Chapter 44

Leaned against Him While Sleeping and the Appointment of Teacher Bian

(Unicode)

သူ့ကံကကောင်းသည်။ ပျမ်းကျင်းယွမ် အရင်ကအခါက်များစွာပြောခဲ့ဖူးသည့် အချက်များနှင့် တိုးသည်။ ထို့ကြောင့် သူ့အဖြေကိုရွေးရာတွင် ကြာကြာပင်မစဉ်းစားလိုက်ရ။ လုယွင်ဖေး စာဖြေပြီးသည့်အခါ နာရီဝက်လောက်ကျန်နေသေးသည်။ သူမသိသည့်မေးခွန်းများကို B ဟုသာရွေးလိုက်ပြီးနောက် ခေါင်းလောင်းထိုးသည့်အခါ သူ့အဖြေလွှာကို ပေးလိုက်သည်။

ပျမ်းကျင်းယွမ်က သူတို့အခန်းပြင်တွင် သူ့ကိုစောင့်နေသည်။

လုယွင်ဖေး သူ့ကိုမြင်ရသည့်အခါ စိတ်လှုပ်ရှားစွာပင် ချိုင်းထောက်ကိုကိုင်ရင်း သူ့ဆီဉီးတည်သွားလိုက်သည်။ သူသာဒဏ်ရာမရထားလျှင် ထိုသူ့ကိုချက်ချင်းပင် ပွေ့ဖက်မိလိုက်လိမ့်မည်။ သူ့ကိုကယ်တင်ပေးတဲ့နတ်ဘုရားက ဘယ်မှာရှိသေးလို့လဲ။ အခုသေချာကြည့်မှ သူ့ထိုင်ခုံဖော်က ပိုကြင်နာတတ်ပုံပေါ်နေသည်။ ဘုရားလိုပင် ပျမ်းကျင်းယွမ်ကို ဘုရားစင်ပေါ်တင်ကာ အင်္ဂလိပ်စာတွင် အမှတ် ၁၂၀ ရရန် တစ်နေ့သုံးကြိမ်ဆုတောင်းမည်။

ပျမ်းကျင်းယွမ် သူ့မျက်နှာကရွှင်လန်းနေသည်ကို မြင်ကာ သူကောင်းကောင်းဖြေနိုင်သည်ဟု ခန့်မှန်းမိလိုက်သည်။

“ဖြေနိုင်တယ်မလား”

လုယွင်ဖေးက ခေါင်းညိတ်ပြလိုက်သည့်အခါ သူ့မျက်လုံးများက တောက်ပနေကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ “စာလုံးပေါင်းသတ်ပုံတွေကို အကုန်ဖြေပြီး အက်ဆေးကလည်း ကျက်ထားတဲ့အတိုင်းဖြေလိုက်တယ်။ မှန်ရာရွေးတွေအများစုက ငါတို့အထပ်ထပ်အခါခါလုပ်ထားတာတွေဆိုတော့ အကုန်လုံးကိုမှတ်မိတယ်”

“တော်တယ်”
“ပျမ်းကျင်းယွမ် မင်းက တကယ်နတ်ဘုရားပဲ။ မင်းသိလား။ အခုငါမင်းကိုကြည့်လိုက်တဲ့အချိန် ရောင်ခြည်တော်တွေတောင်ဖြာထွက်နေသလိုပဲ”
ပျမ်းကျင်းယွမ်က သူ့စကားများကြောင့် ရယ်မိလိုက်ကာ ညင်သာစွာပြောလိုက်သည်။ “သွားစို့။ မင်း ခဏနေအိမ်ပြန်ရောက်သင့်ပြီ”

“အိုကေ” လုယွင်ဖေး နာခံစွာပြန်ပြောလိုက်သည်။

သူစက်ဘီးပေါ်တက်လိုက်ပြီး လမ်းတစ်လျှောက်တွင် ရှုခင်းများကိုကြည့်ရင်း ပျမ်းကျင်းယွမ်နှင့်စကားစမြည်ပြောသွားခဲ့သည်။ အင်္ဂလိပ်စာမေးပွဲများပြီးသွားသောကြောင့်ထင်သည်။ သူ့တွင်ရှိနေသည့်စိုးရိမ်မှုများက ပျောက်ကွယ်သွားပြီဟုထင်သည်။ သူ့အိမ်နားရောက်လာသည့်အခါ သူတို့စကားပြောနေစဉ်မှာပင် လုယွင်ဖေး ပျမ်းကျင်းယွမ်၏နောက်ကျောပေါ်တွင် အိပ်ပျော်သွားမိသည်။

ပျမ်းကျင်းယွမ် သူ့နောက်ကျောက လေးလံလာသည်ကို ခံစားရကာ သူ့ဆီက အသံမကြားရတော့သည်ကို သတိထားမိလိုက်ပြီး သူ့ကိုခေါ်ကြည့်လိုက်ရာ ပြန်မထူးလာပေ။ သူထပ်ခေါ်ကြည့်လိုက်ပြီးမှ အရှိန်တဖြည်းဖြည်းလျော့လိုက်ကာ နောက်ကိုလှည့်ကြည့်လိုက်သည်။ လုယွင်ဖေးက သူ့ကျောင်းလွယ်အိတ်ကိုဖက်ပြီး သူ့ချိုင်းထောက်က ထိုအောက်တွင်ညှပ်နေကာ သူ့မျက်လုံးများက အိပ်ငိုက်နေသည်။

ပျမ်းကျင်းယွမ် ထိုသည်ကိုမြင်ပြီး သူပြုတ်ကျသွားမည်စိုးသောကြောင့် စက်ဘီးဆက်မစီးမိပေ။ ခြေထောက်တစ်ဖက်ထောက်လိုက်ကာ ရပ်လိုက်ရင်း တိတ်ဆိတ်ငြိမ်သက်နေသည့် မှောင်စပြုနေသည့်မြို့ရှုခင်းကို ကြည့်လိုက်မိသည်။

လုယွင်ဖေးက မှိန်းနေရင်း သူ့ဘက်တိုးလာသည်။

ပိုမိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာသည့်အခါ အိတ်ကိုကိုင်ထားသည့်သူ့လက်က လျော့ကျလာ၍ ပျမ်းကျင်းယွမ် လက်လှမ်းလိုက်ရသည်။ လုယွင်ဖေး သူ့ကိုလာထိသည်ကိုခံစားရမှ လန့်နိုးလာကာ သူ့ကိုပင်ပန်းနေကာအိပ်ချင်မူးတူးမျက်လုံးများဖြင့် ကြည့်လာသည်။

ပျမ်းကျင်းယွမ် သူ့ကိုထိုသို့တွေ့ရလေ့မရှိပေ။ အချိန်အများစုတွင် လုယွင်ဖေးက အားမာန်အပြည့်နှင့်တက်ကြွနေတတ်သည်။ အခုမြင်ရသည့်ပုံစံက ရှင်းမပြနိုင်လောက်အောင် နူးညံ့ပြီး ချစ်စရာကောင်းနေသည်။

“နိုးပြီလား”

လုယွင်‌ဖေးက ခပ်ဖြည်းဖြည်းခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးကိုသူပွတ်ပြီးမှ အိပ်ချင်ပြေလာပုံရသည်။ “ငါအိပ်ပျော်သွားတာလား”
“အင်း”

“အိပ်ပျော်သွားတာဘယ်လောက်ကြာပြီလဲ။ ငါ့ကိုတော့နှိုးလိုက်တာမဟုတ်ဘူး”

