Epilogue

Unicode

အခုထိ မနိုးသေးဘဲ စိတ်ချလက်ချ အိပ်နေသောကိုကို့ကိုကြည့်ပြီး ကြီးမြတ်ကုဋေချီအသာပြုံးမိသည်။

နဂိုထဲက လူကောင်ကသူ့ထက်ညှပ်ရတဲ့အထဲအခုလိုအိပ်နေတော့ကိုကိုကပိုပြီးတော့ပိန်သွားဦးမယ်။

" ကိုကို ။ ကိုကို ယောကျာ်း သတိရနေပြီ "

ကိုကို့ လက်ကို အသာကိုင်ကာ လီယိုပြောသော်လည်း ကိုကိုက တုန့်ပြန်မှုမရှိ။

" ဘုန်းဘေဘီ ယောကျာ်း လွမ်းနေပြီ လို့ ပြောနေတယ် လေ မြန်မြန် နိုးလာတော့နော် "

ဖြူဖျော့နေသည့် ကိုကို့မျက်နှာကိုကြည့်နိုင်စွမ်းမရှိတော့၍ လီယိုခေါင်းကိုငုံ့ချပြစ်လိုက်သည် ။

သူ့အတွက် နဲ့ ကိုကိုက သုံးခါတောင် အသက်ကိုအဆုံးရှုံးခံခဲ့တာ ။

သူ့လို ကောင်ကြောင့်နဲ့တဲ့ ။ ကိုကို့အပေါ်ကိုအမြဲအနိုင်ယူပြီးအော်ဟစ်နေတဲ့သူ့လိုကောင်အတွက်နဲ့တဲ့ ။

သူကတော့ ဒါတွေမသိဘဲ ကိုကို့ကိုဆိုအမြဲအထင်သေးခဲ့တာ ။ သူ့ကိုမချစ်ဘူးဆိုပြီး ကိုကို့ကို အထင်တွေပါလွဲခဲ့တာ ။

" ကိုကို ထလာတော့လို့ ။ ဘုန်းဘေဘီ ယောကျာ်း လွမ်းတယ် "

" ယောကျာ်း ကို လွမ်းရင် အိပ်ရာကနေထတော့ ကိုကို "

" ဘုန်းဘေဘီ ယောကျာ်း ခင်ဗျား ကို ချစ်တယ် ။ အဲ့ဒါကြောင့် ခင်ဗျားက မြန်မြန်နိုးလာပါတော့ ဗျာ "

ကိုကိုများ ကြားမလားရည်ရွယ်ချက်ဖြင့် လီယို စကားတွေ အများကြီး ပြောပေမယ့် ကိုကိုကနိုးမလာသေး ။

နောက်ဆုံး လီယို ကိုယ်တိုင် ကိုကို့ကုတင်ဘေးနားကလွတ်နေတဲ့နေရာလေးမှာ ခေါင်းမှီပြီး အိပ်ပျော်သွားသည်။

လီယို အိပ်ပျော်သွားပြီး ခဏအကြာမှာ ကုတင်ပေါ်ကဘုန်းဘေဘီရဲ့ လက်ကလေးတစ်ဖက်လှုပ်လှုပ်ရှားရှားဖြစ်လာတယ် ။

" မောင် "

မျက်လုံး ဖွင့်ဖွင့်ချင်း ဘုန်းဘေဘီ မောင့်ကိုအရင်ရှာကြည့်မိသည်။

အကျယ်ကြီးအော်ခေါ်ချင်ပေမယ့်လည်း လည်ချောင်းက နာနေသောကြောင့်လည်းခြောက်ကပ်ကပ်အသံသာထွက်လာတယ်။

" မောင် ဘယ်သွား "

ဘေးနားက ကုတင်အလွတ်မှာ သူ့ခါးက အင်္ကျီစလေးကို ဆုပ်ကိုင်ကာ အိပ်ပျော်နေတဲ့ မောင့်ကို တွေ့လိုက်ရတာမို့ ဘုန်းဘေဘီ စိတ်ထဲ ပူပင်နေတာတွေ လျှော့သွားရသည် ။

မောင် အိပ်ရအဆင်ပြေအောင် ဘုန်းဘေဘီ ခပ်လျော့လျော့လေး ကုတင်ကိုပြန်မှီထားလိုက်တယ် ။

" ဘာမှ မဖြစ်လို့ တော်သေးတာပေါ့ ။ ကိုယ်
မောင့်ကို နည်းနည်းလေးတောင် အထိခိုက်ခံနိုင်တာ မဟုတ်ဘူး "

မောင့် ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်တော့ အအိပ်ဆတ်တဲ့ မောင်ကချက်ချင်းကိုမျက်လုံးပွင့်လာသည် ။

" ဘုန်းဘေဘီ "

မောင်က မျက်ကွင်းတွေတောင်ညိုနေတာပဲ ။

" မောင် "

သူ့ပါးပြင်ကို အုပ်ကိုင်ကာ ခပ်ငိုင်ငိုင်လေးကြည့်နေသည့် ကိုကို့ကြောင့် ကြီးမြတ်ကုဋေချီ ကိုကို့ရင်ခွင်ထဲ ခေါင်းဝင်ကာ ကိုကို့ ခါးသွယ်သွယ်လေးကိုဖက်ထားလိုက်တယ်။

" မောင် "

" အီးးးးး ယောကျာ်း လွမ်းနေတာ သိရဲ့လား ။ ကိုကို သိရဲ့လားလို့ ယောကျာ်း အီးးးးးး ကိုကို မကောင်းဘူးဗျာ အီးးးး "

ရုတ်တရက်ကြီး မောင်က ထငိုလာတာမို့ ဘုန်းဘေဘီမှာ ဘာလုပ်ရမယ်မှန်းမသိ ။

" မငိုနဲ့လေ ကိုယ် ဘာမှ မဖြစ်ဘူး နည်းနည်း ရှပ်ထိသွားရုံပဲ မောင် "

" လီးကို ရှပ်ထိ ကန်တော့ ကိုကို အီးးးးး ။ ကိုကို ခင်ဗျား သုံးချက်ကြီးတောင် ဓားနဲ့အထိုးခံလိုက်ရတာဗျာ့ အီးးးးး "

ဒီကလေး စကားပြောရင် အဆဲကပါနေတုန်းပဲ ။

" မနာဘူး ကိုယ် မနာပါဘူး မောင်ရယ် ။ မောင် ဘာမှ မဖြစ်ရင် ရပြီ ပြပါဦး မောင် ဘယ်နားထိသွားသေးလဲလို့"

" အီးးးးး လွှတ် လာမထိနဲ့ ကိုကို ခင်ဗျား နောက်တစ်ခါ ယောကျာ်း အတွက် နဲ့ သူရဲကောင်းကြီး ဝင်မလုပ်နဲ့နော် ။ အီးးးးး ဒဏ်ရာဒဏ်ချက်တွေကြီးပဲ ကိုကို့ခန္ဓာကိုယ်မှာ "

" မဟုတ်ပါဘူး ဒီတစ်ခါပဲ မောင့်ကြောင့် ကိုယ် ဒဏ်ရာရဖူးတာပါ မောင်ရယ် မငိုနဲ့တော့ နော် ။ အာ ကိုယ် ဗိုက်ဆာတယ် မောင် ဘာရှိလဲ ဟင် "

ဆက်ပြောရင် မောင် ငိုတာ ပိုဆိုးမည်ဖြစ်၍ ဘုန်းဘေဘီစကားလမ်းကြောင်းအမြန်လွှဲရသည်။

" ယောကျာ်း ဆန်ပြုတ် ပြုတ်ထားတယ် ကိုကို အရသာတော့ မမြည်းရသေးဘူး ဒါမှမဟုတ် ယောကျာ်း ဆိုင်က မှာပေးရမလား ဘုန်းဘေဘီ ။ "

" ရတယ် မောင် ။ ကိုယ် မောင် ပြုတ်ပေးထားတာပဲ စားမယ်လေနော် "

ကိုကို စားစေချင်လွန်း၍ သူပြုတ်ထားပေမယ့်လည်း အရသာကိုမကြိုက်မှာကြောက်တာ
ကြောင့် ဆိုင်ကမှာပေးဖို့ ပြောတော့ ကိုကိုကသူပြုတ်ထားပေးတဲ့ဆန်ပြုတ်ကိုပဲစားပါမယ်တဲ့လေ ။

