2

ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဂျီမင်းနာမည်လေးရှိနေမှန်း ရုတ်တရက်သိလိုက်ရတော့ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ရတယ်။ အချစ်ဆိုတဲ့အရာကိုမယုံကြည်ပေမယ့်ဂျီမင်းအပေါ်ဖြစ်တည်လာတဲ့ခံစားချက်ကိုတော့ ကျွန်တော်ရဲ့ပန်းတွေထပ်တောင်ပိုယုယချင်ခဲ့မိတယ်။

___________________

မနက်အစောကြီးနိုးနေတာ‌ကြောင့်ဆိုင်ကအလုပ်သမားတွေသာမက ကိုယ်တိုင်တောင်အံ့ဩမိသည်။ ဂျွန်ဂျောင်ဂုကအမြဲတမ်းနေဖင်ထိုးမှထတတ်တဲ့အမျိုးလေ ဒါမှမဟုတ်မနေ့ကဂျီမင်းနဲ့အတူ ပန်းခင်းဆီသွားဖို့ပြောထားတာကြောင့် အစောကြီးနိုးလာတာများလား။

“အစ်ကိုလေးဘယ်သွားမှာမလို့လဲ အံ့ဩစရာကောင်းလောက်အောင် အစောကြီးနိုးနေတော့လေ”

“ပန်းခင်းဆီသွားမလို့ ဧည့်သည်ပါမှာနင်လိုက်လို့မရဘူး”

“ဗြောလည်း လိုက်မယ်လို့မပြောမိပါဘူးနော် ဘယ်သူနဲ့သွားမှာမလို့ မြောက်ကြွမြောက်ကြွဖြစ်နေတာလဲ”

“ဧည့်သည်ပါဆိုနေ စပ်စုလိုက်တာ အော်ဒါနဲ့ဒီနေ့ဘူဆန်ကို ပန်းတွေပို့ရမှာနော်”

“သိပါတယ် မနက်ကလေးတင်အစ်ကိုလေးမေမေဖုန်းဆက်သေးတယ် သူတို့ဆီမလာဘူးလားတဲ့”

“ငါနောက်လကျ ဘူဆန်ပြန်ဦးမှာဒီနှစ်မွေးနေ့ကိုတော့ မွေးရပ်မြေမှာပဲလုပ်တော့မယ်”

“ရောက်လက်စနဲ့ ကြာကြာနေလိုက်ပါဦးဒေါ်လေးတို့လည်း လွမ်းနေရောပေါ့”

ဗြောလေးအပြောကြောင့် ဂျောင်ဂုခေါင်းငြိမ့်လိုက်ရင်း ပြင်ဆင်စရာရှိတာဆက်ပြင်နေလိုက်သည်။ အချိန်က ဆယ်နာရီစွန်းစွန်းလောက်ရှိနေပြီမလို့ ဂျီမင်းလည်းလာနေလောက်ပြီထင်တယ်။

တစ်ယောက်နဲ့တစ်ယောက်က ခနခနတွေ့နေဖြစ်ကြပေမဲ့ ဖုန်းနံပါတ်တွေမယူထားမိတာက ခက်သည်။ တစ်ခြားတော့မဟုတ်ပါဘူး ဒီလိုချိန်းထားတဲ့အချိန်ကြ အချိန်ညှိဖို့လိုတယ်လေ ဟုတ်တယ်မလား။

“အစ်ကိုလေး ဆိုင်ထဲဧည့်သည်ရောက်နေပြီ”

ဧည့်သည်ရောက်နေပြီဆိုတဲ့စကားကြောင့် အခန်းထဲကအမြန်ထွက်ပြီးဆိုင်ဘက်ကိုပြေးရသေးသည်။ တစ်ဆက်တည်းသိချင်မိတာက ဒီနေ့လည်း ဂျီမင်းဝတ်နေကျ suit အပြည့်လေးပဲလားလို့။

“စောင့်ရတာ ကြာသွားလားဂျီမင်း”

ဆိုင်ထဲဝင်ဝင်ချင်းတွေ့လိုက်ရတာက စတွေ့တုန်းကလို suit အပြည့်ဝတ်တတ်တဲ့လူကြီးလူကောင်းတစ်ယောက်ပုံစံမဟုတ်ပဲ လူငယ်ဆန်ဆန်ပုံလေးနဲ့မလို့တော်တော်လေး ကြည့်ကောင်းနေပြန်သည်။

“ကိုယ် ခုနကမှရောက်တာ”

“အဲ့တာဆို အခုသွားကြတော့မလား”

ဂျီမင်းဆီကအပြုံးတစ်ပွင့်နဲ့အတူ ခေါင်းငြိမ့်လက်ခံတာကိုကြည့်ပြီးမှ နှစ်ယောက်သားထွက်လာခဲ့ကြသည်။ ပထမတစ်ကြိမ်တွေ့တုန်းကလည်း ကျွန်တော်ဂျီမင်းကားပေါ်မှာပဲ အတူရှိနေခဲ့ပြီးခိုးကြည့်ခဲ့ရသေးတာ။ ဒီတစ်ကြိမ်မှာလည်း ခပ်ကြာကြာလေးကြည့်နေမိပြန်သည်။

“ဒီပန်းခင်းက မင်းတို့ပိုင်တာလား”

“ဟုတ်တယ် ဒီပန်းခင်းကြီးကနှစ် 30လောက်တော့ရှိနေပြီ ကျွန်တော့်အဖွားမဆုံးခင်ကတည်းက ပျိုးထောင်ခဲ့ကြတာ”

“Paris မှာဒီလောက်ကြီးတဲ့ပန်းခင်းကို ကိုယ်မတွေ့ဖူးဘူး ဒါပေမဲ့ဒီ‌နေရာနဲ့ရင်းနှီးနေသလိုခံစားရတယ်

“ဂျီမင်ပဲရစ်မှာနေခဲ့တဲ့အချိန်တုန်းက ဒီပန်းခင်းကြီးကဥယျာဥ်လေးတခုပဲ ဖြစ်နေဦးမယ်ထင်တယ် နှစ်တွေလည်းအတော်ကြာသွားခဲ့တော့ခုလိုပန်းခင်းကြီးအဖြစ်ပြောင်းလဲသွားခဲ့တာ အဲ့ဒီနောက်ပိုင်းဒီနေရာကိုတော်ရုံတန်ရုံလူတွေ ဝင်ခွင့်သိပ်မရဘူး”

“ဘာလို့လဲ”

ပန်းတွေကိုပတ်ကြည့်နေရင်း ဂျောင်ဂုပြောတဲ့စကားကြောင့်ဘေးလှည့်မေးရင်းလမ်းလျှောက်နေပေမဲ့ ကံမကောင်းစွာ‌အောက်ကနွယ်ပင်တွေနဲ့ငြိပြီး ခလုတ်တိုက်မိတော့သည်။ လဲကျခါနီးသူ့လက်ကို လှမ်းဆွဲလာတဲ့လက်တစ်စုံကြောင့်ရောက်သွားတာက ရင်ခွင်နွေးနွေးတစ်ခုထဲကို...

ရုတ်တရက်အနေအထားဆိုတော့ မရုန်းမိပဲစက္ကန့်တစ်ချို့ထိကြောင်နေမိသည်။ အခုမှကြည့်မိတာ ‌ဒီကောင်လေးဆံပင်တွေက ပွယောင်းယောင်းနဲ့အကောက်ပုံသဏ္ဍန်လေးကချစ်စရာလေးဖြစ်နေသည်။ ထိုမှတဆင့်မျက်လုံးဝိုင်းဝိုင်းတွေ‌ဆီအကြည့်ရောက်တော့မှ အလျင်အမြန်ရုန်းလိုက်ရသည်။

“အဟင်း အဆင်ပြေရဲ့လားဂျီမင်း”

“ပြေပါတယ် ကျေးဇူးကောင်လေး”

“အဲ့တာဆို ခုနကဟာဆက်ပြောမယ်နော် ဝင်ခွင့်မရကြတာမျိုးကဒီပန်းခင်းကြီးက အဖွားရဲ့အမွေအနှစ်တွေနဲ့သေချာပြုစုပျိုးထောင်ခဲ့တာမလို့လေ နောက်ပိုင်းကျတော့ကျွန်တော်ဦးစီးတာကြောင့် ဒီပန်းခင်းကြီးကိုဝင်ခွင့်ရဖို့အခကြေးငွေနဲ့အတူ စည်းမျဉ်းစည်းကမ်းတွေပါထပ်ထုတ်ခဲ့တာ”

