3

တကယ်တော့ ကျွန်တော်တို့တွေကဆုံတွေ့ရမဲ့ ကံကြမ္မာပါလာပြီးသားထင်တယ်။ ဝမ်းနည်းစရာကောင်းတဲ့အတိတ်တွေသာ မရှိခဲ့ရင်ကျွန်တော်ရော ဂျီမင်းရောကောင်းတဲ့ တွေ့ဆုံမှု ဖြစ်နေလောက်မလား။

__________________

"တူရီးနှစ်ယောက် ရောက်လာကြပြီလား။ ထိုင်ဦးလေ အဘိုးမြေးကတော့အနောက်မှာကူနေတယ်"

အစားအသောက်တွေထည့်နေတုန်း ဧည့်ခန်းထဲကထွက်လာတဲ့အသံကြောင့် အဘိုးဧည့်သည်တွေရောက်လာမှန်းသိလိုက်ရသည်။ လုပ်လက်စတစ်ချို့ ကိုအမြန်လက်စသတ်ကာ အပြင်ကိုထွက်လာတော့ တွေ့လိုက်ရတဲ့လူကြောင့် ဂျောင်ဂုမျက်လုံးလေးတွေပိုဝိုင်းစက်သွားရသည်။ ဂျီမင်းကအဘိုးမိတ်ဆွေလား??

"အော်.. မြေးလာဦးလေ ဒီမှာမင်းအစ်ကိုတို့ကိုလာနှုတ်ဆက်လိုက်ဦး"

အဘိုးပြောလာတဲ့စကားကြောင့် ဂျောင်ဂုနားမလည်ပေမဲ့ဂျီမင်းကို ပြုံးပြပြီး မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်သည်။

"အဘိုး! ဂျီမင်းနဲ့ကဘယ်လိုသိကြတာလဲ"

"ဟေ... ငါ့မြေးကမမှတ်မိဘူးလား မင်းငယ်ငယ်ကခေါ်ခေါ်နေတဲ့ဂျီမင်းဟျောင်းလေ ဒီဘက်ကသူ့အဒေါ် မီရာတဲ့ "

အဘိုးပြောလာတဲ့စကားတွေကို အခုထိသေချာမရှင်းတာကြောင့် ဂျီမင်းကိုလှမ်းကြည့်မိတော့ သူ့အကြည့်တွေကိုရှောင်နေပုံရသည်။ တကယ်ပဲ ဘာတွေက ဘယ်လိုတွေဖြစ်ကုန်တာလဲ?

"ဂျောင်ဂုက မမှတ်မိဘူးထင်တယ်"

တိတ်ဆိတ်နေတဲ့ဂျီမင်းဆီက ထွက်လာတဲ့စကားကြောင့် ဂျောင်ဂုအကြည့်တွေကအရှေ့ကလူဆီပြန်ရောက်သွားသည်။ ဂျီမင်းတဲ့ ကျွန်တော့်ရှေ့မှာရှိနေတဲ့လူက တကယ်ပဲကျွန်တော့်ဟျောင်းလား။

"ကဲကဲ အခုတော့ညစာစားကြရအောင် မင်းတို့အန်တီကိုအားနာဖို့ကောင်းနေပြီ နောက်မှနှစ်ယောက်သားသေချာစကားပြောကြပေါ့"

ဂျီမင်းကပြုံးရုံသာပြုံးလိုက်ပြီး စားပွဲပေါ်ကအစားအသောက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့သာစားနေသည်။ စိတ်မငြိမ်နိုင်တာကကျွန်တော်ဖြစ်နေတာကြောင့် ဂျီမင်းကိုပဲကြည့်နေမိသည်။ ဟိုတစ်ရက်ကတင်ဟျောင်းအကြောင်းကိုပြောခဲ့သေးတာလေ ဒါမှမဟုတ်အဲ့ထဲကသိနေခဲ့တာလား။

ညစာစားပွဲက အရင်ကအကြောင်းတွေကိုပြောကြရင်းနဲ့ ပြီးသွားခဲ့ပေမယ့် ကျွန်တော်တစ်ယောက်တည်းဂျီမင်းကိုမေ့နေခဲ့တာ။ မမေ့ရမယ့်အရာကိုဘယ်လိုအကြောင်းနဲ့များ မေ့‌နေနိုင်လဲ စဉ်းစားမရဘူး။ ဂျီမင်းစိတ်ထဲဝမ်းနည်းသွားမလား ကျွန်တော့်ကိုထုနှက်ပြီးများ ရိုက်ချင်နေမလားဆိုတာလဲမတွေးတတ်တော့ဘူး။

"ကိုယ်နဲ့ စကားခနပြောရအောင်ဂျောင်ဂု"

ညစာစားပြီး တစ်ယောက်တည်းခြံထဲက ကွပ်ပျစ်မှာထွက်ထိုင်နေတုန်းအနောက်ပါးဆီမှ ထွက်လာတဲ့အသံကြောင့်ဂျောင်ဂုလှည့်ကြည့်လိုက်သည်။ ပြီးတော့ ဂျီမင်းလည်းသူ့နည်းတူ‌ကွပ်ပျစ်ပေါ်မှာလာထိုင်သည်။

စကားသံမလာတာကြောင့် ဘေးကိုကြည့်လိုက်တော့‌‌ ကောင်းကင်‌ကိုမော့ကြည့်ရင်းသက်ပြင်းတွေချနေတာကို တွေ့လိုက်ရသည်။ ဒါကသူ့ကိုဖြေရှင်းခွင့်ပေးတဲ့သဘောမျိုးလား၊ ဒါမှမဟုတ် ဂျီမင်းမှာပြောစရာတွေအများကြီး ရှိနေလို့လားဆိုပြီး မြင်နေရတဲ့မျက်နှာလေးကို‌ကြည့်ရင်းငြိမ်နေလိုက်သည်။

"ဟင်း.... ကိုယ်မင်းကို စတွေ့ကတည်းကရင်းနှီးနေခဲ့တာ နောက်‌နေ့ညမှာ ကိုယ်တို့အီဖယ်ဘက်ကို လမ်းလျှောက်ထွက်ရင်း မင်းပြောပြတဲ့ လူတစ်ယောက်ကကိုယ်မှန်း သတိထားမိလာတယ်။ အဲ့အချိန်တုန်းက ပတ်ဂျီမင်းက မင်းရဲ့ဟျောင်းမှန်းမသိစေချင်ခဲ့ဘူး ကိုယ့်မှာအားနည်းချက်တွေရှိခဲ့လို့လေ အဘိုးနဲ့လည်းမတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ"

"ကိုယ်မှားနေမှန်းသိပါတယ် ဒါပေမဲ့အတိတ်က ကိစ္စတွေကိုလည်း ပြန်မစချင်တော့ဘူး။ ဒါကြောင့် ဖေဖေပေးခဲ့တဲ့ဘဝအသစ်မှာပဲရှင်သန်ခဲ့တယ် မင်းကိုယ့်ကိုမမှတ်မိတာကလည်းအပြစ်မဟုတ်ပါဘူး။ အတိတ်မှာရောအခုလက်ရှိမှာရော ကိုယ်ကမင်းအတွက်မကောင်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့မယ်ထင်တယ် ကောင်လေး......"