" ယောကျာ်း ကျွေးမှာပေါ့ ကိုကို့ကို ခဏစောင့် "

စားပွဲပေါ်မှာ တင်ထားတဲ့ Plastic ဗူးအကြည်လေးကို အဖုံးဖွင့်ပေးလိုက်တော့ မွှေးလွန်းလှ
သည့် တူးနံ့ကိုဘုန်းဘေဘီ အရင်ရလိုက်သည်။

" ယောကျ်ားပြုတ်ထားတဲ့ ဆန်ပြုတ် အနံ့လေးက မွှေးတယ်မလား ကိုကို "

တူးနံ့ထွက်တာကို မွှေးတယ်ထင်နေတဲ့ မောင့်ကြောင့် ဘုန်းဘေဘီ ခေါင်းသာငြိမ့်ပြလိုက်တယ် ။

မောင်က သူ့အတွက် ကြောင့်နဲ့ တစ်ခါမှ မဝင်ဖူးတဲ့ မီးဖိုချောင်ကို ဝင်ပြီး ဆန်ပြုတ်ပြုတ်လာခဲ့တာပဲ ။

" ဒါနဲ့ ဒီအတုံး မဲမဲလေးတွေက ဘာလဲ မောင် ရေညှိလား ရေညှိဆန်ပြုတ် ပြုတ်လာတာလား "

အဖြူတစ်ဝက်အမဲနုရောင်တစ်ဝက်ရောနေသည့် ဆန်ပြုတ်ပန်းကန်ထဲတွင် အမဲတုံးသေးသေးလေးများကို တွေ့လိုက်ရတာမို့ ဘုန်းဘေဘီမေးလိုက်ခြင်းပင်။

" အဲ့ဒါ ကြက်သား အတုံးသေးသေးလေးတွေလေ ကိုကိုရဲ့ ။ ယောကျ်ား အစတုန်းက ကြက်သားကိုပျော့ပျော့လေး ကြော်ဖို့ ကြက်သားကြော်နေတုန်း
Meeting တစ်ခုထိုင်လိုက်ရလို့ ဒီပုံစံဖြစ်သွားတာ အနံ့လေးကလည်း မွှေးနေတော့ ဆန်ပြုတ်နဲ့ရောပြီးနောက်တစ်ခေါက်ထည့်ပြုတ်လိုက်တာ ကိုကို မစားချင်လို့ လားဟင် ယောကျ်ား ပြုတ်ထားတာကို "

" မဟုတ်တာ ကိုယ် စားချင်ပါတယ် မောင် လုပ်ပေးထားတာ ပဲ ဘာလို့ မစား ချင်ရမှာလဲ "

ဘုန်းဘေဘီ မောင့်ရှေ့မှာပင် ဆန်ပြုတ် တစ်ဇွန်းခပ်သောက်ကြည့်တော့ အရသာကဆိုးတော့မဆိုး။

ခါးခါးလေးနဲ့ပင်သောက်လို့ကောင်းလှသည်။

" ကောင်းလား ယောကျာ်း လက်ရာ "

မောင်က မျှော်လင့်ချက် အပြည့်နဲ့မေးလာတာမို့ ဘုန်းဘေဘီ လက်မထောင်ပြလိုက်တယ် ။

" ကောင်းတာပေါ့ ကိုယ် ကြိုက်တယ် မောင် "

Plastic ဗူးထဲက ဆန်ပြုတ်အားလုံးကို ကုန်စင်အောင်သောက်ပြီးသည့်နောက်မှာတော့ ဘုန်းဘေဘီ လည်းဗိုက်ပြည့်သွားလေပြီ ။

" ယောကျာ်း ပါးစပ်သုတ်ပေးမယ်နော် ကိုကို "

" မောင့် သဘော "

Wet Tissue ယူကာ မောင်သုတ်ပေးနေတုန်း ဘုန်းဘေဘီ ကိစ္စ တစ်ခုကိုသတိရသွားသည် ။

" မောင် "

" ယောကျာ်း ကို ပြောစရာ ရှိလို့လား ။ ယောကျာ်း နားထောင်နေတယ် ပြောနော် ကိုကို "

ယောကျာ်း ကို ပါးစပ်ကမချသည့် မောင့်ကြောင့် သူ အသာရယ်မိသွားတယ် ။

ယောကျာ်း ယောကျာ်း နဲ့ အတော် သဘောကျနေပုံပဲ ။

" ဖွေးတို့ကို ဘယ်လို လုပ်လိုက်လဲ ဟင် ကိုယ့်ကိုပြောပြလို့ရလား ။ မောင် ပြောချင်မှ ပါ "

" ယောကျာ်း ဘာမှ သိပ်မလုပ်လိုက်ပါဘူး လုပ်လိုက်တယ် ဆိုရင်တောင် ကိုကို ယောကျာ်း ကို စိတ်ဆိုးမှာလား "

ကိုကို က လွဲရင် ရင် ကျန်တဲ့ တစ်ယောက် မှကို သူကအလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ ကိုကိုနားလည်လောက်ပါတယ် ။

" ဟင့်အင်း မဆိုးဘူး သူတို့က ဒီထပ်ပိုပြီး ခံရ
သင့်တယ် ။ကိုယ့်ကို ဒုက္ခပေးခဲ့တာတွေ ကိုယ်သည်းခံနိုင်တာမို့ ဘာမှ မဖြစ်ပေမယ့် မောင့်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားတာတော့ ကိုယ် လက်မခံနိုင်ဘူး "

ဘုန်းဘေဘီ မောင့်ကို နည်းနည်းလေးမှတောင် အထိခိုက်မခံနိုင်ပါ ။ ဒီကလေးကို ချစ်လွန်းလို့ သူအထိခိုက်ခံပြီးတောင် ကာကွယ်ထားရတာ။

" ကိုကို ယောကျာ်း ကို ယုံလား "

" အသေအချာပဲ ကိုယ် မောင့်ကို ယုံပါတယ် အခုဆို ကိုယ်တို့ လွတ်လွတ်လပ်လပ် ချစ်လို့ ရပြီပေါ့နော် မောင် "

ဘုန်းဘေဘီ မေးပုံကိုက ချစ်စရာကောင်းသောကြောင့် လီယိုဘယ်ဘက်ပါးက ပါးချိုင့်လေးခွက်နေသည်အထိပြုံးလိုက်သည်။

" မရှိတော့ဘူး ကိုကို အားလုံး ပြီးသွားပြီ ။ နောက်ထပ်နောက်ထပ် ကြားလူတွေ ဝင်လာပြီး ဖြတ်ရင်တောင် ယောကျာ်း က နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာ ကိုကို နားလည်ထား "

သူ့အပြောကို ကိုကိုက သဘောတကျ နားထောင်နေ၍ လီယို နှာခေါင်း လုံးလုံးလေးကို လိမ်ဆွဲ ပြစ်လိုက်တယ် ။

" မောင့်ကို ချစ်တယ် "

" ယောကျာ်း ရော ချစ်တယ် လေ "

" ကိုယ်က ပိုချစ်တာ "

" ယောကျာ်း က ပိုချစ်တာကိုနော် ဘုန်းဘေဘီ ခင်ဗျား အလျှော့ပေးမယ် မရှိဘူး ကိုယ့်ထက်အငယ်လေးကို ယောကျာ်း တော်ထားပြီး ။ ယောက်ျား ပိုချစ်တာ နားလည်လား "

" အင်း မောင်က ပိုချစ်တာ "

မျက်လုံး မှေးမှေးလေးတွေ မှိတ်သွားတဲ့အထိ ကိုကိုက ရယ်နေပြန်ပါပြီ ။

" အိပ်ချင်တယ် မောင် "

မျက်လုံးတွေက တစ်ကယ်မှေးစင်းလာသည်မို့ ဘုန်းဘေဘီ အိပ်မှကို ရတော့မည် ။

" ယောကျာ်း မျက်နှာကို ကြည့်ပြီး အိပ်လိုက် ကိုကို "

" အင်းအင်း ချစ်တယ် နော် မောင့်ကို အများကြီး "

" ယောကျာ်း လည်း ချစ်တယ် နော် ကိုကို "

