Part4

My husband is mafia
အပိုင်း (၄)

"ဒေါက်"

လှမ်းပစ်လိုက်တဲ့ ဓားက အဝိုင်းရဲ့ အလည်တည့်တည့် အနီရောင် ဗဟို ကို တန်းခနဲ့။

"ဆရာ...ကျွန်တော်တို့ အပေးအယူ ပျက်သွားတယ်"

"ဒေါက်"

နောက်တစ်ချောင်းက အရှိန်ပြင်းစွာ ထိုးဆိုက်သွားတာဒေါသအလား။နောက် ကို ပြန်လှည့်ကြည့်လာတဲ့ မျက်နှာ အမူအရာ က ခန့်မှန်း ရ ခက်စွာ။ အနေအထားက အေးဆေး ပေမဲ့ မျက်ခုံးတွေ မျက်မှောင်ကြုတ် ထားပုံက အလိုမကျသည့်နှယ် သိသာလွန်းနေခဲ့လျက်။

"ကင်း ဆိုတဲ့ ကောင် စားသွားတာ ဆရာ ဒီကောင် ကွက်ကျော်ရိုက် တာ များသွားပီ"

"ဒေါက်"

မျက်နှာ က မဲ့ပြုံးတစ်ချက်နဲ့ အတူ လက်က ပြေးထွက်သွားတဲ့ ဓါးက အလယ်ဗဟိုတည့်တည့်မှာမှာ။ တည့်လိုက် တဲ့ လက်။

"သူက ကွက်ကျော်ရိုက် တာ သိရဲ့နဲ့ မင်းက ခံလာရတာ သူ့အပြစ်လား မင်းအပြစ်လား"

ကျားကြီး ဆိုသော သူ့ တပည့်ဟာ ချက်ချင်း ကြမ်ပြင်ပေါ် ဒူးထောက် လိုက်ကာ....

"ကျွန်တော့် အပြစ်ပါ ဒါပေမဲ့ ဒီတစ်ခါ ခွင့်လွှတ်ပေးရင် နောက် ဘယ်တော့ မှ မဖြစ်အောင်ကြိုးစား ပါ့မယ့် ဆရာ"

သူက လက်ညိုး နဲ့ ထဆိုသော ပုံစံ လုပ်ပြလိုက် သည်။ ကျားကြီး ထလာသော အခါ အကျင့်ပါနေသည့် လျှင်မြန်သော လက်က အကျင့်အတိုင်း ကျားကြီး လည်ပင်းသွေးကျောရှိရာ ကို ဝှေ့ ဝဲကာ ဇာတ်သိမ်း လိုက်ချေပီ။

"အ....အ....အ.....အဟွတ် "

"မင်း ကြိုးစား မှုနဲ့ ရင်းပီ ငါအရှုံး မခံနိုင်ဘူး ကျားကြီး အဲတော့ နောက်ဘဝ မှ....မင်း ဆက် ကြိုးစားလိုက်တော့"

ဇိုး ဆိုတဲ့ သူ့ဘဝမှာ လုပ်လိုက်တဲ့ ကိစ္စ တိုင်း မဖြစ်ခဲ့ဘူး ဆိုတာ ရှိမှ မရှိခဲ့တာ။

"ကင်း.....ကင်း.....ကင်း....."

နာမည်တစ်ခုကို ရေရွတ် ရင်း စားပွဲစွန်း တောက်လျှောက် ဓါးထိပ် နဲ့ ထောက်ကာ ဆွဲလာရင်း .....ဓါးကို လွှတ်ချ ပီး အသာ ပြုံး ပစ်လိုက်သည်။

"ကင်း ဆိုတဲ့ ကောင်ရဲ့ လှုပ်ရှား မှု ကို သေချာလိုက်ကြည့်ထား ဒီတစ်ခေါက်  ငါကိုယ်တိုင် လိုက်မယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"မီးခဲ ကျန်တဲ့ လူတွေရော"

"အပြင် မှာပါ ဆရာ"

သူက အပြင်ထွက်ဖို့ ပြင်လျှင် မီးခဲ ဆီ ph ဝင်လာလေသည်။

"ပြော...."

".........."

"အေး.....ငါသိပီ"

မီးခဲက ph ချလိုက်ပီး.....

