Episode-10
Unicode
" ဘုန်းဘေဘီ !!! "
နားရွက်နုနုကို လိမ်ဆွဲလာတာမို့ ဘေဘီ မျက်ရည်တွေပါဝဲလာသည်။
နဂိုထဲက အသားအရေက အထိအခိုက်မခံနိုင်အောင် Sensitive ဖြစ်လွန်းတာမို့ ပါးပြင်ကလက်ဝါးရာရော နားရွက်က အရာတွေရောက နီရဲပြီးယောင်တော့မည့်ပုံစံဖြစ်နေလေတယ် ။
" နာတယ် မေမေလေး ဘေဘီ မလိမ်ဘူး တစ်ကယ် ပြောတာ မအိ ကျွန်တော် မအိယောကျ်ားကို တွေ့ဖို့ မခေါ်ခဲ့ပါဘူး ။ နားရွက်ကို လိမ်မဆွဲပါနဲ့နော် နာလို့ပါ"
" ဒါဆို ငယ်လေး ဟိုကောင့် Jacket ကို နမ်းနေတာရော ဘယ်လိုဖြေရှင်းမလဲ ပြောပါဦး "
ကုဋေ့ အကြောင်းပါလာ၍ နန်းမဟာဖွေး ဘုန်းဘေဘီကို ဆွဲဆတ်ပြီးသာ ကုတ်ပစ်လိုက်ချင်တယ်။
သူ ဒီလောက် အတန်တန် မှာထားရဲ့သားနဲ့ ကုဋေက သူမအပိုင်ပဲဖြစ်ရမှာ။
" ရွံစရာ ကောင်းလိုက်တာ  ဘုန်းဘေဘီ   "
မဟုတ်ဘူး ဘာလို့ သူက ဖွေးပြောသလို  ရွံစရာ ကောင်းရမှာလဲ ။ဘေဘီ လက်ကလေး နှစ်ဖက်ကိုသာ အချင်းချင်း ပွတ်နေမိတယ်။
" ကြီးမြတ်ကုဋေချီက ကျွန်တော့်နဲ့ငယ်ငယ်ထဲကသိခဲ့တာ မေမေလေး "
" ပေါက်ကရတွေ လျှောက်မပြောနဲ့ ဘုန်းဘေဘီ ကုဋေက LA မှာနေလာတာ ကြာပြီ ။ သူစိမ်းယောကျ်ားလေး တစ်ယောက် ကို ငယ်ငယ်ထဲကထိန်းလာတဲ့ကလေးဆိုပြီးဘယ်လိုတောင်မျက်နှာပြောင်တိုက်ပြီးပြောရဲရတာလဲ"
" ကျွန်တော် အမှန်ပြောနေတာ ဖွေး Jacket ကို ခိုးနမ်းနေတာ ဆိုပေမယ့်  သူ့ရဲ့ကလေးဘဝလေးကိုလွမ်းလို့ သူ့အငွေ့အသက်ကလေးရှိတဲ့ Jacket ကို   နမ်းမိတာပါ ။  ကျွန်တော် ထိန်းလာခဲ့တဲ့ကလေးမို့  ကျွန်တော်က ဒီလောက်တော့ လုပ်ခွင့်ရှိပါတယ် "
" ကုဋေပြန်လာရင် ဖွေး မေးကြည့်မယ် အဲ့အချိန်ကျ ကုဋေကမဟုတ်ဘူးလို့ပြောရင် ဘုန်းဘေဘီ အိမ်ကထွက်သွားပေးပါ "
ရန်မဖြစ်တတ်တာ မဟုတ်ပေမယ့် ဒီလို အော်ကြီးဟစ်ကျယ်ပြန်ပြောရတာမျိုးကို ဘုန်းဘေဘီ သဘောမကျ ။
" မဖြစ်တော့ဘူး မေမေ သူ့ကို တစ်ခုခုလုပ်မှ ရမယ် ။ အိ ယောကျ်ားကို သူဆက်ပြီး သူ့ဖက်ပါအောင်သိမ်းသွင်းနေမှာကို  အိမမြင်ချင်တော့ဘူး "
" မဟုတ်ဘူး မအိ ကျွန်တော် တစ်ကယ် ပြောတာ မအိယောကျ်ားက လူယုတ်မာ မအိကို ကွာပြီးတောင် ကျွန်တော့်ကို ယူဖို့ ပြောတာ ကျွန်တော် မလိမ်ပါဘူး "