ကိုကိုမျက်လုံးတွေမှိတ်သွားတဲ့အချိန်ထိ စောင့်ပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုကာမှ လီယို Hotel ပြန်ကာ လိုအပ်သည့် ပစ္စည်း များပြန်ယူပြီး ပိုနေတဲ့ပစ္စည်းတွေပြန်ထားရသည် ။

ညနေလောက်ကြရင် တစ်နေရာကို ခေါ်သွားဖို့ ရှိတာမို့ လီယို ကိုကို့အတွက် Hoodie အညိုရောင် နဲ့ ချည်သားဘောင်းဘီ အညိုရောင် ဒူးဖုံးလေးကိုပါထည့်လာလိုက်တယ် ။

တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမသိစိတ်ကနေ ခံစားရတာမို့ ဘုန်းဘေဘီ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

" ငယ် "

" ဦးစက် "

" ရတယ်ရတယ် ငယ် လှဲနေ ကိုယ် က သူစိမ်း မဟုတ်ဘူး "

ဟိုကောင့်ကြောင့် ငယ်က ဒဏ်ရာ ထပ်ရပြန်ပြီ ။ ရှေးအာဏာစက် လက်သီးကိုခပ်တင်းတင်းဆုပ်ကာ ဒေါသဖြေနေရတယ်။

" ကျွန်တော့် သဘောနဲ့ ကျွန်တော် ဝင်ခံလိုက်တာပါ ဦးစက်ရဲ့ ။ မောင့်အပြစ် မဟုတ်ပါဘူး "

" ငယ် ကိုယ်က "

ငယ်က သူ့အတွေးကို သိသူပီပီ ပြောလာ၍ ဆုပ်ထားတဲ့လက်သီးကို ဖြည်လိုက်ရတယ်။

" နားလည်ပါတယ် ဦးစက်က မောင့်ကိုစိတ်ဆိုးနေမယ်ဆိုတာ ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် မောင့်ကိုတွန်းလိုက်တာပါ "

" သူ့ကို ကိုယ် လိုက်မမှီနိုင်လောက်အောင် ချစ်တာလား ငယ် "

အချစ်ဒဿနတွေလည်း ဘုန်းဘေဘီမဖွဲ့တတ်ပါ။ဦးစက်ကမေးလာတော့လည်းဖြေတတ်သလိုသာပြန်ဖြေရသည်။

" နောက်ဘဝဆိုတာ တစ်ကယ်ရှိလားမရှိလားကျွန်တော်မသိတာမို့ တိုင်တည်ပြီးလည်းမပြောချင်ဘူး ဦးစက် ။ သေချာနေတဲ့ အခုလက်ရှိ ဘဝမှာတော့ ကျွန်တော်က မောင်မှမောင်ပါပဲ "

ငယ်က ရယ်ပြီး ပြောလာတာမို့ သူလည်း စိတ်ချမ်းသာပါတယ် ။

ငယ်ပျော်နေရင် ရပြီပေါ့ သူ့အတွက် ကျန်တာ ဘာမှမလိုဘူး ။

" ကိုယ် ငယ့်ကို နောက်ဆုံး အကြိမ်အဖြစ်ဖက်လို့ရလား ။ ကိုယ် ဒီနေ့ France ကို ထွက်သွားတော့မှာမို့လေ ငယ် "

Flight Ticket ကို စားပွဲခုံပေါ် တင်ပြလာတာမို့ ဘုန်းဘေဘီ လက်ခံလိုက်တယ် ။

ဦးစက်က သူ့အတွက်တော့ အကိုလို ဦးလေးတစ်ယောက်လိုပါပဲ ။

" ရတာပေါ့ ဦးစက် "

" လိမ်လိမ်မာမာ နေနော် ဟိုကောင် ဆိုးရင် ကိုယ် ငယ့်ကို ပြန်လာခေါ်မှာ "

ရှေးအာဏာစက် ပြောသာပြောရသော်လည်း ငယ်က လိုက်မှာတဲ့လား ။

" မောင်က လိမ္မာပါတယ် ဦးစက်ရဲ့ "

" ဒါဆို ကိုယ် သွားပြီ ငယ် "

ဘုန်းဘေဘီ ဦးစက်ကို နှုတ်ဆက်နေတုန်း အခန်းထဲကို ရောက်လာတဲ့ မောင့်ကြောင့် လက်ပြလိုက်တယ် ။

" ယောကျာ်း လာပြီ ဘုန်းဘေဘီ ။ ဘုန်းဘေဘီရဲ့ ယောကျ်ားလေး လာပါပြီဗျာ "

" ယောကျာ်း ယောကျာ်း နဲ့ အတော်ကို သဘောကျနေတာပေါ့ မောင်က "

ကိုကို ပြောသလိုပင် ကြီးမြတ်ကုဋေချီ ကိုယ့်ကိုကိုယ် ယောကျာ်း လို့ ပြောရတာကို သဘောကျသည် ။

ယောကျာ်း ယောကျာ်း လို့ ကိုကိုက သူ့ကို ခဏခဏခေါ်နေရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ။

" ဟိုအဘိုးကြီး ခင်ဗျား ကို ဘာပြော သွားတာလဲ ယောကျာ်း ကို ပြော "

" ဘာမှ မပြောဘူး မောင် ဦးစက်က France ကို ထွက်သွားတော့မှာမို့ ကိုယ့်ကို လာနှုတ်ဆက်ရုံပဲ "

" ပြီးတာပဲ ယောကျာ်း တို့ အပြင်သွားဖို့ ရှိတယ် ဘုန်းဘေဘီ ။ အဝတ်အစားလဲရအောင် "

ပါးစပ်ကလည်း ပြော လက်ကလည်းမြန်သည့် မောင်က သူ့အဝတ်တွေကိုဆွဲချွတ်သွားတာများ စိတ်မြန်လက်မြန်ရှိလှသည် ။

" Boxer က ဒီတစ်ခါ အမဲလေးဝတ် Mickey Mouse Family ပုံလေးနဲ့လေ အဲ့ဒါဝတ်ထားရင် ကိုကို့ဖင်လေးက လုံးလုံးလေးဖြစ်နေမှာ ။ ယောကျာ်း လည်း အဲ့ဒါပဲ ဝတ်ထားတာ ကိုကို
ကြည့်ဦးမလား "

" ဟင့်အင်း မကြည့်တော့ဘူး အဝတ်အစား ဝတ်ပေးလေ ကိုယ့်ကို "

" ဟုတ်ပြီ ယောကျာ်း ဝတ်ပေးမယ်နော် ။ ယောကျာ်း တို့ မနက်ဖြန် ကစပြီး တစ်နှစ်ကို တစ်နေရာစီ ပြောင်းနေကြမယ်ကိုကို ။ ဒီနှစ် Dubai ဆို နောက်နှစ် Switzerland နောက်တစ်နှစ် California အဲ့လို ပြောင်းနေကြမယ် Daddy နဲ့ ပါပါးဆီလည်း အလည်သွားကြမယ် ယောကျာ်း ပြောတာ ကြားလား ဘုန်းဘေဘီ "

" ကြားပါတယ် မောင်ရဲ့ ဘယ်သွားဖို့လဲ ဟင် "

" ယောကျာ်း နဲ့ မလိုက်ချင်ဘူး လား ဘုန်းဘေဘီက "

" မဟုတ်ပါဘူး ကိုယ်က မောင် နဲ့ လိုက်ချင်တာပေါ့ "

ကြီးမြတ်ကုဋေချီ ကိုကို့ကို အဝတ်စားလဲပေးပြီးတာနဲ့ တန်းပြီး ကောက်ပွေ့ကာ ဆေးရုံဝန်းထဲကနေထွက်လာလိုက်သည်။

ကားပေါ်ရောက်တော့လည်း ကိုကိုက ဘာတစ်ခွန်းမှမမေးဘဲ ငြိမ်ငြိမ်လေးထိုင်ပြီးသာ လိုက်လာတယ်။

အင်း ကိုကို့ နဖူးရှေ့က ဆံပင်လေးတွေတောင်မျက်စိနားရောက်နေပြီ အပြန်ဝင်ပြီး ညှပ်ပေးရမယ်။

" ကိုကို ။ မအိပ်နဲ့ဦး နော် ယောကျာ်း စကားနားထောင် "

" ယောကျာ်း စကား နားထောင်မှာပေါ့ ဟီး "