‌ဂျီမင်းပြောပြီးတာနဲ့‌ ဘေးက‌ကောင်လေးကို လှည့်ကြည့်တော့ ကိုယ့်စိတ်ထင်တာပဲလားမသိပေမယ့် မျက်လုံးဝိုင်းဝိုင်းတွေထဲမျက်ရည်‌တွေဝေ့နေတာလားကိုတွေ့လိုက်ရသည်။
မင်းအပေါ်ဟျောင်းက....အများကြီးဆိုးခဲ့တယ်မလားကလေးလေး.....။

အရင်လိုစိတ်နဲ့သာဆိုရင်...ကျွန်တော်ဂျီမင်းကိုပြေးဖက်ထားမိမှာ။ ဂျီမင်းနဲ့စတွေ့ထဲက ကျွန်တော့်ခံစားချက်က အဖြူရောင်သပ်သပ်ချည်း....မဟုတ်ခဲ့လို့အားနာမိတယ်။ အခုဂျီမင်းက ကျွန်တော့်ရဲ့ဟျောင်းဆိုတာ....သိလိုက်ရတဲ့အချိန်မှာလည်း ရင်တွေနာရပြန်တယ်။

တော်တော်ကြာတဲ့အထိ ဂျီမင်းမျက်လုံးတွေကိုပဲကြည့်နေခဲ့တာ။ ကျွန်တော့်မျက်လုံးတွေ.....ဝေဝါးခဲ့တဲ့အထိ ဂျီမင်းမျက်နှာလေးကိုပဲကြည့်နေခဲ့တာ။ ပွေ့ဖက်ပေးပါလို့လည်း....မတောင်းဆိုပါဘူး။
ဒီညမှာ ကျွန်တော်တို့ဒီတိုင်းလေးပဲ ခပ်ကြာကြာ‌လေးရှိနေရအောင် ဂျီမင်း.....။

ထိုနေ့ညက ကောင်းကင်မှာကြယ်တွေစုံမနေခဲ့ပါ။
တိုက်ခတ်လာတဲ့.....လေတွေကလည်းနှလုံးသားထဲထိ အေးစိမ့်စေဖို့ ရည်ရွယ်ခဲ့လေသလား။
ကွပ်ပျစ်ပေါ်မှာထိုင်နေသည့် လူနှစ်ယောက်ကလည်း လရောင်အောက်တွင်တိတ်ဆိတ်စွာရှိနေခဲ့ကြသည်.....။

________________________


"အစ်ကိုလေး..
ဒီရက်အတွင်းဘာတွေဖြစ်နေတာလဲ။ ဟိုချောင်ကပ်ငိုင်လိုက် ဒီချောင်ကပ်ငိုင်လိုက်နဲ့"

"ဗြောလေး"

"ဟင်"

"ရင်းနှီးခဲ့ကြတဲ့လူတွေက သူစိမ်းလိုမျိုးဖြစ်သွားခဲ့ရင်ပြန်ပြင်လို့ ရနိုင်လား"

"ပြင်လို့ရနိုင်မယ်ထင်တယ်။ အဲ့လူနဲ့ပြန်တွေ့ပြီး အစကနေစကားပြောကြည့်ရင်ရော ဒါမှမဟုတ် နှစ်ယောက်သားအမှတ်တရတွေရှိခဲ့တဲ့နေရာကို အတူတူသွားကြည့်ရင်ရော ဒါနဲ့ဘာလို့မေး....."

ဗြောလေးစကားမဆုံးခင် ဂျောင်ဂုခနစဉ်းစားရင်း အတွေးထဲပထမဆုံးဝင်လာခဲ့တာက ပန်းခင်းကြီးဆီတစ်ခေါက်လောက် ထပ်သွားသင့်တယ်ဆိုတာကိုပဲ။

"ကျေးဇူးပါဟာ ငါအပြင်ခနသွားလိုက်ဦးမယ်"

ဆိုင်ထဲကနေချက်ချင်းပြေးထွက်လာခဲ့တာကြောင့်အနောက်ကခေါ်သံကိုလည်းဂရုမစိုက်အား။
ဂျီမင်းဆီအမြန်ရောက်ဖို့သာအာရုံရှိတော့သည်။

အခုကျွန်တော့်ရဲ့ခံစားချက်တွေကို ဂျီမင်းဆီမှာဝန်ခံတော့မယ်။ အကယ်၍များ... အကယ်၍ဂျီမင်းငြင်းခဲ့မယ်ဆိုရင်တောင်ကျွန်တော်ကတော့ဘယ်တော့မှလက်လျော့မိမှာမဟုတ်ဘူး။ ဒီရက်တွေအတွင်းမှာကျွန်တော့်နှလုံးသားကိုလဲ သေချာစမ်းသပ်ခဲ့ပြီးပြီ။
ကျွန်တော်ဂျီမင်းမရှိပဲမရပ်တည်နိုင်ဘူး။
နောက်ပြီးကျွန်တော်ဂျီမင်းကိုချစ်နေမိပြီဆိုတာ......

"ဂျီမင်းဟျောင်း!ရှိလား ကျွန်တော့်ကိုတံခါးလာဖွင့်ပေးပါဦး..."

မနက်စာစားနေရင်း အရှေ့ကခေါ်သံထွက်လာတာကြောင့် ဂျီမင်းစားလက်စတွေကိုခနရပ်ရင်းအပြင်ထွက်ခဲ့လိုက်သည်။

"မနက်အစောကြီး ဘာကိစ္စရှိလို့လဲဂျောင်ဂု...."

"ကျွန်တော်တို့.... ကျွန်တော်တို့ ပန်းခင်းကြီးဆီတစ်ခါလောက်သွားကြရအောင်ဂျီမင်း"

အမောတကောနဲ့ ပြေးလာပုံရတဲ့ကောင်လေးက အခုလဲဘာကိစ္စကြောင့်ဆိုတာ ဂျီမင်းလိုက်မမှီနိုင်ဘူး။ ဒါကြောင့်ဂျောင်ဂုခေါ်တာကိုမငြင်းပဲ ပန်းခင်းကြီးဆီအတူလိုက်လာခဲ့သည်။ အဘိုးနဲ့အတူ ညစာစား‌ခဲ့ကြတဲ့ နေ့ကတည်းက မတွေ့ဖြစ်တော့တဲ့အပြင် အခေါ်အပြောလဲမရှိတော့တာဖြစ်သည်။ ဒီနေ့မှရုတ်တရက်ကြီး ပန်းခင်းကြီးဆီသွားဖို့လာခေါ်တာကြောင့် ဂျီမင်းလည်းဘာမှမတွေးတော့ပဲ လိုက်ဖြစ်ခဲ့သည်။

"ကိုယ့်ကို ပြောစရာရှိလို့လား ဂျောင်ဂု"

ပန်းခင်းကြီးဆီခေါ်လာတဲ့လူက ဘာမှမပြောပဲငြိမ်နေတာကြောင့် ဂျီမင်းဘက်ကပဲစကားစပေးလိုက်သည်။

"ဂျီမင်းဟျောင်း....
အခုပြောမှာက အရင်ကသိခဲ့တဲ့ဟျောင်းတစ်ယောက်အနေနဲ့မဟုတ်ပဲ အခုလက်ရှိမှာတွေ့ခဲ့တဲ့ဂျီမင်းကို ကျွန်တော်ဝန်ခံစရာတွေရှိတယ်....."

ပြောပြီးတာနဲ့ ဘယ်ကမှန်းမသိရောက်လာတဲ့ နေကြာပန်းတွေကို သူ့ရှေ့ပေးလာခဲ့သည်။

"ဒါကဘာအတွက်လဲ... ဂျောင်ဂု"

"နေကြာတွေရဲ့ အဓိပ္ပာယ်ကိုဂျီမင်းဘယ်လိုသတ်မှတ်ထားလဲ"

"ရုတ်တရက်ကြီး ဘာလို့မေးတာလဲ?...."

"ကျွန်တော်ဆက်ပြောမဲ့စကားက အခုဂျီမင်းရဲ့အဖြေကိုလိုအပ်တယ်"

"နေကြာတွေရဲ့ အဓိပ္ပာယ်ကကိုယ်ချစ်ရတဲ့သူကိုငေးကြည့်ရခြင်း လို့ပဲသိထားတယ်"

"ဂျီမင်းသိလား..."

"ဟင်... ဘာကိုလဲ"

"တကယ်တော့လေ နေကြာပန်းရဲ့အဓိပ္ပာယ်ကအဆုံးထိလူတစ်ယောက်ကိုဘယ်တော့မှမမေ့ပဲ ချစ်မြတ်နိုးတာကိုခေါ်တာ နောက်ပြီး....လေးနက်မှု့၊ သစ္စာရှိမှု့တွေကိုကိုယ်စားပြုတယ်။
ကျွန်တော့်ဂျီမင့်အပေါ်ကို အဖြူထည်သပ်သပ်ဆက်ဆံရေး အဖြစ်ပဲထားခဲ့တာ....မဟုတ်ဘူး"

"ကျွန်‌တော်ပြောဖူးတယ်လေ ဂျီမင်းကိုပန်းတွေလိုမျိုးယုယချင်ခဲ့မိတယ်ဆိုတာ....ကျွန်တော်ဂျီမင်းကို နက်နက်ရှိုင်းရှိုင်းနဲ့ချစ်မိနေပြီ....။
အခုကျွန်တော့်ခံစားချက်တွေကိုအသိအမှတ်ပြုပေးနိုင်မလား။
ကျွန်တော်ဂျီမင်းသဘောကျတဲ့ နေကြာတွေနဲ့လိုက်ပိုးပါ့မယ်....."

