5

မောင့်ရဲ့အချစ်ဘာသာစကားဆိုရင် ဂျွန်ဂျီမင်းရဲ့ပဲရစ်ပေါ့။

_______________________

"ဂျွန်ဂျောင်ဂု! မင်းကိုဘယ်နှစ်ခါတောင်ပြောနေရမှာလဲ ကုမ္ပဏီကိုခနခနမလာပါနဲ့ဆိုတာကို"

"မောင်လို့ခေါ်လေ မင်းလို့မပြောနဲ့...."

တွဲတာဖြင့်တစ်ပတ်တောင်မပြည့်သေးဘူး။ ကုမ္ပဏီကို တစ်နေ့သုံးခေါက်လောက် အကြောင်းမရှိအကြောင်းရှာပြီးလာလာနေသည်။ လာတာကအကြောင်းမဟုတ်ပေမယ့် မီဒီယာတွေဘက်သတင်းရောက်သွားမှာစိုးနေရသည်။

မောင်ဆိုတာကိုလည်း သူ့ကိုခနခနခေါ်ခိုင်းသည်။ မခေါ်တတ်တာကြောင့် နာမည်ပဲခေါ်ရင်လည်း စိတ်ဆိုးစိတ်ကောက်ကဖြစ်သေးသည်။

"ကိုယ်မခေါ်တတ်ဘူးလို့ပြောထားတယ်လေ ဂျောင်ဂုပဲခေါ်မယ်"

"‌ခေါ်ကြည့်ဆိုတော့လဲ မခေါ်ပဲနဲ့"

"တော်ပါ အခုကရောဘာကိစ္စနဲ့ရောက်လာတာလဲ"

"ဘူဆန်ပြန်တော့မလို့ ဂျီမင်းပါလာခေါ်တာ"

"ကိုယ့် ကုမ္ပဏီကိုပစ်ခဲ့လို့မရဘူးလေ"

"တစ်ပတ်လောက်ပဲကြာမှာပါ မေမေ့ကိုသားမက်လှလှလေး ပြချင်လို့"

သားမက်လှလှလေးဆိုတဲ့စကားကြောင့် ဂျီမင်းပါးလေးနှစ်ဖက်ရဲသွားရသည်။ ရည်းစားဖြစ်ပြီးတဲ့နောက်ပိုင်း ဂျောင်ဂုပြောသမျှစကားတိုင်းကသူ့ကို ရင်ခုန်စေသည်။

"အင်း လိုက်မယ်"

"မောင့်ဂျီမင်း လိုက်မယ်ဆိုတာသိတယ်လေ"

ထိုင်နေရာမှထလာကာ သူ့မျက်နှာကိုလက်နှစ်ဖက်နဲ့သေချာကိုင်ပြီး အကြည့်ချင်းဆုံစေသည်။ ပြီးတာနဲ့ နီးကပ်လာတဲ့ဂျောင်ဂုမျက်နှာကြောင့် အလိုက်သင့်မျက်လုံးမှိတ်ပေးထားလိုက်သည်။ သူ့နှုတ်ခမ်းတွေကို ထိတွေ့လာတဲ့နှုတ်ခမ်းပါးတွေကြောင့် ရင်တွေအဆတ်မပြတ်ခုန်ရသည်။

"မောင် ပြန်တော့မယ်"

"အင်း ဂရုစိုက်ပြန်ဦး"

"မောင်လို့များ ‌ယောင်ပြီးတောင်မခေါ်ချင်ဘူးလား မောင့် CEOလေးက"

"မစနဲ့ဂျောင်ဂုရာ ပြန်တော့..."

ရှက်ပြီးအတင်းနှင်လွှတ်နေတဲ့ ချစ်သူလေးကဂျောင်ဂုအတွက် အသဲတယားယားဖြစ်စေသည်။ တံခါးပေါက်ဝရောက်တော့ ပါးအိအိလေးကိုတစ်ခါဖိကပ်နမ်းလိုက်ပြီး မျက်စောင်းတွေ လက်သံတွေမခံရအောင်အပြင်ကိုအမြန်ထွက်လာခဲ့‌တော့သည်။

____________________

"မေမေ ကျွန်တော်ပြန်လာပါပြီ"

"ဟော ဂျီမင်းလေးပါ ပါလာတာလား။ ထိုင်ကြဦးလေသားတို့ပင်ပန်းလာမှာပေါ့"

ဘူဆန်ကအိမ်ဆီ မေမေ့ကိုကြိုမပြောဖြစ်ပဲရောက်လာခဲ့သည်။ အဲ့ဒါကလည်း သားမက်လှလှလေးပါလာမယ်ဆိုတာကို လျှိုထားချင်ခဲ့လို့ဖြစ်သည်။

"လာမယ်ဆိုတာ မေမေ့ကိုကြိုပြောရောပေါ့"

"ကြိုပြောရင် surprise ဘယ်ဖြစ်တော့မလဲမေမေရဲ့ နောက်ပြီးမေမေ့သားမက် ဂျီမင်းလည်းပါတယ်ဆိုတော့အံ့ဩစေချင်လို့လေ"

"အံ့ဩသွားရပါတယ်ရှင် ဒါနဲ့တို့ဂျီမင်းလေးက မတွေ့ရတာကြာတော့လူချောလေး‌ဖြစ်လာတာပဲ"

"ကျေးဇူးပါအန်တီ"

"‌အန်တီလို့မခေါ်ပါနဲ့သူစိမ်းဆန်နေတယ် မောင့်မေမေဆိုတော့ ဂျီမင်းမေမေပဲလေ"

သူမ ပြောမယ့်စကားကို သူမ သားကပြောလာတာကြောင့် သားနှစ်ယောက်ကိုကြည့်ပြီးပြုံးနေမိသည်။

"ငါ့သားရယ်အမေရှေ့တော့ သိက္ခာလေးထိန်းပါဦး"

"မထိန်းနိုင်တော့ဘူးမေမေ ကျွန်တော့်ကိုဂျီမင်းနဲ့လက်ထပ်ပေးပါတော့"

"ဟောတော်....!!"

ဂျောင်ဂု‌ပြောလိုက်တဲ့စကားက သူ့အမေအပြင်ကိုယ်ပါ အံ့ဩသွားရသည်။ အခုမှအမေ့အိမ်ရောက်လာတာကို မနားပဲလက်ထပ်ဖို့ကိုစိတ်အားထက်သန်နေသည်တဲ့လေ။

"နေပါဦးဂျောင်ဂုကလည်း အန်တီတို့ကိုအားနာစရာကြီး"

"ဘာမှအားနာမနေနဲ့ ဂျီမင်းလေးရေ‌ဂျွန်ဂျောင်ဂုက အမြဲတမ်းတဇွတ်ထိုးသမားလေ အဲ့တော့သားတို့လက်ထပ်ဖို့သာရက်ရွေးထားတော့"

ဂျောင်ဂုမေမေကပါ လက်ထပ်ဖို့အတွက်ပြောလာတော့ဂျီမင်း မျက်နှာတွေပူလာရသည်။ ဘေးကလူကိုလှည့်‌ကြည့်တော့လည်း လက်ခံလိုက်ပါဆိုတဲ့အမူအယာနဲ့အသနားခံပြနေသည်။

"လက်ထပ်ဖို့က ဂျောင်ဂုအဆင်ပြေသလိုစီစဉ်လို့ရပါတယ်"

"ဘုရားကျောင်းမှာပဲလက်မှတ်ထိုးရအောင်ဂျီမင်း မောင်အကြီးကျယ်တွေမလုပ်ချင်ဘူး"

"အင်းအဆင်ပြေတယ် ကိုယ်လည်းအဲ့လိုပဲတွေးထားလို့ ဒါနဲ့အန်တီ့သ‌ဘောကရော...."

"သားတို့နှစ်ယောက်ဘဝလေးတစ်ခုဖြစ်မြောက်သွားရင်ပဲ ကျေနပ်ပါပြီကွယ်... အခုတော့သွားနားကြဦးသားတို့"

"ဖေဖေ့ကိုတော့ မေမေပဲပြောထားလိုက်တော့နော်"

"မေမေသိပါတယ်သားရယ် သွားသွား... နားကြတော့"

ပြီးတာနဲ့နှစ်ယောက်သားအပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ အထုပ်တွေကိုဂျောင်ဂုကပဲ အကုန်သယ်ပေးသွားတာကြောင့် ဒီကောင်လေးချစ်တာခံရတာလည်း တော်တော်လေးကံကောင်းတာပဲလို့ သတ်မှတ်လိုက်သည်။

"အတူနေရမှာလား"

"ဟုတ်တယ်လေ မောင့်အိမ်မှာအိပ်ခန်းက နှစ်ခန်းပဲရှိတာ"

"‌အဲ့တာဆို ကိုယ်အောက်ဘက်မှာအိပ်လိုက်မယ်"

"မောင်နဲ့ အတူမအိပ်ချင်လို့လား"

"မဟုတ်ပါဘူး...."

