1

ပထမဆုံးအကြိမ် လှတာကိုတွေ့ခဲ့ဖူးတာပဲ။ သူကတော်တော်လေးကိုလှတယ် ပြီးတော့အမျိုးသားလေးတစ်ဦး နောက်ပြီးကျွန်တော်သူ့ကို ပထမဆုံးချစ်ခဲ့မိတာ။

____________________

"ဂျောင်ဂု မြေး..."

"ဗျာ အဘိုးဘာလိုလို့လဲ"

"ဒီနေ့မင်းအဖွား နှစ်ပတ်လည်နေ့လေအဲ့တာအဘိုးသွားမလို့ မြေးရောလိုက်မလား"

"အာဟုတ်သားပဲ ကျွန်တော်မလိုက်တော့ဘူးအဘိုး။ ဆိုင်မှာလုပ်စရာတွေရှိသေးလို့ အဘိုးပဲသွားလိုက်ပါ"

"အဲ့တာဆို အဘိုးသွားပြီမြေး"

အဘိုးသွားတာနဲ့ ဆိုင်ကောင်တာမှာသွားထိုင်လိုက်သည်။ ဒီနှစ်နဲ့ဆိုအဖွားကျွန်တော်တို့နဲ့မရှိတော့တာ 10 နှစ်တောင်ရှိပြီလေ။ အဖွားရဲ့နှစ်ပတ်လည်နေ့တိုင်းအဘိုးကတော့ သွားပြီးဂါရဝပြုရှာပါတယ်။

အဘွားမဆုံးခင်ထဲက ပဲရစ်ကိုရောက်နေခဲ့တာဆိုတော့ကျွန်တော်လည်းဒီဒေသမှာ အသားကျနေပါပြီ။ အမေနဲ့အဖေကတော့ ကိုရီးယားနိုင်ငံရဲ့ဘူဆန်မြို့နယ်လေးမှာ ပန်းဆိုင်လေးနဲ့ ကော်ဖီဆိုင်လေးဖွင့်ထားကြတာပေါ့ဗျာ။

မကြာမကြာတော့ဘူဆန်ကို အလည်ပြန်ရောက်ဖြစ်ပေမဲ့ ဒီနှစ်ထဲမှာတော့တစ်ကြိမ်မှမရောက်ဖြစ်သေးဘူး။ အဲ့တာကလည်းကျွန်တော့်ရဲ့ပန်းကမ္ဘာကြီးကြောင့်လေ ပန်းတွေနှစ်သက်တဲ့ကျွန်တော့်အဖို့တော့အမြဲတမ်းပန်းတွေနဲ့ပဲ အချိန်ကုန်နေရရင်ထမင်းမေ့ ဟင်းမေ့ဖြစ်ကုန်ရော။

"အစ်ကိုလေး!! "

"အလန့်တကြားနဲ့ဗြောလေးရယ် ဘာဖြစ်လို့လဲ"

"ဟိုလေ... ‌အရှေ့ဘက်မှာကားတစ်စီး အစ်ကိုလေးပန်းပင်တွေကိုတိုက်မိသွားလို့"

"ဟမ် ဘယ်လိုဘယ်လို..."

ပန်းပင်တွေဆိုတဲ့စကားကြောင့် ဂျောင်ဂုမျက်လုံးတွေဝိုင်းသွားပြီး အပြေးအလွှားထွက်ကြည့်ရသည်။ ပန်း‌တွေဆို အသက်တမျှတန်ဖိုးထားရတာလေ။

‌အပြင်ရောက်တော့ ပန်းအိုးသုံးအိုးလောက်ကကွဲတာကကွဲ လဲနေတဲ့ဟာကလဲနဲ့မလို့ ဂျောင်ဂုစိတ်တိုသွားရသည်။ ဘယ်လိုလူကများ ကားကိုဘယ်လိုမောင်းလာရတာလဲ!!

တိုက်မိတဲ့ကားကိုလှမ်းကြည့်တော့ တော်တော်ဈေးကြီးမယ့်အထဲပါပြီး limited edition နဲ့ထုတ်ထားတဲ့ကားအမျိုးအစားဖြစ်သည်။ ထိုလူ့ဘက်ကကားလည်းထိသွားလောက်မှာပေမယ့် ပန်းတွေကိုထိလာတာကြောင့်တစ်ပွဲလောက်နွှဲသင့်ပါသည်။

"ဒီမှာဗျ တံခါးဖွင့်ဦး‌လေ"

ကားတံခါးကို လက်နဲ့နှစ်ချက်လောက်ခေါက်တော့မှတံခါးဖွင့်ပြီးထွက်လာသူကြောင့် ဂျောင်ဂုအမြန်နောက်လှမ်းဆုတ်လိုက်ရသည်။ မဟုတ်ရင်မျက်နှာနဲ့ တံခါးနဲ့မိတ်ဆက်နေလောက်ပြီ။

"ဆောရီး ကိုယ်အရှေ့ကိုမမြင်မိပဲတိုက်မိသွားတာ ဘယ်လိုပြန်လုပ်ပေးရမလဲမသိဘူး"

ကိုယ့်ဒေါသနဲ့ကိုယ်မလို့ စကားသံကြားမှအရှေ့ကိုကြည့်မိတော့ suit အပြည့်နဲ့မတ်တပ်ရပ်‌နေတဲ့လူကိုခပ်ကြာကြာစိုက်ကြည့်လိုက်မိသည်။ တစ်ဖက်ကပြန်ပြောလာတဲ့စကားကြောင့်လား ဒါမှမဟုတ် ခပ်အေးအေးလေသံနဲ့သူ့အမှားကိုသိနေသလိုပုံစံနဲ့ပြောလာသည့်ပုံ‌ကြောင့်လားမသိပေမယ့် ထိုလူကိုတစ်ခနချင်းငေးမိသွားရသည်။

"ကျွန်တော်က ပန်းတွေနဲ့ပတ်သတ်ရင်အရမ်းစိတ်ဆတ်တတ်လို့‌လေခုနက နည်းနည်းတော့ဒေါသထွက်ပေမဲ့ ဒီဘက်က....??"

"ကိုယ့်နာမည် ပတ်ဂျီမင်းပါ"

"အာ....ဟုတ်ကဲ့ဂျီမင်း ကျွန်တော့်ဘက်ကဘာမှလိုလိုမယ်မယ်မတောင်းဆိုတော့ပါဘူး"

ဂျောင်ဂုစကားကြောင့် အနားမှာရှိတဲ့ဗြောလေးကတော်တော်လေး အံ့ဩသွားရသည်။ သူမအစ်ကိုလေးကဘယ်တုန်းကဒီလိုညင်ညင်သာသာ ပြောဖူးလို့လဲ။

"မဟုတ်တာပဲ ကိုယ်ကမှားထားတဲ့လူဆိုတော့ အဆင်ပြေမဲ့နည်းတစ်ခုခုပြန်လုပ်ပေးပါ့မယ်"

"အဲ့တာဆို ကျွန်တော်တို့နောက်တစ်ခါတွေ့ရင် တစ်ခုခုလိုက်ကျွေးပါ ဂျီမင်းရှီး...."