ဘုရားရေ! ဂျောင်ဂုကအခုချစ်ခွင့်ပန်နေတာလား။
ဒီနုနုနယ်နယ်ကောင်လေးက သူ့အပေါ်ခံစားချက်တွေကို ဘယ်တုန်းကအရောင်ဆိုးခဲ့တာလဲ။

"ဂျောင်ဂု! ကိုယ်လက်မခံပါရစေနဲ့....."

နေကြာတွေကို ဂျောင်ဂုဆီပြန်ပေးပြီးထထွက်ဖို့လုပ်တော့ လက်တွေကိုအတင်းဆွဲလာခဲ့သည်။
ဖယ်ချပေမဲ့ အတင်းဆွဲထားတာကြောင့်ဂျီမင်းစိတ်ထဲ မွန်းကြပ်လာရသည်။
မဖြစ်ဘူးလေကောင်လေး.... မင်းရဲ့အေးချမ်းတဲ့အရိပ်အောက် ကိုယ့်ရဲ့အပူတွေမသက်ရောက်စေချင်ဘူး။

"ဘာ.... လို့..လဲ ဂျီမင်း ကျွန်တော်ကဂျီမင်းရဲ့ ဘေးနားမှာနေဖို့အဆင်မပြေလို့လား....ကျွန်တော်ဒီစကားတွေပြောဖို့အများကြီးစဉ်းစားခဲ့ရတာ...."

"ဘာလို့လဲဆိုတော့ ကိုယ်မနက်ဖြန် ကိုရီးယားကိုပြန်တော့မှာမလို့ ပြီးတော့... ပြီးတော့ ကိုယ်မင်းအပေါ် အဲ့လိုခံစားချက်တွေမထားချင်ဘူး"

နာတာပေါ့... ဒီကောင့်ကိုအဲ့လိုပြောမှရမှာလား။ ချစ်တယ်လို့သာတစ်ခွန်းထဲပြောပေးလို့မရဘူးလားဂျီမင်း ....

"တောင်းပန်ပါတယ် ကိုယ့်လက်ကိုလွှတ်ပေးပါတော့"

ဆွဲထားတဲ့လက်ကိုလွှတ်ပေးလိုက်တာနဲ့ အနောက်ကိုတစ်ချက်တောင် လှည့်မကြည့်ပဲထွက်သွားတဲ့ကျောပြင်လေးက ကျွန်တော့်အတွက်ပိုပြီးနာကျင်ရတယ်။
ဖြစ်နိုင်ရင် ဂျီမင်းကိုကျွန်တော့်ရင်ခွင်ထဲမှာထည့်ထားပြီး ဘယ်လောက်ယုယချင်ခဲ့ကြောင်းပြောချင်‌သေးတယ်။

ကျွန်တော့်အပေါ်ခံစားချက်တွေ မထားချင်ဘူးလို့ပဲပြောခဲ့တာမလား။ အဲ့တာဆိုကျွန်တော်က ခံစားချက်တွေရှိလာအောင် ဂျီမင်းဆီတစ်လှမ်းချင်းတိုးလာခဲ့မှာမလို့ စောင့်နေပေး......။

_______________________


အိမ်ရောက်ကတည်းက အခန်းထဲပဲဝင်နေခဲ့တာမလို့ ဒေါ်လေးကတော့ စိတ်ပူပြီးလာမေးပါတယ်။
အခုအချိန် ဘယ်သူနဲ့မှလည်းတွေ့ချင်စိတ်မရှိသလို စိတ်တွေရှုပ်ထွေးနေတာမလို့ အခန်းမီးပိတ်ပြီး စီးကရက်တစ်လိပ်ယူကာ ဝရံတာမှာထွက်ထိုင်နေလိုက်သည်။

ဖေဖေကစီးကရက်တွေ အမြဲသောက်တာကြောင့် ကျောင်းပြီးတာနဲ့တစ်လိပ်စ၊ နှစ်လိပ်စအနေနဲ့ လိုက်သောက်ကြည့်ခဲ့သည်။ ‌စီးကရက်တွေသောက်တာ မေမေသဘောမကျပေမဲ့ စိတ်ညစ်တဲ့အချိန်တိုင်း အငွေ့တွေနဲ့အတူဖျောက်ပစ်ရတာက သူ့အတွက်အဆင်ပြေသည်။

တစ်ယောက်ယောက်ကိုချစ်လိုက်ဖို့က သူ့အတွက်ခက်ခဲတယ်။ ဂျောင်ဂုကို အဖြေပြန်ပေးလိုက်ရင်ဒီကလေးကိုလည်း လုံခြုံမယ်ဆိုပြီးအာမ မခံနိုင်ဘူး‌။
ကိုရီးယားရဲ့ Top 3 CEO တစ်ယောက်အနေနဲ့ သတင်းမီဒီယာတွေပေါ်ပေါက်ပန်းလေးဆယ်‌ရေးတင်ကြမှာကို အကြောက်ဆုံးပဲ။

တစ်နေကုန်အလုပ်တွေလုပ် ပြီးရင်ပင်ပန်းပြီးကောင်းကောင်းအိပ်ပျော်မယ်။ နောက်နေ့တွေလည်းအဲ့လိုပဲ သူ့ဘဝကတစ်သက်လုံးဒီလိုပဲသွားနေတော့မှာမလို့ အရာရာဟာပုံစံတကျနဲ့မလို့တစ်ချို့အရာတွေကိုဘဝထဲဆွဲမခေါ်ချင်ဘူး။

ပြင်လို့လည်းမရသလို ဖေဖေချပေးထားတဲ့ဘဝမှာပဲ နေရမှာမလို့ပတ်ဂျီမင်းဘဝက ဘာမှလိုအပ်မနေတော့ဘူး။ အရင်လိုနွေးထွေးမှုမရှိတော့တဲ့မိဘမေတ္တာကလွဲလို့ပေါ့....။

ဒီမြို့‌ကိုရောက်တော့ငယ်ငယ်တုန်းကလိုပဲလွတ်လပ်ပြီး စိတ်လုံခြုံမှုရှိနေတုန်းပဲ။ နောက်ပြီး ဆယ်ကျော်သက်အရွယ်မှာပတ်သတ်ဖူးခဲ့တဲ့ သံယောဇဉ်လေးကိုပြန်တွေ့ခဲ့ရတယ်။

ငယ်ငယ်တုန်းကပွေ့ဖက်ခဲ့ဖူးတဲ့ရင်ခွင်သေးသေးလေးကအခုလိုမျိုးရင်အုပ်ကျယ်ကြီးတွေရှိလာမယ်မှန်းဘယ်သူကထင်ခဲ့မိမှာလဲ။
မင်းခန္ဓာကိုယ်ကသေးသေးလေး ဆိုပြီးစနောက်ခဲ့တဲ့စကားတွေကလည်း အခုကျတော့ကိုယ့်ကိုပြန်သရော်နေသယောင်ယောင်။

ဒါပေမယ့်ပတ်ဂျီမင်းကတော့ မင်းဘဝလေးကိုပြန်ပြီးအရောင်ဆိုးလို့မဖြစ်ဘူးထင်တယ် ကလေးလေး...။
နောက်ထပ်ဒီမြို့လေးကိုလည်း ပြန်မလာတော့ဖို့ဆုံးဖြတ်ပြီးပြီ ကိုယ်တို့အမှတ်တရတွေကိုလည်း ဒီမှာပဲထားခဲ့တော့မယ်။
ပြီးတော့ မင်းဘဝလေးလဲအေးချမ်းနိုင်မှာပါကောင်လေး မင်းနဲ့သင့်တော်မယ့်ချစ်သူမျိုးကိုလဲထပ်ရှာတွေ့နိုင်ဦးမယ်ဆိုတာ ကိုယ်သိပါတယ်။

