အပိုင်း ၂ ကူးလေးအား ကာကွယ်ပေးမည့် သူ

ZG

မမ်ွတစြာ ဆက္ဆံခံရမႈတို႔ျဖင့္ ေဂ်ာင္ေလးႏွင့္ ကူးေလးတို႔ ညီအကုိႏွစ္ေယာက္လဲ အထက္တန္းအရြယ္သို႔ ေရာက္လာၾကေလသည္

မ်ိဳး႐ိုးသန္႔သန္႔ထဲကျဖစ္၍ အမ်ားလည္ျပန္ ​ေငးၾကည့္ေလာက္ေသာ မ်က္ႏွာေခ်ာေခ်ာတို႔ကို တေထရာတည္း ပိုင္ဆိုင္ထားၾကေလသည္

႐ုပ္ရည္က တေထရာတည္းတူေသာ္လည္း မာနႏွင့္ အႏိုင္ယူျခင္းတို႔ ျပည့္ႏွက္ေနေသာ မ်က္ဝန္းပိုင္႐ွင္ ေဂ်ာင္ေလးႏွင့္ ႏူးည့ံကာ ျဖဴစင္ေသာ မ်က္ဝန္းပိုင္႐ွင္ ကူးေလးဟူ၍ေတာ့ အလြယ္တကူ ခဲြျခားလို႔ရေနျပန္သည္

ေဂ်ာင္ေလးဟာလည္း အခုအရြယ္ထိ ကူးေလးအား အႏိုင္က်င့္လို့ေကာင္းဆဲပင္

အခုလည္း သူ႔ဟာသူ အေပ်ာ္အပါးမက္ၿပီး ေက်ာင္းပ်က္တာကို ကူးေလးအား စာေတြကူးခိုင္းျပန္ၿပီ

"ငါ မနက္ျဖန္ Presentation႐ွိလို႔ စာၾကည့္ရမွာ ေဂ်ာင္ေလး. ဒီတခါေတာ့ လုပ္မေပးႏိုင္ေလာက္ဘူး"

"ဟ မင္းက အလာႀကီးပါလား. ဒါေလး ကူးေပးရတာ ဘယ္ေလာက္ၾကာမွာမို႔လဲ ေနာက္ၿပီး မင္း Presentationကေကာ ဘယ္ေလာက္မ်ားႀကီးက်ယ္ ျမင့္ျမတ္ေနလို႔လဲ"

"ငါ့အတြက္ေတာ့ အေရးႀကီးတယ္..ေနာက္ျပီး အထက္တန္းေရာက္ျပီမို႔ စာေသခ်ာလုပ္ရမွာ"

"က်စ္ အ႐ူးလိုပဲ. စာေသခ်ာလုပ္ေတာ့ေကာ ဘာမ်ားထူးျခားသြားလို႔လဲ? စာမလုပ္တဲ့ငါ့ေလာက္ေတာင္ ေနရာေပးမခံရပဲနဲ႔မ်ား"

"ေဂ်ာင္အု!"

"အဟက္ ငါက ဒီတိုင္းေျပာတာပါ အ႐ိႈက္ထိသြားတယ္ထင္တယ္"

"ငါရန္မျဖစ္ခ်င္ဘူး ေဂ်ာင္ေလး မင္းလဲအားေနတာပဲ ကူးစရာ႐ွိတဲ့စာ ကိုယ့္ဟာကို ကူးလိုက္ပါ"

"မအားပါဘူး ခဏေနရင္ ခ်ိန္းထားတယ္ ႐ွိတယ္ ငါ"

"ဟင္ ဒီအခ်ိန္ႀကီးေတာင္ ဘယ္သြားမလို႔လဲ မင္းက"

"အဲ့ဒါေတြထိ လိုက္အစီရင္ခံေနရမွာလား? "

"ငါက စိတ္ပူလို႔ ေဂ်ာင္ေလး. ေနာက္လဲက်ေနလို႔"

"အပိုေတြက ေျပာေနေသးတယ္. စာသာကူးေပးထားစမ္းပါ ငါ့ကို"

ကူးေလးလဲ စကားနည္းရန္စဲျဖစ္ေအာင္ ဘာမွ ျပန္မေျပာေတာ့ေပ

.

