သတ္လိုက္သည္
"ဒီေနရာက ေဂ်ာင္ဂု အလုပ္လုပ္ခဲ့တဲ့ မူႀကိဳေပါ့"
"ဟုတ္တယ္ ကင္မ္"
"ေနရာေကာင္းေလးပဲ ဆိတ္ဆိတ္ၿငိမ္ၿငိမ္လဲ႐ွိတယ္"
"ဟုတ္ပါရဲ႕ အဲ့ဒါေၾကာင့္ က်ေနာ္က အလုပ္လာရတာကို အရမ္းသေဘာက်ခဲ့တာေလ. ကေလးေတြနဲ႔ ဆက္ဆံရတာလဲ စိတ္ခ်မ္းသာဖို႔ေကာင္းလို႔"
"ဒါေပါ့ ကေလးဆိုတာကေတာ့ ျဖဴစင္ၾကေတာ့ ျမင္တာနဲ႔တင္ စိတ္ခ်မ္းသာဖို႔ေကာင္းေတာ့တာပဲ"
"ဟုတ္ပါ့.ဒါနဲ႔ေလ. လိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္ ကင္မ္"
"ရပါတယ္ ေပး ေပး အဲ့အထုပ္ေတြ ကူသယ္ေပးမယ္"
"အာ မသယ္ပါနဲ႔ ကင္မ္. က်ေနာ္ ႏိုင္ပါတယ္..ဒီထိ လိုက္ပို႔တာေတာင္ အားနာစရာေကာင္းေနၿပီ. ေနာက္ၿပီး ရံုးေနာက္က်ေနမယ္ သြားေတာ့ေလ ကင္မ္"
"အင္း ဒီဟာလိုက္ပို႔တာေလာက္နဲ႔ေတာ့ ရံုးေနာက္မက်ပါဘူး"
ေဂ်ာင္ဂုဘက္မွ မျငင္းဆန္ႏိုင္ခင္ ခပ္ျမန္ျမန္ပဲ ကားေနာက္ခန္းမွ အထုပ္မ်ားကို ယူလိုက္ကာ
"ေဂ်ာင္ဂုက ကို့ကို ေ႐ွ႕ကေန လမ္းျပခ်ည္. လိုက္ပို႔ေပးမယ္"
ေဂ်ာင္ဂုကေတာ့ ေခါင္းယမ္းလိုက္ကာ ေက်ာင္းဝန္းတြင္းသို႔သာ လမ္းျပေလေတာ့သည္
"ကူကူး ျပန္လာၿပီ ကူကူး!"
စာသင္ခန္းထဲ ေျခခ်ရံုပင္႐ွိေသး ေဂ်ာင္ဂုကို အသည္းအသန္ေျပးဖက္ၾကေသာ ကေလးေပါက္စနမ်ားေၾကာင့္ က်ေနာ္ပင္ မ်က္လံုးျပဴးရသည္
"အိုက္ဂူး ကူကူးရဲ႕ ကေလးေလးေတြက ကူကူးကို လြမ္းေနၾကတာလား"
ဒါက သူ႔တပည့္ဆိုတာေလးေတြေပါ့ ေအာင္မယ္ေလး ခ်စ္စရာေကာင္းလိုက္တာေနာ္
ကေလးဆိုသည္ကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ကို ျဖဴစင္ေနေတာ့တာပါလား
"ဒီထိ တကူးတကလိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္ ကင္မ္. ရံုးေနာက္က်ေနေတာ့မွာပဲ"
"ရပါတယ္. လုိေသးတယ္ရယ္. ေက်ာင္းက ဘယ္ခ်ိန္ဆင္းမွာလဲ လာေခၚေပးမယ္"
"အလုပ္႐ႈပ္တာေပါ့ ကင္မ္. က်ေနာ့္ဘာသာျပန္ပါ့မယ္"
"ေျပာျပန္ၿပီ. အဲ့လိုနဲ႔ အိမ္ကလူေတြနဲ႔ေတြ႔ရင္"
"အာ ဟုတ္သားပဲေနာ္... အဲ့ဒါဆိုလည္း ကင္မ့္ကားနဲ႔ျပန္တာ ပိုေကာင္းမယ္ထင္ပါတယ္"
"အင္း ကိုလာေခၚေပးမယ္ အခ်ိန္သာ ေျပာခ်ည္"
"၂ခဲြဆို ဆင္းၿပီ ကင္မ္"
"အိုေခ. ဒါျဖင့္ရင္ ေန့လည္ေတြ႔ၾကမယ္"
"အင္း ကင္မ္လဲ သတိထားသြားဦး"
ေဂ်ာင္ဂုကို ႏႉတ္ဆက္ကာ ရံုးသြားရန္ ထြက္လာလိုက္ေသာ္လည္း အခန္းအျပင္သို႔ အေရာက္တြင္ ဘာေၾကာင့္ရယ္ မသိ မသိမသာေလး ခိုးၾကည့္လိုက္မိေသးသည္
.
.
.
.
.
ရံုးမွ အနည္းငယ္ေစာထြက္ခဲ့သည္ေၾကာင့္ မူႀကိဳေက်ာင္းသို႔ ေရာက္ေလေတာ့ ကေလးငယ္မ်ားက ေက်ာင္းေ႐ွ႕ ေျမကြက္လပ္တြင္ ကစားေနဆဲပင္
ထို ကေလးအုပ္ၾကားတြင္ေတာ့ အျပံဳးပန္းေဝလ်က္ ရယ္ေမာေနေသာ ေဂ်ာင္ဂုကိုပါ ေတြ႔ရေလသည္
ျဖဴစင္သည့္ ကေလးမ်ားၾကားတြင္ အတူတူ ေဆာ့ကစားေပးေနေသာ ေဂ်ာင္ဂုအျပံဳးမ်ားကလည္း အလြန္ပင္ အျပစ္ကင္း၍ေနေလသည္
"ဟင္ ကင္မ္ သတိထား!"
အေငးေကာင္း၍ ေ႐ွာင္ခ်ိန္မရလိုက္ခင္မွာပင္ မ်က္ႏွာတည့္တည့္သို႔ ထိမွန္လာေလေသာ ေဘာလံုး
႐ုတ္တရက္ မ်က္လံုးမ်ားျပာေဝသြားသလို ခံစားလိုက္ၿပီး ေထြျပားေနသည္႔ အသံတို႔ျကား ပထမဆံုး အာရံုထဲ ဝင္လာသည္က ေဂ်ာင္ဂုအသံျဖစ္သည္
"ေအာင္မယ္ေလး ကင္မ္. ဘယ္လိုလုပ္မလဲ. ေတာ္ေတာ္နာသြားေတာ့မွာပဲ"
"ရတယ္ ရတယ္ ေဂ်ာင္ဂု. ကို ဘာမွမျဖစ္ပါဘူး"
ဘာမွမျဖစ္ဘူးဟုသာ ေျပာလိုက္ေသာ္လည္း အေတာ္ေလး အီသြားသည္ေတာ့ အမွန္ပင္
"ဘာကို ဘာမွမျဖစ္တာလဲ ကင္မ္. အဲ့မယ္ ေသြးထြက္ေနၿပီ"
"ဟင္?"