ကုန်ခါနီးစီးကရက်လိပ်ကို လက်ညှိုးနဲ့ လက်ခလယ်ကြားထဲညှပ်ထားရင်း အပေါ်စီးကနေမြင်နေရတဲ့ ကားမီးရောင်တွေကို လှမ်းကြည့်လိုက်သည်။ ပါးပြင်ပေါ်ကပူနွေးနွေးမျက်ရည်တွေကိုတော့ လျစ်လျူရှူပေးကြပါ။ ဒီတစ်ညပဲအရင်လိုအငိုသန်တဲ့ ကောင်လေးလုပ်တော့မှာမလို့.......။

__________________________

"ဂျောင်ဂု... မင်း‌ဟျောင်းကို လိုက်မပို့တော့ဘူးလား"

"ဂျီမင်း‌ဟျောင်းက ဒီအချိန်ဆိုလေ‌ယာဉ်‌နဲ့ပြန်သွားနေလောက်ပြီ"

ကုတင်ပေါ်မှာကန့်လန့်ဖြတ်အိပ်ပြီး မျက်လုံးမှိတ်ထားတဲ့ကောင်လေးကြောင့် ဂျီမင်းတစ်ချက်ပြုံးလိုက်ရသည်။ မနေ့ကသူ့ကိုအတင်းချစ်ခွင့်ပန်ခဲ့တဲ့ ကောင်လေးမှဟုတ်ရဲ့လား။

ဒီနေ့ကိုရီးယားကို ပြန်တော့မှာမလို့ အဘိုးကိုလာနှုတ်ဆက်တာဖြစ်သည်။ ပထမကတော့ကိုယ့်သဘောနဲ့ကိုယ် ဘယ်သူနဲ့မှသွားမတွေ့တော့ဘူးလုပ်ထားပေမဲ့ ဂျောင်ဂုကိုလည်းနှုတ်ဆက်ချင်မိသည်။

အဘိုးကလေဆိပ်ကိုလိုက်မပို့နိုင်ကြောင်းပြောလာပြီး ဂျောင်ဂုကိုလိုက်ပို့ခိုင်းမည်ဟုဆိုကာအခုလိုမျိုး ‌အခန်းပေါက်ဝရှေ့ထိ သူ့ကိုဆွဲခေါ်လာခဲ့သည်။

"‌ငါ့မြေး....မျက်လုံးထဖွင့်ကြည့်ပါဦး"

"အဘိုးကလည်းဗျာ ဒီတိုင်းလဲပြော.... ရ.. နေတာပဲကို"

ကုန်းရုန်းထကာ မော့ကြည့်မိတော့တွေ့လိုက်ရတဲ့လူကြောင့် စကားတွေပင်ထစ်တဲ့အထိဖြစ်သွားရသည်။

"ထထ မင်းဟျောင်းကိုလေဆိပ်လိုက်ပို့လိုက်ဦး နောက်ကျနေမယ်"

အဘိုးပြောတဲ့စကားကို ခေါင်းငြိမ့်ပြပြီးပြင်စရာရှိတာ ပြင်ရတော့သည်။ မနေ့ကမှလောလောလတ်လတ် အသဲကွဲခံထားရတဲ့လူကိုထပ်ပြီး အသဲကွဲအောင်လုပ်နေကြတာလားမသိဘူး။

"သွားကြမယ်လေ ဂျီမင်း"

"အင်း"

"ကျွန်တော်သွားတော့မယ်အဘိုး ကျန်းမာရေးဂရုစိုက်နော်"

"အေးအေး ဂရုစိုက်သွားဂျီမင်းလေး...."

အဘိုးကိုနှုတ်ဆက်ပြီးတော့ ဂျောင်ဂုနဲ့အတူလေဆိပ်ကိုထွက်လာခဲ့သည်။ အခန်းထဲကထွက်လာကတည်းက ဂျောင်ဂုပုံစံကိုပဲခနခနကြည့်နေမိသည်။
တစ်ကိုယ်လုံး အနက်ရောင်တွေချည်းဝတ်ထားပြီး ဆံပင်ကောက်ကွေးတွေကလည်း လိုတာထပ်ပိုပြီး ပွယောင်းယောင်းဖြစ်နေသည်။

"အိတ်ပေး ကျွန်တော်သယ်မယ်"

"ရပါတယ် ကိုယ်ပဲ....."

"ဘာလို့လဲ ကျွန်တော့်မှာအိတ်လေးသယ်ပေးဖို့တောင် အခွင့်မရှိတော့ဘူးလား"

"မဟုတ်ပါဘူး"

ဂျီမင်းပြောပြီးတာနဲ့ သူ့ Luggage ကဂျောင်ဂုဆီပါသွားတာမလို့ ဘာမှမပြောတော့ပဲငြိမ်နေလိုက်တော့သည်။
လူတိုင်းရှိန်ရတဲ့ CEOကြီးက ‌မဲမဲနက်နက်ဝတ်ဆင်ထားတဲ့ကောင်လေးစကားကြောင့် ငြိမ်ကျသွားခဲ့ရတယ်လို့များပြောရင် ဘယ်သူကများယုံမှာလဲ....။

"ဂျီမင်း"

"ဘာလဲ ကောင်လေး"

အိတ်ထဲပစ္စည်းလှမ်းထည့်နေတုန်း သူ့ကိုခေါ်လာတော့ထရပ်ဖို့အလုပ် လက်မောင်းတွေကိုကိုင်လာတဲ့လက်တွေကြောင့် ဂျီမင်းရေခဲရိုက်ထားသလိုတောင့်တင်းသွားရသည်။

"တကယ်ကြီးသွားတော့မှာလား"

"အင်းပေါ့ ကိုယ့်ကုမ္ပဏီကိုပစ်ထားလို့မရဘူးလေ"

"ကျွန်တော့်အတွက် ထပ်ပြီးစဉ်းစားပေးလို့မရတော့ဘူးလား"

"ကိုယ် ပြောပြီးပြီလေ..."

"ချစ်တယ် ဂျီမင်း ကျွန်တော်တို့ကံကမကုန်သေးပါဘူးဟုတ်တယ်မလား ထပ်တွေ့ကြမယ်...."

ပြောချင်ရာပြောပြီး လှည့်ထွက်သွားတာကြောင့်လေဆိပ်မှာ တစ်ယောက်တည်းမတ်တပ်ကြီးရပ်ပြီး ကြောင်ကျန်ခဲ့ရသည်။ ဂျွန်ဂျောင်ဂုက တဇွတ်ထိုးသမားပဲ.....

••••••

တကယ္ေတာ့ ကြၽန္ေတာ္တို႔ေတြကဆုံေတြ႕ရမဲ့ ကံၾကမၼာပါလာၿပီးသားထင္တယ္။ ဝမ္းနည္းစရာေကာင္းတဲ့အတိတ္ေတြသာ မရွိခဲ့ရင္ကြၽန္ေတာ္ေရာ ဂ်ီမင္းေရာေကာင္းတဲ့ ေတြ႕ဆုံမႈ ျဖစ္ေနေလာက္မလား။

__________________

"တူရီးႏွစ္ေယာက္ ေရာက္လာၾကၿပီလား။ ထိုင္ဦးေလ အဘိုးေျမးကေတာ့အေနာက္မွာကူေနတယ္"

အစားအေသာက္ေတြထည့္ေနတုန္း ဧည့္ခန္းထဲကထြက္လာတဲ့အသံေၾကာင့္ အဘိုးဧည့္သည္ေတြေရာက္လာမွန္းသိလိုက္ရသည္။ လုပ္လက္စတစ္ခ်ိဳ႕ ကိုအျမန္လက္စသတ္ကာ အျပင္ကိုထြက္လာေတာ့ ေတြ႕လိုက္ရတဲ့လူေၾကာင့္ ေဂ်ာင္ဂုမ်က္လုံးေလးေတြပိုဝိုင္းစက္သြားရသည္။ ဂ်ီမင္းကအဘိုးမိတ္ေဆြလား??