သူ့ကို ကိုကိုက ယောကျာ်း လို့ ခေါ်လာတာမို့ လီယို သဘောကျတဲ့စိတ်ကထိန်းမရ ။

" ယောကျာ်း က ချစ်တယ် နော် "

" ကိုယ်ရောပဲ ယောကျာ်း ကို ချစ်တယ် "

မိနစ်သုံးဆယ်လောက် မောင်းပြီးသည့် နောက်မှာတော့ လီယို ပိုင်တဲ့ ပန်းခင်းနားကို ရောက်လာသည် ။

" ရောက်ပြီ ကိုကို ဆင်းရအောင် "

" အာ ရောက်ပြီလား ယောကျာ်း "

" ယောကျာ်း ရှေ့က သွားမယ် ကိုကို ဘေးကိုလာ "

ရှေ့ကနေ မောင်က Guitar ကြီးကိုင်ကာ ဆင်းသွားသည်မို့ ဘုန်းဘေဘီပါ ဘေးကနေလိုက်ရသည်။

လီယို လက်ကမ်းလိုက်တော့ ကိုကိုက သူ့လက်ကိုပြန်ဆုပ်ကိုင်လာသည် ။

ပန်းခင်း အလယ်နားလောက် ရောက်တော့မှ လီယို ကိုကို့လက်ကိုလွှတ်ပေးလိုက်တယ်။

" ယောကျာ်း ပိုင်တဲ့ ပန်းခင်းကြီးလေ ကိုကို သိတယ်မလား ဘာပန်းလဲ ဆိုတာကိုတော့ "

မောင်ခေါ်လာတဲ့ ပန်းခင်း က ဘိန်းပန်းတွေပျိူးထားတဲ့ဘိန်းစိုက်ခင်းကြီးဆိုတာ ကို သူမသိဘဲ နေမလား ။

" ထိုင်ပါဦး ကိုကို ယောကျာ်း ဘေးနားမှာ "

ဘုန်းဘေဘီ မောင့်ဘေးကနေရာအလွတ်လေးမှာ ထိုင်ချလိုက်ပြီး မောင့်ပုခုံးပေါ် ခေါင်းမှီထားလိုက်သည်။

နေမဝင်သေးတာမို့ နေလုံးနီနီကြီး ကိုလည်းသူတို့နှစ်ယောက်လှမ်းမြင်နေရတယ်။

" Phone Ringtone အသစ်ထားဖို့ ယောကျာ်း သီချင်း ဆိုပေးမယ် "

မောင် Guitar ယူလာတဲ့ ရည်ရွယ်ချက် က ဒါပေါ့ ။

" မောင့် သဘော "

ဘုန်းဘေဘီ ပြောပြီးတာနဲ့ မောင်ကပြုံးကာ Guitar ကို တီးပြီးသီချင်းဆိုလာသည် ။

မလွန်ဆန်နိုင် နှလုံးသားထဲ ရစ်နှောင်တွယ်

ပတ်လို့ဖြင့်ထားသော်လည်း အတွေးခက်တဲ့

သံယောဇဉ် ။

ငယ်ရွယ်သူ ဖြစ်တော့လည်း ချစ်တာပဲ

ဦးစားပေး သိနေတယ် အတွေးခက်တဲ့

ဇာတ်လမ်းမှာ ။

ကြားလူတွေ ဖြတ်လို့တော့ နောက်မဆုတ်ဘူး

စမိတဲ့ အချစ်တွေကိုရုတ်သိမ်းဖို့မတောင်းဆိုနဲ့ ။

ငါ့အသိထဲမင်းတစ်ယောက်ပဲငဲ့ညာမယ့်

တို့နှစ်ယောက် ရဲ့ နိဗ္ဗာန်လေး ဖျက်သိမ်းဖို့

မတောင်းဆိုနဲ့ ငါဘယ်သူမှဂရုမစိုက်နိုင် ။

ရင်ခွင်မှာ ပစ်ပြီးလို့ စိုက်နေမှ ဆွဲနှုတ်ဖို့ မလုပ်နိုင်ဘူး

ကိုယ့်အသက်ကို ကိုယ်သနားတယ် ။

အကြင်နာတွေပေးပြီးလို့လက်လွန်မှမုန်းခိုင်းတိုင်း

မမုန်းနိုင်ဘူး မေ့ရမှာ မလွယ်လှပါ ။

ကြားလူတွေ ဖြတ်လို့တော့ နောက်မဆုတ်ဘူး

စမိတဲ့ အချစ်တွေကိုရုတ်သိမ်းဖို့မတောင်းဆိုနဲ့ ။

ငါ့အသိထဲမင်းတစ်ယောက်ပဲငဲ့ညာမယ့်

တို့နှစ်ယောက် ရဲ့ နိဗ္ဗာန်လေး ဖျက်သိမ်းဖို့

မတောင်းဆိုနဲ့ ငါဘယ်သူမှဂရုမစိုက်နိုင် ။

သီချင်းသံ အဆုံး ကြီးမြတ်ကုဋေချီ Guitar ကိုဘေးချကာ ကိုကို့အား ပန်းခင်းကြားထဲဆွဲလှဲပြစ်ကာကိုကို့အပေါ်ကနေအုပ်မိုးထားလိုက်သည် ။

" ကိုကို "

" မောင့် သဘော "

သူ့ကို စူးစိုက်ကြည့်နေတဲ့ မောင့်အကြည့်တွေကို ဘုန်းဘေဘီ သိတာမို့ ခေါင်းသာငြိမ့်ပြလိုက်တယ်။

မောင်နဲ့သာဆိုရင် သူဘာကိုမှကြောက်မနေတော့ပါ။

ချွန်နေတဲ့ မောင့်နှာခေါင်းကို သူ့နှာခေါင်းလုံးလုံးလေးနဲ့ထိကာ ပြောလိုက်တော့ မောင်ကပါးပြင်ကိုတမွမွမွှေးကြူလာတယ် ။

" မောင့်ကို ချစ်တယ် "

" မောင်က ပိုပါတယ် ဘုန်းဘေဘီ "

ကိုယ် ငယ်ငယ်က ထိန်းခဲ့တဲ့ ကလေးကလည်း တစ်ချိန်မှာ ကိုယ့်ကို ပြန်ထိန်းသွားတာမျိုးပေါ့ ။

_________________________________________________________________

GarlicBoom

13/1/22

Zawgyi

အခုထိ မနိုးေသးဘဲ စိတ္ခ်လက္ခ် အိပ္ေနေသာကိုကို႔ကိုၾကည့္ၿပီး ႀကီးျမတ္ကုေဋခ်ီအသာၿပဳံးမိသည္။

နဂိုထဲက လူေကာင္ကသူ႕ထက္ညွပ္ရတဲ့အထဲအခုလိုအိပ္ေနေတာ့ကိုကိုကပိုၿပီးေတာ့ပိန္သြားဦးမယ္။

" ကိုကို ။ ကိုကို ေယာက်ာ္း သတိရေနၿပီ "

ကိုကို႔ လက္ကို အသာကိုင္ကာ လီယိုေျပာေသာ္လည္း ကိုကိုက တုန့္ျပန္မႈမရွိ။

" ဘုန္းေဘဘီ ေယာက်ာ္း လြမ္းေနၿပီ လို႔ ေျပာေနတယ္ ေလ ျမန္ျမန္ နိုးလာေတာ့ေနာ္ "

ျဖဴေဖ်ာ့ေနသည့္ ကိုကို႔မ်က္ႏွာကိုၾကည့္နိုင္စြမ္းမရွိေတာ့၍ လီယိုေခါင္းကိုငုံ႕ခ်ျပစ္လိုက္သည္ ။

သူ႕အတြက္ နဲ႕ ကိုကိုက သုံးခါေတာင္ အသက္ကိုအဆုံးရႈံးခံခဲ့တာ ။

သူ႕လို ေကာင္ေၾကာင့္နဲ႕တဲ့ ။ ကိုကို႔အေပၚကိုအၿမဲအနိုင္ယူၿပီးေအာ္ဟစ္ေနတဲ့သူ႕လိုေကာင္အတြက္နဲ႕တဲ့ ။

သူကေတာ့ ဒါေတြမသိဘဲ ကိုကို႔ကိုဆိုအၿမဲအထင္ေသးခဲ့တာ ။ သူ႕ကိုမခ်စ္ဘူးဆိုၿပီး ကိုကို႔ကို အထင္ေတြပါလြဲခဲ့တာ ။