ေဂ်ာင္ဂုေျပာစကားေၾကာင့္ ကိုယ့္ႏွာေခါင္းကိုယ္ျပန္ၾကည့္မွ ေသြးထြက္ေနသည္ကို သတိထားမိေတာ့သည္
မူႀကိဳအရြယ္ကေလးက အဲ့ေလာက္ေတာင္ ကန္ခ်က္ျပင္းရတယ္တဲ့လား ေဘာလံုးသမား အေလာင္းအလ်ာေလး ထင္ပါရဲ႕
"ဟုတ္သားပဲ ေသြးထြက္သြားတာပဲ"
"ျဖစ္ရေလ ကင္မ္ရယ္. က်ေနာ္ ေရခဲကပ္ေပးမယ္ လာ"
ေဂ်ာင္ဂုက ေျပာလည္းေျပာ က်ေနာ့္လက္ကိုလည္း ဆဲြကာ ေက်ာင္းဝန္းအတြင္း႐ွိ ခံုတန္း႐ွည္တခုတြင္ ထိုင္ေစၿပီး wet tissue ျဖင့္ အရင္သန့္စင္ေပးေလသည္
ႏွာေခါင္းမွ ေသြးမ်ားကို အာရံုစိုက္ကာ သန္႔စင္ေပးေနသည္ေၾကာင့္ က်ေနာ့္မ်က္္ႏွာႏွင့္အလြန္ နီးကပ္ေနၿပီး တခ်ိန္တည္းမွာပင္ ႏႈတ္ခမ္းေအာက္မွ မွည့္နက္ေလးအား အာရံုေရာက္မိေလသည္
ဒီေလာက္ ထင္းထင္းေလး တည္႐ွိေနတာေတာင္ က်ေနာ္ ဘာလို႔မ်ား သတိမထားခဲ့မိပါလိမ့္
ႏႈတ္ခမ္းေဖာင္းေဖာင္းေလးႏွင့္ ကြယ္ေန၍ မျမင္ခဲ့ရျခင္းပင္ပဲလား
"ပထမဆံုးရက္မွာတင္ ဒီလိုေတြျဖစ္တာ အားနာလိုက္တာ ကင္မ္ရယ္"
"မဟုတ္တာ. ဒါက ကို႔အမွားပါ. အာရံုေတြမ်ားၿပီး ေဘာလံုးကို မျမင္လိုက္တာ"
"အင္း. ဒါေပမယ့္လဲ တအားနာသြားမွာပဲ.. က်ေနာ္ ေရခဲကပ္ေပးဖို႔ သြားယူလိုက္ဦးမယ္. ကင္မ္ ဒီမွာ ခဏေလးေစာင့္ေနာ္"
"အင္း အင္း"
ေဂ်ာင္ဂုထြက္သြားၿပီး မၾကာမီပင္ ေလးႏွစ္ေက်ာ္ ငါးႏွစ္ဝန္းက်င္အရြယ္႐ွိ ကေလးတဦးေရာက္လာၿပီး
"ဦးဦး"
လာျပန္ၿပီ ဦးဦး
ကေလးေတြနဲ႔ေတြ႔တိုင္း ဦးဦးပဲ ေခၚခံေနရေတာ့မွာလား က်ေနာ္က
"အင္း ေျပာ ညီေလး"
"အခုနကေလ ဦးဦးမ်က္ႏွာကို ေဘာလံုးမွန္ေအာင္လုပ္မိတာ သားပါ"
အေခၚအေဝၚေျပာင္းေအာင္ ရည္ရြယ္ခ်က္႐ွိ႐ွိျဖင့္ ညီေလးဟုေခၚခ်လိုက္ေသာ္လည္း ထူးျခားမႈမ႐ွိသည္ေၾကာင့္ သက္ျပင္းသာခ်လိုက္မိေတာ့ ထိုကေလးငယ္က မည္သို႔မည္ပံုထင္သြားသည္မသိ ခ်က္ခ်င္းပင္ မိုးၿပိဳေတာ့မည့္ မ်က္ႏွာထားျဖင့္ အနီးသို႔ ပိုတိုးလာကာ
"စိတ္မဆိုးပါနဲ႔ေနာ္ ဦးဦး သားက တမင္လုပ္တာ မဟုတ္ပါဘူး"
"အင္းပါ မဆိုးပါဘူး"
"ဦးဦး စိတ္ဆိုးေနပါတယ္ မ်က္ႏွာႀကီးက ဆူပုပ္ေနတာကို"
"နာလို႔ပါကြာ"
"ဟုတ္လား သား တို႔ၾကည့္မယ္ မွန္း"
တို႔ၾကည့္မယ္ဆိုသူက ေဘာလံုးမွန္ထားသည့္ ႏွာေခါင္းတည့္တည့္ကို အားနဲ႔ဖိခ်လိုက္သည္ပင္
"အ!"
"အယ္ သား ေတာင္းပန္ပါတယ္ေနာ္. ေတာ္ေတာ္ နာသြားလားဟင္ ဦးဦး"
က်ားကိုက္ပါတယ္ဆိုမွ အေပါက္ေလးနဲ႔လားလို႔ ေမးေနသလိုပါပဲ
"နာတာေပါ့ကြ. အဲ့ေနရာထိထားတာကို"
"ဒါျဖင့္ရင္ ဘူးဘူးမႈတ္မွျဖစ္မွာပဲ"
"ဘာႀကီးလဲ ဘူးဘူး"
"နာနာျဖစ္ရင္ ျမန္ျမန္ေပ်ာက္ေအာင္ လုပ္ေပးတာေလ သားတို႔ နာနာျဖစ္ရင္ ကူကူးကလုပ္ေပးေနက်"
သူ့ဆရာကိုက် ကူကူးတဲ့ က်ေနာ့္က် ဦးဦးတဲ့ တတ္လဲ တတ္ႏိုင္တဲ့ကေလးပါပဲ
သူေျပာတဲ့ ဘူးဘူးကလည္း ဘာမွန္းေတာ့ မသိေပမယ့္ အလိုက္သင့္သာ ေခါင္းၿငိွမ့္ေပးေနရေတာ့သည္
"ေဟာ ဟိုမွာ ကူကူးျပန္လာၿပီ! ဦးဦး စိတ္မပူနဲေတာ့ေနာ္. နာနာသက္သာေအာင္ ကူကူးက ဘူးဘူးမႈတ္ေပးလိမ့္မယ္"
"ဟာ ဒီကေလး"
"ကူကူးေရ သားသားေၾကာင့္ ဒီဦးဦး နာနာထပ္ျဖစ္သြားလို႔ ဘူးဘူးမႈတ္ေပးပါဦး"
"အင္??"
