Part 9

My husband is mafia
           အပိုင်း (၉)

"ဒုံး ဒုံး ဒုံး"

"ကိုကြီး တံခါးဖွင့် ပေး .....မေကြီး မေယွန်းကို အဲလိုမလုပ် ကြပါနဲ့ တံခါးဖွင့် ပေး ကြပါ....."

မေယွန်းဟာ အော်ဟစ်ခေါ်နေမိ သော်လည်း ဘယ်သူမှ တံခါးဖွင့် မပေးသည့် အဆုံး လူဟာ အခန်းတံခါးကို မှီကာ စိတ်ပျက်လက်ပျက် ထိုင်ချပစ်လိုက်သည်။ ဘာကြောင့်မေယွန်းကို အဲလောက်တောင် အဲလူကြီးနဲ့ပေးစားချင်နေတာလဲ မေယွန်းနားမလည် နိုင်ချေ။

ကိုကြီးဟာ မေယွန်းကို ကင်းနဲ့ တွေ့နေချိန် ဆွဲခေါ်လာပြီးထဲက အခန်းထဲ ထည့် ကာ lock ချ ထားသည် ဖြစ် ရာ အခုချိန်ထိ ပဲဖြစ်တော့သည်။

အိမ်ကလူတွေ မိနေသော မှိူင်းဟာ တော် တော် ကြီးလေသည်။

"ဂျောက်"

မှေးခနဲ အိပ်ပျော်သွားစ ကြားရသော ပြတင်းပေါက် မှန်တံခါး ဂျက်သံကြောင့် နိုးသွားပီး ကြည့် လိုက်မိ လျှင် မေးယွန်းကိုယ် ငေးကြည့်နေသော ကင်းကိုယ် တွေ့လိုက်ရသည်။ ထိုခဏ တွင် မွန်းကြပ် ပိတ်လှောင်နေသော စိတ်များ မှာ ရုတ်တရက် ဘာပြောရမှန်းမသိ အောင် လှိုက်ခနဲ ၀မ်းသာ ပျော်ရွှင် သွားရသည်၊

"ဘယ်လို လုပ်ပီး ဒီကို....."

"အဲဒါတွေ နောက် မှပြော ကိုယ့်နောက် ကို လိုက်ခဲ့မလား....
မင်းအကို က မင်းနဲ့ ကိုယ့် ကို လုံး၀ သဘောတူ မှာ မဟုတ်ဘူး အဲတော့......"

"လိုက်မယ်"

"ok လာ"

သူကမ်းပေးတဲ့ လက်ကိုမေယွန်းဟာ ဆုပ် ကိုင် လိုက်ရင် ပဲ ဘယ်ကမှန်း မသိသော အင်အား တစ်ခုကို ပိုင် ဆိုင်ရရှိ လိုက်လေသည်။ ok ဒီယုံကြည်မှု နဲ့ မေယွန်း ဆက်လျှောက်ချင်ပါသည်။

သူဟာ ၀ရံတာက တွယ်ဆင်းပီး အောက်ကနေ မေယွန်းကို ဆင်းဖို့ အချက်ပြ လျှင် မေယွန်းဟာ သူ ဆင်း သလို လိုက်ဆင်း ပီး သူက အောက်က ဖမ်း ထိန်းပေးလေသည်။

အောက်ရောက်လျှင်တော့ ဘယ်က ရောက်လာ မှန်းမသိသော သူ့လူတွေက အဆင်သင့် အပြင်မှာ စောင့် နေလေသည်။

"မင်းတို့ နောက်က စောင့်နေလိုက် ....."

"ဟုတ်ကဲ့ ဆရာ"

@@@@@@@@@@@@@@@@@

"ပျော်ရဲ့လား"

"အင်း.....ရှင် ဘယ်လိုလုပ် ဒီစိတ်ကူးရတာလဲ"

"မင်း ကို အဆုံးရှုံး မခံနိုင်လို့လေ"

သူက မေယွန်း ရဲ့ ပါးကို ကပ်နမ်းရင်း ပြောလေသည်။သူ နဲ့မေယွန်း ဟာ စလုံးကို သွားသော flight ပေါ် ရောက်နေချေပီ။

"ကိုပို......"