“အာ အဲ့လိုကိုး.... ပန်းတွေကအများကြီးဆိုတော့စိုက်ပျိုးရတဲ့အခါမျိုးမှာလည်းသေချာဂရုတစိုက်လုပ်ရမှာပဲ”

“ဟုတ်တယ် ကျွန်တော်ကဒီကို တစ်ပတ်တစ်ခါပဲရောက်ဖြစ်တာ အဘိုးကတော့လာနေကြလေသူ့ငယ်ချစ်ဦးနဲ့ ဆုံခဲ့တဲ့နေရာဆိုတော့”

“အဘွားက ဒီနိုင်ငံသားလား”

“မဟုတ်ဘူး အဘွားကဒီနိုင်ငံသားအဖြစ်ခံယူထားတာ ဒါပေမယ့်ကျွန်တော့်အဖေနဲ့အမေလက်ထပ်ပြီးတော့အဖေကကိုရီးယားနိုင်ငံသားအဖြစ်ခံယူပြီးကျွန်တော့်ကိုဘူဆန်မှာမွေးခဲ့တယ်။ အဲ့တော့ကျွန်တော်လည်းကိုရီးယားနိုင်ငံသားပဲဆိုပါတော့ဗျာ။  ‌နောက်ပြီး အဘွားကအမိမြေကိုအရမ်းမုန်းတာတဲ့
အကြောင်းရင်းကိုတော့ ကျွန်တော်မမေးဖြစ်ခဲ့ဘူးအဘွားတို့လည်းသိစေချင်ပုံမရလို့လေ”

“ဒါပေမယ့်အခုတော့ အဘွားလုပ်ငန်းကိုဦးစီးနိုင်ပြီလေ ‌မင်းအဘွားတော့ပျော်နေတော့မှာပဲ”

“အဲ့လိုပဲထင်ရတယ် အဘွားပျော်ဖို့ကအဓိကလေ”

ဆက်လျှောက်နေရင်းမှဂျီမင်းဆီက စကားသံထွက်မလာလို့ နောက်လှည့်ကြည့်လိုက်သည့်အခါ မျက်နှာကိုဘေးဘက်သို့လှည့်ရင်း အတင်းသုတ်နေတာကိုတွေ့လိုက်သည်။ ဂျီမင်းကငိုနေတာလား??

“ဂျီမင်း အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ”

“ပြေတယ် ပြေတယ်မျက်လုံးထဲအမှုန်ဝင်သွားလို့”

“ဒီနားကဆိုင်မှာ ကျွန်တော်သောက်စရာတစ်ခုခုသွားဝယ်လိုက်မယ်လေ ခနစောင့်နော်”

ဂျောင်ဂုကိုခေါင်းငြိမ့်ပြပြီး အရိပ်ရတဲ့ခုံတန်းတစ်ခုပေါ် သွားထိုင်လိုက်သည်။ ဂျောင်ဂုအဘွားအကြောင်းပြောနေတော့ မေမေ့ကိုရုတ်တရက်လွမ်းလာမိတယ် တစ်ဆက်တည်းဖြစ်မိတာက သူကရောမေမေပျော်အောင် လုပ်ပေးနိုင်ခဲ့ရဲ့လားဆိုတာ။

သူလည်းမေမေခေါင်းချခဲ့တဲ့ ဒီမြေ‌ဒီဒေသလေးမှာပဲ အသက်ရှင်ချင်ခဲ့တယ်။ တစ်ဖက်ကကိုယ့်ဝါသနာ တစ်ဖက်ကမိဘ ဒါပေမယ့်ပတ်ဂျီမင်းကတော့ မေမေ့စကားတစ်ခွန်းအတိုင်းနေနိုင်ခဲ့တာပါ။ ဖေဖေနဲ့အတူ ကုမ္ပဏီမှာဦးဆောင်ပြီး အသန်မာဆုံးအဖြစ်နေနေပါတယ်မေမေ။

________________________________

“ဂျီမင်းလီမွန်အရသာ သောက်လား”

“ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေပါတယ်”

“ခနနေ ပြန်ကြတော့မလားညနေလဲ စောင်းနေပြီဆိုတော့”

“မင်းကိုလိုက်ပို့ပြီးရင် ကိုယ်သွားစရာတစ်ခုရှိသေးတယ်”

“နောက်ကျနေဦးမယ် ဂျီမင်း”

“ထွေထွေထူးထူးမဟုတ်ပါဘူး Eiffel tower ဘက်လမ်းလျှောက်ထွက်မလို့”

“ကျွန်တော် အဖော်လိုက်ပေးရမလားဂျီမင်း”

“ရတယ်‌လေ မင်းအဆင်ပြေမှပါ”

ဒီနေ့လည်း ဂျီမင်းနဲ့အတူတနေကုန်ရှိနေဖြစ်ခဲ့သည်။ ထူးဆန်းတာက ကျွန်တော်ဂျီမင်းနဲ့အတူရှိနေတိုင်း ရင်ဘတ်ထဲကနှလုံးခုန်နှုန်းသည် သာမာန်ထပ်ပိုပြီးမြန်ဆန်နေခဲ့သည်။ ဒါက တကယ်လို့များကျွန်တော်ဂျီမင်းကို ရင်ခုန်နေခဲ့မိတာဆိုရင် နှလုံးသားကိုသေချာလေးပြန်စစ်ဆေးမှဖြစ်တော့မယ်ထင်တယ်။

နေဝင်သွားတာနဲ့နှစ်ယောက်သား အီဖယ်ဘက်ကိုထွက်လာခဲ့ကြသည်။ အီဖယ်မျှော်စင်ကညဘက်ဆိုမီးရောင်တွေအများကြီးနဲ့မလို့ အလွန်လှပတဲ့နေရာတစ်ခုဖြစ်သည်။ လမ်းလျှောက်ကောင်းတဲ့နေရာတစ်ခုဖြစ်သလို၊ ချစ်ရသူနဲ့ date လုပ်မည်ဆိုလျှင်လည်း‌အလွန်ရိုမစ်တစ် ဆန်သည့်နေရာတစ်ခုလည်းဖြစ်သည်။

“ဂျီမင်း ဒီနေရာကိုခနခနလာဖူးတာလား”

“ကိုယ်ဒီကိုရောက်တိုင်း လာဖြစ်ပါတယ်”

“ကျွန်တော်ဒီကို ပထမဆုံးရောက်တုန်းက 17နှစ်လောက်ရှိမယ်ထင်တယ် ဟျောင်းတစ်ယောက်နဲ့လာခဲ့တာ”

ဂျောင်ဂုစကားကြောင့် ဂျီမင်းရုတ်တရက်တွေးလိုက်မိတာက လွန်ခဲ့တဲ့ 10နှစ်တုန်းကသူလည်း ပထမဆုံးကလေးတစ်ယောက်နဲ့ ရောက်ခဲ့ဖူးတာ။ စတွေ့ထဲကဂျောင်ဂုမျက်လုံး ဝိုင်းဝိုင်းလေးကိုမြင်ဖူးပါတယ်ဆိုပြီး တွေးနေမိတာ။ တကယ်ပဲဂျောင်ဂုက သူနဲ့သိခဲ့တဲ့ကလေးများလား။

“အဲ့ဟျောင်းကို မှတ်မိလား”

“မမှတ်မိဘူး သူ့ရဲ့နာမည်အစလေးပါမမှတ်မိခဲ့ဘူး။ထူးဆန်းတယ်... ကျွန်တော်တို့အတူရှိခဲ့တဲ့အချိန်တွေကိုကျမှတ်မိပြီး မျက်နှာနဲ့ နာမည်ကျမှမမှတ်မိပဲဝိုးတဝါးဖြစ်နေတယ်”

“နှစ်တွေကြာပြီဆိုတော့ ‌မေ့တာမျိုးလဲရှိမှာပါ”

“ဒါပေမယ့်တစ်ခုကလေ ကျွန်တော်အဲ့ဟျောင်းကိုကြယ်ပုလင်းလေးပေးခဲ့ဖူးတာကို သေချာမှတ်မိတယ်”