"ဒီလိုလုပ်လိုက်ရင် ကြေပြီပေါ့ အဲ့ဒါဆိုလည်းအဆင်ပြေတယ်လေ ကိုယ်မနက်ကျထပ်လာခဲ့ပါ့မယ်။ အခုတော့ကိစ္စလေးရှိလို့ သွားခွင့်ပြုပါဦး"

အကြောင်းပြချက်ရေရေရာရာ မရှိပဲနဲ့ဘာလို့အတူထပ်တွေ့ရမယ့်နည်းကို ရွေးလိုက်မိသလဲဆိုတာ ကိုယ်တိုင်လည်းမသိတော့ဘူး။ ခေါင်းမငြိမ့်မိလိုက်သလို ပြန်လဲမတုန့်ပြန်မိပဲ ထိုလူရဲ့အမူအရာတွေကိုတစ်ဆုံးလိုက်ကြည့်နေမိသည်။ တကယ်ပဲဘာဖြစ်သွားမှန်းမသိအောင်‌ရင်တွေတုန်‌နေမိသည်။ တစ်ခါမှမဖြစ်ဖူးပါဘဲနဲ့...

"အစ်ကိုလေး!!"

"မိဗြော... နင်လုပ်တာနဲ့ငါကြာရင် နှလုံးရပ်တော့မယ့်ပုံပဲဖြေးဖြေးသက်သာ ခေါ်ပါ့လား"

"အစ်ကိုလေးက ခေါ်နေတာကိုမှမထူးပဲပြောနေတာလည်း ပြန်မဖြေဘူး"

"ထပ်ပြောလေ ငါမကြားမိလိုက်ဘူး"

"မလုပ်စဖူးအလုပ်တွေလုပ်ပြီး ခုနကတစ်ယောက်ကိုလည်းငေးနေတာမလား ဗြောသိတယ်နော် ဘိုးဘိုးကြီးနဲ့တိုင်ဦးမယ်"

ဆောင့်အောင့်ကာထွက်သွားတဲ့ကလေးမကြောင့် ဂျောင်ဂုရယ်ရုံသာရယ်နေရသည်။ ဒါနဲ့...
တကယ်ပဲခုနကတစ်ယောက်ကိုငေးနေခဲ့မိတာလား။

___________________________

ဒီနေ့အတွက် ကျွန်တော့်ခံစားချက်က လေပေါ်မြောက်နေရသလို လန်းဆန်းပြီးတက်ကြွနေသည်။ အရင်ကဆိုပန်းတွေကြောင့်ပဲ ဖြစ်ဖူးတာဆိုပေမယ့် အခုတစ်ခါတော့ထူးထူးဆန်းဆန်း အမည်မသိတဲ့ခံစားချက်တွေဖြစ်နေမိသည်။

"အစ်ကိုလေး မနေ့ကဧည့်သည်လာတယ်"

ဗြောလေးရဲ့စကားအဆုံး ကောင်တာကနေအမြန်ထကာ ဆိုဖာပေါ်မှာသွားထိုင်လိုက်သည်။ ခနကြာတော့အထဲကိုဝင်လာတဲ့လူက သူ့ရဲ့အာရုံကိုဖမ်းစားလိုက်ပြန်သည်။ မနေ့တစ်နေ့ကလိုပဲ suit အပြည့်ကိုဝတ်ဆင်ထားတဲ့ပုံက ယောက်ျားလေးချင်းတောင်လည်ပြန်ငေးလို့ရတဲ့ အလှပုံစံမျိုး။

တဆိတ်လောက် အခုမသိတဲ့လူတစ်ယောက်ကိုအလှနဲ့တင်စားလိုက်တာလား။ မဟုတ်သေးဘူး ဂျွန်ဂျောင်ဂုရူးနေပြီထင်တယ် မဟုတ်ဘူး။ မဟုတ်ဘူး...

"မနေ့က ပန်းပင်တွေတိုက်မိတာ..."

"ဟုတ်ကဲ့ သိပါတယ်ဂျီမင်းရှီး ထိုင်ပါဦး..."

တစ်ဖက်ဆိုဖာပေါ်ထိုင်လိုက်တာကအစ လူကြီးဆန်ဆန်နဲ့ အကြာကြီးငေးကြည့်ရရင်တောင်ရိုးသွားမယ့်ပုံမပေါ်ဘူး။ နောက်ပြီးတွေ့လိုက်တိုင်းအရှိန်အဝါတွေအပြည့်နဲ့ ပတ်ဂျီမင်းကထူးထူးဆန်းဆန်းလူတစ်ယောက်ပဲ။

"ကော်ဖီသောက်ဦးမလား"

"နေပါစေ ကိုယ်မနက်စာမစားရသေးလို့ တစ်ခါတည်းဆိုင်တစ်ဆိုင် ဖြစ်ဖြစ်သွားကြမယ်လေ"

"ရတယ်ဗျ ဂျီမင်းအဆင်ပြေသလိုပဲလုပ်ပါ"

ဂျီမင်းကခေါင်းငြိမ့်လိုက်ပြီး စားပွဲခုံပေါ်ကရေတစ်ခွက်ကိုယူသောက်လိုက်သည်။ ပြီးတာနဲ့စကားဆက်ဖို့ပြင်လာတာကြောင့် ကျွန်တော်ဂရုတစိုက်နားထောင်ဖို့ပြင်လိုက်သည်။

"နောက်ပြီးတစ်ခုလောက်တောင်းဆိုချင်လို့..."

"ဘာများလဲ ပြောပါ"

"ကိုယ်ဒီကိုမရောက်ဖြစ်တာ တော်တော်ကြာနေပြီမလို့ relax ဖြစ်စေမဲ့နေရာလေးတွေလမ်းညွှန်ပေးနိုင်မလား ဒီကိုရောက်တုန်းကသိခဲ့တဲ့နေရာတွေနဲ့မတူလို့ လမ်းတွေခနခနမှားခဲ့သေးတယ်"

"လိုက်ပြပေးလို့လည်းဖြစ်ပါတယ်ဗျာ... ဒါနဲ့လေကျွန်တော် ဂျီမင်းကိုစတွေ့တုန်းကဒီနိုင်ငံသားလို့ထင်နေခဲ့တာ"

"ကိုယ်က ကပြားပါမေမေကပြင်သစ်လူမျိုး ဖေဖေကကိုရီးယားလူမျိုး"

"အဲ့တာကြောင့်ကို ဂျီမင်းမျက်နှာလေးကတစ်မျိုးဖြစ်နေတာ"

"အင်း မင်းကရောဂျောင်ဂု ကြည့်ရတာကိုရီးယားလူမျိုးထင်တယ်"

"ဟုတ်တယ် ကိုရီးယားလူမျိုးပါဒါပေမယ့် ဒီဒေသမှာအခြေချနေတာကြာပြီလေ ဒါနဲ့ကျွန်တော့်နာမည်ကို..."

"ခုနက တွေ့ခဲ့တဲ့ကလေးမလေးကိုမေးလိုက်တာပါ"

"အော်အဲ့လို ဒါနဲ့ဂျီ..."

ကျစ်!

ဆက်ပြောဖို့စကားပြင်လိုက်ပေမဲ့ ရုတ်တရက်ထွက်လာတဲ့ အသံကြောင့်ဂျောင်ဂုပါးစပ်ပိတ်မိပြီးသားဖြစ်သွားသည်။ ဂျီမင်းကစကားတွေအများကြီး ပြောရတာမကြိုက်လို့များလား....

