Episode-4

Unicode

" ချွတ်လိုက် "

ချွတ်လိုက်လို့ ပြောတာတောင် နားမလည်သလို မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသော ဘုန်းဘေဘီ။

" ဝတ်ထားတဲ့ အဝတ်အစားတွေ အခုချက်ချင်း ချွတ်လိုက် လို့ ခင်ဗျား ကို ပြောနေတာ နားလည်လား "

" မင်း လွန်လာပြီနော် ကိုယ်ကဘာလို့ ချွတ်ရမှာလဲ ကိုယ့်အင်္ကျီကိုမင်းဖြဲတာနဲ့တင် တော်သင့်ပြီ "

Leo ကို အော်သည်လည်းမဟုတ်လေသံအေးအေးလေးဖြင့်သာပြောလာသောသူ။

" ခင်ဗျားကိုယ်တိုင် မချွတ်ပေးရင် ကျုပ်ဆွဲချွတ်မှာနော် "

" မင်း အင့် !!! "

မျက်နှာမှာ တပ်ထားတဲ့ Mask ကို ဆွဲချွတ်လိုက်တာမို့ အလန့်တကြားဖြစ်သွားရသူက ဘေဘီ ။

" ဘုန်းဘေဘီ ကျုပ်ကိုကြည့်စမ်း "

Leo အော်တော့လည်း စကားနားထောင် သလို မျက်ဝန်းတွေကိုပြန်စိုက်ကြည့်လာတယ်။

ပါးပြင်နုနုက ဖြူဥနေပြီး သွေးကြောမျှင်ရေးရေးလေးများကိုပင်မြင်နေရတာမို့ Leo ခပ်ဖွဖွလေး ထိမိသည်။

ထိလိုက်တာနဲ့ ချက်ချင်း ကို ရဲတက်လာတာမို့ လက်ကိုအသာနောက်ပြန်ဆုတ်လိုက်ရတယ်။

မျက်ရစ်မရှိသည့်အပြင် မျက်လုံး က တရုတ်ပေါက်လေးတွေလို မျက်ပေတုံးလေးဖြစ်နေသောရှမ်းပေါက်လေး ဘုန်းဘေဘီပါပင်။

" မထိနဲ့ ကိုယ့်ကို လွှတ်ပေးပါဦး "

သူ့လက်တွေကို ဖယ်ချလာတာမို့ Leo ဘုန်းဘေဘီရဲ့လက်ကိုအလျှင်အမြန်ဆွဲဖမ်းထားလိုက်တယ်။

" ခင်ဗျား "

သွယ်လျနေသော လက်ချောင်းထိပ်လေးတွေက အအေးဓာတ်ကြောင့်ပဲလား မသိ နီနီရဲရဲလေးတွေဖြစ်နေလေသည်။

မတွေ့ရတဲ့ 15 နှစ်အတွင်းမှာ ဘုန်းဘေဘီက အရင်လို နုပျိုနေတုန်းပဲ။

မဟုတ်ဘူး ပိုပြီးတော့တောင် နုလာတာ ထိလိုက်တာနဲ့ ကြွေကြသွားတော့မယ် Sakura ပန်းပွင့်ကလေးလိုပဲ နုနုဖတ်ဖတ်လေးဖြစ်သွားတာ။

အိမ်ထဲမှာပဲ နေမထိ လေမထိ နေနေခဲ့ရလို့ပဲလားမသိ။

" အဝတ်တွေ ချွတ်လိုက် အခုချက်ချင်း "

" ဟင့်အင်း "

ဗြီးးးးးး ဗြီးးးးး

" ရပ်လိုက် မင်း ဘာဖြစ်လို့ ချွတ်ခိုင်းနေတာလဲ "

" ကြည့်မလို့လေ ချွတ်လို့ ကျုပ်ပြောနေတယ် ဘုန်းဘေဘီ "

အခုပဲ မချွတ်ရင် သူကိုယ်တိုင် ထချွတ်ပေးတော့မည့်ပုံစံကြောင့် ဘေဘီ့မှာဘာလုပ်ရမှန်းမသိ။

ဒီကောင်လေးက ပိုင်စိုးပိုင်နင်း နိုင်လိုက်တာ။

" ကိုယ်က အရေပြားရောဂါ ဖြစ်နေတာလေ ချွတ်ပြလိုက်ရင် မင်းရွံသွားလိမ့်မယ် "

" အရေပြား ရောဂါမကလို့ အနူအဝဲစွဲတဲ့ရောဂါဖြစ်နေလည်း ကျုပ် စောက်ဂရုမစိုက်ဘူး ချွတ်လိုက် ဘုန်းဘေဘီ"

ယောကျ်ားလေး ချင်းပဲ ဆိုပြီး ဘေဘီ အားတင်းကာဝတ်ထားတဲ့ Shirt အညိုကွက်လေးကို ချွတ်ပြလိုက်သည်။

" ကျစ် ဟာကွာ တောက်စ် "

ဆေးမကုဘဲ ဒီအတိုင်း ထားထားရလောက်အောင်ကို မွဲနေကြပြီလား။

ဖြူတာထက်ပိုကာ ကြည်လင်နေသော အသားအရေပေါ်မှာ အနီအကွက်တွေက အစုလိုက် အပြုံလိုက် ဟိုတစ်နေရာ ဖြစ်နေသည်မှာ ရွံစရာမကောင်းဘဲအသည်းယားစရာကောင်းနေလေသည်။

" ဟိုဟာ ရပြီမလား ကိုယ် ပြန်ဝတ်တော့မယ်နော် "

