ဒီနေ့နဲ့ဆို ဆေးရုံတက်တာ
၅ ရက်ရှိပြီ
ရုံးက လူတွေလဲ
လာကြည့်သည်
Hyung မပါလာသေး
နေနိုင်လိုက်တာ
အလုပ်တွေရှုပ်နေလို့ လား
Message ပို့တာလေးတောင်
Reply မပြန်ဘူး
ရံုံးပိတ်ရက်ဘဲဟာ ဘာလို့
ဒီနေ့ထိမလာသေးတာလဲ
မနက်ထဲက အစောကြီးရောက်နေတဲ့ Jimin ဆိုဖာ ပေါ်မှာ ကုလားသေကုလားမော
အိပ်ပျော်နေတာ
ညထဲက ရန်ဖြစ်ထားတာ
မအိပ်ရသေးလို့တဲ့ ....
လူနာက သူ့ကို ပြန်စောင့်နေတယ်
ဘယ်တော့များ ဆိုဖာပေါ်က
ပြုတ်ကျမလဲလို့
ပျင်းတွဲတွဲ နဲ့ Tv က
channel လိုင်းတွေကို
တစ်ခုခုပြီး တစ်ခုပြောင်းကြည့်သည်
ပြတင်းပေါက်တခြမ်း
ဖွင့်ထားတာကြောင့်
လေပြေတို့သည် လိုက်ကာက်ို
တွန်းဖယ်ကာ
အခန်းတွငိးသို့ ဝင်လာကြသည်
Jungkook သည် ပြတင်းပေါက်ကို
ကုတင်ပေါ်ကနေ ထိုင်လျက် ကြည့်ကာ
ဗိုက်က တော်တော်လေးလဲ
သက်သာနေပြီ
ဆေးရုံထဲ မှာနေတာကြာတော့
မွန်းကြပ်လို့ အပြင်လမ်းထွက်
လျှောက်ချင်မိသား...
နေ့ခင်း ဆန်ပြုတ်သောက်ပြီး
ဆေးသောက်တဲ့အချိန်ဆို
ရောက်လာတက်တဲ့ Jay Hyung
အဲ့ Hyung က အရမ်းသဘော
ကောင်းတဲ့အပြင် Duty off ချိန်ဆို
စကားတွေအများကြီးလာပြောလိုက်
Game ဆော့ပေးလိုက်
Jimin နဲ့ဆို တော်တော့်ကို ခင်နေပြီ
Gamerတွေအချင်းချင်းဆိုတော့
Jay Hyung ရှိနေရင်
စည်းစည်းလုံးလုံး တက်ညီလက်ညီ
Hope က Jay Hyung ကိုကြည့်မရ
တစ်ခုခုဆို ဘုကလန့်
ဝင်ဝင်ပြောတယ်
ညဘက်Hope ရှိနေတဲ့
အချိန်ဆို Jay Hyung လာ ခဲ သည်
ဟော ...ပြောရင်းဆိုရင်း
Jay Hyung လာပြီ
"Kookie .... အခြေအနေဘယ်လိုနေလဲ
သက်သာလား ?"
Jay Hyung က Jimin ကိုလဲ
Jiminie တဲ့
တစ်ခါတစ်လေ
ကလေးတွေလို့ခေါ်တယ်
"Nae ... တော်တော်သက်သာနေပြီ
ဒါနဲ့ Jay Hyung ကျွန်တော် အပြင်စာ
စားလို့မရသေးဘူးလား?"
" မစားပါနဲ့ဦး..ကလေးရယ်
ဗိုက်ထဲမှာ အနာကျက်ဖို့
ကျန်သေးတယ်လေ
ပိုးသတ်ဆေးများများ
သောက်ထားမှ
၁ လလောက်နေရင် ပုံမုန်
အတိုင်းပြန်စားလို့ရပြီ
လောလောဆယ်တော့ သည်းခံလိုက်ဦး"
"မရတော့ဘူး.. ဗိုက်ဆာတိုင်း
အပြင်ပြေးထွက်ပြီးစားချင်တယ်
Jimin ကလဲ
ခုဆို ဆန်ပြုတ် တူတူ
လိုက်သောက်ပေးတယ်
သူက ဆန်ပြုတ် ကြိုက်တော့
ကိစ္စမရှိဘူး
ကျွန်တော်က တော်တော့်ကို မုန်းနေပြီ
Susan က လဲ
ဆန်ပြုတ်ကို မျိုးစုံလုပ်ပြီးလာပို့ပေးတာ အလုပ်
တစ်ဖက်နဲ့ သူတို့ကို အားနာလာပြီ..."
Jay က Jungkook လက်တစ်ဖက်ကို
စကိုင်လာကာ
ကုတင်ပေါ်သို့
ကို်ယ်တစ်ခြမ်းစောင်းထိုင်သည်
Jungkook သည် ဆရာဝန်ဘဲ ဒီအတိုင်း
စမ်းကြည့်တယ် အထင်နဲ့ကြည့်နေမိသည်
"ကလေး... ဆေးရုံကဆင်းတာနဲ့
ကို်ယ်က ကလေးစားချင်တာ
အကုန်လိုက်ဝယ်ကျွေးမယ်
လိုချင်တာတွေလဲဝယ်ပေးမယ်
ပြီးတော့ ကလေးဖြစ်ချင်တာလဲ
အကုန်လုပ်ပေးမယ်.."