.

.

.

.

.

"ဂြၽန္ေဂ်ာင္ဂု!"

အို သူလာပါၿပီ ဘာျပႆနာ႐ွာဦးမွာလဲ မသိ

"ဒါက ေက်ာင္းေနာ္ ေဂ်ာင္​ေလး. မင္းအသံကို သတိထားသင့္တယ္"

"မထားႏိုင္ပါဘူး. ငါခိုင္းထားတာ ဘာလို႔ မလုပ္ေပးထားတာလဲ! မင္းကို စာေသခ်ာကူးေပးဖို႔ေျပာထားတယ္ေလ"

"ငါကူးေပးထားတယ္ေလ ဘယ္လိုမႇ အခ်ိန္မရေတာ့လို႔ တဘာသာပဲ ခ်န္ခဲ့တာ"

"ေစာက္႐ူးရ အခ်ိန္ဇယားေသခ်ာမၾကည့္ဘူးလား ဒီေန႔အခ်ိန္မပါဘူးဟ. ဒီေန႔အခ်ိန္အတြက္ဟာကို မင္းမကူးထားဘူး"

ကူးေလးကေတာ့ ပ်ားအုံကို တုတ္နဲ႔ ထိုးမိၿပီပင္

"အာ ငါ မသိလိုက္လို႔ရယ္ ေဂ်ာင္ေလး. Sorryပါ"

"Sorryေျပာရံုနဲ႔ အရာရာၿပီးသြားမလား. အခုမင္းေၾကာင့္ ငါအဆူခံခဲ့ရတာ သိရဲ႕လား"

"တကယ္ မရည္ရြယ္ပါဘူး ငါလဲ"

"အ႐ူးေကာင္"

ေဂ်ာင္ေလးက ေျပာေျပာဆိုဆိုျဖင့္ ကူးေလး ေကာ္လံစကို ဆဲြၿပီး ထိုးမည္ အလုပ္

ေလထဲမွာပင္ ရပ္တန္႔သြားေသာ ထိုလက္

ရပ္တန္႔ခံလိုက္ရသည္ဆို ပိုမွန္မွာေပါ့

"ဒါကေက်ာင္းေနာ္ မင္းနားမလည္ဘူးလား"

"အဟက္ ေရာက္လာၿပီပဲ. ဂြၽန္ေဂ်ာင္ဂုရဲ႕ ကယ္တင္႐ွင္ႀကီး"

"ေစာေစာစီးစီး ေအာ္ႀကီးဟစ္က်ယ္နဲ႔ ဘာလို႔ ျပႆနာေတြ႐ွာေနတာလဲ ဂြၽန္ေဂ်ာင္အု. ဒါစာသင္ေက်ာင္းေလ ဇရပ္မဟုတ္ဘူး"

"ခင္ဗ်ားကေရာ မဆိုင္ပဲ ဘာလို႔ ဝင္ပါေနတာလဲ? စီနီယာက စီနီယာလို ေနေလ. သူမ်ား အတန္းကိစၥမွာ ဝင္မပါပါနဲ႔"

"အတန္းကိစၥ မဟုတ္ဘဲ အသားလြတ္ အႏိုင္က်င့္ေနတာေလ မင္းက. ေနာက္ၿပီး ကူးေလးက ငါ့သူငယ္ခ်င္းမလို႔ ငါနဲ႔ဆိုင္တဲ့ ကိစၥပဲ"

"အဟက္ သူငယ္ခ်င္းဆိုပဲ"