" ဘယ်က စဖြစ်တာလဲ ကြာပြီလား ဒီရောဂါက ဘုန်းဘေဘီ ဘုန်းဘေဘီ !!!!! ခင်ဗျား အူကြောင်ကြောင်လုပ်မနေနဲ့ ကျုပ်မေးတာ ဖြေ "

" မကြာသေးဘူး နှစ်လသုံးလလောက်တော့ ရှိပြီ အရင်လတွေက တော့ ကိုယ်ဆေးခန်းပြတယ် ဒီလတော့ ပိုက်ဆံ မရှိလို့ မပြဖြစ်ဘူး "

" ခင်ဗျား ကို ရောဂါကုဖို့ဆိုပြီး ခင်ဗျား အဖေပေးတဲ့ပိုက်ဆံတွေကရော "

" မေမေလေးကို ပေးလိုက်တယ် လေ လိုလို့တဲ့ မေမေလေးက "

ပြောနေပုံကို ကြည့်ရတာ တစ်ကယ့်ကိုစိတ်ထဲမှာ ရှိတဲ့အတိုင်း ပကတိဖြေလိုက်ပုံပင်။

" ဘာလို့ ပေးလိုက်တာလဲ ခင်ဗျား ကအရမ်းကိုချမ်းသာနေတာပေါ့ ဟုတ်လား ဘုန်းဘေဘီ "

" အင်း ကိုယ်တစ်လလောက် ဆေးခန်းမပြလိုက်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး မေမေလေးလည်း လိုလို့ တောင်းတာနေမှာပေါ့ ပေးပြီးသွားပြီပဲ "

Leo ရှေ့က မေတ္တာ ရှင်ကြီးကို သေချာစိုက်ကြည့်တော့ မျက်ပေတုံးက အကြည့်လွှဲသွားတယ်။

" မိနစ် 30 အချိန်ပေးမယ် ဘုန်းဘေဘီ အဝတ်စား လဲထား လိုအပ်တာတွေ ယူထား အပြင်သွားမယ် မိနစ် 30 ပြည့်လို့ခင်ဗျားမပြီးသေးရင်
ကျူပ်ဆွဲပွေ့ပြီးခေါ်မှာနော်"

" မင်း "

"ကျုပ်က ဘယ်သူမှ စောက်ဂရုစိုက်မနေဘူးနော် "

ဝုန်း

တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ပြန်ထွက်သွားတာမို့ ဘေဘီ သက်ပြင်းသာချမိတယ်။

သူ့ကို နိုင်မယ့်သူတစ်ယောက်ထပ်ပေါ်လာပြန်ပြီလား။

ကြီးမြတ်ကုဋေချီ သူ့အတွက် ပြင်ပေးထားတဲ့ အခန်းထဲ ရောက်တာနဲ့ Laptop ဖွင့်ကာ အရေပြားရောဂါနဲ့ပက်သတ်တဲ့အကြောင်းအရင်းတစ်ချို့ကိုရှာကြည့်လိုက်သည်။

Screen မှာပေါ်လာတဲ့ အရေပြားရောဂါနဲ့ ပက်သတ်တဲ့ အချက်အလက်တစ်ချို့ကို Leo သေချာ ဖတ်ထားလိုက်တယ် ။

အနည်းဆုံး ဆရာဝန်က ဘုန်းဘေဘီရဲ့ ရောဂါနဲ့ပက်သတ်ပြီးမေးလာရင် သူလည်း ပြန်ဖြေတတ်ရမယ်လေ။

" ကုဋေ "

ပေါင်လယ်လောက်သာရှိသည့် ဂါဝန်အတိုဝတ်ကာဝင်လာသော မနန်းမဟာဖွေး။

" အင်း မနန်းမဟာဖွေးလည်း အဆင်သင့် ပြင်ထားနော် လိုအပ်တာတွေ ကျွန်တော် လိုက်ဝယ်ပေးဖို့ လက်ဆောင် အဖြစ် "

" အို ကုဋေ ရယ် မလိုပါဘူး "

ရှက်ပြုံးလေးပြုံးကာ ပြောလာသဖြင့် Leo နှုတ်ခမ်းဖျားထောင့်စွန်းလေးကော့တက်သွားရသည်။

" လိုပါတယ် ဖွေးရဲ့ ပြီးတော့ ကျွန်တော် ဒီအိမ်မှာ ကြာကြာနေဖြစ်မယ်ထင်တယ် အဲ့တော့ ဒီအိမ်ရဲ့ လိုအပ်ချက်တစ်ချို့ကိုဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ် "

Leo Wink လုပ်ပြကာပြောတော့ မနန်းမဟာဖွေးကမျက်နှာလေးရဲသည်အထိ ရှက်သွားရသည်။

" ဒါဆို ဖွေး အဝတ်စားသွားလဲလိုက်ဦးမယ်နော် ကုဋေ "

" အင်း "

အောက်က Solo shirt အဖြူရောင်လက်တိုဝတ်ထားသည်မို့ အပေါ်ကနေ Jacket အညိုရောင် ကို ကောက်ဝတ်ကာ Jean ဘောင်းဘီ မှိုတက်ရောင် တစ်ထည်နဲ့ လဲလိုက်သည်။

Coffee ရောင် ဆံပင်ရှည်တွေကိုတော့ သားရေကွင်းအကြည်လေးနဲ့စုစည်းထားလိုက်တယ်။

Leo ပုံစံက Action ကားတွေထဲက ဂျစ်ကန်ကန် လူဆိုးလေးသဖွယ်ဖြစ်နေသည်။

သူလည်း လိုအပ်တာတွေ အကုန်ယူပြီးမှ ခြံအနောက်ဘက်မှ အခန်းငယ်လေးဆီ လျှောက်သွားလိုက်သည်။

ဒုန်း ဒုန်း !!!

