extra
ဂျွန်ဂျီမင်းရဲ့လက်ကိုတွဲပြီး ပါရီမြို့အနှံ့လျှောက်လည်ပစ်ချင်တယ်။ နေ့ရက်တိုင်းအတွက် မောင့်ရဲ့ပျော်ရွှင်မှုအသက်ဓာတ်လေးက အချစ်.... မင်းပဲ။
__________________
Oct 13.2023....
မျက်လုံးပေါ်နေရောင်ကျလာတော့ ဘေးကိုလှမ်းစမ်းမိသည်။ အေးစက်စက်မွေ့ယာ‌ကိုပဲ ခံစားမိလိုက်တာကြောင့်ကုန်းရုန်းထပြီး ယောက်ျားလှလှလေးကိုလိုက်ရှာဖို့ပြင်လိုက်သည်။ အချိန်က 10နာရီလောက်ရှိနေပြီမလို့ဂျီမင်းကတော့နိုးလောက်နေပြီ ဖြစ်တာကြောင့် အရင်ရေမိုးချိုးဖို့သာပြင်ဆင်လိုက်သည်။
ယောက်ျားလှလှ‌လေးက အိမ်ထဲမှာမရှိတာကြောင့်ဆိုင်ဘက်ကို သွားတော့ပန်းပင်တွေကို လိုက်ကြည့်နေပြီးရေလောင်းနေသည်ကိုတွေ့လိုက်ရသည်။ ဂျီမင်းလုပ်နေတဲ့အမူအရာ တစ်ခုစီတိုင်းက သူ့မနက်ခင်းအတွက်တော့လှပသွားခဲ့သည်။
မသိသာအောင်ခြေသံခပ်ဖွဖွနင်းရင်း ခါးသေးသေးလေးကိုအနောက်ကနေလှမ်းဖက်လိုက်တော့ ရုတ်တရက်ဖြစ်သွားဟန်ဖြင့်ခန္ဓာကိုယ်လေးတုန်သွားသည်။
"မောင်! အလန့်တကြားနဲ့ အမြဲတမ်းပဲ..."
"အချစ်က မောင့်ဘေးနားရှိမနေတော့ရင်ထဲ ဟာတာတာနဲ့ဘာလို့ထားခဲ့တာလဲဗျာ..."
ပခုံးပေါ်ခေါင်းလုံးလုံး‌နဲ့ တိုးဝှေ့လာတဲ့ပုံ‌သည်မြင်သူအဖို့တော့ချစ်စရာကောင်းနေမှာ မှန်ပါလိမ့်မည်။ သူ့ခန္ဓာကိုယ်ကြီးနဲ့ အရှေ့ကလူကိုသိမ်းကြုံးဖက်ထားရုံသာမက ခေါင်းလုံးလုံးနဲ့လဲတိုးဝှေ့ပြီးချွဲနေပြန်သည်။
"မောင်က အိတ်ပုတ်လေကိုယ်ကအစောကြီး ထတာကို"
"အဲ့လိုဆိုပေမယ့်လည်း မောင့်အနားတော့နေပေးပေါ့အချစ်ရယ်...."
အချစ်ဆိုတဲ့နာမ်စားကြားလိုက်တိုင်း ဂျီမင်းပါးလေးနှစ်ဖက်က စတော်ဘယ်ရီလိုနီရဲသွားရသည်။ လက်ထပ်ထားတဲ့လူတွေဖြစ်ပေမယ့်လည်း မောင်ခေါ်သမျှ၊ လုပ်သမျှအမူအယာတိုင်းက ရင်ထဲကလိကလိဖြစ်စေတယ်။
"ဒါနဲ့ ကိုယ်မနေ့ညက ဖေဖေနဲ့စကားပြောဖြစ်သေးတယ်"
"အွန်း..... အချစ်ကိုဘာလှမ်းပြောတာလဲ ထုံးစံအတိုင်းဂရုစိုက်ပြီးနေခိုင်းတာပဲလား"
"အဲ့တာမဟုတ်ဘူး ကိုယ့်အထင်ဖေဖေကျန်းမာရေးကောင်းနေပါ့မလားလို့ လတ်တလောကုမ္ပဏီမှာရှယ်ယာတွေကျနေတယ်ပြောတယ် မောင်နဲ့လက်ထပ်လိုက်တဲ့သတင်းကမီဒီယာတွေဘက် ဘယ်လိုရောက်သွားလဲတော့မသိဘူး အဲ့ဒီအကြောင်းတွေရောပွနေတာပဲ...."