“မကြာပါဘူး။ သုံးမိနစ်လောက်ပဲ”
လုယွင်ဖေးက ရယ်မောလိုက်သည်။ “သုံးမိနစ်ဟုတ်လား။ တစ်ရေးအိပ်ဖို့တောင်မလောက်ဘူး။ ဟားဟားဟား”
ပျမ်းကျင်းယွမ်လည်း သူ့ကြောင့်ပြုံးလိုက်မိသည်။

လုယွင်ဖေး ရယ်ပြီးချိန်တွင် သေချာပြန်ထိုင်လိုက်ပြီး သူ့နာရီသူကြည့်လိုက်သည်။ “သွားစို့။ ငါ့အိမ်နားတောင်ရောက်တော့မယ်”

ပျမ်းကျင်းယွမ်က ထိုအခါမှ သူ့လက်ကိုလွှတ်ကာ သူ့လွယ်ကိုမကျသွားအောင် လုပ်ပေးပြီးမှ စက်ဘီးဆက်စီးတော့သည်။

“ငါ့ဒရိုင်ဘာက သိပ်မကြာခင်ပြန်ရောက်တော့မယ်” လုယွင်ဖေးက ရုတ်တရက်ပြောလိုက်သည်။ “မနက်ဖြန်မဟုတ်ရင် သန်ဘက်ခါပြန်လာလိမ့်မယ်”

“အင်း” ပျမ်းကျင်းယွမ်ပြန်ပြောလိုက်သည်။

လုယွင်ဖေး စက်ဘီးနောက်ခုံကိုကိုင်ရင်း သူ့ကျောကိုကြည့်လိုက်သည်။ “သူပြန်ရောက်ရင် မင်းငါ့ကိုပြန်ပို့ပေးဖို့မလိုတော့ဘူး”

“အိုကေ” ပျမ်းကျင်းယွမ်က ညင်ညင်သာသာပြန်ဖြေသည်။

“ဒါပေမဲ့ မင်းက လဝက်တောင်ခွင့်ယူထားတာမလား”

“ဟုတ်တယ်”

“ဒါဆိုရင်” လုယွင်ဖေး ပြုံးလိုက်သည်။ “ကျန်တဲ့အချိန်တွေမှာ ငါ့ဂိုက်လာလုပ်ပေး”
ပျမ်းကျင်းယွမ်က လုယွင်ဖေးက အတော်လေးခေါင်းမာသည်ဟု ထင်မိသည်။

လုယွင်ဖေးက သူပြန်ပြောသည်ကို မကြားရသောကြောင့် ဆက်ပြောလိုက်သည်။ “ငါ သေချာစဉ်းစားကြည့်ပြီးပြီ။ ငါတို့ကျောင်းဆင်းရင် အိမ်ပြန်မှာဆိုတော့ မင်းငါ့ကိုဂိုက်သင်ပေးပြီးရင် ဒရိုင်ဘာဉီးလေးကို မင်းကိုပြန်ပို့ခိုင်းမယ်။ သိပ်မကြာပါဘူး။ ငါတို့ပြန်ရောက်ဖို့ကြာတဲ့အချိန်ရယ်၊ ညနေစာစားဖို့အချိန်ရယ်ထည့်တွက်ရင် ည ၈ နာရီလောက်ထိပဲနေရမှာ။ တစ်ပတ်သုံးကြိမ်၊ တစ်နာရီကိုတစ်ထောင်။ ဘယ်လိုလဲ”
ပျမ်းကျင်းယွမ်က ဆိတ်ဆိတ်သာရှိနေသည်။

လုယွင်ဖေးက သူတိတ်ဆိတ်နေသေးသည်ကို တွေ့ရသောကြောင့် သူ့ခါးကိုလှမ်းဖက်လိုက်သည်။

“ဘာလုပ်နေတာလဲ” ပျမ်းကျင်းယွမ် သူ့ခါးတစ်ဖက်တစ်ချက်က လက်နှစ်ဖက်ကို ကြည့်လိုက်သည်။

လုယွင်ဖေးက ပြုံးလိုက်ရင်း သူ့ကိုကလိထိုးရန် သူ့လက်တွေကိုရွေ့လိုက်သည်။

ပျမ်းကျင်းယွမ်က ပြန်မေးသည်။ “ငါက ယားတတ်တယ်လို့ မင်းထင်လို့လား”
လုယွင်ဖေးက သူမယားတတ်သည်ကို တွေ့ပြီး အခြားနေရာများကို ကလိထိုးကြည့်လိုက်သည်။ မျက်လုံးကန်းနေသည့်ကြောင်တစ်ကောင်က ကြွက်ဖမ်းသလို ယားတတ်သည့်နေရာကို ရှာရန် သူ့ကံကိုစမ်းလိုက်မိခြင်းပင်။

သို့သော်လည်း သူက စက်ဘီးပေါ်မှာပင်ရှိနေသေးကာ သူ့ခြေထောက်ကလည်း ချိုင်းထောက်နှင့်ဖြစ်နေသေးသည်။ ပျမ်းကျင်းယွမ်က သူ့အတွက်စိုးရိမ်မိသောကြောင့် လှမ်းပြောလိုက်သည်။ “ငြိမ်ငြိမ်နေ၊ မဆော့နေနဲ့”

“ဒါပေမဲ့ မင်းကတိပေးထားတယ်လေ”

“အရင်ရပ်ဉီး”

လုယွင်ဖေး သူပြောသည့်အတိုင်း ရပ်လိုက်ရသည်။ “ဆရာပျမ်း၊ မင်းကို ငါ့ဂိုက်အဖြစ်ခေါ်ဖို့လုပ်ရတာ တော်တော်ခက်တာပဲ”

ပျမ်းကျင်းယွမ်ပြုံးလိုက်ရင်း စက်ဘီးကိုရပ်ရန် လက်ကိုင်ကိုထိန်းလိုက်သည်။ “ရောက်ပြီ”

လုယွင်ဖေးက တုံ့ဆိုင်းစွာစက်ဘီးပေါ်က ဆင်းသည်။ ပျမ်းကျင်းယွမ် သူ့ဆီက အိတ်ကို ပြန်ယူလိုက်ပြီး သူ့မျက်လုံးပေါ်က မကျေနပ်ချက်များကို တွေ့ရသောကြောင့် ပြောလိုက်သည်။ “ရလဒ်တွေက ရက်အနည်းငယ်လောက်ဆိုရင် ထွက်လာလိမ့်မယ်”

“ငါကျရင် မင်းငါ့ကို လျစ်လျူရှုထားတော့မှာလား” လုယွင်ဖေး မေးလိုက်မိသည်။

ပျမ်းကျင်းယွမ်က သူ့မေးခွန်းကြောင့် အံ့ဩသွားရကာ ခဏနေမှပြန်ဖြေသည်။ “အဲ့လိုမလုပ်ဘူး”

“ငါ ကျတာကိုပြောတာလား။ ငါ့ကိုလျစ်လျူရှုထားတာကိုလား”

“နှစ်ခုလုံး”

“ဒါဆိုရင် ဘာလို့နောက်ရက်တွေထပ်စောင့်ရဉီးမှာလဲ” လုယွင်ဖေး သူနားမလည်သည်ကို ထုတ်မေးလိုက်သည်။ “စာမေးပွဲအဖြေလွှာတွေပြန်ရတာကို စောင့်မှဖြစ်မှာလား”

ပျမ်းကျင်းယွမ်က သူ့ကိုကြည့်ရင်း တိတ်ဆိတ်သွားသည်။

အမှန်တော့ ရလဒ်များစောင့်ရန်ပင်မလို။ သို့သော်လည်း ဒီအတိုင်း လုယွင်ဖေး၏ဂိုက်အဆင်သင့်ဝင်လုပ်လိုက်ခြင်းက မသင့်တော်ဟု သူခံစားရသည်။ သင့်တော်သည်မသင့်တော်သည်ထက် သူအခြားသူများ၏ ကျောင်းအဆင့်များအတွက် တာဝန်ယူရန် အဆင့်သင့်မဖြစ်ခြင်းက ပိုဖြစ်နိုင်သည်။ သူ့အိမ်နှင့်များစွာကွာခြားလှသည့် လုယွင်ဖေး၏အိမ်ထဲ ခြေချဖို့ကိုလည်း အသင့်မဖြစ်သေးပေ။