" ပြီးပြီလား ဘုန်းဘေဘီ ကျူပ်ရောက်နေပြီနော် "

ကျွီ

ဒီတစ်ခါ တော့ ချက်ချင်း ပင် တံခါးဖွင့်ပေးလာသည်။

" ကျစ် အဝတ်စား လဲထားလို့ ပြောထားတယ် လေ ခင်ဗျားကို နားလေးနေတာလား "

" အသစ် မရှိဘူး ကိုယ့်မှာ "

" ခင်ဗျား ဗျာ "

" အာ မင်းက ကိုယ့်ကို ဒီအဝတ်စားတွေနဲ့ခေါ်သွားရမှာ ရှက်လို့လားဟင် ကိုယ်မလိုက်တော့ဘူးလေ "

တစ်ချက်တစ်ချက် စကားပြောရင် ဘုန်းဘေဘီမှာ သူ့ရှေ့ကကောင်လေးကို မော့မော့ကြည့်နေရသည်။

" ခင်ဗျား စကားကို ဘယ်လိုတွေ ပြောနေတာလဲ လုံး sorry ဘုန်းဘေဘီ လိုက်ခဲ့ သွားမယ် "

လုံးဘေဘီလို့ ပါးစပ်က ထွက်သွားတော့ မလို့ တော်သေးတယ် ။

" အရပ်က အရှည်ကြီးပဲနော် "

" ကျုပ်အရပ်လား "

ဘုန်းဘေဘီ ခေါင်းငြိမ့်ပြလိုက်သည်။

" 188 centimetres လေ "

" အင်း ကိုယ်ဆို 5 ပေ 10 ပဲ ရှိတယ် "

အခုထိ ဘုန်းဘေဘီ Leo နာမည်ကို မေးမလာသေး ။

ဒါမှမဟုတ် ဘုန်းဘေဘီက သူ့ကို မေ့သွားတာလား ။

" ကုဋေ သွားမယ်လေ အို ဘုန်းဘေဘီပါလိုက်မှာလား သူ့ကို လူကြားထဲ ခေါ်သွားလို့ ဖြစ်ပါ့မလား "

ဖွေး စကားကြောင့် ဧည့်သည်ရှေ့မှာ ဘေဘီ မျက်နှာပူတက်လာရသည်။

" ဖွေး နဲ့ ဖွေး ကောင်လေးပဲ သွားလိုက်ပါ့လားဟင် ကိုယ်အိမ်မှာပဲ နေခဲ့လိုက်မယ်လေ "

ဘုန်းဘေဘီ မနေတတ်စွာ ပြောတော့ ဖွေးကောင်လေးရဲ့ မျက်ခုံးတွေက သိသိသာသာ တွန့်ချိုးလာလေသည်။

" မနန်းမဟာဖွေးပဲ သွားလိုက်တော့နော် ကျွန်တော် နည်းနည်း နေလို့ မကောင်း ဖြစ်နေလို့ ဒါက ကျွန်တော့်ရဲ့ လက်ဆောင်ပါ "

Leo Bank ကတ် တစ်ကတ်ကို ထုတ်ပေးလိုက်တော့ မနန်းမဟာဖွေးက အိုးတို့အမ်းတမ်းဖြစ်သွားသည်။

" ကောင်းကောင်း သုံးခဲ့ပါနော် ဖွေး "

" ဟုတ် ဖွေး လည်းနေခဲ့ရမလား ကုဋေ နေလို့မကောင်းဘူးဆိုတော့လေ "

ကုဋေဆိုသည့် နာမည်ကြောင့် ဘုန်းဘေဘီ ဘေးက ကောင်လေးကို ကြည့်လိုက်တော့ ဘာမှမဖြစ်သလိုပင်။

" ရပါတယ် ဖွေး သွားလိုက်နော် ကျွန်တော်က ဖွေး သုံးစေချင်လို့ ပေးတာမို့ ကုန်အောင် မသုံးရင် စိတ်ဆိုးမှာ "

" ဖွေး သုံးပါ့မယ် ကုဋေ ဒါဆို သွားပြီနော် ဘုန်းဘေဘီ ကုဋေကို ဂရုစိုက်ပေးလိုက်ဦး အနားတော့သိပ်မကပ်နဲ့ ကုဋေကိုကူးကုန်မယ်"

ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားသူကြောင့် ကျန်ခဲ့သူမှာ ဘုန်းဘေဘီနဲ့ ကုဋေဆိုသည့်ကောင်လေးနှစ်ယောက်သာ။

" မင်း နေလို့ မကောင်းဘူး ဆို သက်သာရဲ့လား ကိုယ်ဘာလုပ်ပေးရမလဲ "

" ကြီးမြတ်ကုဋေချီ "

Leo နာမည်ကို ထုတ်ပြောလိုက်တော့ အံ့သြသလိုဖြစ်သွားသည့် အရိပ်ယောင်လေးများ ဘုန်းဘေဘီ မျက်နှာပေါ်တွင် တွေ့လိုက်ရသည်။

" ကျူပ်နာမည် ကြီးမြတ်ကုဋေချီ Leo လို့လည်း ခေါ်တယ် ဘုန်းဘေဘီ "

" အာ ကိုယ်ကြားပါတယ် Leo ရဲ့ "

ဘေဘီ့ ရင်ထဲမှာ လေအေးအေးလေးများ တိုက်ခတ်သွားသလို လှိုက်ခနဲပင်ဖြစ်သွားသည်။

သူ့ရှေ့က ကောင်လေးက သူ အသက် 20 အရွယ်တုန်းက ထိန်းခဲ့တဲ့ Leo လေးမလား ။

" Leo "