"ဆောရီးဂျောင်ဂု အားနာပေမဲ့ကိုယ့်ကိုဆက်မမေးတော့လို့ရမလား မေးခွန်းတွေမေးခံရတာအဆင်မပြေလို့"

"ရပါတယ်ဂျီမင်း..."

"ဒီလိုဆို အပြင်မှာတစ်ခုခုသွားစားကြမလား"

"ဂျီမင်း သဘောပါ"

မေးလက်စကိုဆက်မမေးတော့ပဲဂျီမင်းနဲ့အတူ ပဲရစ်မြို့ရဲ့နာမည်အကြီးဆုံးဖြစ်တဲ့ Verjus ဆိုတဲ့စားသောက်ဆိုင်ကိုလမ်းညွှန်ပြီးလာဖြစ်ခဲ့သည်။

"ဒီက pasta spaghetti Bolognese ကအရမ်းကောင်းတာ"

"ကိုယ်အရင်က ဒီမြို့မှာမေမေနဲ့အတူ pasta ‌ဆိုင်ဖွင့်ဖူးတယ်"

"တကယ်ကြီးလား ဂျီမင်းလက်ရာစားဖူးချင်လိုက်တာ"

မျက်လုံးဝိုင်းဝိုင်းတွေနဲ့ အရှေ့ကနေပေါက်ပေါက်ဖောက်အောင်ပြောနေတဲ့ ကောင်လေးကြောင့်ဂျီမင်းသက်ပြင်းသာချလိုက်ရသည်။ ခပ်အေးအေးလေးပေမဲ့ တော်တော်လေးကို စကားများတဲ့ကောင်လေးလို့လည်းသတ်မှတ်လိုက်သည်။

"ဟိုလေ... ဂျီမင်း ပန်းတွေကိုသဘောကျလား"

"အရမ်းကြီးမဟုတ်ပေမဲ့ နေကြာတွေကိုပိုသဘောကျတယ်"

"ဒါဆို ကျွန်တော့်ကိုရော...?"

"ဟမ်"

ရုတ်တရက်ပါးစပ်ကထွက်မိသွားတဲ့စကားကြောင့် ခုံအောက်ထဲလက်လျှိုဝင်ပြီး ကိုယ့်ပေါင်ကိုယ်သာနာနာလေးလိမ်ဆွဲလိုက်ရသည်။ ဘာတွေသွားမေးမိမှန်းမသိတဲ့ပါးစပ်သည် ဒီနေ့အတွက်တော်တော်လေးကိုပျော်ရွှင်နေပုံပဲ။

"အာ ကျွန်တော့်ရဲ့ခုနကပန်းဆိုင်ကိုရောလို့ ပြောတာပါ"

"အင်း အဆင်ပြေပါတယ်"

ဂျီမင်းစကားပြီးတော့ pasta လာချတာကြောင့်နှစ်ယောက်သားစကားထပ်မပြောကြပဲ အေးဆေးစားကြသည်။ ကြည့်ရတာ ဂျီမင်းလည်း သူ့လိုပဲအစားစားရင်ငြိမ်သက်ပြီးစားရတာသဘောကျတယ်ထင်တယ်။

စားနေရင်းမှ မတည်ငြိမ်နိုင်ဘဲ အရှေ့ကလူကိုမသိမသာ‌မျက်လုံးလှန်ပြီး ကြည့်နေတာကြောင့် ပါစတာတွေကပါးစပ်ထဲမဝင်ပဲ ပန်းကန်ပေါ်ကို ပြန်ပြန်ကျနေသည်။ သူ့အဖြစ်ကိုဂျီမင်းမြင်သွားတယ်ထင်တယ် စားလေဆိုတဲ့အမူအရာနဲ့မေးငေါ့ပြလာသည်။ ရှက်ရှက်နဲ့ပဲ ပါစတာပန်းကန်ကိုသာ ကြည့်ရင်းစားလိုက်ရသည်။

____________________

"ဂျီမင်းက ဒီကိုဘာလို့လာတာလဲအလုပ်ကြောင့်လား"

"ကိုယ့်အလုပ်က ကိုရီးယားမှာ ဒီနေရာကမေမေ့မွေးရပ်မြေဖြစ်လို့ ခနအပန်းလာဖြေတာမျိုးလေ"

"ဂျီမင်း"

"ဟင်"

"မနက်ဖြန်ကြရင်ရောအားလား ကျွန်တော့်ရဲ့ပန်းခင်းကြီးကိုလိုက်ပြချင်လို့"

"အားပေမဲ့ ကိုယ့်ကြောင့်မင်းအလုပ်တွေရှုပ်နေပါ့မယ် နောက်ပြီးမင်းဆိုင်ကနာမည်ကြီးတယ်လဲကြားတယ်"

"ရပါတယ် ဟိုလေ ပြီးတော့ကျွန်တော်ဂျီမင်းနဲ့ ရင်းနှီးချင်လို့"

ကောင်လေးရဲ့စကားတစ်ခွန်းကြောင့် ဂျီမင့်နှုတ်ခမ်းကပြုံးယောင်သန်းသွားရသည်။ တကယ်ကိုဒီကောင်လေးပုံစံက ဘယ်လိုမျိုးမှန်းမခန့်မှန်းတတ်ဘူးပဲ...

"ကိုယ်နဲ့ဘာလို့ရင်းနှီးချင်တာလဲကောင်လေး"

"အမှန်အတိုင်း‌ပြောရမယ်ဆို ကျွန်တော်ဂျီမင်းကို စတွေ့တုန်းကလေရှိန်လဲရှိန်သလိုကြောက်နေသေးတယ်။ နောက်ပြီးယောက်ျားလေးတစ်ယောက်ကိုဒီလိုမပြောသင့်ပေမယ့် ဂျီမင်းကလှနေတော့မျက်စိရှေ့ကနေအပျောက်မခံပဲတယုတယထားချင်တာ ယောက်ျားလေးပေမယ့် ဂျီမင်ကအားလုံးနဲ့မတူပဲကွဲထွက်နေတယ်"

စကားအရှည်ကြီးကြားပြီးတော့ အံ့ဩသွားရသည်။ ကိုရီးယားမှာဆို ပတ်ဂျီမင်းဆိုတာနဲ့အားလုံးကရှိန်ပြီးဂါရဝပြုကြမဲ့ type‌ပေမယ့် ဒီကောင်လေးနဲ့ကျမှသူ့ကိုပိုးသားလေးလိုများ ထင်နေလားမသိဘူး။

"မင်းကထူးဆန်းတယ်ဂျောင်ဂု ကိုယ်တွေ့ဖူးသမျှလူတွေနဲ့မတူဘူး"

"အားလုံးကကျွန်တော့်ကို အဲ့လိုပဲပြောကြတာ ဘယ်အချက်ကထူးဆန်းစေတာလဲဆိုရင်ကျွန်တော်ကအပေါင်းအသင်းသိပ်မရှိဘူးလေ တစ်ချိန်လုံးပန်းတွေနဲ့ပဲအချိန်ကုန်နေတာဆိုတော့ တစ်ချို့တွေကသဘောမကျကြဘူး"

သူ့အကြောင်းကိုစိတ်ညစ်ဟန်နဲ့ ပြောလာတော့ဂျီမင်သေချာလိုက်နားထောင်ရင်း ထောက်ခံသည့်သဘောဖြင့်ခေါင်းငြိမ့်ပေးလိုက်သည်။

"လူတိုင်းကတော့ ကိုယ့်ဖြစ်တည်မှုကိုသဘောကျချင်ကြမှာမဟုတ်ဘူးလေ ဒါမယ့်ကိုယ်ကတော့မင်းဖြစ်တည်မှုကအဆင်ပြေတယ်လို့ထင်တယ် လွတ်လပ်တယ်လေ"

"ဂျီမင့်ဘဝကရော လွတ်လပ်တယ်လို့ထင်လား??"