ပျမ်းကျင်းယွမ်အတွက် သူတာဝန်ယူရသည့်လူများမှာ သူ့မိသားစုဖြစ်သည့် ပျမ်းကျဲနှင့်ရွှမ်းရွှမ်းသာ။ လုယွင်ဖေးကို သူတာဝန်ယူပေးရန်က အင်္ဂလိပ်စာအဆင့်အတွက်သာဆိုသော်လည်း ပေါ့ပေါ့တန်တန် ကိုင်တွယ်ရမည့်အရာမဟုတ်ချေ။

သူလုယွင်ဖေးမျှော်လင့်ထားသလို မဖြစ်လာမည်ကို ကြောက်သည်။ ထို့အပြင် သူလုယွင်ဖေး မတိုးတက်လာမည်ကိုလည်း စိုးရိမ်သည်။ သူလုယွင်ဖေးကို ကူညီလိုစိတ်အပြည့်ရှိသော်လည်း သူ့ရဲ့အရင်ဂိုက်များလို အကူအညီသိပ်မဖြစ်နိုင်မည်ကို စိုးသည်။

စာမေးပွဲဆိုသည့်အရာမျိုးက မည်သူကမျှ သေချာအာမခံနိုင်သည့်အရာမဟုတ်။

သူလုယွင်ဖေးနှင့် မျက်လုံးဆုံသွားသည့်အခါ သူ့မျက်လုံးထဲတွင် မရေရာမှုများကို တွေ့ရသည်။ ငယ်ရွယ်နုနယ်သေးသည့်အရွယ်ဖြစ်သောကြောင့် သူမရေရာမသေချာသည်က သဘာဝကျသည်။ သူ့အတွေးများက ရိုးရှင်းပြီး တည့်တိုးဆန်သည်။ သူ့တွင် တောက်ပသော စိတ်ကူးစိတ်သန်းများရှိသည်။ သူ့ပခုံးများက မျှော်လင့်ချက်များ၊ အိမ်မက်များနှင့် ပေါ့ပါးလှသည်။ တာဝန်ဆိုသည်က သူနှင့်ဝေးကွာသည်။

ပျမ်းကျင်းယွမ် သူ့ကိုကြည့်ရင်း ပြောလိုက်သည့်အသံက ညင်သာသည်။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ” သူ အကြံပေးကြည့်လိုက်သည်။ “ငါ မင်းနဲ့လိုက်ပြီး ဂိုက်လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ ရလဒ်တွေမထွက်လာခင်အထိ ပိုက်ဆံလက်မခံဘူး။ ဒုတိယအချက်နဲ့ မင်းဒီတစ်ခေါက်ကျရင် မင်းနောက်တစ်ခါအောင်တဲ့အထိ ပိုက်ဆံလက်မခံဘူး။ တတိယအချက်အနေနဲ့ မင်းအောင်သွားရင်တော့ တစ်ပတ်သုံးခါ တစ်နာရီ ၂၀”

လုယွင်ဖေးမျက်လုံးများက ပြူးကျယ်လာသည်။ “၂၀? မင်း အချိန်ပိုင်းအလုပ်တွေမှာ ဒီထက်ပိုရတယ်!”

“ငါက မင်းကို သူငယ်ချင်းလျှော့ဈေးပေးတာ” ပျမ်းကျင်းယွမ်က ပြန်ပြောသည်။ “ငါတို့က အတန်းဖော်တွေပဲ”

“ဒါဆိုရင် ထားလိုက်တော့” လုယွင်ဖေး သဘောတူလိုက်သည်။ “တစ်နာရီတောင် အချိန်တွေ၊ အားတွေစိုက်ပြီးတော့ ၂၀ ပဲတဲ့လား။ ဒါဆိုရင် ငါ့ဂိုက်လာမလုပ်နဲ့တော့။ ငါ့ကိုယ်ငါပဲဖျက်ဆီးလိုက်တော့မယ်”

“မင်း ငါ့ကို မင်းဂိုက်အဖြစ် ခေါ်ရတာခက်တယ်လို့မပြောဘူးလား။ အခုကျ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မလို့လား”

“ဆရာပျမ်း၊ ငါမင်းကို ငါ့ဂိုက်လုပ်စေချင်တယ်။ ဒါပေမဲ့ ငါ့ကိုမင်းညှိဖို့အတွက် မင်းကိုယ်မင်းလောင်ကျွမ်းစေတဲ့ ဖယောင်းတိုင်မလုပ်စေချင်ဘူး ဟုတ်ပြီလား။ မင်းရဲ့အချိန်ပိုင်းအလုပ်မှာ တစ်နာရီ ၅၀ ရတယ်။ အခု မင်းက ငါနဲ့ သင်တာ တစ်နာရီကို ၂၀ ပဲယူတော့ ဘုရားသခင်က သူ့အသားကိုလှီးပြီး သိမ်းငှက်ကို ကျွေးသလိုပဲ။ မင်းလည်း မင်းကိုယ်မင်းလှီးပြီး ငါ့ကိုကျွေးမလို့လား”

ပျမ်းကျင်းယွမ်က သူစကားပြောကောင်းသည်ဟု တွေးမိသည်။ “ဒါက မတူဘူး”

“ဒါပေါ့ ဘယ်တူပါ့မလဲ” လုယွင်ဖေး ဝင်ပြောလိုက်သည်။ “ငါမင်းကို ငါ့ဂိုက်လုပ်စေချင်တာ။ မင်းရဲ့ရောင်ခြည်တော်နဲ့ ငါ့ကိုအလင်းရောင်ပေးစေချင်တာမဟုတ်ဘူး။ မင်းဒီလိုပဲလုပ်နေရင် ငါမင်းကို ဘုရားစင်ပေါ်တင်ပြီး မင်းရဲ့ရောင်ခြည်အောက်မှာ လှဲနေမယ်”

ပျမ်းကျင်းယွမ်က သူငြင်းခုံတာကိုကြားပြီး လက်လျော့လိုက်ရသည်။ “ဒါဆိုရင် ၅၀ ပဲထားလိုက်တော့။ ငါ့အချိန်ပိုင်းအလုပ်နဲ့ လုပ်ခအတူတူလောက်ပဲ”

“ဒီတော့ မင်းပြောတဲ့ပုံအရဆိုရင် ငါက မစ်တီးတွေ၊ ကိတ်တွေနဲ့ အတူတူပဲလား” လုယွင်ဖေးက အခွင့်အရေးကိုအရယူကာ ဆက်ငြင်းခုံသည်။ “ငါက ဒီလောက်တောင်တန်ဖိုးမရှိဘူးလား”

ပျမ်းကျင်းယွမ်: …

လုယွင်ဖေးက သူ့ကို ကြည့်လိုက်သည်။ “အနည်းဆုံး ငါက မစ်တီးခွက်နည်းနည်းနဲ့ ကိတ်တွေတော်တော်များများ တန်တယ်လို့ထင်တယ်။ ၅၀၀”

“၅၀” ပျမ်းကျင်းယွမ်က ဆိုသည်။

“၅၀၀” လုယွင်ဖေးက အငြင်းမပေး။

“ဒါဆိုရင် မင်းအခြားတစ်ယောက်ကို ငှားရမှာပဲ”

လုယွင်ဖေး: ???!