" ကိုကို ထလာေတာ့လို႔ ။ ဘုန္းေဘဘီ ေယာက်ာ္း လြမ္းတယ္ "

" ေယာက်ာ္း ကို လြမ္းရင္ အိပ္ရာကေနထေတာ့ ကိုကို "

" ဘုန္းေဘဘီ ေယာက်ာ္း ခင္ဗ်ား ကို ခ်စ္တယ္ ။ အဲ့ဒါေၾကာင့္ ခင္ဗ်ားက ျမန္ျမန္နိုးလာပါေတာ့ ဗ်ာ "

ကိုကိုမ်ား ၾကားမလားရည္႐ြယ္ခ်က္ျဖင့္ လီယို စကားေတြ အမ်ားႀကီး ေျပာေပမယ့္ ကိုကိုကနိုးမလာေသး ။

ေနာက္ဆုံး လီယို ကိုယ္တိုင္ ကိုကို႔ကုတင္ေဘးနားကလြတ္ေနတဲ့ေနရာေလးမွာ ေခါင္းမွီၿပီး အိပ္ေပ်ာ္သြားသည္။

လီယို အိပ္ေပ်ာ္သြားၿပီး ခဏအၾကာမွာ ကုတင္ေပၚကဘုန္းေဘဘီရဲ႕ လက္ကေလးတစ္ဖက္လႈပ္လႈပ္ရွားရွားျဖစ္လာတယ္ ။

" ေမာင္ "

မ်က္လုံး ဖြင့္ဖြင့္ခ်င္း ဘုန္းေဘဘီ ေမာင့္ကိုအရင္ရွာၾကည့္မိသည္။

အက်ယ္ႀကီးေအာ္ေခၚခ်င္ေပမယ့္လည္း လည္ေခ်ာင္းက နာေနေသာေၾကာင့္လည္းေျခာက္ကပ္ကပ္အသံသာထြက္လာတယ္။

" ေမာင္ ဘယ္သြား "

ေဘးနားက ကုတင္အလြတ္မွာ သူ႕ခါးက အကၤ်ီစေလးကို ဆုပ္ကိုင္ကာ အိပ္ေပ်ာ္ေနတဲ့ ေမာင့္ကို ေတြ႕လိုက္ရတာမို႔ ဘုန္းေဘဘီ စိတ္ထဲ ပူပင္ေနတာေတြ ေလွ်ာ့သြားရသည္ ။

ေမာင္ အိပ္ရအဆင္ေျပေအာင္ ဘုန္းေဘဘီ ခပ္ေလ်ာ့ေလ်ာ့ေလး ကုတင္ကိုျပန္မွီထားလိုက္တယ္ ။

" ဘာမွ မျဖစ္လို႔ ေတာ္ေသးတာေပါ့ ။ ကိုယ္
ေမာင့္ကို နည္းနည္းေလးေတာင္ အထိခိုက္ခံနိုင္တာ မဟုတ္ဘူး "

ေမာင့္ ေခါင္းကို ခပ္ဖြဖြေလး ပုတ္လိုက္ေတာ့ အအိပ္ဆတ္တဲ့ ေမာင္ကခ်က္ခ်င္းကိုမ်က္လုံးပြင့္လာသည္ ။

" ဘုန္းေဘဘီ "

ေမာင္က မ်က္ကြင္းေတြေတာင္ညိုေနတာပဲ ။

" ေမာင္ "

သူ႕ပါးျပင္ကို အုပ္ကိုင္ကာ ခပ္ငိုင္ငိုင္ေလးၾကည့္ေနသည့္ ကိုကို႔ေၾကာင့္ ႀကီးျမတ္ကုေဋခ်ီ ကိုကို႔ရင္ခြင္ထဲ ေခါင္းဝင္ကာ ကိုကို႔ ခါးသြယ္သြယ္ေလးကိုဖက္ထားလိုက္တယ္။

" ေမာင္ "

" အီးးးးး ေယာက်ာ္း လြမ္းေနတာ သိရဲ႕လား ။ ကိုကို သိရဲ႕လားလို႔ ေယာက်ာ္း အီးးးးးး ကိုကို မေကာင္းဘူးဗ်ာ အီးးးး "

႐ုတ္တရက္ႀကီး ေမာင္က ထငိုလာတာမို႔ ဘုန္းေဘဘီမွာ ဘာလုပ္ရမယ္မွန္းမသိ ။

" မငိုနဲ႕ေလ ကိုယ္ ဘာမွ မျဖစ္ဘူး နည္းနည္း ရွပ္ထိသြား႐ုံပဲ ေမာင္ "

" လီးကို ရွပ္ထိ ကန္ေတာ့ ကိုကို အီးးးးး ။ ကိုကို ခင္ဗ်ား သုံးခ်က္ႀကီးေတာင္ ဓားနဲ႕အထိုးခံလိုက္ရတာဗ်ာ့ အီးးးးး "

ဒီကေလး စကားေျပာရင္ အဆဲကပါေနတုန္းပဲ ။

" မနာဘူး ကိုယ္ မနာပါဘူး ေမာင္ရယ္ ။ ေမာင္ ဘာမွ မျဖစ္ရင္ ရၿပီ ျပပါဦး ေမာင္ ဘယ္နားထိသြားေသးလဲလို႔"

" အီးးးးး လႊတ္ လာမထိနဲ႕ ကိုကို ခင္ဗ်ား ေနာက္တစ္ခါ ေယာက်ာ္း အတြက္ နဲ႕ သူရဲေကာင္းႀကီး ဝင္မလုပ္နဲ႕ေနာ္ ။ အီးးးးး ဒဏ္ရာဒဏ္ခ်က္ေတြႀကီးပဲ ကိုကို႔ခႏၶာကိုယ္မွာ "

" မဟုတ္ပါဘူး ဒီတစ္ခါပဲ ေမာင့္ေၾကာင့္ ကိုယ္ ဒဏ္ရာရဖူးတာပါ ေမာင္ရယ္ မငိုနဲ႕ေတာ့ ေနာ္ ။ အာ ကိုယ္ ဗိုက္ဆာတယ္ ေမာင္ ဘာရွိလဲ ဟင္ "

ဆက္ေျပာရင္ ေမာင္ ငိုတာ ပိုဆိုးမည္ျဖစ္၍ ဘုန္းေဘဘီစကားလမ္းေၾကာင္းအျမန္လႊဲရသည္။

" ေယာက်ာ္း ဆန္ျပဳတ္ ျပဳတ္ထားတယ္ ကိုကို အရသာေတာ့ မျမည္းရေသးဘူး ဒါမွမဟုတ္ ေယာက်ာ္း ဆိုင္က မွာေပးရမလား ဘုန္းေဘဘီ ။ "

" ရတယ္ ေမာင္ ။ ကိုယ္ ေမာင္ ျပဳတ္ေပးထားတာပဲ စားမယ္ေလေနာ္ "

ကိုကို စားေစခ်င္လြန္း၍ သူျပဳတ္ထားေပမယ့္လည္း အရသာကိုမႀကိဳက္မွာေၾကာက္တာ
ေၾကာင့္ ဆိုင္ကမွာေပးဖို႔ ေျပာေတာ့ ကိုကိုကသူျပဳတ္ထားေပးတဲ့ဆန္ျပဳတ္ကိုပဲစားပါမယ္တဲ့ေလ ။

" ေယာက်ာ္း ေကြၽးမွာေပါ့ ကိုကို႔ကို ခဏေစာင့္ "

စားပြဲေပၚမွာ တင္ထားတဲ့ Plastic ဗူးအၾကည္ေလးကို အဖုံးဖြင့္ေပးလိုက္ေတာ့ ေမႊးလြန္းလွ
သည့္ တူးနံ႕ကိုဘုန္းေဘဘီ အရင္ရလိုက္သည္။

" ေယာက်္ားျပဳတ္ထားတဲ့ ဆန္ျပဳတ္ အနံ႕ေလးက ေမႊးတယ္မလား ကိုကို "

တူးနံ႕ထြက္တာကို ေမႊးတယ္ထင္ေနတဲ့ ေမာင့္ေၾကာင့္ ဘုန္းေဘဘီ ေခါင္းသာၿငိမ့္ျပလိုက္တယ္ ။