"အင်း.... မထင်ဘူးပဲ..."

ဂျီမင့်စကားကိုနားမလည်တာကြောင့် ခေါင်းလေးစောင်းပြီးမေးခွန်းထုတ်ပေမဲ့ ထားလိုက်ပါဆိုတဲ့အမူအယာလုပ်ပြလာသည်။ ဂျီမင်လည်း မလွတ်လပ်တဲ့အကြောင်းအရင်းရှိမှာပဲလေ အဲ့ဒါတွေကိုကျွန်တော်သိချင်မိတယ် မဆိုင်ကြပေမဲ့လည်းပေါ့....။

"ကျေးဇူးဂျောင်ဂု ဒီနေ့တစ်ရက်တာကောင်းကောင်းလည်လိုက်ရပါတယ်"

"မနက်ဖြန်လာမယ်မလား ပန်းခင်းကြီးကိုလိုက်ပြချင်လို့ပါ"

တစ်ခါထပ်ပြီး ခွင့်တောင်းသလိုပြောလာတာကြောင့် ဒီတစ်ခါတော့ဂျီမင်ခေါင်းငြိမ့်လိုက်တော့သည်။ ဂျောင်ဂုက ကလေးလိုပဲ လိုချင်တာကိုမရမကပူဆာတတ်တဲ့ပုံလေး...

"ကိုယ်သွားပြီ ကောင်လေး"

"à demain jimin ssi"

အနောက်ကနေမနက်ဖြန်တွေ့မယ်ဆိုတဲ့စကားကို ပြင်သစ်လိုပြောလာတာကြောင့်ဂျီမင်း ပြုံးလိုက်ပြီးကားဆီထွက်လာခဲ့တော့သည်။ ဂျောင်ဂုကပေါင်းသင်းရလွယ်ပြီး စကားတတ်တဲ့ကောင်လေးလဲ ဖြစ်ပုံပေါ်သည်။

တကယ်တော့ဒီကိုထပ်ရောက်လာဖြစ်တာက မေမေ့နှစ်ပတ်လည်နေ့လည်းရောက်တော့မှာမလို့အလွန်ဆုံးတစ်လလောက်ဖြစ်ဖြစ် မေမေ့ရဲ့မွေးရပ်မြေလေးမှာ ကြာကြာလေးအသက်ရှူကြည့်ချင်တဲ့စိတ်လေးဖြစ်ပေါ်လာမိသည်။

ကျောင်းပြီးထဲက ဖေဖေ့ကုမ္ပဏီမှာပဲဆက်ဦးစီးရင်း ဘဝကိုတင်းကြပ်နေအောင်ဖြတ်သန်းခဲ့ရတာကြောင့် တစ်ခါလောက်လွတ်လပ်ချင်မိတယ်။ ‌ပတ်ဂျီမင်းရဲ့ဘဝပုံစံအတိုင်းဆို မေမေ့မွေးရပ်မြေလေးမှာပဲနေပြီး ပါစတာဆိုင်လေးနဲ့အတူဘဝကို ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရမယ်ထင်တယ်။

မေမေဆုံးတဲ့အချိန်တုန်းက အသက်နှစ်ဆယ်.....စွန်းစွန်းလောက်ပဲရှိဦးမယ်။ ဘဝတက်လမ်းအတွက် ကိုယ်တိုင်ရွေးချယ်ခွင့်ရခါနီး မေမေ့ကိုကတိတစ်ခုပေးခဲ့ရသည်။ အဲ့တာက.... ဖေဖေ့ဘေးနားမှာအမြဲရှိနေပေးရမယ်ဆိုတဲ့ကတိတစ်ခု....အဲ့ကတည်းကပတ်ဂျီမင်းဘဝကချောင်ပိတ်မိနေပြီးသားဖြစ်နေပြီ.....

27နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေတာတောင် ဖေဖေကလွတ်လပ်စေချင်ပုံမရသေးဘူး...။ တစ်ခါတစ်လေကျတော့လည်း ဇာတ်နာလွန်းလို့ကိုယ့်ကိုယ်ကိုယ်တောင် ပြန်သနားလာမိသည်။ ငွေတွေအများကြီးရှာပြီးဘာလုပ်မှာလဲ ကိုယ့်အတွက်စားဖို့သောက်ဖို့တစ်ကိုယ်စာဖူလုံနေရင် ရပြီမဟုတ်ဘူးလား။

ကြီးကြီးတက်ချမ်းသာတဲ့ဘဝမျိုးတွေက နေကြည့်ရင်ငရဲလိုပဲ မသိတဲ့လူတွေကသာအားကျရင်အားကျနေမှာ နောက်ဆယ်ဘဝပဲဖြစ်ဖြစ်လူအဖြစ်‌ နေခွင့်ရရင်တော့ ဒီလိုဘဝမျိုးနဲ့ဝေးဖို့ ဆုတောင်းသင့်ရင်ဆုတောင်းရတော့မယ်။

••••••••

ပထမဆုံးအႀကိမ္ လွတာကိုေတြ႕ခဲ့ဖူးတာပဲ။ သူကေတာ္ေတာ္ေလးကိုလွတယ္ ၿပီးေတာ့အမ်ိဳးသားေလးတစ္ဦး ေနာက္ၿပီးကြၽန္ေတာ္သူ႔ကို ပထမဆုံးခ်စ္ခဲ့မိတာ။

____________________

"ေဂ်ာင္ဂု ေျမး..."

