Episode-28

Unicode

" ဘုန်းဘေဘီ    !!!  "

" မောင်ကလည်း ဘာဖြစ်လို့ အော်နေတာလဲ "

နှစ်ယောက်လုံး ပူးကပ်ပြီးထိုင်နေတာကိုတောင်အသံမာမာနဲ့လာအော်တာမို့ ဘုန်းဘေဘီ ပြန်အော်ပေးလိုက်တယ် ။

" အဲ့ဒါ ဘယ်ကောင် ဆိုထားတာလဲလို့ ယောကျာ်း မေးနေတယ် လေ "

အပေါ်ပိုင်းက အင်္ကျီ ဗလာနဲ့မို့ ကြီးမြတ်ကုဋေချီရဲ့ ခန္ဓာကိုယ် က ကျစ်လစ်နေပြီး ကျန်းမာ သန်စွမ်းကြောင်းကိုပြသနေသည်။

" ဘယ်ကောင်ဆိုထားတာလဲ ဟုတ်လား မောင် "

အဲ့ဒါ မောင်ကိုယ်တိုင်လေလို့သာ ဘုန်းဘေဘီ ပြောလိုက်ချင်တယ် ။

" ဟုတ်တယ် Ringtone ပြောင်းလိုက် ။ ခင်ဗျား ဒီသီချင်း ကြိုက်ရင် ယောကျာ်း  ဂစ်တာတီးပြီး ဆိုပြမယ် ဘုန်းဘေဘီ "

" ဟင့်အင်း ကိုယ်က  သူဆိုထားတာပဲ ကြိုက်တယ် ။ အင်္ကျီ ဝတ်ဦး အအေးပတ်မယ် မောင် "

ဗီရိုထဲက Hoodie တစ်ထည်ကို ထုတ်ကာ ဘုန်းဘေဘီ မောင့်လက်ထဲ ထည့်ပေးလိုက်တော့ အသာတကြည်ပဲ ယူဝတ်လာသည် ။

" သူဆိုထားတာပဲ ကြိုက်တယ် ဟုတ်လား ဘုန်းဘေဘီ  ။ ယောကျာ်း အသံက သူ့ထက်ကောင်းတယ် ခင်ဗျား နော် ခင်ဗျား  "

လီယို အစပိုင်း လေသံမာမာနဲ့ အော်ပြီးမှ ကိုကိုပိုပြီး စိတ်ဆိုးသွားမှာ ကြောက်တာကြောင့် အသံကို  တဖြည်းဖြည်း လျှော့လိုက်ရတယ်။

" ခေါင်းတွေရော စိုသွားသေးလား မောင် ။ တဘက်နဲ့  သုတ်ရအောင် "

" ကိုကို က ဗျာ "

ဘုန်းဘေဘီ မတ်တပ်ထရပ်ကာ စိုနေတဲ့ မောင့်ခေါင်းကို တဘက်နဲ့သုတ်ပေးဖို့ပြင်တုန်း ခါးကို မောင့် လက်ကြီးနှစ်ဖက်ကလာဖက်လေသည်။

" မဗျာနဲ့ မောင် ။ မောင့် ဆံပင်ရှည်တွေ ကိုယ်သိပ်သဘောကျတယ် စည်းထားရင် လူဆိုးလေးအတိုင်းပဲ ဂျစ်ကန်ကန် ကလည်းနိုင်သေးတယ်  "

"   ကျုပ်  ဆိုပြမယ်လို့ နော် နော် နော်လို့ ဘုန်းဘေဘီကဗျာ    "

" ဘုန်းဘေဘီက ဘာဖြစ်လည်း ပြော "

" ကိုကို မကောင်းဘူး ဗျာ ။ ယောကျာ်း လည်း အဲ့သီချင်း ဆိုတတ်ပါတယ်ဆို ခင်ဗျား က ကျစ်  ! "

လီယို ကိုကို့ခါး သွယ်သွယ်လေးကို အားနဲ့ဖိညှစ်ကာ ကိုကို့  ရင်ခွင်ထဲခေါင်းတိုးပြီးချွဲလိုက်တော့ ကိုကို က မျက်လုံး မှေးမှေးလေးတွေမှိတ်ကျသွားတဲ့အထိရယ်ပြလာတယ် ။

"  အဲ့ဒီသီချင်း ဘယ်သူဆိုထားတာလဲ မောင်  သိချင်လား "

" မသိဘူး ယောကျာ်း ကို ပြောပြနော် ကိုကို "

ဂုတ်ထက်နည်းနည်းကျော်နေပြီဖြစ်တဲ့ ကော်ဖီရောင်   မောင့်ဆံပင်တွေကို ဘုန်းဘေဘီ သေချာသုတ်ပေးနေရင်း ပြုံးလိုက်မိသည်။

" အင်း ကိုယ့်ဖုန်းယူပြီး Gallery  ထဲကိုသွား Video  Album တစ်ခုပဲ ရှိတယ် ။ အဲ့ Album ထဲက  Video ကို မောင်  ဖွင့်ကြည့်လိုက် "