"ေတာ္ေတာ့. လာ ကူးေလး အကုိ႔ဆီ"

အားကိုးရေသာ စီနီယာ အနားေရာက္လာသည္ေၾကာင့္ ကူးေလးလဲ ေဂ်ာင္အုဆီမွ ႐ုန္းထြက္ကာ ခ်က္ခ်င္းပင္ စီနီယာ့ေနာက္ကို သြားလိုက္သည္

"အ႐ႈံးသမားရဲ႕ သူငယ္ခ်င္း ခင္ဗ်ားလဲ အ႐ႈံးသမားပဲ. စိတ္႐ႈပ္စရာေကာင္းလိုက္တာ.ဂြၽန္ေဂ်ာင္ဂု. မင္းလဲ သတိထားေန"

မိမိအား တည့္တည့္ၾကည့္ကာ လက္ညိဳးေငါက္ေငါက္ထိုးၿပီးေျပာသြားေသာ အစ္ကုိျဖစ္သူေၾကာင့္ စီနီယာ့ အက်ႌစကိုသာ မသိမသာလွမ္းဆဲြလိုက္မိသည္

ေဂ်ာင္ေလးႏွင့္ သူ႔သူငယ္ခ်င္းမ်ား ထြက္သြားေတာ့မွ စီနီယာက မိမိဘက္လွည့္ကာ

"ကူးေလး အဆင္ေျပရဲ႕လား"

"ဟုတ္ကဲ့ အဆင္ေျပပါတယ္ စီနီယာ. က်ေနာ့္ကို ကူညီေပးလို႔ ေက်းဇူးပါ"

"ေျပာေနရမယ့္ လူေတြလား ကူးေလးရယ္. အကိုက မင္းကို အျမဲ ကာကြယ္ေပးသြားမွာပါဆို"

စီနီယာ့ စကားေနာက္မွာေတာ့ ကူးေလးတေယာက္ ႏွစ္ႏွစ္ကာကာျပံဳးလိုက္မိပါသည္

တစံုတေယာက္က ကိုယ့္ဘက္မွာ ႐ွိေနတယ္ဆိုတဲ့ ခံစားခ်က္ဟာ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္သလဲေလ

"ဘာစားၿပီးသြားၿပီလဲ ကူးေလး"

"မစားရေသးဘူး စီနီယာ က်ေနာ္ Presentationအတြက္ ျပင္ေနလို႔ရယ္"

"အင္း စာဂ်ပိုးေလးကေတာ့ ထင္တဲ့အတိုင္းပါပဲလား. မင္းအေၾကာင္းသိလို႔ အကို ထမင္းလိပ္ဝယ္လာခဲ့တယ္ အတန္းထဲမွာ ျဖစ္ျဖစ္ စားလိုက္ေနာ္"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ စီနီယာ"

စီနီယာဆိုသူက ခုနက ေဂ်ာင္ေလးကို ဆက္ဆံပံုျဖင့္ ျခားနားစြာ မိမိအား အခ်ိဳသာဆံုး ျပံဳးျပရင္း

"ကူးေလးက အကို႔ကို ေက်းဇူးပဲတင္ေနေတာ့မွာလား. ဒီလိုစကားေတြ ေျပာစရာမလိုဘူးဆို"

"ဟီး က်ေနာ္ အက်င့္ပါေနလို႔ပါ"

စီနီယာက ကူးေလးဆံပင္ကို အသာေလး ဖြလိုက္ကာ

"မင္းကေလ သိပ္ခ်စ္ဖို႔ေကာင္းတာပဲ.အကို့ညီေလးသာဆို သိပ္ေကာင္းမွာ. ဒါေလးစားျဖစ္ေအာင္ စားလိုက္ေနာ္. ဗိုက္ေဟာင္းေလာင္းနဲ႔ အတန္းမတက္နဲ႔ ၾကားလား"

"ဟုတ္ကဲ့"