လုယွင်ဖေးက မယုံကြည်နိုင်ဖြစ်နေသည်။ “မင်းက ဘာပြောတာလဲ။ ဒီလောက်မြန်မြန်အရှုံးပေးလိုက်တော့မလို့လား”

“လုပ်ငန်းသေးလေးဆိုတော့ ၅၀၀ ဒေါ်လာတန်အော်ဒါတွေ လက်မခံဘူး” ပျမ်းကျင်းယွမ်က စက်ဘီးကိုမှီကာ ပြောလာသည်။

လုယွင်ဖေး: …

လုယွင်ဖေးက ပျမ်းကျင်းယွမ် မတုန်မလှုပ်ဖြစ်သည်ကို တွေ့ပြီး ဆက်ဈေးဆစ်သည်။ “ဒါဆိုရင် ၃၀၀ ဆိုရင်အဆင်ပြေတယ်”

“မင်းက ဈေးမှာ အသီးအရွက်ဝယ်နေတာလား။ ဒီလိုဈေးဆစ်နေတာ”

“ဈေးထဲကအသီးအရွက်သည်တွေက ငါ့ကိုပိုပေးလို့ ဘာမှပြောမှာမဟုတ်ဘူး”

“ငါက ဈေးထဲက အသီးအရွက်သည်နဲ့တူနေလို့လား” ပျမ်းကျင်းယွမ်က မေးသည်။

လုယွင်ဖေး:…

ပျမ်းကျင်းယွမ်က သူဘာမှပြန်မပြောနိုင်သည်ကို တွေ့ကာ အခွင့်အရေးကြုံခိုက် အရယူသည်။ “၅၀၊ လက်ခံမလား ငြင်းမလား”

“ဒီလိုလုပ်တာမသင့်တော်ဘူး”

“ငါကတော့ မျှတတယ်လို့ထင်တယ်”

“မင်းက ဂိုက်ဈေးကွက်တန်ဖိုးကို နားမလည်ဘူး”

“ဈေးကွက်အပေါ်မူတည်ပြီး ယူစရာမလိုဘူး။ ငါ့မှာကိုယ်ပိုင်ဈေးနှုန်းရှိပြီးသား”

လုယွင်ဖေးက သူ့ကြောင့်ရူးတော့မလိုပင်။ “၁၀၀ က ငါသွားနိုင်တဲ့ အနိမ့်ဆုံးဈေးပဲ။ မဟုတ်ရင် ငါက မင်းကို အခွင့်အရေးယူတာဖြစ်မှာလေ”

“စိတ်မပူနဲ့။ ငါက လွယ်လွယ်နဲ့ အခွင့်အရေးမယူခံရဘူး”

“ဒါဆိုရင် ၁၀၀ ပေါ့” လုယွင်ဖေး သူ့လက်ကိုမြှောက်လိုက်သည်။ “ဒါက ၉၀ ရာခိုင်နှုန်းဈေးနှုန်းလျော့ထားတာ။ ငါ ဒီထက်ပိုပြီး မလျှော့နိုင်တော့ဘူး” သူ သူ့ခြေထောက်ကကျောက်ပတ်တီးကို ငုံ့ကြည့်လိုက်သည်။ “ဒီထက်ပိုလျှော့ရင် ပတ်တီးတောင် ပတ်တော့မှာမဟုတ်ဘူး”

သူပြောတာကို ကြားသည့်အခါ ပျမ်းကျင်းယွမ်က သူ့ခြေထောက်ကို ကြည့်လိုက်ပြီး သူ့အတွေးများက ရီစရာကောင်းသည်ဟု ထင်မိသွားသည်။ လုယွင်ဖေးက သူပြန်မပြောသည်ကို သတိထားမိကာ ချက်ချင်းအော်လိုက်သည်။ “တစ်ရာတစ်ကြိမ်၊ တစ်ရာနှစ်ကြိမ်၊ တစ်ရာသုံးကြိမ်”

အဲ့ဒီနောက် သူက ပျမ်းကျင်းယွမ်စက်ဘီးက ဘဲလ်ကိုတီးသည်။ “ဒင် ဒင် ဒင်” ဘဲလ်သံက ပြတ်သားစွာပေါ်လာပြီး လုယွင်ဖေးက နောက်ဆုံးပြောလိုက်သည်။ “ရောင်းထွက်ပါပြီ”

ပျမ်းကျင်းယွမ်: …

လုယွင်ဖေးက ခပ်ပြုံးပြုံးရှိနေသည်။ “ရောင်းလိုက်ပြီးပြီဆိုတော့ မင်းအခုနောက်ပြန်ဆုတ်လို့မရတော့ဘူး”

ပျမ်းကျင်းယွမ်က သူ့နဖူးကို သူအကြောဖြေလိုက်သည်။ သူ လုယွင်ဖေးလောက် ကလေးဆန်သည့်လူမျိုး တစ်ခါမျှ မမြင်ဖူးခဲ့။ လုယွင်ဖေးက ညီငယ်လေးတစ်ယောက်လိုပင်။

လုယွင်ဖေးက သူ့ကိုယ်သူ ဉာဏ်ကောင်းသောကြောင့် ဝမ်းသာဂုဏ်ယူနေသည်။ “ဒါဆိုရင် အတည်ဖြစ်သွားပြီ”

ပျမ်းကျင်းယွမ် လက်လျော့လိုက်ရပြီး ခေါင်းညိတ်လိုက်မိသည်။ “အင်း”

“ကျေးဇူးပါ ဆရာပျမ်း။ နှုတ်ဆက်ပါတယ် ဆရာပျမ်း။ အိမ်ပြန်ရင် လမ်းမှာ ဂရုစိုက်ပါဉီး ဆရာပျမ်း" လုယွင်ဖေးက သူ့ဆရာကို ရိုသေစွာဖြင့် သုံးကြိမ်နှုတ်ဆက်သည်။

ပျမ်းကျင်းယွမ် သက်ပြင်းချမိသည်။ “ဂွတ်ဘိုင်”

လုယွင်ဖေးက ပျမ်းကျင်းယွမ် သူ့စက်ဘီးပေါ်တက်ကာ အိမ်ပြန်သည်ကို လက်လှမ်းပြနှုတ်ဆက်လိုက်သည်။
 





(Zawgyi)

သူ႔ကံကေကာင္းသည္။ ပ်မ္းက်င္းယြမ္ အရင္ကအခါက္မ်ားစြာေျပာခဲ့ဖူးသည့္ အခ်က္မ်ားႏွင့္ တိုးသည္။ ထို႔ေၾကာင့္ သူ႔အေျဖကိုေ႐ြးရာတြင္ ၾကာၾကာပင္မစဥ္းစားလိုက္ရ။ လုယြင္ေဖး စာေျဖၿပီးသည့္အခါ နာရီဝက္ေလာက္က်န္ေနေသးသည္။ သူမသိသည့္ေမးခြန္းမ်ားကို B ဟုသာေ႐ြးလိုက္ၿပီးေနာက္ ေခါင္းေလာင္းထိုးသည့္အခါ သူ႔အေျဖလႊာကို ေပးလိုက္သည္။