" နင်ဝင်မပြောနဲ့ ဘုန်းဘေဘီ မေမေမြင်တယ်နော် မေမေ့ယောကျ်ား ကပါတဲ့အကောင်ရဲ့စောက်ချိုးကို သူ့အဖေသာသိသွားရင်ဘယ်လောက်တောင်စိတ်ပျက်လိမ့်မလဲ ။ နင့်ဖအေကလည်း ငါ့အမေကို ဘယ်အထဲကချိန်နေလဲမသိ သားအဖနှစ်ယောက် လုံးက အတူတူ ရွံစရာ တွေချည်းပဲ  "
" ဖေဖေကို မပြောနဲ့ မအိ ကျွန်တော့်ကိစ္စမှာ ဖေဖေ့ကိုဆွဲမထည့်ပါနဲ့ ။ ဖေဖေက  မအိတို့ညီအမအပေါ်  သမီးအရင်းလေးလိုချစ်ပေးခဲ့တာ မအိအသိပါ ။တစ်ခါတလေ ကျွန်တော့်ကိုပါမေ့တဲ့အထိ မအိတို့ကိုပဲ ဂရုစိုက်ပေးခဲ့တာ "
သုံးယောက် တစ်ယောက် မို့ ဖေဖေနဲ့ သူ့ကိုသာစကားတွေနဲ့ ဖိပြီးပြောနေကြပြန်တယ်။
" ငါ စီစဥ်ပါ့မယ်အေ မိဖွေး ညည်းအထဲဝင်တော့ မအိ နင့်ယောကျ်ားခေါ်ပြီး ပြန်တော့ ဘုန်းဘေဘီက ဒီမှာ နေခဲ့ ငါပြောစရာရှိတယ် "
ဒေါ်နှင်းနုလည်း သမီးနှစ်ယောက် နဲ့သမက်ဖြစ်သူထွက်သွားမှ ဘုန်းဘေဘီ ဘေးမှာ ရွှေ့ထိုင်လိုက်သည်။
" မှန်မှန်ပြော မအိယောကျ်ားကို သဘောကျနေတာလား ဒါမှမဟုတ် မိဖွေး ဧည့်သည်ကောင်လေးကိုသဘောကျနေတာလား ဘုန်းဘေဘီ"
" မေမေလေး ကျွန်တော်က သူများယောကျ်ားအပေါ်အဲ့လိုစိတ်ရှိမယ့်သူမဟုတ်ဘူး ။ ဖွေး ဧည့်သည်ကောင်လေး ဆိုတာလည်း ကျွန်တော့်အကိုဝမ်းကွဲကိုကြီးစက်သူငယ်ချင်းရဲ့သား ။ သူ သုံးနှစ်သားထဲက ကျွန်တော်နဲ့ သိခဲ့တာ ။ အခု အဲ့ကလေးက ကျွန်တော့်ကို မမှတ်မိတာပဲ ရှိတာ  "
" ဘယ်လိုပဲ သိခဲ့ သိခဲ့ ဘုန်းဘေဘီ မင်းညီမနန်းမဟာဖွေးက အဲ့ကောင်လေးကို ကြိုက်နေတယ်ဆိုတာ သိတယ်မလား ။ သူတို့နှစ်ယောက် လိုက်ဖက်တယ် လို့ ငါတော့  ထင်တယ် "
နှစ်ယောက်လုံးက ဘာစကားမှ မပြောဖြစ်တော့။
" ယောကျ်ားလေးတွေကို ကြိုက်ရင် ငါ့အသိထဲကသူတွေနဲ့ ငါချိတ်ပေးမယ် ဘုန်းဘေဘီ မအိယောကျ်ားနဲ့ မိဖွေးကောင်လေးကိုတော့ အလွတ်ပေးလိုက် "
" ဘာလို့ အလွတ်ပေးဆိုတာချည်းပဲ ပြောနေတာလဲ မေမေလေး အလွတ်ပေးရအောင် ကျွန်တော် က သူတို့ကို ချုပ်ထားတာမှ မဟုတ်တာ "
" ပြန်ပြောမနေနဲ့ ငါ့အသိထဲ ကုမ္ပဏီ ပိုင်ရှင်တွေ ရှိတယ် မနက်ဖြန်  တစ်ယောက်လောက်ခေါ်လာခဲ့မယ် စကားပြောကြည့်"
" မေမေလေး "
တီ !!!!  တီ !!!! တီ  !!!!