"အဲ့တာဆို မောင်နဲ့နေ၊ မောင်နဲ့အိပ်"

ပြောမရတော့တဲ့အဆုံး တစ်ကုတင်ထဲမှာအတူအိပ်ဖို့ဖြစ်လာတော့သည်။ အရင်ကတစ်ယောက်တည်းပဲအိပ်နေကြဆိုတော့ နည်းနည်းတော့အဆင်‌မပြေဖြစ်ရသည်။ ဂျောင်ဂုကလည်းအလိုက်သိပြီး ဘေးဘက်ကပ်အိပ်ပေးတာကြောင့် အားနာရပေမယ့်နေသားကျသွားဖို့ပဲဆုတောင်းရတော့မည်.....။

"စီးကရက်တွေမသောက်နဲ့ဂျီမင်း မောင်မကြိုက်ဘူး"

ညဘက်အိပ်မပျော်တာနဲ့ ဝရံတာထွက်ပြီးသောက်နေမိသည်။ ဘယ်အချိန်ထဲကနိုးသွားမှန်းမသိတဲ့ဂျောင်ဂုကအနောက်ကနေရောက်လာတော့ ဂျီမင်းလန့်သွားရသည်။

"စိတ်သက်သာရာရမယ်ထင်လို့ပါ ကိုယ်လည်းမသောက်ချင်တော့ပေမယ့်...."

မပြောမဆိုနဲ့စီးကရက်လိပ်ကို သူ့လက်ထဲကယူပြီးမီးငြိမ်းလိုက်သည်။ ဆောင်းဝင်ခါစမလို့အေးစိမ့်စိမ့်လေတွေကတိုက်နေခဲ့တာကြောင့် တစ်ချက်တစ်ချက်ညဝတ်အင်္ကျီ‌ကပခုံးပေါ်ကနေ လျှောလျှောကျနေတာကြောင့် ဆွဲဆွဲတင်ရသေးသည်။

"လှတယ်.... အင်္ကျီကိုဆွဲမတင်နဲ့ဂျီမင်း..."

"ကိုယ် အေးတယ်ဂျောင်ဂု"

သူ့လက်ကောက်ဝတ်တွေကိုဆွဲပြီး ဝရံတာမှာထောက်ထားတဲ့ ဂျောင်ဂုလက်မောင်းတွေကြား‌ နေခိုင်းတာကြောင့် ခုနကထပ်တော့နွေးသွားရသည်။

"‌‌မောင့်ဆီမှာနေ အေးနေတာအခန်းထဲသွားချင်လား"

"မသွားချင်ဘူး...."

"စီးကရက်တွေကိုထပ်သောက်မယ့်အစားမောင့်နှုတ်ခမ်းတွေကိုနမ်းပါလား ဂျီမင်း...."

"ဟွန်...."

"အိပ်မပျော်ဘူးမဟုတ်လား မောင်ချော့သိပ်ရမလား"

"နေသားမကျသေးလို့ထင်တယ် ‌အိပ်ဆေးသောက်ထားတာတောင်အိပ်မပျော်ဘူး"

"ဒါနဲ့လေ.... မောင်တို့ ပဲရစ်ကိုပြန်သွားရအောင် အချစ်"

ရုတ်တရက်ပြောလိုက်တဲ့ နာမ်စားကအေးစိမ့်စိမ့်လေတွေနဲ့အတူ သူ့နှလုံးသားကိုပါအေးခဲသွားစေသလားမှတ်ရတယ်။ ဝရံတာဘက်ထောက်ထားတဲ့လက်တွေက သူ့ခါးတွေပေါ်ရောက်လာပြီးပခုံးပေါ်ကိုလည်း ခေါင်းတင်ပြီးကြည့်နေတာကြောင့်သူ့ကိုအများကြီးရင်ခုန်စေသည်။

"ဒီမှာမပျော်လို့လား...."

"မပျော်တာရယ်လို့လည်းမဟုတ်ပဲ မောင်တို့တွေ့ခဲ့တဲ့နေရာလေးကိုပဲပြန်သွားချင်နေတယ်"

"ကိုယ့်မှာ အလုပ်တွေရှိသေးတယ်ဂျောင်ဂု"

"ဒီကိုမလာခင်ထဲကဂျီမင်းဖေဖေကို မောင်အားလုံးပြောပြီးပြီ.... အစပိုင်းတုန်းကတော့လက်မခံဘူးလေ မောင်ကလက်လျှော့တတ်တဲ့လူလည်းမဟုတ်တော့ နေ့တိုင်းသွားပြီးခွင့်တောင်းခဲ့တာပေါ့"

"ဖေဖေက ဘာပြောလဲ"

"လက်ခံသွားတယ်လေ ဂျီမင်းကိုဂရုစိုက်ပေးဖို့ကိုလဲ မှာသွားသေးတယ်"

တစ်ခါတစ်လေကျရင်လည်း ချစ်စရာကောင်းအောင်လဲပြုံးတတ်ပြီး တစ်ခါတစ်လေကျတော့လည်းသူ့ကို အဘက်ဘက်ကနေ ကာကွယ်ပေးနိုင်တဲ့အမျိုးသားလေး တစ်ယောက်ပဲ။

မပတ်သတ်တော့ဘူး မတွေ့ချင်တော့ဘူးလို့ ဆုံးဖြတ်ပြီးခါမှဂျောင်ဂုအပေါ်ရှိလာတဲ့ ခံစားချက်တွေကပဲ ပတ်ဂျီမင်းကိုအရှုံးပေးခိုင်းခဲ့တာ လူတစ်ယောက်အတွက်ဘယ်တုန်းကမှ ခံစားချက်တွေထုတ်ပြခဲ့ရမယ်လို့မထင်ခဲ့ဖူးဘူး။ ဂျောင်ဂုကလွဲလို့ပေါ့....

"မင်းဘယ်လိုပဲလုပ်လုပ် ကိုယ်အတူရှိနေပေးမှာပါ"

"မောင့်ကို ချစ်တယ်မလား"

"ဒါပေါ့ ကိုယ့်မှာမင်းပဲရှိတာလေ"

"ဒါဆိုနည်းနည်းလေးနမ်းရအောင် ဒီညမောင့်ဂျီမင်းက အများကြီးလှနေလို့....."

ဂျောင်ဂုဘက်က စနမ်းလာခဲ့ပေမဲ့ သူ့ဘက်ကပါအသက်ရှူတွေကြပ်မိတဲ့အထိနမ်းခဲ့ကြသည်။ ခုနကသောက်တဲ့စီးကရက်တွေထပ် ဂျောင်ဂုနှုတ်ခမ်းပါးတွေကပိုပြီး ချိုမြိန်လွန်းနေသည်။

_________________________

"ကျွန်‌တော့်သတို့သားလေးကို အလှဆုံးဖြစ်အောင်သာပြင်ပေးကြပါ လှလှလေးဖြစ်နေမှဖြစ်မှာမလို့"

သူ့နားမှာနေပြီးတစ်ယောက်တည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ဂျောင်ဂုကိုကြည့်ပြီး သက်ပြင်းချနေရသည်။

"ဘယ်လိုဖြစ်လို့ ဂဏာမငြိမ်ဖြစ်နေရတာလဲဂျောင်ဂု"

"မောင်စိတ်တွေအရမ်းလှုပ်ရှားနေတာ ဟာ.... အစ်မဖယ်... ဖယ်တော့ဗျာကျွန်တော်ပဲဆက်လုပ်ပေးတော့မယ် လူကိုဘာလို့အတင်းထိနေတာလဲ"

"အမလေးတော် မင်းပဲအလှဆုံးဖြစ်အောင်ပြင်ခိုင်းတာလေ မျက်နှာထိမှပြင်လို့ရမှာပေါ့"

"သွားဗျာ... ကျွန်တော့်ဘာသာပဲလုပ်တော့မယ်"

‌မိတ်ကပ်ပြင်တဲ့အစ်မကို အော်ဟစ်နေတာကြောင့် ဂျီမင်းကြားထဲကနေရယ်နေရတော့သည်။

"မင်းကသူများကိုလည်း ခိုင်းသေးတယ်အော်မနေနဲ့လေ"

"မောင်စိတ်တွေအရမ်းလှုပ်ရှားနေတာ ဂျီမင်းမှမသိပဲငြိမ်ငြိမ်နေ နှုတ်ခမ်းဆီဆိုးပေးမယ် မျက်လုံးမှိတ်ထား"

"ဟင် မျက်လုံးမှိတ်တာနဲ့မဆိုင်ဘူးလေ"

"ဂျီမင်းမျက်နှာကိုသေချာလေး ကြည့်ဦးမလို့လေ မျက်လုံးမှိတ်ပေး"

အတင်းမျက်လုံးမှိတ်ခိုင်းနေတာကြောင့် မျက်လုံးမှိတ်လိုက်ပေမဲ့ နှုတ်ခမ်းပေါ်ရောက်လာတဲ့အထိ အတွေ့ကြောင့်ဂျီမင်း လန့်သွားရသည်။

"ဘာလို့နမ်းတာလဲ နှုတ်ခမ်းစိုအောင်ဆိုးခိုင်းတာလေ"

"အခုစိုသွားပြီလေ လာပါသွားရအောင် နောက်ကျနေပြီ"

ဂျောင်ဂုကမ်းပေးတဲ့လက်ကို ဆွဲထလိုက်ပြီးဘုရားကျောင်းထဲသို့ ဝင်လာခဲ့သည်။ အထဲရောက်တော့ဖေဖေအပါအဝင် ထယ်မင်တို့အတွဲပါရောက်နေတာကြောင့် နည်းနည်းတော့မျက်နှာပူမိပါသည်။

ပြီးတာနဲ့ကတိသစ္စာဆိုပြီး နှစ်ယောက်သားလက်ထပ်စာချုပ်မှာလက်မှတ်ထိုးရသည်။ ဂျောင်ဂုလက်စွပ်ဝတ်ပေးပြီးတော့ ထယ်မင်ဆီက နမ်းကြပါဆိုတဲ့ အော်သံနဲ့အတူတစ်ပြိုင်နက်တည်း လက်ခုပ်သံတွေပါထွက်လာခဲ့တော့သည်။

"မောင် နမ်းမယ်နော်ဂျွန်ဂျီမင်း"

"ပိုင်စိုးပိုင်နက်နိုင်လိုက်တာ..."

