End

My husband is mafia
End

အိပ်စက် ခြင်း မှ နိုးထလာသည် နှင့် မေယွန်း ခေါင်း တစ်ခု လုံး ရီဝေ နောက်ကျိ နေခဲ့သည်။
အိပ်ရာ ပြင်ထက် အိပ်ပျော်နေသည် မှာ မေယွန်း တစ်ယောက်ထဲ။

သူ ဟာ မေယွန်း အပေါ် တကယ် ကြီး အေးစက် နေသော အခါ မေယွန်း စိတ်ထဲ မဖော်ပြတက်အောင် ဝမ်းနည်း လာ ရတော့သည်။

ထိုအချိန်မှာ ပင် ယုယ ဆိုသည့် အိမ်အကူ ကောင်မလေး က အခန်း တံခါး ခေါက် ကာ ဝင်လာ ခဲ့သည်။

"လန်း သွား အောင် ပျားသံပုရာရည် လေး သောက် ပါ အုံး မမ လေး"

"ကျေးဇူးပါ ယုယ"

"အဟီး ရပါတယ် မမလေး ရဲ့ ဆရာ က နင့် အမ အတွက် ဖျော်ပေးလိုက် လို့  ခိုင်း လို့ ဖျော်ပေး တာ ပါ"

မေယွန်း ပျားသံပုရာဖျော်ရည် အေးအေး လေး ကို သောက်ရင်း ပြုံး လိုက်မိတယ်။

ကိုကို က မေယွန်း ကို စိတ်တော့ ပူ သေး သားဘဲ။

"သူ အခု ဘယ်မှာလဲ"

"အလုပ်ခန်း ထဲ မှာ မမလေး"

မေယွန်း အိပ်ရာ ပေါ် က ထလိုက်ပြီး သူ ရှိရာ စာကြည့်ခန်း ဆီ အမြန် သွားလိုက်တယ်။
မှောင်ပိတ်နေတဲ့ အခန်း ထဲ မှာ ထိုင် ပြီး အရက်သောက် နေတဲ့ သူ့ ကို မြင်လိုက်ရတာ ကြောင့် မေယွန်း စိတ်တွေထူပူ သွားခဲ့တယ်။
ထို့ကြောင့် သူ့ဆီ အလျှင်အမြန် သွား လိုက်ပြီး သူ့လက်ထဲ က အရက် ခွက် ကို ပြေး လု လိုက်တယ်။

"လာပြန် ပြီ၊"

သူက စိတ်ပျက်လက်ပျက် ညီးညူတယ်။

"ကိုကို အရက်မသောက်ရဘူး"

"ငါ့ ပါးစပ် နဲ့ ငါ သောက်တာကွ၊ သောက်တော့ ဘာဖြစ်လဲ"

"ကိုကို မကျန်းမာ သေးဘူးလေ"

"မင်း အပူ မပါဘူး"

"ကိုကို ခုလို တွေ လုပ်နေတာ မေယွန်း ကို ကိုကို့အနား မှာ မနေစေချင်လို့ မို့လား"

သူက အေးတိအေးစက် ကြည့် ပြီး ခပ်မဲ့မဲ့ ရယ်တယ်။

"သိပ်ဟုတ်တာပေါ့... ငါ့ အနား မှာ မင်း ကို မနေ စေ ချင်ဘူး၊ မင်း ကို မှ မဟုတ်ဘူး၊ ဘယ်သူ့ ကို မှ မနေစေချင်ဘူး ဟုတ်ပီလား"

"ဘာလို့လဲ၊ ဘာလို့ မနေစေချင်တာလဲ"

"အဟွန်း... ဘာလို့လဲ ဟုတ်လား... နေစမ်းပါဦး၊ ငါ့ကို မေးခွန်း တွေ မမေးခင် မင်း ကို ငါ အရင် မေး မယ်၊ မင်း က ရော ဘာလို့ ငါ့ဆီ ပြန်လာတာလဲ"

"ကိုကို က မေယွန်း ယောကျ်ားလေ၊ မေယွန်း ကိုကိုဆီ ပြန်လာတာ မှားနေတာလား"