ေရခဲၾကပ္ထုပ္သြားယူၿပီး ျပန္လာသည့္ ေဂ်ာင္ဂုက ေၾကာင္အန္းအန္းျဖင့္ ျပန္ၾကည့္ေနေလသည္
"သား ေတာင္းလဲ ေတာင္းပန္ျပီးပါျပီ. ဒါမဲ့ ဒီဦးဦး ႏွာေခါင္းက အရမ္းနာေနလို႔တဲ့ ကူကူးရယ္. သားသားတို့ကို လုပ္ေပးသလို ဘူးဘူးမႈတ္ေပးလိုက္ပါေနာ္"
"အဲ့..မတူဘူးေလ သားရဲ႕.သားတို႔က ကေလး ဒီဦးဦးက လူႀကီးဟာကို"
"ကူကူးေျပာေတာ့ နာနာျဖစ္တဲ့အခါ ဘူးဘူးမႈတ္ရင္ သက္သာတယ္ဆို.. လုပ္ပါ ကူကူးရယ္ သားေၾကာင့္ျဖစ္တာဆိုေတာ့ေလ ဒီတိုင္းၾကည့္ေနရတာ ဝမ္းနည္းလို႔ပါ. နာနာသက္သာေအာင္လုပ္ေပးလိုက္ပါေနာ္"
"ဒီမယ္ ကေလး. ဦးဦးက ဘာမွမျဖစ္--"
"ခုနကတင္ နာလို႔ ႐ႈ့ံမဲ့ေနတာကို မညာပါနဲ႔ ဦးဦးရယ္. ညာတာမေကာင္းဘူးတဲ့ သားမာမားကေျပာတယ္"
ဘုရားေရ သူကေတာင္ က်ေနာ့္ ျပန္ဆံုးမလိုက္ေသးတာ
"ကူကူးေရ လုပ္ပါ~~ ကူကူး ဘူးဘူးလုပ္မေပးရင္ သား မျပန္ေတာ့ဘူးေနာ္"
ေအာင္မယ္ေလး ၿခိမ္းပါၿခိမ္းေျခာက္ေနေသးတာပဲ ဆရာ့ထက္ တပည့္ေက်ာ္က လက္စြမ္းေတြထက္
ေဂ်ာင္ဂုကို ၾကည့္မိေတာ့ အၾကံအိုက္ေနေလဟန္ေပၚသည္
"ကူကူး~~~"
"ေအးကြယ္. လုပ္ေပးမယ္ကြယ္. ၿပီးရင္ေတာ့ ျပန္ေတာ့ေနာ္"
"ဟုတ္~~"
ကေလးငယ္ႏွင့္ စကားေျပာအၿပီးတြင္ ေဂ်ာင္ဂုက က်ေနာ့္ေဘးသို႔ လာထိုင္ေလကာ
"အေနရခက္သြားမယ္ဆို ႀကိဳၿပီး ေတာင္းပန္ပါတယ္ ကင္မ္ေရ"
"အင္ ဘာလို႔--"
စကားမဆံုးခင္ပင္ ဒဏ္ရာျဖစ္ထားေသာ ႏွာေခါင္းေပၚ ေႏြးခနဲျဖစ္သြားသည္ကို ခံစားလိုက္ရသည္
ဘူးဘူးမႈတ္တယ္ဆိုတာ ဒါကိုး အေတြ႔အၾကံဳ အသစ္အဆန္းပါပဲ
အနားတိုး၍ ေလျဖင့္ဖြဖြေလးမႈတ္ေပးသည္ ျဖစ္တာေၾကာင့္ ရႊန္းစိုေနေသာ ႏႈတ္ခမ္းေဖာင္းေဖာင္းေလးႏွင့္ က်ေနာ့္ ႏွာေခါင္း ႐ုတ္တရက္ အမွတ္တမဲ့ ပြတ္တိုက္မိခ်ိန္တြင္ မ်က္ႏွာတခုလံုးေႏြးခနဲ
ေဂ်ာင္ဂုကလည္း အနည္းငယ္႐ွက္သြားသည့္ဟန္ပင္ ေခါင္းငု့ံခ်ကာ ပါးမို႔ေလးႏွစ္ဖက္က ရဲတက္လာသည္ကို သတိထားမိေလသည္
ေဂ်ာင္ဂုမွန္း မသိခဲ့ခင္က ယခုထက္ပင္ပို၍ နီးနီးကပ္ကပ္ေနခဲ့ဖူးေသာ္လည္း ခံစားခ်က္ခ်င္းမတူဘဲ မ်က္ႏွာပူေနရေတာ့သည္
"ဘူးဘူးေလး ခဏမႈတ္တာကို ကူကူး မ်က္ႏွာက ဘာလို႔ နီေနတာလဲဟင္"
ဟာ ဒီကေလး ေပါက္ေပါက္ရွာရွာေတြ ေမးျပန္ၿပီ
"ပူလို႔ပါ သားရယ္. ဟိုမွာ သားမာမား လာေခၚၿပီ. ျပန္လိုက္ေတာ့ေနာ္. ဒီဦးဦးလဲ သက္သာသြားၿပီတဲ့"
"ဟီး ဟုတ္ကဲ့. အဲ့ဒါဆို သားသားျပန္လိုက္ပါဦးမယ္ ကူကူးနဲ့ ႐ုပ္ေခ်ာေခ်ာ ဦးဦး. ေနာက္ေန႔လည္း လာလည္ပါဦးေနာ္ ဦးဦး"
အမယ္ ဒီလိုက် ဘယ္ဆိုးလို႔. အတတ္ကေလးပင္ပဲ
"အင္း အင္း လာလည္မယ္ စိတ္ခ်"
က်ေနာ္တို႔ ႏွစ္ေယာက္အား ထိုကေလးက လက္ျပႏႈတ္ဆက္ကာ ထြက္သြားၿပီးေနာက္ ေဂ်ာင္ဂုက က်ေနာ့္အား ေရခဲၾကပ္ထုတ္ကပ္ေပးေလသည္
"ကေလးဆိုေတာ့ ကေလးသဘာဝ အေဖာ္မင္ၾကတာပါ . စိတ္ထဲ မထားပါနဲ႔ ကင္မ္. ကင္မ္မအားရင္ မလာလဲ ျဖစ္တယ္ရယ္"
"မဟုတ္တာ. ေပးထားတဲ့ ကတိကို တည္ရမွာေပါ့. ေနာက္ၿပီး ဒီကို လာရတာ စိတ္ခ်မ္းသာဖို႔ေကာင္းပါတယ္. ကေလးေတြက တအားျဖဴစင္ၾကေတာ့ စိတ္ထဲေပါ့ပါးေနေရာ"
"အဲ့ဒါကေတာ့ ဟုတ္္တယ္ ကင္မ္ရယ္ သူတို႔ေလးေတြ ၾကည့္ၿပီး ကိုယ္ေတြပါစိတ္ခ်မ္းသာရတယ္. တကယ့္ကို အျဖဴစင္ဆံုးေလးေတြပါပဲ"
"တခ်ိဳ႕က် ေျခသံလက္သံလဲေျပာင္တာေပါ့"
ေဂ်ာင္ဂု က်ေနာ့္စကားအဆံုး ရယ္ေမာလိုက္ၿပီး
"ကင္မ္ကေတာ့ ပထမ တရက္နဲ႔တင္ မဲေပါက္သြားတာေပါ့ ခိခိ"
"ဟုတ္ပါ့ဗ်ား မူႀကိဳကေလးမို႔သာပဲ ေျခစြမ္းက ထက္ခ်က္ဆိုတာ. ႀကီးလာရင္ ေဘာလံုးသမားျဖစ္မယ့္ေကာင္ေလး အဲ့ကေလးက"
"ဟားဟား ဟုတ္ေလာက္မယ္ ကင္မ္ေရ"
ေဂ်ာင္ဂုေရာ က်ေနာ္ပါ ဟက္ဟက္ပက္ပက္ ရယ္လိုက္ၿကျပီး အတန္ၾကာ
"ဒါနဲ႔ေလ ကင္မ္"
"အင္း ဘာလို႔လဲ ေဂ်ာင္ဂု"
"က်ေနာ္တို႔ သူငယ္ခ်င္းလုပ္ၾကမလား"
"ဟင္?"
"ကင္မ္က က်ေနာ့္ခဲအိုဆိုေပမယ့္ က်ေနာ့္ကုိ အကူအညီေပးထားတဲ့ မိတ္ေဆြေကာင္းတေယာက္လို လူဆိုရင္လည္း ဟုတ္တာေၾကာင့္ ဒီ့ထက္ပိုၿပီး အေနရမခက္ရေအာင္ သူငယ္ခ်င္းလုပ္ၾကမလားလို႔ပါ"
"တအိမ္တည္းေတာင္ အတူတူေနေနတာကို ဒီလိုေမးစရာက လုိေလးလို႔လား ေဂ်ာင္ဂုရဲ႕ အခုထိ ကို႔ကို အေနရခက္ေသးလို႔လား"
"အဲ့လိုရယ္ေတာ့ မဟုတ္ေပမယ့္ ဒီအတိုင္း သတ္သတ္မွတ္မွတ္ေလးျဖစ္ခ်င္လို႔ပါ. ကင္မ္အဆင္မေျပေတာ့လည္း ဒီတိုင္း ဘဝတေကြ႔မွာဆံုၾကတဲ့ မိတ္ေဆြတျဖစ္လဲ ခမည္းခမက္ေပါ့"
"မဟုတ္တာ.. ဘာမေျပစရာ႐ွိလို႔လဲ. တအိမ္တည္းလဲ တူတူေနေနၿပီး ေ႐ွ႕ေလ်ွာက္လဲ အၾကာႀကီး ဆက္ၿပီးေတြ႔ေနရဥိးမွာကို. ကိုတို႔၂ေယာက္တည့္ေနရင္ ေဂ်ာင္ေလးကေတာင္ ပိုၿပီးစိတ္ခ်မ္းသာဦးမယ္. ျဖစ္ေပးမယ္ ေဂ်ာင္ဂုရဲ႕ သူငယ္ခ်င္း. အခုကစၿပီး အဆင္မေျပတာ႐ွိရင္ျဖစ္ျဖစ္ ဆုိးတူေကာင္းဖက္ တိုင္ပင္ၾကတာေပါ့"
"ေက်းဇူးပါ ကင္မ္. ကင္မ္က က်ေနာ့္ဘဝရဲ႕ ဒုတိယေျမာက္သူငယ္ခ်င္းပါပဲ''
"ဟင္? ဒုတိယေျမာက္?"