သူပြောတဲ့စကားကို ကြားပြီး
မျက်နှာလေး ဝင်းကနဲဖြစ်သွားတဲ့
Jungkook
"Wow.... တကယ်ပြောတာနော်
Jay Hyung!!"
"omm .. တကယ်ပေါ့...
ဒါပေမဲ့ Kookie လုပ်ချင်တာ လဲ အကုန်ပေးလုပ်တယ် ဆိုရင်
Jay hyung ဖြစ်ချင်တာရော
kookie က
ဖြည့်စည်းပေးဖို့လိုတယ်..."
"သေချာတာပေါ့...Jay Hyung က
ဘာလိုချင်လို့လဲ !!""
အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့
မေးနေတဲ့ jungkook ကို
Jay အသဲယား
လွန်း၍ ကို်ယ်ကို ကိုင်းကာ
Jungkook မျက်နှာနားသို့ တိုးကပ်ပြီး
"ကျန်တာ ဘာမှမလိုပါဘူး
ကိုယ့်ကို ပြန်ချစ်ပေးနိုင်ရင်ရပြီ...."
Jungkook ထိုစကားကိုကြားပြီး
တုန်လှုပ်သွားသည် Jay က
သူ့လက်ကို ကိုင်ထားဆဲ
ဖြစ်နေသည်မို့ အတင်းဖယ်ခွာမိသည်
"Kookie... စိတ်ဆိုးသွားတာလား!
ကိုယ်တောင်းပန်ပါတယ်.. ကို်ယ့်ကို
စိတ်မဆိုးပါနဲ့ ကို်ယ် မအောင့်နိုင်လွန်းလို့ပြောလိုက်မိတာပါ... "
"Jay Hyung....."
"ကျွန်တော်...ခဏလောက်
အိပ်လိုက်ဦးမယ်.."
"Sorry ပါ Kookie ကို်ယ့်ကြောင့်
အနှောင့်အယှက်ဖြစ်သွားရင်
ကိုယ်တကယ်တောင်းပန်ပါတယ်...."
Jay hyung မျက်နှာလေးညိုးသွားသည်
Jungkook လဲ စိတ်မကောင်းသလို ခံစားရသည်
တကယ်ဆို Jay Hyung က
ဆေးရုံ တက်တာတောင်
လာမကြည့် Reply လေးတောင်
မပြန်တဲ့ သူကြီး
ထက်စာရင် Jay Hyung က
သူ့အပေါ်ကောင်းပေးပါတယ်
ဂရုလဲစိုက်ပေးတယ် အလိုလိုက်တယ်
ဒါပေမဲ့
Jungkook နှလုံးသားရဲ့
တစ်ဦးတည်းသော
အရှင်သခင်က
Kim TaeHyung ဆိုတဲ့
လူကြီးပင်
အလိုက်တသိနဲ့ အပြင်ပြန်ထွက်သွားတဲ့JayHyung
ကို ကြည့်ပြီး အားနာမိသည်...
နှလုံးသားတစ်ခုလုံးက
ထိုလူ့အတွက်သာ
ဖြစ်သည်မို့ Sorry ပါ Jay Hyung
တစ်နေ့ ကျွန်တော့်ထက်သာတဲ့လူနဲ့ တွေ့မှာပါ....
မင်းကိုစတွေ့တဲ့နေ့ထဲက
မင်းရဲ့ အပြစ်ကင်းစင်နေတဲ့ မျက်လုံးတွေ
အမူအရာတွေက မေ့လို့မရအောင်
ဆွဲဆောင်ခဲ့တယ် ...
အဲ့နေ့ထဲက စပြီး
မင်းကို နေ့တိုင်း အဲ့ Bar မှာ
လိုက်ရှာမိသေးတယ်
ဘယ်လိုမှရှာမတွေ့ခဲ့ဘူး..
ကံမကုန်ရင် ပြန်ဆုံကြမယ် ဆိုတဲ့
စိတ်နဲ့ ကိုယ်နေခဲ့တယ်..
မင်းကို ခုလို လူနာ ပုံစံမျိုးနဲ့တွေ့ရဖို့
မမျှော်လင့်ပါဘူး
ဒါပေမဲ့ မင်းကိုတွေ့တွေ့ချင်း
ကိုယ်အရမ်းဝမ်းသာသွားတယ်...
မင်းအပြုံးက ကိုယ်တစ်နေကုန်ပင်ပန်း
ထားသမျှ အကုန်ပျောက်အောင်
ကုပေးနိုင်စွမ်းရှိတယ်...
မင်းကိုနေ့တိုင်း မြင်နေရတော့
တစ်နေ့ထက် တစ်နေ့ ပိုပို ချစ်လာတယ်
ဒါကြောင့် ဖွင့်ပြောမိတာပါ
မင်းပြန်မချစ်ရင်တောင်
ကိုယ်မင်းအတွက်
အရာရာပေးဆပ်ဖို့အသင့်ဖြစ်နေပြီးသား
မင်းဆီက ဘာမှ မမျှော်လင့်ပါဘူး kookie
မင်းအနားမှာ ရှိနေရရင် ဘယ်လို
ဒုက္ခဆင်းရဲဖြစ်ပါစေ ရပ်တည်ဖို့
ကိုယ်အသင့်ရှိပါတယ်
×××××××××××××××××××××××××××××
Taehyung သည်
Jungkook ပို့ထားတဲ့ message
လေးကို ဖွင့်ကြည့်မိသည်
"Hyung!အလုပ်များနေတာလား?"
