17

နေ့လယ်ခင်း ထမင်းစားချိန် ညောင်ပင်ရိပ်အောက်တွင် အဂ်လိပ်မေဂျာက လုပ်ပေးထားသော စားပွဲဝိုင်းလေး ။ ကျောင်းမျက်နှာရှေ့ဘက်ရှိ မြေကက်လပ်တွင် ဘာသာစကား ဥယျာဥ်ငယ်လေး ရှိသည်လေ ။ အဂ်စာမေဂျာက ေညာင်ပင်ရိပ်အောက်ကနေရာရပြီး ရှိတ်စပီးယား ရုပ်ထုသေး နှင့် သက်တံ့တံတားကို လုပ်ထားသည် ။ ေညာင်ပင်တွင်လည်း motivation message လေးတွေ ချိတ်ဆွဲထားသည် ။


ဆံပင်ညှပ်ပြီးကတည်းက ပိုင်ရှင် သူ့ကို အရိပ်ပင် အပျောက်မခံဖြစ်နေသည် ။ ဘာသွားသွား မျက်စိဒေါက်ထောက် ကြည့်နေတတ်သည် ။ ဘာလုပ်လုပ် မေးနေတတ်သည်လေ ။ ကျောင်းမှာလည်း သူ့နားသာ ပိုကပ်နေသည် ။ ကိုနွားကြီးလာတာတောင် သူ့ကို စိတ်မချသည့်ပုံနှင့် ပြောဆိုတတ်သေးသည် ။ ဆံပင်ညှပ်လိုက်လို့ ကံများ ပြောင်းသွားသလား ။ ခုလည်း အိမ်က ဖုန်းဆက်လာသည်ကို လှမ်း စပ်စုနေပြန်သည် ။


" ဟုတ်.........အမေရော အဖေရောလား...... အာ.....သမီး ဒီတစ်ခါ ကျောင်းပိတ်ရင် ခဏ ပြန်ခဲ့မလို့ပဲ........အွန်.....သူ စာမေးပွဲဖြေပြီးမှပဲ အေးဆေးလာခဲ့ကြတော့လေ.....စာလား....လိုက်နိုင်ပါတယ်..... ဒါဆို...ဒါပဲနော် ''


အမေက လိုတထံ ဖုန်းဆက်လာသည် ။ မောင်လေးကို မျက်စိကုဖို့ ထီးဆောင်းကို သွားမယ်ဟု ပြောသည် ။ သူငယ်အိမ်စောင်းချင်သလိုဖြစ်နေသောကြောင့် မျက်စိအထူးကုထံ ပြဖို့ ဆရာဝန်က ညွှန်ကြားခဲ့သောကြောင့်ပင် ။ လိုတ အိမ်ကို ဖုန်းဆက်ချိန် တစ်ချိန်တည်းရှိသည် ။ ပိုက်ဆံကုန်တဲ့အချိန်ပေါ့ ။ အာလာပ သလာပ မပြောချင်သည်မှာ သူ့မိသားစုကိုပင် ဖုန်းမဆက်သည်အထိ ။ အိမ်မပြန်ဖြစ်တာလည်း တစ်နှစ်ကျော် ရှိပြီဖြစ်သည် ။ အမေတို့တောင် သူဖုန်းဆက်ရင် ပိုက်ဆံလိုပြီဖြစ်ကြောင်းပင် သိနေလေပြီ ။


အိမ်ကလူတွေလည်း သူ့မျက်နှာ ဘယ်လိုဘယ်ပုံရှိနေမလဲ ဆိုပြီး ပြန်လာဖို့ ခေါ်သည် ။ သင်တန်းတက်စရာရှိသေးတယ်ဆိုပြီးပင် မန္တလေးမှာသာ နေဖြစ်သည် ။ သူ အိမ်ပြန်ရမှာ မျက်နှာပူသည် ။ အိမ်မှာနေတုန်းက ဆံပင်ကို စည်းထားလို့ရတဲ့ထိ ထားခဲ့သည် ။ မနက်တိုင်း သနပ်ခါးလိမ်းရသည် ။ လိုတ ခေါင်းလျှော်ရမှာ ပျင်းသလို ၊ သနပ်ခါးသွေးရမည်ကိုလည်း ပျင်းသည်လေ ။ မပြန်ဖြစ်သည့်အကြောင်းများက သူ့စိတ်သူ မလုံ၍ပင် ။


" ဘာပြောတာလဲ ''


" အမေတို့ state ကျောင်းပိတ်ရင် မန္တလေးဘက် ဆင်းလာခဲ့မယ်တဲ့ ။ မောင်လေး မျက်စိကုရင်းနဲ့ ''