"အခုတော့တကယ်ပိုင်သွားပြီမလို့ ရှေ့လျှောက်မောင်ကတကယ် ပိုင်စိုးပိုင်နက်လုပ်တော့မှာ"

ပြန်ပြောဖို့ပြင်ပေမဲ့ သူ့ကိုနမ်းလာတဲ့ဂျောင်ဂုကြောင့်ပြောစရာ စကားတွေပါပျောက်သွားရတော့သည်။ တကယ်ကိုပဲ နောက်ဆုံးအချိန်ထိ မင်းပဲနိုင်ခဲ့တာဂျောင်ဂု.....။

"လက်ထပ်ပွဲအတွက်ဂုဏ်ယူပါတယ် ငါ့ချင်မီလေး"

"မင်းတို့အတွဲရော ဘယ်တော့လက်ထပ်မှာလဲ"

"နောက်လဖြစ်ဖြစ်ပေါ့ကွာ အဲ့အခါကျလာရမယ်နော်"

"အင်း"

"ပြန်ပြီငါတော့ သာယာတဲ့ဟန်နီးမွန်းလေးကိုလည်းဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးတယ်နော်"

"‌ကျေးဇူး"

"သူကဘယ်သူလဲဂျီမင်း"

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် ဂျီမင်းကိုယ်လေးတွန့်သွားရသည်။ ဒီကောင်လေးလုပ်လိုက်ရင် အမြဲတမ်းအလန့်တကြားနဲ့။

"ငယ်သူငယ်ချင်းပါ ဘာလို့လဲဂျောင်ဂု"

"သဝန်တိုလို့လေ ခုနကဖက်လိုက်တော့သဝန်တိုသွားတယ် ကျွန်တော့်အနားမှာပဲနေပါဂျီမင်းရှီး..."

"ကိုယ်မင်းအနားမှာပဲ နေနေတာပါနော်"

ရောက်လာကြတဲ့ဧည့်သည်တွေကို သေချာဧည့်ခံရင်းဖေဖေနဲ့လည်း စကားတွေအများကြီးပြောဖြစ်ပြီး ပွေ့ဖက်ခဲ့ဖြစ်သည်။ ဖေဖေ့စကားတွေကြောင့်မျက်ရည်ဝဲရပေမယ့် တစ်ဆက်တည်းမှာလည်းအများကြီးကျေးဇူးတင်ရပြန်သည်။

________________________

"အစ်ကိုလေး!!!!"

"ဟာ ဘာလဲဟ"

"အစ်ကိုလေးခြံထဲမှာ ပန်းအိုးတွေကွဲကုန်လို့"

"ဟမ် ဘယ်လို...."

ကောင်တာမှာ စာရင်းတွက်နေရင်းဗြောလေးစကားကြောင့် လုပ်လက်စတွေချရင်းအပြင်ပြေးထွက်ရတော့သည်။ ပန်းအိုးသုံးလုံးဘေးမှာ သူ့အမျိုးသားလေးကငုတ်တုတ်လေးထိုင်နေတာကြောင့် ပန်းအိုးတွေဂရုမစိုက်အားပဲဘေးက လူဆီပြေးသွားရသည်။

"ထိသွားသေးလားဂျီမင်း မောင့်ကိုပြ"

"ဟင့်အင်းမထိဘူး ကိုယ်ပန်းအိုးသယ်ရင်းလွတ်ကျတာကျန်တဲ့ဟာတွေပါ ထိကုန်ပြီ"

"ထားလိုက်ပါဘာမှမဖြစ်ဘူး... နော် အခုထဦးအထဲသွားရအောင်"

ဂျီမင်းကိုယ်လေးကို ထူပေးရင်းအထဲကိုခေါ်သွားပြီးတော့ ကျန်နေခဲ့တဲ့ဗြောလေးကို မျက်စောင်းထိုးခဲ့လိုက်သေးသည်။

"ဒီလက်နုနုလေးတွေကို ဂရုစိုက်ပါဆိုနေ ဘယ်လိုဖြစ်လို့ထိခိုက်မယ့်ဟာတွေလျှောက်မ နေတာလဲ"

"ခြံထဲပန်းအိုးတွေရှုပ်နေလို့ ကိုယ်လည်းအဆင်ပြေသလိုလေးလုပ်ပေးလိုက်တာ"

"အဲ့ဟာတွေဗြောလေးလုပ်လိမ့်မယ် ဂျီမင်းကသက်တောင့်သက်သာပဲနေ မောင်ပြောတာကြားလား"

"အင်း"

"ခနနေ ပန်းခင်းဆီခေါ်သွားမလို့အဝတ်အစားလဲချင်လဲထားလေ"

"အဲ့တာဆို သွားလဲလိုက်မယ်"

ဂျီမင်းအဝတ်အစားလဲပြီးတာနဲ့ ပန်းခင်းကြီးဆီထွက်လာခဲ့တော့သည်။ ပထမဆုံးအကြိမ်ရောက်ခဲ့ကြတုန်းက နှစ်ယောက်လုံးသူစိမ်းတွေအဖြစ်ပဲရောက်လာခဲ့ကြတာလေ။ ဒါပေမဲ့အခုတစ်ခေါက်မှာတော့ ဂျီမင်းလက်ချောင်းတွေကို သူ့လက်ချောင်းတွေနဲ့အတူ ရောယှက်ထားလိုက်သည်။

"အရင်တစ်ခေါက်ကထပ်တောင် ပိုလှလာတယ်နော်"

"အင်း ဂျီမင်းလောက်တော့မဟုတ်ပေမဲ့ သူတို့လည်းလှကြပါတယ်"

လက်ထပ်ပြီးမှပဲ ပိုပြီးရှက်သွေးဖြာလာရသည်။ ဂျောင်ဂုကတော့ဘာရယ်မဟုတ်ပြောလိုက်ပေမဲ့ သူ့ရင်ထဲတဒိတ်ဒိတ်ဖြစ်နေရသည်။

"မောင်ဟိုဘက်သွားမလို့ ဂျီမင်းခနနေခဲ့နော်"

"အင်း"

နေကြာတွေကိုကြည့်နေရင်းမှ မကြာခဏဆိုသလိုပြုံးနေမိသည်။ အရင်ကနေကြာတွေနဲ့ လိုက်ပိုးခဲ့တဲ့ကောင်လေးက အခုလိုမျိုးသူ့လက်တွဲဖော်နေရာမှာ ရှိနေမယ်လို့မတွေးခဲ့မိဘူး။ အချစ်ဆိုတာကိုလည်း မယုံကြည်ခဲ့ဖူးတာကြောင့်ဖြစ်မည်။

"ဂျီမင်း....."

အနောက်ဘက်က ထွက်လာတဲ့တိုးလျလျ‌ခေါ်သံကြောင့်လှည့်ကြည့်တော့ နေကြာတွေကိုင်ထားတဲ့ဂျောင်ဂုက မြက်ခင်းပေါ်ဒူးထောက်လာခဲ့သည်။

"ဒီပန်းခင်းကြီးရယ် ဒီမြို့လေးရယ်ကိုသစ္စာပြုပြီး ဂျီမင်းကိုပဲတစ်သက်လုံး ချစ်သွားမယ်လို့ကတိပေးပါတယ်။ မောင့်ရဲ့အရာရာက ဂျီမင်းဖြစ်တာကြောင့် အိုမင်းသွားတဲ့အထိ မောင်နဲ့ရှိနေပေးပါ"

"အင်း ကိုယ်မင်းကိုယုံတယ်ဂျောင်ဂု ပြီးတော့ချစ်တယ်......."

နေကြာတွေကို လက်ခံပြီးတာနဲ့ဂျောင်ဂုကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
‌အမြဲတမ်းအတွက် ပထမဆုံးနဲ့နောက်ဆုံးချစ်ရတဲ့ အမျိုးသားလေးဖြစ်တာကြောင့် သူသည်လည်းတစ်သက်တာလုံး ဂျောင်ဂုလက်ကိုပဲဆွဲထားတော့မှာ.....