ပါးပြင်ကို လက်ဖဝါး နုနုကလေးနဲ့ လာထိတာမို့ Leo ဘုန်းဘေဘီလက်ဖဝါးကို ဆုပ်ကိုင်ထားလိုက်တယ်။

" ကျုပ်ကို သိတာလား ခင်ဗျား က "

" အာ "

ဒီကလေးလေး ဘေဘီ့ကို မမှတ်မိဘူး ပဲ ။ Leo လေးက လူပျို ပေါက်စလေးတောင် ဖြစ်လာပြီပဲ ။

ငယ်ငယ်တုန်းကလို လုံးဘေယီ လူဂျိုးလို့ခေါ်သံလေးတောင် ပြန်ကြားယောင်မိသလို ။

15 နှစ်တောင် ကြာသွားပြီပဲ မမှတ်မိတာ ဖြစ်
သင့်ပါတယ်လေ။

Leo လေးက ဖွေးကို သဘောကျနေတာလား နှစ်ယောက်သား လိုက်ဖက်ပါတယ် ။

သူ ဒီကလေးလေးကို မသိချင်ယောင်ဆောင်ထားတာပိုကောင်းမယ်ထင်တယ်။

" မသိပါဘူး ကိုယ် မင်းကို အခုမှ မြင်ဖူးတာပါ Leo "

ခင်ဗျား တစ်ကယ် မမှတ်မိတာလား ဘုန်းဘေဘီ ။ မျက်လုံးကို သေချာစိုက်ကြည့်တော့လည်း မုသားမပါ ရိုးရိုးရှင်းရှင်းသာ တွေ့ရသည် ။

ကျုပ်က မှတ်မိပြီး ခင်ဗျားကျ ဘာလို့ ကျုပ်ကို မမှတ်မိရတာလဲ။

နဂိုထဲက ကျုပ်ကို ဖြတ်သွားဖြတ်လာ ကလေးတစ်ယောက်လိုပဲသဘောထားခဲ့တာပေါ့ အဟက်။

" တက် "

" ဟမ် ဘယ်ကို တက်ရမှာလဲ "

နေမကောင်းလို့ ဆိုပြီး နားချင်နေတာ မဟုတ်ဘူး လား။

" ခင်ဗျား က ကျုပ်အပေါ်တက်ချင်နေတာလား ဘုန်းဘေဘီ "

" ကိုယ် မတက်ချင်ပါဘူး Leo "

" ကျစ် ဆိုင်ကယ်ပေါ် တက်ခိုင်းနေတာ ဘုန်းဘေဘီ အူကြောင်ကြောင်နဲ့ ကွာ "

" နေမကောင်းဘူး မလား Leo အပြင်ဘာသွားလုပ်မှာလဲ အိမ်ထဲမှာ နားနေ ကိုယ်ဆန်ပြုတ်လေးပြုတ်ပေးမယ်လေ "

" တက်လို့ ကျုပ်ပြောနေတယ်လေ ဘုန်းဘေဘီ "

နောက်ဆုံးတော့လည်း ဘေဘီ့ Leo ဆိုင်ကယ် နောက်ကနေ ထိုင်ပြီးသာလိုက်ခဲ့ရပါသည်။

" ခါးဖက်ထား "

" ကိုယ် "

ပြောနေတာကြာ၍ Leo ကိုယ်တိုင် ဘုန်းဘေဘီ လက်နှစ်ဖက်ကို ဆွဲယူကာ ခါး၌ဖက်ခိုင်းထားလိုက်သည်။

" Leo လွှတ်ဦး ကိုယ် မနေတတ်ဘူးရယ် အင့် "

ဘုန်းဘေဘီ ရုန်းတော့လည်း သူ့လက်ကြီးနဲ့ပြန်ဆောင့်ဆွဲလာသည်။

" ကျုပ်နဲ့ Public Kissing ကိုယ်တိုင် ကြုံဖူးချင်ရင် ခင်ဗျား ဆက်လုပ်လေ "

Leo ခြိမ်းခြောက်လိုက်တော့မှ ငြိမ်သွား၍ ဟက်ခနဲရယ်ချမိသည်။

ရယ်လိုက်တာနဲ့ ဘယ်ဘက်ပါးပြင်က ပါးချိုင့်ကလေးကတော့ နက်နက်နဲနဲ ခွက်သွားပါရောလား။

__________________________________________________________________

GarlicBoom

29/11/21

Zawgyi

" ခြၽတ္လိုက္ "

ခြၽတ္လိုက္လို႔ ေျပာတာေတာင္ နားမလည္သလို မ်က္ဝန္းေတြနဲ႕ စိုက္ၾကည့္ေနေသာ ဘုန္းေဘဘီ။

" ဝတ္ထားတဲ့ အဝတ္အစားေတြ အခုခ်က္ခ်င္း ခြၽတ္လိုက္ လို႔ ခင္ဗ်ား ကို ေျပာေနတာ နားလည္လား "

" မင္း လြန္လာၿပီေနာ္ ကိုယ္ကဘာလို႔ ခြၽတ္ရမွာလဲ ကိုယ့္အကၤ်ီကိုမင္းၿဖဲတာနဲ႕တင္ ေတာ္သင့္ၿပီ "

Leo ကို ေအာ္သည္လည္းမဟုတ္ေလသံေအးေအးေလးျဖင့္သာေျပာလာေသာသူ။

" ခင္ဗ်ားကိုယ္တိုင္ မခြၽတ္ေပးရင္ က်ဳပ္ဆြဲခြၽတ္မွာေနာ္ "

" မင္း အင့္ !!! "