" အင်းအင်း ယောကျာ်း ဖွင့်ကြည့်လိုက်မယ် "

ကိုကိုပြောတဲ့အတိုင်း လီယို ကိုကို့ ဖုန်းထဲ Video ကို ဖွင့်ကြည့်လိုက်တော့ Boxer  ခရမ်းရောင်နဲ့ သုံးနှစ်အရွယ်လောက်ရှိမည့် ကလေးလေး တစ်ယောက် Bathroom ထဲ၌ ပေါ်လာသည်။

အနောက်ကနေ ရိုက်ထားတာမို့ ကျောဘက်ပဲ မြင်ရပြီး  ရုပ်ကိုတော့ မမြင်ရ ။

" ဒီကလေးလေး ဆိုထားတာ လား ကိုကို "

" အင်း သူဆိုထားတာလေ မောင်  ။  အာ့ကြောင့် စကားမပီတာ ကလေးက ငယ်သေးတယ် သုံးနှစ်ပဲ ရှိသေးတာ "

လီယို ခေါင်းသာ ငြိမ့်ပြလိုက်သည် ။ ဒီ Bathroom ရဲ့ Decoration ပိုင်းကို   သူမြင်ဖူးသလိုရှိပေမယ့်လည်း ထွေထွေထူးထူးတော့ သိပ်မစဥ်းစား ဖြစ်။

ဒါပေမဲ့ ဒီကလေးက ဘာလို့ သူနဲ့ တူနေတာလဲ ။

" ယောကျ်ား နဲ့ နည်းနည်း တူသလားလို့ အဲ့ကလေးက ဘုန်းဘေဘီ ။ ဆံပင်ကောက်တာလေးရောပဲ "

" အင်း ။ ဒီကလေးက ပိုပြီး ချစ်ဖို့ ကောင်းတယ် မောင်ရဲ့ မောင့်လို လူဆိုးလေး မဟုတ်ဘူး "

တွေ့လား ဘုန်းဘေဘီက ဒီကလေးနဲ့သူနဲ့ယှဥ်ရင် ဘာလို့ သူ့ကို လူဆိုးဖြစ်ခိုင်းနေလဲ မသိဘူး ။

ကလေးနဲ့တောင် ပြိုင်ပြီး သဝန်တိုနေရတဲ့ဘဝ။ သူ့ငယ်ငယ်တုန်းကလောက်တောင် ချစ်ဖို့ မကောင်းဘဲနဲ့ ကိုကိုက ဘက်ကိုလိုက်တယ်။

" မဟုတ်ဘူး ယောကျာ်း ငယ်ငယ်တုန်းက ပိုချစ်ဖို့ ကောင်းတာ ။ ယောကျာ်း ကို ပါပါး ညှပ်ပေးထားတဲ့  အိုးမှုတ်ခွက်ကေလေးနဲ့ပုံကို ကိုကို မြင်ဖူးလား "

"  ခွီ  !  "

ကိုကို့ဆီက ရယ်သံတိုးတိုးလေး ထွက်လာတာမို့ လီယို မကြည်သလို ကြည့်ပေးလိုက်သည် ။

" တစ်ကယ်ပြောတာ ကိုကိုကလည်း ။  ယောကျာ်းနဲ့ အဲ့ကလေး ဘယ်သူ့က ပိုပြီး  ချစ်ဖို့ကောင်းလဲ "

" အဲ့ကလေးလေးပေါ့ "

" ကိုကိုက ဗျာ  "

မျက်နှာကြီး စူပုပ်ကာ မောင်က  ဟိုဘက်လှည့်သွားတာမို့ ဘုန်းဘေဘီမှာအမြန်ချော့ရတော့သည်။

" မောင် "

မောင့်ပုခုံးစွန်းလေးကို ခပ်ဖွဖွလေး နမ်းကာခေါ်လိုက်တော့ မောင်ကသူ့ကိုဆွဲပွေ့ကာရင်ခွင်ထဲ
ထည့်လာတယ်။

" ယောကျာ်း  သိပ်ချစ်တာတွေကို  ကိုကို သိရဲ့ လားဗျာ့ "

နှာခေါင်းနဲ့ ပါးပြင်ကို ပွတ်တိုက်ကာပြောလာသူကြောင့် ဘုန်းဘေဘီ မောင့်လက်နှစ်ဖက်ကိုပြန်ဆုပ်ကိုင်ထားလိုက်တော့ သူ့လည်တိုင်မှာမောင်ကမျက်နှာအပ်လာတယ်။

" မောင်  ကိုယ့်ကို သိပ်ချစ်တာ ကိုယ် သိပါတယ် ။ လက်တွဲဖော်အဖြစ် မောင့်စိတ်ကြိုက်ရွေးချယ်လို့ရတဲ့သူတွေအများကြီးထဲကမှ ကိုယ့်လို သာမန်အညတရယောကျ်ားတစ်ယောက်ကိုရွေးချယ်ပေးလို့ ကျေးဇူးပါ မောင်  "