တစ်နေကုန်ပန်းခင်းမှာပဲ အချိန်ကုန်ခဲ့တာကြောင့်ညနေရောက်တော့ ဂျောင်ဂုခေါ်တဲ့စားသောက်ဆိုင်ကိုရောက်လာခဲ့သည်။ အီဖယ်မျှော်စင်နားကစားသောက်ဆိုင်ဖြစ်ပြီး မျှော်စင်ကိုလှမ်းကြည့်ရင်လည်း သေချာမြင်ရတဲ့နေရာတစ်ခုဖြစ်သည်။

"နောက်ထပ်ကိုယ်မသိသေးတဲ့ အရာတွေရှိသေးတာလားဂျောင်ဂု"

"may be?"

"I think so...."

"ဟား... မရှိပါဘူး အခုဟာကမောင့်ဂျီမင်းနဲ့အမှတ်တရဖြစ်စေချင်လို့"

"ထားပါတော့လေ အခုတော့ညစာစားရအောင်"

"မောင်တော့ညစာ မစားချင်သေးဘူး။ ဂျီမင်းကိုပြစရာရှိတယ်"

"ဘာလဲ"

"လိုက်ခဲ့...."

သူ့လက်ကိုတွဲပြီး ခေါင်မိုးထပ်လို့ထင်ရတဲ့နေရာတစ်ခုကိုခေါ်သွားတာကြောင့် ဂျောင်ဂုခေါ်ရာနောက်လိုက်လာ‌လိုက်သည်။

"မောင်ဒီနေရာကို သုံးရက်လောက်အလိုထဲကကြိုယူထားတာ ‌ဂျီမင်းနဲ့အတူရှိချင်လို့လေ ဒီနားကနေကြည့်ရင်မျှော်စင်ကြီးကိုလည်းအကုန်မြင်ရ‌တယ်"

"ဘယ်နားလဲ...."

"ဒီနား"

ရုတ်တရက်ပွေ့ချီပြီး ဝရံတာလက်တန်းပေါ်တင်လိုက်တာကြောင့် ဂျီမင်းလန့်ပြီးဂျောင်ဂုလည်ပင်းတွေကိုအတင်းလှမ်းဖက်လိုက်ရသည်။

"ချပေး! ကိုယ်ကြောက်တယ်...."

"မောင်ဖက်ထားတယ်လေ"

"အတတ်ဆန်းတွေမလုပ်နဲ့ ပြုတ်ကျလို့သေသွားရင်ဘယ်လိုလုပ်မလဲ"

"မောင်ဖက်ထားပါတယ်ဆိုဂျီမင်းရာ ပြုတ်မကျဘူးအေးဆေး မြင်ရတယ်မလားမျှော်စင်ကို"

"မြင်ရတယ် ရပြီချပေးတော့!!"

"နေပါဦး...."

မဆင်းခိုင်းပဲ အတင်းဖက်ထားတာကြောင့်ဂျောင်ဂု ရင်ဘတ်ကိုရိုက်ချလိုက်သည်။

"နာတယ်ဗျ... ဘယ်လိုဖြစ်လို့ရိုက်နေတာလဲ"

"ဒီအပေါ်မှာမနေချင်တော့ဘူး နောက်ပြီးတစ်ယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲ"

"ဒီအပေါ်ကိုတစ်ယောက်မှတက်မလာပါဘူး မောင့်ကိုယုံ.... အသစ်အဆန်းလေးပိုဖြစ်သွားအောင်နမ်းကြမလား"

"မနမ်းဘူး! ဖယ်ပေးတော့"

ဖယ်ခိုင်းတာကိုမဖယ်ပဲ နှုတ်ခမ်းတွေကိုအတင်းနမ်းလာသည်။ ပြုတ်ကျမှာကိုပဲ စိတ်ထဲရှိနေတာကြောင့်နမ်းနေတာကို အာရုံမရနိုင်။

"အာ့ ဂျွန်ဂျောင်ဂု!!"

အောက်နှုတ်ခမ်းကိုကိုက်လာတာကြောင့် ဂျီမင်းအော်လိုက်တော့လက်တစ်ဖက်က ခါးကိုအတင်းဖက်ထားရင်း တစ်ဖက်ကခေါင်းကိုကိုင်လိုက်ပြီးထပ်နမ်းလာသည်။

"မောင်! ကိုယ်အသက်ရှူကြပ်လာပြီ"

"ဟွန်.... ဘယ်လိုခေါ်လိုက်တာပြန်ပြောပါဦး မပြောရင်ထပ်နမ်းမှာနော်"

"........"

"ဒါဆို ထပ်နမ်းဆိုတဲ့သဘောပေါ့"

"မောင်..... မောင်လို့ခေါ်လိုက်တာ တော်ပြီအသက်ရှူကြပ်တယ် မောလာပြီ"

"ဂျွန်ဂျီမင်းက ဘာလို့မတရားတွေချစ်ဖို့ကောင်းပြီးလှနေရတာလဲ!!"

"ဘယ်လိုဖြစ်နေတာလဲ အော်မနေနဲ့လေ!! ထိုင်ရတာညောင်းလာပြီ အောက်ချပေးတော့"

"နေပါဦး..."

"ဘာလုပ်မလို့လဲ"

"ထပ်နမ်းရအောင်လေ မော့ပြီးနမ်းရတဲ့ခံစားချက်ကတစ်မျိုးလေးကောင်းတယ် မောင်တို့ကြာကြာလေးထပ်နမ်းရအောင်အချစ်....."

ထပ်ခေါ်လာတဲ့နာမ်စားကြောင့် ရင်တွေခုန်လာရပြန်သည်။ ပြောလို့ရမဲ့လူလည်းမဟုတ်တာကြောင့် ဂျောင်ဂုလည်ပင်းကိုခပ်တင်းတင်းဖက်ရင်း ဆက်နမ်းပေးလိုက်သည်။

နမ်းနေရင်းမှ ဂျီမင်းမကြာခဏဆိုသလို‌ပြုံးနေမိသည်။ ဒီလတွေအတွင်း သူရော ဂျောင်ဂုရောအများကြီးပင်ပန်းခဲ့ရသည်။ ကိစ္စအမျိုးမျိုးကိုကျော်ဖြတ်ပြီးခါမှ အခုလိုမျိုးဂျောင်ဂုလက်ကိုရဲရဲတွဲပြီး နေနိုင်ခဲ့တာလေ....

ကျွန်တော်ဂျီမင့်ကို နေကြာတွေပေးပြီးပိုးမယ် ဆိုတဲ့စကားလုံးတွေက လွယ်တယ်လို့ထင်ရပေမယ့် သူတို့ကျော်ဖြတ်ခဲ့တဲ့ အခြေအနေတွေကိုပြန်တွေးကြည့်မယ်ဆိုရင် အခုက Happy ending လေးဖြစ်လောက်မလား။

နေကြာ‌တွေရယ် ပဲရစ်မြို့ကြီးရယ် နောက်ပြီးမောင်ရယ် ဂျီမင်းရယ်.....။

"ကိုယ် မောင့်ကိုချစ်တယ်......."

"မောင်က ဂျီမင်းကိုပိုချစ်တယ်......."

••••••

ေမာင့္ရဲ႕အခ်စ္ဘာသာစကားဆိုရင္ ဂြၽန္ဂ်ီမင္းရဲ႕ပဲရစ္ေပါ့။

_______________________

"ဂြၽန္ေဂ်ာင္ဂု! မင္းကိုဘယ္ႏွစ္ခါေတာင္ေျပာေနရမွာလဲ ကုမၸဏီကိုခနခနမလာပါနဲ႔ဆိုတာကို"

"ေမာင္လို႔ေခၚေလ မင္းလို႔မေျပာနဲ႔...."

တြဲတာျဖင့္တစ္ပတ္ေတာင္မျပည့္ေသးဘူး။ ကုမၸဏီကို တစ္ေန႔သုံးေခါက္ေလာက္ အေၾကာင္းမရွိအေၾကာင္းရွာၿပီးလာလာေနသည္။ လာတာကအေၾကာင္းမဟုတ္ေပမယ့္ မီဒီယာေတြဘက္သတင္းေရာက္သြားမွာစိုးေနရသည္။

ေမာင္ဆိုတာကိုလည္း သူ႔ကိုခနခနေခၚခိုင္းသည္။ မေခၚတတ္တာေၾကာင့္ နာမည္ပဲေခၚရင္လည္း စိတ္ဆိုးစိတ္ေကာက္ကျဖစ္ေသးသည္။

"ကိုယ္မေခၚတတ္ဘူးလို႔ေျပာထားတယ္ေလ ေဂ်ာင္ဂုပဲေခၚမယ္"

"‌ေခၚၾကည့္ဆိုေတာ့လဲ မေခၚပဲနဲ႔"

"ေတာ္ပါ အခုကေရာဘာကိစၥနဲ႔ေရာက္လာတာလဲ"

"ဘူဆန္ျပန္ေတာ့မလို႔ ဂ်ီမင္းပါလာေခၚတာ"

"ကိုယ့္ ကုမၸဏီကိုပစ္ခဲ့လို႔မရဘူးေလ"

