Part 13

My husband is mafia
အပိုင်း (၁၃)

"ဆရာ အပေးအယူ လုပ်တဲ့ နေရာ ရဲတွေ ရောက်လာတာ"

ဇေတိုး အမေးကို သူဟာ မျက်မှောင်ကြုပ်နေရာ မှ အသာခေါင်းညိတ်ပြလိုက်သည်။

"ဘယ်လိုဖြစ်သွားလဲ ဆရာ"

"အစိုးရ ဘက်က ငါတို့နဲ့ ပြသာနာ မရှိပေမဲ့ ကျားကြီး တို့နဲ့ ငါတို့ကတော့ ရန်သူ ဖြစ်သွားနိုင်တယ် အခုအတိုင်းဆို ငါတို့က သူတို့ကို ထောင်ချောက်ဆင် တယ်လို့ ထင်သွားနိုင်တယ်"

"ဆရာ ဘယ်လိုဖြစ်သွားတယ်လို့ ထင်လဲ"

စားပွဲ ပေါ် လက်နှစ်ဖက်ထောက် ပီး ခေါင်းငိုက်စိုက်ချ နေရာမှ သက်ပြင်းတစ်ချက်ချ ကာ ခေါင်းချမိသည်။ သူကိုယ်တိုင် အဖြေထုတ်လို့မရတာထက် ရလာတဲ့ အဖြေကို လက်မခံချင်တာပဲ ဖြစ်သည်။

"မင်းတို့ သွားတော့ ဇေတိုး နေခဲ့"

အားလုံးထွက်သွားတော့မှ....

"ထိုင်အုံး ကိုဇေ"

"ဘာလို့လဲ...ဆရာ ။"

"အခု တစ်ခေါက် ပြသာနာ ဖြစ်တာ ထူးဆန်းနေတယ် ပုံမှန် အတိုင်းဆို ဒီတစ်ခေါက် အပေးအယူလုပ်မဲ့ နေရာသိတာ ကျားကြီးနဲ့ ကျွန်တော် ပဲ။ ကျားကြီးကတော့ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ်ဘူး။"

"သိတဲ့ လူက နောက်တစ်ယောက်မရှိတော့ဘူး လား ဆရာ"

"ရှိသေးတယ်"

"ဘယ်သူလဲ....ဟို....ညီမလေးလား"

"ဟူး....."

လေပူမုတ်ထုတ်ကာ ခေါင်းညိတ်ပြလိုက်လျှင် ဇေတိုးက ရှူးရှူးရှဲ ရှဲဖြစ်သွားကာ နဲ့ ဝုန်းခနဲ ထရပ်လေသည်။

"တောက်....ဆရာ ကျွန်တော် တောင်းပန်ပါတယ် ငုံလေး မလုပ်သင့်ဘူးဗျာ ကျွန်တော် အခု သူ့ဆီသွားမယ်။"

"မသွားနဲ့ ဇေတိုး။ ထားလိုက်ပါ။"

"ဆရာ ဒါ မလုပ်သင့်တာ ကို လုပ်တာ မပြောလို့ မရဘူးလေ"

"ကျွန်တော့် ဘာသာ ပြောမယ်။ သူက အခု ကျွန့်တော့် မိန်းမ ပါ ။ ပြောစရာ ရှိရင် ကျွန်တော့် ဘာသာပဲ ပြောမယ်။"

"အင်းလေ။ အာ့ ဆိုလဲ ဆရာ ပြောဖြစ်အောင် ပြောလိုက်ပါ။"

မင်း မဟုတ်ဘူး မို့လား။ ဟုတ်နေရင်တောင် မဟုတ်ဖူးလို့ ပြောပေး စမ်းပါ ဘေဘီ။ဆုတောင်း တွေနဲ့ လူဟာ အိမ်ပြန် ရောက်လာချိန် ဧည့်ခန်း ဒရင်းဘက် ပေါ်မှာ အိပ်ပျော် နေတဲ့ သူမ ကို အမြင် ကိုယ့်လူတွေ ခြေသံကြောင့် နိုးသွားမည်ဆိုးသော ကြောင့် လက်ညှိုး ကိုယ် နှုတ်ခမ်းနား ကပ်ကာ တိုးတိုး ဆို လုပ်ပြပီး ပြန်ရန် ပြောလိုက်သည်။