မ်က္ႏွာမွာ တပ္ထားတဲ့ Mask ကို ဆြဲခြၽတ္လိုက္တာမို႔ အလန့္တၾကားျဖစ္သြားရသူက ေဘဘီ ။

" ဘုန္းေဘဘီ က်ဳပ္ကိုၾကည့္စမ္း "

Leo ေအာ္ေတာ့လည္း စကားနားေထာင္ သလို မ်က္ဝန္းေတြကိုျပန္စိုက္ၾကည့္လာတယ္။

ပါးျပင္ႏုႏုက ျဖဴဥေနၿပီး ေသြးေၾကာမွ်င္ေရးေရးေလးမ်ားကိုပင္ျမင္ေနရတာမို႔ Leo ခပ္ဖြဖြေလး ထိမိသည္။

ထိလိုက္တာနဲ႕ ခ်က္ခ်င္း ကို ရဲတက္လာတာမို႔ လက္ကိုအသာေနာက္ျပန္ဆုတ္လိုက္ရတယ္။

မ်က္ရစ္မရွိသည့္အျပင္ မ်က္လုံး က တ႐ုတ္ေပါက္ေလးေတြလို မ်က္ေပတုံးေလးျဖစ္ေနေသာရွမ္းေပါက္ေလး ဘုန္းေဘဘီပါပင္။

" မထိနဲ႕ ကိုယ့္ကို လႊတ္ေပးပါဦး "

သူ႕လက္ေတြကို ဖယ္ခ်လာတာမို႔ Leo ဘုန္းေဘဘီရဲ႕လက္ကိုအလွ်င္အျမန္ဆြဲဖမ္းထားလိုက္တယ္။

" ခင္ဗ်ား "

သြယ္လ်ေနေသာ လက္ေခ်ာင္းထိပ္ေလးေတြက အေအးဓာတ္ေၾကာင့္ပဲလား မသိ နီနီရဲရဲေလးေတြျဖစ္ေနေလသည္။

မေတြ႕ရတဲ့ 15 ႏွစ္အတြင္းမွာ ဘုန္းေဘဘီက အရင္လို ႏုပ်ိဳေနတုန္းပဲ။

မဟုတ္ဘူး ပိုၿပီးေတာ့ေတာင္ ႏုလာတာ ထိလိုက္တာနဲ႕ ေႂကြၾကသြားေတာ့မယ္ Sakura ပန္းပြင့္ကေလးလိုပဲ ႏုႏုဖတ္ဖတ္ေလးျဖစ္သြားတာ။

အိမ္ထဲမွာပဲ ေနမထိ ေလမထိ ေနေနခဲ့ရလို႔ပဲလားမသိ။

" အဝတ္ေတြ ခြၽတ္လိုက္ အခုခ်က္ခ်င္း "

" ဟင့္အင္း "

ၿဗီးးးးးး ၿဗီးးးးး

" ရပ္လိုက္ မင္း ဘာျဖစ္လို႔ ခြၽတ္ခိုင္းေနတာလဲ "

" ၾကည့္မလို႔ေလ ခြၽတ္လို႔ က်ဳပ္ေျပာေနတယ္ ဘုန္းေဘဘီ "

အခုပဲ မခြၽတ္ရင္ သူကိုယ္တိုင္ ထခြၽတ္ေပးေတာ့မည့္ပုံစံေၾကာင့္ ေဘဘီ့မွာဘာလုပ္ရမွန္းမသိ။

ဒီေကာင္ေလးက ပိုင္စိုးပိုင္နင္း နိုင္လိုက္တာ။

" ကိုယ္က အေရျပားေရာဂါ ျဖစ္ေနတာေလ ခြၽတ္ျပလိုက္ရင္ မင္း႐ြံသြားလိမ့္မယ္ "

" အေရျပား ေရာဂါမကလို႔ အႏူအဝဲစြဲတဲ့ေရာဂါျဖစ္ေနလည္း က်ဳပ္ ေစာက္ဂ႐ုမစိုက္ဘူး ခြၽတ္လိုက္ ဘုန္းေဘဘီ"

ေယာက်္ားေလး ခ်င္းပဲ ဆိုၿပီး ေဘဘီ အားတင္းကာဝတ္ထားတဲ့ Shirt အညိုကြက္ေလးကို ခြၽတ္ျပလိုက္သည္။

" က်စ္ ဟာကြာ ေတာက္စ္ "

ေဆးမကုဘဲ ဒီအတိုင္း ထားထားရေလာက္ေအာင္ကို မြဲေနၾကၿပီလား။

ျဖဴတာထက္ပိုကာ ၾကည္လင္ေနေသာ အသားအေရေပၚမွာ အနီအကြက္ေတြက အစုလိုက္ အၿပဳံလိုက္ ဟိုတစ္ေနရာ ျဖစ္ေနသည္မွာ ႐ြံစရာမေကာင္းဘဲအသည္းယားစရာေကာင္းေနေလသည္။

" ဟိုဟာ ရၿပီမလား ကိုယ္ ျပန္ဝတ္ေတာ့မယ္ေနာ္ "

" ဘယ္က စျဖစ္တာလဲ ၾကာၿပီလား ဒီေရာဂါက ဘုန္းေဘဘီ ဘုန္းေဘဘီ !!!!! ခင္ဗ်ား အူေၾကာင္ေၾကာင္လုပ္မေနနဲ႕ က်ဳပ္ေမးတာ ေျဖ "

" မၾကာေသးဘူး ႏွစ္လသုံးလေလာက္ေတာ့ ရွိၿပီ အရင္လေတြက ေတာ့ ကိုယ္ေဆးခန္းျပတယ္ ဒီလေတာ့ ပိုက္ဆံ မရွိလို႔ မျပျဖစ္ဘူး "