"တစ္ပတ္ေလာက္ပဲၾကာမွာပါ ေမေမ့ကိုသားမက္လွလွေလး ျပခ်င္လို႔"

သားမက္လွလွေလးဆိုတဲ့စကားေၾကာင့္ ဂ်ီမင္းပါးေလးႏွစ္ဖက္ရဲသြားရသည္။ ရည္းစားျဖစ္ၿပီးတဲ့ေနာက္ပိုင္း ေဂ်ာင္ဂုေျပာသမွ်စကားတိုင္းကသူ႔ကို ရင္ခုန္ေစသည္။

"အင္း လိုက္မယ္"

"ေမာင့္ဂ်ီမင္း လိုက္မယ္ဆိုတာသိတယ္ေလ"

ထိုင္ေနရာမွထလာကာ သူ႔မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႔ေသခ်ာကိုင္ၿပီး အၾကည့္ခ်င္းဆုံေစသည္။ ၿပီးတာနဲ႔ နီးကပ္လာတဲ့ေဂ်ာင္ဂုမ်က္ႏွာေၾကာင့္ အလိုက္သင့္မ်က္လုံးမွိတ္ေပးထားလိုက္သည္။ သူ႔ႏႈတ္ခမ္းေတြကို ထိေတြ႕လာတဲ့ႏႈတ္ခမ္းပါးေတြေၾကာင့္ ရင္ေတြအဆတ္မျပတ္ခုန္ရသည္။

"ေမာင္ ျပန္ေတာ့မယ္"

"အင္း ဂ႐ုစိုက္ျပန္ဦး"

"ေမာင္လို႔မ်ား ‌ေယာင္ၿပီးေတာင္မေခၚခ်င္ဘူးလား ေမာင့္ CEOေလးက"

"မစနဲ႔ေဂ်ာင္ဂုရာ ျပန္ေတာ့..."

ရွက္ၿပီးအတင္းႏွင္လႊတ္ေနတဲ့ ခ်စ္သူေလးကေဂ်ာင္ဂုအတြက္ အသဲတယားယားျဖစ္ေစသည္။ တံခါးေပါက္ဝေရာက္ေတာ့ ပါးအိအိေလးကိုတစ္ခါဖိကပ္နမ္းလိုက္ၿပီး မ်က္ေစာင္းေတြ လက္သံေတြမခံရေအာင္အျပင္ကိုအျမန္ထြက္လာခဲ့‌ေတာ့သည္။

____________________

"ေမေမ ကြၽန္ေတာ္ျပန္လာပါၿပီ"

"ေဟာ ဂ်ီမင္းေလးပါ ပါလာတာလား။ ထိုင္ၾကဦးေလသားတို႔ပင္ပန္းလာမွာေပါ့"

ဘူဆန္ကအိမ္ဆီ ေမေမ့ကိုႀကိဳမေျပာျဖစ္ပဲေရာက္လာခဲ့သည္။ အဲ့ဒါကလည္း သားမက္လွလွေလးပါလာမယ္ဆိုတာကို လွ်ိဳထားခ်င္ခဲ့လို႔ျဖစ္သည္။

"လာမယ္ဆိုတာ ေမေမ့ကိုႀကိဳေျပာေရာေပါ့"

"ႀကိဳေျပာရင္ surprise ဘယ္ျဖစ္ေတာ့မလဲေမေမရဲ႕ ေနာက္ၿပီးေမေမ့သားမက္ ဂ်ီမင္းလည္းပါတယ္ဆိုေတာ့အံ့ဩေစခ်င္လို႔ေလ"

"အံ့ဩသြားရပါတယ္ရွင္ ဒါနဲ႔တို႔ဂ်ီမင္းေလးက မေတြ႕ရတာၾကာေတာ့လူေခ်ာေလး‌ျဖစ္လာတာပဲ"

"ေက်းဇူးပါအန္တီ"

"‌အန္တီလို႔မေခၚပါနဲ႔သူစိမ္းဆန္ေနတယ္ ေမာင့္ေမေမဆိုေတာ့ ဂ်ီမင္းေမေမပဲေလ"

သူမ ေျပာမယ့္စကားကို သူမ သားကေျပာလာတာေၾကာင့္ သားႏွစ္ေယာက္ကိုၾကည့္ၿပီးၿပဳံးေနမိသည္။

"ငါ့သားရယ္အေမေရွ႕ေတာ့ သိကၡာေလးထိန္းပါဦး"

"မထိန္းႏိုင္ေတာ့ဘူးေမေမ ကြၽန္ေတာ့္ကိုဂ်ီမင္းနဲ႔လက္ထပ္ေပးပါေတာ့"

"ေဟာေတာ္....!!"

ေဂ်ာင္ဂု‌ေျပာလိုက္တဲ့စကားက သူ႔အေမအျပင္ကိုယ္ပါ အံ့ဩသြားရသည္။ အခုမွအေမ့အိမ္ေရာက္လာတာကို မနားပဲလက္ထပ္ဖို႔ကိုစိတ္အားထက္သန္ေနသည္တဲ့ေလ။

"ေနပါဦးေဂ်ာင္ဂုကလည္း အန္တီတို႔ကိုအားနာစရာႀကီး"

"ဘာမွအားနာမေနနဲ႔ ဂ်ီမင္းေလးေရ‌ဂြၽန္ေဂ်ာင္ဂုက အၿမဲတမ္းတဇြတ္ထိုးသမားေလ အဲ့ေတာ့သားတို႔လက္ထပ္ဖို႔သာရက္ေ႐ြးထားေတာ့"

ေဂ်ာင္ဂုေမေမကပါ လက္ထပ္ဖို႔အတြက္ေျပာလာေတာ့ဂ်ီမင္း မ်က္ႏွာေတြပူလာရသည္။ ေဘးကလူကိုလွည့္‌ၾကည့္ေတာ့လည္း လက္ခံလိုက္ပါဆိုတဲ့အမူအယာနဲ႔အသနားခံျပေနသည္။

"လက္ထပ္ဖို႔က ေဂ်ာင္ဂုအဆင္ေျပသလိုစီစဥ္လို႔ရပါတယ္"

"ဘုရားေက်ာင္းမွာပဲလက္မွတ္ထိုးရေအာင္ဂ်ီမင္း ေမာင္အႀကီးက်ယ္ေတြမလုပ္ခ်င္ဘူး"

"အင္းအဆင္ေျပတယ္ ကိုယ္လည္းအဲ့လိုပဲေတြးထားလို႔ ဒါနဲ႔အန္တီ့သ‌ေဘာကေရာ...."

"သားတို႔ႏွစ္ေယာက္ဘဝေလးတစ္ခုျဖစ္ေျမာက္သြားရင္ပဲ ေက်နပ္ပါၿပီကြယ္... အခုေတာ့သြားနားၾကဦးသားတို႔"

"ေဖေဖ့ကိုေတာ့ ေမေမပဲေျပာထားလိုက္ေတာ့ေနာ္"

"ေမေမသိပါတယ္သားရယ္ သြားသြား... နားၾကေတာ့"

ၿပီးတာနဲ႔ႏွစ္ေယာက္သားအေပၚထပ္သို႔ တက္လာခဲ့ၾကသည္။ အထုပ္ေတြကိုေဂ်ာင္ဂုကပဲ အကုန္သယ္ေပးသြားတာေၾကာင့္ ဒီေကာင္ေလးခ်စ္တာခံရတာလည္း ေတာ္ေတာ္ေလးကံေကာင္းတာပဲလို႔ သတ္မွတ္လိုက္သည္။

"အတူေနရမွာလား"

"ဟုတ္တယ္ေလ ေမာင့္အိမ္မွာအိပ္ခန္းက ႏွစ္ခန္းပဲရွိတာ"

"‌အဲ့တာဆို ကိုယ္ေအာက္ဘက္မွာအိပ္လိုက္မယ္"

"ေမာင္နဲ႔ အတူမအိပ္ခ်င္လို႔လား"

"မဟုတ္ပါဘူး...."

"အဲ့တာဆို ေမာင္နဲ႔ေန၊ ေမာင္နဲ႔အိပ္"

ေျပာမရေတာ့တဲ့အဆုံး တစ္ကုတင္ထဲမွာအတူအိပ္ဖို႔ျဖစ္လာေတာ့သည္။ အရင္ကတစ္ေယာက္တည္းပဲအိပ္ေနၾကဆိုေတာ့ နည္းနည္းေတာ့အဆင္‌မေျပျဖစ္ရသည္။ ေဂ်ာင္ဂုကလည္းအလိုက္သိၿပီး ေဘးဘက္ကပ္အိပ္ေပးတာေၾကာင့္ အားနာရေပမယ့္ေနသားက်သြားဖို႔ပဲဆုေတာင္းရေတာ့မည္.....။

"စီးကရက္ေတြမေသာက္နဲ႔ဂ်ီမင္း ေမာင္မႀကိဳက္ဘူး"

ညဘက္အိပ္မေပ်ာ္တာနဲ႔ ဝရံတာထြက္ၿပီးေသာက္ေနမိသည္။ ဘယ္အခ်ိန္ထဲကႏိုးသြားမွန္းမသိတဲ့ေဂ်ာင္ဂုကအေနာက္ကေနေရာက္လာေတာ့ ဂ်ီမင္းလန႔္သြားရသည္။

"စိတ္သက္သာရာရမယ္ထင္လို႔ပါ ကိုယ္လည္းမေသာက္ခ်င္ေတာ့ေပမယ့္...."