"ယောကျ်ား ဟုတ်လား၊ အဟား... ဘာလဲ လူကြားကောင်း အောင် လျှောက်ပြော မနေစမ်းပါနဲ့၊ ပိုက်ဆံ က လည်း ရှိ တယ်၊ ဘာမှ လည်း မစွမ်းဆောင် နိုင်တော့တဲ့ ဒုက္ခိတ ကလည်း ဖြစ် သွား ပြီ ဆိုတော့ အရာရာ မင်းခြေ မင်းလက် ခြယ်လှယ် လို့ ရပြီ ဆိုပြီး မင်း ဒီအိမ် ကို ပြန် ဝင်လာတာ၊ ဟိုကောင် ကင်း နဲ့ အတူ မင်း တို့ အစီအစဥ် တွေ ဆွဲလာ တာ ငါ မသိဘူး များ ထင်နေလား"

ဘာတွေ...သူ ဘာစကား တွေ ပြော နေတာလဲ?
ရုတ်တရက် မေယွန်း နားမလည် နိုင် စွာ ကြောင်အ နေ မိတယ်။

"မင်း က ငါ့ကို ငတုံး ထင် နေပေမဲ့ ၊ ငါ အဲလောက်ထိ မအ ဘူး ကွ၊ အဲလောက်ထိ လည်း နွား မကျဘူး"

"လူကြီး ရှင်... ဘာတွေ ဘာတွေ ပြော နေတာ လဲ၊ ဘာ နွား လည်း၊ ဘာ ကို ခြယ်လှယ် ရမှာလဲ၊ ရှင် ထင်သလို အကြံအစည် မျိုး မေယွန်း ဆီမှာ လုံးဝ မရှိဘူး"

"ငါ ဟိုတစ်ခါ ဒုက္ခရောက် အောင်လည်း မင်း ကင်း ဆီ ကို သတင်း ပို့ခဲ့တာ၊ အခု ငါ ဒုက္ခိတ ဖြစ်ရတာ လည်း မင်း နဲ့ ဟိုကောင့် အကြံအစည် တွေ ကြောင့် မဟုတ်ပါဘူး လို မင်း ငြင်း မလား၊ မင်း ငြင်း နိုင်လား"

မေယွန်း သွေးပျက် မတက် သူ ကို ငေးကြည့် ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျ လာခဲ့တယ်။သူ အနား တိုး ကပ် ကာ ဝှီးချဲ ရှေ့ ဒူးတုပ် ထိုင်လိုက်ရင်း သူ့ လက်တွေ ကို တောင်းပန်တိုးလျို့ သည့် အနေ ဖြင့် ဆုပ်ကိုင် လိုက်မိတယ်။သူက ဆတ်ခနဲ့ မေယွန်း လက်တွေ ထဲ က ရုန်းထွက် သွား တာကြောင့် မေယွန်း ပိုပြီး ဝမ်းနည်း စွာ ရှိုက်ကြီးတငင် ငို မိတယ်။

"မှားပါတယ် ကိုကို၊ မေယွန်း မှားခဲ့ပါတယ်၊ ဟုတ်ပါတယ်၊ ကိုကို့ ကိုယ် မေယွန်း ဒုက္ခတွေ အများကြီး ပေး ခဲ့ မိ ပါတယ်၊ အဲဒါကြောင့် ... အဲဒါကြောင့် မေယွန်း ကို အမှား တွေ ကို ပြန်ပြင် ဖို့ အခွင့်အရေး လေး ပေး ပါ၊မေယွန်း ကိုကို့ ကိုယ် ပြုစု ပေးပါရစေ၊ မေယွန်း ကို မနှင်ပါ နဲ့ နော် ...ကိုကို ...နော်"

"မလိုဘူး၊ မေယွန်းငုံ မလိုဘူး၊အေး တစ်ခု ဘဲ ငါ မင်းကို တောင်းဆို မယ် မင်း တကယ် အမှား ပြင်ချင်တယ် ဆို ရင် အခု ငါ့ရှေ့ က ထွက်သွား လိုက်၊ နောက် ဘယ်တော့ မှ ငါ့ ရှေ့ ကို ပြန်ပေါ် မလာ နဲ့"