‌မဟုတ်လောက်ဘူးလို့ထင်ခဲ့ပေမဲ့ ကြယ်ပုလင်းဆိုတဲ့စကားကသူ့ကိုသေချာသွားစေခဲ့တယ်။ အဲ့တာကသူ့မွေးနေ့မှာဂျောင်ဂုပေးခဲ့တဲ့ လက်ဆောင်လေးလေ။

ဂျောင်ဂုနဲ့ဘေးချင်းကပ်ရပ်ရှိနေ‌တာကြောင့် သေချာလေးကြည့်မိတော့ သူ့ထပ်ခေါင်းတစ်လုံးစာလောက်မြင့်ပြီး ခန္ဓာကိုယ်ထွားထွားက ဒီကလေးသူ့စကားအတိုင်းသေချာကြီးပြင်းလာခဲ့တာပဲလို့တွေးမိပြီး တစ်ဆက်တည်းရင်ခွင်နွေးနွေးတွေထဲ အရင်လိုဝင်ငိုချင်ခဲ့မိသည်။

ဒါပေမဲ့အရင်ကလိုအငိုသန်တဲ့ ပတ်ဂျီမင်းမဟုတ်တော့တာကြောင့် ဒီကလေးရှေ့ပြိုလဲပြလို့မဖြစ်ဘူးလေ။

“ပြန်ကြမလားဂျောင်ဂု ကိုယ်ရုတ်တရက်ကြီးပင်ပန်းလာလို့”

“ပြန်ကြမယ်လေ ကားကိုကျွန်တော်မောင်းလိုက်မယ်”

“အင်း”

“ခနဖြစ်ဖြစ် မှေးချင်မှေးလိုက်ဦးနော် ဂျီမင်း”

ခေါင်းငြိမ့်ပြကာဂျောင်ဂုစကားအတိုင်း ‌ကားအနောက်ခုံကိုမှီရင်းမျက်လုံးမှိတ်ထားလိုက်သည်။ ဒီ10နှစ်အတွင်း သေချာကြီးပြင်းလာပြီး လူတော်လေးတစ်ယောက်အဖြစ်ရှင်သန်နေတာမြင်တော့ ဂျီမင်းဝမ်းသာမိသည်။

သူတို့မိသားစုကလည်း ဂျောင်ဂုတို့လိုရှုပ်ထွေးသည်။ မေမေကပြင်သစ်လူမျိုးဖြစ်တာကြောင့် ဖေဖေ့ဘက်လိုက်ပြီး ကိုရီးယားလူမျိုးအဖြစ်ခံယူရသည်။ သူ့ကိုမေမေ့ဘက်ကအမျိုးတွေထဲတစ်ယောက်မှလက်မခံကြဘူး ‌မေမေ့ညီမအငယ်ဆုံးလေးကလွဲလို့ပေါ့။

မေမေကသန်မာပြီး လှပတဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်ခဲ့တာ။ သူမဆီမှာ ပြင်းထန်တဲ့နှလုံးရောဂါရှိနေခဲ့မယ်လို့ မသိခဲ့ရလောက်အောင်အထိ သူမအပြုံးတွေက ဟန်ဆောင်ကောင်းခဲ့တယ်။ နောက်ဆုံးအချိန်မှသာသိခဲ့ရတော့သူဟာမကောင်းတဲ့ သားတစ်ယောက်များဖြစ်နေမလားလို့တွေးခဲ့မိတယ်။

မေမေဆုံးပြီးတော့ ဒီနိုင်ငံမှာတစ်ယောက်တည်းဖြစ်နေတာကြောင့်ဖေဖေကပြန်ခေါ်သည်။ မေမေ့အငွေ့အသက်တွေရှိသေးတာကြောင့် ကိုရီးယားကိုလည်းမပြန်ချင်ခဲ့ဘူး။ အဲ့အချိန်ဂျောင်ဂုအဘိုးက သူတို့ဆီမှာအဆင်ပြေတဲ့အထိလာနေပြီး ပြန်ချင်တဲ့အချိန်မှပြန်ခိုင်းခဲ့သည်။

ဂျောင်ဂုကငယ်ငယ်လေးတည်းကသွက်လက်ပြီး တော်တဲ့ကလေးဖြစ်တာကြောင့်ဂျီမင်း အားကျခဲ့ရဖူးသည်။ သူ့ထက်ရင့်ကျက်ပြီး နှစ်နှစ်ငယ်တဲ့ကလေးဆီက အကြံဉာဏ်တွေရော၊ မေတ္တာတစ်ချို့ပါအပိုထပ်ရခဲ့သည်။

အီဖယ်မျှော်စင်ကြီးဆီကိုသွားဖို့ နှစ်ယောက်သားအဘိုးတို့ဆီအတင်းအကြပ်တောင်းဆိုခဲ့ကြတာတွေ၊ ပြီးတော့ဂျောင်ဂုရင်ခွင်ထဲမှာ အော်ငိုခဲ့တာတွေရော တွေးကြည့်ရင်ဖြစ်ခဲ့သမျှအရာတွေကအိပ်မက်တစ်ခုလိုပဲ။

ဂျွန်ဂျောင်ဂု ဆိုတဲ့နာမည်ကိုကြားတော့နာမည်တူ‌တာနေမှာပဲလို့တွေးခဲ့မိတယ်။ နောက်ပြီးသူသိခဲ့တဲ့ လူပျိုပေါက်အရွယ်ကောင်လေးက အခုလောက်ထိချောလာတာဟုတ်နိုင်ပါ့မလားဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေကလည်း ဟာသဆန်နေပြန်သည်။

ကိုရီးယားကိုမပြန်ခင်သုံးရက်အလိုထဲက ဂျောင်ဂုကစကားလာမပြောတော့ပေ။ စိတ်ကောက်သွားမှန်းသိပေမဲ့ ကိုရီးယားကိုပြန်မယ့်နေ့အထိလိုက်မချော့ဖြစ်ပဲ ‌နေခဲ့မိသည်။ အဲ့ထဲကဂျောင်ဂုနဲ့မဆက်သွယ်ဖြစ်ခဲ့တာ အခုလိုထပ်မတွေ့ရခင်အထိပဲ။

________________________

ပန်းခင်းဆီသွားပြီးတဲ့နေ့တည်းက ဂျီမင်းနဲ့မတွေ့ဖြစ်တာတစ်ပတ်လောက်ရှိနေပြီမလို့ စိတ်ထဲတစ်ခုခုလိုနေသလိုခံစားရသည်။ ဒါပေမဲ့ အလုပ်ကလည်းရှိသေးတာကြောင့် မနေ့ကလာမှာသွားတဲ့လူရဲ့ လိပ်စာအတိုင်းသွားပို့ဖို့ပြင်ရသေးသည်။

အိမ်ရှေ့ရောက်တော့ဘဲလ်တီးဖို့ပြင်ခါနီး ဂျီမင်းကိုတွေ့လိုက်ရတာကြောင့် ဘဲလ်ကိုလဲမမြင်တော့ပဲ ဂျီမင်းကိုသာလှမ်းခေါ်မိလိုက်သည်။

“ဂျီမင်းရှီး!..”

မနက်‌စောစောသွားစရာနေရာမရှိတာကြောင့် ခြံထဲမှာလမ်းလျှောက်နေလိုက်သည်။ ခပ်လှမ်းလှမ်းရောက်နေပေမဲ့ တံခါးဝကနေထွက်လာတဲ့အသံက ဂျောင်ဂုမှန်းဂျီမင်းအသေချာကြီးမှတ်မိပါသည်။

“ကျွန်တော့်ကို တံခါးလာဖွင့်ပေးဦးလေဂျီမင်း”

သက်ပြင်းယဲ့ယဲ့သာချရင်း အိမ်တံခါးသွားဖွင့်ပေးတော့ ပန်းစည်းတစ်ခုနဲ့အတူ ရိုရိုကျိုးကျိုးလေးဝင်လာပြီးသူ့ကိုပေးလာသည်။ မယူဘူးငြင်းရအောင်လည်း ပန်းစည်းကသူ့လက်ထဲရောက်နေပြီ။

“ဒါ ဘာအတွက်လဲဂျောင်ဂု ကိုယ်မမှာထားမိပါဘူး”

“ဒီလိပ်စာနဲ့ အမှာရောက်လာလို့”

“‌အော် ဒေါ်လေးမှာထားတာထင်တယ် ကျေးဇူး”