"အင္း. ပထမဆံုး သူငယ္ခ်င္းကို ေနာက္မွ ကင္မ္နဲ႔ မိတ္ဆက္ေပးမယ္. သူကလည္း ကင္မ့္လို သိပ္ကို ၾကင္နာတတ္ၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ အစ္ကိုလို လူတေယာက္မို႔ ကင္မ္နဲ႔ေတာင္ ျမန္ျမန္ရင္းႏွွီးေလာက္မွာ"
"ဟုတ္ပါၿပီဗ်ာ ဒါျဖင့္ရင္လည္း ေနာက္မ်ားမွ အဲ့ဒီ အစ္ကုိနဲ႔ တခါေလာက္ဆံုၾကတာေပါ့. ေနာက္ၿပီး ကိုက ေဂ်ာင္ဂုရဲ႕ ဒုတိယေျမာက္ သူငယ္ခ်င္းျဖစ္ခြင့္ရတာက ဂုဏ္ယူစရာပါပဲ"
"အမ္ ဘာလို႔"
"အေပါင္းအသင္းနည္းပံုေပၚတဲ့ သူတေယာက္ကစၿပီး သူငယ္ခ်င္းလုပ္ဖို႔ေျပာတာေလ. အဲ့ဒါ ကို႔ကို လူေကာင္းတေယာက္ဆိုၿပီး ယံုၾကည္လို႔ဆိုတဲ့ သေဘာေပါ့ ဘယ္ေလာက္ေတာင္ ဂုဏ္ယူစရာ ေကာင္းလိုက္သလဲ"
ေဂ်ာင္ဂုက ႏွစ္ႏွစ္ကာကာ ျပံဳးလိုက္ၿပီး က်ေနာ္ႏွင့္ မ်က္လံုးခ်င္းဆံုေစကာ
"ဒါေပါ့ ကင္မ္..ကင္မ္က လူေကာင္းတေယာက္ ဆိုတာထက္ေတာင္ ပိုမွာပါ"
က်ေနာ္ႏွင့္ဆံုေလေသာ မ်က္ဝန္းတို႔တြင္ အဓိပၸါယ္အခ်ိဴ႕႐ွိေနပံုေပၚေသာ္လည္း က်ေနာ္ကိုယ္တိုင္ပင္ အဓိပၸါယ္ မေဖာ္ႏိုင္ေသာ မ်က္ဝန္းမ်ားျဖစ္ေလေတာ့သည္
#Tbc
See you in next episode~
-해바라기
UNI
နိုးနိုးချင်းမှာပင် အာရုံထဲတိုးဝင်လာသော အန့ံသင်းသင်းလေးကြောင့် မျက်လုံးမဖွင့်ခင်ပင် ပြုံးလိုက်မိသည်
ကနေဒါမှာ ကျောင်းတက်တုန်းက မနက်တိုင်း အဆောင်အောက်က ပေါင်မုန့်ဆိုင်လေးမှ ရေနက် ရနံ့လေးနဲ့ပင်တူပါရဲ့
အလုပ်သွားရန် ပြင်ဆင်ရမည်ဖြစ်သော်လည်း ထိုအနံ့လေးနောက်ကို ကောက်ကောက်ပါအောင် လိုက်မိလေရာ မိမိ မီးဖိုခန်းမှ ဖြစ်နေလေသည်
မီးဖိုခန်းထဲ ဝေ့ကြည့်မိလေတော့ အပြုံးချိုချိုလေးဖြင့် မုန့်ဖုတ်စက်ထဲမှ ပေါင်မုန့်များကို ထုတ်ကြည့်ကာ ကျေနပ်နေလေဟန်ရှိသော ဂျောင်ဂုကိုတွေ့ရသည်
ကျနော် လုံးဝမရိပ်မိခဲ့တာလဲ မပြောနဲ့လေ တကယ့်ကို ကျနော့်အချစ်နဲ့ တပုံစံတည်းတူသော ကောင်လေးပါပဲ..
မျက်ဝန်းအကြည့်များက ဂျောင်လေးထက် အနည်းငယ်ပိုနူးည့ံသယောင်ရှိသော်လည်း အမြွှာရှိကြောင်းမသိသည့် သူအဖို့ အမှန်ပင် ဂျောင်လေးဟုသာ ထင်စေနိုင်လောက်သည်ထိကို တထေရာတည်း တူသော မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားလေသည်
"ဟင် ကင်မ်---အဲ ထယ်ဟျောင်းရှိ နိုးနေပြီလား? အစောကြီးပဲနော် ဒီနေ့"
ရုတ်တရက် ပြောင်းသွားသည့် အခေါ်အဝေါ်ကြီးကြောင့် စိတ်ထဲတစ်မျိုးပင် ဖြစ်သွားရတော့သည်
"အင်း. ပေါင်မုန့်အနံ့ကြောင့် နိုးသွားတာ. ဒါနဲ့ ဘယ်လိုကြီးခေါ်လိုက်တာလဲ အခု"
"အခု ကျနော့်ဘဝအမှန်ကိုလည်း သိနေပြီမို့ ဂျောင်လေးခေါ်နေကျ ကင်မ်လို့ သုံးနှုန်းလိုက်ရင် အနေရခက်မှာစိုးလို့ပါ"
"ဟာ မဟုတ်တာ ဒီတိုင်း အသားကျနေတဲ့ ကင်မ်လို့ပဲ ဆက်ခေါ်လဲရပါတယ်. ထယ်ဟျောင်းရှိဆိုတာကြီးက နားထောင်ရတာ တမျိုးကြီး"
"တကယ်ကြီးခေါ်လို့ ဖြစ်ရဲ့လား"
"ဖြစ်ပါတယ်. မဟုတ်တဲ့ အသုံးအနှုန်းတွေ သုံးနှုန်းနေတာလဲမဟုတ်. ဂျောင်လေးလဲ နားလည်ပေးမှာပါ နဂိုတည်းက စိတ်ထားပြည့်တဲ့သူမို့"
ရုတ်တရက် ဂျောင်ဂုမျက်နှာတွင် အဓိပ္ပါယ်မဖော်နိုင်သော မျက်နှာထားတခု ပေါ်လာသည်ကို တွေ့လိုက်ရသော်လည်း ထွေထွေထူးထူး မမေးမိတော့ပဲ စကားလမ်းကြောင်း ပြောင်းလိုက်မိသည်
"ဒါနဲ့ ဘာလုပ်နေတာလဲ ဂျောင်ဂု"
"အာ..ပေါင်မုန့်လုပ်နေတာလေ ကင်မ်. ကလေးတွေနဲ့ မတွေ့တာကြာတော့ မုန့်လုပ်ပြီး ယူသွားပေးမလို့"
လွန်ခဲ့သည့် တပတ်က သဘောတူညီချက်အတိုင်း အလုပ်ပြန်ဆင်းစေမည် ဖြစ်တာကြောင့် ဂျောင်ဂုကား မနက်အစောကြီးကတည်းက အလုပ်သွားရန် အလွန်တက်ကြွနေဟန်ပင်
တပည့်ကျော်လေးများအတွက် တကူးတက ပေါင်မုန့်တောင်ပြင်ဆင်ပေးနေသေးသည်တဲ့ အတော်လေးကို သံယောဇဉ်ရှိပုံပါပဲ
"ဂျောင်ဂုက ပေါင်မုန့်လုပ်တတ်တယ်ပေါ့?"
"နည်းနည်းပါ ဟီး"
"နည်းနည်း မဟုတ်ပါဘူး ဒီအခြေအနေဆို ဆိုင်ဖွင့်လို့တောင်ရတယ်. အနံ့ကော ပုံစံကောက အနေတော်ပဲ"
ကျနော့် ချီးကျူးစကားအဆုံးတွင် ခပ်ဖွဖွလေး ပြုံးလိုက်ပြီး အပူခံလက်အိတ်ဖြင့် ပေါင်မုန့်ဗန်းကို ကျနော့်နားသို့ အသာအယာတွန်းပေးကာ
"မြည်းကြည့်မလား ကင်မ်"
"အယ် ကို မြည်းလို့ ရရဲ့လား လောက်ပါ့မလား?"
