Part2

My husband is mefia
အပိုင်း (2)
(Mini fic)

"ဟယ်လို"
"ဟဲ့ မေယွန်းမ ....နင်ဘယ်ရောက်နေပီလဲ"

ဖုန်းထဲ ရှိ သူငယ်ချင်း ဖြစ်သူ ပိုးသူ ရဲ့ အသံ ဟာ ဒေါသ ကြောင့် ကျယ်လောင် စူးရှ နေသည်။

"ရောက်နေပါပီ ပိုးသူ ရယ် လှေကားတက်ပီးလာနေပီ"
"အေး...မိန်းမစုတ် တွေ့ မှ သတ်မယ် ဒါပဲ"

ပိုးသူ ဆိုသော မေယွန်းရဲ့ သူငယ်ချင်းက ဒေါသထွက်ကာ ph ချသွားမှ မေယွန်းက လှေကားကို အပြေးအလွှားတက်ရတော့သည်။

မေယွန်း ဟာ ပိုးသူ နဲ့ ချိန်းထားသည်မှာ မနက် 8နာရီ ခွဲ ဖြစ်သော်ငြား အိပ်ပုတ်ကြီးသော ထုံးစံ အတိုင်း 10 နာရီ ထိုးခါ နီး မှ ရောက်လာတာ ဖြစ်သည်။ဒါတောင် ပိုးသူ က ညက အထပ်ထပ်အခါခါ သတိပေး စကား ပြောထား ခဲ့တာ လည်း ဖြစ်သေးသည်။

မေယွန်း သူငယ်ချင်း ပိုးသူ တစ်ယောက် အတော့်ကို စိတ်ဆိုးနေချေတော့မည်။

အကြောင်းမှာ သူမရဲ့ ချစ်လှစွာသော ရည်းစားနဲ့ ဆက်ချိန်းထားသေးရာ မေယွန်းက လိုက်ပေးရပေမည်။ခုတော့ မေယွန်း ရဲ့ အချိန်မလေးစား မှု၊ အိမ်ပုတ်ကြီး မှုကြောင့် အားလုံးလွဲကုန်ချေပီ။

မေယွန်းဟာ ထို အတွေး များ ဖြင့် လှေကားကို ဇောတစ်ခု ဖြင့် ပြေးတက်လာရာ အပေါ်မှ အရှိန်နဲ့ ပြေးဆင်းလာသော လူနဲ့ အင့်ခနဲ့ နေအောင်ကို အရှိန်ပြင်းပြင်း ပုခုံး ချင်း ပြေးတိုက်မိသွားတော့သည်။သူရော မေယွန်းရော ဟာ လှေကားမှ တလိန့်ခေါက်ကွေး ကို ပြု တ်ကျသွားလေသည်။

တော်သေးသည်က တစ်ထပ်ဆီ တံတောင်ဆစ်ချိုးလို အကွေ့ ပါသည့် လှေကား တွေ မို့ 7ထပ်လုံး တစ်ဆက်ထဲ ဆိုလို့ကတော့ တွေး ကြည့် ရင်း နဲ့တောင် မသက်သာ။

"အား...."
"အမလေး....သေပါပီ"
နှစ်ယောက်လုံး ချက်ခြင်းဆို သလို အလူးအလဲ ထထိုင်ကာ ပွန်းပဲ့ သောဒဏ်ရာ များကြည့်ပီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်လျှင်.....

"ဟ....မင်း"
"ဟင်...ရှင်"

နှစ်ယောက် ပြိုင်တူ အသံထွက်လာလေသည်။ရုပ်ချော သလောက် ကြီးကျယ်တဲ့ ဘီးကျဲ။

"ဘယ်လို ဖြစ်တာလဲ"
"ဘယ်လို ဖြစ်တာလဲ"

နောက်တစ်ခါလည်း ပြိုင်တူပင်။သူက စိတ်ရှုပ်ထွေးစွာ သက်ပြင်းချစဉ် အပေါ်က လူတွေ တစ်ပြုံ ကြီး ဆင်းလာကြတဲ့ တအုံးအုံး အသံ တွေ ကို ကြားလိုက်ရတာ ကြောင့် သူဟာ သူမ ကို ဘာမှ မပြောနိုင်တော့ဘဲ အလျှင်အမြန် ထကာ ပြေးထွက်သွားတော့သည်။