"အဲ့ဒါဆို အကိုသြားေတာ့မယ္ေနာ္ အတန္း႐ွိလို႔"

"ဟုတ္ကဲ့ စီနီယာ. ဂ႐ုစိုက္ပါ"

"အင္း ကူးေလးေကာပဲ"

စီနီယာက က်ေနာ္တို႔ထက္ ၂တန္းပိုႀကီးၿပီး အခု အထက္တန္းေနာက္ဆံုးႏွစ္ တက္ေနတာျဖစ္သည္

က်ေနာ့္ကို ကာကြယ္ေပးတဲ့ ေက်းဇူးတင္စရာေကာင္းေသာ သူငယ္ခ်င္းဆိုရင္လဲ ဟုတ္တာေပါ့

အလယ္တန္း ဒုတိယႏွစ္မွာ ေဘာလံုးကြင္းထဲ အုပ္စုဖဲြ႔ႁပီး အႏိုင္က်င့္တဲ့ ေဂ်ာင္ေလးနဲ႔ သူ႔သူငယ္ခ်င္း အုပ္စုဆီကေန က်ေနာ့္ကို ကာကြယ္ေပးခဲ့ရာက စၿပီး စီနီယာနဲ႔ ရင္းႏွီးခဲ့ရာမွ အခုခ်ိန္ထိ က်ေနာ့္ရဲ့ တဦးတည္းေသာ အခင္ဆံုးသူငယ္ခ်င္း အျဖစ္႐ွိေနေပးတာျဖစ္သည္

စီနီယာက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သေဘာေကာင္းေပမယ့္ မတရားတာဆို လက္ပိုက္ၾကည့္မ​ေနတတ္တဲ့ လူေျဖာင့္လူမွန္မို႔ က်ေနာ့္ကို မထင္ရင္မထင္သလို အႏိုင္က်င့္တတ္ေသာ ေဂ်ာင္ေလးနဲ႔ေတာ့ ထိပ္တိုက္ ေတြ႔တိုင္း တဂ်ိမ္းဂ်ိမ္းပင္

ဒါေပမယ့္လဲ စီနီယာ့ေၾကာင့္ပဲ ငယ္ငယ္ကထက္ ေက်ာင္းကို အေႏွာင့္အယွက္ကင္းစြာ တက္ႏိုင္ခဲ့သည္ ထင္ပါရဲ႕

ဘာပဲျဖစ္ျဖစ္ က်ေနာ့္ဘက္ကလူဆိုတာမ်ိဳး ႐ွိလာလို႔ ေတာ္ေသးတယ္လို႔ပဲဆိုရမွာေပါ့ေလ.

#Tbc

A/N: စီနီယာက ဘယ္သူလို႔ထင္ၾကလဲဟင္ ဒါဒါnimတို႔ 👀 ခန္႔မွန္းၾကည့္ၾကပါဦးေနာ္

See you in next episode~

-해바라기

UNI

မမျှတစွာ ဆက်ဆံခံရမှုတို့ဖြင့် ဂျောင်လေးနှင့် ကူးလေးတို့ ညီအကိုနှစ်ယောက်လဲ အထက်တန်းအရွယ်သို့ ရောက်လာကြလေသည်

မျိုးရိုးသန့်သန့်ထဲကဖြစ်၍ အများလည်ပြန် ငေးကြည့်လောက်သော မျက်နှာချောချောတို့ကို တထေရာတည်း ပိုင်ဆိုင်ထားကြလေသည်

ရုပ်ရည်က တထေရာတည်းတူသော်လည်း မာနနှင့် အနိုင်ယူခြင်းတို့ ပြည့်နှက်နေသော မျက်ဝန်းပိုင်ရှင် ဂျောင်လေးနှင့် နူးညံ့ကာ ဖြူစင်သော မျက်ဝန်းပိုင်ရှင် ကူးလေးဟူ၍တော့ အလွယ်တကူ ခွဲခြားလို့ရနေပြန်သည်