"ဗ်ာ အဘိုးဘာလိုလို႔လဲ"

"ဒီေန႔မင္းအဖြား ႏွစ္ပတ္လည္ေန႔ေလအဲ့တာအဘိုးသြားမလို႔ ေျမးေရာလိုက္မလား"

"အာဟုတ္သားပဲ ကြၽန္ေတာ္မလိုက္ေတာ့ဘူးအဘိုး။ ဆိုင္မွာလုပ္စရာေတြရွိေသးလို႔ အဘိုးပဲသြားလိုက္ပါ"

"အဲ့တာဆို အဘိုးသြားၿပီေျမး"

အဘိုးသြားတာနဲ႔ ဆိုင္ေကာင္တာမွာသြားထိုင္လိုက္သည္။ ဒီႏွစ္နဲ႔ဆိုအဖြားကြၽန္ေတာ္တို႔နဲ႔မရွိေတာ့တာ 10 ႏွစ္ေတာင္ရွိၿပီေလ။ အဖြားရဲ႕ႏွစ္ပတ္လည္ေန႔တိုင္းအဘိုးကေတာ့ သြားၿပီးဂါရဝျပဳရွာပါတယ္။

အဘြားမဆုံးခင္ထဲက ပဲရစ္ကိုေရာက္ေနခဲ့တာဆိုေတာ့ကြၽန္ေတာ္လည္းဒီေဒသမွာ အသားက်ေနပါၿပီ။ အေမနဲ႔အေဖကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ဘူဆန္ၿမိဳ႕နယ္ေလးမွာ ပန္းဆိုင္ေလးနဲ႔ ေကာ္ဖီဆိုင္ေလးဖြင့္ထားၾကတာေပါ့ဗ်ာ။

မၾကာမၾကာေတာ့ဘူဆန္ကို အလည္ျပန္ေရာက္ျဖစ္ေပမဲ့ ဒီႏွစ္ထဲမွာေတာ့တစ္ႀကိမ္မွမေရာက္ျဖစ္ေသးဘူး။ အဲ့တာကလည္းကြၽန္ေတာ့္ရဲ႕ပန္းကမာၻႀကီးေၾကာင့္ေလ ပန္းေတြႏွစ္သက္တဲ့ကြၽန္ေတာ့္အဖို႔ေတာ့အၿမဲတမ္းပန္းေတြနဲ႔ပဲ အခ်ိန္ကုန္ေနရရင္ထမင္းေမ့ ဟင္းေမ့ျဖစ္ကုန္ေရာ။

"အစ္ကိုေလး!! "

"အလန႔္တၾကားနဲ႔ေျဗာေလးရယ္ ဘာျဖစ္လို႔လဲ"

"ဟိုေလ... ‌အေရွ႕ဘက္မွာကားတစ္စီး အစ္ကိုေလးပန္းပင္ေတြကိုတိုက္မိသြားလို႔"

"ဟမ္ ဘယ္လိုဘယ္လို..."

ပန္းပင္ေတြဆိုတဲ့စကားေၾကာင့္ ေဂ်ာင္ဂုမ်က္လုံးေတြဝိုင္းသြားၿပီး အေျပးအလႊားထြက္ၾကည့္ရသည္။ ပန္း‌ေတြဆို အသက္တမွ်တန္ဖိုးထားရတာေလ။

‌အျပင္ေရာက္ေတာ့ ပန္းအိုးသုံးအိုးေလာက္ကကြဲတာကကြဲ လဲေနတဲ့ဟာကလဲနဲ႔မလို႔ ေဂ်ာင္ဂုစိတ္တိုသြားရသည္။ ဘယ္လိုလူကမ်ား ကားကိုဘယ္လိုေမာင္းလာရတာလဲ!!

တိုက္မိတဲ့ကားကိုလွမ္းၾကည့္ေတာ့ ေတာ္ေတာ္ေဈးႀကီးမယ့္အထဲပါၿပီး limited edition နဲ႔ထုတ္ထားတဲ့ကားအမ်ိဳးအစားျဖစ္သည္။ ထိုလူ႔ဘက္ကကားလည္းထိသြားေလာက္မွာေပမယ့္ ပန္းေတြကိုထိလာတာေၾကာင့္တစ္ပြဲေလာက္ႏႊဲသင့္ပါသည္။

"ဒီမွာဗ် တံခါးဖြင့္ဦး‌ေလ"

ကားတံခါးကို လက္နဲ႔ႏွစ္ခ်က္ေလာက္ေခါက္ေတာ့မွတံခါးဖြင့္ၿပီးထြက္လာသူေၾကာင့္ ေဂ်ာင္ဂုအျမန္ေနာက္လွမ္းဆုတ္လိုက္ရသည္။ မဟုတ္ရင္မ်က္ႏွာနဲ႔ တံခါးနဲ႔မိတ္ဆက္ေနေလာက္ၿပီ။

"ေဆာရီး ကိုယ္အေရွ႕ကိုမျမင္မိပဲတိုက္မိသြားတာ ဘယ္လိုျပန္လုပ္ေပးရမလဲမသိဘူး"

ကိုယ့္ေဒါသနဲ႔ကိုယ္မလို႔ စကားသံၾကားမွအေရွ႕ကိုၾကည့္မိေတာ့ suit အျပည့္နဲ႔မတ္တပ္ရပ္‌ေနတဲ့လူကိုခပ္ၾကာၾကာစိုက္ၾကည့္လိုက္မိသည္။ တစ္ဖက္ကျပန္ေျပာလာတဲ့စကားေၾကာင့္လား ဒါမွမဟုတ္ ခပ္ေအးေအးေလသံနဲ႔သူ႔အမွားကိုသိေနသလိုပုံစံနဲ႔ေျပာလာသည့္ပုံ‌ေၾကာင့္လားမသိေပမယ့္ ထိုလူကိုတစ္ခနခ်င္းေငးမိသြားရသည္။

"ကြၽန္ေတာ္က ပန္းေတြနဲ႔ပတ္သတ္ရင္အရမ္းစိတ္ဆတ္တတ္လို႔‌ေလခုနက နည္းနည္းေတာ့ေဒါသထြက္ေပမဲ့ ဒီဘက္က....??"

"ကိုယ့္နာမည္ ပတ္ဂ်ီမင္းပါ"

"အာ....ဟုတ္ကဲ့ဂ်ီမင္း ကြၽန္ေတာ့္ဘက္ကဘာမွလိုလိုမယ္မယ္မေတာင္းဆိုေတာ့ပါဘူး"

ေဂ်ာင္ဂုစကားေၾကာင့္ အနားမွာရွိတဲ့ေျဗာေလးကေတာ္ေတာ္ေလး အံ့ဩသြားရသည္။ သူမအစ္ကိုေလးကဘယ္တုန္းကဒီလိုညင္ညင္သာသာ ေျပာဖူးလို႔လဲ။

"မဟုတ္တာပဲ ကိုယ္ကမွားထားတဲ့လူဆိုေတာ့ အဆင္ေျပမဲ့နည္းတစ္ခုခုျပန္လုပ္ေပးပါ့မယ္"

"အဲ့တာဆို ကြၽန္ေတာ္တို႔ေနာက္တစ္ခါေတြ႕ရင္ တစ္ခုခုလိုက္ေကြၽးပါ ဂ်ီမင္းရွီး...."

"ဒီလိုလုပ္လိုက္ရင္ ေၾကၿပီေပါ့ အဲ့ဒါဆိုလည္းအဆင္ေျပတယ္ေလ ကိုယ္မနက္က်ထပ္လာခဲ့ပါ့မယ္။ အခုေတာ့ကိစၥေလးရွိလို႔ သြားခြင့္ျပဳပါဦး"

အေၾကာင္းျပခ်က္ေရေရရာရာ မရွိပဲနဲ႔ဘာလို႔အတူထပ္ေတြ႕ရမယ့္နည္းကို ေ႐ြးလိုက္မိသလဲဆိုတာ ကိုယ္တိုင္လည္းမသိေတာ့ဘူး။ ေခါင္းမၿငိမ့္မိလိုက္သလို ျပန္လဲမတုန႔္ျပန္မိပဲ ထိုလူရဲ႕အမူအရာေတြကိုတစ္ဆုံးလိုက္ၾကည့္ေနမိသည္။ တကယ္ပဲဘာျဖစ္သြားမွန္းမသိေအာင္‌ရင္ေတြတုန္‌ေနမိသည္။ တစ္ခါမွမျဖစ္ဖူးပါဘဲနဲ႔...