Jungkook ဆီမသွားဖြစ်
သူအရမ်းတွေ့ချင်နေသည်
ညတိုင်းလဲ
Hope ကို ဖုန်းဆက်ပြီး သတင်းမေးရတာ
အမော
Jungkook သူ့ကို မျှော်နေပြီ
"Tae!! "
Coffee ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ
ထိုင်နေတဲ့ Taehyung ရဲ့ ပခုံးပေါ်သို့ သူ့ရဲ့
သွယ်လျလှပနေတဲ့ လက်ချောင်းလေးတွေနဲ့ ဆုပ်ကိုင်လာသည်
"....."
Yuujin ကိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် ထောင်းကနဲထွက်သွားသော ဒေါသ Taehyung စိတ်ထဲတွင်တော့ သူမကို
ထိုးကြိတ်ပြီး အမုှန့်ကြိတ်ပစ်ချင်နေပြီ
Taehyung နဲ့မကြာခင် လက်ထပ်တော့မယ့်
ဇနီးလောင်း Seung Yuujin က
Taehyung အရှေ့က ခုံတွင်ဝင်ထိုင်လျက်
Taehyung ဘာစကားမှ ပြန်မပြောဘဲ စူးစူရဲရဲကြည့်နေသည်မို့
Yuujin က ဟက်ကနဲရယ်သည်
"Tae... နဲနဲပါးပါးလေးတော့ပြုံးစမ်းပါဦးကွာ
Wedding လဲ နီးလာပြီ သတို့သားက
ပျော်မနေဘူးလို့ Media မှာ သတင်းထွက်သွားဦးမယ်"
"ခင်များ သိပ်ကိုပျော်နေတယ်မှတ်လား
ကျွန်တော့်ကို အရှုးလုပ်ရလို့
သိပ်ပျော်နေတယ်မှတ်လား"
Taehyung သည် အံကြိတ်ကာ
လက်သီးကို စားပွဲပေါ်မှာတင်လျက်
ကျစ်ကျစ်ပါအောင်စုပ်ထားသည်
"ဘယ်လိုပြောလိုက်တာလဲ Tae..??"
ကိုယ်ဝန်ပျက်ကျလို့ ဆေးရုံသွားထားတဲ့
ဆေးမှတ်တမ်းတွေ ကို Yuujin ကို ပြသည်
Yuujin သည် ဆောက်တည်ရာမရဖြစ်ကာ
"Noona ညာခဲ့တာမှမဟုတ်ဘဲ
အရှိကို အရှိအတိုင်းပြောခဲ့တာလေ
ကလေးကိုNoonaဖျက်ချတာမှ
မဟုတ်တာ သူ့အလိုလိုပျက်ကျသွားတာ
Tae အမြင်မှာ Noona ပျော်နေတယ်လို့မြင်နေတာလား ဒီလိုကိစ္စလေးနဲ့တော့ ပွဲ အပျက်မခံဘူးနော် Tae... "
"ထွီ ... ရွံလိုက်တာ
ခင်များတငိုငိုတရီရီ ပြောတုန်းက
ဗိုက်ထဲက ကလေးကို
သနားလို့ ပြန်လက်ခံခဲ့တာ မှန်တယ်
ခုက ကလေး ပျက်ကျသွားတာ
စေ့စပ်ပြီးထဲကဆို..
ခင်များ အရှက်သိက္ခာအတွက်
ကျုပ်ကို cover
လုပ်လို့ရမယ်ထင်နေတာလား...."
မှန်သည် အရင်က Yuujin
Taehyung ကို ကစားခဲ့ဖူးသည်
ကျောင်းသူ ဘဝတုန်းက
လိုချင်တာတွေကို
မဖြည့်စည်းပေးနိုင်တဲ့
အဆင့်အတန်းချင်း
မတူတဲ့ကောင်လေး
သူနဲ့မတန်ဘူးဟု
သတ်မှတ်ခဲ့ဖူးသည်
ကျောင်းပြီးလို့
မော်ဒယ် တက်ခါစ ဖြစ်တုန်းက
ဒါရိုက်တာတစ်ယောက်နဲ့ ညှိပြီး
ကို်ယ်ဝန်ရသည်အထိ ကျူးလွန်ဖူးသည်
သူ့ကို လက်ထပ်ပါလို့ တောင်းဆိုကာမှ
အဲ့ ဒါရိုက်တာမှာ မိန်းမရှိနေမှန်း
သူနောက်မှသိခဲ့ရသည်...
မယားငယ် အဖြစ်လဲ နာမည်
အထွက်မခံနိုင်..
သူ့Appa သ်ိရင်လဲ...
သူ့ကို အိမ်ပေါ်က နှင်ချပြီး
အမွေပျက် စွန့်လွှတ်မှ
ဒီသတင်းတွေ လူတိုင်းပါးစပ်ဖျားမှာ
ပွထကာ
အပုတ်ချလို့ကောင်းတဲ့
အရသာတွေ့သွားလိမ့်မည်...