ကိုယ့်အာရုံနဲ့ကိုယ်မလို့ ပန်းတွေကိုကြည့်ရင်းဖြေလိုက်ပေမဲ့ စကားပြန်မရတာကြောင့် မော့ကြည့်မိတော့ ဂျောင်ဂုမျက်ဝန်းတွေနဲ့တိုးသည်။

“ဟို... ပိုက်ဆံမပေးရသေးတာလား”

“မဟုတ်ပါဘူး ကျွန်တော့်ကို ဂျီမင်းအိမ်ထဲမခေါ်တော့ဘူးလား”

“ဟမ်”

ဂျောင်ဂုစကားကြောင့် နားမလည်သလိုပြန်မေးလိုက်ရသည်။ အဆက်အစပ်မရှိပဲ အိမ်ထဲမခေါ်ဘူးလားမေးလာတော့ ဂျီမင်းဖြေစရာစကားမရှိတော့ပေ။

“ဂျီမင်းအဆင်မပြေဘူးထင်တယ် နောက်တစ်ခေါက်ပေါ့အခုတော့ ကျွန်တော်သွားတော့မယ်နော်”

သူတောင်ပြန်မပြောရသေးခင် လှည့်ထွက်သွားတဲ့ကောင်လေးကြောင့် လက်ထဲကပန်းစည်းနဲ့အတူကျန်နေခဲ့ရသည်။ အခုအခြေအနေကြီးကဘယ်လိုမျိုးကြီးလဲမသိဘူး တစ်ခါမှမခံစားဖူးတဲ့ခံစားချက်ကရောဘာပါလိမ့် ဓာတ်လိုက်သွားရသလိုမျိုး...

“အစ်ကိုလေးဘာဖြစ်နေတာလဲ ပြန်ရောက်ထဲကလဒအိုကြီးလို မှိုင်နေတာ”

ကိုယ့်အတွေးနဲ့ကိုယ် ကောင်တာမှာထိုင်ပြီးစိတ်ညစ်နေတုန်း ဆိုင်ထဲဝင်လာပြီးစကားအကောင်းမပြောတာကြောင့် မျက်စောင်းထိုးလိုက်သည်။

“အစ်ကိုလေးကဘာလို့ မျက်စောင်းကြီးထိုးနေတာလဲ။ ပန်းတွေညှိုးကုန်လို့လား”

“မဟုတ်ဘူး”

“ဘွားဘွားကြီးကို လွမ်းလို့များလား”

“မဟုတ်ပါဘူးဆို”

“မနက်ကပန်းသွားပို့တဲ့အိမ်က ဟိုလူ့အိမ်မလား မတွေ့ခဲ့ရလို့များလား”

“‌တွေ့ခဲ့တယ်”

ကောင်တာရဲ့စားပွဲပေါ်‌ မေးထောက်ရင်းစိတ်ပျက်လက်ပျက် ဖြေနေပုံကမသိရင်ရည်းစားပူမိလာသလိုလိုနဲ့ ဖြစ်နေသည်။

“ဘာလဲ ဟိုကငြင်းလွှတ်လိုက်လို့လား”

“ပေါက်တတ်ကရတွေလာမပြောစမ်းနဲ့ ငြင်းရအောင် ငါအဖြေသွားတောင်းတာမှမဟုတ်တာ”

“ဗြောသိတယ် အစ်ကိုလေးအဲ့လူကိုကြွေနေတယ်ဆိုတာ”

သူမ စကားကိုပြန်ဖြေလာခြင်းမရှိတာကြောင့် အစ်ကိုလေးဟိုလူကိုလုံးဝ ကြွေနေပြီဆိုတာသေချာသလောက်ရှိပါသည်။ စတွေ့တဲ့ရက်ကတည်းက တစိမ့်စိမ့်ကြည့်နေခဲ့တာကိုလည်း သူမ မြင်ခဲ့သည်လေ။

“နှုတ်ပိတ်နေခြင်းက တစ်ခါတစ်လေဝန်ခံခြင်းတဲ့နော်အစ်ကိုလေး”

“နင်သွားလိုက်တော့ ငါ့ဟာငါတောင်ဘာတွေညစ်နေမှန်းမသိဘူး”

“ကြွေနေရင်လည်း အမြန်သာဖွင့်ပြောလိုက်တော့လေ နောင်တဆိုတာ နောက်ကျမှရတာအစ်ကိုလေးရေ!!!”

အော်ပြောရင်းဆိုင်ထဲကထွက်သွားတဲ့ဗြောတစ်ယောက်ကြောင့် ဂျောင်ဂုနားထင်ကိုသာဖိထားရသည်။ မဟုတ်ရင်သွေးတက်ပြီး မူးလဲတော့မှာသေချာတယ်။

စိတ်ညစ်ညစ်နဲ့ကောင်တာပေါ် ထပ်ပြီးခေါင်းလှဲချကာငြိမ်နေလိုက်တော့သည်။ ခနနေတော့ဆိုင်တံခါးဖွင့်သံကြောင့် ဗြောလေးထင်ပြီးအော်ဖို့လုပ်ပေမဲ့ ဝင်လာတဲ့အဘိုးကြောင့်ပါးစပ်အမြန်ပိတ်လိုက်ရသည်။

“အဘိုး!! ဆိုင်ကိုဘယ်တုန်းကရောက်နေတာလဲအိမ်မှာပဲ နေတာတော့မဟုတ်ဘူး”

“ဆိုင်လဲခနလာကြည့်ရင်း မြေးကိုပြောစရာလဲရှိလို့”

“ဘာပြောစရာရှိလို့လဲ အဘိုး”

“ညနေကျ အဘိုးမိတ်ဆွေတွေလာမှာမလို့ အိမ်ကိုလာခဲ့ပြီးကူဦး မဟုတ်ရင်မင်းညီမတစ်ယောက်တည်း အလုပ်များနေမှာစိုးလို့”

“လာခဲ့မယ်လေ ကျွန်တော်လည်းအဘိုးအိမ်လွမ်းနေတာ....”

ခွေးပေါက်လေးတွေလိုချွဲ‌ပြီး‌ ပြောလိုက်တာမလို့ အဘိုးကအသဲယားသွားသည့်ဟန် ပါးနှစ်ဖက်ကိုဆွဲလာတော့သည်။

“အဲ့တာဆို အဘိုးခြံထဲကပန်းတွေသွားကြည့်လိုက်ဦးမယ်”

“ဟုတ်ကဲ့”

•••••••

ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားထဲမွာ ဂ်ီမင္းနာမည္ေလးရွိေနမွန္း ႐ုတ္တရက္သိလိုက္ရေတာ့ေျခမကိုင္မိ လက္မကိုင္မိျဖစ္ခဲ့ရတယ္။ အခ်စ္ဆိုတဲ့အရာကိုမယုံၾကည္ေပမယ့္ဂ်ီမင္းအေပၚျဖစ္တည္လာတဲ့ခံစားခ်က္ကိုေတာ့ ကြၽန္ေတာ္ရဲ႕ပန္းေတြထပ္ေတာင္ပိုယုယခ်င္ခဲ့မိတယ္။

___________________

မနက္အေစာႀကီးႏိုးေနတာ‌ေၾကာင့္ဆိုင္ကအလုပ္သမားေတြသာမက ကိုယ္တိုင္ေတာင္အံ့ဩမိသည္။ ဂြၽန္ေဂ်ာင္ဂုကအၿမဲတမ္းေနဖင္ထိုးမွထတတ္တဲ့အမ်ိဳးေလ ဒါမွမဟုတ္မေန႔ကဂ်ီမင္းနဲ႔အတူ ပန္းခင္းဆီသြားဖို႔ေျပာထားတာေၾကာင့္ အေစာႀကီးႏိုးလာတာမ်ားလား။

“အစ္ကိုေလးဘယ္သြားမွာမလို႔လဲ အံ့ဩစရာေကာင္းေလာက္ေအာင္ အေစာႀကီးႏိုးေနေတာ့ေလ”

“ပန္းခင္းဆီသြားမလို႔ ဧည့္သည္ပါမွာနင္လိုက္လို႔မရဘူး”

“ေျဗာလည္း လိုက္မယ္လို႔မေျပာမိပါဘူးေနာ္ ဘယ္သူနဲ႔သြားမွာမလို႔ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနတာလဲ”