ပ်မ္းက်င္းယြမ္က သူတို႔အခန္းျပင္တြင္ သူ႔ကိုေစာင့္ေနသည္။

လုယြင္ေဖး သူ႔ကိုျမင္ရသည့္အခါ စိတ္လႈပ္ရွားစြာပင္ ခ်ိဳင္းေထာက္ကိုကိုင္ရင္း သူ႔ဆီဉီးတည္သြားလိုက္သည္။ သူသာဒဏ္ရာမရထားလွ်င္ ထိုသူ႔ကိုခ်က္ခ်င္းပင္ ေပြ႕ဖက္မိလိုက္လိမ့္မည္။ သူ႔ကိုကယ္တင္ေပးတဲ့နတ္ဘုရားက ဘယ္မွာရွိေသးလို႔လဲ။ အခုေသခ်ာၾကည့္မွ သူ႔ထိုင္ခုံေဖာ္က ပိုၾကင္နာတတ္ပုံေပၚေနသည္။ ဘုရားလိုပင္ ပ်မ္းက်င္းယြမ္ကို ဘုရားစင္ေပၚတင္ကာ အဂၤလိပ္စာတြင္ အမွတ္ ၁၂၀ ရရန္ တစ္ေန႔သုံးႀကိမ္ဆုေတာင္းမည္။

ပ်မ္းက်င္းယြမ္ သူ႔မ်က္ႏွာက႐ႊင္လန္းေနသည္ကို ျမင္ကာ သူေကာင္းေကာင္းေျဖႏိုင္သည္ဟု ခန႔္မွန္းမိလိုက္သည္။

“ေျဖႏိုင္တယ္မလား”

လုယြင္ေဖးက ေခါင္းညိတ္ျပလိုက္သည့္အခါ သူ႔မ်က္လုံးမ်ားက ေတာက္ပေနကာ စိတ္လႈပ္ရွားစြာေျပာလိုက္သည္။ “စာလုံးေပါင္းသတ္ပုံေတြကို အကုန္ေျဖၿပီး အက္ေဆးကလည္း က်က္ထားတဲ့အတိုင္းေျဖလိုက္တယ္။ မွန္ရာေ႐ြးေတြအမ်ားစုက ငါတို႔အထပ္ထပ္အခါခါလုပ္ထားတာေတြဆိုေတာ့ အကုန္လုံးကိုမွတ္မိတယ္”

“ေတာ္တယ္”
“ပ်မ္းက်င္းယြမ္ မင္းက တကယ္နတ္ဘုရားပဲ။ မင္းသိလား။ အခုငါမင္းကိုၾကည့္လိုက္တဲ့အခ်ိန္ ေရာင္ျခည္ေတာ္ေတြေတာင္ျဖာထြက္ေနသလိုပဲ”
ပ်မ္းက်င္းယြမ္က သူ႔စကားမ်ားေၾကာင့္ ရယ္မိလိုက္ကာ ညင္သာစြာေျပာလိုက္သည္။ “သြားစို႔။ မင္း ခဏေနအိမ္ျပန္ေရာက္သင့္ၿပီ”

“အိုေက” လုယြင္ေဖး နာခံစြာျပန္ေျပာလိုက္သည္။

သူစက္ဘီးေပၚတက္လိုက္ၿပီး လမ္းတစ္ေလွ်ာက္တြင္ ရႈခင္းမ်ားကိုၾကည့္ရင္း ပ်မ္းက်င္းယြမ္ႏွင့္စကားစျမည္ေျပာသြားခဲ့သည္။ အဂၤလိပ္စာေမးပြဲမ်ားၿပီးသြားေသာေၾကာင့္ထင္သည္။ သူ႔တြင္ရွိေနသည့္စိုးရိမ္မႈမ်ားက ေပ်ာက္ကြယ္သြားၿပီဟုထင္သည္။ သူ႔အိမ္နားေရာက္လာသည့္အခါ သူတို႔စကားေျပာေနစဥ္မွာပင္ လုယြင္ေဖး ပ်မ္းက်င္းယြမ္၏ေနာက္ေက်ာေပၚတြင္ အိပ္ေပ်ာ္သြားမိသည္။

ပ်မ္းက်င္းယြမ္ သူ႔ေနာက္ေက်ာက ေလးလံလာသည္ကို ခံစားရကာ သူ႔ဆီက အသံမၾကားရေတာ့သည္ကို သတိထားမိလိုက္ၿပီး သူ႔ကိုေခၚၾကည့္လိုက္ရာ ျပန္မထူးလာေပ။ သူထပ္ေခၚၾကည့္လိုက္ၿပီးမွ အရွိန္တျဖည္းျဖည္းေလ်ာ့လိုက္ကာ ေနာက္ကိုလွည့္ၾကည့္လိုက္သည္။ လုယြင္ေဖးက သူ႔ေက်ာင္းလြယ္အိတ္ကိုဖက္ၿပီး သူ႔ခ်ိဳင္းေထာက္က ထိုေအာက္တြင္ညႇပ္ေနကာ သူ႔မ်က္လုံးမ်ားက အိပ္ငိုက္ေနသည္။

ပ်မ္းက်င္းယြမ္ ထိုသည္ကိုျမင္ၿပီး သူျပဳတ္က်သြားမည္စိုးေသာေၾကာင့္ စက္ဘီးဆက္မစီးမိေပ။ ေျခေထာက္တစ္ဖက္ေထာက္လိုက္ကာ ရပ္လိုက္ရင္း တိတ္ဆိတ္ၿငိမ္သက္ေနသည့္ ေမွာင္စျပဳေနသည့္ၿမိဳ႕ရႈခင္းကို ၾကည့္လိုက္မိသည္။

လုယြင္ေဖးက မွိန္းေနရင္း သူ႔ဘက္တိုးလာသည္။

ပိုမိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္လာသည့္အခါ အိတ္ကိုကိုင္ထားသည့္သူ႔လက္က ေလ်ာ့က်လာ၍ ပ်မ္းက်င္းယြမ္ လက္လွမ္းလိုက္ရသည္။ လုယြင္ေဖး သူ႔ကိုလာထိသည္ကိုခံစားရမွ လန႔္ႏိုးလာကာ သူ႔ကိုပင္ပန္းေနကာအိပ္ခ်င္မူးတူးမ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။

ပ်မ္းက်င္းယြမ္ သူ႔ကိုထိုသို႔ေတြ႕ရေလ့မရွိေပ။ အခ်ိန္အမ်ားစုတြင္ လုယြင္ေဖးက အားမာန္အျပည့္ႏွင့္တက္ႂကြေနတတ္သည္။ အခုျမင္ရသည့္ပုံစံက ရွင္းမျပႏိုင္ေလာက္ေအာင္ ႏူးညံ့ၿပီး ခ်စ္စရာေကာင္းေနသည္။

“ႏိုးၿပီလား”

လုယြင္‌ေဖးက ခပ္ျဖည္းျဖည္းေခါင္းညိတ္ျပလိုက္သည္။ သူ႔မ်က္လုံးကိုသူပြတ္ၿပီးမွ အိပ္ခ်င္ေျပလာပုံရသည္။ “ငါအိပ္ေပ်ာ္သြားတာလား”
“အင္း”

“အိပ္ေပ်ာ္သြားတာဘယ္ေလာက္ၾကာၿပီလဲ။ ငါ့ကိုေတာ့ႏႈိးလိုက္တာမဟုတ္ဘူး”

“မၾကာပါဘူး။ သုံးမိနစ္ေလာက္ပဲ”
လုယြင္ေဖးက ရယ္ေမာလိုက္သည္။ “သုံးမိနစ္ဟုတ္လား။ တစ္ေရးအိပ္ဖို႔ေတာင္မေလာက္ဘူး။ ဟားဟားဟား”
ပ်မ္းက်င္းယြမ္လည္း သူ႔ေၾကာင့္ၿပဳံးလိုက္မိသည္။

လုယြင္ေဖး ရယ္ၿပီးခ်ိန္တြင္ ေသခ်ာျပန္ထိုင္လိုက္ၿပီး သူ႔နာရီသူၾကည့္လိုက္သည္။ “သြားစို႔။ ငါ့အိမ္နားေတာင္ေရာက္ေတာ့မယ္”