တစ်သတ်လုံး ဘုရင်မလို
နေလာခဲ့ပြီးမှ သူ့တစ်ဘဝလုံး
စုတ်ပြတ်သတ်သွားမှာမျိုး အဖြစ်မခံ..
မော်ဒယ်လဲဖြစ်တာကြောင့်
ကိုယ်ဝန်ရင့်လာရင်လဲ...သတင်းတွေက
ဖွရင်း ဖွရင်း...ဒီကိစ္စတွေ
အကုန်ပေါ်သွားလိမ့်မည်..
သတင်းတွေ မပေါက်ကြားအောင်
သူနည်းမျိုးစုံ ကြံရာမှ
Taehyung သည် သူ့အတွက်
တစ်ခုတည်းသော လွတ်လမ်းပင်
Yuujin က တည်ငြိမ်စွာပင်
"Tae အတွေးမမှားနဲ့နော် ...
Noona Appa အကြောင်း
Tae လဲသိရဲ့သားနဲ့
Tae အကိုတွေကို..."
Taehyung အသက်မဲ့စွာ ရယ်သည်
မျက်ခုံးတစ်ဖက် အပေါ်ပင့်တင်လျက်
"Noona တန်ပြန်ကလှည့်စား ဆိုတာ
ရှိသင့်တယ် မထင်ဘူးလား ဟမ်
ရုပ်ကလေးလှသလောက် Noonaက
တော်တော် အကြံပက်စက်တာဘဲ
Hyung တွေကို ခင်များ အဖေ
သွားသောင်းကျန်းတာ ကျွန်တော်မသိဘူး
ထင်နေတာလား
ကျုပ်တို့က ခင်များအဖေ ကိုကြောက်နေရမှာလား ..."
Taehyung နဲ့ရခဲ့တဲ့ ကိုယ်ဝန်မှန်း
Yuujin Appa သိသိချင်း
Taehyung ရဲ့ အစ်ကိုတွေဆိုင်ကို
သွားဖျက်ဆီးခဲ့တာပင်...
အဲ့တုန်းကဆို...ဘယ်သူတွေ
ဖျက်ဆီးသွားမှန်းသူတို့မသိခဲ့
ဆိုင်ပြန်မဖွင့်နိုင်ဘဲ...
လုံးဝပိတ်ထားရတဲ့အထိ..
ဆိုင်ပြန်ဖွင့်ဖို့ ချေးငှားပေးမဲ့သူလဲမရှိ...
Hyungတွေ မနက်ကနေညအထိ
နဖူးကချွေး ခြေမထိ ကျအောင်
ပင်ပင်ပန်းပန်း
နေ့မနားညမနား
အချိန်ပိုင်းအလုပ်လေးတွေလုပ်ပြီး
အပိုတွေမသုံး မစားမသောက်ဘဲ
ကျစ်ကုပ်စုထားရာမှ..
အခုလို ဆိုင်ပြန်ဖွင့်နိုင်ခဲ့သည်
Taehyung
Euphoria Company ကို
ပြောင်းချိန်...ရာထူးကြောင့်
လခတွေ Bonus တွေနဲ့လဲ
ဆိုင်လေးကို
တော်တော်ကြီးကြီး ချဲ့ဖွင့်နိုင်ခဲ့သည်
ဒါတွေအကုန်လုံး
Seung Yuujin ကြောင့်သာ...
"ခုနလေးတင် Noona Appaကို
အဲ့ကိုယ်ဝန်က
ဘယ်သူနဲ့ကိုယ်ဝန်ဆိုတာရယ်
အဲ့လူက ဘယ်လိုလူမျိုးလဲ ဆိုတာအထိ
ဖြစ်ကြောင်းကုန်စင်
ပြောပြပြီး ပြန်လာတာ
ဟက်ဟက်
ခုချိန်လောက်ဆို သွေးတက်ပြီး
အိပ်ယာထဲ
ပက်လက် လဲနေလောက်ပြီ..
ခုခင်များကြောက်ရမဲ့
အလှည့်ထင်တယ်နော်"
"ဘာာာ!!!! KIM TAEHYUNGGG နင် နင် !!"
Yuujin ဒေါသသည် ငယ်ထိပ်ထိ
တက်လျက်
သူပိပိရိရိ ဖုံးခဲ့တဲ့ ကိစ္စ
အကုန်ပေါ်သွားခဲ့သည်
" အကောင််တိုင်းနဲ့ဖြစ်ချင်ရာဖြစ်ပြီး
ဗိုက်တစ်လုံးထွက်မှ လက်ခံရအောင် နွားမဟုတ်ဘူး
အဲ့ဒါကြောင့် အခြေအမြစ်မရှိတဲ့
အောက်တန်းစားအဆင့်ခြိမ်းခြောက်မှုမျိုးနဲ့ တော့ လာမလုပ်ပါနဲ့
အိမ်တော့ပြန်ရဲပါတယ်နော်
ခင်များအဖေတော့
ခုချိန်ခင်များကို
မြေလှန်ပြီးရှာနေလောက်ပြီ
Wedding ပွဲ
ဖျက်ခတွေအကုန် လျော်ပေးမှာမို့
အဲ့အတွက် စိတ်မပူပါနဲ့..."