ဘုန်းဘေဘီ မောင်လို့ တစ်ခွန်း ခေါ်တိုင်း သူ့နားထဲကို စိမ့်စမ်းရေအလား အေးငြိမ်းစွာ စီးဝင်လာသည်။

" မလိုဘူး ကိုကို ကြီးမြတ်ကုဋေချီဆိုတဲ့ ကောင်က ငယ်ငယ်ထဲက ကိုကိုစေလိုရာစေပဲ ကိုကို့အပိုင် ကိုကို့ အတွက် သီးသန့်ဖြစ်တည်မှုပဲ "

" ကိုယ်ပြောစရာ နှစ်ခု  ရှိတယ် မောင် ။ စိတ်မဆိုးပါဘူး လို့ ကတိပေးရမယ် သဘောတူလား "

ဒီလို စကားပလ္လင်ခံလိုက်ထဲက ဘုန်းဘေဘီ တစ်ယောက် ပါးစပ်ကနေ သူဒေါသထွက်စေမယ့်စကားတွေပြောလာဦးမယ် ထင်တယ် ။

" ပြောကြည့်လေ ဘုန်းဘေဘီ "

" ဟအင်း မရဘူး ကတိအရင်ပေး မောင် "

" ကိုကိုက ကွာ "

" မချစ်ဘူးလား လို့ မောင်ရဲ့ "

" ကတိပေးတယ် ဒါပေမဲ့ ယောကျာ်း လက်ခံနိုင်လောက်တဲ့ Reason တော့ ဖြစ်ရမယ် နော် ကိုကို "

ကိုကိုက ပုတ်သင်ညိုလေးလို ခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြလာတာမို့လီယိုစိတ်ပါဝင်စားစွာနဲ့နားထောင်ပေးလိုက်တယ်။

" ပထမတစ်ခုက Phone Ringtone အသံပိုင်ရှင် ကလေးလေးက မောင်ကိုယ်တိုင်ပဲ "

" ဘာ  ! "

" ဟုတ်တယ် မောင် သုံးနှစ်သားတုန်းကလေ ရေချိုးနေရင်း ဆိုထားတာ လေးကို ကိုယ်  သဘောကျလို့ Video ရိုက်ထားလိုက်တာ ။ နောက်ပြီး မောင်နဲ့ ကိုယ် ဝေးနေတဲ့အချိန်တွေမှာ အမှတ်တရ ဆိုလို့ ဒါလေးပဲ ရှိတော့တာလေ အာ့ကြောင့် ကိုယ် Phone Ringtone အဖြစ်ထားလိုက်တာ  "

" အဲ့တော့ "

သူ့ကိုယ်သူနဲ့တောင် ပြန်ပြီး သဝန်တိုနေတယ်လို့ ကျစ် ကြီးမြတ်ကုဋေချီ စောက်ရူး ။

ကိုယ့်အသံကိုယ်တောင်မမှတ်မိဘဲ အပြစ်တင်နေသေးတာ။

" စိတ်မဆိုးပါနဲ့နော် မောင်ကလည်း "

" ကျုပ်က ခင်ဗျား ကျုပ်ထက် အခြား ကလေးတစ်ယောက် ကို အရေးပေးနေတယ်ထင်လို့ ဘယ်လောက် ဝမ်းနည်းသွားရတယ် ထင်လဲ
ဘုန်းဘေဘီ "

" ဝမ်းနည်းသွားတာလား ကလေးလေးက "

" ကိုကို   !!! I

လီယို အော်လိုက်တော့လည်း မျက်နှာငယ်လေးနဲ့ လက်မောင်းကအင်္ကျီစကို မရဲတရဲဆွဲလာပြန်သည်။

အဲ့ဒါ ဘုန်းဘေဘီ အကျင့်ပဲ အော်လိုက်ပြီဆိုတာနဲ့ ကြောက်သလိုလို ရွံသလိုလိုနဲ့ ခါးကအင်္ကျီစဆွဲရင်ဆွဲမဆွဲရင်လက်မောင်းကအင်္ကျီစလာလာဆွဲတာ ။

" ကိုကို့ ကလေးလေး ဝမ်းနည်းသွားတာလားဟင် "

သူ့ကိုယ်သူ ကိုကိုလို့ ပြောကာ သူ့နားသယ်စပ်ကဆံပင်စတွေကိုလာသပ်ပေးတာမို့ လီယို စိတ်ဆိုးနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ။

" ကိုကို တောင်းပန်ပါတယ် နော် ။ ကလေးလေးက ကိုကို့ကို ချစ်ရင်  စိတ်မဆိုးနဲ့တော့ "

" ဘုန်းဘေဘီ "

" ဟာ မောင်ပဲ စိတ်မဆိုးဘူး ပြောတာလေ ဘာလို့ လာအော်နေတာလဲ "

" ခင်ဗျား သေတော့မယ် ဘုန်းဘေဘီ ။ အဲ့အမူအယာတွေကို ယောကျာ်း ရှေ့မှာပဲ လုပ်ရမယ် ကြားလား "