"ရတာပေါ့. ကျနော် ကင်မ့်အတွက်ပါ ပိုလုပ်ပေးထားတယ်"
"အာ..အဲ့လိုတွေမလိုပါဘူး ဂျောင်ဂုရယ်"
"ကျေးဇူးတင်လို့ပါ ကင်မ် ကျနော့်အပေါ် သဘောထားကြီးပေးတဲ့အတွက်"
"ဟာ မဟုတ်တာ ကိုလုပ်ခဲ့တာ ကြီးကြီးကျယ်ကျယ် ကိစ္စမှမဟုတ်တာ. ဒီတိုင်း ၂ဦး၂ဖက် အဆင်ပြေအောင် စီစဉ်လိုက်တာပဲလေ"
"လောကကြီးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်တောင် ဖြည့်တွေးမပေးတတ်တဲ့သူတွေ အများကြီး ကင်မ်ရဲ့"
ဂျောင်ဂုက တိုးညှင်းစွာပြောလိုက်သော်လည်း အကင်းပါးသည့် နားက ကြားဖြစ်အောင်ကြားလိုက်သေးသည်
မိသားစုနှင့် ဆက်ဆံရေးသိပ်မကောင်းသည့် အပြင် အမြွှာဆိုသည်ကို လုံးဝဖုံးကွယ်ထားခဲ့ပုံအရ ဂျွန်မိသားစုအတွင်း ဂျောင်ဂုနှင့် ဂျောင်လေးကြား အများအပြား ခွဲခြားဆက်ဆံခံခဲ့ရလောက်မည်ဟု ခန့်မှန်းမိသည်ကြောင့် အမှန်ပင် ကရုဏာသက်မိ၍ သည်ကောင်လေးအပေါ် ကောင်းပေးရန် ဆုံးဖြတ်ထားခဲ့သည်ပင်
ချစ်ရသူပြန်လာခဲ့လျှင်တော့ ညီအစ်ကို၂ယောက်ကြား ပြေလည်အောင် ကြားဝင်ဖြေရှင်းသင့်တာ ရှိလျှင် ဖြေရှင်းရမည်ပေါ့လေ..
"ဟုတ်ပါပြီ ဒါဖြင့်ရင်လည်း ယောက်ဖလေးရဲ့ စေတနာကို ကြည်ကြည်ဖြူဖြူ လက်ခံပါ့မယ်ဗျာ"
"ဟားဟား ကင်မ်ကတော့"
ဂျောင်ဂုရော ကျနော်ပါ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ဂျောင်ဂုလက်ရာ ပေါင်မုန့်နွေးနွေးလေးကို မြည်းကြည့်လေတော့
အို ဘုရားသခင် တကယ့်ကို ဆိုင်တင်ခင်းကျင်းလို့ ရသောလက်ရာပါပဲ
သစ်ကြမ်းပိုးခေါက်နံ့ ခပ်သင်းသင်းဖြင့် ခရုခွေပေါင်မုန့်လေးပေါ်တွင် ထောပတ်အနည်းငယ် သုပ်လိမ်းထားသည်က ချိုဆိမ့်ဆိမ့်ဖြင့် အလွန် ခံတွင်းတွေ့စေသည်
"အရသာရှိလိုက်တာ"
"ဟင် တကယ်လား ကင်မ်?"
"အင်း. ဂျောင်ဂုက တော်လိုက်တာ. မညာတမ်းဝန်ခံရရင် ကနေဒါမှာကျောင်းတက်တုန်းက စားနေကျ အဆောင်အောက်က ပေါင်မုန့်ဆိုင်က အရသာကိုတောင် ပြေးသတိရမိတယ်"
"အဲ့လောက်တော့လဲ မဟုတ်လောက်ပါဘူး.. ဒါပေမယ့် ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ် ကင်မ်"
"ချီးကျူးတယ်ဆိုတာထက် တကယ်အရသာရှိလို့ပါ. ကို့ရုံးကိုလေ ၃ခုလောက်ပိုယူသွားလို့ ရတယ်မလား. ဖေဖေ့ကိုပါ ကျွေးချင်လို့"
"ရတာပေါ့ ကင်မ်ရယ်. ကျနော် သေချာလေး ထုတ်ပိုးပြီး ထည့်ပေးလိုက်ပါ့မယ်"
မျက်လုံးလေးများပါ အရောင်လက်သွားပုံအရ အလွန်ပင် ဝမ်းသာသွားသည့်ပုံပင်
"အင်း ကိုလဲ ဂျောင်ဂုဆီက အချက်အပြုတ်နည်းနည်းပါးပါး သင်ထားမှပဲ"
"အယ် ရုတ်တရက်ကြီး ဘာလို့လဲ"
"ဂျောင်ဂုက လက်ရာကောင်းလို့လေ. အခုက တယောက်ကိစ္စ တယောက်လုပ်ပေးစရာ မလိုတော့ဘူးဆိုတော့ ကိုလဲ နည်းနည်းပါးပါးတော့ လေ့လာရတော့မှာပေါ့ အမြဲခေါက်ဆွဲပြုတ်ပဲ စားလို့လဲမဖြစ်ဘူးလေ"
"အောင်မယ်လေး ကင်မ်ရယ်. ကင်မ်တယောက်စာတော့ ကျနော်ချက်ကျွေးနိုင်ပါတယ် အိမ်လခပေးတယ်လို့ သဘောထားလိုက်ပေါ့"
"ဒါပေမယ့်လဲ အားနာစရာကောင်းတယ်လေ"
"ကင်မ်နဲ့ ကျနော် အဲ့လိုပဲ အပြန်အလှန် အားနာနေကြတော့မှာလား. ကင်မ်က ကျနော့်ကို အများကြီးတောင် နားလည်ပေးထားတာကို ကျနော်က ဟင်းလေးချက်ကျွေးရတာ ဘာမှအပန်းမကြီးပါဘူး. ကျနော် စားဖို့လည်းလုပ်ရမှာပဲလေ ဘာမှထွေထွေထူးထူး လုပ်ရတာမှမဟုတ်တာ"
သည်လိုကျတော့လည်း ဂျောင်ဂုပြောတာက ဟုတ်သလိုလို
အမှန်တိုင်း ဝန်ခံရလျှင် အကောင်းကြိုက်တတ်လွန်းသည့် လ်ွာက ဟင်းချက်ကောင်းသည့် ဂျောင်ဂုလက်ရာကို စွဲနေပြီမို့ ကျနော်ကတော့ ရေကန်အသင့်ကြာအသင့်ဖြစ်သွားသည်ပေါ့
"အင်း ဒါဆိုရင်လည်း အဲ့လိုပဲ လုပ်ကြတာပေါ့. အာ နောက်ပြီး ခဏနေ ရုံးသွားရင် တခါတည်းလိုက်ခဲ့လိုက်နော် ကျောင်းကို ဝင်ပို့ပေးခဲ့မယ်"
"မဟုတ်တာ ကင်မ်ရယ်. ကျနော့်ဘာသာသွားပါ့မယ်"
"မဟုတ်ဘူးလေ အထုပ်တွေလဲ ပါမယ့်ဟာကို. နောက်ပြီး ဂျောင်ဂုဘာသာသွားရင်း လမ်းမှာ အိမ်ကလူတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"
ကျနော့်စကားအဆုံးမှာတော့ ဂျောင်ဂုလည်း အနည်းငယ်စဉ်းစားသွားဟန်ပင်
"ဟုတ်တယ်မလား ကိုပြောတာ? အတူတူသွားကြတာပေါ့"
"အင်း. အဲ့ဒါဆိုလည်း ကင်မ်ပြောသလိုပဲ လုပ်တာပေါ့. ရုံးသွားဖို့လုပ်တော့လေ ကျနော်လည်း ဒါတွေထုပ်ပိုးပြီးရင် ပြင်တော့မှာရယ်"
"အင်း အင်း အကူအညီ လိုသေးလား"
"ရပါတယ် မြန်မြန်လုပ်လိုက်ရင် ခဏနဲ့ပြီးမှာမို့ ကင်မ်သာ သွားဖို့ပြင်တော့"
.