လေးလေးပင်ပင်ပြောလာပြီး သက်ပြင်းခနခနချနေတဲ့သူကြောင့် ဂျောင်ဂုဖက်ထားရာမှခွာလိုက်ပြီး ဂျီမင်းခန္ဓာကိုယ်ကိုလှည့်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေသည်။
"အချစ် ဖေဖေဆီသွားချင်လားမောင်လိုက်ပို့ပေးလို့ရတယ်လေ .... အခုလိုလေးမျက်နှာညှိုးနေတော့ မောင်လည်းနေလို့မကောင်းဘူး"
"ဖေဖေကမလာနဲ့တဲ့ မလာခိုင်းပေမယ့်သားဖြစ်တဲ့ကိုယ်က မိဘစိတ်ညစ်နေတာကိုဘယ်လိုကြည့်ရက်မှာလဲ အဲ့မှာတစ်လဖြစ်ဖြစ်၊ နှစ်လဖြစ်ဖြစ်သွားနေပြီးကုမ္ပဏီရဲ့ပြဿနာတွေကို အဆင်ပြေတဲ့အထိသွားဖြေရှင်းဖို့ တွေးနေတယ်"
"ဒါပေါ့ မောင့်အချစ်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုအမြဲချတတ်တဲ့လူလေ အရင်ကမောင့်ကိုအသဲခနခနခွဲခဲ့တာတော့မပါဘူးပေါ့"
"မောင်နော်!"
"စတာပါအချစ်ကလည်း နောက်လလောက်သွားမယ်မလားဒီလတော့ မောင်တို့ဒီမှာအချိန်ကုန်ရအောင်"
"အင်း ကိုယ်လည်းအဲ့လိုတွေးထားတယ်"
"နည်းနည်းပေးနမ်း မနမ်းရတာတစ်မနက်ရှိနေပြီ"
"ဂျောင်!..."
နာမည်တောင်မဆုံးသေးဘူး နှုတ်ခမ်းတွေကိုနမ်းလာတာကြောင့် ရင်ဘတ်တွေကိုလှမ်းရိုက်တော့ခါးကို လက်နှစ်ဖက်ဖြင့်အတင်းဆွဲဖက်လာသည်။ အမြဲတမ်းတဇွတ်ထိုးလုပ်တတ်တဲ့အကျင့်က လုံးဝကိုမပျောက်ဘူး။ ချစ်နေရတော့လည်း ဘာနေနေဂျွန်ဂျီမင်းတို့က စိတ်မဆိုးချင်တော့ဘူး။
"ဖယ်တော့ကွာ! အလုပ်သမားတွေ တွေ့ကုန်ရင်မကောင်းဘူး"
"ကိုယ့်ယောက်ျားကိုယ်ဖက်တာပဲ ဘာမကောင်းတာရှိလို့လဲ ဂျွန်ဂျီမင်းရဲ့.... ဟမ်"
"ကိုယ် မင်းထက်နှစ်နှစ်ကြီးတယ်နော် မရိုမသေနဲ့ခေါ်တာတွေက...."
ဟင်
ဖက်ထားတဲ့လက်တွေကို ဖယ်သွားတာကြောင့်ဂျီမင်း ‌ကြောင်စီစီလေးဖြစ်သွားရသည်။ မဟုတ်သေးပါဘူး ပြောလိုက်တာဘာများအမှားပါသွားလို့လည်း
"ဂျောင်ဂု ဘာဖြစ်လို့လဲ"
"ဝမ်းနည်းလို့..."
"ဘယ်လို"
"‌မောင်နဲ့ ဂျီမင်းနဲ့ကလက်ထပ်ထားတဲ့လူတွေလေ ရိုသေတာကမှန်ပေမယ့် ‌မောင်ကဂျီမင်းကိုဘယ်လိုခေါ်ရတော့မှာလဲ"
"ကိုယ် စလိုက်တာလေ ဒီတိုင်းပဲစလိုက်တာကိုမင်းက ဘာလို့ကောက်သွားတာလဲ"
"ကောက်တာမဟုတ်ပါဘူးဆိုနေဗျာ အချစ်ရဲ့မောင်က ဝမ်းနည်းသွားတာ...."