မေျပာမဆိုနဲ႔စီးကရက္လိပ္ကို သူ႔လက္ထဲကယူၿပီးမီးၿငိမ္းလိုက္သည္။ ေဆာင္းဝင္ခါစမလို႔ေအးစိမ့္စိမ့္ေလေတြကတိုက္ေနခဲ့တာေၾကာင့္ တစ္ခ်က္တစ္ခ်က္ညဝတ္အက်ႌ‌ကပခုံးေပၚကေန ေလွ်ာေလွ်ာက်ေနတာေၾကာင့္ ဆြဲဆြဲတင္ရေသးသည္။

"လွတယ္.... အက်ႌကိုဆြဲမတင္နဲ႔ဂ်ီမင္း..."

"ကိုယ္ ေအးတယ္ေဂ်ာင္ဂု"

သူ႔လက္ေကာက္ဝတ္ေတြကိုဆြဲၿပီး ဝရံတာမွာေထာက္ထားတဲ့ ေဂ်ာင္ဂုလက္ေမာင္းေတြၾကား‌ ေနခိုင္းတာေၾကာင့္ ခုနကထပ္ေတာ့ေႏြးသြားရသည္။

"‌‌ေမာင့္ဆီမွာေန ေအးေနတာအခန္းထဲသြားခ်င္လား"

"မသြားခ်င္ဘူး...."

"စီးကရက္ေတြကိုထပ္ေသာက္မယ့္အစားေမာင့္ႏႈတ္ခမ္းေတြကိုနမ္းပါလား ဂ်ီမင္း...."

"ဟြန္...."

"အိပ္မေပ်ာ္ဘူးမဟုတ္လား ေမာင္ေခ်ာ့သိပ္ရမလား"

"ေနသားမက်ေသးလို႔ထင္တယ္ ‌အိပ္ေဆးေသာက္ထားတာေတာင္အိပ္မေပ်ာ္ဘူး"

"ဒါနဲ႔ေလ.... ေမာင္တို႔ ပဲရစ္ကိုျပန္သြားရေအာင္ အခ်စ္"

႐ုတ္တရက္ေျပာလိုက္တဲ့ နာမ္စားကေအးစိမ့္စိမ့္ေလေတြနဲ႔အတူ သူ႔ႏွလုံးသားကိုပါေအးခဲသြားေစသလားမွတ္ရတယ္။ ဝရံတာဘက္ေထာက္ထားတဲ့လက္ေတြက သူ႔ခါးေတြေပၚေရာက္လာၿပီးပခုံးေပၚကိုလည္း ေခါင္းတင္ၿပီးၾကည့္ေနတာေၾကာင့္သူ႔ကိုအမ်ားႀကီးရင္ခုန္ေစသည္။

"ဒီမွာမေပ်ာ္လို႔လား...."

"မေပ်ာ္တာရယ္လို႔လည္းမဟုတ္ပဲ ေမာင္တို႔ေတြ႕ခဲ့တဲ့ေနရာေလးကိုပဲျပန္သြားခ်င္ေနတယ္"

"ကိုယ့္မွာ အလုပ္ေတြရွိေသးတယ္ေဂ်ာင္ဂု"

"ဒီကိုမလာခင္ထဲကဂ်ီမင္းေဖေဖကို ေမာင္အားလုံးေျပာၿပီးၿပီ.... အစပိုင္းတုန္းကေတာ့လက္မခံဘူးေလ ေမာင္ကလက္ေလွ်ာ့တတ္တဲ့လူလည္းမဟုတ္ေတာ့ ေန႔တိုင္းသြားၿပီးခြင့္ေတာင္းခဲ့တာေပါ့"

"ေဖေဖက ဘာေျပာလဲ"

"လက္ခံသြားတယ္ေလ ဂ်ီမင္းကိုဂ႐ုစိုက္ေပးဖို႔ကိုလဲ မွာသြားေသးတယ္"

တစ္ခါတစ္ေလက်ရင္လည္း ခ်စ္စရာေကာင္းေအာင္လဲၿပဳံးတတ္ၿပီး တစ္ခါတစ္ေလက်ေတာ့လည္းသူ႔ကို အဘက္ဘက္ကေန ကာကြယ္ေပးႏိုင္တဲ့အမ်ိဳးသားေလး တစ္ေယာက္ပဲ။

မပတ္သတ္ေတာ့ဘူး မေတြ႕ခ်င္ေတာ့ဘူးလို႔ ဆုံးျဖတ္ၿပီးခါမွေဂ်ာင္ဂုအေပၚရွိလာတဲ့ ခံစားခ်က္ေတြကပဲ ပတ္ဂ်ီမင္းကိုအရႈံးေပးခိုင္းခဲ့တာ လူတစ္ေယာက္အတြက္ဘယ္တုန္းကမွ ခံစားခ်က္ေတြထုတ္ျပခဲ့ရမယ္လို႔မထင္ခဲ့ဖူးဘူး။ ေဂ်ာင္ဂုကလြဲလို႔ေပါ့....

"မင္းဘယ္လိုပဲလုပ္လုပ္ ကိုယ္အတူရွိေနေပးမွာပါ"

"ေမာင့္ကို ခ်စ္တယ္မလား"

"ဒါေပါ့ ကိုယ့္မွာမင္းပဲရွိတာေလ"

"ဒါဆိုနည္းနည္းေလးနမ္းရေအာင္ ဒီညေမာင့္ဂ်ီမင္းက အမ်ားႀကီးလွေနလို႔....."

ေဂ်ာင္ဂုဘက္က စနမ္းလာခဲ့ေပမဲ့ သူ႔ဘက္ကပါအသက္ရႉေတြၾကပ္မိတဲ့အထိနမ္းခဲ့ၾကသည္။ ခုနကေသာက္တဲ့စီးကရက္ေတြထပ္ ေဂ်ာင္ဂုႏႈတ္ခမ္းပါးေတြကပိုၿပီး ခ်ိဳၿမိန္လြန္းေနသည္။

_________________________

"ကြၽန္‌ေတာ့္သတို႔သားေလးကို အလွဆုံးျဖစ္ေအာင္သာျပင္ေပးၾကပါ လွလွေလးျဖစ္ေနမွျဖစ္မွာမလို႔"

သူ႔နားမွာေနၿပီးတစ္ေယာက္တည္း ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနတဲ့ေဂ်ာင္ဂုကိုၾကည့္ၿပီး သက္ျပင္းခ်ေနရသည္။

"ဘယ္လိုျဖစ္လို႔ ဂဏာမၿငိမ္ျဖစ္ေနရတာလဲေဂ်ာင္ဂု"

"ေမာင္စိတ္ေတြအရမ္းလႈပ္ရွားေနတာ ဟာ.... အစ္မဖယ္... ဖယ္ေတာ့ဗ်ာကြၽန္ေတာ္ပဲဆက္လုပ္ေပးေတာ့မယ္ လူကိုဘာလို႔အတင္းထိေနတာလဲ"

"အမေလးေတာ္ မင္းပဲအလွဆုံးျဖစ္ေအာင္ျပင္ခိုင္းတာေလ မ်က္ႏွာထိမွျပင္လို႔ရမွာေပါ့"

"သြားဗ်ာ... ကြၽန္ေတာ့္ဘာသာပဲလုပ္ေတာ့မယ္"

‌မိတ္ကပ္ျပင္တဲ့အစ္မကို ေအာ္ဟစ္ေနတာေၾကာင့္ ဂ်ီမင္းၾကားထဲကေနရယ္ေနရေတာ့သည္။

"မင္းကသူမ်ားကိုလည္း ခိုင္းေသးတယ္ေအာ္မေနနဲ႔ေလ"

"ေမာင္စိတ္ေတြအရမ္းလႈပ္ရွားေနတာ ဂ်ီမင္းမွမသိပဲၿငိမ္ၿငိမ္ေန ႏႈတ္ခမ္းဆီဆိုးေပးမယ္ မ်က္လုံးမွိတ္ထား"

"ဟင္ မ်က္လုံးမွိတ္တာနဲ႔မဆိုင္ဘူးေလ"

"ဂ်ီမင္းမ်က္ႏွာကိုေသခ်ာေလး ၾကည့္ဦးမလို႔ေလ မ်က္လုံးမွိတ္ေပး"

အတင္းမ်က္လုံးမွိတ္ခိုင္းေနတာေၾကာင့္ မ်က္လုံးမွိတ္လိုက္ေပမဲ့ ႏႈတ္ခမ္းေပၚေရာက္လာတဲ့အထိ အေတြ႕ေၾကာင့္ဂ်ီမင္း လန႔္သြားရသည္။

"ဘာလို႔နမ္းတာလဲ ႏႈတ္ခမ္းစိုေအာင္ဆိုးခိုင္းတာေလ"

"အခုစိုသြားၿပီေလ လာပါသြားရေအာင္ ေနာက္က်ေနၿပီ"

ေဂ်ာင္ဂုကမ္းေပးတဲ့လက္ကို ဆြဲထလိုက္ၿပီးဘုရားေက်ာင္းထဲသို႔ ဝင္လာခဲ့သည္။ အထဲေရာက္ေတာ့ေဖေဖအပါအဝင္ ထယ္မင္တို႔အတြဲပါေရာက္ေနတာေၾကာင့္ နည္းနည္းေတာ့မ်က္ႏွာပူမိပါသည္။

ၿပီးတာနဲ႔ကတိသစၥာဆိုၿပီး ႏွစ္ေယာက္သားလက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးရသည္။ ေဂ်ာင္ဂုလက္စြပ္ဝတ္ေပးၿပီးေတာ့ ထယ္မင္ဆီက နမ္းၾကပါဆိုတဲ့ ေအာ္သံနဲ႔အတူတစ္ၿပိဳင္နက္တည္း လက္ခုပ္သံေတြပါထြက္လာခဲ့ေတာ့သည္။

"ေမာင္ နမ္းမယ္ေနာ္ဂြၽန္ဂ်ီမင္း"

"ပိုင္စိုးပိုင္နက္ႏိုင္လိုက္တာ..."