@@@@@@@@@@@@@@@@@

မေယွန်း ဟာ ကင်းပြောသလို နေပီး သူ့အတွက် ပထမဆုံး ရိုက်ချက် ကို ကင်း အစီအမံ နဲ့ စတင်ခဲ့ သော်လည်း ဘာဖြစ်မည်ကို မသိသောကြောင့် ရင်တမမ နဲ့ သူဘာပြောမလဲ ဘယ်လိုပုံစံနဲ့ အိမ်ပြန် လာမလဲ သိချင်သည် ဖြစ်ရာ မနက်တဲက ဧည့်ခန်းက မခွာမိသေး။

သူတို့ကား တွေ ခြံထဲ၀င်လာတာမြင်လျှင်တော့ ဒရင်းဘက်ပေါ်မှာ အိပ်ချင်ယောင်ဆောင်နေ လိုက်သည်။သူတို့ဆီ က ဘာစကားတွေ ကြားရမလဲ မျှော်လင့်နေတဲ့ မေယွန်း ဟာ ရုတ်တရက် တိတ်ဆိတ် သွးသော အသံများကြောင့် ကြောင်သွားရသည်။

သို့သော် သူ့ ဆွတ်လေ့ရှိသော ရေမွှေးနံ့ကြောင့် မျက်စိတောင် မဖွင့်ရဲချေ။ ထို အနံ့ဟာ မေယွန်းနဲ့ ပိုနီးကပ်လာလေ အသက်ရှူ ဖို့တောင် မဝံရချေ ဖြစ်လာရသည်။သူဟာ မေယွန်း အနားရောက် လျှင် ဒူးထောက်ထိုင်လိုက်သလား မသိ သူ ထွက်လေ ၀င်လေ ဟာ မေယွန်း ပါးပြင် နဲ့ ထိလု နီးပါး ပင်။ရှင်...ဘာလုပ်မှာလဲ ဇိုး။

သူဟာ မေယွန်း ဆံပင်ကို အသာ သက်တင်ပေးသည် ပီးလျှင် မေယွန်း ကို ကျောပေးပီ ဒရင်းဘက်ကို မှီကာ ဒူးတစ်ဖက်ထောင်ပီး ခြေထောက် ဆင်းကာ ထိုင်ချလိုက်လေသည်။

"ကိုယ့် ကို မမုန်းလို့ မရဘူးလား ဘေဘီရယ်။ မင်း လိုချင်တယ်ဆို ကိုယ့် အသက်လည်း ပေးနိုင်တယ် စည်းစိမ် ချမ်းသာ တွေလည်း အားလုံး ပေးပစ်နိုင်တယ်။ ဒါမဲ့ ဘေဘီရယ် ကိုယ့်ကို မမုန်းပါနဲ့လား ကွာ...... ဒီနေ့ ဖြစ်ခဲ့ သမျှ မင်းလုပ်တယ် ဆိုတာ ကိုယ်သိတယ် သိနေပေမဲ့ ကိုယ်မင်းဆီက မလုပ်ဘူး ဆိုတဲ့ လိမ်ညာပြောတာကို ကြားရဖို့ ဆုတောင်းနေမိတယ်။ သေချာတာတော့ မင်းကြောင့် ကိုယ် ရူးနေပီထင်တယ်ကွာ။မင်းသိလား ကိုယ်ရူးနေပီ။ မင်းကိုယ့် ကို မချစ်မှန်း သိသိကြီး နဲ့ မင်း ကို အနား ခေါ်ထားမိထဲက ဒဏ်ရာထဲ အပ်ဆိုက် မိနေမှန်း ကိုယ်သိတယ် .... သိ သိရက်နဲ့ ရူးနေတာ... ကိုယ်ဟာ အေက်တန်းကျ တဲ့ ကောင် ဖြစ်နေပီ ထင်တယ်။မင်း မမှားပါဘူး မှားနေတာကိုယ်....ဒါမဲ့ မျှော်လင့်နေချင်မိတယ် ဘေဘီရယ်။"