"ကိုယ့်ဆီလာ"
လက်နှစ်ဖက်တန်းပေးလိုက်တော့ သူ့ထပ်ခန္ဓာကိုယ်အနည်းငယ်ထွားတဲ့‌ကောင်လေးက တင်းတင်းကြပ်ကြပ်ဖက်လာခဲ့သည်။
တကယ်တော့ဖက်ချင်လို့ကို ကူလီကူမာများလိုက်တယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်ပဲသိမှာပေါ့။
ခနနေတော့အလုပ်သမားတွေရောက်လာပြီး သူတို့နှစ်ယောက်ကိုကြည့်ရင်းပြုံးစိစိ လုပ်သွားကြသည်။ ဂျောင်ဂုကိုဖက်ထားတဲ့အတိုင်းရပ်နေတာ 15မိနစ်လောက်ရှိနေပြီမလို့ ပြန်ခွာဖို့လုပ်တော့ခန္ဓာကိုယ်က လေပေါ်မြောက်တက်သွားရသည်။
"ဘာလုပ်တာလဲ!"
"ချီတာလေ မောင့်အချစ်အကြာကြီး မတ်တပ်ရပ်ထားရတာညောင်းနေပြီမလား အထဲကိုမောင်ချီပြီး လိုက်ပို့မယ်"
"မောင်ကကွာ... သူများတွေကြည့်ပြီးရယ်နေကြတယ်"
"ဟမ် ဘယ်သူရယ်တာလဲမောင့်ကိုပြော... အလုပ်ထုတ်လိုက်မယ်"
ဗြောလေးက မတ်တပ်ကြီးရပ်ပြီးရယ်နေတာကြောင့် ဂျီမင်းရှက်ရှက်နဲ့ပဲမောင့်ရင်ခွင်ထဲ မျက်နှာဝှက်ထားလိုက်ရသည်။
"အချစ်ရှက်တာလေးက ချစ်စရာကောင်းလွန်းလို့ မောင့်ကိုမြိုချချင်စိတ်တွေဖြစ်နေပြီ"
"အဲ့လိုပဲ ခေါ်မနေနဲ့...."
"မကြိုက်လို့လား"
"ရှက်လို့"
"ရှက်တဲ့မျက်နှာလေး ပြပါဦး"
မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး အတင်းကြည့်ခိုင်းနေတာကြောင့်အကြည့်တွေလွှဲနေရသည်။ ရုတ်တရက်ကြီး နှုတ်ခမ်းပေါ်ရောက်လာတဲ့အထိအတွေ့ကြောင့် ဂျီမင်းမှာချက်ချင်းမျက်လုံးတွေဝိုင်းစက်သွားရသည်။
"မောင်! ဘယ်လိုဖြစ်နေတာလဲတစ်မနက်လုံး"
"ချစ်တယ်.... ချစ်တယ် မောင့်အချစ်"
"ကိုယ်လည်း ချစ်တယ်"
"ခနနေမောင်တို့ museum date ရအောင် မနေ့ညကတည်းကမောင်စဉ်းစားနေတာ"
"ရုတ်တရက်ကြီး"
"ရုတ်တရက်မဟုတ်ပါဘူး မောင်တို့ dateဖို့အတွက်ခေါင်းထဲ planတွေချပြီးသား"
"အခုသွားမှာမလား အဲ့တာဆိုကိုယ်သွားပြီး ပြင်ဆင်လိုက်ဦးမယ်"
ဂျောင်ဂုခေါင်းငြိမ့်ပြတော့ ဂျီမင်းကသူ့ခေါင်းကို ဖွဖွလေးပုတ်လိုက်ရင်းထွက်သွားသည်။ ကျန်ခဲ့တဲ့လူကပြုံးဖြီးဖြီးကြီးဖြစ်နေတာကြောင့် ဗြောလေးအပါအဝင်အလုပ်သမားတွေကအစ ပိုကဲလွန်းတယ်ဆိုတဲ့အကြည့်နဲ့ကြည့်သွားကြသည်။
ဘယ်သူတွေဘယ်လိုထင်ထင် ဂျွန်ဂျီမင်းကိုကသဲသဲလှုပ်ချင်စရာ ကောင်းနေခဲ့တာလေ.....။
__________________________
"မောင် သွားကြတော့မလား"
"အင်း ပြီးသွားပြီလားမောင့်..."