"ဆရာ.....ဒီည ကင်း တို့ အဖွဲ့ Xxx club မှာ ရှိမယ် ပစ္စည်း လည်း အဲ့မှာ လဲကျမယ် ထင်တယ်"

"သွားစို့ "

"ဘယ်ကို....."

သူက မီးခဲ ကို တစ်ချက်ကြည့်လိုက်လျှင် လူရည်လည် သော အထူးသဖြင့် သူ့စိတ်ကို သိတက်လွန်းသော တပည့်ကျော် က ချက်ချင်း သဘောပေါက်သွားလေသည်။

"အခု သွားဖို့ ပြင်ခိုင်းလိုက်ပါ့မယ် ဆရာ"

'မင်းအလှည့် ရောက်ပီ ကင်း.....'
@@@@@@@@@@@@@@@@@@@@@@@

"မေယွန်းရယ် နင်ဟာလည်း သိပ် မကချင်ရှာဘူး ပြောတော့ club မသွားချင်ဘူးလေး ဘာလေးနဲ့"

ဆလိုက် မီးရောင်စုံကြား DJ ဆရာ ရဲ့ အမွန်း (နင်မှတ်ထား) နဲ့ ကွေးကောက် ကာ mode အပြည့် ဝင် နေသော မေယွန်း ကို ပိုးသူ က လာဝုန်း တော့သည်။

"ဟဲ....ဟဲ....club မလာချင်ဘူးလေ လာမိရင် မပြန် ဖြစ်မှာဆိုးလို့ ကိုယ်တွေက water follow fish follow နေတက်တာကိုး အချစ်ရဲ့"

သူမ ပြောင်စပ်စပ် အပြော ကို ပိုးသူ က မျက်နှာ တစ်ခြမ်း မဲ့ပြကာ...

"ဆုတောင်းလေ နင့် ရေလိုက်ငါးလိုက် က များသွားပီ"

အသာလွတ် ကို လာဆူ နေတဲ့ ပိုးသူ မ ကို မေယွန်း မျက်စောင်းတစ်ချက် ပိတ်ထိုး ပစ်လိုက်သည်။

"သူကျ တော့ မကတာ ကြနေတာပဲ "

"ဟဲ....ဟဲ....သယ်ချင်းကလဲငါ့ ခိုချီး (ကိုကြီး)က စွန်းလန်းနေရောဘဲ တစ်ပုဒ် လောက် တွဲကလိုက်အုံးမယ်"

"ငါကတော့ နင့် ခိုးချီး တွေ ကြက်ချီး တွေ စိတ်မဝင်စားဘူး ကော့တေး သွားမော့လိုက်အုံးမယ်"

"ငါ့ဖို့လဲ တစ်ခွက် pls"
ပိုးသူ က သူ့ဘဲ နဲ့ တွဲက နေလျှင် မေယွန်း ကတော့ ကော့တေး ယူရန်သာ bar ဆီ လာခဲ့မိလေသည်။

"ခွမ်း....ချလွမ်း"

မေယွန်းဟာ ကိုယ့်ရှေ့တည့် တည့် အသံလာရာ ကြည့်လိုက်မိလျှင် မျက်လုံး ပြူးကြောင်သွား ရသည်။မတရား တာမြင်လျှင် မနေနိုင်သော မွေးရာပါ ဗီဇ ကြောင့် ဝင်ပါမိတော့သည်။

"ရှင်....ဘာလုပ်တာလဲ"

ထိုသူက သူမ ကို အရေး လုပ်ပြီး တစ်ချက်ပင် လှည့်မကြည့်ချေ ။ထိုပုံစံ ကြောင့် သူမ ပို၍ စိတ်တိုသွားမိသည်။

"အမ ....အမ နဲ့ မဆိုင်ပါဘူးဗျာ သွားပါ"

ပုလင်း နဲ့ ခေါင်းရိုက်ခံရတဲ့ waiter ကောင်လေးက  သဘောကောင်း သောကြောင့် မေယွန်း တို့နဲ့ မျက်မှန်းတန်း မိကာ ခင်လေသည်။မေယွန်း ဟာ သူ့ ပုံစံကြောင့် ဒေါသ ထွက်လာကာ သူ့ ကို ဆွဲလှည့်ပစ်လိုက်သည်။

"မေးနေတာ ကြားလား "

သူက ရုတ်တရက် မို့  ကြောင်သွားကာ မေယွန်းကို မျက်မှောင်ကြုတ် ကြည့်လေသည်။ပီးလျှင် ချက်ချင်း အနားရောက်လာသော သူ့ လူများကို လက်ကာတားလိုက် ပီး...မေယွန်း ကို ခါးက နေသိမ်းကြုံး ဆွဲဖက်လျက် သူ့ အနားတိုး ယူလိုက် ပီး ပြုံးကြည့်ကာ....