ပ်မ္းက်င္းယြမ္က ထိုအခါမွ သူ႔လက္ကိုလႊတ္ကာ သူ႔လြယ္ကိုမက်သြားေအာင္ လုပ္ေပးၿပီးမွ စက္ဘီးဆက္စီးေတာ့သည္။

“ငါ့ဒ႐ိုင္ဘာက သိပ္မၾကာခင္ျပန္ေရာက္ေတာ့မယ္” လုယြင္ေဖးက ႐ုတ္တရက္ေျပာလိုက္သည္။ “မနက္ျဖန္မဟုတ္ရင္ သန္ဘက္ခါျပန္လာလိမ့္မယ္”

“အင္း” ပ်မ္းက်င္းယြမ္ျပန္ေျပာလိုက္သည္။

လုယြင္ေဖး စက္ဘီးေနာက္ခုံကိုကိုင္ရင္း သူ႔ေက်ာကိုၾကည့္လိုက္သည္။ “သူျပန္ေရာက္ရင္ မင္းငါ့ကိုျပန္ပို႔ေပးဖို႔မလိုေတာ့ဘူး”

“အိုေက” ပ်မ္းက်င္းယြမ္က ညင္ညင္သာသာျပန္ေျဖသည္။

“ဒါေပမဲ့ မင္းက လဝက္ေတာင္ခြင့္ယူထားတာမလား”

“ဟုတ္တယ္”

“ဒါဆိုရင္” လုယြင္ေဖး ၿပဳံးလိုက္သည္။ “က်န္တဲ့အခ်ိန္ေတြမွာ ငါ့ဂိုက္လာလုပ္ေပး”
ပ်မ္းက်င္းယြမ္က လုယြင္ေဖးက အေတာ္ေလးေခါင္းမာသည္ဟု ထင္မိသည္။

လုယြင္ေဖးက သူျပန္ေျပာသည္ကို မၾကားရေသာေၾကာင့္ ဆက္ေျပာလိုက္သည္။ “ငါ ေသခ်ာစဥ္းစားၾကည့္ၿပီးၿပီ။ ငါတို႔ေက်ာင္းဆင္းရင္ အိမ္ျပန္မွာဆိုေတာ့ မင္းငါ့ကိုဂိုက္သင္ေပးၿပီးရင္ ဒ႐ိုင္ဘာဉီးေလးကို မင္းကိုျပန္ပို႔ခိုင္းမယ္။ သိပ္မၾကာပါဘူး။ ငါတို႔ျပန္ေရာက္ဖို႔ၾကာတဲ့အခ်ိန္ရယ္၊ ညေနစာစားဖို႔အခ်ိန္ရယ္ထည့္တြက္ရင္ ည ၈ နာရီေလာက္ထိပဲေနရမွာ။ တစ္ပတ္သုံးႀကိမ္၊ တစ္နာရီကိုတစ္ေထာင္။ ဘယ္လိုလဲ”
ပ်မ္းက်င္းယြမ္က ဆိတ္ဆိတ္သာရွိေနသည္။

လုယြင္ေဖးက သူတိတ္ဆိတ္ေနေသးသည္ကို ေတြ႕ရေသာေၾကာင့္ သူ႔ခါးကိုလွမ္းဖက္လိုက္သည္။

“ဘာလုပ္ေနတာလဲ” ပ်မ္းက်င္းယြမ္ သူ႔ခါးတစ္ဖက္တစ္ခ်က္က လက္ႏွစ္ဖက္ကို ၾကည့္လိုက္သည္။

လုယြင္ေဖးက ၿပဳံးလိုက္ရင္း သူ႔ကိုကလိထိုးရန္ သူ႔လက္ေတြကိုေ႐ြ႕လိုက္သည္။

ပ်မ္းက်င္းယြမ္က ျပန္ေမးသည္။ “ငါက ယားတတ္တယ္လို႔ မင္းထင္လို႔လား”
လုယြင္ေဖးက သူမယားတတ္သည္ကို ေတြ႕ၿပီး အျခားေနရာမ်ားကို ကလိထိုးၾကည့္လိုက္သည္။ မ်က္လုံးကန္းေနသည့္ေၾကာင္တစ္ေကာင္က ႂကြက္ဖမ္းသလို ယားတတ္သည့္ေနရာကို ရွာရန္ သူ႔ကံကိုစမ္းလိုက္မိျခင္းပင္။

သို႔ေသာ္လည္း သူက စက္ဘီးေပၚမွာပင္ရွိေနေသးကာ သူ႔ေျခေထာက္ကလည္း ခ်ိဳင္းေထာက္ႏွင့္ျဖစ္ေနေသးသည္။ ပ်မ္းက်င္းယြမ္က သူ႔အတြက္စိုးရိမ္မိေသာေၾကာင့္ လွမ္းေျပာလိုက္သည္။ “ၿငိမ္ၿငိမ္ေန၊ မေဆာ့ေနနဲ႔”

“ဒါေပမဲ့ မင္းကတိေပးထားတယ္ေလ”

“အရင္ရပ္ဉီး”

လုယြင္ေဖး သူေျပာသည့္အတိုင္း ရပ္လိုက္ရသည္။ “ဆရာပ်မ္း၊ မင္းကို ငါ့ဂိုက္အျဖစ္ေခၚဖို႔လုပ္ရတာ ေတာ္ေတာ္ခက္တာပဲ”

ပ်မ္းက်င္းယြမ္ၿပဳံးလိုက္ရင္း စက္ဘီးကိုရပ္ရန္ လက္ကိုင္ကိုထိန္းလိုက္သည္။ “ေရာက္ၿပီ”

လုယြင္ေဖးက တုံ႔ဆိုင္းစြာစက္ဘီးေပၚက ဆင္းသည္။ ပ်မ္းက်င္းယြမ္ သူ႔ဆီက အိတ္ကို ျပန္ယူလိုက္ၿပီး သူ႔မ်က္လုံးေပၚက မေက်နပ္ခ်က္မ်ားကို ေတြ႕ရေသာေၾကာင့္ ေျပာလိုက္သည္။ “ရလဒ္ေတြက ရက္အနည္းငယ္ေလာက္ဆိုရင္ ထြက္လာလိမ့္မယ္”

“ငါက်ရင္ မင္းငါ့ကို လ်စ္လ်ဴရႈထားေတာ့မွာလား” လုယြင္ေဖး ေမးလိုက္မိသည္။

ပ်မ္းက်င္းယြမ္က သူ႔ေမးခြန္းေၾကာင့္ အံ့ဩသြားရကာ ခဏေနမွျပန္ေျဖသည္။ “အဲ့လိုမလုပ္ဘူး”

“ငါ က်တာကိုေျပာတာလား။ ငါ့ကိုလ်စ္လ်ဴရႈထားတာကိုလား”

“ႏွစ္ခုလုံး”

“ဒါဆိုရင္ ဘာလို႔ေနာက္ရက္ေတြထပ္ေစာင့္ရဉီးမွာလဲ” လုယြင္ေဖး သူနားမလည္သည္ကို ထုတ္ေမးလိုက္သည္။ “စာေမးပြဲအေျဖလႊာေတြျပန္ရတာကို ေစာင့္မွျဖစ္မွာလား”