"အစ္ကိုေလး!!"

"မိေျဗာ... နင္လုပ္တာနဲ႔ငါၾကာရင္ ႏွလုံးရပ္ေတာ့မယ့္ပုံပဲေျဖးေျဖးသက္သာ ေခၚပါ့လား"

"အစ္ကိုေလးက ေခၚေနတာကိုမွမထူးပဲေျပာေနတာလည္း ျပန္မေျဖဘူး"

"ထပ္ေျပာေလ ငါမၾကားမိလိုက္ဘူး"

"မလုပ္စဖူးအလုပ္ေတြလုပ္ၿပီး ခုနကတစ္ေယာက္ကိုလည္းေငးေနတာမလား ေျဗာသိတယ္ေနာ္ ဘိုးဘိုးႀကီးနဲ႔တိုင္ဦးမယ္"

ေဆာင့္ေအာင့္ကာထြက္သြားတဲ့ကေလးမေၾကာင့္ ေဂ်ာင္ဂုရယ္႐ုံသာရယ္ေနရသည္။ ဒါနဲ႔...
တကယ္ပဲခုနကတစ္ေယာက္ကိုေငးေနခဲ့မိတာလား။

___________________________

ဒီေန႔အတြက္ ကြၽန္ေတာ့္ခံစားခ်က္က ေလေပၚေျမာက္ေနရသလို လန္းဆန္းၿပီးတက္ႂကြေနသည္။ အရင္ကဆိုပန္းေတြေၾကာင့္ပဲ ျဖစ္ဖူးတာဆိုေပမယ့္ အခုတစ္ခါေတာ့ထူးထူးဆန္းဆန္း အမည္မသိတဲ့ခံစားခ်က္ေတြျဖစ္ေနမိသည္။

"အစ္ကိုေလး မေန႔ကဧည့္သည္လာတယ္"

ေျဗာေလးရဲ႕စကားအဆုံး ေကာင္တာကေနအျမန္ထကာ ဆိုဖာေပၚမွာသြားထိုင္လိုက္သည္။ ခနၾကာေတာ့အထဲကိုဝင္လာတဲ့လူက သူ႔ရဲ႕အာ႐ုံကိုဖမ္းစားလိုက္ျပန္သည္။ မေန႔တစ္ေန႔ကလိုပဲ suit အျပည့္ကိုဝတ္ဆင္ထားတဲ့ပုံက ေယာက္်ားေလးခ်င္းေတာင္လည္ျပန္ေငးလို႔ရတဲ့ အလွပုံစံမ်ိဳး။

တဆိတ္ေလာက္ အခုမသိတဲ့လူတစ္ေယာက္ကိုအလွနဲ႔တင္စားလိုက္တာလား။ မဟုတ္ေသးဘူး ဂြၽန္ေဂ်ာင္ဂု႐ူးေနၿပီထင္တယ္ မဟုတ္ဘူး။ မဟုတ္ဘူး...

"မေန႔က ပန္းပင္ေတြတိုက္မိတာ..."

"ဟုတ္ကဲ့ သိပါတယ္ဂ်ီမင္းရွီး ထိုင္ပါဦး..."

တစ္ဖက္ဆိုဖာေပၚထိုင္လိုက္တာကအစ လူႀကီးဆန္ဆန္နဲ႔ အၾကာႀကီးေငးၾကည့္ရရင္ေတာင္႐ိုးသြားမယ့္ပုံမေပၚဘူး။ ေနာက္ၿပီးေတြ႕လိုက္တိုင္းအရွိန္အဝါေတြအျပည့္နဲ႔ ပတ္ဂ်ီမင္းကထူးထူးဆန္းဆန္းလူတစ္ေယာက္ပဲ။

"ေကာ္ဖီေသာက္ဦးမလား"

"ေနပါေစ ကိုယ္မနက္စာမစားရေသးလို႔ တစ္ခါတည္းဆိုင္တစ္ဆိုင္ ျဖစ္ျဖစ္သြားၾကမယ္ေလ"

"ရတယ္ဗ် ဂ်ီမင္းအဆင္ေျပသလိုပဲလုပ္ပါ"

ဂ်ီမင္းကေခါင္းၿငိမ့္လိုက္ၿပီး စားပြဲခုံေပၚကေရတစ္ခြက္ကိုယူေသာက္လိုက္သည္။ ၿပီးတာနဲ႔စကားဆက္ဖို႔ျပင္လာတာေၾကာင့္ ကြၽန္ေတာ္ဂ႐ုတစိုက္နားေထာင္ဖို႔ျပင္လိုက္သည္။

"ေနာက္ၿပီးတစ္ခုေလာက္ေတာင္းဆိုခ်င္လို႔..."

"ဘာမ်ားလဲ ေျပာပါ"

"ကိုယ္ဒီကိုမေရာက္ျဖစ္တာ ေတာ္ေတာ္ၾကာေနၿပီမလို႔ relax ျဖစ္ေစမဲ့ေနရာေလးေတြလမ္းၫႊန္ေပးႏိုင္မလား ဒီကိုေရာက္တုန္းကသိခဲ့တဲ့ေနရာေတြနဲ႔မတူလို႔ လမ္းေတြခနခနမွားခဲ့ေသးတယ္"

"လိုက္ျပေပးလို႔လည္းျဖစ္ပါတယ္ဗ်ာ... ဒါနဲ႔ေလကြၽန္ေတာ္ ဂ်ီမင္းကိုစေတြ႕တုန္းကဒီႏိုင္ငံသားလို႔ထင္ေနခဲ့တာ"

"ကိုယ္က ကျပားပါေမေမကျပင္သစ္လူမ်ိဳး ေဖေဖကကိုရီးယားလူမ်ိဳး"

"အဲ့တာေၾကာင့္ကို ဂ်ီမင္းမ်က္ႏွာေလးကတစ္မ်ိဳးျဖစ္ေနတာ"

"အင္း မင္းကေရာေဂ်ာင္ဂု ၾကည့္ရတာကိုရီးယားလူမ်ိဳးထင္တယ္"

"ဟုတ္တယ္ ကိုရီးယားလူမ်ိဳးပါဒါေပမယ့္ ဒီေဒသမွာအေျခခ်ေနတာၾကာၿပီေလ ဒါနဲ႔ကြၽန္ေတာ့္နာမည္ကို..."

"ခုနက ေတြ႕ခဲ့တဲ့ကေလးမေလးကိုေမးလိုက္တာပါ"

"ေအာ္အဲ့လို ဒါနဲ႔ဂ်ီ..."

က်စ္!

ဆက္ေျပာဖို႔စကားျပင္လိုက္ေပမဲ့ ႐ုတ္တရက္ထြက္လာတဲ့ အသံေၾကာင့္ေဂ်ာင္ဂုပါးစပ္ပိတ္မိၿပီးသားျဖစ္သြားသည္။ ဂ်ီမင္းကစကားေတြအမ်ားႀကီး ေျပာရတာမႀကိဳက္လို႔မ်ားလား....