" ခင္ဗ်ား ကို ေရာဂါကုဖို႔ဆိုၿပီး ခင္ဗ်ား အေဖေပးတဲ့ပိုက္ဆံေတြကေရာ "

" ေမေမေလးကို ေပးလိုက္တယ္ ေလ လိုလို႔တဲ့ ေမေမေလးက "

ေျပာေနပုံကို ၾကည့္ရတာ တစ္ကယ့္ကိုစိတ္ထဲမွာ ရွိတဲ့အတိုင္း ပကတိေျဖလိုက္ပုံပင္။

" ဘာလို႔ ေပးလိုက္တာလဲ ခင္ဗ်ား ကအရမ္းကိုခ်မ္းသာေနတာေပါ့ ဟုတ္လား ဘုန္းေဘဘီ "

" အင္း ကိုယ္တစ္လေလာက္ ေဆးခန္းမျပလိုက္႐ုံနဲ႕ ဘာမွ မျဖစ္ပါဘူး ေမေမေလးလည္း လိုလို႔ ေတာင္းတာေနမွာေပါ့ ေပးၿပီးသြားၿပီပဲ "

Leo ေရွ႕က ေမတၱာ ရွင္ႀကီးကို ေသခ်ာစိုက္ၾကည့္ေတာ့ မ်က္ေပတုံးက အၾကည့္လႊဲသြားတယ္။

" မိနစ္ 30 အခ်ိန္ေပးမယ္ ဘုန္းေဘဘီ အဝတ္စား လဲထား လိုအပ္တာေတြ ယူထား အျပင္သြားမယ္ မိနစ္ 30 ျပည့္လို႔ခင္ဗ်ားမၿပီးေသးရင္
က်ဴပ္ဆြဲေပြ႕ၿပီးေခၚမွာေနာ္"

" မင္း "

"က်ဳပ္က ဘယ္သူမွ ေစာက္ဂ႐ုစိုက္မေနဘူးေနာ္ "

ဝုန္း

တံခါးကို ဝုန္းခနဲ ေဆာင့္ပိတ္ကာ ျပန္ထြက္သြားတာမို႔ ေဘဘီ သက္ျပင္းသာခ်မိတယ္။

သူ႕ကို နိုင္မယ့္သူတစ္ေယာက္ထပ္ေပၚလာျပန္ၿပီလား။

ႀကီးျမတ္ကုေဋခ်ီ သူ႕အတြက္ ျပင္ေပးထားတဲ့ အခန္းထဲ ေရာက္တာနဲ႕ Laptop ဖြင့္ကာ အေရျပားေရာဂါနဲ႕ပက္သတ္တဲ့အေၾကာင္းအရင္းတစ္ခ်ိဳ႕ကိုရွာၾကည့္လိုက္သည္။

Screen မွာေပၚလာတဲ့ အေရျပားေရာဂါနဲ႕ ပက္သတ္တဲ့ အခ်က္အလက္တစ္ခ်ိဳ႕ကို Leo ေသခ်ာ ဖတ္ထားလိုက္တယ္ ။

အနည္းဆုံး ဆရာဝန္က ဘုန္းေဘဘီရဲ႕ ေရာဂါနဲ႕ပက္သတ္ၿပီးေမးလာရင္ သူလည္း ျပန္ေျဖတတ္ရမယ္ေလ။

" ကုေဋ "

ေပါင္လယ္ေလာက္သာရွိသည့္ ဂါဝန္အတိုဝတ္ကာဝင္လာေသာ မနန္းမဟာေဖြး။

" အင္း မနန္းမဟာေဖြးလည္း အဆင္သင့္ ျပင္ထားေနာ္ လိုအပ္တာေတြ ကြၽန္ေတာ္ လိုက္ဝယ္ေပးဖို႔ လက္ေဆာင္ အျဖစ္ "

" အို ကုေဋ ရယ္ မလိုပါဘူး "

ရွက္ၿပဳံးေလးၿပဳံးကာ ေျပာလာသျဖင့္ Leo ႏႈတ္ခမ္းဖ်ားေထာင့္စြန္းေလးေကာ့တက္သြားရသည္။

" လိုပါတယ္ ေဖြးရဲ႕ ၿပီးေတာ့ ကြၽန္ေတာ္ ဒီအိမ္မွာ ၾကာၾကာေနျဖစ္မယ္ထင္တယ္ အဲ့ေတာ့ ဒီအိမ္ရဲ႕ လိုအပ္ခ်က္တစ္ခ်ိဳ႕ကိုျဖည့္ဆည္းေပးဖို႔ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္ "

Leo Wink လုပ္ျပကာေျပာေတာ့ မနန္းမဟာေဖြးကမ်က္ႏွာေလးရဲသည္အထိ ရွက္သြားရသည္။

" ဒါဆို ေဖြး အဝတ္စားသြားလဲလိုက္ဦးမယ္ေနာ္ ကုေဋ "

" အင္း "

ေအာက္က Solo shirt အျဖဴေရာင္လက္တိုဝတ္ထားသည္မို႔ အေပၚကေန Jacket အညိုေရာင္ ကို ေကာက္ဝတ္ကာ Jean ေဘာင္းဘီ မွိုတက္ေရာင္ တစ္ထည္နဲ႕ လဲလိုက္သည္။

Coffee ေရာင္ ဆံပင္ရွည္ေတြကိုေတာ့ သားေရကြင္းအၾကည္ေလးနဲ႕စုစည္းထားလိုက္တယ္။

Leo ပုံစံက Action ကားေတြထဲက ဂ်စ္ကန္ကန္ လူဆိုးေလးသဖြယ္ျဖစ္ေနသည္။

သူလည္း လိုအပ္တာေတြ အကုန္ယူၿပီးမွ ၿခံအေနာက္ဘက္မွ အခန္းငယ္ေလးဆီ ေလွ်ာက္သြားလိုက္သည္။

ဒုန္း ဒုန္း !!!