ဂျီမင်းကိုလှည့်ကြည့်တော့ မြင်လိုက်ရတဲ့ပုံစံလေးက‌သူ့ကိုစွံ့အသွားစေခဲ့သည်။ စစတွေ့တုန်းကလို ပုံစံလေးနဲ့ဒီတစ်ခေါက်ကျ long coat အရှည်လေးကိုမှအရောင်နုနုလေးဝတ်ထားသည်။ လှတယ်ဆိုပြီးပြောဖို့တောင်ပြောမထွက်တော့ပဲ ဂျီမင်းကိုပဲကြည့်နေမိသည်။
"မောင်..."
"......."
"မောင်! ဘာတွေတွေးနေတာလဲ"
"ဟမ် အာ...အချစ်ဝတ်လာတာက မင်းသားလေးလိုဖြစ်နေတော့ငေးမိတာ ဒီပါးလေးတွေကရောဘာလို့နီနီရဲရဲလေးလဲ..."
ပါးကိုလက်နှစ်ဖက်ဖြင့်အုပ်မိုးပြီး စလာတာကြောင့် ဂျီမင်းဆီကရယ်သံတွေထွက်လာခဲ့သည်။
"မောင်ကရောဘာလို့အရမ်းမိုက်ပြနေရတာလဲ ဒီဆံပင်ကောက်ကောက်တွေကိုယ်အရမ်းသဘောကျတာပဲ..."
"အချစ်သဘောကျဖို့အရေးကြီးတယ် မောင်တို့သွားရအောင်"
ဂျီမင်းလက်တွေကို သူ့လက်တွေထဲယှက်နွယ်လိုက်ရင်း အပြင်ကိုထွက်လာခဲ့သည်။ ဒီနေ့ကဂျီမင်း မွေးနေ့ဖြစ်တာကြောင့် ချထားတဲ့အစီအစဉ်တွေအားအကောင်အထည်ဖော်တော့မည်ဖြစ်သည်။
မွေးနေ့ရှင်ကတော့ သူ့ပြဿနာနဲ့သူမလို့မွေးနေ့ဆိုတာကိုတောင် သိမယ့်ပုံမပေါ်လောက်ဘူး။
"အရင်ကကိုယ်...ဒီလိုနေရာတွေလာတိုင်းတစ်ယောက်တည်းပဲအခုတော့ ကိုယ့်ဘေးမှာမင်းရှိနေပြီ..."
"စိတ်ထဲနေလို့ကောင်းသွားလား...ဂျီမင်းသိလား မောင်လေမင်းကိုအများကြီးပျော်စေချင်တယ်"
"ကိုယ်ပျော်နေပါတယ် မင်းကြောင့်အများကြီးပျော်နေတယ်"
မျက်လုံးတွေပိတ်ကျသွားတဲ့အထိ ပြုံးပြလာပြီး‌သူ့ကိုလှမ်းဖက်လာတော့ အလိုက်သင့်ခါးလေးတွေကိုပြန်ဖက်ပေးထားလိုက်သည်။ လူတစ်ချို့ကတော့သူတို့ကိုကြည့်သွားပေမယ့် အာရုံမထားနိုင်ဘဲရင်ခွင်ထဲက ချစ်ရသူကိုသာဖက်ထားလိုက်သည်။
ပြတိုင်ကတဆင့် Disneyland၊ တောင်တန်းတွေ mall center တွေကိုလည်းကိုယ်ပိုင်ကားလေးဖြင့်လျှောက်လည်ခဲ့ကြသည်။ အီဖယ်မျှော်စင်ကြီးရှေ့ photoshoot တွေလဲအတူတူရိုက်ခဲ့ပြီးညနေစောင်းခါနီးအထိလျှောက်လည်ခဲ့ကြသည်။
"ခနနေ တစ်ခုခုသွားစားကြမလား"
"‌အချစ်ဘာစားချင်လဲ"
"ပါစတာ"
အရင်တစ်ခါကဂျီမင်းနဲ့အတူလာထိုင်ခဲ့တဲ့ စားသောက်ဆိုင်ဆီထွက်လာခဲ့သည်။ အရင်ကဆုံခဲ့ဖူးတဲ့နေရာတွေရောက်လာတိုင်း လွမ်းဆွတ်တဲ့ခံစားချက်တွေလည်းဖြစ်ရသည်။
"ဒီကိုပထမတစ်ခါရောက်လာတော့ အချစ်ကိုမောင်ငေးမိနေတာ ပါစတာတွေတောင် စားမဝင်ခဲ့ဘူး..."