“ဧည့္သည္ပါဆိုေန စပ္စုလိုက္တာ ေအာ္ဒါနဲ႔ဒီေန႔ဘူဆန္ကို ပန္းေတြပို႔ရမွာေနာ္”

“သိပါတယ္ မနက္ကေလးတင္အစ္ကိုေလးေမေမဖုန္းဆက္ေသးတယ္ သူတို႔ဆီမလာဘူးလားတဲ့”

“ငါေနာက္လက် ဘူဆန္ျပန္ဦးမွာဒီႏွစ္ေမြးေန႔ကိုေတာ့ ေမြးရပ္ေျမမွာပဲလုပ္ေတာ့မယ္”

“ေရာက္လက္စနဲ႔ ၾကာၾကာေနလိုက္ပါဦးေဒၚေလးတို႔လည္း လြမ္းေနေရာေပါ့”

ေျဗာေလးအေျပာေၾကာင့္ ေဂ်ာင္ဂုေခါင္းၿငိမ့္လိုက္ရင္း ျပင္ဆင္စရာရွိတာဆက္ျပင္ေနလိုက္သည္။ အခ်ိန္က ဆယ္နာရီစြန္းစြန္းေလာက္ရွိေနၿပီမလို႔ ဂ်ီမင္းလည္းလာေနေလာက္ၿပီထင္တယ္။

တစ္ေယာက္နဲ႔တစ္ေယာက္က ခနခနေတြ႕ေနျဖစ္ၾကေပမဲ့ ဖုန္းနံပါတ္ေတြမယူထားမိတာက ခက္သည္။ တစ္ျခားေတာ့မဟုတ္ပါဘူး ဒီလိုခ်ိန္းထားတဲ့အခ်ိန္ၾက အခ်ိန္ညႇိဖို႔လိုတယ္ေလ ဟုတ္တယ္မလား။

“အစ္ကိုေလး ဆိုင္ထဲဧည့္သည္ေရာက္ေနၿပီ”

ဧည့္သည္ေရာက္ေနၿပီဆိုတဲ့စကားေၾကာင့္ အခန္းထဲကအျမန္ထြက္ၿပီးဆိုင္ဘက္ကိုေျပးရေသးသည္။ တစ္ဆက္တည္းသိခ်င္မိတာက ဒီေန႔လည္း ဂ်ီမင္းဝတ္ေနက် suit အျပည့္ေလးပဲလားလို႔။

“ေစာင့္ရတာ ၾကာသြားလားဂ်ီမင္း”

ဆိုင္ထဲဝင္ဝင္ခ်င္းေတြ႕လိုက္ရတာက စေတြ႕တုန္းကလို suit အျပည့္ဝတ္တတ္တဲ့လူႀကီးလူေကာင္းတစ္ေယာက္ပုံစံမဟုတ္ပဲ လူငယ္ဆန္ဆန္ပုံေလးနဲ႔မလို႔ေတာ္ေတာ္ေလး ၾကည့္ေကာင္းေနျပန္သည္။

“ကိုယ္ ခုနကမွေရာက္တာ”

“အဲ့တာဆို အခုသြားၾကေတာ့မလား”

ဂ်ီမင္းဆီကအၿပဳံးတစ္ပြင့္နဲ႔အတူ ေခါင္းၿငိမ့္လက္ခံတာကိုၾကည့္ၿပီးမွ ႏွစ္ေယာက္သားထြက္လာခဲ့ၾကသည္။ ပထမတစ္ႀကိမ္ေတြ႕တုန္းကလည္း ကြၽန္ေတာ္ဂ်ီမင္းကားေပၚမွာပဲ အတူရွိေနခဲ့ၿပီးခိုးၾကည့္ခဲ့ရေသးတာ။ ဒီတစ္ႀကိမ္မွာလည္း ခပ္ၾကာၾကာေလးၾကည့္ေနမိျပန္သည္။

“ဒီပန္းခင္းက မင္းတို႔ပိုင္တာလား”

“ဟုတ္တယ္ ဒီပန္းခင္းႀကီးကႏွစ္ 30ေလာက္ေတာ့ရွိေနၿပီ ကြၽန္ေတာ့္အဖြားမဆုံးခင္ကတည္းက ပ်ိဳးေထာင္ခဲ့ၾကတာ”

“Paris မွာဒီေလာက္ႀကီးတဲ့ပန္းခင္းကို ကိုယ္မေတြ႕ဖူးဘူး ဒါေပမဲ့ဒီ‌ေနရာနဲ႔ရင္းႏွီးေနသလိုခံစားရတယ္

“ဂ်ီမင္ပဲရစ္မွာေနခဲ့တဲ့အခ်ိန္တုန္းက ဒီပန္းခင္းႀကီးကဥယ်ာဥ္ေလးတခုပဲ ျဖစ္ေနဦးမယ္ထင္တယ္ ႏွစ္ေတြလည္းအေတာ္ၾကာသြားခဲ့ေတာ့ခုလိုပန္းခင္းႀကီးအျဖစ္ေျပာင္းလဲသြားခဲ့တာ အဲ့ဒီေနာက္ပိုင္းဒီေနရာကိုေတာ္႐ုံတန္႐ုံလူေတြ ဝင္ခြင့္သိပ္မရဘူး”

“ဘာလို႔လဲ”

ပန္းေတြကိုပတ္ၾကည့္ေနရင္း ေဂ်ာင္ဂုေျပာတဲ့စကားေၾကာင့္ေဘးလွည့္ေမးရင္းလမ္းေလွ်ာက္ေနေပမဲ့ ကံမေကာင္းစြာ‌ေအာက္ကႏြယ္ပင္ေတြနဲ႔ၿငိၿပီး ခလုတ္တိုက္မိေတာ့သည္။ လဲက်ခါနီးသူ႔လက္ကို လွမ္းဆြဲလာတဲ့လက္တစ္စုံေၾကာင့္ေရာက္သြားတာက ရင္ခြင္ေႏြးေႏြးတစ္ခုထဲကို...

႐ုတ္တရက္အေနအထားဆိုေတာ့ မ႐ုန္းမိပဲစကၠန႔္တစ္ခ်ိဳ႕ထိေၾကာင္ေနမိသည္။ အခုမွၾကည့္မိတာ ‌ဒီေကာင္ေလးဆံပင္ေတြက ပြေယာင္းေယာင္းနဲ႔အေကာက္ပုံသ႑န္ေလးကခ်စ္စရာေလးျဖစ္ေနသည္။ ထိုမွတဆင့္မ်က္လုံးဝိုင္းဝိုင္းေတြ‌ဆီအၾကည့္ေရာက္ေတာ့မွ အလ်င္အျမန္႐ုန္းလိုက္ရသည္။

“အဟင္း အဆင္ေျပရဲ႕လားဂ်ီမင္း”

“ေျပပါတယ္ ေက်းဇူးေကာင္ေလး”

“အဲ့တာဆို ခုနကဟာဆက္ေျပာမယ္ေနာ္ ဝင္ခြင့္မရၾကတာမ်ိဳးကဒီပန္းခင္းႀကီးက အဖြားရဲ႕အေမြအႏွစ္ေတြနဲ႔ေသခ်ာျပဳစုပ်ိဳးေထာင္ခဲ့တာမလို႔ေလ ေနာက္ပိုင္းက်ေတာ့ကြၽန္ေတာ္ဦးစီးတာေၾကာင့္ ဒီပန္းခင္းႀကီးကိုဝင္ခြင့္ရဖို႔အခေၾကးေငြနဲ႔အတူ စည္းမ်ဥ္းစည္းကမ္းေတြပါထပ္ထုတ္ခဲ့တာ”

“အာ အဲ့လိုကိုး.... ပန္းေတြကအမ်ားႀကီးဆိုေတာ့စိုက္ပ်ိဳးရတဲ့အခါမ်ိဳးမွာလည္းေသခ်ာဂ႐ုတစိုက္လုပ္ရမွာပဲ”

“ဟုတ္တယ္ ကြၽန္ေတာ္ကဒီကို တစ္ပတ္တစ္ခါပဲေရာက္ျဖစ္တာ အဘိုးကေတာ့လာေနၾကေလသူ႔ငယ္ခ်စ္ဦးနဲ႔ ဆုံခဲ့တဲ့ေနရာဆိုေတာ့”

“အဘြားက ဒီႏိုင္ငံသားလား”