ပ်မ္းက်င္းယြမ္က သူ႔ကိုၾကည့္ရင္း တိတ္ဆိတ္သြားသည္။

အမွန္ေတာ့ ရလဒ္မ်ားေစာင့္ရန္ပင္မလို။ သို႔ေသာ္လည္း ဒီအတိုင္း လုယြင္ေဖး၏ဂိုက္အဆင္သင့္ဝင္လုပ္လိုက္ျခင္းက မသင့္ေတာ္ဟု သူခံစားရသည္။ သင့္ေတာ္သည္မသင့္ေတာ္သည္ထက္ သူအျခားသူမ်ား၏ ေက်ာင္းအဆင့္မ်ားအတြက္ တာဝန္ယူရန္ အဆင့္သင့္မျဖစ္ျခင္းက ပိုျဖစ္ႏိုင္သည္။ သူ႔အိမ္ႏွင့္မ်ားစြာကြာျခားလွသည့္ လုယြင္ေဖး၏အိမ္ထဲ ေျခခ်ဖို႔ကိုလည္း အသင့္မျဖစ္ေသးေပ။

ပ်မ္းက်င္းယြမ္အတြက္ သူတာဝန္ယူရသည့္လူမ်ားမွာ သူ႔မိသားစုျဖစ္သည့္ ပ်မ္းက်ဲႏွင့္႐ႊမ္း႐ႊမ္းသာ။ လုယြင္ေဖးကို သူတာဝန္ယူေပးရန္က အဂၤလိပ္စာအဆင့္အတြက္သာဆိုေသာ္လည္း ေပါ့ေပါ့တန္တန္ ကိုင္တြယ္ရမည့္အရာမဟုတ္ေခ်။

သူလုယြင္ေဖးေမွ်ာ္လင့္ထားသလို မျဖစ္လာမည္ကို ေၾကာက္သည္။ ထို႔အျပင္ သူလုယြင္ေဖး မတိုးတက္လာမည္ကိုလည္း စိုးရိမ္သည္။ သူလုယြင္ေဖးကို ကူညီလိုစိတ္အျပည့္ရွိေသာ္လည္း သူ႔ရဲ႕အရင္ဂိုက္မ်ားလို အကူအညီသိပ္မျဖစ္ႏိုင္မည္ကို စိုးသည္။

စာေမးပြဲဆိုသည့္အရာမ်ိဳးက မည္သူကမွ် ေသခ်ာအာမခံႏိုင္သည့္အရာမဟုတ္။

သူလုယြင္ေဖးႏွင့္ မ်က္လုံးဆုံသြားသည့္အခါ သူ႔မ်က္လုံးထဲတြင္ မေရရာမႈမ်ားကို ေတြ႕ရသည္။ ငယ္႐ြယ္ႏုနယ္ေသးသည့္အ႐ြယ္ျဖစ္ေသာေၾကာင့္ သူမေရရာမေသခ်ာသည္က သဘာဝက်သည္။ သူ႔အေတြးမ်ားက ႐ိုးရွင္းၿပီး တည့္တိုးဆန္သည္။ သူ႔တြင္ ေတာက္ပေသာ စိတ္ကူးစိတ္သန္းမ်ားရွိသည္။ သူ႔ပခုံးမ်ားက ေမွ်ာ္လင့္ခ်က္မ်ား၊ အိမ္မက္မ်ားႏွင့္ ေပါ့ပါးလွသည္။ တာဝန္ဆိုသည္က သူႏွင့္ေဝးကြာသည္။

ပ်မ္းက်င္းယြမ္ သူ႔ကိုၾကည့္ရင္း ေျပာလိုက္သည့္အသံက ညင္သာသည္။ “ဒီလိုဆိုရင္ေရာ ဘယ္လိုလဲ” သူ အႀကံေပးၾကည့္လိုက္သည္။ “ငါ မင္းနဲ႔လိုက္ၿပီး ဂိုက္လုပ္ေပးလို႔ရတယ္။ ဒါေပမဲ့ ရလဒ္ေတြမထြက္လာခင္အထိ ပိုက္ဆံလက္မခံဘူး။ ဒုတိယအခ်က္နဲ႔ မင္းဒီတစ္ေခါက္က်ရင္ မင္းေနာက္တစ္ခါေအာင္တဲ့အထိ ပိုက္ဆံလက္မခံဘူး။ တတိယအခ်က္အေနနဲ႔ မင္းေအာင္သြားရင္ေတာ့ တစ္ပတ္သုံးခါ တစ္နာရီ ၂၀”

လုယြင္ေဖးမ်က္လုံးမ်ားက ျပဴးက်ယ္လာသည္။ “၂၀? မင္း အခ်ိန္ပိုင္းအလုပ္ေတြမွာ ဒီထက္ပိုရတယ္!”

“ငါက မင္းကို သူငယ္ခ်င္းေလွ်ာ့ေဈးေပးတာ” ပ်မ္းက်င္းယြမ္က ျပန္ေျပာသည္။ “ငါတို႔က အတန္းေဖာ္ေတြပဲ”

“ဒါဆိုရင္ ထားလိုက္ေတာ့” လုယြင္ေဖး သေဘာတူလိုက္သည္။ “တစ္နာရီေတာင္ အခ်ိန္ေတြ၊ အားေတြစိုက္ၿပီးေတာ့ ၂၀ ပဲတဲ့လား။ ဒါဆိုရင္ ငါ့ဂိုက္လာမလုပ္နဲ႔ေတာ့။ ငါ့ကိုယ္ငါပဲဖ်က္ဆီးလိုက္ေတာ့မယ္”

“မင္း ငါ့ကို မင္းဂိုက္အျဖစ္ ေခၚရတာခက္တယ္လို႔မေျပာဘူးလား။ အခုက် ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးေတာ့မလို႔လား”

“ဆရာပ်မ္း၊ ငါမင္းကို ငါ့ဂိုက္လုပ္ေစခ်င္တယ္။ ဒါေပမဲ့ ငါ့ကိုမင္းညႇိဖို႔အတြက္ မင္းကိုယ္မင္းေလာင္ကြၽမ္းေစတဲ့ ဖေယာင္းတိုင္မလုပ္ေစခ်င္ဘူး ဟုတ္ၿပီလား။ မင္းရဲ႕အခ်ိန္ပိုင္းအလုပ္မွာ တစ္နာရီ ၅၀ ရတယ္။ အခု မင္းက ငါနဲ႔ သင္တာ တစ္နာရီကို ၂၀ ပဲယူေတာ့ ဘုရားသခင္က သူ႔အသားကိုလွီးၿပီး သိမ္းငွက္ကို ေကြၽးသလိုပဲ။ မင္းလည္း မင္းကိုယ္မင္းလွီးၿပီး ငါ့ကိုေကြၽးမလို႔လား”

ပ်မ္းက်င္းယြမ္က သူစကားေျပာေကာင္းသည္ဟု ေတြးမိသည္။ “ဒါက မတူဘူး”

“ဒါေပါ့ ဘယ္တူပါ့မလဲ” လုယြင္ေဖး ဝင္ေျပာလိုက္သည္။ “ငါမင္းကို ငါ့ဂိုက္လုပ္ေစခ်င္တာ။ မင္းရဲ႕ေရာင္ျခည္ေတာ္နဲ႔ ငါ့ကိုအလင္းေရာင္ေပးေစခ်င္တာမဟုတ္ဘူး။ မင္းဒီလိုပဲလုပ္ေနရင္ ငါမင္းကို ဘုရားစင္ေပၚတင္ၿပီး မင္းရဲ႕ေရာင္ျခည္ေအာက္မွာ လွဲေနမယ္”

ပ်မ္းက်င္းယြမ္က သူျငင္းခုံတာကိုၾကားၿပီး လက္ေလ်ာ့လိုက္ရသည္။ “ဒါဆိုရင္ ၅၀ ပဲထားလိုက္ေတာ့။ ငါ့အခ်ိန္ပိုင္းအလုပ္နဲ႔ လုပ္ခအတူတူေလာက္ပဲ”

“ဒီေတာ့ မင္းေျပာတဲ့ပုံအရဆိုရင္ ငါက မစ္တီးေတြ၊ ကိတ္ေတြနဲ႔ အတူတူပဲလား” လုယြင္ေဖးက အခြင့္အေရးကိုအရယူကာ ဆက္ျငင္းခုံသည္။ “ငါက ဒီေလာက္ေတာင္တန္ဖိုးမရွိဘူးလား”

ပ်မ္းက်င္းယြမ္: …

လုယြင္ေဖးက သူ႔ကို ၾကည့္လိုက္သည္။ “အနည္းဆုံး ငါက မစ္တီးခြက္နည္းနည္းနဲ႔ ကိတ္ေတြေတာ္ေတာ္မ်ားမ်ား တန္တယ္လို႔ထင္တယ္။ ၅၀၀”

“၅၀” ပ်မ္းက်င္းယြမ္က ဆိုသည္။

“၅၀၀” လုယြင္ေဖးက အျငင္းမေပး။

“ဒါဆိုရင္ မင္းအျခားတစ္ေယာက္ကို ငွားရမွာပဲ”

လုယြင္ေဖး: ???!