ဒီလူ ဘာလဲဟ။ဟိုလူအုပ်က မေယွန်းကို တစ်ချက်ကြည့်ကာ သူ့နောက် ပြေးလိုက်သွားကြလေသည်။

"အိုး.....ငါဒီနေ့ ကံဆိုးတာပဲ နာလိုက်တာကွာ....ကျွတ်....ကျွတ်"

မေယွန်းဟာ တစ်ယောက်ထဲ အသာရေရွတ် ရင်း အပေါ်ဆက်တက်ဖို့ ပြင်လျှင် ph လေး တစ်လုံးကို လှေကား ထောင့်မှာ တွေ့လိုက်လေသည်။ဟို ဘီးကျဲ ပြုတ်ကျခဲ့တာ ဖြစ်လောက်သည်။မေယွန်းဟာ ကောက်ကိုင်ကြည့် ကာ မိန်းမ သဘာဝ စပ်စု လိုက်သည်။
iPhone 15 pro max ကလေး ပဲ။ ခဲရောင် ph လေး ကို သဘောတကျ လှည့်ပတ် ကြည့်လိုက်ရင်း အမှုမဲ့၊ အမှတ်မဲ့ ဘေးလွယ်အိတ် ထဲ ကို ထည့်ထားလိုက်သည်။

ဒီလူ ph ပျောက်မှန်းသိ ရင် တော့ သူမ ဆီ ပြန်ဆက်သွယ် လာပေလိမ့်မည်။စိတ်ထဲ ကနေလည်း  ဒီတော့ မှ ပြန်ပေး ရုံပေါ့ ဟု ခပ်ပေါ့ပေါ့သာ တွေး လိုက်သည်။

"ဟဲ့ မေယွန်းမ ဘာလုပ်နေတာလဲ လှေကားကို ရေ...တက် နေတာလား ?အမလေး တစ်ခါ မှ လှေကား ကို မမြင်ဖူး မတက်ဖူးတဲ့ အတိုင်းပဲ"

မေယွန်းဟာ သူ့ ph ကို အိတ်ထဲ ထည့်လိုက်ပီး.....

"ဟုတ်ပါဘူးဟယ် ငါ လှေကားပေါ် က ပြုတ်ကျလို့ "

ထိုအခါ မှ မေယွန်း ရဲ့ သနားစဖွယ် ငိုမဲ့မဲ့ အသံ ကြောင့် မေယွန်း သူငယ်ချင်း ပိုးသူ ဟာ စိုးရိမ် တကြီး ပုံစံ ဖြင့် မေယွန်း ကို လာတွဲ ကူ တော့သည်။

"ဟယ်.....မေယွန်း နင်ဟာလေ....ဘာဖြစ်သွားသေးလဲ"

"နည်းနည်း ပွန်းသွားတာ ဘာမှ မဖြစ်ပါဘူး"

"ကဲ....ကဲ လာ ငါ ဆေးထည့် ပေးမယ် အပေါ် ရောက်မှ"

ပိုးသူ ဟာ မေယွန်း ကို စိတ်ဆိုးရခက် ဒေါသထွက်ရ ခက် မျက်နှာ နှင့်လာ တွဲ လေသည်။မေယွန်းဟာ ကိုယ်တိုင် လှေကား က ပြုတ်ကျ သည့် အရှိန်ဖြင့် ထော့နဲ့ ထော့နဲ့ လမ်းလျော့ နေ ရသည် ကို ပင်  အခုချိန်မှာ ဆေးထည့်ဖို့ထက် သူ့ ph ကို သာ စိတ်ဝင်စားနေလေသည်။

မိန်းမ ဆိုသည့် အမျိုးမှာ စပ်စု ရမည်ဆိုလျှင် ထမင်းမေ့ ဟင်းမဲ့ ဆို တဲ့ အမျိုး မဟုတ်လား။

ပိုးသူ ဟာ မေယွန်း ကို သူ ရည်းစား ရှိရာဆီ မလိုက်ခိုင်းတော့ဘဲ အိမ်သို့သာ ပြန်ပို့ ပေးလေသည်။ မေယွန်းဟာအိမ်ရောက်လျှင် သူ့ ph ကို စပ်စု ကြည့် သည်။ မဖြစ်နိုင်မှန်း သိသော်လည်း password ကို သုည တွေ ချည်း လျှောက်ထည့် ကြည့်လိုက်သည်။ ထူးဆန်းစွာ ph က ပွင့်သွား လေသည်။