.
.
.
.
လူသွားလူလာသိပ်မရှိပဲ ဘေးဘီဝဲယာတွင် ဆိတ်ဆိတ်ငြိမ်ငြိမ် လုံးချင်းအိမ်များသာရှိသော လမ်းဖြူးဖြူး အဆုံးထိ မောင်းလာပြီးနောက်
"အဲ့ရှေ့ဆို ရပ်လို့ရပြီ ကင်မ်"
သစ်ပင်ကြီးများဖြင့် စိမ်းစိုအုံ့ဆိုင်းနေသော ခြံဝန်းကျယ်ကျယ်တခုရှေ့တွင် ကားစက်သတ်လိုက်သည်
"ဒီနေရာက ဂျောင်ဂု အလုပ်လုပ်ခဲ့တဲ့ မူကြိုပေါ့"
"ဟုတ်တယ် ကင်မ်"
"နေရာကောင်းလေးပဲ ဆိတ်ဆိတ်ငြိမ်ငြိမ်လဲရှိတယ်"
"ဟုတ်ပါရဲ့ အဲ့ဒါကြောင့် ကျနော်က အလုပ်လာရတာကို အရမ်းသဘောကျခဲ့တာလေ. ကလေးတွေနဲ့ ဆက်ဆံရတာလဲ စိတ်ချမ်းသာဖို့ကောင်းလို့"
"ဒါပေါ့ ကလေးဆိုတာကတော့ ဖြူစင်ကြတော့ မြင်တာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းတော့တာပဲ"
"ဟုတ်ပါ့.ဒါနဲ့လေ. လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ကင်မ်"
"ရပါတယ် ပေး ပေး အဲ့အထုပ်တွေ ကူသယ်ပေးမယ်"
"အာ မသယ်ပါနဲ့ ကင်မ်. ကျနော် နိုင်ပါတယ်..ဒီထိ လိုက်ပို့တာတောင် အားနာစရာကောင်းနေပြီ. နောက်ပြီး ရုံးနောက်ကျနေမယ် သွားတော့လေ ကင်မ်"
"အင်း ဒီဟာလိုက်ပို့တာလောက်နဲ့တော့ ရုံးနောက်မကျပါဘူး"
ဂျောင်ဂုဘက်မှ မငြင်းဆန်နိုင်ခင် ခပ်မြန်မြန်ပဲ ကားနောက်ခန်းမှ အထုပ်များကို ယူလိုက်ကာ
"ဂျောင်ဂုက ကို့ကို ရှေ့ကနေ လမ်းပြချည်. လိုက်ပို့ပေးမယ်"
ဂျောင်ဂုကတော့ ခေါင်းယမ်းလိုက်ကာ ကျောင်းဝန်းတွင်းသို့သာ လမ်းပြလေတော့သည်
"ကူကူး ပြန်လာပြီ ကူကူး!"
စာသင်ခန်းထဲ ခြေချရုံပင်ရှိသေး ဂျောင်ဂုကို အသည်းအသန်ပြေးဖက်ကြသော ကလေးပေါက်စနများကြောင့် ကျနော်ပင် မျက်လုံးပြူးရသည်
"အိုက်ဂူး ကူကူးရဲ့ ကလေးလေးတွေက ကူကူးကို လွမ်းနေကြတာလား"
ဒါက သူ့တပည့်ဆိုတာလေးတွေပေါ့ အောင်မယ်လေး ချစ်စရာကောင်းလိုက်တာနော်
ကလေးဆိုသည်ကတော့ ဘယ်အချိန်ကြည့်ကြည့်ကို ဖြူစင်နေတော့တာပါလား
"ဒီထိ တကူးတကလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ကင်မ်. ရုံးနောက်ကျနေတော့မှာပဲ"
"ရပါတယ်. လိုသေးတယ်ရယ်. ကျောင်းက ဘယ်ချိန်ဆင်းမှာလဲ လာခေါ်ပေးမယ်"
"အလုပ်ရှုပ်တာပေါ့ ကင်မ်. ကျနော့်ဘာသာပြန်ပါ့မယ်"
"ပြောပြန်ပြီ. အဲ့လိုနဲ့ အိမ်ကလူတွေနဲ့တွေ့ရင်"
"အာ ဟုတ်သားပဲနော်... အဲ့ဒါဆိုလည်း ကင်မ့်ကားနဲ့ပြန်တာ ပိုကောင်းမယ်ထင်ပါတယ်"
"အင်း ကိုလာခေါ်ပေးမယ် အချိန်သာ ပြောချည်"
"၂ခွဲဆို ဆင်းပြီ ကင်မ်"
"အိုခေ. ဒါဖြင့်ရင် နေ့လည်တွေ့ကြမယ်"
"အင်း ကင်မ်လဲ သတိထားသြားဦး"
ဂျောင်ဂုကို နှူတ်ဆက်ကာ ရုံးသွားရန် ထွက်လာလိုက်သော်လည်း အခန်းအပြင်သို့ အရောက်တွင် ဘာကြောင့်ရယ် မသိ မသိမသာလေး ခိုးကြည့်လိုက်မိသေးသည်
.
.
.
.
.
ရုံးမှ အနည်းငယ်စောထွက်ခဲ့သည်ကြောင့် မူကြိုကျောင်းသို့ ရောက်လေတော့ ကလေးငယ်များက ကျောင်းရှေ့ မြေကွက်လပ်တွင် ကစားနေဆဲပင်
ထို ကလေးအုပ်ကြားတွင်တော့ အပြုံးပန်းဝေလျက် ရယ်မောနေသော ဂျောင်ဂုကိုပါ တွေ့ရလေသည်
ဖြူစင်သည့် ကလေးများကြားတွင် အတူတူ ဆော့ကစားပေးနေသော ဂျောင်ဂုအပြုံးများကလည်း အလွန်ပင် အပြစ်ကင်း၍နေလေသည်
"ဟင် ကင်မ် သတိထား!"
အငေးကောင်း၍ ရှောင်ချိန်မရလိုက်ခင်မှာပင် မျက်နှာတည့်တည့်သို့ ထိမှန်လာလေသော ဘောလုံး
ရုတ်တရက် မျက်လုံးများပြာဝေသွားသလို ခံစားလိုက်ပြီး ထွေပြားနေသည့် အသံတို့ကြား ပထမဆုံး အာရုံထဲ ဝင်လာသည်က ဂျောင်ဂုအသံဖြစ်သည်
"အောင်မယ်လေး ကင်မ်. ဘယ်လိုလုပ်မလဲ. တော်တော်နာသွားတော့မှာပဲ"
"ရတယ် ရတယ် ဂျောင်ဂု. ကို ဘာမှမဖြစ်ပါဘူး"
ဘာမှမဖြစ်ဘူးဟုသာ ပြောလိုက်သော်လည်း အတော်လေး အီသွားသည်တော့ အမှန်ပင်
"ဘာကို ဘာမှမဖြစ်တာလဲ ကင်မ်. အဲ့မယ် သွေးထွက်နေပြီ"
"ဟင်?"