သူရင်ဖွင့် နေတာလား သူဘာလို့ ဒါတွေ လာပြောနေတာလဲ မေယွန်းကရော ဘာဖြစ်နေတာလဲ ရင်ခုန်သလိုလို ကျေနပ်မိ နေသလိုလို နဲ့ ။ အဲ... သူက ထလာပီး မေယွန်း ကို ပွေ့ချီ လိုက်လျှင် မေယွန်း ဟာ ဆက်ခနဲတော့ ဖြစ်သွားသည်ထင်သည်။

သူ့ရင်ခွင် ဟာ ကျယ်ပီး နွေးထွေးလိုက်တာ.... သူရဲ့ နှလုံးခုန်သံ တစ်ဒုံး ဒုံး က သာယာစွာ မေယွန်း ကို ချော့သိပ်နေသည့်အလား။ ခုတင်ပေါ် အသာ ချ ပီး စောင်ခြုံ ပေးပီးနောက် မေယွန်း ဘေးမှာ ထိုင်လိုက်ပီး မေယွန်း ကို သူငေးကြည့်နေသည်ပဲ။ အိုး ...ရင်ခုန်လိုက်တာ ကင်း နဲ့ တောင် ရင်မခုန်ဖူးချေ။ ရင်မခုန်ဖူးဆို မေယွန်း ဟာ သူ ထင်သလို မှ မဟုတ်တာ။ခုထိ အပျို စစ်စစ် ဖြစ်နေဆဲ ပဲလေ။

မေယွန်း မှားနေပီလား ။ ကိုယ့်ချစ်တဲ့ မိန်းမ တစ်ယောက် ကို ပိုင်ဆိုင်ဖို့ ကြိုးစား မိတာ သူ့ အပြစ်မှ မဟုတ်တာပဲလေ။ ကာမပိုင် ယောက်ျား ရှိ ရဲ့ နဲ့ မဖြစ်သင့်တာတွေ လုပ်နေမိတာ မေယွန်း လေ။
သူထွက်သွား လျှင် သူ့ကျောပြင်ကို ကြည့်ကာ လွှင့်ဆင့်သွားသော မျက်ရည်တစ်ပေါက်က ခေါင်းအုံးထက်ဆီ သို့။ ရှင် ကျမကို အဲ့လောက်တောင် ချစ်သတဲ့ လား ဇိုးရယ်  မဟုတ်ဘူး ကိုကိုရယ်။ကျမ  က ကိုကို့ အတွက်မတန် တဲ့ မိန်းမ တစ်ယောက်ပါ။

ကုတင်ပေါ် ထထိုင်လိုက်ပီး မျက်ရည်သုတ် လိုက်မိသည်။ ကားသံကြားလို့ အောက်ဆင်းလာမိတော့ ကိုကို ကိုယ့် မတွေ့တော့ ။

"မမလေး ဘာလို ချင်လို့လဲ"

"ကိုကို....ဇိုးရော။"

"ဆရာ အခုပဲ အပြင်ထွက်သွားပါတယ် မမလေး"

"ဟုတ်လား "

"ဟုတ်...ယုယ ဘာလုပ်ပေးရမလဲဟင်"

"ရပီး ဒါနဲ့ အ၀တ်တွေက....."

"ဆရာ့ အ၀တ်တွေပါ မီးပူတိုက်မလို့"

"ကျွန်မ ကိုပေး "

"ရှင်"

"ကျွန်မ တိုက်လိုက်မယ်..."

"ဟုတ်...ကဲ့ မမလေး"

အကူကောင်မလေး က မေယွန်း အပြောကြောင့် ကြောင် နေပီ ထင်သည်။ အင်းလေ မေယွန်း က အရင်က ဆို သူနဲ့ ပတ်သပ်သမျှ ဆို ကိုင်ကြည့်ဖို့နေနေသာသာ မျက်လုံးနဲ့တောင် လှန်မကြည့်ခဲ့ဖူးချေ။

မေယွန်းဟာ သူ့အ၀တ်တွေ  မီးပူတိုက်ပီး  နောက် ph ဖွင့်ပီး fb သုံးနေမိတာ နာရီကြည့်လိုက်လျှင် တော့ ၁၀ နာရီ ထိုးနေချေပီ ။ သူဘာလုပ်နေပါလိမ့် အရင်ကဆို ဒီလောက်နောက်မကျ တက်ချေ အလွန်ဆုံး ၇ နာရီ နောက်အကျ ဆုံး အိမ်ပြန်လာ တက်သည် သူမို့လား။ တစ်ခုခု ဖြစ်နေပြီးလား မသိချေ။