" ဟုတ်ကဲ့ ယောကျာ်း "

သူသင်ပေးထားသလို ဟုတ်ကဲ့ယောကျာ်း လို့  လိုက်ပြောတာမို့ လီယို ပြုံးမိမလိုတောင်ဖြစ်သွားရသည်။

" ယောကျာ်း ကို  နောက်တစ်ခု ဆက်ပြော "

" ဖွေးကို သွားကြည့်ချင်တယ် မောင် "

အရဲ စွန့်ပြီး ပြောလိုက်တော့လည်း  မောင်က ခပ်တည်တည်ပဲ နေနေတယ်။

" ယောကျာ်း က မသွားရဘူး လို့ ပြောရင် ခင်ဗျား ဘာလုပ်မှာလဲ ဘုန်းဘေဘီ  "

ဘုန်းဘေဘီ ထိုင်နေရာကနေ  ကုတင်ပေါ် တက်အိပ်ကာ မောင့်ကိုပါ သူ့ဘေးနားဆွဲချလိုက်သည်။

" ယောကျာ်း က မသွားရဘူး လို့ ပြောရင် ကိုယ်က  ယောကျာ်း စကားနားထောင်ပြီး ယောကျာ်း ဘေးနားမှာ ယောကျ်ားနဲ့ အတူတူ ငြိမ်ငြိမ်လေး အိပ်မှာပေါ့  "

အပြုအမူတိုင်းက ချစ်ဖို့ကောင်းလွန်း၍ ကြီးမြတ်ကုဋေချီ ကိုကို့အောက်ပိုင်းကိုသူ့ခြေထောက်ကြားထဲထည့်ကာ ခန္ဓာကိုယ် သေးသေးလေးကိုလည်း တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။

" သေတော့မှာပဲ ခင်ဗျား ကို ချစ်လွန်းလို့ ယောကျာ်း တော့  ရူးတော့မယ် ကိုကို ရာ "

" မရူးရပါဘူး ယောကျာ်း ရူးသွားရင် ကိုယ်ပါ လိုက်ရူးသွားမှာမို့ ယောကျာ်း က မရူးရဘူးနော်  "

မောင့်ရင်ဘတ်ကို လက်နဲ့တို့ကာပြောလိုက်တော့ သူ့လက်ချောင်းရဲရဲလေးတွေကို မောင်ကဆွဲငုံလာတယ် ။

မျက်နှာချင်းဆိုင်အနေအထားနဲ့ အိပ်ယာပေါ်မှာ လှဲနေကြတာမို့ မောင်က နဖူးကို ဖိကပ်နမ်းလာသည်။

" မနန်းမဟာဖွေး ဆီ သွားချင်တယ် မလား "

" အင်းအင်း သွားချင်တယ် မောင်  "

" ဒါဆို မောင့်စကား နားထောင်မှာလား "

" ဟုတ်ကဲ့ မောင် နားထောင်မှာပေါ့ "

" ဒါဆို နွေးနွေးထွေးထွေး ဝတ်ပြီး မောင့်ကို
စောင့်နေ ကားသွားထုတ်လိုက်ဦးမယ် ။ ဒီအဝတ်အစားတွေ မဝတ်နဲ့ သိပ်မနွေးဘူး ။ Boxer ကို  အဝါရောင် လေး လဲထား  မောင်နဲ့ ဆင်တူ ။ နဖူးကဆံပင်တွေကိုလည်း သားရေကွင်း အကြည်နဲ့ မောင်စည်းပေးမယ် "

မောင်က   သူ့အပေါ်ကို အလုံးစုံ  ဂရုစိုက်တာမို့ ဘုန်းဘေဘီ ရင်ထဲ နွေးသွားရသည်။

မောင်က သူ့ထက်ငယ်ပေမယ့် အစစအရာရာ  ရင့်ကျက်လွန်းတယ် ။

________________________________________________________________

GarlicBoom

4/1/22

Zawgyi

" ဘုန္းေဘဘီ    !!!  "

" ေမာင္ကလည္း ဘာျဖစ္လို႔ ေအာ္ေနတာလဲ "

ႏွစ္ေယာက္လုံး ပူးကပ္ၿပီးထိုင္ေနတာကိုေတာင္အသံမာမာနဲ႕လာေအာ္တာမို႔ ဘုန္းေဘဘီ ျပန္ေအာ္ေပးလိုက္တယ္ ။

" အဲ့ဒါ ဘယ္ေကာင္ ဆိုထားတာလဲလို႔ ေယာက်ာ္း ေမးေနတယ္ ေလ "

အေပၚပိုင္းက အကၤ်ီ ဗလာနဲ႕မို႔ ႀကီးျမတ္ကုေဋခ်ီရဲ႕ ခႏၶာကိုယ္ က က်စ္လစ္ေနၿပီး က်န္းမာ သန္စြမ္းေၾကာင္းကိုျပသေနသည္။

" ဘယ္ေကာင္ဆိုထားတာလဲ ဟုတ္လား ေမာင္ "

