My husband is mafia
အပိုင်း (၁၂)
အိပ်ရာ ကထလာသည်နှင့် အခါတိုင်း ဆိုရင် ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမ မျက်နှာလေး ကို ငေးကြည့် ပီး အတော်ကြာ စိုက်ကြည့် နေရတာ ကို ကျေနပ် နေတက်တဲ့ သူဟာ အခု ဘေးမှာ ရှိမနေသော အခါ ဆောင့်တက်လာသော စိတ်နဲ့ အတူ လူက အခန်းထဲရှိ တံခါးများ လိုက်ဖွင့် ခေါ်သော်လည်း မတွေ့ သည့်အဆုံး အောက်ထပ် ဆင်းလာကာ သူမ နာမည်ခေါ် နေမိစဲပင်။
ကိုယ့်စီ မှာ သူမ မရှိတော့ ဘူး ဆိုတဲ့ ခံစားချက်ဟာ သူ အတွက် တော့ နှလုံးသား တစ်ခုလုံး ကွဲကြေမတက်ကို ခံစားရတာဖြစ်သည်။
"ဘေဘီ.....ဘေဘီ....."
အရူးတစ်ယောက်လုံး ယောက်ယက်ခတ် နေမိတာ ဘဝမှာ ပထမဆုံး။
"ဘာ လို့ အော်ခေါ်နေတာလဲ ကျွန်မ ဒီမှာ......"
မီးဖို ထဲက ကြားလိုက်သော အသံ ကြောင့် ဝင်လာလျှင် သူမ က နောက်ခိုင်းကာ ဟင်းအိုးမွှေ နေခြင်းရယ်ပါ။ သူဟာ သူမ ကိုယ် တွေ့လိုက်သော ကြောင့် ဘာမှ မပြောတော့ဘဲ နောက်ကနေပီး သူမ ခါး သိမ်သိမ် လေး ကို ဖက်ထား ပစ်လိုက်လျှင် သူမက ရုတ်တရက် မို့ ဆတ်ခနဲ ဖြစ်သွားလေသည်။
"ဘ....ဘာလဲ....ဘာလုပ်တာလဲ"
"မင်း ကို ကိုယ့်နိုးနိုးချင်း မတွေ့တာ ဘယ်လောက် လန့်သွားလဲ သိလား"
"ဟင့်....လန့်တာနဲ့ ခါးလာ ဖက်တာနဲ့ ဘာဆိုင်လဲ....လွှတ်"
"ဆိုင်တယ်....ခဏလေးပါ"
သူမ က အသာ သက်ပြင်းချ ပီး ဘာမှ မပြောတော့ချေ။ အသက်ရှူ သံ နှစ်သံသာ ကြီးစိုးနေပီ အပ်ကျ သံတောင် ကြားရလောက်အောင် တိတ်ဆိတ် လို့ ပတ်ဝန်းကျင်ဟာ ရင်ခုန်မှု ကို ပံ့ပိုး နေသည့် အခြေအနေမှာ သူမ ရော ဘယ်လို နေမှာ ဘာလိမ့်နော်။
"ဘာတွေ ချက်နေတာလဲ ....ယုယ ကော ဘယ်သွားလို့လဲ"
"ယုယ က သူ့ အမ နေမကောင်းလို့ ရွာပြန်သွားတယ် .....ချက်နေတာက မုန့်ဟင်းခါး"
"အာ့ကြောင့် မွှေးနေတာကို...မင်း တစ်ယောက်တည်း ကုန်ပါ့မလား အများကြီး"
"ရှင်မကြိုက်ဘူးလား"
"ဟင်.....ကိုယ်စားလို့ ဖြစ်တယ်ပေါ့"
"ရှင် စားချင်တဲ့ စိတ်ရှိရင် စားလို့ ဖြစ်ပါတယ်"
"အခု အခြေအနေ က ကိုယ့်အတွက် အိမ်မက်လား တကယ်လား ကိုယ် မယုံနိုင်ဘူး"
"ကဲ.....ပီးပီ ရှင် ကျွန်မကိုယ် လွှတ်လိုက်သင့်ပီ ထင်တယ်"
သူက သူမ ကိုယ့် တကယ်ဆို လွှတ်မပေးချင်သေးပါ တစ်သက်လုံး ပဲ ဖက်ထား လိုက်ချင်ပါသည်။ သို့သော်လည်းလက်တွေ့ လွှတ်ပေး လိုက်လေသည်။