လုယြင္ေဖးက မယုံၾကည္ႏိုင္ျဖစ္ေနသည္။ “မင္းက ဘာေျပာတာလဲ။ ဒီေလာက္ျမန္ျမန္အရႈံးေပးလိုက္ေတာ့မလို႔လား”

“လုပ္ငန္းေသးေလးဆိုေတာ့ ၅၀၀ ေဒၚလာတန္ေအာ္ဒါေတြ လက္မခံဘူး” ပ်မ္းက်င္းယြမ္က စက္ဘီးကိုမွီကာ ေျပာလာသည္။

လုယြင္ေဖး: …

လုယြင္ေဖးက ပ်မ္းက်င္းယြမ္ မတုန္မလႈပ္ျဖစ္သည္ကို ေတြ႕ၿပီး ဆက္ေဈးဆစ္သည္။ “ဒါဆိုရင္ ၃၀၀ ဆိုရင္အဆင္ေျပတယ္”

“မင္းက ေဈးမွာ အသီးအ႐ြက္ဝယ္ေနတာလား။ ဒီလိုေဈးဆစ္ေနတာ”

“ေဈးထဲကအသီးအ႐ြက္သည္ေတြက ငါ့ကိုပိုေပးလို႔ ဘာမွေျပာမွာမဟုတ္ဘူး”

“ငါက ေဈးထဲက အသီးအ႐ြက္သည္နဲ႔တူေနလို႔လား” ပ်မ္းက်င္းယြမ္က ေမးသည္။

လုယြင္ေဖး:…

ပ်မ္းက်င္းယြမ္က သူဘာမွျပန္မေျပာႏိုင္သည္ကို ေတြ႕ကာ အခြင့္အေရးႀကဳံခိုက္ အရယူသည္။ “၅၀၊ လက္ခံမလား ျငင္းမလား”

“ဒီလိုလုပ္တာမသင့္ေတာ္ဘူး”

“ငါကေတာ့ မွ်တတယ္လို႔ထင္တယ္”

“မင္းက ဂိုက္ေဈးကြက္တန္ဖိုးကို နားမလည္ဘူး”

“ေဈးကြက္အေပၚမူတည္ၿပီး ယူစရာမလိုဘူး။ ငါ့မွာကိုယ္ပိုင္ေဈးႏႈန္းရွိၿပီးသား”

လုယြင္ေဖးက သူ႔ေၾကာင့္႐ူးေတာ့မလိုပင္။ “၁၀၀ က ငါသြားႏိုင္တဲ့ အနိမ့္ဆုံးေဈးပဲ။ မဟုတ္ရင္ ငါက မင္းကို အခြင့္အေရးယူတာျဖစ္မွာေလ”

“စိတ္မပူနဲ႔။ ငါက လြယ္လြယ္နဲ႔ အခြင့္အေရးမယူခံရဘူး”

“ဒါဆိုရင္ ၁၀၀ ေပါ့” လုယြင္ေဖး သူ႔လက္ကိုေျမႇာက္လိုက္သည္။ “ဒါက ၉၀ ရာခိုင္ႏႈန္းေဈးႏႈန္းေလ်ာ့ထားတာ။ ငါ ဒီထက္ပိုၿပီး မေလွ်ာ့ႏိုင္ေတာ့ဘူး” သူ သူ႔ေျခေထာက္ကေက်ာက္ပတ္တီးကို ငုံ႔ၾကည့္လိုက္သည္။ “ဒီထက္ပိုေလွ်ာ့ရင္ ပတ္တီးေတာင္ ပတ္ေတာ့မွာမဟုတ္ဘူး”

သူေျပာတာကို ၾကားသည့္အခါ ပ်မ္းက်င္းယြမ္က သူ႔ေျခေထာက္ကို ၾကည့္လိုက္ၿပီး သူ႔အေတြးမ်ားက ရီစရာေကာင္းသည္ဟု ထင္မိသြားသည္။ လုယြင္ေဖးက သူျပန္မေျပာသည္ကို သတိထားမိကာ ခ်က္ခ်င္းေအာ္လိုက္သည္။ “တစ္ရာတစ္ႀကိမ္၊ တစ္ရာႏွစ္ႀကိမ္၊ တစ္ရာသုံးႀကိမ္”

အဲ့ဒီေနာက္ သူက ပ်မ္းက်င္းယြမ္စက္ဘီးက ဘဲလ္ကိုတီးသည္။ “ဒင္ ဒင္ ဒင္” ဘဲလ္သံက ျပတ္သားစြာေပၚလာၿပီး လုယြင္ေဖးက ေနာက္ဆုံးေျပာလိုက္သည္။ “ေရာင္းထြက္ပါၿပီ”

ပ်မ္းက်င္းယြမ္: …

လုယြင္ေဖးက ခပ္ၿပဳံးၿပဳံးရွိေနသည္။ “ေရာင္းလိုက္ၿပီးၿပီဆိုေတာ့ မင္းအခုေနာက္ျပန္ဆုတ္လို႔မရေတာ့ဘူး”

ပ်မ္းက်င္းယြမ္က သူ႔နဖူးကို သူအေၾကာေျဖလိုက္သည္။ သူ လုယြင္ေဖးေလာက္ ကေလးဆန္သည့္လူမ်ိဳး တစ္ခါမွ် မျမင္ဖူးခဲ့။ လုယြင္ေဖးက ညီငယ္ေလးတစ္ေယာက္လိုပင္။

လုယြင္ေဖးက သူ႔ကိုယ္သူ ဉာဏ္ေကာင္းေသာေၾကာင့္ ဝမ္းသာဂုဏ္ယူေနသည္။ “ဒါဆိုရင္ အတည္ျဖစ္သြားၿပီ”

ပ်မ္းက်င္းယြမ္ လက္ေလ်ာ့လိုက္ရၿပီး ေခါင္းညိတ္လိုက္မိသည္။ “အင္း”

“ေက်းဇူးပါ ဆရာပ်မ္း။ ႏႈတ္ဆက္ပါတယ္ ဆရာပ်မ္း။ အိမ္ျပန္ရင္ လမ္းမွာ ဂ႐ုစိုက္ပါဉီး ဆရာပ်မ္း" လုယြင္ေဖးက သူ႔ဆရာကို ႐ိုေသစြာျဖင့္ သုံးႀကိမ္ႏႈတ္ဆက္သည္။

ပ်မ္းက်င္းယြမ္ သက္ျပင္းခ်မိသည္။ “ဂြတ္ဘိုင္”

လုယြင္ေဖးက ပ်မ္းက်င္းယြမ္ သူ႔စက္ဘီးေပၚတက္ကာ အိမ္ျပန္သည္ကို လက္လွမ္းျပႏႈတ္ဆက္လိုက္သည္။

Comment