"ေဆာရီးေဂ်ာင္ဂု အားနာေပမဲ့ကိုယ့္ကိုဆက္မေမးေတာ့လို႔ရမလား ေမးခြန္းေတြေမးခံရတာအဆင္မေျပလို႔"

"ရပါတယ္ဂ်ီမင္း..."

"ဒီလိုဆို အျပင္မွာတစ္ခုခုသြားစားၾကမလား"

"ဂ်ီမင္း သေဘာပါ"

ေမးလက္စကိုဆက္မေမးေတာ့ပဲဂ်ီမင္းနဲ႔အတူ ပဲရစ္ၿမိဳ႕ရဲ႕နာမည္အႀကီးဆုံးျဖစ္တဲ့ Verjus ဆိုတဲ့စားေသာက္ဆိုင္ကိုလမ္းၫႊန္ၿပီးလာျဖစ္ခဲ့သည္။

"ဒီက pasta spaghetti Bolognese ကအရမ္းေကာင္းတာ"

"ကိုယ္အရင္က ဒီၿမိဳ႕မွာေမေမနဲ႔အတူ pasta ‌ဆိုင္ဖြင့္ဖူးတယ္"

"တကယ္ႀကီးလား ဂ်ီမင္းလက္ရာစားဖူးခ်င္လိုက္တာ"

မ်က္လုံးဝိုင္းဝိုင္းေတြနဲ႔ အေရွ႕ကေနေပါက္ေပါက္ေဖာက္ေအာင္ေျပာေနတဲ့ ေကာင္ေလးေၾကာင့္ဂ်ီမင္းသက္ျပင္းသာခ်လိုက္ရသည္။ ခပ္ေအးေအးေလးေပမဲ့ ေတာ္ေတာ္ေလးကို စကားမ်ားတဲ့ေကာင္ေလးလို႔လည္းသတ္မွတ္လိုက္သည္။

"ဟိုေလ... ဂ်ီမင္း ပန္းေတြကိုသေဘာက်လား"

"အရမ္းႀကီးမဟုတ္ေပမဲ့ ေနၾကာေတြကိုပိုသေဘာက်တယ္"

"ဒါဆို ကြၽန္ေတာ့္ကိုေရာ...?"

"ဟမ္"

႐ုတ္တရက္ပါးစပ္ကထြက္မိသြားတဲ့စကားေၾကာင့္ ခုံေအာက္ထဲလက္လွ်ိဳဝင္ၿပီး ကိုယ့္ေပါင္ကိုယ္သာနာနာေလးလိမ္ဆြဲလိုက္ရသည္။ ဘာေတြသြားေမးမိမွန္းမသိတဲ့ပါးစပ္သည္ ဒီေန႔အတြက္ေတာ္ေတာ္ေလးကိုေပ်ာ္႐ႊင္ေနပုံပဲ။

"အာ ကြၽန္ေတာ့္ရဲ႕ခုနကပန္းဆိုင္ကိုေရာလို႔ ေျပာတာပါ"

"အင္း အဆင္ေျပပါတယ္"

ဂ်ီမင္းစကားၿပီးေတာ့ pasta လာခ်တာေၾကာင့္ႏွစ္ေယာက္သားစကားထပ္မေျပာၾကပဲ ေအးေဆးစားၾကသည္။ ၾကည့္ရတာ ဂ်ီမင္းလည္း သူ႔လိုပဲအစားစားရင္ၿငိမ္သက္ၿပီးစားရတာသေဘာက်တယ္ထင္တယ္။

စားေနရင္းမွ မတည္ၿငိမ္ႏိုင္ဘဲ အေရွ႕ကလူကိုမသိမသာ‌မ်က္လုံးလွန္ၿပီး ၾကည့္ေနတာေၾကာင့္ ပါစတာေတြကပါးစပ္ထဲမဝင္ပဲ ပန္းကန္ေပၚကို ျပန္ျပန္က်ေနသည္။ သူ႔အျဖစ္ကိုဂ်ီမင္းျမင္သြားတယ္ထင္တယ္ စားေလဆိုတဲ့အမူအရာနဲ႔ေမးေငါ့ျပလာသည္။ ရွက္ရွက္နဲ႔ပဲ ပါစတာပန္းကန္ကိုသာ ၾကည့္ရင္းစားလိုက္ရသည္။

____________________

"ဂ်ီမင္းက ဒီကိုဘာလို႔လာတာလဲအလုပ္ေၾကာင့္လား"

"ကိုယ့္အလုပ္က ကိုရီးယားမွာ ဒီေနရာကေမေမ့ေမြးရပ္ေျမျဖစ္လို႔ ခနအပန္းလာေျဖတာမ်ိဳးေလ"

"ဂ်ီမင္း"

"ဟင္"

"မနက္ျဖန္ၾကရင္ေရာအားလား ကြၽန္ေတာ့္ရဲ႕ပန္းခင္းႀကီးကိုလိုက္ျပခ်င္လို႔"

"အားေပမဲ့ ကိုယ့္ေၾကာင့္မင္းအလုပ္ေတြရႈပ္ေနပါ့မယ္ ေနာက္ၿပီးမင္းဆိုင္ကနာမည္ႀကီးတယ္လဲၾကားတယ္"

"ရပါတယ္ ဟိုေလ ၿပီးေတာ့ကြၽန္ေတာ္ဂ်ီမင္းနဲ႔ ရင္းႏွီးခ်င္လို႔"

ေကာင္ေလးရဲ႕စကားတစ္ခြန္းေၾကာင့္ ဂ်ီမင့္ႏႈတ္ခမ္းကၿပဳံးေယာင္သန္းသြားရသည္။ တကယ္ကိုဒီေကာင္ေလးပုံစံက ဘယ္လိုမ်ိဳးမွန္းမခန႔္မွန္းတတ္ဘူးပဲ...

"ကိုယ္နဲ႔ဘာလို႔ရင္းႏွီးခ်င္တာလဲေကာင္ေလး"

"အမွန္အတိုင္း‌ေျပာရမယ္ဆို ကြၽန္ေတာ္ဂ်ီမင္းကို စေတြ႕တုန္းကေလရွိန္လဲရွိန္သလိုေၾကာက္ေနေသးတယ္။ ေနာက္ၿပီးေယာက္်ားေလးတစ္ေယာက္ကိုဒီလိုမေျပာသင့္ေပမယ့္ ဂ်ီမင္းကလွေနေတာ့မ်က္စိေရွ႕ကေနအေပ်ာက္မခံပဲတယုတယထားခ်င္တာ ေယာက္်ားေလးေပမယ့္ ဂ်ီမင္ကအားလုံးနဲ႔မတူပဲကြဲထြက္ေနတယ္"

စကားအရွည္ႀကီးၾကားၿပီးေတာ့ အံ့ဩသြားရသည္။ ကိုရီးယားမွာဆို ပတ္ဂ်ီမင္းဆိုတာနဲ႔အားလုံးကရွိန္ၿပီးဂါရဝျပဳၾကမဲ့ type‌ေပမယ့္ ဒီေကာင္ေလးနဲ႔က်မွသူ႔ကိုပိုးသားေလးလိုမ်ား ထင္ေနလားမသိဘူး။