"ေအာ္.. ေျမးလာဦးေလ ဒီမွာမင္းအစ္ကိုတို႔ကိုလာႏႈတ္ဆက္လိုက္ဦး"

အဘိုးေျပာလာတဲ့စကားေၾကာင့္ ေဂ်ာင္ဂုနားမလည္ေပမဲ့ဂ်ီမင္းကို ၿပဳံးျပၿပီး မ်က္ႏွာခ်င္းဆိုင္ခုံမွာထိုင္လိုက္သည္။

"အဘိုး! ဂ်ီမင္းနဲ႔ကဘယ္လိုသိၾကတာလဲ"

"ေဟ... ငါ့ေျမးကမမွတ္မိဘူးလား မင္းငယ္ငယ္ကေခၚေခၚေနတဲ့ဂ်ီမင္းေဟ်ာင္းေလ ဒီဘက္ကသူ႔အေဒၚ မီရာတဲ့ "

အဘိုးေျပာလာတဲ့စကားေတြကို အခုထိေသခ်ာမရွင္းတာေၾကာင့္ ဂ်ီမင္းကိုလွမ္းၾကည့္မိေတာ့ သူ႔အၾကည့္ေတြကိုေရွာင္ေနပုံရသည္။ တကယ္ပဲ ဘာေတြက ဘယ္လိုေတြျဖစ္ကုန္တာလဲ?

"ေဂ်ာင္ဂုက မမွတ္မိဘူးထင္တယ္"

တိတ္ဆိတ္ေနတဲ့ဂ်ီမင္းဆီက ထြက္လာတဲ့စကားေၾကာင့္ ေဂ်ာင္ဂုအၾကည့္ေတြကအေရွ႕ကလူဆီျပန္ေရာက္သြားသည္။ ဂ်ီမင္းတဲ့ ကြၽန္ေတာ့္ေရွ႕မွာရွိေနတဲ့လူက တကယ္ပဲကြၽန္ေတာ့္ေဟ်ာင္းလား။

"ကဲကဲ အခုေတာ့ညစာစားၾကရေအာင္ မင္းတို႔အန္တီကိုအားနာဖို႔ေကာင္းေနၿပီ ေနာက္မွႏွစ္ေယာက္သားေသခ်ာစကားေျပာၾကေပါ့"

ဂ်ီမင္းကၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး စားပြဲေပၚကအစားအေသာက္ေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔သာစားေနသည္။ စိတ္မၿငိမ္ႏိုင္တာကကြၽန္ေတာ္ျဖစ္ေနတာေၾကာင့္ ဂ်ီမင္းကိုပဲၾကည့္ေနမိသည္။ ဟိုတစ္ရက္ကတင္ေဟ်ာင္းအေၾကာင္းကိုေျပာခဲ့ေသးတာေလ ဒါမွမဟုတ္အဲ့ထဲကသိေနခဲ့တာလား။

ညစာစားပြဲက အရင္ကအေၾကာင္းေတြကိုေျပာၾကရင္းနဲ႔ ၿပီးသြားခဲ့ေပမယ့္ ကြၽန္ေတာ္တစ္ေယာက္တည္းဂ်ီမင္းကိုေမ့ေနခဲ့တာ။ မေမ့ရမယ့္အရာကိုဘယ္လိုအေၾကာင္းနဲ႔မ်ား ေမ့‌ေနႏိုင္လဲ စဥ္းစားမရဘူး။ ဂ်ီမင္းစိတ္ထဲဝမ္းနည္းသြားမလား ကြၽန္ေတာ့္ကိုထုႏွက္ၿပီးမ်ား ႐ိုက္ခ်င္ေနမလားဆိုတာလဲမေတြးတတ္ေတာ့ဘူး။

"ကိုယ္နဲ႔ စကားခနေျပာရေအာင္ေဂ်ာင္ဂု"

ညစာစားၿပီး တစ္ေယာက္တည္းၿခံထဲက ကြပ္ပ်စ္မွာထြက္ထိုင္ေနတုန္းအေနာက္ပါးဆီမွ ထြက္လာတဲ့အသံေၾကာင့္ေဂ်ာင္ဂုလွည့္ၾကည့္လိုက္သည္။ ၿပီးေတာ့ ဂ်ီမင္းလည္းသူ႔နည္းတူ‌ကြပ္ပ်စ္ေပၚမွာလာထိုင္သည္။

စကားသံမလာတာေၾကာင့္ ေဘးကိုၾကည့္လိုက္ေတာ့‌‌ ေကာင္းကင္‌ကိုေမာ့ၾကည့္ရင္းသက္ျပင္းေတြခ်ေနတာကို ေတြ႕လိုက္ရသည္။ ဒါကသူ႔ကိုေျဖရွင္းခြင့္ေပးတဲ့သေဘာမ်ိဳးလား၊ ဒါမွမဟုတ္ ဂ်ီမင္းမွာေျပာစရာေတြအမ်ားႀကီး ရွိေနလို႔လားဆိုၿပီး ျမင္ေနရတဲ့မ်က္ႏွာေလးကို‌ၾကည့္ရင္းၿငိမ္ေနလိုက္သည္။

"ဟင္း.... ကိုယ္မင္းကို စေတြ႕ကတည္းကရင္းႏွီးေနခဲ့တာ ေနာက္‌ေန႔ညမွာ ကိုယ္တို႔အီဖယ္ဘက္ကို လမ္းေလွ်ာက္ထြက္ရင္း မင္းေျပာျပတဲ့ လူတစ္ေယာက္ကကိုယ္မွန္း သတိထားမိလာတယ္။ အဲ့အခ်ိန္တုန္းက ပတ္ဂ်ီမင္းက မင္းရဲ႕ေဟ်ာင္းမွန္းမသိေစခ်င္ခဲ့ဘူး ကိုယ့္မွာအားနည္းခ်က္ေတြရွိခဲ့လို႔ေလ အဘိုးနဲ႔လည္းမေတြ႕ေတာ့ဘူးလို႔ ဆုံးျဖတ္ထားခဲ့တာ"

"ကိုယ္မွားေနမွန္းသိပါတယ္ ဒါေပမဲ့အတိတ္က ကိစၥေတြကိုလည္း ျပန္မစခ်င္ေတာ့ဘူး။ ဒါေၾကာင့္ ေဖေဖေပးခဲ့တဲ့ဘဝအသစ္မွာပဲရွင္သန္ခဲ့တယ္ မင္းကိုယ့္ကိုမမွတ္မိတာကလည္းအျပစ္မဟုတ္ပါဘူး။ အတိတ္မွာေရာအခုလက္ရွိမွာေရာ ကိုယ္ကမင္းအတြက္မေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့မယ္ထင္တယ္ ေကာင္ေလး......"

‌ဂ်ီမင္းေျပာၿပီးတာနဲ႔‌ ေဘးက‌ေကာင္ေလးကို လွည့္ၾကည့္ေတာ့ ကိုယ့္စိတ္ထင္တာပဲလားမသိေပမယ့္ မ်က္လုံးဝိုင္းဝိုင္းေတြထဲမ်က္ရည္‌ေတြေဝ့ေနတာလားကိုေတြ႕လိုက္ရသည္။
မင္းအေပၚေဟ်ာင္းက....အမ်ားႀကီးဆိုးခဲ့တယ္မလားကေလးေလး.....။

အရင္လိုစိတ္နဲ႔သာဆိုရင္...ကြၽန္ေတာ္ဂ်ီမင္းကိုေျပးဖက္ထားမိမွာ။ ဂ်ီမင္းနဲ႔စေတြ႕ထဲက ကြၽန္ေတာ့္ခံစားခ်က္က အျဖဴေရာင္သပ္သပ္ခ်ည္း....မဟုတ္ခဲ့လို႔အားနာမိတယ္။ အခုဂ်ီမင္းက ကြၽန္ေတာ့္ရဲ႕ေဟ်ာင္းဆိုတာ....သိလိုက္ရတဲ့အခ်ိန္မွာလည္း ရင္ေတြနာရျပန္တယ္။

ေတာ္ေတာ္ၾကာတဲ့အထိ ဂ်ီမင္းမ်က္လုံးေတြကိုပဲၾကည့္ေနခဲ့တာ။ ကြၽန္ေတာ့္မ်က္လုံးေတြ.....ေဝဝါးခဲ့တဲ့အထိ ဂ်ီမင္းမ်က္ႏွာေလးကိုပဲၾကည့္ေနခဲ့တာ။ ေပြ႕ဖက္ေပးပါလို႔လည္း....မေတာင္းဆိုပါဘူး။
ဒီညမွာ ကြၽန္ေတာ္တို႔ဒီတိုင္းေလးပဲ ခပ္ၾကာၾကာ‌ေလးရွိေနရေအာင္ ဂ်ီမင္း.....။