“မဟုတ္ဘူး အဘြားကဒီႏိုင္ငံသားအျဖစ္ခံယူထားတာ ဒါေပမယ့္ကြၽန္ေတာ့္အေဖနဲ႔အေမလက္ထပ္ၿပီးေတာ့အေဖကကိုရီးယားႏိုင္ငံသားအျဖစ္ခံယူၿပီးကြၽန္ေတာ့္ကိုဘူဆန္မွာေမြးခဲ့တယ္။ အဲ့ေတာ့ကြၽန္ေတာ္လည္းကိုရီးယားႏိုင္ငံသားပဲဆိုပါေတာ့ဗ်ာ။  ‌ေနာက္ၿပီး အဘြားကအမိေျမကိုအရမ္းမုန္းတာတဲ့
အေၾကာင္းရင္းကိုေတာ့ ကြၽန္ေတာ္မေမးျဖစ္ခဲ့ဘူးအဘြားတို႔လည္းသိေစခ်င္ပုံမရလို႔ေလ”

“ဒါေပမယ့္အခုေတာ့ အဘြားလုပ္ငန္းကိုဦးစီးႏိုင္ၿပီေလ ‌မင္းအဘြားေတာ့ေပ်ာ္ေနေတာ့မွာပဲ”

“အဲ့လိုပဲထင္ရတယ္ အဘြားေပ်ာ္ဖို႔ကအဓိကေလ”

ဆက္ေလွ်ာက္ေနရင္းမွဂ်ီမင္းဆီက စကားသံထြက္မလာလို႔ ေနာက္လွည့္ၾကည့္လိုက္သည့္အခါ မ်က္ႏွာကိုေဘးဘက္သို႔လွည့္ရင္း အတင္းသုတ္ေနတာကိုေတြ႕လိုက္သည္။ ဂ်ီမင္းကငိုေနတာလား??

“ဂ်ီမင္း အဆင္ေျပရဲ႕လား ဘာျဖစ္လို႔လဲ”

“ေျပတယ္ ေျပတယ္မ်က္လုံးထဲအမႈန္ဝင္သြားလို႔”

“ဒီနားကဆိုင္မွာ ကြၽန္ေတာ္ေသာက္စရာတစ္ခုခုသြားဝယ္လိုက္မယ္ေလ ခနေစာင့္ေနာ္”

ေဂ်ာင္ဂုကိုေခါင္းၿငိမ့္ျပၿပီး အရိပ္ရတဲ့ခုံတန္းတစ္ခုေပၚ သြားထိုင္လိုက္သည္။ ေဂ်ာင္ဂုအဘြားအေၾကာင္းေျပာေနေတာ့ ေမေမ့ကို႐ုတ္တရက္လြမ္းလာမိတယ္ တစ္ဆက္တည္းျဖစ္မိတာက သူကေရာေမေမေပ်ာ္ေအာင္ လုပ္ေပးႏိုင္ခဲ့ရဲ႕လားဆိုတာ။

သူလည္းေမေမေခါင္းခ်ခဲ့တဲ့ ဒီေျမ‌ဒီေဒသေလးမွာပဲ အသက္ရွင္ခ်င္ခဲ့တယ္။ တစ္ဖက္ကကိုယ့္ဝါသနာ တစ္ဖက္ကမိဘ ဒါေပမယ့္ပတ္ဂ်ီမင္းကေတာ့ ေမေမ့စကားတစ္ခြန္းအတိုင္းေနႏိုင္ခဲ့တာပါ။ ေဖေဖနဲ႔အတူ ကုမၸဏီမွာဦးေဆာင္ၿပီး အသန္မာဆုံးအျဖစ္ေနေနပါတယ္ေမေမ။

________________________________

“ဂ်ီမင္းလီမြန္အရသာ ေသာက္လား”

“ဘယ္ဟာျဖစ္ျဖစ္ အဆင္ေျပပါတယ္”

“ခနေန ျပန္ၾကေတာ့မလားညေနလဲ ေစာင္းေနၿပီဆိုေတာ့”

“မင္းကိုလိုက္ပို႔ၿပီးရင္ ကိုယ္သြားစရာတစ္ခုရွိေသးတယ္”

“ေနာက္က်ေနဦးမယ္ ဂ်ီမင္း”

“ေထြေထြထူးထူးမဟုတ္ပါဘူး Eiffel tower ဘက္လမ္းေလွ်ာက္ထြက္မလို႔”

“ကြၽန္ေတာ္ အေဖာ္လိုက္ေပးရမလားဂ်ီမင္း”

“ရတယ္‌ေလ မင္းအဆင္ေျပမွပါ”

ဒီေန႔လည္း ဂ်ီမင္းနဲ႔အတူတေနကုန္ရွိေနျဖစ္ခဲ့သည္။ ထူးဆန္းတာက ကြၽန္ေတာ္ဂ်ီမင္းနဲ႔အတူရွိေနတိုင္း ရင္ဘတ္ထဲကႏွလုံးခုန္ႏႈန္းသည္ သာမာန္ထပ္ပိုၿပီးျမန္ဆန္ေနခဲ့သည္။ ဒါက တကယ္လို႔မ်ားကြၽန္ေတာ္ဂ်ီမင္းကို ရင္ခုန္ေနခဲ့မိတာဆိုရင္ ႏွလုံးသားကိုေသခ်ာေလးျပန္စစ္ေဆးမွျဖစ္ေတာ့မယ္ထင္တယ္။

ေနဝင္သြားတာနဲ႔ႏွစ္ေယာက္သား အီဖယ္ဘက္ကိုထြက္လာခဲ့ၾကသည္။ အီဖယ္ေမွ်ာ္စင္ကညဘက္ဆိုမီးေရာင္ေတြအမ်ားႀကီးနဲ႔မလို႔ အလြန္လွပတဲ့ေနရာတစ္ခုျဖစ္သည္။ လမ္းေလွ်ာက္ေကာင္းတဲ့ေနရာတစ္ခုျဖစ္သလို၊ ခ်စ္ရသူနဲ႔ date လုပ္မည္ဆိုလွ်င္လည္း‌အလြန္႐ိုမစ္တစ္ ဆန္သည့္ေနရာတစ္ခုလည္းျဖစ္သည္။

“ဂ်ီမင္း ဒီေနရာကိုခနခနလာဖူးတာလား”

“ကိုယ္ဒီကိုေရာက္တိုင္း လာျဖစ္ပါတယ္”

“ကြၽန္ေတာ္ဒီကို ပထမဆုံးေရာက္တုန္းက 17ႏွစ္ေလာက္ရွိမယ္ထင္တယ္ ေဟ်ာင္းတစ္ေယာက္နဲ႔လာခဲ့တာ”

ေဂ်ာင္ဂုစကားေၾကာင့္ ဂ်ီမင္း႐ုတ္တရက္ေတြးလိုက္မိတာက လြန္ခဲ့တဲ့ 10ႏွစ္တုန္းကသူလည္း ပထမဆုံးကေလးတစ္ေယာက္နဲ႔ ေရာက္ခဲ့ဖူးတာ။ စေတြ႕ထဲကေဂ်ာင္ဂုမ်က္လုံး ဝိုင္းဝိုင္းေလးကိုျမင္ဖူးပါတယ္ဆိုၿပီး ေတြးေနမိတာ။ တကယ္ပဲေဂ်ာင္ဂုက သူနဲ႔သိခဲ့တဲ့ကေလးမ်ားလား။

“အဲ့ေဟ်ာင္းကို မွတ္မိလား”

“မမွတ္မိဘူး သူ႔ရဲ႕နာမည္အစေလးပါမမွတ္မိခဲ့ဘူး။ထူးဆန္းတယ္... ကြၽန္ေတာ္တို႔အတူရွိခဲ့တဲ့အခ်ိန္ေတြကိုက်မွတ္မိၿပီး မ်က္ႏွာနဲ႔ နာမည္က်မွမမွတ္မိပဲဝိုးတဝါးျဖစ္ေနတယ္”

“ႏွစ္ေတြၾကာၿပီဆိုေတာ့ ‌ေမ့တာမ်ိဳးလဲရွိမွာပါ”

“ဒါေပမယ့္တစ္ခုကေလ ကြၽန္ေတာ္အဲ့ေဟ်ာင္းကိုၾကယ္ပုလင္းေလးေပးခဲ့ဖူးတာကို ေသခ်ာမွတ္မိတယ္”