ဂျောင်လေးဟာလည်း အခုအရွယ်ထိ ကူးလေးအား အနိုင်ကျင့်လို့ကောင်းဆဲပင်

အခုလည်း သူ့ဟာသူ အပျော်အပါးမက်ပြီး ကျောင်းပျက်တာကို ကူးလေးအား စာတွေကူးခိုင်းပြန်ပြီ

"ငါ မနက်ဖြန် Presentationရှိလို့ စာကြည့်ရမှာ ဂျောင်လေး. ဒီတခါတော့ လုပ်မပေးနိုင်လောက်ဘူး"

"ဟ မင်းက အလာကြီးပါလား. ဒါလေး ကူးပေးရတာ ဘယ်လောက်ကြာမှာမို့လဲ နောက်ပြီး မင်း Presentationက​ကော ဘယ်လောက်များကြီးကျယ် မြင့်မြတ်နေလို့လဲ"

"ငါ့အတွက်တော့ အရေးကြီးတယ်..နောက်ပြီး အထက်တန်းရောက်ပြီမို့ စာသေချာလုပ်ရမှာ"

"ကျစ် အရူးလိုပဲ. စာသေချာလုပ်တော့ကော ဘာများထူးခြားသွားလို့လဲ? စာမလုပ်တဲ့ငါ့လောက်တောင် နေရာပေးမခံရပဲနဲ့များ"

"ဂျောင်အု!"

"အဟက် ငါက ဒီတိုင်းပြောတာပါ အရှိုက်ထိသွားတယ်ထင်တယ်"

"ငါရန်မဖြစ်ချင်ဘူး ဂျောင်လေး မင်းလဲအားနေတာပဲ ကူးစရာရှိတဲ့စာ ကိုယ့်ဟာကို ကူးလိုက်ပါ"

"မအားပါဘူး ခဏနေရင် ချိန်းထားတယ် ရှိတယ် ငါ"

"ဟင် ဒီအချိန်ကြီးတောင် ဘယ်သွားမလို့လဲ မင်းက"

"အဲ့ဒါတွေထိ လိုက်အစီရင်ခံနေရမှာလား? "

"ငါက စိတ်ပူလို့ ဂျောင်လေး. နောက်လဲကျနေလို့"

"အပိုတွေက ပြောနေသေးတယ်. စာသာကူးပေးထားစမ်းပါ ငါ့ကို"

ကူးလေးလဲ စကားနည်းရန်စဲဖြစ်အောင် ဘာမှ ပြန်မပြောတော့ပေ

.

.

.

.

.

.

"

"ဂျွန်ဂျောင်ဂု!"

အို သူလာပါပြီ ဘာပြဿနာရှာဦးမှာလဲ မသိ

"ဒါက ကျောင်းနော် ဂျောင်လေး. မင်းအသံကို သတိထားသင့်တယ်"

"မထားနိုင်ပါဘူး. ငါခိုင်းထားတာ ဘာလို့ မလုပ်ပေးထားတာလဲ! မင်းကို စာသေချာကူးပေးဖို့ပြောထားတယ်လေ"

"ငါကူးပေးထားတယ်လေ ဘယ်လိုမှ အချိန်မရတော့လို့ တဘာသာပဲ ချန်ခဲ့တာ"

"စောက်ရူးရ အချိန်ဇယားသေချာမကြည့်ဘူးလား ဒီနေ့အချိန်မပါဘူးဟ. ဒီနေ့အချိန်အတွက်ဟာကို မင်းမကူးထားဘူး"

ကူးလေးကတော့ ပျားအုံကို တုတ်နဲ့ ထိုးမိပြီပင်

"အာ ငါ မသိလိုက်လို့ရယ် ဂျောင်လေး. Sorryပါ"