မျက်ရည်စတွေ နဲ့ နီရဲ နေတဲ့ သူမ မျက်လုံး တွေ ထဲ နာကျင်သွား တဲ့ အရိပ်တွေ စွန်းထင်း နေတယ်။

"ဒါပေမဲ့ မေယွန်း ကိုကို ကိုယ် ချစ်တယ်လေ၊ ကိုကို့အနား မှာ မေယွန်း နေချင်တယ်လေ"

သွေးပျက် မတက် တောင်းပန် နေပေမဲ့ သူ သူမ စကားတွေ ကို လျစ်လျူရှုပစ်လိုက်တယ်။

"ငါ ကတော့ မင်း ကို မချစ်တော့ဘူး၊ ငါ့ ဘဝ ကို ခုလောက်ထိ ဆိုးဝါး စုတ်ပြတ် စေတဲ့ မင်း ကို မုန်းတယ်"

"တကယ်လား ကိုကို မေယွန်း ကို တကယ် မုန်း နေတာလား"

အဖျားခတ် တုန်ခါ နေတဲ့ အသံ ကလေး နဲ့ တည်ငြိမ် သွား တဲ့ အကြည့်ကြောင့် သူ ခဏတာ တွေဝေ တိတ်ဆိတ် သွား တယ်။

"ပြောလေ ကိုကို၊ မေယွန်း တကယ် ထွက်သွားပေး ရမှာလား"

"......"

"......"

အတင်း တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ် လိုက်ပေမဲ့ သူ့ အသံ ဟာ မသိ မသာ တုန်ခါ နေခဲ့တယ်။

"ထွက်...သွား"

သူမ က ငိုရင်း ရယ်တယ်။

မျက်နှာ လေး က နာကျင်မှု အရိပ် ကလေး တွေ သိသိသာသာ ကို စွန်းထင်း နေခဲ့တယ်။

"ကောင်းပြီ ကိုကို၊ မေယွန်း ကိုကို ရှေ့ က အပြီး ပျောက်ကွယ်သွား ပေး မယ်"

အင်မတန် တည်ငြိမ်တဲ့ အမူအယာ ကြောင့် သူ့ စိတ်တွေ ယောက်ယက်ခတ် ကုန်တယ်၊ စိုးရိမ်တာ ဝမ်းနည်းတာ၊ ကိုယ့်ကိုကိုယ် မချင့်မရဲ နဲ့ မုန်းတီးတာ စသဖြင့် မျိုးစုံ သော ခံစားချက်တွေ ဟာ သူ့ ရင်ထဲ အတားအစီး မဲ့ ဝင်ရောက်လာခဲ့တယ်။

သူမ က သူ့ ကို ကြည့် နေတဲ့ အကြည့်ကို တစ်ချက်မှ မလွှဲ ဘဲ အခန်းတံခါး ရှိရာ ဆီ နောက်ပြန် တစ်လှမ်းခြင်း ဖြေးညှင်းစွာ လျှောက်သွားတယ်။

ပြီးတော့ ချာခနဲ လှည့်လိုက် ရင်း တံခါး ကို တွန်းဖွင့်ကာ ထွက်သွား တော့တယ်။

တစ်ခဏ ယောက်ယက်ခတ် နေတဲ့ စိတ်တွေ တည်ငြိမ် လာချိန်မှာ နောက်ဆုံး သူမ စကားသံ က သူ့ခေါင်းထဲ ပြန်ဝင်လာတယ်။

"ကောင်းပြီ ကိုကို၊ မေယွန်း ကိုကို ရှေ့ က အပြီး ပျောက်ကွယ်သွား ပေး မယ်"

"မဟုတ်ဘူး"

ဒီတော့ မှ အရူးတစ်ယောက်လို ခေါင်း ကို ဘယ်ညာ ခါရမ်း လိုက် မိရင်း စားပွဲ ဘေး မှာ ထောင်ထား တဲ့ချိုင်းထောက် ကို သွေးရူးသွေးတန်း ယူ လိုက် မိတယ်။