"ကိုယ်သိတယ်...အဲ့တုန်းကကိုယ်လည်းနည်းနည်း နေရခက်ခဲ့တယ်လေ"
"နှစ်လလောက်အချိန်အတွင်းမှာကို ဖြစ်ပျက်ခဲ့တာတွေကအိပ်မက်တစ်ခုလိုပဲ"
"ကိုယ်မညာစတမ်းပြောရမယ်ဆိုရင် အဲ့တုန်းကမင်းအပေါ်စိတ်တွေလုံမနေခဲ့ဘူး...အဓိကကတော့မီဒီယာတွေက မင်းကိုအာရုံစိုက်လာမှာစိုးတာပါပဲ...."
"သူတို့တွေကကြောက်စရာတစ်ခုမဟုတ်ဘူးအချစ်...မောင်တော့ဘာကိုမှဂရုမစိုက်ချင်ဘူး ပေါက်ပန်းလေးဆယ်တွေပြောမှာကိုလည်းမောင်တွေဝေမနေဘူး..အချစ်လက်ကိုပဲ ဆွဲထားမှာ..."
"တော်ပြီကွာ... မျက်ရည်ပါဝဲလာတယ်"
"ချစ်တယ်နော် အများကြီးမတွေးရဘူး"
"ကိုယ် မတွေးပါဘူး"
"မောင်သိတာပေါ့ အသားစားဦးမလား...နောက်ပြီး ပင်လယ်နားမှာ camping တစ်ခုပြင်ဆင်ထားတယ်"
"ပင်လယ်ကို ဘာသွားလုပ်မလို့လဲ"
"ဒီတိုင်း....တစ်ခုခုရှိတယ်အဲ့ရောက်မှပြောပြမယ်"
အရမ်းလျှိုလျှိုပြီးလုပ်တတ်တာကြောင့် ဂျီမင်းမျက်စောင်းထိုးလိုက်တော့ပြုံးဖြီးပြီး ရယ်ပြလာသည်။
_______________________
ပါစတာစားပြီးကြတော့ ပင်လယ်ကိုထွက်လာခဲ့သည်။ နေဝင်ခါစမလို့ မိုးမချုပ်သေးပဲလမ်းမပေါ်မှာ အလင်းရောင်တွေရှိနေသေးသည်။
ဖိနပ်ချွတ်ပြီးသဲသောင်တွေပေါ် ခြေထောက်ချကြည့်တော့ပူနွေးနွေးအထိအတွေ့တွေက ခြေဖဝါးတွေကိုနွေးထွေးစေသည်။ ရုတ်တရက်အနောက်ကဖက်တွယ်လာတဲ့လက်တွေကြား ခန္ဓာကိုယ်လေးကပိုနွေးသွားရသည်။
"နေဝင်ချိန်တွေတိုင်းမှာ မောင်နဲ့အတူဒီလိုလေးရှိနေချင်တယ်...."
"မောင်ကအဲ့လိုဖြစ်အောင်လုပ်ပေးမှာပေါ့...မောင့်ရဲ့အချစ်ကပြုံးပျော်နေဖို့ပဲလိုတယ်"
"မောင်...."
"ဗျာ"
"ချစ်တယ်....အရင်တုန်းကကိုယ်သတ္တိနည်းခဲ့တာတွေအတွက် အခုအများကြီးချစ်ပေးပါ့မယ်"
"‌မောင်အချစ်အပေါ်အဆိုးရယ်၊ အကောင်းရယ်လို့မတွေးခဲ့ဖူးဘူး...အချစ်ဘာလုပ်လုပ် မောင်ကအမြဲထောက်တိုင်အဖြစ်ရှိနေပေးမှာ..."
"‌ဒါနဲ့....တစ်ခုခုကို မေ့နေတယ်လို့အချစ်မထင်ဘူးလား...."
"ဘာများလဲ"
"ဒီနေ့ဘယ်နှစ်ရက်လဲ..."