"Sorryပြောရုံနဲ့ အရာရာပြီးသွားမလား. အခုမင်းကြောင့် ငါအဆူခံခဲ့ရတာ သိရဲ့လား"

"တကယ် မရည်ရွယ်ပါဘူး ငါလဲ"

"အရူးကောင်"

ဂျောင်လေးက ပြောပြောဆိုဆိုဖြင့် ကူးလေး ကော်လံစကို ဆွဲပြီး ထိုးမည် အလုပ်

လေထဲမှာပင် ရပ်တန့်သွားသော ထိုလက်

ရပ်တန့်ခံလိုက်ရသည်ဆို ပိုမှန်မှာပေါ့

"ဒါကကျောင်းနော် မင်းနားမလည်ဘူးလား"

"အဟက် ရောက်လာပြီပဲ. ဂျွန်ဂျောင်ဂုရဲ့ ကယ်တင်ရှင်ကြီး"

"စောစောစီးစီး အော်ကြီးဟစ်ကျယ်နဲ့ ဘာလို့ ပြဿနာတွေရှာနေတာလဲ ဂျွန်ဂျောင်အု. ဒါစာသင်ကျောင်းလေ ဇရပ်မဟုတ်ဘူး"

"ခင်ဗျားကရော မဆိုင်ပဲ ဘာလို့ ဝင်ပါနေတာလဲ? စီနီယာက စီနီယာလို နေလေ. သူများ အတန်းကိစ္စမှာ ဝင်မပါပါနဲ့"

"အတန်းကိစ္စ မဟုတ်ဘဲ အသားလွတ် အနိုင်ကျင့်နေတာလေ မင်းက. နောက်ပြီး ကူးလေးက ငါ့သူငယ်ချင်းမလို့ ငါနဲ့ဆိုင်တဲ့ ကိစ္စပဲ"

"အဟက် သူငယ်ချင်းဆိုပဲ"

"တော်တော့. လာ ကူးလေး အကို့ဆီ"

အားကိုးရေသာ စီနီယာ အနားရောက်လာသည်ကြောင့် ကူးလေးလဲ ဂျောင်အုဆီမှ ရုန်းထွက်ကာ ချက်ချင်းပင် စီနီယာ့နောက်ကို သွားလိုက်သည်

"အရှုံးသမားရဲ့ သူငယ်ချင်း ခင်ဗျားလဲ အရှုံးသမားပဲ. စိတ်ရှုပ်စရာကောင်းလိုက်တာ.ဂျွန်ဂျောင်ဂု. မင်းလဲ သတိထားနေ"

မိမိအား တည့်တည့်ကြည့်ကာ လက်ညိုးငေါက်ငေါက်ထိုးပြီးပြောသွားသော အစ်ကိုဖြစ်သူကြောင့် စီနီယာ့ အင်္ကျီစကိုသာ မသိမသာလှမ်းဆွဲလိုက်မိသည်

ဂျောင်လေးနှင့် သူ့သူငယ်ချင်းများ ထွက်သွားတော့မှ စီနီယာက မိမိဘက်လှည့်ကာ

"ကူးလေး အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ် စီနီယာ. ကျနော့်ကို ကူညီပေးလို့ ကျေးဇူးပါ"

"ပြောနေရမယ့် လူတွေလား ကူးလေးရယ်. အကိုက မင်းကို အမြဲ ကာကွယ်ပေးသွားမှာပါဆို"

စီနီယာ့ စကားနောက်မှာတော့ ကူးလေးတယောက် နှစ်နှစ်ကာကာပြုံးလိုက်မိပါသည်

တစုံတယောက်က ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင် ကောင်းလိုက်သလဲလေ

"ဘာစားပြီးသွားပြီလဲ ကူးလေး"

"မစားရ​​သေးဘူး စီနီယာ ကျနော် Presentationအတွက် ပြင်နေလို့ရယ်"