‌မဟုတ္ေလာက္ဘူးလို႔ထင္ခဲ့ေပမဲ့ ၾကယ္ပုလင္းဆိုတဲ့စကားကသူ႔ကိုေသခ်ာသြားေစခဲ့တယ္။ အဲ့တာကသူ႔ေမြးေန႔မွာေဂ်ာင္ဂုေပးခဲ့တဲ့ လက္ေဆာင္ေလးေလ။

ေဂ်ာင္ဂုနဲ႔ေဘးခ်င္းကပ္ရပ္ရွိေန‌တာေၾကာင့္ ေသခ်ာေလးၾကည့္မိေတာ့ သူ႔ထပ္ေခါင္းတစ္လုံးစာေလာက္ျမင့္ၿပီး ခႏၶာကိုယ္ထြားထြားက ဒီကေလးသူ႔စကားအတိုင္းေသခ်ာႀကီးျပင္းလာခဲ့တာပဲလို႔ေတြးမိၿပီး တစ္ဆက္တည္းရင္ခြင္ေႏြးေႏြးေတြထဲ အရင္လိုဝင္ငိုခ်င္ခဲ့မိသည္။

ဒါေပမဲ့အရင္ကလိုအငိုသန္တဲ့ ပတ္ဂ်ီမင္းမဟုတ္ေတာ့တာေၾကာင့္ ဒီကေလးေရွ႕ၿပိဳလဲျပလို႔မျဖစ္ဘူးေလ။

“ျပန္ၾကမလားေဂ်ာင္ဂု ကိုယ္႐ုတ္တရက္ႀကီးပင္ပန္းလာလို႔”

“ျပန္ၾကမယ္ေလ ကားကိုကြၽန္ေတာ္ေမာင္းလိုက္မယ္”

“အင္း”

“ခနျဖစ္ျဖစ္ ေမွးခ်င္ေမွးလိုက္ဦးေနာ္ ဂ်ီမင္း”

ေခါင္းၿငိမ့္ျပကာေဂ်ာင္ဂုစကားအတိုင္း ‌ကားအေနာက္ခုံကိုမွီရင္းမ်က္လုံးမွိတ္ထားလိုက္သည္။ ဒီ10ႏွစ္အတြင္း ေသခ်ာႀကီးျပင္းလာၿပီး လူေတာ္ေလးတစ္ေယာက္အျဖစ္ရွင္သန္ေနတာျမင္ေတာ့ ဂ်ီမင္းဝမ္းသာမိသည္။

သူတို႔မိသားစုကလည္း ေဂ်ာင္ဂုတို႔လိုရႈပ္ေထြးသည္။ ေမေမကျပင္သစ္လူမ်ိဳးျဖစ္တာေၾကာင့္ ေဖေဖ့ဘက္လိုက္ၿပီး ကိုရီးယားလူမ်ိဳးအျဖစ္ခံယူရသည္။ သူ႔ကိုေမေမ့ဘက္ကအမ်ိဳးေတြထဲတစ္ေယာက္မွလက္မခံၾကဘူး ‌ေမေမ့ညီမအငယ္ဆုံးေလးကလြဲလို႔ေပါ့။

ေမေမကသန္မာၿပီး လွပတဲ့အမ်ိဳးသမီးေလးတစ္ေယာက္ျဖစ္ခဲ့တာ။ သူမဆီမွာ ျပင္းထန္တဲ့ႏွလုံးေရာဂါရွိေနခဲ့မယ္လို႔ မသိခဲ့ရေလာက္ေအာင္အထိ သူမအၿပဳံးေတြက ဟန္ေဆာင္ေကာင္းခဲ့တယ္။ ေနာက္ဆုံးအခ်ိန္မွသာသိခဲ့ရေတာ့သူဟာမေကာင္းတဲ့ သားတစ္ေယာက္မ်ားျဖစ္ေနမလားလို႔ေတြးခဲ့မိတယ္။

ေမေမဆုံးၿပီးေတာ့ ဒီႏိုင္ငံမွာတစ္ေယာက္တည္းျဖစ္ေနတာေၾကာင့္ေဖေဖကျပန္ေခၚသည္။ ေမေမ့အေငြ႕အသက္ေတြရွိေသးတာေၾကာင့္ ကိုရီးယားကိုလည္းမျပန္ခ်င္ခဲ့ဘူး။ အဲ့အခ်ိန္ေဂ်ာင္ဂုအဘိုးက သူတို႔ဆီမွာအဆင္ေျပတဲ့အထိလာေနၿပီး ျပန္ခ်င္တဲ့အခ်ိန္မွျပန္ခိုင္းခဲ့သည္။

ေဂ်ာင္ဂုကငယ္ငယ္ေလးတည္းကသြက္လက္ၿပီး ေတာ္တဲ့ကေလးျဖစ္တာေၾကာင့္ဂ်ီမင္း အားက်ခဲ့ရဖူးသည္။ သူ႔ထက္ရင့္က်က္ၿပီး ႏွစ္ႏွစ္ငယ္တဲ့ကေလးဆီက အႀကံဉာဏ္ေတြေရာ၊ ေမတၱာတစ္ခ်ိဳ႕ပါအပိုထပ္ရခဲ့သည္။

အီဖယ္ေမွ်ာ္စင္ႀကီးဆီကိုသြားဖို႔ ႏွစ္ေယာက္သားအဘိုးတို႔ဆီအတင္းအၾကပ္ေတာင္းဆိုခဲ့ၾကတာေတြ၊ ၿပီးေတာ့ေဂ်ာင္ဂုရင္ခြင္ထဲမွာ ေအာ္ငိုခဲ့တာေတြေရာ ေတြးၾကည့္ရင္ျဖစ္ခဲ့သမွ်အရာေတြကအိပ္မက္တစ္ခုလိုပဲ။

ဂြၽန္ေဂ်ာင္ဂု ဆိုတဲ့နာမည္ကိုၾကားေတာ့နာမည္တူ‌တာေနမွာပဲလို႔ေတြးခဲ့မိတယ္။ ေနာက္ၿပီးသူသိခဲ့တဲ့ လူပ်ိဳေပါက္အ႐ြယ္ေကာင္ေလးက အခုေလာက္ထိေခ်ာလာတာဟုတ္ႏိုင္ပါ့မလားဆိုတဲ့ ခပ္ေၾကာင္ေၾကာင္အေတြးေတြကလည္း ဟာသဆန္ေနျပန္သည္။

ကိုရီးယားကိုမျပန္ခင္သုံးရက္အလိုထဲက ေဂ်ာင္ဂုကစကားလာမေျပာေတာ့ေပ။ စိတ္ေကာက္သြားမွန္းသိေပမဲ့ ကိုရီးယားကိုျပန္မယ့္ေန႔အထိလိုက္မေခ်ာ့ျဖစ္ပဲ ‌ေနခဲ့မိသည္။ အဲ့ထဲကေဂ်ာင္ဂုနဲ႔မဆက္သြယ္ျဖစ္ခဲ့တာ အခုလိုထပ္မေတြ႕ရခင္အထိပဲ။

________________________

ပန္းခင္းဆီသြားၿပီးတဲ့ေန႔တည္းက ဂ်ီမင္းနဲ႔မေတြ႕ျဖစ္တာတစ္ပတ္ေလာက္ရွိေနၿပီမလို႔ စိတ္ထဲတစ္ခုခုလိုေနသလိုခံစားရသည္။ ဒါေပမဲ့ အလုပ္ကလည္းရွိေသးတာေၾကာင့္ မေန႔ကလာမွာသြားတဲ့လူရဲ႕ လိပ္စာအတိုင္းသြားပို႔ဖို႔ျပင္ရေသးသည္။

အိမ္ေရွ႕ေရာက္ေတာ့ဘဲလ္တီးဖို႔ျပင္ခါနီး ဂ်ီမင္းကိုေတြ႕လိုက္ရတာေၾကာင့္ ဘဲလ္ကိုလဲမျမင္ေတာ့ပဲ ဂ်ီမင္းကိုသာလွမ္းေခၚမိလိုက္သည္။

“ဂ်ီမင္းရွီး!..”