Yuujin က ဘာစကားမှတောင်ပြန်မပြောနိုင်
ဒေါသကြောင့်မျက်ရည်တွေစို့နင့်လျက်
"Tae!!! Noona တောင်းပန်ပါတယ်
Noona မှားသွားပါတယ် Tae ကို
Noona တကယ်ချစ်တာ ပါ Tae .... နော် မသွားပါနဲ့နော် Tae နော် "
"ချစ်တယ် ဟုတ်လား ???အရင်တုန်း
ကျွန်တော့ကို သစ္စာဖောက်သွားတယ်
အရူးတစ်ပိုင်းဖြစ်ပြီး
တောင်းပန်ခဲ့တုန်းက Noona ဘာပြောခဲ့လဲ
အဆင့်အတန်းခြင်းကွာလို့တဲ့လား?? "
Taehyung သည် တည်ငြိမ်စွာဖြင့်
အရှေ့မှာ အသင့်ရှိနေတဲ့ Coffee ကို
အာစွတ်ရုံသောက်လိုက်သည်
"Noona.... Tae ကို တကယ်ချစ်လို့ ခုလို ကိစ္စကိုတောင် ဖုံးပြီး
Tae နဲ့ လက်ထပ်ဖို့ အထိ
ရည်ရွယ်လိုက်တာ
Tae.. Tae ..Noona
အချစ်ကို မယုံတာလား...
Noona အခုပြောနေတာတွေက
အမှန်တွေပါ Tae..."
မျက်ရည်တွေရွဲကာ Taehyung ရဲ့
လက်နှစ်ဖက်ကို တင်းကျပ်စွာ စုပ်ကိုင်ထားသည်
"Noona တစ်ချက်တောင်လှည့်
ကြည့်ခဲ့ဖူးလို့လား
Noonaဘယ်တုန်းကများချစ်တက်ခဲ့ဖူးလို့လဲ
ငါချစ်တယ်လို့ တစ်ခွန်းပြောလိုက်ရင်KimTaehyungဆိုတဲ့ကောင်
ပြန်အရည်ပျော်သွားမယ်ဆိုတဲ့အထင်နဲ့လား"
Seung Yuujin သည် ခေါင်းတွင်တွင်ခါလျက်
" မဟုတ်ပါဘူး TAE ..Tae ထင်နေသလို မဟုတ်ပါဘူး Noona ကို ယုံပေးပါ
Noona တကယ် တောင်းပန်ပါတယ် Tae
အဲ့လို မလုပ်ပါနဲ့နော် နော် "
ဒူးထောက်မတက်တောင်းပန်နေတ့ဲ
Yuujin
Taehyung သည် သူ့လက်တွေကို ကိုင်ထားတဲ့
Yuujin လက်တွေကို ညင်ညင်သာသာ ဖယ်ရှားကာ
"Noonaတောင်းပန်နေလဲ ... အပိုဘဲ
နောက်ခုလို ထပ်တွေ့စရာကိစ္စမရှိချင်ဘူး
သွားခွင့်ပြုပါဦး!"
Taehyung မတ်တပ်ရပ်ရပ်ချင်း
"Jeon...Jung....kook "
သူမ ပါးစပ်က နေ Jungkook နာမည်ထွက်လာစရာ ဘာကြောင်းမှမရှိ
"Taeကိုတော်တော် ချစ်ပုံဘဲနော် စောင့်
ကြည့်ကြသေးတာပေါ့ Noona ထက် ဘယ်သူက ပိုရွံွစရာကောင်းတဲ့လူဖြစ်မလဲဆိုတာ"
Taehyung လှည့်မကြည့်ပါဘဲ နှင့်
သူမကို ကျောခိုင်းပြီးထွက်လာခဲ့သည်
ဆိုင်ထဲက ထွက်ထွက်လာချင်း
သူဆေးရုံကို အမြန်ရောက်အောင်သွားရမည်
သူခေါင်းခဲနေရတဲ့ကိစ္စတစ်ခု မရှိတော့သည်မို့
ရင်ထဲ အလုံးကြီးကျသွားတော့သည်
ဒါပေမဲ့ Seung Yuujin ဆီကနေ
Jungkook နာမည် ထွက်လာသည်မို့
စိတ်ထဲ ဘဝင် မကျခဲ့ပြန်ဘူး
××××××××××××××××××××××××××
Yoongi Hyung က Jimin ကို
ပြန်လာခေါ်နေသည်
Jimin ဆိုတဲ့ကောင် ပုသလောက် တော်တာ် အရစ်ရှည်တယ်
ရန်ဖြစ်ပြီးနေနိုင်တာလဲမဟုတ်ဘူး
ငါသူ့ကိုအဲ့လိုမပြောခဲ့သင့်ဘူး ဆိုပြီး တငိုငိုတရီရီ ဖြစ်နေပြီးတော့
"ခင်များကို မတွေ့ချင်ဘူး ... ဒီမှာဘဲ ညအိပ်မှာ
ပြန်လာချင်မှ ပြန်လာမယ် ပြန်တော့အဘိုးကြီး"
" ဟာ....ကလေးကလဲ ကို်ကိုလဲ စိတ်ရှုပ်နေလို့
အဲ့တုန်းကအော်မိသွားတာပါ တောင်းပန်ပါတယ်နော် ကို်ကို ကလေးမရှိရင် မနေတက်ဘူးဆိုတာသိရဲ့နဲ့"