မေယွန်း မျက်ခုံး များ သဘောတကျ ပင့် သွား ကာ သူ့ ph ကို တစ်ချက် ပတ်မွှေ ကြည့် လိုက်သေးသည်။ သူ့ ph gallery ထဲမှာဓာတ်ပုံ အများကြီး ဖြစ်သော်လည်း သူ့ ပုံတော့ တစ်ပုံမှ မပါချေ ။ စိန်၊ ကျောက်စိမ်းတုံး ၊ ပတ္တမြား စသည့် ပုံ များသာ တွေ့ရလေသည်။

ကောင်မလေး ပုံလဲ မရှိ။ သူ့ ပုံ လည်း မရှိ။သူဟာ ဘယ်လို ကြီးမှန်းလည်းမသိချေ။
ထို အချိန် တွင် သူ့ ph ရှိ mobile bank app သို့ ချက်လက်မှတ် ဖြင့် ပိုက်ဆံ ဝင်လာလေသည်။ထို အရာ ကို bank က message ဖြင့် အသိပေးပို့ လာသည်။

"ခု,ဆယ်,ရာ,ထောင်,သောင်း,သိန်း,သန်း,ကုဋေ"

ကုဋေ နောက်က ဟာ တွေ ဘယ်လို မှတ်ရမှာပါလိမ့် မေယွန်း မရေ တက်တော့။ဟင်... ဘာတွေလဲ ကွာ။

ခေါင်းရှုပ်စရာ ဆို ရင် စိတ်မဝင်စား တက် တော့သည့် မေယွန်း တစ်ယောက် သူ့ ph ထဲမှာ ဘာမှ စိတ်ဝင်စား စရာ မတွေ့ သော အခါ ပျင်းလာလေသည်။

ကိုယ့်ဘာသာ TikTok ကြည့်တော့ မည့် အတွေး ဖြင့် ကုတင်ပေါ် လဲ ကာ ခေါင်းခြုံ လိုက်ရုံ ရှိသေး....

"တီ..တီဒိတီ....တိတိ....တီ..တီဒိတီ....တိတိ"
ဟင်....မေယွန်း ph က Samsung ပါ ဘယ်က iphone tone သံပါလိမ့် ဟု တွေ့လိုက်မိသေးသည်။

မေယွန်းဟာ ပိုးသူ ph များကိုယ့် အထဲ ပါလာလား စဉ်းစားလိုက်သေးသည်။ပီးမှ.....စောန လေး က မှ စပ်စုထားသော ဟိုလူ့ph ကို သတိရမိကာ ကိုယ့် နဖူး ကို ဖျန်းခနဲ ပိတ်ရိုက်မိသွားသည်။

မေယွန်းငုံ ဆိုတဲ့ သူမဟာ အဲဒီလို ရှပ်ပြာ ရှပ်ပြာ နှင့် ပြာကလက်စိန်မ လေး ဖြစ် လေသည်။

ဘာ ဆို ဘာ မှ လည်း အလေး အနက်မရှိ။
တစ်နေ့ သေ ရမည့် ဘဝ ကြီး မှာ မသေခင် ပျော်ပျော်နေမည် ဟူသော အတွေး ဖြင့်
အရာရာ ကလေး ဆန်ဆန် ခပ်လွယ်လွယ် သာ တွေး တက်သူ။

သူမ ကြိုက်သည့် မုန့် သာ စား ရ မည်၊ အဖော်သာ ကောင်းသည် ဆို လျှင် ငရဲ ထိ ပျော်ပျော် ကြီး လိုက်ရဲ သည် ဆို တဲ့ မိန်းကလေး မျိုး ဖြစ်သည်။

အမေ နဲ့ အကို သာ ရှိသည့် ဘဝ မှာ အမေ က ဆူ လျှင် အကို က ကာ ပေး တက်ပြီး မဆူရက် ၊ မပြောရက် သူမ အလိုကို လိုက် ကာ အကြိုက်ဆောင် တက်သည့် အကို ကြီး ရှိနေတာ ကို က သူမ အတွက် တောင် ကြီး တစ်လုံး လို အားကိုး စရာ ရယ်လို့ ဖြစ် နေခဲ့ လေသည်။