ထိုေန႔ညက ေကာင္းကင္မွာၾကယ္ေတြစုံမေနခဲ့ပါ။
တိုက္ခတ္လာတဲ့.....ေလေတြကလည္းႏွလုံးသားထဲထိ ေအးစိမ့္ေစဖို႔ ရည္႐ြယ္ခဲ့ေလသလား။
ကြပ္ပ်စ္ေပၚမွာထိုင္ေနသည့္ လူႏွစ္ေယာက္ကလည္း လေရာင္ေအာက္တြင္တိတ္ဆိတ္စြာရွိေနခဲ့ၾကသည္.....။

________________________

"အစ္ကိုေလး..
ဒီရက္အတြင္းဘာေတြျဖစ္ေနတာလဲ။ ဟိုေခ်ာင္ကပ္ငိုင္လိုက္ ဒီေခ်ာင္ကပ္ငိုင္လိုက္နဲ႔"

"ေျဗာေလး"

"ဟင္"

"ရင္းႏွီးခဲ့ၾကတဲ့လူေတြက သူစိမ္းလိုမ်ိဳးျဖစ္သြားခဲ့ရင္ျပန္ျပင္လို႔ ရႏိုင္လား"

"ျပင္လို႔ရႏိုင္မယ္ထင္တယ္။ အဲ့လူနဲ႔ျပန္ေတြ႕ၿပီး အစကေနစကားေျပာၾကည့္ရင္ေရာ ဒါမွမဟုတ္ ႏွစ္ေယာက္သားအမွတ္တရေတြရွိခဲ့တဲ့ေနရာကို အတူတူသြားၾကည့္ရင္ေရာ ဒါနဲ႔ဘာလို႔ေမး....."

ေျဗာေလးစကားမဆုံးခင္ ေဂ်ာင္ဂုခနစဥ္းစားရင္း အေတြးထဲပထမဆုံးဝင္လာခဲ့တာက ပန္းခင္းႀကီးဆီတစ္ေခါက္ေလာက္ ထပ္သြားသင့္တယ္ဆိုတာကိုပဲ။

"ေက်းဇူးပါဟာ ငါအျပင္ခနသြားလိုက္ဦးမယ္"

ဆိုင္ထဲကေနခ်က္ခ်င္းေျပးထြက္လာခဲ့တာေၾကာင့္အေနာက္ကေခၚသံကိုလည္းဂ႐ုမစိုက္အား။
ဂ်ီမင္းဆီအျမန္ေရာက္ဖို႔သာအာ႐ုံရွိေတာ့သည္။

အခုကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ဂ်ီမင္းဆီမွာဝန္ခံေတာ့မယ္။ အကယ္၍မ်ား... အကယ္၍ဂ်ီမင္းျငင္းခဲ့မယ္ဆိုရင္ေတာင္ကြၽန္ေတာ္ကေတာ့ဘယ္ေတာ့မွလက္ေလ်ာ့မိမွာမဟုတ္ဘူး။ ဒီရက္ေတြအတြင္းမွာကြၽန္ေတာ့္ႏွလုံးသားကိုလဲ ေသခ်ာစမ္းသပ္ခဲ့ၿပီးၿပီ။
ကြၽန္ေတာ္ဂ်ီမင္းမရွိပဲမရပ္တည္ႏိုင္ဘူး။
ေနာက္ၿပီးကြၽန္ေတာ္ဂ်ီမင္းကိုခ်စ္ေနမိၿပီဆိုတာ......

"ဂ်ီမင္းေဟ်ာင္း!ရွိလား ကြၽန္ေတာ့္ကိုတံခါးလာဖြင့္ေပးပါဦး..."

မနက္စာစားေနရင္း အေရွ႕ကေခၚသံထြက္လာတာေၾကာင့္ ဂ်ီမင္းစားလက္စေတြကိုခနရပ္ရင္းအျပင္ထြက္ခဲ့လိုက္သည္။

"မနက္အေစာႀကီး ဘာကိစၥရွိလို႔လဲေဂ်ာင္ဂု...."

"ကြၽန္ေတာ္တို႔.... ကြၽန္ေတာ္တို႔ ပန္းခင္းႀကီးဆီတစ္ခါေလာက္သြားၾကရေအာင္ဂ်ီမင္း"

အေမာတေကာနဲ႔ ေျပးလာပုံရတဲ့ေကာင္ေလးက အခုလဲဘာကိစၥေၾကာင့္ဆိုတာ ဂ်ီမင္းလိုက္မမွီႏိုင္ဘူး။ ဒါေၾကာင့္ေဂ်ာင္ဂုေခၚတာကိုမျငင္းပဲ ပန္းခင္းႀကီးဆီအတူလိုက္လာခဲ့သည္။ အဘိုးနဲ႔အတူ ညစာစား‌ခဲ့ၾကတဲ့ ေန႔ကတည္းက မေတြ႕ျဖစ္ေတာ့တဲ့အျပင္ အေခၚအေျပာလဲမရွိေတာ့တာျဖစ္သည္။ ဒီေန႔မွ႐ုတ္တရက္ႀကီး ပန္းခင္းႀကီးဆီသြားဖို႔လာေခၚတာေၾကာင့္ ဂ်ီမင္းလည္းဘာမွမေတြးေတာ့ပဲ လိုက္ျဖစ္ခဲ့သည္။

"ကိုယ့္ကို ေျပာစရာရွိလို႔လား ေဂ်ာင္ဂု"

ပန္းခင္းႀကီးဆီေခၚလာတဲ့လူက ဘာမွမေျပာပဲၿငိမ္ေနတာေၾကာင့္ ဂ်ီမင္းဘက္ကပဲစကားစေပးလိုက္သည္။

"ဂ်ီမင္းေဟ်ာင္း....
အခုေျပာမွာက အရင္ကသိခဲ့တဲ့ေဟ်ာင္းတစ္ေယာက္အေနနဲ႔မဟုတ္ပဲ အခုလက္ရွိမွာေတြ႕ခဲ့တဲ့ဂ်ီမင္းကို ကြၽန္ေတာ္ဝန္ခံစရာေတြရွိတယ္....."

ေျပာၿပီးတာနဲ႔ ဘယ္ကမွန္းမသိေရာက္လာတဲ့ ေနၾကာပန္းေတြကို သူ႔ေရွ႕ေပးလာခဲ့သည္။

"ဒါကဘာအတြက္လဲ... ေဂ်ာင္ဂု"

"ေနၾကာေတြရဲ႕ အဓိပၸာယ္ကိုဂ်ီမင္းဘယ္လိုသတ္မွတ္ထားလဲ"

"႐ုတ္တရက္ႀကီး ဘာလို႔ေမးတာလဲ?...."

"ကြၽန္ေတာ္ဆက္ေျပာမဲ့စကားက အခုဂ်ီမင္းရဲ႕အေျဖကိုလိုအပ္တယ္"

"ေနၾကာေတြရဲ႕ အဓိပၸာယ္ကကိုယ္ခ်စ္ရတဲ့သူကိုေငးၾကည့္ရျခင္း လို႔ပဲသိထားတယ္"

"ဂ်ီမင္းသိလား..."

"ဟင္... ဘာကိုလဲ"

"တကယ္ေတာ့ေလ ေနၾကာပန္းရဲ႕အဓိပၸာယ္ကအဆုံးထိလူတစ္ေယာက္ကိုဘယ္ေတာ့မွမေမ့ပဲ ခ်စ္ျမတ္ႏိုးတာကိုေခၚတာ ေနာက္ၿပီး....ေလးနက္မႈ႕၊ သစၥာရွိမႈ႕ေတြကိုကိုယ္စားျပဳတယ္။
ကြၽန္ေတာ့္ဂ်ီမင့္အေပၚကို အျဖဴထည္သပ္သပ္ဆက္ဆံေရး အျဖစ္ပဲထားခဲ့တာ....မဟုတ္ဘူး"

"ကြၽန္‌ေတာ္ေျပာဖူးတယ္ေလ ဂ်ီမင္းကိုပန္းေတြလိုမ်ိဳးယုယခ်င္ခဲ့မိတယ္ဆိုတာ....ကြၽန္ေတာ္ဂ်ီမင္းကို နက္နက္ရႈိင္းရႈိင္းနဲ႔ခ်စ္မိေနၿပီ....။
အခုကြၽန္ေတာ့္ခံစားခ်က္ေတြကိုအသိအမွတ္ျပဳေပးႏိုင္မလား။
ကြၽန္ေတာ္ဂ်ီမင္းသေဘာက်တဲ့ ေနၾကာေတြနဲ႔လိုက္ပိုးပါ့မယ္....."