အဲ့ဒါ ေမာင္ကိုယ္တိုင္ေလလို႔သာ ဘုန္းေဘဘီ ေျပာလိုက္ခ်င္တယ္ ။

" ဟုတ္တယ္ Ringtone ေျပာင္းလိုက္ ။ ခင္ဗ်ား ဒီသီခ်င္း ႀကိဳက္ရင္ ေယာက်ာ္း  ဂစ္တာတီးၿပီး ဆိုျပမယ္ ဘုန္းေဘဘီ "

" ဟင့္အင္း ကိုယ္က  သူဆိုထားတာပဲ ႀကိဳက္တယ္ ။ အကၤ်ီ ဝတ္ဦး အေအးပတ္မယ္ ေမာင္ "

ဗီရိုထဲက Hoodie တစ္ထည္ကို ထုတ္ကာ ဘုန္းေဘဘီ ေမာင့္လက္ထဲ ထည့္ေပးလိုက္ေတာ့ အသာတၾကည္ပဲ ယူဝတ္လာသည္ ။

" သူဆိုထားတာပဲ ႀကိဳက္တယ္ ဟုတ္လား ဘုန္းေဘဘီ  ။ ေယာက်ာ္း အသံက သူ႕ထက္ေကာင္းတယ္ ခင္ဗ်ား ေနာ္ ခင္ဗ်ား  "

လီယို အစပိုင္း ေလသံမာမာနဲ႕ ေအာ္ၿပီးမွ ကိုကိုပိုၿပီး စိတ္ဆိုးသြားမွာ ေၾကာက္တာေၾကာင့္ အသံကို  တျဖည္းျဖည္း ေလွ်ာ့လိုက္ရတယ္။

" ေခါင္းေတြေရာ စိုသြားေသးလား ေမာင္ ။ တဘက္နဲ႕  သုတ္ရေအာင္ "

" ကိုကို က ဗ်ာ "

ဘုန္းေဘဘီ မတ္တပ္ထရပ္ကာ စိုေနတဲ့ ေမာင့္ေခါင္းကို တဘက္နဲ႕သုတ္ေပးဖို႔ျပင္တုန္း ခါးကို ေမာင့္ လက္ႀကီးႏွစ္ဖက္ကလာဖက္ေလသည္။

" မဗ်ာနဲ႕ ေမာင္ ။ ေမာင့္ ဆံပင္ရွည္ေတြ ကိုယ္သိပ္သေဘာက်တယ္ စည္းထားရင္ လူဆိုးေလးအတိုင္းပဲ ဂ်စ္ကန္ကန္ ကလည္းနိုင္ေသးတယ္  "

"   က်ဳပ္  ဆိုျပမယ္လို႔ ေနာ္ ေနာ္ ေနာ္လို႔ ဘုန္းေဘဘီကဗ်ာ    "

" ဘုန္းေဘဘီက ဘာျဖစ္လည္း ေျပာ "

" ကိုကို မေကာင္းဘူး ဗ်ာ ။ ေယာက်ာ္း လည္း အဲ့သီခ်င္း ဆိုတတ္ပါတယ္ဆို ခင္ဗ်ား က က်စ္  ! "

လီယို ကိုကို႔ခါး သြယ္သြယ္ေလးကို အားနဲ႕ဖိညွစ္ကာ ကိုကို႔  ရင္ခြင္ထဲေခါင္းတိုးၿပီးခြၽဲလိုက္ေတာ့ ကိုကို က မ်က္လုံး ေမွးေမွးေလးေတြမွိတ္က်သြားတဲ့အထိရယ္ျပလာတယ္ ။

"  အဲ့ဒီသီခ်င္း ဘယ္သူဆိုထားတာလဲ ေမာင္  သိခ်င္လား "

" မသိဘူး ေယာက်ာ္း ကို ေျပာျပေနာ္ ကိုကို "

ဂုတ္ထက္နည္းနည္းေက်ာ္ေနၿပီျဖစ္တဲ့ ေကာ္ဖီေရာင္   ေမာင့္ဆံပင္ေတြကို ဘုန္းေဘဘီ ေသခ်ာသုတ္ေပးေနရင္း ၿပဳံးလိုက္မိသည္။

" အင္း ကိုယ့္ဖုန္းယူၿပီး Gallery  ထဲကိုသြား Video  Album တစ္ခုပဲ ရွိတယ္ ။ အဲ့ Album ထဲက  Video ကို ေမာင္  ဖြင့္ၾကည့္လိုက္ "

" အင္းအင္း ေယာက်ာ္း ဖြင့္ၾကည့္လိုက္မယ္ "

ကိုကိုေျပာတဲ့အတိုင္း လီယို ကိုကို႔ ဖုန္းထဲ Video ကို ဖြင့္ၾကည့္လိုက္ေတာ့ Boxer  ခရမ္းေရာင္နဲ႕ သုံးႏွစ္အ႐ြယ္ေလာက္ရွိမည့္ ကေလးေလး တစ္ေယာက္ Bathroom ထဲ၌ ေပၚလာသည္။