ထို့နောက် သူမ နောက် ကို လိုက်ဖို့ ဝှီးချဲ ကို လှေကား ထိပ်ထိ ထိန်းညှိ တဲ့ ကိရိယာ နဲ့ စေခိုင်း လိုက်တယ်။ လှေကား ထိပ်ရောက် တာ နဲ့ တံခါး ဖွင့် ကာ ထွက်သွားပြီး ဖြစ်တဲ့ သူမ ကို မြင်လိုက်ရတာ ကြောင့် ချိုင်းထောက်ကို အားပြု ကာ လှေကား ဆီ က ဆင်းဖို့ ပြင်လိုက်တယ်။

တထစ် ကို အားယူ ထောက် လိုက်ပေမဲ့ အနည်းငယ်တောင် အားမပြု နိုင်တဲ့ ခြေထောက် ကြောင့် ခန္ဓာကိုယ် အား ကို အချိန်ကြာကြီး မခံ နိုင်တဲ့ လက်တွေ ဟာ ချိနဲ့ ပြီး ဝုန်းခနဲ့ လှေကား တစ်လျှောက် တလှိမ့်ခေါက်ကွေး ပြုတ် ကျ သွား တယ်။

"အမလေး ဆရာ၊ လုပ်ကြပါအုံး.... မမလေး "

ယုယ အော်သံ ကြောင့် အိမ်ထဲ က ဝမ်းနည်းစွာ ထွက်လာပြီး ဖြစ်ချင်ရာ ဖြစ် ထိခိုက်အောင် တစ်ခုခု လျှောက်လုပ်ပစ်ဖို့ စိတ်ပိုင်းဖြတ် ထား တဲ့ မေယွန်းတစ်ယောက်  ထိတ်ခနဲ ပြာတက်သွား တဲ့ စိတ်နဲ့ အိမ်ထဲ ကို ပြေးဝင် ခဲ့ ရပြန်တယ်။

"ကို ကို!"

"ကို ကို !"

မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် ထိတ်ခနဲ ပြာတက်သွားတဲ့ စိတ်နဲ့ အတူ မေယွန်းကြုံး အော် ပြီး သူ့ ကို ပွေ့ထူ လိုက်တယ်။

သူက မေယွန်း ကိုယ်လေး ကို အတင်း ကျစ်ကျစ်ပါ အောင် ပြန်ဖက်ထား တယ်။ သူမျက်လုံး တွေ က ဂဏာမငြိမ် ဘဲ အကြည့်တွေ က ယောက်ယက်ခတ် နေခဲ့တယ်။

"မသွားနဲ့၊ မသွားပါနဲ့၊ ကိုယ့် ကို မထားခဲ့ပါနဲ့ "

ရှိုက်ကြီး တငင် ငို ရင်း ပြောလာ တဲ့ စကား တွေ ကို နားထောင်ရင်း သူ ကို ပြန်ဖက်ထား လိုက်မိတယ်။

ကိုကိုရယ်။
ချစ်နေသေးရဲ့နဲ့။

"အင်းပါ... မထားခဲ့ဘူး၊ မေယွန်း ကိုကို နဲ့ဘဲ ရှိနေမှာ"

"တောင်းပန်ပါတယ် ၊ ကိုယ်... ကိုယ် ဘေဘီကို သိပ်ချစ်လွန်းလို့ ပါ"

"ဘေဘီ လည်း ကိုကို ကိုယ် အများကြီး ချစ်တယ်"

"ကိုယ် မတက်နိုင်ဘူး၊ ကိုယ် ဒုက္ခိတ ဖြစ်နေပြီ၊ စောန ကလို အခြေအနေမှာ တောင် ကိုယ် ဘေဘီ နောက်ကို ပြေးမလိုက်နိုင်ဘူး၊ ဘေဘီ ကို မကာကွယ် နိုင် တော့ဘူး၊ ဘေဘီ ကို ရင်ခွင် ထဲ မထွေးပွေ့ နိုင်တော့ဘူး၊ ဘေဘီ ကို ပွေ့ချီ မပေး နိုင်တော့ဘူး၊ ရှေ့လျှောက် ဘေဘီ ကို ဒုက္ခ တွေ ဝန်ထုတ်ဝန်ပိုး တွေ ဘဲ ပေး နေမိမှာ ..."