ေမာင္က သူ႕အတြက္ ေၾကာင့္နဲ႕ တစ္ခါမွ မဝင္ဖူးတဲ့ မီးဖိုေခ်ာင္ကို ဝင္ၿပီး ဆန္ျပဳတ္ျပဳတ္လာခဲ့တာပဲ ။

" ဒါနဲ႕ ဒီအတုံး မဲမဲေလးေတြက ဘာလဲ ေမာင္ ေရညွိလား ေရညွိဆန္ျပဳတ္ ျပဳတ္လာတာလား "

အျဖဴတစ္ဝက္အမဲႏုေရာင္တစ္ဝက္ေရာေနသည့္ ဆန္ျပဳတ္ပန္းကန္ထဲတြင္ အမဲတုံးေသးေသးေလးမ်ားကို ေတြ႕လိုက္ရတာမို႔ ဘုန္းေဘဘီေမးလိုက္ျခင္းပင္။

" အဲ့ဒါ ၾကက္သား အတုံးေသးေသးေလးေတြေလ ကိုကိုရဲ႕ ။ ေယာက်္ား အစတုန္းက ၾကက္သားကိုေပ်ာ့ေပ်ာ့ေလး ေၾကာ္ဖို႔ ၾကက္သားေၾကာ္ေနတုန္း
Meeting တစ္ခုထိုင္လိုက္ရလို႔ ဒီပုံစံျဖစ္သြားတာ အနံ႕ေလးကလည္း ေမႊးေနေတာ့ ဆန္ျပဳတ္နဲ႕ေရာၿပီးေနာက္တစ္ေခါက္ထည့္ျပဳတ္လိုက္တာ ကိုကို မစားခ်င္လို႔ လားဟင္ ေယာက်္ား ျပဳတ္ထားတာကို "

" မဟုတ္တာ ကိုယ္ စားခ်င္ပါတယ္ ေမာင္ လုပ္ေပးထားတာ ပဲ ဘာလို႔ မစား ခ်င္ရမွာလဲ "

ဘုန္းေဘဘီ ေမာင့္ေရွ႕မွာပင္ ဆန္ျပဳတ္ တစ္ဇြန္းခပ္ေသာက္ၾကည့္ေတာ့ အရသာကဆိုးေတာ့မဆိုး။

ခါးခါးေလးနဲ႕ပင္ေသာက္လို႔ေကာင္းလွသည္။

" ေကာင္းလား ေယာက်ာ္း လက္ရာ "

ေမာင္က ေမွ်ာ္လင့္ခ်က္ အျပည့္နဲ႕ေမးလာတာမို႔ ဘုန္းေဘဘီ လက္မေထာင္ျပလိုက္တယ္ ။

" ေကာင္းတာေပါ့ ကိုယ္ ႀကိဳက္တယ္ ေမာင္ "

Plastic ဗူးထဲက ဆန္ျပဳတ္အားလုံးကို ကုန္စင္ေအာင္ေသာက္ၿပီးသည့္ေနာက္မွာေတာ့ ဘုန္းေဘဘီ လည္းဗိုက္ျပည့္သြားေလၿပီ ။

" ေယာက်ာ္း ပါးစပ္သုတ္ေပးမယ္ေနာ္ ကိုကို "

" ေမာင့္ သေဘာ "

Wet Tissue ယူကာ ေမာင္သုတ္ေပးေနတုန္း ဘုန္းေဘဘီ ကိစၥ တစ္ခုကိုသတိရသြားသည္ ။

" ေမာင္ "

" ေယာက်ာ္း ကို ေျပာစရာ ရွိလို႔လား ။ ေယာက်ာ္း နားေထာင္ေနတယ္ ေျပာေနာ္ ကိုကို "

ေယာက်ာ္း ကို ပါးစပ္ကမခ်သည့္ ေမာင့္ေၾကာင့္ သူ အသာရယ္မိသြားတယ္ ။

ေယာက်ာ္း ေယာက်ာ္း နဲ႕ အေတာ္ သေဘာက်ေနပုံပဲ ။

" ေဖြးတို႔ကို ဘယ္လို လုပ္လိုက္လဲ ဟင္ ကိုယ့္ကိုေျပာျပလို႔ရလား ။ ေမာင္ ေျပာခ်င္မွ ပါ "

" ေယာက်ာ္း ဘာမွ သိပ္မလုပ္လိုက္ပါဘူး လုပ္လိုက္တယ္ ဆိုရင္ေတာင္ ကိုကို ေယာက်ာ္း ကို စိတ္ဆိုးမွာလား "

ကိုကို က လြဲရင္ ရင္ က်န္တဲ့ တစ္ေယာက္ မွကို သူကအလြတ္ေပးမွာ မဟုတ္ဘူးဆိုတာ ကိုကိုနားလည္ေလာက္ပါတယ္ ။

" ဟင့္အင္း မဆိုးဘူး သူတို႔က ဒီထပ္ပိုၿပီး ခံရ
သင့္တယ္ ။ကိုယ့္ကို ဒုကၡေပးခဲ့တာေတြ ကိုယ္သည္းခံနိုင္တာမို႔ ဘာမွ မျဖစ္ေပမယ့္ ေမာင့္ရဲ႕ အသက္အႏၱရာယ္ကို ထိခိုက္ေအာင္လုပ္ဖို႔ႀကိဳးစားတာေတာ့ ကိုယ္ လက္မခံနိုင္ဘူး "

ဘုန္းေဘဘီ ေမာင့္ကို နည္းနည္းေလးမွေတာင္ အထိခိုက္မခံနိုင္ပါ ။ ဒီကေလးကို ခ်စ္လြန္းလို႔ သူအထိခိုက္ခံၿပီးေတာင္ ကာကြယ္ထားရတာ။

" ကိုကို ေယာက်ာ္း ကို ယုံလား "

" အေသအခ်ာပဲ ကိုယ္ ေမာင့္ကို ယုံပါတယ္ အခုဆို ကိုယ္တို႔ လြတ္လြတ္လပ္လပ္ ခ်စ္လို႔ ရၿပီေပါ့ေနာ္ ေမာင္ "

ဘုန္းေဘဘီ ေမးပုံကိုက ခ်စ္စရာေကာင္းေသာေၾကာင့္ လီယိုဘယ္ဘက္ပါးက ပါးခ်ိဳင့္ေလးခြက္ေနသည္အထိၿပဳံးလိုက္သည္။

" မရွိေတာ့ဘူး ကိုကို အားလုံး ၿပီးသြားၿပီ ။ ေနာက္ထပ္ေနာက္ထပ္ ၾကားလူေတြ ဝင္လာၿပီး ျဖတ္ရင္ေတာင္ ေယာက်ာ္း က ေနာက္ဆုတ္မွာ မဟုတ္ဘူးဆိုတာ ကိုကို နားလည္ထား "

သူ႕အေျပာကို ကိုကိုက သေဘာတက် နားေထာင္ေန၍ လီယို ႏွာေခါင္း လုံးလုံးေလးကို လိမ္ဆြဲ ျပစ္လိုက္တယ္ ။

" ေမာင့္ကို ခ်စ္တယ္ "

" ေယာက်ာ္း ေရာ ခ်စ္တယ္ ေလ "

" ကိုယ္က ပိုခ်စ္တာ "

" ေယာက်ာ္း က ပိုခ်စ္တာကိုေနာ္ ဘုန္းေဘဘီ ခင္ဗ်ား အေလွ်ာ့ေပးမယ္ မရွိဘူး ကိုယ့္ထက္အငယ္ေလးကို ေယာက်ာ္း ေတာ္ထားၿပီး ။ ေယာက္်ား ပိုခ်စ္တာ နားလည္လား "

" အင္း ေမာင္က ပိုခ်စ္တာ "

မ်က္လုံး ေမွးေမွးေလးေတြ မွိတ္သြားတဲ့အထိ ကိုကိုက ရယ္ေနျပန္ပါၿပီ ။

" အိပ္ခ်င္တယ္ ေမာင္ "

မ်က္လုံးေတြက တစ္ကယ္ေမွးစင္းလာသည္မို႔ ဘုန္းေဘဘီ အိပ္မွကို ရေတာ့မည္ ။

" ေယာက်ာ္း မ်က္ႏွာကို ၾကည့္ၿပီး အိပ္လိုက္ ကိုကို "

