Episode-2

Unicode

" ငါလိုးမသား !!!!! "

ဖြောင်း ဖြောင်း ဖြောင်း

" ပြန်ချ Leo ကို "

ငါးယောက် တစ်ယောက် မို့ အင်အားမမျှသော်လည်း Leo သူတို့ကို အသာလေးနိုင်ပါသည်။

ခွပ် ခွပ် ခွပ် ခွပ်

" အုပ်စုလိုက် ဝိုင်းကိုက်တာကို ငါက ကြောက်မယ်ထင်နေရင် မင်းတို့ မှားသွားပြီ John "

ဇက်ပိုးကို တံတောင်စစ်နဲ့တိုက်ကာ Leo John ရဲ့ တံကောက်ကွေးကို ခြေထောက်နဲ့ စောင့်ကန်လိုက်သည်။

" ငါ့ကို ဇယားလာမရှုပ်နဲ့လို့ ပြောထားတယ် လေ John မင်းဘာဖြစ်ချင်နေတာလဲ "

အခုလည်း ညဘက်ကြီး  Leo အိမ်ပြန်တဲ့လမ်းမှာ ဒီကောင် အဖော်တွေခေါ်ပြီးအလစ်မှာချောင်းရိုက်တာပင်။

" မင်းကို မကျေနပ်ဘူး Leo "

အပေါင်းအပါလေးယောက်က John ဘေးမှာပင် အတုံးအရုံး လဲကျနေကြသည်။

"မကျေနပ်ရင် မင်း ဒဲ့ရှင်းလို့ရတယ် John အခုလို နောက်ကွယ်ကနေ ချောင်းရိုက်စရာ မလိုဘူး ငါလိုးမသားရဲ့ Fuck !!!! ငါနဲ့ ရန်မဖြစ်ရမနေနိုင်ဘူးလား "

နှုတ်ခမ်းထောင့်စွန်းကို တစ်ချက် ထိသွားတာမို့ Leo ဒေါသတွေပါ ထွက်လာတယ်။

" Club အတော်များများ မှာ ငါ့ကို Blacklist သွင်းထားတာ ပြန်ပြောပေး Leo ဒါဆို မင်းကို ငါမနှောင့်ယှက်တော့ဘူး "

" Fuck !!!!! မင်းမေလင်ကို သွားပြောခိုင်း ငါလိုးပဲ "

Helmet ကို သေချာဆောင်းကာ Daddy သူ သုံးနှစ်သားတုန်းက Present ပေးထားတဲ့ Ecosse Es1 spirit brand ဖြစ်သည့် motorcycle ကို စီးကာ အိမ်ပြန်လာလိုက်သည်။

ဘယ်အချိန်ထိ သူ့ကို John နှောင့်ယှက်နေဦးမှာလဲ ။

ကျောင်းမှာတုန်းက ရန်စကအခုထိမပြတ်သေးဘူးထင်ပါရဲ့ ။

John လိုက်နေတဲ့ ကောင်မလေး က Leo ကို အထာတွေ စွတ်ပေးကာ အပြတ်အသတ်ကိုကြွေနေခြင်းပင်။

Leo လည်း ဘာရယ်မဟုတ် အဲ့ကောင်မလေးနဲ့ 24 နာရီ တွဲပြီး လမ်းခွဲခဲ့တာ ။ အဲ့ဒါကို အဲ့မိန်းကလေးက Leo က သူ့ကို အပျော်ကြံပါတယ်ဆိုပြီး John ကို သွားတိုင်ရော ။

ကျောင်းကစ တဲ့ ရန်စ ဟာ ကျောင်းပြီးလို့ သုံးနှစ်ကြာတဲ့ထိအောင်မပြီးနိုင်သေး။

Leo က ရည်းစားမရှုပ်ပေမယ့် တွဲဖြစ်ရင်လည်း တစ်ယောက် ကို 24 နာရီထက်ပိုမတွဲ ။

" ကြီးမြတ်ကုဋေချီ "

Cycle သိမ်းနေတုန်း ပါပါး အော်သံကြောင့် Leo Helmet ကို မချွတ်သေးဘဲ အိမ်ထဲတန်းဝင်လာလိုက်တယ်။

" Helmet မချွတ်တဲ့ အကြောင်းရင်းက မင်းမျက်နှာက ဒဏ်ရာတွေ မြင်မှာစိုးလို့ မလား ကြီးမြတ်ကုဋေချီ "