မနက္‌ေစာေစာသြားစရာေနရာမရွိတာေၾကာင့္ ၿခံထဲမွာလမ္းေလွ်ာက္ေနလိုက္သည္။ ခပ္လွမ္းလွမ္းေရာက္ေနေပမဲ့ တံခါးဝကေနထြက္လာတဲ့အသံက ေဂ်ာင္ဂုမွန္းဂ်ီမင္းအေသခ်ာႀကီးမွတ္မိပါသည္။

“ကြၽန္ေတာ့္ကို တံခါးလာဖြင့္ေပးဦးေလဂ်ီမင္း”

သက္ျပင္းယဲ့ယဲ့သာခ်ရင္း အိမ္တံခါးသြားဖြင့္ေပးေတာ့ ပန္းစည္းတစ္ခုနဲ႔အတူ ႐ို႐ိုက်ိဳးက်ိဳးေလးဝင္လာၿပီးသူ႔ကိုေပးလာသည္။ မယူဘူးျငင္းရေအာင္လည္း ပန္းစည္းကသူ႔လက္ထဲေရာက္ေနၿပီ။

“ဒါ ဘာအတြက္လဲေဂ်ာင္ဂု ကိုယ္မမွာထားမိပါဘူး”

“ဒီလိပ္စာနဲ႔ အမွာေရာက္လာလို႔”

“‌ေအာ္ ေဒၚေလးမွာထားတာထင္တယ္ ေက်းဇူး”

ကိုယ့္အာ႐ုံနဲ႔ကိုယ္မလို႔ ပန္းေတြကိုၾကည့္ရင္းေျဖလိုက္ေပမဲ့ စကားျပန္မရတာေၾကာင့္ ေမာ့ၾကည့္မိေတာ့ ေဂ်ာင္ဂုမ်က္ဝန္းေတြနဲ႔တိုးသည္။

“ဟို... ပိုက္ဆံမေပးရေသးတာလား”

“မဟုတ္ပါဘူး ကြၽန္ေတာ့္ကို ဂ်ီမင္းအိမ္ထဲမေခၚေတာ့ဘူးလား”

“ဟမ္”

ေဂ်ာင္ဂုစကားေၾကာင့္ နားမလည္သလိုျပန္ေမးလိုက္ရသည္။ အဆက္အစပ္မရွိပဲ အိမ္ထဲမေခၚဘူးလားေမးလာေတာ့ ဂ်ီမင္းေျဖစရာစကားမရွိေတာ့ေပ။

“ဂ်ီမင္းအဆင္မေျပဘူးထင္တယ္ ေနာက္တစ္ေခါက္ေပါ့အခုေတာ့ ကြၽန္ေတာ္သြားေတာ့မယ္ေနာ္”

သူေတာင္ျပန္မေျပာရေသးခင္ လွည့္ထြက္သြားတဲ့ေကာင္ေလးေၾကာင့္ လက္ထဲကပန္းစည္းနဲ႔အတူက်န္ေနခဲ့ရသည္။ အခုအေျခအေနႀကီးကဘယ္လိုမ်ိဳးႀကီးလဲမသိဘူး တစ္ခါမွမခံစားဖူးတဲ့ခံစားခ်က္ကေရာဘာပါလိမ့္ ဓာတ္လိုက္သြားရသလိုမ်ိဳး...

“အစ္ကိုေလးဘာျဖစ္ေနတာလဲ ျပန္ေရာက္ထဲကလဒအိုႀကီးလို မႈိင္ေနတာ”

ကိုယ့္အေတြးနဲ႔ကိုယ္ ေကာင္တာမွာထိုင္ၿပီးစိတ္ညစ္ေနတုန္း ဆိုင္ထဲဝင္လာၿပီးစကားအေကာင္းမေျပာတာေၾကာင့္ မ်က္ေစာင္းထိုးလိုက္သည္။

“အစ္ကိုေလးကဘာလို႔ မ်က္ေစာင္းႀကီးထိုးေနတာလဲ။ ပန္းေတြညႇိဳးကုန္လို႔လား”

“မဟုတ္ဘူး”

“ဘြားဘြားႀကီးကို လြမ္းလို႔မ်ားလား”

“မဟုတ္ပါဘူးဆို”

“မနက္ကပန္းသြားပို႔တဲ့အိမ္က ဟိုလူ႔အိမ္မလား မေတြ႕ခဲ့ရလို႔မ်ားလား”

“‌ေတြ႕ခဲ့တယ္”

ေကာင္တာရဲ႕စားပြဲေပၚ‌ ေမးေထာက္ရင္းစိတ္ပ်က္လက္ပ်က္ ေျဖေနပုံကမသိရင္ရည္းစားပူမိလာသလိုလိုနဲ႔ ျဖစ္ေနသည္။

“ဘာလဲ ဟိုကျငင္းလႊတ္လိုက္လို႔လား”

“ေပါက္တတ္ကရေတြလာမေျပာစမ္းနဲ႔ ျငင္းရေအာင္ ငါအေျဖသြားေတာင္းတာမွမဟုတ္တာ”

“ေျဗာသိတယ္ အစ္ကိုေလးအဲ့လူကိုေႂကြေနတယ္ဆိုတာ”

သူမ စကားကိုျပန္ေျဖလာျခင္းမရွိတာေၾကာင့္ အစ္ကိုေလးဟိုလူကိုလုံးဝ ေႂကြေနၿပီဆိုတာေသခ်ာသေလာက္ရွိပါသည္။ စေတြ႕တဲ့ရက္ကတည္းက တစိမ့္စိမ့္ၾကည့္ေနခဲ့တာကိုလည္း သူမ ျမင္ခဲ့သည္ေလ။

“ႏႈတ္ပိတ္ေနျခင္းက တစ္ခါတစ္ေလဝန္ခံျခင္းတဲ့ေနာ္အစ္ကိုေလး”

“နင္သြားလိုက္ေတာ့ ငါ့ဟာငါေတာင္ဘာေတြညစ္ေနမွန္းမသိဘူး”

“ေႂကြေနရင္လည္း အျမန္သာဖြင့္ေျပာလိုက္ေတာ့ေလ ေနာင္တဆိုတာ ေနာက္က်မွရတာအစ္ကိုေလးေရ!!!”

ေအာ္ေျပာရင္းဆိုင္ထဲကထြက္သြားတဲ့ေျဗာတစ္ေယာက္ေၾကာင့္ ေဂ်ာင္ဂုနားထင္ကိုသာဖိထားရသည္။ မဟုတ္ရင္ေသြးတက္ၿပီး မူးလဲေတာ့မွာေသခ်ာတယ္။

စိတ္ညစ္ညစ္နဲ႔ေကာင္တာေပၚ ထပ္ၿပီးေခါင္းလွဲခ်ကာၿငိမ္ေနလိုက္ေတာ့သည္။ ခနေနေတာ့ဆိုင္တံခါးဖြင့္သံေၾကာင့္ ေျဗာေလးထင္ၿပီးေအာ္ဖို႔လုပ္ေပမဲ့ ဝင္လာတဲ့အဘိုးေၾကာင့္ပါးစပ္အျမန္ပိတ္လိုက္ရသည္။

“အဘိုး!! ဆိုင္ကိုဘယ္တုန္းကေရာက္ေနတာလဲအိမ္မွာပဲ ေနတာေတာ့မဟုတ္ဘူး”

“ဆိုင္လဲခနလာၾကည့္ရင္း ေျမးကိုေျပာစရာလဲရွိလို႔”

“ဘာေျပာစရာရွိလို႔လဲ အဘိုး”

“ညေနက် အဘိုးမိတ္ေဆြေတြလာမွာမလို႔ အိမ္ကိုလာခဲ့ၿပီးကူဦး မဟုတ္ရင္မင္းညီမတစ္ေယာက္တည္း အလုပ္မ်ားေနမွာစိုးလို႔”

“လာခဲ့မယ္ေလ ကြၽန္ေတာ္လည္းအဘိုးအိမ္လြမ္းေနတာ....”

ေခြးေပါက္ေလးေတြလိုခြၽဲ‌ၿပီး‌ ေျပာလိုက္တာမလို႔ အဘိုးကအသဲယားသြားသည့္ဟန္ ပါးႏွစ္ဖက္ကိုဆြဲလာေတာ့သည္။

“အဲ့တာဆို အဘိုးၿခံထဲကပန္းေတြသြားၾကည့္လိုက္ဦးမယ္”

“ဟုတ္ကဲ့”

Comment