အေနာက္ကေန ရိုက္ထားတာမို႔ ေက်ာဘက္ပဲ ျမင္ရၿပီး  ႐ုပ္ကိုေတာ့ မျမင္ရ ။

" ဒီကေလးေလး ဆိုထားတာ လား ကိုကို "

" အင္း သူဆိုထားတာေလ ေမာင္  ။  အာ့ေၾကာင့္ စကားမပီတာ ကေလးက ငယ္ေသးတယ္ သုံးႏွစ္ပဲ ရွိေသးတာ "

လီယို ေခါင္းသာ ၿငိမ့္ျပလိုက္သည္ ။ ဒီ Bathroom ရဲ႕ Decoration ပိုင္းကို   သူျမင္ဖူးသလိုရွိေပမယ့္လည္း ေထြေထြထူးထူးေတာ့ သိပ္မစဥ္းစား ျဖစ္။

ဒါေပမဲ့ ဒီကေလးက ဘာလို႔ သူနဲ႕ တူေနတာလဲ ။

" ေယာက်္ား နဲ႕ နည္းနည္း တူသလားလို႔ အဲ့ကေလးက ဘုန္းေဘဘီ ။ ဆံပင္ေကာက္တာေလးေရာပဲ "

" အင္း ။ ဒီကေလးက ပိုၿပီး ခ်စ္ဖို႔ ေကာင္းတယ္ ေမာင္ရဲ႕ ေမာင့္လို လူဆိုးေလး မဟုတ္ဘူး "

ေတြ႕လား ဘုန္းေဘဘီက ဒီကေလးနဲ႕သူနဲ႕ယွဥ္ရင္ ဘာလို႔ သူ႕ကို လူဆိုးျဖစ္ခိုင္းေနလဲ မသိဘူး ။

ကေလးနဲ႕ေတာင္ ၿပိဳင္ၿပီး သဝန္တိုေနရတဲ့ဘဝ။ သူ႕ငယ္ငယ္တုန္းကေလာက္ေတာင္ ခ်စ္ဖို႔ မေကာင္းဘဲနဲ႕ ကိုကိုက ဘက္ကိုလိုက္တယ္။

" မဟုတ္ဘူး ေယာက်ာ္း ငယ္ငယ္တုန္းက ပိုခ်စ္ဖို႔ ေကာင္းတာ ။ ေယာက်ာ္း ကို ပါပါး ညွပ္ေပးထားတဲ့  အိုးမႈတ္ခြက္ေကေလးနဲ႕ပုံကို ကိုကို ျမင္ဖူးလား "

"  ခြီ  !  "

ကိုကို႔ဆီက ရယ္သံတိုးတိုးေလး ထြက္လာတာမို႔ လီယို မၾကည္သလို ၾကည့္ေပးလိုက္သည္ ။

" တစ္ကယ္ေျပာတာ ကိုကိုကလည္း ။  ေယာက်ာ္းနဲ႕ အဲ့ကေလး ဘယ္သူ႕က ပိုၿပီး  ခ်စ္ဖို႔ေကာင္းလဲ "

" အဲ့ကေလးေလးေပါ့ "

" ကိုကိုက ဗ်ာ  "

မ်က္ႏွာႀကီး စူပုပ္ကာ ေမာင္က  ဟိုဘက္လွည့္သြားတာမို႔ ဘုန္းေဘဘီမွာအျမန္ေခ်ာ့ရေတာ့သည္။

" ေမာင္ "

ေမာင့္ပုခုံးစြန္းေလးကို ခပ္ဖြဖြေလး နမ္းကာေခၚလိုက္ေတာ့ ေမာင္ကသူ႕ကိုဆြဲေပြ႕ကာရင္ခြင္ထဲ
ထည့္လာတယ္။

" ေယာက်ာ္း  သိပ္ခ်စ္တာေတြကို  ကိုကို သိရဲ႕ လားဗ်ာ့ "

ႏွာေခါင္းနဲ႕ ပါးျပင္ကို ပြတ္တိုက္ကာေျပာလာသူေၾကာင့္ ဘုန္းေဘဘီ ေမာင့္လက္ႏွစ္ဖက္ကိုျပန္ဆုပ္ကိုင္ထားလိုက္ေတာ့ သူ႕လည္တိုင္မွာေမာင္ကမ်က္ႏွာအပ္လာတယ္။

" ေမာင္  ကိုယ့္ကို သိပ္ခ်စ္တာ ကိုယ္ သိပါတယ္ ။ လက္တြဲေဖာ္အျဖစ္ ေမာင့္စိတ္ႀကိဳက္ေ႐ြးခ်ယ္လို႔ရတဲ့သူေတြအမ်ားႀကီးထဲကမွ ကိုယ့္လို သာမန္အညတရေယာက်္ားတစ္ေယာက္ကိုေ႐ြးခ်ယ္ေပးလို႔ ေက်းဇူးပါ ေမာင္  "

