​ကျေးဇူးတင်လွှာ 🤍
See you in next fics~~
- 해바라기
နောက်ဆုံးမှာတော့ တစ်နှစ်တိတိပြည့်တဲ့နေ့မှာ Second Choiceလေး ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဟုတ်ပါတယ်။ မနှစ်က ဒီလိုရက်မှာပဲ ဒီficလေးကို စပြီး ဖန်တီးခဲ့တာပါ 🤍
ဇာတ်သိမ်းပိုင်းထိ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးကြတဲ့ ဒါဒါ nimတို့ တဦးတယောက်ချင်းကို ကျေးဇူး အများကြီး တင်ပါတယ်ရှင်။ တော်တော်ဆိုးတဲ့ 해바라기ပဲနော် တစ်နှစ်တိတိပြည့်မှ အဆုံးသတ်နိုင်တယ်လို့။
ဒီficလေးရဲ့ ခရီးစဥ်တစ်လျှောက်မှာ 라기ရဲ့ personal lifeမှာလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အလုပ်လုပ်နေရာက ထွက်လိုက်တာတွေ၊ ဘာသာရပ်အသစ်တွေ ထပ်လေ့လာခဲ့ရတာ စသဖြင့်ပေါ့။ မပြောင်းလဲတဲ့အချက်ကတော့ မအားတာပါပဲ 🥲 အလုပ်လုပ်တုန်းကလိုပဲ သင်တန်းကလည်း တစ်ပတ်လုံးတက်ရတာမို့ ကိုယ်ပိုင်အချိန် တော်တော်နည်းသွားပြီး စာရေးဖို့ကို တော်တော်အားယူရပါတယ်။ ဒါပေမယ့် ဝါသနာဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း စာဖတ်သူတစ်ယောက်ဖြစ်တာမို့ စာမရေးပဲ မနေနိုင်တာရော၊ စာဖတ်သူတွေကို မထားရစ်နိုင်တာရော၊ စာဖတ်သူတွေကိုအတွက် ပေါ့ပျက်ပျက်လည်း မဖြစ်စေချင်တာမို့၊ ရပ်လည်း မရပ်နိုင်ပဲ နှစ်တသောင်းupdateတွေနဲ့ပဲ ဒီအထိ ဆွဲခေါ်ခဲ့လိုက်ရပါတယ်။ အဲ့ဒီအတွက်လည်း အများကြီး အားနာပါတယ်ရှင်
နောက်ပြီး လိုအပ်ချက်တွေရှိနေခဲ့တယ်ဆိုပေမယ့် အဆုံးထိ လိုက်ပါစီးမျောပေးခဲ့လို့ တကယ့်ကို အများကြီး ကျေးဇူးတင်ပါတယ်။ တိတ်တိတ်လေး အားပေးကြတဲ့ silent ဒါဒါnimတို့ကော၊ Voteပေးခဲ့ကြတဲ့ ဒါဒါ nimတို့ကော၊ Feedbackလေးတွေ ပြန်ပေးခဲ့ကြတဲ့ ဒါဒါnimတို့ကော RLထဲ ထည့်ပေးကြတဲ့ ဒါဒါnimတို့ကိုလည်း တဦးတ​ယောက်ချင်းစီကို ကျေးဇူးတင်ပြီး ချစ်ပါတယ်ရှင်။ ဒီficလေးကို အဆုံးထိ ဆက်ရေးဖို့ အားရှိလာခဲ့တာက ဒါဒါnimတို့ကလည်း အကြောင်းအရင်း တစ်ခုအပါအဝင်ပါပဲ။ စာရေးတာက 라기ရဲ့ အဓိက ဝါသနာထဲက တစ်ခုမို့ 라기ရဲ့ စာတွေကို ချစ်ပေးတာက 라기ရဲ့ ဝါသနာကို အားပေးတာနဲ့ တူတူပါပဲ။ ဒါကြောင့်မို့ ပိုပြီး နှစ်နှစ်ကာကာ ကျေးဇူးတင်မိတာပါ♥ အခုထိ ပြီးပြည့်စုံတဲ့ စာရေးသူ မဟုတ်သေးပေမယ့် ရှေ့လျှောက်ဖန်တီးမှုတွေကိုလည်း အများကြီး ချစ်ပေးဖို့မျှော်လင့်ပါတယ်ရှင် 🥺
ဒီဇာတ်လမ်းလေးမှာ ကျန်တာထက် Kill them with kindness characterမျိုးကို ပြချင်ခဲ့တာမို့ တချို့ဒါဒါnimတွေအတွက်တော့ ကူးငယ်က အားမရစရာ characterလေး ဖြစ်ကောင်း ဖြစ်ခဲ့ရလောက်ပေမယ့် 라기အတွက်တော့ သံယောဇဥ်အတွယ်ခဲ့ဆုံး characterလေး ဖြစ်ခဲ့ပါရဲ့။ အဆုံးသတ်မှာ မိသားစုနဲ့ ပြန်ပေါင်းစည်းပေးခဲ့တာလည်း ဒီconceptကို ပိုပြီး ပေါ်လွင်စေချင်လို့ပါ။ ဇာတ်လမ်းလေးက မျှော်လင့်ထားသလို ဇာတ်သိမ်းမဖြစ်သွားခဲ့ဘူးဆိုရင်လည်း 라기ကပဲ ဒီကနေ တောင်းပန်လိုက်ပါတယ်နော်။
နှုတ်ဆက်စာလေးကို အဆုံးမသတ်ခင် နောက်ဆုံး အမှတ်တရအနေကတော့ ဒါဒါnimတို့အတွက် ဒီficလေးရဲ့ အကြိုက်ဆုံး sceneလေးတွေကို သိချင်မိပါတယ်။ နောက်ပြီး အဆင်ပြေမယ်ဆို characterလေးတွေအပေါ် ဘယ်လိုမြင်ခဲ့လဲဆိုတာကိုလည်း သိချင်ပါတယ် 🤍 တောင်းဆိုတာတွေ များသွားပြီလားတောင် မသိပါဘူး ဟီး
ဒါဖြင့်ရင် ဒီ့ထက်စာမရှည်ခင်မှာပဲ Second Choiceလေးကနေ နှုတ်ဆက်လိုက်ပါပြီရှင်~
တပ်သားကင်မ်တို့နဲ့ လာဗင်ဒါလေးတို့ဆီမှာ ပြန်ဆုံကြမယ်နော်♥ I'll be back on Googie's day 😉
See you in next fics~~♥
- 해바라기
Comment