Jungkook မှာတော့ ကုတင်ပေါ်ကနေ သူတို့ကို Drama ကြည့်သလို စိတ်ဝင်တစား ပြူးတူးေကြာင်တောင်န့ဲ ကြည့်နေမိသည်
Jungkook ဆေးရုံအခန်းရဲ့ တံခါးအပြင်က Yoongi Hyung နဲ့အတွင်းထဲက စကားပြောနေတာ Jimin
တံခါးကို Yoongi hyung ဖွင့်မရအောင်
Jimin က အတင်းဆွဲထားသည်
Yoongi hyung ကလဲ ဟိုဘက်ကနေ
အတင်းတွန်းဖွင့်နေသည်
"ကလေး... ကိုကို တကယ် တောင်းပန်နေတာနော်.. ကလေးစိတ်ကောက်ပြေတဲ့အထိ ဒီမှာဘဲရပ်နေမဲ့လူမဟုတ်ဘူးနော်
Jungkook ကိုအားမနာဘူးလား နေမကောင်းတဲ့လူကိုပါ စိတ်ဒုက္ခပေးမိနေဦးမယ်
မချစ်တော့ဘူးလား ကို့ကို
တကယ်ခွဲနေနိုင်တယ်ပေါ့ ကလေးပြောတော့ ကိုကို နဲ့ ဘဲ တစ်သတ်လုံးတူတူနေမယ်ဆို
ထားခဲ့မှ ကိုယ့်အဆိုးမဆိုးနဲ့နော် "
အဲ့အခါကျမှ Jiminဘက်မှ အားဖျော့လိုက်သည်
Yoongi hyung ကတံခါးကို ဆွဲဖွင့်ကာ
Jimin ကိုရင်ခွင်ထဲ ဆွဲသိမ်းလျက်
"ခင်များမနေနိုင်တာ ကျတော့ ခင်များသိတယ်
ကိုယ့်အတွက်ဘဲ အမြဲတမ်းကြည့်တယ်
ကျွန်တော်လဲ မနေနိုင်ဘူးဆိုတာ မသိဘူးလား
မုန်းတယ် မုန်းတယ် "
Jiminက မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာကာ ငိုသံပါကြီးနဲ့ Yoongi hyung ကိုထုနေသေးသည်
"ကလေး... မငိုနဲ့ကွာ ဘာမှမဟုတ်တာလေးနဲ့
ကလေးငိုတာ မမြင်ချင်ဘူး ငိုအောင်လုပ်တဲ့သူကိုလဲ မုန်းတယ် ကလေးကိုငိုအောင်လုပ်မိလို့ ကိုယ့်ကိုယ်ကို လဲ မုန်းလိုက်တော့မယ်"
"သွားပါ... ခင်များကြီးကြောင့်ဘဲ
ငိုနေရတဲ့ဟာကြီးကို အပိုတွေပြောနေပြန်ပြီ"
"ဟာ...ကလေးနော် ကိုယ်ကဘယ်မှာငိုအောင်လုပ်လို့လဲ ကိုယ့်ဘာသာ ကို်ယ် ငိုပြီးတော့"
"ဘာပြောတယ်....."
Jungkook ကြည့်နေရင်းနဲ့ စိတ်မရှည်တော့
"Yoongi Hyung သူ့ကို မြန်မြန်ခေါ်သွားပါတော့ ကျွန်တော်ခုထိမအိပ်ရသေးဘူး Hyung ကို အဲ့လိုမပြောခဲ့သင့်ဘူး ဆိုပြီး
ခဏခဏအော်ငိုနေလို့ "
"Jeon JungKook!!!!!"
Jimin က အံကြိ်တ်လျက်
"ဟုတ်ပြီ ဟုတ်ပြီ ခဏနေ Hope လာမှာမှတ်လား Hyung တို့သွားတော့မယ်နော် တစ်ယောက်တည်း နေလို့ဖြစ်တယ်မှတ်လား?"
" ဖြစ်ပါတယ်...သူ့ကိုသာ မြန်မြန်ခေါ်
သွားပါတော့ "
"မင်း... မနက်ဖြန်ကျမှ ငါနဲ့တွေ့မယ်!"
မျက်စောင်းထိုးကြိမ်းဝါးသွားသေးသည်
သူတို့၂ယောက်ထွက်သွားပြီးတော့
ခဏမှေးနေလိုက်သည်
Hope ရောက်ရင်တော့ဆေးသောက်ဖို့
နိုးမှာဘဲ ဟုတဲ့စိတ်နဲ့အိပ်လိုက်တာ...
တော်တော်ကြာတဲ့အထိ
Hope ရောက်မလာသေး
တံခါးဖွင့်သံကြားတော့
Jungkook နားစွင့်မိသည်..
မျက်လုံးတော့ဖွင့်မကြည့်မိ
ခြေသံကိုခပ်ဖွဖွလေး
လျှောက်လာနေတာက အစ
Jungkook ကြားနေရသည်
Jungkook နားကို
လမ်းလျျှောက်လာသည်
အနားမှာ လာရပ်နေတာနဲ့အမျှ
Jungkook နှာခေါင်းထဲကို ဝင်လာတဲ့
ရေမွှေးနံ့ကြောင့်...