"အခုေတာ့တကယ္ပိုင္သြားၿပီမလို႔ ေရွ႕ေလွ်ာက္ေမာင္ကတကယ္ ပိုင္စိုးပိုင္နက္လုပ္ေတာ့မွာ"

ျပန္ေျပာဖို႔ျပင္ေပမဲ့ သူ႔ကိုနမ္းလာတဲ့ေဂ်ာင္ဂုေၾကာင့္ေျပာစရာ စကားေတြပါေပ်ာက္သြားရေတာ့သည္။ တကယ္ကိုပဲ ေနာက္ဆုံးအခ်ိန္ထိ မင္းပဲႏိုင္ခဲ့တာေဂ်ာင္ဂု.....။

"လက္ထပ္ပြဲအတြက္ဂုဏ္ယူပါတယ္ ငါ့ခ်င္မီေလး"

"မင္းတို႔အတြဲေရာ ဘယ္ေတာ့လက္ထပ္မွာလဲ"

"ေနာက္လျဖစ္ျဖစ္ေပါ့ကြာ အဲ့အခါက်လာရမယ္ေနာ္"

"အင္း"

"ျပန္ၿပီငါေတာ့ သာယာတဲ့ဟန္နီးမြန္းေလးကိုလည္းဖန္တီးႏိုင္ၾကပါေစလို႔ဆုေတာင္းေပးတယ္ေနာ္"

"‌ေက်းဇူး"

"သူကဘယ္သူလဲဂ်ီမင္း"

႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ ဂ်ီမင္းကိုယ္ေလးတြန႔္သြားရသည္။ ဒီေကာင္ေလးလုပ္လိုက္ရင္ အၿမဲတမ္းအလန႔္တၾကားနဲ႔။

"ငယ္သူငယ္ခ်င္းပါ ဘာလို႔လဲေဂ်ာင္ဂု"

"သဝန္တိုလို႔ေလ ခုနကဖက္လိုက္ေတာ့သဝန္တိုသြားတယ္ ကြၽန္ေတာ့္အနားမွာပဲေနပါဂ်ီမင္းရွီး..."

"ကိုယ္မင္းအနားမွာပဲ ေနေနတာပါေနာ္"

ေရာက္လာၾကတဲ့ဧည့္သည္ေတြကို ေသခ်ာဧည့္ခံရင္းေဖေဖနဲ႔လည္း စကားေတြအမ်ားႀကီးေျပာျဖစ္ၿပီး ေပြ႕ဖက္ခဲ့ျဖစ္သည္။ ေဖေဖ့စကားေတြေၾကာင့္မ်က္ရည္ဝဲရေပမယ့္ တစ္ဆက္တည္းမွာလည္းအမ်ားႀကီးေက်းဇူးတင္ရျပန္သည္။

________________________

"အစ္ကိုေလး!!!!"

"ဟာ ဘာလဲဟ"

"အစ္ကိုေလးၿခံထဲမွာ ပန္းအိုးေတြကြဲကုန္လို႔"

"ဟမ္ ဘယ္လို...."

ေကာင္တာမွာ စာရင္းတြက္ေနရင္းေျဗာေလးစကားေၾကာင့္ လုပ္လက္စေတြခ်ရင္းအျပင္ေျပးထြက္ရေတာ့သည္။ ပန္းအိုးသုံးလုံးေဘးမွာ သူ႔အမ်ိဳးသားေလးကငုတ္တုတ္ေလးထိုင္ေနတာေၾကာင့္ ပန္းအိုးေတြဂ႐ုမစိုက္အားပဲေဘးက လူဆီေျပးသြားရသည္။

"ထိသြားေသးလားဂ်ီမင္း ေမာင့္ကိုျပ"

"ဟင့္အင္းမထိဘူး ကိုယ္ပန္းအိုးသယ္ရင္းလြတ္က်တာက်န္တဲ့ဟာေတြပါ ထိကုန္ၿပီ"

"ထားလိုက္ပါဘာမွမျဖစ္ဘူး... ေနာ္ အခုထဦးအထဲသြားရေအာင္"

ဂ်ီမင္းကိုယ္ေလးကို ထူေပးရင္းအထဲကိုေခၚသြားၿပီးေတာ့ က်န္ေနခဲ့တဲ့ေျဗာေလးကို မ်က္ေစာင္းထိုးခဲ့လိုက္ေသးသည္။

"ဒီလက္ႏုႏုေလးေတြကို ဂ႐ုစိုက္ပါဆိုေန ဘယ္လိုျဖစ္လို႔ထိခိုက္မယ့္ဟာေတြေလွ်ာက္မ ေနတာလဲ"

"ၿခံထဲပန္းအိုးေတြရႈပ္ေနလို႔ ကိုယ္လည္းအဆင္ေျပသလိုေလးလုပ္ေပးလိုက္တာ"

"အဲ့ဟာေတြေျဗာေလးလုပ္လိမ့္မယ္ ဂ်ီမင္းကသက္ေတာင့္သက္သာပဲေန ေမာင္ေျပာတာၾကားလား"

"အင္း"

"ခနေန ပန္းခင္းဆီေခၚသြားမလို႔အဝတ္အစားလဲခ်င္လဲထားေလ"

"အဲ့တာဆို သြားလဲလိုက္မယ္"

ဂ်ီမင္းအဝတ္အစားလဲၿပီးတာနဲ႔ ပန္းခင္းႀကီးဆီထြက္လာခဲ့ေတာ့သည္။ ပထမဆုံးအႀကိမ္ေရာက္ခဲ့ၾကတုန္းက ႏွစ္ေယာက္လုံးသူစိမ္းေတြအျဖစ္ပဲေရာက္လာခဲ့ၾကတာေလ။ ဒါေပမဲ့အခုတစ္ေခါက္မွာေတာ့ ဂ်ီမင္းလက္ေခ်ာင္းေတြကို သူ႔လက္ေခ်ာင္းေတြနဲ႔အတူ ေရာယွက္ထားလိုက္သည္။

"အရင္တစ္ေခါက္ကထပ္ေတာင္ ပိုလွလာတယ္ေနာ္"

"အင္း ဂ်ီမင္းေလာက္ေတာ့မဟုတ္ေပမဲ့ သူတို႔လည္းလွၾကပါတယ္"

လက္ထပ္ၿပီးမွပဲ ပိုၿပီးရွက္ေသြးျဖာလာရသည္။ ေဂ်ာင္ဂုကေတာ့ဘာရယ္မဟုတ္ေျပာလိုက္ေပမဲ့ သူ႔ရင္ထဲတဒိတ္ဒိတ္ျဖစ္ေနရသည္။

"ေမာင္ဟိုဘက္သြားမလို႔ ဂ်ီမင္းခနေနခဲ့ေနာ္"

"အင္း"

ေနၾကာေတြကိုၾကည့္ေနရင္းမွ မၾကာခဏဆိုသလိုၿပဳံးေနမိသည္။ အရင္ကေနၾကာေတြနဲ႔ လိုက္ပိုးခဲ့တဲ့ေကာင္ေလးက အခုလိုမ်ိဳးသူ႔လက္တြဲေဖာ္ေနရာမွာ ရွိေနမယ္လို႔မေတြးခဲ့မိဘူး။ အခ်စ္ဆိုတာကိုလည္း မယုံၾကည္ခဲ့ဖူးတာေၾကာင့္ျဖစ္မည္။

"ဂ်ီမင္း....."

အေနာက္ဘက္က ထြက္လာတဲ့တိုးလ်လ်‌ေခၚသံေၾကာင့္လွည့္ၾကည့္ေတာ့ ေနၾကာေတြကိုင္ထားတဲ့ေဂ်ာင္ဂုက ျမက္ခင္းေပၚဒူးေထာက္လာခဲ့သည္။

"ဒီပန္းခင္းႀကီးရယ္ ဒီၿမိဳ႕ေလးရယ္ကိုသစၥာျပဳၿပီး ဂ်ီမင္းကိုပဲတစ္သက္လုံး ခ်စ္သြားမယ္လို႔ကတိေပးပါတယ္။ ေမာင့္ရဲ႕အရာရာက ဂ်ီမင္းျဖစ္တာေၾကာင့္ အိုမင္းသြားတဲ့အထိ ေမာင္နဲ႔ရွိေနေပးပါ"

"အင္း ကိုယ္မင္းကိုယုံတယ္ေဂ်ာင္ဂု ၿပီးေတာ့ခ်စ္တယ္......."