တယ်လီဖုန်း သံကြောင့် ဘုန်းဘေဘီ မေမေလေးမကိုင်ခင်အမြန်ပြေးကိုင်လိုက်သည်။
ကျေးဇူးပြုပြီး ဖေဖေ့ဆီကဖြစ်ပါစေ ။
" Hello ဖေဖေ "
ဝုန်း
ဖုန်းပြောနေရင်း အရုပ်ကြိုးပြတ်သလို ဝုန်းခနဲ ဘုန်းဘေဘီတစ်ယောက် လဲကျသွားတာမို့ ဒေါ်နှင်းနုပါ အမြန်ဖုန်းနားရောက်လာရသည်။
" ဟဲ့ ဘာဖြစ်တာလဲ ဘုန်းဘေဘီ ဘုန်းဘေဘီ ပြောဦး ပြောဦးလို့ "
" ဖေဖေ ဖေဖေက "
" ဘာဖြစ်တာလဲလို့ ကိုဘုန်း ဘာဖြစ်တာလဲ လို့ ငါမေးနေတယ်လေ ဘုန်းဘေဘီ "
" ဖေဖေက Accident ဖြစ်ပြီး ဆေးရုံရောက်နေတယ်တဲ့ မေမေလေး အခြေနေလည်း စိုးရိမ်ရတယ် လို့ ပြောတယ် "
" ဘုရားရေ ! သွားမယ် ဘယ်မှာတဲ့လဲ အခုလိုက်သွားကြမယ် ဘုန်းဘေဘီ ထ ထ နင့်အဖေ တစ်ယောက် လုံး ဆေးရုံတင်ထားရတာဟဲ့ "
" ဟုတ်ကဲ့ မေမေလေး "
မေမေလေး သတိပေးမှ ဘေဘီ အမြန်ထကာ လိုအပ်တဲ့ပစ္စည်းတွေ ကောက်ထည့်ရသည်။
ဘာမှမဖြစ်ရဘူး သူ့မှာ ဖေဖေပဲ ရှိတော့တာ ။
_________________________
ရက်ပေါင်း 25 ရက်ကြာပြီးနောက်   ။
" ငါလိုးမသား "
ခွပ် ခွပ် ခွပ်
သူ့အောက်က ကောင်ရဲ့ မျက်နှာကို Leo လက်သီးနဲ့ အဆက်မပြတ် ထိုးနေမိသည်။
" ငါ တောင်းပန်ပါတယ် Leo ငါတစ်ကယ် တောင်းပန်ပါတယ် "
" မင်း စောက်ပါးစပ် ပိတ်ထားစမ်း  John ဘယ်နှစ်ခါရှိနေပြီလဲ  "
" ငါ မရည်ရွယ်ပါဘူး Leo မလုပ်ပါနဲ့ "
" မင်းကြောင့် ငါ အချိန်တွေ ကြာကုန်တာ သုံးရက်နဲ့ပြီးမယ့် ကိစ္စက 25 ရက်လောက်ကြာသွားတာ "
Private Jet ပေါ်မှာ ဖြစ်တာမို့ Leo ဒေါသတွေကို ထိန်းနေရသည်။
LA မှာရှိနေတဲ့ 25 ရက်အတွင်း ဘုန်းဘေဘီကို ဆက်သွယ်ဖို့လည်း ဘာမှယူမလာခဲ့မိတာမို့ Leo ပိုပြီး စိတ်တွေကထိရှလွယ်နေတယ်။
" Hades တော်ပြီ လေယာဥ်ဆိုက်တော့မယ် "
" တောက်စ် ! ဒီသူတောင်းစားကို LA သွား
မယ့် လေယာဥ်ပေါ်ပြန်တင်ပေးလိုက် Green "
18 နှစ်ပြည့် မွေးနေ့ဖြစ်တာမို့ Green က သူ့ကို အတတ်နိုင်ဆုံး ထိန်းနေပေမယ့်လည်း ဒီကောင်ကြောင့်သာ အချိန်တွေက ပိုမြှုပ်သွားတာ။