" အေးလေ နင်မပြန်တာလဲ ဘယ်နှနှစ်ရှိပြီလဲ ။ သူတို့သမီးမျက်နှာလေး မြင်ချင်နေရှာမှာပေါ့ ''


"မပြန်ချင်ဘူးကွာ ။ ''


မပြန်ချင်တာထက် မပြန်ရဲ ဖြစ်နေတာ လိုတသာ သိမည် ။


" ညနေဆို နင် ဘယ်ထွက်ထွက်သွားတာလဲ ''


ပိုင်ရှင် သူ့ရည်းစားနဲ့ ပါပါသွားတုန်း လိုတလည်း အခန်းထဲ မနေဖြစ် ။
ပိုင်ရှင်၏ စကားလမ်းကြောင်းသည် ရုတ်တရက်ကွေ့ချလိုက်သော ဆိုင်ကယ်လိုပင် လမ်းကြောင်းပြောင်းသွားသည် ။


" ကျုံးရှေ့ လမ်းလျှောက် ။ ''


ဖြေသာဖြေနေရသော်လည်း သူဘာကို စိုးရိမ်နေလဲ သူမသိ ။ ပါးစပ်က အကျင့်ပါနေ၍သာ အမှန်အတိုင်းပြောသော်လည်း မပြောခင် တစ်စက္ကန့်ထိတော့ ဘယ်လိုလိမ်ရမလဲ စဥ်းစားမိသည်လေ ။


" ဒီညနေ သွားရင် ငါလည်း လိုက်မယ် ''


ညောင်ပင်ရိပ်အောက် ကိုးရီးယား fish cake spicy ကို အသံထွက်အောင်စားနေသည်လေ ။ မြန်မာလူမျိုးတွေက အစာစားရင် အသံမြည်အောင် မစားရဘူးဟု အဆိုရှိပေမယ့် ကိုးရီးယားလူမျိုးများက အစားအစာ အရသာရှိကြောင်းကို ကျေးဇူးတင်သည့်အနေဖြင့် အသံထွက်စားလေ့ရှိသည်လေ ။ ခုလည်း ပိုင်ရှင်က ထိုသို့စားနေလေသည် ။ ဆောင်ထားသော တစ်ရှူးစကို ထုတ်ကာ နှုတ်ခမ်းစပ်နားပေနေသော ငရုပ်ဆီများကို သုတ်ပေးလိုက်သည် ။


ဒါတွေက လိုတ လုပ်နေကျ ။ သို့သော် မတူသည်မှာ ပိုင်ရှင်က သူ့အား စိုက်ကြည့်နေသည် ။ လိုတတော့ မသိပါချေ ။


.................................


လိုတ ေဘးနား နေလာသည့် တစ်လျှောက်လုံး သူ့ကြောင့် စိတ်ညစ်ခဲ့ဖူးသည်မရှိ ။ လိုတက အေးဆေးသည် ။ စကားနည်းသည် ။ ကိုယ်နှင့် ရင်းနှီးတာ ကြာပြီဖြစ်သော်လည်း ကိုယ့်ဟာ မဟုတ်သည့် ပစ္စည်းဆို လက်လွတ်စပယ် မကိုင်တတ် ။ အကျီရုတ်ပေးထားတာတို့ ၊ ချိတ်နဲ့ချိတ်ပေးထားတာတို့ ၊ ယခုလို သစ်ရှူးနှင့် သုတ်ပေးတာတို့ကို မပြောလို ။


တစ်နေ့တစ်ခြား ပြောင်းလဲလာသည်ဟု ထင်နေသည်က ပိုင်ရှင်တစ်ယောက်တည်းတွေးနေတာများလား ။ လိုင်းတွင် စကားပြောလေ့မရှိသော လိုတက ယခုနေ့များတွင် mg ဝင်သံတို့ စိတ်နေသည်ကို ပိုင်ရှင် သတိထားမိသည် ။ ညနေ ပိုင်ရှင် အပြင်က ပြန်ရောက်တိုင်း လိုတ ရှိမနေချေ ။ အဆောင်တွင်ရှိချိန်ဆို တစ်ယောက်နှင့် တစ်ယောက်များ ရှောင်နေသလား အောက်မေ့ရသည် ။