ဂျောင်ဂုပြောစကားကြောင့် ကိုယ့်နှာခေါင်းကိုယ်ပြန်ကြည့်မှ သွေးထွက်နေသည်ကို သတိထားမိတော့သည်
မူကြိုအရွယ်ကလေးက အဲ့လောက်တောင် ကန်ချက်ပြင်းရတယ်တဲ့လား ဘောလုံးသမား အလောင်းအလျာလေး ထင်ပါရဲ့
"ဟုတ်သားပဲ သွေးထွက်သွားတာပဲ"
"ဖြစ်ရလေ ကင်မ်ရယ်. ကျနော် ရေခဲကပ်ပေးမယ် လာ"
ဂျောင်ဂုက ပြောလည်းပြော ကျနော့်လက်ကိုလည်း ဆွဲကာ ကျောင်းဝန်းအတွင်းရှိ ခုံတန်းရှည်တခုတွင် ထိုင်စေပြီး wet tissue ဖြင့် အရင်သန့်စင်ပေးလေသည်
နှာခေါင်းမှ သွေးများကို အာရုံစိုက်ကာ သန့်စင်ပေးနေသည်ကြောင့် ကျနော့်မျက််နှာနှင့်အလွန် နီးကပ်နေပြီး တချိန်တည်းမှာပင် နှုတ်ခမ်းအောက်မှ မှည့်နက်လေးအား အာရုံရောက်မိလေသည်
ဒီလောက် ထင်းထင်းလေး တည်ရှိနေတာတောင် ကျနော် ဘာလို့များ သတိမထားခဲ့မိပါလိမ့်
နှုတ်ခမ်းဖောင်းဖောင်းလေးနှင့် ကွယ်နေ၍ မမြင်ခဲ့ရခြင်းပင်ပဲလား
"ပထမဆုံးရက်မှာတင် ဒီလိုတွေဖြစ်တာ အားနာလိုက်တာ ကင်မ်ရယ်"
"မဟုတ်တာ. ဒါက ကို့အမှားပါ. အာရုံတွေများပြီး ဘောလုံးကို မမြင်လိုက်တာ"
"အင်း. ဒါပေမယ့်လဲ တအားနာသြားမွာပဲ.. ကျနော် ရေခဲကပ်ပေးဖို့ သွားယူလိုက်ဦးမယ်. ကင်မ် ဒီမှာ ခဏလေးစောင့်နော်"
"အင်း အင်း"
ဂျောင်ဂုထွက်သွားပြီး မကြာမီပင် လေးနှစ်ကျော် ငါးနှစ်ဝန်းကျင်အရွယ်ရှိ ကလေးတဦးရောက်လာပြီး
"ဦးဦး"
လာပြန်ပြီ ဦးဦး
ကလေးတွေနဲ့တွေ့တိုင်း ဦးဦးပဲ ခေါ်ခံနေရတော့မှာလား ကျနော်က
"အင်း ပြော ညီလေး"
"အခုနကလေ ဦးဦးမျက်နှာကို ဘောလုံးမှန်အောင်လုပ်မိတာ သားပါ"
အခေါ်အဝေါ်ပြောင်းအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ညီလေးဟုခေါ်ချလိုက်သော်လည်း ထူးခြားမှုမရှိသည်ကြောင့် သက်ပြင်းသာချလိုက်မိတော့ ထိုကလေးငယ်က မည်သို့မည်ပုံထင်သွားသည်မသိ ချက်ချင်းပင် မိုးပြိုတော့မည့် မျက်နှာထားဖြင့် အနီးသို့ ပိုတိုးလာကာ
"စိတ်မဆိုးပါနဲ့နော် ဦးဦး သားက တမင်လုပ်တာ မဟုတ်ပါဘူး"
"အင်းပါ မဆိုးပါဘူး"
"ဦးဦး စိတ်ဆိုးနေပါတယ် မျက်နှာကြီးက ဆူပုပ်နေတာကို"
"နာလို့ပါကွာ"
"ဟုတ်လား သား တို့ကြည့်မယ် မှန်း"
တို့ကြည့်မယ်ဆိုသူက ဘောလုံးမှန်ထားသည့် နှာခေါင်းတည့်တည့်ကို အားနဲ့ဖိချလိုက်သည်ပင်
"အ့!"
"အယ် သား တောင်းပန်ပါတယ်နော်. တော်တော် နာသွားလားဟင် ဦးဦး"
ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ့လားလို့ မေးနေသလိုပါပဲ
"နာတာပေါ့ကွ. အဲ့နေရာထိထားတာကို"
"ဒါဖြင့်ရင် ဘူးဘူးမှုတ်မှဖြစ်မှာပဲ"
"ဘာကြီးလဲ ဘူးဘူး"
"နာနာဖြစ်ရင် မြန်မြန်ပျောက်အောင် လုပ်ပေးတာလေ သားတို့ နာနာဖြစ်ရင် ကူကူးကလုပ်ပေးနေကျ"
သူ့ဆရာကိုကျ ကူကူးတဲ့ ကျနော့်ကျ ဦးဦးတဲ့ တတ်လဲ တတ်နိုင်တဲ့ကလေးပါပဲ
သူပြောတဲ့ ဘူးဘူးကလည်း ဘာမှန်းတော့ မသိပေမယ့် အလိုက်သင့်သာ ခေါင်းငြှိမ့်ပေးနေရတော့သည်
"ဟော ဟိုမှာ ကူကူးပြန်လာပြီ! ဦးဦး စိတ်မပူနဲတော့နော်. နာနာသက်သာအောင် ကူကူးက ဘူးဘူးမှုတ်ပေးလိမ့်မယ်"
"ဟာ ဒီကလေး"
"ကူကူးရေ သားသားကြောင့် ဒီဦးဦး နာနာထပ်ဖြစ်သွားလို့ ဘူးဘူးမှုတ်ပေးပါဦး"
"အင်??"
ရေခဲကြပ်ထုပ်သွားယူပြီး ပြန်လာသည့် ဂျောင်ဂုက ကြောင်အန်းအန်းဖြင့် ပြန်ကြည့်နေလေသည်
"သား တောင်းလဲ တောင်းပန်ပြီးပါပြီ. ဒါမဲ့ ဒီဦးဦး နှာခေါင်းက အရမ်းနာနေလို့တဲ့ ကူကူးရယ်. သားသားတို့ကို လုပ်ပေးသလို ဘူးဘူးမှုတ်ပေးလိုက်ပါနော်"
"အဲ့..မတူဘူးလေ သားရဲ့.သားတို့က ကလေး ဒီဦးဦးက လူကြီးဟာကို"
"ကူကူးပြောတော့ နာနာဖြစ်တဲ့အခါ ဘူးဘူးမှုတ်ရင် သက်သာတယ်ဆို.. လုပ်ပါ ကူကူးရယ် သားကြောင့်ဖြစ်တာဆိုတော့လေ ဒီတိုင်းကြည့်နေရတာ ဝမ်းနည်းလို့ပါ. နာနာသက်သာအောင်လုပ်ပေးလိုက်ပါနော်"
"ဒီမယ် ကလေး. ဦးဦးက ဘာမှမဖြစ်--"
"ခုနကတင် နာလို့ ရှုံ့မဲ့နေတာကို မညာပါနဲ့ ဦးဦးရယ်. ညာတာမကောင်းဘူးတဲ့ သားမာမားကပြောတယ်"
ဘုရားရေ သူကတောင် ကျနော့် ပြန်ဆုံးမလိုက်သေးတာ
"ကူကူးရေ လုပ်ပါ~~ ကူကူး ဘူးဘူးလုပ်မပေးရင် သား မပြန်တော့ဘူးနော်"
အောင်မယ်လေး ခြိမ်းပါခြိမ်းခြောက်နေသေးတာပဲ ဆရာ့ထက် တပည့်ကျော်က လက်စွမ်းတွေထက်
ဂျောင်ဂုကို ကြည့်မိတော့ အကြံအိုက်နေလေဟန်ပေါ်သည်
"ကူကူး~~~"
"အေးကွယ်. လုပ်ပေးမယ်ကွယ်. ပြီးရင်တော့ ပြန်တော့နော်"
"ဟုတ်~~"
ကလေးငယ်နှင့် စကားပြောအပြီးတွင် ဂျောင်ဂုက ကျနော့်ဘေးသို့ လာထိုင်လေကာ
"အနေရခက်သွားမယ်ဆို ကြိုပြီး တောင်းပန်ပါတယ် ကင်မ်ရေ"
"အင် ဘာလို့--"
စကားမဆုံးခင်ပင် ဒဏ်ရာဖြစ်ထားသော နှာခေါင်းပေါ် နွေးခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်