" စိတ်လျှော့ပါ Hades ရောက်ပြီပဲ ကျွန်တော် ဒီကောင့်ကို ပြန်ခေါ်သွားမှာပါ "
ပြန်လာချင် စိတ်က ထိန်းမရဖြစ်နေပေမယ့်လည်း ဆုံးမစရာရှိတာဆုံးမရဦးမှာမို့ Green ကိုရော John ကိုပါ Private Jet နဲ့ခေါ်လာခဲ့ခြင်းပင်။
" ငါသွားမယ် Green သူလုပ်ခဲ့တာတွေကို သူ့အဖေကို ပြန်ပြီး ပြောပြလိုက် Crore နဲ့ GP  က Share တွေလည်း ပြန်ထုတ်ပေးလိုက် သူ့ရော သူ့အဖေရော ဘယ်နေရာမှ လူရာမဝင်အောင် Blacklist သွင်းပြစ်လိုက်တော့ "
" လမ်းခရီးမှာ ဂရုစိုက်ပါ Hades "
Leo ခေါင်းသာ တစ်ချက်ငြိမ့်ပြလိုက်တယ်။
လင်းခေးကိုလာတဲ့ တစ်လျှောက်လုံး လည်း Leo ကားကိုအသားကုန်အရှိန်တင်ကာသာမောင်းလာခဲ့လိုက်သည်။
သူ ဒီနေ့ 18 နှစ်ပြည့်ခဲ့ပြီ မွေးနေ့လက်ဆောင်ကို ဘုန်းဘေဘီ ဆီကနေ တောင်းရတော့မယ် ။
LA ကို အကြာကြီး ပြန်သွားလို့ ဆိုပြီး သူ့ကို ဘုန်းဘေဘီ စိတ်မဆိုးလောက်ဘူး မလား ။
သူ ရောက်တော့ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး ခြံထဲမှာလည်း အမှိုက်တစ်စမရှိ ရှင်းလင်းနေသည်။
အရင်ကပုံစံနဲ့ မတူဘဲ အများကြီး ပြောင်းလဲသွားတာမို့ အိမ်များမှားလာလာ သေချာပြန်ကြည့်ရသေးတယ်။
" ကုဋေ "
" မနန်းမဟာဖွေး "
သူ့နောက်က အသံကြောင့် Leo လှည့်ကြည့်တော့ မနန်းမဟာဖွေး။
" ရောက်ပြီလား ကုဋေ့ကို မျှော်နေတာ ဟင့် "
မျက်ရည်တွေ ကျပြီး သူ့ရင်ခွင်ထဲအတင်းဝင်လာသူကြောင့် Leo ပုခုံးကနေကိုင်ပြီး ပြန်ဖယ်ခိုင်းရသည်။
" ဘာတွေ ဖြစ်နေတာလဲ ဖွေး ကျွန်တော့်ကို ပြောပါဦး 25 ရက်ပဲ ကြာသွားတာပါ အခြေနေတွေက ဘာတွေဖြစ်ကုန်တာလဲ "
" ဖေဖေ ဆုံးသွားပြီ ကုဋေ မေမေလည်း အိပ်ယာထဲ လဲနေတယ် ဟင့် ကုဋေဘာလို့ ကြာနေတာလဲ ဖွေး လွမ်းနေတာ တစ်ယောက်ထဲ အားငယ်နေတာ "
" ဘုန်းဘေဘီရော ဘုန်းဘေဘီ ဘယ်မှာလဲ ဖွေး "