"မင်း သင်ပေးတာလေ ....ကိုယ့်လက်ကိုယ် တွဲပေးတာ ကျေးဇူးပါ"

"ကျမက ပြောရမှာပါ"

မေယွန်းက ထိုသို့ ပြောလိုက် လျှင် သူက မေယွန်း လက်တစ်ဖက်ကို ဆွဲယူ ကာ နမ်းလေသည်။

အချစ်ဆိုတာ ဘာလဲ မေယွန်း မသိပါ ။ သို့သော် မေယွန်း ရွေးချယ် မှုက မှန်လား မှားလား မေယွန်း မဆုံးဖြတ်တက်ပါ။ ဟိုလူ ကို မခံချင်သော အမုန်း တို့ဖြင့် လုပ်ခဲ့သော မေယွန်း လုပ်ရပ်ကိုယ် မေယွန်း မဝေခွဲ နိုင်သေး။

တောင်းပန်ပါတယ် ကိုကြီးနဲ့ မေကြီး ။မေယွန်း ကိုယ်ခွင့်လွှတ် ပါ။

ဓာတ်ပုံတွေ ရိုက်ကာ ပျော်ရွှင် နေကြသော universal studio ရှိ လူအုပ် ကြီးကို ကြည့် ကာ မေယွန်း ရဲ့ စိတ်တွေဟာ လက်ဆတ် ကြည်နူးမနေဘဲ တွေဝေငေးမော နေမိသည်မှာဘာကြောင့်များပါလိမ့် နော်......
မွန်းကျပ်မှုကို လွင့်ပြယ်စေပီး စွန့်စားမှုတွေနဲ့ ပျော်ရွှင် စရာကောင်းတယ်ဆိုပီး လူတိုင်းလက်ခံထားတဲ့ roller coaster ကလည်း မေယွန်း ရဲ့ ရင်ထဲက အပူကို မသက်သာစေခဲ့ပါ။

The lost World မှာတော့ သူနဲ့ အတူလှေစီး ကြပီး ဒိုင်နိုဆောများ ရူးပျံများကို တစ်ဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးများ ကြည့်ကြလျှင် သူက မေယွန်းကို ရင်ခွင်ထဲ နစ်၀င် ပျောက်သွားတော့ မတက်အောင် ဖက်ထားပေးသော်လည်း ဘုရားစူး တစ်စက်မှ ရင်မခုန်တာ ဘာကြောင့် များဘာလိမ့်....မေယွန်းဟာ ကင်းကို တကယ်ပဲ မချစ်ဖူးတဲ့လား......ဒါမှမဟုတ် ကိုကြီး ကိုယ့် စိတ်ပူနေသောစိတ်ကြောင့်လား ကိုကြီးရော....အဆင်ပြေနိုင်ပါ့မလား.......

"ငုံ မင်းကို ကြည့်ရတာ သိပ်မပျော်သလိုပဲ ဘာလို့လဲ နေမကောင်းဘူးလား"

"ပျော်ပါတယ် နေလည်းကောင်းပါတယ်"

"အင်း....ဒီဟော်တယ် က ဘူဖေးအရမ်းကောင်းတယ် များများစား europe အစားအစာကြိုက်လား....."

"ဟုတ်....."

"မနက်ကျရင် ဆန်တိုဆာ သွားမလား ကမ်းခြေအတု သွားရင်ကောင်းမယ် ထင်တယ်နော် ....ကိုယ်မရွေးတက်တော့ဘူး ငုံဘယ်သွားချင်လဲ...".

"ကို....မေယွန်းတို့ ရောက်နေတာ 2ရက်လောက် ရှိနေပီ ပြန်ရအောင်လေ....."

"ဘာလို့လဲ ငုံ...."

"ကိုကြီး အမှု ရင်ဆိုင်နေရတယ် တဲ့ "

"မင်း ဘယ်လိုသိတာလဲ......."