" ပါပါး မအိပ်သေးဘူး လား "

" စကားလမ်းကြောင်း မလွဲနဲ့ Leo "

Sofa bed ပေါ်မှာ Leo ဝင်လှဲလိုက်တော့ ပါပါးက Helmet လာချွတ်ပေးသည်။

" John နဲ့ပဲလား Leo "

Leo ခေါင်းသာငြိမ့်ပြလိုက်သည်။

" မနက်ဖြန် မနက်ထွက်မဲ့  Flight နဲ့ Myanmar ကို သွားရမယ် Leo "

" ပါပါး "

" Stop   !!! Leo မင်း Daddy ကိုယ်တိုင် ဆုံးဖြတ်တာ "

" ကျွန်တော် မသွားချင်ဘူး ပါပါး "

" မင်း ဖွားဖွားကြီး ထားခဲ့တဲ့ သေတ္တာ ကို ဖွင့်
ကြည့်ရဦးမယ်လေ Leo "

"18 နှစ်မှ မပြည့်သေးတာ ပါပါး "

18 နှစ်မပြည့်သေးလို့ပဲ ဆိုးလိုက်တာမှ ယဥ်နှောင်းလက်ပံ သား ငယ်ငယ်တုန်းက လိမ္မာမယ် ထင်ခဲ့သမျှ ကျောင်းပို့မှတက်တက်စင်အောင်လွဲတော့သည်။

ပထမဆုံး ကျောင်းပို့တဲ့နေ့မှာပင် ရန်ဖြစ်ပြီး တခြားကလေးတစ်ယောက်ခေါင်းကို ကွန်ပါဘူးနဲ့ပိတ်ရိုက်ခဲ့သည်တဲ့။

ကျောင်းတက်နေစဥ်ကာ လတစ်လျှောက်လုံး Leo နဲ့ ရန်ပွဲက အမြဲတတွဲတွဲပင်။

ဒါတောင် အထက်တန်းကို All D နဲ့ အောင်ခဲ့လို့ တော်သေးတယ် သားက ဥာဏ်ကောင်းတာတော့ သူနဲ့တူတာ။

ထစ်ခနဲဆို ဒေါသကြီးပြီး စိတ်ဆတ်တာက ကြီးမြတ်ပိုင်ချီ စရိုက်တွေကိုအမွေရထားသည်ဟုဆိုရမည်။

" 1 လ လောက်ပဲ လိုတော့တာကိုထည့်ပြောဦး  Leo "

" မသွားလို့ မရဘူးလား ပါပါး "

" သား သဘောကျမှ Confirm မှာ Leo လေ့လာရုံလောက်ပဲလေ သဘောပေါက်လား "

" သူက ဘယ်ကလဲ ရန်ကုန်ကပဲလား ပါပါး "

" လင်းခေးက ပဲ Leo "

Daddy နဲ့ ပါပါး ဘယ်လိုများ ချိတ်ဆက်မိသွားလဲတောင် မသိ။

ခင်ဗျား လည်း အခုဆို အိမ်ထောင်တွေဘာတွေ ကျနေလောက်ပြီပေါ့ ဘုန်းဘေဘီ ။

" ဟုတ် ကျွန်တော် သဘောမကျရင် သဘောမကျဘူး အပြတ်ပြောလာခဲ့မှာနော် ပါပါး "

" အင်း သား သဘော နော် နားတော့မလား "

" ယဥ်ရေ မောင့်ကိုမထားခဲ့ပါနဲ့ အချစ်
ယောကျ်ားဘေးနားလာတော့ကွာ "

အိပ်ခန်းထဲမှ ထွက်လာသည့် Daddy အသံ
ကြောင့် Leo အားရပါးရ ရယ်ပြစ်လိုက်သည်။

" ကြီးမြတ်ပိုင်ချီ သေတော့မယ် "

" သွားသွား ပါပါး Daddy က မျက်စိအောက်က အပျောက်ကိုမခံဘူး "