မေယွန်း ဟာ သူကိုယ် စိတ်ပူပီး ထိုင်ရမလို ထရမလို ဖြစ်နေချိန် ကြားလိုက်ရသော ကားဟွန်းသံကြောင့် လူက ပျှော်ရွှင် သွားရကာ အောက်ကို ဆင်းလာခဲ့သည်။

တံခါး မဖွင့်ရသေးပုံထောက်လျှင် ယုယ အိပ်ပျော် နေပီ ထင်သည်။ မေယွန်း ဟာ သော့ ယူပီး တံခါးသွားဖွင့် ပီးလျှင် သူက ကားကို ခြံထဲ မောင်း၀င်ပီး မေယွန်း ခြံတံခါး ပိတ်ပီးချိန်အထိ သူက ကားပေါ်က ဆင်းမလာသေးချေ။

မေယွန်းဟာ သူ့ကားဘေးမှာ ရပ်ပီး မှန်ခေါက်လိုက်မှ သူက တံခါးဖွင့် ကာဆင်းလာသော်လည်း ပုံမှန် မဟုတ်ချေ။ မေယွန်းဘက် ယိုင်လဲကျ လာတဲ့ သူ့ကိုယ် ကြီး ကိုယ် ထိန်းလိုက်တော့ အရက်နံ့ ကထွက်လာသည်။

"ကိုကို.... သတိထားပါအုံး။"

မေယွန်း ဟာ ထိန်းထားသော်လည်း သူဟာ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ မြက်ခင်း ပေါ် ပက်လက်ကြီး လဲကျသွားမှ ခြံမှာ ထွန်းထားတဲ့ နီယွန် မီးပျပျ မှာ မြင်လိုက်ရသည်က သူ့ရဲ့ ဘယ်ဘက် ခါးစပ် မှသွေးကွက်ကြီး။ ထိုသွေးကွက်ကြီးက ရှပ်အင်္ကျီ အဖြူ မှာ ထင်းခနဲ့။

ဘုရား....ဘုရား ကိုကို....ကိုကို...ဘာမှ မဖြစ်ပါစေနဲ့။

မေယွန်းဟာ သူ ဒဏ်ရာကို ဆေးကြောသန့်စင်ပေးရင်း မျက်ရည်က တစ်စက်ပီး တစ်စက်ကျလာရသည်။ မေယွန်းဟာ သူ့ကို အခုလို မြင်ရမှ ကိုယ်သူ့ ကို ဘယ်လောက်ချစ်မိ နေပီ ဆိုတာ သိလာရတာ ဖြစ်သည်။ ဆေးထည့်ပတ်တီး စည်းပေးချိန် သူက သတိရလာလေသည်။

"ဘေဘီ"

"ဆေးရုံ သွားရမှာမို့လား ။"

"နည်းနည်း ရှပ်....ထိသွား..တာပါ။ ကိုယ်မူး.... နေလို့ ။ဆေးရုံ သွားရင် နောက်ပိုင်းတွေ ရှုပ်.... ကျွတ်...ကုန်လိမ့်မယ်"

"စကား မပြောနဲ့တော့ "

"ဘေဘီ...ငိုနေတာလား"

မေယွန်း ဟာ ဘာမှ မပြောလျှင် သူဟာ မေယွန်း မျက်ရည် ကို သုတ်ပေးဖို့ လက်ပြင်သည်ကို မေယွန်းဟာ  အသုတ် မခံတော့ဘဲ သူလက်ကို   ဆွဲယူလိုက်ပီး လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ကာ မေယွန်းအပြောကြောင့် သူဟာ ကျေနပ်စွာ ခေါင်းညိတ်ပီး ပြုံးပြလေသည်။

"ကျွန်မ အပေါ် အရမ်းချစ်ပေးခဲ့တဲ့ ယောက်ျား တစ်ယောက်အတွက် ကျွန်မ ဒီလောက်တော့ ငိုပါရစေ။"

#Lilac

Comment