" ၿပီးၿပီလား ဘုန္းေဘဘီ က်ဴပ္ေရာက္ေနၿပီေနာ္ "

ကြၽီ

ဒီတစ္ခါ ေတာ့ ခ်က္ခ်င္း ပင္ တံခါးဖြင့္ေပးလာသည္။

" က်စ္ အဝတ္စား လဲထားလို႔ ေျပာထားတယ္ ေလ ခင္ဗ်ားကို နားေလးေနတာလား "

" အသစ္ မရွိဘူး ကိုယ့္မွာ "

" ခင္ဗ်ား ဗ်ာ "

" အာ မင္းက ကိုယ့္ကို ဒီအဝတ္စားေတြနဲ႕ေခၚသြားရမွာ ရွက္လို႔လားဟင္ ကိုယ္မလိုက္ေတာ့ဘူးေလ "

တစ္ခ်က္တစ္ခ်က္ စကားေျပာရင္ ဘုန္းေဘဘီမွာ သူ႕ေရွ႕ကေကာင္ေလးကို ေမာ့ေမာ့ၾကည့္ေနရသည္။

" ခင္ဗ်ား စကားကို ဘယ္လိုေတြ ေျပာေနတာလဲ လုံး sorry ဘုန္းေဘဘီ လိုက္ခဲ့ သြားမယ္ "

လုံးေဘဘီလို႔ ပါးစပ္က ထြက္သြားေတာ့ မလို႔ ေတာ္ေသးတယ္ ။

" အရပ္က အရွည္ႀကီးပဲေနာ္ "

" က်ဳပ္အရပ္လား "

ဘုန္းေဘဘီ ေခါင္းၿငိမ့္ျပလိုက္သည္။

" 188 centimetres ေလ "

" အင္း ကိုယ္ဆို 5 ေပ 10 ပဲ ရွိတယ္ "

အခုထိ ဘုန္းေဘဘီ Leo နာမည္ကို ေမးမလာေသး ။

ဒါမွမဟုတ္ ဘုန္းေဘဘီက သူ႕ကို ေမ့သြားတာလား ။

" ကုေဋ သြားမယ္ေလ အို ဘုန္းေဘဘီပါလိုက္မွာလား သူ႕ကို လူၾကားထဲ ေခၚသြားလို႔ ျဖစ္ပါ့မလား "

ေဖြး စကားေၾကာင့္ ဧည့္သည္ေရွ႕မွာ ေဘဘီ မ်က္ႏွာပူတက္လာရသည္။

" ေဖြး နဲ႕ ေဖြး ေကာင္ေလးပဲ သြားလိုက္ပါ့လားဟင္ ကိုယ္အိမ္မွာပဲ ေနခဲ့လိုက္မယ္ေလ "

ဘုန္းေဘဘီ မေနတတ္စြာ ေျပာေတာ့ ေဖြးေကာင္ေလးရဲ႕ မ်က္ခုံးေတြက သိသိသာသာ တြန့္ခ်ိဳးလာေလသည္။

" မနန္းမဟာေဖြးပဲ သြားလိုက္ေတာ့ေနာ္ ကြၽန္ေတာ္ နည္းနည္း ေနလို႔ မေကာင္း ျဖစ္ေနလို႔ ဒါက ကြၽန္ေတာ့္ရဲ႕ လက္ေဆာင္ပါ "

Leo Bank ကတ္ တစ္ကတ္ကို ထုတ္ေပးလိုက္ေတာ့ မနန္းမဟာေဖြးက အိုးတို႔အမ္းတမ္းျဖစ္သြားသည္။

" ေကာင္းေကာင္း သုံးခဲ့ပါေနာ္ ေဖြး "

" ဟုတ္ ေဖြး လည္းေနခဲ့ရမလား ကုေဋ ေနလို႔မေကာင္းဘူးဆိုေတာ့ေလ "

ကုေဋဆိုသည့္ နာမည္ေၾကာင့္ ဘုန္းေဘဘီ ေဘးက ေကာင္ေလးကို ၾကည့္လိုက္ေတာ့ ဘာမွမျဖစ္သလိုပင္။

" ရပါတယ္ ေဖြး သြားလိုက္ေနာ္ ကြၽန္ေတာ္က ေဖြး သုံးေစခ်င္လို႔ ေပးတာမို႔ ကုန္ေအာင္ မသုံးရင္ စိတ္ဆိုးမွာ "

" ေဖြး သုံးပါ့မယ္ ကုေဋ ဒါဆို သြားၿပီေနာ္ ဘုန္းေဘဘီ ကုေဋကို ဂ႐ုစိုက္ေပးလိုက္ဦး အနားေတာ့သိပ္မကပ္နဲ႕ ကုေဋကိုကူးကုန္မယ္"

ဆိုင္ကယ္တစ္စီးနဲ႕ ထြက္သြားသူေၾကာင့္ က်န္ခဲ့သူမွာ ဘုန္းေဘဘီနဲ႕ ကုေဋဆိုသည့္ေကာင္ေလးႏွစ္ေယာက္သာ။

" မင္း ေနလို႔ မေကာင္းဘူး ဆို သက္သာရဲ႕လား ကိုယ္ဘာလုပ္ေပးရမလဲ "

" ႀကီးျမတ္ကုေဋခ်ီ "