"ဟင့်အင်၊ ကိုကို က ဒုက္ခ မဟုတ်ပါဘူး၊ ကိုကို က ဘေဘီ ရဲ့ ရှင်သန်ခြင်း ပါ၊ အခုနက မေယွန်း တကယ် ဘဲ သေ ပစ်လိုက်တော့မလို့ ၊ ကိုကိုသိလား၊ ကိုကို အမုန်းတွေ နဲ့ ဘေဘီ တကယ်ဘဲ မရှင်သန်နိုင်ဘူး"

"မလုပ်ပါနဲ့၊ ဘေ...ဘီ၊ ကိုယ် မှား ပါတယ်၊ ကိုယ် အနားမှာ ဘဲ နေပါနော်၊ ကိုယ့် ကို မထားခဲ့ပါနဲ့၊ ကိုယ် ဘေဘီ ကို မမုန်းပါဘူး၊ ဘယ်တုံး ကမှ...ဘယ်လို အခြေအနေ မှာမှ မင်း ကို မမုန်းရက်ပါဘူး ကွာ"

"မထားခဲ့ ပါဘူး၊ ကိုကို့ ကိုယ်ထားခဲ့ ပြီး ဘေဘီ လည်း မရှင်သန်နိုင်ဘူး၊ ကိုကို ပြေးမလိုက်နိုင်ရင် ဘေဘီ က ပြန်လာမှာပေါ့၊ ကိုကို ဘေဘီ ကို မကာကွယ်နိုင်ရင် ဘေဘီ က ကိုကို ကိုရော ကိုယ့်ကိုကိုယ် ရော ကာကွယ်မှာပေါ့၊ ကိုကို့ ရင်ခွင်ထဲ ပွေ့ဖက်ထား တာထက် အခုလို အပြန်အလှန် ပွေ့ဖက်ရတာ မျိုး ကို ဘေဘီ ပို သဘောကျတယ်၊ ကိုကို က ဘေဘီ ကို ပွေ့မချီ နိုင်လည်း ကိစ္စ မရှိဘူး၊ ဘေဘီ က ကိုကို ရင်ခွင်ထဲ တိုးဝင်လာမှာ ပေါ့၊ ဘယ်လို အခြေအနေ၊ မှာဘဲ ဖြစ်ဖြစ် ဘေဘီ အနား မှာ ရှိနေတဲ့ လူက ကိုကို ဖြစ်ပေးရင် ရပြီ၊ အဲဒါ ဆို တကယ် ရှင်သန်ဖို့ လုံလောက်ပြီ"

"ကို ကြိုးစားမယ် ဘေဘီ ၊ ကိုကို မင်းအတွက် ကြိုးစားမယ်၊ ကိုယ် ခြေထောက် တွေ ပြန်ကောင်း လာအောင် ကိုယ် အကောင်းဆုံး ကြိုးစားမယ်၊ကိုယ် ကတိပေး တယ် နော် "

"ဟုတ်... ဘာဘဲ ဖြစ်ဖြစ် ဘေဘီ ကိုကို အနား မှာ ရှိနေပေးမယ် နော်...သေချာ ပါတယ် ကိုကို ရယ်။
ဘေဘီတို့ဘာအကြောင်း နဲ့ မှထပ် မခွဲ ကျတော့ ပါဘူး။ကိုကို အလုံးစုံ ပြန်ကောင်း လာ မဲ့ နေ့ ကို ဘေဘီ စိတ်ရှည်ရှည် စောင့်ဆိုင်း ပေး မယ်နော်၊ ပြီးတော့ ဘေဘီ တို့ ဘဝ နေဝင်ချိန်ထိ တူတူ ရှိကြမယ်"

တစ်ယောက် ကို တစ်ယောက် တင်းကျပ် စွာ ဖက်တွယ်ထား ရင်း ငိုရင်း က စကား တွေ ပြော နေခဲ့ကြတယ်။

သေချာ ပါတယ်၊ ဘေဘီ ကိုယ် မင်း ကို နောက်ထပ် ပွေ့ချီ နိုင်တဲ့  အခွင့်အရေး ကို ရဖို့ ကျိန်းသေ ကြိုးစား မှာပါ၊ မင်း သာ ဘေး မှာ ရှိပေး ရင်၊ မင်း သာ ကိုယ့် ကို ချစ်ပေး ရင် ဘယ်လို လောကဓံ ဖြစ်ဖြစ် ကို ဖြတ်ကျော် နိုင်ပါ တယ် ဘေဘီ။

7နှစ်ကြာ ပြီးနောက်....