" အင္းအင္း ခ်စ္တယ္ ေနာ္ ေမာင့္ကို အမ်ားႀကီး "

" ေယာက်ာ္း လည္း ခ်စ္တယ္ ေနာ္ ကိုကို "

ကိုကိုမ်က္လုံးေတြမွိတ္သြားတဲ့အခ်ိန္ထိ ေစာင့္ေပးကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီဆိုကာမွ လီယို Hotel ျပန္ကာ လိုအပ္သည့္ ပစၥည္း မ်ားျပန္ယူၿပီး ပိုေနတဲ့ပစၥည္းေတြျပန္ထားရသည္ ။

ညေနေလာက္ၾကရင္ တစ္ေနရာကို ေခၚသြားဖို႔ ရွိတာမို႔ လီယို ကိုကို႔အတြက္ Hoodie အညိုေရာင္ နဲ႕ ခ်ည္သားေဘာင္းဘီ အညိုေရာင္ ဒူးဖုံးေလးကိုပါထည့္လာလိုက္တယ္ ။

တစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသလိုမသိစိတ္ကေန ခံစားရတာမို႔ ဘုန္းေဘဘီ မ်က္လုံး ဖြင့္ၾကည့္လိုက္သည္။

" ငယ္ "

" ဦးစက္ "

" ရတယ္ရတယ္ ငယ္ လွဲေန ကိုယ္ က သူစိမ္း မဟုတ္ဘူး "

ဟိုေကာင့္ေၾကာင့္ ငယ္က ဒဏ္ရာ ထပ္ရျပန္ၿပီ ။ ေရွးအာဏာစက္ လက္သီးကိုခပ္တင္းတင္းဆုပ္ကာ ေဒါသေျဖေနရတယ္။

" ကြၽန္ေတာ့္ သေဘာနဲ႕ ကြၽန္ေတာ္ ဝင္ခံလိုက္တာပါ ဦးစက္ရဲ႕ ။ ေမာင့္အျပစ္ မဟုတ္ပါဘူး "

" ငယ္ ကိုယ္က "

ငယ္က သူ႕အေတြးကို သိသူပီပီ ေျပာလာ၍ ဆုပ္ထားတဲ့လက္သီးကို ျဖည္လိုက္ရတယ္။

" နားလည္ပါတယ္ ဦးစက္က ေမာင့္ကိုစိတ္ဆိုးေနမယ္ဆိုတာ ။ ဒါေပမဲ့ ကြၽန္ေတာ္ကိုယ္တိုင္ ေမာင့္ကိုတြန္းလိုက္တာပါ "

" သူ႕ကို ကိုယ္ လိုက္မမွီနိုင္ေလာက္ေအာင္ ခ်စ္တာလား ငယ္ "

အခ်စ္ဒႆနေတြလည္း ဘုန္းေဘဘီမဖြဲ႕တတ္ပါ။ဦးစက္ကေမးလာေတာ့လည္းေျဖတတ္သလိုသာျပန္ေျဖရသည္။

" ေနာက္ဘဝဆိုတာ တစ္ကယ္ရွိလားမရွိလားကြၽန္ေတာ္မသိတာမို႔ တိုင္တည္ၿပီးလည္းမေျပာခ်င္ဘူး ဦးစက္ ။ ေသခ်ာေနတဲ့ အခုလက္ရွိ ဘဝမွာေတာ့ ကြၽန္ေတာ္က ေမာင္မွေမာင္ပါပဲ "

ငယ္က ရယ္ၿပီး ေျပာလာတာမို႔ သူလည္း စိတ္ခ်မ္းသာပါတယ္ ။

ငယ္ေပ်ာ္ေနရင္ ရၿပီေပါ့ သူ႕အတြက္ က်န္တာ ဘာမွမလိုဘူး ။

" ကိုယ္ ငယ့္ကို ေနာက္ဆုံး အႀကိမ္အျဖစ္ဖက္လို႔ရလား ။ ကိုယ္ ဒီေန႕ France ကို ထြက္သြားေတာ့မွာမို႔ေလ ငယ္ "

Flight Ticket ကို စားပြဲခုံေပၚ တင္ျပလာတာမို႔ ဘုန္းေဘဘီ လက္ခံလိုက္တယ္ ။

ဦးစက္က သူ႕အတြက္ေတာ့ အကိုလို ဦးေလးတစ္ေယာက္လိုပါပဲ ။

" ရတာေပါ့ ဦးစက္ "

" လိမ္လိမ္မာမာ ေနေနာ္ ဟိုေကာင္ ဆိုးရင္ ကိုယ္ ငယ့္ကို ျပန္လာေခၚမွာ "

ေရွးအာဏာစက္ ေျပာသာေျပာရေသာ္လည္း ငယ္က လိုက္မွာတဲ့လား ။

" ေမာင္က လိမၼာပါတယ္ ဦးစက္ရဲ႕ "

" ဒါဆို ကိုယ္ သြားၿပီ ငယ္ "

ဘုန္းေဘဘီ ဦးစက္ကို ႏႈတ္ဆက္ေနတုန္း အခန္းထဲကို ေရာက္လာတဲ့ ေမာင့္ေၾကာင့္ လက္ျပလိုက္တယ္ ။

" ေယာက်ာ္း လာၿပီ ဘုန္းေဘဘီ ။ ဘုန္းေဘဘီရဲ႕ ေယာက်္ားေလး လာပါၿပီဗ်ာ "

" ေယာက်ာ္း ေယာက်ာ္း နဲ႕ အေတာ္ကို သေဘာက်ေနတာေပါ့ ေမာင္က "

ကိုကို ေျပာသလိုပင္ ႀကီးျမတ္ကုေဋခ်ီ ကိုယ့္ကိုကိုယ္ ေယာက်ာ္း လို႔ ေျပာရတာကို သေဘာက်သည္ ။

ေယာက်ာ္း ေယာက်ာ္း လို႔ ကိုကိုက သူ႕ကို ခဏခဏေခၚေနရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ ။

" ဟိုအဘိုးႀကီး ခင္ဗ်ား ကို ဘာေျပာ သြားတာလဲ ေယာက်ာ္း ကို ေျပာ "

" ဘာမွ မေျပာဘူး ေမာင္ ဦးစက္က France ကို ထြက္သြားေတာ့မွာမို႔ ကိုယ့္ကို လာႏႈတ္ဆက္႐ုံပဲ "

" ၿပီးတာပဲ ေယာက်ာ္း တို႔ အျပင္သြားဖို႔ ရွိတယ္ ဘုန္းေဘဘီ ။ အဝတ္အစားလဲရေအာင္ "

ပါးစပ္ကလည္း ေျပာ လက္ကလည္းျမန္သည့္ ေမာင္က သူ႕အဝတ္ေတြကိုဆြဲခြၽတ္သြားတာမ်ား စိတ္ျမန္လက္ျမန္ရွိလွသည္ ။

" Boxer က ဒီတစ္ခါ အမဲေလးဝတ္ Mickey Mouse Family ပုံေလးနဲ႕ေလ အဲ့ဒါဝတ္ထားရင္ ကိုကို႔ဖင္ေလးက လုံးလုံးေလးျဖစ္ေနမွာ ။ ေယာက်ာ္း လည္း အဲ့ဒါပဲ ဝတ္ထားတာ ကိုကို
ၾကည့္ဦးမလား "

" ဟင့္အင္း မၾကည့္ေတာ့ဘူး အဝတ္အစား ဝတ္ေပးေလ ကိုယ့္ကို "

" ဟုတ္ၿပီ ေယာက်ာ္း ဝတ္ေပးမယ္ေနာ္ ။ ေယာက်ာ္း တို႔ မနက္ျဖန္ ကစၿပီး တစ္ႏွစ္ကို တစ္ေနရာစီ ေျပာင္းေနၾကမယ္ကိုကို ။ ဒီႏွစ္ Dubai ဆို ေနာက္ႏွစ္ Switzerland ေနာက္တစ္ႏွစ္ California အဲ့လို ေျပာင္းေနၾကမယ္ Daddy နဲ႕ ပါပါးဆီလည္း အလည္သြားၾကမယ္ ေယာက်ာ္း ေျပာတာ ၾကားလား ဘုန္းေဘဘီ "

" ၾကားပါတယ္ ေမာင္ရဲ႕ ဘယ္သြားဖို႔လဲ ဟင္ "

