Intro

Mood song - I Do by 911

နေကြာတွေလို တစ်သတ်မှတ်တည်း‌ဂျီမင်းဘက်ကိုပဲ မျက်နှာမူချင်တယ်။ "အချစ်" လို့ခေါ်လိုက်တိုင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ မျက်အိမ်‌ကျဉ်းကျဉ်းတွေက ချစ်မဝကြည့်မဝခဲ့တဲ့အမူအရာလေးဖြစ်ခဲ့တယ်။

မဝံ့မရဲပြောခဲ့ဖူးတဲ့ မေတ္တာစကားလေးကိုတစ်ချိန်ချိန်မှာလက်ခံမယ်ဆိုတာ ကြိုသိပေမယ့်လည်းရင်ထဲမှာရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတယ်။ နမ်းချင်ခဲ့တဲ့နှုတ်ခမ်းဖူးဖူးတွေကို ထိတွေ့ရတဲ့အခါမူးယစ်ဆေးလိုစွဲသွားခဲ့တယ်။

ဘယ်လောက်ပဲတွန်းထုတ်နေနေ နောက်ဆုံးမင်းရောက်လာတာမောင့်ရင်ခွင်ထဲကိုပဲဂျီမင်း.....
ဂျွန်ဂျီမင်းလို့တံဆိပ်ခတ်ချင်ခဲ့တဲ့
မောင့်အိမ်ထောင်ဖက်လေးဖြစ်ပေးလို့...
မောင့်ချစ်ရသူလေးဖြစ်ပေးလို့....
မောင့်လက်တွေကို ဆုပ်ကိုင်ခဲ့ပေးလို့......
ဂျွန်ဂျီမင်းကိုသိပ်ချစ်ပြီး အများကြီးကျေးဇူးတင်ပါတယ်။

ကိုကို့ဘတ်ဒေးပရောဂျက်မှာ ဝင်ရေးထားတာလေးပါ စာအုပ်ထဲမှာ အပိုဒ်တွေကဆက်နေလို့ဖတ်ရအဆင်မပြေရင်ဒီမှာလာဖတ်‌လို့ရအောင် တင်ပေးလိုက်ပါတယ်💕





Comment