"13 ရက်နေ့"
"ကိုယ့်မွေးနေ့မှန်းကိုယ်မသိရအောင် ဘာတွေဘယ်လောက်တောင်‌တွေးနေခဲ့တာလဲအချစ်ရယ်...."
မွေးနေ့ဆိုတဲ့စကားကြားတော့မှသာ ဒီနေ့ကသူ့မွေးနေ့မှန်းသိလိုက်ရသည်။ ဟုတ်ပါရဲ့
ဘာတွေများအတွေးတွေများနေခဲ့မိလည်းမသိဘူး။
"ကိုယ့်မှာမွေးနေ့ရယ်လို့ဆိုပြီး သတ်မှတ်ထားတာမရှိဘူး။ မွေးနေ့ဆိုတာကိုလဲအထူးတလည်မလုပ်ဖြစ်ဘူးလေ အမြဲကုမ္ပဏီခန်းထဲမှာပဲ အလုပ်ကိစ္စတွေနဲ့ပြည့်နေတော့ဘာမှကိုလဲ သတိမရ‌နိုင်တော့ပါဘူး"
"အခုတော့မောင်ရှိနေပြီမလို့ အခုရော၊ နောက်နှစ်တွေမှာရော မွေးနေ့ကိတ်လေးရယ်၊ ဒီလိုမျိုးဒိတ်လေးရယ်ကိုမောင်စီစဉ်ပေးမယ်‌နော်...."
"ကျေးဇူး...တင်ပါတယ်... ကိုယ်တကယ်..."
"မငိုရဘူးလေ...မွေးနေ့ရှင်လေးကအလှတွေပျက်သွားလို့ဘယ်ဖြစ်မလဲ။ မောင်တို့ကိတ်လဲခွဲရဦးမယ် လာ...အထဲသွားကြမယ်"
အနောက်ကနေဖက်ထားရာမှ ခွာလိုက်ပြီးဂျီမင်းလက်တွေကိုဆုပ်ကိုင်လိုက်တော့ သူ့လက်ဖဝါးတွေထဲပျောက်လုမတတ်ဖြစ်နေပုံလေးကလည်း အသဲတယားယားဖြစ်ရသည်။
"ဒီမှာ ခနထိုင်နေပေးမယ်မလား"
ခေါင်းငြိမ့်ပြလာ‌တော့‌ ဂျောင်ဂုပြုံးလိုက်သည်။ မျက်ရည်ကြည်လေးတွေဝေ့နေစဲဖြစ်တဲ့ မျက်ခွံနုနုလေးတွေပေါ်ကိုလဲ ခပ်ဖွဖွလေးဖိကပ်နမ်းလိုက်တော့ရယ်သံလေး ထွက်ကျလာခဲ့သည်။ ပြီးတာနဲ့ပြင်ဆင်ထားတဲ့ ကိတ်‌လေးကိုဂျီမင်းထိုင်နေတဲ့ အရှေ့ကခုံပေါ်သွားချပေးလိုက်သည်။
" YOU'RE MY PARK FILTER "
ထူးထူးဆန်းဆန်းကိတ်မုန့်ပေါ်က ပုံပေါ်ထားတဲ့စာသားလေးကြောင့် ဂျီမင်းမှာထရယ်လိုက်ရသေးသည်။ လုပ်ချလာရင်လဲ အထူးအဆန်း‌တွေနဲ့....
"သဘောကျရဲ့လား Filterကအချစ်ကုမ္ပဏီရဲ့ နာမည်ကိုထည့်လိုက်တာ ပြီးတော့ Park ကတော့မောင့်အချစ်ရဲ့ မျိုးရိုးနာမည်လေ"
"ထူးထူးဆန်းဆန်းစာသားလေးပေမယ့် မောင်ပြင်ပေးထားတာမလို့ အများကြီးကြိုက်ပါတယ်"
"ဖယောင်းတိုင် မီးမှုတ်ပြီးဆုတောင်းလိုက်ပါဦး..."
မွေးနေ့ဆုတောင်းသီချင်းဆိုပြီးတာနဲ့ ဖယောင်းတိုင်မီးတွေကိုမှုတ်လိုက်ပြီး တစ်ခုတည်းသောဆန္ဒလေးကိုဆုတောင်းဖြစ်ခဲ့သည်။ ဆု‌တောင်းတွေပြည့်ဝလာဖို့ မျှော်လင့်ပါတယ်....