ဘူးဘူးမှုတ်တယ်ဆိုတာ ဒါကိုး အတွေ့အကြုံ အသစ်အဆန်းပါပဲ
အနားတိုး၍ လေဖြင့်ဖွဖွလေးမှုတ်ပေးသည် ဖြစ်တာကြောင့် ရွှန်းစိုနေသော နှုတ်ခမ်းဖောင်းဖောင်းလေးနှင့် ကျနော့် နှာခေါင်း ရုတ်တရက် အမှတ်တမဲ့ ပွတ်တိုက်မိချိန်တွင် မျက်နှာတခုလုံးနွေးခနဲ
ဂျောင်ဂုကလည်း အနည်းငယ်ရှက်သွားသည့်ဟန်ပင် ခေါင်းငုံ့ချကာ ပါးမို့လေးနှစ်ဖက်က ရဲတက်လာသည်ကို သတိထားမိလေသည်
ဂျောင်ဂုမှန်း မသိခဲ့ခင်က ယခုထက်ပင်ပို၍ နီးနီးကပ်ကပ်နေခဲ့ဖူးသော်လည်း ခံစားချက်ချင်းမတူဘဲ မျက်နှာပူနေရတော့သည်
"ဘူးဘူးလေး ခဏမှုတ်တာကို ကူကူး မျက်နှာက ဘာလို့ နီနေတာလဲဟင်"
ဟာ ဒီကလေး ပေါက်ပေါက်ရှာရှာတွေ မေးပြန်ပြီ
"ပူလို့ပါ သားရယ်. ဟိုမွာ သားမာမား လာခေါ်ပြီ. ပြန်လိုက်တော့နော်. ဒီဦးဦးလဲ သက်သာသွားပြီတဲ့"
"ဟီး ဟုတ်ကဲ့. အဲ့ဒါဆို သားသားပြန်လိုက်ပါဦးမယ် ကူကူးနဲ့ ရုပ်ချောချော ဦးဦး. နောက်နေ့လည်း လာလည်ပါဦးနော် ဦးဦး"
အမယ် ဒီလိုကျ ဘယ်ဆိုးလို့. အတတ်ကလေးပင်ပဲ
"အင်း အင်း လာလည်မယ် စိတ်ချ"
ကျနော်တို့ နှစ်ယောက်အား ထိုကလေးက လက်ပြနှုတ်ဆက်ကာ ထွက်သွားပြီးနောက် ဂျောင်ဂုက ကျနော့်အား ရေခဲကြပ်ထုတ်ကပ်ပေးလေသည်
"ကလေးဆိုတော့ ကလေးသဘာဝ အဖော်မင်ကြတာပါ . စိတ်ထဲ မထားပါနဲ့ ကင်မ်. ကင်မ်မအားရင် မလာလဲ ဖြစ်တယ်ရယ်"
"မဟုတ်တာ. ပေးထားတဲ့ ကတိကို တည်ရမှာပေါ့. နောက်ပြီး ဒီကို လာရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်. ကလေးတွေက တအားဖြူစင်ကြတော့ စိတ်ထဲပေါ့ပါးနေရော"
"အဲ့ဒါကတော့ ဟုတ််တယ် ကင်မ်ရယ် သူတို့လေးတွေ ကြည့်ပြီး ကိုယ်တွေပါစိတ်ချမ်းသာရတယ်. တကယ့်ကို အဖြူစင်ဆုံးလေးတွေပါပဲ"
"တချို့ကျ ခြေသံလက်သံလဲပြောင်တာပေါ့"
ဂျောင်ဂု ကျနော့်စကားအဆုံး ရယ်မောလိုက်ပြီး
"ကင်မ်ကတော့ ပထမ တရက်နဲ့တင် မဲပေါက်သွားတာပေါ့ ခိခိ"
"ဟုတ်ပါ့ဗျား မူကြိုကလေးမို့သာပဲ ခြေစွမ်းက ထက်ချက်ဆိုတာ. ကြီးလာရင် ဘောလုံးသမားဖြစ်မယ့်ကောင်လေး အဲ့ကေလးက"
"ဟားဟား ဟုတ်လောက်မယ် ကင်မ်ရေ"
ဂျောင်ဂုရော ကျနော်ပါ ဟက်ဟက်ပက်ပက် ရယ်လိုက်ကြပြီး အတန်ကြာ
"ဒါနဲ့လေ ကင်မ်"
"အင်း ဘာလို့လဲ ဂျောင်ဂု"
"ကျနော်တို့ သူငယ်ချင်းလုပ်ကြမလား"
"ဟင်?"
"ကင်မ်က ကျနော့်ခဲအိုဆိုပေမယ့် ကျနော့်ကို အကူအညီပေးထားတဲ့ မိတ်ဆွေကောင်းတယောက်လို လူဆိုရင်လည်း ဟုတ်တာကြောင့် ဒီ့ထက်ပိုပြီး အနေရမခက်ရအောင် သူငယ်ချင်းလုပ်ကြမလားလို့ပါ"
"တအိမ်တည်းတောင် အတူတူနေနေတာကို ဒီလိုမေးစရာက လိုလေးလို့လား ဂျောင်ဂုရဲ့ အခုထိ ကို့ကို အနေရခက်သေးလို့လား"
"အဲ့လိုရယ်တော့ မဟုတ်ပေမယ့် ဒီအတိုင်း သတ်သတ်မှတ်မှတ်လေးဖြစ်ချင်လို့ပါ. ကင်မ်အဆင်မပြေတော့လည်း ဒီတိုင်း ဘဝတကွေ့မှာဆုံကြတဲ့ မိတ်ဆွေတဖြစ်လဲ ခမည်းခမက်ပေါ့"
"မဟုတ်တာ.. ဘာမပြေစရာရှိလို့လဲ. တအိမ်တည်းလဲ တူတူနေနေပြီး ရှေ့လျှောက်လဲ အကြာကြီး ဆက်ပြီးတွေ့နေရဥိးမှာကို. ကိုတို့၂ယောက်တည့်နေရင် ဂျောင်လေးကတောင် ပိုပြီးစိတ်ချမ်းသာဦးမယ်. ဖြစ်ပေးမယ် ဂျောင်ဂုရဲ့ သူငယ်ချင်း. အခုကစပြီး အဆင်မပြေတာရှိရင်ဖြစ်ဖြစ် ဆိုးတူကောင်းဖက် တိုင်ပင်ကြတာပေါ့"
"ကျေးဇူးပါ ကင်မ်. ကင်မ်က ကျနော့်ဘဝရဲ့ ဒုတိယမြောက်သူငယ်ချင်းပါပဲ''
"ဟင်? ဒုတိယမြောက်?"
"အင်း. ပထမဆုံး သူငယ်ချင်းကို နောက်မှ ကင်မ်နဲ့ မိတ်ဆက်ပေးမယ်. သူကလည်း ကင်မ့်လို သိပ္ကို ကြင်နာတတ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အစ်ကိုလို လူတယောက်မို့ ကင်မ်နဲ့တောင် မြန်မြန်ရင်းနှီးလောက်မှာ"
"ဟုတ်ပါပြီဗျာ ဒါဖြင့်ရင်လည်း နောက်များမှ အဲ့ဒီ အစ်ကိုနဲ့ တခါလောက်ဆုံကြတာပေါ့. နောက်ပြီး ကိုက ဂျောင်ဂုရဲ့ ဒုတိယမြောက် သူငယ်ချင်းဖြစ်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ"
"အမ် ဘာလို့"
"အပေါင်းအသင်းနည်းပုံပေါ်တဲ့ သူတယောက်ကစပြီး သူငယ်ချင်းလုပ်ဖို့ပြောတာလေ. အဲ့ဒါ ကို့ကို လူကောင်းတယောက်ဆိုပြီး ယုံကြည်လို့ဆိုတဲ့ သဘောပေါ့ ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ"
ဂျောင်ဂုက နှစ်နှစ်ကာကာ ပြုံးလိုက်ပြီး ကျနော်နှင့် မျက်လုံးချင်းဆုံစေကာ
"ဒါပေါ့ ကင်မ်..ကင်မ်က လူကောင်းတယောက် ဆိုတာထက်တောင် ပိုမှာပါ"
ကျနော်နှင့်ဆုံလေသော မျက်ဝန်းတို့တွင် အဓိပ္ပါယ်အချိူ့ရှိနေပုံပေါ်သော်လည်း ကျနော်ကိုယ်တိုင်ပင် အဓိပ္ပါယ် မဖော်နိုင်သော မျက်ဝန်းများဖြစ်လေတော့သည်
#Tbc
See you in next episode~
- 해바라기