"စားမယ်ဆို ထိုင်လေ "
"မျက်နှာ မသစ်ရသေးဘူး သွားသစ်လိုက်အုံးမယ်"
"မျက်နှာ တောင်မသစ်ဘဲ ကျွန်မ ကိုယ် လိုက်ရှာ နေတာပေါ့ "
"အင်းလေ နိုးနိုးချင်း မင်းကို မှ မတွေ့တာ"
သူမ က ပုခုံး နှစ်ဖက်ကို အသာ တွန့်ပြလေလျှင် သူဟာ ဒီ အခြေအနေ လေးကို ပဲ ကျေနပ်ကာ မျက်နှာ သစ်ပီး ပြန်ထွက်လာလျှင် သူမက အသင့် ပန်းကန် ထဲ ထည့်ပီး ဖြစ်လေသည်။
သူက စားပွဲမှာ ဝင်ထိုင်လိုက်လျှင် အိုးဘဲဥ ပဲကြော် နက်နံပင် ရှောက်သီးစိတ် ငါးဖယ် ပန်းကန် နောက် မုန့်ဖက် ပန်းကန် မွှေးပျံ့ နေသော ဟင်းရည် ပန်ကန် တို့က စားချင်စဖွယ် သင်းပျံ့လို့။
သူမ က သူ့ပန်ကန် ကို ယူလိုက်ပီး အသင့်စားရန် အသေအချာ ပြင်ဆင်ပေး နေပုံ လေးကို သူက အသာ ငေးကြည့် နေမိလေသည်။တကယ်ပါ ဒါဟာ အတုအယောင် ဆိုရင်တောင် ဒီအချိန်လေးကို ကုန်ဆုံး မသွားချင်မိဘူး။သူမ က အားလုံး ထည့်ပေးပီးလျှင် ပန်းကန်ကို သူ့ရှေ့ချ ပေး လေသည်။
သူက တစ်စွန်း ခတ် မြည်း လိုက်လျှင် သူမ လက်ရာဟာ မထင်မှတ် လောက်အောင် ကောင်း နေလေသည်။
သူမ က သူ့ကို တော့ မကြည့်တော့ပါ ။ ကိုယ့်လက်ရာ ကိုယ် ယုံကြည်စိတ်ချ စွာ ပဲ သူမ ဟာ သူမ အားရပါးရ စားနေတော့သည်။
"ကောင်းလား လို့ မမေးတော့ဘူးလား"
"အဟက်....ဘာလဲ....မကောင်းဘူးလား"
"ဟင့်အင်.... အရမ်း ကောင်းတယ်"
"သိပီးသားပါ"
"ကျေးဇူး တင်ပါတယ် ဘေဘီ"
"မလိုပါဘူး ရှင့်အတွက် သက်သက်ချက်ကျွေးတာမှ မဟုတ်တာ ကျွန်မ စားချင်လို့ ကျွန်မချက်တာပဲ"
"ဘာပဲ ဖြစ်ဖြစ်လေ မင်းချက်တာ ကိုယ့်ကို စားခွင့် ပေးခဲ့ တာပဲ ကိုယ် ကျေနပ်ရမှာ ပါ ဖက်ခွင့်လည်း ပေးတယ်မို့လား"
မေယွန်း ဟာ သူကို အသာ ကြည့်လိုက်မိသည်။ ဒီလူဟာ စတွေ့ စက လူတစ်ဖက်သားကို ရိုင်းစိုင်း ကြမ်းတမ်း တက်သော သူဖြစ်ချင်တာ တစ်ခု ပဲ သူသိသော အရာရာ တိုင်းကို သူလုပ်ရင် ဘာမဆို ဖြစ်တဲ့ ပုံမျိုး နဲ့ ခြားနား သွားတာ သူမဟုတ်တဲ့ အတိုင်းပင်။သူ့ ဟာ အခုတိုင်းဆို သနားဖို့တောင် ကောင်းနေတာမို့လား။ အား.....မသိဘူး ရှုပ်လိုက်တာ။
အခုလောလော ဆယ် ကင်းကို ကူညီဖို့ ဆိုရင် သူ့ကို ရောဖို့ အဆင်ပြေအောင် ဆက်ဆံ ဖို့ လိုသည်တဲ့ ။
"ဘေဘီ...ဒီနေ့ ဘယ်သွားဖို့ ရှိလဲ"
"ဘယ်မှ မသွားဘူး"
"ဟင်....အာ့ဆို ဘယ်မှာနေမှာလဲ....အိမ်မှာလား"
"အင်းလေ"
"Lunch ကရော....."