ဘုရားေရ! ေဂ်ာင္ဂုကအခုခ်စ္ခြင့္ပန္ေနတာလား။
ဒီႏုႏုနယ္နယ္ေကာင္ေလးက သူ႔အေပၚခံစားခ်က္ေတြကို ဘယ္တုန္းကအေရာင္ဆိုးခဲ့တာလဲ။

"ေဂ်ာင္ဂု! ကိုယ္လက္မခံပါရေစနဲ႔....."

ေနၾကာေတြကို ေဂ်ာင္ဂုဆီျပန္ေပးၿပီးထထြက္ဖို႔လုပ္ေတာ့ လက္ေတြကိုအတင္းဆြဲလာခဲ့သည္။
ဖယ္ခ်ေပမဲ့ အတင္းဆြဲထားတာေၾကာင့္ဂ်ီမင္းစိတ္ထဲ မြန္းၾကပ္လာရသည္။
မျဖစ္ဘူးေလေကာင္ေလး.... မင္းရဲ႕ေအးခ်မ္းတဲ့အရိပ္ေအာက္ ကိုယ့္ရဲ႕အပူေတြမသက္ေရာက္ေစခ်င္ဘူး။

"ဘာ.... လို႔..လဲ ဂ်ီမင္း ကြၽန္ေတာ္ကဂ်ီမင္းရဲ႕ ေဘးနားမွာေနဖို႔အဆင္မေျပလို႔လား....ကြၽန္ေတာ္ဒီစကားေတြေျပာဖို႔အမ်ားႀကီးစဥ္းစားခဲ့ရတာ...."

"ဘာလို႔လဲဆိုေတာ့ ကိုယ္မနက္ျဖန္ ကိုရီးယားကိုျပန္ေတာ့မွာမလို႔ ၿပီးေတာ့... ၿပီးေတာ့ ကိုယ္မင္းအေပၚ အဲ့လိုခံစားခ်က္ေတြမထားခ်င္ဘူး"

နာတာေပါ့... ဒီေကာင့္ကိုအဲ့လိုေျပာမွရမွာလား။ ခ်စ္တယ္လို႔သာတစ္ခြန္းထဲေျပာေပးလို႔မရဘူးလားဂ်ီမင္း ....

"ေတာင္းပန္ပါတယ္ ကိုယ့္လက္ကိုလႊတ္ေပးပါေတာ့"

ဆြဲထားတဲ့လက္ကိုလႊတ္ေပးလိုက္တာနဲ႔ အေနာက္ကိုတစ္ခ်က္ေတာင္ လွည့္မၾကည့္ပဲထြက္သြားတဲ့ေက်ာျပင္ေလးက ကြၽန္ေတာ့္အတြက္ပိုၿပီးနာက်င္ရတယ္။
ျဖစ္ႏိုင္ရင္ ဂ်ီမင္းကိုကြၽန္ေတာ့္ရင္ခြင္ထဲမွာထည့္ထားၿပီး ဘယ္ေလာက္ယုယခ်င္ခဲ့ေၾကာင္းေျပာခ်င္‌ေသးတယ္။

ကြၽန္ေတာ့္အေပၚခံစားခ်က္ေတြ မထားခ်င္ဘူးလို႔ပဲေျပာခဲ့တာမလား။ အဲ့တာဆိုကြၽန္ေတာ္က ခံစားခ်က္ေတြရွိလာေအာင္ ဂ်ီမင္းဆီတစ္လွမ္းခ်င္းတိုးလာခဲ့မွာမလို႔ ေစာင့္ေနေပး......။

_______________________

အိမ္ေရာက္ကတည္းက အခန္းထဲပဲဝင္ေနခဲ့တာမလို႔ ေဒၚေလးကေတာ့ စိတ္ပူၿပီးလာေမးပါတယ္။
အခုအခ်ိန္ ဘယ္သူနဲ႔မွလည္းေတြ႕ခ်င္စိတ္မရွိသလို စိတ္ေတြရႈပ္ေထြးေနတာမလို႔ အခန္းမီးပိတ္ၿပီး စီးကရက္တစ္လိပ္ယူကာ ဝရံတာမွာထြက္ထိုင္ေနလိုက္သည္။

ေဖေဖကစီးကရက္ေတြ အၿမဲေသာက္တာေၾကာင့္ ေက်ာင္းၿပီးတာနဲ႔တစ္လိပ္စ၊ ႏွစ္လိပ္စအေနနဲ႔ လိုက္ေသာက္ၾကည့္ခဲ့သည္။ ‌စီးကရက္ေတြေသာက္တာ ေမေမသေဘာမက်ေပမဲ့ စိတ္ညစ္တဲ့အခ်ိန္တိုင္း အေငြ႕ေတြနဲ႔အတူေဖ်ာက္ပစ္ရတာက သူ႔အတြက္အဆင္ေျပသည္။

တစ္ေယာက္ေယာက္ကိုခ်စ္လိုက္ဖို႔က သူ႔အတြက္ခက္ခဲတယ္။ ေဂ်ာင္ဂုကို အေျဖျပန္ေပးလိုက္ရင္ဒီကေလးကိုလည္း လုံၿခဳံမယ္ဆိုၿပီးအာမ မခံႏိုင္ဘူး‌။
ကိုရီးယားရဲ႕ Top 3 CEO တစ္ေယာက္အေနနဲ႔ သတင္းမီဒီယာေတြေပၚေပါက္ပန္းေလးဆယ္‌ေရးတင္ၾကမွာကို အေၾကာက္ဆုံးပဲ။

တစ္ေနကုန္အလုပ္ေတြလုပ္ ၿပီးရင္ပင္ပန္းၿပီးေကာင္းေကာင္းအိပ္ေပ်ာ္မယ္။ ေနာက္ေန႔ေတြလည္းအဲ့လိုပဲ သူ႔ဘဝကတစ္သက္လုံးဒီလိုပဲသြားေနေတာ့မွာမလို႔ အရာရာဟာပုံစံတက်နဲ႔မလို႔တစ္ခ်ိဳ႕အရာေတြကိုဘဝထဲဆြဲမေခၚခ်င္ဘူး။

ျပင္လို႔လည္းမရသလို ေဖေဖခ်ေပးထားတဲ့ဘဝမွာပဲ ေနရမွာမလို႔ပတ္ဂ်ီမင္းဘဝက ဘာမွလိုအပ္မေနေတာ့ဘူး။ အရင္လိုေႏြးေထြးမႈမရွိေတာ့တဲ့မိဘေမတၱာကလြဲလို႔ေပါ့....။

ဒီၿမိဳ႕‌ကိုေရာက္ေတာ့ငယ္ငယ္တုန္းကလိုပဲလြတ္လပ္ၿပီး စိတ္လုံၿခဳံမႈရွိေနတုန္းပဲ။ ေနာက္ၿပီး ဆယ္ေက်ာ္သက္အ႐ြယ္မွာပတ္သတ္ဖူးခဲ့တဲ့ သံေယာဇဥ္ေလးကိုျပန္ေတြ႕ခဲ့ရတယ္။

ငယ္ငယ္တုန္းကေပြ႕ဖက္ခဲ့ဖူးတဲ့ရင္ခြင္ေသးေသးေလးကအခုလိုမ်ိဳးရင္အုပ္က်ယ္ႀကီးေတြရွိလာမယ္မွန္းဘယ္သူကထင္ခဲ့မိမွာလဲ။
မင္းခႏၶာကိုယ္ကေသးေသးေလး ဆိုၿပီးစေနာက္ခဲ့တဲ့စကားေတြကလည္း အခုက်ေတာ့ကိုယ့္ကိုျပန္သေရာ္ေနသေယာင္ေယာင္။