လိုတ မျက်ဝန်းတို့ထဲ ဘာတွေ ပြောင်းလဲနေပြီလဲ သူဆန်းစစ်ကြည့်မိသည် ။ မနက်ကိုဆို သူ့ကို နိုးသွားမြဲ ၊ ကျောင်းနောက်ကျနေပြီဖြစ်သော်လည်း ပိုင်ရှင်မှာလိုက်သည့် အောင်တော်မူ ဘုရားရှေ့က မြန်မာမုန့်တွေ ပါလာတတ်မြဲ ။ ပိုင်ရှင်က ကျောပိုးအိတ် ပိစိလေးသာ လွယ်သောကြောင့် စာအုပ်များကို လက်တစ်ဖက်နှင့် ကိုင်လျှင် လိုတ ကူသယ်ပေးမြဲ ။ ဒီလိုဆိုတော့လည်း လိုတ ပြောင်းလဲသွားတာ ဟုတ်သလားဟု ကိုယ့်ကိုယ်ကို ပြန်မေးမိပြန်သည် ။


လိုတနှင့် ခန့်မင်းသူ မတည့်သည့်တိုင် ပိုင်ရှင်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးရန် သတိရလိုက်သည် ။ ညနေ ကျုံးဘေးသွားရင် ကို့ကို လှမ်းခေါ်ရမည်ဟု တွေးတောနေသည် ။


လိုတ တကယ်တော့ ပြောင်းလဲမသွားသေးပါဘူးလေဟုသာ စိတ်ထဲမှတ်ယူထားလိုက်သည် ။


.............................


ခန့်မင်းသူ ရှေ့မှမြင်ကွင်းက သူ့ဒေါသကို မောင်းတင်စေလိုက်သလား ။ ထိုသူဟာ မိန်းကလေးမှန်းသိပေမယ့် ယောကျားစိတ်ဝင်နေသော ထိုဘောပြားအား သဘောမကျပါချေ ။ ပိုင်ရှင့်နောက် တကောက်ကောက်ပါနေတတ်ပြီး ကိုယ့်ထက်ကို အခွင့်ရေးပိုရနေသောကြောင့် စိတ်တို့မချ ။ ယောကျားတန်မဲ့ မနာလိုသည်ပြောပြော ဒင်းပုံစံက သူများရည်းစား ကြောင်တောင် နှိုက်နေသည့်ပုံ ။


ပိုင်ရှင့်အား သူနှင့် အမြဲတမ်း တတွဲတွဲ မနေပါနှင့်ဟု ပြောသော်လည်း ပိုင်ရှင်ကတော့ နေမြဲနေဆဲ ။ သူပြောတော့ သူငယ်ချင်းပဲ ဟု ဆိုသော်လည်း ဟိုကောင်ကတော့ သူငယ်ချင်းလို သဘောထားမှာ မဟုတ်ကြောင်း မြင်ရုံနှင့် သိသည် ။ တစ်ခါတစ်လေ ပိုင်ရှင်က သူ့ကို cover တွဲပြပြီး ဘောပြားနှင့် ခိုးချစ်နေကြတာလားဟုပင် တွေးမိသည်အထိ ။


ယခင်က UFL ဆို မိန်းမလှကျွန်းဟု ခေါ်ဆိုသမုတ်ကြသော်လည်း ခုခေတ်တွင်တော့ မိန်းမရှကျွန်းဟု အမည်ပြောင်းခေါ်ဆိုရတော့သည်အထိ gay ပေါလာသည် ။


ပို်င်ရှင်သည် သူမကြိုက်မှန်းသိလျက်နှင့်ပင် လုပ်ချင်ရာ လုပ်သည် ။
တစ်ယောက်တည်း အရူးကြီးကို သဝန်တိုနေမိပေမယ့် မနေနိုင်သော စိတ်က သူ့အတွက်ဆို အလျှော့ပေးမိမြဲ ။
နောက်ဆုံးတွင် ကိုယ်ဟာ ယောကျားစစ်စစ်တစ်ယောက်ဟု ဖြေတွေးရင်း ပိုင်ရှင်တော့ ထိုဘောပြားအား ပြန်ကြိုက်နိုင်စရာ အကြောင်းမရှိဟု စိတ်ဖြေလိုက်ရသည် ။


ခန့်မင်းသူ ညောင်ပင်အောက်က သူတို့ နှစ်ယောက်ကို မမြင်ချင်ယောင် ဆောင်လိုက်ကာ ကန်တင်းဖက်သို့ ထွက်လာခဲ့သည် ။ ခေါ်သံလေးများ ကြားရမလားဟု မျှော်လင့်မိသော်လည်း ပိုင်ရှင့်အသံ မကြားခဲ့ရပါ ။ သူမမြင်လို့ဟုသာ စိတ်တွင် မှတ်ယူရင်း..........

Comment