"မောင့်ရဲ့မွေးနေ့ဆုတောင်းလေးက အချစ်တောင်းတဲ့ဆုတောင်းလေးပြည့်ဝဖို့ပဲ...."
"ပြည့်မှာပါ ကိုယ့်မှာမောင်ရှိနေတာပဲကို"
တိတ်ဆိတ်သွားတဲ့တစ်ခနမှာ သူ့ပခုံးတွေပေါ်ရောက်လာတဲ့ဂျောင်ဂု ခေါင်းလုံးလုံးလေးကြောင့် ဂျီမင်းခနခနပြုံးနေမိသည်။ ဆံပင်ကောက်ကောက်လေးတွေကိုလည်း ခနခနနမ်းရှိုက်နေမိသည်။
"ကြယ်တွေ အများကြီးပဲလှနေတယ်။ ကြယ်ကြွေမလားမသိဘူး"
"မောင်ရော ဆုတောင်းချင်တာရှိလို့လား"
"အင်း တစ်ခုရှိတယ်"
"ဘာလဲဆိုတာ ကိုယ်သိလို့မရဘူးလား"
"ဒါဆိုမောင့်ရဲ့ ဆုတောင်းကိုဖြည့်ပေးနိုင်မှာလား..."
"ဒါပေါ့..."
"မောင့်ဘေးမှာ အခုလိုမျိုးထာဝရရှိပေးနိုင်မလား....."
"ဒါက ဆုတောင်းလားမောင်"
"မောင့်ရဲ့ဆုတောင်းကအချစ်ပဲ.... အချစ်ရှိနေပေးရင်မောင့်ရဲ့ဆုတောင်းတွေပြည့်တယ်"
"ဒါဆို ကိုယ်ကတစ်သက်လုံးအတူရှိနေပေးရမှာပေါ့... လက်ထပ်ထားပြီးသားလေမောင်ရယ် ကိုယ့်ကိုမောင်ပိုင်ပါတယ်"
"ချစ်တယ်ဂျီမင်း....နေ့ရက်တိုင်းအတွက် မောင့်ရဲ့ပျော်ရွှင်မှုအသက်ဓာတ်လေးအဖြစ် ရှိနေပေးပါ"
"ကိုယ်လည်း မောင့်ကိုချစ်ပါတယ်ကွယ်...."
ဂျောင်ဂုဘက်ကစတင်လာတဲ့ အနမ်းချိုချိုတွေကြားဒီညတော့လမ်းပျောက်ခဲ့ရပြီ...ပင်လယ်သံတွေကြား အအေးဓာတ်တွေကြားနှုတ်ခမ်းပါးပါးတွေကနွေးထွေးလုံခြုံမှုတစ်ရပ်ဖြစ်ခဲ့သည်။
ချစ်လဲချစ်နေကြပြီ သံယောဇဉ်တွေလဲချည်နှောင်ခဲ့ပြီးကြပြီ။ အို... ဘာတွေများထပ်လိုနေရဦးမှာလဲ ချစ်ရသူလက်ကိုပဲထာဝရတွဲပြီး သက်ဆုံးတိုင်ထိအတူနေသွားတော့မှာပေါ့....။
••••••
__________________
Oct 13.2023....
"မောင်နော်!"
"ဂျောင်!..."
ဟင်
"ဝမ်းနည်းလို့..."
"ဘယ်လို"
"ကိုယ့်ဆီလာ"
"ဘာလုပ်တာလဲ!"
"အဲ့လိုပဲ ခေါ်မနေနဲ့...."
"မကြိုက်လို့လား"
"ရှက်လို့"
"ကိုယ်လည်း ချစ်တယ်"
"ရုတ်တရက်ကြီး"
__________________________
"မောင် သွားကြတော့မလား"
"မောင်..."
"......."
"‌အချစ်ဘာစားချင်လဲ"
"ပါစတာ"
"ကိုယ် မတွေးပါဘူး"
_______________________
"မောင်...."
"ဗျာ"
"ဘာများလဲ"
"ဒီနေ့ဘယ်နှစ်ရက်လဲ..."
"13 ရက်နေ့"
" YOU'RE MY PARK FILTER "
"အင်း တစ်ခုရှိတယ်"
"ဒါပေါ့..."
"ဒါက ဆုတောင်းလားမောင်"
Comment