"ချက်စားမှာပေါ့"
"ချက်စားမယ်.....ဘေဘီ ချက်မှာလား"
"ဘာဖြစ်နေတာလဲ .....အိမ်မှာ ယုယ မရှိပါဘူးဆို ဘာလဲ ကျွန်မ မချက်လို့ ရှင်ချက်မှာလား"
"ပင်ပန်းနေမှာပေါ့ အပြင်မှာ ကိုယ်လိုက်ကျွေးမယ်လေ"
"No....no မလိုဘူး ရှင်သွားစရာ ရှိတာသွား"
"ကိုယ်က sunday ဆို နားနေကျ "
"ဟုတ်လား အာ့ဆိုလဲ နားပေါ့ "
"ကိုယ်လဲ ကူချက်ပေးမယ်လေ ဘာလုပ်ပေးရမလဲ"
"ရှင်တကယ် ကူချက်မှာလား ချက်တက်လို့လား"
"ချက်တော့ မချက်တက်ဘူးလေ ဒါမဲ့ ကြက်သွန် လောက်တော့ နွှာတက်ပါတယ်"
"ပီးရောလေ အာ့ဆိုလဲ ဒါစားပီး ရင် ချက်ကြတာပေါ့"
ကြက်သွန်တွေ နွှာလိုက် မျက်ရည်တွေ ကျလိုက်နဲ့ သူပုံစံကို ကြည့်ကာ မေယွန်း ဟာ ရယ် ချင်စိတ်ကို မနဲ ထိန်းချုပ် ထားရလေသည်။ပီးလျှင်လည်း ကြက်သွန် များ ဂျင်းများကို ငရုတ်ဆုံ ထဲ ထည့်ပီး ဆောင့်ကြောင့်ထိုင် ထောင်းနေတဲ့ သူပုံစံ ဟာ မိန်းမကြမ်း ကြီး တစ်ယောက်လို။
"ပီးပီ ဘေဘီ.....အမလေး....စပ်လိုက်တာ"
"အင်း....ထားခဲ့တော့ ကျွန်မ ပဲ ဆက်လုပ်လိုက်တော့မယ်"
သူဟာ ထားခဲ့တော့ ဆိုလဲ မထားခဲ့ပါ နောက်ကနေ တစ်ကောက်ကောက် ကူပေးဆဲပင် အားလုံး ချက်လို့ ပီးသွားသည်အထိ ဖြစ်တော့သည်။
"ပီးသွားပီကွ....."
"ရှင် ဗိုက်ဆာနေပီ လား"
"အင်း.....ဆာနေပီ"
"အွန်း...ကျွန်မ သိသားပဲ....."
"ဘေဘီရော...."
"စားမယ်လေ...."
"Ok....ကိုယ် ထမင်းထည့်လိုက်မယ် သွားထိုင်နေနော်"
သူ ထမင်းထည့်လာသော အခါ နှစ်ယောက်အတူ စားကြပီးနောက် မှာတော့ take me home သရဲကား ကြည်နေသော သူမ ကို သူက နေကြာစိ ခွာပေး သည်။ အာလူးကြော် စား ချင်ဖြင့် အချိန် ကုန်ဆုံး လေသည်။
သူဟာ ဇာတ်ကား ကြည့်နေရင်း မှ သူမ ကို ကြည့်မိလျှင် သူမ ဟာ ဆိုဖာကို မှီကာ အိပ်ပျော် နေချေပီ။ သူက ခေါင်းကို အသာ မ ပီး သူ့ ပုခုံး ပေါ် မှီ စေလိုက်သည်။
ဒီ အချိန်လေး ကို သူဟာ သေရမယ်ဆိုရင်တောင် လွှတ်မပေးချင် ။ ဖမ်းဆုတ် ထားလိုက် မိလေမည်။မင်းကို သိပ်ချစ်တယ် ဘေဘီရယ်။
#Lilac