အတိုင်းမသိ ဝမ်းသာလွန်းလို့
မျက်လုံးဖွင့်ကြည့်မိသည်..
ဖွင့်ဖွင့်ချင်းပင် တွေ့လိုက်ရတာက
အရမ်းကိုနီးကပ်လွန်းနေတဲ့
Taehyung ရဲ့မျက်နှာ
ဆေးရုံမှာ မေ့ဆေးပြယ်လို့
သတိရရခြင်း အဲ့လိုတွေ့ခဲ့ရမှာ
အကြာကြီးပစ်ထားပြီးမှ အခုမှ ပေါ်လာတယ်
"Hyung !!!"
အသံတို့သည် တုန်ယင်နေကြပြီ
"Wae????Hyung ကို
အရမ်းလွမ်းနေတာမှတ်လား"
Taehyung ပြောလိုက်တဲ့စကားသည်
Jungkook ကို်ယ့်နားကို်ယ်တောင်
မယုံနိုင်ဖြစ်ရသည်
မျက်နှာချင်းနီးကပ်နေ၍
Taehyung နဲ့မျက်လုံးချင်းမဆုံရဲလို့
မျက်ခုံးနှစ်ခုကြားကိုသာ ကြည့်မိသည်
"ကို်ယ်ကတော့ မင်းကိုအရမ်းတွေ့ချင်နေတာ"
"Hyung မူးနေတာလား? "
ကတုန်ကယင်အသံနဲ့မေးနေသော Jungkook
Hyung ရယ် ဘာတွေဖြစ်လာတာလဲ
မျက်နှာတွေလဲ ပူနေပြီ နှလုံးတွေလဲ
အပြင်ပြုတ်ထွက်ကျလာတော့မယ်
Taehyung က နှာမှုတ်သံထွက်ရုံမျှသာ
ရယ်သည်
"မူးနေမှ Hyung က အဲ့လိုပြောရမှာလား မမူးလဲ..... ပြောလို့မရဘူးလား"
Taehyung ကို Jungkook
တအံ့တသြ ကြည့်နေမိသည်
ဘာအဓိပ္ပာယ်နဲ့ ထိုစကားကို ပြောတာလဲလို့
Taehyug မျက်ဝန်းတွေကိုကြည့်ရင်း Jungkook အဖြေရှာနေသည်
သူ့စကားတွေသာ အမှန်ဆိုရင်
လက်ထပ်စာချုပ် သွားဝယ်ပြီး
ချက်ချင်းတရားရုံးထပြေးပစ်လိုက်ချင်မိသည်
အဖြေရှာနေတုန်း
မျက်လုံးချင်းဆုံသွားတဲ့ တစ်ခဏမှာ
Taehyung ဘက်ကနေ Jungkook
ရဲ့မြေပဲရောင်သန်းနေတဲ့
နှုတ်ခမ်းဖူးဖူးလေးကို
စတင်နမ်းရှိုက်လာသည်
Jungkook သည် မျက်လုံးအတင်းအကန်
မှိိတ်လျက် Taehyung မူးလာလို့
သူ့ကိုနမ်းသည်ဟုထင်နေတုန်း ပင်
Taehyung နှုတ်ခမ်းတွေဆီမှ
ကော်ဖီ အရသာက
သူ့ခံတွင်းထဲသို့ ရောက်လာသည်
"Jungkook ရေ...ဆေးသောက်ရအောင်!!"
အခန်းထဲမဝင်ခင်ထဲက ကြားလိုက်တဲ့ Hope အသံကြောင့် လန့်ဖြန့်ပြီး
Taehyung ကို အားပြင်းပြင်းနဲ့
တွန်းလိုက်မိသည်
Hope ဝင်လာတော့ Jungkook က
တစ်ကိုယ်လုံး စောင်ခြုံလျက်
Taehyung က ကြမ်းပြင်မှာ
ဖင်ထိုင်လျက်လဲကျလျက်
"Taehyung ... မင်းရောက်နေတာလား
ဘာလုပ်နေတာလဲအောက်မှာ "
" အေး ငါပြုတ်ကျသွားတာ ..