ကိုယ့်အခန်းထဲ ကိုယ်ဝင်လာကာ Leo အဝတ်တွေသိမ်းကာ Luggage ထဲ ထည့်ရသည်။

သုံးနေကျ Babi Mild Set တွေ အပြင် Boxer ကိုပါ အလုံအလောက် ထည့်လိုက်တယ်။

ကျန်တာ ဂျီးမများပေမယ့် Leo က ရေမွှေးအနံ့ကိုမခံနိုင်၍ Babi Mild ကိုသာ Set လိုက်ဝယ်ထားပြီး Boxer ကျပြန်တော့လည်း သူ့ရဲ့ Anaconda လောက်ရှိသည့် ဟာကြောင့် Designer ကို Limited အနေနဲ့သာ ထုတ်ခိုင်းရသည်။

Leo အတွက် အရေးကြီးဆုံးက Babi Mild နဲ့ Boxer ဆို Guitar ကတော့ မပါမဖြစ် ။

Cycle ကို နောက်မှ Daddy ကို ပို့ခိုင်းတာ ဖြစ်ဖြစ် အသစ်ထပ်ဝယ်တာဖြစ်ဖြစ် လုပ်ရမည်။

ဘယ်လောက်ကြာမယ်မှန်းမသိ၍ Leo ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။

" အမိန့်ရှိပါ Hades "

တစ်ဖက်က အသံက လက်နက်ထွင်းထုတဲ့ရုံထဲ ရောက်နေတာ ဖြစ်ရမည်ဟု Leo တွေးလိုက်သည်။

" ဒီတစ်ခေါက် ခရီးက ကြာမှာမို့ လုပ်ငန်းတွေ အားလုံးကို မင်းလက်ထဲ လွှဲခဲ့မယ် Green "

" စိတ်ချပါ Hades "

" Ok ဟိုကနေ ငါအားလုံး ကို လှမ်း စစ်ဆေးနေမှာမို့ စိတ်ပူစရာ မရှိဘူး Green "

" Hades အစစအရာရာ ဂရုစိုက်ပါ "

ပြတင်းပေါက် အပြင်ဘက်ကို Leo ခပ်အေးအေးသာကြည့်လိုက်သည်။

တရားဝင် လက်နက် ကူးသန်း ရောင်းဝယ်ရေး အဟက် ။

_____

" အခန်းပြင်ပြီးပြီလား ဘုန်းဘေဘီ  "

" ဟုတ်ကဲ့ ဖွေး ကျွန်တော် ပြင်ပြီးပြီ အာ့ဆို  သွားတော့မလား ဟင် "

" နေနေမလိုက်နဲ့နော် အနာတွေ ဆေးထည့်ထားဦး ဘုန်းဘေဘီ ပြီးတော့ အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီ ကိုခြေဖျားထိဖုံးတဲ့အရှည်ဝတ်ထားနော် ဘာစားချင်လဲ ဖွေး ဘာဝယ်လာပေးခဲ့ရမလဲ "

" ဟင့်အင်း မစားတော့ဘူး ဖွေး ပိုက်ဆံ လောက်သေးလားဟင် ထပ်ယူသွားဦးမလား  "

" ရတယ် မလောက်ရင် တောင်းမယ် နော် ဘုန်းဘေဘီ "

" ဟိုဟာ ဖွေး ကောင်လေးက ဒီမှာ တည်းပါ့မလားဟင် "

" အယ်  ဘုန်းဘေဘီကလည်း ဖွေး ကောင်လေး မဟုတ်ပါဘူး Blind date လုပ်ရုံလောက်ပဲ ဒါပေမဲ့ စိတ်ချ သူက LA ကဆိုတော့ Hotel မှာတည်းဖို့ အဆင်ပြေမှာ မဟုတ်ဘူး အိမ်ကို ရအောင် ခေါ်လာခဲ့မယ် "

ရှက်ပြုံးလေး ပြုံးကာ ပြောနေတာမို့ ဘေဘီပါ လိုက်ပြုံးဖြစ်သည်။

ဖေဖေ့ နောက်မိန်းမ က ပါလာတဲ့ သမီးနှစ်ယောက် မှာ တစ်ယောက် က အိမ်ထောင်ကျသွားပြီဖြစ်ပြီး အခုအငယ်မလေး နန်းမဟာဖွေးက Blind date လုပ်မည်ဖြစ်၍ ဘေဘီ ကူညီပေး နေခြင်းပင်။

ညီအမနှစ်ယောက် လုံးက သူ့အပေါ်ကိုကောင်းသည်တော့မဟုတ်ပေမယ့်အရမ်းကြီးလည်းဆိုးဆိုးဝါးဝါးတော့ဖြစ်မနေချေ။