မေယွန်းငုံ ကမ်းစပ် သဲသောင်ပေါ် မှာ ဘောလုံး ကန် နေကြတဲ့ သားအဖ ကို ပြုံးပြုံးလေး ငေးကြည့် နေမိတယ်။

ထို့နောက် ကိုကို က သူမ ထိုင်နေရာ အခင်း ပေါ် သို့ ပြေး လာ တာ ကြောင့် အမောပြေ juice လေး ကမ်း ပေး လိုက်တယ်။

"ဘေဘီ သား က သန်တယ်ကွာ ဘောလုံး ကို မနဲ လု ရတယ်"

"ဟုတ်တယ်နော်၊ ကိုကို နဲ့ တူလို့ နေမှာ "

"ဒါပေါ့ ကိုကို့ သား ဘဲ ကိုကို နဲ့ တူ ရမှာ ပေါ့"

နှစ်ယောက် ကမ်းစပ် မှာ ထိုင် ရင်း စကားပြော နေကြတုံး သား နဲ့ ကလေး အုပ်စု တစ်စု ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာ ကြောင့် သူတို့ အနား ကို သွားရတယ်။

"သား ဘာဖြစ်လို့လဲ"

"ဒယ်ဒီ...ဒီကောင်တွေ သား ကို ရန်ရှာ နေတာ၊ စိတ် မရှည်ရင် အကုန် ရိုက်ပစ်တော့ မှာ "

6နှစ် အရွယ် သား ဟာ လူကြီး လေး လို စကား တက်လှပါတယ်။

"ဟာ... ဘာဖြစ်လို့လဲ ကွ"

"ဦး လေး သား က သားတို့ သဲ အိမ် ကို ဖျက်ဆီး ပစ်တယ်"

"ဟိတ်ကောင်တွေ၊ ငါ တမင် လုပ်တာ မဟုတ်ဘူး ဘောလုံး နဲ့ မတော်လို့ ထိ သွားတာ လို့ ပြောနေတယ်လေ"

"မတော် လို့ ထိထိတော်လို့ ထိထိ ငါတို့ အိမ်က ပြို သွားပြီမင်း ပြန် တောင်းပန်"

"ဟိတ်ကောင် တွေ မင်းတို့ ကြိုက် တာလုပ်၊ တောင်းပန်တာ တွေ ဘာတွေ ငါ မလုပ် တက်ဘူး၊ မကျေနပ် ရင် ထိုး မလား၊ တစ်ယောက်ချင်းလဲ ရတယ်၊ အုပ်စု လိုက်လဲ ရတယ်"

"သား ... ဇွဲ ဘာလို့ လူမိုက် စကား တွေ ပြောနေတာ လဲ"

"အာ... မာမီ ကလည်း ဒီကောင်တွေ ရန်ရှာ နေတာ ကို ထိုးမလား ဆို တော့ တိတ် နေကြတယ်၊အလကား ငကြောက်တွေ"

"ဇွဲ တော်ပြီ လို့ မာမီ ပြော နေတယ်၊ သူငယ်ချင်း တွေ ရဲ့ သဲ အိမ်ကသား ကြောင် ပြို သွား တာ ဟုတ်လား"

"ဟုတ်..."