မင်းလာတာစောလှချည်လား"
"မစောပါဘူး..ငါလာတာ နောက်ကျနေတာ
အလုပ်တွေရှုပ်နေတာနဲ့ ခဏပြန်ထွက်လာတာ
ခါတိုင်းပိုစောတယ်
Jungkook က အိပ်ပျော်သွားတာလား "
Taehyung ကတစ်ကိုယ်လုံးခြုံထားတဲ့ Jungkook ကိုကြည့်ပြီး
ပြုံးစိစိဖြစ်ကာ
"omm.. ငါလာထဲက အိပ်ပျော်နေတာ"
"မင်းရောက်လာတာ အတော်ဘဲ
မဟုတ်ရင်တောင်... ငါမင်းကို ဖုန်းဆက်တော့မလို့ ငါဆေးတိုက်ပြီး ပြန်မယ်
မင်းကိုလာစောင့်ခိုင်းမလို့ "
"ဘာလဲ .. မင်းက အခုပြန်တော့မှာလား"
စောင်ထဲက Jungkook ကတော့ Hope ကို မသွားပါနဲ့လို့ ဆုတောင်းနေသည်
သူနဲ့ Taehyung နဲ့ ၂ယောက်ထဲကျန်ခဲ့လျျှင်
သူနှလုံးရောဂါရနိုင်သည်
အခုတောင်မျက်နှာကို
မီးပူကပ်ထားသလို
ပူလောင်နေပြီ နှလုံးခုန်သံတွေလဲ
ကျယ်လွန်းလို့ ပုံမှန်ဆို
ကိုယ့်နှလုံးခုန်သံတွေကိုမကြားရ
အခုက တဒိတ် ဒိတ် ဒိတ်နဲ့
အကျယ်ကြီးကို မြည်နေသည်
"အိိုကေ အိုကေ.... နောက်နေ့တွေ ငါဘဲ
စောင့်လိုက်တော့မယ် မင်းတို့လဲ ပင်ပန်းနေရောပေါ့"
"အေးပါ...ငါလဲ အားရင်လာခဲ့ဦးမှာပါ ဆေးရုံဆင်းရင်လဲ ဖုန်းလှမ်းဆက်လိုက်ဦး ခုတော့တော်တော်လေး အလျင်လိုနေလို့
နောက်မှတွေ့မယ် သွားပြီ သွားပြီ "
Hope ရဲ့အသံက တံခါးပိတ်ပြီးတဲ့နောက်မှာတင် ပျောက်ကွယ်သွားပြီ
အသံပျောက်သွားတာနဲ့ Taehyung ရဲ့
ခြေသံသည် Jungkook နားမှာတင်
ရပ်သွားသည်
Jungkook တစ်ကိုယ်လုံးပူထူနေသည်
စောင်လဲဖွင့်မကြည့်ရဲတာမို့
ဒီအတိုင်းလေး ငြိမ်နေရာမှ
ဆေးအရှိန်နဲ့အိပ်ပျော်သွားခဲ့သည်
Taehyung မှာတော့ ထိုညက တစ်ညလုံး
အိပ်မပျော်ခဲ့ပါ
သူရဲ့ နောက်ကြောင်းအေးအေးလူလူ
ဖြစ်သွားသောကြောင့် Jungkook ကို
သူဖွင့်ပြောမှ ဖြစ်တော့မည်
တစ်နေ့လေး မတွေ့ရရင်တောင်
လွမ်းနာကျပြီး သေသွားနိုင်သည်
စေ့စပ်ထားတဲ့မိန်းကလေးရှိရက်သားနဲ့
Jungkook နဲ့တွဲသည်
ဆိုပြီး သတင်းမထွက်စေချင်
Jungkook ကိုပါ
ထိခိုက်ကုန်လိမ့်မည်
သူငယ်ချင်းတစ်ယောက်ဆီမှ တဆင့်
YuuJin ကို်ယ်ဝန်ပျက်ကျလို့ ဆေးရုံမှာတွေ့လိုက်ကြောင်း ပြောလို့
အပြေးအလွှား စုံစမ်းခဲ့ရာမှ
အရူးလုပ်ခံရကြောင်းသိခဲ့ရသည်
နောက်ဆုံးတော့ အဆုံးသတ်နိုင်ခဲ့သည်
သူ Jungkook ကို ဘယ်လောက်ထိ
ချစ်မြတ်နိုးကြောင်း ညလုံးပေါက်
တစ်ဝ ကြီးပြောချင်မိသည်
Jungkookနေမကောင်းသေးလို့
သူ့အသဲယားပြီး ဖြစ်ညှစ်ချင်စိတ်
ကို တွန့်လိမ်ကောက်ကွေးနေအောင်
ထိန်းချုပ်ထားရသည်
တစ်ကိုယ်လုံးလုံနေအောင်ခြုံထားတဲ့
စောင်ကို ဆွဲဖယ််မိလိုက်သည်
စောင်ဖယ်လိုက်တာနဲ့တစ်ပြိုင်နက်
Jungkook ရဲ့ ချောင်ကျသွားတဲ့မျက်နှာလေး
သူတမေ့တမော ထိုင်ကြည့်မိသည်
အိပ်ချင်စိတ်ပေါ်လာတာနဲ့
ကုတင်က အရမ်းမကျယ်
သို့သော်လဲ
Jungkook နားကို တိုးတက်ကာ နေရာယူလိုက်သည်
သူ့လက်ကို Jungkook ခေါင်းအောက်
လျှိသွင်းလျက် သူ့မျက်နှာလေးကို
ငုံ့ကြည့်မိသည်
မျက်စိထိ ဖုံးလုနီးနီးဖြစ်နေတဲ့
ဆံပင်တွေကိုဘေးသို့
သက်တင်ပေးလိုက်သည်
အသဲယားလွန်း၍ Jungkook ရဲ့
နဖူးကို ငုံ့နမ်းမိသည်
Jungkook ရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ
ထည့်လျက် ပြုတ်ကျသွားမှာ
ဆိုးသည်ကတမျိုး
ဗိုက်က အနာထိမှာလဲ ဆိုးသည်
မလုပ်မရှုပ်လေး သူ့ဘေးနားမှာ
မှေးကနဲ အိပ်ပျော်သွားသည်
×××××××××××××××××××××××××××××
Thanks For reading... love ya
31 October 2018
Happy Halloween Army !!!