"မင္းကထူးဆန္းတယ္ေဂ်ာင္ဂု ကိုယ္ေတြ႕ဖူးသမွ်လူေတြနဲ႔မတူဘူး"

"အားလုံးကကြၽန္ေတာ့္ကို အဲ့လိုပဲေျပာၾကတာ ဘယ္အခ်က္ကထူးဆန္းေစတာလဲဆိုရင္ကြၽန္ေတာ္ကအေပါင္းအသင္းသိပ္မရွိဘူးေလ တစ္ခ်ိန္လုံးပန္းေတြနဲ႔ပဲအခ်ိန္ကုန္ေနတာဆိုေတာ့ တစ္ခ်ိဳ႕ေတြကသေဘာမက်ၾကဘူး"

သူ႔အေၾကာင္းကိုစိတ္ညစ္ဟန္နဲ႔ ေျပာလာေတာ့ဂ်ီမင္ေသခ်ာလိုက္နားေထာင္ရင္း ေထာက္ခံသည့္သေဘာျဖင့္ေခါင္းၿငိမ့္ေပးလိုက္သည္။

"လူတိုင္းကေတာ့ ကိုယ့္ျဖစ္တည္မႈကိုသေဘာက်ခ်င္ၾကမွာမဟုတ္ဘူးေလ ဒါမယ့္ကိုယ္ကေတာ့မင္းျဖစ္တည္မႈကအဆင္ေျပတယ္လို႔ထင္တယ္ လြတ္လပ္တယ္ေလ"

"ဂ်ီမင့္ဘဝကေရာ လြတ္လပ္တယ္လို႔ထင္လား??"

"အင္း.... မထင္ဘူးပဲ..."

ဂ်ီမင့္စကားကိုနားမလည္တာေၾကာင့္ ေခါင္းေလးေစာင္းၿပီးေမးခြန္းထုတ္ေပမဲ့ ထားလိုက္ပါဆိုတဲ့အမူအယာလုပ္ျပလာသည္။ ဂ်ီမင္လည္း မလြတ္လပ္တဲ့အေၾကာင္းအရင္းရွိမွာပဲေလ အဲ့ဒါေတြကိုကြၽန္ေတာ္သိခ်င္မိတယ္ မဆိုင္ၾကေပမဲ့လည္းေပါ့....။

"ေက်းဇူးေဂ်ာင္ဂု ဒီေန႔တစ္ရက္တာေကာင္းေကာင္းလည္လိုက္ရပါတယ္"

"မနက္ျဖန္လာမယ္မလား ပန္းခင္းႀကီးကိုလိုက္ျပခ်င္လို႔ပါ"

တစ္ခါထပ္ၿပီး ခြင့္ေတာင္းသလိုေျပာလာတာေၾကာင့္ ဒီတစ္ခါေတာ့ဂ်ီမင္ေခါင္းၿငိမ့္လိုက္ေတာ့သည္။ ေဂ်ာင္ဂုက ကေလးလိုပဲ လိုခ်င္တာကိုမရမကပူဆာတတ္တဲ့ပုံေလး...

"ကိုယ္သြားၿပီ ေကာင္ေလး"

"à demain jimin ssi"

အေနာက္ကေနမနက္ျဖန္ေတြ႕မယ္ဆိုတဲ့စကားကို ျပင္သစ္လိုေျပာလာတာေၾကာင့္ဂ်ီမင္း ၿပဳံးလိုက္ၿပီးကားဆီထြက္လာခဲ့ေတာ့သည္။ ေဂ်ာင္ဂုကေပါင္းသင္းရလြယ္ၿပီး စကားတတ္တဲ့ေကာင္ေလးလဲ ျဖစ္ပုံေပၚသည္။

တကယ္ေတာ့ဒီကိုထပ္ေရာက္လာျဖစ္တာက ေမေမ့ႏွစ္ပတ္လည္ေန႔လည္းေရာက္ေတာ့မွာမလို႔အလြန္ဆုံးတစ္လေလာက္ျဖစ္ျဖစ္ ေမေမ့ရဲ႕ေမြးရပ္ေျမေလးမွာ ၾကာၾကာေလးအသက္ရႉၾကည့္ခ်င္တဲ့စိတ္ေလးျဖစ္ေပၚလာမိသည္။

ေက်ာင္းၿပီးထဲက ေဖေဖ့ကုမၸဏီမွာပဲဆက္ဦးစီးရင္း ဘဝကိုတင္းၾကပ္ေနေအာင္ျဖတ္သန္းခဲ့ရတာေၾကာင့္ တစ္ခါေလာက္လြတ္လပ္ခ်င္မိတယ္။ ‌ပတ္ဂ်ီမင္းရဲ႕ဘဝပုံစံအတိုင္းဆို ေမေမ့ေမြးရပ္ေျမေလးမွာပဲေနၿပီး ပါစတာဆိုင္ေလးနဲ႔အတူဘဝကို ႐ိုး႐ိုးရွင္းရွင္းေလးျဖတ္သန္းရမယ္ထင္တယ္။

ေမေမဆုံးတဲ့အခ်ိန္တုန္းက အသက္ႏွစ္ဆယ္.....စြန္းစြန္းေလာက္ပဲရွိဦးမယ္။ ဘဝတက္လမ္းအတြက္ ကိုယ္တိုင္ေ႐ြးခ်ယ္ခြင့္ရခါနီး ေမေမ့ကိုကတိတစ္ခုေပးခဲ့ရသည္။ အဲ့တာက.... ေဖေဖ့ေဘးနားမွာအၿမဲရွိေနေပးရမယ္ဆိုတဲ့ကတိတစ္ခု....အဲ့ကတည္းကပတ္ဂ်ီမင္းဘဝကေခ်ာင္ပိတ္မိေနၿပီးသားျဖစ္ေနၿပီ.....

27ႏွစ္အ႐ြယ္ လူႀကီးတစ္ေယာက္ျဖစ္ေနတာေတာင္ ေဖေဖကလြတ္လပ္ေစခ်င္ပုံမရေသးဘူး...။ တစ္ခါတစ္ေလက်ေတာ့လည္း ဇာတ္နာလြန္းလို႔ကိုယ့္ကိုယ္ကိုယ္ေတာင္ ျပန္သနားလာမိသည္။ ေငြေတြအမ်ားႀကီးရွာၿပီးဘာလုပ္မွာလဲ ကိုယ့္အတြက္စားဖို႔ေသာက္ဖို႔တစ္ကိုယ္စာဖူလုံေနရင္ ရၿပီမဟုတ္ဘူးလား။

ႀကီးႀကီးတက္ခ်မ္းသာတဲ့ဘဝမ်ိဳးေတြက ေနၾကည့္ရင္ငရဲလိုပဲ မသိတဲ့လူေတြကသာအားက်ရင္အားက်ေနမွာ ေနာက္ဆယ္ဘဝပဲျဖစ္ျဖစ္လူအျဖစ္‌ ေနခြင့္ရရင္ေတာ့ ဒီလိုဘဝမ်ိဳးနဲ႔ေဝးဖို႔ ဆုေတာင္းသင့္ရင္ဆုေတာင္းရေတာ့မယ္။

Comment