"မင်း ကို စိတ်ဝင်စားတယ် ဒီ club ကို လာနေကြလား? နာမည် ဘယ်လို ခေါ်လဲ"

"ဖြန်း"

အသံနဲ့ အတူ လည်ထွက်သွားပီး မျက်စိထဲ မီးပွင့်ကာ စပ်ဖျင်းဖျင်း အရသာ ကို ခံစားလိုက်ရလေသည်။

"ကောင်မ ....နင်....ဘယ်လိုလုပ်လိုက်တာလဲ"

စကားသံ နဲ့ အတူ သူမ ကို ရိုက်ဖို့  လက်မြောက် ခါ အနားရောက်လာသောမီးခဲ ကို သူက လက်ကာ ပြလိုက်ပီး ပါးကို စမ်းကာ ရယ်လိုက်မိသည်။ ကိုယ့်ကိုယ်ကို တော့ အံသြောမိသား။ ကိုယ့်အသား ကို တစ်ချက်ထိရင် ဆယ်ချက်မက ပြန်လုပ်ရ မှ ကျေနပ်တက်သောသူ က အခု ဒေါသလည်း မထွက် မိပဲ သူမ လက်နဲ့ ကိုယ်ပါး ထိမိတာကို စိတ်ထဲ ကျေနပ်မိနေတာ ဘာကြောင့်များပါလိမ့်။

"ကျမ က ရှင်သိတဲ့ အတန်းစား ထဲက မိန်းမ မဟုတ်ဘူး ...ဒါ ရှင့်ကို အချိုသာဆုံး ပေးတဲ့ ဥပမာ ပဲ "

မေယွန်းက ထိုသို့ ပြောကာ လှည့်ထွက်လာလျှင် ထိုသူက နောက်က လိုက်လာပီး လက်ကို ဆောင့်ဆွဲလိုက် တာကြောင့် သူမ ကိုယ်ကလေး ဟာ သူ့ရင်ခွင် ထဲ ဒုတိယ အကြိမ် မိတ်ဆက် မိလိုက်ပြန်တယ်။

ဒေါသ ရောင် သင့်နေတဲ့ မျက်လုံး လေး တွေ က အလင်း တစ်မျိုး လက်ဖြာ နေတယ်။ပြောင်ရှင်း နေတဲ့ မျက်နှာလေး ကို မေးဖျား က ဆွဲ မော့ စေလိုက်ပြီး မျက်နှာ ချင်း နီးကပ်အောင် ဆွဲယူလိုက်တယ်။ ချာတိတ် ကလေး ရဲ့ ဘာမထီ မျက်နှာ အမူအရာ ကို သူ သဘော ကျ စွာ ပြုံး မိသွားတယ်။

သေချာ တယ် ဘေဘီ၊ မင်း ဟာ ကိုယ့် နှလုံးသား ကို ပိုင်စိုးမဲ့ ဘုရင်မ ဘဲ။

"သေချာ ကြည့်ထား၊ မင်းရဲ့ ပိုင်ရှင် ဟာ တစ်နေ့ ဇိုး ဖြစ်ကို ဖြစ်လာလိမ့်မယ်။ မင်း လွတ်အောင် ပြေးတော့ ဘေဘီ"

သူက ထိုသို့ ပြောပီး ချက်ချင်းထွက်သွားလျှင် မေယွန်း မှာ ဘယ်လို မှ မတုန့်ပြန် လိုက်ရ။

ဟွန်း.....ဆုတောင်း ရုပ်နဲ့ စိတ် မလိုက်တဲ့လူကြီး။ စကား မစပ် အမှန်တိုင်း ဝန်ခံရရင် ဘာကြောင့်မှန်းတော့မသိ မေယွန်း တစ်ယောက် ရင်ခုန်နေမိလေသည်။ကြည့်ကောင်း ချောမော သည့်တိုင်.....အမြင်ကပ်စရာ လည်း ကောင်းနေပြန်သည့် လူကြီးပင်။

#Lilac

Comment