"မနက်က အိမ်ကို ph ဆက်ရင်း နဲ့ မေကြီး ပြောတာ....."

"မင်း ယုံလား....."

"ကို....ဘာကို ပြောချင်တာလဲ....".

"Sorry ကိုယ်ပြောချင်တာ မင်း ကို လိမ်ခေါ်တာကော မဖြစ်နိုင်ဘူးလား.....အခုလို အခြေအနေမှာ......"

"မဖြစ်နိုင်ဘူး..... မေယွန်း မေမေ မလိမ်တက်ဘူးဆိုတာ မေယွန်းသိတယ်......"

"ဟူးးးးးး......"

သူက သက်ပြင်းအသာ ချပီး လျှင် မေယွန်းကို အသာငေးစိုက် ကြည့်လေလျှင် မေယွန်းသူ့ အတွက်တော့ တကယ် စိတ်မကောင်းပါ သို့သော် တက်လည်းမတက်နိုင်လေရာ  နှုတ်ဆိတ်သာ နေမိတော့လေသည်။

"Ok.....ဒါမဲ့ ကတိ တစ်ခုတော့ပေးရမယ် ဟို ကိုပြန်ရောက်ရင် ကိုယ်နဲ့အရင် လက်ထက်စာချုပ်မှာ လက်မှတ်ထိုးရမယ် မင်းဟာ အခုချိန် မှာ အဆင်သင့် မဖြစ်သေးမှန်း ကိုယ့်သိတယ် ဒါမဲ့ ကိုယ် တို့ အဲလိုမှ လုပ်မထားဘဲ မင်းကို ပြန်လွှတ်လိုက်ရင် ကိုဆုံးရှုံးရလိမ့်မယ်......"

"ကျမ ကတိပေးပါတယ် "

"ကိုဟာ ဇိုးလောက်တော့ မချမ်းသာပေမဲ့ သူများထက် မနိမ့်တဲ့ အဆင့်အတန်းတစ်ခု မှာတော့ မင်းကိုထားနိုင်ပါတယ် ....."

"ကျမ....ကို့ကိုယ် ယုံပါတယ်"

"ကို....ticket သွား ဖြတ်လိုက်မယ်...."

မေယွန်း ဟာ ထွက်သွားသော သူ့ ကျောပြင်ကို ငေးဆိုက်ကြည့်ရင်းမှ နေပီးအိမ်သို့သာ စိတ်ကရောက်နေမိလေသည်။ကိုကြီး ဟာ မေယွန်းအတွက်အရာရာ တာ၀န်ကျေပေးခဲ့တာမို့ မေယွန်းဟာ လည်း ကိုကြီး ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်မနေနိုင် ချေ။
@@@@@@@@@@@@@@@@@@@@@

Yangon international airport ရောက်ချိန်မှာတော့ Arrival Hall လာကြို နေသော သူ့လူကို တွေ့ရလေသည်။

"ပျော်ခဲ့လား ကင်း"

သူက ခေါင်းအသာ ညိတ်ပြရင်းမှ .....

"ငါပြောထားတာ ရော....."

"ကား ပါကင် သွားရအောင်......"

ကား ပါကင်ရောက်လေလျှင် အမူအရာ ပျက်သွားသော ထိုသူ့ ပုံစံကြောင့် မေယွန်း စိတ်ထဲ တစ်မျိုး ဖြစ်လာရသည်။

"Sorry ကင်း....ငါ....."

ထိုသူ့စကား မှ မဆုံးသေး နောက် က သူ့ ပုခုံးကို ကိုင်လိုက်သော တစ်စုံတစ်ယောက်ကြောင့် စကားက တိခနဲ့ ပြတ်သွားသည်။မြင်လိုက်ရသော သူ က ဇိုး ပြီးတော့ အများကြီးဝိုင်းလာတာက သူ့လူတွေ.....

"မိုးလူ မင်း ငါ့ကို သစ္စာဖောက်တယ်....."