အတွေး တွေ နဲ့ ယောက်ယက်ခတ် ကာ မကိုင်မိလိုက်တာ ကြောင့် တစ်ဖက်က လည်း သူမ မကိုင်မချင်း ခေါ် မည့်ပုံ ဖြင့် ph က နောက်တစ်ကြိမ် ထပ်ဝင်လာသည်။ ဒီတစ်ခါ တော့ သူမ က ခပ်မြန်မြန် ကလေး ကိုင်လိုက်ပါသည်။

"ဟယ်လို"

"ဟိတ် ... ချာတိတ် ငါ Ph ပြန်လိုချင်တယ်။ မင်း ကို တန်ရာတန်ကြေး ပေးမယ်"

အမယ်... ကြီးကျယ်တဲ့ ဘီးကျဲ ဟာ ထိုကဲ့သို့ တင်စီး တက် သေးသည်။ မေယွန်း တစ်ယောက် ချက်ခြင်း ဆိုသလို ရှူးရှူးရှဲရှဲ ဒေါသ ထွက် လာ ရသည်။

"ဘာ....ဒီမှာ ဘီးကျဲ... ရှင်စကားပြောတာ ရင့်လှချည်လား"

"ဒီမှာ.....မင်း နေ့လည်က တိုက်မိတဲ့ တစ်ယောက်မို့လား မင်းကို ငါတစ်ခါ ကူညီ ပေးဖူးတယ်လေ ငါ အတွက်အာ့ ph က အရေးကြီးတယ် ၊မင်းလိုချင်သလောက် ပေးမယ်"

ပြောလေ ကဲလေ၊ မန်းလေ ပြဲလေ ဘီးကျဲ ကို မေးယွန်း တစ်ယောက် စိတ်ရှိလက်ရှိ ပြေးကိုက် ပစ်ချင်လာသည်။

"တောက်.....ရှင် ပိုက်ဆံ သိပ် ချမ်းသာမှန်းသိတယ်။ ဒါပေမဲ့ အဲဒါ ရှင့်ကိစ္စ ကျွန်မ ကိစ္စ မဟုတ်ဘူး၊ ကျွန်မ နဲ့ လည်း မဆိုင်ဘူး။ ကျွန်မ လည်း ရှင့် ပိုက်ဆံ ကို တစ်ပြား တစ်ချပ် မှ သုံးနေတာ မဟုတ်ဘူး။ လူကို လူလို ဆက်ဆံ။လူ ကြားထဲမှာနေရင် လူလို့ ပြောတက်အောင် သင်။ သိပ် ဘဝင် လေဟပ် ပြီး ကြီးကျယ် မနေနဲ့ "

"ကျွတ်....ကဲဟုတ်ပီ။ ငါ ph ပြန်လိုချင်တယ် အဲတော့ ဘာလုပ်ပေးရမလဲ"

"ဘာမှ လုပ်ပေးစရာ မလိုဘူး။ အေး .....ဒါပေမဲ့ ရှင် ကူညီပေးဖူး တဲ့ အကြွေး ကျေပီ လို့ မှတ် လိုက်။မနက်ဖြန် ကျွန်မ ရင်ပြင် မှာမနက်ပိုင်း ရှိမယ် လာယူ"

"အေး...ပြီးတာပဲ ငါ ...မနက် ph ပြန်ဆက်မယ်"

မေယွန်းက သူ ပြော ပြီးပြီး ချင်း ph ကို အရင် ချပစ်လိုက်သည်။

တောက်.....အမြင်ကပ်ကပ် နဲ့ internal restart ချပစ်လိုက်လို့ ကတော့ မကောင်း ရှိမည်ဟု တွေး မိသေးသည်၊ ပြီး မှ သူ့ ph က iPhone ကြီး ဆိုတော့ I cloud ထဲ အေးဆေး ပြန်ယူ ရုံ သာ။

မေယွန်း ရဲ့ ခပ်ညစ်ညစ် ကလေး အတွေး ဟာ တကယ် တမ်း ဘယ်လို မှ အဆင်မပြေ နိုင်ပါ၊ မကျေနပ်သည့် ဒေါသ ကို အတင်း ဖြေဖျောက်နေ ရ ရင်း စိတ်တွေ က မကြည်လင်တော့။

ဟွန်း..ကြီးကျယ်လိုက်တဲ့ ဘီးကျဲစုတ် ကြီး....
ရှင်ကြီး ဘာလုပ်လုပ် ကံဆိုး ပါစေ။

#Lilac

Comment