ဘုန္းေဘဘီ ေမာင္လို႔ တစ္ခြန္း ေခၚတိုင္း သူ႕နားထဲကို စိမ့္စမ္းေရအလား ေအးၿငိမ္းစြာ စီးဝင္လာသည္။

" မလိုဘူး ကိုကို ႀကီးျမတ္ကုေဋခ်ီဆိုတဲ့ ေကာင္က ငယ္ငယ္ထဲက ကိုကိုေစလိုရာေစပဲ ကိုကို႔အပိုင္ ကိုကို႔ အတြက္ သီးသန့္ျဖစ္တည္မႈပဲ "

" ကိုယ္ေျပာစရာ ႏွစ္ခု  ရွိတယ္ ေမာင္ ။ စိတ္မဆိုးပါဘူး လို႔ ကတိေပးရမယ္ သေဘာတူလား "

ဒီလို စကားပလႅင္ခံလိုက္ထဲက ဘုန္းေဘဘီ တစ္ေယာက္ ပါးစပ္ကေန သူေဒါသထြက္ေစမယ့္စကားေတြေျပာလာဦးမယ္ ထင္တယ္ ။

" ေျပာၾကည့္ေလ ဘုန္းေဘဘီ "

" ဟအင္း မရဘူး ကတိအရင္ေပး ေမာင္ "

" ကိုကိုက ကြာ "

" မခ်စ္ဘူးလား လို႔ ေမာင္ရဲ႕ "

" ကတိေပးတယ္ ဒါေပမဲ့ ေယာက်ာ္း လက္ခံနိုင္ေလာက္တဲ့ Reason ေတာ့ ျဖစ္ရမယ္ ေနာ္ ကိုကို "

ကိုကိုက ပုတ္သင္ညိုေလးလို ေခါင္းကိုထပ္ခါထပ္ခါၿငိမ့္ျပလာတာမို႔လီယိုစိတ္ပါဝင္စားစြာနဲ႕နားေထာင္ေပးလိုက္တယ္။

" ပထမတစ္ခုက Phone Ringtone အသံပိုင္ရွင္ ကေလးေလးက ေမာင္ကိုယ္တိုင္ပဲ "

" ဘာ  ! "

" ဟုတ္တယ္ ေမာင္ သုံးႏွစ္သားတုန္းကေလ ေရခ်ိဳးေနရင္း ဆိုထားတာ ေလးကို ကိုယ္  သေဘာက်လိဳ႕ Video ရိုက္ထားလိုက္တာ ။ ေနာက္ၿပီး ေမာင္နဲ႕ ကိုယ္ ေဝးေနတဲ့အခ်ိန္ေတြမွာ အမွတ္တရ ဆိုလို႔ ဒါေလးပဲ ရွိေတာ့တာေလ အာ့ေၾကာင့္ ကိုယ္ Phone Ringtone အျဖစ္ထားလိုက္တာ  "

" အဲ့ေတာ့ "

သူ႕ကိုယ္သူနဲ႕ေတာင္ ျပန္ၿပီး သဝန္တိုေနတယ္လို႔ က်စ္ ႀကီးျမတ္ကုေဋခ်ီ ေစာက္႐ူး ။

ကိုယ့္အသံကိုယ္ေတာင္မမွတ္မိဘဲ အျပစ္တင္ေနေသးတာ။

" စိတ္မဆိုးပါနဲ႕ေနာ္ ေမာင္ကလည္း "

" က်ဳပ္က ခင္ဗ်ား က်ဳပ္ထက္ အျခား ကေလးတစ္ေယာက္ ကို အေရးေပးေနတယ္ထင္လို႔ ဘယ္ေလာက္ ဝမ္းနည္းသြားရတယ္ ထင္လဲ
ဘုန္းေဘဘီ "

" ဝမ္းနည္းသြားတာလား ကေလးေလးက "

" ကိုကို   !!! I

လီယို ေအာ္လိုက္ေတာ့လည္း မ်က္ႏွာငယ္ေလးနဲ႕ လက္ေမာင္းကအကၤ်ီစကို မရဲတရဲဆြဲလာျပန္သည္။

အဲ့ဒါ ဘုန္းေဘဘီ အက်င့္ပဲ ေအာ္လိုက္ၿပီဆိုတာနဲ႕ ေၾကာက္သလိုလို ႐ြံသလိုလိုနဲ႕ ခါးကအကၤ်ီစဆြဲရင္ဆြဲမဆြဲရင္လက္ေမာင္းကအကၤ်ီစလာလာဆြဲတာ ။

" ကိုကို႔ ကေလးေလး ဝမ္းနည္းသြားတာလားဟင္ "

သူ႕ကိုယ္သူ ကိုကိုလို႔ ေျပာကာ သူ႕နားသယ္စပ္ကဆံပင္စေတြကိုလာသပ္ေပးတာမို႔ လီယို စိတ္ဆိုးေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိ။

" ကိုကို ေတာင္းပန္ပါတယ္ ေနာ္ ။ ကေလးေလးက ကိုကို႔ကို ခ်စ္ရင္  စိတ္မဆိုးနဲ႕ေတာ့ "