"အင်း စာဂျပိုးလေးကတော့ ထင်တဲ့အတိုင်းပါပဲလား. မင်းအကြောင်းသိလို့ အကို ထမင်းလိပ်ဝယ်လာခဲ့တယ် အတန်းထဲမှာ ဖြစ်ဖြစ် စားလိုက်နော်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စီနီယာ"

စီနီယာဆိုသူက ခုနက ဂျောင်လေးကို ဆက်ဆံပုံဖြင့် ခြားနားစွာ မိမိအား အချိုသာဆုံး ပြုံးပြရင်း

"ကူးလေးက အကို့ကို ကျေးဇူးပဲတင်နေတော့မှာလား. ဒီလိုစကားတွေ ပြောစရာမလိုဘူးဆို"

"ဟီး ကျနော် အကျင့်ပါနေလို့ပါ"

စီနီယာက ကူးလေးဆံပင်ကို အသာလေး ဖွလိုက်ကာ

"မင်းကလေ သိပ်ချစ်ဖို့ကောင်းတာပဲ.အကို့ညီလေးသာဆို သိပ်ကောင်းမှာ. ဒါလေးစားဖြစ်အောင် စားလိုက်နော်. ဗိုက်ဟောင်းလောင်းနဲ့ အတန်းမတက်နဲ့ ကြားလား"

"ဟုတ်ကဲ့"

"အဲ့ဒါဆို အကိုသွားတော့မယ်နော် အတန်းရှိလို့"

"ဟုတ်ကဲ့ စီနီယာ. ဂရုစိုက်ပါ"

"အင်း ကူးလေးကောပဲ"

စီနီယာက ကျနော်တို့ထက် ၂တန်းပိုကြီးပြီး အခု အထက်တန်းနောက်ဆုံးနှစ် တက်နေတာဖြစ်သည်

ကျနော့်ကို ကာကွယ်ပေးတဲ့ ကျေးဇူးတင်စရာကောင်းသော သူငယ်ချင်းဆိုရင်လဲ ဟုတ်တာပေါ့

အလယ်တန်း ဒုတိယနှစ်မှာ ဘောလုံးကွင်းထဲ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တဲ့ ဂျောင်လေးနဲ့ သူ့သူငယ်ချင်း အုပ်စုဆီကနေ ကျနော့်ကို ကာကွယ်ပေးခဲ့ရာက စပြီး စီနီယာနဲ့ ရင်းနှီးခဲ့ရာမှ အခုချိန်ထိ ကျနော့်ရဲ့ တဦးတည်းသော အခင်ဆုံးသူငယ်ချင်း အဖြစ်ရှိနေပေးတာဖြစ်သည်

စီနီယာက ပျော်ပျော်နေတတ်ပြီး သဘောကောင်းပေမယ့် မတရားတာဆို လက်ပိုက်ကြည့်မနေတတ်တဲ့ လူဖြောင့်လူမှန်မို့ ကျနော့်ကို မထင်ရင်မထင်သလို အနိုင်ကျင့်တတ်သော ဂျောင်လေးနဲ့တော့ ထိပ်တိုက် တွေ့တိုင်း တဂျိမ်းဂျိမ်းပင်

ဒါပေမယ့်လဲ စီနီယာ့ကြောင့်ပဲ ငယ်ငယ်ကထက် ကျောင်းကို အနှောင့်အယှက်ကင်းစွာ တက်နိုင်ခဲ့သည် ထင်ပါရဲ့

ဘာပဲဖြစ်ဖြစ် ကျနော့်ဘက်ကလူဆိုတာမျိုး ရှိလာလို့ တော်သေးတယ်လို့ပဲဆိုရမှာပေါ့လေ.

#Tbc

A/N: စီနီယာက ဘယ်သူလို့ထင်ကြလဲဟင် ဒါဒါnimတို့ ခန့်မှန်းကြည့်ကြပါဦးနော် 👀

See you in next episode~

-해바라기

Comment