ေနၾကာေတြကို လက္ခံၿပီးတာနဲ႔ေဂ်ာင္ဂုကို တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။
‌အၿမဲတမ္းအတြက္ ပထမဆုံးနဲ႔ေနာက္ဆုံးခ်စ္ရတဲ့ အမ်ိဳးသားေလးျဖစ္တာေၾကာင့္ သူသည္လည္းတစ္သက္တာလုံး ေဂ်ာင္ဂုလက္ကိုပဲဆြဲထားေတာ့မွာ.....

တစ္ေနကုန္ပန္းခင္းမွာပဲ အခ်ိန္ကုန္ခဲ့တာေၾကာင့္ညေနေရာက္ေတာ့ ေဂ်ာင္ဂုေခၚတဲ့စားေသာက္ဆိုင္ကိုေရာက္လာခဲ့သည္။ အီဖယ္ေမွ်ာ္စင္နားကစားေသာက္ဆိုင္ျဖစ္ၿပီး ေမွ်ာ္စင္ကိုလွမ္းၾကည့္ရင္လည္း ေသခ်ာျမင္ရတဲ့ေနရာတစ္ခုျဖစ္သည္။

"ေနာက္ထပ္ကိုယ္မသိေသးတဲ့ အရာေတြရွိေသးတာလားေဂ်ာင္ဂု"

"may be?"

"I think so...."

"ဟား... မရွိပါဘူး အခုဟာကေမာင့္ဂ်ီမင္းနဲ႔အမွတ္တရျဖစ္ေစခ်င္လို႔"

"ထားပါေတာ့ေလ အခုေတာ့ညစာစားရေအာင္"

"ေမာင္ေတာ့ညစာ မစားခ်င္ေသးဘူး။ ဂ်ီမင္းကိုျပစရာရွိတယ္"

"ဘာလဲ"

"လိုက္ခဲ့...."

သူ႔လက္ကိုတြဲၿပီး ေခါင္မိုးထပ္လို႔ထင္ရတဲ့ေနရာတစ္ခုကိုေခၚသြားတာေၾကာင့္ ေဂ်ာင္ဂုေခၚရာေနာက္လိုက္လာ‌လိုက္သည္။

"ေမာင္ဒီေနရာကို သုံးရက္ေလာက္အလိုထဲကႀကိဳယူထားတာ ‌ဂ်ီမင္းနဲ႔အတူရွိခ်င္လို႔ေလ ဒီနားကေနၾကည့္ရင္ေမွ်ာ္စင္ႀကီးကိုလည္းအကုန္ျမင္ရ‌တယ္"

"ဘယ္နားလဲ...."

"ဒီနား"

႐ုတ္တရက္ေပြ႕ခ်ီၿပီး ဝရံတာလက္တန္းေပၚတင္လိုက္တာေၾကာင့္ ဂ်ီမင္းလန႔္ၿပီးေဂ်ာင္ဂုလည္ပင္းေတြကိုအတင္းလွမ္းဖက္လိုက္ရသည္။

"ခ်ေပး! ကိုယ္ေၾကာက္တယ္...."

"ေမာင္ဖက္ထားတယ္ေလ"

"အတတ္ဆန္းေတြမလုပ္နဲ႔ ျပဳတ္က်လို႔ေသသြားရင္ဘယ္လိုလုပ္မလဲ"

"ေမာင္ဖက္ထားပါတယ္ဆိုဂ်ီမင္းရာ ျပဳတ္မက်ဘူးေအးေဆး ျမင္ရတယ္မလားေမွ်ာ္စင္ကို"

"ျမင္ရတယ္ ရၿပီခ်ေပးေတာ့!!"

"ေနပါဦး...."

မဆင္းခိုင္းပဲ အတင္းဖက္ထားတာေၾကာင့္ေဂ်ာင္ဂု ရင္ဘတ္ကို႐ိုက္ခ်လိုက္သည္။

"နာတယ္ဗ်... ဘယ္လိုျဖစ္လို႔႐ိုက္ေနတာလဲ"

"ဒီအေပၚမွာမေနခ်င္ေတာ့ဘူး ေနာက္ၿပီးတစ္ေယာက္ေယာက္ျမင္သြားရင္ဘယ္လိုလုပ္မလဲ"

"ဒီအေပၚကိုတစ္ေယာက္မွတက္မလာပါဘူး ေမာင့္ကိုယုံ.... အသစ္အဆန္းေလးပိုျဖစ္သြားေအာင္နမ္းၾကမလား"

"မနမ္းဘူး! ဖယ္ေပးေတာ့"

ဖယ္ခိုင္းတာကိုမဖယ္ပဲ ႏႈတ္ခမ္းေတြကိုအတင္းနမ္းလာသည္။ ျပဳတ္က်မွာကိုပဲ စိတ္ထဲရွိေနတာေၾကာင့္နမ္းေနတာကို အာ႐ုံမရႏိုင္။

"အာ့ ဂြၽန္ေဂ်ာင္ဂု!!"

ေအာက္ႏႈတ္ခမ္းကိုကိုက္လာတာေၾကာင့္ ဂ်ီမင္းေအာ္လိုက္ေတာ့လက္တစ္ဖက္က ခါးကိုအတင္းဖက္ထားရင္း တစ္ဖက္ကေခါင္းကိုကိုင္လိုက္ၿပီးထပ္နမ္းလာသည္။

"ေမာင္! ကိုယ္အသက္ရႉၾကပ္လာၿပီ"

"ဟြန္.... ဘယ္လိုေခၚလိုက္တာျပန္ေျပာပါဦး မေျပာရင္ထပ္နမ္းမွာေနာ္"

"........"

"ဒါဆို ထပ္နမ္းဆိုတဲ့သေဘာေပါ့"

"ေမာင္..... ေမာင္လို႔ေခၚလိုက္တာ ေတာ္ၿပီအသက္ရႉၾကပ္တယ္ ေမာလာၿပီ"

"ဂြၽန္ဂ်ီမင္းက ဘာလို႔မတရားေတြခ်စ္ဖို႔ေကာင္းၿပီးလွေနရတာလဲ!!"

"ဘယ္လိုျဖစ္ေနတာလဲ ေအာ္မေနနဲ႔ေလ!! ထိုင္ရတာေညာင္းလာၿပီ ေအာက္ခ်ေပးေတာ့"

"ေနပါဦး..."

"ဘာလုပ္မလို႔လဲ"

"ထပ္နမ္းရေအာင္ေလ ေမာ့ၿပီးနမ္းရတဲ့ခံစားခ်က္ကတစ္မ်ိဳးေလးေကာင္းတယ္ ေမာင္တို႔ၾကာၾကာေလးထပ္နမ္းရေအာင္အခ်စ္....."

ထပ္ေခၚလာတဲ့နာမ္စားေၾကာင့္ ရင္ေတြခုန္လာရျပန္သည္။ ေျပာလို႔ရမဲ့လူလည္းမဟုတ္တာေၾကာင့္ ေဂ်ာင္ဂုလည္ပင္းကိုခပ္တင္းတင္းဖက္ရင္း ဆက္နမ္းေပးလိုက္သည္။

နမ္းေနရင္းမွ ဂ်ီမင္းမၾကာခဏဆိုသလို‌ၿပဳံးေနမိသည္။ ဒီလေတြအတြင္း သူေရာ ေဂ်ာင္ဂုေရာအမ်ားႀကီးပင္ပန္းခဲ့ရသည္။ ကိစၥအမ်ိဳးမ်ိဳးကိုေက်ာ္ျဖတ္ၿပီးခါမွ အခုလိုမ်ိဳးေဂ်ာင္ဂုလက္ကိုရဲရဲတြဲၿပီး ေနႏိုင္ခဲ့တာေလ....

ကြၽန္ေတာ္ဂ်ီမင့္ကို ေနၾကာေတြေပးၿပီးပိုးမယ္ ဆိုတဲ့စကားလုံးေတြက လြယ္တယ္လို႔ထင္ရေပမယ့္ သူတို႔ေက်ာ္ျဖတ္ခဲ့တဲ့ အေျခအေနေတြကိုျပန္ေတြးၾကည့္မယ္ဆိုရင္ အခုက Happy ending ေလးျဖစ္ေလာက္မလား။

ေနၾကာ‌ေတြရယ္ ပဲရစ္ၿမိဳ႕ႀကီးရယ္ ေနာက္ၿပီးေမာင္ရယ္ ဂ်ီမင္းရယ္.....။

"ကိုယ္ ေမာင့္ကိုခ်စ္တယ္......."

"ေမာင္က ဂ်ီမင္းကိုပိုခ်စ္တယ္......."

Comment