" ဘုန္းေဘဘီ "

" ဟာ ေမာင္ပဲ စိတ္မဆိုးဘူး ေျပာတာေလ ဘာလို႔ လာေအာ္ေနတာလဲ "

" ခင္ဗ်ား ေသေတာ့မယ္ ဘုန္းေဘဘီ ။ အဲ့အမူအယာေတြကို ေယာက်ာ္း ေရွ႕မွာပဲ လုပ္ရမယ္ ၾကားလား "

" ဟုတ္ကဲ့ ေယာက်ာ္း "

သူသင္ေပးထားသလို ဟုတ္ကဲ့ေယာက်ာ္း လို႔  လိုက္ေျပာတာမို႔ လီယို ၿပဳံးမိမလိုေတာင္ျဖစ္သြားရသည္။

" ေယာက်ာ္း ကို  ေနာက္တစ္ခု ဆက္ေျပာ "

" ေဖြးကို သြားၾကည့္ခ်င္တယ္ ေမာင္ "

အရဲ စြန့္ၿပီး ေျပာလိုက္ေတာ့လည္း  ေမာင္က ခပ္တည္တည္ပဲ ေနေနတယ္။

" ေယာက်ာ္း က မသြားရဘူး လို႔ ေျပာရင္ ခင္ဗ်ား ဘာလုပ္မွာလဲ ဘုန္းေဘဘီ  "

ဘုန္းေဘဘီ ထိုင္ေနရာကေန  ကုတင္ေပၚ တက္အိပ္ကာ ေမာင့္ကိုပါ သူ႕ေဘးနားဆြဲခ်လိဳက္သည္။

" ေယာက်ာ္း က မသြားရဘူး လို႔ ေျပာရင္ ကိုယ္က  ေယာက်ာ္း စကားနားေထာင္ၿပီး ေယာက်ာ္း ေဘးနားမွာ ေယာက်္ားနဲ႕ အတူတူ ၿငိမ္ၿငိမ္ေလး အိပ္မွာေပါ့  "

အျပဳအမူတိုင္းက ခ်စ္ဖို႔ေကာင္းလြန္း၍ ႀကီးျမတ္ကုေဋခ်ီ ကိုကို႔ေအာက္ပိုင္းကိုသူ႕ေျခေထာက္ၾကားထဲထည့္ကာ ခႏၶာကိုယ္ ေသးေသးေလးကိုလည္း တင္းတင္းၾကပ္ၾကပ္ဖက္ထားမိသည္။

" ေသေတာ့မွာပဲ ခင္ဗ်ား ကို ခ်စ္လြန္းလို႔ ေယာက်ာ္း ေတာ့  ႐ူးေတာ့မယ္ ကိုကို ရာ "

" မ႐ူးရပါဘူး ေယာက်ာ္း ႐ူးသြားရင္ ကိုယ္ပါ လိုက္႐ူးသြားမွာမို႔ ေယာက်ာ္း က မ႐ူးရဘူးေနာ္  "

ေမာင့္ရင္ဘတ္ကို လက္နဲ႕တို႔ကာေျပာလိုက္ေတာ့ သူ႕လက္ေခ်ာင္းရဲရဲေလးေတြကို ေမာင္ကဆြဲငုံလာတယ္ ။

မ်က္ႏွာခ်င္းဆိုင္အေနအထားနဲ႕ အိပ္ယာေပၚမွာ လွဲေနၾကတာမို႔ ေမာင္က နဖူးကို ဖိကပ္နမ္းလာသည္။

" မနန္းမဟာေဖြး ဆီ သြားခ်င္တယ္ မလား "

" အင္းအင္း သြားခ်င္တယ္ ေမာင္  "

" ဒါဆို ေမာင့္စကား နားေထာင္မွာလား "

" ဟုတ္ကဲ့ ေမာင္ နားေထာင္မွာေပါ့ "

" ဒါဆို ႏြေးႏြေးေထြးေထြး ဝတ္ၿပီး ေမာင့္ကို
ေစာင့္ေန ကားသြားထုတ္လိုက္ဦးမယ္ ။ ဒီအဝတ္အစားေတြ မဝတ္နဲ႕ သိပ္မႏြေးဘူး ။ Boxer ကို  အဝါေရာင္ ေလး လဲထား  ေမာင္နဲ႕ ဆင္တူ ။ နဖူးကဆံပင္ေတြကိုလည္း သားေရကြင္း အၾကည္နဲ႕ ေမာင္စည္းေပးမယ္ "

ေမာင္က   သူ႕အေပၚကို အလုံးစုံ  ဂ႐ုစိုက္တာမို႔ ဘုန္းေဘဘီ ရင္ထဲ ႏြေးသြားရသည္။

ေမာင္က သူ႕ထက္ငယ္ေပမယ့္ အစစအရာရာ  ရင့္က်က္လြန္းတယ္ ။

________________________________________________________________

GarlicBoom

4/1/22

Comment