" ေယာက်ာ္း နဲ႕ မလိုက္ခ်င္ဘူး လား ဘုန္းေဘဘီက "

" မဟုတ္ပါဘူး ကိုယ္က ေမာင္ နဲ႕ လိုက္ခ်င္တာေပါ့ "

ႀကီးျမတ္ကုေဋခ်ီ ကိုကို႔ကို အဝတ္စားလဲေပးၿပီးတာနဲ႕ တန္းၿပီး ေကာက္ေပြ႕ကာ ေဆး႐ုံဝန္းထဲကေနထြက္လာလိုက္သည္။

ကားေပၚေရာက္ေတာ့လည္း ကိုကိုက ဘာတစ္ခြန္းမွမေမးဘဲ ၿငိမ္ၿငိမ္ေလးထိုင္ၿပီးသာ လိုက္လာတယ္။

အင္း ကိုကို႔ နဖူးေရွ႕က ဆံပင္ေလးေတြေတာင္မ်က္စိနားေရာက္ေနၿပီ အျပန္ဝင္ၿပီး ညွပ္ေပးရမယ္။

" ကိုကို ။ မအိပ္နဲ႕ဦး ေနာ္ ေယာက်ာ္း စကားနားေထာင္ "

" ေယာက်ာ္း စကား နားေထာင္မွာေပါ့ ဟီး "

သူ႕ကို ကိုကိုက ေယာက်ာ္း လို႔ ေခၚလာတာမို႔ လီယို သေဘာက်တဲ့စိတ္ကထိန္းမရ ။

" ေယာက်ာ္း က ခ်စ္တယ္ ေနာ္ "

" ကိုယ္ေရာပဲ ေယာက်ာ္း ကို ခ်စ္တယ္ "

မိနစ္သုံးဆယ္ေလာက္ ေမာင္းၿပီးသည့္ ေနာက္မွာေတာ့ လီယို ပိုင္တဲ့ ပန္းခင္းနားကို ေရာက္လာသည္ ။

" ေရာက္ၿပီ ကိုကို ဆင္းရေအာင္ "

" အာ ေရာက္ၿပီလား ေယာက်ာ္း "

" ေယာက်ာ္း ေရွ႕က သြားမယ္ ကိုကို ေဘးကိုလာ "

ေရွ႕ကေန ေမာင္က Guitar ႀကီးကိုင္ကာ ဆင္းသြားသည္မို႔ ဘုန္းေဘဘီပါ ေဘးကေနလိုက္ရသည္။

လီယို လက္ကမ္းလိုက္ေတာ့ ကိုကိုက သူ႕လက္ကိုျပန္ဆုပ္ကိုင္လာသည္ ။

ပန္းခင္း အလယ္နားေလာက္ ေရာက္ေတာ့မွ လီယို ကိုကို႔လက္ကိုလႊတ္ေပးလိုက္တယ္။

" ေယာက်ာ္း ပိုင္တဲ့ ပန္းခင္းႀကီးေလ ကိုကို သိတယ္မလား ဘာပန္းလဲ ဆိုတာကိုေတာ့ "

ေမာင္ေခၚလာတဲ့ ပန္းခင္း က ဘိန္းပန္းေတြပ်ိဴးထားတဲ့ဘိန္းစိုက္ခင္းႀကီးဆိုတာ ကို သူမသိဘဲ ေနမလား ။

" ထိုင္ပါဦး ကိုကို ေယာက်ာ္း ေဘးနားမွာ "

ဘုန္းေဘဘီ ေမာင့္ေဘးကေနရာအလြတ္ေလးမွာ ထိုင္ခ်လိဳက္ၿပီး ေမာင့္ပုခုံးေပၚ ေခါင္းမွီထားလိုက္သည္။

ေနမဝင္ေသးတာမို႔ ေနလုံးနီနီႀကီး ကိုလည္းသူတို႔ႏွစ္ေယာက္လွမ္းျမင္ေနရတယ္။

" Phone Ringtone အသစ္ထားဖို႔ ေယာက်ာ္း သီခ်င္း ဆိုေပးမယ္ "

ေမာင္ Guitar ယူလာတဲ့ ရည္႐ြယ္ခ်က္ က ဒါေပါ့ ။

" ေမာင့္ သေဘာ "

ဘုန္းေဘဘီ ေျပာၿပီးတာနဲ႕ ေမာင္ကၿပဳံးကာ Guitar ကို တီးၿပီးသီခ်င္းဆိုလာသည္ ။

မလြန္ဆန္နိုင္ ႏွလုံးသားထဲ ရစ္ႏွောင္တြယ္

ပတ္လို႔ျဖင့္ထားေသာ္လည္း အေတြးခက္တဲ့

သံေယာဇဥ္ ။

ငယ္႐ြယ္သူ ျဖစ္ေတာ့လည္း ခ်စ္တာပဲ

ဦးစားေပး သိေနတယ္ အေတြးခက္တဲ့

ဇာတ္လမ္းမွာ ။

ၾကားလူေတြ ျဖတ္လို႔ေတာ့ ေနာက္မဆုတ္ဘူး

စမိတဲ့ အခ်စ္ေတြကို႐ုတ္သိမ္းဖို႔မေတာင္းဆိုနဲ႕ ။

ငါ့အသိထဲမင္းတစ္ေယာက္ပဲငဲ့ညာမယ့္

တို႔ႏွစ္ေယာက္ ရဲ႕ နိဗၺာန္ေလး ဖ်က္သိမ္းဖို႔

မေတာင္းဆိုနဲ႕ ငါဘယ္သူမွဂ႐ုမစိုက္နိုင္ ။

ရင္ခြင္မွာ ပစ္ၿပီးလို႔ စိုက္ေနမွ ဆြဲႏႈတ္ဖို႔ မလုပ္နိုင္ဘူး

ကိုယ့္အသက္ကို ကိုယ္သနားတယ္ ။

အၾကင္နာေတြေပးၿပီးလို႔လက္လြန္မွမုန္းခိုင္းတိုင္း

မမုန္းနိုင္ဘူး ေမ့ရမွာ မလြယ္လွပါ ။

ၾကားလူေတြ ျဖတ္လို႔ေတာ့ ေနာက္မဆုတ္ဘူး

စမိတဲ့ အခ်စ္ေတြကို႐ုတ္သိမ္းဖို႔မေတာင္းဆိုနဲ႕ ။

ငါ့အသိထဲမင္းတစ္ေယာက္ပဲငဲ့ညာမယ့္

တို႔ႏွစ္ေယာက္ ရဲ႕ နိဗၺာန္ေလး ဖ်က္သိမ္းဖို႔

မေတာင္းဆိုနဲ႕ ငါဘယ္သူမွဂ႐ုမစိုက္နိုင္ ။

သီခ်င္းသံ အဆုံး ႀကီးျမတ္ကုေဋခ်ီ Guitar ကိုေဘးခ်ကာ ကိုကို႔အား ပန္းခင္းၾကားထဲဆြဲလွဲျပစ္ကာကိုကို႔အေပၚကေနအုပ္မိုးထားလိုက္သည္ ။

" ကိုကို "

" ေမာင့္ သေဘာ "

သူ႕ကို စူးစိုက္ၾကည့္ေနတဲ့ ေမာင့္အၾကည့္ေတြကို ဘုန္းေဘဘီ သိတာမို႔ ေခါင္းသာၿငိမ့္ျပလိုက္တယ္။

ေမာင္နဲ႕သာဆိုရင္ သူဘာကိုမွေၾကာက္မေနေတာ့ပါ။

ခြၽန္ေနတဲ့ ေမာင့္ႏွာေခါင္းကို သူ႕ႏွာေခါင္းလုံးလုံးေလးနဲ႕ထိကာ ေျပာလိုက္ေတာ့ ေမာင္ကပါးျပင္ကိုတမြမြေမႊးၾကဴလာတယ္ ။

" ေမာင့္ကို ခ်စ္တယ္ "

" ေမာင္က ပိုပါတယ္ ဘုန္းေဘဘီ "

ကိုယ္ ငယ္ငယ္က ထိန္းခဲ့တဲ့ ကေလးကလည္း တစ္ခ်ိန္မွာ ကိုယ့္ကို ျပန္ထိန္းသြားတာမ်ိဳးေပါ့ ။

_________________________________________________________________

GarlicBoom

13/1/22


Comment