ဒါေပမယ့္ပတ္ဂ်ီမင္းကေတာ့ မင္းဘဝေလးကိုျပန္ၿပီးအေရာင္ဆိုးလို႔မျဖစ္ဘူးထင္တယ္ ကေလးေလး...။
ေနာက္ထပ္ဒီၿမိဳ႕ေလးကိုလည္း ျပန္မလာေတာ့ဖို႔ဆုံးျဖတ္ၿပီးၿပီ ကိုယ္တို႔အမွတ္တရေတြကိုလည္း ဒီမွာပဲထားခဲ့ေတာ့မယ္။
ၿပီးေတာ့ မင္းဘဝေလးလဲေအးခ်မ္းႏိုင္မွာပါေကာင္ေလး မင္းနဲ႔သင့္ေတာ္မယ့္ခ်စ္သူမ်ိဳးကိုလဲထပ္ရွာေတြ႕ႏိုင္ဦးမယ္ဆိုတာ ကိုယ္သိပါတယ္။

ကုန္ခါနီးစီးကရက္လိပ္ကို လက္ညႇိဳးနဲ႔ လက္ခလယ္ၾကားထဲညႇပ္ထားရင္း အေပၚစီးကေနျမင္ေနရတဲ့ ကားမီးေရာင္ေတြကို လွမ္းၾကည့္လိုက္သည္။ ပါးျပင္ေပၚကပူေႏြးေႏြးမ်က္ရည္ေတြကိုေတာ့ လ်စ္လ်ဴရႉေပးၾကပါ။ ဒီတစ္ညပဲအရင္လိုအငိုသန္တဲ့ ေကာင္ေလးလုပ္ေတာ့မွာမလို႔.......။

__________________________

"ေဂ်ာင္ဂု... မင္း‌ေဟ်ာင္းကို လိုက္မပို႔ေတာ့ဘူးလား"

"ဂ်ီမင္း‌ေဟ်ာင္းက ဒီအခ်ိန္ဆိုေလ‌ယာဥ္‌နဲ႔ျပန္သြားေနေလာက္ၿပီ"

ကုတင္ေပၚမွာကန႔္လန႔္ျဖတ္အိပ္ၿပီး မ်က္လုံးမွိတ္ထားတဲ့ေကာင္ေလးေၾကာင့္ ဂ်ီမင္းတစ္ခ်က္ၿပဳံးလိုက္ရသည္။ မေန႔ကသူ႔ကိုအတင္းခ်စ္ခြင့္ပန္ခဲ့တဲ့ ေကာင္ေလးမွဟုတ္ရဲ႕လား။

ဒီေန႔ကိုရီးယားကို ျပန္ေတာ့မွာမလို႔ အဘိုးကိုလာႏႈတ္ဆက္တာျဖစ္သည္။ ပထမကေတာ့ကိုယ့္သေဘာနဲ႔ကိုယ္ ဘယ္သူနဲ႔မွသြားမေတြ႕ေတာ့ဘူးလုပ္ထားေပမဲ့ ေဂ်ာင္ဂုကိုလည္းႏႈတ္ဆက္ခ်င္မိသည္။

အဘိုးကေလဆိပ္ကိုလိုက္မပို႔ႏိုင္ေၾကာင္းေျပာလာၿပီး ေဂ်ာင္ဂုကိုလိုက္ပို႔ခိုင္းမည္ဟုဆိုကာအခုလိုမ်ိဳး ‌အခန္းေပါက္ဝေရွ႕ထိ သူ႔ကိုဆြဲေခၚလာခဲ့သည္။

"‌ငါ့ေျမး....မ်က္လုံးထဖြင့္ၾကည့္ပါဦး"

"အဘိုးကလည္းဗ်ာ ဒီတိုင္းလဲေျပာ.... ရ.. ေနတာပဲကို"

ကုန္း႐ုန္းထကာ ေမာ့ၾကည့္မိေတာ့ေတြ႕လိုက္ရတဲ့လူေၾကာင့္ စကားေတြပင္ထစ္တဲ့အထိျဖစ္သြားရသည္။

"ထထ မင္းေဟ်ာင္းကိုေလဆိပ္လိုက္ပို႔လိုက္ဦး ေနာက္က်ေနမယ္"

အဘိုးေျပာတဲ့စကားကို ေခါင္းၿငိမ့္ျပၿပီးျပင္စရာရွိတာ ျပင္ရေတာ့သည္။ မေန႔ကမွေလာေလာလတ္လတ္ အသဲကြဲခံထားရတဲ့လူကိုထပ္ၿပီး အသဲကြဲေအာင္လုပ္ေနၾကတာလားမသိဘူး။

"သြားၾကမယ္ေလ ဂ်ီမင္း"

"အင္း"

"ကြၽန္ေတာ္သြားေတာ့မယ္အဘိုး က်န္းမာေရးဂ႐ုစိုက္ေနာ္"

"ေအးေအး ဂ႐ုစိုက္သြားဂ်ီမင္းေလး...."

အဘိုးကိုႏႈတ္ဆက္ၿပီးေတာ့ ေဂ်ာင္ဂုနဲ႔အတူေလဆိပ္ကိုထြက္လာခဲ့သည္။ အခန္းထဲကထြက္လာကတည္းက ေဂ်ာင္ဂုပုံစံကိုပဲခနခနၾကည့္ေနမိသည္။
တစ္ကိုယ္လုံး အနက္ေရာင္ေတြခ်ည္းဝတ္ထားၿပီး ဆံပင္ေကာက္ေကြးေတြကလည္း လိုတာထပ္ပိုၿပီး ပြေယာင္းေယာင္းျဖစ္ေနသည္။

"အိတ္ေပး ကြၽန္ေတာ္သယ္မယ္"

"ရပါတယ္ ကိုယ္ပဲ....."

"ဘာလို႔လဲ ကြၽန္ေတာ့္မွာအိတ္ေလးသယ္ေပးဖို႔ေတာင္ အခြင့္မရွိေတာ့ဘူးလား"

"မဟုတ္ပါဘူး"

ဂ်ီမင္းေျပာၿပီးတာနဲ႔ သူ႔ Luggage ကေဂ်ာင္ဂုဆီပါသြားတာမလို႔ ဘာမွမေျပာေတာ့ပဲၿငိမ္ေနလိုက္ေတာ့သည္။
လူတိုင္းရွိန္ရတဲ့ CEOႀကီးက ‌မဲမဲနက္နက္ဝတ္ဆင္ထားတဲ့ေကာင္ေလးစကားေၾကာင့္ ၿငိမ္က်သြားခဲ့ရတယ္လို႔မ်ားေျပာရင္ ဘယ္သူကမ်ားယုံမွာလဲ....။

"ဂ်ီမင္း"

"ဘာလဲ ေကာင္ေလး"

အိတ္ထဲပစၥည္းလွမ္းထည့္ေနတုန္း သူ႔ကိုေခၚလာေတာ့ထရပ္ဖို႔အလုပ္ လက္ေမာင္းေတြကိုကိုင္လာတဲ့လက္ေတြေၾကာင့္ ဂ်ီမင္းေရခဲ႐ိုက္ထားသလိုေတာင့္တင္းသြားရသည္။

"တကယ္ႀကီးသြားေတာ့မွာလား"

"အင္းေပါ့ ကိုယ့္ကုမၸဏီကိုပစ္ထားလို႔မရဘူးေလ"

"ကြၽန္ေတာ့္အတြက္ ထပ္ၿပီးစဥ္းစားေပးလို႔မရေတာ့ဘူးလား"

"ကိုယ္ ေျပာၿပီးၿပီေလ..."

"ခ်စ္တယ္ ဂ်ီမင္း ကြၽန္ေတာ္တို႔ကံကမကုန္ေသးပါဘူးဟုတ္တယ္မလား ထပ္ေတြ႕ၾကမယ္...."

ေျပာခ်င္ရာေျပာၿပီး လွည့္ထြက္သြားတာေၾကာင့္ေလဆိပ္မွာ တစ္ေယာက္တည္းမတ္တပ္ႀကီးရပ္ၿပီး ေၾကာင္က်န္ခဲ့ရသည္။ ဂြၽန္ေဂ်ာင္ဂုက တဇြတ္ထိုးသမားပဲ.....

Comment