Leo နာမည္ကို ထုတ္ေျပာလိုက္ေတာ့ အံ့ၾသသလိုျဖစ္သြားသည့္ အရိပ္ေယာင္ေလးမ်ား ဘုန္းေဘဘီ မ်က္ႏွာေပၚတြင္ ေတြ႕လိုက္ရသည္။

" က်ဴပ္နာမည္ ႀကီးျမတ္ကုေဋခ်ီ Leo လို႔လည္း ေခၚတယ္ ဘုန္းေဘဘီ "

" အာ ကိုယ္ၾကားပါတယ္ Leo ရဲ႕ "

ေဘဘီ့ ရင္ထဲမွာ ေလေအးေအးေလးမ်ား တိုက္ခတ္သြားသလို လွိုက္ခနဲပင္ျဖစ္သြားသည္။

သူ႕ေရွ႕က ေကာင္ေလးက သူ အသက္ 20 အ႐ြယ္တုန္းက ထိန္းခဲ့တဲ့ Leo ေလးမလား ။

" Leo "

ပါးျပင္ကို လက္ဖဝါး ႏုႏုကေလးနဲ႕ လာထိတာမို႔ Leo ဘုန္းေဘဘီလက္ဖဝါးကို ဆုပ္ကိုင္ထားလိုက္တယ္။

" က်ဳပ္ကို သိတာလား ခင္ဗ်ား က "

" အာ "

ဒီကေလးေလး ေဘဘီ့ကို မမွတ္မိဘူး ပဲ ။ Leo ေလးက လူပ်ိဳ ေပါက္စေလးေတာင္ ျဖစ္လာၿပီပဲ ။

ငယ္ငယ္တုန္းကလို လုံးေဘယီ လူဂ်ိဳးလို႔ေခၚသံေလးေတာင္ ျပန္ၾကားေယာင္မိသလို ။

15 ႏွစ္ေတာင္ ၾကာသြားၿပီပဲ မမွတ္မိတာ ျဖစ္
သင့္ပါတယ္ေလ။

Leo ေလးက ေဖြးကို သေဘာက်ေနတာလား ႏွစ္ေယာက္သား လိုက္ဖက္ပါတယ္ ။

သူ ဒီကေလးေလးကို မသိခ်င္ေယာင္ေဆာင္ထားတာပိုေကာင္းမယ္ထင္တယ္။

" မသိပါဘူး ကိုယ္ မင္းကို အခုမွ ျမင္ဖူးတာပါ Leo "

ခင္ဗ်ား တစ္ကယ္ မမွတ္မိတာလား ဘုန္းေဘဘီ ။ မ်က္လုံးကို ေသခ်ာစိုက္ၾကည့္ေတာ့လည္း မုသားမပါ ရိုးရိုးရွင္းရွင္းသာ ေတြ႕ရသည္ ။

က်ဳပ္က မွတ္မိၿပီး ခင္ဗ်ားက် ဘာလို႔ က်ဳပ္ကို မမွတ္မိရတာလဲ။

နဂိုထဲက က်ဳပ္ကို ျဖတ္သြားျဖတ္လာ ကေလးတစ္ေယာက္လိုပဲသေဘာထားခဲ့တာေပါ့ အဟက္။

" တက္ "

" ဟမ္ ဘယ္ကို တက္ရမွာလဲ "

ေနမေကာင္းလို႔ ဆိုၿပီး နားခ်င္ေနတာ မဟုတ္ဘူး လား။

" ခင္ဗ်ား က က်ဳပ္အေပၚတက္ခ်င္ေနတာလား ဘုန္းေဘဘီ "

" ကိုယ္ မတက္ခ်င္ပါဘူး Leo "

" က်စ္ ဆိုင္ကယ္ေပၚ တက္ခိုင္းေနတာ ဘုန္းေဘဘီ အူေၾကာင္ေၾကာင္နဲ႕ ကြာ "

" ေနမေကာင္းဘူး မလား Leo အျပင္ဘာသြားလုပ္မွာလဲ အိမ္ထဲမွာ နားေန ကိုယ္ဆန္ျပဳတ္ေလးျပဳတ္ေပးမယ္ေလ "

" တက္လို႔ က်ဳပ္ေျပာေနတယ္ေလ ဘုန္းေဘဘီ "

ေနာက္ဆုံးေတာ့လည္း ေဘဘီ့ Leo ဆိုင္ကယ္ ေနာက္ကေန ထိုင္ၿပီးသာလိုက္ခဲ့ရပါသည္။

" ခါးဖက္ထား "

" ကိုယ္ "

ေျပာေနတာၾကာ၍ Leo ကိုယ္တိုင္ ဘုန္းေဘဘီ လက္ႏွစ္ဖက္ကို ဆြဲယူကာ ခါး၌ဖက္ခိုင္းထားလိုက္သည္။

" Leo လႊတ္ဦး ကိုယ္ မေနတတ္ဘူးရယ္ အင့္ "

ဘုန္းေဘဘီ ႐ုန္းေတာ့လည္း သူ႕လက္ႀကီးနဲ႕ျပန္ေဆာင့္ဆြဲလာသည္။

" က်ဳပ္နဲ႕ Public Kissing ကိုယ္တိုင္ ႀကဳံဖူးခ်င္ရင္ ခင္ဗ်ား ဆက္လုပ္ေလ "

Leo ၿခိမ္းေျခာက္လိုက္ေတာ့မွ ၿငိမ္သြား၍ ဟက္ခနဲရယ္ခ်မိသည္။

ရယ္လိုက္တာနဲ႕ ဘယ္ဘက္ပါးျပင္က ပါးခ်ိဳင့္ကေလးကေတာ့ နက္နက္နဲနဲ ခြက္သြားပါေရာလား။

__________________________________________________________________

GarlicBoom

29/11/21

Comment