" သူမရှိဘူး သူ့အကြောင်းတွေ လာမမေးပါနဲ့ ကုဋေရယ် "
" နန်းမဟာဖွေး ကျွန်တော်က ဘာလို့ သူ့အကြောင်း မမေးဘဲ နေရမှာလဲ ပြော ဘုန်းဘေဘီဘယ်မှာလဲလို့ "
" ကိုယ် ဒီမှာ ကြီးမြတ်ကုဋေချီ "
နက်ပြာရောင် ကိုမှ ရွှေရောင်အနားသားလေးတွေ ကွပ်ထားတဲ့အင်္ကျီလက်တိုလေးနဲ့ ခြေသလုံးအထိရှည်တဲ့ ဘောင်းဘီ နက်ပြာရောင်လေးကိုဝတ်ကာ  ကြိုးသိုင်းဖိနပ်နက်ပြာရောင်လေးကိုစီးထားတဲ့ ဘုန်းဘေဘီ ။
အရေပြားရောဂါ လုံးဝကို ပျောက်သွားပြီ ထင်တယ် ။
Designer အမတွေ သူမရှိတုန်း လာပေးသွားတာဖြစ်ရမယ် ။
နက်ပြာရောင်ဝတ်စုံလေးနဲ့ ကလေးလေးလိုဖြစ်နေသော ဘုန်းဘေဘီက ရှူမဝချင်စရာ ။
ဘေးမှာတော့ Suit နက်ပြာရောင်ကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦး ။
___________________________________________________________________
GarlicBoom
7/12/21
Zawgyi
" ဘုန်းဘေဘီ !!! "
" မဟုတ်ဘူး မအိ ကျွန်တော် တစ်ကယ် ပြောတာ မအိယောက်ျားက လူယုတ်မာ မအိကို ကွာပြီးတောင် ကျွန်တော့်ကို ယူဖို့ ပြောတာ ကျွန်တော် မလိမ်ပါဘူး "
" ငါ စီစဉ်ပါ့မယ်အေ မိဖွေး ညည်းအထဲဝင်တော့ မအိ နင့်ယောက်ျားခေါ်ပြီး ပြန်တော့ ဘုန်းဘေဘီက ဒီမှာ နေခဲ့ ငါပြောစရာရှိတယ် "
" မှန်မှန်ပြော မအိယောက်ျားကို သဘောကျနေတာလား ဒါမှမဟုတ် မိဖွေး ဧည့်သည်ကောင်လေးကိုသဘောကျနေတာလား ဘုန်းဘေဘီ"
" ယောက်ျားလေးတွေကို ကြိုက်ရင် ငါ့အသိထဲကသူတွေနဲ့ ငါချိတ်ပေးမယ် ဘုန်းဘေဘီ မအိယောက်ျားနဲ့ မိဖွေးကောင်လေးကိုတော့ အလွတ်ပေးလိုက် "
" မေမေလေး "
တီ !!!!  တီ !!!! တီ  !!!!
" Hello ဖေဖေ "
ဝုန်း
" ဖေဖေ ဖေဖေက "
" ဟုတ်ကဲ့ မေမေလေး "
_________________________
" ငါလိုးမသား "
ခွပ် ခွပ် ခွပ်
" ကုဋေ "
" မနန်းမဟာဖွေး "
___________________________________________________________________
GarlicBoom
7/12/21
Comment