တစ်ကယ်ဆိုးဝါးတာက မေမေလေးနဲ့ အကြီးမ မအိအိဖွေးရဲ့ယောကျ်ား တို့ဖြစ်သည်။

ဖေဖေအလုပ်က ခရီးတွေ ထွက်ရသည်ဖြစ်၍ ဘုန်းဘေဘီ ကို ပိုက်ဆံပေးပြီးသာပစ်ထားခဲ့သည်ကများတယ်။

15 နှစ်လုံး သူ ဒီလို နေထိုင်ခဲ့ရတာပဲ ။

ပေါက်တူးတစ်လက်ကို ကိုင်ကာ ခြံအနောက်ဘက်ကို ခြုံရှင်းရန်သာ လုပ်ဖို့ ဘေဘီ ထွက်လာလိုက်သည်။


Dream ဆိုသည့် Coffee ဆိုင်လေးထဲတွင်.......

" ဖွေးအသက်က 20 ပါ ကုဋေက 18 ဆိုတော့ 2 နှစ်ကွာတာပေါ့နော် ကုဋေလို့ပဲခေါ်မယ်နော် "

" ဟုတ်ကဲ့ မနန်းမဟာဖွေး အဆင်ပြေသလို ခေါ်လို့ရပါတယ်"

" ဝါသနာ က "

" ပန်းစိုက်တာ  "

" ဪ  ရည်မှန်းချက် ကရော  "

" ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းရှင် ဖြစ်ဖို့ "

နန်းမဟာဖွေး စိတ်ထဲ ကျိတ်ပြီး အမှတ်ပေးမိသွားသည်။

ပုံစံလေးက ဂျစ်ကန်ကန် လူဆိုးလေးဆိုပေမယ့်ဖွေးကအဲ့လိုအဆိုးလေးတွေကိုပဲကြိုက်တာမလား။

" ဖွေး သဘောကျပါတယ် ကုဋေကို "

" ကျွန်တော်ကတော့ သဘောမကျဘူး မနန်းမဟာဖွေးကို "

" အမ် "

ကုဋေပြောလိုက်သည့် စကားကြောင့် ဖွေး စိတ်ထဲ အမျက်ကလေးထွက်လာတယ်။

" မမြန်လွန်းဘူးလား ကုဋေ "

" သဘောမကျရင် သဘောမကျဘူး ပဲ ပြောတတ်တာမို့ပါ မနန်းမဟာဖွေး "

" ဖွေးကို သေချာ လေ့လာစေချင်ပါတယ် ကုဋေ Hotel မှာတော့ မတည်းပါနဲ့ အိမ်မှာ အကုန် ပြင်ပေးထားပါတယ် ဒါတော့ လိုက်လျောပေးပါ "

" Ok မနန်းမဟာဖွေး ကျွန်တော် သဘောတူပါတယ် "

လက်ခံဖြစ်တဲ့ အကြောင်းက ဘာရယ်မဟုတ် ရန်ကုန်ထက်စာရင် လင်းခေးမြို့က သူနေရတာ ပိုပြီး အဆင်ပြေမယ်ထင်လို့ပင်။

______________________________________________________________

GarlicBoom
27/11/21

Zawgyi

" ငါလိုးမသား !!!!! "


" ပြန်ချ Leo ကို "


ခွပ် ခွပ် ခွပ် ခွပ်


















" ကြီးမြတ်ကုဋေချီ "



" ပါပါး မအိပ်သေးဘူး လား "



" John နဲ့ပဲလား Leo "



" ပါပါး "



ကြည့်ရဦးမယ်လေ Leo "











" လင်းခေးက ပဲ Leo "





ယောက်ျားဘေးနားလာတော့ကွာ "










" အမိန့်ရှိပါ Hades "



" စိတ်ချပါ Hades "





_____











တစ်ကယ်ဆိုးဝါးတာက မေမေလေးနဲ့ အကြီးမ မအိအိဖွေးရဲ့ယောက်ျား တို့ဖြစ်သည်။








" ဝါသနာ က "

" ပန်းစိုက်တာ  "

" ဪ  ရည်မှန်းချက် ကရော  "






" အမ် "







______________________________________________________________

GarlicBoom
27/11/21






Comment