သူက မေးဆတ်ပြလိုက်လျှင်တော့ သူလူတွေ ဟာ ကင်းဆီ စုပြုံ ရောက်လာကြတော့သည်။ တစ်ယောက် နဲ့ အများ မို့ ဘယ်လောက်ပဲ လက်ရည်ကောင်းကောင်း နောက်ပိုင်းမှာ ကင်းခံပီသာ ဖြစ်သည်။

"တော်ပါတော့ ကျမ လိုက်ခဲ့ရင် ပီးရောမို့လား"

သူက အသာခေါင်းညိတ် ပြုံးပြပီး....

"တော်တော့.....ကင်း နောက်တစ်ခါ သူ့  အနားထပ်လာရင် မင်းဒီထက်ပိုနာမယ်....ကိုယ်တို့ သွားရအောင် ...."

သူ ဆွဲခေါ်လာသော ကားပေါ်တက်လိုက်သော်လည်း နောက်က အသာ ရပ်ကြည့်ကျန်ခဲ့သော ကင်း ကို ကားမှန်က မြင်ရလျှင် မေယွန်း စိတ်မကောင်းချေ။

"ကျွန်မ အကို က ဘယ်လိုဖြစ်လို့ တရား ရင်ဆိုင်ရတာလဲ ရှင်လုပ်တာမို့လား"

"ဟက်.....ကို က ဘာလို့ လုပ်ရမှာလဲ....လုပ်တယ်ဆိုရင်ရော ဘာလို့ လုပ်တယ်လို့ မင်းထင်လဲ"

"တောက်....သေချာတယ် ရှင်ပဲ ...."

"ဟား....ဟားးးးး....."

"ကျမ အကို ဘယ်မှာလဲ ...."

"ထောင်ထဲမှာလေ......"

"ဘာ...."

"ယွန်း.... ကို မင်း အကိုကိုယ် ကယ်လို့ ရတယ်ဆိုတာ မင်းသိပါတယ် ကယ်လဲ ကယ်ချင်တယ် တစ်ခုပဲ မင်း ကိုယ့်ဆီ လာရမယ်...."

"ဟက်....သူစိမ်းယောက်ျား တစ်ယောက်နဲ့ 2ရက်လောက် ပျောက်သွားတဲ့ ကျမ က အပျို စစ်နေလိမ့်မယ်လို့ ရှင်ထင်လား"

"ကိုဟာ မင်းထင် သလို တဏှာရှူးမဟုတ်ဘူးကွ မိန်းမတစ်ယောက် ကိုယ့်ဆီရောက်လာပီ ဆိုတိုင်း အဲဒီ မိန်းကလေး body ကို ပိုင်ဆိုင်ရဖို့ အရင် ကြိုးစားတဲ့ ယောက်ျားထဲမှာ ကိုယ်မပါဘူး...ကိုယ်ဟာ ရူးနေတယ်ဆိုရင်တောင် အဲဒါ မင်းကို ချစ်လို့ ....မင်း ဟာ အပျို ဖြစ်ဖြစ် အအိုဖြစ်ဖြစ် ကိုယ့်အတွက် အရေးမကြီးဘူး ....အဲဒါမင်းသဘောပေါက်ထား....."

"ကောင်းပီ ကိုကြီးကို ကယ်ပေး ရှင့်စိတ်တိုင်းကျ ဖြစ်စေရမယ်။ရှင့်ကို ချစ်လို့တော့ မဟုတ်ဘူး ကိုကြီးအတွက်...."

"မင်း ကိုယ့်ကို တစ်နေ့ ချစ်လာရမယ် မင်းရဲ့ အချစ်နဲ့ ကိုယ့်ရဲ့  ဆိုးသွမ်းမှု တွေ ပြု ပြင်ပေးတဲ့တစ်နေ့ မင်းရဲ့လက်နဲ့ ကိုယ့်ကို ထုဆစ်ပေး မဲ့နေ့ကိုယ် ကိုမျှော်လင့်နေမှာ ဘေဘီ....."

ဆုတောင်း ဘယ်တော့မှအဲဒီနေ့ မရှိစေရဘူး။

#Lilac

Comment