"ဒါဆို သား သူများ ပစ္စည်း ကို ဖျက်စီး လိုက်မိတယ် လေ၊ဒီတော့ အမှား ကို ဝန်ခံပြီး သူငယ်ချင်းတွေ ကို တောင်းပန်လိုက်"

"ဟာ... မာမီ ကလည်း၊ ဒါ ကမ်းခြေ လေ သူတို့ ပိုင် တဲ့ နေရာ မှ မဟုတ်တာ၊ လူ အများကြီး သွားလာ နေတဲ့ နေရာ မှာ သဲအိမ် လာ ဆောက် တာ သူတို့ အမှား လည်း ပါ တယ်လေ"

"မလိုချင်ဘူး ဇွဲမာန် တောင်းပန် လိုက် လို့ မာမီ ပြော နေတယ်"

"ပြီးရော၊ ဒါပေမဲ့ သား မှားလို့ မဟုတ်ဘူး၊ မာမီ ကို ချစ်လို့ မာမီ စိတ်ညစ်မှာ ဆိုးလို့ စကား နားထောင်ပေး တာ...ဟေ့ကောင်တွေ sorry ငါ တောင်းပန်တယ်"

ဒီတော့ မှ ပြေလည် သွား ကြတဲ့ ကလေး တွေ ကို ကြည့် ရင်း မေယွန်း သက်ပြင်း ကိုသာ ချ လိုက်ရတယ်။

"ဘေဘီ ရေ၊ သား က ကိုယ် ငယ်ငယ်ကနဲ့ တစ်ချိုးတည်းဘဲ၊ အဟား.. ဒီကောင် နဲ့ တော့ မျက်ခုံး တွေ တောင် ခပ်လှုပ်လှုပ်ဘဲ"

"အဟင်း... လူဆိုးကြီး ရဲ့ သား ဆို တော့ လူဆိုးလေး ဘဲ ဖြစ်တော့ မှာ ပေါ့"

"ဟား...ဟား ဘေဘီ ကလဲ၊ ကိုယ် က အခု လူဆိုး မဟုတ်တော့ပါဘူး၊ ချစ်လူမိုက် ကြီး ဖြစ် နေပါပြီ"

"သွား... အပိုတွေ"

"မပိုတာ ဘေဘီ သိပါတယ် ကွာ၊ နောက် တစ်ဗိုက် လောက် သက်သေ ထပ်ပြ ရမလား"

"အမလေး... တော်ပါပြီ ကိုကိုသား တစ်ယောက်နဲ့ တောင် ဘယ်လောက် နောက်ကလိုက်ရှင်း ရမယ် မသိ ဖြစ်နေတာ၊ နောက် တစ်ယောက် ယူလို့ ကတော့ ..."

"ဟုတ်တယ်လေ၊ ဘေဘီ ကလည်း သမီး လေး ထပ်ယူ ရအောင် လေ သား က ကိုယ် နဲ့ တူ ရင် သမီးလေး က ဘေဘီ နဲ့ တူ မှာ ဒါ မှ သူ့ ကိုကို ကိုယ် သူ့ညီမလေး က ထိန်းပေး မှာ ပေါ့ မဟုတ်ဘူးလား"

"ပြောတာ တော့ အဲလိုပေါ့၊ တော် တော်ကြာ သမီး မမွေးဘဲ သား ဘဲ ထပ်ရနေမှာ ဦးချိုး ရင် ပဲ့က ထောင်၊ ပဲ့ချိုး တော့ ဦးက ထောင်ဖြစ်နေပါ့ မယ် ကိုကို ရယ်"

"အဲကျ တော့လည်း ညီ အကို နှစ်ယောက် ဆိုးဖော်ဆိုးဖက် ရတာ ပေါ့ လို့ ဘေဘီ ကလည်း နော်"

ပြုံးတုံးတုံး တမင်လုပ်ပြနေတဲ့ ကိုကို့ ကိုယ် သူမ မျက်စောင်းထိုး ပြီး ဗိုက်ခေါက် ကိုခပ်နာနာ လေး လိမ်ဆွဲလိုက်တယ်။

"သွား ... ရှင်ကြီး သိပ် နစ်နာ နေမယ်"

"အား...အဟ...ဟား နာတယ် ဘေဘီရ... "

ပျံ့လွှင့် လာ တဲ့ ရယ်သံ တွေ နဲ့ အတူ ကောင်းကင် က သက်တန့် ကြီး က လည်း အလွန်တရာ လှပ နေခဲ့လေသည်။

#Lilac

Comment